← Chapters

ကိုယ့်ကိုယ်ကိုယ် ပူဇော်ခြင်း၊ လိမ္မာလှသော ရွှေအမြုတေအဆင့် အစေခံမလေးများ(၅)။

Vol. 32 Ch. 367

ကိုယ့်ကိုယ်ကိုယ် ပူဇော်ခြင်း၊ လိမ္မာလှသော ရွှေအမြုတေအဆင့် အစေခံမလေးများ(၅)။

Vol. 32 Ch. 367

ယနေ့ကစ၍ ကြယ်သုံးပွင့်ကျွန်းစု၏ ကောင်းကင် ပြောင်းလဲသွားပြီဆိုသည်အား သူတို့ သဘောပေါက်လိုက်ကြသည်။

ဂိုဏ်းသုံးခုမှ ကျင့်ကြံသူများသာ တုန်လှုပ်သွားကြခြင်း မဟုတ်ပေ။

အင်မော်တယ်ရှားမြို့တော် အတွင်းရှိ တစ်ကိုယ်တော်ကျင့်ကြံသူအားလုံးနီးပါး ပို၍ပင် အံ့အားသင့်နေကြသည်၊ ဤသည်မှာ ရိုးရှင်းစွာပင် မယုံကြည်နိုင်စရာ ဖြစ်သည်။

"မဖြစ်နိုင်တာ... အင်မော်တယ်ရှားမြို့တော်က ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ဦးကို တကယ် မွေးထုတ်ပေးလိုက်တာလား…"

"ဒါက ရိုးရိုးရှင်းရှင်း ပြောရရင် အရမ်း ပိုလွန်းအားကြီးပါတယ်… ဒါဆို အခုကစပြီး အင်မော်တယ်ရှားမြို့တော်က ဝိညာဉ်သန္ဓေသားအဆင့် အင်အားစု ဖြစ်သွားပြီပေါ့…"

"ဝူကျိမဟာမိတ်အဖွဲ့တစ်ခုလုံးမှာ ဝိညာဉ်သန္ဓေသား (၂၀)၊ (၃၀) လောက်ပဲ ရှိတာ… ဝိညာဉ်သန္ဓေသား တစ်ဦးစီက ပင်လယ်ပြင်ဧရိယာ ကီလိုမီတာ သန်းဆယ်ချီကို အုပ်ချုပ်တဲ့ ပင်လယ်ပြင် အရှင်သခင်တွေပဲ…."

"ဒါ့အပြင် ဂိုဏ်းချုပ်လင်းက သာမန် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ မဟုတ်ဘူး… သူကိုယ်တိုင် လှုပ်ရှားပြီး မီးတိမ်တိုက်ဘိုးဘေးနဲ့ ဘိုးဘေးဖေးလျန်ကို သတ်ခဲ့တာ… ဒါက ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ရတဲ့အရာ မဟုတ်ဘူး…"

"အခုကစပြီး အင်မော်တယ်ရှားမြို့တော်က ကျောက်ဆောင်လို ခိုင်မာနေလောက်ပြီ… ဘယ်သူမှ မပြစ်မှားရဲတော့ဘူး…"

တစ်ကိုယ်တော်ကျင့်ကြံသူများ အားလုံး စတင် ဆွေးနွေးနေကြလေသည်။

အထူးသဖြင့် မသမာသော ရည်ရွယ်ချက်ရှိသည့် ကျင့်ကြံသူများ၊ သူတို့၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

အမှန်အတိုင်းဆိုရလျှင်၊ သူတို့သည် အင်မော်တယ်ရှားမြို့တော်အပေါ် ယုတ်ညံ့သော အတွေးများ ရှိခဲ့ကြပြီး၊ အင်မော်တယ်ရှားမြို့တော်ကို လုယက်ရန် ကြံရာပါများ စုဆောင်းဖို့ပင် ကြံစည်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်ရှားမြို့တော်သည် အလွန်အမင်း ချမ်းသာလွန်းလှချေသည်။

နှစ်စဉ် ရရှိသော ဝိညာဉ်ကျောက်တုံး ပမာဏကပင် အမှန်တကယ် တုန်လှုပ်စရာကောင်းပြီး၊ မည်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူကိုမဆို မနာလို ဖြစ်စေရန် လုံလောက်ပေသည်။

