အခန်း (၁၇၅၅-၁၇၅၇)
Vol. 93 Ch. 1755-1757
အခန်း (၁၇၅၅) - ယောက်ျားတွေ မငြင်းဆန်နိုင်တဲ့ အရာနှစ်ခု
~ယဲ့ဖန်သည် အလွယ်တကူ စိတ်ပြောင်းမည့်သူ မဟုတ်ကြောင်း သဘာဝကျကျ သိသာထင်ရှားလှပေသည်။
မီလီ ဘယ်လောက်ပဲ ချော့ချော့... သူ့စိတ်ထဲက မီလီအတွက် ရမှတ် လျှော့ထားတာကို ပြန်မပြင်ပေးပေ။
ညကလပ်ထဲတွင် အရသာရှိသော ကြက်ကင်ကို မီလီနှင့်အတူ စားသောက်ပြီးနောက်၊ သူ ထွက်ခွာသွား၏။
မီလီသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်း နှုတ်ခမ်းစူပြီး ဝမ်းနည်းပက်လက် ဖြစ်သွားရှာသည်။
သူမ၏ သူငယ်ချင်းများ ရောက်လာသောအခါ... သူမကို အဂရုစိုက်ဆုံး သူငယ်ချင်းကို ဖက်ပြီး ငိုမဲ့မဲ့ဖြင့် ပြောလိုက်၏။
"သွားပါပြီ... ဒီတစ်ခါတော့ အကုန် သွားပါပြီ"
"ဦးက သူရဲကောင်း တစ်ယောက်လို ငါ့ကို ကယ်တင်ခဲ့တာကို အခွင့်ကောင်းယူပြီး မြှူဆွယ်မလို့ လုပ်နေတာ... အဲ့ဒါ မအောင်မြင်ရုံတင် မကဘဲ... နှစ်သက်မှု ရမှတ် ၁၀ မှတ်တောင် လျော့သွားရတယ်"
"တကယ်ပဲ အမြတ်ထွက်မလို့ လုပ်ကာမှ အရင်းပါ ပြုတ်သွားတာပဲ"
သူမ၏ သူငယ်ချင်းများ နားမလည်နိုင် ဖြစ်သွားကြ၏။
"ဘာဖြစ်လို့လဲ"
"ခုနက နင် သူ့ကို နမ်းလိုက်တာ ငါတို့ အကုန် မြင်လိုက်ပါတယ်"
"ပြီးတော့ အဲ့ဒါက နင့်ရဲ့ ပထမဆုံး အနမ်းလေ... ဘယ်ယောက်ျားလေးက စိတ်မလှုပ်ရှားဘဲ နေမှာလဲ... ဘာလို့ နှစ်သက်မှု ရမှတ်က ၁၀ မှတ်တောင် လျော့သွားရတာလဲ"
မီလီ ငိုနေဆဲပင်။
"ငါက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ် ထင်ပြီး ဇာတ်လမ်းတွေ ပိုလုပ်လိုက်မိလို့ပါ"
"ငါ နင်တို့ကို သခင်လေး အာဂျိုင်း ဟန်ဆန် ရဲ့ နေ့စဉ် အလေ့အထတွေကို စုံစမ်းခိုင်းပြီး... ဦးကို အန်းကျူပရင့်စ် ဆီကနေ နောက်ဆုတ်သွားအောင် သူ့ကို အသုံးချဖို့ စီစဉ်ခဲ့တယ်လေ... ဦးက အဲ့ဒါကို ရိပ်မိသွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"
"ဒီည အာဂျိုင်း ဟန်ဆန် ရောက်လာတာ ငါ စီစဉ်လိုက်လို့ ဆိုတာ သူ ချက်ချင်း ရိပ်မိသွားတယ်... အဲ့ဒါကြောင့် ငါ့ကို အပြစ်ပေးလိုက်တာ"
"ငါ ကြိုက်တဲ့ ယောက်ျား ဖြစ်ရကျိုး နပ်ပါတယ်... သူ့ရဲ့ အာရုံခံနိုင်စွမ်းက တကယ်ကို ထက်မြက်လွန်းတယ်"
"မမကြီး မီလီ ရယ်... ဒီအချိန်ကျမှ ကိုယ့်ဦးကို ချီးကျူးမနေပါနဲ့တော့"
သူမ သူငယ်ချင်းများ ပြောစရာစကား မရှိတော့ပေ။
"အခု ဘယ်လို ကုစားမလဲ ဆိုတာ စဉ်းစားကြရအောင်"
"ရိုမန်းတစ် ဇာတ်လမ်းတွဲတွေထဲမှာ ငါ ကြည့်ဖူးတယ်... အရည်အချင်းရှိတဲ့ ယောက်ျားတွေက သူတို့ကို အကွက်ဆင်တာ အရမ်း မုန်းတယ်တဲ့... အထူးသဖြင့် သူတို့ ယုံကြည်တဲ့သူက လုပ်ရင် ပိုဆိုးတယ်တဲ့"
"ဒီနေ့ နင်က ဦးကို အကွက်ဆင်လိုက်တယ်... ပြီးတော့ သူက သိသွားတယ်... ဒါကြောင့် နင့်အပေါ် ထားတဲ့ သူ့ရဲ့ အမြင်က တော်တော်လေး ကျသွားမှာပဲ"
"အခု အရေးကြီးဆုံးက... သူ့ရှေ့မှာ နင့်ရဲ့ ပုံရိပ်ကို ဘယ်လို ပြန်ကယ်ဆယ်မလဲ ဆိုတာ စဉ်းစားဖို့ပဲ"
ပုံမှန်အချိန် ဆိုရင် မီလီ ချက်ချင်း သဘောပေါက်ပြီး နည်းလမ်းရှာနိုင်မှာ ဖြစ်သော်လည်း...
