← Chapters

အမွှေးနီ ကျောက်စိမ်းဖြူယုန်

Vol. 18 Ch. 174

အမွှေးနီ ကျောက်စိမ်းဖြူယုန်

Vol. 18 Ch. 174

ထင်ယန်စီရင်စု ၊ ယုံအန်းမြို့

တိတ်ဆိတ်ငြိမ်သက်နေသော လက်ဖက်ရည်ဆိုင်လေးတစ်ခုအတွင်းရှိ ထောင့်ကျကျ စားပွဲတစ်ခုတွင် ဧည့်သည်တစ်ဦးတည်းသာ ထိုင်နေလေ၏။

ယိုလုံထောင် သည် သူ၏ ဆန်းကြယ်ချပ်ဝတ်ကာနှင့် ဝတ်ရုံနီကို ချွတ်ထားခဲ့ပြီး ယခုအခါ သေသပ်လှပသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။

သူသည် ခက်ခက်ခဲခဲ ရရှိထားသော ဤအနားယူချိန်လေးကို အရသာခံရန် ရည်ရွယ်ချက်ဖြင့် လက်ဖက်ရည်ကြမ်း တစ်ခွက်ကို ကိုင်ထား၏။

ပူပူနွေးနွေး လက်ဖက်ရည်ကြမ်းလေးမှာ သောက်၍ အဆင်ပြေရုံ အပူချိန်သို့ ရောက်ရှိလာချိန်မှာပင်။

တံခါးအပြင်ဘက်၌ လူရိပ်များစွာ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ရှောင်ချမ်ဝေ သည် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာပြီး သူ၏ ဘေးနားသို့ ရောက်လာ၏။

"ရှင် ဘာလို့ နတ်ဆိုးဖမ်းစီးသူဆီကို ရုတ်တရက် သတင်းပို့လိုက်တာလဲ"

ယိုလုံထောင်သည် သူ၏ အနားယူချိန်လေးမှာ အလွန်တိုတောင်းလှသည်ဟု နှမြောတသဖြစ်သွားသော်လည်း သူ၏ မျက်နှာတွင်မူ နူးညံ့သော အပြုံးတစ်ခုကို ဆက်လက်ထိန်းသိမ်းထားရင်း ပြောလိုက်သည်။

"ပြဿနာတစ်ခုခု တက်တော့မယ်လို့ ကျွန်တော် ခံစားနေရလို့ပါ၊ ဒါကြောင့် စီနီယာယန် နဲ့ တိုင်ပင်ချင်လို့"

ဤစကားကို ကြားသောအခါ ရှောင်ချမ်ဝေ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားလေ၏။

သူ ပြောဆိုနေသော စီနီယာယန် ဆိုသူမှာ ရွှေခေါင်းလောင်း နတ်ဆိုးဖမ်းစီးသူ သုံးဦးထဲမှ တစ်ဦးပင်။

ရွှေခေါင်းလောင်း နတ်ဆိုးဖမ်းသူတိုင်းတွင် အရေးကြီးသော တာဝန်ဝတ္တရားများ ရှိကြရာ၊ အလွန်တရာ အရေးမကြီးပါက နတ်ဆိုးနှိမ်နင်းရေးဌာနသည် ၎င်းတို့ကို မည်သည့်အခါမျှ အနှောင့်အယှက် ပေးလေ့မရှိပေ။

သူမသည် ခေါင်းကို မတတ်သာသလို ခါယမ်းလိုက်၏။

"ကျွန်မကတော့ ရှင့်ကို စိတ်အေးလက်အေး နားနားနေနေနဲ့ စကားစမြည် ပြောလို့ရအောင် တစ်ယောက်ယောက်ကို ခေါ်လာပေးမလို့ပဲ"

သူမ စကားပြောနေစဉ်မှာပင် တံခါးအပြင်ဘက်မှ အခြားလူတစ်ဦး ဝင်လာလေသည်။

အရပ်ရှည်ရှည်နှင့် ချောမောသော မျက်နှာထားရှိသည့် ထိုမိန်းကလေး၏ ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေပြီး ခရီးပန်းလာပုံပင်။ သူမ၏ ပါးပြင်ပေါ်တွင်လည်း အစင်းရာအချို့ ထင်ကျန်နေလေ၏။

သူမ ဝတ်ဆင်ထားသော အဖြူရောင် ဝတ်စုံလက်ရှည်ပေါ်တွင် သွေးစွန်းနေပြီး ညာဘက်လက်မောင်းမှာလည်း သိသိသာသာ ကျိုးနေကာ အောက်သို့ တွဲလောင်းကျနေပေသည်။

