← Chapters

ဒီဘုရင်က မောင်မင်းကို ထာဝရအသက် ချီးမြှင့်မယ်

Vol. 44 Ch. 606

ဒီဘုရင်က မောင်မင်းကို ထာဝရအသက် ချီးမြှင့်မယ်

Vol. 44 Ch. 606

“လျိုရှင်း ပဉ္စမရတနာကို ရသွားတာက တကယ်လျိုရှင်းပဲ”

“အံ့သြစရာပဲဟေ့ အတိတ်တုန်းက လျိုရှင်းက ဘာကောင်မှ မဟုတ်ဘူး။ ဒီတစ်ခေါက် ကောင်းကင်ကြယ်တာရာ နယ်နိမိတ် တစ်ခုလုံးမှာ သူ့ကိုယ်သူ လူသိအောင် လုပ်နိုင်ခဲ့ပြီ။ သူက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်အနေနဲ့ ပဉ္စမအဆင့်ကို အချိန်တိုအတွင်း ရှင်းလင်းသွားနိုင်ခဲ့တာ။ ၇ မှတ်တောင် ရသွားပြီ။ သူက တံခါးပိတ် ကျင့်ကြံနေတဲ့ အထွတ်အထိပ် သိုင်းပညာရှင်ကြီး တစ်ဦးရဲ့ တပည့်များလား”

“ရှဲ့သခင်လေးက နောက်ဆုံးတော့ သူ့ပြိုင်ဘက် တွေ့ပြီနဲ့တူတယ်။ လျိုရှင်း အဆင့်တွေကို ရှင်းသွားတဲ့ အရှိန်အရ သူကမီးတိမ်ဓား၊ မီးတိမ်သံချပ်ကာကို ရလောက်တယ်။ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းနဲ့ နဂါးညှိုးရော်မြက်ကိုတောင် ရလောက်တာနော်”

“ဟမ့် အဲ့ဒါတွေကို သူရတော့ရော ဘာအရေးလဲ။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို တခြားသူတွေရဲ့ သားကောင် ဖြစ်သွားစေမှာပဲလေ။ ရှဲ့သခင်လေးနဲ့ ထူသခင်လေးက သူတို့ပဲ သာတယ်မထင်နဲ့။ တကယ်တော့ သူတို့မျိုးနွယ်စုကနေ သိုင်းပညာရှင်တွေက တိတ်တဆိတ် ကူညီပေးနေကြတာ။ သူသာ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို ရသွားခဲ့မယ်ဆိုရင် သူ့အသက် အန္တရာယ်များမှာ သေချာတယ်”

“အမှန်ပဲ ဟား ဟား သခင်လေးဝူနီနဲ့ အခြားသူတွေ အခုလောက်ဆို ကျိန်ဆဲနေကြလောက်ပြီ မလား။ အစတုန်းက သူတို့တွေ စတုတ္ထအဆင့်ကို ရှင်းလင်းပြီးရင် ပဉ္စမနဲ့ စတုတ္ထမြောက်ရတနာကို ရလောက်တယ်။ အဲ့ဒီအစား ရတနာ တစ်ခုကတော့ လျိုရှင်းယူသွားတာ ခံလိုက်ရပြီ”

“အွန်း စိန်ခေါ်ပွဲ ပြီးသွားတာနဲ့ ဆန်းကြယ်နတ်ဘုရား နန်းတော် အပြင်ဘက်မှာ သွေးတိုက်ပွဲကတော့ ဖြစ်တော့မှာပဲ”

