နတ်ဆိုးတာအို မျိုးစေ့
Vol. 18 Ch. 173
"တကယ်တော့ အဲဒါတွေကို ဂရုစိုက်နေစရာ မလိုပါဘူး။ ခဏလောက် အချိန်ပေးပြီး ဖယ်ရှားလိုက်ရုံပါပဲ"
ကျန်းချိုလန် သည် ဤကိစ္စတွင် အတော်အတန် အတွေ့အကြုံရှိသူ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် စီရင်စုတစ်ခုလုံး၏ ယုံကြည်မှုဆုတောင်းစွမ်းအားများကို ရရှိနိုင်သော်လည်း ဟွမ်ယွမ်လမ်းစဉ်ကိုသာ ကျင့်ကြံသူ ဖြစ်သောကြောင့်ပင်။
ယွီရှန်းစီရင်စု၏ ယခင် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးမှာ ကျဆုံးသွားခဲ့ပြီး သင့်တော်သော အစားထိုးမှုကို ယခုတိုင် ရှာမတွေ့သေးပေ။
"ဖယ်ရှားပစ်မယ်..."
ရှန်းယီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သူ၏ယခင်အတွေးကို ပြန်လည် ဆက်စပ်တွေးလိုက်၏။
"သိုင်းဘုံကျောင်းတော်မှာ ရှိတဲ့ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်ကျင့်ကြံသူတွေရဲ့ လွှမ်းမိုးမှုက မြို့တော်ထဲမှာပဲ ကန့်သတ်ထားတာလား၊ ဒါမှမဟုတ် မဟာချန်မင်းဆက် တစ်ခုလုံးအထိ ပျံ့နှံ့နိုင်တာလား"
သူသည် ဤကိစ္စကို ရှင်းလင်းအောင် ပြုလုပ်လိုခြင်း ဖြစ်သည်။ အကယ်၍ မြို့တော်အတွင်း၌သာ ကန့်သတ်ထားသည်ဆိုပါက သူသည် ထိုစွမ်းအားများကိုသိမ်မွေ့စွာဖြင့် ဖယ်ရှားပစ်မည်။
ကျန်းချိုလန်သည် ယင်ဝိညာဉ်လမ်းစဉ်ကို မကျင့်ကြံသော်လည်း ၎င်းနှင့် ပတ်သက်၍ ကြားဖူးနားဝ ရှိလေ၏။
"ကျွန်မ သိသလောက်တော့ ရွှေရောင်ကိုယ်ထည် ကိုယ်ပွားမှာ အဲဒီလို ကန့်သတ်ချက်တွေ မရှိဘူး။ ရွှေရောင်ကိုယ်ထည်ကြီး ပျက်စီးသွားမှသာ ယုံကြည်မှုနဲ့ ဆုတောင်းမေတ္တာစွမ်းအားတွေကို အသုံးပြုပြီး ပြန်လည်ပုံဖော်ဖို့ မဟာချန်မြို့တော်ကို ပြန်သွားရတာမျိုး ရှိတယ်"
ဤစကားကို ကြားသောအခါ ရှန်းယီ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
သူ၏ အကြံအစည်မှာ အလွန်ရိုးရှင်းပေသည်။ သူသည် အမြုတေစွမ်းအင်စုစည်းခြင်းနှင့် ဝိညာဉ် ပျိုးထောင်ခြင်းတို့ကို ပြုလုပ်တော့မည် ဖြစ်ကာ၊ တစ်ခုတည်း ပြုလုပ်မည့်အစား နှစ်ခုစလုံးအား ပြုစုပျိုးထောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
