← Chapters

ကိုယ့်ကိုယ်ကိုယ် ပူဇော်ခြင်း၊ လိမ္မာလှသော ရွှေအမြုတေအဆင့် အစေခံမလေးများ(၃)။

Vol. 32 Ch. 365

ကိုယ့်ကိုယ်ကိုယ် ပူဇော်ခြင်း၊ လိမ္မာလှသော ရွှေအမြုတေအဆင့် အစေခံမလေးများ(၃)။

Vol. 32 Ch. 365

ဝှစ်…။

တစ်ခဏအတွင်း ဘိုးဘေးဖေးလျန်နှင့် မီးတိမ်တိုက်ဘိုးဘေးတို့၏ ခန္ဓာကိုယ်များ လှုပ်ရှားသွားပြီး ထွက်ပြေးလွတ်မြောက်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ၊ လင်းယာကျူနှင့် ထိပ်တိုက်တွေ့ရန် မကြိုးစားတော့ဘဲ ဤနေရာမှ ချက်ချင်း ထွက်ပြေးရန်သာ ကြိုးစားလိုက်ကြ‌တော့သည်။

သူတို့သည် ဆုံးဖြတ်ချက်ကို ချက်ချင်း ချလိုက်ကြသည်။ လုံးဝ နှောင့်နှေးခြင်း မရှိပေ။

နှမြောစရာ ကောင်းသည်မှာ အစီအရင်ကြီးအတွင်းတွင် ရှိနေသဖြင့် သူတို့ လွယ်ကူစွာ ထွက်ပြေးနိုင်ရန် ကံပါမလာခဲ့ပေ။

ဘုန်း…။

အတွေးတစ်ချက်ဖြင့် ကျိုးစွေ့သည် ရွှမ်ယင်လေးလံရေအစီအရင်ကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ ပုံသဏ္ဌာန်မရှိသော လေဟာနယ်တံတိုင်းတစ်ခုသည် ဘိုးဘေးဖေးလျန်နှင့် မီးတိမ်တိုက်ဘိုးဘေးတို့၏ ဘေးတွင် ချက်ချင်း ပေါ်လာ‌တော့သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦးသည် မမြင်နိုင်သော အကာအရံတစ်ခုပေါ်သို့ ပြင်းထန်စွာ ဝင်ဆောင့်မိလိုက်ကြပြီး သူတို့၏ လှုပ်ရှားမှုကို မလိုလားစွာ ရပ်တန့်လိုက်ရသည်။

သူတို့၏ ပုံစံမှန်များ ပေါ်လာပြီး ခေါင်းများတွင် ဒဏ်ရာရကာ သွေးထွက်နေသဖြင့် ထိခိုက်မှုအချို့ ရရှိထားပုံ ရလေသည်။

"သေစမ်း... မင်းက ငါတို့ ဟေးရှားနန်းတော်နဲ့ တကယ် ရန်သူဖြစ်ဖို့ စီစဉ်နေတာလား…"

ဘိုးဘေးဖေးလျန်သည် လင်းယာကျူကို မျက်နှာထားတင်းမာစွာ ကြည့်လိုက်ပြီး၊ သူတို့ ထွက်ပြေးမရအောင် အစီအရင်ကို ထိန်းချုပ်နေသူမှာ သူမ ဖြစ်မည်ဟု ယူဆလိုက်သည်။

ထိုအချိန်တွင် သူတို့သည် စတုတ္ထအဆင့် အစီအရင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို နားလည်သွားကြသည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ၏ ထွက်ပြေးလွတ်မြောက်သော အလင်းတန်း နည်းပညာသည်ပင် နယ်နိမိတ် နှစ်ထပ်အတားအဆီးကို မဖောက်ထွင်းနိုင်ခဲ့ပေ။

သူတို့ လွယ်ကူစွာ တားဆီးခံလိုက်ရသည်။

"အရူးတွေ…"

လင်းယာကျူ မျက်လုံးလှန်ကြည့်လိုက်သည်။ ဤအခြေအနေတွင် ဟေးရှားနန်းတော်ကို ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။

