← Chapters

အခန်း (၃၉၀)

Vol. 39 Ch. 390

အခန်း (၃၉၀)

Vol. 39 Ch. 390

တုပိုင် သတိလစ်မေ့မြောနေပြီ ဖြစ်သည်။ တစ်ကိုယ်လုံး မြေအောက်ကမ္ဘာ စွမ်းအင်များ ထိုးဖောက်ဝင်ရောက်နေပြီး သေလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤသေလူများသည် သူ့ကို မတိုက်ခိုက်ကြပေ။ သူ့ကို ဖမ်းဆုပ်ပြီး ထိတွေ့ရုံသာ ဖြစ်သည်။ ထိုသို့ထိတွေ့ခြင်းကြောင့် သူ့တစ်ကိုယ်လုံး သရဲတစ္ဆေ သေမင်းတမန်အငွေ့အသက်များ ကူးစက်သွားရခြင်း ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားပါက ၁၅ မိနစ်ထက် ပိုမခံနိုင်ဘဲ သေဆုံးသွားလိမ့်မည်ဟု တုပိုင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူ့ရွှမ်းချီ အတွင်းအားစွမ်းအင်များ ကုန်ဆုံးနေပြီ ဖြစ်သည်။ သူ့ဒန်တျန်ထဲတွင် နဂါးသွေး ရွှေရောင်စွမ်းအင်များ ရှိနေသေးသော်လည်း ထုတ်ဖော်ရန် အတွင်းအားပင် မရှိတော့ပေ။

ထိုမျှသာမက ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ မြေအောက်ကမ္ဘာ သေမင်းတမန်စွမ်းအင်များသည် အဆုံးမဲ့ နီးပါး ဖြစ်နေပြီး သူ့ဒန်တျန်ထဲရှိ နဂါးသွေး ရွှေရောင်စွမ်းအင်ဖြင့် လုံးဝ ပျက်စီးပြစ်ရန် ခက်ခဲလှသည်။

ထို့ကြောင့် ထူးခြားဆန်းကြယ်သည့်အရာ တစ်ခုခုသာ မဖြစ်ဘူးဆိုပါက တုပိုင်သေဆုံးရတော့မည် ဖြစ်သည်။

အများဆုံး ဆယ်မိနစ်အကြာတွင် သူ သေဆုံးပေလိမ့်မည်။.အပြင်ဘက်တွင် ထောင်ပေါင်းများစွာသော သေလူများ ၊ သို့မဟုတ် မသေမျိုးလူသားဟု ခေါ်သင့်သော သူများသည် သူ့ဘေးပတ်လည်တွင် ငိုကြွေးနေကြသည် ၊ အော်ဟစ်နေကြသည် ၊ တောင်းပန်နေကြသည်။

တုပိုင်သည် သူ့နောက်ဆုံးလက်ကျန် စိတ်စွမ်းအားကို အသုံးပြုပြီး ပြန်လည် ဆင်ခြင်သုံးသပ်လိုက်သည်။

ယခင် အဆင့်နှစ်ဆင့်တုန်းက သူ မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ခဲ့သည်။ အန္တရာယ်အချို့ ရှိခဲ့သော်လည်း သူ အသက်ရှင်ခဲ့သည်။ ပထမအဆင့်နှစ်ခုကို ပြီးပြည့်စုံစွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။

ထိုသို့ဆိုလျှင် ဤအဆင့်အတွက် သူ ရွေးချယ်မှု မှားသွားခဲ့ခြင်းလော။ မဟုတ်ပေ။ သူ့ရွေးချယ်မှု မမှားဘူးဟု တုပိုင် အခိုင်အမာ ယုံကြည်သည်။ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းဆိုလျှင် သူက အသက်ရှင်ခြင်းကို ရွေးချယ်မည်။ သို့သော် သေဆုံးခြင်းနှင့် ထာဝရအသက်ရှင်ခြင်းဆိုပါက တုပိုင်က သေဆုံးခြင်းကိုသာ ရွေးချယ်နိုင်လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သေဆုံးခြင်းက သံသရာလည်၍ ရသေးသည် မဟုတ်ပါလော။ ထာဝရအသက်ရှင်ခြင်းကမူ လုံးဝ ပျောက်ကွယ်သွားခြင်း ၊ ဘာမှမရှိတော့ခြင်း ဖြစ်သည်။

