အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အခန်း (၅၂၉) - အကြီးအကဲ သုံးပါးတို့၏ တုန်လှုပ်ခြင်း
~ဖုန်းဝူချန်တို့ နေထိုင်သည့် အခန်းနံပါတ် သုံး... ထျန်း အခန်းသည် စတုရန်းမီတာ တစ်ရာကျော် ကျယ်ဝန်းလှချေ၏။ တင့်တယ်ခမ်းနားသော အပြင်အဆင်များက ကြွယ်ဝမှုကို ဖော်ကျူးနေပြီး၊ သူတို့ ငါးဦးစလုံး သက်သောင့်သက်သာ အနားယူနိုင်လောက်အောင် ကျယ်ဝန်းလွန်းသည် ဖြစ်လေ၏။
“ခန်းမသခင်၊ ကျူးကော်လျန်ချန်ကို သွားပြီး သတိပေးဖို့ လိုအပ်ပါသလား ခင်ဗျာ” ဟန်ခွန်းက ရိုသေစွာဖြင့် မေးလျှောက်လာ၏။
“ဘာလို့ သတိပေးရမှာလဲ။ ခင်ဗျား… သူ့ကို သိလို့လား” ဖုန်းဝူချန်က မေးခွန်းကို ပြန်ပစ်လိုက်ရင်း ဟန်ခွန်းကို အကြည့်စူးစူးဖြင့် ကြည့်လိုက်တော့သည်။
ဖုန်းဝူချန်၏ မျက်လုံးများမှ အေးစက်မှုကို မြင်ရသဖြင့် ဟန်ခွန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ သူက အလျင်အမြန် ခေါင်းခါလိုက်ရင်း ဖြေကြားသည်– “မသိပါဘူး၊ ကျွန်တော် စိုးရိမ်လို့ပါ။ သူတို့ ဒုက္ခပေးလာမှာ စိုးရိမ်မိလို့ပါ”
ဝူကျိ နယ်မြေ၌ ဟန်ခွန်း၏ ဂုဏ်သတင်းမှာ ကြီးမားလှသဖြင့် ၀င်္ကပါပင်လယ်နယ်မြေမှ ကျူးကော်မိသားစုကို သူက မသိဘဲ နေမည်မဟုတ်ချေ။ သို့ပါသော်ငြားလည်း ယခု အခြေအနေတွင်တော့ ကျူးကော်လျန်ချန်ကို သိကြောင်း ဝန်ခံရဲခြင်း မရှိတော့ပေ။
“ဘာလဲ၊ ဘာလဲ... အစ်ကိုဖုန်းကိုများ ဒုက္ခပေးရဲတဲ့ သတ္တိရှိတဲ့ သူက ဘယ်ကောင်လဲ။ ဘယ်သူမှ ဒုက္ခပေးရဲမှာ မဟုတ်ပါဘူးဗျာ” လျိုချင်းယန်က စိုးရိမ်ပူပန်မှု လုံးဝမရှိဟန်ဖြင့် ပေါ့ပေါ့ပါးပါး ဝင်ရောက် ပြောဆိုလိုက်တော့သည်။
ဟန်ခွန်းက ခေါင်းညိတ်လိုက်၏။ “ခန်းမသခင်၊ ဆွေးနွေးပွဲက နောက် နာရီဝက်နေရင် စပါတော့မယ်။ ဒါကြောင့် သခင်တို့ရဲ့ အနားယူချိန်ကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး” ဟု ရိုသေစွာ ဆိုလိုက်တော့၏။
“ခန်းမသခင်နဲ့ မော့လင်အာကြားက ရန်ငြိုးက ဘာလဲ…” အခန်းအပြင်သို့ ထွက်ခွာသွားသော ဟန်ခွန်းမှာ သံသယများဖြင့် ပြည့်နှက်နေတော့သည်။
*
ဟန်ခွန်း ထွက်သွားပြီး မကြာမီမှာပင် တံခါးသည် ကျွီကနဲ အသံပြု၍ ပွင့်သွားပြန်၏။ အသံတစ်သံက ဝင်ရောက်လာသည်။ “ဆေးဧကရာဇ်”
“အကြီးအကဲ ကျန်းလား” ဖုန်းဝူချန် အံ့အားသင့်သွား၏။ လျိုချင်းယန်ကလည်း အလျင်အမြန်ပင် တံခါးကို ဖွင့်ပေးလိုက်သည်။
ကျန်းဝူဖုန်းသည် အကြီးအကဲ သုံးဦးနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်လာ၏။ ထိုသူသုံးဦးစလုံးသည် အလွန်အဆင့်မြင့်သော နယ်ပယ်သို့ ရောက်နေသည့် ဆေးပညာရှင်များ ဖြစ်ကြသည်။
“အကြီးအကဲကြီးနဲ့ စီနီယာများ..မဂ်လာပါ”
လျိုချင်းယန်နှင့် အဖွဲ့က လေးနက်သော ရိုသေမှုဖြင့် ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။
“အကြီးအကဲကြီး၊ စီနီယာ သုံးဦး” ဖုန်းဝူချန်ကလည်း ရိုသေလေးစားစွာပင် ကြိုဆိုနှုတ်ဆက်လိုက်၏။
“ကျုပ်က ဆေးဧကရာဇ်ရဲ့ ခမ်းနားတဲ့ ဂါရဝပြုမှုကို လက်မခံနိုင်ပါဘူး” ကျန်းဝူဖုန်းက ရယ်မောရင်း ပြန်ပြောလိုက်၏။
ထိုအခါ အကြီးအကဲ သုံးပါးတို့ တုန်လှုပ်သွားကြသည်။ ကျန်းဝူဖုန်း၏ ဂုဏ်ပုဒ်ကား မည်မျှ ကြီးမားသနည်း။ သူသည် ခြေတစ်ချက် တုံးလျှင် ဝူကျိနယ်မြေ တစ်ခုလုံးကို တုန်ခါသွားစေနိုင်သော ကျန်းမိသားစု၏ အကြီးအကဲကြီး မဟုတ်ပါလော။ သို့ပါသော်ငြားလည်း ထိုမျှ ဩဇာကြီးမားသူကပင် ဖုန်းဝူချန်ရှေ့တွင် ရိုသေနေရသည်ကို မြင်ရတော့ အကြီးအကျယ် နားမလည်နိုင်ခြင်း ဖြစ်ရတော့၏။
ကျန်းဝူဖုန်း၏ စကားအရ ဖုန်းဝူချန်သည် ဆေးဧကရာဇ် ဖြစ်သည်ကို သူတို့ သိရှိထားသော်လည်း ကျန်းဝူဖုန်း၏ ဂုဏ်ပုဒ်အရ ဖုန်းဝူချန်ကို ဤမျှ ရိုသေနေရန် လိုအပ်ပါရဲ့လားဟု တွေးမိကြ၏။
ထျန်းရှန်းဇီနှင့် အဖွဲ့ကသာ ဖုန်းဝူချန်သည် အတွေးဖြင့် ဖန်တီးသော လက်နက်ပြုလုပ်ခြင်း ကို ကျွမ်းကျင်ပြီး အဆင့်မြင့် အင်မော်တယ် လက်နက်များကိုပင် ဖန်တီးနိုင်သည်ကို သိရှိပါက ဤသို့ တွေးမိမည် မဟုတ်ချေ။
ဖုန်းဝူချန်၏ ခွန်အားသည် သူတို့ ထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍ မြင့်မား၏။ အင်မော်တယ် လက်နက် စံအိမ်၏ ခန်းမသခင်သည်ပင် ဖုန်းဝူချန်ကို ဆရာအဖြစ် မှတ်ယူထားပြီး ဖြစ်သည်။ ထိုမျှ ကြီးကျယ်သော ဂုဏ်ပုဒ်နှင့် ဖုန်းဝူချန်ကို ကျန်းဝူဖုန်းအနေဖြင့် ရိုသေလေးစားရုံမှတစ်ပါး အခြား မည်သည့် အမူအရာကိုမျှ မပြဝံ့တော့ချေ။
ကျန်းဝူဖုန်းသည် ရိုသေရုံမျှသာမက ကိုးကွယ်ချစ်မြတ်နိုးခြင်း ပင် ရှိနေလေ၏။
“ကျုပ်က ထျန်းရှန်းဇီ ဖြစ်ပါတယ်” ထျန်းရှန်းဇီသည် လက်များ ဆုပ်ကာ ယဉ်ကျေးစွာ မိမိကိုယ်ကို မိတ်ဆက်သည်။
“အနောက်အရပ်ဒေသက ချူဝူရိုပါ”
“ဝူကျိနယ်မြေက ရှာယွမ်ရွှမ်ပါ”
ကျန် အကြီးအကဲ နှစ်ဦးကလည်း လက်များ ဆုပ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်ကြ၏။ ကျန်းဝူဖုန်းပင် ဤမျှ ရိုသေနေသည်ကို မြင်ရသောအခါ သူတို့ကတော့ မာန်မာန မပြုဝံ့တော့ချေ။
