← Chapters

နန်းတွင်းအရှုပ်တော်ပုံ

Vol. 21 Ch. 306

နန်းတွင်းအရှုပ်တော်ပုံ

Vol. 21 Ch. 306

ဧကရာဇ်မင်းမြတ်၏ ညီလာခံခန်းမကြီးမှ မြင့်မားလှသော တံခါးကြီးများသည်ပွင့်သွားပြီး အရောင်တင်ထားသော ကြမ်းပြင်ထက်သို့ အလင်းတန်းများ ဖြာကျလာသည်။

ဆင့်ခေါ်စာ ရောက်ရှိလာစဉ်က မင်းသမီး စွန်းယောက်ချင်း အနေဖြင့် ပုံမှန်အတိုင်း တိုင်ပင်ဆွေးနွေးပွဲတစ်ခု..အနည်းဆုံးတော့ ဝန်ကြီးအချို့၊ ခမည်းတော် ဧကရာဇ်နှင့် အဓိက စစ်သူကြီးအချို့သာ ရှိမည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ အတွင်းသို့ လှမ်းဝင်၍ မော့ကြည့်လိုက်သောအခါ သူမကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

ခန်းမဆောင်ကြီး၏ ကြီးမားလှသော အမိုးခုံးအောက်တွင် ကြယ်ကြွေအင်ပါယာ၏ အရေးပါသော ပုဂ္ဂိုလ်အားလုံးနီးပါး… ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမတ်များ၊ တောက်ပသော ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော စစ်သူကြီးများနှင့် စာလိပ်မူများ ပိုက်ထားသော ပညာရှိများ စုဝေးနေ၏

လေထုထဲတွင်ပင် တစ်စုံတစ်ခုကို စောင့်မျှော်နေသော အငွေ့အသက်များ လွှမ်းမိုးနေသည့် ခန့်မှန်းချက်များဖြင့် လေးလံနေသည်။

(ဒီလောက်တောင် များတာလား... အမွေဆက်ခံသူ တစ်ယောက်တည်းအတွက်နဲ့လား...)

သူသည် သာမန်အမွေဆက်ခံသူတစ်ဦး မဟုတ်ဘဲ အင်ပါယာရှိ အင်အားအကြီးဆုံး မျိုးနွယ်စု၏ အမွေဆက်ခံသူ ဖြစ်နေသောကြောင့် ဤသို့ ဖြစ်ပျက်နေခြင်းကို နားလည်နိုင်၏

ပိုင်ကျီဟန် လာရောက်ရသည့် အကြောင်းရင်းကို ခမည်းတော် ဧကရာဇ်က သိရှိလိုသည်ဟု စွန်းယောက်ချင်း ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ သူမ ထင်ထားသည်ထက် ပို၍ အရေးကြီးနေပုံရသည်။

အင်ပါယာရှိ မင်းသမီးတိုင်းနှင့် မှူးမတ်တို့၏ သမီးပျိုအားလုံးနီးပါး ရောက်ရှိနေသည်ကို မြင်ရုံဖြင့် ဧကရာဇ် ဘာကို စဉ်းစားနေကြောင်း ခန့်မှန်းရန် မခက်ခဲတော့ပေ။

(မှန်တာပေါ့... ငါတို့ အင်ပါယာက မိန်းကလေးတစ်ယောက်သာ ဒီဒေသမှာ အင်အားအကြီးဆုံး မျိုးနွယ်စုရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်နိုင်ခဲ့ရင် ကောင်းကင်အင်ပါယာက ငါတို့ကို တိုက်ခိုက်မှာ မဟုတ်တော့ဘူး။)

ထိုသို့ မဖြစ်နိုင်ခဲ့လျှင်တောင် ပိုင်မျိုးနွယ်စုနှင့် ကြယ်ကြွေအင်ပါယာအကြား ခိုင်မာသော သံတမန်ဆက်ဆံရေး ရှိထားခြင်းသည် သူတို့အတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။

