← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း ၁၉ - မဟာလျှိုမြောင်ကြီး

မဟာလျှိုမြောင်ကြီးသည် အာရီဇိုးနားကုန်းပြင်မြင့်ဒေသ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ၎င်းကို ကော်လိုရာဒိုမြစ်က တိုက်စားဖန်တီးထားခြင်းဖြစ်ပြီး ဖော်ပြမတတ်နိုင်အောင် လှပလွန်းလှသည်။

ရှဖေးသည် ကော်လိုရာဒိုမြစ်လက်တက်တစ်ခု၏ ဘေးတွင် တဲထိုးလိုက်သည်။ သူသည် မီးမွှေးလိုက်ပြီး အိုးထဲသို့ စည်သွတ်ဘူး ခုနစ်ဘူး၊ ရှစ်ဘူးခန့် လောင်းထည့်ကာ စွပ်ပြုတ်တစ်အိုး ချက်ပြုတ်လိုက်သည်။

ရှဖေးသည် ဆဲလ်မြှင့်တင်ဆေးကို စုပ်ယူပြီးကတည်းက သူ၏ စားသောက်လိုစိတ်မှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာသလို သူ၏ ကြွက်သားအူကြောင်းများမှာလည်း ပိုမိုသိသာထင်ရှားလာခဲ့သည်။ သူ၏ ပေါင်ပေါ်ရှိ ဒဏ်ရာမှာ သာမန်လူများထက် ဆယ်ဆမျှ ပိုမိုမြန်ဆန်စွာ ကျန်းမာလာနေသော်လည်း လမ်းလျှောက်ချိန်တွင်တော့ နာကျင်နေဆဲပင် ဖြစ်သည်။

ရှဖေးသည် စွပ်ပြုတ်တစ်အိုးလုံးကို ကုန်အောင်စားလိုက်ပြီး ရေသန့်တစ်ပုလင်းကို တစ်ချက်တည်းနှင့် ကုန်အောင်သောက်လိုက်သည်။ သူသည် ပါးစပ်ကို သုတ်လိုက်ပြီးနောက် စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။ ထို့နောက် အငွေ့ကို အားပါးတရ ရှူရှိုက်လိုက်ပြီးနောက် “ဖန်တန်၊ ကျင့်ကြံခြင်းကို အခုပဲ စတင်ရအောင်” ဟု ပြောလိုက်သည်။

ဖန်တန်သည် သွေးများ ထွက်နေဆဲဖြစ်သော ရှဖေး၏ ပေါင်ပေါ်မှ ဒဏ်ရာကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“မနက်ဖြန်အထိ စောင့်လိုက်ပါဦး၊ မင်းရဲ့ ပေါင်က ဒဏ်ရာက အသားမကျသေးဘူး”

“ရသည်၊ ငါ ဒါကို သည်းခံနိုင်သည်” ရှဖေးက ခိုင်ခိုင်မာမာ ပြောလိုက်သည်။ မနေ့က ပြင်းထန်သော တိုက်ပွဲသည် ရှဖေး၏ စွမ်းအားတိုးတက်လိုသော စိတ်ဓာတ်ကို ပြင်းထန်လာစေခဲ့သည်။ အင်အားမရှိဘဲနှင့် သူသည် အသက်ရှင်သန်နိုင်ဖို့ လိုအပ်ချက်ကိုပင် အာမခံနိုင်မည် မဟုတ်ပေ ။

“ငါ မင်းကို ‘လရိပ်’ ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ‘ကောက်ကျစ်သော ထိုးချက်’ ကို သင်ပေးမယ်။ မနေ့က မင်း အဲ့ဒီလူနှစ်ယောက်ကို သတ်တုန်းက မင်းရဲ့ တိုက်ခိုက်တဲ့ အနေအထားက မမှန်ဘူး၊ အကောင်းဆုံး ထိုးဖောက်နိုင်တဲ့ အမှတ်ကနေ နည်းနည်းလွဲနေတယ်။ ဒီ ‘ရွှေစူး’ ရဲ့ ထက်မြိမှုသာ မရှိရင် မင်း နောက်ထပ် အကြိမ်အနည်းငယ် ထပ်တိုက်ခိုက်ရမှာပဲ” ဖန်တန်က ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် လုပ်ကြံသတ်ဖြတ်သူဆိုတာ အချက်နှစ်ချက်နဲ့ ဖွဲ့စည်းထားတာ။ တစ်ခုက ပုန်းကွယ်ဖို့၊ နောက်တစ်ခုက သတ်ဖို့ပဲ။ မင်း အသက်ရှူခြင်း ထိန်းချုပ်မှုကို နည်းနည်း သင်ယူပြီးပြီဆိုတော့ အခုက သတ်ဖြတ်တဲ့ နည်းလမ်းကို သင်ယူရမယ့် အချိန်ပဲ”

ရှဖေးသည် မျက်ခုံးများကို တင်းတင်းကြပ်ကြပ် စုလိုက်သည်။ “လုပ်ကြံသတ်ဖြတ်တဲ့ နည်းစနစ်က ပစ်မှတ်တစ်ခုတည်းကို သတ်ဖို့ပဲ မဟုတ်လား။ တကယ်လို့ ငါ ဝိုင်းခံရရင် ဘယ်လိုလုပ်မလဲ”

ဖန်တန်က အားရပါးရ ရယ်မောလိုက်သည်။

“လုပ်ကြံသတ်ဖြတ်တဲ့ နည်းစနစ်က လူတစ်ယောက်တည်းကိုပဲ သတ်နိုင်တယ်လို့ ဘယ်သူပြောလဲ။ မင်းရဲ့ စွမ်းရည်က အမြန်နှုန်းနှုန်းပဲ၊ တကယ်လို့ မင်းရဲ့ အလွန်အမင်း မြန်ဆန်တဲ့ အမြန်နှုန်းကို အသက်သေစေနိုင်တဲ့ ‘ကောက်ကျစ်သော ထိုးချက်’ နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်သွားလိမ့်မယ်။ လူတစ်ယောက်ကို လုပ်ကြံတယ်ဆိုတာ ပစ်မှတ်ကို အသက်သေစေနိုင်တဲ့ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ သတ်တာပဲ။ မင်း ပစ်မှတ် ၁၀၀ နဲ့ ရင်ဆိုင်ရရင်လည်း သူတို့ တစ်ယောက်ချင်းစီကို အသက်သေစေနိုင်တဲ့ တိုက်ခိုက်မှု တစ်ချက်စီ ပေးလိုက်ရုံပဲလေ”

ဖန်တန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှဖေးသည် အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။ ထို့နောက် သူသည် ထရပ်ကာ စီးကရက်တိုကို မြစ်ထဲသို့ လွှင့်ပစ်လိုက်ပြီး မျောပါသွားသည်ကို ကြည့်လိုက်သည်။

“ငါ အခု နားလည်သွားပြီ။ ဓားသွားနဲ့ ဓားကိုင်တဲ့ နည်းစနစ်ကသာ အသက်သေစေနိုင်မယ်ဆိုရင် ငါ ပစ်မှတ်တစ်ခုတည်းနဲ့ ရင်ဆိုင်ရတာလား၊ ပစ်မှတ် ၁၀၀ နဲ့ ရင်ဆိုင်ရတာလား ဆိုတာက ဘာမှ မကွာခြားတော့ဘူး။ လိုအပ်လာရင် လုပ်ကြံသတ်ဖြတ်မှုကနေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ပြောင်းလဲသွားနိုင်တာပဲ”

“မင်း ပြောတာ မှန်တယ်၊ ဒါပေမဲ့ အခုက ကောက်ကျစ်သော ထိုးချက် ကို ကျင့်ကြံရမယ့် အချိန် မဟုတ်သေးဘူး မီးနဂါး နှစ်တစ်ထောင် မီးလျှံ ကို ထုတ်လိုက်ဦး” ဖန်တန်က ပြုံးရင်း ပြောလိုက်သည်။

ရှဖေးသည် လုံခြုံရေးသေတ္တာထဲမှ ထူးဆန်းသော အပင်ကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ကို အေအိုင် အပင်ကြီးထွားမှု ကွန်တိန်နာထဲတွင် သိမ်းဆည်းထားသည်။ ဤကွန်တိန်နာသည် အပင်အတွက် အသင့်တော်ဆုံးသော ကြီးထွားမှု ပတ်ဝန်းကျင်ကို တုပပေးနိုင်သည်။ နေရောင်ခြည်၊ လေထု ပါဝင်မှုနှင့် လေထုဖိအားများကိုပင် အပင်၏ လိုအပ်ချက်အရ ချိန်ညှိပေးနိုင်သည်။

ဤကဲ့သို့သော ကွန်တိန်နာထဲတွင် အပင်ကို ရာစုနှစ်တစ်ခုကြာအောင် သိမ်းဆည်းထားနိုင်ပြီး ညှိုးနွမ်းသွားခြင်း မရှိပေ။ ဤကွန်တိန်နာ တစ်ခုတည်းကိုတင် အနည်းဆုံး ကြယ်တာရာဒင်္ဂါး ၂၀၀,၀၀၀ ခန့် တန်ဖိုးရှိသည်။

“ဒီပစ္စည်းရဲ့ လုပ်ဆောင်ချက်က ဘာလဲဆိုတာ မင်း ငါ့ကို ပြောသင့်တယ် မဟုတ်လား ကြယ်တာရာဒင်္ဂါးတွေ အများကြီး သုံးထားရတာဆိုတော့ ဒီဈေးနဲ့ တန်ဖိုးရှိဖို့ပဲ ငါ မျှော်လင့်သည် ဒါကို စားပြီးရင် ငါ အနည်းဆုံးတော့ ကြယ်တာရာ အခြေခံအဆင့်ကို တက်နိုင်ရမယ် မဟုတ်လား” ရှဖေးက ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ နှင့် ဆေးဖော်စပ်သည့် ကိရိယာကို သေသေချာချာ ချထားရင်း မေးလိုက်သည်။

“ဒီအပင်က မင်းရဲ့ အဆင့်ကို မြှင့်ပေးနိုင်မှာ မဟုတ်ဘူး” ဖန်တန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ဘာ” ရှဖေးမှာ ထိတ်လန့်သွားပြီး မူးမလဲသွားသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

