ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးဆိုတော့ရော ဘာဖြစ်လဲ၊ လူတိုင်းမှာ တစ်ယောက်စီ ရှိကြတာပဲ(၁)။
Vol. 32 Ch. 361
သို့သော်၊ သူသည် ကျေးဇူးသိတတ်ပြီး ဖြောင့်မတ်မှန်ကန်သော ချွမ်တောက်၏ စရိုက်လက္ခဏာကိုလည်း လေးစားမိပေသည်။ ဤသည်မှာ အတ္တကြီးသော ကျင့်ကြံသူများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
ဖြစ်နိုင်သည်မှာ၊ ဤအချက်သည် ချွမ်တောက် ကြီးပြင်းလာခဲ့သော ပတ်ဝန်းကျင်နှင့်လည်း သက်ဆိုင်နေပေလိမ့်မည်။
သူမသည် ငယ်စဉ်ကလေးဘဝက မိသားစုဝင်များ မိစ္ဆာကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းခံရပြီး သူမနှင့် ညီမသုံးယောက်သာ ကျန်ရစ်ခဲ့ရသော ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း၊ သခင်မမက်မွန်ပွင့်၏ အကာအကွယ်အောက်တွင် သူမသည် ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ခဲ့ပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့အပြင် သူတို့တွင် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ဦး ကျောထောက်နောက်ခံ ရှိနေသဖြင့် မည်သူမျှ သူတို့ကို အန္တရာယ် မပြုရဲခဲ့ကြပေ။
သူတို့ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် စိတ်ထားကောင်းမွန်ပုံ ရလေသည်။
အနည်းဆုံးတော့ သူတို့သည် စိတ်ထားကောင်းမွန်သကဲ့သို့ ပြုမူကြပြီး လှည့်စားခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်းများ လုံးဝ မလုပ်ရဲကြပေ။
ဤအချက်က နောက်ဆုံးတွင် သူတို့၏ ရိုးအသော ပင်ကိုယ်စရိုက်ကို ပြုစုပျိုးထောင်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ရိုးရိုးသားသား ဆိုရလျှင်၊ ဤကဲ့သို့ ရိုးအမှုမျိုးသည် ကာကွယ်ပေးမဲ့သူ မရှိပါက ကြမ်းတမ်းသော ကျင့်ကြံခြင်းလောကတွင် ကြာရှည်ခံမည် မဟုတ်ပေ။
ကံကောင်းသည်မှာ သူတို့လေးယောက်စလုံးသည် မယုံကြည်နိုင်လောက်အောင် ကံကောင်းကြခြင်း ဖြစ်သည်။
ယခင်က သူတို့သည် သခင်မမက်မွန်ပွင့်၏ အကာအကွယ်ကို ရရှိခဲ့ပြီး ယခုအခါ သူတို့ကို ကာကွယ်ရန် ကျိုးစွေ့၏ အလှည့်ရောက်လာခဲ့ပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် သူတို့သည် ကံတရား၏ မျက်နှာသာပေးမှုကို ရရှိထားသူများ ဖြစ်ပေသည်။
"သခင်လေးကျိုး... ရှင်က ကြယ်သုံးပွင့်ကျွန်းစုမှာ စတုတ္ထအဆင့်အစီအရင် တည်ဆောက်ထားတာလား..."
"သခင်လေးကျိုးက စတုတ္ထအဆင့် အစီအရင်ပညာရှင် ဖြစ်နေပြီလား..."
"နေပါဦး... သခင်လေးကျိုးက ဘယ်လိုလုပ် နတ်ဘုရားအာရုံနဲ့ ဆက်သွယ်နိုင်တာလဲ... ရှင် ဘယ်မှာလဲ..."
