← Chapters

ဖုန်းတုမြို့

Vol. 44 Ch. 604

ဖုန်းတုမြို့

Vol. 44 Ch. 604

“ဖုန်းတုမြို့တဲ့လား”

(၎င်းသည် နောင်ဘဝအတွက် ရည်စူးထားသော နတ်ကွန်းများ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများစွာ ရှိသည့်မြို့ဖြစ်သည်)

ကျောက်တံခါးထဲ ဝင်ရောက်ပြီးနောက် ဧရာမ ကျောက်တုံးအဆောက်အဦ တစ်ခုက မြင်ကွင်းထဲ ဝင်ရောက်လာသည်။ ထိုကျောက်တိုင်ကြီး၌ ဝံ့ကြွားသည့် သွေးနီရောင် စကားလုံးများ ရေးထားလေသည်။ ထိုစကားလုံးများကို မြင်တွေ့သည့်အချိန်၌ ကျန်းရီက ရှုံ့မဲ့သွားပြီး ဆန်းကြယ်ဧကရာဇ်က အမှန်တကယ် ပါရမီရှိသည့်သူဟူ၍ တွေးမိသွားတော့သည်။

ဖုန်းတုမြို့၌ နောက်ထပ် လူသားကမ္ဘာတွင် အမည်တစ်ခုရှိသည်။ ယင်းက တမလွန်လောက ဖြစ်ပေ၏။

ပထမဆုံး အတားအဆီးက ကူကယ်ရာမဲ့ တံတားဖြစ်ပြီး ဒုတိယအတားအဆီးက စမ်းချောင်းဝါ လမ်းကြောင်းဖြစ်ကာ တတိယအတားအဆီးက တမလွန်လောကဖြစ်သည်။ ထိုအတားအဆီးများကို ဖြတ်ကျော်ရန် မဆိုထားနှင့် တွေးမိရုံမျှဖြင့် လူတစ်ယောက်ကို သေသည်အထိ ကြောက်လန့်သွားစေရန် လုံလောက်သည်။ မသိရသည့် အခြေအနေက အမြဲတမ်း ကြောက်မက်ဖွယ် အကောင်းဆုံးအရာဖြစ်သည်။ နတ်ဆိုးသားရဲများ သို့မဟုတ် သန္ဓေပြောင်း သားရဲများ ဖြစ်နေခဲ့လျှင် သိုင်းပညာရှင်များက ထိုသားရဲများကို အနိုင်မယူနိုင်လျှင်တောင် သူတို့ထိုမျှ ကြောက်နေအုံးမှာ မဟုတ်ပေ။ ထိုအစား လူသားများ အမှန်တကယ် ကြောက်ရွံ့သည်က သေလွန်ပြီးသည့် သတ္တဝါများ အငြိုးကြီးဝိညာဉ်များ၊ နာနာဘာဝများနှင့် နတ်ဆိုးများကဲ့သို့ အရာများဖြစ်သည်။

သိုင်းပညာရှင်တစ်ဦးသည် မည်မျှအစွမ်းထက်စေကာမူ ဤကဲ့သို့ လက်တွေ့မကျသည့် အရာများကို ရင်ဆိုင်ရသည့်အချိန်၌ သူတို့အရိုးထဲထိအောင် ကျောစိမ့်မိဆဲဖြစ်သည်။ နတ်ဆိုးသားရဲတစ်ကောင်က မည်မျှ အစွမ်းထက်စေကာမူ လူတစ်ယောက်၌ လုံလောက်သည့် တိုက်ပွဲဝင်ခွန်အား ရှိနေသ၍ သူတို့က၎င်းကို သတ်ဖြတ်နိုင်အုံးမှာပဲဖြစ်သည်။ သို့သော် အငြိုးကြီး ဝိညာဉ်ကဲ့သို့ အရာမျိုးက သိုင်းပညာရှင်တစ်ဦး မည်မျှအစွမ်းထက်စေကာမူ ဖျက်ဆီးနိုင်စွမ်း မရှိပေ။ သူတို့၏ တိုက်ခိုက်ရေး နည်းလမ်းများက ပုံမှန်ဆို ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးယုတ်လွန်းပေရာ မည်သို့သေသွားမှန်းတောင် သိလိုက်မှာမဟုတ်ပေ။ ထို့ကြောင့် သိုင်းပညာရှင်များစွာက သူတို့ကိုရင်ဆိုင်ရန် ကြောက်ရွံ့နေကြတာလည်းဖြစ်သည်။

