← Chapters

အခန်း (၃၈၄)

Vol. 39 Ch. 384

အခန်း (၃၈၄)

Vol. 39 Ch. 384

တုပိုင်သည် အိပ်မက်ထဲတွင် ကြိုတင်လေ့ကျင့်ခြင်း လုံးဝ ပြုလုပ်၍ မရခဲ့ပေ။ ဤသည်မှာ သူကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စဖြစ်ပြီး ၊ အရာရာတိုင်းသည် သူ့ဆန္ဒနှင့် သူ့ဉာဏ်ပညာအပေါ်တွင်သာ မူတည်ကြောင်း သူ နားလည်လိုက်လေ၏။

တုပိုင် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဘယ်ဘက်ရှိ တံခါးမှာ အမည်းရောင်ဖြစ်ပြီး ညာဘက်ရှိ တံခါးမှာ အဖြူရောင်ဖြစ်နေသည်။ ဤသည်မှာ အသက်နှင့် သေခြင်း ရွေးချယ်မှုပင်။ တုပိုင်သည် သူ့စိတ်အာရုံကို ယုံကြည်ပြီး ဘယ်ဘက်ရှိ အမည်းရောင် တံခါးကို ရွေးချယ်လိုက်လေ၏။ အမှောင်ထုထဲသို့ ကျရောက်ရန် ရွေးချယ်ခြင်း မဟုတ်ဘဲ သူသည် ပင်ကိုအားဖြင့် အဆိုးမြင်တတ်သူ တစ်ယောက် ဖြစ်သောကြောင့်ပင်။

တကယ်တော့ ကမ္ဘာပေါ်ရှိ ကြီးမြတ်သူအများစုသည် အဆိုးမြင်တတ်သူများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုးမြင်တတ်သူများကသာ အနိမ့်အမြင့် အတက်အကျကို အမြဲရှာဖွေပြီး လမ်းကြောင်းသစ်များကို စူးစမ်းတတ်ကြသောကြောင့် ဖြစ်သည်။ အချို့သော အဆိုးမြင်တတ်သူများသည် အမှောင်ထုကို မကျော်လွှားနိုင်ဘဲ သေဆုံးသွားတတ်ကြသည်။ ဥပမာ ချူယွမ်ကဲ့သို့ပင်။

အခြားဥပမာတစ်ခုမှာ အချို့သော အဆိုးမြင်တတ်သူများသည် အမှောင်ထုကို ကျော်လွှားနိုင်ပြီး လူအများအပြားကို လင်းလက်သော လမ်းကြောင်းသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ဥပမာ ဧကရာဇ်ထိုက်ကျူကဲ့သို့ပင်။ ဤလမ်းကြောင်းသည် သူကိုယ်တိုင်၏ အမြင်တွင် လုံးဝ လင်းလက်ခြင်း မရှိသေးသော်လည်း ၊ သူ၏ လမ်းကြောင်းသည် လုံးဝ မှန်ကန်ချင်မှ မှန်ကန်မည် ဖြစ်သော်လည်း လူ့ယဉ်ကျေးမှုသည် အကွေ့အကောက်များဖြင့် ရှေ့သို့ ဆက်လက် ရွေ့လျားနေဆဲ ဖြစ်လေ၏။

ထို့ကြောင့် တုပိုင်သည် ဘယ်ဘက်ရှိ အမည်းရောင် တံခါးကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ အမှောင်ထုထဲ ကျရောက်လို၍ မဟုတ်ဘဲ အမှောင်ထုထဲမှ အလင်းရောင်ကို ရှာဖွေရန် ၊ အလင်းရောင်ဆီသို့ သွားရာလမ်းကို ရှာဖွေရန် ဖြစ်သည်။ အကယ်၍ အဖြူရောင် တံခါးကို ရွေးချယ်လိုက်ပါက ယခုအချိန်တွင် ကမ္ဘာလောကကြီးသည် လင်းလက်နေပြီဟု ဆိုလိုရာ ရောက်မည် မဟုတ်ပါလော။ သို့သော် လက်တွေ့တွင် ထိုသို့ မဟုတ်သေးပေ။

တုပိုင်သည် ဘယ်ဘက်ရှိ အမည်းရောင် တံခါးဆီသို့ လျှောက်သွားပြီး ညင်သာစွာ တွန်းဖွင့်လိုက်လေ၏။ အမည်းရောင် တံခါး၏ အနောက်ဘက်တွင် ဘာရှိနေမည်ကို လုံးဝ မသိသဖြင့် သူ အသက်အောင့်ထားလိုက်သည်။