သူ့ရွေးချယ်မှု မှန်ကန်ပေသည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ယခုကဲ့သို့ အခြေအနေ ရောက်နေရသနည်း။ ဤသို့ သေလုနီးပါး အခြေအနေကို ရောက်နေရသနည်း။

ရှင်းပြချက် တစ်ခုသာ ရှိသည်။ သူ လုပ်ပုံလုပ်နည်း မှားသွား၍ပင်။ ဟုတ်သည်။ သူ မှားယွင်းသွားခဲ့၏။

ဤလမ်းလျှောက်နေသော သေလူများကို သူ တိုက်ရိုက် မတိုက်ခိုက်သင့်ပေ။ အမှန်စင်စစ် ဤသေလူများသည် တုပိုင်ကို ရန်လိုနေခြင်း မဟုတ်။ တုပိုင်ကို မြင်ပြီးနောက် သူတို့ အခေါင်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ထို့နောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး တုပိုင်ကို လှမ်းထိကြသည်။ သူတို့က တိုက်ခိုက်ခြင်း မဟုတ်။ ထိတွေ့ခြင်းသာ။

ဤသို့ထိတွေ့ခြင်းသည် ပရိသတ်များက အိုင်ဒေါကို တွေ့လိုက်ရသဖြင့် အသည်းအသန် လိုက်ထိချင်နေသကဲ့သို့ပင် ဖြစ်နေသေးသည်။ သို့သော် သူတို့ခန္ဓာကိုယ်ထဲတွင် မြေအောက်ကမ္ဘာ စွမ်းအင်များ ပြည့်နှက်နေပြီး တုပိုင်ကို ထိပြီးသည်နှင့် သူ သေဆုံးသွားလိမ့်မည်ဆိုသည်ကို သူတို့ မသိကြပေ။

အမှန်စင်စစ် သူတို့သည် တုပိုင်၏ ပရိသတ်များ မဟုတ်ကြပေ။ ထိုသို့ဆိုလျှင် သူတို့က တုပိုင်ကို အဘယ်သို့ သတ်မှတ်ထားကြသနည်း။ တုပိုင် စဉ်းစားခန်း ဝင်လိုက်သည်။ မကြာခင်မှာပင် သူ့ခေါင်းထဲတွင် အဖြေထွက်လာသည်။ ဤလမ်းလျှောက်နေသော သေလူများသည် တုပိုင်ကို ကယ်တင်ရှင်ဟု သတ်မှတ်ထားကြခြင်း ဖြစ်သည်။

တုပိုင်ကို အောင်မြင်စွာ ဖမ်းမိပြီးနောက် သူတို့က တုပိုင်ကို အကြီးဆုံး ဂူသင်္ချိုင်း ကျောက်အခေါင်းထဲတွင် ထားလိုက်ကြသည်။ ထို့နောက် ထောင်ပေါင်းများစွာသော သေလူများက တုပိုင်ဘေးတွင် ထိုင်ပြီး ငိုကြွေးနေကြသည် ၊ အော်ဟစ်နေကြသည် ၊ တောင်းပန်နေကြသည်။

သူတို့ မည်သည်ကို တောင်းပန်နေကြသနည်း။ သေဆုံးခြင်း။.ဟုတ်သည်။ သူတို့သည် လုံးဝ သေဆုံးခြင်း ၊ လုံးဝ လွတ်မြောက်ခြင်းကို တောင်းပန်နေကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ သေချင်သော်လည်း သေ၍မရနိုင်သော အဖြစ်ဆိုးမျိုး မဟုတ်ပေ။ မိစ္ဆာစွမ်းအင်များ၏ နှိပ်စက်မှုကို ခံစားနေရခြင်း ဖြစ်နိုင်သလို ၊ မိစ္ဆာခေါင်းဆောင်ကြီး တစ်ယောက်ယောက်၏ တားမြစ်ထားသော စုန်းအတတ်ဖြင့် ပြုလုပ်ခံထားရခြင်းလည်း ဖြစ်နိုင်သည်။ ဤလူများသည် မသေမျိုးသေလူများ ဖြစ်လာခဲ့ကြသည်။