ထျန်းရှန်းဇီသည် အဋ္ဌမအဆင့် ဆေးပညာရှင် ဖြစ်ပြီး ကျန်နှစ်ဦးမှာ သတ္တမအဆင့် ဆေးပညာရှင်များ ဖြစ်ကြသည်။ သူတို့ သုံးဦးသည် ဤ ဆေးပညာရှင် ဆွေးနွေးပွဲကို စီစဉ်သူများဖြစ်ပြီး ဝူကျိနယ်မြေ ဆေးဝါးနယ်ပယ်၏ ကိုယ်စားလှယ်များ ဖြစ်ကြသဖြင့် ထူးခြားသော အဆင့်အတန်းနှင့် ကြီးမားသော လေးစားမှုကို ခံယူထားသူများ ဖြစ်ကြ၏။
ဟန်ခွန်းက ဤဆွေးနွေးပွဲအတွက် အလွန် အစွမ်းထက်သော ဆေးပညာရှင် တစ်ဦးကို ဖိတ်ကြားထားကြောင်းကို သူတို့ သုံးဦး သိရှိရသည့်အတွက် အထူး လာရောက် တွေ့ဆုံခြင်း ဖြစ်၏။
ဖုန်းဝူချန်သည် ထျန်းရှန်းဇီကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ထျန်းရှန်းဇီက သူ့ကို လာရောက် တွေ့ဆုံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“ဆေးဧကရာဇ်၊ ဒီသုံးဦးက ကျုပ်ရဲ့ မိတ်ဆွေတွေပါ၊ ဆေးပညာရှင် ဆွေးနွေးပွဲကို ဆေးဧကရာဇ် ရောက်လာတယ်ဆိုတာ သိလို့ ဆေးဧကရာဇ်နဲ့ တွေ့ဆုံဖို့ ဆန္ဒပြင်းပြလွန်းလို့ အထူးတောင်းဆို ထားကြတာပါ..” ကျန်းဝူဖုန်းက အလျင်အမြန် ရှင်းပြလိုက်၏။
ထိုအခါ၊ ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး မေးမြန်းလိုက်သည်– “အကြီးအကဲကြီး၊ သခင်လေး ကျန်းကော အတူ မလိုက်ဘူးလား”
ကျန်းဝူဖုန်းက ရိုသေစွာ ပြန်ဖြေသည်– “သခင်လေးက တံခါးပိတ် ကျင့်ကြံနေပါတယ်။ ဆဋ္ဌမအဆင့် လက်နက်ပြုလုပ်သူ အဆင့်ကို ချိုးဖျက်ဖို့ နီးနေပါပြီ”
“ဒီ ထျန်းအဆင့် အခန်းတွေကိုလည်း အကြီးအကဲ ထျန်းရှန်းဇီတို့က စီစဉ်ပေးတာ မဟုတ်လားဗျ” ဖုန်းဝူချန်က ထပ်မံ ခေါင်းညိတ်လိုက်ပြီး ထျန်းရှန်းဇီနှင့် အခြား နှစ်ဦးကို ကြည့်ကာ ပြုံးရယ်လျက် မေးလိုက်ရင်း ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
“ဆေးဧကရာဇ် ရောက်လာတာကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး” ထျန်းရှန်းဇီက လေးနက်သော အပြုံးဖြင့် ပြန်လည် ပြောကြားလိုက်သည်။ သူသည် အဋ္ဌမအဆင့် ဆေးပညာရှင် ဖြစ်သော်ငြားလည်း ဖုန်းဝူချန်ကို လျှော့တွက်ဝံ့ခြင်း မရှိချေ။
“ကျေးဇူးတင်ပါတယ်” ဖုန်းဝူချန်က ကျေးဇူးတင်စကား ဆိုလိုက်၏။
ဆေးဧကရာဇ်၏ နယ်ပယ်သည် အဋ္ဌမအဆင့် ဆေးပညာရှင်တို့ထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ပင် သာလွန်သည်ကို ထျန်းရှန်းဇီနှင့် အဖွဲ့က ကောင်းစွာ သိရှိကြ၏။
“အကြီးအကဲ သုံးပါးတို့ လာရောက်ရတဲ့ အကြောင်းရင်းကို.. ကျွန်တော် သိပါရစေ” ဖုန်းဝူချန်က လျစ်လျူရှုဟန်ဖြင့် မေးမြန်းလိုက်သော်လည်း သူ၏ လေသံမှာ အလွန် ရိုသေပြီး ဆေးဧကရာဇ်၏ မာန်မာန လုံးဝ မပါချေ။
အကြီးအကဲ သုံးပါးတို့သည် မည်သို့ ပြောဆိုရမည်ကို မသေချာသကဲ့သို့ တုံ့ဆိုင်းနေကြ၏။
ထိုမြင်ကွင်းကို မြင်ရသောအခါ ဖုန်းဝူချန်က “အကြီးအကဲတို့၊ ပွင့်ပွင့်လင်းလင်း ပြောပါ ခင်ဗျာ” ဟု တိုက်တွန်းလိုက်သည်။
“ဆေးဧကရာဇ်၊ ကျုပ်တို့က သခင့်ရဲ့ ဂုဏ်သတင်းကို ကြာမြင့်စွာကတည်းက ကြားသိခဲ့ရပါတယ်၊ သခင့်ရဲ့ အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း နတ်ဘုရား နည်းစနစ်ကို မျက်ဝါးထင်ထင် ကြည့်ခွင့်ရချင်လို့ ဒီလို အလျင်စလို ရောက်လာကြတာပါ” ထျန်းရှန်းဇီသည် လက်များ ဆုပ်ကာ ရိုကျိုးစွာ ပြောပြလာ၏။
“ဟုတ်ပါတယ်၊ ဆေးဧကရာဇ်၊ ဒီလက်အောက်ငယ်သားတို့ကို ကျေးဇူးပြုပါဦး” ရှာယွမ်ရွှမ်နှင့် ချူဝူရိုတို့ နှစ်ဦးကလည်း လက်များ ဆုပ်ကာ တစ်ပြိုင်နက်တည်း လေးလေးစားစား တောင်းဆိုလိုက်ကြတော့သည်။
ဖုန်းဝူချန်သည် အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း နတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်သည်ဟု သိရှိရသောအခါ ထျန်းရှန်းဇီနှင့် အဖွဲ့သည် လုံးလုံးလျားလျား ယုံကြည်သွားကြပြီး ၎င်းကို မျက်မြင်ကိုယ်တွေ့ မြင်ရရန် စိတ်အားထက်သန်လွန်း၍ မစောင့်နိုင်တော့ချေ။
ဆေးပညာရှင် ဆွေးနွေးပွဲ စတော့မည့်အချိန် နီးကပ်လာသောအခါမှ သူတို့က အထူး လာရောက် တွေ့ဆုံခြင်း ဖြစ်၏။
“ဪ... ဒီလိုကိုး” ဖုန်းဝူချန်က ခေါင်းညိတ်၍ နားလည်လိုက်၏။
အကြီးအကဲ သုံးပါးတို့သည် ဖုန်းဝူချန်၏ အဖြေကို အလွန် လိုလားတောင့်တသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
ကျန်းဝူဖုန်းက ကူကယ်ရာမဲ့သော အပြုံးဖြင့် ပြောဆိုလိုက်သည်။
“ဆေးဧကရာဇ်၊ ဒီလက်အောက်ငယ်သား တကယ်ကို မတတ်သာလို့ပါ။ သူတို့က ဆေးဧကရာဇ် ယန်ရန်ရဲ့ သွေးကြောတွေကို ကုသပေးခဲ့ပြီး သခင်ရဲ့ အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း စွမ်းရည်ကို သိသိချင်းကတည်းက မငြိမ်မသက် ဖြစ်နေကြတာပါ”
ထိုအခါ၊ ဖုန်းဝူချန်က အသာအယာ ပြုံးလိုက်သည်။
“ပြသပေးဖို့ကတော့ ဘာမှ မခက်ပါဘူး”
လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်ဖဝါးပေါ်တွင် ဆေးဖက်ဝင် အပင် ဒါဇင်ဝက်ခန့် လေထဲ၌ ထွက်ပေါ်လာတော့၏။ ထို့နောက် အစိမ်းရောင် မီးတောက်တစ်ခုက တန်းခနဲ ပေါ်လာသည်။
ဤအခိုက်အတန့်၌ ထျန်းရှန်းဇီနှင့် အဖွဲ့သည် အသက်ရှုသံပင် မထွက်ရဲတော့ဘဲ ဖုန်းဝူချန်၏ လက်ဖဝါးကို မမှိတ်မသုန် စိုက်ကြည့်နေကြတော့၏။