ငရဲလား။ သို့မဟုတ် နတ်ပြည်လား။ သို့မဟုတ် လူ့လောကကြီးလား။ အမည်းရောင် တံခါးကို ဖွင့်လိုက်ပြီးနောက် အတွင်းပိုင်းရှိ အရာအားလုံးသည် သူထင်ထားသကဲ့သို့ ဖြစ်နေသလို ၊ သူထင်ထားသည်နှင့်လည်း ကွဲပြားနေပြန်သည်။ အတွင်း၌ အခန်းငယ်လေး တစ်ခန်းသာ ရှိလေ၏။

ဖယောင်းတိုင်သုံးတိုင် ၊ စင်သုံးခု ရှိပြီး စင်တစ်ခုစီတွင် လျှို့ဝှက်သိုင်းကျမ်းတစ်အုပ်စီ တင်ထားသည်။

တုပိုင် ရှေ့သို့ တိုးသွားပြီး ပထမစင်ပေါ်ရှိ သိုင်းကျမ်းကို ကြည့်လိုက်ရာ အဆင့်နိမ့်သိုင်းကျမ်း လင်းပိုဝေပုဟု ရေးထားသည်ကို တွေ့လိုက်ရသည်။ အောက်တွင်လည်း လက်ရှိ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ကိုယ်ဖော့သိုင်းများထဲမှ တစ်ခုဟု မှတ်ချက်ရေးထားလေ၏။

ဤသည်က ထူးဆန်းနေသည်။ တုပိုင်သည် သွေးကြောခြောက်သွယ်ဓားသိုင်း နှင့် ကိုးယန်ကျမ်းရင်းကို လေ့လာခဲ့ဖူးသည်။ ကမ္ဘာမြေပေါ်ရှိ ဝတ္ထုများထဲမှ သိုင်းကျမ်းနာမည်များနှင့် တူညီနေသော်လည်း လက်တွေ့ အကြောင်းအရာများမှာမူ လုံးဝ ကွဲပြားခြားနားနေသည်။ ယခင် စနစ်ရှင်က ဤကမ္ဘာခြားမှ သိုင်းကျမ်းများကို သူရင်းနှီးသော နာမည်များ ပေးခဲ့ခြင်းသာ ဖြစ်၏။

တကယ်တမ်းတွင် တုပိုင် လေ့လာခဲ့သော ယသွေးကြောခြောက်သွယ်ဓားသိုင်းဖြစ်စေ ၊ ကိုးယန်ကျမ်းရင်းဖြစ်စေ မူရင်းဝတ္ထုများထဲကထက် အများကြီး ပိုစွမ်းအားကြီးမားသည်။ အထူးသဖြင့် ယသွေးကြောခြောက်သွယ်ဓားသိုင်း သည် မြှားကမ္ဘာတွင် စက်သေနတ်ကြီးတစ်ခုကဲ့သို့ပင် အလွန်စွမ်းအားကြီးမားလွန်းလှသည်။

ထို့ပြင် ထိုမျက်နှာမဲ့လူ ဦးလေးတော်ကျန်းသည် ယခင် စနစ်ရှင် ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ သူသည် ဤကမ္ဘာ၏ ဒေသခံတစ်ဦးသာ ဖြစ်ပြီး လင်းပိုဝေပုဆိုသော နာမည်ကို သိနိုင်စရာ အကြောင်းမရှိချေ။

ထိုသို့ဆိုလျှင် အရာအားလုံးသည် အချက်တစ်ခုတည်းကိုသာ သက်သေပြနိုင်တော့သည်။ ပေမင်ဓားဂိုဏ်း၏ ဘိုးဘေးဘီဘင် အထောက်အထားသည် သံသယဖြစ်ဖွယ် ရှိနေသည် မဟုတ်ပါလော။ ယခင်စနစ်ရှင်များထဲမှ တစ်ယောက်သည် ပေမင်ဓားဂိုဏ်း၏ ဘိုးဘေးများထဲမှ တစ်ယောက်ဖြစ်နေနိုင်သည်။

ထို့နောက် တုပိုင်၏ မျက်လုံးများသည် ဒုတိယမြောက် စင်ပေါ်သို့ ရောက်သွားသည်။ ထိုနေရာတွင်လည်း သိုင်းကျမ်းတစ်အုပ် ရှိနေ၏။ အဆင့်လတ်သိုင်းကျမ်း မြေအောက်ကမ္ဘာလက်ဝါးသိုင်း။