ပဉ္စမမြောက် ရတနာက ယူသွားခံလိုက်ရပြီး ကျောက်စိမ်းဖြူ ရင်ပြင်အတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်မှာ မလွှဲမသွေပင် ဖြစ်သည်။ ဧကရာဇ် ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်ကသာ အနိုင်ရသွားခဲ့တာဆိုလျှင် ဤကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြမှာ မဟုတ်ပေ။ လျိုရှင်း၏ မျိုးနွယ်စုက အသင့်အတင့် ရှိပြီး ဖေးမျိုးနွယ်စုနှင့် ယှဉ်နိုင်ပေ၏။ သို့သော် ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုနှင့် ယှဉ်သည့်အချိန်တွင် နိမ့်ကျလွန်းနေသည်။ ထို့ကြောင့် လူတိုင်းကို အံ့သြအားကျ မနာလိုဖြစ်စေတာ သဘာဝကျသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဖေးချီ၏ စိတ်နေစိတ်ထားက ပိုကောင်းလာ၏။ ယခုအခေါက်တွင် လျိုရှင်း ဖြတ်မျဉ်းက သူ့ကိုအကျိုးအမြတ်များစွာ ရစေတော့သည်။ ကျန်းရီပေါ် လောင်းကြေးထပ်ရာမှ ဖေးထျန်း ခံစားခဲ့ရသည့် ဆုံးရှုံးမှုအတွက် ဖာထေးရန် လုံလောက်သည်။

ဖေးချီက ကျန်းရီလုပ်သွားတာကို တွေးမိပြီး အတော် မကျေမချမ်း ဖြစ်နေ၏။ သူက ဖေးထျန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်တော့သည်။

“ဖေးထျန်း ထွက်ပေါက်နား သွားစောင့်နေလိုက်။ အဲဒီကောင်က တတိယအဆင့်ကို ရှင်းလင်းနိုင်ခဲ့ရင် အပြင်ကို ထွက်လာနိုင်ခြေရှိတယ်။ ချူလော်နဲ့ တခြားသူတွေကို စောင့်ကြည့်ဖို့ခေါ်သွား။ သူထွက်လာတာနဲ့ ချက်ချင်းသတ်လိုက်”

“တတိယအဆင့်လား ဖြစ်တောင် ဖြစ်နိုင်လို့လား”

ဖေးထျန်းက လှည့်ကြည့်လိုက်သည်။ တတိယအဆင့် မည်မျှအန္တရာယ်များကြောင်း သေချာ မသိသော်ငြား ကျန်းရီသည် ငရဲအဆင့် ခက်ခဲမှုကို စိန်ခေါ်နေတာပဲဖြစ်သည်။ သူက တတိယအဆင့်ကို ရှင်းလင်းနိုင်ခဲ့လျှင်  ဆိုးရွားခြင်းအဆင့်၏ ဆဋ္ဌမမြောက်အဆင့်ကို ရှင်းလင်းခြင်းနှင့် တူနေ၏။ ယင်းက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ရှီးဖေး၊ ရီချန်းနှင့် ကျန်သည့်သူများက စတုတ္ထအဆင့်ထဲတွင် ပိတ်မိနေသေး၏။

ထိုကြောင့် သူသေအောင် ရိုက်ခံရမည်ဆိုလျှင်တောင် ကျန်းရီအဆင့်ကို ရှင်းလင်းနိုင်လိမ့်မည်ဟု သူဘယ်တော့မှ ယုံမှာမဟုတ်ပေ။ ထို့အပြင် သူတို့ ဝင်မလာခင်၌ သူကချူလောင်နှင့် ကျန်သည့်သူများကို ဆန်းကြယ်နတ်ဘုရား နန်းတော်နား ဝိုင်းရံပို့ထားပြီးသားဖြစ်သည်။ ကျန်းရီ အသက်ရှင်လျက် ထွက်လာသည်ဖြစ်စေ ထွက်မလာသည်ဖြစ်စေ အရေးမကြီးပေ။

“အမ်”

