အဆင့်ကို ကျော်ဖြတ်ခြင်း
Vol. 44 Ch. 603
ချီ ချီ
ခဏအကြာတွင် ဝိညာဉ်ဝါးမျို မိချောင်းများက ထပ်မံတိုက်ခိုက်ပြန်၏။ ကျန်းရီ၏ ပင်မစိတ်ဝိညာဉ်က မလှုပ်ရှားဘဲ ကျန်သည့်စိတ်ဝိညာဉ်လေးကို တိုက်ခိုက်ရန် ထိန်းချုပ်လိုက်တော့၏။ မိချောင်းများ မည်သည့်အချိန်တွင် ရောက်လာစေကာမူ သူက၎င်းကို ချေမှုန်းနိုင်၏။ ဝိညာဉ်ဝါးမျို မိချောင်း ၇ကောင်၈ကောင်ခန့် ဖျက်ဆီးခံရချိန်တွင် သူ၏ပင်မစိတ်ဝိညာဉ်က စတင်လည်ပတ်လာပြီး ဆက်လက် ကြီးထွားလာတော့၏။
“ဒီပင်မစိတ်ဝိညာဉ်က ထပ်ပြီးကြီးထွားလာတာလား။ သူ့အကန့်အသတ်ကို ရောက်ပြီးသွားရင် နောက်ထပ် စိတ်ဝိညာဉ်လေးတစ်ခု ခွဲထွက်လာလိမ့်မယ်လို့ ငါ့ကိုမပြောနဲ့နော်”
ကျန်းရီက စိတ်ရှုပ်ထွေးစွာ ရေရွတ်ပြောလိုက်ပြီး သူ၏စိတ်ဝိညာဉ်ကို ထပ်ခါတစ်လဲလဲ စစ်ဆေးလိုက်၏။ သူ၏စိတ်ဝိညာဉ် ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် မည်သည်ကိုမှ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ မည်သည့်နည်းနှင့်မဆို သူ၏စိတ်ဝိညာဉ်နှင့် ဒန်တန်သည် အသွင်ပြောင်းလဲသွားပြီးနောက် သူကလူထူးလူဆန်း တစ်ဦးအဖြစ် အသွင်ပြောင်းပြီးသား ဖြစ်နေရာ သူအသားကျနေပြီဖြစ်၏။
သူ၏လမ်းကြောင်းက အင်မတန်နှေးသည်။ ဤတစ္ဆေတောအုပ်က သူ့ကို အလွန်မသက်မသာ ခံစားရတာကြောင့်သာ မဟုတ်လျှင် သူလှည့်ပတ်သွားရန် ဆန္ဒတောင် ရှိမှာမဟုတ်ပေ။ သူက ဤနေရာတွင် တစ်နှစ်ခန့်နေပြီး ပို့ဆောင်ရေး အစီအရင် သူ့ကိုပြန်ပို့ပေးမည့် အချိန်ကို စောင့်နေမှာပဲဖြစ်၏။ ဤနေရာတွင် အလွန်လုံခြုံပြီး သူ၏စိတ်ဝိညာဉ်ကလည်း ဆက်လက် အားဖြည့်နိုင်၏။ မည်သည့်အတွက်ကြောင့် စိတ်မပျော် ဖြစ်ရမည်နည်း။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်
ကျန်းရီ ထင်ထားသည့်အတိုင်းပင် သူ၏ပင်မ စိတ်ဝိညာဉ်သည် အကန့်အသတ်သို့ ရောက်သည့်အချိန်၌ စတင်ခွဲထွက်သွားတော့သည်။ မီးနဂါးဓားကဲ့သို့ စိတ်ဝိညာဉ်က စိတ်ဝိညာဉ် ပင်လယ်အတွင်း၌ ဖွဲ့တည်လာတော့သည်။ ထိုနေရာတွင် စိတ်ဝိညာဉ် ကာကွယ်စောင့်ရှောက်သူလေး နှစ်ခု ရှိနေလေရာ ပင်မစိတ်ဝိညာဉ်ကို ပိုတောင် လုံခြုံစေ၏။
“ဝှီး”
ရုတ်တရက် ကျန်းရီ၏ စိတ်ဝင်စားမှုတို့ တိုးလာတော့သည်။ သူ၏အရှိန်က တိုးလာပြီး ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တစ်ဟုန်ထိုး သွားလိုက်၏။ ထိုစိတ်ဝိညာဉ်လေးနှစ်ခု မည်မျှအစွမ်းထက်ကြောင်း သူမြင်ချင်နေသည်။
