← Chapters

အခန်း (၁၇၄၉-၁၇၅၁)

Vol. 93 Ch. 1749-1751

အခန်း (၁၇၄၉-၁၇၅၁)

Vol. 93 Ch. 1749-1751

အခန်း (၁၇၄၉) - ငါမရှိဘူးလို့ ထင်နေတာလား

~လှည့်ကြည့်လိုက်သောအခါ... အရပ် ၂ မီတာ (၆ ပေခွဲ) ကျော် မြင့်မားပြီး၊ လက်မောင်းနှစ်ဖက်လုံးတွင် တက်တူးများ အပြည့်ထိုးထားသော လူယုတ်မာရုပ်နှင့် လူထွားကြီး တစ်ဦးသည် မီလီကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူသည် အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။

"အလှလေး... ငါတို့ သူဌေးက မင်းကို အတူတူ သောက်ဖို့ ဖိတ်ခေါ်နေတယ်"

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်ပြီး မီလီဘက်သို့ လှည့်ကြည့်လိုက်၏။

"မင်း သူ့ကို သိလား"

မီလီ ခေါင်းခါလိုက်ပြီး၊ တက်တူးနှင့် လူကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"နင်က ဘယ်သူလဲ"

"ငါက နင်နဲ့ နင့်သူဌေးကို သိလို့လား... ပြီးတော့ ငါ့ကို အတူတူ သောက်ဖို့ လာခေါ်နေရအောင်"

တက်တူးနှင့် လူ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

"ငါ့သူဌေးကို မင်း မသိပေမယ့်... သူ့နာမည်ကိုတော့ ကြားဖူးမှာပါ"

"အစ်ကို ဟာလန် “

"ဘေးလမ်း..ရော့ခ်မန်းလမ်းက လူမိုက်ခေါင်းဆောင်လေ"

"အစ်ကို ဟာလန်"

မီလီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"သူက ဘာလို့ ငါ့ကို ဖိတ်ခေါ်ရတာလဲ"

"ငါတို့က တစ်ယောက်နဲ့ တစ်ယောက် သိတာလည်း မဟုတ်ဘူး... ဘာလို့ သူများကိစ္စ လာရှုပ်နေရတာလဲ"

ယဲ့ဖန် မီလီကို ဆက်ကြည့်နေ၏။

"မင်း အဲ့ဒီလူကို သိလား"

မီလီ ခေါင်းညိတ်လိုက်ပြီး၊ သူမ၏ မျက်လုံးများထဲမှ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားပေ။

"နှာဘူးကြီး တစ်ကောင်ပါ"

"ကြားတာတော့... သူက ၁၈ နှစ်ဝန်းကျင် မိန်းကလေးတွေကို အထူး ကြိုက်ပြီး... အထူးသဖြင့် ၁၈ နှစ်ပြည့်ခါစ ကောင်မလေးတွေကို ပစ်မှတ်ထားလေ့ ရှိတယ်တဲ့"

"အရင်တုန်းကလည်း ညစ်ပတ်တဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့ဖူးတယ်"

"သမီးတို့ ရပ်ကွက်နားမှာတော့ နာမည်အကြီးဆုံး လူယုတ်မာပဲ"

တက်တူးနှင့် လူသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာထား ပြောင်းလဲသွား၏။ သူသည် မီလီကို လက်ညှိုးထိုးလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ"

"ငါတို့ အစ်ကို ဟာလန်ကို ဒီလို စော်ကားရဲတယ်ပေါ့... သေချင်နေပြီလား"

ပြောပြောဆိုဆိုပင် သူသည် ရုတ်တရက် ရှေ့သို့ ကိုင်းလိုက်ပြီး၊ မီလီ၏ ဆံပင်ကို ဆွဲရန် ပြင်လိုက်၏။

"မင်းက ငါ မရှိဘူးလို့ ထင်နေတာလား"

ယဲ့ဖန် ဒေါသထွက်သွား၏။

သူသည် ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်သော်လည်း၊ ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး... တက်တူးနှင့် လူ၏ ခြေထောက်ကို ရုတ်တရက် လှမ်းချိတ်လိုက်လေတော့သည်။

"အား..."

တက်တူးနှင့် လူ၏ ခြေထောက်များသည် ယဲ့ဖန် ရှိရာဘက်သို့ လျှောတိုက်ပါသွားပြီး... ခန္ဓာကိုယ် တစ်ခုလုံး နောက်ပြန် လဲကျသွားလေတော့သည်။

"ဘုန်း"

အသံကျယ်ကြီး တစ်ခုနှင့်အတူ သူသည် ဖင်ထိုင်ရက် လဲကျသွား၏။

"ဘာ... ဘာဖြစ်သွားတာလဲ"

"ဟိုလူ ဘာလို့ ရုတ်တရက်ကြီး လဲကျသွားတာလဲ"

...

ရမ္မက်ဇောတွင် နစ်မြောနေကြသော အမျိုးသား၊ အမျိုးသမီး အများအပြားသည်လည်း အသံကြားရသဖြင့် လှည့်ကြည့်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့သည် ပြဿနာ မပတ်သက်လိုသဖြင့် တိတ်တဆိတ် လူစုခွဲလိုက်ကြသည်။

တက်တူးနှင့် လူသည် ဘေးနားမှ ပြောဆိုသံများကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး... နာကျင်မှုကို အောင့်အီးကာ ကြမ်းပြင်ပေါ်မှ ထရပ်လိုက်၏။ ထို့နောက် ယဲ့ဖန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"မင်း သေချင်နေပြီလား... ငါ့ကို လှည့်စားရဲတယ်ပေါ့"

စကားဆုံးသည်နှင့် တစ်ပြိုင်နက်... သူသည် ကြီးမားသော လက်သီးဆုပ်ကြီးကို မြှောက်လိုက်ပြီး ယဲ့ဖန်ကို ထိုးနှက်လိုက်လေတော့သည်။

ဘေးနားမှ လူများသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ အာမေဍိတ်သံများ ထွက်ပေါ်လာကြ၏။

"ဘုရားရေ..."