အောက်တွင် မှတ်ချက်ရေးထားသည်မှာ ၊ ဤလက်ဝါးသိုင်းကို ကျင့်ကြံရာတွင် အတွင်းအားထဲ၌ ကြောက်မက်ဖွယ်ကောင်းသော မြေအောက်ကမ္ဘာ၏ စစ်မှန်သောချီစွမ်းအင် ပါဝင်လာမည် ဖြစ်သည်။ အသုံးပြုသူထက် သိုင်းပညာ အဆင့်နှစ်ဆင့် မြင့်မားသော ပြိုင်ဘက်ပင်လျှင် ဤချီစွမ်းအင်၏ တိုက်စားမှုကို ခုခံနိုင်မည် မဟုတ်ဘဲ အသက်စွမ်းအင်များ တဖြည်းဖြည်း ခမ်းခြောက်ပြီး သေဆုံးရလိမ့်မည်။

ဤသိုင်းကျမ်းက ကြောက်စရာ ကောင်းလှသည်။ မြေအောက်ကမ္ဘာစစ်မှန်သောချီစွမ်းအင် ဆိုသည်မှာ အေးစက်သော ချီစွမ်းအင် သက်သက် မဟုတ်ဘဲ ငရဲမှ သေခြင်းတရား အငွေ့အသက်များ ဖြစ်လေ၏။ ပြိုင်ဘက်ကို ထိမှန်သွားသည်နှင့် ကုသရန် နည်းလမ်း မရှိသလောက်ပင်။

ဤကျင့်စဉ်သိုင်းကျမ်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အဆင့်ပင်။ ဤကဲ့သို့ သရဲတစ္ဆေဆန်သော သေခြင်းတရားမျိုးကို မည်သည့် ပြိုင်ဘက်မဆို ဆုတ်ခွာရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။ ထိပ်တန်း အဆင့်လတ် သိုင်းကျမ်းအဖြစ် သတ်မှတ်ထားသည်မှာ မဆန်းပေ။ တုပိုင်၏ အမြင်အရ ဤ မြေအောက်ကမ္ဘာလက်ဝါးသိုင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထို့နောက် တုပိုင်၏ မျက်လုံးများသည် တတိယမြောက် စင်ပေါ်သို့ ရောက်သွားပြန်သည်။ အဆင့်မြင့်သိုင်းကျမ်း စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ်။

ထိပ်တန်း သိုင်းကျမ်းဖြစ်၏။ ဤသည်မှာလည်း ရင်းနှီးပြီးသား နာမည်တစ်ခုပင်။

သိုင်းကျမ်းမှတ်ချက် ၊ အထူး အတွင်းအားအကာအကွယ် တစ်ခုကို တည်ဆောက်နိုင်ပြီး ရန်သူ၏ မည်သည့် အတွင်းအား တိုက်ခိုက်မှုကိုမဆို ပြန်ကန်ထွက်စေနိုင်သည်။ မိမိထက် အဆင့်နှစ်ဆင့် မြင့်မားသော ပြိုင်ဘက်ဖြစ်လျှင်ပင် ပြန်ကန်ထွက်စေနိုင်သည်။

ထင်ထားသည့်အတိုင်းပင် နာမည်သာ တူညီပြီး သိုင်းပညာ သဘောတရားများမှာ လုံးဝ ကွဲပြားခြားနားနေသည်။ ဤ စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ် သည် လက်နှစ်ဖက်ကို အသုံးပြုပြီး ရွှေ့ပြောင်းခြင်း သက်သက် မဟုတ်ဘဲ ၊ အတွင်းအားအကာအကွယ် တည်ဆောက်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို ပြန်ကန်ထွက်စေခြင်း ဖြစ်သည်။

ထို့ကြောင့် ဤ စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ် သည် ပို၍ပင် စွမ်းအားကြီးမားလွန်းလှသည်။ တိတိကျကျ ပြောရလျှင် ဤသိုင်းကျမ်းသည်လည်း စက်သေနတ်ကြီး တစ်ခုကဲ့သို့ပင်။ ကိုယ့်ထက် အဆင့်နှစ်ဆင့် မြင့်မားသော မည်သည့် သိုင်းပညာရှင်မဆို ဓားချီ သို့မဟုတ် အတွင်းအားဖြင့် တိုက်ခိုက်လာပါက တိုက်ရိုက် ပြန်ကန်ထွက်သွားမည် ဖြစ်သည်။

ဤသည်မှာ ခုခံကာကွယ်မှု သက်သက်သာ မဟုတ်ဘဲ ခုခံရင်း တန်ပြန်တိုက်ခိုက်နိုင်သော စွမ်းရည် လည်း ဖြစ်လေ၏။ တုပိုင်၏ ယသွေးကြောခြောက်သွယ်ဓားသိုင်း နှင့် ပေါင်းစပ်လိုက်ပါက တုပိုင်သည် အဆင့် ၆ သိုင်းပညာရှင် ဖြစ်သော်လည်း အဆင့် ၄ သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်ရာတွင် ဘယ်တော့မှ အရေးနိမ့်မည် မဟုတ်ပေ။