အဆိုးဆုံးအနေဖြင့် တာအိုဝိညာဉ် နှင့် ယင်ဝိညာဉ် တို့ကို တစ်နေရာတည်းတွင် အတူတကွ ညှပ်၍ ထားရရုံမျှသာ ဖြစ်ပေသည်။
အခြားသူများအတွက်မူ ၎င်းတို့၏ ကန့်သတ်ထားသော သက်တမ်းအတွင်း၌ လမ်းစဉ်တစ်ခုကိုသာ အာရုံစိုက် ကျင့်ကြံကြမည်။
သို့သော် ရှန်းယီမှာမူ နတ်ဆိုးသက်တမ်းကို အသုံးပြုနိုင်သူ ဖြစ်ပြီး လုံလောက်သော သတ်ဖြတ်မှုများ ပြုလုပ်နိုင်သရွေ့ အခက်အခဲမှန်သမျှသည် အလိုအလျောက် ပြေလည်သွားမည်။
အခက်အခဲမှာ နတ်အာရုံ ကိစ္စတွင်သာ ရှိလေ၏။
အကယ်၍ ဟွမ်ယွမ်အရှင်သခင် တစ်ဦးသည် အခြား ယင်ဝိညာဉ်တစ်ခုကို ပြုစုပျိုးထောင်လိုပါက သူ့တွင်ပေးစွမ်းရန် ပိုလျှံသော နတ်အာရုံ ရှိမည် မဟုတ်ပေ။
သို့သော် ရှန်းယီသည် နတ်ဆိုးမူလကို အသုံးပြု၍ နတ်ဆိုးဝိညာဉ်ကို ပြန်လည်ပုံဖော်ကာ ယင်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်ကြည့်နိုင်ပေသည်။
မအောင်မြင်ခဲ့လျှင်ပင် သူ အသုံးမပြုနိုင်သော အမွှေးတိုင်ယုံကြည်မှု စွမ်းအားများကို ဖြုန်းတီးပစ်လိုက်ရုံမျှသာ ဖြစ်လေ၏။
ထို့ပြင် ယခင်အတွေ့အကြုံများအရ သူကိုယ်တိုင် သတ်ဖြတ်ခဲ့သော နတ်ဆိုးများသည် ကျင့်စဉ်များကို ဆင့်ပွားဖော်ထုတ်ရာတွင်ပင် ကူညီပေးနိုင်သဖြင့် ဤနတ်ဆိုးမူလ၏ ဖော်ပြချက်ဖြစ်သော ထာဝရ အစေခံခြင်း၊ လွတ်မြောက်နိုင်စွမ်းမရှိခြင်း ဆိုသည်မှာ ချဲ့ကားပြောဆိုထားခြင်း မဟုတ်နိုင်ပေ။
သေချာသည်မှာ သူ၏အဓိက အာရုံစိုက်မှုမှာ ဟွမ်ယွမ် သိုင်းတာအို ပေါ်တွင်သာ ရှိလေ၏။
သိုင်းဘုံကျောင်းတော်ရှိ နတ်ဘုရား အသွင်ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေသကဲ့သို့ ရှန်းယီ ခံစားရပြီး၊ သူကိုယ်တိုင်လည်း ရွှေရောင်ကိုယ်ထည်ကြီးဖြင့် လောကအလယ်တွင် လှည့်လည် သွားလာလိုခြင်း မရှိပေ။
"အခြား မေးစရာ ရှိသေးလား"
ကျန်းချိုလန်သည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့၏။
"ကူညီပေးဖို့ လိုအပ်တာ ရှိရင် အားမနာဘဲ ပြောပါ"
"အင်း..."