"ဘာလို့ ရန်ဖြစ်နေကြတာလဲ"

"ဘာတွေ ဖြစ်ခဲ့လို့လဲ"

"ဒီ တက်တူး လက်မောင်းနဲ့ လူက ဘယ်သူလဲ... ကြည့်ရတာ တော်တော် ကြမ်းမယ့်ပုံပဲ"

"သူ့လက်သီးချက်တွေက ကြောက်စရာကြီး... လူသတ်ချင်နေသလိုပဲ"

"ဟိုဘက်က တရုတ်လူငယ်လေးက သေးသေးလေး... ဒီလက်သီးနဲ့ ထိုးခံလိုက်ရရင် သေသွားမလား မသိဘူး"

"လူနာတင်ကား ကြိုခေါ်ထားပေးရမလား"

"အခြေအနေ ကြည့်ရတာ... ခဏနေရင် လူသေမှု ဖြစ်တော့မယ့်ပုံပဲ"

"..."

သူတို့ အာမေဍိတ်သံများ ပြုနေစဉ်မှာပင်... မူလနေရာတွင် တည်ငြိမ်စွာ ထိုင်နေသော ယဲ့ဖန်သည် ရုတ်တရက် တုံ့ပြန် တိုက်ခိုက်လိုက်လေတော့သည်။

သူ ဘယ်လို လှုပ်ရှားလိုက်သည်ကို ဘယ်သူမှ မမြင်လိုက်ရပေ။

စောစောက ရန်လိုနေသော တက်တူးနှင့် လူ၏ လက်သီးသည်... လေထဲတွင် ရပ်တန့်သွားပြီး ဖမ်းချုပ်ခံလိုက်ရ၏။

ထို့နောက် တက်တူးနှင့် လူ၏ မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြမှုများ ပေါ်ပေါက်လာချိန်၌... အရိုးကျိုးသံများ ထွက်ပေါ်လာလေတော့သည်။

"ဂျွတ်"

သူ၏ ကြီးမားသော လက်သီးဆုပ်ကြီးသည် အားဖြင့် ဖိချေခံလိုက်ရ၏။

တက်တူးနှင့် လူ၏ မျက်နှာ ဖြူဖျော့သွားပြီး... ယဲ့ဖန်၏ လက်သီးဘက်သို့ အလိုအလျောက် ယိုင်သွားသည်။

ယဲ့ဖန် လက်ကို လွှတ်လိုက်သောအခါ... သူသည် အသားပုံ တစ်ပုံကဲ့သို့ ဖြစ်သွားသော လက်ကို အုပ်ကိုင်ပြီး ညည်းညူလိုက်လေတော့သည်။

...

စကားပြောနေကြသော ဘေးပတ်ဝန်းကျင်မှ လူများသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

လူတိုင်း၏ မျက်နှာထားသည် တက်တူးနှင့် လူကဲ့သို့ပင် ဖြစ်သွားကြပြီး... ယဲ့ဖန်ကို ကြောက်ရွံ့ခြင်းနှင့် အံ့သြခြင်းများ ရောပြွမ်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

အချိန်အတော်ကြာမှ လူတစ်ယောက်က စတင် ပြောလိုက်၏။

"ငါ မူးပြီး အမြင်မှားနေတာလား... တစ်ယောက်ယောက် ပြောပြကြပါဦး"

"ခုနက ငါ မြင်လိုက်တာက... အရပ် သိပ်မရှည်တဲ့ တရုတ်လူငယ်လေး တစ်ယောက်က... ကြောက်စရာကောင်းတဲ့ လက်သီးချက်ကြီးကို လက်တစ်ဖက်တည်းနဲ့ တားလိုက်တယ်... ပြီးတော့ တစ်ဖက်လူရဲ့ လက်ရိုးတွေကို ချေမွပစ်လိုက်တယ်... ဟုတ်လား"

လူအုပ်ကြီး ပွက်လောရိုက်သွား၏။

"မင်း တစ်ယောက်တည်း မဟုတ်ပါဘူး"

"မင်း မူးနေတာ မဟုတ်ဘူး... အမြင်မှားနေတာလည်း မဟုတ်ဘူး"

"အဲ့ဒီ တရုတ်ကောင်လေးက တကယ်ပဲ လူတစ်ယောက်ရဲ့ လက်ရိုးတွေကို ချေမွပစ်လိုက်တာ"

"ဘုရားရေ"

"ဒါ စူပါမန်းလား... ဒါမှမဟုတ် မာဗယ်လ်ထဲက စူပါဟီးရိုးတွေလို သူ့ခန္ဓာကိုယ်ထဲမှာ စက်ရုပ်အရိုးစုတွေ တပ်ဆင်ထားတာများလား"

"မယုံနိုင်စရာပဲ"

"အက်ရှင် ရုပ်ရှင်တွေထဲက အခန်းတွေထက်တောင် ပိုမိုက်နေသေးတယ်ဟ"

"..."

ယဲ့ဖန် ရှေ့မှ တက်တူးနှင့် လူမှာမူ... အရိုးကျိုးသွားသော ညာလက်သီးကို ကိုင်လျက် တဆတ်ဆတ် တုန်ရီကာ အသက်ပြင်းပြင်း ရှူနေရရှာ၏။

သူ သင်ခန်းစာ ရသွားပြီ ဖြစ်သဖြင့်... ယဲ့ဖန်ကို ဘာမှ ပြန်မပြောရဲတော့ပေ။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး... ဘေးစားပွဲပေါ်မှ ရေခဲတုံးများ ပါဝင်သော ကော့တေးခွက် တစ်ခွက်ကို လှမ်းယူလိုက်သည်။ ရေခဲတုံးများကို ထုတ်ယူပြီး ညာလက်သီးပေါ်တွင် အုပ်ကာ... မျက်နှာရှေ့ ဆံပင်အရှည်ကြီး ချထားသော လူလတ်ပိုင်းအရွယ် အမျိုးသား ရှိရာသို့ အပြေးအလွှား ပြန်သွားလေတော့သည်။

ယဲ့ဖန် ဂရုမစိုက်ပေ။ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက်... မီနူး (Menu) ကို အေးအေးလူလူ ဆက်ကြည့်နေလိုက်၏။

"ဦး... ဒီအချိန်မှာ မီနူး ကြည့်ဖို့ စိတ်ကူး ရှိသေးတယ်လား"

"ဦး ခုနက ဘာလုပ်လိုက်မိလဲ သိလား"

