← Chapters

တိမ်ကင်းစင်၍ မြူခိုးများ ကွယ်ပျောက်ခြင်း

Vol. 19 Ch. 189

တိမ်ကင်းစင်၍ မြူခိုးများ ကွယ်ပျောက်ခြင်း

Vol. 19 Ch. 189

ရွှေယွင်ရွာလေးတွင် တစ်ညတာ အနားယူပြီးနောက် လူအုပ်စုသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးစံအိမ်သို့ ပြန်ရန် ရထားလုံးပေါ် တက်လိုက်ကြလေသည်။

စစ်သူကြီးအို ချန်ချမ်ခွင်းသည် သူရေးထားသော စာအတွက် အလွန် ကျေနပ်နေပုံရပြီး သူ့လက်အောက်ငယ်သား တပ်ဖွဲ့ခေါင်းဆောင်များအတွက် အကောင်းဆုံး နတ်ဆိုးမြင်းများကို စီစဉ်ပေးကာ စာကို အမြန်ဆုံး ပေးပို့ရန် ညွှန်ကြားလိုက်၏။

ထိုအချိန်တွင် ဖန်းဟန်သည် အခြားရထားလုံးတစ်စီးကို သံသယဖြင့် ကြည့်လိုက်သည်။

စစ်သူကြီးရှန်း ရထားလုံးထဲသို့ ဝင်သွားပြီးနောက် စီနီယာအစ်မကျန်းသည် ပုံမှန် အမူအရာဖြင့် သူ့နောက်သို့ လိုက်ဝင်သွားလေသည်။

သူတို့နှစ်ဦးစလုံး ပုံမှန်မဟုတ်သော အမူအရာ မပြသော်လည်း သူတို့၏ တိတ်တဆိတ် နားလည်မှုရှိသော လုပ်ရပ်များသည် သူ့ကို ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။

"..."

ဖန်းဟန် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် စစ်သူကြီးအိုထံမှ စာရွက်နှင့် စုတ်တံကို ငှားရမ်းလိုက်ပြီး စီနီယာအစ်မလင်းထံ သတင်းစကား ပေးပို့ရန် ရည်ရွယ်လိုက်၏။

မင်စွပ်ထားသော စုတ်တံထိပ်ဖျား စာရွက်နှင့် ထိလိုက်သည်နှင့် လွန်ခဲ့သော လအနည်းငယ်က စီနီယာအစ်ကိုပိုင်၏ သနားစရာကောင်းသောအခြေအနေကို သူ သတိရသွားလေသည်။

သူ့လက် အနည်းငယ် တုန်ခါသွားသည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူ သက်ပြင်းချကာ စာကို လုံးချေပြီး ဝှက်ထားလိုက်တော့၏။

"နွေးသွားအောင် လုပ်လိုက်ဦး"

ရထားလုံးအတွင်းတွင် ကျန်းချိုလန်သည် ခါးမှ ဝိုင်အိုးငယ် နှစ်လုံးကို ထုတ်လိုက်သည်။

"ကျွန်တော် ဖြတ်လိုက်ပြီ"

ရှန်းယီ မျက်ခုံးအနည်းငယ် ပင့်ကာ ပြောလိုက်၏။

သူမက ဒါကို သုံးပြီး သူ့ကို နှိပ်စက်ဖို့ အမြဲ ကြိုးစားနေတာပဲ။

"အော်..."

ကျန်းချိုလန် ဝိုင်အိုးများကို ဖယ်ရှားလိုက်ပြီး သူမကိုယ်တိုင် အနည်းငယ် မော့သောက်လိုက်သည်။ သူမ၏ ဖြူဖွေးနုနယ်သော မျက်နှာပေါ်တွင် အရောင်အသွေး အနည်းငယ် ပေါ်လာပြီး သူမကို ထူးကဲစွာ လှပပြီး ဆွဲဆောင်မှု ရှိသွားစေလေသည်။

ရှန်းယီသည် မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ခြင်းတွင် နှစ်မြှုပ်လိုက်ရာ ယခင်က ကျဲပါးနေသော အမွှေးတိုင်မီးခိုးနှင့် ယုံကြည်မှုစွမ်းအား တို့သည် တစ်ညတည်းနှင့် သိသိသာသာ ထူထပ်လာသည်ကို တွေ့ရှိလိုက်ရလေ၏။

ကန့်သတ်ချက်များသာ မရှိခဲ့လျှင် တာအိုဝိညာဥ်ကလေးကို ပြုစုပျိုးထောင်ခြင်းသည် အမြုဖွဲ့စည်းခြင်းထက် များစွာ လွယ်ကူပေလိမ့်မည်။