ဟေးရှားနန်းတော်က သူတို့အတွက် လက်စားချေမည်၊ မချေမည်ကို အသာထား။

လက်စားချေလျှင်တောင်မှာ ဤစတုတ္ထအဆင့် အစီအရင်၏ အကာအကွာဖြင့်ဆိုလျှင် ကြောက်စရာ မရှိချေ။

ထို့ကြောာင့်ပင် စတုတ္ထအဆင့် သို့မဟုတ် ထို့ထက်ပိုသော အစီအရင်များကို ထာဝရတည်တံ့သော အခြေခံအုတ်မြစ်ဟု သတ်မှတ်ကြခြင်းပင်။

ဤသို့သောအစီအရင်မျိုး ရှိနေပါက၊ အနည်းဆုံး ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုတစ်ခု၏ အမွေအနှစ်ကို နှစ်ပေါင်း သောင်းချီ၍အာမခံနိုင်ပေသည်။

"သတ်…"

ထိုအချိန်တွင် ကျိုးစွေ့နှင့် 'အစီအရင်နှလုံးသားကူ'သည် နတ်ဘုရားအာရုံတွင် တစ်သားတည်း ဖြစ်သွားကြသည်။ သူ၏ ဝိညာဉ်သည် စတုတ္ထအဆင့် ထိပ်တန်းအစီအရင်ထဲသို့ ပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူကိုယ်တိုင် အစီအရင် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချက်ချင်းပင် စတုတ္ထအဆင့် အစီအရင် အဘယ်ကြောင့် အလွန်တရာ စွမ်းအားကြီးမားရသနည်း ဆိုသည်ကို သူ သဘောပေါက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် နှစ်ထပ်အတားအဆီးများကို ဆောင်ကြဉ်းပေးနိုင်ရုံသာမက သဘာဝဝိညာဉ်စွမ်းအင်များကိုလည်း လွယ်ကူစွာ ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။

စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်သွေးကြော၏ အဆုံးမဲ့ သဘာဝဝိညာဉ်စွမ်းအင်များကိုပါ ပေါင်းထည့်လိုက်လျှင်၊ အခြေခံအားဖြင့် သူသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်တွင် ရှိသော ကျင့်ကြံသူတစ်ဦးနှင့် အတူတူပင် ဖြစ်သည်။

ထို့အပြင်၊ သူသည် အကန့်အသတ်မရှိသော မှော်စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

အစီအရင်အတွင်း၌သာ ပြိုင်ဘက်ကင်းမှုကို ရရှိခြင်းသည်ပင် လုံးဝ လုံလောက်ပေသည်။

အုန်း…။

တစ်ခဏအတွင်း ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် ရွှမ်ယင်လေးလံရေအစီအရင်ကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး၊ ဘိုးဘေးဖေးလျန်နှင့် မီးတိမ်တိုက်ဘိုးဘေးထံသို့ တိုက်ခိုက်လိုက်လေသည်။

နက်နဲယင်ဓား…။

ရုတ်တရက်၊ အစီအရင်ကြီးအတွင်း၌ အကန့်အသတ်မရှိသော နက်နဲယင်ချီများ စုဝေးလာပြီး ထောင်ချီ၊ သောင်းချီသော ဓားအလင်းတန်းများ အသွင်ဆောင်ကာ၊ ကောင်းကင်ကို ဖုံးလွှမ်းပြီး မြေပြင်တစ်ခွင်ကို ကွယ်ဝှက်ထားသော ကြောက်မက်ဖွယ် အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

နက်နဲယင်ဓားအလင်းတန်း တစ်ခုစီတိုင်းတွင် ၎င်းတို့၏ လမ်းကြောင်းရှိ အရာအားလုံးကို အေးခဲသွားစေနိုင်သော ရေခဲအေးစက်သည့် မကောင်းဆိုးဝါး စွမ်းအားတစ်ခု ပါဝင်နေသည်။

တိုက်ခိုက်မှု တစ်ချက်စီတိုင်းသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် ယှဉ်နိုင်ပေသည်။

"မင်း ငါ့ကို သတ်ချင်တယ်ပေါ့… အဲ့လောက် မလွယ်ဘူးကွ…"

"ဖေးလျန်ဓားအစီအရင်…"