ယခုအခါ ဤမြင်ကွင်းကြောင့် သူတို့ မလှုပ်ရှားမိခဲ့သည်မှာ ကံကောင်းလွန်းလှသည်ဟု တွေးမိကြတော့သည်။

အကယ်၍ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးသာ သိသွားပါက သူတို့ သေချာပေါက် သေဆုံးရပေလိမ့်မည်။

ဝိညာဉ်သန္ဓေသား တစ်ဦးတည်းကပင် ဤပင်လယ်ပြင်ဧရိယာကို နှစ်တစ်ထောင်ကြာ ဖိနှိပ်ထားနိုင်သည်။ ဤသည်မှာ သက်ရှိဒဏ္ဍာရီတစ်ခုနှင့် တူပေသည်။

ဤတိုက်ပွဲပြီးနောက် မည်သည့်အင်အားစုမျှ အင်မော်တယ်ရှားမြို့တော်ကို မက်မောရဲတော့မည် မဟုတ်ပေ။

သူတို့ တစ်ယောက်စီတိုင်းသည် ယခုအခါ သူတို့၏ သေးသိမ်သော အကြံအစည်များကို စွန့်လွှတ်လိုက်ကြပြီ ဖြစ်သည်။

…

ဤအချိန်တွင် အင်မော်တယ်ရှားတောင်ထွတ်၌...။

လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် ကျိပင်းယွီကဲ့သို့သော သူများသည်လည်း ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး သူတို့အားလုံး အလွန် တုန်လှုပ်သွားကြလေသည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦးကို ဤမျှ လွယ်ကူစွာ ဖြေရှင်းလိုက်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ တကယ့်ကို စိတ်ကူး၍ မရနိုင်စရာပင်။

"ယောက်ျား... ဒါက စတုတ္ထအဆင့် အစီအရင်ရဲ့ စွမ်းအားလား… အရမ်း သန်မာတာပဲ…"

ရှားကျင်းယန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာလေသည်။

အစီအရင်ပညာရှင်တစ်ဦး အနေဖြင့် စတုတ္ထအဆင့် အစီအရင်တစ်ခု မည်မျှ ကြောက်မက်ဖွယ် ကောင်းနိုင်ကြောင်း သူမ သဘာဝကျကျ နားလည်ထားသည်။

ဤသည်မှာ ယခုအချိန်တွင် ချန်လန်ပင်လယ်ဒေသ၌ အမြင့်ဆုံးအဆင့် အစီအရင်ဟု သတ်မှတ်ခံထားရသည်။

စတုတ္ထအဆင့် အစီအရင်ကို ကျွမ်းကျင်သော မည်သည့် အစီအရင်ပညာရှင်မဆို သူတို့၏ စွမ်းအားနှင့် အဆင့်အတန်းသည် ဝိညာဉ်သန္ဓေသား ဘိုးဘေးတစ်ဦးနှင့် ယှဉ်နိုင်ပေသည်။

သို့သော်၊ သူမသည် စတုတ္ထအဆင့် အစီအရင်၏ ကြောက်မက်ဖွယ် စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ယခု မြင်လိုက်ရသောအခါ သူမ လုံးဝ ဉာဏ်အလင်းပွင့်သွားလေသည်။

အမှန်တကယ်ပင် အစီအရင်ပညာရှင် ဖြစ်လာခြင်းသည် အကန့်အသတ်မရှိသော အလားအလာများ ရှိပြီး ကျင့်ကြံသူများအား မိမိတို့အဆင့်ထက် ကျော်လွန်သော သူများကို စိန်ခေါ်ခွင့်ပြုလေသည်။

"ဟုတ်တယ်... ဒါက စတုတ္ထအဆင့် ထိပ်တန်းအစီအရင် ဖြစ်တဲ့ ရွှမ်ယင်လေးလံရေအစီအရင်ပဲ…"

"ဒါက ကာကွယ်ရေး အစီအရင်နဲ့ သတ်ဖြတ်ရေး အစီအရင်ကို ပေါင်းစပ်ထားတဲ့ နှစ်ထပ်အတားအဆီးအစီအရင် ဖြစ်ပြီးတော့ အကန့်အသတ်မဲ့စွမ်းအား ရှိတယ်…"