အားကောင်းပြီး အရှိန်အဝါ ကြီးမားလှသော ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်သည်။ ထိုစွမ်းအင်သည် ဖော်စပ်မှု လုပ်ငန်းစဉ်ထဲသို့ စိမ့်ဝင်သွားစဉ် အံ့ဖွယ် မြင်ကွင်းတစ်ခု ဖန်တီးလိုက်လေတော့၏။
ထိုအံ့ဖွယ် မြင်ကွင်းက ထျန်းရှန်းဇီနှင့် အဖွဲ့ကို မျက်လုံးများ ပြူးကျယ်စေပြီး ပါးစပ်များပင် အဟောင်းသား ကျန်နေအောင် အကြီးအကျယ် တုန်လှုပ်သွားစေတော့၏။
ဖုန်းဝူချန်၏ လက်ဖဝါးသည် ဖြည်းညှင်းစွာ လှည့်လည်သွားသည်ကို မြင်ရ၏။ ဆေးဖက်ဝင် အပင် ဒါဇင်ဝက်တို့သည် လေထဲတွင် နူးညံ့စွာ ကခုန်နေကြရင်း မြင်သာသော အရှိန်ဖြင့် အပြင်ခွံများ ကွာကျကာ နို့နှစ်ရောင် အရည်အဖြစ် စုစည်းသွားကြတော့၏။
ရနံ့ သင်းပျံ့သော ထိုအရည်များသည် ဖုန်းဝူချန်၏ လက်ဖဝါးပေါ်တွင် ဆက်လက် စုပေါင်းနေကြ၏။
တစ်ခဏလေးအတွင်းမှာပင် ဖုန်းဝူချန်၏ လက်ဖဝါးပေါ်တွင် ဆေးလုံးတစ်လုံး တည်ရှိလာ၏။နေတော့၏။
အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း အံ့ဩဖွယ် စွမ်းအားပင်။
“အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း တကယ်ကို အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်းပါပဲ” ထျန်းရှန်းဇီနှင့် အဖွဲ့သည် ခဏတာ တုန်လှုပ်သွားကြပြီးနောက် အံ့သြချီးကျူးသံများဖြင့် ကြွေးကြော်လိုက်ကြသည်။
ဆေးဧကရာဇ်၏ နတ်ဘုရား စွမ်းရည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်နောက်တွင် သူတို့သည် တကယ့် ဆေးပညာရှင် စစ်စစ်ဆိုသည်မှာ ဘယ်လိုဖြစ်ကြောင်း နောက်ဆုံးမှ နားလည်သွားကြတော့၏။
ဖုန်းဝူချန်သည် ဆေးလုံးများ ဖော်စပ်ရန် ဆေးလုံး ဖိုပင် မလိုအပ်ချေ။ သူ၏ လက်များကို လှုပ်ရှားလိုက်ရုံဖြင့် ဆေးလုံးတစ်လုံးကို တစ်ခဏလေးအတွင်း ထုတ်လုပ်နိုင်၏။
ဤမျှ အစွမ်းထက်သော နယ်ပယ်သည် ထျန်းရှန်းဇီတို့ လက်လှမ်းမမီနိုင်သော အရာပင်တည်း။
အကြီးအကဲ သုံးပါးတို့သည် ဒူးထောက် ကိုးကွယ်ချင်စိတ်ကိုပင် ထိန်းချုပ်ထားရတော့၏။
သူတို့၏ ဘဝသက်တမ်းတစ်လျှောက်တွင် ဤမျှ အံ့ဩဖွယ်ကောင်းပြီး အစွမ်းထက်သော ဆေးဖော်စပ်ခြင်းကို တစ်ခါမျှ မြင်ဖူးခြင်း မရှိခဲ့ချေ။
“ဆေးဧကရာဇ် အမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်” ထျန်းရှန်းဇီသည် အလွန်တရာ စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည်ပင် တုန်ယင်လာတော့သည်။
“အကြီးအကဲ ထျန်းရှန်းဇီ ချီးမွမ်းလွန်းပါတယ်” ဖုန်းဝူချန်က လှိုက်လှဲစွာ ပြုံးရယ်လျက် ဆိုလိုက်၏။
ထျန်းရှန်းဇီသည် လက်များ ဆုပ်ကာ ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး
“ယခုတစ်ကြိမ် ဆေးပညာရှင် ဆွေးနွေးပွဲမှာ ဝူကျိနယ်မြေက ဆေးပညာရှင် များစွာ စုဝေးရောက်ရှိနေပါတယ်။ ဝူကျိနယ်မြေ ဆေးပညာရှင် လောကကို လမ်းညွှန်ပေးပြီး အားဖြည့်ပေးဖို့ ကျုပ်တို့ အလေးအနက် တောင်းဆိုပါတယ်”
“ဝူကျိနယ်မြေရဲ့ ဆေးပညာရှင် လောကကို ပိုမို တိုးတက်လာအောင် ဆေးဧကရာဇ်က ကျေးဇူးပြုပြီး သင်ကြားပေးပါရန် ကျုပ်တို့ လေးလေးစားစား တောင်းပန်ပါတယ်” ကျန် အကြီးအကဲ နှစ်ဦးကလည်း လက်များ ဆုပ်ကာ ယဉ်ကျေးစွာ တောင်းပန်ကြတော့၏။
“သင်ကြားပေးဖို့လား” ဖုန်းဝူချန် တွေဝေသွား၏။
ထို့နောက် တုံ့ဆိုင်းဟန်ဖြင့်– “ကျွန်တော့် အသက်အရွယ်နဲ့များ ခင်ဗျားတို့ကို သင်ပေးတာ ရယ်စရာ ဖြစ်မနေဘူးလား” ဟု မေးမြန်းလိုက်သည်။
ထျန်းရှန်းဇီက အလျင်အမြန်ပင် ဖြေဆိုသည်– “ဆေးဧကရာဇ်၊ စိတ်ချပါ။ ရယ်ရဲတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ရယ်ရဲရင် ကျုပ်က.. သူတို့ကို ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးပစ်ပါ့မယ်”
အခန်း (၅၃၀) - မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေကြတာလဲ
~ဆေးပညာရှင် ပြိုင်ပွဲ ကျင်းပရာ နေရာသည် ပထမထပ်ရှိ ခန်းမဆောင်ကြီး ဖြစ်ချေ၏။ ထိုခန်းမကြီးသည် လူပေါင်း ထောင်နှင့်ချီ၍ ဆံ့နိုင်လောက်အောင် ခမ်းနားထည်ဝါလှ၏။
ဆေးပညာရှင် ဆွေးနွေးပွဲ စတင်တော့မည်ဖြစ်ရာ လူအများသည် ကျင်းပရာနေရာသို့ တဖြည်းဖြည်း လာရောက် စုဝေးလာကြတော့သည်။
ပြိုင်ပွဲကျင်းပရာ ခန်းမသည် ဘောလုံးကွင်းကြီးသဖွယ် ဖြစ်ပြီး အလယ်ဗဟိုကို ပြိုင်ပွဲအတွက် သတ်မှတ်ထားကာ၊ ဘေးပတ်ပတ်လည်တွင် ထိုင်ခုံများ စီထား၏။
ပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ကြသော ဆေးပညာရှင် အရေအတွက်သည် သုံးရာကျော် ရှိနေချေ၏။ ၎င်းတို့သည် ဝူကျိနယ်မြေ တစ်ခုလုံးမှ ဆေးပညာရှင်များ စုဝေးရောက်ရှိလာခြင်းပင်တည်း။
ခန်းမကြီးထဲတွင် လူပေါင်း ငါးထောင်ကျော် ရှိနေကြသည်။ ထိုသူတို့ အားလုံးသည် ဝူကျိနယ်မြေ၏ နယ်ပယ်အသီးသီးမှ အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြပေ၏။
ခန်းမ၏ အလယ်ဗဟို ပြိုင်ပွဲနေရာတွင်လည်း ပလ္လင်မြင့် တစ်ခုကို ဖန်တီးထားရာ ၎င်းသည် ဆွေးနွေးပွဲ စီစဉ်သူများအတွက် သီးသန့်နေရာ ဖြစ်သည်။
