ဒီထက်မပိုဘူး
Vol. 19 Ch. 201
လူတိုင်း နှမြောသလိုခံစားလိုက်ရပြီး ကျန်းယန်၏ကျရှုံးမှုအတွက် သက်ပြင်းသာ ချလိုက်မိကြသည်။
သူတို့မျက်လုံးထဲတွင် တကိုယ်လုံး မီးများဖြင့်ဖုံးလွှမ်းခြင်းကို ခံထားရသော သူတစ်ယောက်က အဘယ်သို့ အသက်ရှင်နိုင်ပါတော့မည်နည်း။
“ဟားဟားဟားဟား” ကျန်းယန်၏ရယ်မောသံက ကောင်းကင်ယံတွင် လွင့်ပျံလာခဲ့၏။
“နေကောင်းကင်ပညာရပ်ဒီလောက်လေးပဲလား
ကျိုးလင်ငါမင်းကိုပြောခဲ့ပါတယ် မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး
မင်းကငါ့ကိုရင်ဆိုင်ဖို့တောင် ယုံကြည်ချက်ရှိမနေဘူး မင်းတစ်ဘ၀လုံးက သနားစရာပဲ
အခု ငါမင်းကိုဘယ်လိုအနိုင်ယူပြမလဲ ကြည့်နေလိုက်”
ကျန်းယန်၏ရယ်သံက ဟိန်းထွက်လာခဲ့ပြီး တိုက်ပွဲကွင်းပြင်ထဲရှိ နေအလင်းရောင်ကလည်း ပိုပြီး အားကောင်းလာခဲ့သည်။ ကွင်းပြင်ထဲရှိ အလင်းကြောင့်တောက်လာသော မီးတောက်များက တဖြည်းဖြည်း ကွင်းပြင်ကိုပဲ ကျော်လွန်လာပြီး မကြာခင်တွင် ဘေးဘက်ဆီသို့ပါ ပြန့်ကားလာခဲ့၏။
ကြောက်မက်ဖွယ်မီးတောက်များကြောင့် ကြည့်ရှုနေသူများ အလျင်အမြန်ပင် နောက်ဆုတ်လိုက်ကြရသည်။
ကွင်းပြင်နားရှိ လူအနည်းငယ်ကသာ သူတို့ကိုယ်ပိုင်အကာအကွယ်များကိုထုတ်၍ အလင်းမီးတောက်များကို ခုခံထားလိုက်ကြ၏။
ထိုအလင်းမီးတောက်များမှ ထွက်ပေါ်နေသည့် အလင်းနှင့် အပူ စွမ်းအားက ပတ်၀န်းကျင်ရှိအရာအားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သလိုကို အားကောင်းနေခဲ့သည်။
“အဲ့တာဘာကြီးလဲ” တစ်ယောက်ယောက် တိုက်ပွဲကွင်းပြင်ဘက် လက်ညှိုးထိုးပြလိုက်ကာ တုန်လှူပ်နေဟန်ဖြင့် ပြောလိုက်၏။
လူတိုင်းလှည့်ကြည့်လိုက်ကြရာ သူတို့ရှေ့ရှိမြင်ကွင်းကြောင့် ငေးကြောင်ကုန်ကြလေသည်။
ကျန်းယန်သည် လေထဲတွင် ရပ်နေခဲ့ပြီး သူ့နောက်ကျောတွင် အလွန်တောက်ပသော ၃ ၄ မီတာခန့်ရှိသည့် အတောင်ပံနှစ်ခု ရှိနေခဲ့၏။ ထိုအတောင်များကိုယ်တိုင်မှ တောက်ပလွန်းသောအလင်းများထွက်နေပြီး အတောင်ပံပေါ်တွင်လည်း မီးတောက်မျှင်များက စီးကျနေခဲ့သည်။ အလင်းနှင့်အပူစွမ်းအားက တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံးထဲတွင် ထပ်မံ မြင့်တက်လာခဲ့ပြန်၏။
“ဒါ ဒါဒါက ဒဏ္ဍာရီလာဗာမီလီယန်ငှက်(မီးငှက်) မဟုတ်ဘူးလား” ရှို့ယိဘုရားကျောင်းမှ လင်းရှု ကျန်းယန်ကိုငေးကြောင်ကြည့်နေရင်း ပြောလိုက်သည်။
“သူဘယ်လို…သူဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ ဘာတွေဖြစ်နေတာလဲ”
“ဟုတ်တယ်တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”