မြင်းခွာသံများ တဒုန်းဒုန်း မြည်သံနှင့်အတူ သူတို့သည် စီရင်စုမြို့တော်ထဲသို့ လျင်မြန်စွာ ရောက်ရှိလာကြလေသည်။

နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးစံအိမ်သို့ ရောက်ရှိသောအခါ ချန်ချမ်ခွင်း ဆင်းရန် အခွင့်အရေး မရသေးခင်မှာပင် ဝတ်ရုံရှည် ဝတ်ဆင်ထားပြီး ခါးတွင် ငွေရောင်ခေါင်းလောင်းများ ညင်သာစွာ ယိမ်းနွဲ့နေသော သက်လတ်ပိုင်း အမျိုးသားနှစ်ဦး သူ့ထံ ရောက်လာကြသည်။

"စစ်သူကြီးချန်၊ ချင်ကျိုးမြို့တော်မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေပါတယ်။ ကျေးဇူးပြုပြီး မနှောင့်နှေးဘဲ မြို့တော်ကို အမြန်ဆုံး ပြန်လာခဲ့ပေးပါ"

စစ်သူကြီးအို အနည်းငယ် ထိတ်လန့်သွားလေ၏။

သတင်းစကား ပေးပို့ရန်အတွက် ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူများကို အသုံးပြုခြင်းသည် အလွန် ကြီးကျယ်သော ကိစ္စရပ် ဖြစ်နေပြီ ဖြစ်ပေသည်။

ထို့အပြင် ဤနှစ်ဦးသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ဖြစ်သော သူ့ကိုပင် အမိန့်ပေးသည့် လေသံဖြင့် ပြောဆိုနေကြလေသည်။

ဆိုလိုသည်မှာ ဤသတင်းစကားသည် စစ်သူကြီးချုပ်ကျန်း ထံမှ လာခြင်းသာ ဖြစ်နိုင်ပေသည်။

ရထားလုံးလိုက်ကာ အနည်းငယ် ပွင့်ဟသွားပြီး နောက်ထပ် ဆန်းကြယ်သံချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခု ပေါ်လာလေ၏။

ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူ အနည်းငယ် အံ့သြသွားပုံရသည်။

"သခင်မကျန်းနဲ့ စစ်သူကြီးရှန်းလည်း ဒီမှာ ရှိနေတာပဲ။ ခင်ဗျားတို့ နှစ်ယောက်လုံးကိုလည်း ချင်ကျိုးမြို့တော်ကို ချက်ချင်း ပြန်လာဖို့ မေတ္တာရပ်ခံပါတယ်"

ဖန်းဟန် မျက်မှောင်ကြုတ်လိုက်ပြီး အံ့သြရိပ်များ မျက်လုံးထဲတွင် ပြည့်နှက်သွားသည်။

နောက်ဆုံးအကြိမ် စစ်သူကြီးဆယ့်နှစ်ဦး စုဝေးခဲ့သည်မှာ သူ့ဆရာ မြို့တော်မှ ပြန်လာပြီး သူတို့ကို သတင်းပို့ခိုင်းစဉ်က ဖြစ်သည်။

ထိုသို့သော တိုတောင်းသည့် အချိန်ကာလပြီးနောက် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး အားလုံးကို ထပ်မံ ဆင့်ခေါ်နေပြန်ပြီ။

မည်ကဲ့သို့သော အရေးကြီး ကိစ္စရပ်မို့လို့ ဤမျှကြီးမားသော လှုပ်ရှားမှုမျိုး လိုအပ်ရသနည်း။

ချန်ချမ်ခွင်းသည်လည်း ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိလိုက်သည်မှာ ထင်ရှားလှပေသည်။ တစ်ရက်မျှသာ ကြာရှည်ခဲ့သော သူ၏ ပေါ့ပါးသော စိတ်ခံစားချက်သည် ရုတ်တရက် လေးနက်သွားတော့၏။

သူ စူးရှသော လေချွန်သံ တစ်ချက် ပြုလုပ်လိုက်သည်။

ကောင်းကင်ယံကို ဖြတ်သန်းကာ အနီရောင် အလင်းတန်းတစ်ခု ပျံသန်းလာပြီး အိမ်တော်ဝင်ပေါက်တွင် ဆင်းသက်လိုက်လေသည်။

