← Chapters

ရှင်က ကျွန်မရဲ့လုံခြုံမှုကို အာမခံနိုင်မှာ မဟုတ်ဘူး

Vol. 5 Ch. 48

ရှင်က ကျွန်မရဲ့လုံခြုံမှုကို အာမခံနိုင်မှာ မဟုတ်ဘူး

Vol. 5 Ch. 48

ဝူယွင်ထံတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေတော့သည်။

သူ မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။

"ဘိုးဘေးကြီး...ကျွန်တော်တို့ထျန်းယွင်ဂိုဏ်းက နောက်ဆုံးမှာ လွတ်မြောက်သွားပေမယ့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတယ်... ပြီးတော့ ကျွန်တော်တို့တောင် တခြားသူရဲ့အစေခံတွေ ဖြစ်သွားကြပြီ...ဘယ်လို ကံကောင်းခြင်းမျိုး ရှိနေနိုင်မှာလဲ"

"မင်း နားမလည်ပါဘူး"

ကောင်းရှစ်ကျီးက လက်နောက်ပစ်ပြီး မတ်တတ်ရပ်ကာ အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်သည်။

ထို့နောက် သူသည် ဝူယွင်ကိုကြည့်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"အရှင် ချန်ထားခဲ့တဲ့ သိုလှောင်လက်စွပ်ကို ဖွင့်ပြီးတော့ အရှင်က ဘာချန်ထားခဲ့လဲဆိုတာ ကြည့်လိုက်အုံး...."

"ဟုတ်ကဲ့...."

ဝူယွင်က သိုလှောင်လက်စွပ်ကို အလျင်အမြန် ဖွင့်လိုက်သည်။

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို မြင်လိုက်ရချိန်၌ သူ လုံးလုံးလျားလျား ကြောင်အမ်းသွားခဲ့သည်။

"ဘိုး....ဘိုးဘေးကြီး"

ဝူယွင်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"ဘာတွေ အော်ဟစ်နေတာလဲ....မင်းက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတုန်းပဲလေ..."

"အိုး ဘုရားရေ...."

သို့ရာတွင် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို မြင်လိုက်ရသောအခါ ကောင်းရှစ်ကျီးသည်လည်း အံ့အားတသင့်မရေရွတ်ဘဲ မနေနိုင်တော့ချေ။

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများသည် ကျုံးချင် ချန်ထားခဲ့သော ကျင့်ကြံနည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များပင်။

ထိုအရာအတွင်း၌ ကျင့်ကြံနည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည် တစ်ခုစီ၏ မိတ္တူနှစ်ခုစီ ရှိနေသည်။

ထို့ပြင် ထိုအရာအားလုံးသည် ဘုရင်အဆင့် နည်းစနစ်များပင်။

သူတို့၏အဆင့်အတန်းဖြင့် ဤဘုရင်အဆင့် နည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များသည် သာမန်မဟုတ်ကြောင်း ချက်ချင်းသိလိုက်ကြသည်။ ထိုအရာများသည် သာမန်ဘုရင်အဆင့် နည်းစနစ်များ မဟုတ်ဘဲ ဘုရင်အဆင့်၏ အထွတ်အထိပ်များဖြစ်ပြီး ဧကရာဇ်အဆင့်နည်းစနစ်တချို့နှင့်ပင် ယှဉ်နိုင်ပေ၏။

ကျုံးချင်၏ရက်ရောမှုသည် ဤမျှထိ ကြီးမားလိမ့်မည်ဟု သူတို့ လုံးဝထင်မှတ်မထားခဲ့ကြပေ။ သူ၏အစေခံနှစ်ဦးဖြစ်သော သူတို့အတွက် ဘုရင်အဆင့်နည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များကို ပေါ့ပေါ့ပါးပါး ချန်ထားရစ်ခဲ့သည်။

သူတို့ဂိုဏ်းတွင် ဘုရင်အဆင့် နည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များ ရှိသော်လည်း ထိုအရာများသည် ဘုရင်အဆင့်အတွင်း၌ သာမန်အဆင့်များသာဖြစ်သည်။ ထိုအရာများသည် ကျုံးချင် ချန်ထားရစ်ခဲ့သော အရာများနှင့် လုံးလုံးလျားလျား နှိုင်းယှဉ်၍မရကြောင်း သူတို့နှစ်ယောက်လုံး သိထားကြသည်။