နောက်ဆုံးတွင်တော့ ပိုင်မျိုးနွယ်စုသည် ကောင်းကင်အင်ပါယာ၏ ဧကရာဇ်မိသားစုနှင့် အင်အားချင်း ယှဉ်နိုင်သည် သို့မဟုတ် ပို၍ပင် အစွမ်းထက်သည်ဟု လူသိများကြသည် မဟုတ်ပါလော။

(ခမည်းတော် ဧကရာဇ်ကတော့ သာမန် လာလည်တဲ့ ခရီးစဉ်လေးကိုတောင် ဒီလောက်ကြီးကျယ်အောင် လုပ်နေတာပဲ။)

ထိုရည်ရွယ်ချက်များ အောင်မြင်မည်လား၊ မအောင်မြင်ဘူးလားကိုတော့ မကြာမီ မြင်တွေ့ရတော့မည်ဖြစ်သည်။

စွန်းယောင်ချင်းသည် တော်ဝင်မိသားစုဝင်များ ထိုင်ရာနေရာသို့ ကျော့ရှင်းစွာ လှမ်းလာခဲ့ပြီး သူမ၏ အစေခံများသည် နောက်မှ လိုက်ပါလာကြသည်။

သူမ၏ မောင်နှမများထံမှ ရရှိသည့် အကြည့်များမှာ အနည်းငယ်မျှပင် ကြင်နာမှုမရှိဘဲ ရန်လိုမှုများသာ ဖုံးကွယ်နေသည်။

စွန်းယောင်ချင်းကတော့ ယင်းကို နေသားကျနေပြီဖြစ်၍ ဂရုမစိုက်ပေ။

သူမ၏ အကြည့်သည် တည်ငြိမ်ပြီး ခန့်မှန်းရခက်သော မျက်နှာထားဖြင့် ခန့်ညားထည်ဝါစွာ ထိုင်နေသော ခမည်းတော် ဧကရာဇ်ရှိရာ ရာဇပလ္လင်ဆီသို့ ရောက်သွားသည်။

သူမ၏ ပတ်ဝန်းကျင်တွင်မူ တီးတိုးပြောသံများမှာ လှိုင်းတံပိုးများကဲ့သို့ ဆူညံနေသည်။

"ဘာလို့ ပိုင်မျိုးနွယ်စုရဲ့ သခင်လေးက ဒီကို လာတာလဲ?"

"သံတမန်ရေးအရ လှုပ်ရှားတာလား?"

"ဘာပဲဖြစ်ဖြစ်... မင်းရဲ့သမီးလေးကို သူနဲ့ လက်ထပ်ပေးနိုင်ရင် မင်းရဲ့ အဆင့်အတန်းက ထိပ်ဆုံးရောက်သွားမှာပဲ။"

စွန်းယောင်ချင်းသည် သူမ၏ မျက်လုံးထဲမှ စူးစမ်းလိုစိတ်ကို ဖုံးကွယ်ရန် မျက်တောင်များကို နှိမ့်ချထားလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ပိုင်ကျီဟန် ရောက်ရှိလာမည်ဟူသော သတင်းကို စကြားစဉ်က သူမ သိပ်ပြီး အလေးမထားခဲ့ပေ။

သူသည် ကောင်းကင်အင်ပါယာကဲ့သို့ ထင်ရှားသော နိုင်ငံမှ ဖြစ်သော်လည်း နိုင်ငံခြားသားတစ်ဦးသာ ဖြစ်နေသေးသည်။

သူနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့လျှင်ပင် ကြယ်ကြွေအင်ပါယာအနေဖြင့် ရင်ဆိုင်နေရသော အခြေခံကျသည့် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် အခြားသူများအတွက်မူ ဤသည်မှာ အဆင့်အတန်း မြင့်မားလာရန်နှင့် ချက်ချင်းဆိုသလို ထိပ်တန်းသို့ ရောက်ရှိရန် အခွင့်အရေးတစ်ခုဟု ယူဆနေကြပုံရသည်။

နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင်လျှင် ပိုင်မျိုးနွယ်စု၏ ခမည်းခမက်များကို စိတ်ဆိုးအောင် လုပ်ဝံ့မည် မဟုတ်ပေ?