ကြောက်မက်ဖွယ် နက်နဲယင်ဓားအလင်းတန်းများကို ခံစားလိုက်ရသဖြင့် ဘိုးဘေးဖေးလျန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သူသည် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး သေခြင်းတရားကို ထိုင်စောင့်နေမည် မဟုတ်ပေ။ လက်ဝှေ့ယမ်းလိုက်ရာ ဓားပျံအများအပြား သူ၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်လာလေသည်။

ဓားပျံ အများအပြား စုဝေးသွားပြီး ကြီးမားသော ဓားအစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။

ရုတ်တရက် ဓားအလင်းတန်း အများအပြား ဓားအစီအရင်မှ ပေါက်ကွဲထွက်ပေါ်လာပြီး၊ ကောင်းကင်တွင် ဓားမိုးရွာသွန်းမှုတစ်ခု ဖြစ်ပေါ်စေကာ အထက်ကောင်းကင်မှ ကျဆင်းလာသော နက်နဲယင်ဓားအလင်းတန်းများနှင့် တိုက်မိ‌သွားသည်။

"မီးတိမ်တိုက် ကောင်းကင်ဝါးမျိုခြင်း…"

မီးတိမ်တိုက်ဘိုးဘေးသည်လည်း အားနည်းချက်ကို ပြသရန် ဆန္ဒမရှိပေ။

အဆင့်နိမ့်ဝိညာဉ်ရတနာ မိစ္ဆာမီးကွင်းကို ကိုင်စွဲလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ အကန့်အသတ်မရှိသော အနက်ရောင်မီးပင်လယ်အဖြစ် ပြောင်းလဲလိုက်သကဲ့သို့ မဟူရာ မီးတောက်တိမ်တိုက်များကို ဖန်တီးလိုက်သည်။

မရေမတွက်နိုင်သော မဟူရာမီးတောက်တိမ်တိုက်များ တရစပ်ပစ်ချလိုက်ပြီး ပတ်ဝန်းကျင် မိုင်ရာချီကို လွှမ်းခြုံသွားလေသည်။

၎င်းရောက်ရှိရာ နေရာတိုင်းတွင် အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။

အကယ်၍ ကျွန်းပေါ်တွင် ဖြစ်ပါက မိုင်ထောင်ချီကို မီးလောင်တိုက်သွင်းရန် လုံလောက်ပေလိမ့်မည်။

သူတို့ ပင်လယ်ထဲတွင် ရှိနေလျှင်တောင်မှ အဆုံးမဲ့ မဟူရာမီးတောက်များသည် ဤပင်လယ်ပြင်ဧရိယာကို မီးတောက်များအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ချော်ရည်ပူများ ဖြစ်ပေါ်လာစေသည်။

အင်မော်တယ်ရှားမြို့တော်ရှိ ကျင့်ကြံသူများသည် အပူချိန် ရာပေါင်းများစွာအထိ မြင့်တက်လာသကဲ့သို့ ဤကြောက်မက်ဖွယ် အပူရှိန်ကို ခံစားလိုက်ရသည်။

အင်မော်တယ်ရှားမြို့တော် တစ်ခုလုံး၏ တံတိုင်းများနှင့် အဆောက်အဦများသည် အရည်ပျော်ပြီး မီးလောင်ကျွမ်းမည့် လက္ခဏာများ ပြသနေလေသည်။

ဘန်း…။

ဤစွမ်းအားနှစ်ခု ချက်ချင်း ထိပ်တိုက်တွေ့သွားပြီး ကြောက်မက်ဖွယ် မှော်စွမ်းအားလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ မိုင်ထောင်ချီ ပတ်လည်ရှိ ပင်လယ်ကြမ်းပြင်သည် ပေါက်ကွဲနေပြီး အဆက်မပြတ် မြည်ဟီးနေကာ ပင်လယ်ပြင်သည် ဆူပွက်နေလေတော့သည်။

ဘန်းကနဲအသံနှင့်အတူ မီးတိမ်တိုက်ဘိုးဘေးနှင့် ဘိုးဘေးဖေးလျန် နှစ်ဦးစလုံးသည် ဤစွမ်းအားကို မခံနိုင်ကြပေ။