“ကြယ်တာရာဒင်္ဂါး ၉ သန်းတောင်နော် ပိုက်ဆံတွေ အများကြီး သုံးထားတာကို ဒီအပင်က ငါ့အဆင့်ကို မမြှင့်ပေးနိုင်ဘူးလား။ မင်းရဲ့ ဉီးနှောက်များ တစ်ခုခု ဖြစ်နေတာလား”

“မင်း ဘာလို့ အဲ့လောက် စိုးရိမ်နေတာလဲ” ဖန်တန်က တိုးတိုးလေး ပြောလိုက်သည်။ “ဒီအပင်က မင်းရဲ့ အဆင့်ကို မမြှင့်ပေးနိုင်ပေမဲ့ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု အမြန်နှုန်းကိုတော့ မြှင့်တင်ပေးနိုင်တယ်”

“မင်း အမြန်နှုန်းပြင်းပြင်းနဲ့ ပြေးနေတဲ့အချိန်မှာ ရှေ့မှာ အတားအဆီးတွေ အများကြီး ရှိနေရင် စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု အမြန်နှုန်းကသာ မမြန်ဘူးဆိုရင် မင်း ဒီအတားအဆီးတွေကို ကျော်ဖြတ်ဖို့ မင်းရဲ့ အမြန်နှုန်းကို လျှော့ချရလိမ့်မယ်၊ အဲ့ဒီအခါကျရင် မင်းရဲ့ အမြန်နှုန်းအပြည့်နဲ့ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး”

“ဒီ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ က မင်း အမြန်နှုန်းပြင်းပြင်းနဲ့ လှုပ်ရှားနေတဲ့ အချိန်မှာ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု အမြန်နှုန်းကို အများကြီး မြှင့်တင်ပေးနိုင်တယ် ဒါက မင်းအတွက် အကျိုးရှိတယ်”

စိတ်ပိုင်းဆိုင်ရာ နိုးကြားမှုသည် စစ်သည်တစ်ဦး၏ တိုက်ခိုက်ရေး စွမ်းအားကို တိုင်းတာရာတွင် အရေးကြီးသော အချက်တစ်ချက် ဖြစ်သည်။ တိုက်ပွဲအတွင်းတွင် သေးငယ်သော ကွာခြားချက်လေးကပင် လုံးဝခြားနားသော ရလဒ်ကို ဖြစ်ပေါ်စေနိုင်သည်။

‘လောကရှိ ကိုယ်ခံပညာအားလုံးတွင် အမြန်နှုန်းနှုန်းသည်သာ အနိုင်မရနိုင်သော အရာဖြစ်သည်’

အမြန်နှုန်းမြန်ရုံသာမက တုန့်ပြန်မှု အမြန်နှုန်းသည်လည်း မြန်ရမည် ။ ထိပ်တန်း စစ်သည်တော် အားလုံးသည် ထူးကဲသော အာရုံခံစားမှုများနှင့် လျှပ်စီးကဲ့သို့ မြန်ဆန်သော တုန့်ပြန်မှုများကို ပိုင်ဆိုင်ကြသည်။

ရှဖေး ဘာမှ ထပ်မပြောတော့ပေ။ တုန့်ပြန်မှု အမြန်နှုန်းကို မြှင့်တင်ပေးနိုင်သော မည်သည့် ဆေးဖက်ဝင် ပစ္စည်းမဆို ဈေးနှုန်းမှာ ကောင်းကင်အထိ မြင့်မားလှပြီး အချို့မှာ ပိုက်ဆံရှိလျှင်ပင် ဝယ်ယူ၍ မရနိုင်ပေ ။ ဤ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ သည် ဈေးကြီးကောင်း ကြီးနိုင်သော်လည်း ၎င်းပေးစွမ်းနိုင်သော လုပ်ဆောင်ချက်နှင့် ဆိုလျှင် ဈေးနှုန်းနှင့် လုံးဝ ကိုက်ညီမှု ရှိသည်။

ဘေးကင်းစေရန်အတွက် ဖန်တန်သည် ရှဖေး၏ ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိနေသော ဆေးဝါးဓာတ်များကို တိုင်းတာရန် ခွဲခြမ်းစိတ်ဖြာသည့် ကိရိယာတစ်ခုကို အသုံးပြုလိုက်သည်။ ကွဲပြားသော ဆေးဝါးများကို ရောနှောလိုက်သောအခါ ဆက်တိုက် တုန့်ပြန်မှုများကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သည်။ ရှဖေးသည် လွန်ခဲ့သော နှစ်ရက်ကမှ ဆဲလ်မြှင့်တင်ဆေးကို စားသုံးထားခြင်း ဖြစ်ပြီး နောက်ထပ် ဆေးဝါးအသစ်ကို မစားသုံးမီ ဆေးဝါးဓာတ်များ လုံးဝ စုပ်ယူသွားဖို့ လိုအပ်သည်။

“ဆေးကြွင်းဆေးကျန်တွေ ရှိနေသေးတယ်၊ ဒါပေမဲ့ နောက်ထပ် နာရီအနည်းငယ်ကြာရင်တော့ အဆင်ပြေသွားမှာပါ အရင်ဆုံး ဒီ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ကို သန့်စင်လိုက်ပြီး ညဘက်ကျမှ စားသုံးလိုက်ပေါ့” ဖန်တန်က ညွှန်ကြားလိုက်သည်။

ရှဖေးက ခေါင်းညိတ်လိုက်ပြီး အပင်ကွန်တိန်နာကို ဖွင့်ရန် လျှို့ဝှက်နံပါတ်ကို ဖြည်းညှင်းစွာ ရိုက်ထည့်လိုက်သည်။ မွှေးပျံ့သော ရနံ့တစ်ခုက သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ့ကို အလွန် လန်းဆန်းသွားစေသည်။ ခဏအတွင်းမှာပင် လျှိုမြောင်တစ်ခုလုံးသည် ထူးခြားသော ရနံ့များဖြင့် ပြည့်နှက်သွားခဲ့သည်။

၎င်းတွင် မီးတောက်ကဲ့သို့ နီရဲသော ပင်စည်၊ နီရဲသော အရွက်များနှင့် နီရဲသော ပန်းပွင့်များ ရှိသည်။ ဤ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ များသည် တောက်လောင်နေသော မီးလျှံများကဲ့သို့ပင် ဖြစ်ပြီး နှလုံးခုန်သွားရလောက်အောင် လှပလွန်းလှသည်။

‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ သည် ကမ္ဘာမြေမှ အပင်မဟုတ်ဘဲ ကမ္ဘာမြေ၏ လေထုဖိအားနှင့် လေထု ပါဝင်မှုတို့နှင့် လိုက်လျောညီထွေ မဖြစ်နိုင်ပေ။ ၎င်းကို အပြင်သို့ ထုတ်လိုက်သည်နှင့် အလျင်အမြန်ပင် ညှိုးနွမ်းသွားခဲ့သည်။

ရှဖေးသည် မပေါ့ဆဘဲ သူ၏ အမြန်ဆုံး အမြန်နှုန်းကို အသုံးပြုကာ အပင်ကို ဆေးဖော်စပ်သည့် ကိရိယာထဲသို့ ထည့်လိုက်သည်။ ဆေးဖော်စပ်သည့် ကိရိယာသည် အနည်းငယ် တုန်ခါသွားပြီး မိနစ်အနည်းငယ် ကြာပြီးနောက်တွင်တော့ တောက်ပသော အနီရောင် အရည်တစ်ပုလင်းသည် ရှဖေး၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

၎င်းသည် သွေးကဲ့သို့ တောက်ပသော အနီရောင် ဖြစ်နေပြီး လက်ထဲတွင် ကိုင်ထားသောအခါ နွေးထွေးသော ခံစားချက်ကို ပေးစွမ်းသည်။

“ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ကို တခြား ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ ရောစပ်ဖို့ မလိုဘူး၊ တိုက်ရိုက် သောက်လို့ ရတယ်။ ငါတို့မှာ အချိန်ရှိတုန်း ‘ကောက်ကျစ်သော ထိုးချက်’ ရဲ့ ကျင့်စဉ် ဂါထာကို ငါ မင်းကို အရင် သင်ပေးမယ်” ဖန်တန်က ပြောလိုက်သည်။

ညအချိန်သို့ ရောက်ရှိလာခဲ့ပြီ။ ကြယ်တာရာများသည် တောက်ပနေပြီး လျှိုမြောင်ကြီးအတွင်းတွင်လည်း လုံးဝ တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်ရှိ ကျောက်ဆောင် ကမ်းပါးယံများသည် ညဘက်တွင် လုံးဝ ခြားနားသော အရောင်များကို ဖော်ပြနေကြသည်။ ၎င်းသည် စိတ်ကူးယဉ် ကမ္ဘာတစ်ခုကဲ့သို့ ခံစားရပြီး သဘာဝတရား၏ ဆန်းကြယ်သော လက်ရာကို အံ့သြသွားရရုံသာ တတ်နိုင်တော့သည်။

ရှဖေးသည် ‘ကောက်ကျစ်သော ထိုးချက်’ ကို သူ၏ နှလုံးသားထဲတွင် မှတ်သားထားပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးကြွင်းဆေးကျန်များ ကုန်ဆုံးသွားပြီး ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ အရည်ကို စားသုံးနိုင်ဖို့အတွက် စောင့်ဆိုင်းနေခဲ့သည်။

ရှည်လျားသော ညဖြစ်သဖြင့် ရှဖေးမှာ အိပ်မပျော်နိုင်ပေ။ ထို့ကြောင့် သူသည် ဗီဒီယို လက်တွေ့ကမ္ဘာ ခေါင်းဆောင်းကို ဝတ်လိုက်ပြီး အင်ဒါရို ကဗျာဝါသနာရှင် ဝက်ဘ်ဆိုက်ထဲသို့ ဝင်လိုက်သည်။ သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အေဗရယ်၏ ပန်းရောင် အီးမေးလ်ကို တွေ့လိုက်ရသည်။

(ပထမတအုပ်မှာ အေဗရီလို့ ဘာသာပြန်မိသွားပါတယ် အနောက်တိုင်းဆန်ဆန်ကျ အေဗရယ်လို့သာ သင့်တော်တာဖြစ်သည့်အတွက် အေဗရယ်လို့သာ ဆက်လက်သုံးစွဲပါမယ်ခင်ဗျ)

“ငါ မနေ့က ကြယ်တာရာတွေကြားက ကစားကွင်းကို ခရီးထွက်ခဲ့တယ်၊ အဲ့ဒီမှာ တကယ်ပဲ ပျော်စရာကောင်းတာပဲ တကယ်လို့ မင်း ငါ့အတွက် ကဗျာတစ်ပုဒ် ရေးပေးမယ်လို့ ကတိပေးရင် ငါ မင်းကို အဲ့ဒီကို ခေါ်သွားမယ် အဲ့ဒါ ဘယ်လိုလဲ”

အင်း...