အခုတော့ ယဲ့ဖန် စိတ်ဆိုးသွားတာ မြင်လိုက်ရလို့... သူမ ဘာလုပ်ရမှန်း မသိဘဲ လမ်းပျောက်နေရှာသည်။
သူငယ်ချင်းများ ပြောတာ ကြားလိုက်ရသောအခါ သူမ ချက်ချင်း အကူအညီ တောင်းလိုက်၏။
"ဒါဆို... ငါ ဘာလုပ်သင့်လဲ"
"ယောက်ျားတွေ မငြင်းဆန်နိုင်တဲ့ အရာ နှစ်ခု ရှိတယ်လို့ ငါ့အမေ ပြောဖူးတယ်... အဲ့ဒါက မိန်းမတစ်ယောက်ရဲ့ ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်နဲ့ မျက်ရည်တဲ့"
သူငယ်ချင်း တစ်ယောက်က အကြံပေး၏။
"နင် စမ်းကြည့်ပါလား မမကြီး မီလီ"
"သူ့ရှေ့မှာ အဝတ်ဗလာနဲ့ ငိုပြဖို့ အခွင့်အရေး ဖန်တီးလိုက်လေ"
"အာ…ဒါ ဘယ်လို အကြံပေးတာကြီးလဲဟယ်"
မျက်မှန်အနက်ရောင် တပ်ထားသော အခြား ညီမလေး တစ်ယောက်က ချက်ချင်း ခေါင်းခါလိုက်၏။
"အဲ့ဒါက ယောင်္ကျားဖော်ကြောင်တွေအပေါ်မှာပဲ အလုပ်ဖြစ်မယ့် နည်းလမ်းပါ"
"မမကြီး မီလီ ရဲ့ ဦးက သာမန်လူတွေနဲ့ မတူဘူးလေဟယ်"
"ငါ လူမှုဗေဒ နဲ့ လူမှုရေး သိပ္ပံ စာအုပ်တချို့ ဖတ်ဖူးတယ်... အဲ့ဒီလို ထူးချွန်တဲ့ လူတွေအတွက် အရေးကြီးဆုံးက... တန်ဖိုး (Value) တစ်ခုခု ပေးစွမ်းနိုင်ဖို့ပဲ"
"ဒီ တန်ဖိုး ဆိုတာက ကျယ်ပြန့်တယ်... စီးပွားရေး တန်ဖိုး၊ လူမှုရေး တန်ဖိုး၊ အရင်းအမြစ် တန်ဖိုး၊ ဒါမှမဟုတ် စိတ်ခံစားမှုဆိုင်ရာ တန်ဖိုး... ဘာမဆို ဖြစ်နိုင်တယ်"
"ဒီရှုထောင့်ကနေ စဉ်းစားကြည့်သင့်တယ်လို့ ထင်တယ် မမကြီး မီလီ"
"ဦးကို နင် ဘယ်လို တန်ဖိုး ပေးစွမ်းနိုင်မလဲ ဆိုတာ စဉ်းစားကြည့်ပါလား"
"..."
မီလီသည် ညီမလေးများ၏ အကြံပြုချက်များကို နားထောင်ရင်း တဖြည်းဖြည်း တည်ငြိမ်လာ၏။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးများ တောက်ပလာသည်။
"ဦးက ပြောဖူးသလိုပဲ... သူ တရုတ်ပြည်ကနေ နေမဝင်အင်ပါယာကို လာတာ ကိစ္စတချို့ လုပ်ဖို့ ရှိလို့တဲ့"
"ပြီးတော့ သူက ကြွယ်ဝခြင်းအသင်းက လူတွေနဲ့လည်း ရင်းနှီးပုံ ရတယ်"
"ဦး နေမဝင်အင်ပါယာကို လာတဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ ဆိုတာ စုံစမ်းပြီး... ငါ ဘာကူညီပေးနိုင်မလဲ ဆိုတာ ကြည့်ရမယ်"
ပြောရင်းဆိုရင်း သူမ စိတ်ဓာတ်တက်ကြွလာ၏။
"ဟုတ်တယ် ညီမတို့ရေ"
"ဒီအတိုင်းပဲ လုပ်ကြမယ်"
"ငါက ဦးအတွက် ပိုပြီး ပေးဆပ်နိုင်မယ်... သူ့အတွက် ကိစ္စတွေ ပိုလုပ်ပေးနိုင်မယ် ဆိုရင်... သူ တဖြည်းဖြည်း ငါ့နှလုံးသားကို နားလည်လာပြီး ငါ့တန်ဖိုးကို မြင်လာလိမ့်မယ်"
"..."
တစ်ဖက်တွင်...၊
ကားပါကင်သို့ ပြန်သွားရာလမ်း၌... မီလီ ဘာတွေ တွေးနေလဲ ဆိုတာ ယဲ့ဖန် မသိပေ။
သူသည် နေမဝင်အင်ပါယာတွင် ရရှိခဲ့သော အကျိုးအမြတ်များကို တိတ်တဆိတ် တွက်ချက်ကြည့်နေမိ၏။
ကျန်းကော မှ နေမဝင်အင်ပါယာ သို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း... သူ အများကြီး ရရှိခဲ့ပြီ ဖြစ်သည်။
ပထမဆုံး အနေဖြင့်... အဆက်အသွယ် ကွန်ရက်ပိုင်းတွင်... အန်းကျူ မိသားစု၊ ဘာကင်ဟမ် မိသားစု အပါအဝင် နေမဝင်အင်ပါယာ၏ ထိပ်တန်း မိသားစုများနှင့် ရင်းနှီးသော မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။ ဒေသတွင်း အကြီးဆုံး တရုတ်ဂိုဏ်း ဖြစ်သော ကြွယ်ဝခြင်းအသင်း နှင့်လည်း ထူးခြားသော ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။ ထို့အပြင် နေမဝင်အင်ပါယာ တော်ဝင် အေးဂျင့်များထံမှ အကူအညီများပါ ရရှိထားသည်။
ဒုတိယ အနေဖြင့်... ဂျယ်ရီ ဘားရိုး မိသားစုထံမှ လက်ဆင့်ကမ်းလာသော ထိပ်တန်း ရတနာ ၁၀ မျိုးထဲမှ ၂ မျိုး ဖြစ်သည့် 'အိပ်မက် ပန်းချီကား' နှင့် 'ဝီလျံဆန် ပန်းရောင်ကြယ်ပွင့်' တို့ကို ရရှိခဲ့သည်။
ထို့နောက်... လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းကို စုံစမ်းခြင်း ကိစ္စတွင်လည်း... အနည်းဆုံးတော့ လမ်းစ တစ်ခု ရရှိခဲ့ပြီ။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်း နည်းပညာ၏ မြစ်ဖျားခံရာက... သက်ရှိသိပ္ပံ သုတေသန ဌာန တချို့နှင့် ဆက်စပ်နေနိုင်တယ် ဆိုတာ သိလိုက်ရပြီ ဖြစ်၏။
ဒါတောင် စနစ်က ပေးသော ဆုလာဘ်တွေနှင့် တခြား အသေးစား အဆက်အသွယ်တွေကို မထည့်တွက်ရသေးပေ။
အတိုချုပ် ပြောရလျှင်... ဒီရလဒ်တွေနှင့် အစီအစဉ်တွေကြောင့်... နေမဝင်အင်ပါယာမှာ သူ လုပ်စရာရှိတာတွေ လုပ်သည့်အခါ အများကြီး ပိုအဆင်ပြေလာမှာ သေချာသည်။