ဖေးချီက ဖေးထျန်း မလှုပ်ရှားတာ မြင်သောအခါ သူ၏မျက်ဝန်းတို့ အေးစက်ကုန်၏။ ဖေးထျန်းက သူ၏နှာခေါင်းကို မကျေမချမ်း ပွတ်ပြီးနောက် ထွက်ပေါက်ဆီသို့ တစ်ဟုန်ထိုး သွားလိုက်သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်ဂိတ် ပိတ်သွားပြီးနောက် တောင်ကြား၏ ဝင်ပေါက်၌ ပို့ဆောင်ရေး အစီအရင်တစ်ခု ပေါ်လာ၏။ ကျောက်စိမ်းဖြူ ရင်ပြင်အတွင်းရှိ လူတိုင်းက အချိန်မရွေး ထွက်လာနိုင်သည်။ ယခုဂိတ်ပိတ်သွားပြီ ဖြစ်သောကြောင့် ထွက်ပြီးလျှင် ပြန်မဝင်နိုင်တော့ပေ။ နှစ်တစ်ထောင် ကြာပြီးမှသာ ဝင်နိုင်ပေမည်။

“ဒီတစ်ခေါက် ရတနာ ရှာဖွေမှုက အရင်ကထက် တိုတဲ့ပုံပဲ”

ဖေးချီက ဖေးထျန်း ထွက်သွားပြီးနောက် နောင်တရလျက် ပို့ဆောင်ရေး အစီအရင်ကို စိုက်ကြည့်နေသည်။ အတိတ်တုန်းက ရတနာ ရှာဖွေမှုသည် အနည်းဆုံး တစ်လမှ နှစ်လ၊ သုံးလမှ ငါးလ၊ တစ်နှစ်တောင် ကြာတတ်သည်။ ရတနာ ရှာဖွေမှုသည် တစ်နှစ် အကန့်အသတ် ရောက်ပြီးသည့် အချိန်ကျမှ အဆုံးသတ်သွားပြီး ရတနာဆယ်မျိုးလုံးကို ကျန်သည့်သူများ ရမှာမဟုတ်လျှင် အထဲသို့ ဝင်သွားသည့် အကုန်လုံး ပျောက်ကွယ်သွား၏။

လျိုရှင်းက ပဉ္စမမြောက် ရတနာရပြီး သူသည် မြင်းနက်တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ သူသည် အဆင့်များကို ဆက်လက် စိန်ခေါ်နိုင်သည်ဖြစ်စေ စိန်မခေါ်နိုင်သည်ဖြစ်စေ သူက ဝူနီ၊ ထူလုံ၊ ရှီးဖေးနှင့် ကျန်သည့်သူများ၏ ဂုဏ်သိက္ခာကို ရန်စခဲ့ပြီးဖြစ်၏။ ဧကရာဇ်ကိုးပါး၏ မျိုးဆက်က ကျန်သည့်သူများကို မည်ကဲ့သို့ ရှုံးနိုင်မည်နည်း။ သူတို့ထွက်လာလျှင် ဤရတနာ ရှာဖွေမှုက သေချာပေါက် အဆုံးသတ်မှာ သေချာနေသည်။

ဆန်းကြယ်နတ်ဘုရား နန်းတော် ဖွင့်လှစ်ပြီး တစ်လမပြည့်မှီ၌ ပဉ္စမမြောက်ရတနာက ယူသွားခံရပြီးဖြစ်သည်။ နောက်ထပ် လဝက်ကြာလျှင် ရတနာ ရှာဖွေမှုက အဆုံးသတ်သွားပြီး ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်တွင် သတ်ဖြတ်မှုက မလွဲမသွေ ဖြစ်ပေလိမ့်မည်။

ကျန်သည့်သူများက ယင်းကို မသိလောက်သော်ငြား ဓားဧကရာဇ်၏မြေးက အလျော့မပေးနိုင်သည့်ပုံ ပေါ်နေသော်ငြား အလွယ်တကူ စတင် သတ်ဖြတ်မည့်သူဆိုတာ သူသိနေ၏။ သူသည် ကျန်သည့်သူများထံမှ ရတနာယူရန် အခွင့်အရေး ရှာနေလျှင် နတ်မြင်းပျံ အင်ပါယာက သူ့ကိုရင်ဆိုင်ရန် စစ်ပွဲကြီးတစ်ပွဲ ဆင်နွဲရပေမည်။