ထို့ပြင် ဤအဆင့်နည်းစနစ်များကို ဂိုဏ်းအင်အားစုများတွင် ရတနာများအဖြစ် သိမ်းဆည်းထားလေ့ရှိသည်။

"တွေ့လား... အခု ငါပြောတာကို မင်းသဘောပေါက်ပြီလား.... ဒါက အဆိုးထဲကအကောင်း ဆိုတာပဲ....ဒါက ကံဆိုးတာကို ကံကြမ္မာကောင်းအဖြစ် ပြောင်းလဲလိုက်တာပဲ"

ကောင်းရှစ်ကျီးက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။

"ငါက လူတစ်ယောက်ကို သခင်အနေနဲ့ ပေါ့ပေါ့တန်တန် အသိအမှတ်ပြုမယ်လို့ မင်း ထင်နေတာလား"

"အဲ့ဒီ မီတာလေးရာ ရှည်လျားတဲ့ ဓားကြီးက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ မင်း သိလား...."

"အဲဒီဓားကြီးထဲမှာ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတဲ့ အရာမျိုးတွေကို ချိပ်ပိတ်ထားလဲဆိုတာ မင်း သိလား"

"အဲ့ဒီအချိန်ကတည်းက ဒီလူရဲ့စွမ်းအားက ငါတို့ စိတ်ကူးမယဉ်နိုင်လောက်တဲ့ အဆင့်ကို ရောက်နေပြီလို့ ငါ ခန့်မှန်းမိတယ်.... ငါတို့ ထျန်းယွင်ဂိုဏ်းကို ထားလိုက်အုံး...တကယ်လို့ သူသာ ဆန္ဒရှိရင် အရှေ့ပိုင်းဒေသက ဘယ်မြင့်မြတ်နယ်မြေကိုမဆို အချိန်မရွေး အလွယ်တကူ ချေမွပစ်နိုင်တယ်"

"အခု သူ ပေါ့ပေါ့ပါးပါး ထားခဲ့တဲ့ နည်းစနစ်တွေနဲ့ ဆန်းကြယ်စွမ်းရည်တွေကို ကြည့်ရင် ငါ့ရဲ့ခန့်မှန်းချက်က မှန်ကန်နေတယ်"

ကောင်းရှစ်ကျီးက စကားပြောရင်းနှင့် ပို၍စိတ်လှုပ်ရှားလာသည်။

"ငါတို့က သူ့ရဲ့အစေခံတွေ ဖြစ်သွားပေမယ့် ဒီအဆင့်အတန်းကြောင့်ပဲ ငါတို့ အစက ဘယ်တော့မှ မရောက်နိုင်တဲ့ အမြင့်တွေကို ရောက်သွားနိုင်တယ်"

ကောင်းရှစ်ကျီး၏သုံးသပ်ချက်ကို နားထောင်ရင်း နံဘေးတွင်ရှိနေသော ဝူယွင်သည်လည်း စိတ်လှုပ်ရှားမနေဘဲ မနေနိုင်တော့ချေ။

ထို့ပြင် မုရုံရွှယ်သည် ကျုံးချင်ကို သေသည်အထိ ပြစ်မှားခဲ့မိခြင်းက မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသည်ကို ယခုမှသာ သူ နားလည်သဘောပေါက်သွားသည်။

ဘိုးဘေးကြီး ကောင်းရှစ်ကျီးသာ အခြေအနေကို ပြောင်းပြန်လှန်မပစ်ခဲ့လျှင် လက်ရှိချိန်၌ ထျန်းယွင်ဂိုဏ်းသည် ရှိတော့မည် မဟုတ်ချေ။

ထို့ပြင် သူ ဝူယွင်သည်လည်း ယခုချိန်လောက်ဆိုလျှင် အကြိမ်ရှစ်ရာခန့် သေဆုံးပြီးဖြစ်ပေမည်။

"ဘိုးဘေးကြီး.... ဂျင်းက ရင့်လေ ပိုစပ်လေ ဆိုတဲ့စကားက အမှန်ပဲထင်တယ်"