မီလီကမူ အတော်လေး စိတ်လှုပ်ရှားနေပုံ ရ၏။

ယဲ့ဖန် မီနူးကို ကြည့်နေရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ငါတို့ ဒီကို လာတာ စားဖို့လေ... ဘာမှ မမှာရသေးဘူး... မီနူး မကြည့်လို့ ဘာလုပ်ရမှာလဲ"

"မဟုတ်ဘူး... သမီး ဆိုလိုတာက... သမီးတို့ ဒုက္ခရောက်တော့မယ်"

မီလီသည် ဖုန်းကို ကောက်ကိုင်ပြီး တစ်စုံတစ်ယောက်ထံ ခေါ်ဆိုရန် ပြင်လိုက်ရင်း ပြောလိုက်၏။

"ခုနက တက်တူးနဲ့ လူက ပြောသွားတယ်လေ... သူက ရော့ခ်မန်းလမ်းမှာ ရှိတဲ့ အစ်ကို ဟာလန် နဲ့ အတူတူပဲတဲ့... အစ်ကို ဟာလန် က သူ့ကို လွှတ်ပြီး သမီးကို အတူတူ သောက်ဖို့ ဖိတ်ခေါ်ခိုင်းတာတဲ့"

"အခု ဦးက သူ့လူကို ရိုက်လိုက်တယ် ဆိုတော့... အစ်ကို ဟာလန် က သေချာပေါက် ပြဿနာ လာရှာတော့မှာ"

ယဲ့ဖန် မီနူး လှန်နေတာကို ရပ်လိုက်ပြီး သူမဘက်သို့ လှည့်ကြည့်လိုက်၏။

"ဘာလဲ... မင်း ဆိုလိုတာက ငါက တက်တူးနဲ့ လူကို မရိုက်ခဲ့သင့်ဘူးပေါ့"

"မဟုတ်ပါဘူး... မဟုတ်ပါဘူး"

မီလီ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ဦး လုပ်တာ ကောင်းပါတယ်"

"အဲ့ဒီ လက်သီးချက်က တက်တူးနဲ့ လူရဲ့ သတ္တိကို ချိုးနှိမ်လိုက်ရုံတင် မကဘူး... သမီးရဲ့ နှလုံးသားကိုပါ ထိမှန်သွားစေပါတယ်"

"ဒါပေမဲ့ သမီး ပြောချင်တဲ့ အချက်က... အစ်ကို ဟာလန် က ဒီနားမှာ ရှိနေတယ် ဆိုတာပဲ"

"ပြီးတော့ ဒီလူက ကြမ်းတမ်းပြီး တိုက်ရည်ခိုက်ရည် ကောင်းတယ်လို့ နာမည်ကြီးတယ်"

"အရင်တုန်းက မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပေမယ့်... ဘယ်သူမှ သူ့ကို လက်စားမချေရဲတာက မချေချင်လို့ မဟုတ်ဘူး... အဓိကက သူက တိုက်ရည်ခိုက်ရည် အရမ်း ကောင်းနေလို့ပဲ"

"ကြားတာတော့... သူက ဆိုက်ဘေးရီးယား (Siberia) လေ့ကျင့်ရေး စခန်းမှာ အချိန်အကြာကြီး လေ့ကျင့်ခဲ့ဖူးတယ်တဲ့... ပြီးတော့ ငရဲခန်းလို မြေအောက် လက်ဝှေ့ပွဲတွေမှာလည်း နှစ်အနည်းငယ်လောက် ထိုးသတ်ခဲ့ဖူးတယ်တဲ့"

"အခု သမီးတို့က သူ့လူကို ဒဏ်ရာရအောင် လုပ်လိုက်တယ် ဆိုတော့... သူ သေချာပေါက် ကျေနပ်မှာ မဟုတ်ဘူး"

"သမီး တစ်ယောက်ယောက်ကို လာခေါ်ခိုင်းလိုက်မယ်... အစ်ကို ဟာလန် မရောက်လာခင် သမီးတို့ ဒီနေရာကနေ အမြန် ထွက်သွားကြရအောင်"

"..."

ယဲ့ဖန်သည် သူမ၏ တကယ့် ရည်ရွယ်ချက်ကို နားလည်လိုက်၏။

သူမသည် စိတ်လှုပ်ရှားစွာ စာပို့နေရင်း... သူ့ကို ဆွဲခေါ်ပြီး ထွက်ပြေးရန် ပြင်နေသည်ကို မြင်လိုက်ရသောအခါ... သူ ပြုံးလိုက်သည်။

"နောက်ကျသွားပြီကွာ…”

အခန်း (၁၇၅၀) - အသေအချာဆုံး စကားကို အေးအေးဆေးဆေး ပြောထွက်ရဲတဲ့သူ

~"နောက်ကျသွားပြီ ဟုတ်လား"

မီလီ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေဆဲပင်။

ယဲ့ဖန်သည် သူမကို သူ၏ ဘယ်ဘက်ခြမ်းသို့ လှမ်းကြည့်ရန် မျက်ရိပ်ပြလိုက်၏။

မျက်နှာရှေ့ ဆံပင်အရှည်ကြီး ချထားသော လူလတ်ပိုင်းအရွယ် အမျိုးသား... သို့မဟုတ် အစ်ကို ဟာလန် ဟု ခေါ်သော လူသည်... လက်ထဲတွင် ဘီယာပုလင်း တစ်လုံးကို ကိုင်ကာ လျှောက်လှမ်းလာနေပြီ ဖြစ်သည်။

သူ လျှောက်လာသောအခါ၊ ရှေ့မှ လက်အောက်ငယ်သားများက လမ်းရှင်းပေးနေကြ၏။ သူ၏ မျက်နှာထားမှာလည်း အလွန် မောက်မာနေသည်။

ညကလပ်၏ မိုက်လန်းသော မီးရောင်များနှင့် နောက်ခံ ဂီတသံများ ပေါင်းစပ်လိုက်သောအခါ... လူမိုက် တစ်ယောက် ပွဲထွက်လာသကဲ့သို့ ခံစားနေရသည်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ... ထို မိုက်လန်းပြီး မောက်မာသော လူသည် အကြောင်းတစ်ခုခုကြောင့် စကားကို ပေါ့ဆစွာ ပြောဆိုတတ်ပုံ ရနေခြင်းပင်။