(သူ ဒီကိုလာရတဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ?)

စွန်းယောင်ချင်း၏ အတွေးတို့သည် ဟိန်းထွက်လာသော အသံကြောင့် ပြတ်တောက်သွားသည်။

"ကောင်းကင်အင်ပါယာ၊ ပိုင်မျိုးနွယ်စု၏ သခင်လေး— ပိုင်ကျီဟန် ကြွရောက်လာပါပြီ။"

ကြီးမားလှသော တံခါးကြီးများ ထပ်မံပွင့်သွားပြီး တည်ငြိမ်သော်လည်း အလျှော့မပေးသော အရှိန်အဝါဖြင့် လူရိပ်တစ်ခု ဝင်လာသောအခါ တစ်ခန်းမလုံး တိတ်ဆိတ်သွားသည်။

မင်းသမီးစွန်း၏ အကြည့်တို့ စူးရှသွားသည်။

ပတ်ဝန်းကျင်ရှိ တီးတိုးသံများသည်လည်း ပိုင်ကျီဟန်ဆိုသည်မှာ မည်သို့သော အမျိုးသားမျိုးဖြစ်သည်ကို သိလိုစိတ်ဖြင့် ငြိမ်သက်သွားကြသည်။

တံခါးဝမှ အလင်းတန်းများကြားတွင် လူငယ်တစ်ဦး လှမ်းဝင်လာခဲ့ပြီး သူ၏ တည်ရှိမှုကပင် အားလုံး၏ အကြည့်ကို ဆွဲဆောင်ထားသည်။

သူ၏ ဆံပင်များသည် သန်းခေါင်ယံကဲ့သို့ နက်မှောင်ကာ စီးကျနေပြီး မီးခဲကဲ့သို့ နီမြန်းကာ စူးရှသော သူ၏ မျက်ဝန်းများသည် ဂုဏ်သိက္ခာ၊ ဟန်ဆောင်မှုနှင့် စိတ်ဝိညာဉ်အားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။

ထိုအနီရောင် အကြည့်တစ်ချက်တည်းနှင့်ပင် လူအများ၏ တီးတိုးသံများကို တိတ်ဆိတ်သွားစေရန် လုံလောက်လှသည်။

စုဝေးနေသော မှူးမတ်များကြားတွင် အံ့အားသင့်သည့် အသံများ တိုးတိုးလေး ထွက်ပေါ်လာသည်။

မျိုးနွယ်ကြီးများမှ သမီးပျိုအချို့သည် သူတို့၏ အင်္ကျီလက်များကို တင်းတင်းဆုပ်ကိုင်ထားပြီး စွဲလန်းသွားသည့်နှယ် မျက်နှာများ နီမြန်းနေကြသည်။

ချောမောလှပသည်မှာ အမှန်ပင်— သို့သော် ကဗျာဆရာများ သီကုံးစပ်ဆိုလေ့ရှိသော နုနယ်သည့် အလှမျိုး မဟုတ်ပေ။

သူ၏ ရုပ်သွင်မှာ စူးရှသော အလှတရားမျိုးဖြစ်ပြီး နတ်ဘုရားဆန်သော ကျော့ရှင်းမှုနှင့် မိစ္ဆာဆန်သော ဆွဲဆောင်မှုအကြား ရောယှက်နေသည့် အန္တရာယ်ရှိသော အလှမျိုး ဖြစ်သည်။