ဤစကားကို ကြားသောအခါ ချွမ်တောက်၏ လှပသော မျက်ဝန်းများ ပြူးကျယ်သွားပြီး အံ့သြမှုကို မထိန်းနိုင်တော့ပေ။
ကျိုးစွေ့သည် တတိယအဆင့် အထွတ်အထိပ် အစီအရင်ပညာရှင်တစ်ဦး ဖြစ်ကြောင်း သူမ သိထားသော်လည်း၊ ဤမျှနှစ်များ ကုန်လွန်ပြီးနောက် သူသည် စတုတ္ထအဆင့် အစီအရင်ပညာရှင် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် သူသည် ကြယ်သုံးပွင့်ကျွန်းစု ပတ်လည်တွင် စတုတ္ထအဆင့် အစီအရင်တစ်ခုကို တိတ်တဆိတ် တည်ဆောက်ခဲ့သည်မှာ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
ကျိုးစွေ့၏ စကားသာ မှန်ကန်ပါက စတုတ္ထအဆင့် အစီအရင်၏ စွမ်းအားဖြင့် သူတို့သည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးကို အမှန်တကယ် ခုခံနိုင်ပေလိမ့်မည်။
ယခုအခါ သူမသည် ကျိုးစွေ့နှင့် ပတ်သက်ပြီး မေးခွန်းများနှင့် သိလိုစိတ်များ ပြည့်နှက်နေလေသည်။
ဤအမျိုးသားကို ယခင်ကထက် ပိုမို အလေးထား လေးစားရတော့မည်ဟု သူမ ခံစားလိုက်ရသည်။
"မေးခွန်းတွေ အများကြီး မမေးနဲ့... ငါ မင်းဆီမှာ ရှိနေတာ..."
"မင်း မေ့သွားပြီလား... ငါ မင်းကို ဆံထိုးတစ်ချောင်း ပေးခဲ့ဖူးတယ်လေ..."
"အဲ့ဒီအပေါ်မှာ ငါ့ရဲ့ လျှို့ဝှက်နည်းစနစ်ကို ထားခဲ့တာ..."
"သွားကြစို့... အချိန်မဆွဲနဲ့... မဟုတ်ရင် ဝိညာဉ်သန္ဓေသား ဘိုးဘေး အမီလိုက်လာမဲ့အရေးကို စိုးရိမ်ရမယ်..."
ကျိုးစွေ့ စိတ်မရှည်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ..."
ချွမ်တောက် ခေါင်းညိတ်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုတော့ဘဲ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ သုံးဦး၏ သိုလှောင်အိတ်များကို ယူကာ၊ တတိယအဆင့် လှေပျံကို ထုတ်၍ အင်မော်တယ်ရှားမြို့တော်သို့ ပျံသန်းထွက်ခွာသွားလေသည်။
ရက်အနည်းငယ် ကြာပြီးနောက်...။
သူမသည် အင်မော်တယ်ရှားမြို့တော်သို့ နောက်ဆုံး၌ ရောက်ရှိခဲ့ပြီး မည်သည့် အနှောင့်အယှက်မှ မရှိဘဲ အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်ရောက်လာခဲ့လေသည်။
"သခင်လေးကျိုး..."
ကျိုးစွေ့ သူမရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချွမ်တောက် သက်ပြင်းချလိုက်မိသည်။
ဝိညာဉ်သန္ဓေသား ဘိုးဘေး အမီလိုက်လာမဲ့အရေးကို စိုးရိမ်သောကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပြီး စိတ်လှုပ်ရှားနေခဲ့ရသည်။
ယခု အိမ်ပြန်ရောက်ပြီဖြစ်၍ သူမ စိတ်သက်သာရာ ရသွားလေသည်။
"အစ်မ ချွမ်တောက် ... အစ်မက နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်အကြောင်း သတင်းသွားစုံစမ်းတာ မဟုတ်ဘူးလား..."
"ဘာလို့ အဲ့လောက် ပျာယာခတ်နေရတာလဲ..."