ရှဖေးမှာ စကားပင် မဆိုနိုင်တော့ဘဲ ဤမိန်းကလေးမှာ အလွန် ကလေးဆန်လွန်းသည်ဟု တွေးလိုက်သည်။

“ငါ မနေ့က မြင်မြင်ချင်း သတ်ရမယ့် ပစ်မှတ်အဖြစ် အလိုက်ခံခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ်တောင် ဓားနဲ့ ပြန်ထိုးခဲ့ရသေးတယ် မင်း ငါ့ကို လာပြီး မနှောင့်ယှက်ဘူးဆိုရင်ပဲ ဘုရားသခင်ကို ကျေးဇူးတင်ရတော့မယ်”

အေဗရယ်၏ အီးမေးလ်သည် ကျန်သော အီးမေးလ်များထက် ထူးခြားနေသည်။ ၎င်းသည် မေးလ်စနစ်တွင် ပေါ်လာခြင်း မဟုတ်ဘဲ ဗီဒီယို လက်တွေ့ကမ္ဘာ စနစ်တွင် အဆက်မပြတ် လင်းလက်နေသော သေးငယ်သည့် ပန်းရောင် စာအိတ်လေးအဖြစ် ပေါ်လာခြင်း ဖြစ်သည်။ မင်းက ဒါကို လျစ်လျူရှုထားသရွေ့ ၎င်းက အဆက်မပြတ် လင်းလက်နေလိမ့်မည် ။

“မေးလ်စနစ်ထဲကို ဝင်ပြီး အေဗရယ်ကို ပိတ်လိုက်စမ်း” ရှဖေးက အေအိုင် ကွန်ပျူတာကို အမိန့်ပေးလိုက်သည်။

“တောင်းပန်သည်၊ တစ်ဖက်လူရဲ့ အဆင့်အတန်းကို မသိရပါဘူး။ အခွင့်အာဏာ မလုံလောက်တဲ့အတွက် ပိတ်လို့ မရပါဘူး” ကွန်ပျူတာ၏ စနစ်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။

“ပိတ်လို့ မရဘူးလား၊ ဘာလို့လဲ”

“အခွင့်အာဏာ အဆင့် မလုံလောက်လို့ပါ”

“အေဗရယ်ကို စုံစမ်းစမ်း”

“တောင်းပန်သည်၊ အခွင့်အာဏာ မလုံလောက်တဲ့အတွက် စုံစမ်းလို့ မရပါဘူး”

ရှဖေးမှာ လုံးဝ စကားပင် မဆိုနိုင်တော့ပေ။ မေးလ်စနစ်မှာ တကယ်ပဲ ထူးဆန်းလွန်းလှပြီး သူသည် အီးမေးလ်များကို ပိတ်ဆို့ဖို့ကိုပင် ရွေးချယ်၍ မရနိုင်ပေ ။ဤအချိန်တွင် ဖန်တန်က ရုတ်တရက် ပေါ်လာပြီး ရှဖေးကို ပြောလိုက်သည်။

“အချိန်စေ့ပြီ မင်း ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ အရည်ကို အခု သောက်လို့ ရပြီ”

ရှဖေးက ခေါင်းညိတ်လိုက်သည်။ “မေးလ်စနစ်က တခြားလူရဲ့ အီးမေးလ်ကို ဘာလို့ ပိတ်လို့ မရတာလဲဆိုတာ မင်း သိလား”

“ငါ မသိဘူး” ဖန်တန်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ မင်း အခု ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ အရည်ကို သောက်တဲ့အခါကျရင် မင်း နည်းနည်းတော့ နာကျင်ရလိမ့်မယ်ဆိုတာကိုတော့ ငါ သိတယ်”

ရှဖေး၏ နှလုံးသားမှာ တင်းမာသွားပြီး သူသည် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရတော့သည်။

အခန်း ၂၀ - ကြယ်တာရာ အခြေခံအဆင့်

ဖန်တန် ပြောတာ မှန်သည်။ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ကို စားသုံးရတာက နာကျင်ရုံတင် မဟုတ်ဘဲ အရမ်းကို နာကျင်ရတာ ဖြစ်သည်။

မနက်စောစောတွင် ရှဖေးသည် တဲထဲမှ ထွက်လာခဲ့သည်။ တစ်ညလုံး မပြတ်သော နာကျင်မှုတွေကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထုံကျင်နေခဲ့ပြီ။ သူ၏ မျက်လုံးအောက်တွင် ကွင်းညိုများ ဖြစ်နေပြီး သူ၏ စိတ်ဓာတ်မှာလည်း အလွန် အားနည်းနေခဲ့သည်။

“ငါ့အထင်တော့ မင်း ဒီနေ့ အနားယူသင့်တယ်၊ မင်းရဲ့ အခု စိတ်အခြေအနေက ကျင့်ကြံဖို့ မသင့်တော်သေးဘူး” ဖန်တန်က ပြောလိုက်သည်။

“ရသည်၊ ငါ အခု အများကြီး သက်သာနေပါပြီ” ရှဖေးသည် မြစ်ဘေးသို့သွားကာ မျက်နှာသစ်လိုက်ပြီး စိတ်ကို အားတင်းကာ လန်းဆန်းအောင် လုပ်လိုက်သည်။

“စရအောင်” ဟု ရှဖေးက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ ကျင့်ကြံခြင်းဟူသည် ဘယ်တော့မှ မပြီးဆုံးနိုင်သော ကျင့်ကြံခြင်းပင် ဖြစ်သည်။

တစ်နေ့လျှင် ၁၆ နာရီ အချိန်ပေးရသည်။ ၈ နာရီမှာ အသက်ရှူခြင်း ထိန်းချုပ်မှုကို လေ့ကျင့်ပြီး နောက်ထပ် ၈ နာရီမှာတော့ ‘ကောက်ကျစ်သော ထိုးချက်’ ကို လေ့ကျင့်သည်။ ရှဖေးသည် အရူးတစ်ယောက်လို အာရုံစိုက်နေခဲ့ပြီး သူ၏ ချွေးများမှာလည်း မိုးရေလိုပင် စီးကျနေခဲ့သည်။ ဒီထိုးနှက်တဲ့ လှုပ်ရှားမှု တစ်ခုတည်းကိုတင် သူသည် တစ်နေ့ကို အကြိမ်ပေါင်း ၁၀,၀၀၀ ခန့် ထပ်ခါထပ်ခါ လုပ်နေခဲ့သည်။ မတူညီသော ထောင့်ပေါင်းစုံ၊ မတူညီသော နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ထိုးနှက်နေခြင်း ဖြစ်သည်။

တစ်ခါတစ်ရံ မြန်ဆန်သည်၊ တစ်ခါတစ်ရံ တည်ငြိမ်သည်၊ တစ်ခါတစ်ရံမှာတော့ အမြန်နှုန်းပြင်းပြင်းနှင့် ဖြစ်သည်။ သုံးလဆိုသော အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားခဲ့ပြီး ပူပြင်းလှသော နွေရာသီသို့ ရောက်ရှိလာခဲ့သည်။ ရှဖေးသည် မြစ်လက်တက်အတွင်းတွင် ရပ်နေသည်။ မြစ်ရေသည် သူ၏ ဒူးအောက်တွင် စီးဆင်းနေပြီး ငါးလေးအချို့မှာလည်း သူ၏ ဘေးတွင် လူးလာတုံ့ခေါက် ကစားနေကြသည်။

ရှဖေးသည် ရေတိမ်ပိုင်းတွင် စိုက်ထူထားသော သစ်တိုင်တစ်ခုကဲ့သို့ ရှိနေပြီး သူ၏ အသက်ရှူသံမှာ ရေစီးကြောင်းနှင့်အတူ ပြောင်းလဲနေသည်။ သူသည် သူ၏ အသက်ရှူသံကို မြစ်ရေစီးကြောင်းနှင့် ပေါင်းစပ်နေခြင်း ဖြစ်သည်။ ဒါက အသက်ရှူခြင်း ထိန်းချုပ်မှု၏ အခြားသော အဆင့်တစ်ခုပင် ဖြစ်သည်။ မြစ်ရေက အမြဲတမ်း ပြောင်းလဲနေသဖြင့် ရှဖေး၏ အသက်ရှူသံမှာလည်း အလွန်သေးငယ်သော ပြောင်းလဲမှု ဖြစ်လျှင်ပင် ရေနှင့် အမြဲတမ်း ကိုက်ညီနေအောင် လုပ်ရသည်။

ရုတ်တရက်ရှဖေး၏ ပုံရိပ်မှာ ဝုန်းခနဲ ထလာခဲ့သည်။ ပြင်းထန်သော သတ်ဖြတ်လိုသည့် အမြန်နှုန်းအဝါများမှာ ဘာမှ ထိန်းချန်ထားခြင်း မရှိဘဲ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ လက်ထဲမှ ‘ရွှေစူး’ သည် လေထုထဲတွင် မျဉ်းဖြောင့်အတိုင်း ရှေ့သို့ ထိုးနှက်လိုက်သည်။ ‘ရွှေစူး’ ၏ ထိပ်ဖျားတွင် သာမန်မျက်စိနှင့် မမြင်နိုင်သော တောက်ပမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ရှေ့တွင်ရှိသော ၃ မီတာခန့်ရှိသော လေထုကို ခွဲထုတ်လိုက်သည့် ပုံသဏ္ဍာန်မရှိသော ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။

လေဟာနယ်ခွဲ ဓားဆန္ဒ

တိုတောင်းလှသော သုံးလအတွင်းမှာပင် ရှဖေးသည် အတွေ့အကြုံမရှိသူ တစ်ဦးအဖြစ်မှ လေဟာနယ်ခွဲ ဓားဆန္ဒကို နားလည်လာခဲ့ပြီ။ ဤလူသားထက် သာလွန်သော ကျင့်ကြံမှု အမြန်နှုန်းအဝါကို ထိတ်လန့်စရာကောင်းသည်ဟု ဆိုရရုံမှတစ်ပါး အခြားဖော်ပြစရာ မရှိပေ။