ဝူယွင်သည် မချီးကျူးဘဲ မနေနိုင်တော့ချေ။

"ဟမ့်.... ထျန်းယွင်ဂိုဏ်းက အခက်အခဲတွေ အများကြီး ကြုံခဲ့ရပေမယ့် ဘေးကင်းလုံခြုံနေတာက ဘာကြောင့်လို့ မင်း ထင်လဲ"

ကောင်းရှစ်ကျီးက တည်ကြည်လေးနက်စွာဖြင့် ဆုံးမလိုက်သည်။

"ကျင့်ကြံခြင်းလောကဆိုတာက တိုက်ခိုက်သတ်ဖြတ်နေရုံ သက်သက် မဟုတ်ဘူး.... လူမှုဆက်ဆံရေးနဲ့ လူမှုကျင့်ဝတ်တွေက ပိုအရေးကြီးတယ်"

"မင်း လျှောက်ရမယ့်လမ်းက အဝေးကြီး ကျန်သေးတယ်... သေချာ ကြည့်ထားပြီး ကောင်းကောင်းသင်ယူစမ်း....ထျန်းယွင်ဂိုဏ်းရဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ကောင်းကောင်း လုပ်ဆောင်ပြီး အနာဂတ်မှာ မင်းက အရှင့်ကို ကောင်းကောင်း အလုပ်အကျွေးပြုရမယ်"

"ဟုတ်ကဲ့ပါ ဘိုးဘေးကြီး..."

ဝူယွင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် လူသူကင်းမဲ့နေသော ထျန်းယွင်ဂိုဏ်းကိုကြည့်ရင်း သူ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

...

တစ်ချိန်တည်းမှာပင်.....

ကျုံးချင်သည် လင်းဖုန်းနှင့်အတူ ရှန်ကျန်းဂိုဏ်းသို့ ပြန်လာနေသည်။

ထိုလူနှစ်ဦးအတွက် နည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များကို ထားရစ်ခဲ့ခြင်းက ကျုံးချင်သည် သူ့အတွက် အဆင်ပြေစေမည့် လုပ်ရပ်တစ်ခုကို ပြုလုပ်လိုက်ခြင်းမျှသာ ဖြစ်သည်။

ပထမအချက်မှာ သူ့ထံ၌ ထိုကဲ့သို့အရည်အသွေးရှိသော နည်းစနစ်များနှင့် ဆန်းကြယ်စွမ်းရည်များ လုံလောက်သည်ထက် ပိုရှိနေသောကြောင့် အနည်းငယ် ပေးလိုက်သည်က ကိစ္စမရှိပေ။

ဒုတိယအချက်မှာ သူတို့နှစ်ဦးသည် သူ၏အစေခံများ ဖြစ်သွားပြီဆိုသောကြောင့် သူ၏လူများ ဖြစ်သွားလေပြီ။ ကောင်းကင်ဘုံ ကတိသစ္စာအောက်တွင် သူတို့ထံ၌ မကောင်းသောရည်ရွယ်ချက်များ ထားရှိမှာကို ကျုံးချင် မကြောက်ချေ။ သူသည် သူတို့အား ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလျှင်ပင် သူတို့ မနာခံဘဲ မနေရဲဟု ပြောဆိုလျှင် မလွန်ပေ။

အပြန်လမ်းတွင် ကျုံးချင်သည် အလျင်မလိုချေ။

ထို့အစား သူသည် အေးအေးလူလူ ခရီးနှင်ပြီး လမ်းတလျှောက် ရံဖန်ရံခါ ရပ်နားကာ သွားလာနေသည်။

သူ့ထံ၌ ဝှက်ဖဲအမြောက်အများ ရှိနေသော်လည်း ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ရန် အခြေခံ ကျင့်ကြံဆင့်စွမ်းအား အစဥ်အမြဲ လိုအပ်နေခဲ့သောကြောင့် ယခင်က ရှန်ကျန်းဂိုဏ်းမှ ရှားရှားပါးပါးသာ ထွက်ခွာခဲ့ဖူးသည်။

ယခုချိန်၌ သူ အပြင်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤတခြားကမ္ဘာ၏ ရှုခင်းများသည် အမှန်တကယ် လှပသည်ကို သူ ဝန်ခံရပေမည်။

သဘာဝတရား၏ ဆန်းကြယ်သောလက်ရာများသည် သူ၏ယခင်ဘဝတုန်းက တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းများစွာကို ဖန်တီးထားပေ၏။

သို့သော် ဆရာတပည့်နှစ်ယောက် ရှုခင်းကြည့်ရင်း ပျံသန်းနေစဉ်...