လေးရက် ကြာသွားပြီးနောက် ကျန်းရီသည် ကြီးကျယ်ခမ်းနားသည့် မြို့ကိုစိုက်ကြည့်ပြီး ဖုန်းတုမြို့ အပြင်ဘက်တွင် ရပ်နေလေ၏။ အနက်ရောင် ကျောက်တုံးများကိုသုံးလျက် တည်ဆောက်ထားသော သုံးကီလိုမီတာခန့် မြင့်မားသည့် မြို့ရိုးများကို စိုက်ကြည့်ပြီး ထိတ်လန့်နေတော့သည်။ မြို့၏အပြင်ဘက်တွင် ရပ်နေစဉ် စစ်ဆေးရန် သူ၏ကောင်းကင် စိတ်အာရုံကို အားမကိုးဘဲ သူက ပေါ်ထွက်နေသော ခမ်းနားမှုကို မည်သည့်အခါမှ ခံစားမိမှာ မဟုတ်ပေ။ ယခုအခါတွင် သူက ပုရွက်ဆိတ် တစ်ကောင်ပမာ မြို့ကြီးက ဧရာမ ဆင်တစ်ကောင်သဖွယ် ခံစားနေရပြီး သူမည်မျှ စွမ်းအင်ကင်းမဲ့နေကြောင်း သိနေတော့သည်။

“ဒီမြို့ကို ဘယ်သူ တည်ဆောက်သွားတာလဲ။ ဆန်းကြယ်ဧကရာဇ်များလား။ ဒါကကောင်းကင်ကို ဖီဆန်နိုင်တဲ့ စွမ်းရည်မျိုးများလား”

ကျန်းရီ၏ရင်ထဲ အနာဂတ်အတွက် အမြင်တို့က ကြီးထွားလာသည်။ အပြင်လောကက အင်မတန် ဆန်းကြယ်ပေ၏။ ဖုန်းတုမြို့ကို မြင်တွေ့သည့်အချိန်၌ ယခုအခေါက် ခရီးစဉ်က အချည်းနှီးမဖြစ်ကြောင်း ခံစားမိလိုက်သည်။

သူပျံသန်းနေစဉ် ရက်ပေါင်းများစွာ မအိပ်ခဲ့ပေ။ ယခုအချိန်၌ လေဆင်နှာမောင်းကသူ့ကို လိုက်မှီလာတော့မှာဖြစ်ပြီး မိုင်တစ်ဒါဇင်အကွာသို့ ရောက်နေပြီးဖြစ်သည်။ မြို့ထဲသို့ ဝင်ရန်အတွက် ပြင်ဆင်ဖို့ အချိန်လုံလောက်သည်။

သူကမြို့ထဲ ချက်ချင်း မဝင်ပေ။ ထိုအစား သူကထိုင်ချပြီးနောက် အမည်မဲ့ နတ်ဘုရားသိုင်းကို စတင်ကျင့်ကြံတော့၏။ သူ၏အတွင်းအားများကို ပြန်ကောင်းချင်ပြီး အမြင့်ဆုံး အခြေအနေထိရောက်အောင် စွမ်းအင်ကို သိုလှောင်ချင်သည်။

သူဉာဏ်အလင်း ပွင့်ထားသည့် အရာရှိသည်။ ထိုလေဆင်နှာမောင်းသည် သူ့ကိုမြို့ထဲဝင်အောင် ဖိအားပေးခဲ့၏။ သူကမြို့ထဲသို့ အလွယ်တကူ ဝင်နိုင်မှာ သေချာသည်။ မြို့ထဲဝင်သွားသည်နှင့် လေဆင်နှာမောင်း ပျောက်ကွယ်သွားမှာ ဖြစ်သည်။ ထို့ကြောင့်သူ အလျင်မလိုပေ။

တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံခြင်းက သူ၏အတွင်းအားများ ပြန်ဖြည့်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်နှင့် စိတ်ကိုလည်း သက်သာစေ၏။ ဝေဒနာသက်သာစေကာ သူအမြင့်ဆုံး အခြေအနေသို့ ရောက်စေသည်။