ချီ ချီ
အရှိန်ကို မြင့်တင်လိုက်သည့်အခိုက်တွင် သဲကန္တရ ပတ်ဝန်းကျင်က ရက်စက်ကြမ်းကြုတ်စွာ စတင် ပေါက်ကွဲလာတော့၏။ မရေမတွက်နိုင်သည့် လေဟာနယ် လှိုင်းဂယက်များ ပေါ်ပေါက်လာပြီး ဝိညာဉ်ဝါးမျို မိချောင်းများစွာက ပေါ်ထွက်လာကာ စီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းပြီး ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာလေ၏။
“လာလေရော့”
ကျန်းရီသည် စိတ်ဝိညာဉ်များလေးထဲမှ တစ်ခုကို ပင်မစိတ်ဝိညာဉ်အား ကာကွယ်ရန် ထိန်းချုပ်ထားပြီး ကျန်စိတ်ဝိညာဉ်လေး တစ်ခုဖြင့် ဝင်ရောက်လာသော ဝိညာဉ်ဝါးမျို မိချောင်းများကို ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ပမာ ချေမှုန်းနေတော့သည်။
ချေမှုန်းခြင်း
သံသယဖြစ်ဖွယ်မရှိဘဲ သူတို့က တူညီသည့်အဆင့်တွင် မနေပေ။ ဝိညာဉ်ဝါးမျို မိချောင်းများသည် မီးခိုးအဖြစ် မပျောက်ကွယ်သွားခင် သူ၏ စိတ်ဝိညာဉ်လေးဆီမှ မီးတစ်ချက်ဖြင့် အမျိုက်ခံလိုက်ရ၏။ သူတို့အားလုံး သေသွားကြကာ အကောင်အရေအတွက် မည်မျှလာစေကာမူ သေကုန်၏။ မျက်တောင်တစ်ခတ်အတွင်း တစ်ဒါဇင်သော စိတ်ဝိညာဉ်ဝါးမျို မိချောင်းများသည် အားလုံး သုတ်သင်ရှင်းလင်း ခံလိုက်ရပြီး ကျန်းရီ၏ ပင်မစိတ်ဝိညာဉ်ကမူ စိတ်ဝိညာဉ် ပင်လယ်နားတစ်ဝိုက်၌ မျောလွင့်နေတော့သည်။ ကျန်းရီသည့် စွမ်းအင်များအားလုံကို စုပ်ယူလိုက်ရာ သူ၏စိတ်ဝိညာဉ် ခန္ဓာကို အဆပေါင်းများစွာ ကြီးလာစေတော့သည်။
“ဟား ဟား ဟား ဆက်ပြီးတော့”
ကျန်းရီက စွဲလမ်းနေပြီဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ထိုစိတ်ဝိညာဉ်လေးများက အကျိုးဖြစ်ထွန်းစေပြီး သူ့ကို အထိအခိုက်မရှိစေပေ။ ထိုစိတ်ဝိညာဉ်လေးများကို မည်မျှအထိ ပိုင်ဆိုင်နိုင်မည်ဆိုတာ သူအမှန်တကယ် မြင်ချင်နေသည်။ ထို့အပြင် သူ့တွင် စိတ်ဝိညာဉ်လေးများ ပိုရှိလေ သူ၏ပင်မစိတ်ဝိညာဉ်က ပိုလုံခြုံလေဖြစ်သည်။ နောင်၌ မည်သူကများ သူ့ကို စိတ်ဝိညာဉ် လျှို့ဝှက်အတတ် အသုံးပြုပြီး ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်အုံးမည်နည်း။
ဝှစ်