ရုတ်တရက် ရှေ့ရှိတောင်ကြားတစ်ခုမှ တိုက်ပွဲ ဂယက်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုဂယက်လှိုင်းများသည် မကြီးမားချေ။ ချန်ရွှမ်နယ်ပယ် ကျားဖြူသားရဲတစ်ကောင်သည် အမျိုးသမီးတစ်ဦးနှင့် တိုက်ခိုက်နေခြင်းပင်။

အမျိုးသမီးသည် ပြိုင်ဘက်မဟုတ်ဘဲ ကျားဖြူ၏ရိုက်ချက်ကြောင့် လွင့်ထွက်သွားသည်။

ကျုံးချင်သည် ဤမြင်ကွင်းကို လျစ်လျူရှုစွာ စိုက်ကြည့်နေပြီး သူမကို သွားကယ်ရန် ရည်ရွယ်ချက် မရှိချေ။

အကယ်၍ သူ၏ ယခင်ဘဝ၌ဆိုလျှင် သူ တွေဝေမနေဘဲ သွားကယ်မိပေမည်။ သို့ရာတွင် ဤအန္တရာယ်များသော ကျင့်ကြံခြင်းကမ္ဘာတွင် မိန်းမလှလေးကို ကယ်တင်သော သူရဲကောင်း လုပ်သည်က သေချာပေါက် မိုက်မဲသော လုပ်ရပ်ပင်။

သူမကို သူ ကယ်တင်လိုက်မည်ဆိုလျှင် မည်သို့သော ပြဿနာမျိုးအား ဖိတ်ခေါ်မိမည်ကို မည်သူမျှ မသိနိုင်ပေ။ အတိုချုပ်ပြောရလျှင် တစ်စုံတစ်ယောက်သည် မည်သည့်ကမ္ဘာတွင် ရှိနေစေကာမူ ထိုကမ္ဘာ၏ စည်းမျဉ်းများကို လိုက်နာရပေမည်။

သို့သော် ကျုံးချင် ထွက်သွားရန် ဟန်ပြင်နေစဉ်မှာပင် စနစ်ထံမှ ရုတ်တရက် အသံထွက်ပေါ်လာသည်။

[လက်ခံသူအနေဖြင့် ဤအမျိုးသမီးကို ကယ်တင်ရန် အကြံပြုပါသည်...]

[ဤအမျိုးသမီးသည် အနာဂတ်တွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ရရှိလိမ့်မည်...သူမ ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံ ရရှိပြီးနောက် လက်ခံသူသည် သူမကို တပည့်အဖြစ် လက်ခံနိုင်သည်....]

[သူမကို တပည့်အဖြစ် လက်ခံပြီးနောက် အိမ်ရှင်အတွက် တပည့်နှောင်ကြိုးသစ်တစ်ခု အသက်ဝင်လာနိုင်သည်...]

"အော်..."

ကျုံးချင် အံ့အားသင့်သွားပြီး တီးတိုးရေရွတ်လိုက်မိသည်။

"သူက အနာဂတ်မှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တစ်ခု ရရှိမယ်... ဟုတ်လား"

သူမထံ၌ ယခုလက်ရှိတွက် ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံ မရှိသေးပေ။ သို့ရာတွင် သူမသည် ထိုအရာကို အနာဂတ်၌ ရရှိမယ်ဟု ဆိုလိုကာ စနစ်က ကြိုတင်သိရှိနေခြင်းပင်။

ကျုံးချင်သည် မနေနိုင်တော့ဘဲ သူမကို ကောင်းကင်ဘုံမျက်လုံးဖြင့် ကြည့်လိုက်၏။ ကောင်းကင်ဘုံမျက်လုံးသည် သူမ၏ လက်ရှိ အချက်အလက်များကိုသာ မြင်ရပြီး အနာဂတ်တွင် မည်သည့်ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရရှိမည်ကို မခန့်မှန်းနိုင်ပေ။