မြစ်ဘေးတွင် တရားထိုင်နေသော ဖန်တန်သည် သူ၏ ခေါင်းကို မော့လိုက်ပြီး မျက်လုံးကို အနည်းငယ် ဖွင့်လိုက်သည်။

“မင်းရဲ့ သတ်ဖြတ်လိုတဲ့ အမြန်နှုန်းအဝါက အရမ်းကို ပြင်းထန်နေသေးတယ်။ လုပ်ကြံသတ်ဖြတ်တဲ့ နည်းစနစ်ဆိုတာ သတ်ဖြတ်လိုတဲ့ အမြန်နှုန်းအဝါကို ထိန်းသိမ်းထားဖို့ ဖြစ်ပြီးတော့ ဒါကို အလွယ်တကူ ထုတ်မပြဖို့ပဲ” ဖန်တန်က ပြောလိုက်သည်။

ရှဖေးသည် မြစ်ဘေးရှိ ရေသန့်တစ်ပုလင်းကို ကောက်ယူကာ အငမ်းမရ သောက်လိုက်သည်။ ထို့နောက် သူ၏ လက်စွပ်ဖြင့် ပါးစပ်ကို သုတ်လိုက်ပြီး “လေဟာနယ်ခွဲ ဓားဆန္ဒပြီးရင် ဘာရှိဦးမှာလဲ” ဟု မေးလိုက်သည်။

ဖန်တန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။ သူသည် မကြာသေးမီက ဗုဒ္ဓကျမ်းစာများကို လေ့လာနေခဲ့ပြီး သူ ဘာမှ လုပ်စရာ မရှိလျှင် တရားထိုင်ကာ ဂါထာများကို ရွတ်ဖတ်နေတတ်သည်။ သူသည် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ထက်စာလျှင် ကျင့်ကြံသူ သို့မဟုတ် အင်မော်တယ် တစ်ယောက်နှင့် ပိုတူနေသည်။

“ ‘ကောက်ကျစ်သော ထိုးချက်’ ဆိုတာက သာမန် ကိုယ်ခံပညာ မဟုတ်ဘူး၊ ဒါက သတ်ဖြတ်ခြင်း နည်းပညာတွေ အားလုံးကို စုစည်းထားတာ။ အခုကစပြီး ဒါက မင်းရဲ့ အမြန်နှုန်းနှုန်း စွမ်းရည်အပေါ်မှာပဲ မူတည်တော့မယ်။ အမြန်နှုန်းနှုန်းက ပိုမြန်လေလေ၊ ‘ကောက်ကျစ်သော ထိုးချက်’ ရဲ့ အသက်သေစေနိုင်စွမ်းက ပိုပြီး ပြင်းထန်လေလေပဲ”

“အခု ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ရဲ့ အာနိသင်တွေက အသားကျသွားပြီဆိုတော့ ဆဲလ်မြှင့်တင်ဆေးကို စားသုံးရမယ့် အချိန်ပဲ”

ရှဖေးသည် ဖန်တန်၏ ညွှန်ကြားချက်အတိုင်း ကားပေါ်မှ သေတ္တာကြီးအချို့ကို ချလိုက်ပြီး ဆဲလ်မြှင့်တင်ဆေးကို ဖော်စပ်လိုက်သည်။ ဆဲလ်မြှင့်တင်ဆေးသည် ကုန်ကြမ်း ၂၇ မျိုးကို အသုံးပြုထားပြီး ဖော်စပ်သည့် လုပ်ငန်းစဉ်မှာ ဆဲလ်မြှင့်တင်ဆေးထက် အများကြီး ပိုမို ရှုပ်ထွေးသည်။

ပထမအကြိမ် ဖော်စပ်ခဲ့သည့် အတွေ့အကြုံကြောင့် ရှဖေးသည် ဤတစ်ကြိမ်တွင် ကြီးကြီးမားမား အမှားအယွင်း မရှိဘဲ ဆေးနှစ်သုတ်ကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ကာ စုစုပေါင်း ၂၅ ပုလင်း ရရှိခဲ့သည်။

“ဆေးဖက်ဝင် ပစ္စည်းတွေ အများကြီး သုံးထားတာကို ၂၅ ပုလင်းပဲ ထွက်လာတာလား ဘာလို့ ဆေးဖက်ဝင် ပစ္စည်းတွေက သန့်စင်လိုက်တဲ့အခါ အဲ့လောက်တောင် ပမာဏ နည်းသွားရတာလဲ” ရှဖေးက သံသယဖြင့် မေးလိုက်သည်။

ဤတစ်ကြိမ်တွင် သူတို့သည် ကြယ်တာရာဒင်္ဂါး ၈ သန်းကျော်ဖိုးရှိသော ဆေးဖက်ဝင် ပစ္စည်းများကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ပမာဏမှာလည်း မနည်းလှပေ။ ကျိုးကြောင်းဆင်ခြင်ရလျှင် ဤမျှ များပြားသော ဆေးဖက်ဝင် ပစ္စည်းများကို သန့်စင်လိုက်လျှင် ဤမျှ နည်းပါးသော ဆေးပမာဏကို မထွက်လာသင့်ပေ။

“ဆေးဖက်ဝင် ပစ္စည်းက ပိုပြီး တန်ဖိုးရှိလေလေ၊ သန့်စင်ပြီးတဲ့အခါ ပမာဏက ပိုပြီး နည်းလေလေပဲ မင်း ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ကို ဖန်တန်က ရယ်မောလိုက်ပြီး မှတ်မိသေးလားပြောလိုက်သည်။

‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ သည် အမြင့် ၁ မီတာခန့်ရှိပြီး အရွယ်အစားမှာ အလွန် ကြီးမားသည်။ ဒါကို သန့်စင်လိုက်ပြီးတဲ့အခါမှာတော့ အရည် ၁၀ စက်လောက်ပဲ ထွက်လာခဲ့တယ်။ ဒါက သူ့ရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် လုံးဝကို မမျှတတဲ့ ပမာဏပဲ ဖြစ်သည်။

ရှဖေးသည် သူ၏ ပါးစပ်ကို တွန့်လိုက်သည်။ “ဆေးဖော်စပ်တယ်ဆိုတာ တကယ်ပဲ ပိုက်ဆံတွေကို မီးရှို့နေသလိုပါပဲ ဒါပေမဲ့ ဒီတစ်ခါ ဆေး ၂၅ ပုလင်း သန့်စင်ပြီးရင်တော့ ခဏလောက် အသုံးပြုဖို့ လုံလောက်မှာပါ”

“တစ်ခါတည်းနဲ့ ဘယ်နှစ်ပုလင်း သောက်ရမလဲ” ဟု ရှဖေးက မေးလိုက်သည်။

“အားလုံးပဲ”။

“ဆေး ၂၅ ပုလင်းလုံးကို သောက်ရမယ် ဟုတ်လား” ရှဖေး၏ မျက်နှာမှာ မဲ့သွားသည်။

“မင်း နောက်နေတာလား။ ဒါက ကြယ်တာရာဒင်္ဂါး ၈ သန်းကျော်ဖိုးရှိတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေလေ”

ဖန်တန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ဘာထူးဆန်းလို့လဲ။ ဆဲလ်မြှင့်တင်ဆေး တစ်ပုလင်းကို လုံးဝ စုပ်ယူနိုင်ဖို့ တစ်လ အချိန်ယူရတယ်။ တကယ်လို့ မင်း ဒီပုလင်းတွေ အားလုံးကို တစ်ခါတည်း သောက်လိုက်မယ်ဆိုရင် မင်း ဒါကို စုပ်ယူဖို့ ခြောက်လ အချိန်ယူရလိမ့်မယ်။ တကယ်လို့ မင်း မင်းရဲ့ အဆင့်ကို မြန်မြန် မမြှင့်ချင်ဘူးဆိုရင် တစ်လကို တစ်ပုလင်းနှုန်းနဲ့ ဖြည်းဖြည်းချင်း သောက်လို့ ရသည်”

“ဒါပေမဲ့ ငါ မင်းကို သတိပေးမယ်။ ပုလင်းတစ်လုံးချင်းစီ သောက်တာနဲ့ ဆေးဝါးဓာတ်တွေကို ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ အကန့်အသတ်အထိ အားလုံးကို တစ်ခါတည်း သောက်လိုက်တာမှာ အာနိသင် ကွာခြားချက်က ၃၇.၂၅ ရာခိုင်နှုန်းလောက် ရှိတယ်”

ဤပုလင်းများ အားလုံးကို တစ်ပြိုင်နက်တည်း စားသုံးခြင်းက ပိုပြီး ထိုက်တန်ကြောင်းမှာ ထင်ရှားလှသည်။ တစ်ပုလင်းချင်း စားသုံးခြင်းက ပိုက်ဆံ ပိုပြီး သက်သာစေနိုင်သော်လည်း အချို့သော အရာများကိုတော့ ပိုက်ဆံနှင့် တိုင်းတာ၍ မရနိုင်ပေ။

“ကောင်းပြီ၊ ဒီကြယ်တာရာဒင်္ဂါး ၈ သန်းကျော်ကို ထိုက်တန်အောင် ငါ အားလုံးကို သောက်မယ်” “ငါ မင်းကို မေးဦးမယ်။ ငါ ဒီဆေး ၂၅ ပုလင်းရဲ့ အကန့်အသတ်ကို ခံနိုင်ရည် ရှိမရှိ မင်း ဘယ်လို သိတာလဲ” ရှဖေးသည် မြေကြီးပေါ်တွင် ထိုင်ကာ မေးလိုက်သည်။

“ဒါပေါ့၊ ငါက ဒီကိစ္စမှာ ကျွမ်းကျင်သူတစ်ယောက်မို့လို့ သိတာပေါ့” ဟု ဖန်တန်က အာမခံကာ ပြောလိုက်သည်။ “မင်း ဒါကို တဲထဲမှာပဲ စားသုံးတာ ပိုကောင်းလိမ့်မယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိတယ်၊ ဆဲလ်မြှင့်တင်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အိပ်ငိုက်တာနဲ့ သတိလွတ်တာပဲ”