ယဲ့ဖန်နှင့် မီလီတို့၏ စားပွဲဝိုင်း အနားသို့ ရောက်သောအခါ၊ သူသည် လက်ထဲမှ အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ထို့နောက် ညာလက်သီးကို အုပ်ကိုင်ထားသော တက်တူးနှင့် လူကို တစ်ချက် စောင်းကြည့်လိုက်ပြီး အသံအက်အက်ဖြင့် မေးလိုက်သည်။

"ဘယ်ကောင် ငါ့ညီကို ရိုက်လိုက်တာလဲ"

"ထွက်ခဲ့စမ်း"

မီလီသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာထား တင်းမာသွားပြီး... ယဲ့ဖန်၏ ညာလက်မောင်းကို အလိုအလျောက် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိ၏။

ဘေးနားမှ လူများသည်လည်း တံတွေးကို မျိုချလိုက်မိကြပြီး၊ ယဲ့ဖန်ကို ခိုးကြည့်နေကြသည်။

"သွားပြီ... သွားပြီ"

"ခုနက တက်တူးနဲ့ လူက အစ်ကို ဟာလန်ရဲ့ လက်အောက်ငယ်သား ဖြစ်နေတာပဲ"

"အဲ့ဒီ တရုတ်လူမျိုး ဒီတစ်ခါတော့ သေပြီ"

"အစ်ကို ဟာလန်ရဲ့ အနေအထားကို ကြည့်ရတာ... အဲ့ဒီ တရုတ်လူမျိုးကို အရက်ပုလင်းနဲ့ ရိုက်ခွဲတော့မယ့် ပုံပဲ"

"ခေါင်းကို အရက်ပုလင်းနဲ့ ရိုက်ခွဲတာလောက်ပဲလား... ညီလေးရေ... မင်း ဒီနေရာကို ပထမဆုံး ရောက်ဖူးတာ ဖြစ်မယ်... အစ်ကို ဟာလန်ရဲ့ စိတ်ထားနဲ့ ဆိုရင်... ပုလင်းနဲ့ ရိုက်ခွဲပြီးရင် ကွဲသွားတဲ့ ဖန်ကွဲစတွေကိုပါ စားခိုင်းဦးမှာ"

"ဟို တရုတ်လူမျိုးက သေမှာကို မကြောက်ဘူးလား မသိဘူး... ၁၀၀ ရာခိုင်နှုန်း သေမှာ သေချာနေပြီကို"

"..."

အစ်ကို ဟာလန်သည် လူတိုင်း၏ အကြည့်များကို သတိပြုမိပုံရ၏။ သူသည် ယဲ့ဖန်ကို မျက်လုံးထောင့်စွန်းမှ စောင်းကြည့်လိုက်သည်။ ဆံပင်များ ဖုံးအုပ်နေသော မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်နေ၏။

"မင်းလား... ငါ့ညီကို ဒဏ်ရာရအောင် လုပ်လိုက်တာ"

"နိုင်ငံခြားက အာရှသားလေးလား"

ယဲ့ဖန်သည် သူ့ကို ဖက်ထားသော မီလီ၏ လက်များကို ဖြည်းညှင်းစွာ ဖယ်လိုက်ပြီး ပြုံးလိုက်၏။

"ဘာဖြစ်လို့လဲ"

"ခင်ဗျား ပုံစံကို ကြည့်ရတာ... ခင်ဗျား ညီအတွက် လက်စားချေချင်လို့လား"

"လက်စားချေမယ် ဟုတ်လား"

အစ်ကို ဟာလန်သည် ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ဖြစ်သွား၏။

"မင်းက သူ့လက်သီးကို ချေမွပစ်လိုက်တယ် ဆိုတော့... သူ့လက်တစ်ဖက်ကို အကြောသေသွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ... ငါက သူ့အတွက် တရားမျှတမှု လာရှာပေးတာ... လက်စားချေတာ မဟုတ်ဘူး"

ယဲ့ဖန် သူ့ကို ပြင်ပေးမနေတော့ပေ။ ပျင်းရိသော လေသံဖြင့် ပြန်မေးလိုက်၏။

"ဒါဆို ခင်ဗျားက ကျွန်တော့်ဆီကနေ ဘယ်လို တရားမျှတမှုမျိုး လိုချင်တာလဲ"

"ကျွန်တော်နဲ့ တစ်ယောက်ချင်း ချမလား... ဒါမှမဟုတ် တခြားလူတွေကို ဝိုင်းချခိုင်းမလား"

"မလိုသေးပါဘူး"

အစ်ကို ဟာလန် ခေါင်းခါလိုက်၏။

"အဓိကက မင်းရဲ့ သဘောထားကို အရင် စစ်ဆေးချင်လို့ပါ"

"အို... ကျွန်တော်တို့ရဲ့ သဘောထားကို စစ်ဆေးချင်တာ ဟုတ်လား... ဘာသဘောလဲ"

ယဲ့ဖန် ဖျော့တော့စွာ ပြုံးလိုက်သည်။

အစ်ကို ဟာလန်သည် မီလီကို ရမ္မက်ဆန်သော အကြည့်ဖြင့် ကြည့်လိုက်၏။

"ရိုးရှင်းပါတယ်... မင်းကောင်မလေးက ငါနဲ့အတူ သောက်မယ်... ဒီည ငါ့ကို ကောင်းကောင်း ပြုစုပေးမယ်... ငါ့ကို ပျော်အောင် ထားပေးမယ်... ပြီးတော့ မင်းရဲ့ ညာလက်ကို ငါ့ညီ ရိုက်ချိုးတာကို လိမ္မာပါးနပ်စွာ ငြိမ်ခံမယ် ဆိုရင်... ပြီးခဲ့တာတွေကို ပြီးပြီးသား အဖြစ် သဘောထားပေးလိုက်မယ်"

"ဒါပေမဲ့ မင်းက အကောင်းပြောလို့ မရဘူး ဆိုရင်တော့... ငါ့လက်ထဲက အရက်ပုလင်းကို မင်းခေါင်းပေါ်မှာ ခွဲရလိမ့်မယ်... ပြီးရင် မင်းရဲ့ ညာလက်ကို ချိုးပစ်မယ်... နောက်ဆုံးမှာ မင်းကို ဖမ်းချုပ်ထားပြီး မင်းကောင်မလေးကို ငါ ဖျက်ဆီးတာ ထိုင်ကြည့်ခိုင်းရလိမ့်မယ်"

"အားလုံးက မင်းရဲ့ သဘောထားနဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တယ်"