သို့သော် သူမ၏မူရင်းဇစ်မြစ်သည် ကျုံးချင် မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေပေ၏။ သူမ၏ခန္ဓာကိုယ်ထဲတွင် ကပ်ငြိနေသော အကြွင်းအကျန်စိတ်ဝိညာဥ်ကို ကုန်းမြေ၏ မြောက်ပိုင်းနတ်ဆိုးလိုဏ်ဂူမှ နတ်ဆိုးမတစ်ယောက်မှ ပိုင်ဆိုင်သည်။

နတ်ဆိုးမဟူသည်က မည်သည့်အရာဖြစ်သည်ကို ကျုံးချင် မသိသော်လည်း ကုန်းမြေပေါ်မှ မြောက်ပိုင်းနတ်ဆိုးလိုဏ်ဂူ ဟူသည်မှာ နတ်ဆိုးများ၏နယ်မြေဖြစ်ပြီး အရှေ့ပိုင်းဒေသထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်ကြောင်း သူ သိထားသည်။

"သူက အနာဂတ်မှာ ဘယ်လို ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ရမှာလဲ...."

ကျုံးချင်က မနေနိုင်တော့ဘဲ စနစ်ကို မေးမြန်းလိုက်သည်။

[စနစ်အနေဖြင့် ဤအမျိုးသမီးသည် အနာဂတ်တွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ရရှိမည်ဟုသာ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်...တိကျသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မခန့်မှန်းနိုင်ချေ...လက်ခံသူအနေဖြင့် ဤအမျိုးသမီးကို ကယ်တင်ပြီး အနာဂတ်တွင် သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ရရှိပြီးမှ နှောင်ကြိုးသစ် အသက်ဝင်စေရန်အတွက် တပည့်အဖြစ် လက်ခံရန် အကြံပြုသည်]

ကျုံးချင်က ခေါင်းညိတ်လိုက်သည်။ ဆိုလိုသည်မှာ ယခုချိန်၌ သူသည် သူမကို တပည့်အဖြစ် လက်ခံလိုက်လျှင် အသုံးမဝင်သေးဘဲ အနာဂတ်တွင် သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရရှိသည့်အထိ စောင့်ရမည့်သဘောပင်။

ယခုချိန်၌ သူ သူမကို ကယ်တင်လိုက်ခြင်းသည် အလွန်ဆုံးအနေဖြင့် ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာပြသမှုတို့ကို တည်ဆောက်ထားရုံသာ ရှိပေမည်။

အချိန်တခဏကြာသည်အထိ...

ကျုံးချင်သည် သူမကို ကယ်တင်ခြင်း ပြုသင့်မပြုသင့် တွေဝေနေမိသည်။

အချိန်တခဏကြာ တွေဝေပြီးနောက် ကျုံးချင်သည် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ အမှိုက်နှောင်ကြိုးကို ကြုံတွေ့ဖူးပြီးနောက် နှောင်ကြိုး၏အကျိုးကျေးဇူးများသည် သူ့အတွက် မည်မျှထိ အဓိပ္ပာယ်ရှိသည်ကို ကျုံးချင် နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ ထို့ပြင် နှောင်ကြိုးသစ်တစ်ခုသည် ယခုလောလောဆယ်တွင် မည်သည့်လက္ခဏာမျှ မပြသေးချေ။ တစ်ခုတည်းသော သဲလွန်စမှာ ဤအမျိုးသမီး ဖြစ်ကောင်းဖြစ်နိုင်သည်။

ယခုအချိန်တွင် အမျိုးသမီး၏အနီးသို့ ချန်ရွှမ်နယ်ပယ် ကျားဖြူက ချဥ်းကပ်နေလေပြီ။ သူမ၏ နူးညံ့ညင်သာပြီး ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုများ ဖုံးလွှမ်းနေသည်။