တာဝန် အောင်မြင်နိုင်ခြေလည်း အများကြီး တိုးလာမည်ပင်။
ထိုအကြောင်းများကို တွေးမိသောအခါ ယဲ့ဖန် စိတ်သက်သာရာ ရသွားပြီး... မေဘက်ချ် S680 ကားတံခါးကို ဖွင့်ရန် ကားသော့ ထုတ်လိုက်စဉ်မှာပင် ဖုန်း ရုတ်တရက် တုန်ခါလာ၏။
ကောက်ကိုင်ကြည့်လိုက်သောအခါ... အမှိုက်ပြန်လည်သန့်စင်ရေး စခန်းအတွင်း တည်ဆောက်ထားသော အတုလုပ်ငန်း စခန်းတွင် တပ်ဆင်ခဲ့သည့် စောင့်ကြည့်ကင်မရာမှ အသိပေးချက် (Push Notification) ဝင်လာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
စောင့်ကြည့်ကင်မရာ ရှေ့တွင် လူလှုပ်ရှားမှု ရှိကြောင်း သတင်းစကား ပေါ်နေ၏။
ယဲ့ဖန် ကားတံခါးကို အမြန် ဖွင့်ပြီး ဝင်ထိုင်လိုက်သည်။ တံခါးပိတ်၊ မှန်တင်ပြီးနောက်... စောင့်ကြည့်ကင်မရာ မြင်ကွင်းကို ဖွင့်ကြည့်လိုက်၏။
သူ ထင်ထားသည့်အတိုင်းပင်... ရင်းနှီးနေသော ပုံရိပ်အချို့ စခရင်ပေါ်တွင် ပေါ်လာသည်။
သူတို့ထဲတွင်... ထိုညက လင်းတ (Vulture) ဟု ခေါ်သော လူလည်း ပါဝင်၏။
သူသည် စက်သေနတ် တစ်လက်ကို ကိုင်ဆောင်ထားပြီး... လက်မှုပညာရှင် နှစ်ဦးကို အမြန် ပြောလိုက်သည်။
"မြန်မြန် လုပ်ကြ"
"တန်ဖိုးရှိတဲ့ ကိရိယာတွေနဲ့ ပစ္စည်းတွေကို မြန်မြန် သိမ်း... ပြီးရင် ဒီနေရာမှာ အတုလုပ်ခဲ့တဲ့ သဲလွန်စ အားလုံးကို ဖျက်ဆီးပြီး အမြန်ဆုံး ဆုတ်ခွာကြမယ်"
"၁၅ မိနစ်ပဲ အချိန်ပေးမယ်... ၁၅ မိနစ် ပြည့်တာနဲ့ မီးရှို့တော့မယ်"
အဘိုးအို လက်မှုပညာရှင် နှစ်ဦးသည် ထိုစကားကို ကြားလိုက်ရသောအခါ... အတုလုပ်သည့် နေရာသို့ အပြေးအလွှား သွားပြီး တန်ဖိုးရှိသော ပစ္စည်းများကို အမြန် သိမ်းဆည်းလိုက်ကြသည်။
...
ယဲ့ဖန် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိ၏။
‘အတုလုပ်တဲ့ သက်သေအထောက်အထားတွေကို ရုတ်တရက် ဖျက်ဆီးပြီး... မီးရှို့ဖျက်ဆီးမယ် ဟုတ်လား။
ဘာဖြစ်လို့လဲ။
ပြီးတော့... သူ အန်းကျူပရင့်စ် နဲ့အတူ ဝင်ရောက် စုံစမ်းပြီး စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ခဲ့ကတည်းက... ဒီလူတွေက ဒီနေရာကို အသုံးပြုပုံ မရဘူး။ အတုလုပ်ဖို့ ဘယ်သူမှ ဝင်မလာကြတော့ဘူး။ အခုမှ ဘယ်ကနေ ရောက်လာကြတာလဲ။ ဘာလို့ ဒီလောက် သတိကြီးပြီး ဂရုစိုက်နေကြတာလဲ။’
သာမန် အတုလုပ်ငန်း စခန်းတစ်ခုက သည်လောက်ထိ သတိထားနေစရာ မလိုပါချေ။
ချဲ့ကားပြောရလျှင်... မူးယစ်ဆေးဝါး ထုတ်လုပ်သော စခန်းတချို့တောင် ဒီလောက်ထိ သတိမကြီးကြပေ။
အခန်း (၁၇၅၆) - မထင်မှတ်ထားသော သတင်း
~ယဲ့ဖန် စဉ်းစားနေစဉ်မှာပင်... စောင့်ကြည့်ကင်မရာ မြင်ကွင်းထဲ၌ အတုလုပ်ငန်း စခန်းအတွင်းရှိ တန်ဖိုးရှိသော ပစ္စည်းများနှင့် ကုန်ကြမ်းများကို သိမ်းဆည်းနေကြသော၊ အတုလုပ်သည့် သဲလွန်စများကို ဖျက်ဆီးနေကြသော အဘိုးအို လက်မှုပညာရှင် နှစ်ဦးသည်... လင်းတ (Vulture) ဘက်သို့ လှည့်ကြည့်လိုက်၏။
"အစ်ကို လင်းတ... မစ္စတာ ဆီမီယာ က အရမ်း သတိကြီးလွန်းနေတယ်လို့ မထင်ဘူးလား"
"လွန်ခဲ့တဲ့ တစ်ခေါက်က ခင်ဗျားကားထဲမှာ ခြေရာခံ ကိရိယာ (Tracking device) တွေ့ခဲ့ကတည်းက... အဲ့ဒီည ကျွန်တော်တို့ကို ခေါ်လာပြီး သဲလွန်စတွေ ထပ်ခါထပ်ခါ လိုက်ရှာခိုင်းတယ်... ရှာလို့ မတွေ့တော့လည်း... ကျွန်တော်တို့ ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ ဒီစခန်းကို စွန့်လွှတ်ခိုင်းတယ်"
"ဒါ နည်းနည်း များလွန်းမနေဘူးလား"
လင်းတသည် တံခါးဝတွင် ရပ်လျက် ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်၏။ သူသည် ပျင်းရိစွာ မျက်လုံးမှေးကြည့်ရင်း ပြောလိုက်သည်။
"နိုင်ငံခြား စကားပုံ တစ်ခု မကြားဖူးဘူးလား"
"နောင်တရတာထက် စာရင် ကြိုတင် ကာကွယ်ထားတာ ပိုကောင်းတယ် (Better safe than sorry) တဲ့"
"မစ္စတာ ဆီမီယာ ဒီလို စီစဉ်တာ အကြောင်းရင်း ရှိမှာပေါ့... ကျွန်တော်တို့က လက်အောက်ငယ်သားတွေပဲ... အမိန့်အတိုင်း လိုက်နာပြီး ကိုယ့်အလုပ် ကိုယ်ကောင်းကောင်း လုပ်ရင် ပြီးတာပဲ"
လက်မှုပညာရှင် နှစ်ဦးသည် မကျေနပ်သေးပုံ ရ၏။
"အစ်ကို လင်းတ ပြောတာ ကျွန်တော်တို့ နားလည်ပါတယ်"