အခေါင်းထဲတွင် လှဲနေပြီး ဘယ်တော့မှ မသေဆုံးနိုင်ဘဲ အထီးကျန်မှုနှင့် နာကျင်မှုကို ထာဝရ ခံစားနေရမည်။ ဘယ်တော့မှ ပြန်လမ်းမရှိတော့။ ထိုမျှမက တုပိုင်က သူတို့ကို ခုတ်ပိုင်းလိုက်လျှင်ပင် သူတို့က လုံးဝ မသေနိုင်ကြပေ။

ဤကဲ့သို့သော ထာဝရအသက်ရှင်ခြင်းမျိုးသည် သေချာပေါက် ထာဝရအသက်ရှင်ခြင်း မဟုတ်ပေ။ ထာဝရ နာကျင်မှုနှင့် နှိပ်စက်ခံရခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ဤလူများသည် သေဆုံးခြင်းကို တောင်းခံနေကြခြင်း ဖြစ်သည်။ ဤငရဲမှ လွတ်မြောက်ရန် တောင်းခံနေကြခြင်း ဖြစ်သည်။

တုပိုင်က သေဆုံးခြင်းတံခါးကို ရွေးချယ်ခဲ့သည်မှာ သူ့ဘာသာ သေဆုံးရန် မဟုတ်။ ဤလူများကို သေခွင့်ပေးပြီး လွတ်မြောက်စေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မည်သည့်စွမ်းအင်က ဤလူများကို မသေမျိုး ဖြစ်စေသနည်း။ မည်သူက ဤလူများကို မသေမျိုးဖြစ်အောင် လုပ်ပြီး ထာဝရ ဒုက္ခခံစားစေခဲ့သနည်း။

ဤအရာအားလုံးသည် ပဟေဠိတစ်ခုပင်။ သို့သော် ဤအရာအားလုံးသည် ပေမင်ဓားဂိုဏ်းနှင့် သေချာပေါက် ပတ်သက်မှု ရှိနေရပေမည်။ ဤသည်မှာ ကမ္ဘာလောက၏ တွင်းနက်ကြီး ဖြစ်ပြီး ကမ္ဘာလောက၏ အများဆုံးနှင့် အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များ ပါဝင်နေသည်။

ထိုသို့ဆိုလျှင် တုပိုင်က ဤမသေမျိုးဖုတ်ကောင်များကို လွတ်မြောက်အောင် မည်သို့ ကူညီပေးရမည်နည်း။ သူတို့ကို လုံးဝ သေဆုံးသွားအောင် မည်သို့ လုပ်ပေးရမည်နည်း။

သူကိုယ်တိုင်ပင် အသက်ရှင်ရန် ဆယ်မိနစ်သာ လိုတော့သည်။ နောက်ဆက်တွဲအနေဖြင့် တုပိုင်က ဤမသေမျိုးလူသားများကို လွတ်မြောက်အောင် ကူညီပေးရမည့်အပြင် မိမိကိုယ်ကိုလည်း ကယ်တင်ရဦးမည်။

‘မျက်လုံးမှိတ်ပြီး အသည်းအသန် စဉ်းစားစမ်း။’

‘မဟုတ်ဘူး။ မဟုတ်သေးဘူး။’

တုပိုင် ခဏအတွင်း နည်းလမ်းပေါင်းစုံ စဉ်းစားကြည့်သော်လည်း မည်သည့်နည်းလမ်းမျှ အလုပ်မဖြစ်ပေ။

သူ့၏ ကိုယ်ပိုင် ဉာဏ်ပညာနှင့် စွမ်းရည်ကို အားကိုးပြီး ဤပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ထို့ကြောင့် တုပိုင်သည် တရားကျင့်ကြံခြင်းကမ္ဘာထဲရှိ ခွေးအိမ်သခင်ကြီး၏ မှတ်ဉာဏ်များကို စတင် ရှာဖွေလိုက်တော့သည်။