သူတို့၏နှလုံးသားက လုံလောက်အောင် မသန်မာလျှင် ပိုတောင်မြန်မြန်ဆန်ဆန် သေလောက်ပေ၏။

ငါဂရုမစိုက်တော့ဘူး။ ငါအရင်တုန်းက တမလွန်လောကကို သွားခဲ့ပြီးပြီပဲ။ အဲ့ဒီကြောက်ဖို့ကောင်းတဲ့ မြေအောက်လောကမှာ ငါအသက်ရှင်ခဲ့တာပဲ မဟုတ်ဘူးလား။

ကျန်းရီသည် ထိုအကြောင်းကို တွေးမိသည့်အချိန်၌ ကြောက်မက်ဖွယ်ကောင်းသည်ဟု ထပ်မခံစားရတော့ပေ။ မြေအောက်လောကတွင် ရင်ရဲမက်များစွာကို တွေ့ခဲ့ပြီးဖြစ်ကာ ၎င်းတို့က ဖုတ်ကောင်များ ဖြစ်နေကြသည်။ လုံလောက်သည့်ခွန်အား ရှိနေသ၍ သူတို့ကို ရှင်းလင်းနိုင်လောက်၏။

သူက စိတ်ဝိညာဉ်ကို တစ်ချက်ကြည့်ပြီး သူ၏ပင်မ စိတ်ဝိညာဉ်က အကန့်အသတ်သို့ ထပ်ရောက်တော့မည်မှန်း သဘောပေါက်လိုက်သည်။ နှမြောစရာက သူ့၌နောက်ဆုံးစွမ်းအင် မရှိတော့တာပဲဖြစ်သည်။ မဟုတ်လျှင် နောက်ထပ် စိတ်ဝိညာဉ်ခွဲလေးတစ်ခု ခွဲထွက်လာအုံးမှာပဲဖြစ်သည်။

ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲ၌ စုစုပေါင်း ဓားပုံသဏ္ဍာန် စိတ်ဝိညာဉ်ပုံစံ ၃၇ခုရှိနေ၏။ ပင်မစိတ်ဝိညာဉ်က အလယ်တွင်ရှိနေစဉ် ကျန်သည့်စိတ်ဝိညာဉ်လေး ၃၆ခုက အနားတွင် ဝိုင်းရံထားလေသည်။ သာမာန် ကောင်းကင်ဧကရာဇ် တစ်ဦး၏ စိတ်ဝိညာဉ်တိုက်ကွက်ကတောင် သူအလွယ်တကူ ပိတ်ဆို့နိုင်မည်ဟု ယုံကြည်နေသည်။

ရှေ့သွားရန် ခြေထောက်မြှောက်လိုက်ပြီး ကျန်းရီက အခြေအနေကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ် သွားတော့၏။

မူလက မိုင်နှစ်ဆယ် သုံးဆယ်သာ ဖြန့်ကျက်နိုင်ခဲ့သော ကောင်းကင်စိတ်အာရုံသည် ယခုမူ မိုင်လေးဆယ် ငါးဆယ်အထိ ဖြန့်ကျက်နိုင်ပြီဖြစ်ကာ ယင်းက သူ့အကန့်အသတ်တောင် မဟုတ်သေးပေ။

“ရှေ့သွား”

သူ၏ကောင်းကင်သိမြင် နားလည်ခြင်းက ပိုဝေးဝေး ရောက်နိုင်သော်ငြား ၎င်းကိုအသုံးပြုနေချိန်၌ တစ်စုံတစ်ယောက်ကသူ့ကို ကာကွယ်ပေးထားရန် လိုအပ်သည်။ ကောင်းကင်စိတ်အာရုံကမူ မတူညီပေ။ သူကသမန်ကာလျံကာ ထုတ်ဖော်နိုင်၏။ ယင်း၌ ကွဲပြားသည့် လုပ်ဆောင်ချက်များ ရှိသည်။

