မျက်နှာပြာခြင်္သေ့နတ်ဆိုး ညီနှောင်
Vol. 18 Ch. 178
"..."
ခဏအကြာတွင် ရှန်းယီ၏ မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးသွားလေသည်။
သူသည် ဤအခြေအနေ အဘယ်ကြောင့် ဖြစ်ပေါ်လာရသနည်းဆိုသည်ကို နားလည်သွားပုံရလေ၏။
ဤကဲ့သို့ မိုးမြေ၏အဆီအနှစ်များမှ ဖြစ်တည်လာသော သက်ရှိတစ်ခုအဖို့ အသိဉာဏ် ဖွံ့ဖြိုးလာခြင်းမှာ အလွန်တရာ နှေးကွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း၊ ရှန်းယီသည် အချိန်များစွာကို ကုန်ဆုံးစေခဲ့သဖြင့် ၎င်းမှာ တာအိုမျိုးစေ့အဆင့်ဖြင့်အသိစိတ် စတင်ဝင်ရောက်လာခြင်း ဖြစ်ပေသည်။(စနစ်ကနေအချိန်ကုန်)
သူသည် ယခင်က စနစ်၏အကူအညီဖြင့် သက်ရှိများ၏ အသိစိတ်ကို အကြိမ်ကြိမ် ဖယ်ရှားပစ်ခဲ့ဖူး၏။
သို့သော် ယခင်က သူသည် သေခြင်းရှင်ခြင်း ဇင်ခန္ဓာကိုယ်ကို ကျင့်ကြံရာမှ ရရှိလာသော သေဆုံးခြင်းရည်ရွယ်ချက်ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး သူဖယ်ရှားခဲ့သည်မှာ နတ်ဆိုးများ၏ အသိစိတ်များသာ ဖြစ်သည်။
ယခုမူ အခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီ။
အဘယ်ကြောင့်ဆိုသော် ဤတာအိုမျိုးစေ့မှာ သူ၏ ကိုယ်တွင်းအမြုတေထဲ၌ ရှိနေခြင်းကြောင့်ပင်။
သူသည် ထိုအသိစိတ်ကို ဖယ်ရှားရန်အတွက် မိမိ၏ကိုယ်တွင်းအမြုတေကို သေဆုံးခြင်းရည်ရွယ်ချက်ဖြင့် အရင်ဆုံး ဖျက်ဆီးပစ်၍ မရနိုင်ပေ။
"ကံကောင်းတာက ငါ့မှာ နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖို ရှိနေတာလို့"
ရှန်းယီ၏ မျက်လုံးများမှာ မှေးစင်းသွားပြီး သူသည် ဖိနှိပ်မှုစွမ်းအားများကို လှုပ်ရှားစေကာ ထိုအသိစိတ်ကို တင်းကြပ်စွာ ဝန်းရံထားလိုက်၏။
သူ ၎င်းကို ထိန်းချုပ်ထားနိုင်သရွေ့ အဆင်ပြေပေသည်။ မည်သို့ပင်ဆိုစေ ထိုအသိစိတ်မှာ သူ့ကို ပြန်လည်မခုခံနိုင်ဘဲ သူကသာ အချိန်ယူ၍ ၎င်းကို တဖြည်းဖြည်း တိုက်စားပစ်နိုင်ပေသည်။
ကြိုးမုန်တိုင်းနေမင်းလောင်ကျွမ်းခြင်း ရတနာကျမ်းကို ဆင်ခြင်ဖော်ထုတ်ရန် အသုံးပြုခဲ့သည့် နှစ်ပေါင်းထောင်ချီသော သက်တမ်းမှာ အမှန်တကယ်ပင် တန်ဖိုးရှိလှပေသည်။
သေချာသည်မှာ သူသည် ဤမျှသာ ကူညီနိုင်မည်ဖြစ်ပြီး ကျန်ရှိသည်များကိုမူ စနစ်ကသာ ကိုင်တွယ်ရမည်။
ဤအတွေးဖြင့် ရှန်းယီသည် ပြန်လည် မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာပင် စဉ်းစားလိုက်လေ၏။
"စိတ်မပူပါနဲ့၊ မင်းအတွက် လုံလောက်တဲ့ နတ်ဆိုးသက်တမ်းကို ငါ ရှာပေးပါ့မယ်"
သူသည် ရှေ့သို့ မော့ကြည့်လိုက်သည်။
ငွေရောင်ခေါင်းလောင်းထဲမှ အရှိန်အဝါ အစအနနှစ်ခု ထွက်ပေါ်လာပြီး ပိုမိုပြင်းထန်စွာ တုန်ခါနေလေ၏။
နောက်တစ်ခဏတွင် သူ၏ ဝတ်ရုံနက်မှာ လေထဲ၌ လွင့်ပျံသွားပြီး လူငယ်လေးသည် နောက်တစ်ကြိမ် လေညင်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံကို ဖြတ်သန်းသွားလေတော့သည်။
...