ဤသည်က တုပိုင်၏ နောက်ထပ် ရတနာသိုက် တစ်ခုပင်ဖြစ်၏။ ဆရာတော်ဟုန်ယီ၏ ဝိညာဉ်အမွေအနှစ်ကို ရရှိပြီးနောက် တုပိုင်သည် စိတ်စွမ်းအား ၁၅ မှတ် တိုးလာခြင်းက အရေးအကြီးဆုံးဟု လက်တွေ့ကျကျ တွေးခဲ့ဖူးသည်။ သို့သော် ယခုမူ ဆရာတော်ဟုန်ယီ ချန်ထားခဲ့သော မှတ်ဉာဏ်နှင့် ဗဟုသုတများသည် ရတနာသိုက်တစ်ခုပမာ အဖိုးအတန်ဆုံးဖြစ်ကြောင်း တုပိုင် သိလိုက်ရလေ၏။

ဆရာတော်ဟုန်ယီ၏ မှတ်ဉာဏ်ထဲတွင် တုပိုင် မွှေနှောက် ရှာဖွေလိုက်သည်။ မကြာခင်မှာပင် ထိပ်တန်း ဝိညာဉ်ရေးရာ ကျမ်းစာလိပ် လျှို့ဝှက်ချက်တစ်ခုကို တွေ့လိုက်ရသည်။

“မဟာကရုဏာ သံသရာလည်ခြင်း မန္တန်”

ဤသည်မှာ ဂါထာမန္တန် တစ်ခု မဟုတ်ပေ။ စွမ်းအားကြီးမားသော စိတ်စွမ်းအား မန္တန်တစ်ခု ဖြစ်သည်။

အကျိုးသက်ရောက်မှု တစ်ခုသာ ရှိသည်။ ချုပ်နှောင်ခံထားရသော ဝိညာဉ်များကို လွတ်မြောက်စေပြီး လုံးဝ သေဆုံးခွင့် ရစေကာ သံသရာလည်ပြီး ပြန်လည်မွေးဖွားစေခြင်း ဖြစ်သည်။ ဤမှတ်ဉာဏ်ကို ရှာဖွေသောအခါ ဤစာပိုဒ်က မိစ္ဆာခေါင်းဆောင် ကျီယင်ယင်ကို ရည်ရွယ်ပြီး ရေးသားထားတာ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် တုပိုင် အနေခက်သွားရသည်။

ထိုစဉ်က မိစ္ဆာခေါင်းဆောင် ကျီယင်ယင်သည် မိစ္ဆာကင်းထောက်များကို မွေးမြူရုံသာမက ကြောက်မက်ဖွယ်ကောင်းသော စုန်းအတတ်ကို အသုံးပြုပြီး မသေမျိုးစစ်တပ်ကိုလည်း မွေးမြူခဲ့သည်။

သို့သော် သူမ၏ မသေမျိုးစစ်တပ်က တုပိုင် မြင်နေရသလောက် ကြောက်စရာမကောင်းသလို ယုတ်မာခြင်းလည်း မရှိပေ။

ကျီယင်ယင် မွေးမြူရန် ရည်ရွယ်ထားသော မသေမျိုးစစ်တပ်က စုန်းအတတ်နှင့် သိပ္ပံပညာ ပေါင်းစပ်ထားသည်နှင့် ပိုတူသည်။ ဤစစ်တပ်က နာကျင်မှုကို မကြောက်ပေ။ ခန္ဓာကိုယ်ကို ဓားချက်ပေါင်းများစွာ ထိမှန်လျှင်လည်း သေဆုံးမည် မဟုတ်သလို တိုက်ခိုက်နိုင်စွမ်းလည်း ဘယ်တော့မှ ကျဆင်းမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သုတေသနပြုချက်အရ သူမနှင့် အနောက်တိုင်းမှ စုန်းပညာရှင်များသည် လူသားခန္ဓာကိုယ်ထဲတွင် နောက်ထပ် အသက်ရှင်သန်ရေး စနစ်တစ်ခု တည်ဆောက်နိုင်ကြောင်း ၊ လူကို စက်ရုပ်အဖြစ် ပြောင်းလဲနိုင်ကြောင်း ၊ အတွင်းကလီစာများ တိုက်ခိုက်ခံရလျှင်လည်း သေစေနိုင်မည် မဟုတ်ကြောင်း တွေ့ရှိခဲ့ကြသောကြောင့် ဖြစ်သည်။