မိုင်ခြောက်ဆယ်၊ မိုင်ခုနှစ်ဆယ် သူ၏ကောင်းကင်စိတ်အာရုံသည် နောက်ဆုံး၌ မိုင်ရှစ်ဆယ်ထိရောက်ပြီး ဆက်လက် ဆန့်တန်းနိုင်ခြင်း မရှိတော့ပေ။

ထိုသို့တိုင် ကျန်းရီက သူ၏စိတ်ထဲ ပျော်ရွှင်နေ၏။ ကောင်းကင်စိတ်အာရုံသည် အများစုသော ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များထက်တောင် ပိုပြီးသန်မာနေ၏။ ဖန်းလန်ကို သူတစ်ခါက မေးခဲ့ဖူးသည်။ သူမ၏ ကောင်းကင်စိတ်အာရုံက မိုင်ငါးဆယ်သို့သာ ရောက်နိုင်သည်။

“သွားကြမယ်”

မိုင်ရှစ်ဆယ် အခြေအနေကို ထောက်လှမ်းပြီးနောက် ကျန်းရီက အတော်ယုံကြည်ချက် ရှိသွားပြီး ပြေးလွှားပြီး ဆက်လက်ထောက်လှမ်းနေ၏။ သို့သော် သူ၏ရင်ဓာတ် ဖြည်းဖြည်းချင်း မှိန်ဖျော့လာတော့သည်။

ဤနေရာက ဧရာမ ကန္တရကြီးဖြစ်ပြီး အလွန်အကဲ ကြီးထွားမှုများဖြင့် ပြည့်နှက်နေလေသည်။ ဤနေရာ၌ တောင်တန်းများ သစ်ပင်များ မြစ်များ သက်ရှိသတ္တဝါများ မရှိပေ။ သေခြင်းတရား အရှိန်အဝါနှင့် အနက်ရောင်ပုံစံ နီရဲညိုမည်းသော ရွှံ့များသာ ရှိနေလေသည်။

ဒါတကယ်ကြီး တမလွန်လောကလား။

ကျန်းရီက ထိုအရာကို တွေးမိပြီး မြန်မြန်ဆန်ဆန် ငြင်းဆိုလိုက်တော့၏။ ဤနေရာသည် ဆန်းကြယ်ဧကရာဇ်က ဖန်တီးထားသော အထူးလေဟာနယ် နယ်မြေတစ်ခုသာ ဖြစ်လောက်သည်။ ဤနေရာသို့ ရောက်လာသည့် သိုင်းပညာရှင်များကို ကြောက်လန့်စေပြီး သူတို့တိုက်ခိုက်လိုစိတ်ကို လျှော့ချရန်အတွက် စီစဉ်ထားခြင်းသာဖြစ်မည်။ ခက်ခဲမှုကို တိုးစေသည့် ကိစ္စရပ်မျိုး ရှိမှာမဟုတ်ပေ။

“ဒီနေရာက ဘယ်လောက်ကြီးတာလဲ”

ကျန်းရီသည် မိုင်တစ်ရာကျော်ခန့် လှည့်ပတ်ပြေးသွားပြီးနောက် ရပ်တန့်လိုက်တော့၏။ သူ၏ကောင်းကင် စိတ်အာရုံသည် ဘာကိုမှ ရှာမတွေ့ခဲ့ဘဲ သေစေလောက်အောင် တိတ်ဆိတ်မှုသာ တွေ့ရ၏။ သက်ရှိများ၊ ရန်သူများ၊ သတ္တဝါများ ရှိမနေပေ။

“ကောင်းကင်သိမြင် နားလည်ခြင်း”

ကျန်းရီ၏ မျက်လုံးက ဖျတ်ခနဲ လှုပ်သွားတော့သည်။ သူအချိန်အတော်ကြာ လျှောက်ပြီးသည့်တိုင် မည်သည့်အန္တရာယ်မှ မတွေ့ရသောကြောင့် ယာယီလုံခြုံသည်ဟု ဆိုလိုတာပဲဖြစ်သည်။ ယခုအချိန်တွင် ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ထွက်ပေါက်ရှာရန်အတွက် သူ၏ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်ရန် အချိန်ရှိသည်ဟု ဆိုလိုတာလည်းဖြစ်သည်။

