← Chapters

အခန်း (၃၈၈)

Vol. 39 Ch. 388

အခန်း (၃၈၈)

Vol. 39 Ch. 388

အဖြစ်မှန်က အလွန် ရှင်းလင်းသွားလေ၏။ ဤကျောင်းသားရဲသည် အသွင်မပြောင်းမီကတည်းက အလွန် စွမ်းအားကြီးမားခဲ့၏။ ဤမြေအောက်ကမ္ဘာမှ သားရဲများ၏ အရှင်သခင် ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ မြေအောက်သတ္တဝါများနှင့် ပင်လယ်ကြမ်းပြင်မှ သားရဲများသည် မရေမတွက်နိုင်အောင် ဝါးမြိုခံခဲ့ရလေသည်။

ထို့ကြောင့် ဤရေကန်အောက်တွင် အရိုးများစွာ စုပုံနေခြင်း ဖြစ်၏။ နှစ်ပေါင်းရာချီ ဝါးမြိုပြီးနောက် မြွေဘဝမှ ကျောင်းသားရဲဘဝသို့ စတင် အသွင်ပြောင်းလာခဲ့သည်။

အသွင်ပြောင်းပြီးနောက် နှစ်ပေါင်းရာချီ အောင်မြင်စွာ ကျင့်ကြံနိုင်ပါက အလွန် စွမ်းအားကြီးမားလာမည် ဖြစ်သည်။ အခြားကမ္ဘာမှ စွမ်းအင်များ ဝင်ရောက်နေသော ဤမြေအောက်ကမ္ဘာမှ လွတ်မြောက်နိုင်ပြီး ပင်လယ်ပြင်ထက်သို့ ပျံတက်ကာ ဘုရင်တစ်ပါးအဖြစ် အုပ်စိုးနိုင်မည် ဖြစ်သည်။

သို့သော် မျိုးစိတ်တိုင်း၏ နိဗ္ဗာန်နှင့် အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်တိုင်းတွင် အန္တရာယ်အများဆုံးနှင့် အားအနည်းဆုံး အချိန်ကာလကို ရင်ဆိုင်ရစမြဲပင်။ ယနေ့သည် ဤကျောင်းသားရဲ၏ အသွင်ပြောင်းလဲခြင်း အားအနည်းဆုံး အချိန်ကာလဖြစ်ပြီး အားနည်းသော မြွေဖြူလေးတစ်ကောင်အဖြစ် ပြောင်းလဲနေချိန် ဖြစ်၏။

အခြားသော သားရဲဆန်းများက ဤသတင်းကို သိရှိသွားသောအခါ လက်စားချေရန် ရောက်လာကြသည်။ အနီရောင် မိစ္ဆာမြွေကြီးနှင့် အဝါရောင် မိစ္ဆာမြွေကြီးတို့သည် ဤကျောင်းသားရဲ၏ ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး သူ့ကို ဝါးမြိုကာ စွမ်းအင်များကို သိမ်းပိုက်ရန် ကြိုးစားကြသည်။

သို့သော် ဤသည်မှာ ကျောင်းသားရဲလေး၏ ပူးပေါင်းကြံစည်မှုနှင့် သွေးထိုးမှုကြောင့်လော ၊ သို့မဟုတ် အနီရောင် မြွေကြီးနှင့် အဝါရောင် မြွေကြီးတို့ ရန်သူဟောင်းများ ဖြစ်နေကြ၍လော မသိပေ။ သူတို့နှစ်ကောင် အရင် တိုက်ခိုက်ကြပြီး အနိုင်ရသူကသာ အသွင်ပြောင်းခါစ ကျောင်းသားရဲလေး၏ စွမ်းအင်ကို ရယူမည်ဟု သဘောတူခဲ့ကြပုံရသည်။

မထင်မှတ်ထားသည်မှာ မိစ္ဆာအဆင့် မြွေကြီးနှစ်ကောင်သည် စွမ်းရည်တူညီနေသဖြင့် လုံးဝ ရစ်ပတ်ကိုက်ခဲနေကြပြီး အသွင်ပြောင်းခါစ ကျောင်းသားရဲလေးသည် ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့လေ၏။