ထို့ပြင် ၎င်းမှာ သူ၏ ရုပ်ရည်သွင်ပြင်ကြောင့်သာ မဟုတ်ချေ။

သူ့ကိုယ်သူ ထိန်းကျောင်းပုံ ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပုံနှင့် ခြေလှမ်းတိုင်းက တိုင်းတာထားသကဲ့သို့ မှန်မှန်ကန်ကန်ရှိပုံတို့သည် သဘာဝအလျောက် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူသည် ဦးညွှတ်ခြင်း မပြုသလို မျက်နှာလွှဲခြင်းလည်း မရှိပေ။ သို့သော်လည်း မိုက်မဲသော မောက်မာမှုမျိုးကိုလည်း မပြသခဲ့ချေ။

ဤခန်းမဆောင်ကြီးမှာ သူပိုင်ဆိုင်သည်အလား ၊ဧကရာဇ်များနှင့် စစ်သူကြီးများမှာ သူ၏ လျှောက်လှမ်းမှုကို ကြည့်ရှုနေရသူများသာ ဖြစ်သည်အလား ရှေ့သို့ လှမ်းတက်လာခဲ့သည်။

စွန်းယောင်ချင်းသည် သူမကိုယ်သူမ သတိမထားမိဘဲ အသက်ရှူအောင့်ထားမိသည်။

(အသက် ၁၈ နှစ်ပဲ ရှိသေးတာ...)

သူမ၏ အကြည့်သည် ခမည်းတော်၏ ပလ္လင်ရှေ့တွင် ယခုထိ စိုးရိမ်တကြီး ဖြစ်နေတတ်သည့် ပိုင်ကျီဟန်ထက် အသက် နှစ်ဆကြီးသော သူမ၏ အကိုတော် မင်းသားများထံသို့ ရောက်သွားသည်။

သူတို့နှင့် နှိုင်းယှဉ်ပါက ဤနိုင်ငံခြားသား လူငယ်လေးသည် သူ၏ အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ရင့်ကျက်မှုကို ထုတ်

လွှတ်နေသည်။

သူ ရောက်မလာခင်ကတည်းက ပျံ့နှံ့နေသော တီးတိုးစကားများအပေါ် ပထမဆုံးအကြိမ်အဖြစ် သူမ နားလည်လာခဲ့သည်။

ဤပိုင်ကျီဟန်သည် သာမန်အမွေဆက်ခံသူတစ်ဦး မဟုတ်ပေ။

(ဒါ... ပိုင်မျိုးနွယ်စုရဲ့ သခင်လေးပေါ့။)

သူမပတ်ဝန်းကျင်မှာတော့ မှူးမတ်တို့၏ သမီးပျိုများ ရှေ့သို့ တိုးကြည့်နေကြသည့် ဝတ်စုံလှုပ်ရှားသံများ၊ အမတ်များက အကဲဖြတ်နေသည့် စူးရှသော အကြည့်များ၊ စစ်သူကြီးများသံမဏိချင်း ယှဉ်ပြိုင်သကဲ့သို့ တင်းမာစွာ တိတ်ဆိတ်နေကြသည့်အရာများကို ခံစားမိနေသည်။

ခန်းမအတွင်းရှိ တိတ်ဆိတ်မှုသည် ရိုသေလေးစားမှုနှင့် တူနေသော်လည်း ယင်းအောက်တွင် မငြိမ်မသက်ဖြစ်မှုများလည်း စီးဆင်းနေသည်။

ပိုင်ကျီဟန် လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် စည်သံကဲ့သို့ မှန်မှန်နှင့် အေးအေးလူလူ မြည်ဟည်းနေသည်။

ငယ်ရွယ်သည်မှာ ငြင်းမရသော်လည်း သူ၏ ကိုယ်နေဟန်ထားသည် မြင်သူတို့၏ အသိဉာဏ်ကို လွှမ်းမိုးထားသည်။

ဧကရာဇ်မင်းမြတ်သည် ပလ္လင်ထက်တွင် မလှုပ်မယှက် ထိုင်နေပြီး သူ၏ စူးရှသော မျက်လုံးများသည် သဘောတူခြင်း သို့မဟုတ် သဘောမတူခြင်းကို မပြသပေ။