သို့သော် သူမ၏ မျက်နှာတွင်မူ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။

"စီနီယာအစ်ကိုယို"

ယိုလုံထောင် သက်ပြင်းချလိုက်၏။

"မင်းကို တွေ့တိုင်း ဘာလို့ ဒီလိုပုံစံကြီး ဖြစ်နေရတာလဲ။ ငါ့ကို စိတ်တိုပြီး သေအောင် တမင်လုပ်နေတာလား။ ဘိုင်ယွင်ခရိုင်က ကိစ္စက မင်းကို သင်ခန်းစာ မပေးသေးဘူးလား"

"စီနီယာအစ်ကိုကလည်း... စကားတွေ အရမ်းများတာပဲ"

လင်းပိုင်ဝေ့ က နှုတ်ခမ်းဆူကာ ဘေးဘက်သို့ လှည့်ကာပြောလိုက်သည်။

"ကျွန်မကို တစ်ခုခု စားဖို့ လုပ်ပေးပါဦး၊ ဗိုက်ထဲကို ရောက်သွားရင်ရပြီ ဘာပဲဖြစ်ဖြစ် ရတယ်"

လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် အခြေအနေ မဟန်သည်ကို သိသိသာသာ အာရုံခံမိနေ၏။ ဤလူများသည် သာမန်ပြည်သူများနှင့် လုံးဝ မတူကြပေ။

ဆိုင်တွင် လက်ဖက်ရည်သာ ရသော်လည်း သူသည် ဆိုင်အလုပ်သမားကို အမြန်လွှတ်ကာ လမ်းဘေးဈေးသည်ထံမှ အသားပေါက်စီဗန်း အမြောက်အမြားကို ဝယ်ခိုင်းလိုက်လေ၏။

လင်းပိုင်ဝေ့သည် သူမ၏ စီနီယာအစ်ကို၏ ဆူပူကြိမ်းမောင်းမှုကို ဆက်လက်နားမထောင်လိုတော့သဖြင့် အကြည့်လွှဲလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေ၏။

"အတိအကျ ဘာတွေဖြစ်နေတာလဲ"

ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် သူမ၏ ဆရာသည် ချင်ကျိုးမြို့သို့ ပြန်ရောက်နေပြီ။ ဆရာ၏ အာရုံစိုက်မှုမှာ မဟာလနတ်ဆိုးဘုရင်ပေါ်တွင်သာ ရှိနေသော်လည်း၊ အခြားနတ်ဆိုးများအနေဖြင့် ချင်ကျိုးစစ်သူကြီးချုပ်သည် ၎င်းတို့ကို ဂရုစိုက်နေခြင်း ရှိမရှိဆိုသည့်အချက်အပေါ် ၎င်းတို့၏ အသက်ကို လောင်းကြေးထပ်ကာ စွန့်စားရဲကြပါမည်လော။

"တကယ်တော့ အဲဒါက ပြဿနာအကြီးကြီးတော့ မဟုတ်ပါဘူး"

ယိုလုံထောင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ရာ သူ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ပေါ်လာ၏။

"ကျွန်တော် တစ်ခုခု မှားနေတယ်လို့ ခံစားရလို့ပါ။ သူတို့တွေ ဘာလို့ ဒီလောက်တောင်မာနထောင်လွှားလာကြတာလဲ"

ချင်ကျိုး နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် နတ်ဆိုးများအကြားတွင် အမြဲတမ်း သိမ်မွေ့သော ဟန်ချက်တစ်ခု ရှိနေခဲ့ပြီး နှစ်ဖက်စလုံးသည် ထိုဟန်ချက် ပျက်ပြားသွားမည့်နေ့ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။

ယခုကဲ့သို့ ၎င်းတို့အား ထပ်ခါတလဲလဲ လာရောက် ရန်စနေသော အခြေအနေမျိုးမှာ ဖြစ်ခဲလှလေ၏။

"နတ်ဆိုးဘုရင်လေး ဒဏ်ရာရသွားလို့ ရှင်တို့ကို အာရုံလွှဲထားဖို့ ခိုင်းလိုက်တာများလား"

ရှောင်ချမ်ဝေက တိုးညင်းစွာ ပြောလိုက်လေ၏။

"မသေချာဘူး၊ ဒါပေမဲ့ နတ်ဆိုးဘုရင်လေး ဒဏ်ရာရတာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး..."