သူမသည် ပိုင်လင်းဟူသော ဂုဏ်သတင်းကြီးမားသည့် နတ်ဆိုးမတစ်ယောက် ဖြစ်သည့်တိုင် ဘေးဒုက္ခကြီးတစ်ခုမှနေ၍ အကြွင်းအကျန်စိတ်ဝိညာဥ် အဖြစ်ဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ဤအရှေ့ပိုင်းဒေသတွင် သူမကိုယ်သူမဖြည်းဖြည်းချင်း ပြန်လည်ထူထောင်မည်ဟု ရည်ရွယ်ထားခဲ့သည်။ သို့ရာတွင် ကျားတစ်ကောင်၏ အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည်ဟု သူမ တွေးထင်မထားခဲ့ပေ။

'ငါ့ရဲ့ နောက်ဆုံး ကံတရားက ဒီ ချန်ရွှမ်နယ်ပယ် သားရဲလေးရဲ့ လက်ချက်နဲ့ သေဆုံးရမှာလား...'

အမျိုးသမီး၏မျက်နှာပေါ်တွင် ပြင်းထန်သော မလိုလားမှုများ လက်ခနဲ ဖြတ်ပြေးသွားသည်။ ကျားဖြူသည် တိုက်ခိုက်လိုက်ပြီး သူမ နောက်ဆုတ်ရန် နေရာမရှိတော့သည့် အချိန်မှာပင် ကျုံးချင်က လှုပ်ရှားလိုက်သည်။

ပေါ့ပေါ့ပါးပါး ရိုက်ချက်တစ်ချက်ဖြင့် သူသည် ကျားဖြူကို နှစ်ပိုင်းကွဲထွက်သွားစေပြီးနောက် လင်းဖုန်းနှင့်အတူ ပိုင်လင်း၏နံဘေးသို့ ဆင်းသက်လိုက်၏။

"အဆင်ပြေရဲ့လား မိန်းကလေး"

ကျုံးချင်က ညင်သာသောလေသံဖြင့် မေးမြန်းသည်။

ပိုင်လင်းက ကျုံးချင်ကို သတိထားပြီး ကြည့်လိုက်သည်။ ထို့နောက် မည်သည့်ကိစ္စများ ဖြစ်သွားခဲ့သည်ကို သူမ နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အခွင့်အရေးရှိရင် နောင်ကျ ကျေးဇူးပြန်ဆပ်ပါ့မယ်"

ထိုသို့ ပြောဆိုပြီး ပိုင်လင်းက ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

"ခဏနေပါအုံး မိန်းကလေး"

ကျုံးချင်က မနေနိုင်တော့ဘဲ လှမ်းခေါ်လိုက်သည်။

"မိန်းကလေးရဲ့ဒဏ်ရာတွေ ပြင်းထန်နေတာကို ငါ မြင်မိတယ်...ငါတို့နဲ့အတူ အရင်လိုက်ခဲ့ပါလား... အနည်းဆုံးတော့ မိန်းကလေးရဲ့ လုံခြုံမှုကို ငါ အာမခံနိုင်တယ်"

"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ရှင်က ကျွန်မရဲ့ လုံခြုံမှုကို အာမမခံနိုင်ပါဘူး"

ပိုင်လင်းက ကျုံးချင်ကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။

အစောပိုင်းက ကျားဖြူ၏တိုက်ခိုက်မှုကြောင့် သူမ၏အကြွင်းအကျန်စိတ်ဝိညာဥ်မှ စွမ်းအားကို ထုတ်သုံးလိုက်ရသည်။ ဤအကြွင်းအကျန် စိတ်ဝိညာဥ်စွမ်းအား ယိုစိမ့်မှုက သူမကို လိုက်လံရှာဖွေနေသော မြောက်ပိုင်းနတ်ဆိုးလိုဏ်ဂူမှ အစွမ်းထက် ရန်သူများကို အနံ့ခံမိစေနိုင်သည်။

ကျုံးချင်၏ အစောပိုင်းက စွမ်းဆောင်ရည်အရဆိုလျှင် သူ၏စွမ်းအားသည် မဆိုးသော်လည်း သူမကို လိုက်လံဖမ်းဆီးနေသော မြောက်ပိုင်းနတ်ဆိုးလိုဏ်ဂူမှရန်သူများရှေ့တွင်မူ မလုံလောက်သေးချေ။

All Chapters