သူတို့သည် မရေမတွက်နိုင်သော နက်နဲယင်ဓားအလင်းတန်းများ၏ တွန်းလှန်ခြင်းကို ခံလိုက်ရပြီး မိုင်ဆယ်ချီတိုင် ဆုတ်ခွာသွားကြရသည်။

ကြောက်မက်ဖွယ် နက်နဲယင်၏ အေးစက်သော ချီစွမ်းအင်သည် သူတို့၏ ကာကွယ်ရေး မှော်ရတနာများကို ထိုးဖောက်ပြီး ခန္ဓာကိုယ်များထံ တိုက်ရိုက် ရောက်ရှိသွားလေသည်။

အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များ၊ မျက်ခုံးများ၊ နားရွက်များ၊ ပါးစပ်များနှင့် အခြားအစိတ်အပိုင်းများ အားလုံးသည် နှင်းခဲများဖြင့် ဖုံးလွှမ်းသွား‌ချေသည်။

သူတို့ခန္ဓာကိုယ်ထဲရှိ သွေးကြောများပင်လျှင် နက်နဲယင်ချီ၏ ကျူးကျော်ခြင်းကို ခံလိုက်ရသည်။

"ရွှမ်ယင်လေးလံရေ…"

သို့သော် ကျိုးစွေ့သည် သူတို့ကို လွယ်လွယ်ကူကူ လွှတ်ပေးရန် အစီအစဉ်မရှိဘဲ စတုတ္ထအဆင့် အစီအရင်ကြီး၏ စွမ်းအားကို ထပ်မံ အသုံးပြုလိုက်လေသည်။

ဘန်း…။

အထက်ကောင်းကင်ယံတွင် မိုးတိမ်မည်းများ ပြည့်နှက်နေပြီး၊ မရေမတွက်နိုင်သော မိုးရေစက်များ စုဝေးကာ မိုင်ထောင်ချီ လွှမ်းခြုံထားပြီး နေရောင်ကို ဖုံးကွယ်ထား‌တော့သည်။

နောက်တစ်စက္ကန့်တွင် ရေစက်များသည် လေထဲမှ ကျဆင်းလာပြီး မီးတိမ်တိုက်ဘိုးဘေးနှင့် ဘိုးဘေးဖေးလျန်တို့ထံသို့ တရစပ်ထိုးနှက်လိုက်သည်။

သိထားရမည်မှာ၊ ယင်းသည် သာမန်ရေမဟုတ်ဘဲ ရွှမ်ယင်လေးလံရေ ဖြစ်သည်။

ဤသည်မှာ ကောင်းကင်နှင့် မြေကြီး၏ အံ့ဖွယ်ရေများထဲမှ တစ်ခုဖြစ်သည်။

ရွှမ်ယင်လေးလံရေ တစ်စက်စီသည် တောင်တစ်လုံးကဲ့သို့ လေးလံပြီး ပြိုင်ဘက်ကင်းသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိမှန်လိုက်ပါက တောင်များဖြင့် ထုရိုက်ခံရသလိုပင်။

ရွှမ်ယင်လေးလံရေ ထောင်ပေါင်းများစွာ ကျဆင်းလာခြင်းသည် တောင်ထောင်ချီပြုတ်ကျလာခြင်းနှင့် ညီမျှပြီး ၎င်း၏ စွမ်းအားသည် အကန့်အသတ်မရှိ ကြောက်မက်ဖွယ် ကောင်းလှသည်။

ရေလွှမ်းမိုးမှုဟု ဆိုပါက၊ ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကဲ့သို့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

"မကောင်းတော့ဘူး…"

မီးတိမ်တိုက်ဘိုးဘေးနှင့် ဘိုးဘေးဖေးလျန်တို့၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး မျက်နှာများ ပြာနှမ်းသွားကြသည်။

ဤတိုက်ခိုက်မှုသည် ယခင် နက်နဲယင်ဓားအလင်းတန်းထက် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ အတိုင်းအတာသည် ကြီးမားလွန်းသဖြင့် ပုန်းအောင်းစရာ နေရာမရှိသလို ရှောင်တိမ်းစရာ နေရာလည်း မရှိပေ။

သူတို့သည် မိုးသည်းထန်စွာ ရွာသွန်းမှုအောက်တွင် ဤတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ခုခံရုံမှတစ်ပါး အခြားမရှိပေ။