"ဒါပေမဲ့ ဒီနေရာရဲ့ အခြေအနေကို ခင်ဗျားလည်း မြင်တာပဲ... ဒီစခန်း အတွင်းအပြင်မှာ ကျွန်တော်တို့ ဆင်ထားတဲ့ ထောင်ချောက်တွေကို ပြင်ပလူတွေ ရှာတွေ့ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ဒီလောက် ကြာသွားတာတောင် ဘယ်သူမှ လာထိထားတဲ့ ခြေရာလက်ရာ မတွေ့ရဘူး... ပြီးတော့ ကျွန်တော်တို့ရဲ့ အလုပ်စားပွဲကလည်း ကျွန်တော်တို့ ထားခဲ့တဲ့ အတိုင်းပဲ... ကြမ်းပြင်ပေါ်က ဖုန်မှုန့်တွေတောင် အရာမယွင်းဘူး... ဒီနေရာကို ဘယ်သူမှ ရှာမတွေ့ဘူး ဆိုတာ သိသာထင်ရှားနေတာပဲ"
"ဒါပေမဲ့ အခုချိန်ကျမှ... ကျွန်တော်တို့ အချိန်အကြာကြီး လည်ပတ်ခဲ့တဲ့၊ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့တဲ့ ဒီအသိုက်အမြုံကို စွန့်ခွာပြီး... တခြားနေရာသစ် ရှာရမယ်၊ လုပ်ငန်းသစ် ပြန်စဖို့ အချိန်တွေ အများကြီး ထပ်ပေးရမယ် ဆိုတော့... နည်းနည်း မလိုအပ်ဘဲ အလုပ်ပိုနေသလိုပဲ"
လင်းတသည် နောက်ထပ် ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်ပြန်၏။
"ခင်ဗျားတို့ ပြောတာ အဓိပ္ပာယ် မရှိတာတော့ မဟုတ်ဘူး"
"ဒါပေမဲ့ ကျွန်တော့်အထင်တော့ မစ္စတာ ဆီမီယာ က ဒါကို ဂရုစိုက်မယ် မထင်ဘူး"
"ဘာဖြစ်လို့လဲ"
လက်မှုပညာရှင် နှစ်ဦးသည် လုပ်လက်စ အလုပ်များကို ရပ်လိုက်ကြ၏။
လင်းတသည် မျက်လုံးများကို မှေးလိုက်ပြီး၊ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဘာလို့လဲ ဆိုတော့ သူက မလောင်းရဲလို့လေ... ခြေရာခံ ကိရိယာနဲ့ အလိုက်ခံရတဲ့ ဒီနေရာကို တခြားသူတွေ မသိသေးပါဘူး ဆိုတာကို သူ မလောင်းရဲဘူး"
"ကျွန်တော်တို့သာ အဖမ်းခံရရင်... ထောင်ထဲမှာ နှစ်အနည်းငယ်လောက်ပဲ နေရမှာ... ပြန်လွတ်လာရင် လူကောင်း ပြန်ဖြစ်လို့ ရတယ်"
"ဒါပေမဲ့ သူက ကျွန်တော်တို့လို တောသားတွေနဲ့ မတူဘူး... သူက နေမဝင်အင်ပါယာမှာ နာမည်ကြီး ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူ တစ်ယောက်လေ... ပြီးတော့ ဒီဗွန်ရှိုင်ယား မြို့စား မိသားစု လက်အောက်က ရှေးဟောင်းပစ္စည်း လုပ်ငန်းရဲ့ အကြီးတန်း အတိုင်ပင်ခံ ပုဂ္ဂိုလ်"
"ဒီနေရာက မဲမှောင်နေတဲ့ လုပ်ငန်းတွေ ပေါ်သွားတာနဲ့... သူ့ဂုဏ်သိက္ခာ ကျဆင်းရုံတင် မကဘူး... သူပါ အပိုင်းပိုင်း အစစ အလုပ်ခံရနိုင်တယ်"
လက်မှုပညာရှင် နှစ်ဦး မယုံနိုင် ဖြစ်သွားကြ၏။
"သူ့ဂုဏ်သိက္ခာ ကျဆင်းမယ် ဆိုတာတော့ လက်ခံလို့ ရပါတယ်... ဒါပေမဲ့ အပိုင်းပိုင်း အစစ အလုပ်ခံရမယ် ဆိုတာကတော့ လွန်လွန်းမနေဘူးလား"
"နေမဝင်အင်ပါယာ ဥပဒေအရ ဆိုရင်... သူ့ကို အမြင့်ဆုံး ပြစ်ဒဏ် ပေးရင်တောင်မှ အနှစ် ၂၀ ထက် ပိုမကျနိုင်ပါဘူး"
"မစ္စတာ ဆီမီယာ ရဲ့ ငွေကြေး အင်အားနဲ့ ဆိုရင်... ရှေ့နေကောင်းကောင်း ငှားပြီး လျှောက်လဲလိုက်ရင် ၁၀ နှစ်အောက်ပဲ ကျဖို့ များပါတယ်..."
"ဒါဆိုရင် ခင်ဗျားတို့က အရမ်း ရိုးလွန်းအားကြီးတယ်"
လင်းတ မဲ့ပြုံး ပြုံးလိုက်ပြီး ဖြတ်ပြောလိုက်၏။
"ဒီမှာ လုပ်နေတာ ဒီလောက် ကြာပြီ... မစ္စတာ ဆီမီယာ က ဒီအတုလုပ်ငန်းတွေရဲ့ နောက်ကွယ်က တကယ့် ကြိုးကိုင်သူ မဟုတ်ဘူး ဆိုတာ မသိကြဘူးလား"
"အလွန်ဆုံး ရှိလှ သူက အကောင်အထည် ဖော်ပေးတဲ့သူ... ဒီလုပ်ငန်းရဲ့ တာဝန်ခံ တစ်ယောက်ပဲ ရှိသေးတယ်"
"ကျွန်တော်တို့ အဖွဲ့ရဲ့ နောက်ကွယ်မှာ... ကြောက်စရာ ကောင်းတဲ့ ရှိရင်းစွဲ အင်အားကြီး တစ်ခု ရှိနေတယ်"
ထိုအချိန်တွင် လက်မှုပညာရှင် နှစ်ဦးသည် တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ဖြစ်သွားပြီး... သူတို့၏ မျက်လုံးများ တုန်လှုပ်သွားကြ၏။
"အစ်ကို လင်းတ... ခင်ဗျား ဆိုလိုတာက ဒီဗွန်ရှိုင်းယား မြို့စား မိသားစုလား"
"မစ္စတာ ဆီမီယာ က ဒီဗွန်ရှိုင်းယား မြို့စား မိသားစု လက်အောက်က ရှေးဟောင်းပစ္စည်း လုပ်ငန်းရဲ့ စီနီယာ အတိုင်ပင်ခံလေ... သူ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိတယ် ဆိုရင်... အဲ့ဒါ ဒီဗွန်ရှိုင်းယား မြို့စား မိသားစုက လူပဲ ဖြစ်ရမယ်"
"အခု ခင်ဗျား ပြောမှ သတိရတယ်... အရင်တုန်းက ကျွန်တော်တို့ကို ဂျယ်ရီ ဘားရိုး မိသားစုကနေ လက်ဆင့်ကမ်းလာတဲ့ ရတနာ တစ်ခုရဲ့ ပုံတူ လုပ်ခိုင်းဖူးတယ်လေ... ကျွန်တော်တို့ အတုလုပ်ပြီးတဲ့ အချိန်မှာ... အစစ်က ဒီဗွန်ရှိုင်းယား မိသားစု လက်ထဲ ရောက်သွားတယ်"
"ဒီအတုလုပ်ငန်းကို တကယ် ချုပ်ကိုင်ထားတာက ဒီဗွန်ရှိုင်းယား..."