"ဒီအစီအရင်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးပြုမယ်ဆိုရင် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်က ဘယ်ကျင့်ကြံသူထက်မှ မလျော့နည်းဘူးလို့ ပြောလို့ရတယ်…"

"ဒီအစီအရင်နဲ့ဆိုရင် ငါတို့ အိပ်ပျော်နေရင်တောင် စိတ်ချရပြီ…"

ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။

ဤသည်မှာ စတုတ္ထအဆင့် ထိပ်တန်းအစီအရင်ကို သူ၏ ပထမဆုံး စမ်းသပ်မှုဖြစ်ပြီး ၎င်း၏ စွမ်းအားသည် အမှန်တကယ်ပင် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည်။

၎င်း၏ စွမ်းအားအစိတ်အပိုင်း အနည်းငယ်ကိုသာ အသုံးပြုရုံဖြင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

ဤအချက်က ရွှမ်ယင်လေးလံရေအစီအရင် မည်မျှ ထူးခြားကြောင်း ပြသရန် လုံလောက်ပေသည်။

မှန်ပေသည်၊ အဓိကသော့ချက်သည် ‘အစီအရင်နှလုံးသားကူ’၏ အကူအညီကြောင့်လည်း ဖြစ်သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးတည်းကသာ အစီအရင်ကို ထိန်းချုပ်မည်ဆိုပါက ဤကဲ့သို့သော စွမ်းအားမျိုး ရရှိနိုင်မည် မဟုတ်ပေ။

သို့သော် ‘အစီအရင်နှလုံးသားကူ’နှင့် ဆိုလျှင် ဤစတုတ္ထအဆင့်အစီအရင်ထဲတွင် အစီအရင်စိတ်ဝိညာဉ်တစ်ကောင် မွေးမြူထားခြင်းနှင့် ညီမျှပေသည်။

အစီအရင်စိတ်ဝိညာဉ်၏ စွမ်းအားဖြင့် ဤအစီအရင်၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်လေသည်။

"ယောက်ျားက ဒီစတုတ္ထအဆင့် အစီအရင်ကို တည်ဆောက်ချင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး…"

"ပြီးတော့ ငါတို့ အရင်းအမြစ်တွေကို အလဟဿ မဖြုန်းတီးခဲ့ဘူးပဲ…"

"အခု မင်းတို့ မြင်တဲ့အတိုင်းပဲ… အားလုံးက ထိုက်တန်တယ်…"

"ဒီစတုတ္ထအဆင့် ထိပ်တန်းအစီအရင်နဲ့ဆိုရင် ဟေးရှားနန်းတော်က ကျင့်ကြံသူတွေ အကုန်လုံး ငါတို့ဆီ စုရုံးလာရင်တောင်မှ ငါတို့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး…"

ရှန်ပိချန်တစ်ယောက် အလွန် ပျော်ရွှင်နေလေသည်။

သူမသည် ချန်လန်ပင်လယ်တွင် နောက်ဆုံး၌ ခြေကုပ်ယူနိုင်ပြီဟု ခံစားလိုက်ရသည်။

ဤအစီအရင်သည် အင်မော်တယ်ရှားမြို့တော်၏ အခြေခံအုတ်မြစ်ကို နှစ်ပေါင်း ထောင်ချီ အာမခံပေးလိမ့်မည်။

၎င်းကို ထာဝရတည်တံ့သော အခြေခံအုတ်မြစ်တစ်ခုအဖြစ် ဖော်ပြနိုင်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးကျိုး…"

ရွှေအမြုတေအဆင့် အစေခံလေးဦးဖြစ်သော ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် သူတို့၏ လှပသော မျက်ဝန်းများဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ကြသည်။

သူတို့ရှေ့မှောက်ရှိ အမျိုးသားသည် ဟေးရှားနန်းတော်မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ကို သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

ဤမျှ ကြီးမားသော စွမ်းအားသည် လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျိုးစွေ့သည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ မဟုတ်သေးသော်လည်း သူ၏ စတုတ္ထအဆင့် အစီအရင်ပညာရှင်အဖြစ် ကျွမ်းကျင်မှုကြောင့် သူ၏ အဆင့်အတန်းသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးထက် မလျော့နည်းပေ။