ဖူရောင်တောင်၊ ပေါ်ရွှေချောင်း
စမ်းချောင်းမှာ ရေတိမ်ပြီး ချောမွေ့သော ကျောက်စရစ်ခဲလေးများမှာ ထင်ထင်ရှားရှား မြင်နေရ၏။ ထွားကျိုင်းလှသော မျက်နှာပြာခြင်္သေ့ကြီးတစ်ကောင်မှာ ရေထဲတွင် ဝပ်နေလေသည်။
၎င်း၏ ကျောပေါ်တွင် ငွေရောင် အကြေးခွံများဖြင့် တောက်ပနေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မြင့်မားသော ပုံရိပ်တစ်ခုမှာ ခွစီးထားလေ၏။ ၎င်းမှာ လူ့ကိုယ်ခန္ဓာနှင့် ခြင်္သေ့ဦးခေါင်း ဖြစ်နေလေသည်။
"အစ်ကိုကြီး... ကျွန်တော့်ပေါ် ခွစီးနေတာကို ရပ်ပေးလို့ ရမလား"
ခြင်္သေ့ကြီးမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရပြီး သူ၏ အမြီးကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။
"ငါက ကျောက်စိမ်းဖြူယုန်ကို ခွစီးချင်တာပါ၊ ဒါပေမဲ့ သူမက ပျောက်နေတာ ရက်တော်တော်ကြာနေပြီလေ"
လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း နတ်ဆိုးက နောက်ပြောင်သလို ပြောလိုက်ရာ သူ၏ အောက်မှလည်း တိုးညင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာလေသည်။
ထိုညီအစ်ကို နှစ်ယောက်လုံးမှာ ချင်ကျိုးဘက်သို့ လွမ်းဆွတ်သော အကြည့်ဖြင့် ကြည့်လိုက်ကြလေ၏။
"နတ်ဆိုးဘုရင်က ဘာလို့ ကျွန်တော်တို့ကို စစ်သူကြီးယိုကို သွားပြီး ရန်စခိုင်းလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ သူက ထင်ယန်စီရင်စုမှာ အခြေစိုက်ထားတာ၊ ကောင်းကင်နေခွင်းလေး ကို ကိုင်ထားပြီး ယင်ဝိညာဉ်ကို စုစည်းထားတဲ့ ကျင့်ကြံသူလေ။သူက စာပေသမားတစ်ယောက်လို ပုံစံမျိုးရှိပေမဲ့ လူအ တော့ မဟုတ်ဘူး"
ခြင်္သေ့ကြီးမှာ မတ်တပ်ရပ်လိုက်ပြီး မကျေမနပ် ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။
"ရွှေခေါင်းလောင်းလေး တစ်ခုတည်းနဲ့ သူ့ကို မျှားထုတ်နိုင်လိမ့်မယ်လို့ တွေးနေတာက နည်းနည်းတော့ ကလေးကလား မဆန်လွန်းဘူးလား"