"ရပ်လိုက်... ရပ်လိုက်တော့"
လင်းတသည် တားမြစ်ချက် တစ်ခုခုကို ထိမိသွားသကဲ့သို့ ဖြစ်သွားပြီး အလျင်စလို ဖြတ်ပြောလိုက်၏။
ဖြတ်ပြောရင်း သူသည် ဘေးပတ်ဝန်းကျင်ကို အမြန် ဝေ့ကြည့်လိုက်သည်။ တခြားလူ မရှိကြောင်း သေချာမှ အသံနှိမ့်ပြီး ပြောလိုက်၏။
"ခင်ဗျားတို့ နားလည်ရင် ပြီးတာပါပဲ"
"အသံထွက်ပြီး ထုတ်မပြောနဲ့"
"အမူအရာ မပျက်စေနဲ့"
"မဟုတ်ရင်... ဒီကိစ္စတွေ ပေါက်ကြားသွားတာနဲ့... သူတို့က မစ္စတာ ဆီမီယာ ကို နှုတ်ပိတ်ရုံတင် မကဘူး... ခင်ဗျားတို့ အားလုံးကိုပါ နှုတ်ပိတ်ပစ်လိမ့်မယ်... နားလည်လား"
"နားလည်ပါပြီ... နားလည်ပါပြီ"
လက်မှုပညာရှင် နှစ်ဦးသည် ကြောက်လန့်တကြား တိတ်ဆိတ်သွားကြ၏။ တစ်ချိန်တည်းမှာပင် သဘောပေါက်သွားသော မျက်နှာထားများ ဖြစ်ပေါ်လာသည်။
"ဒါကြောင့်မို့လို့ ခင်ဗျားက... ဒီနေရာ ပေါ်သွားတာနဲ့ မစ္စတာ ဆီမီယာ အပိုင်းပိုင်း အစစ အလုပ်ခံရမယ်လို့ ပြောတာကိုး"
"ခင်ဗျားရဲ့ သုံးသပ်ချက် အရ ဆိုရင်... တကယ်လို့ အဲ့ဒီ အဆင့်ထိ ရောက်သွားရင်... သတင်းမပေါက်ကြားအောင် မစ္စတာ ဆီမီယာ ကို အရှင်ထားမယ် မထင်ဘူး"
"ကျွန်တော်တို့ ဘာမှ မပြောတော့ပါဘူး... အခုချက်ချင်း ရှင်းလင်းပြီး သဲလွန်စတွေ ဖျက်ဆီးလိုက်ပါ့မယ်"
လင်းတ ဘာမှ ဆက်မပြောတော့ပေ။ ဆေးလိပ် ကုန်သွားသောအခါ မီးပွားများကို သေချာ ငြိှမ်းသတ်လိုက်ပြီး... ဘေးနားရှိ ဆီပေပါကြီး တစ်လုံးကို သွားမလိုက်၏။ အဖုံးဖွင့်လိုက်ပြီး အတုလုပ်ငန်း စခန်း တစ်ခုလုံး နှံ့စပ်အောင် လောင်းချလိုက်သည်။
လက်မှုပညာရှင် နှစ်ဦးသည် ပစ္စည်းများကို အမြန် သိမ်းဆည်းပြီး၊ အတုလုပ်သည့် သက်သေအထောက်အထားများကို ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးကာ... ဓာတ်ဆီလောင်းပြီးသောအခါ... လင်းတသည် နောက်ထပ် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်၏။
ထို့နောက် နောက်ဆုတ်ရင်း မီးခြစ်ကို အတုလုပ်ငန်း စခန်းထဲသို့ ပစ်ထည့်လိုက်သည်။
"ဘုန်း"
မီးတောက်များ ချက်ချင်း ထိုးတက်လာ၏။
ဝါးတားတား ဖြစ်နေသော မြင်ကွင်းထဲတွင်... လင်းတနှင့် အဖွဲ့သားများသည် ကားပေါ်သို့ အမြန် တက်ပြီး ထွက်ခွာသွားကြလေတော့သည်။
...
ခဏအကြာတွင် အပူချိန် မြင့်တက်လာမှုကို မခံနိုင်တော့ဘဲ... မိုက်ခရို စောင့်ကြည့်ရေး ကိရိယာ (Micro-surveillance equipment) သည် လုံးဝ ပျက်စီးသွား၏။ မိုဘိုင်းဖုန်း စောင့်ကြည့်မှု အချက်ပြ (Signal) လည်း လုံးဝ ပြတ်တောက်သွားလေတော့သည်။
ယဲ့ဖန်သည် သူ၏ မေဘက်ချ် S680 ကားထဲတွင် ထိုင်လျက်... ဗီဒီယို ဖိုင်ကို အမြန် ဒေါင်းလုဒ် လုပ်ပြီး သိမ်းဆည်းလိုက်၏။ သူ၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေသည်။
စောစောက စောင့်ကြည့်ကင်မရာ မြင်ကွင်းကနေ သတင်းအချက်အလက် အများကြီး ရလိုက်သည်။
‘ပထမဆုံး အနေနဲ့... သူတို့ရဲ့ စကားဝိုင်းအရ... ဒီအတုလုပ်ငန်း ဂိုဏ်းက မစ္စတာ ဆီမီယာ ကို ဗဟိုပြုပြီး လည်ပတ်နေသယောင် ရှိပေမယ့်... နောက်ကွယ်မှာ ဒီဗွန်ရှိုင်းယား မြို့စား မိသားစု ရှိနေဖို့ သေချာသလောက်ပဲ။
ဒုတိယ အနေနဲ့... သူတို့ ပြောစကားတွေကို ထောက်ချင့်ကြည့်ရင်... ဒီလူတွေက ဂျယ်ရီ ဘားရိုး မိသားစုဆီကနေ ပျံ့နှံ့လာတဲ့ ပစ္စည်းတွေရဲ့ အတုလုပ်ငန်းမှာ အရင်ကတည်းက ပါဝင်ပတ်သက်ခဲ့ကြတယ်။
ဒါက ကာလီနာ အရင်က ပြောခဲ့တဲ့ စကားနဲ့လည်း ကိုက်ညီနေတယ်။ သူမက ဂျယ်ရီ ဘားရိုး မိသားစုရဲ့ အဖိုးတန် စုဆောင်းမှု တစ်ခုကို ခက်ခက်ခဲခဲ ပြန်ယူလာနိုင်ခဲ့ပေမယ့်... အထက်လူကြီးဆီ အပ်ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီပစ္စည်းက ဒီဗွန်ရှိုင်းယား မိသားစု လက်ထဲ ရောက်သွားတယ်လေ။ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ ရောက်သွားတဲ့ ပစ္စည်းကတော့ အတုနဲ့ အစားထိုးခံလိုက်ရပုံ ရတယ်... အခုထိ ဘယ်သူမှ မရိပ်မိကြသေးဘူး။ ဒါက ကွက်တိပဲ။
စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ ထဲမှာ ဒီဗွန်ရှိုင်းယား မိသားစုက သူလျှိုတွေ ထည့်ထားတယ် ဆိုတာကို ပြန်စဉ်းစားကြည့်လိုက်တော့...