ထို့နောက် တုပိုင် ပေါ်လာသည်။ ဤကောက်ကျစ်ယုတ်မာသော ကျောင်းသားရဲလေးသည် တုပိုင်ကို လှည့်ဖြားပြီး မြွေကြီးနှစ်ကောင်ကို သတ်ခိုင်းခဲ့သည်။

အနည်းငယ် လိုသွားသည်။ သူ့အကြံအစည် အောင်မြင်လုနီးပါး ဖြစ်ခဲ့၏။ ကံကောင်းသည်မှာ တုပိုင်သည် ပါးနပ်ပြီး ပြတ်သားစွာ သတ်ဖြတ်နိုင်ခဲ့သည်။ သို့မဟုတ်ပါက သူ၏ အကြံအစည်နှင့် အဆိပ်အောက်တွင် တုပိုင် သေဆုံးသွားနိုင်ဖွယ် ရှိသည်။

နောက်ဆုံးတွင် ဤအရာအားလုံးသည် တုပိုင်အတွက် အကျိုးရှိသွားစေခဲ့၏။ ဤရေကန်သည် မူလကတည်းက မိစ္ဆာအဆင့် မြွေကြီးနှစ်ကောင်၏ သွေးများကြောင့် အပူချိန် မြင့်တက်နေပြီး ဖြစ်သည်။

ယခုအခါ အသွင်ပြောင်းခါစ ကျောင်းသားရဲလေး၏ ဖျော့တော့သော ရွှေရောင် သွေးများ ပန်းထွက်လာပြီး ရေကန်ထဲရှိ မြွေသွေးများနှင့် ရောနှောသွားသည်။ ကျောင်းသားရဲလေး၏ ရွှေရောင်သွေးမှာ အလွန်နည်းပါးပြီး ၁၀ မီလီလီတာခန့်သာ ရှိသည်။ သို့သော် ထိုသွေးစက်များ ကျသွားပြီးနောက် ရေကန်တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားလေ၏။ ရေကန်ထဲရှိ ရေနှင့် သွေးများ လုံးဝ ဆူပွက်လာသည်။

တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး ၊ ခြေလက်အင်္ဂါများနှင့် အရိုးပေါင်း တစ်ရာကျော်သည် ပြင်းထန်စွာ လောင်ကျွမ်းခံနေရ၏။ အသန့်ရှင်းဆုံး စွမ်းအင်များသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ၊ ခြေလက်အင်္ဂါများထဲသို့ စီးဝင်လာသည်။

ဤသည်မှာ စစ်မှန်သော အရိုးဆေးကြောခြင်းနှင့် သွေးကြောသန့်စင်ခြင်းပင်ဖြစ်​၏။ ဤကမ္ဘာရှိ လူသားများ၏ ဝိညာဉ်နှင့် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများသည် မွေးရာပါ ပါလာခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ထို့ကြောင့် အရိုးဆေးကြောခြင်းနှင့် သွေးကြောသန့်စင်ခြင်းဟူသည် မရှိပေ။

သို့သော် ယခု တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများ ၊ အရိုးများနှင့် ကြွက်သားများသည် တစ်လက်မချင်းစီ လောင်ကျွမ်းခံနေရပြီး ပြန်လည် တည်ဆောက်ခံနေရသည်။

“အားးးးးးးးးးးးးးးးး”

တုပိုင် တကယ်ကို မခံမရပ်နိုင်အောင် နာကျင်နေ၏။

ဤသည်မှာ သာမန် လေ့ကျင့်ခန်းမျိုး မဟုတ်ပေ။ ပုံမှန် အခြေအနေဆိုလျှင် တုပိုင်၏ သွေးကြောများ တစ်လက်မစီ ပြတ်တောက်သွားပြီး သေဆုံးသွားသည်မှာ ကြာလှပြီဖြစ်၏။ သို့သော် ဤ အရိုးဆေးကြောခြင်းနှင့် သွေးကြောသန့်စင်ခြင်းသည် ပျက်စီးလုနီးပါး ဖြစ်စေသည်။ သို့သော် ပျက်စီးပြီးသည်နှင့် ချက်ချင်း ပြန်လည် မွေးဖွားပေးသည်။