ရှဖေးက ခေါင်းညိတ်လိုက်ပြီး ပုလင်းများကို တဲထဲသို့ သယ်ဆောင်သွားခဲ့သည်။ အစိမ်းရောင် ဆေးပုလင်းများကို တစ်တန်းတည်း ချထားလိုက်သည်။ ထို့နောက် ရှဖေးသည် ပုလင်းတစ်လုံးချင်းစီကို ဖွင့်ကာ ပုလင်းထဲရှိ ဆေးများအားလုံးကို သောက်လိုက်သည်။ ခဏအတွင်းမှာပင် မြေကြီးပေါ်တွင် အချည်းနှီး ဖြစ်နေသော ပုလင်းခွံများစွာ ရှိနေခဲ့ပြီ။

ရှဖေး၏ ခေါင်းမှာ တဖြည်းဖြည်း မူးဝေလာပြီး ကီလိုဂရမ် ၅၀၀ လောက် လေးလံနေသလို ခံစားလိုက်ရသည်။ နောက်ဆုံး ဆေးပုလင်းမှာ ရှဖေး၏ ဗိုက်ထဲသို့ ရောက်သွားသောအခါ သူသည် ဆက်ပြီး သည်းမခံနိုင်တော့ဘဲ စောင်ပေါ်တွင် လဲကျကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ဖန်တန်သည် ရှဖေး၏ တဲထဲသို့ တိတ်တဆိတ် ဝင်လာပြီး ရှဖေး၏ ဘေးတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

“သာမန်လူတွေ မရောက်နိုင်တဲ့ အမြင့်ကို ရောက်ဖို့ဆိုရင် သာမန်လူတွေ မပေးချင်တဲ့ တန်ဖိုးကို ပေးရမှာပဲ။ တကယ်တော့ မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အထိ ခံနိုင်မလဲဆိုတာကို ငါလည်း ခန့်မှန်းနေရတာပဲ။ ငါ့ရဲ့ ခန့်မှန်းချက်အရတော့ ပုလင်း ၂၀ လောက်ပဲ၊ ဒါပေမဲ့ ဆေးဖော်စပ်ပြီးတဲ့အခါ ငါ့ရဲ့ ခန့်မှန်းချက်ထက် ငါးပုလင်း ပိုထွက်လာတယ်။ ဒါက မင်းရဲ့ အမှားပဲ၊ ဘယ်သူက မင်းကို အဲ့လောက် တိတိကျကျ လုပ်ခိုင်းလို့လဲ”

ဖန်တန်က ဘာလို့ ဒီလို ပြောနိုင်ရတာလဲ။ ကြယ်တာရာဒင်္ဂါး ၈ သန်းကျော်ဖိုးရှိသော ဆေးဖက်ဝင် ပစ္စည်းတွေနှင့်ဆိုလျှင် ရှဖေးက ဘာလို့ ပိုပြီး တိတိကျကျ မလုပ်ရမှာလဲ။ ရှဖေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သဖြင့် ဖန်တန်၏ စကားများကို မကြားလိုက်ရသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်လျှင် ရှဖေးသည် မကောင်းဆိုးဝါး ဖန်တန်နှင့် အသက်ကို ရင်းပြီး တိုက်ခိုက်နေလောက်ပြီ။

“ဒါက တကယ်ပဲ စိုးရိမ်ပူပန်မှုတွေ ကင်းစင်တဲ့ အိပ်စက်ခြင်းပဲ” ရှဖေးသည် သူ၏ ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး စောင်ပေါ်မှ ထိုင်လိုက်သည်။ သူသည် မခံမရပ်နိုင်အောင် ရေငတ်နေသဖြင့် တစ်ဝက်ခန့် ကျန်နေသော ရေသန့်ပုလင်းကို ယူကာ သူ၏ ဗိုက်ထဲသို့ လောင်းထည့်လိုက်သည်။

“မင်း နိုးလာပြီပဲ” ဖန်တန်သည် တဲထဲသို့ ရုတ်တရက် ပေါ်လာပြီး ရှဖေး၏ မျက်နှာသို့ ငုံ့ကြည့်ကာ မယုံနိုင်စရာ မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ငါ မနိုးသင့်ဘူးလား” ရှဖေးက စိုးရိမ်နေသော ဖန်တန်ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေခဲ့သည်။

“မင်း ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ သိလား” ဖန်တန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ရှဖေးက ခေါင်းခါပြလိုက်ပြီး စိတ်ဖောက်ပြန်နေသော ဖန်တန်နှင့် ဝေးရာသို့ နောက်သို့ ဆုတ်လိုက်သည်။

“မင်း သုံးရက်ပဲ အိပ်ပျော်သွားတာ” ဖန်တန်က စိတ်လှုပ်ရှားနေသော အသံဖြင့် ပြောလိုက်သည်။

“ဘာ၊ ငါ သုံးရက်လုံး အိပ်ပျော်သွားတာလား ဒီဆဲလ်မြှင့်တင်ဆေးက တကယ်ပဲ ပြင်းထန်တာပဲ” ရှဖေးသည် တဲထဲမှ ထွက်လာခဲ့ရာ တောက်ပလှသော နေရောင်ခြည်မှာ ကောင်းကင်ယံတွင် မြင့်မားစွာ သာနေခဲ့သည်။ ပူပြင်းလှသော နေရောင်မှာ သူ့ကို ကင်နေသလို ခံစားလိုက်ရသည်။

“ငါ့အထင်တော့ သူ အနည်းဆုံး တစ်လလောက် အိပ်ပျော်သွားမယ်လို့ ထင်ထားတာ သူက သုံးရက်အကြာမှာ နိုးလာခဲ့ပြီ ခုနစ်ခုမြောက် ဦးနှောက်ဒေသကို လုံးဝ ဖွင့်ထားနိုင်တဲ့ စွမ်းအားကို ငါ တကယ်ပဲ အထင်သေးမိခဲ့တာပဲ သူ့မှာ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိနေသေးတယ် နောက်တစ်ခါကျရင် ဆေးဝါးပမာဏကို ထပ်ပြီး တိုးရမယ်၊ အနည်းဆုံး လေးဆလောက်” ဖန်တန်က တဲထဲတွင် တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။

ရေသန့်နှစ်ပုလင်း သောက်ပြီးနောက် ရှဖေး၏ ရေငတ်မှုမှာ ပျောက်ကွယ်သွားသော်လည်း သူ၏ ဗိုက်မှာတော့ မကျေမနပ် ဖြစ်လာခဲ့ပြီ။ မီးမွှေးပြီး ထမင်းချက်ဖို့ အချိန်မရှိတော့သဖြင့် ရှဖေးသည် စည်သွတ်ဘူးများကို တိုက်ရိုက် စားလိုက်သည်။ စည်သွတ်ဘူးခွံများမှာ မြေကြီးပေါ်တွင် အများကြီး ပုံနေခဲ့ပြီ။ ထို့နောက် ရှဖေးသည် ကျေနပ်စွာဖြင့် သူ၏ ဗိုက်ကို ပုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တွေ ပြည့်နှက်နေသလို ခံစားလိုက်ရသည်။

ရှဖေးသည် ထရပ်လိုက်ပြီး မြေကြီးပေါ်တွင် ခြေစောင့်လိုက်ကာ အမြန်နှုန်းပြင်းပြင်းနှင့် ပြေးထွက်သွားခဲ့သည်။ မြစ်ဘေးရှိ မြေမျက်နှာသွင်ပြင်မှာ ကြမ်းတမ်းလှပြီး သစ်ပင်တွေလည်း အများကြီး ရှိသည်။ ရှဖေး၏ တုန့်ပြန်မှု အမြန်နှုန်းမှာ မြင့်တက်လာပြီးနောက် သူသည် စူပါကွန်ပျူတာ တစ်လုံးကဲ့သို့ပင် ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ အချက်အလက်များကို လျင်မြန်စွာ လုပ်ဆောင်နေသည်။

သူ၏ ပုံရိပ်မှာ အထက်အောက်၊ ဘယ်ညာ လှုပ်ရှားနေသည်။ သူသည် ကျားသစ်တစ်ကောင်ထက်ပင် ပိုပြီး လျင်မြန်ဖြတ်လတ်နေသည်။ သူ၏ အမြန်နှုန်းမှာ လေပြင်းတစ်ချက် စီးဆင်းသွားသလိုပင် ဖြစ်ပြီး ထိတ်လန့်စရာကောင်းလှသည်။ မင်း သူ့ကို မြင်လိုက်တဲ့ အချိန်မှာ သူက မင်းရဲ့ ရှေ့ကို ရောက်နေလောက်ပြီ။ ရှဖေး၏ ခံနိုင်ရည်မှာလည်း တိုးတက်လာပြီး သူသည် နှစ်မိနစ်ခန့် ဆက်တိုက် ပြေးနိုင်ခဲ့သည်။ ရှဖေးသည် မဟာလျှိုမြောင်ကြီး၏ ထိပ်ဖျားတွင် ရပ်နေခဲ့ပြီး သူ၏ တဲမှာ သေးငယ်သော အမည်းစက်လေး တစ်စက်ကဲ့သို့ ဖြစ်နေကာ သေသေချာချာ မြင်နိုင်ဖို့ မဖြစ်နိုင်တော့ပေ။

“အိုး၊ ဒါက ကီလိုမီတာ ၂၀ တောင် ဝေးသွားတာလား” ရှဖေးသည် သူ၏ အမြန်နှုန်းက ဤမျှအထိ မြန်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ ၎င်းသည် ယခင်ကထက် အနည်းဆုံး နှစ်ဆခန့် ပိုမြန်နေပြီ ဖြစ်သည်။

“ဒီကြယ်တာရာဒင်္ဂါး ၈ သန်းက တကယ်ပဲ ထိုက်တန်တာပဲ” ရှဖေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ခဏနားပြီးနောက် ရှဖေးသည် စခန်းသို့ ပြန်ပြေးလာခဲ့သည်။

“ဖန်တန်၊ ခုနက ငါ့ရဲ့ အမြန်နှုန်းက ဘယ်လောက်လဲ” ရှဖေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“၁၈၅ မီတာ/စက္ကန့် ပတ်ဝန်းကျင်ပဲ၊ ကြယ်တာရာ အခြေခံအဆင့် အစောပိုင်းပေါ့”