ယဲ့ဖန်သည်... အသေအချာဆုံး စကားတွေကို အေးအေးဆေးဆေး ပြောထွက်ရဲသည့် သူ ဆိုတာ ဘယ်လိုလူမျိုးလဲ ဆိုတာ နောက်ဆုံးတော့ နားလည်သွား၏။

မီလီ၏ ခန္ဓာကိုယ် တုန်ရီသွားသည်ကို သူ ခံစားလိုက်ရသောအခါ... သူ ထိုင်ရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ၏ မျက်လုံးများ အေးစက်နေ၏။

"ဆောရီးပါဗျာ... ကျွန်တော့် နားက သိပ်မကောင်းလို့... ခင်ဗျား ခုနက ပြောလိုက်တာကို မကြားလိုက်ဘူး"

"နောက်တစ်ခေါက်လောက် ပြန်ပြောပြပါလား"

"သောက်ကျိုးနည်း"

အစ်ကို ဟာလန်သည် စိတ်ရှည်သူ မဟုတ်ပေ။ သူသည် လက်မောင်းကို ချက်ချင်း မြှောက်လိုက်ပြီး... ယဲ့ဖန်၏ ခေါင်းကို ပုလင်းဖြင့် ရိုက်ခွဲရန် ပြင်လိုက်လေတော့သည်။

သူ့လှုပ်ရှားမှုက တော်တော်လေး လျင်မြန်တာတော့ အမှန်ပင်။

မထင်မှတ်ထားသော အရက်ပုလင်း ရိုက်ချက်သည်... အလင်းအမြန်နှုန်း ကနဦး အဆင့် သို့ ဝင်ရောက်ခါစ သိုင်းပညာရှင် တစ်ယောက်နီးပါး မြန်ဆန်နေ၏။

အရက်ပုလင်း ကျဆင်းလာသော အခိုက်အတန့်တွင်... လျှပ်စီးအရှိန်အဝါ သဲ့သဲ့လေးပင် ပါဝင်နေသည်။

သို့သော် ယဲ့ဖန်က သူ့ထက် ပိုမြန်နေ၏။

အစ်ကို ဟာလန် ဒေါသတကြီး တိုက်ခိုက်လိုက်သော အချိန်မှာပင်... ယဲ့ဖန်လည်း တုံ့ပြန် တိုက်ခိုက်လိုက်သည်။

သူ့လက်သည် သရဲနဂါး တစ်ကောင်ကဲ့သို့ပင်။

အစ်ကို ဟာလန် တုံ့ပြန်ချိန် မရလိုက်ခင်မှာပင်... ယဲ့ဖန်သည် ပုလင်းကိုင်ထားသော သူ့လက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်ပြီး နောက်ပြန် လိမ်ချိုးပစ်လိုက်၏။

အစ်ကို ဟာလန်၏ လက်မောင်းကို ချိုးလိုက်ရင်း... အရှိန်ပြင်းပြင်း ကျဆင်းလာသော အရက်ပုလင်းကို လမ်းကြောင်းပြောင်းပြီး အစ်ကို ဟာလန်၏ ခေါင်းကို ပြန်ရိုက်ခွဲစေလိုက်သည်။

"ခွပ်"

အရက်ပုလင်း ကွဲသွားသံနှင့်အတူ... အစ်ကို ဟာလန်သည် နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ယိုင်နဲ့သွားပြီး ခေါင်းမှ သွေးများ စီးကျလာလေတော့သည်။

ယဲ့ဖန်သည် ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။

အစ်ကို ဟာလန်သည် အရက်ပုလင်း ရိုက်ချက်ကြောင့် မူးဝေနေပြီး... လက်ထဲမှ ကွဲနေသော ပုလင်းအပိုင်းအစ ပြုတ်ကျလုနီးပါး ဖြစ်နေချိန်တွင်... ယဲ့ဖန်သည် ထိုပုလင်းကွဲကို ဖမ်းယူလိုက်ပြီး အစ်ကို ဟာလန်၏ အပုပ်နံ့ထွက်နေသော ပါးစပ်ထဲသို့ ရက်ရက်စက်စက် ထိုးထည့်လိုက်လေတော့သည်။

"အ... အ... အ..."

အစ်ကို ဟာလန်၏ မျက်နှာသည် ချက်ချင်းပင် သွေးသံရဲရဲ ဖြစ်သွား၏။

သူ့ခန္ဓာကိုယ် နောက်သို့ ထပ်မံ ယိုင်နဲ့သွားပြန်သည်။

သူ ကြောက်လန့်တကြား တစ်စုံတစ်ရာ ပြောရန် ကြိုးစားလိုက်သော်လည်း... သူ့ပါးစပ်ထဲမှ ထွက်လာသည်မှာ မပီသသော အသံများ၊ ဖန်ကွဲစများနှင့် သွေးမြှုပ်များသာ ဖြစ်သည်။

ဘေးနားမှ လူများသည် ချက်ချင်း လူစုခွဲလိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့သည် ယဲ့ဖန်ကို ထိတ်လန့်အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

အစ်ကို ဟာလန်၏ လက်အောက်ငယ်သား နှစ်ဦးပင် တုန်လှုပ်နေကြရှာ၏။ အစ်ကို ဟာလန်က ယဲ့ဖန်ကို ကြည့်ရင်း နောက်ဆုတ်နေသည်ကို တွေ့လိုက်ရသောအခါ... ပါးစပ်မှ သွေးများ ပန်းထွက်နေပြီး နဖူးမှ သွေးများ စီးကျနေသည်ကို မြင်လိုက်ရသောအခါ... သူတို့ အကြည့်များကို အမြန် လွှဲလိုက်ကြပြီး လူအုပ်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက် ပုန်းအောင်းလိုက်ကြသည်။ ယဲ့ဖန် သတိထားမိသွားမည်ကို ကြောက်ရွံ့နေကြသကဲ့သို့ပင်။

ယဲ့ဖန် သူတို့ကို ဂရုမစိုက်ပေ။ အစ်ကို ဟာလန် ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။

"ငါ ပြောတာ မကြားဘူးလား"

"ငါ့နားက သိပ်မကောင်းဘူးလို့ ပြောနေတယ်လေ... မင်း ခုနက ပြောတဲ့ စကားကို ပြန်ပြောခိုင်းနေတာ"

"ဘာလို့ ဘာမှ မပြောတာလဲ"