သို့သော် စွန်းယောင်ချင်းသည် ခမည်းတော်၏ စိတ်ဝင်စားမှု ခံရသည့်အချိန်ကို သိရှိသော သမီးတစ်ဦး ဖြစ်သည်။

သူသည် ပိုင်ကျီဟန်ကို ပန်းပဲဖိုမှ ထွက်လာခါစ ဓားတစ်လက်၏ ထက်မြက်မှုကို ချိန်တွယ်နေသကဲ့သို့ပင် ဂရုတစိုက် အကဲဖြတ်နေသည်

ပတ်ဝန်းကျင်ရှိ တီးတိုးသံများမှာလည်း အသက်ရှူ အောင့်ထားရသကဲ့သို့ ငြိမ်သက်သွားကြသည်။

ပိုင်ကျီဟန်သည် ဧကရာဇ်၏ ပလ္လင်ခြေရင်း မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး သူ၏ အနီရောင်မျက်ဝန်းများသည် ခန်းမတစ်ခုလုံးရှိ စစ်သူကြီးများ၊ အမတ်များ၊ ပညာရှိများနှင့် မင်းသမီးများအားလုံးကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ကာ ထိုအကြည့် တစ်ချက်တည်းနှင့်ပင် လူတိုင်းကို အကဲဖြတ်ကာ လျစ်လျူရှုလိုက်သကဲ့သို့ ခံစားရစေသည်။

(မောက်မာတာလား? ဒါမှမဟုတ်... ဂရုမစိုက်ရအောင်ကိုပဲ အင်အားကြီးလွန်းနေတာလား?)

စွန်းယောင်ချင်း မဝေခွဲနိုင်တော့ပေ။ ဖြစ်နိုင်သည်မှာ နှစ်ခုစလုံးပင်။

(အားနည်းလိုက်တာ)

ပိုင်ကျီဟန်သည် ရပ်နေရင်းမှ တွေးလိုက်မိသည်။

သူသည် အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း မည်သူကမျှ စကားမပြောကြသဖြင့် သူ၏ စိတ်ထဲတွင် ဒေါသအနည်းငယ် ဖြစ်ပေါ်လာသည်။

(ငါ့ကို ခေါ်ထားပြီးတော့မှ ဘာလို့ ငြိမ်နေကြတာလဲ? သူတို့က ငါ့ကို ကစားစရာလို့ ထင်နေကြတာလား?)

ပုံမှန်ဆိုလျှင် ပိုင်ကျီဟန်သည် ဤကဲ့သို့သော ဆင့်ခေါ်မှုကို ဂရုစိုက်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို တွေ့ချင်လျှင် သူရှိရာသို့ လာတွေ့ရန်သာ တောင်းဆိုလိမ့်မည်။

သို့သော် သူသည် အခြားအင်ပါယာတစ်ခုသို့ ရောက်နေခြင်းကြောင့် ဖြစ်နိုင်သမျှ မလိုအပ်သော ပြဿနာများကို မဖန်တီးလိုသဖြင့် နန်းတော်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ရလဒ်သည် ဤသို့ ဖြစ်နေသည်။ သူကိုယ်တိုင် အလျှော့ပေးကာ ရောက်လာပါလျက်နှင့် သူ၏ တည်ရှိမှုကို အရေးမပါသကဲ့သို့ တိတ်ဆိတ်နေကြသည်။

"တောက်”

သူသည် သူ၏ မကျေနပ်မှုကို ပြသရန် တောက်တစ်ချက် ခေါက်လိုက်ရာ အားလုံးက သတိထားမိသွားကြသည်။

နောက်ဆုံးတွင် သူသည် အေးစက်တည်ငြိမ်သော အသံဖြင့် စတင်ပြောလိုက်သည်

"ဘာကိစ္စရှိလို့ ကျွန်တော်ကို ခေါ်တာလဲ?"

All Chapters