"သူ ထွက်မလာတာ ပိုကောင်းတာပေါ့။ သူ ထွက်မလာရင် ငါ ကျောက်စိမ်းဖြူယုန်ကိုပဲ ဆက်ပြီး ခွစီးနေမှာ"
လူတစ်ပိုင်း ခြင်္သေ့နတ်ဆိုးက ဖြဲရယ်လိုက်ပြီး သူ၏ နှုတ်ခမ်းကို လျက်လိုက်သည်။
"သူမက နတ်ဆိုးဘုရင်ရဲ့ အာရုံစိုက်မှုကို ပြန်ရဖို့ တစ်ခုခု လုပ်ချင်နေတာလေ၊ အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ"
"သမင်နတ်ဆိုး သေသွားပြီလို့ ကျွန်တော် ကြားတယ်"
ခြင်္သေ့ကြီးမှာ ကမ်းခြေဘက်သို့ လမ်းလျှောက်လာ၏။
"သူက ကိုယ့်ကိုယ်ကိုယ် တော်လှတယ် ထင်နေတာ၊ ငါတို့အောက်မှာလည်း မနေချင်ဘူး၊ ပြီးတော့ နတ်ဆိုးဘုရင်လေး နဲ့လည်း တိတ်တဆိတ် ပူးပေါင်းနေတာ။ သူ သေတာ ထိုက်တန်ပါတယ်"
ခြင်္သေ့နတ်ဆိုးမှာ ထိုကိစ္စကို ဂရုစိုက်ပုံမရပေ။ ၎င်းတို့အားလုံးမှာ မဟာလနတ်ဆိုးဘုရင်၏ လက်အောက်ခံများ ဖြစ်ကြသော်လည်း ၎င်းတို့အချင်းချင်း ဆက်ဆံရေးမှာ မကောင်းလှပေ။
အမှန်တကယ်ဆိုလျှင် နတ်ဆိုးဘုရင်၏ ဩဇာသာ မရှိပါက သူသည် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက စားပွဲတစ်ခုပေါ်တွင် သမင်ဖြူကို သတ်ပစ်ခဲ့မည် ဖြစ်လေ၏။
"ကျွန်တော် အဲဒီလို ပြောတာ မဟုတ်ဘူး"
ခြင်္သေ့ကြီးမှာ ခေါင်းခါလိုက်သည်။
"အကယ်လို့ ချင်ကျိုးက တစ်ယောက်ယောက် သမင်ဖြူကို သတ်နိုင်တယ်ဆိုရင်၊ သူက တခြား နတ်ဆိုးအရှင်တွေကိုလည်း သတ်နိုင်လိမ့်မယ်။ ငါတို့ ညီအစ်ကိုတွေကတော့ စိတ်ပူစရာ မလိုပေမဲ့၊ အသေအပျောက်များလာရင် နတ်ဆိုးနှိမ်နင်းရေးဌာနက လက်အားသွားလိမ့်မယ်။ အဲဒီအခါကျရင် သူတို့ရဲ့ စောင့်ကြည့်တာကို အမြဲခံနေရတာက စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"
"မင်းက အရမ်းစိုးရိမ်လွန်းနေတာပဲ"
ခြင်္သေ့နတ်ဆိုးက လှောင်ပြုံး ပြုံးလိုက်လေ၏။
"နတ်ဆိုးဘုရင်က အဲဒီမိုက်မဲတဲ့ သမင်ကို အလကား အသေခံခိုင်းပါ့မလား။ ချင်ကျိုးကလည်း အသက်တစ်ချောင်း ပြန်ပေးရမှာပေါ့။ ငါ သိသလောက်ဆိုရင် ယန်ချွန်းမြစ်က ကျောင်းနဂါးအိုကြီးက အဆင့်တက်တော့မယ်။ နတ်ဆိုးဘုရင်က သူ့ကို နောက်ဆုံးအဆင့် ကူညီပေးဖို့ ရတနာဆေးတစ်လုံးတောင် ပေးလိုက်သေးတယ်"