အစ်ကို ဟာလန်၏ သတ္တိများ ကြွေမွသွားပြီ ဖြစ်သည်။ သူ၏ မျက်နှာထားမှာ ရုတ်တရက် ကြောက်ရွံ့သွားပြီး၊ နောက်သို့ ယိုင်နဲ့နဲ့ ဆုတ်သွား၏။

ယဲ့ဖန် သူ့ကော်လာကို ဆွဲမလိုက်သည်။

"ငါ ပြောနေတာ ပြန်ပြောလို့"

"တောင်း... တောင်းပန်ပါတယ် အစ်ကိုကြီး"

အစ်ကို ဟာလန် အမြန် တောင်းပန်လိုက်ရှာ၏။

သို့သော် သူ ပါးစပ်ဖွင့်လိုက်သည်နှင့် သွေးများနှင့် ဖန်ကွဲစများ ပန်းထွက်လာသည်။

ယဲ့ဖန် အမြန် လွှတ်ပေးလိုက်သဖြင့် သွေးစင်ခြင်းမှ လွတ်ကင်းသွား၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ အစ်ကို ဟာလန်သည် ပိုမို ကြောက်ရွံ့သွားပြီး တရစပ် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်... တကယ် တောင်းပန်ပါတယ်ဗျာ... ကျွန်တော် ခင်ဗျားရှေ့မှာ ဟန်မဆောင်ခဲ့သင့်ပါဘူး"

"ခင်ဗျား ကောင်မလေးကိုလည်း မကြံစည်ခဲ့သင့်ပါဘူး"

"နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ"

သူသည် မပီမသ တောင်းပန်ရင်း... သူ့အဖြစ်ဆိုးကို လုံးဝ ဂရုမစိုက်တော့ဘဲ ယဲ့ဖန်ကို လက်အုပ်ချီကာ ဦးညွှတ်လိုက်၏။

"နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး လို့ ပြောရုံနဲ့... ငါက ဒီကိစ္စကို ဒီအတိုင်း ထားလိုက်ရမှာလား"

ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ သူသည် အစ်ကို ဟာလန် ထံသို့ ဆက်လက် တိုးကပ်သွားလိုက်သည်။

"ခုနတုန်းက... လူအများကြီးရှေ့မှာ မင်းက ငါနဲ့ ငါ့ကောင်မလေးကို ဒုက္ခပေးချင်နေတာလေ"

"ငါ ကြားတာ မမှားဘူး ဆိုရင်... မင်း ပြောသေးတယ်... ငါ မပူးပေါင်းရင် ငါ့ညာလက်ကို ချိုးပစ်မယ်... ပြီးရင် ငါ့ခေါင်းကို ဖိထားပြီး ငါ့ကောင်မလေးကို ဖျက်ဆီးတာ ထိုင်ကြည့်ခိုင်းမယ် ဆို..."

"...”

အခန်း (၁၇၅၁) - မင်းမှာ တခြား ရွေးချယ်စရာ ရှိလို့လား

~"အစ်ကိုကြီး... ကျွန်တော် မှားမှန်း သိပါပြီ"

အစ်ကို ဟာလန်သည် ယဲ့ဖန်၏ ရှေ့တွင် ဒူးထောက်လိုက်ရင်း ပြောလိုက်၏။

"ကျေးဇူးပြုပြီး အဖြေတစ်ခုလောက် ပေးပါ... ကျွန်တော် ဘာလုပ်ပေးရင် ခွင့်လွှတ်ပေးမှာလဲ"

"အစ်ကိုကြီး ခိုင်းတာ အကုန် လုပ်ပါ့မယ်ဗျာ"

"တကယ်လား"

ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။

အစ်ကို ဟာလန်သည် မျှော်လင့်ချက် ရောင်ခြည်လေး မြင်လိုက်ရသကဲ့သို့ ခေါင်းတငြိမ့်ငြိမ့် လုပ်ပြလိုက်၏။

"တကယ်ပါ... လုံးဝ အတည်ပါ"

"ဒီမှာ ဧည့်သည်တွေ အများကြီး ရှိနေတာပဲ... အကုန်လုံး သက်သေ လုပ်လို့ ရပါတယ်"

"ကျွန်တော် ဟာလန် က အစ်ကိုကြီးရဲ့ အပြစ်ပေးမှုကို ခံယူဖို့ အသင့်ပါပဲ... တကယ်လို့ စကားနားမထောင်တာတို့၊ ငြင်းဆန်တာတို့ လုပ်ခဲ့ရင်... မိုးကြိုးငါးကြိမ် ပစ်သတ်ပါစေဗျာ"

ထိုအခါမှသာ ယဲ့ဖန် စဉ်းစားဟန် ပြုလိုက်၏။

ခဏအကြာတွင် သူ ပြောလိုက်သည်။

"ငါတို့ တရုတ်လူမျိုးတွေက 'ကိုယ် ပေးတဲ့ ဆေး ကိုယ် ပြန်သောက်' (Giving him a taste of his own medicine) ဆိုတဲ့ စကားကို အလေးထားတယ်"

"ခုနက မင်း ငါ့ကောင်မလေးနဲ့ လူအများကြီး ရှေ့မှာ ပြောခဲ့တဲ့ စကားတွေက... ငါ့ကောင်မလေးနဲ့ ငါ့ရဲ့ စိတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်"

"ဒီလိုလုပ်ကွာ... မင်း ပြောခဲ့တဲ့ စကားတွေကို မင်း ပြန်စားလိုက် (ပြန်ရုပ်သိမ်းလိုက်)... ဒါဆိုရင် ဒီနေ့ကိစ္စ ပြီးပြီ"

"ပြန်စားလိုက် ဟုတ်လား"

အစ်ကို ဟာလန် ကြောင်သွား၏။

"နှုတ်က ထွက်တဲ့ စကားဆိုတာ... ဖိတ်စင်သွားတဲ့ ရေလိုပဲလေ... ဘယ်လိုလုပ် ပြန်စားလို့ ရမှာလဲ"

"အစ်ကိုကြီး... အဲ့ဒါက..."