သူ့ရှေ့တွင် သိုင်းကျမ်း သုံးအုပ် ရှိနေသည်။

အဆင့်နိမ့်သိုင်းကျမ်း လင်းပိုဝေပု ၊ အဆင့်လတ်သိုင်းကျမ်း မြေအောက်ကမ္ဘာလက်ဝါးသိုင်းနှင့် အဆင့်မြင့်သိုင်းကျမ်း စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ်။

တုပိုင် အနေဖြင့် တစ်အုပ်တည်းသာ ရွေးချယ်ခွင့်ရှိသည်မှာ သေချာလှသည်။ ဤသည်မှာ နှိပ်စက်ခြင်း သက်သက်ပင်။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် သိုင်းကျမ်း သုံးအုပ်စလုံး သူ့လက်လှမ်းမီရာတွင် ရှိနေသည်။ သိုင်းကျမ်း တစ်အုပ်စီသည် တန်ဖိုးဖြတ်မရနိုင်အောင် အဖိုးတန်လှသည်။

လင်းပိုဝေပုသည် ကိုယ်ဖော့ပညာတွင် ပြိုင်ဘက်ကင်းသည်။ မြေအောက်ကမ္ဘာလက်ဝါးသိုင်းသည် တိုက်စစ်တွင် ပြိုင်ဘက်ကင်းသည်။ စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ် သည် ခံစစ်တွင် ပြိုင်ဘက်ကင်းပြီး တိုက်စစ်နှင့်ပါ တွဲဖက်နိုင်သည်။

မည်သူမဆို ဤသိုင်းကျမ်း သုံးအုပ်ကို မြင်လိုက်လျှင် လိုချင်တပ်မက်မိကြမည်မှာ အမှန်ပင်။ သုံးအုပ်စလုံးကို ပိုင်ဆိုင်လိုကြမည် ဖြစ်သည်။ သို့သော် တုပိုင်သည် တစ်အုပ်တည်းသာ ရွေးချယ်နိုင်ကြောင်း ရှင်းလင်းစွာ သိထားလေ၏။

ပုံမှန်အားဖြင့် လူတိုင်းသည် အဆင့်မြင့်ဆုံး သိုင်းကျမ်းဖြစ်သော စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ် ကို အလိုအလျောက် ရွေးချယ်မိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် တကယ်ကို စွမ်းအားကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ရန်သူ၏ အတွင်းအား တိုက်ခိုက်မှုကို ပြန်ကန်ထွက်စေနိုင်သော အတွင်းအားအကာအကွယ်ကို တည်ဆောက်နိုင်ခြင်းမှာ အံ့မခန်းပင်။

သို့သော် တုပိုင်သည် သူ၏ ရွေးချယ်မှုက အသက်အန္တရာယ်နှင့် သက်ဆိုင်နေကြောင်း ကောင်းစွာ သိရှိထားသည်။ သိုင်းကျမ်း တစ်အုပ်ကို ရွေးချယ်ခြင်းသည် နောက်တစ်ဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်း ရှိမရှိ အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့ကြောင့် ယခု ရွေးချယ်မှုသည် ပေးဆပ်ခြင်းနှင့် ရယူခြင်း သဘောတရားပင်။ ခြေထောက်အောက်က လမ်းကို ရွေးချယ်မလား ၊ တိုက်စစ်ကို ရွေးချယ်မလား ၊ သို့မဟုတ် တိုက်စစ်ရော ခံစစ်ပါ ရွေးချယ်မလား။

အကယ်၍ တုပိုင် မှားယွင်း ရွေးချယ်မိပါက ပျက်စီးခြင်းသို့ ရောက်ရှိသွားမည်မှာ သေချာလှသည်။ မျက်နှာမဲ့လူ ပြောခဲ့သလိုပင် တုပိုင်၏ အနာဂတ် ကံကြမ္မာကို သူကိုယ်တိုင်သာ ရွေးချယ်ရမည် ဖြစ်လေ၏။

တုပိုင် မျက်လုံးမှိတ်ပြီး တရားကျင့်ကြံခြင်း ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်။ အိပ်မက်စနစ်နှင့် ဆက်သွယ်၍ မရသေးသလို သူ့ဝိညာဉ်ကမ္ဘာလည်း ပြတ်တောက်နေဆဲပင်။ ဘဝ၏ အရေးကြီးသော ခြေလှမ်းများကို မိမိဘာသာ လျှောက်လှမ်းရမည် ဖြစ်သည်။

အပိုင်း ၃၈၄ ပြီး၏။

All Chapters