နှစ်ပေါင်းတစ်ထောင်ကြာ အောင်းနေပြီးနောက် မကြာခင်တွင် ရေထဲမှ ထွက်ပေါ်လာတော့မည်။
၎င်းသည် ချင်ကျိုးတွင် သွေးနံ့များ လှိုင်စေမည်မှာ သေချာပေ၏။
"ဒါဆို ကျွန်တော်တို့ နှစ်ယောက်က နောက်ထပ် အဆင့်တစ်ဆင့် ပြန်ကျသွားဦးမှာလား"
ခြင်္သေ့ကြီးမှာ အနည်းငယ် စိတ်တိုသွားလေ၏။
နတ်ဆိုးဘုရင်၏ လက်အောက်ရှိ အမြုတေစုစည်းခြင်း အဆင့် နတ်ဆိုးအရှင် ၁၇ ကောင်ထဲတွင် ၎င်းတို့နှစ်ယောက် ပေါင်းလိုက်လျှင် ထိပ်ဆုံးငါးယောက်ထဲ၌ ပါဝင်နိုင်သည်မှာ ရှင်းလင်းနေသော်လည်း၊ အခြားသားရဲများက ၎င်းတို့ကို လူနှစ်ယောက်အဖြစ် သီးခြားစီ တွက်ချက်နေကြသည်မှာ အရှက်မရှိလွန်းလှပေ၏။
"ငါက သမင်ဖြူ မဟုတ်ဘူး၊ အဲဒီလို အရာတွေကို ဂရုမစိုက်ဘူး။ ကျောက်စိမ်းဖြူယုန် ဘယ်တော့ ပြန်လာမလဲဆိုတာပဲ သိချင်တယ်"
ခြင်္သေ့နတ်ဆိုးမှာ သူ၏ ညီဖြစ်သူပေါ်မှ ခုန်ဆင်းလိုက်ပြီး ဂနာမငြိမ်ဖြစ်နေလေ၏။
ထိုအချိန်မှာပင် စမ်းချောင်းလေးအတိုင်း ဖရိုဖရဲ ဖြစ်နေသောပုံစံဖြင့် လှပသောအမျိုးသမီးတစ်ဦး လမ်းလျှောက်လာလေသည်။
သူမသည် ပြင်းထန်စွာ ဒဏ်ရာရထားပုံရပြီး သူမ၏ လှပသော ဝတ်စုံရှည်မှာ နေရာအနှံ့ စုတ်ပြဲနေကာ ဖြူဝင်းသော အသားအရေများ ပေါ်ထွက်နေခဲ့၏။ သူမ၏ လှပသော မျက်နှာတွင် နာကျင်ခံစားနေရသော အမူအရာဖြင့် သူမ၏ နှုတ်ခမ်းလွှာများကို ကိုက်ထားလေသည်။
ခြင်္သေ့နတ်ဆိုး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ကျောက်စိမ်းဖြူယုန် ဘာဖြစ်တာလဲ။ ဒီကို လာခဲ့ဦး၊ ကိုယ် မင်းကို အသေအချာ ဂရုစိုက်ပေးမယ်"
သူသည် အလျင်အမြန် ရှေ့သို့ လမ်းလျှောက်သွားပြီး အလှလေးကို ဖက်လိုက်၏။ သူ၏ ကြီးမားသော သားရဲလက်ကြီးမှာ သူမ၏ ကိုယ်ပေါ်တွင် မရိုးမသားစွာဖြင့် ပွတ်သပ်နေလေသည်။
"..."