"မလုပ်နိုင်ဘူးလား"

ယဲ့ဖန် သူ့အခက်အခဲကို ဂရုမစိုက်ပေ။ စဉ်းစားဟန် ပြုပြီးနောက် မလိုလားအပ်သလို လေသံဖြင့် ပြောလိုက်၏။

"ဒါဆိုရင်... လျှော့ပေါ့ပေးလိုက်မယ်"

"မင်းရဲ့ ညာလက်ကို ချိုးပစ်လိုက်"

"ပြီးရင်... မှန်တစ်ချပ် ယူလာခိုင်းပြီး... မှန်ထဲမှာ မင်းကိုယ်မင်း အရှက်ခွဲခံနေရတာကို ထိုင်ကြည့်နေလိုက်"

"ဒါပေမဲ့..."

အစ်ကို ဟာလန်၏ မျက်နှာထား ပျက်သွားပြန်၏။

"အဲ့... အဲ့ဒါလည်း မလုပ်နိုင်ဘူးလေ အစ်ကိုကြီးရ..."

"တခြားနည်းလမ်း ပြောင်းလို့ မရ..."

"ဘုန်း"

ယဲ့ဖန် စားပွဲကို ရိုက်ချလိုက်ပြီး မျက်နှာထား မည်းမှောင်သွားလေတော့သည်။

"မင်းက ငါနဲ့ စီးပွားရေး လာဆွေးနွေးနေတယ်လို့ ထင်နေတာလား"

"ဟိုဟာလည်း မလုပ်နိုင်ဘူး... ဒီဟာလည်း မလုပ်နိုင်ဘူး... ဒါဆိုရင် ဘာလို့ ငါခိုင်းတာ အကုန် လုပ်ပါ့မယ်လို့ ပြောခဲ့သေးလဲ"

"မင်း ငါ့ကို လာနောက်နေတာလား"

"မဟုတ်... မဟုတ်ပါဘူး"

အစ်ကို ဟာလန် ထိတ်လန့်သွားပြီး အမြန် ဖြေရှင်းရန် ကြိုးစားလိုက်၏။

ယဲ့ဖန် သူ့စကားဆုံးအောင် မစောင့်ပေ။ အေးစက်စွာ ဖြတ်ပြောလိုက်သည်။

"ငါ့သည်းခံစိတ်က အကန့်အသတ် ရှိတယ်"

"အခု ငါ့စိတ်က သိပ်မဆိုးသေးလို့... မင်းနဲ့ စကားကောင်းကောင်း ပြောနေတာ"

"တကယ်လို့ ငါ့သည်းခံစိတ် ကုန်သွားပြီ ဆိုရင်တော့... ဘယ်လောက် ရက်စက်တဲ့ အရာတွေ လုပ်မိမလဲ ငါကိုယ်တိုင်တောင် မသိဘူး"

"သေချာ စဉ်းစားတာ ပိုကောင်းမယ်"

အစ်ကို ဟာလန် တိတ်ဆိတ်သွား၏။

အချိန်အတော်ကြာမှ တုန်ရီပြီး အက်ကွဲသော အသံဖြင့် မေးလိုက်သည်။

"ဒါဆို... တကယ်လို့ ကျွန်တော်က... အစ်ကိုကြီး ပြောသလို လုပ်လိုက်ရင်... ကျွန်တော့်ကို တကယ် လွှတ်ပေးမှာလား"

ယဲ့ဖန် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

"ငါ့ကို ယုံတာကလွဲရင်... မင်းမှာ တခြား ရွေးချယ်စရာ ရှိသေးလို့လား"

အစ်ကို ဟာလန်သည် တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ခါးသက်သက် ပြုံးလိုက်၏။ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက်... သူ၏ နောက်လိုက် တစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"သွား... မှန်တစ်ချပ် သွားရှာချေ"

နောက်လိုက်ဖြစ်သူသည် ထိုစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွား၏။ သူ့မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး... အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"သူဌေး... တကယ်ကြီး ဒီလူ ပြောသလို လုပ်မလို့လား"

"အဲ့ဒီလို လုပ်လိုက်ရင်... နောက်နောင် ဖော့ခ်စီးတီးမှာ သူဌေး မျက်နှာဖော်ရဲတော့မှာ မဟုတ်ဘူးနော်"

"မြေအောက်လောက တစ်ခုလုံးရဲ့ ရယ်စရာ ဖြစ်သွားလိမ့်မယ်"

အစ်ကို ဟာလန်၏ အသံမှာ အက်ကွဲနေ၏။

"ငါ့မှာ ရွေးချယ်စရာ ရှိတယ်လို့ ထင်နေလား"

"ငါ့ရှေ့က ဒီအစ်ကိုကြီးက သာမန်လူ မဟုတ်ဘူးကွ... ဒီည ငါ သူ့ကို ဆက်ပြီး ခေါင်းမာနေရင်... ကံကောင်းလို့ အသက်ရှင်ရင်တောင်မှ ကိုယ်လက်အင်္ဂါ မသန်စွမ်း ဖြစ်သွားဖို့ သေချာတယ်... အဲ့ဒီအချိန်ကျရင် အရင်တုန်းက ငါနဲ့ ရန်ငြိုးရှိခဲ့ဖူးတဲ့ ရန်သူတွေက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

"အခု ခေါင်းငုံ့ပြီး အရှက်ခွဲခံလိုက်ရတာက... အသက်သေတာထက် စာရင် တော်သေးတာပေါ့"

နောက်လိုက်ဖြစ်သူ ပြန်မပြောနိုင်ခင်မှာပင် သူ ဆက်ပြောလိုက်၏။

"အားယွီ (Ah Yu)... မင်း ငါ့ကို သဘောကျနေတာ ကြာပြီ ဆိုတာ ငါ သိပါတယ်"

"ငါ့ကို အရှက်ခွဲတဲ့ ကိစ္စကို မင်းကိုပဲ တာဝန်ပေးလိုက်မယ်"

"တခြား ဂေးကောင်တွေကို ငါ သိပ်မယုံဘူး"

နောက်လိုက်ဖြစ်သူ အားယွီသည် ထိုစကားကို ကြားလိုက်ရသောအခါ... ထိန်းချုပ်မရနိုင်သော ပျော်ရွှင်မှု အရိပ်အယောင်များ မျက်နှာပေါ်တွင် ဖြတ်သန်းသွား၏။

သို့သော် ခဏအကြာတွင် သူဌေးရှေ့၌ မသင့်တော်မှန်း သတိရသွားပြီး... ဝမ်းနည်းသော မျက်နှာထားကို အမြန် ပြောင်းလဲလိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကို ဟာလန်"

"ကျွန်တော် အစ်ကို့ကို စိတ်ပျက်အောင် မလုပ်ပါဘူး"

ထို့နောက် သူသည် ကိုယ်လုံးပေါ် မှန်တစ်ချပ်ကို အမြန် သွားယူပြီး အစ်ကို ဟာလန် ရှေ့တွင် ထောင်ထားလိုက်လေတော့သည်။

...