အသွင်ပြောင်းခါစ ကျောင်းသားရဲလေး၏ ရွှေရောင်သွေးများသည် တုပိုင်၏ သွေးကြောများထဲသို့ တဖြည်းဖြည်း စီးဝင်လာပြီး တဖြည်းဖြည်းချင်း ပြန်လည် တည်ဆောက်ပေးသည်။ အရွတ်တိုင်းသည် ခိုင်ခံ့လာပြီး အတွင်းအား ချီစွမ်းအင် လမ်းကြောင်းများ ပိုမို ကျယ်ပြန့်လာ၏။

မိနစ်အနည်းငယ် အတွင်းမှာပင် တုပိုင်သည် အဆုံးမဲ့ နာကျင်မှုကို မခံနိုင်တော့ဘဲ သတိလစ်သွားလေ၏။

အချိန်မည်မျှ ကြာသွားသည် မသိ။ နောက်ဆုံးတွင် တုပိုင် နိုးလာလေ၏။ ယခုအချိန်တွင် သူသည် ရေထဲ၌ မျောနေသည်။ ရေကန်တစ်ခုလုံး ဆူပွက်နေခြင်း ရပ်တန့်သွားပြီ ဖြစ်သည်။ ကျောင်းသားရဲလေး၏ ရွှေရောင်သွေးများ ပျောက်ကွယ်သွားရုံသာမက မိစ္ဆာမြွေကြီးနှစ်ကောင်၏ အနီရောင် သွေးများလည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေ၏ ရေကန်တစ်ခုလုံး ပြန်လည် ကြည်လင်လာသည်။ အစောက ဖြစ်ပျက်ခဲ့သမျှသည် အိပ်မက်တစ်ခုကဲ့သို့ပင်။

သို့သော် ရေအောက်ရှိ မရေမတွက်နိုင်သော အရိုးများက အစောက ဖြစ်ပျက်ခဲ့သည်များမှာ အမှန်တကယ် ဖြစ်ကြောင်း သက်သေပြနေ၏။ ထိုမျှသာမက တုပိုင်သည် သူ၏ ခန္ဓာကိုယ် လုံးဝ ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။

သွေးကြောများနှင့် အရိုးများထဲတွင် လေတစ်မျိုး စီးဆင်းနေသကဲ့သို့ ခံစားရသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန် သန်မာအားကောင်းနေပြီး ပျံလွှားငှက်ကဲ့သို့ ပေါ့ပါးနေသည်။ ပေါက်ကွဲအား အပြည့်နှင့် ဖြစ်နေသည်။

တကယ့်ကို အရိုးဆေးကြောခြင်းနှင့် သွေးကြောသန့်စင်ခြင်းပင်။ တုပိုင်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများ အကြီးအကျယ် တိုးတက်လာသည်။

မူလက တုပိုင်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးသည် ၄၀ သာ ရှိသည်။ ဤသည်မှာ အလွန် သာမန်ကျသော ကိန်းဂဏန်းဖြစ်ပြီး သူ၏ အမြင့်ဆုံး ကျင့်ကြံမှုအဆင့်သည် အဆင့် ၆ အောက်ပိုင်း သိုင်းပညာရှင်သာ ဖြစ်နိုင်ကြောင်း သတ်မှတ်ထားသည်။

ယခုအခါ တုပိုင်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများသည် အမြဲတမ်းအတွက် တိုးတက်သွားခဲ့လေ၏။

မည်မျှလောက် တိုးတတ်သွားသည်နည်းကိုတော့ တုပိုင်၏ ဦးနှောက်ထဲရှိ အိပ်မက်စနစ်သည် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သဖြင့် တိကျသော ကိန်းဂဏန်းကို မသိရှိနိုင်ပေ။