ယိုလုံထောင်သည် သူ၏ အသက်ရှူနှုန်းကို ထိန်းညှိလိုက်သော်လည်း သူ၏ စိတ်ထဲရှိ မအီမသာ ဖြစ်မှုမှာ ပိုမို ပြင်းထန်လာလေသည်။

အကယ်၍ ၎င်းမှာ အာရုံလွှဲခြင်းသာ ဆိုပါက၊ ယန်ချွန်းမြစ်၏ နည်းလမ်းမှာ ထုံးစံအတိုင်းပင် ဖြစ်ပေလိမ့်မည်။

ကျင့်ကြံခြင်း အသင့်အတင့်ရှိသော နတ်ဆိုးအချို့ကို လွှတ်ကာ နေရာအနှံ့တွင် သွေးချောင်းစီးသော ကိစ္စများ ဖန်တီးစေပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်စေခြင်းပင်။ ချင်ကျိုးတွင် လှုပ်ရှားမှု၌ အမြန်ဆုံးဖြစ်သော လူနှင့် မဆုံမချင်း ၎င်းတို့သည် နန်းတွင်းအရာရှိများကို ပင်ပန်းနွမ်းနယ်နေအောင် လုပ်ဆောင်ရန် လုံလောက်ပေသည်။

"ရှင် အရမ်းပင်ပန်းနေလို့လား"

ရှောင်ချမ်ဝေက သူ၏ အခြေအနေ မကောင်းသည်ကို သတိပြုမိသွားသည်။

"အကယ်လို့ နတ်ဆိုးဘုရင်လေးက အဆင့်တက်သွားပြီဆိုရင် သူတို့ တိုက်ရိုက် တိုက်ခိုက်မှာပေါ့။ ငါတို့ ဒီမှာ အေးအေးဆေးဆေး စကားပြောဖို့ အခွင့်အရေး ဘယ်ရပါ့မလဲ။ တကယ်လို့ အဆင့်မတက်သေးဘူးဆိုရင်လည်း ချင်ကျိုးအတွက်နဲ့ သူတို့ အသက်ကို ဘယ်စွန့်စားရဲပါ့မလဲ"

"..."

ယိုလုံထောင်သည် မျက်လုံးဖွင့်လိုက်ပြီး အတင်းပြုံးလိုက်၏။

"ကျွန်တော်ပဲ အလွန်အကျွံ တွေးနေတာ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူတို့ကို ထိန်းချုပ်ဖို့ ပိုခက်လာတာတော့ အမှန်ပဲ။ ဒီတစ်ခါ စီနီယာယန်ကို ဖိတ်လိုက်တာကလည်း အမြုတေစွမ်းအင်စုစည်းခြင်း အဆင့် နတ်ဆိုးအရှင်သခင် နောက်တစ်ကောင်ကို ရှင်းပစ်နိုင်မလားလို့ ကြိုးစားကြည့်ချင်လို့ပါ"

"စီနီယာအစ်ကိုက ချင်ကျိုးကနေ ထွက်သွားတော့မလို့လား"

လင်းပိုင်ဝေ့သည် ပေါက်စီတစ်လုံးကို ကိုက်လိုက်ရာ ပါးနှစ်ဖက် ဖောင်းနေပြီး အံ့သြတုန်လှုပ်စွာဖြင့် မပီမသ မေးလိုက်၏။

ဤသည်မှာ ချင်ကျိုးမြို့သို့ အရင်ဆုံး သတင်းပို့ရမည့် အရေးကြီးသော ကိစ္စရပ် ဖြစ်ပေသည်။

"ဆရာရှိနေတာပဲ၊ ဘာမှ မှားမှာ မဟုတ်ပါဘူး။ ကျွန်တော် ကြိုးစားကြည့်ချင်တယ်"

ယိုလုံထောင်၏ မျက်နှာမှာ ပုံမှန်အတိုင်းပင်။

သို့သော် ရှောင်ချမ်ဝေသည် သူ၏ စကားများထဲမှ အခြားသော အဓိပ္ပာယ်တစ်ခုကို ကြားလိုက်ရလေ၏။ ခဏလေးတွင် သူမသည် ယဉ်ကျေးမှုကိုပင် မေ့သွားကာ တိုးညင်းသော လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။

"ရှင် စစ်သူကြီးချုပ်ကို အသိမပေးဖို့ စဉ်းစားနေတာလား။ ရှင် ရူးနေတာလား"

တည်ငြိမ်ဆုံးဖြစ်သော စစ်သူကြီးယို၏ နှုတ်မှ ဤကဲ့သို့သော စကားများ ထွက်လာလိမ့်မည်ဟု သူမ ခန့်မှန်းမထားခဲ့ပေ။

"..."