ရှန်းယီ ခဏမျှ စဉ်းစားပြီးမှ သူမကို ကြည့်လိုက်သည်။
"ကျွန်တော့်ကို နတ်ဆိုးအမြုတေ တချို့ အရင်ခဏ ချေးပေးနိုင်မလား"
"ရပါတယ်"
ကျန်းချိုလန် ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ ခါးရှိ အိတ်ကို ပွတ်သပ်လိုက်ရာ ပြီးပြည့်စုံခြင်း အဆင့် နတ်ဆိုးအမြုတေ ဆယ်ခုကျော်သည် စားပွဲပေါ်တွင် တိတ်ဆိတ်စွာ ပေါ်လာလေ၏။
"ကျွန်မဆီမှာ ဒါတွေပဲ ကျန်တော့တယ်။ ဒါတွေက ရှင် တာအိုမျိုးစေ့စုစည်းဖို့အတွက်တော့ လုံလောက်မှာပါ"
သူ နတ်ဆိုးစွမ်းအားကို အသုံးပြုသည်ကို သူမ ကိုယ်တိုင် မြင်ဖူးသလို ကောင်းကင်ဝါးမြို စွမ်းအင်စားသုံးခြင်း နည်းစနစ်ကိုလည်း သူမကိုယ်တိုင် အကြံပေးခဲ့ခြင်း ဖြစ်သဖြင့် ရှန်းယီသည် နတ်ဆိုးအမြုတေများကို ဘာအတွက် အသုံးပြုမည်ကို သူမ သိပြီးသား ဖြစ်ပေသည်။
သူသည် နတ်ဆိုးတစ်ကောင် ဖြစ်နေနိုင်သည်လော ဆိုသည့် မေးခွန်းမှာမူ သိုင်းဘုံကျောင်းတော်မှ အသက်ရှင်လျက် ထွက်လာနိုင်ခြင်းကပင် အဖြေကို ရှင်းပြပြီးသားပင်။
"နောက်တစ်ခါ တွေ့ရင် ပြန်ပေးပါ့မယ်"
ရှန်းယီသည် အားမနာတော့ဘဲ နတ်ဆိုးအမြုတေ အားလုံးကို သူ၏ငွေရောင်ခေါင်းလောင်းထဲသို့ ထည့်လိုက်လေ၏။
လက်ရှိတွင် သူ့ထံ၌ နတ်ဆိုးသက်တမ်းများ ပိုလျှံနေပြီး အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးအချို့ကို ရှာဖွေကာ ဘဝအကြောင်း ဆွေးနွေးရန် လိုအပ်နေလေပြီ။
ဘေးကင်းစေရန်အတွက် သူသည် မိမိကိုယ်ကိုယ် အတတ်နိုင်ဆုံး တိုးတက်အောင် လုပ်ဆောင်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်လေ၏။
"ရပါတယ်။ကျွန်မက ဆန်းကြယ်ရေခဲခုနစ်ခုသတ် ဖြတ်ခြင်းဓားရည်ရွယ်ချက်ကို သုံးပြီး တာအိုဝိညာဉ်ကိုပြုစုပျိုးထောင်ပြီး အဆုံးမဲ့ဟွမ်ယွမ်ဓားခန္ဓာကို စုစည်းနေတာဆိုတော့ ဒါတွေကို မလိုအပ်တော့ဘူး"
ကျန်းချိုလန်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားခဲ့၏။
"ဪ... စစ်သူကြီးချန်က သူ မထွက်ခွာခင် မှာသွားသေးတယ်။ ရှင် အားရင် လင်းကျန်းစီရင်စု ကို လာခဲ့ပါဦးတဲ့... ကျွန်မ သွားတော့မယ်"
"အင်း"
ရှန်းယီ ခေါင်းငြိမ့်ပြလိုက်လေ၏။
အားရင် ဆိုသည့် စကားမှာ သူ့အတွက် မအားဘူး ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ပေသည်။။
လင်းကျန်းစီရင်စုရှိ ယန်ချန်းမြစ်ထဲတွင် ပုန်းအောင်းနေသော ကျောင်းနဂါးအိုကြီးများ အုပ်စုသာ ရှိလေ၏။ ၎င်းတို့ အပြင်မထွက်လာလျှင် သူက မည်သို့ သွားရှာနိုင်ပါမည်နည်း။
ကျန်းချိုလန် ခြံဝင်းထဲမှ ထွက်သွားပြီးနောက်။
သူသည် ငွေရောင်ခေါင်းလောင်းထဲမှ အရှိန်အဝါ အစအနတစ်ခုကို ထုတ်လိုက်လေ၏။ ၎င်းမှာ ကျန်းချန်ယွင်ထံမှ ရရှိခဲ့သော စစ်သူကြီးယိုလုံထောင်၏ အရှိန်အဝါ ဖြစ်ပေသည်။
သူ မှတ်မိသလောက်ဆိုလျှင် ယခင်က ထင်ယန်မြို့ ကို ဖြတ်သွားစဉ် ထိုနေရာတွင် အမြုတေစွမ်းအင်စုစည်းခြင်း အဆင့် နတ်ဆိုး သုံးကောင် ရှိသည်ဟု ကြားခဲ့လေ၏။