"မင်းတို့နှစ်ယောက် သိပ်ဇီဇာကြောင်မနေပါနဲ့။ အတူတူ စီးသွားကြ။ ငါ မကြာခင် လိုက်လာခဲ့မယ်"

တကယ်ကို အရေးကြီးကိစ္စဆိုလျှင် ဤနှစ်ယောက်သည် သူ့ထက် အဆပေါင်းများစွာ ပိုအရေးကြီးပေသည်။

ကျန်းချိုလန် ဘာမှ မပြောဘဲ မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး လူငယ်လေးကို လှမ်းကြည့်လိုက်လေ၏။

ရှန်းယီ ခေါင်းအနည်းငယ် ခါလိုက်ပြီးနောက် လေပြေညှင်းအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

သူ၏ လက်ရှိ ကျင့်ကြံခြင်းနှင့်ဆိုလျှင် လွတ်ငြိမ်းလေဟုန်စီးနင်းခြင်းပညာ၏ အမြန်နှုန်းသည် ဤအနီရောင်စစ်မြင်း၏ အမြန်နှုန်းထက် များစွာ သာလွန်နေပြီ။

(နေရာသာ လဲလိုက်ချင်တော့ ကျောက်တုံးရှန်းရာ)

ချင်ကျိုးမြို့တော်၊ နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးတော်။

အဆောက်အအုံတစ်ခု ရှေ့တွင် ကျန်းယွမ်ဟွာသည် တင်းကျပ်စွာ ပိတ်ထားသော တံခါးကို ကြည့်ရင်း ဝင်ပေါက်တွင် အမူအရာ ကင်းမဲ့စွာ ရပ်နေသည်။

ပိုင်ကျစ်မင်သည် သူ့အနောက်တွင် အနည်းငယ် အနေရခက်စွာ ရပ်နေလေ၏။ သူ့ဆရာကို အကြောင်းကြားရန် ဂါထာမန္တန် အသုံးပြုမိသည့်အတွက် နောင်တရနေမိပေသည်။

ပြည်နယ်တစ်ခုလုံးကို အုပ်ချုပ်သော စစ်သူကြီးချုပ်တစ်ဦး ဝင်ခွင့်ငြင်းပယ်ခံရခြင်း...

ချင်ပြည်နယ် တစ်ခုလုံးတွင် တစ်သီးတစ်ခြားဆန်သော အဘွားချမ်တစ်ယောက်သာ ထိုသို့ လုပ်ရဲမည့် သတ္တိရှိပေသည်။

နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ကိုးဦးစလုံး တန်းစီရပ်နေကြသော်လည်း ထိုတံခါးကို ဖွင့်နိုင်ခြင်း မရှိကြပေ။

ယိုလုံထောင်သည် လူအုပ်အပြင်ဘက်မှ လျင်မြန်စွာ လျှောက်လာတော့မှသာ ကျန်းချန်ယွင်သည် အတွင်းဘက်မှ တံခါးကို ဟကာ ဖွင့်ပေးလိုက်လေ၏။

"စစ်သူကြီးယို၊ ကျေးဇူးပြုပြီး ဝင်ပါ"

"ဒါက ဘာသဘောလဲ"

ယိုလုံထောင် သူ့ဆရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြား လုပ်ဖော်ကိုင်ဖက်များကို ကြည့်လိုက်၏။

သူသည် မျက်နှာတွင် ဇဝေဇဝါ ဖြစ်လျက် လှမ်းဝင်သွားလေသည်။

ကျန်းချန်ယွင်သည် လူအိုကြီးများအုပ်စုကို ကြည့်ပင်မကြည့်ဘဲ တံခါးပိတ်ရန် ပြင်လိုက်သည်။

ထိုစဉ် ကောင်းကင်မှ လေပြေညှင်းတစ်ခု သက်ဆင်းလာခဲ့၏။

ရင်းနှီးသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျန်းချန်ယွင်၏ မျက်နှာသည် အံ့သြဝမ်းသာမှုဖြင့် လင်းလက်သွားသည်။

"စစ်သူကြီးရှန်း! ကျေးဇူးပြုပြီး အမြန်ဝင်ပါ"

ရှန်းယီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ အဆောက်အအုံအတွင်းသို့ တန်းဝင်သွားလေသည်။

"ဒါက ဘာသဘောလဲကွ"

အခြား စစ်သူကြီးများအားလုံး ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေကြသည်။ ယိုလုံထောင်ဝင်ခွင့်ရပြီး သူတို့ မရသည်ကို အနည်းငယ် နားလည်ပေးနိုင်သေးလေ၏။