ထို ပလ္လင်မြင့်ပေါ်တွင် ထျန်းရှန်းဇီနှင့် အကြီးအကဲ သုံးဦး၊ ထို့အပြင် ကျန်းဝူဖုန်းတို့အတွက် ထိုင်ခုံများကို ချထား၏။ သူတို့သည် နေရာတစ်ခုလုံးတွင် အဆင့်အတန်း အမြင့်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အင်အားကြီး ဆေးပညာရှင်များနှင့် ဩဇာကြီးမားသော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ကြီးများက ရှေ့ဆုံးတန်းတွင် ထိုင်ကြသည်။ ကျူးကော်လျန်ချန်နှင့် မော့လင်အာတို့သည် ရှေ့ဆုံးတန်းတွင် နေရာယူထားကြပြီး ကျန်လူများကတော့ သူတို့၏ နောက်တွင်သာ ထိုင်ခွင့် ရှိကြ၏။ ဖုန်းဝူချန်တို့ အဖွဲ့လည်း ထိုသူများထဲတွင် ပါဝင်လေ၏။
နီဖုန်းယွင်နှင့် ရှန်ဝူဂိုဏ်းချုပ်တို့ကဲ့သို့သော ပုဂ္ဂိုလ်များသည် ဖုန်းဝူချန်၏ ဘေးတွင် ရိုသေသော အမူအရာဖြင့် ထိုင်နေကြ၏။
“ထျန်းအဆင့် အခန်းရထားတယ်ပေါ့လေ” မာန်မာန အပြည့်ရှိသော မော့လင်အာသည် သူမ၏ နောက်တွင် ရှိနေသည့် ဖုန်းဝူချန်တို့ အဖွဲ့ကို မထီမဲ့မြင် ကြည့်လိုက်၏။ သူမ၏ သာလွန်စိတ် ကို လုံးဝ မဖုံးကွယ်ထားချေ။
ကျူးကော်လျန်ချန်ကလည်း ဖုန်းဝူချန်နှင့် အဖွဲ့ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူ့မျက်နှာတွင်လည်း မာနအချို့ ပေါ်ပေါက်နေသည်ကို တွေ့ရသည်။
ကျူးကော်လျန်ချန်သည် လူတစ်ဦးကို စေလွှတ်၍ မေးခိုင်းသော်လည်း အဖြေ မရခဲ့ချေ။ ဖုန်းဝူချန်တို့ အဖွဲ့ ထျန်းအဆင့် အခန်း ရရခြင်း၏ အကြောင်းရင်းကို သူတို့ လုံးဝ နားမလည်နိုင် ဖြစ်နေကြ၏။
ဖုန်းဝူချန်ကတော့ ဘာကိုမှ ဂရုမစိုက်ချေ။ သူတို့အား လုံးဝ မမြင်သကဲ့သို့ ပြုမူ၏။ ဆေးပညာရှင် ဆွေးနွေးပွဲတွင် မည်သည့်နေရာ၌ ထိုင်သည်က အရေးမကြီးသည် မဟုတ်ပါလား။
“မော့လင်အာက ကိုယ့်ကိုယ်ကိုယ် တော်တော် အထင်ကြီးနေတာပဲ” လျိုချင်းယန်က ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့စွာ ဆိုသည်။
“သူမမှာတော့ အစွမ်းအချို့ ရှိတာတော့ ငြင်းလို့ မရဘူးဗျ။ မာန်မာနကပဲ တအား ကြီးလွန်းနေတာ” ပေတိုယန်က လျစ်လျူရှုစွာ ပြောဆိုလိုက်၏။
ပေတိုယန်၏ စကားက မမှားပေ။ မော့လင်အာတွင် အရည်အချင်း မရှိပါက ရှေ့ဆုံးတန်းတွင် ထိုင်ခွင့် ရမည် မဟုတ်ချေ။
“ဪ ဒါများ ထျန်းအဆင့် အခန်းက အထူးဧည့်သည်တော်ကြီးတွေ မဟုတ်လား။ ဘာလို့ အနောက်မှာ ထိုင်နေရတာလဲဗျ။ ရှေ့ဆုံးတန်းမှာ ထိုင်ရမှာ မဟုတ်ဘူးလား။ အနောက်မှာ ထိုင်နေတာ မသင့်တော်ဘူး ထင်တယ်နော်”
“အာ... အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေက အနောက်ဘက်မှာ ထိုင်နေကြတယ်တဲ့။ ဒါ သိပ် မသင့်တော်ဘူး ထင်ပါရဲ့”
“ထျန်းအဆင့် တံဆိပ်နဲ့ အထူးဧည့်သည်တော်ကြီးတွေ၊ ခင်ဗျားတို့ကို ရှေ့တန်းမှာ ထိုင်ဖို့ ဘယ်သူမှ စီစဉ်မပေးလိုက်ဘူးလား။ ကျွန်တော်တို့ စီစဉ်ပေးရဦးမလား”
ဖုန်းဝူချန်နှင့် အဖွဲ့ နောက်ဘက်တွင် ထိုင်နေသည်ကို မြင်ရသောအခါ သူတို့အပေါ် မကျေမနပ်ဖြစ်နေသည့် ဆေးပညာရှင်များနှင့် ကျင့်ကြံသူများအားလုံး စတင်၍ လှောင်ပြောင်လိုက်ကြတော့၏။ သူတို့သည် ဖုန်းဝူချန်တို့ကို လုံးဝ အရေးမစိုက်သည်က ထင်ရှား၏။
“မင်းတို့ ကောင်တွေပဲလား။ ဒါ ဘယ်တော့မှ ပြီးတော့မှာလဲ။ သေချင်လို့ လာရှာနေတာလား”
လျိုချင်းယန် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဝေ့ဝဲနေပြီး ထိုသူများကို ထိုနေရာ၌ပင် သတ်ပစ်လိုက်ချင်စိတ် ပေါက်သွားတော့၏။
“ဘာလဲ။ မင်းကများ လက်ရဲဇက်ရဲ လုပ်ရဲတယ်ပေါ့” စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦးက အေးစက်စွာ လှောင်ရယ်လိုက်သည်။
“လက်ရဲဇက်ရဲ လုပ်ရဲရုံမကဘူး၊ မင်းကို သတ်ရဲတယ်” လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ရင်း သူ၏ စစ်မှန်သော ချီစွမ်းအင် ကို ထုတ်ဖော်ကာ ကမူးရှူးထိုးပင် အရှေ့သို့ ပြေးဝင်သွားတော့သည်။
“ဒုန်း”
“အား”
လျိုချင်းယန်သည် ရုတ်တရက် ထူးဆန်းသော အရှိန်ဖြင့် ရောက်ရှိလာပြီး စတုတ္ထအဆင့် ဆေးပညာရှင်၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတော့သည်။ ထို စွမ်းအားကြောင့် ထိုဆေးပညာရှင်သည် သွေးများ ပန်းထွက်သွားသည်။
လျိုချင်းယန်၏ ထိုးနှက်ချက်သည် ပြင်းထန်လွန်းလှသဖြင့် ထို စတုတ္ထအဆင့် ဆေးပညာရှင်သည် ထိုနေရာ၌ပင် သေဆုံးသွားချေ၏။
ဤအခိုက်အတန့်တွင် ခန်းမကြီးထဲ၌ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လျိုချင်းယန်သည် တကယ်ပင် လက်ရဲဇက်ရဲ လုပ်ကာ သတ်ပစ်လိုက်ပေ၏။
ဖုန်းဝူချန်က ဝင်ရောက် မတားမြစ်ချေ။ ဤအချက်က လျိုချင်းယန်ကို သတ်ခွင့် ပေးလိုက်ကြောင်း ထင်ရှားနေလေ၏။
ဤနေရာတွင် ရှိနေသူ အားလုံးသည် တုန်လှုပ်သော အကြည့်များဖြင့် စူးစိုက်ကြည့်နေကြ၏။ ဆေးပညာရှင် ဆွေးနွေးပွဲ၌ လူသတ်ရဲသူ ရှိလိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်ကြချေ။
“ဒီကောင်စုတ်လေးတွေ..ငါ အကြာကြီး သည်းခံလာခဲ့တာ ကိုယ့်သေတွင်း ကိုယ် တူးကြတာပဲ” ဟု လျိုချင်းယန်က ဒေါသတကြီး ဟစ်အော်လိုက်သည်။
လျိုချင်းယန်၏ ဒေါသသံများက ခန်းမ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည်။
“မင်း... မင်းက ဆေးပညာရှင် ဆွေးနွေးပွဲမှာ လူသတ်ရဲတယ်ပေါ့”