ဒီဗွန်ရှိုင်းယား မြို့စား မိသားစုမှာ ပြဿနာ တစ်ခုခု ရှိနေတာ သိသာထင်ရှားနေပြီ။
သူတို့ရဲ့ ဆက်တိုက် လုပ်ဆောင်ချက်တွေကို ကြည့်ရတာ... ဂျယ်ရီ ဘားရိုး မိသားစုရဲ့ ရတနာတွေကို ရိုးရိုးလေး လုယူနေတာ မဟုတ်ဘဲ... ပိုကြီးမားပြီး နက်ရှိုင်းတဲ့ ပူးပေါင်းကြံစည်မှု တစ်ခု ရှိနေသလိုပဲ။’
“ဒီမိသားစု အကြောင်း ပိုသိရအောင်... အခွင့်အရေး တစ်ခု ရှာမှ ဖြစ်မယ်”
အခန်း (၁၇၅၇) - ခံစားချက်ကို သေချာ ထုတ်မပြောတတ်ဘူးလား
~"ဒီမိသားစု အကြောင်း ပိုသိရအောင်... အခွင့်အရေး တစ်ခု ရှာမှ ဖြစ်မယ်"
ယဲ့ဖန် စိတ်ကူးလိုက်သည်နှင့် တပြိုင်နက်... ဖုန်းကို ပြန်မချရသေးခင်မှာပင် ထပ်မံ တုန်ခါလာ၏။
သေချာ ကြည့်လိုက်သောအခါ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်နေသည်။
ဖုန်းကိုင်လိုက်သည်နှင့်... ဆွဲဆောင်မှု ရှိပြီး လေးစားသမှု ပြည့်ဝသော အမျိုးသမီး တစ်ဦး၏ အသံကို ကြားလိုက်ရ၏။
"ဟယ်လို... မစ္စတာယဲ့ဖန် ပါလားရှင်"
တစ်ဖက်လူက သူ့နာမည်ကို မှတ်မိပြီး၊ တရုတ်လူမျိုး ဖြစ်ကြောင်း အတည်ပြုထားပုံ ရသည်။ သူမ နှုတ်ဆက်သောအခါ... အလွန် ညံ့ဖျင်းသော တရုတ်စကားဖြင့် နှုတ်ဆက်လာ၏။
ယဲ့ဖန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရပြီး၊ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ဘယ်သူပါလဲ"
"မင်္ဂလာပါ... သူဌေး... ကျွန်မက... မေရို့ထျန်းချန် (Meiruo Tiancheng)... ဆေးဘက်ဆိုင်ရာ... အလှပြုပြင်ရေး အုပ်စုရဲ့... ဒါရိုက်တာ... အိုက်ရှီ (Ai Xi) ပါ"
တစ်ဖက်လူ၏ တရုတ်စကားမှာ သိပ်မကောင်းလှပေ။ ဆိုလိုရင်းကို ခန့်မှန်းရသလောက် နားလည်နိုင်သော်လည်း၊ အသုံးပြုရတာ အလွန် စိမ်းနေပြီး စကားပြောတာ အရမ်း နှေးကွေးနေသည်။
"ကိစ္စက... ဒီလိုပါ..."
အစပိုင်းတွင် ယဲ့ဖန် စိတ်ဝင်စားနေသော်လည်း... ခဏအကြာတွင် ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။ သူ မနေနိုင်ဘဲ မေးလိုက်သည်။
"ခင်ဗျား တရုတ်စကားကို ဘယ်သူ့ဆီက သင်ထားတာလဲ... နည်းနည်း ဖြစ်သလို နိုင်လွန်းမနေဘူးလား"
"ကျွန်တော်နဲ့ အင်္ဂလိပ်လိုပဲ ပြောပါတော့"
"တောင်းပန်ပါတယ် သူဌေး"
ဖုန်းတစ်ဖက်ခြမ်းမှ အိုက်ရှီ သည် အားနာသွားပုံရ၏။ သူမသည် အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြန်ပြောလိုက်သည်။
"ကျွန်မတို့ ကုမ္ပဏီက တရုတ်ပြည်က အရေးကြီး ဖောက်သည်တွေ အများကြီးကို လက်ခံထားလို့... ဝန်ထမ်း အားလုံးနီးပါး 'တရုတ်စကား အမြန်သင်တန်း' တက်ထားကြပါတယ်... ဒါပေမဲ့ ကျွန်မက ဖောက်သည်တွေနဲ့ တိုက်ရိုက် တွေ့ဆုံရတဲ့ အပိုင်းကို တာဝန်မယူထားတော့... တရုတ်လူမျိုးတွေနဲ့ ထိတွေ့ဆက်ဆံရတာ ရှားပါတယ်... တရုတ်စကား ပြောခွင့်လည်း သိပ်မရှိပါဘူး... အခုလို အရှက်ကွဲမိတဲ့ အတွက် တောင်းပန်ပါတယ်ရှင်"
ယဲ့ဖန် ထိုအသေးစိတ် အချက်အလက်များကို ဂရုမစိုက်ပေ။ တစ်ဖက်လူက သူ့ကို လေးစားကြောင်း ခံစားမိပြီးနောက်... သူ တိုက်ရိုက် မေးလိုက်၏။
"ရပါတယ်ဗျာ... လိုရင်းကိုပဲ ပြောကြရအောင်"
"လွှဲပြောင်းရယူခြင်း ကိစ္စအတွက် ဖုန်းဆက်တာလား"
"ဟုတ်ကဲ့ပါ"
အိုက်ရှီ အမြန် ပြန်ဖြေလိုက်၏။