သူသည် ၈၅ မီတာ/စက္ကန့် မှ ၁၈၅ မီတာ/စက္ကန့် အထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ အမြန်နှုန်း တိုးတက်မှုနှုန်းမှာ နှစ်ဆထက်ပင် ပိုသေးသည်။

“ကြယ်တာရာ အခြေခံအဆင့်။ ဒါက အရမ်းကောင်းတာပဲ။ နောက်ဆုံးတော့ ငါ ကြယ်တာရာ အခြေခံအဆင့်ကို ရောက်သွားပြီ” ရှဖေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရာ သူ၏ အသံမှာ လျှိုမြောင်အတွင်းတွင် ဟိန်းထွက်သွားခဲ့သည်။

ကြယ်တာရာ အခြေခံအဆင့်နှင့် ကြယ်တာရာ အလင်းအဆင့်မှာ လုံးဝကို ကွဲပြားသော အယူအဆ နှစ်ခု ဖြစ်ပြီး နှိုင်းယှဉ်ဖို့ပင် မဖြစ်နိုင်ပေ။ စွမ်းရည်များ၏ အဆင့်နှင့် အဆင့်ဆင့်မှာ အလွန် ပြင်းထန်သော စံနှုန်းတစ်ခု ရှိသည်။ အဆင့်တစ်ခုစီသည် အင်အားတွင် လုံးဝ သာလွန်မှုကို ကိုယ်စားပြုသည်။

အမြန်နှုန်းနှုန်း စွမ်းရည် အသုံးပြုသူများအတွက် ကြယ်တာရာ အလင်းအဆင့် အစောပိုင်းမှာ ၁၇ မီတာ/စက္ကန့် ဖြစ်ပြီး အလယ်အလတ်အဆင့်မှာ ၃၅ မီတာ/စက္ကန့် ဖြစ်သည်။ အဆင့်တစ်ခုစီ၏ ကွာခြားချက်မှာ အနည်းဆုံး နှစ်ဆခန့် ရှိသည်။ အဆင့် မြင့်လာလေလေ၊ ကျင့်ကြံဖို့ ခက်ခဲလေလေ ဖြစ်သည်။ လတ်တလောတွင် ကမ္ဘာပေါ်၌ ကြယ်တာရာ အခြေခံအဆင့်ရှိသော စွမ်းအားရှင် အရေအတွက်မှာ ၁၀၀ ထက်ပင် နည်းဖွယ် ရှိသည်။

၁၈၅ မီတာ/စက္ကန့်

ရှဖေးသည် ယခုအခါတွင် ကမ္ဘာ့ဖက်ဒရေးရှင်းအတွင်းရှိ အင်အားအကြီးဆုံးသော စွမ်းအားရှင်များ အကြားတွင် ပါဝင်နေပြီ ဖြစ်သည်။

ခဏနားပြီးနောက် ရှဖေးသည် သူ၏ အကောင့်ထဲရှိ ပိုက်ဆံပမာဏကို စစ်ဆေးရန် အေအိုင် ကွန်ပျူတာကို ဖွင့်လိုက်သည်။ သူ နောက်ဆုံး စစ်ဆေးစဉ်က သူ၏ အကောင့်ထဲတွင် ကြယ်တာရာဒင်္ဂါး ၅ သန်းကျော် ရှိနေခဲ့ပြီး အန်ဒရေထံသို့ ၄ သန်း လွှဲပြောင်းပေးပြီးနောက်တွင်တော့ သူ၏ အကောင့်ထဲတွင် ကြယ်တာရာဒင်္ဂါး ၁ သန်းကျော်သာ ကျန်တော့သည်။

သုံးလအတွင်းမှာပင် အင်ဒါရို ကဗျာဝါသနာရှင် ဝက်ဘ်ဆိုက်ပေါ်သို့ ကဗျာပေါင်း ၁,၃၀၀ ကျော် တင်ခဲ့ပြီး ဖြစ်သည်။ အခု အခြေအနေက ဘယ်လိုလဲဆိုတာကို သူ မသိသေးပေ။ တကယ်လို့ ရှဖေးမှာ ပိုက်ဆံမရှိဘူးဆိုရင် သူသည် ဆေးဖက်ဝင် ပစ္စည်းတွေကို ဝယ်နိုင်မှာ မဟုတ်ဘဲ သူ၏ အဆင့်ကိုလည်း မြှင့်တင်နိုင်မှာ မဟုတ်တော့ပေ။ ဒါက ရှဖေးအတွက်တော့ ကြီးမားလှသော ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မည်။

အင်ဒါရို ကဗျာဝါသနာရှင် ဝက်ဘ်ဆိုက်သို့ ဝင်လိုက်ပြီး သူ၏ အချက်အလက်များကို ရိုက်ထည့်လိုက်သောအခါ ရှဖေး၏ မျက်လုံးများမှာ ပြူးသွားပြီး အချိန်အတော်ကြာအောင် စကားပင် မဆိုနိုင်တော့ဘဲ ဖြစ်သွားခဲ့သည်။

“ဖန်တန်၊ ဒါက ဘယ်လောက်လဲဆိုတာ ငါ့ကို ကူပြီး ကြည့်ပေးပါဦး။ ဒါက ကြယ်တာရာ စစ်သင်္ဘော တစ်စီး ဝယ်ဖို့ လောက်ငှနိုင်မလား” ရှဖေးက အလွန် စိတ်လှုပ်ရှားနေသော အသံဖြင့် မေးလိုက်သည်။

အခန်း ၂၁ - အစီအစဉ်ကို ရှေ့တိုးခြင်း

ကြယ်တာရာဒင်္ဂါး ၄၁၆.၉၁ သန်း

တကယ်လို့ ဒါကို ဖက်ဒရယ်ဒေါ်လာနဲ့သာ လဲလှယ်မယ်ဆိုရင် ၄.၁ ထရီလီယံလောက် ရှိမှာ ဖြစ်သည် ဒါက ဖက်ဒရယ်အစိုးရရဲ့ တစ်နှစ်စာ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံထက်တောင် ပိုများနေပါပြီ ရှေးယခင်ကတည်းက ဘယ်သူမှ ရှဖေးလောက် မြန်မြန်ဆန်ဆန်နဲ့ ပိုက်ဆံ မရှာနိုင်ခဲ့ဖူးပါဘူး။

လေးလဆိုတဲ့ တိုတောင်းလှတဲ့ အချိန်အတွင်းမှာ ရှဖေးဟာ ဘာမှမဟုတ်တဲ့ စက်ဘီးနဲ့ ပစ္စည်းပို့သူဘဝကနေ ဖက်ဒရေးရှင်းရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာခဲ့သည်။ ဒါကို ကြားရတဲ့သူတိုင်း အံ့သြသွားရလောက်အောင်ပါပဲ။ ဒါက ပိုက်ဆံရှာနေတာ မဟုတ်ဘဲ ပိုက်ဆံတွေကို လုယက်နေသလိုပင်။

“အင်း၊ မဆိုးပါဘူး။ ငါတို့ ဆေးဖက်ဝင် ပစ္စည်းဈေးကွက်ကို သွားပြီး အလယ်အလတ်အဆင့် ဆေးဖက်ဝင် ပစ္စည်းအချို့ကို ဝယ်လို့ရပြီ” ဖန်တန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

ရှဖေးက ဖန်တန်ကို မျက်စောင်းထိုးကြည့်လိုက်သည်။ ဖန်တန် ပိုက်ဆံဖြုန်းနေတဲ့ အမြန်နှုန်းနဲ့ဆိုရင် သူ့အကောင့်ထဲမှာ သုညတွေ ဘယ်လောက်ပဲ များနေပါစေ လောက်ငှမှာ မဟုတ်‌ေပ။ ကဗျာတွေဟာ သိပ်ပြီး လူကြိုက်မများလှဘဲ အန်ညာကြောင့် ဖြစ်ပေါ်လာတဲ့ ကဗျာလှိုင်းလုံးကြီးဟာလည်း အခုဆိုရင် ပြီးဆုံးသွားခဲ့ပြီ။ ကဗျာရောင်းရမှုနှုန်းဟာလည်း ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့ပီး အခုဆိုရင် တစ်လကို ကြယ်တာရာဒင်္ဂါး သန်း ၂၀ ဝန်းကျင်မှာပဲ တည်ငြိမ်နေပြီး နောက်ထပ် ပေါက်ကွဲထွက်မယ့် အရောင်းရဆုံး အခြေအနေမျိုးကတော့ မကြာခင်မှာ ဖြစ်လာဖို့ မရှိပေ။

“ဘာစောင့်နေတာလဲ။ မြန်မြန် ဆေးဖက်ဝင် ပစ္စည်းဈေးကွက်ကို သွားရအောင်။ ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ဝယ်ခဲ့တဲ့ ဆိုင်ကိုပဲ တန်းသွားလိုက်။ အဲ့ဒီဆိုင်မှာ ပစ္စည်းကောင်းတွေ ရှိတယ်။ အခု မင်းက ကြယ်တာရာ အခြေခံအဆင့်ကို ရောက်နေပြီဆိုတော့ အဲ့ဒီ ဈေးပေါတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေက မင်းအတွက် အာနိသင် သိပ်မရှိတော့ဘူး။ တကယ်လို့ မင်း ဆေးဖက်ဝင် ပစ္စည်းတွေကို သုံးချင်တယ်ဆိုရင် အနည်းဆုံး အလယ်အလတ်အဆင့် ပစ္စည်းတွေကို သုံးဖို့ လိုလိမ့်မယ်” ဖန်တန်က သူ့လက်ဝါးတွေကို ပွတ်လိုက်ပြီး ပြောလိုက်သည်။

“အဲ့လောက်တောင် အလောတကြီး လုပ်ဖို့ မလိုပါဘူး မဟုတ်လား ဆဲလ်မြှင့်တင်ဆေးက လုံးဝ စုပ်ယူသွားဖို့ ခြောက်လလောက် အချိန်ယူရမှာလေ ပိုက်ဆံတွေကို ဘဏ်ထဲမှာပဲ ထားပြီး အတိုးယူထားလိုက်တာပေါ့” ရှဖေးက ပြန်ပြောလိုက်သည်။