မည်သည့်အန္တရာယ်မှ မရှိကြောင်း အတည်ပြုရန် ကောင်းကင်စိတ်အာရုံကို ထုတ်လွှင့်ပြီးနောက် ကျန်းရီက တင်ပြင်ခွေချိတ် ထိုင်ချလိုက်တော့သည်။ ပြီးနောက် ခန္ဓာကိုယ်မှ လေပြေတစ်ဝှေ့ ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့ ဆန့်တန်းသွားတော့၏။

မိုင်တစ်ရာ၊ မိုင်တစ်ထောင်၊ မိုင်တစ်သောင်း

မိုင်တစ်ထောင်ကျော် ထောက်လှမ်းပြီးနောက် ကျန်းရီသည် ဘာကိုမှ ရှာမတွေ့သေးပေ။ သို့သော်သူက စိတ်ပျက်အားလျော့သွားခြင်း မရှိပေ။ ဤနေရာက ဖုန်းတုမြို့ဟုဆိုသောကြောင့် မြို့တစ်မြို့ ရှိကိုရှိရမည်။ ဗလာနတ္ထိ ဖြစ်မနေလောက်ပေ။

မိုင်းတစ်သောင်း၊ မိုင်းငါးသောင်း၊ မိုင်တစ်သိန်း၊ မိုင်တစ်သန်း

နောက်ဆုံး၌ ကျန်းရီသည် ဖုန်းတုမြို့ဟုခေါ်သည့် နေရာတွင် ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ကို တွေ့လိုက်ရသည်။ မည်မျှကျယ်ဝန်းမှန်း မသိရသော်ငြား မြို့ရိုးများက သုံးကီလိုမီတာခန့် မြင့်မားပြီး ကောင်းကင်ထိတောင် ရောက်သည်။ လူသူကင်းမဲ့သော ရှေးမြို့ရိုး၏အလယ်တွင် ဧရာမ မြို့ဂိတ်တစ်ခု ရှိနေသည်။ ယင်းက နီညိုရောင်ဖြစ်ကာ ပိတ်ထားပြီး မှုန်မှိုင်းမှိုင်းအလင်းတို့ ဖြာထွက်နေသော မီးအိမ်နှစ်ခုကို ချိတ်ဆွဲထားလေ၏။

ကျန်းရီသည် သူ၏ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် မြို့ကိုစစ်ဆေးခဲ့သော်ငြား ဆန်းကြယ်သော စွမ်းအင်အရန်အတားတစ်ခုဖြင့် ဖြတ်တောက်ခံလိုက်ရသည်။ တစ်ခုတည်းသော ရွေးချယ်စရာက ဖုန်းတုမြို့၏ထိပ်ကို စစ်ဆေးရန်သာဖြစ်သည်။ သို့သော် ထိုနေရာတွင် ဘာမှမရှိ။ အောက်တွင် နက်မှောင်နေလေရာ ဘာကိုမှမရှာနိုင်ခဲ့ပေ။

သူက စစ်ဆေးတာ မရပ်လိုက်ဘဲ သူ၏ကောင်းကင်သိမြင် နားလည်ခြင်းကို ဆက်လက် ထုတ်ဖော်လိုက်သည်။ သူ၏ကောင်းကင်သိမြင် နားလည်ခြင်းက ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံးကို အလွယ်တကူ ထောက်လှမ်းနိုင်၏။ လေဟာနယ် နယ်မြေ မည်မျှကြီးစေကာမူ ကောင်းကင်ကြယ်တာရာ နယ်မြေထက် ပိုကြီးမားနိုင်ချေ မရှိသည် မဟုတ်ပါလော။

နှစ်နာရီ၊ လေးနာရီ၊ ဆယ်နာရီ

ကျန်းရီသည် မောပန်းနွမ်းနယ်လျက် နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်တော့သည်။ သူက ထူးဆန်းသည် လေဟာနယ် နယ်မြေတစ်ခုလုံးကို စစ်ဆေးခဲ့သည်။ သို့သော် အလယ်ရှိ ဧရာမ မြို့မှအပ ကျန်တာမရှိပေ။

“ကြည့်ရတာငါ ဒီအဆင့်ကို ဖြတ်ကျော်ဖို့အတွက် မြို့ထဲဝင်ကိုဝင်ရမယ်နဲ့တူတယ်”