“ရိုင်းစိုင်းလိုက်တာ ဘယ်လို သတ္တိမျိုးနဲ့များ ဆေးပညာရှင်ကို သတ်ရဲတာလဲ အခုချက်ချင်း ဆေးပညာရှင် ထျန်းရှန်းဇီကို သွား အစီရင်ခံကြ”
“ဆေးပညာရှင် ဆွေးနွေးပွဲမှာ ဆေးပညာရှင်တစ်ဦးကို သတ်တာက ဆေးပညာရှင် ထျန်းရှန်းဇီကို စော်ကားတာပဲ မင်းတို့ အပြစ်ပေးခံရတာကို ငါ အခုချက်ချင်း မြင်ချင်နေပြီ”
တိတ်ဆိတ်မှု ပျက်သွားသည်နှင့်တစ်ပြိုင်နက် ဖုန်းဝူချန်တို့ကို ဝန်းရံထားသော ဆေးပညာရှင်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များ ဒေါသတကြီး ဆူပွက်သွားကြပြီး အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်သွားတော့၏။
“ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဆေးပညာရှင်ကို သတ်ရဲတယ်တဲ့လား” မော့လင်အာက မထီမဲ့မြင်ဟန် အပြည့်ဖြင့် ခပ်အေးအေး သုံးသပ်လိုက်သည်။
“သူတို့နဲ့ စကားများ မနေနဲ့တော့၊ အခုပဲ သတ်ပစ်လိုက်” ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦးက ဒေါသတကြီး ဟောက်လိုက်ရင်း သူ၏ စစ်မှန်သော ချီစွမ်းအင် ပါသည့် လက်ဝါးချက်ဖြင့် လျိုချင်းယန်ကို ရွယ်လိုက်တော့သည်။
“ဒုန်း”
“အ”
ဖုန်းဝူချန်၏ အမူအရာက ရုတ်တရက် အေးစက်သွား၏။ သူသည် လေထဲသို့ လက်လှမ်းဆန့်ကာ ဆုပ်ကိုင်လိုက်ရာ ပဉ္စမအဆင့် ဆေးပညာရှင်သည် ဒေါသထွက်နေသော မီးတောက်များ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရပြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
“မီးအဆိပ်”
လူတိုင်းသည် ကြောက်ရွံ့မှုကြောင့် ကျောချမ်းသွားကြပြီး နောက်သို့ ဆုတ်ခွာကာ ထိတ်လန့်သွားကြတော့သည်။
“မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေကြတာလဲ” ဖုန်းဝူချန်က သတ်ဖြတ်လိုသော အရှိန်အဝါကို ထုတ်လွှင့်ရင်း အေးစက်စွာ ဆိုလေ၏။
ဖုန်းဝူချန်သည် သည်းခံနိုင်စွမ်း ကုန်ဆုံးနေရသည်။ တစ်ကြိမ်ပြီး တစ်ကြိမ် ဤလူများသည် သူ့ကို လှောင်ပြောင်၊ စော်ကားပြီး အစမ်းသပ်ခံအဖြစ် သဘောထားနေကြသည်က သူ့ကို အမျက်ဒေါသ ထွက်စေခဲ့တော့၏။
ဖုန်းဝူချန်သည် ပဉ္စမအဆင့် ဆေးပညာရှင်၏ ခန္ဓာကိုယ်မှ မီးအဆိပ် အားလုံးကို ဆွဲထုတ်လိုက်၏။ မီးခိုးနက်များ တရဟော ထွက်ပေါ်လာပြီး ဝါးမြို လျက် ရှိသည်ကို တွေ့ရသည်။
မကြာမီ အချိန်အတွင်းမှာပင် ထို ပဉ္စမအဆင့် ဆေးပညာရှင်သည် မီးအဆိပ်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မည်သည့် အရာမျှ မကျန်တော့ချေ။
ထိုမြင်ကွင်းသည် တစ်ခါထပ်၍ တိတ်ဆိတ်သွားပြန်၏။ လူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်အရှား ပေါ်နေလေတော့သည်။
ဆေးပညာရှင်တစ်ဦးသည် သူ၏ ကိုယ်ပိုင် မီးအဆိပ်ဖြင့်ပင် မီးလောင် သေဆုံးသွားရချေပြီ
ဖုန်းဝူချန်သည် မတွေမဝေဘဲ ပြတ်ပြတ်သားသား သတ်ပစ်လိုက်ခြင်းပင်။ အလွန်ပင် သွေးအေးလွန်းသည်။
“အစ်ကိုဖုန်း..ကောင်းတယ်.. သတ်တာ ကောင်းတယ်” လျိုချင်းယန်က လက်စားချေလိုက်ရသည့်အတွက် ကျေနပ်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
တုန်လှုပ်ဖွယ်ရာ အလွန်အမင်း တုန်လှုပ်ဖွယ်ရာပင်။
လက်ရှိ ရှိနေသော ဆေးပညာရှင်များသည် ဤမျှ ကောင်းသော မီးအဆိပ် ကို တစ်ခါမျှ မမြင်ဖူးကြချေ။
ပဉ္စမအဆင့် ဆေးပညာရှင်၏ မီးအဆိပ်သည် အဘယ်ကြောင့် ရုတ်တရက် ရမ်းကားသွားသည်ကို သူတို့ မသိကြသော်လည်း ဖုန်းဝူချန်နှင့် သက်ဆိုင်သည်ကိုတော့ ကောင်းစွာ သိရှိကြသည်။
လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် ပဉ္စမအဆင့် ဆေးပညာရှင်ကို အလွယ်တကူ သေစေနိုင်သည်... ဤသည်မှာ မည်မျှ ကောင်းသော နည်းဗျူဟာ ဖြစ်ပါသနည်း။
“ဂလု…”
လူအုပ်ကြီးသည် ကြောက်လန့်တကြား တံတွေးမျိုချ လိုက်ကြပြီး ချွေးများ တပြိုင်နက် သွန်ကျလာကြ၏။
ဖုန်းဝူချန်တို့ကို ပြဿနာရှာခဲ့သော ဆေးပညာရှင်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များမှာမူ ကြောက်လန့်တကြား တုန်လှုပ်နေကြတော့သည်။
ဟန်ခွန်းနှင့် အခင်းဖြစ်ပွားရာ၌ ရှိသော အခြား အစွမ်းထက် ဆေးပညာရှင်များစွာလည်း မီးအဆိပ်က ရူးသွပ်စွာ ဝါးမြိုနေသော မြင်ကွင်းကို မယုံကြည်နိုင်ဘဲ ချွေးအေးများ ပျံနေကြသည်။
မော့လင်အာနှင့် ကျူးကော်လျန်ချန်တို့ အပါအဝင် အားလုံးသည် အံ့အားသင့်နေကြ၏။ လျိုချင်းယန်၏ သတ်ဖြတ်မှုက မာန်မာနကြောင့်ဟု မှတ်ယူနိုင်သော်လည်း၊ ဖုန်းဝူချန်က ဆေးပညာရှင်တစ်ဦးကို ချက်ချင်း သတ်ပစ်လိုက်ခြင်းက ဘာဖြစ်နိုင်ပါသနည်း။
ဖုန်းဝူချန်တို့ အဖွဲ့သည် ဆေးပညာရှင် ဆွေးနွေးပွဲကို လုံးဝ အရေးမစိုက်၊ ထျန်းရှန်းဇီကို လုံးဝ လေးစားမှုမရှိဟု လူတိုင်းက ထင်မြင်လာကြ၏။
ဖုန်းဝူချန်သည် ကျန် ဆေးပညာရှင်များကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ခပ်တင်းတင်း ဆိုလေသည်– “လူတိုင်းမှာ သည်းခံနိုင်တဲ့ အတိုင်းအတာ တစ်ခုတော့ ရှိပါတယ်။ အဲ့ဒီ အတိုင်းအတာကို ခဏခဏ လာစိန်ခေါ်နေတာက သေတွင်း ကိုယ်တိုင် တူးနေတာနဲ့ အတူတူပဲ”