ထိုမေးခွန်းက လူတိုင်းစိတ်ထဲတည်ရှိနေခဲ့၏။
ထိုအခိုက်တွင် ကျန်းယန် ကျောပေါ်ကအတောင်များက သူ့ကိုယ်ပိုင်အတောင်များမဟုတ်ဘဲ အလင်းနှင့်မီး နိယာမများမှ ဖွဲ့တည်ထားသော အတောင်များဆိုတာ လူတိုင်းရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသည်။
အပြင်လူများက တုန်လှုပ်ခြင်းကိုခံစားနေရပါသော်လည်း တိုက်ပွဲကွင်းပြင်ထဲရှိ ကျိုးလင်ကတော့ ကြောက်ရွံ့ခြင်းကိုသာ ခံစားနေခဲ့ရ၏။
သူကျန်းယန်၏ အတောင်ပံများကို ငေးကြောင်စွာစိုက်ကြည့်နေရင်း သူ့ပါးစပ်က စကားတစ်လုံးမှ ထွက်မလာနိုင်ခဲ့ပေ။
အဘယ်ကြောင့် ဆိုသော် ထိုအတောင်ပံများပေါ်ထွက်လာပြီးသည်နှင့် တိုက်ပွဲကွင်းပြင်ထဲရှိ အလင်းနှင့်မီးနိယာမများသည် သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခြင်းကြောင့် ဖြစ်သည်။
သူနေကောင်းကင်ပညာရပ်ကို အသုံးပြုကာစုဆောင်းထားခဲ့သော အလင်းနှင့်အပူနိယာမများပါ၀င်သည့် နေစွမ်းအားများက ကျန်းယန်၏လုယူခြင်းကို ခံလိုက်ရချေပြီ။
တစ်နည်းအားဖြင့်ဆိုသော် ယခုအခါ ကျိုးလင်သည် ဤတိုက်ပွဲကွင်းပြင်ထဲတွင် သူ့အပြင်အားနှင့်စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီးသာ တိုက်ခိုက်ရတော့မည်ဖြစ်ပြီး ဤနေရာရှိ ဘယ်နိယာမစွမ်းအားကိုမှ သူထိန်းချုပ်၍ မရတော့ပေ။
ထိုပုံစံဖြင့် သူမည်ကဲ့သို့ တိုက်ခိုက်ရပါမည်နည်း။
ထိုအခိုက်တွင် ကျိုးလင် မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရ၏။
သူသည် သူ့ဘိုးဘေး၏တုနှိုင်းမဲ့ပညာရပ်ကိုကျင့်ကြံခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေခဲ့သည်။ တကယ်လည်း သူလူတိုင်းကို အံ့အားသင့်သွားအောင် လုပ်နိုင်၏။
သို့သော် ထိုအံ့အားသင့်မှုက ရေရှည်မခံခဲ့ပေ။
ကျန်းယန် ပေါ့ပါးစွာ။ သူ့ရှေ့ပျံသန်းလာခဲ့ပြီး သူ့ကိုငုံ့ကြည့်၍ အေးအေးဆေးဆေးပြောလိုက်သည်။
“ပါရမီရှင်တစ်ယောက်အနေနဲ့ မင်းမှာ ပါရမီရှင်တစ်ယောက်ရဲ့ မာနနဲ့စိတ်ထားမျိုး ရှိသင့်တယ်
သာမန်လူတွေမှာတောင် ပြဿနာအခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့စိတ်ရှ်ိတယ်
ဒါပေမယ့် မင်းကတော့ ဖြတ်လမ်းနည်းကိုသုံးပြီး အခက်အခဲကိုလျှော့ချပစ်ဖို့ ကြံခဲ့တယ်
မင်းလိုလူမျိုးကို ငါပြိုင်ဘက်အဖြစ်လည်း မဆက်ဆံနိုင်သလို အနိုင်လည်းမယူချင်ဘူး မင်းတံဆိပ်ပြားကိုယူပြီး စည်းဝိုင်းထဲက ထွက်သွားလိုက်တော့”
ကျန်းယန် ရက်ရောစွာပင် ကျိုးလင်ကိုပြန်ဆုတ်ခွင့် ပေးလိုက်၏။
သို့သော် သူအခုလိုလုပ်ပေးလိုက်သည်က ကြင်နာတတ်လွန်း၍တော့ မဟုတ်ပေ။