"သူဌေး... မေရို့ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှပြုပြင်ရေး အုပ်စုရဲ့ ရှယ်ယာ အားလုံးကို သူဌေး ဝယ်ယူလိုက်တဲ့ အတွက်... သက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ လွှဲပြောင်းရေး လုပ်ထုံးလုပ်နည်းတွေ အဆင်သင့် ဖြစ်ပါပြီ"
"သူဌေး ဘယ်အချိန် အဆင်ပြေမလဲရှင်"
"ကျွန်မ ဘယ်အချိန်မဆို သူဌေးဆီ လာပြီး... ရှယ်ယာနဲ့ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်း ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်"
ယဲ့ဖန်သည် သူ့ကုမ္ပဏီ အသစ်ကို သွားရောက် ကြည့်ရှုချင်နေသဖြင့် ချက်ချင်း ပြောလိုက်၏။
"မနက်ဖြန်"
"ကုမ္ပဏီရဲ့ အခြေခံ အချက်အလက်တွေကို ငါ့ဆီ ပို့ထားလိုက်... ပြီးရင် လိပ်စာ ပို့ပေး... ငါ ကိုယ်တိုင် လာကြည့်မယ်"
"အဲ့ဒီအချိန်ကျမှ လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေ လုပ်ကြတာပေါ့"
"ဟုတ်ကဲ့ပါ"
ဖုန်းတစ်ဖက်ခြမ်းမှ အိုက်ရှီ သည် ဘာမှ ဆက်မမေးတော့ပေ။ ပြန်ဖြေပြီးနောက်... သူမ ချက်ချင်း စာတစ်စောင် ရိုက်ပြီး ပို့လိုက်၏။
တစ်ချိန်တည်းမှာပင် အီလက်ထရောနစ် စာရွက်စာတမ်း (Electronic document) တစ်စောင်လည်း ဝင်ရောက်လာသည်။
ယဲ့ဖန် ဖုန်းချလိုက်ပြီး... အန်းကျူပရင့်စ် ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ... စာရွက်စာတမ်းကို ဖွင့်ပြီး စတင် ဖတ်ရှုလိုက်၏။
ဖတ်ကြည့်လိုက်မှ... ဒီကုမ္ပဏီက ဇီဝဗေဒ သုတေသန ဌာန တချို့နှင့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေမှန်း သိလိုက်ရသည်။
အဆင့်မြင့် ဆေးဘက်ဆိုင်ရာ အလှပြုပြင်ရေး စီမံကိန်း တချို့ကို... ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန ဌာနတွေ၏ သိပ္ပံနှင့် နည်းပညာတွေက ပံ့ပိုးပေးထားသည်။ ထိုအထဲမှာ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်း နည်းပညာ လည်း ပါဝင်သည်။ မျိုးရိုးဗီဇ အဆင့်ကနေ လူတစ်ယောက်၏ အသားအရေနှင့် ရုပ်ရည်ကို တိုးတက်အောင် ကူညီပေးနိုင်သည် ဆိုပဲ။
ဒီလို ထူးခြားသော နည်းပညာတွေကြောင့်... ဆေးဘက်ဆိုင်ရာ အလှပြုပြင်ရေး အုပ်စု၏ ဖောက်သည်တွေထဲမှာ ကမ္ဘာအနှံ့က နာမည်ကျော်တွေ၊ အထက်တန်းလွှာတွေ အများကြီး ပါဝင်နေသည်။
အိုက်ရှီ ပေးပို့လာသည့် အသေးစိတ် အချက်အလက်တွေထဲမှာ... ယဲ့ဖန် ရင်းနှီးနေသော တရုတ် နာမည်ကျော်တွေ၊ ဂျပန် နာမည်ကျော်တွေ၊ ကိုရီးယား နာမည်ကျော်တွေ အများကြီး၏ နာမည်တွေကိုပါ တွေ့လိုက်ရသည်။
"ငါ့လက်ထဲက ဒီသတင်းအချက်အလက် တစ်ပိုင်းတစ်စသာ ပေါက်ကြားသွားရင်... နိုင်ငံအသီးသီးက အနုပညာလောကတွေမှာ ဟိုးလေးတကျော် ဖြစ်သွားလောက်တယ်"
"အိုင်ဒေါ လ်တွေ အများကြီး ပလပ်စတစ် ဆာဂျရီ လုပ်ထားကြတာပဲ... သူတို့ ပရိသတ်တွေသာ သိရင် ရူးသွားကြမှာ သေချာတယ်"
"ဒါပေမဲ့ ကိုရီးယားမှာတော့ တစ်မျိုးပေါ့... သူတို့နိုင်ငံမှာက ပလပ်စတစ် ဆာဂျရီ ဆိုတာ သာမန် ကိစ္စလို ဖြစ်နေပြီလေ"
"..."
ယဲ့ဖန် မနေနိုင်ဘဲ ခေါင်းခါပြီး ရယ်လိုက်မိ၏။
ထိုစဉ် သူ၏ နားရွက်များ အလိုအလျောက် လှုပ်ရှားသွားပြီး... စူးရှသော အကြားအာရုံက တစ်စုံတစ်ယောက် လာနေသည်ကို ထောက်လှမ်းမိလိုက်၏။
ခြေသံ စည်းချက်နှင့် အလေးချိန်ကို ထောက်ချင့်ကြည့်လျှင်... ဒီတိုက်ခန်း ပိုင်ရှင် အန်းကျူပရင့်စ် ပင် ဖြစ်သည်။
သူ ချက်ချင်း ဖုန်းချလိုက်ပြီး... ဝရံတာတွင် ထိုင်ကာ စိတ်ဓာတ်ကျနေသော မျက်နှာထားလေး လုပ်လိုက်၏။
...