ဖုန်းဝူချန်သည် သူတို့နှင့် စကားပြောမနေချင်သော်လည်း လူအချို့ကတော့ သေတွင်းကို တမင်တကာ လိုက်ရှာနေသည် ဖြစ်ရာ သူလည်း ဘာမှ မတတ်နိုင်ချေ။
“မင်းတို့ ဘယ်သူတွေလဲ။ ဒီလောက် မောက်မာရဲသလား။ ဒီမှာ ဆေးပညာရှင်ကို သတ်ရဲတယ်ပေါ့” ထိုအခိုက်အတန့်၌ အင်အားကြီး အဖွဲ့အစည်းမှ ပုဂ္ဂိုလ် တစ်ဦးက ခြေတစ်လှမ်းချင်းစီ လှမ်းလာရင်း လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။
ချဉ်းကပ်လာသူမှာ ဆဋ္ဌမအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သော်ငြားလည်း ဖုန်းဝူချန်ကတော့ သူ့အား လေးစားဟန် လုံးဝ မပြချေ။
“ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး၊ ဒီထဲ ဝင်မပါနဲ့” ဖုန်းဝူချန်က ဆဋ္ဌမအဆင့် ဆေးပညာရှင်ကို အေးစက်သော အကြည့်ဖြင့် စူးစိုက်ကြည့်ကာ ခပ်တင်းတင်း ပြောဆိုလိုက်၏။
“အကြီးအကဲ ဝမ်၊ ဒီကောင်စုတ် လေးစုတ်ကို မြန်မြန် သတ်လိုက်ပါ”
“ဒါ.. မင်းမဲ့စရိုက်ပဲ..ဆေးပညာရှင် ဆွေးနွေးပွဲမှာ ဆေးပညာရှင်ကို သတ်ရဲတယ်ပေါ့”
“အရမ်း မာန်ကြီးလွန်းတယ်.. လုံးဝ မာန်ကြီးလွန်းတာပဲ.. ငါတို့ ဆေးပညာရှင်တွေကို.. လုံးဝ အရေးမစိုက်တဲ့ ပုံစံပဲ”
စတုတ္ထနှင့် ပဉ္စမအဆင့် ဆေးပညာရှင်များစွာသည် ဒေါသတကြီး အော်ဟစ်လာကြတော့၏။ သူတို့ စော်ကားခံရသည်ဟု ခံစားရသဖြင့် အလွန်အမင်း အမျက်ဒေါသ ထွက်နေကြ၏။
အကြီးအကဲ ဝမ်သည် ဖုန်းဝူချန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ တဟုန်ထိုး ထွက်ပေါ်လာ၏။ သူ၏ လေသံကလည်း မည်းမှောင်နေ၏။
“ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူကို ငါ
သည်းခံမှာ မဟုတ်ဘူး ဒါက ဆေးပညာရှင် ဆွေးနွေးပွဲ၊ ဆေးပညာရှင်တိုင်းရဲ့ မြင့်မြတ်တဲ့ နယ်မြေပဲ။ မင်းတို့ လာပြီး ရမ်းကားဖို့ နေရာ မဟုတ်ဘူး”
အခန်း (၅၃၁) - ပရိသတ်အပေါင်းကို တုန်လှုပ်စေခြင်း
~“ဝှစ်”
အကြီးအကဲ ဝမ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ သင်္ဘောတစ်စင်းလုံး ပြင်းထန်စွာ တုန်ဟီးသွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများက ဆွေးနွေးပွဲ ကျင်းပရာနေရာ တစ်ခုလုံးကို ဝါးမြို လွှမ်းခြုံလိုက်တော့သည်။
“ရမ်းကားတယ် ဟုတ်လား။ ခင်ဗျားတို့ ဒီ ဆေးပညာရှင်တွေရဲ့ အစစ်အမှန် မျက်နှာတွေကို သိကြပါရဲ့လား။ သူတို့တွေက ဟန်ဆောင်ကောင်းပြီး လိမ်လည်နေကြတဲ့ ဆေးပညာရှင် လောကရဲ့ အရည်အချင်းပျက်သူတွေပဲ” ဖုန်းဝူချန်က အေးစက်စွာ ဆိုသည်။
“မင်းက ငါ့ကို ပြောနေတာလား” အကြီးအကဲ ဝမ်က ဒေါသတကြီး ဟောက်လိုက်ရာ သူ၏ မျက်နှာအိုကြီးသည် မည်းမှောင်သွားတော့၏။
“ခင်ဗျားက သူတို့လိုပဲ ဆိုရင်တော့ ဟုတ်ပါတယ်” ဖုန်းဝူချန်က စိန်ခေါ်သလို ပြန်ဖြေလိုက်၏။ သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မတွေ့ရချေ။
ဖုန်းဝူချန်သည် ထိုနေရာ၌ မတ်တပ်ရပ်နေရုံမျှသာ ဖြစ်သည်။ သူ၏ စစ်မှန်သော ချီစွမ်းအင်ကို ထုတ်လွှတ်ခြင်း မရှိသော်ငြားလည်း မြင်မရသော ကြီးမားသည့် ဖိအားတစ်ရပ်က ပတ်ဝန်းကျင်ကို လွှမ်းမိုးထားပြီး ရာ ဖြစ်နေလေ၏။
“အမှိုက်ကောင်” အကြီးအကဲ ဝမ်က အမျက်ဒေါသဖြင့် ကြွေးကြော်လိုက်၏။ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ ကောင်းကင်သို့ ပျံတက်သွားတော့သည်။
“အကြီးအကဲ ဝမ် အဲ့ဒီသူကို သတ်လိုက်” ဆေးပညာရှင်များစွာက ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
ကောင်းကင်လူသား ဘုံ၏ အဋ္ဌမအလွှာသို့ ရောက်နေသည့် အကြီးအကဲ ဝမ်၏ ခွန်အားကား အလွန်အမင်း အစွမ်းထက်၏။ သူ၏ လက်တစ်ဖက်တည်းဖြင့်ပင် ဖုန်းဝူချန်ကို ဖျက်ဆီးနိုင်သည်ဟု လူအများက တွေးကြတော့သည်။
“ဟွန့်”
ဖုန်းဝူချန်သည် ဟွန့်ခနဲ နှာမှုတ်လိုက်ကာ လက်ကို လေထဲဆန့်ထုတ် ဆုပ်ကိုင်လိုက်သည်။ ထိာအခိုက်၊ အကြီးအကဲ ဝမ်၏ ခန္ဓာကိုယ်ထဲမှ မီးအဆိပ်များကို ချက်ချင်းဆိုသလို ထိန်းချုပ်ခံရပြီး အပြင်ဘက်သို့ ဆွဲထုတ်ခံရတော့သည်။ အကြီးအကဲ ဝမ်၏ ခန္ဓာကိုယ်မှ မီးခိုးနက်များ ထွက်လာပြီး မီးအဆိပ်က တဟူးဟူး လောင်ကျွမ်းနေလေ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” အကြီးအကဲ ဝမ်၏ မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွား၏။ ကြောက်ရွံ့မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။
ဆဋ္ဌမအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သည့် သူ့ကိုယ်ပိုင် မီးအဆိပ်ကို ဖုန်းဝူချန်က ဤသို့ ထုတ်ယူနိုင်လိမ့်မည်ဟု အကြီးအကဲ ဝမ် ထင်မထားခဲ့ချေ။
“အား”
ဝါးမြိုသော မီးအဆိပ်က အကြီးအကဲ ဝမ်အား ခါးသီးစွာ အော်ဟစ်စေသည်။ သူသည် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေတော့၏။
သို့သော်လည်း ကံကောင်းစွာဖြင့် ဖုန်းဝူချန်က သူ့ကို သတ်ရန် ရည်ရွယ်ခြင်း မရှိခဲ့။ မဟုတ်ပါက အကြီးအကဲ ဝမ်သည် သေဆုံးသွားသည်မှာ သေချာ၏။
ဆဋ္ဌမအဆင့် ဆေးပညာရှင်ပင် ဤကဲ့သို့ အဆုံးသတ်သွားသည်ကို မြင်ရသောအခါ ကျန်ရှိသော ဆေးပညာရှင်များသည် လုံးဝ နှုတ်ဆိတ်သွားကြသည်။ သူတို့၏ မျက်နှာများတွင် တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ပါး အခြား မည်သည့် အရာမျှ မရှိတော့ချေ။