သူသည် ကျိုးချင်ကိုသတ်ပြီး ၀မ်လင်းဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ကို အပြစ်ပြုမိခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ နောက်ပါရမီရှင်တစ်ယောက်ကို သတ်ပစ်လိုက်လျှင် ၀မ်လင်းဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ ယောက်လုံးက သူတို့ဂိုဏ်းကို လုံး၀ အလွှတ်ပေးတော့မှာ မဟုတ်ပေ။ ထို့ကြောင့် သူ့ဆရာ၏ ၀န်ထုပ်၀န်ပိုးများကို တတ်နိုင်သလောက်လျှော့ပေးချင်စိတ်ဖြင့် ကျိုးလင်ကိုလွှတ်ပေးလိုက်ခြင်း ဖြစ်၏။
ထို့အပြင် သူထိုစကားများကို ကျိုးလင်၏တာအိုနှလုံးသားကိုဖျက်ဆီးပစ်ရန် တမင်သက်သက်ပြောခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကျိုးလင်တွင်သာ လုံလောက်အောင်သန်မာသောစိတ်ဓာတ်ရှိမနေပါက ထိုစကားလုံးများသက်သက်ဖြင့်ပင် သူ့ယုံကြည်မှုများ ကြေမွသွားနိုင်၏။
တာအိုနှလုံးသားပျက်ဆီးသွားခဲ့လျှင်ကျင့်ကြံခြင်းက ဘာအသုံး၀င်ပါတော့မည်နည်း။
ထိုအရာက ကျိုးလင်ကိုသတ်လိုက်ခြင်းထက် ပိုကောင်းသော ဆုံးဖြတ်ချက်မဟုတ်ပါလော။
ကျိုးလင် တိတ်တဆိတ်ပင် တိုက်ပွဲကွင်းပြင်ထဲမှ ဆုတ်ခွာသွားခဲ့သည်။ သူ့တံဆိပ်ပြားကိုပင် ပြန်ယူမသွားခဲ့ပေ။ သူတံဆိပ်ပြားကို ရှက်၍ ပြန်ယူမသွားခြင်းမျိုးတော့ မဟုတ်ပေ။ သူ့စိတ်ထဲ ထိုတံဆိပ်ပြားအကြောင်းတွေးကိုတွေးမနေနိုင်၍ ဖြစ်သည်။ သူ့စိတ်ထဲ မကြည်မလင်ဖြစ်နေကာ သူ့တစ်ဘ၀ကြီးတစ်ခုလုံးက ဘာအရောင်မှမရှိတော့သလိုခံစားနေရပြီး နှလုံးသားထဲတွင်လည်း ဒေါသမီးလျှံများ တောက်လောင်နေခဲ့၏။
အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်သွားရပါသနည်း။
သူ့နေကောင်းကင်ပညာရပ်က အဘယ်ကြောင့် ကျရှုံးခဲ့ရပါသနည်း။
သူဘယ်လိုရှုံးနိမ့်ခဲ့ရပါသနည်း။
ထိုအရာက သူ့ဘိုးဘေး၏ပညာရပ်ပင် မဟုတ်ပါလော။
ကျန်းယန် တိုက်ပွဲကွင်းပြင်ထဲမှလမ်းလျှောက်ထွက်သွားသော ကျိုးလင်ကိုကြည့်ကာ အူကြောင်ကြောင်ခံစားနေခဲ့ရ၏။
သူအခုဘာလုပ်ရပါတော့မည်နည်း။
သူ့လက်ရှ်ိပုံစံက အတော်လေးထည်ဝါလှသော်လည်းထိုစွမ်းအားပျောက်ဆုံးသွားလျှင်တော့ အောက်တွင် ဘာမှရှိမနေတော့ပေ။
ထိုကဲ့သို့သော နည်းစနစ်မျိုးကိုလည်းသူအကြာကြီးအသုံးမပြုနိုင်ပေ။
“စီနီယာအစ်ကိုကြီး အဆင်ပြေရဲ့လား” စစ်ထူမင်ယွဲ့ စိတ်ပူနေသောမျက်နှာထားဖြင့်ပြေး၀င်လာခဲ့၏။
“အမြန်ပြန်သွား ဒီကိုဘာလာလုပ်တာလဲ” ကျန်းယန် စိတ်တိုနေဟန်ဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီးကိုစိတ်ပူလို့ပါ” စစ်ထူမင်ယွဲ့ မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။