အမှန်စင်စစ် ဤလူသည် သေဆုံးနေပြီ ဖြစ်သော်လည်း လမ်းလျှောက်နေသော အလောင်းကောင်ကဲ့သို့ တိုက်ခိုက်သတ်ဖြတ်နေဆဲ ဖြစ်သည်။

ဆရာတော်ဟုန်ယီက ဤယုတ်မာသော လျှို့ဝှက်ချက်ကို တွေ့ရှိပြီးနောက် ကမ္ဘာအနှံ့ ခရီးထွက်ခဲ့သည်။ အခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်နေသော ကမ္ဘာမြေ အက်ကွဲရာ ဂူသင်္ချိုင်းတိုင်းကို သွားရောက်ခဲ့သည်။ ထိုနေရာရှိ မိစ္ဆာဝိညာဉ်များကို လေ့လာခဲ့သည်။ ထိုနေရာရှိ ထူးဆန်းသော မသေမျိုး သတ္တဝါများကို လေ့လာခဲ့သည်။ ထို့နောက် ဂူသင်္ချိုင်း၏ နက်ရှိုင်းသော နေရာများရှိ အခြားကမ္ဘာ ကျောက်စာများကို မွှေနှောက်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဤအရာကို ရေးသားနိုင်ရန် ၇ နှစ်တိတိ အချိန်ယူခဲ့ရသည်။ ရည်ရွယ်ချက်ကတော့ ကျီယင်ယင်၏ မသေမျိုးဂိုဏ်းကို ဖျက်သိမ်းပစ်ရန်ပင်။

သို့သော် မိစ္ဆာခေါင်းဆောင် ကျီယင်ယင်၏ စမ်းသပ်မှု ကျရှုံးသွားခဲ့သည်။ ထိုအချိန်တုန်းက ဆရာတော်ဟုန်ယီ အသုံးချစရာ မလိုလိုက်ပေ။

ကျီယင်ယင် လက်အောက်မှ အနောက်တိုင်း မိစ္ဆာစုန်းပညာရှင်များသည် အမည်မသိ နည်းလမ်းများဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ ယခုတိုင် မည်သူ လုပ်ကြံမှန်း မသိရသေးပေ။ ကျီယင်ယင်ကတော့ ပေမင်ဓားဂိုဏ်း ဖြစ်မည်ဟု အမြဲ သံသယရှိခဲ့သည်။

သို့သော် မည်သို့ပင်ဖြစ်စေ ဆရာတော်ဟုန်ယီကတော့ ဤထိပ်တန်း ဝိညာဉ်ရေးရာ ကျမ်းစာလိပ်ကို ရေးသားခဲ့ပြီးသား ဖြစ်ပေသည်။

ဝိညာဉ်အမွေအနှစ်ထဲတွင် ဆရာတော်ဟုန်ယီက ဤထိပ်တန်း ဝိညာဉ်ပညာရပ်ကို တုပိုင်၏ ဦးနှောက်နှင့် ဝိညာဉ်ထဲတွင် တိုက်ရိုက် ထွင်းထုပေးခဲ့ပြီးသား ဖြစ်သဖြင့် လေ့လာစရာ မလိုတော့ဘဲ ပြန်လည်အမှတ်ရရန်သာ လိုတော့သည်။

တုပိုင် ခက်ခက်ခဲခဲ ထထိုင်လိုက်သည်။

ပထမဆုံး ဆရာတော်ဟုန်ယီ ပျံလွန်တော်မူသွားသော အနောက်တောင်ဘက် အရပ်ဆီသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ဆရာသခင်ကြီး။ အဲ့ဒီနေ့က ခင်ဗျားရဲ့ ဝိညာဉ်အမွေအနှစ်ကို ရယူဖို့ ကျွန်တော် ဂရုမစိုက်ခဲ့ပေမဲ့ ဒီဘဝမှာ ခင်ဗျားရဲ့ အရိပ်အာဝါသအောက်မှာ စောင့်ရှောက်ခံခဲ့ရပါတယ်။ တပည့် ကျေးဇူးတင်ပါတယ်”

ကျောက်အခေါင်းကြီးထဲတွင် တုပိုင် အနောက်တောင်ဘက်သို့ ဦးခေါင်းဖြင့် သုံးကြိမ် ကန်တော့လိုက်သည်။