၎င်းမှာ အဘိုးကြီး ချန်ကို သွားရှာခြင်းထက် ပို၍ တွက်ချေကိုက်သည် မဟုတ်ပါလော။
ဤအတွေးဖြင့် ရှန်းယီသည် ထလိုက်ပြီး တံခါးကို ပိတ်လိုက်လေသည်။
သူသည် ရေနွေးတစ်ခွက် ငှဲ့သောက်လိုက်ပြီးနောက် သူ၏စနစ်မျက်နှာပြင်ကို ဖွင့်ကာ နှစ်ပေါင်းသောင်းချီသော သက်တမ်းကို ကျေနပ်စွာ ကြည့်လိုက်လေ၏။
မြို့တော်သို့ နှစ်ပေါင်းသောင်းချီသော သက်တမ်းအား ယူဆောင်သွားခဲ့ပြီး ပြန်လာသည့်တိုင် ၎င်းတို့မှာ ကျန်ရှိနေသေးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒါတွေကို ကုန်အောင် သုံးဖို့ ဘယ်လောက်တောင် ကြာအုန်းမလဲ။
[ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၁၀၀၄၇ နှစ်]
သူသည် နတ်ဆိုးသက်တမ်းကိုလှုံ့ဆော်ပြီး ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်း နည်းစနစ် အတွင်းသို့ လောင်းထည့်လိုက်လေ၏။
ကောင်းကင်နတ်ဆိုး အမြုတေ အတွင်း၌ မြေခွေးနတ်ဆိုး၏ကျင့်ကြံခြင်းများ ကျန်ရှိနေသေးရာ ၎င်းတို့ကို အရင်ဆုံး အသုံးပြုမည်။
[ပထမနှစ် - သင်ဟာ ကောင်းကင်ဝါးမြို ကိုယ်တွင်းအမြုတေကို ပြင်ပအမြုတေအတွင်း ရှိနေသောကျင့်ကြံခြင်းတွေအားလုံးကို ဝါးမြိုဖို့ အမိန့်ပေးလိုက်သည်။ သင်ဟာ စိတ်ဝင်တစားဖြင့် ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်း နည်းစနစ် ကို လည်ပတ်ပြီး တာအိုမျိုးစေ့ကို စတင်စုစည်းခဲ့သည်။ ဤကိစ္စမှာ ကြီးမားသောသည်းခံနိုင်စွမ်းနှင့် သေချာဂရုစိုက်မှု လိုအပ်ပေသည်၊တိုက်ဆိုင်စွာဖြင့် ထိုအရာများက သင့်ထံအများဆုံးရှိနေသော အရာဖြစ်နေသည်။]
သတိပေးချက် ပေါ်လာသည်နှင့် တပြိုင်နက်။
ရှန်းယီသည် သူ၏ ချီပင်လယ်အတွင်းရှိ ကောင်းကင်နတ်ဆိုး အမြုတေ ထဲမှ စွမ်းအားများ အကုန်အစင် ထွက်သွားပြီး ပြင်းထန်သော နတ်ဆိုးစွမ်းအားများကြောင့် ကိုယ်တွင်းအမြုတေမှာ ကြက်သွေးရောင် အရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေ၏။
နတ်ဆိုးသက်တမ်းများ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
စနစ်၏ သတိပေးချက်မှာ အမှန်ပင်။ သူသည် အစမှ အဆုံးအထိ မည်သည့် ညည်းညူမှုမျှ မရှိဘဲ အမှန်တကယ်ပင် သည်းခံနိုင်စွမ်း ရှိပေသည်။
သူ၏ နတ်ဆိုးသက်တမ်း ၁၁၂ နှစ်ခန့် လျော့နည်းသွားပြီးနောက် နတ်ဆိုးစွမ်းအား အားလုံးသည် နောက်ဆုံးတွင် အတူတကွ စုစည်းသွားလေသည်။
သေချာနေသည်မှာ ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံမှုမှာ အမြုတေစွမ်းအင်စုစည်းခြင်း အဆင့် သို့ တိုက်ရိုက်ဝင်ရောက်ရန် မလုံလောက်သေးဘဲ ကွာဟချက်မှာ အတော်အတန် ကြီးမားနေသေး၏။
ဤနှုန်းအတိုင်းဆိုလျှင် တာအိုမျိုးစေ့ အပြည့်အဝ ဖြစ်တည်လာရန် နောက်ထပ် ကိုးကြိမ်ခန့် ပြန်လည်လုပ်ဆောင်ရမည်။
"ဒါပေမဲ့..."