“အို ကောင်းကင်နဲ့ မြေကြီးရဲ့ သိပ်သည်းလိုက်တဲ့ အတွင်းအားတွေပါလား။ ဒီနေရာမှာ ကျင့်ကြံတာက အပြင်မှာ ကျင့်ကြံတာထက် အဆတစ်ရာ ပိုသာတယ် ဟုတ်တယ်မလား”

ကျန်းရီက စတင်ကျင့်ကြံဆင့် ကွဲပြားခြားနားမှုကို သဘောပေါက်သွား၏။ ဤဆန်းကြယ် နတ်ဘုရားနန်းတော်က အမှန်ကတယ် တန်ဖိုးကြီး ရတနာတစ်ပါး ဖြစ်ပေသည်။ ဤနေရာတွင် သူ၏ကျင့်ကြံမှု အရှိန်က မြင့်တက်နေသည်။ ထို့အပြင် ကောင်းကင်ဘုံ ကျောက်တုံးများနဲ့ မတူဘဲ ယင်းက ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ်၏ သဘာဝဖွဲ့စည်းမှုကို ထိခိုက်စေမှာ မဟုတ်ပေ။

“ဆန်းကြယ်နတ်ဘုရား နန်းတော်ကိုရတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သူတို့မျိုးဆက်ကတော့ ထာဝရ ပျော်ဝင်ခံစားရမှာပဲ”

ကျန်းရီက စိတ်မကောင်းဖြစ်ပြီး သက်ပြင်းချလိုက်တော့၏။ သူသည် အလွန်အကျွံ့ မမျှော်လင့်ရဲဘဲ စိတ်အာရုံ စူးစိုက်မှုအပြည့်ဖြင့် ကျင့်ကြံနေလိုက်သည်။ သူ့နောက်ရှိ လေဆင်နှာမောင်းကြီးကလည်း အရှိန်အဟုန် ပြင်းပြင်းဖြင့် ရောက်လာနေပြီဖြစ်သည်။ သို့သော်သူက နားမကြားသူသဖွယ် တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံနေတော့သည်။

ဖုန်း ဖုန်း ဖုန်း

လေဆင်နှာမောင်းက ပိုနီးကပ်လာ၏။ ၁၅မိနစ်ခန့် ကြာပြီးနောက် လေပြင်းတို့က သူ၏ခန္ဓာကိုယ်ကို ဘယ်ညာ ယမ်းခါနေစေတော့သည်။ ကျင့်ကြံတာ ရပ်တန့်ပြီးနောက် လေဆင်နှာမောင်းကို ကြည့်လိုက်တော့၏။ သူကအနည်းငယ် ပြုံးလိုက်ကာ ဝှီးကနဲ လှုပ်ရှားလျက် မိုးကြိုးနဂါး အစီအရင်ထဲ ဝင်ရောက်သွားတော့သည်။ သူကမီးနဂါးဓားကို ဆွဲထုတ်လျက် ဖုန်းတုမြို့ ဂိတ်ဆီသို့ တစ်ဟုန်ထိုး သွားလိုက်၏။

ခွမ်း ခွမ်း

မီတာတစ်ရာ အကွာသို့ ကျန်းရီရောက်သည့် အချိန်၌ မြို့တံခါးက ငရဲဂိတ်ဝ ပွင့်သည့်အလား ဖြေးဖြေးချင်း ပွင့်လာတော့သည်။ ဧရာမ မိစ္ဆာသားရဲ တစ်ကောင်၏ ပါးစပ်ကြီးသဖွယ် အတွင်း၌ ပိန်းပိတ်အောင် နက်မှောင်နေကာ အရာအားလုံးကို ဝါးမျိုချင်နေသည့်ပမာ ဖြစ်နေတော့သည်။