ခြင်္သေ့ကြီးမှာ ဇဝေဇဝါဖြင့် ကြည့်နေမိပြီး သူ၏ စိတ်ထဲတွင် ထူးဆန်းသော အံ့သြမှုတစ်ခု ဖြစ်ပေါ်လာလေ၏။
၎င်းမှာ သူ့အစ်ကို၏ ရမ္မက်ကြီးသော ပုံစံကြောင့် မဟုတ်ဘဲ၊ ယခုတစ်ကြိမ်တွင် တစ်ဖက်လူက သူ့ကို အတူတူလာရန် မခေါ်ခြင်းကြောင့်ပင်။
သူ အဲဒီလောက်တောင် ငတ်နေတာလား။
ပုံမှန်ဆိုလျှင် သူသည် အမြဲတမ်း နူးညံ့သောအမွှေးရှိသည့် အိပ်ရာအဖြစ် လုပ်ဆောင်ပေးရသည် မဟုတ်ပါလော။ သို့မဟုတ်ပါက ၎င်းတို့ နှစ်ယောက်စလုံး မြေကြီးပေါ်တွင် အိပ်ရမည် မဟုတ်ပါလော။
ထို့ပြင် ကျောက်စိမ်းဖြူယုန်မှာ ဒဏ်ရာရနေသည့် အခြေအနေမျိုးတွင် သူ၏ အစ်ကိုမှာ အဘယ်ကြောင့် အနည်းငယ်မျှ သတိမထားမိပါသနည်း။ အနည်းဆုံးတော့ ဘာဖြစ်ခဲ့သလဲဆိုတာ အရင် မေးသင့်သည် မဟုတ်ပါလော။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မှေးမှိန်သော ဖြူလွလွမြူများကို ရုတ်တရက် သတိပြုမိလိုက်လေ၏။
စမ်းချောင်းတွင် ထိုမြူများ ရှိနေခြင်းမှာ ထူးဆန်းသည်ဟု မထင်ရသော်လည်း၊ လက်တွေ့တွင်မူ ၎င်းတို့မှာ ပတ်ဝန်းကျင်နှင့် အလွန်အမင်း သဟဇာတ ဖြစ်နေလေသည်။
ခြင်္သေ့ကြီး၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး သူသည် ဟိန်းဟောက်လိုက်လေ၏။
"အစ်ကိုကြီး... သတိထား သမင်ဖြူ မသေသေးဘူး သူ ငါတို့ကို နတ်ဆိုးဘုရင်လေးဆီ သစ္စာဖောက်လိုက်တာပဲ ဖြစ်ရမယ်၊ ငါတို့ ညီအစ်ကိုတွေကို လာပြီး လုပ်ကြံတာပဲ"
သူ၏ စကားများ ဆုံးသွားသည်နှင့် တပြိုင်နက်။
ကျားနှင့် နဂါးတို့၏ ဟိန်းဟောက်သံမှာ သူ၏ နားထဲတွင် ပေါက်ကွဲထွက်လာလေသည်။
ခြင်္သေ့ကြီးမှာ ထိတ်လန့်တကြား လှည့်ကြည့်လိုက်ရာ၊ သူ့ရှေ့တွင် ကြီးမားသော ဓားရိပ်တစ်ခု ပေါ်လာပြီး ပြင်းထန်သော သားရဲနှစ်ကောင်ကို သယ်ဆောင်ကာ သူ့ထံသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။
ထိုပြင်းထန်လှသော မူလရည်ရွယ်ချက်အောက်မှာပင်
သူ၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းသော ဓားတိုက်ခိုက်မှုကြောင့် ချက်ချင်းပင် စုတ်ပြဲသွားပြီး ကျားနဂါးပုံရိပ်ကြီး၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင် လေထဲ၌ လွင့်မျောနေသော ရှန်းယီသည် ကောင်းကင်နေခွင်းလေးကို ကိုင်ဆောင်ကာ လပြည့်ဝန်းအလား တင်းနေအောင် ဆွဲထားလေသည်။
သူ၏ မျက်လုံးများမှာ ထက်မြက်သော အလင်းတန်းများ တောက်ပနေပြီး ကောင်းကင်အစောင့်စစ်ဆေးခြင်းစစ်သူကြီးတစ်ဦးနှင့်ပင် တူနေခဲ့၏။
အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းခြောက်ခုမြောက်အသွင်၏ အစွမ်းဖြင့် တောက်ပသော အဖြူရောင် အလင်းမြားများသည် ကောင်းကင်ယံကို အဆက်မပြတ် ထိုးဖောက်သွားလေသည်။
ဝုန်း ဝုန်း
ကြီးမားသော အဖြူရောင်အလင်းတန်းများက ခြင်္သေ့ကြီးကို လွှမ်းခြုံသွားပြီး သူ၏ အလွန်တရာ သန်မာလှသော နတ်ဆိုးခန္ဓာကိုယ်မှာ ချက်ချင်းပင် စုတ်ပြဲသွားခဲ့လေ၏။
ရှန်းယီသည် မြားပေါင်း တစ်ဆယ်ကျော်ကို ဆက်တိုက် ပစ်ခတ်ခဲ့သော်လည်း တစ်စင်းမျှ မလွဲချော်ခဲ့ပေ။ သို့သော် ခြင်္သေ့ကြီးမှာ အရေပြားများ စုတ်ပြဲပြီး ဖြူဖွေးသော အရိုးများ ပေါ်ထွက်လာသော်လည်း အသက်ရှင်နေဆဲ ဖြစ်သည်မှာ ထင်ရှား၏။
ရှန်းယီသည် ဤရလဒ်အပေါ် မကျေနပ်သဖြင့် မျက်မှောင်ကြုတ်လိုက်မိပေသည်။
သို့သော်လည်း အမြုတေစုစည်းခြင်း အဆင့်သို့ တက်လှမ်းပြီးကတည်းက လိပ်အသက်ရှူခြင်းနည်းစနစ်မှာ သူ၏ အရှိန်အဝါကို အလုံးစုံ မဖုံးကွယ်နိုင်တော့ပေ။
ပို၍ နီးကပ်စွာ ချဉ်းကပ်လိုက်လျှင် ရိပ်မိသွားနိုင်သည့် အန္တရာယ် ရှိလေသည်။
ထို့ကြောင့် သူသည် သဏ္ဍာန်နှစ်ခုကျားနဂါး မူလရာ်ရွယ်ချက် နှင့် ကောင်းကင်နေခွင်းလေးကိုသာ အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းပင်။
တစ်ချိန်တည်းမှာပင်
ကျောက်စိမ်းဖြူယုန်ကို ဖက်ထားသော လူတစ်ပိုင်း ခြင်္သေ့နတ်ဆိုး၏ မျက်လုံးထဲတွင် ရုန်းကန်နေသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
သူသည် ထိုပုံရိပ်ယောင်ထဲမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားနေလေသည်။
ခဏချင်းမှာပင် သူသည် သူ၏ အစွယ်များကို ထုတ်ကာ တောင်နှင့် မြစ်များကို တုန်ခါစေနိုင်သော ဟိန်းဟောက်သံကြီးကို လွှတ်လိုက်ရာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများထဲတွင် ကြည်လင်မှုများ ပြန်လည် ရောက်ရှိလာ၏။
"..."
ရှန်းယီသည် သူ့ကို လျစ်လျူရှုလိုက်ပြီး မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
စစ်သူကြီးယို၏ အဆိုအရ ဤနတ်ဆိုးနှစ်ကောင် ပေါင်းလိုက်လျှင် သူနှင့်ပင် အစွမ်းချင်း မနိမ့်ပါးပေ။
၎င်းတို့တွင် ပေါင်းစပ်တိုက်ခိုက်သည့် နည်းလမ်းအချို့ ရှိနေနိုင်သည်။
အကယ်၍ သူသည် ၎င်းတို့ထဲမှ တစ်ကောင်ကို ကြိုတင်၍ မရှင်းလင်းနိုင်ပါက၊ ၎င်းတို့ကို သတ်ဖြတ်ရန် အခက်အခဲမှာ နှစ်ဆတိုးသွားနိုင်ပေသည်။