ထိုအချိန်တွင် ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့လည်း ဝိုင်းအုံလာကြသည်။
ညီအစ်မလေးဖော်သည် ရှင်သန်ရပ်တည်ရေးအတွက် အချင်းချင်း မှီခိုနေကြသူများ ဖြစ်သဖြင့်၊ ချွမ်တောက်၏ လက်ရှိ ထိတ်လန့်နေသော အခြေအနေကို သဘာဝကျကျ အာရုံခံမိကြသည်။
သူတို့၏ အစ်မချွမ်တောက် ဤကဲ့သို့သော အမူအရာ ဖြစ်ပေါ်လာစေရန်အတွက် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ရမည်မှာ သေချာသည်။
သူတို့အားလုံး စိုးရိမ်နေကြသည်။
"ဒီလို... ငါ ဟေးရှားနန်းတော်က မိစ္ဆာကျင့်ကြံသူ သုံးယောက်နဲ့ တွေ့ခဲ့တယ်..."
ထို့နောက် ချွမ်တောက်သည် ဖြစ်ပျက်ခဲ့သမျှနှင့် ကျိုးစွေ့၏ အကူအညီအကြောင်းကို ပြန်လည် ပြောပြလိုက်သည်။ အကယ်၍ သူမအပေါ်တွင် ထားရှိခဲ့သော ကျိုးစွေ့၏ အထူးနည်းလမ်းသာ မရှိခဲ့လျှင် သူမ ယခုအချိန်၌ သေဆုံးနေပြီ ဖြစ်သည်။
"သခင်လေးကျိုး... ကျွန်မတို့ တကယ် ကျေးဇူးတင်ပါတယ်..."
ဤစကားကို ကြားသောအခါ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် ကျိုးစွေ့ကို ကြီးမားသော ကျေးဇူးတင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။
သူတို့သည်လည်း ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသည်။
အကယ်၍ ကျိုးစွေ့ ထားခဲ့သော နည်းလမ်းသာ မရှိခဲ့လျှင် သူတို့၏ အစ်မချွမ်တောက် သေဆုံးသွားနိုင်ဖွယ် ရှိသည်။
ရိုးရိုးသားသား ဆိုရလျှင် သူတို့၏ အစ်မချွမ်တောက်သာ သေဆုံးသွားပါက သူတို့ မည်သို့ ဖြစ်သွားမည်ကို မတွေးရဲအောင်ပင် ဖြစ်နေသည်။
သူတို့ ဆက်လက် အသက်ရှင်နိုင်မည် မဟုတ်လောက်ပေ။
"မင်းတို့ရဲ့ ပြဿနာက မပြီးသေးဘူး..."
"မင်းက ဟေးရှားနန်းတော်ရဲ့ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ သုံးယောက်ကို သတ်ခဲ့တာ..."
"ဝိညာဉ်ဆွဲဆောင်ကျိန်စာနဲ့ ပစ်မှတ်ထားခံရရုံတင် မကဘူး... သွေးဝိညာဉ်ကြိုးမျှင်ရဲ့ သက်ရောက်မှုကိုလည်း ခံထားရတယ်..."
"ကြည့်ရတာ ဘိုးဘေးဖေးလျန်က သူ့တပည့်တွေကို တော်တော် တန်ဖိုးထားပုံရတယ်... သွေးဝိညာဉ်ကြိုးမျှင်တောင် ချန်ထားပေးခဲ့တာပဲ..."
ကျိုးစွေ့ မျက်ခုံးပင့်လိုက်လေသည်။
သွေးရောင်ရှိသော ကြောက်မက်ဖွယ် ကြိုးမျှင်တစ်ခု ချွမ်တောက်၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေပြီး၊ လေဟာနယ်ထဲရှိ အမည်မသိ နေရာတစ်ခုနှင့် ချိတ်ဆက်ကာ သူမ၏ ဝိညာဉ်ကို ချည်နှောင်ထားသကဲ့သို့ ရှိနေသည်အား သူ အာရုံခံမိလိုက်သည်။
"သွေးဝိညာဉ်ကြိုးမျှင်..."