သူ ထင်ထားသည့်အတိုင်းပင်... တံခါးဖွင့်လာပြီး သူ့ကို ဒီပုံစံကြီးနှင့် တွေ့လိုက်ရသောအခါ... ပင်ပန်းနွမ်းနယ်နေသော အန်းကျူပရင့်စ် သည် ချက်ချင်း စိတ်ပူသွားပြီး... နာကျင်ခံစားရသော မျက်နှာထားဖြင့် အနားသို့ လျှောက်လာ၏။ သူမသည် သူ့လက်ကို ဦးဆောင် ဆုပ်ကိုင်လိုက်ပြီး ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ အချစ်"
"ဘာလို့ မျက်နှာက မကောင်းရတာလဲ"
ယဲ့ဖန် ချက်ချင်း စိတ်ဓာတ်ကျသော မျက်နှာထားဖြင့် သက်ပြင်းချလိုက်၏။
"အရင်တုန်းက ကိုယ် မင်းနဲ့အတူ ရှိနေတုန်းက... ဒါက ကိုယ်တို့နှစ်ယောက် ကြားက ကိစ္စလို့ပဲ ထင်ခဲ့တာ... ဒါပေမဲ့ ဒီနေ့မှ ကိုယ် သိလိုက်ရတယ်... ကိုယ် အရမ်း ရိုးလွန်းအားကြီးတယ် ဆိုတာ"
"ဘာလို့ အဲ့လို ပြောရတာလဲ အချစ်ရယ်"
အန်းကျူပရင့်စ် ယဲ့ဖန်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။
"ဒီနေ့ တစ်ခုခု ဖြစ်ခဲ့လို့လား"
"ဖေဖေက ကျွန်မတို့နှစ်ယောက်ကို ကောင်းချီးပေးမယ်လို့ ပြောပြီးသားပဲလေ... သမီးရဲ့ ပျော်ရွှင်မှုကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတာပဲ... သူ တားမှာ မဟုတ်ပါဘူး"
ထိုအခါ၊ ယဲ့ဖန် သူမဘက်သို့ လှည့်ကြည့်လိုက်၏။
"ဒီနေ့ ကိုယ် လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်"
"အစတုန်းကတော့... အဲ့ဒီလူက ကိုယ် လုပ်ခဲ့တာတွေကို မြင်ပြီး... ကိုယ့်ကို မိတ်ဖွဲ့ဖို့ ကိုယ်တိုင် လာပြောခဲ့တာ"
"ဒါပေမဲ့ ကိုယ့်နာမည်ကို ကြားပြီး... ကိုယ်က မင်းကို သိလားလို့ မေးပြီးတဲ့နောက်... သူက ကိုယ်နဲ့ မိတ်မဖွဲ့ချင်တော့ဘူးတဲ့"
"ဘယ်သူလဲ"
အန်းကျူပရင့်စ် ချက်ချင်း မျက်မှောင်ကလေး ကြုတ်လိုက်၏။
"ဘယ်လိုလုပ် အဲ့လို ပြောရဲရတာလဲ"
"ဘယ်သူလဲ ပြော... ကျွန်မ သူ့ကို သွားပြီး လက်စားချေပေးမယ်"
"တခြားလူတွေကို မေးကြည့်မှ သိရတာ... သူ့နာမည်က အာဂျိုင်း ဟန်ဆန် တဲ့... အာဂျိုင်း မြို့စား မိသားစုရဲ့ အနာဂတ် ဆက်ခံသူတဲ့"
ယဲ့ဖန် သက်ပြင်း ထပ်ချလိုက်ပြန်၏။
အန်းကျူပရင့်စ် ထိုစကားကို ကြားလိုက်ရသောအခါ ကြောင်သွားပြီး၊ တစ်စုံတစ်ရာကို အထင်လွဲသွားသကဲ့သို့ ဖြစ်သွား၏။ သူမသည် ယဲ့ဖန်၏ လက်ကို အမြန် ယူလိုက်ပြီး သူမ၏ မျက်နှာပေါ် တင်လိုက်သည်။
"သူ့ကို ဂရုမစိုက်ပါနဲ့ အချစ်ရယ်"
"စိတ်လှုပ်ရှားစရာ မလိုပါဘူး"
"ကျွန်မ သူတို့ကို စိတ်မဝင်စားပါဘူး"
"သူတို့ရဲ့ အဆင့်အတန်းက ဘယ်လိုပဲ ဖြစ်နေပါစေ... သူတို့ရဲ့ ကိုယ်ရေးရာဇဝင် (Resume) နဲ့ နောက်ခံက ဘယ်လောက်ပဲ လှပနေပါစေ... ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ နှလုံးသားက အမြဲတမ်း အချစ်အတွက်ပါပဲ"
ပြောပြောဆိုဆိုပင် သူမသည် ယဲ့ဖန် ဖိအားများ ခံစားနေရမည်ကို စိုးရိမ်သဖြင့်... ယဲ့ဖန်၏ လက်ကို ခဏတာ ပွတ်သပ်ပေးပြီးနောက်... သူ့အနားသို့ တိုးကပ်ကာ ခန္ဓာကိုယ် တစ်ဝက်လောက် မှီလိုက်၏။
"သမီး ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်..."
ယဲ့ဖန် သတိထားမိလိုက်သည်မှာ... သူ့မျက်နှာထား လျော့မသွားသေးသည်ကို သူမ သတိပြုမိလိုက်ပြီးနောက်... သူ့ကို မှီထားရင်း စိတ်လှုပ်ရှားလာပုံ ရသည်။
သူမ၏ ခန္ဓာကိုယ်လည်း တင်းမာလာ၏။
သူ သက်ပြင်း ထပ်ချလိုက်ပြန်သည်။
"ဟူး... ကိုယ် သူတို့ကို မကြောက်ပါဘူး"
"ဒီကိစ္စကြောင့် ကိုယ် စိတ်လှုပ်ရှားနေတာ မဟုတ်ပါဘူး"
"ကိုယ်က နစ်နာတယ်လို့ ခံစားရလို့ပါ... ကိုယ် ဘာမှ မလုပ်ရသေးဘဲနဲ့... ဖော့ခ်စီးတီး အထက်တန်းလွှာ အသိုင်းအဝိုင်းက ကိုယ်နဲ့ မင်းရဲ့ ဆက်ဆံရေးကို သိကုန်ကြပြီ... ပြီးတော့ အချစ်ပြိုင်ဘက်တွေပါ ထွက်လာကြပြီ..."
ပြောရင်းဆိုရင်း သူသည် အန်းကျူပရင့်စ် ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
အန်းကျူပရင့်စ် ဘာဖြစ်နေလဲ ဆိုတာ သဘောမပေါက်သေးပုံ ရသည်။
သူမသည် ယဲ့ဖန်ကို ခဏတာ စိုက်ကြည့်ပြီးမှ ကိုယ်ကို မတ်လိုက်၏။
"ဒါဆို... အချစ် ဆိုလိုတာက..."
ယဲ့ဖန် သူမကို အကဲခတ်ကြည့်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"မင်းရဲ့ ချစ်သူက မင်းအတွက် ဒီလောက် သည်းခံပေးထားတာ... ကျေးဇူးတင်ကြောင်း မပြောတတ်ဘူးလား... လျော်ကြေး မပေးတတ်ဘူးလား"
“ဒီည... ဝမ်းဒါး ဝုမန်း (Wonder Woman) ဝတ်စုံနဲ့... ကော့စ်ပလေး (Cosplay) လုပ်ကြမလားကွာ”