ဤသတင်း ပေါက်ကြားသွားသည်နှင့်တပြိုင်နက် သူသည် ဝူကျိမဟာမိတ်အဖွဲ့တွင် အဓိက ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ကျွန်းသခင်မတွင် ပါရမီရှင်များကို ရှာဖွေနိုင်သော မျက်လုံး အမှန်တကယ် ရှိပေသည်။

ကံကောင်းထောက်မစွာပင် ကျိုးစွေ့ ဝိညာဉ်သန္ဓေသားအဆင့် သို့ မတက်လှမ်းမီကပင် သူတို့သည် မှန်ကန်သော အမျိုးသားကို မျက်စိကျခဲ့ကြသည်။

အကယ်၍ သူ ဝိညာဉ်သန္ဓေသားအဆင့် သို့ တက်လှမ်းပြီးမှသာ လှုပ်ရှားခဲ့လျှင် သူ့အာရုံစိုက်မှုကို ရရှိရန် ဤမျှ လွယ်ကူမည် မဟုတ်ပေ။

သူတို့ ကျိုးစွေ့ကို ကြည့်လိုက်သော အကြည့်များသည် ချက်ချင်း နူးညံ့သွားလေသည်။

ကျင့်ကြံခြင်းလောကမှ အမျိုးသမီးများသည် သဘာဝကျကျပင် စွမ်းအားကြီးသူများကို လေးစားအားကျကြသည်။

သူတို့သည် ကျိုးစွေ့အပေါ် အကောင်းမြင်စိတ်ရှိပြီးသား ဖြစ်သော်လည်း သူ၏ အသက်ကယ်ကျေးဇူးကြောင့် သူတို့ ပိုမို စိတ်လှုပ်ရှားခဲ့ရသည်။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး… ဒါက လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ…"

"မင်းတို့က အင်မော်တယ်ရှားမြို့တော်ကို ဝင်ရောက်လာပြီး… အခု ငါ့ရဲ့ အစေခံတွေ ဖြစ်နေပြီဆိုတော့ မိသားစုလိုပဲပေါ့…"

"ငါ့အလောင်းကို မဖြတ်ကျော်နိုင်ဘဲနဲ့တော့.. ဘယ်သူမှ မင်းတို့ကို အနိုင်ကျင့်ရဲမှာမဟုတ်ဘူး…"

ကျိုးစွေ့က ဖြောင့်မတ်မှန်ကန်သော အမူအရာဖြင့် ပြန်ဖြေလိုက်လေသည်။

"ဟွန့်…"

ကျိုးစွေ့ ပြောလိုက်သော စကားများသည် ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့၏ သံယောဇဉ်ကို တိုးပွားစေခဲ့သည်။

သူတို့သည် အလွန် ထိရှသွားသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။

သို့သော်၊ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူတို့သည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံ ရလေသည်။

…

ညသန်းခေါင်ယံ...။

ကျိုးစွေ့သည် တိတ်ဆိတ်သော အခန်းတစ်ခုတွင် ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေလေသည်။

သူ့ပတ်ဝန်းကျင်မှ ကြီးမားသော သဘာဝဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအားကို အဆက်မပြတ် မြှင့်တင်ပေးနေသည်။

သူသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့်နှင့် ပိုမို နီးကပ်လာပုံ ရလေသည်။

ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် (၁၀)နှစ်ခန့် ကြာကောင်း ကြာနိုင်ပေသည်။

ဤကျင့်ကြံခြင်း အရှိန်အဟုန်သည် နှိုင်းယှဉ်ချက်အရ မြန်ဆန်သည်ဟု ဆိုရပေမည်။

ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤမျှ မြန်ဆန်သော ကျင့်ကြံခြင်း စွမ်းဆောင်ရည်မျိုး ရှိချင်မှ ရှိပေလိမ့်မည်။

ဒေါက်… ဒေါက်… ဒေါက်….။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အခန်းတံခါးကို ခေါက်လိုက်လေသည်။

"ဝင်ခဲ့ပါ…"