ကျန်းရီက တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ဤနေရာက ဖုန်းတုမြို့ဟု ဆိုသောကြောင့် မြို့ထဲသို့ဝင်ရန် မဖြစ်နိုင်ပေ။ သူကအထဲသို့ မဝင်သွားချင်ဘဲ မြို့ထဲတွင် သူ့အတွက် မည်သည့်အရာ စောင့်ကြိုနေမည်ဟု တွေးတောလျက် မြေကြီးပေါ်လှဲကာ အိပ်မောကျသွားတော့သည်။

စမ်းချောင်းဝါ လမ်းကြောင်းအတွင်း၌ သူအိပ်ချင်စိတ် ဖြစ်ပေါ်သည့်အကြိမ် များစွာရှိသည်။ သို့သော်ငြား ဝိညာဉ်ဝါးမျို မိချောင်းများ၏ တိုက်ခိုက်မှုကြောင့် အမြဲတမ်း နိုးထလာသည်။ သန်မာသည့် စိတ်ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် မောပန်းနွမ်းနယ်မှုကြောင့် သူလဲနေလောက်ပြီဖြစ်သည်။ ယခုမူ ရှားရှားပါးပါး ငြိမ်းချမ်းနေသောကြောင့် သူကကောင်းကောင်းမွန်မွန် အိပ်ချင်၏။ သူနက်နက်ရှိုင်းရှိုင်း အိပ်မောမကျခင် အကြံတစ်ခုက ပေါ်လာသည်။ ဤနေရာ၌ တစ်နှစ်ကြာ ကျင့်ကြံရန်ဖြစ်၏။ အချိန်စေ့မည့် အချိန်ထိစောင့်ကာ ဆန်းကြယ်နတ်ဘုရား နန်းတော်က သူ့ကို အပြင်သို့ ပြန်ပို့ပေးမှာပဲဖြစ်သည်။

သူက တစ်နေ့လုံး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေခဲ့၏။ သဘာဝအတိုင်း နိုးလာတာ မဟုတ်ဘဲ သေစေနိုင်သော အန္တရာယ် အသိပေးချက်ကြောင့် နိုးထလာတာပဲဖြစ်သည်။

သူက မြေပြင်ပေါ် လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ချလိုက်တော့၏။ ကောင်းကင်စိတ်အာရုံဖြင့် နေရာကို စစ်ဆေးလိုက်ရာ အန္တရာယ် အရင်းအမြစ် မည်သည့်နေရာကလာမှန်း မြန်မြန်ဆန်ဆန် သဘောပေါက်သွားတော့သည်။

ပြင်းထန်သည့် ရုတ်တရက် ပေါ်ထွက်လာသော လေတို့ရှိနေသည်။ ထို့အပြင်ယင်းက ညင်သာသော လေပြေလေညင်း တစ်ခုမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းဖြစ်သည်။ မိုင်ခုနှစ်ဆယ်အကွာ၌ ဧရာမလေဆင်နှာမောင်းက သူ့ဆီတစ်ဟုန်ထိုး ဝင်လာလေ၏။ လေဆင်နှာမောင်းက အနည်းဆုံး သုံးရာမီတာခန့် ကျယ်ဝန်းပြီး ကျောက်တုံးများ သဲများကို ကောင်းကင်ထိတိုင် ဝေ့ဝိုက်တက်သွားစေသည်။ ထို့အပြင် လေဆင်နှာမောင်းအတွင်း၌ လျှပ်စီများ မိုးကြိုးများလည်း ပစ်ခတ်နေလေရာ ထိုလေဆင်နှာမောင်းအတွင်း ပါသွားမည်ဆိုလျှင် ရလဒ်မည်ကဲ့သို့ ဖြစ်မည်နည်း။ မည်သူမှ သိမှာမဟုတ်ပေ။

“လေဆင်နှာမောင်းက ဘယ်နေရာကနေ ပေါ်ထွက်လာရတာလဲ”

ကျန်းရီက နားမလည်နိုင်ပေ။ သို့သော် ဤနေရာမှသူ ထွက်သွားရမည်မှန်း သိနေ၏။ မဟုတ်လျှင် သေသွားပေမည်။