တုပိုင် မျက်လုံးမှိတ်ပြီး သူ့ခန္ဓာကိုယ် အတွင်းပိုင်းနှင့် ဒန်တျန်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့ဒန်တျန်ထဲရှိ အတွင်းအား ချီစွမ်းအင်များတွင် ဖျော့တော့သော ရွှေရောင် အရောင်လေးများ ပါဝင်နေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။ ဤသည်က မည်သည်ကိုဆိုလိုသည်နည်း။

အသွင်ပြောင်းခါစ ကျောင်းသားရဲလေး၏ ရွှေရောင်သွေးများကို အကုန်မသုံးလိုက်ရခြင်း ၊ သို့မဟုတ် တုပိုင်၏ သွေးကြောသန့်စင်မှုသည် အကန့်အသတ်သို့ ရောက်ရှိသွားသဖြင့် ကျန်ရှိနေသော နဂါးသွေး စွမ်းအင်များကို ဒန်တျန်ထဲတွင် သိုလှောင်ထားလိုက်ခြင်း ဖြစ်သည်။

ဒန်တျန်ထဲရှိ ဤရွှေရောင် နဂါးသွေး စွမ်းအင်များ၏ အသုံးဝင်ပုံကို တုပိုင် မသိပေ။ သို့သော် ကြီးမားသော အကျိုးကျေးဇူး ဖြစ်မည်မှာ သေချာသည်။ လောလောဆယ်တွင် သူ ထုတ်ယူအသုံးမပြုနိုင်သေးပေ။

အတိုချုပ် ပြောရလျှင် ဒုတိယအဆင့်၏ အကျိုးကျေးဇူးများသည် ပထမအဆင့်ထက် အများကြီး သာလွန်နေသည်။ သိုင်းပညာ တိုက်ရိုက် တိုးတက်ခြင်းထက်ပင် ပိုမို အရေးပါသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တုပိုင်၏ အရွတ်များနှင့် သွေးကြောများကို အဆင့်မြှင့်တင်ခြင်းနှင့် ပြောင်းလဲခြင်း ဖြစ်သောကြောင့်ပင်။ သူ့ဒန်တျန်ကိုပင် ပြောင်းလဲစေခဲ့သည်။

ဒန်တျန် ပြောင်းလဲခြင်းသည် ပိုမို အရေးကြီးပြီး ပိုမို အကျိုးရှိကြောင်း တုပိုင် ဝိုးတဝါး ခံစားမိသော်လည်း ရွှေရောင် နဂါးသွေး စွမ်းအင်သည် မည်မျှအထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မည်ကို ယခု မသိနိုင်သေးပေ။

ရေထဲတွင် မျောနေရင်း တုပိုင် မျက်လုံးမှိတ်ပြီး စတင် စဉ်းစားလိုက်သည်။

မျက်နှာမဲ့လူ ဦးလေးတော်ကျန်း စီစဉ်ပေးသော စွန့်စားခန်းတိုင်းတွင် နက်နဲသော အဓိပ္ပာယ်များ ရှိနေသည်။ ယင်းတို့သည် တုပိုင်၏ အနာဂတ်ဘဝအတွက် နိမိတ်ပြချက်များ ဖြစ်လေ့ရှိသည်။ သိုင်းကျမ်းတစ်အုပ် ပေးလိုက်ခြင်း ၊ သို့မဟုတ် အရိုးဆေးကြောပြီး သွေးကြောသန့်စင်ပေးခြင်း ဆိုသည်မှာ ဒုတိယ အရေးပါသော အရာများသာ ဖြစ်သည်။