“အနည်းဆုံးတော့ သွားကြည့်တာ အဆင်ပြေမှာပါ မဟုတ်လား။ တကယ်လို့ သူတို့ဆီမှာ လူကြိုက်များတဲ့ ပစ္စည်းအသစ်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။ မင်း အခွင့်အရေးကို လက်လွတ်မခံဘဲ ဝယ်ထားသင့်တယ်၊ မဟုတ်ရင် နောက်တစ်ခါ ဝယ်ဖို့ အချိန်အကြာကြီး စောင့်ရလိမ့်မယ်” ဖန်တန်က စိတ်ပျက်လက်ပျက်နဲ့ သူ့ခေါင်းကို ငုံ့လိုက်ပြီး ပြောလိုက်သည်။

ရှဖေးလည်း ဘာမှ မတတ်နိုင်တော့ပေ။

“မင်းက ကဗျာတွေကိုပဲ ရူးသွပ်တာ မဟုတ်ဘဲ ဆေးဖော်စပ်တဲ့ နေရာမှာလည်း အရူးအမူးပဲ။ မင်းရဲ့ ဆရာက မင်းကို ဘာလို့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အဖြစ် လေ့ကျင့်ပေးခဲ့တာလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး”

လူသားတွေရဲ့ ဘယ်ဘက်ဉီးနှောက်ဟာ ကျိုးကြောင်းဆင်ခြင်မှုအတွက် တာဝန်ယူပြီး ညာဘက်ဉီးနှောက်ကတော့ စိတ်ခံစားမှုအတွက် တာဝန်ယူသည်။ ဖန်တန်ရဲ့ ညာဘက်ဉီးနှောက်က ဘယ်ဘက်ဉီးနှောက်ထက် အများကြီး ပိုပြီး ဖွံ့ဖြိုးနေတာ သိသာသည်။ စိတ်ခံစားမှု ပြင်းထန်တဲ့သူတွေဟာ အနုပညာရှင်တွေ ဖြစ်လာနိုင်ပေမဲ့ သူတို့အတွက် လုပ်ကြံသတ်ဖြတ်သူ ဖြစ်ဖို့ကတော့ ခက်ခဲသည်။

ရှဖေးက မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားက ဖန်တန်ကို တကယ်ပဲ ဝမ်းနည်းသွားစေခဲ့သည်။ ဖန်တန်ရဲ့ မျက်လုံးတွေဟာ နီရဲလာပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ သူက “ငါ တကယ်ပဲ ငါ့ဆရာကို စိတ်ပျက်အောင် လုပ်ခဲ့မိပြီ။ သူ့ရဲ့ မျှော်လင့်ချက်တွေကို ငါ အကောင်အထည် မဖော်နိုင်ခဲ့ဘူး” လို့ ပြောလိုက်သည်။

ရှဖေးလည်း စကားပင် မဆိုနိုင်တော့ပေ။

‘သူက စကြဝဠာရဲ့ အလိုရှိဆုံး ရာဇဝတ်ကောင်၊ သမိုင်းတစ်လျှောက် အံ့သြစရာအကောင်းဆုံးနဲ့ ကံအဆိုးဆုံး လုပ်ကြံသတ်ဖြတ်သူပဲ ဘုရားသေချာတယ်၊ ငါသာ သူ့ကို ကိုယ်တိုင် မတွေ့ခဲ့ရင် ဒဏ္ဍာရီထဲက ဖန်တန်ဆိုတာ ဒီလူပဲလို့ ငါ ယုံမှာ မဟုတ်ဘူး’ သူက တွေးလိုက်သည်။

“ထားလိုက်ပါတော့၊ မင်း အခု လုပ်ကြံသတ်ဖြတ်သူ မဟုတ်တော့ဘူးဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင် ကြိုးစားနေရမှာပေါ့။ အနာဂတ်မှာ မင်းရဲ့ ဆရာက မင်း လုပ်ကြံသတ်ဖြတ်သူ လောကမှာ အဆင်မပြေခဲ့ပေမဲ့ တခြား နေရာတွေမှာ အောင်မြင်မှုတွေ ရှိနေတာကို တွေ့ရင် သူ မင်းကို ဧကန်ခွင့်လွှတ်မှာပါ” ရှဖေးက သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။

“ဟုတ်တယ်! ငါ့ဆရာကို ငါ စိတ်ပျက်အောင် မလုပ်တော့ဘူး” ဖန်တန်ရဲ့ မျက်နှာဟာ ဝမ်းနည်းမှုတွေနဲ့အတူ နာကြည်းမှုတွေ ပြည့်နှက်နေသည်။

“ငါ ကဗျာတွေ၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာနဲ့ ကွန်ဖြူးရှပ် ဝါဒတွေကို လေ့လာဖို့ ကြိုးစားပါ့မယ်…”

ဟင် ဘာတွေ ဖြစ်ကုန်တာလဲ။ ဖန်တန်က ဗုဒ္ဓဘာသာကိုပဲ ရူးသွပ်နေတာ မဟုတ်ဘူးလား။ တာအိုဘာသာနဲ့ ကွန်ဖြူးရှပ် ဝါဒတွေက ဘယ်တုန်းက သူ့ရဲ့ ရူးသွပ်မှုတွေထဲမှာ ပါသွားတာလဲ။

ဘယ်ဘက် ထောင့်စွန်းက ပန်းရောင် အီးမေးလ်လေးကတော့ အဆက်မပြတ် လင်းလက်နေဆဲ ဖြစ်တာကြောင့် ရှဖေးကို တကယ်ပဲ စိတ်ပျက်သွားစေသည်။ ဘာမှ မတတ်နိုင်တော့တဲ့အဆုံး ရှဖေးဟာ အေဗရယ်ရဲ့ အီးမေးလ်ကို ဖွင့်ကြည့်လိုက်သည်။

“မင်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ထိုးရတာလဲ။ မင်းက ဒဏ္ဍာရီထဲက နာကျင်မှုကို ခံစားရတာ ကြိုက်တဲ့သူ တစ်ယောက်များလား”

“ရက်အနည်းငယ်တောင် ရှိသွားပြီ၊ မင်း ဘာလို့ ပြန်မစာမပို့တာလဲ။ သတိထားနော်၊ မဟုတ်ရင် ငါ့အစ်ကိုကို ခေါ်ပြီး မင်းကို ဖမ်းခိုင်းလိုက်မှာ ”

“ငါ့အီးမေးလ်ကို ပြန်စာပို့လို့ မရဘူးလား အလွန်ဆုံးတော့ ငါ မင်းကို ဒုက္ခမပေးတော့ဘူးလေ၊ ဟုတ်ပြီလား ”

“ဟွန့်! မင်း ငါ့ကို တကယ်ပဲ လျစ်လျူရှုရဲတယ်ပေါ့။ ငါ မင်းအကြောင်းကို ငါ့အစ်ကိုကို ပြောလိုက်ပြီ ငါ့အစ်ကိုက နောက်နှစ်ရက်နေရင် မင်းကို လာဖမ်းမယ်လို့ ပြောတယ် မင်း ခြင်္သေ့စာ ကျွေးခံရဖို့ပဲ စောင့်နေလိုက်တော့ ”

“နောက်ဆုံးတော့ ငါ့ကို စကားပြောပေးမယ့်သူ တစ်ယောက် တွေ့ပြီဆိုမှ၊ မင်း ငါ့ကို လျစ်လျူမရှုပါနဲ့…”

အဲ့ဒီမှာ စာရှည်ကြီးတွေ ရေးထားတဲ့ အီးမေးလ်တွေ အများကြီး ရှိနေပြီး ရှဖေးလည်း ဘာပြောရမှန်း မသိတော့ပေ။

“မင်းရဲ့ အီးမေးလ်တွေက တကယ်ကို ထူးဆန်းတာပဲ ငါ ဒါတွေကို ဖျက်လို့လည်း မရသလို ပိတ်လို့လည်း မရဘူး ငါတို့က သူငယ်ချင်းတွေလည်း မဟုတ်ဘူးလေ၊ အီးမေးလ် နှစ်စောင်လောက်ပဲ စကားပြောဖူးတာ မဟုတ်လား ဘာလို့ မင်းက ငါတို့ ကြိုက်နေသလိုမျိုး ပုံစံဖမ်းနေရတာလဲ ”

စာပို့ပြီးတဲ့နောက်မှာတော့ ဘယ်ဘက်ထောင့်စွန်းက ပန်းရောင် အီးမေးလ်လေးကတော့ လင်းလက်နေတာ ရပ်သွားသည်။ အဲ့ဒီနောက်မှာတော့ ရှဖေးဟာ ဖန်တန်နဲ့အတူ ‘မာစတာပိစ် လိုင်း’ လို့ ခေါ်တဲ့ ဆိုင်ကို သွားခဲ့သည်။

သူတို့ ဝင်သွားတာနဲ့ ပြုံးနေတဲ့ လူဝကြီးတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သူ့မှာ ရှည်လျားပြီး သေးသွယ်တဲ့ နှုတ်ခမ်းမွေး နှစ်စုံရှိပြီး မျက်လုံးတွေကတော့ မှေးစက်နေသည်။

“မစ္စတာ ရှဖေး၊ ထပ်ပြီး ကြိုပြောလိုက်သည်။ ငါက ဆိုင်မန်နေဂျာ ရှုမောင်ရုန် ပါ။” အဲ့ဒီ မျက်လုံးမှေးမှေးနဲ့ လူဝကြီးက ပြုံးရင်း ပြောလိုက်သည်။

“မင်္ဂလာပါ။ ပြီးခဲ့တဲ့ တစ်ခေါက် ငါ လာတုန်းက မင်းကို ဘာလို့ မတွေ့တာလဲ။” လို့ ရှဖေးက မေးလိုက်သည်။

ရှဖေး ပြီးခဲ့တဲ့ တစ်ခေါက် ‘မီးနဂါး နှစ်တစ်ထောင် မီးလျှံ’ ကို ဝယ်တုန်းက ဆိုင်မန်နေဂျာကို မတွေ့ရုံတင် မဟုတ်ဘဲ ဗီဒီယို ဝန်ထမ်းတောင် မရှိပါဘူး။ ငွေပေးချေမှုကလည်း အလိုအလျောက်ပဲ လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ရှဖေးဟာ အဲ့ဒီဆိုင်ရဲ့ ဝန်ဆောင်မှု ပေးပုံကို သိပ်ပြီး သဘောမကျပေ။