အကြီးအကဲ ဝမ်၏ ဝေဒနာနှင့် အော်ဟစ်သံများကို မြင်ရသောအခါ ရှိနေသူ အားလုံး ကြောက်ရွံ့ ထိတ်လန့်သွားကြသည်။
ဖုန်းဝူချန်ကို လှောင်ပြောင် သရော်ခဲ့ကြသော ဆေးပညာရှင်များနှင့် ကျင့်ကြံသူများသည်ကား ပို၍ပင် ကြောက်လန့်နေကြသည်။ သူတို့၏ မျက်နှာများ ဖြူဖျော့ကာ ခြေထောက်များပင် အားပျော့နေတော့သည်။
ဤအခိုက်အတန့်တွင် ဖုန်းဝူချန်သည် မည်မျှ ကောင်းကြောင်း သူတို့ နောက်ဆုံးမှ သဘောပေါက်သွားကြတော့သည်။
ကျန်းမိသားစု အကြီးအကဲ၊ ရှန်ဝူဂိုဏ်းချုပ်နှင့် အခြား ဩဇာကြီးမားသော ပုဂ္ဂိုလ်များကလည်း ဆေးဧကရာဇ် ဖုန်းဝူချန်၏ ရာ စွမ်းရည်ကို သိမြင်သွားကြပြီ ဖြစ်သည်။
ဖုန်းဝူချန်သည် မီးအဆိပ်ကို ထိန်းချုပ်နိုင်ခြင်းက သူသည် ဆေးပညာရှင်များနှင့် လက်နက်ပြုလုပ်သူများ၏ အသက်ကိုပင် ထိန်းချုပ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
ဤသည်ကား နတ်ဘုရား စွမ်းအား နှင့်ပင် အတူတူပင် ဖြစ်တော့၏။
ကျူးကော်လျန်ချန်သည်လည်း ဖုန်းဝူချန်သည် ရိုးရိုးသားသား မဟုတ်သည်ကို သိလိုက်သဖြင့် သူ၏ မျက်နှာက အကြီးအကျယ် တင်းမာသွားတော့သည်။
ဟန်ခွန်းကတော့ ထို ဆေးပညာရှင်များကို စိတ်ပျက်အားလျော့စွာဖြင့် အေးစက်စွာ စောင့်ကြည့်နေသည်။
ထိုအချိန်၌ မော့လင်အာက အေးစက်စွာ အော်ဟစ်လိုက်၏။
“ဖုန်းဝူချန်.. နင်.. လွန်လွန်းလာပြီ.. ဒါ ယန်ဟော် အင်ပါယာ မဟုတ်ဘူး”
သူမ၏ ထျန်းယွမ်ဘုံ နဝမအလွှာ၏ စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဩဇာအာဏာ ပြသလိုက်၏။
“လင်အာ၊ ရပ်လိုက်” ကျူးကော်လျန်ချန်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားသော်လည်း သူမကို တားဆီးရန် နောက်ကျသွားရ၏။
မော့လင်အာသည် သူမ၏ အစွမ်းထက် လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ဖုန်းဝူချန်ဘက်သို့ ရိပ်ခနဲ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
ဤသည်ကား ဖုန်းဝူချန်ကို နှိမ်နင်းရန် အခွင့်ကောင်း ဖြစ်သည်။ မော့လင်အာသည် ၎င်းကို လက်လွှတ်ခံမည် မဟုတ်ချေ။
မော့လင်အာသည် ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကိုသာမက၊ သူ၏ ခွန်အားကိုပါ ခြေမှုန်းရန် ရည်ရွယ်၏။ ဖုန်းဝူချန်က သူမအား စော်ကားခဲ့သည့်အတွက် ဆယ်ဆ ပြန်ပေးချေမည်ဟု ကြွေးကြော်လိုက်တော့သည်။
မော့လင်အာသည် သူမ၏ ခွန်အားကြီးသော နည်းစနစ်ကို အသုံးပြု၍ မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန်အနီးသို့ ရောက်ရှိသွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
“မော့လင်အာ၊ နင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ” လင်ရှောင်ရှောင်က ခပ်အေးအေး ဆိုလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပဲ” မြောင်ချင်းချင်းကလည်း အေးစက်စွာ ရှုတ်ချလိုက်သည်။
မော့လင်အာ၏ ခွန်အားဖြင့် ဖုန်းဝူချန်ကို ယှဉ်နိုင်စရာ အကြောင်း လုံးဝ မရှိချေ။ မြောင်ချင်းချင်းပင် သူမကို အလွယ်တကူ အနိုင်ယူနိုင်၏။
“ဟမ့်” ဖုန်းဝူချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက် ပြီး လက်ဝါးဖြင့် ပြန်၍ ရင်ဆိုင်လိုက်သည်။
“ဒုန်း”
“အ့”
လက်ဝါးနှစ်ခု တိုက်ရိုက် တိုက်မိလိုက်ရာ မော့လင်အာသည် သွေးများ ပန်းထွက်ကာ နောက်သို့ လွင့်စဉ်သွားပြီး ထိုနေရာ၌ပင် သတိလစ် မေ့မြောသွားတော့သည်။
ထျန်းယွမ်ဘုံ၏ နဝမအလွှာ ရောက်နေသည့် မော့လင်အာသည် ဖုန်းဝူချန်၏ ပေါ့ပေါ့ပါးပါး လက်ဝါးချက်ဖြင့်ပင် သတိလစ်သွားရ၏။
မော့လင်အာသည် ဖုန်းဝူချန်၏ ခွန်အားက သူမထက် များစွာ သာလွန်နေပြီကို မထင်ထားခဲ့ချေ။
“လင်အာ” ကျူးကော်လျန်ချန်က အလွန်အမင်း ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး သတိမေ့နေသော မော့လင်အာကို ဖမ်းရန် အလျင်အမြန် ပြေးထွက်သွားတော့၏။
ဖုန်းဝူချန်သည် ထို လက်ဝါးချက်ဖြင့် မော့လင်အာကို အကြီးအကျယ် ဒဏ်ရာရစေရန်သာ ရည်ရွယ်ခဲ့ပြီး သတ်ရန် ရည်ရွယ်ခြင်း မရှိခဲ့ပေ။
“လင်အာ လင်အာ” ကျူးကော်လျန်ချန်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အနာသက်သာ ဆေးလုံးတစ်လုံးကို အလျင်အမြန် တိုက်လိုက်၏။ သူ့ရင်ထဲတွင် အမျက်ဒေါသများ ပွက်ပွက်ဆူလာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
“ဖုန်းဝူချန်” ဒေါသတကြီး ပေါက်ကွဲနေသော ကျူးကော်လျန်ချန်သည် အော်ဟစ်လိုက်ပြီး ဖုန်းဝူချန်ထံသို့ ရူးသွပ်စွာ ပြေးဝင် တိုက်ခိုက်တော့သည်။
“ဒုန်း”
“အား”
ဖုန်းဝူချန်သည် သူ၏ ဝိညာဉ်စွမ်းအင် ကို အသက်သွင်းလိုက်သည်။ မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ရာ ကြီးစိုးသော ဝိညာဉ်စွမ်းအင် တစ်ခု ကျူးကော်လျန်ချန်ထံသို့ ပေါက်ကွဲသွားတော့သည်။ ကျူးကော်လျန်ချန်၏ မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် ခေါ်ယူ ခုခံသော်လည်း မတတ်နိုင်ချေ။ ပေါက်ကွဲသံနှင့်အတူ
သွေးများ ပန်းထွက်ကာ နောက်သို့ လွင့်စင်သွားတော့၏။
“ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင်” ကျူးကော်လျန်ချန်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“လျန်ချန်” ကျူးကော်မိသားစု အကြီးအကဲသည် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့၏။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
ဖုန်းဝူချန်သည် အင်းကွက် ပညာရှင် ဖြစ်သည်ကိုလည်း မိသားစု အကြီးအကဲ မထင်ထားခဲ့။ သူ၏ အဆင့်အတန်းက ကျူးကော်လျန်ချန်ထက်ပင် ပို၍ မြင့်နေလေ၏။
“ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင်” ကျူးကော်လျန်ချန်၏ အော်ဟစ်သံကြောင့် ပရိသတ်အပေါင်း ဆူညံသွားတော့သည်။
“ခန်းမသခင်က ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင်ပါလား”
ဟန်ခွန်းသည် မျက်လုံးများ ပြူးကျယ်လျက် ပါးစပ်ပင် အဟောင်းသား ကျန်နေတော့၏။
“သူ... သူက ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် ဖြစ်နေတယ်ပေါ့”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သခင်လေး ကျူးကော်က ၀င်္ကပါ ပင်လယ်နယ်မြေရဲ့ ထိပ်တန်း အင်းကွက် ပညာရှင်ပဲ။ ဒါပေမဲ့ သူ့အဆင့်က ဒီလူထက် မမြင့်ဘူး”
“သူ... သူက တကယ်တော့ ဘယ်သူလဲ။ ဒီလောက် ငယ်ရွယ်တဲ့ သူက ဘာလို့ ဒီလောက် ကောင်းနေရတာလဲ”
လူအုပ်ကြီးသည် ဖုန်းဝူချန်ကို နတ်ဆိုး တစ်ကောင်ပမာ ကြည့်ရှုရင်း ကြောက်လန့်တကြား ဖြစ်နေကြ၏။
ကျန်းမိသားစု အကြီးအကဲနှင့် ရှန်ဝူဂိုဏ်းချုပ်တို့ကား အသည်းအူပင် လွင့်မတတ် လန့်နေကြ၏။
ဖုန်းဝူချန်သည် ဆေးပညာနယ်ပယ်တွင် အလွန် ကောင်းသည်ကို သူတို့ သိရှိကြသည်။ ကျန်းကျွင်းလန်က ဖုန်းဝူချန်ကို ဆရာဟု ခေါ်ဝေါ်ခြင်း၊ လက်နက်ပြုလုပ်ခြင်း စံအိမ်၏ သခင်လေးက ဆရာအဖြစ် ခေါ်ဝေါ်ခြင်းတို့က ဖုန်းဝူချန်၏ လက်နက်ပြုလုပ်ခြင်း စွမ်းရည်မှာလည်း အလွန် အစွမ်းထက်သည်ကို ပြသနေလေ၏။
ယခု၊ ဖုန်းဝူချန်သည် ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် ဖြစ်သည်ကို သိရှိရသောအခါတွင်တော့၊ သူတို့၏ ဝိညာဉ်များပင် ကြောက်လန့်တကြား ခုန်ထွက်သွားတော့၏။
ဤမျှ ငယ်ရွယ်သူက နယ်ပယ်ကြီး သုံးခုတွင် ထိုသို့သော အောင်မြင်မှုများကို မည်သို့ ရယူနိုင်ခဲ့ပါသနည်း။
နီဖုန်းယွင်ပင် ဖုန်းဝူချန်သည် ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် ဖြစ်နေသည်ကို မမျှော်လင့်ထားခဲ့ချေ။
သူတို့သာမက လျိုချင်းယန်တို့ အဖွဲ့ပင်လျှင် မသိရှိခဲ့ကြ။ သူတို့၏ မျက်နှာတွင်လည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလေ၏။
ဖုန်းဝူချန်သည် သူ၏ စွမ်းရည်များကို အလွန် နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့၏။ ဖုန်းဝူချန်က မည်သည့်အချိန်က အင်းကွက် ပညာရှင်အဆင့်ကို ကျင့်ကြံခဲ့သည်၊ ၎င်းကို မည်သည့်အခါမျှ မမြင်ဖူး၍ သူတို့ မသိကြချေ။
“အစ်ကိုဖုန်းက အင်းကွက် ပညာရှင် ဖြစ်နေတယ်ပေါ့…” မြောင်ချင်းချင်းက တွေဝေသော လေသံ ဖြင့် ရေရွတ်လိုက်၏။
“ပြီးတော့ ဆဋ္ဌမအဆင့်…” လျိုချင်းယန်ကလည်း တုန်ရီသော အသံ ဖြင့် ဝင်ပြောသည်။
“အစ်ကိုဖုန်းက ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင်ပါလား” လင်ရှောင်ရှောင်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မယုံကြည်နိုင်သော အမူအရာ ပေါ်နေလေ၏။
ဖုန်းဝူချန်သည် သူ၏ စွမ်းရည်များကို အလွန်နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့သဖြင့် မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
“ရိုင်းစိုင်းလိုက်တာ.. ငါ့သားကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့..ငါ မင်းကို.. သတ်ပစ်မယ်” ကျူးကော်မိသားစု အကြီးအကဲသည် အလွန်အမင်း ဒေါသတကြီး ဟောက်လိုက်ပြီး ဖုန်းဝူချန်ထံသို့ တိုက်ခိုက်ရန် ပြေးဝင်လာတော့သည်။
သူ၏ ထျန်းကျီဘုံ အဆင့် စွမ်းအားများ ပေါက်ကွဲထွက်လာရာ ဆွေးနွေးပွဲ ကျင်းပရာနေရာရှိ လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ မိသားစု အကြီးအကဲသာ လက်ရဲဇက်ရဲ လုပ်ခဲ့ပါက သင်္ဘော တစ်စင်းလုံး ပျက်စီးသွားပေတော့မည်။
စွမ်းအားများ ပျံ့နှံ့သွားသဖြင့် သင်္ဘောသည် ပြင်းထန်စွာ တုန်ဟီးသွားပြီး ပင်လယ်ရေပြင်တွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာတော့သည်။ ကျူးကော်မိသားစု အကြီးအကဲသည် သူ၏ အစွမ်းကို ထုတ်လွှတ်တော့မည် ဖြစ်၏။
သို့သော် ကျူးကော်မိသားစု အကြီးအကဲက ထျန်းကျီဘုံ၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည့် အချိန်၌ပင်၊ ပို၍ အားကောင်းပြီး ကောင်းသော အရှိန်အဝါ တစ်ရပ်က ရုတ်တရက် ခန်းမ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
“ကျူးကော်မိသားစု အကြီးအကဲ၊ ခင်ဗျား အလျင်မလိုစမ်းပါနဲ့”
ဩဇာကြီးမားသော အသံ တစ်သံက ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့၏။
“အကြီးအကဲ ထျန်းရှန်းဇီ…”
ထိုအသံကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားတော့၏။