သူကပုံရိပ်ယောင် တစ်ခုအသွင် ပြောင်းလဲသွားပြီး ကျဉ်းမြောင်းသောလမ်းကို တစ်ဟုန်ထိုး ဖြတ်ကျော်သွား၏။ ယင်းက မရေမတွက်နိုင်သော ဝိညာဉ်ဝါးမျို မိချောင်းများကို ထိတ်လန့်အံ့အားသင့်စေပြီး များစွာသော အဖြူရောင် အလင်းတန်းတို့က အဆုံးမရှိ တစ်လက်လက် တောက်ပလာလေ၏။ ဝိညာဉ်ဝါးမျို မိချောင်းများက သူ၏စိတ်ဝိညာဉ် ပင်လယ်အတွင်းသို့ အဆုံးမရှိ ဝင်ရောက်လာကြတော့သည်။ နောက်ဆုံးတွင် သူတို့အားလုံးက စိတ်ဝိညာဉ်လေးဖြင့် သတ်ဖြတ်ခံလိုက်ရတော့၏။ တစ်နာရီကျော်ခန့် ကြာသွားသည်။
တစ်နာရီကျော်အတွင်း ကျန်းရီ၏ စိတ်ဝိညာဉ်က ထပ်မံကွဲထွက်လာပြန်သည်။ လက်ရှိတွင်သူက စိတ်ဝိညာဉ်လေးသုံးခု ပိုင်ဆိုင်ထားပြီး သူ၏ပင်မ စိတ်ဝိညာဉ်က ဆက်လက်ချဲ့ထွင်နေဆဲဖြစ်၏။
“ဘုရားရေ ဒီတိုင်းဆက်ပြီး ကြီးထွားနေမယ်ဆိုရင် ငါ့ရဲ့စိတ်ဝိညာဉ်က ဘယ်လောက် သန်မာလာမှာလဲ။ ငါသာ စိတ်ဝိညာဉ်လေးမျိုး တစ်ရာကျော် တစ်ဒါဇင် ဒါမှမဟုတ် တစ်ရာကျော်ထက်တောင် ပိုပိုင်ဆိုင်နိုင်မယ်ဆိုရင် ငါ့ရဲ့ပင်မ စိတ်ဝိညာဉ်ကို ဘယ်သူကများ ဒဏ်ရာရအောင် လုပ်နိုင်တော့မှာလဲ”
ကျန်းရီက စိတ်ဝိညာဉ် တိုက်ကွက်များကိုသုံးပြီး သူ့ကိုတိုက်ခိုက်ကြသည့် သိုင်းပညာရှင်များကို တွေးမိသည့်အချိန်၌ စိတ်လှုပ်ရှားသွားသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများက စိတ်ဝိညာဉ် ပင်လယ်ကို ရောက်သွားသည်နှင့် သူတို့အားလုံးက စိတ်ဝိညာဉ်လေးများ၏ ချေမှုန်းခြင်းကို ခံလိုက်ရမှာပဲဖြစ်သည်။
“ရှေ့ဆက်မယ်”
ကျန်းရီက လက်သီးကျစ်ကျစ် ဆုပ်ပြီးနောက် ကျဉ်းမြောင်းသည့် လမ်းဆီကို တစ်ဟုန်ထိုး ဖြတ်ကျော်သွားသည်။ ဝိညာဉ်ဝါးမျို မိချောင်းများက ဆက်လက် တိုက်ခိုက်နေပြီး သူ၏စိတ်ဝိညာဉ်က ဆက်လက် ကွဲထွက်နေဆဲဖြစ်သည်။
ငါး၊ တစ်ဆယ်၊ တစ်ဆယ့်ငါး
နာရီတိုင်း၌ သူ၏ပင်မ စိတ်ဝိညာဉ်သည် အကန့်အသတ်သို့ ရောက်သွားပြီး စိတ်ဝိညာဉ် ခွဲလေးတစ်ခု ပေါ်ထွက်လာ၏။ တစ်ရက်ကျော်တွင် မီးနဂါးဓားလေး အကောင်နှစ်ဆယ်ကျော်က သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲ၌ မျောလွင့်နေတော့သည်။ ကံကောင်းသည်မှာ ထိုစိတ်ဝိညာဉ် ကိုယ်ထည်လေးများက သေးငယ်လွန်းပြီး နေရာသိပ်မယူပေ။
နှစ်ရက်ကြာညောင်းသွားပြီးနောက် သူ့၌ စိတ်ဝိညာဉ် ၃၆ခုရှိနေပြီဖြစ်ကာ နောက်ဆုံး၌ ကျန်းရီက ရပ်တန့်ရတော့သည်။ အကြောင်းမှာ စမ်းချောင်းဝါလမ်းကြောင်း၏ အဆုံးသို့ ရောက်နေပြီဖြစ်ကာ ကျောက်တံခါးတစ်ချပ်က သူ့ရှေ့တွင် ပေါ်လာသောကြောင့်ဖြစ်သည်။