ရှန်းယီသည် ရေခွက်ကို ချလိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရ၏။
အဘိုးကြီးချန်သည် အသက် ၂၀၀ အရွယ်တွင် တာအိုမျိုးစေ့ကို စိုက်ပျိုးနိုင်ခဲ့ပြီး အမြုတေစုစည်းခြင်း အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်ကာ အသက် ၈၀၀ ကျော်တွင် တာအိုဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်ခဲ့သည်မှာ အလွန်ညံ့ဖျင်းသော ပါရမီဟု ကျန်းချိုလန် ပြောခဲ့သည် မဟုတ်ပါလော။
သို့သော် ယခု သတိပေးချက်အရ သူသည် တာအိုမျိုးစေ့ စိုက်ပျိုးရန်အတွက်ပင် နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်မည်။
အကယ်၍ သူသာ ကိုယ့်အားကိုယ်ကိုးပြီး ကျင့်ကြံမည်ဆိုပါက အမြုတေစုစည်းခြင်း အဆင့် သို့ပင် မရောက်မီ သက်တမ်းကုန်သွားမည် မဟုတ်ပါလော။
"..."
၎င်းမှာ ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်း နည်းလမ်း၏ ခက်ခဲမှုကြောင့်လည်း ဖြစ်နိုင်သလို၊ အဘိုးကြီးချန်သည် ယင်ဝိညာဉ်၏ ဖြတ်လမ်းကို အသုံးပြုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်လေ၏။
၎င်းကို သူ၏ဟွမ်ယွမ်သိုင်းတာအို လမ်းစဉ်နှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
ရှန်းယီသည် နောက်ထပ် ပြီးပြည့်စုံခြင်း အဆင့် နတ်ဆိုးအမြုတေ တစ်ခုကို ထုတ်လိုက်၏။ ယခု သူသည် ချမ်းသာနေပြီ ဖြစ်သဖြင့် စွမ်းရည်တစ်ခုခု ရနိုင်မည်လောသိရန် တစ်နှစ်စာ နတ်ဆိုးသက်တမ်းကို အသုံးပြုကာ ၎င်းကို တိုက်ရိုက်ဝါးမြိုလိုက်လေသည်။
သို့သော် ကောင်းကင်နတ်ဆိုး အမြုတေ ဗိုက်ပြည့်သွားခြင်းမှလွဲ၍ အခြားဘာမှ ဖြစ်မလာပေ။
ပြင်ပအမြုတေ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ နတ်ဆိုးစွမ်းအားများကို စုပ်ယူရန် ကူညီပေးပြီး ကောင်းကင်ဝါးမြို ကိုယ်တွင်းအမြုတေထံသို့ ပြန်လည် ထောက်ပံ့ပေးရန်သာ ဖြစ်ပေ၏။
နတ်ဆိုးသက်တမ်းများ ဆက်လက် လျော့နည်းလာလေ၏။
ကောင်းကင်ဝါးမြို ကိုယ်တွင်းအမြုတေအတွင်း၌ နီရဲသော အလင်းစက်လေးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာလေသည်။
တာအိုမျိုးစေ့ စုစည်းခြင်းမှာ ခက်ခဲသော်လည်း အနည်းဆုံးတော့ ၎င်းမှာ ခြေရာခံနိုင်ပြီး စိတ်မချမ်းမြေ့စရာ ခံစားချက်များကိုလည်း အလွန်အကျွံ ဖြစ်ပေါ်စေခြင်း မရှိပေ။
နတ်ဆိုးအမြုတေ တစ်ခုပြီးတစ်ခု သူ၏ ဗိုက်ထဲသို့ ရောက်ရှိသွားလေ၏။
[နှစ်ပေါင်း ၈၇၃ - သင်ဟာ ရွှေရောင်အမွှေး ကြွက်နတ်ဆိုး၏ ကိုယ်တွင်းအမြုတေကို ဝါးမြိုပြီး နာကျဉ်းချက်များကို စုပ်ယူလိုက်ရာမှ ရတနာများကို အာရုံခံနိုင်စွမ်းဆိုသော စွမ်းရည်ကို ရရှိခဲ့လေသည်။]