သို့သော် ဤရာထူးတိုးကာစ စစ်သူကြီးရှန်းက အဘယ်ကြောင့် ဝင်ခွင့်ရသွားသနည်း။

လူငယ်များကိုသာ နားထောင်ခွင့် ပေးသည်ဆိုလျှင်... အာချမ်သည် စစ်သူကြီးချုပ်နေရာအား လုယူရန် ဤတက်သစ်စကြယ်ပွင့်များကို သွေးထိုးလှုံ့ဆော်ရန် ကြံစည်နေသည်လော။

သူတို့၏ အတွေးများကို အတည်ပြုပေးလိုက်သကဲ့သို့ အချိန်အကြာကြီး နေပြီးနောက် အနီရောင်အလင်းတန်း လက်ခနဲ ဖြစ်သွားပြီး ကျန်းချိုလန်လည်း အတွင်းသို့ ဝင်ခွင့်ရသွားလေသည်။

ထို့နောက်တော့ အဆွံ့အအဆုံး ဖြစ်စေသည်မှာ ဒဏ်ရာရထားသော ထိပ်ပြောင်အမျိုးသားပင်။

အဘိုးကြီးယန်သည် ရွှေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူ ဖြစ်ပြီး အာချမ်၏ လုပ်ဖော်ကိုင်ဖက်ဟု ယူဆရသော်လည်း သူပင်လျှင် တံခါးဝတွင် တားဆီးခံထားရလေ၏။

ကျယ်ဝန်းသော အဆောက်အအုံအတွင်းတွင် အာချမ်သည် စားပွဲထိပ်တွင် ထိုင်နေပြီး သူမ၏ မျက်နှာပေါ်တွင် ရှားပါးသော လစ်လျူရှုမှုမျိုး ရှိနေသည်။

သူမဘေးတွင် ကြွက်သားအဖုအထစ်များနှင့် ဆံပင်တိုတိုညှပ်ထားသော အဘိုးအို ဝူဖုန်း ရှိနေန

၏။ သူသည် ချင်ပြည်နယ်၏ တတိယမြောက် ရွှေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူ ဖြစ်ပေသည်။

ယိုလုံထောင်သည် ကျန်းချိုလန်နှင့် ရှန်းယီတို့၏ မျက်နှာချင်းဆိုင် ဘေးထိုင်ခုံတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

"..."

အာချမ် သူမ၏ မြေးကို စူးစိုက်ကြည့်လိုက်သည်။ သူမက ရှန်းယီကို ဝင်ခွင့်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

"ချင်ပြည်နယ်မှာ စစ်သူကြီးရှန်း မကြားသင့်တဲ့အရာ ဘာမှမရှိပါဘူး"

ကျန်းချန်ယွင်က လက်ကို နောက်ပစ်ကာ လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ ပြောဆိုလိုက်၏။

ထို့နောက် သူသည် အခြားသူများကို လှမ်းကြည့်လိုက်ရာ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ တောက်လောင်နေသည်။ ဤသည်မှာ သူ အမြဲ အိပ်မက်မက်ခဲ့သော မြင်ကွင်းပင် ဖြစ်ပေသည်။

သူ နောက်ဆုံးတော့...

"မင်း၊ ထွက်သွား" အာချမ် သူ့ကို ငေါက်လိုက်၏။

"ဟမ်"

ကျန်းချန်ယွင်၏ မျက်နှာ ချက်ချင်း ညှိုးသွား၏။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူသည် နာခံစွာဖြင့် ဆုတ်ခွာသွားသော်လည်း သူ၏ ကျောပြင်မှာ အနည်းငယ် စိတ်ပျက်အားလျော့နေပုံရသည်။

တံခါးပြန်ပိတ်သွားသည်နှင့် အာချမ်သည် ငွေရောင်ခေါင်းလောင်းနှစ်ခုကို ထုတ်ယူပြီး ကျန်းချိုလန်နှင့် ယိုလုံထောင်တို့အား ဝေငှပေးလိုက်သည်။

ထို့နောက် သူမသည် ဂါထာမန္တန် ရွတ်ဆိုပြီး သတင်းစကားများကို လူတိုင်း၏ ခေါင်းလောင်းထဲသို့ တစ်ခုပြီးတစ်ခု ပို့လွှတ်လိုက်လေသည်။