ဘေးနားမှ လူများသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြ၏။

"ကြောက်စရာကြီးဟ"

"အစ်ကို ဟာလန် က တကယ်ကြီး လူလွှတ်ပြီး မှန်သွားယူခိုင်းလိုက်တာလား"

"သူက တကယ်ပဲ လူအများကြီး ရှေ့မှာ သူ့ညာလက်ကို ချိုးပြီး... ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခံရတာကို မှန်ထဲကနေ ပြန်ကြည့်မလို့လား"

"ဒီလိုသာ ဆိုရင်... နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ သူ့ဂုဏ်သိက္ခာတွေ အကုန် ကျိုးပျက်ကုန်တော့မှာပဲ"

"ဒါတင် မကဘူး... ဖော့ခ်စီးတီး တစ်မြို့လုံးရဲ့ ရယ်စရာလည်း ဖြစ်တော့မယ်"

"လူမှုရေးအရ သေဒဏ်ပေးခံရတာထက်တောင် ပိုဆိုးဦးမယ်"

"အဲ့ဒီ တရုတ်လူငယ်လေးက အဲ့လောက်တောင် ကြောက်စရာ ကောင်းလို့လား"

"ဒီလောက်ထိတောင် ကြောက်နေရတာလား"

"ဒါမှမဟုတ် အချိန်ဆွဲပြီး စစ်ကူတွေ ဘာတွေ စောင့်နေတာများလား"

"..."

ယဲ့ဖန် ဘေးနားမှ မီလီပင် အံ့သြနေ၏။ ယဲ့ဖန်၏ နောက်ကျောတွင် ပုန်းနေရင်း... မျက်လုံးပြူးကာ အစ်ကို ဟာလန်၏ နောက်ထပ် လုပ်ရပ်ကို စောင့်ကြည့်နေမိသည်။

သူမ သိချင်နေသည်မှာ... သူက တကယ်ပဲ ယဲ့ဖန် ပြောသလို လုပ်မှာလား ဆိုတာပင်။

သို့သော် သူမ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေစဉ်မှာပင်... အစ်ကို ဟာလန်သည် အင်္ကျီလက်မောင်းကို တစ်ဝက်လောက် ဆွဲချလိုက်ပြီး... ခေါက်ကာ ပါးစပ်ထဲ ထိုးထည့်လိုက်၏။

ထို့နောက် ဘယ်သူမှ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင်... သူ့ညာလက်ကို ဖြတ်ခနဲ ချိုးပစ်လိုက်လေတော့သည်။

"ဂျွတ်"

"အွတ်..."

ဘေးပတ်ဝန်းကျင်မှ လူများသည် အာမေဍိတ်သံများ ထပ်မံ ပြုလိုက်ကြ၏။

အထူးသဖြင့် အစ်ကို ဟာလန်က ညာလက်ကို ချိုးလိုက်စဉ်... အင်္ကျီစကို ကိုက်ကာ မျက်နှာကြီး ရှုံ့မဲ့သွားပြီး... ခေါင်းပေါ်တွင် သွေးကြောများ ထောင်တက်လာသည်ကို တွေ့လိုက်ရသောအခါ... အားလုံး ကြောက်လန့်တကြား နောက်ဆုတ်လိုက်မိကြသည်။

"ဘုရားရေ... ဒီလူက အတည်ကြီး လုပ်လိုက်တာဟ"

"သူ့ညာလက်ကို သူကိုယ်တိုင် ချိုးပစ်လိုက်တာ"

"ခုနက အရိုးကျိုးသံကြီးက... သောက်ကျိုးနည်း... တကယ့် အစစ်ကြီးကွ... ကြက်သီးတောင် ထသွားတယ်"

"ရက်စက်လိုက်တာ"

"ဘေးက ကြည့်နေရင်းနဲ့တောင် နာတယ်"

"သူ ဘယ်လောက်တောင် ကြောက်နေလို့ ဒီလို လုပ်ရတာလဲ"

"နောက်တာ မဟုတ်ဘူး... ဒီလောက် ကြောက်စရာ ကောင်းမယ်မှန်း သိရင်... တစ်ယောက်ယောက်က ငါ့ခေါင်းကို သေနတ်နဲ့ ချိန်ပြီး ညာလက် ချိုးခိုင်းရင်တောင် ငါ နှစ်ခါ ပြန်စဉ်းစားမိဦးမယ်"

"တော်ပါတော့ကွာ... ကြည့်ရတာနဲ့တင် သွားကျိန်းလာပြီ"

"..."

မီလီလည်း ထိတ်လန့်သွား၏။

သူမသည် ယဲ့ဖန် နောက်ကျောတွင် ပိုမို တိုးကပ် ပုန်းအောင်းလိုက်ပြီး၊ ဆက်မကြည့်ရဲတော့ပေ။

သို့သော် ထိတ်လန့် ကြောက်ရွံ့နေသော်လည်း... တစ်ဖက်တွင်မူ အကြောင်းတစ်ခုခုကြောင့် စိတ်လှုပ်ရှားသလို ခံစားနေရသည်။ အဒရီနယ်လင်း (Adrenaline) များ မြင့်တက်လာပြီးနောက်... သူမသည် ခေါင်းပြန်ပြူထွက်လာပြီး ထိုဘက်သို့ ဆက်ကြည့်နေမိလေတော့သည်။

အစ်ကို ဟာလန် ကိုယ်တိုင်မှာမူ... မျက်နှာကြီး ရှုံ့မဲ့နေပြီး နဖူးပေါ်တွင် ချွေးစေးများ ပြန်နေ၏။ သူ အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူလိုက်သည်။

ထို့နောက် သူ့နောက်လိုက် အားယွီ ကို လက်ယပ်ခေါ်လိုက်ပြီး... သူ ကိုယ်တိုင် ကြမ်းပြင်ပေါ်တွင် မှောက်လိုက်ကာ ဖင်ကုန်းပေးလိုက်လေတော့သည်။

All Chapters