ဘီး
ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာလေ၏။ သို့သော် ကျန်းရီက စတင်တွေဝေလာသည်။ ဒုတိယအဆင့်သည့် သူ့ကိုချောက်ချားဖွယ် ခံစားချက်မျိုး ပေးသော်ငြား ယင်းက အတော် လုံခြုံနေ၏။ တတိယအဆင့်တွင် သူ့ကို မည်ကဲ့သို့သော အန္တရာယ် စောင့်ကြိုနေမည်ဆိုတာ မည်သူက သိမည်နည်း။
သို့သော် ဤတံခါးထဲသို့ ဝင်သွားခဲ့လျှင် သူကအဆင့်များကို စိန်ခေါ်နိုင်ရန် အခွင့်အရေး ပိုရရှိပြီး တန်ဖိုးအရှိဆုံး ရတနာများနှင့် သူအမြဲတမ်း လိုချင်နေသော နဂါးညှိုးရော်မြက်တောင် ရနိုင်သည့် အခွင့်အရေးရှိသည်။
ချီ ချီ
မရေမတွက်နိုင်သော ဝိညာဉ်ဝါးမျို မိချောင်းများက တစ်ဝီဝီမြည်လျက် ဘေးတစ်ဖက် တစ်ချပ်ဆီကနေ သူ့ဆီသို့ တစ်ဟုန်ထိုး ဝင်လာလေ၏။ သူကနားမကြားသည့်သူပမာ သူ့ကိုယ်သူ အတန်ကြာ ရေရွတ်ပြောနေလိုက်တော့သည်။ ဝိညာဉ်ဝါးမျို မိချောင်းများအားလုံးကို သတ်ဖြတ်ပြီးနောက် ကျောက်တံခါးဆီသို့ လျှောက်သွားရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။ ထိုစဉ်သူက ကျန်းယွင်ဟိုင် ပြောခဲ့ဖူးသည့်စကားကို ပြန်အမှတ်ရသွားသည်။
“သိုင်းပညာရှင်တစ်ယောက်က ရဲရင့်တဲ့နှလုံးသား ရှိကိုရှိရမယ်။ ဘယ်စိန်ခေါ်မှုကိုမှ မကြောက်ရဘူး။ မင်းသာ အကြောက်တရားကို မခုခံနိုင်ခဲ့ဘူးဆိုရင် မင်းဒီဘဝမှာ ကြီးကြီးမားမား အောင်မြင်မှုရဖို့ ကံမပါဘူး။ သိုင်းပညာတာအိုရဲ့ လမ်းကြောင်းမှာ မင်းရဲ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ကောင်းကင်ကို ဖီဆန်ရမယ်။ ကောင်းကင်ကို ဆန့်ကျင်ရမယ်။ မင်းရဲ့ကံကြမ္မာကိုလည်း ရင်ဆိုင်တိုက်ခိုက်ရမယ်။ ကောင်းကင်ကို ဖီဆန်နိုင်တဲ့ နှလုံးသား မရှိဘူးဆိုရင် အမြင့်ဆုံးကို ဘယ်လိုလုပ်ရောက်မှာလဲ”
“ကျီ ကျီ”
ကျောက်တံခါးကြီးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားပြီး စမ်းချောင်းဝါ လမ်းကြောင်းသည်လည်း မူလအနေအထားအတိုင်း ပြန်ရောက်လာတာ ပတ်ဝန်းကျင်ကလည်း အသက်မဲ့သွားတော့၏။
“ဘုရားရေ ငါဘာမြင်လိုက်တာလဲ”
“ဒါ ဒါက”