ကြမ်းတမ်းသောလေပြင်း ဝှေ့တိုက်လာသည်နှင့် သူ၏တိုက်ပွဲဝင် သံချပ်ကာက လွင့်လာတော့သည်။ သူကအားသွန်ခွန်စိုက်ပြေးလျက် ရှေးဟောင်နတ်ဘုရား လက်စွပ်ထဲမှ ဆေးလုံးများကို သုံးစွဲလိုက်တော့သည်။ သူ၏လက်စွပ်ထဲ၌ စားနပ်ရိက္ခာများစွာ ရှိသော်ငြား ဤအခြေအနေ၌ မည်ကဲ့သို့ စားနိုင်မည်နည်း။ သူစားသုံးခဲ့လျှင် သေချာပေါက် အူမကြီးထဲမှ စွန့်ထုတ်ရမည်။ အန္တရာယ်များသော အခြေအနေ၌ သူအကင်ခံရလောက်၏။ စွမ်းအင်ဆေးလုံးများက အရသာမရှိ။ ခန္ဓာကိုယ်ကို စွမ်းအင်များဖြင့် အားဖြည့်ပေးရုံသာရှိသည်။ ဆေးလုံးတစ်လုံးက လဝက်ခန့် လုံလောက်လေရာ သိုင်းပညာရှင်များသည် အန္တရာယ်များသော နယ်မြေသို့ စူးစမ်းသွားလာစဉ်၌ သိုင်းပညာရှင်များအတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။

ဆေးလုံးငါးလုံး သောက်သုံးပြီးနောက် ကျန်းရီက ခွန်အားကုန်ဖြင့် ပြေးနေတော့သည်။ သူက ဆာလောင်မှု၊ ရေဓာတ်ခမ်းခြောက်မှုတို့ကို ယာယီမခံစားရတော့ပေ။

သူက ဖုန်းတုမြို့ဆီသို့ တစ်ဟုန်ထိုး ပြေးမသွားပေ။ ထိုအစား ဖုန်းတုမြို့၏ ဘယ်ဘက်ခြမ်းဆီသို့ ပြေးနေလေ၏။ သူကရှေးဦးစွာ လေဆင်နှာမောင်းကို ရှောင်ချင်၏။ ပြီးမှ အစီအစဉ် ထပ်ချမှာဖြစ်သည်။

ဖုန်းတုမြို့က အလွန်အန္တရာယ်များသည်။ အထဲသို့ ဝင်ချင်လားဆိုတာ မဆုံးဖြတ်ရသေးပေ။ သူအိပ်မပျော်သွားခင်က အချိန်ကဲ့သို့ပင် ဤနေရာ၌ တစ်နှစ်ပတ်လုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်နေရင် ကောင်းမည်ဟု တွေးနေတာပဲဖြစ်သည်။ တစ်နှစ်ကြာပြီးမှ အလိုက်ခံရမှာကိုလည်း စိတ်ထဲမထားပေ။

ထိုသို့တိုင် မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ခါးသက်စွာ ပြုံးလိုက်မိတော့၏။ သူ၏အရပ်မျက်နှာကို ရုတ်တရက်ပြောင်းကာ ဖုန်းတုမြို့ဆီသို့ ပြေးလာရတော့သည်။ မြို့ထဲသို့ ဝင်ချင်လွန်းသောကြောင့် မဟုတ်ပေ။ အကြောင်းမှာ ရွေးချယ်စရာမရှိဘဲ လေဆင်နှာမောင်းက သူ့ဆီသို့ မရပ်မနား လိုက်နေသောကြောင့်ဖြစ်သည်။ မြို့ထဲသို့ မဝင်လျှင် လေဆင်နှာမောင်းသည် သူ့ဆီကို လိုက်လာပြီး အပိုင်းပိုင်း စုတ်ဖြဲသွားလိမ့်မည်။

“ဖုန်းတုမြို့ထဲမှာ ဘာများရှိမလဲ”

ကျန်းရီ၏ ခြေလှမ်းများက အလွန်ခိုင်မာသော်ငြား ရင်ထဲတွင်မူ အလွန်လေးလံနေ၏။ တမလွန်လောကထဲမှာ အငြိုးကြီးတဲ့ ဝိညာဉ်တွေများ ရှိနေမလား။ ငရဲဘုရင် ရာမရှိနေရင်ရော။

***

All Chapters