အဓိက အချက်မှာ သူ့အနာဂတ်အတွက် ဟောကိန်းထုတ်ပေးခြင်း ဖြစ်သည်။ အသွင်ပြောင်းခါစ ကျောင်းသားရဲလေးသည် ကောက်ကျစ်ပြီး ယုတ်မာသည်။ တုပိုင်ကို အကူအညီတောင်းပြီး မိစ္ဆာမြွေကြီးနှစ်ကောင်ကို သတ်ခိုင်းသည်။ ထို့နောက် ချက်ချင်းပင် ယုတ်မာသော မျက်နှာဖုံးကို ခွာချပြီး တုပိုင်ကို အဆိပ်ခတ်သတ်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ ဘာကို ဆိုလိုသနည်း။ တုပိုင်အတွက် ဘာသင်ခန်းစာ ပေးချင်တာလဲ။

ဒုတိယအဆင့် ပြီးဆုံးသွားလေ၏။ တုပိုင်သည် မှန်ကန်သော ရွေးချယ်မှုကို ထပ်မံ ပြုလုပ်နိုင်ခဲ့ပြီး ကြီးမားသော အကျိုးကျေးဇူးများကို ထပ်မံ ရရှိခဲ့သည်။ တုပိုင် အတွေးများကို ဘေးဖယ်လိုက်ပြီး ဒုတိယအဆင့်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ထွက်ပေါက်ကဤရေကန်၏ အောက်ခြေတွင် ရှိသင့်သည်။ တုပိုင် ရေငုပ်သွားလိုက်သည်။ ဤရေကန်သည် အလွန် နက်ရှိုင်းလှသည်။ တုပိုင်သည် မီတာဆယ်ချီ ၊ ရာချီ ငုပ်လျှိုးပြီးနောက် နောက်ဆုံးတွင် ရေအောက်ခြေသို့ ရောက်ရှိသွားသည်။ မရေမတွက်နိုင်သော အရိုးများ ၊ အမျိုးအစားစုံလင်သော အရိုးများကို တွေ့လိုက်ရသည်။

ဤအရာအားလုံးသည် အသွင်ပြောင်းခါစ ကျောင်းသားရဲလေး၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

အရိုးများကို ဖယ်ရှားလိုက်ရာ ရေအောက်ခြေတွင် ကျောက်ပြားတစ်ချပ်ကို တွေ့လိုက်ရသည်။ ကျောက်ပြားပေါ်တွင် စာလုံးများ ရေးထိုးထားသော်လည်း တုပိုင် နားမလည်နိုင်သော စာလုံးများ ဖြစ်နေသည်။ ဤကမ္ဘာမှ စာလုံးများ မဟုတ်ပေ။

ကျောက်ပြားကို အတင်း ဆွဲဖွင့်လိုက်ရာ ထွက်ပေါက်တစ်ခု ရုတ်တရက် ပေါ်လာသည်။.တုပိုင် တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး ဒုတိယအဆင့်မှ ထွက်ခွာလာခဲ့လေ၏။ ဒုတိယအဆင့် ထွက်ပေါက်မှ ခုန်ဆင်းပြီးနောက် တိတ်ဆိတ်ငြိမ်သက်သော ကျောက်ခန်းတစ်ခုသို့ ရောက်ရှိသွားပြန်သည်။

ရှေ့တွင် ကျောက်တံခါးနှစ်ချပ် ရှိနေပြန်သည်။

ဘယ်ဘက် ကျောက်တံခါးပေါ်တွင် ထာဝရအသက်ရှင်ခြင်းဟု ရေးထားသည်။

ညာဘက် ကျောက်တံခါးပေါ်တွင် သေဆုံးခြင်းဟု ရေးထားသည်။ တုပိုင် ရွေးချယ်မှုတစ်ခု ထပ်လုပ်ရပြန်လေ၏။

အကယ်၍ ဘယ်ဘက်တံခါးသည် အသက်ရှင်ခြင်းဆိုပါက တုပိုင် သံသယမရှိ ရွေးချယ်မိလိမ့်မည်။ သူသည် မိမိကိုယ်ကို နှိပ်စက်လိုသူ မဟုတ်သဖြင့် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတွင် အသက်ရှင်ခြင်းကို ရွေးချယ်မည်မှာ သေချာသည်။