ဤထိတ်လန့်ဖွယ် သတင်းကြောင့် ချွမ်တောက်နှင့် အခြားသူများ၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ သွေးဝိညာဉ်ကြိုးမျှင်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
ဤသည်မှာ ဝိညာဉ်သန္ဓေသား ဘိုးဘေး၏ နည်းလမ်းပင်။
သူသည် တိုက်ရိုက်မျိုးဆက်များ၏ သွေးမျိုးဆက်ထဲတွင် ဤကဲ့သို့သော လျှို့ဝှက်နည်းပညာကို ချန်ထားနိုင်သည်။
သူတို့ အသတ်ခံရသည်နှင့် တပြိုင်နက်၊ သွေးဝိညာဉ်ကြိုးမျှင်သည် သတ်ဖြတ်သူထံသို့ အလိုအလျောက် တွယ်ကပ်သွားပြီး သတ်ဖြတ်သူ၏ အရှိန်အဝါကို အသေပစ်မှတ်ထားလိုက်သည်။
အမှန်စင်စစ်အားဖြင့်၊ သူတို့တွင်လည်း သခင်မမက်မွန်ပွင့် ချန်ထားပေးခဲ့သော အလားတူ စိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်မျိုး ရှိထားပေသည်။
ရည်ရွယ်ချက်မှာ တခြားသော ကျင့်ကြံသူများကို ဟန့်တားဖို့ရန်ပင်။
မျက်ကန်းတစ္ဆေမကြောက်ကြသော ကျင့်ကြံသူများက သူမတို့အား အန္တရာယ်မပြုနိုင်အောင် တားဆီးဖို့ရန်ပင် ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က သူမတို့အား သတ်ဖြတ်ရဲသည်ဆိုပါက၊ သခင်မမက်မွန်ပွင့်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး သူမကိုယ်တိုင် လူသတ်သမားကို လက်စားချေပေလိမ့်မည်။
ဤစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်သည် သွေးမျိုးဆက် လျှို့ဝှက်နည်းပညာလောက် စွမ်းအားမကြီးသော်လည်း တော်တော်လေးတော့ ကြောက်စရာ ကောင်းနေသေးသည်။
ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ဦး၏ ခြေရာခံခြင်း နည်းလမ်းဖြင့် သက်ရောက်မှု ခံရလိမ့်မည်ဟု သူတို့ တစ်နေ့တစ်ရက်မျှ မတွေးဖူးခဲ့ကြပေ။
"စိုးရိမ်စရာ မလိုဘူး... ဒါက သာမန် သွေးဝိညာဉ်ကြိုးမျှင်လေးပါပဲ..."
ကျိုးစွေ့ ပေါ့ပေါ့ပါးပါး လက်ဟန်ပြုလိုက်ပြီး 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်လေသည်။
ရွှစ်...။
'အိပ်မက်ဝိညာဉ်ကူ' ပျံထွက်သွားပြီး ချွမ်တောက်ပေါ်တွင် နားလိုက်ကာ ညင်သာစွာ ကိုက်လိုက်တော့သည်။
ကြက်သွေးရောင် ကြိုးမျှင်တစ်ခုသည် ချွမ်တောက်၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ဆွဲထုတ်ခံလိုက်ရပြီး 'အိပ်မက်ဝိညာဉ်ကူ'၏ အစာသဖွယ် ဝါးမျိုခြင်း ခံလိုက်ရလေသည်။
ထို့နောက် ချက်ချင်းဆိုသလို ထိုသွေးရောင်ကြိုးမျှင်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
"ကြည့်ရတာ အဲ့ဒီ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ သုံးယောက်ထဲက တစ်ယောက်က ဘိုးဘေးဖေးလျန်ရဲ့ သား ဖြစ်ဖို့ များတယ်..."
"သား မဟုတ်ရင်တောင် မြေး... ဒါမှမဟုတ် ဆွေမျိုးသားချင်း တစ်ယောက်ယောက် ဖြစ်မှာပဲ..."
"ဒါကြောင့် သူတို့ဆီမှာ သွေးဝိညာဉ်ကြိုးမျှင် ကျန်ခဲ့တာ..."
"သူတို့ အသတ်ခံရတာနဲ့ သွေးဝိညာဉ်ကြိုးမျှင်က လူသတ်သမားဆီကို အလိုအလျောက် တွယ်ကပ်သွားတာပဲ..."