သူ့နောက်ရှိ လေဆင်နှာမောင်းက သဲများ၊ ကျောက်စကျောက်နများကိုပါ တစ်ပါထဲ သယ်ဆောင်လာ၏။ မိုးကြိုးနဂါးသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေသည်။ အသက်မဲ့ ဧရာမမြို့က မနှေးမမြန် တံခါးကို ဖွင့်လာတော့သည်။ လူငယ်တစ်ဦးက တံခါးကို ကိုင်ဆောင်ထားလျက် အထဲသို့ ဝင်သွားလေ၏။

ထိုမြင်ကွင်းက အင်မတန် အသက်ရှုမှားလောက်ပြီး လူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။

ကျန်းရီက မရပ်တန့်သွားပေ။ သူ့အမူအရာကလည်း ထုံပေပေသာ ရှိနေလေ၏။ မြို့ထဲသို့ ငြိမ်းငြိမ်းချမ်းချမ်း အခြေအနေဖြင့် ဝင်ရောက်သွားပြီး အနီရောင် ဧရာမတံခါးကြီးက ကြီးမားသည့် မိစ္ဆာသားရဲကြီး တစ်ကောင်သည် ပါးစပ်ကို ပိတ်လိုက်သည့်ပမာ ဖြေးဖြေးချင်း ပိတ်သွားတော့၏။

လေဆင်နှာမောင်းသည် ၎င်း၏ပစ်မှတ်ကို ဆုံးရှုံးသွားသည်နှင့် အခြားသော အရပ်မျက်နှာဆီသို့ ဦးတည်သွားတော့သည်။ မြန်မြန်ဆန်ဆန်ပင် မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်က ဝေဒနာကင်းဝေးမှုကို ပြန်ရရှိလာတော့သည်။ လေထဲတွင် လေတိုက်ခတ်မှုကြောင့် ချိတ်ဆွဲထားသော မီးအိမ်နှစ်ခုက လင်းနေတော့သည်။

“ဂျက် ဂျက်”

ကျန်းရီသည် ဖုန်းတုမြို့ထဲ ဝင်လိုက်စဉ် မြို့ထဲမှ သူ၏ခေါင်းမွှေးများကို ထောင်ထသွားစေနိုင်သော ရယ်သံတစ်ခု ပေါ်ထွက်လာသည်။ ထိုရယ်သံက ညသန်းခေါင်ယံတွင် ဝံပုလွေများ အူနေသည့် အသံနှင့် ဆင်တူပြီး လူတစ်ယောက် ညဉ်းနေသည့်အသံနှင့်လည်း တူသည်။ အင်မတန် ချောက်ချားဖွယ် ကောင်းနေကာ ကျန်းရီကို ကြက်သီးများ ထစေပြီး လမ်းထဲမှ အေးစက်သော လေပြင်းတို့က သူ့ဆီကို ဝှေ့တိုက်လာ၏။ အလိုလို တုန်ယင်သွားစေတော့သည်။

“ဖုန်းတုမြို့ထဲ ဝင်လိုက်ပြီဆိုတာနဲ့ ယင်နဲ့ ယန်က နှစ်လမ်းကွဲသွားမယ်။ အဓိပ္ပာယ်မရှိတဲ့ ရုန်းကန်မှုတွေကို စွန့်ပစ်လိုက်၊ ဒီဘုရင်ကမင်းကို ထာဝရအသက် ချီးမြင့်မယ်။ ဖုန်းတုမြို့က မင်းကိုကြိုဆိုပါတယ် အသင်လူသား”

တမလွန်လောကထဲမှ လာသည့်ပမာ အိုမင်းရင့်ရော်သော အသံတစ်သံကို အရိပ်များဖြင့် လွှမ်းနေသော လမ်း၏အဆုံးမှ ကြားနေရသည်။ အသံက နတ်ဆိုးစွမ်းအင်တစ်မျိုး ပါဝင်နေပြီး ကျန်းရီ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အေးစက်သော လေထုထဲ လွှမ်းခြုံမိသွားစေတော့သည်။ ရိုးတွင်းချင်ဆီများတောင် စတင်ခဲကုန်၏။

***

All Chapters