သူမြင်နေရသည်က ကျန်းယန်ကိုယ်ပေါ်က မီးတောက်များသာဖြစ်ပြီး ကျန်းယန်မျက်နှာရော ကိုယ်လုံးကိုပါ မမြင်ရသောကြောင့် ကျန်းယန်ဘယ်လိုအခြေအနေရောက်နေသလဲ မသိခဲ့ပေ။
တကယ်တော့ ကြည့်ရှုနေသူများလည်း ဆွံ့အနေခဲ့ကြခြင်း ဖြစ်သည်။
သူတို့ေတွးေနသည်မှာ
မင်းနိုင်နေပြီလေမင်းဒီပုံစံက အံ့အားသင့်စရာကောင်းမှန်းလည်း ငါတို့သိနေပြီပဲလေ မသိမ်းဘဲ ဒီတိုင်းကြီးထပ်ထုတ်ထားစရာ လိုလို့လားဟ
ခေတ်စကားနဲ့ပြောရရင် ကျန်းယန်က aura farming လုပ်နေတာပဲ
တခဏကြာမှ လူတိုင်း ကျန်းယန်၏အခြေအနေကိုနားလည်သွားခဲ့ကြ၏။
စစ်ထူမင်ယွဲ့သာ ကျန်းယန်ကိုစိတ်ပူနေသောကြောင့် ထိုအချက်ကိုမတွေးမိခဲ့ခြင်း ဖြစ်သည်။
“ကျိုးလင် ခွေးကောင် မင်းကငါ့ကိုဒုက္ခရောက်အောင်လုပ်သွားတာပဲ”
ကျန်းယန် ၀င်္ကပါထဲပြန်၀င်ကာ အ၀တ်အစားများလဲခဲ့ပြီးနောက် ကွင်းပြင်ထဲပြန်၀င်လာခဲ့ပြီး လည်ချောင်းအနည်းငယ်ရှင်းကာ ပြောလိုက်၏။
“နောက်ဆုံးတိုက်ပွဲကို တစ်ပွဲလို့ ထည့်မတွက်ဘူး” သူဆက်ပြောလိုက်သည်။
“ဆိုတော့ ဒီနေ့အတွက် ၂ ပွဲ ကျန်သေးတယ် အားလုံးပဲ ခွန်အားအစစ်အမှန်နဲ့တိုက်ခိုက်ပြီး ဘာလှည့်ကွက်မှမသုံးဖို့ မျှော်လင့်ပါတယ် မဟုတ်ရင်တော့ ငါလည်းလှည့်ကွက်တွေသုံးရလိမ့်မယ် ငါ့လှည့်ကွက်တွေထွက်လာရင် မင်းတို့ဘယ်သူမှ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး၊ ငါအတည်ချရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်တယ်ဟ”
ထိုစဉ် ခပ်ထွားထွားလူကြီးတစ်ယောက် တိုက်ပွဲကွင်းပြင်ထဲ ခုန်၀င်လာခဲ့ပြီး ကျန်းယန်ကိုပြောလိုက်၏။
“အစကတော့ ငါမင်းကိုနည်းနည်းကြာအောင်စောင့်ကြည့်ပြီးမှ တိုက်ခိုက်ဖို့ စီစဉ်ထားတာ ဒါပေမယ့် မင်းပြောတာမှန်တယ် အရာအားလုံးကို ရင်ဆိုင်ဖို့သတ္တိရှိမနေရင် အခက်အခဲတွေကိုထိပ်တိုက်ရင်မဆိုင်ရဲရင် ဘယ်တော့မှ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာ အဝေးကြီးကိုရောက်မှာ မဟုတ်ဘူး
ငါက ပင်လယ်ကောင်းကင်မျှော်စင်က ချီလန် ဒီတစ်ခေါက် ပင်လယ်ကောင်းကင်မျှော်စင်ရဲ့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို ၀င်လာတဲ့အဖွဲ့ကို ငါဦးဆောင်လာတာ
ပြီးတော့ ဒီတိုက်ပွဲမှာ ပင်လယ်ကောင်းကင်မျှော်စင်နဲ့အဇူရာတိမ်ဂိုဏ်းဆိုတာ မရှိဘူး မင်းနဲ့ငါပဲရှိတယ်
ငါမင်းကိုထိပ်တိုက်ရင်ဆိုင်ဖို့ စိန်ခေါ်ချင်တယ် ငါရှုံးရင်တောင် ကိစ္စမရှိဘူး”
“ကျေးဇူးပြုပြီး စပါ” ကျန်းယန် လေးလေးနက်နက်ပြန်ပြောလိုက်၏။
“ငါက ကျယ်ပြန့်ပင်လယ်ပညာရပ်ကိုကျင့်ကြံတာ” သူကျန်းယန်ကို သတိပေးလိုက်ပြီး ဟိန်းဟောက်လိုက်လေသည်။
“ပင်လယ်ပြင်က အဆုံးအစမရှိဘူး”