“ကဲကဲ၊ ပြီးခဲ့တဲ့ တစ်ခေါက် မင်း ဆိုင်ကို လာတုန်းက ငါ အပြင်ရောက်နေလို့ပါ။ အဲ့ဒီအတွက် ငါ့ရဲ့ ပေါ့ဆမှုကို တောင်းပန်သည်။” ရှုမောင်ရုန်က ရှဖေးကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။

“ဪ။” ရှဖေးက ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း ဗီဒီယို ဝန်ထမ်း အချို့ကို ငှားထားသင့်တာပေါ့၊ ကွန်ပျူတာက ဖန်တီးထားတဲ့ ဗီဒီယို ဇာတ်ကောင်တွေနဲ့ ဝန်ဆောင်မှု ပေးရတာက ပိုပြီး အဆင်ပြေတာပေါ့”

“မင်း မသိလို့ပါ၊ ငါတို့ ‘မာစတာပိစ် လိုင်း’ ဆိုင်တွေမှာ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ဝန်ဆောင်မှု ပေးသူတွေကို မသုံးပါဘူး အဲ့ဒီ ဗီဒီယို ဝန်ထမ်းတွေက ဘယ်လောက်ပဲ တော်နေပါစေ၊ ဒါက စက်ပဲလေ စက်တစ်လုံးကို သုံးပြီး ဖောက်သည်ကို ဝန်ဆောင်မှု ပေးတာက မရိုသေရာ ရောက်တယ် ငါတို့ ‘မာစတာပိစ် လိုင်း’ က အဲ့ဒီလို ပစ္စည်းတွေကို သုံးဖို့ ရည်ရွယ်ချက် မရှိပါဘူး ”

“ဒါက ‘မာစတာပိစ် လိုင်း’ ရဲ့ ကြယ်တစ်ပွင့် အသင်းဝင်ကတ်ပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ။ ငါတို့ရဲ့ စည်းမျဉ်းအရ စုစုပေါင်း ဝယ်ယူမှု ကြယ်တာရာဒင်္ဂါး သန်း ၁၀၀ ပြည့်မှသာ ကြယ်တစ်ပွင့် အသင်းဝင်အဖြစ် မြှင့်တင်ပေးတာပါ။ ဒါပေမဲ့ အခုကတော့ ငါတို့ရဲ့ ပေါ့ဆမှုအတွက် လျော်ကြေးအဖြစ် မင်းကို အခုပဲ ပေးလိုက်တာပါ ”

“အခုကစပြီး မင်းဟာ ‘မာစတာပိစ် ဂရု’ နဲ့ ပတ်သက်တဲ့ ဆိုင်တွေ အားလုံးမှာ ၂ ရာခိုင်နှုန်း လျှော့ဈေး ရမှာပါ။ နောက်ပြီး သယ်ယူပို့ဆောင်ရေး အခကြေးငွေ အားလုံးကိုလည်း ငါတို့ ဂရုက တာဝန်ယူမှာပါ မင်း ဒီကတ်ကို ပြပြီး ငါတို့ ‘မာစတာပိစ် လိုင်း’ ရဲ့ လေလံပွဲတွေမှာလည်း ပါဝင်နိုင်တယ်”

ရှဖေး ဆိုင်ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ပစ္စည်းတွေက အရင်အတိုင်းပဲ ဖြစ်နေပြီး ဖန်တန် သဘောကျတဲ့ ပစ္စည်းအသစ်တွေ မရှိတာကို တွေ့လိုက်ရသည်။

“ဆိုင်ထဲမှာ ပစ္စည်းအသစ်တွေ မရှိတော့ဘူး ထင်တယ်” ရှဖေးက မေးလိုက်သည်။

“ဒီဆိုင်က အမြင့်ဆုံးအဆင့် ဆေးဖက်ဝင် ပစ္စည်းတွေကိုပဲ ရောင်းတာပါ၊ ပစ္စည်း တစ်ခုချင်းစီရဲ့ ပမာဏကလည်း အလွန် အကန့်အသတ် ရှိသည်။ ဒါကြောင့် ပစ္စည်းတွေ ရောင်းတာပဲ ဖြစ်ဖြစ်၊ တင်သွင်းတာပဲ ဖြစ်ဖြစ် ပစ္စည်းတွေ ပြန်ဖြည့်ဖို့ အချိန်အကြာကြီး ယူရသည်။ မကြာခင်မှာ ‘မာစတာပိစ် လေလံအိမ်’ မှာ လေလံပွဲ တစ်ခု ရှိမှာပါ၊ အဲ့ဒီမှာ ထိပ်တန်းအဆင့် ဆေးဖက်ဝင် ပစ္စည်း အချို့ ရောင်းဖို့ ရှိတယ်အဲ့ဒီအခါကျရင် မင်း သွားကြည့်လို့ ရတယ်” ရှုမောင်ရုန်ပြောလိုက်သည်။

ရှုမောင်ရုန်နဲ့ စကားပြောပြီးတဲ့နောက်မှာတော့ ရှဖေးဟာ ‘မာစတာပိစ် လိုင်း’ ဆိုတာ အင်ဒါရို ကြယ်တာရာဒေသမှာ အလွန် ထူးခြားတဲ့ ကုမ္ပဏီတစ်ခု ဆိုတာကို သိလိုက်ရသည်။ သူတို့က အကောင်းဆုံးအဆင့် ပစ္စည်းတွေကိုပဲ ရောင်းချပြီး အရောင်းသွက်ဖို့ထက် အကောင်းဆုံး ဖြစ်ဖို့ကိုပဲ ဉီးစားပေးသည်။ သူတို့ရဲ့ လေလံပွဲတွေဟာ အင်ဒါရို ကြယ်တာရာဒေသ တစ်ခုလုံးမှာ အလွန် နာမည်ကြီးပြီး လေလံပွဲတွေမှာ ရှားပါး ပစ္စည်းတွေကို မကြာခဏ တွေ့ရတတ်သည်။

ကြယ်တာရာတွေကြားက အင်တာနက်ကနေ ပြန်လာပြီးတဲ့နောက် ရှဖေးဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး ပြင်းထန်တဲ့ ကျင့်ကြံခြင်းကို ထပ်ပြီး စတင်လိုက်သည်။ ရုတ်တရက် ကောင်းကင်ယံမှာ ဘဲလ် တက်စထရွန် ရဟတ်ယာဉ် တစ်စင်း ပေါ်လာသည်။

ရဟတ်ယာဉ်ရဲ့ ပန်ကာတွေက အမြန်နှုန်းပြင်းပြင်းနဲ့ လည်ပတ်နေတာကြောင့် လျှိုမြောင်တစ်ခုလုံးမှာ ဆူညံသံတွေ ဟိန်းထွက်နေသည်။ ရဟတ်ယာဉ်ဟာ ရှဖေးရဲ့ တဲနဲ့ မီတာ ရာဂဏန်းလောက် အကွာမှာ ဆင်းသက်လိုက်ပြီး လေပြင်းတွေကြောင့် ရှဖေးရဲ့ တဲဟာ လွင့်ထွက်သွားလုနီးပါး ဖြစ်သွားခဲ့သည်။

“ဘယ်သူလဲ” လို့ ရှဖေးက မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်တဲ့အခါ ထိပ်ပြောင်ပြောင်နဲ့ ဝူလုံ ဟာ ရဟတ်ယာဉ်ပေါ်ကနေ ခုန်ဆင်းလာပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ပြေးလာတာကို တွေ့လိုက်ရသည်။

“အစ်ကိုဝူ၊ မင်း ဘာလို့ ဒီကို ရောက်လာတာလဲ။ ငါ့ကို လွမ်းလို့လား” ရှဖေးက ပြုံးလိုက်ပြီး မေးလိုက်သည်။

“ငါက ဘာလို့ မင်းကို လွမ်းရမှာလဲ။ မင်းက မိန်းမမှ မဟုတ်ဘဲ” ဝူလုံက အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

သူတို့ နှစ်ယောက်ဟာ မြစ်ဘေးက ကျောက်ဆောင်ကြီး တစ်ခုပေါ်မှာ ထိုင်လိုက်ကြသည်။ ရှဖေးဟာ ဟုန်ထာရှန်း စီးကရက် တစ်ဗူးကို ထုတ်ပြီး ဝူလုံကို တစ်လိပ် ပေးလိုက်သည်။

“ဒါကို မင်းပဲ သောက်လိုက်ပါ၊ ငါ ဒါကို သိပ်ပြီး အသားမကျဘူး။ ဘာပဲဖြစ်ဖြစ် သတင်းကောင်းနဲ့ သတင်းဆိုး ရှိတယ်၊ မင်း ဘယ်ဟာကို အရင် ကြားချင်လဲ” ဝူလုံက လက်ခါပြလိုက်ပြီး လျှို့ဝှက်ချက် တစ်ခုလို ပြောလိုက်သည်။

“သတင်းကောင်းကို အရင် ပြောပြပါ”

“သတင်းကောင်းကတော့ ဒီနှစ် ဟာရီကိန်း ရာသီက စောစော ရောက်လာပြီး စောစောပဲ ပီးသွားခဲ့ပီ။ မိုးလေဝသ အစီရင်ခံစာအရ အတ္တလန္တိတ် သမုဒ္ဒရာဟာ စက်တင်ဘာလ တစ်လလုံး ငြိမ်းချမ်းနေလိမ့်မယ်လို့ ပြောတယ်။ အတ္တလန္တိတ် ရှာဖွေရေး အစီအစဉ်ကို ရှေ့တိုးလိုက်ပြီ” လို့ ဝူလုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှဖေးက လက်ခုပ်တီးလိုက်သည်။ “ဒါက တကယ်ပဲ ကောင်းတာပေါ့။ ငါလည်း လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ ဒီဒဏ္ဍာရီထဲက မြို့တော်ကို မြင်ချင်နေတာ။ သတင်းဆိုးကကော ဘာလဲ”

“ငါတို့ကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေပြီ။” အဲ့ဒီစကားက ရှဖေးရဲ့ စိတ်ထဲမှာ စွဲထင်သွားသလို ခံစားလိုက်ရသည်။

All Chapters