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျောက်စိမ်းဖြူ ရင်ပြင်အတွင်းရှိ လူတိုင်းက အံ့သြစွံ့အနေကြသည်။ သူတို့မြင်လိုက်ရသည့် မြင်ကွင်းကို စိတ်ထဲ၌ ပြန်အမှတ်ရနေဆဲဖြစ်သည်။ တိုက်ပွဲဝင်သံချပ်ကာနှင့် ခေါင်းဆောင်းကို ဝတ်ဆင်ထားသည့် လူငယ်လေးက မြင့်မားသော ကျောက်တံခါးရှေ့၌ ရပ်နေစဉ် မရေမတွက်နိုင်သော ဝိညာဉ်ဝါးမျို မိချောင်းများက လူငယ်၏ မျက်ခုံးနှစ်ဖက်ကြားထဲ ပေါင်းစည်းသွားတော့သည်။ သို့သော် လူငယ်က ဂရုမစိုက်ဘဲ တွေဝေနေပုံရကာ အတွေးနစ်နေ၏။ မျက်တောင်နှစ်ခတ်စာ အချိန်ကြာပြီးနောက် လူငယ်လေးသည် ခြေကြွကာ ကျောက်တံခါးကြီးဆီသို့ လျှောက်သွားလျက် အမြင်အာရုံရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ကျောက်တံခါးက ငရဲအဆင့် ခက်ခဲမှုဖြစ်သည်။ တိုက်ပွဲဝင် သံချပ်ကာက တူညီသည့် တိုက်ပွဲဝင် သံချပ်ကာ ဖြစ်နေသေးသည်။ သို့သော် လူငယ်ကမူ ယခင်လူငယ် မဟုတ်တော့ပေ။ သို့သော် ထိုချောမောခံ့ညားသော မျက်နှာကို မှတ်မိသည့် လူအချို့ ရှိနေသေး၏။ ဖေးထျန်းက စူးရှစွာ အော်လိုက်တော့သည်။
“အဲ့ဒါသူပဲ သူပဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်လိုက်တာ။ သူစမ်းချောင်းဝါ လမ်းကြောင်းကို ဘယ်လိုများ အောင်မြင်အောင် ဖြေရှင်းလိုက်နိုင်တာလဲ။ ဒါယုတ္တိမရှိဘူးလေ”
“ဟမ်”
ဖေးထျန်း၏ အော်သံက လူလေးငါးယောက်ကို မျက်လုံးများ လက်သွားစေ၏။ အကြောင်းမှာ ကျန်းရီဒုတိယအဆင့်ကို ရှင်းလင်းနိုင်မည်ဟု သူတို့လောင်းကြေး ထပ်ခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် သူတို့ပြန်ရမှာက ငါးဆဖြစ်၏။ လူပေါင်းများစွာ၏ မျက်လုံးများကလည်း တောက်ပလာသည်။ ထိုငနာသည် ဆန်းကြယ်မှုတစ်ရပ်ကို အမှန်တကယ် ဖန်တီးနိုင်ခဲ့သည်။ သူ၏ကုသိုလ်ကံက ဆက်လက် ကံကောင်းနေခဲ့ပြီး တတိယ၊ စတုတ္ထနှင့် နဂါးညှိုးရော် မြက်ပင်ကိုတောင် သူရသွားမည်ဆိုပါက သူတို့ကြွယ်ဝ ချမ်းသာပေမည်။
ပြန်ရမည့်ငွေက အဆတစ်ရာဖြစ်၏။ ကောင်းကင်ကျောက်တုံးတစ်ရာက သူတို့ကို ကောင်းကင်ကျောက်တုံး တစ်သိန်းအဖြစ် ပြောင်းလဲပေးနိုင်သည်။ ဖေးထျန်းက မည်သူ့ကိုမှ အရေးကြီးသည်ဟု မတွက်ထားသော်ငြား ဖေးချီအနားတွင် ရှိနေလေရာ သူတို့က ပြောပြီးသားစကား ပြန်မရုပ်သိမ်းလောက်ပေ။ ထို့ကြောင့် လူများစွာက စတင်လောင်းကြေး ထပ်ခဲ့ကြပြီး ဖေးမျိုးနွယ်စု၏ လွှမ်းမိုးမှုနှင့်ယှဉ်လျှင် နောက်ခံနိမ့်ကျသည့်လူလည်း မရှိကြပေ။ သူတို့က အလောင်းအစားကို ပြန်ပြောင်းပြောခဲ့ပါက ဖေးမျိုးနွယ်စုသည် သူတို့အားလုံးကို ရင်ဆိုင်တိုက်ခိုက်ရပေမည်။