ထို့နောက် မျက်လုံးမှိတ်ပြီး စိတ်စွမ်းအားအားလုံးကို အသုံးပြုကာ ဆရာတော်ဟုန်ယီ၏ မန္တန်ကို ရွတ်ဆိုလိုက်ပြီး ဆရာတော်ဟုန်ယီ လက်ဆင့်ကမ်းပေးခဲ့သော ထိပ်တန်း ဝိညာဉ်ပညာရပ်ကို ထုတ်ဖော်လိုက်သည်။

တုပိုင် ရွတ်ဆိုလိုက်သည်။

အသံက သိသိသာသာ တိုးညှင်းနေသော်လည်း ဤမရေမတွက်နိုင်သော သင်္ချိုင်းမြေထဲတွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်နေလေ၏။

ခဏအတွင်းမှာပင် မသေမျိုးများအားလုံး တိတ်ဆိတ်သွားကြပြီး မျက်လုံးမှိတ်ကာ မြင့်မြတ်သော အခိုက်အတန့် ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြသည်။

တုပိုင် မန္တန်ကို ဆက်တိုက် ရွတ်ဆိုနေသည်။

ဝိညာဉ်စွမ်းရည်များကို အဆက်မပြတ် အသုံးပြုနေသည်။

သင်္ချိုင်းမြေတစ်ခုလုံး ဈာန်သံစဉ်များ လွှမ်းခြုံသွားသကဲ့သို့ ဖြစ်နေသည်။ ကိုးလွှာသော တိမ်တိုက်များအပြင်ဘက်မှ ငှက်ကလေးများ၏ တေးသီသံ ၊ ပိုးကောင်ကလေးများ၏ လေတိုးသံနှင့် ကရုဏာတရားများကို ကြားလိုက်ရသကဲ့သို့ပင်။

တုပိုင်၏ အသံသည် ကျယ်လောင်သထက် ကျယ်လောင်လာသည်။ သူ မည်သည်ကိုရွတ်နေမှန်းတောင် သူ မသိတော့သလို မည်ကဲ့သို့ ဝိညာဉ်စွမ်းရည်မျိုး သုံးနေမှန်းလည်း မသိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့ပုံရိပ်က ပြောင်းလဲသွားပြီ ဖြစ်သည်။ တုပိုင်အဖြစ်မှ ဆရာတော်ဟုန်ယီအဖြစ် ပြောင်းလဲသွား၏။ တစ်ခေတ်တစ်ခါက ဘုန်းတော်ကြီး ဆရာတော်ဟုန်ယီ၏ ဝိညာဉ်သည် သူ့ကို တစ်ဖန် လွှမ်းခြုံထားပြန်သည်။ ကရုဏာသက်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး ခမ်းနားထည်ဝါကာ လေးနက်တည်ကြည်နေပုံ ရသည်။

မဟာကရုဏာ သံသရာလည်ခြင်း မန္တန်၏ ဝိညာဉ်စွမ်းအားများသည် မမြင်ရသော ငှက်ကလေးများအဖြစ် ပျံသန်းထွက်ခွာသွားကြသည်။ နာကျင်မှုဖြင့် နှိပ်စက်ခံနေရသော မသေမျိုးတစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။

“ဝုန်းးးး”

ခဏအတွင်းမှာပင် ပထမဆုံး မသေမျိုးလူသား၏ ခန္ဓာကိုယ်သည် ပြာအဖြစ် ပျောက်ကွယ်သွားပြီး ဝိညာဉ်တစ်ခုလုံး အလင်းရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားလေ၏။

သူ လွတ်မြောက်သွားပြီ။ သူ စစ်မှန်သော သေဆုံးခြင်းကို ရရှိသွားပြီ။ သူ သံသရာလည်ဖို့ သွားနိုင်ပြီ။

“ကျွန်တော်မျိုးက ဆရာသခင်ကြီးရဲ့ မြင့်မြတ်လှတဲ့ ကျေးဇူးတရားကို ကျေးဇူးတင်ပါတယ်”

ဝိညာဉ်အလင်းရောင်အရိပ်က လေထဲတွင် တုပိုင်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဒုတိယ မသေမျိုးလူသား၏ ခန္ဓာကိုယ် ပျက်စီးသွားပြီး ဝိညာဉ် ပျံထွက်သွားသည်။