ဘုန်း…။

တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ရွှမ်ယင်လေးလံရေ ထောင်ပေါင်းများစွာ ကျဆင်းလာပြီး၊ သူတို့၏ ခန္ဓာကိုယ်များကို ထိမှန်ကာ ကာကွယ်ရေး မှော်ရတနာများကို ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။

ကြောက်မက်ဖွယ် ရိုက်ခတ်မှုသည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး စွမ်းရည်အမျိုးမျိုးကို ဖျက်ဆီးပစ်လိုက်ကြသည်။

အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် မီးတိမ်တိုက်ဘိုးဘေးနှင့် ဘိုးဘေးဖေးလျန်တို့သည် ရက်ရက်စက်စက် ရိုက်နှက်ခံရပြီး သေဆုံးသွားကြလေသည်။

ခန္ဓာကိုယ်တစ်ခုလုံးသည် အသားကြိတ်စက်ထဲ ရောက်သွားသကဲ့သို့ ဖြစ်သွားပြီး အရိုးအစအနပင် မကျန်တော့ပေ။

သူတို့၏ ဝိညာဉ်သန္ဓေသားများဖြင့် ထွက်ပြေးချင်လျှင်တောင်မှ မလုပ်နိုင်ကြတော့ပေ။

"မဖြစ်နိုင်တာ... ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် မိစ္ဆာကျင့်ကြံသူ နှစ်ယောက်က ဒီလိုပဲ အသတ်ခံလိုက်ရတာလား…"

လင်းယာကျူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားလေသည်။

အမှန်အတိုင်းဆိုရလျှင်၊ သူမ အားစိုက်ထုတ်မှု နည်းနည်းလေးမှ မလုပ်ခဲ့ရပေ၊ ပြိုင်ဘက်နှင့် အနည်းငယ်မျှသာ အပြန်အလှန် တိုက်ခိုက်ခဲ့ရသည်။

အဓိက အင်အားစုမှာ သူမ၏ခင်ပွန်း ကျိုးစွေ့ ဖြစ်နေဆဲပင်။

အဆင့်မြင့် စတုတ္ထအဆင့် အစီအရင်ဖြစ်သော ရွှမ်ယင်လေးလံရေအစီအရင်ကြီးကို တိတ်တဆိတ် ထိန်းချုပ်ပြီး၊ အစီအရင်၏ စွမ်းအားဖြင့် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ဤကဲ့သို့သော နည်းလမ်းသည် စိတ်ကူး၍ပင် မရနိုင်ပေ။

"ငါ့ယောက်ျားလို့ မပြောရဘူး.. ဒါက စတုတ္ထအဆင့် အစီအရင်ပညာရှင်ရဲ့ စွမ်းအားလား…"

"စတုတ္ထအဆင့် အစီအရင်က ဝိညာဉ်သန္ဓေသား ဘိုးဘေးနဲ့ ယှဉ်ပြိုင်နိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး…"

"စတုတ္ထအဆင့် အစီအရင်ရဲ့ စွမ်းအားနဲ့ဆိုရင် ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ယောက် အစီအရင်ထဲ ဝင်လာရင်တောင်မှ သေဆုံးရမှာပဲ…"

လင်းယာကျူ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။

ကျင့်ကြံခြင်း အတတ်ပညာတစ်ရာတွင် အသုံးမဝင်သော စွမ်းရည်ဟူ၍ မရှိဘဲ၊ တစ်ခုစီတွင် အကန့်အသတ်မရှိသော အံ့ဖွယ်အသုံးပြုမှုများ ရှိကြောင်း သူမ ပိုမို ခံစားလာရသည်။

အစီအရင်သည် ကျင့်ကြံခြင်း အတတ်ပညာကြီး လေးခုတွင် နောက်ဆုံးအဆင့် ဖြစ်သော်လည်း၊ ကျင့်ကြံသူများကို အဆင့်ကျော်လွန်၍ စိန်ခေါ်ခွင့်ပြုသော တစ်ခုတည်းသော စွမ်းရည် ဖြစ်သည်။

အစီအရင်၏ စွမ်းအားဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကို တိုက်ခိုက်နိုင်ပေသည်။

All Chapters