သူမ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် ယိုလုံထောင်၏ သံသယများ ပိုမို နက်ရှိုင်းလာသည်။ သို့သော် သူ၏ အရှိန်အဝါကို ခေါင်းလောင်းထဲသို့ ထည့်သွင်းပြီး တိုတောင်းသော သတင်းစကားကို လက်ခံရရှိလိုက်သောအခါ သူ၏ တည်ငြိမ်သော လက်သည် ရုတ်တရက် အနည်းငယ် တုန်ခါသွားတော့၏။

"နတ်ဆိုးဘုရင်လေးကို ခြုံခိုတိုက်ခိုက်မယ်"

အခြား ရွှေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူ၏ မျက်ခမ်းများ ထိန်းချုပ်မရအောင် လှုပ်ရှားသွားသည်။

ကျန်းချိုလန်ပင်လျှင် ဤအချိန်တွင် မျက်လုံးများကို ဖြည်းညှင်းစွာ ပင့်ကာကြည့်လိုက်လေသည်။

"..."

ချင်ပြည်နယ်၏ ကြာရှည်စွာ တည်ရှိခဲ့သော ငြိမ်းချမ်းရေး ပျက်စီးသွားပြီး နတ်ဆိုးနှိမ်နင်းရေးဌာနရှိ လူတိုင်းကို ခြောက်လှန့်နေသော အိပ်မက်ဆိုးတစ်ခု ဖန်တီးခဲ့ရခြင်းနှင့် ကျန်းချိုလန် ငယ်စဉ်ကတည်းက ကြိုးစားပမ်းစား ကျင့်ကြံခဲ့ရခြင်း...

တကယ်တော့ အကြောင်းပြချက် တစ်ခုတည်းသာ ရှိပေသည်။

ဤနေရာတွင် နတ်ဆိုးဘုရင်လေး ရုတ်တရက် ပေါ်လာခဲ့ခြင်းကြောင့်ပင်။

မရေမတွက်နိုင်သော ခြုံခိုတိုက်ခိုက်မှုများသည် အမြဲတမ်း အချည်းနှီး ဖြစ်ခဲ့ရလေ၏။

ကျရှုံးမှုတိုင်းသည် လူတိုင်း၏ နှလုံးသားပေါ်တွင် ထူထဲသော အရိပ်မည်းကြီးတစ်ခု ကျရောက်စေခဲ့သည်။

ထိုမာန်တက်နေသော နွားနတ်ဆိုးသည် သူတို့ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ထက်ရှသည့် ဓားတစ်လက်ကဲ့သို့ အချိန်မရွေး ပြုတ်ကျလာနိုင်ပေသည်။

ထိုအရာ မပြုတ်ကျမချင်း လူတိုင်းသည် ထာဝရ မငြိမ်မသက် ဖြစ်နေရလိမ့်မည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ၎င်းဒဏ်ရာရသွားပြီးနောက် တစ်စုံတစ်ယောက်က ရုတ်တရက် ခြုံခိုတိုက်ခိုက်ရန် အကြံပြုလာခြင်း ဖြစ်သည်။

ယရင်က မစဉ်းစားခဲ့ဖူး၍ မဟုတ်ဘဲ ဤနတ်ဆိုးဘုရင်လေးသည် ဒဏ်ရာရသွားသည်နှင့် ၎င်းပုန်းအောင်းနေသော နေရာကို အခြားသူများကို ဘယ်တော့မှ အသိပေးမည် မဟုတ်သောကြောင့်ပင်။

"ငါ့မှာ သတင်းအချက်အလက် နှစ်ခုပဲ ရှိတယ်"

အာချမ်၏ အသံသည် ငွေရောင်ခေါင်းလောင်းမှတဆင့် ထွက်ပေါ်လာပြန်သည်။

"ပထမအချက်၊ မဟာလဝံပုလွေဘုရင် က သူ့အနားမှာ မရှိဘူး။ သူ့ရဲ့ အစောင့်အရှောက်တွေကို ခေါ်ထုတ်သွားတယ်"

"ဒုတိယအချက်က သူ့ရဲ့ လက်ရှိ တည်နေရာပဲ"

"ဒီသတင်းက ရလွယ်လွန်းတယ်။ အရမ်း ရလွယ်လွန်းလို့ ငါ အိပ်မက်မက်နေသလားလို့တောင် ထင်ရတယ်။ ထောင်ချောက်တစ်ခုလို့ ငါ သံသယဖြစ်မိတယ်၊ ဒါကြောင့် မင်းတို့ဘာသာမင်းတို့ ရွေးချယ်ရလိမ့်မယ်"

All Chapters