သို့သော် ဘယ်ဘက်တံခါးတွင် ရေးထားသည်မှာ ထာဝရအသက်ရှင်ခြင်းဖြစ်သည်။

အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတွင် အသက်ရှင်ခြင်းက ပိုကောင်းသည်။

သို့သော် သေဆုံးခြင်းနှင့် ထာဝရအသက်ရှင်ခြင်းတွင် မည်သည့်အရာက ပိုကောင်းသနည်း။

သေဆုံးခြင်းသည် သံသရာလည်ခြင်းကို ဆိုလိုသည်။ ထာဝရအသက်ရှင်ခြင်း ဆိုသည်မှာ မည်သည့်ကမ္ဘာ ၊ မည်သည့်ယဉ်ကျေးမှုတွင်မဆို ထာဝရအသက်ရှင်ခြင်းသည် မကောင်းသော စကားလုံး ဖြစ်သည်။

ထာဝရအသက်ရှင်ခြင်းသည် စစ်မှန်သော ထာဝရအသက်ရှင်ခြင်း ဖြစ်စေ ၊ အတုအယောင် ဖြစ်စေ ၊ သဘာဝတရား၏ အစီအစဉ်ကို ဖျက်ဆီးခြင်း ဖြစ်သည်။

မည်သည့်ကမ္ဘာတွင်မဆို စစ်မှန်သော ထာဝရအသက်ရှင်ခြင်းဟူ၍ မရှိဟု ထင်ရသည်။ ထို့ကြောင့် နောက်ထပ် ရွေးချယ်မှုသည် ရိုးရှင်းပုံရသော်လည်း အလွန် ကြောက်စရာ ကောင်းလှသည်။

တုပိုင်သည် သေဆုံးခြင်းတံခါးရှေ့သို့ ရောက်လာပြီး ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်လေ၏။ တံခါးကို ဖွင့်လိုက်ပြီးနောက် ရှေ့တွင် ရှည်လျားသော စင်္ကြံလမ်းတစ်ခု ရှိနေသည်။ မှိန်ဖျော့ဖျော့ အလင်းရောင်သည် စင်္ကြံလမ်းကို လင်းထိန်စေပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးတွင် ဤဥမင်လိုဏ်ခေါင်း တစ်ခုတည်းသာ ရှိနေသကဲ့သို့ပင်။

ဤလမ်းသည် တုပိုင်ကို ယင်နှင့်ယန် လမ်းကြောင်း ၊ သေမင်းတမန်လမ်း အကြောင်း တွေးမိစေသည်။

ဤစင်္ကြံလမ်းအတိုင်း တုပိုင် ဆက်လျှောက်သွားလိုက်သည်။ မြေကြီးအောက် နက်ရှိုင်းသော နေရာသို့ ရောက်နေပြီ ဖြစ်သော်လည်း ဥမင်လိုဏ်ခေါင်းသည် အောက်သို့ ဆက်ဆင်းနေဆဲ ဖြစ်ပြီး ဘယ်တော့အခါမှ ဆုံးမည်မဟုတ်သကဲ့သို့ပင်။ ပတ်ဝန်းကျင် အပူချိန်သည် နိမ့်သထက် နိမ့်လာပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

ဤ ယင်နှင့်ယန် စင်္ကြံလမ်းသည် ထင်ထားသည်ထက် ပိုရှည်သော်လည်း ထင်ထားသလောက် မရှည်လျားပေ။

မီတာ သောင်းချီ လျှောက်ပြီးနောက် ဤယင်နှင့်ယန် လမ်းဆုံးသွားလေ၏။ ရှေ့တွင် တံခါးတစ်ချပ် ရှိနေသေးသည်။ ထင်ထားသည်ထက် ပိုမို ရှေးကျပြီး ၊ ပိုမို အုံ့မှိုင်းကာ ၊ ပိုမို ကြောက်မက်ဖွယ် ကောင်းသော ကျောက်တံခါးကြီး တစ်ချပ်။

အပိုင်း ၃၈၈ ပြီး၏။

All Chapters