"မိုင်သောင်းချီ ဝေးကွာနေရင်တောင်မှ ရှာတွေ့နိုင်တယ်..."
"သေချာတာပေါ့... ဒီသွေးမျိုးဆက် လျှို့ဝှက်နည်းပညာကို အသုံးပြုဖို့က မလွယ်ကူဘူး... ပြီးမြောက်ဖို့အတွက် သွေးစွမ်းအင် အများအပြား ကုန်ဆုံးဖို့ လိုအပ်တယ်..."
"ပြောရမယ်ဆိုရင် အဲ့ဒီ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ သုံးယောက်က ဘိုးဘေးဖေးလျန်ရဲ့ နှလုံးသားထဲမှာ မြင့်မားတဲ့ နေရာတစ်ခု ရှိနေတာပဲ...."
"အခု သူတို့ သေသွားပြီဆိုတော့ ဘိုးဘေးဖေးလျန်က လက်စားချေဖို့ များတယ်..."
ကျိုးစွေ့ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
ထင်ရှားသည်မှာ ဤကဲ့သို့သော သွေးမျိုးဆက် လျှို့ဝှက်နည်းပညာသည် အလွယ်တကူ အသုံးပြုနိုင်မဲ့ အရာ မဟုတ်ပေ။
ဤအချက်က ဘိုးဘေးဖေးလျန်သည် သူတို့ကို မည်မျှ အလေးထားကြောင်း သက်သေပြရန် လုံလောက်သည်။
"တောင်းပန်ပါတယ်... ချွမ်တောက် အရည်အချင်း မရှိလို့ သခင်လေးကျိုးကိုပါ ဒီကိစ္စထဲ ဆွဲထည့်မိပြီ..."
ချွမ်တောက်၏ မျက်နှာသည် ပြာနှမ်းနေလေသည်။
"သခင်လေးကျိုး..."
ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် ကျိုးစွေ့ကို ဖြူဖပ်ဖြူရော်မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ဦးကို ပြစ်မှားမိခြင်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သိကြသည်။ သခင်မမက်မွန်ပွင့်ပင်လျှင် သူတို့၏ ညီမကို ကာကွယ်ပေးနိုင်ချင်မှ ပေးနိုင်ပေမည်။
သခင်မမက်မွန်ပွင့်သည် သမင်ကြီးကျွန်းတွင် ရှိနေပြီး ဤနေရာသို့ အချိန်တိုအတွင်း ရောက်လာရန် မဖြစ်နိုင်သည်ကို ထည့်ပြောစရာပင် မလိုပေ။
သူမ ကာကွယ်ပေးချင်လျှင်တောင်မှ မဖြစ်နိုင်ပေ။
အကယ်၍ ဘိုးဘေးဖေးလျန်သည် ဟေးရှားနန်းတော်မှ မိစ္ဆာကျင့်ကြံသူ ဖြစ်ပါက သခင်မမက်မွန်ပွင့်ကို မျက်နှာထောက်ရန် ပို၍ပင် မဖြစ်နိုင်ပေ။
သံသယဖြစ်ဖွယ်မလို ဤသည်မှာ ကြီးမားသော ကပ်ဘေးတစ်ခုပင်။
"စိတ်မပူပါနဲ့... ဝိညာဉ်သန္ဓေသား ဘိုးဘေး တစ်ယောက်တည်းပါပဲ.."
"သူ လက်စားချေလာမယ့်အချိန်ကို ငါတို့ စောင့်လို့ ရပါတယ်..."
ကျိုးစွေ့ အတော်လေး တည်ငြိမ်နေလေသည်။ သူသည် သခင်မမက်မွန်ပွင့်နှင့်အတူ သမင်ကြီးကျွန်းတွင် ဝိညာဉ်သန္ဓေသားအဆင့် ခုနစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို သူ ကောင်းကောင်း ရင်းနှီးပြီးသား ဖြစ်သည်။
ဘိုးဘေးဖေးလျန် အမှန်တကယ် လာရောက်သတ်ဖြတ်မည်ဆိုလျှင်ပင် သူ မကြောက်ချေ။