ယိုလုံထောင်သည် လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ လှမ်းကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။

"သူမအတွက် အချိန်နည်းနည်းလောက် ထပ်ယူပေးချင်ရုံပါ။ အနည်းဆုံးတော့ သူမ အမှန်တကယ် အဆင့်မတက်ခင်မှာ နတ်ဆိုးကပ်ဘေးကြောင့် စိုးရိမ်ပူပန်ပြီး သူမ မလုပ်ချင်တဲ့ အရာတွေကို သဘောတူလိုက်ရတာမျိုး မဖြစ်စေချင်ဘူး"

အကယ်၍ သူသည် နတ်ဆိုးဘုရင်များကို မထိန်းချုပ်နိုင်ဘဲ နောက်ထပ် နေရာတစ်ခုမှာ အလောင်းပုံကြီး ဖြစ်သွားခဲ့လျှင်...

သူ၏အေးစက်လှသည်ဟု ထင်ရသော ဂျူနီယာညီမလေးသည် ပြင်ပကိစ္စများကိုထင်ထားသလောက် လျစ်လျူရှုနိုင်သူ မဟုတ်ကြောင်း သူ သိလေ၏။

ဆန့်ကျင်ဘက်အားဖြင့် သူမသည် အလောင်းပုံကြီးများကြားမှ ရုန်းထွက်လာခဲ့သူဖြစ်ပြီး အဆိုးရွားဆုံး နတ်ဆိုးဘေးဒုက္ခကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသူ ဖြစ်ပေသည်။

ဆန်းကြယ်ရေခဲခုနစ်ခုသတ်ဖြတ်ခြင်းဓားရည်ရွယ်ချက်ဖြင့် သူမ၏ တာအိုဝိညာဉ်ကို အမြဲတစေ လှုံ့ဆော်ပေးနေခြင်းမှာ လောဘကြီးသော ကောင်းကင်ဝါးမြိုတာအိုဝိညာဉ်ကို သူမ လုံးဝတာဆီးမရသော ဓားရည်ရွယ်ချက်များကို ဝါးမြိုရန်အတင်းအကျပ် ခိုင်းစေနေခြင်းပင်။

ပေးဆပ်ရသည့် တန်ဖိုးအနေဖြင့် အေးစက်ဆိုးသွမ်းမှုများ ပြည့်နှက်နေသည့် ဓားရည်ရွယ်ချက်များသည် သူမ၏ချီပင်လယ်ကို အဆက်မပြတ် ထိုးဖောက်နေလေ၏။

သူမ၏ မျက်ဝန်းများထဲတွင် ရှိနေသော တည်ငြိမ်မှုမှာ အမှန်တကယ်တော့ အဆုံးမဲ့သော နာကျင်မှုများအောက်တွင် နောက်ဆုံး၌ ဖြစ်ပေါ်လာသော ထုံကျင်မှုသာ ဖြစ်ပေသည်။

သူမ၏ ပါရမီဖြင့် သူမသည် ချင်ကျိုးအတွက် လုံလောက်အောင် လုပ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်လေ၏။ သူမ၏နောက်ဆုံး ကျန်ရှိသော ဂုဏ်သိက္ခာကို မြို့တော်ရှိ နန်းတွင်းထဲတွင် မြှုပ်နှံစရာ မလိုပေ။

"ဒေါ်လေးရှောင်၊ ကျွန်တော် အရမ်းလေးစားရတဲ့ ကျွန်တော့်ရဲ့ဆရာအပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် သံသယအချို့ ရှိလာမိတယ်။ ဒါပေမဲ့ တခြား ဘယ်လို ဖြေရှင်းနည်းမှလည်း စဉ်းစားလို့ မရဘူး"

ယိုလုံထောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေ၏။

သူ့တပည့်များအနေဖြင့် လူတိုင်း အစွမ်းကုန် ကြိုးစားနေကြသော်လည်း ရန်သူမှာ အမှန်တကယ်ပင် အင်အား ကြီးမားလွန်းလှပေသည်။

"..."