[ရတနာများကို အာရုံခံနိုင်စွမ်း - သင်ဟာ အခြားသူများနှင့် မတူဘဲ မိုးမြေရတနာများကို အာရုံခံနိုင်စွမ်းရှိလာပြီး သာမန်အရာများအောက်တွင် ဖုံးကွယ်နေသော အဖိုးတန်ပစ္စည်းများကို အစဉ်အမြဲ ရှာဖွေတွေ့ရှိနိုင်သည်။]
အဆင့်အတန်း သတ်မှတ်ချက်မပါသောနောက်ထပ် ပါရမီတစ်ခု ဖြစ်ပေသည်။
မရှိတာထက်စာလျှင် ကောင်းသည်ဟုသာ ဆိုရမည်။
ရှန်းယီသည် ကောင်းကင်ဝါးမြို ကိုယ်တွင်းအမြုတေ ပေါ်သို့ စိတ်ကို ပြန်လည် အာရုံစိုက်လိုက်လေ၏။
နီရဲနေသော အလင်းစက်လေးမှာ ပိုမိုခိုင်မာလာပြီး ပင့်ကူအိမ်ကဲ့သို့သော အကြောများ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့လာသည်ကို တွေ့ရလေ၏။
ကိုးခုမြောက် နတ်ဆိုးအမြုတေကို ဝါးမြိုပြီးသည်အထိပင်။
[နှစ်ပေါင်း ၁၃၇၀ - သင်ဟာ ဆိုးယုတ်ခြင်းနတ်ဆိုးတာအိုမျိုးစေ့ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး '
အမြုတေစုစည်းခြင်း အဆင့်ထဲသို့ ခြေလှမ်းနိုင်ခဲ့ပြီဖြစ်သည်။]
[ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်း နည်းစနစ် - သေးငယ်သောအောင်မြင်မှု]
[ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၈၆၇၇ နှစ်]
ထိုခဏတွင် ကိုယ်တွင်းအမြုတေထဲမှ တက်ကြွသော သက်စောင့်အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။
နီရဲနေသော အလင်းစက်လေးမှာ နှလုံးသားတစ်ခုကဲ့သို့ အမှန်တကယ်ပင် တုန်ခါနေပေသည်။
တစ်ချိန်တည်းမှာပင် အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအားများသည် ကိုယ်တွင်းအမြုတေအတွင်း လှိုင်းထန်လာပြီး လျှံထွက်မည့် လက္ခဏာပင် ပြလာလေ၏။
ရှန်းယီသည် တွန့်ဆုတ်မနေဘဲ နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖိုကို လှုပ်ရှားစေပြီး ၎င်း၏ ဖိနှိပ်ခြင်းစွမ်းအားဖြင့် ဖုံးလွှမ်းလိုက်ပေသည်။
ခဏချင်းအတွင်းမှာပင် ထိုနီရဲသောအလင်းစက်မှာ မခုခံနိုင်ဘဲ ငြိမ်ကျသွားလေသည်။
ရှန်းယီ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်ပြီး နက်နဲနေပေသည်။
သူသည် လိပ်အသက်ရှူခြင်းနည်းစနစ်ကို အစွမ်းကုန် အသုံးပြုထားသော်လည်း ထိုအရှိန်အဝါအားအခန်းတွင်း၌သာ ကန့်သတ်ထားနိုင်ပြီး အပြင်သို့ မပျံ့နှံ့အောင်သာ ထိန်းချုပ်နိုင်လေ၏။
ဤသည်မှာ သူ တစ်ခါမျှ မခံစားဖူးသော စွမ်းအားမျိုးပင်။
ဤနတ်ဆိုးစွမ်းအားရှေ့တွင် သူ၏ ယခင် အမြုတေပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံခြင်းများကို သယ်ဆောင်ထားသည့် ကောင်းကင်နတ်ဆိုး အမြုတေ ပင်လျှင် ရယ်စရာကောင်းသော ကလေးကစားစရာတစ်ခုကဲ့သို့ပင်။