သူလည်း လွတ်မြောက်သွားပြီ။ သူ လုံးဝ သေဆုံးသွားပြီ။ သူ သံသရာလည်ဖို့ သွားနိုင်ပြီ။

တတိယ ၊ စတုတ္ထ ၊ ပဉ္စမ…

ပိုမိုများပြားသော မသေမျိုးဝိညာဉ်များ လွတ်မြောက်သွားကြပြီး လေထဲတွင် ပျံဝဲကာ တုပိုင်ဘက်သို့ ဒူးထောက် ဦးခိုက်နေကြသည်။

“သံသရာလည်ဖို့ လွတ်မြောက်ခွင့်ပေးတဲ့ ဆရာသခင်ကြီးရဲ့ မဟာကျေးဇူးကို ကျေးဇူးတင်ပါတယ်။ ရေစက်ပါရင် ပြန်လည် ပေးဆပ်ပါ့မယ်”

“ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီး။ ကျွန်တော်မျိုး ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”

“ဝုန်း ဝုန်း ဝုန်း ဝုန်းးးး”

ပိုမိုများပြားသော မသေမျိုးလူသားများ၏ ခန္ဓာကိုယ်များ ကြေမွသွားပြီး သူတို့၏ ဝိညာဉ်များ လွတ်လပ်စွာ ပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာပင် အဆုံးမဲ့ သန့်ရှင်းစင်ကြယ်သော ရွှမ်းချီ အတွင်းအားစွမ်းအင်များသည် လေထဲတွင် ပျံဝဲနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များ ပျက်စီးသွားပြီး ဝိညာဉ်များ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

သို့သော် သူတို့၏ ဒန်တျန်များက တိုက်ရိုက် ကွဲကြေသွားပြီး မရေမတွက်နိုင်သော သန့်စင်သည့် ရွှမ်းချီ အတွင်းအားစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

မရေမတွက်နိုင်သော ရွှမ်းချီ အတွင်းအားစွမ်းအင်များသည် ဤသင်္ချိုင်းမြေထဲတွင် စုစည်းနေကြသည်။

ရွှမ်းချီ အတွင်းအားစွမ်းအင်များသည် ယခင်က မကြုံဖူးလောက်အောင် သိပ်သည်းနေပြီး ယခင်က မကြုံဖူးလောက်အောင် များပြားနေသည်။

ထို့နောက် တုပိုင်၏ ခန္ဓာကိုယ်ထဲရှိ ကျိုယန်ကျမ်းရင်းက စတင် အလုပ်လုပ်လေတော့သည်။ ခဏအတွင်းမှာပင် သူ့ဒန်တျန်သည် ဧရာမ ဝဲကတော့ကြီးတစ်ခုကဲ့သို့ ရူးသွပ်စွာ ဝါးမြိုလေတော့သည်။

ဤသည်က ဒီမသေမျိုးလူသားတွေ သေဆုံးခြင်းကနေ လွတ်မြောက်သွားပြီးနောက် တုပိုင်အတွက် နောက်ဆုံး ဆုလာဘ်နှင့် လျော်ကြေးဟု သတ်မှတ်နိုင်ပေသည်။ သူတို့ကို ကျွတ်လွတ်ခွင့်ပေးသည့် ကျေးဇူးအတွက် ကျေးဇူးတင်သည့်အနေဖြင့်ပင်။

“ဝုန်းးးး”

“ဝုန်းးးး”

တုပိုင်၏ ဒန်တျန်သည် တစ်ကြိမ်ပြီးတစ်ကြိမ် ပေါက်ကွဲသွားပြီး တစ်ကြိမ်ပြီးတစ်ကြိမ် နိဗ္ဗာန်ဝင်စားသွားသည်။

သူ့ကျင့်ကြံမှုအဆင့်က တစ်ကြိမ်ပြီးတစ်ကြိမ် အဆင့်တက်သွားလေတော့သည်။ သူ့သိုင်းပညာ ကျင့်ကြံမှုသည် ယခင်က မကြုံဖူးလောက်အောင် ထိုးဖောက်ကျော်လွန်သွားပြီး တိုးတက်လာလေ၏။

အပိုင်း ၃၉၀ ပြီး။

All Chapters