လင်းပိုင်ဝေ့သည် စတုတ္ထမြောက် ပေါက်စီကို စားနေရင်း ရုတ်တရက် အစားအသောက် ပျက်သွားလေသည်။

"ထားလိုက်ပါတော့"

ရှောင်ချမ်ဝေသည်လည်း သူ့ကို မည်သို့ နှစ်သိမ့်ရမည်မှန်း မသိသဖြင့် ဘာမှ မကြားသလိုပင် ဟန်ဆောင်နေလိုက်၏။

ထိုအချိန်မှာပင် ပိန်ပိန်ပါးပါးနှင့် ထိပ်ပြောင်သော အမျိုးသားတစ်ဦး ရုတ်တရက် လမ်းလျှောက်ဝင်လာလေသည်။

သူသည် သူ၏လက်ထဲရှိ ရွှေ‌ရောင်ခေါင်းလောင်းလေးကို ကစားရင်း စားပွဲ၏ တစ်ဖက်ခြမ်းတွင် အားနာခြင်းမရှိဘဲ ဝင်ထိုင်လိုက်လေ၏။

"စီနီယာယန်"

နတ်ဆိုးဖမ်းစီးသူ နှစ်ဦးမှာ အလျင်အမြန် မတ်တပ်ရပ်လိုက်ကြလေသည်။

"စစ်သူကြီးယို၊ ငါ့ကို ဘာကိစ္စ ခေါ်တာလဲ"

ထိပ်ပြောင်သောအမျိုးသားသည် အမျိုးသမီးနှစ်ဦးကို လျစ်လျူရှုကာ သူ့ရှေ့မှ အမျိုးသားကိုသာ ကြည့်ပြီး ပြုံးလိုက်ပေသည်။

ယိုလုံထောင်သည် စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားသော ရွှေရောင်ခေါင်းလောင်းလေးကို ကြည့်လိုက်လေ၏။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူသည် နောက်တစ်ကြိမ် သက်ပြင်းပြန်ချလိုက်လေသည်။

ထို့နောက် သူသည် မော့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်တော် နတ်ဆိုးတစ်ကောင်ကို ရှင်းပစ်ချင်လို့ပါ"

ထိပ်ပြောင်သောအမျိုးသားသည် ချက်ချင်းပင် နားလည်သွားပြီး စူးစမ်းလိုစိတ်ဖြင့် ပြုံးကာ မေးလိုက်သည်။

"စစ်သူကြီးက ဘယ်နတ်ဆိုးကို ရှင်းပစ်ချင်လို့လဲ"

ယိုလုံထောင်ကလည်း ပြုံးလိုက်၏။

"အမွှေးနီ ကျောက်စိမ်းဖြူယုန်"

ဤနာမည်ကို ကြားသောအခါ ထိပ်ပြောင်သောအမျိုးသားသည် အနည်းငယ် တုံ့သွားပြီးနောက် ရယ်စရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ ပါးစပ်ကို ဟလိုက်လေ၏။

"စစ်သူကြီးက အဲဒီနတ်ဆိုးကို ဘယ်နေရာမှာ ရှင်းပစ်ဖို့ စီစဉ်ထားတာလဲ"

ယိုလုံထောင်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

"ဖြစ်နိုင်ရင်တော့ ဒီနေရာမှာပဲ လုပ်ချင်တယ်"

ဤသည်ကို မြင်သောအခါ ရှောင်ချမ်ဝေသည် ပုံမှန်မဟုတ်သော အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရပြီး၊ သူမ၏ နှုတ်ခမ်းထောင့်မှ အစအနများကို သုတ်နေသော လင်းပိုင်ဝေ့၏ ဘယ်ဘက်လက်သည်လည်း ရုတ်တရက် ရပ်တန့်သွားလေသည်။

ထိုလူသုံးဦး၏ အကြည့်အောက်မှာပင်၊ထိပ်ပြောင်သော အမျိုးသားသည် နှင်းကဲ့သို့ ဖြူစင်သော အသားအရေနှင့် ကောက်ကြောင်းလှပသော အမျိုးသမီးအလှလေး တစ်ဦးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေ၏။

သူမသည် ခမ်းနားသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခါးအထိ ရှည်လျားသော ဆံပင်အနက်ရောင်များကြားတွင် ဆံပင်တစ်ပင်မှာကြက်သွေးရောင်ဖြစ်နေလေ၏။

သူမ၏ နုနယ်သော မျက်နှာတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ရှိနေပေသည်။

"စစ်သူကြီးယိုက ကျွန်မကို ဘယ်လိုမျိုး ရှင်းပစ်ဖို့ စိတ်ကူးထားတာလဲ"

သူမသည် မေးရင်းနှင့်ပင် စားပွဲပေါ်ရှိ ရွှေခေါင်းလောင်းလေးကို သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် တီးခတ်လိုက်လေသည်။

ခေါင်းလောင်းသံမှာ ကြည်လင်ပြီး သာယာလှသော်လည်း၊ ယိုလုံထောင်၏ နားထဲတွင်မူ ထိုအသံမှာ ပြင်းထန်သော ခြိမ်းခြောက်မှု အငွေ့အသက်များ ပြည့်နှက်နေတော့သည်။

All Chapters