ကျိုးစွေ့ မျက်လုံးဖွင့်လိုက်ပြီး တံခါးဖွင့်ရန် လက်ဝှေ့ယမ်းလိုက်သည်။

ထို့နောက် ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့ ဝင်လာကြလေသည်။ သူတို့တစ်ဦးစီသည် အနက်ရောင် ဇာပါးဝတ်စုံကို ဝတ်ဆင်ထားကြပြီး သူတို့၏ ရှည်လျားသော ခြေတံများနှင့် ကောက်ကြောင်းလှပသော ခန္ဓာကိုယ်များကို ဖော်ပြနေကာ တွန်းလှန်၍ မရနိုင်အောင် ဆွဲဆောင်မှု ရှိနေသည်။

သံသယဖြစ်ဖွယ်မရှိ ဤအမြွှာညီအစ်မလေးဖော်သည် အမှန်တကယ်ပင် မွေးရာပါ အလှပဂေးများ ဖြစ်ကြသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် ချစ်စဖွယ်ကောင်းပြီး နူးညံ့သိမ်မွေ့နေကြချေသည်။

"ငါ ဘာကူညီပေးရမလဲ…"

ကျိုးစွေ့ မေးလိုက်သည်။

"သခင်လေးကျိုး... အစ်မချွမ်တောက်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ…"

"ကျွန်မတို့ ညီအစ်မတွေမှာ ပြန်ပေးဆပ်စရာ ဘာမှ မရှိတဲ့အတွက်… ကျွန်မတို့ တတ်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ပူဇော်ဖို့ပါပဲ…"

"ဖြစ်နိုင်ရင် ကျွန်မတို့ရဲ့ ယင်စွမ်းအားနဲ့ သခင်လေးကျိုးရဲ့ ကျင့်ကြံခြင်းကို ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်မလားလို့ပါ…"

"သခင်လေးကျိုးအနေနဲ့ ကျွန်မတို့ရဲ့ ရိုးရှင်းတဲ့ နှိမ့်ချမှုကို မရွံရှာဖို့ မျှော်လင့်ပါတယ်…"

ရှားတောက်သည် ကျိုးစွေ့ကို နူးညံ့စွာ ကြည့်လိုက်ပြီး ဆုံးဖြတ်ချက် ချပြီးသားပုံ ရလေသည်။

ဤသည်မှာ ညီအစ်မလေးယောက်စလုံး ချမှတ်ထားသော ဆုံးဖြတ်ချက် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့ကို ကျွန်းသခင်မက ရှေ့မှောက်ရှိ အမျိုးသားထံ ပေးအပ်ထားပြီးသား မဟုတ်ပါလော။

ယနေ့ဆုံးဖြတ်ချက်သည် အနှေးနှင့်အမြန်ဆိုသလို ဖြစ်လာရမည့် ကိစ္စသာ ဖြစ်၏။

နောက်ကျခြင်းထက် စောခြင်းက အမြဲတစေ ပိုကောင်းပေသည်။

ထို့သို့သော အကြောင်းပြချက်နှင့်အတူ သူတို့၏ဆက်ဆံရေး ပိုမိုခိုင်မာစေရန် အခြားအရာများအား သူတို့ များစွာ ဂရိုမစိုက်ကြတော့ပေ။

"မင်းတို့ မိန်းကလေးတွေ ဒီလို လုပ်စရာ မလိုပါဘူး…."

ကျိုးစွေ့ မျက်တောင်ခတ်လိုက်ပြီး လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်နေဆဲ ဖြစ်သည်။

"သခင်လေးကျိုး... ဘာမှ ဆက်မပြောပါနဲ့တော့…"

"ကျွန်မတို့ကို သိမ်းပိုက်လိုက်ပါ…."

သူ နောက်ထပ် ဘာမှ မပြောနိုင်ခင်မှာပင် အခန်းတံခါးများကို ညီအစ်မလေးဖော်က ပိတ်လိုက်ကြလေသည်။

မကြာမီတွင် တိတ်ဆိတ်သော အခန်းထဲ၌ နက်ရှိုင်းသော ဆည်းကပ်ပူဇော်ပွဲက ယစ်မူးဖွယ်ကောင်းစွာ စတင်လိုက်တော့၏။

All Chapters