မူလက ကျန်းရီကို တော်တော်များများ အထင်သေးခဲ့ကြသည်။ သူ့ကိုအရူးတစ်ယောက်ဟု သူတို့ခံစားမိကြပြီး စောစောသေမည်ဟုသာ မျှော်လင့်ခဲ့ကြ၏။ ယခုတွင်မူ ထိုသူအဆင့်များ များများစားစား ရှင်းလင်းနိုင်ရန်အတွက် သူတို့တိတ်တဆိတ် ဆုတောင်းနေမိ၏။ ဤနည်းဖြင့် သူတို့အကျိုးအမြတ် ဖြစ်ထွန်းနိုင်မှာပဲဖြစ်သည်။
“ဟူး ဟူး”
ဖေးချီ၏ အသားအရောင်ကတည်း အတော်လေး သဘာဝ မကျတော့ပေ။ သူ၏အေးစက်သော မျက်ဝန်းများက ဖေးထျန်းဆီသို့ကြည့်လျက် ငမိုက်သားတစ်ဦးဟု တိတ်တဆိတ် ကျိန်ဆဲလိုက်တော့သည်။ လက်ရှိတွင် ကျန်းရီက သွင်ပြင်ပြောင်းဆေးလုံးကို အသုံးပြုထားပြီး ဆေးလုံးအာနိသင် ပြယ်သွားပြီးနောက် မူလသွင်ပြင် ပြန်ရလာတာဖြစ်သည်။ ဖေးထျန်း မပြောခဲ့လျှင် သူတို့က လောင်းကြေးကို ပြန်ပြောင်းရန် အခွင့်အရေးရှိ၏။ ယခုမူ ရှင်းလင်းခဲ့သည့်အဆင့်ကို ဖြတ်ကျော်ခဲ့သည့်သူက ကျန်းရီဖြစ်ကြောင်း သူအတည်ပြုပေးလိုက်ရာ သူတို့က ထိုကောင်းကင်ဘုံ ကျောက်တုံးများကို အလျော်ပေးရတော့မှာပဲဖြစ်သည်။
“အဲကောင်က ဘယ်သူလဲ”
“သူက ငရဲအဆင့် စမ်းချောင်းဝါ လမ်းကြောင်းကို ပထမအဆင့် ဗာဂျရာနယ်ပယ် ခွန်အားလေးနဲ့ တကယ် ကျော်ဖြတ်နိုင်စွမ်း ရှိနေတယ်။ ဝိညာဉ်ဝါးမျို မိချောင်းတွေ ဘယ်လောက်ကြမ်းလဲဆိုတာ မင်းတို့တွေ့လား။ ဒါပေမဲ့သူ ဘာမှမဖြစ်သွားဘူးနော်။ သူ့ရဲ့စိတ်ဝိညာဉ် သန်မာမှုက ဘယ်လောက်များလဲ”
“အဟုတ်ပဲ။ စိတ်ဝိညာဉ် ခုခံမှုလက်နက်က အရှားပါးဆုံးပဲ။ အဲ့ဒီကောင်လေးမှာရှိဖို့ မဖြစ်နိုင်ဘူး။ သူ့စိတ်ဝိညာဉ်ကို ကာကွယ်နိုင်တဲ့ အရည်အချင်း ရှိတာပဲ ဖြစ်ရမယ်”
ရင်ပြင်၌ ဆွေးနွေးမှုများ ပြည့်သွားသည်။ ကျန်းရီက နာမည်ကျော်ကြားပြီးသားဖြစ်ရာ တတိယအဆင့်ကို ကျော်ဖြတ်နိုင်သည်ဖြစ်စေ မကျော်ဖြတ်နိုင်သည်ဖြစ်စေ နာမည်ကျော်ကြားပြီး ဖြစ်၏။ ထိုချောမော ခံ့ညားသော မျက်နှာက အားလုံး၏ရင်ထဲ စွဲထင်နေပြီဖြစ်သည်။ ဖေးထျန်းက အားလုံးဆွေးနွေးနေတာကိုကြားပြီး ဖေးချီထံမှ အေးစက်စက်အကြည့်ကို ရရှိလိုက်သောအခါ သူမှားပြောမိမှန်း သိလိုက်သွားသည်။ ခေါင်းငုံ့ထားပြီး မျက်လုံးထဲ၌ မကျေမချမ်း ဖြစ်မှုများ ရှိနေလေ၏။
“ခွေးသား မင်းတတိယအဆင့်မှာ သေသွားရင် ပိုကောင်းမယ်။ ထွက်လာရဲရင် သေတာထက်ဆိုးတဲ့ ကံကြမ္မာကို မင်းကိုကြုံတွေ့စေရမယ်”
***