← Chapters

အေးခဲပင်လယ်မျက်နှာပြင်

Vol. 19 Ch. 202

အေးခဲပင်လယ်မျက်နှာပြင်

Vol. 19 Ch. 202

သူတိုက်ပွဲကွင်းပြင်ထဲရောက်သည်နှင့် ကျယ်ပြန့်ပင်လယ်ပညာရပ်၏ နောက်ဆုံးအကွက်ဖြစ်သော အဆုံးမဲ့သမုဒ္ဒရာကိုချက်ချင်း ထုတ်သုံလိုက်လေသည်။

ချက်ချင်းဆိုသလို ကွင်းပြင်တစ်ခုလုံးက ရေလှိုင်းကြီးများဖြင့် လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။

ကောင်းကင်နှင့်မြေပြင်နိယာမများ၏ ဖုံးလွှမ်းခြင်းကိုခံထားရသော ရေလှိုင်းများက တိုက်ပွဲကွင်းပြင်၏ နေရာအနှံ့အပြားမှ တိုး၀င်လာခဲ့သည်။

ထိုကွင်းပြင်တွင် တားဆီးထားသောအကာအကွယ်များမရှိသောကြောင့် ရေလှိုင်းများထွက်ပေါ်လာသည်နှင့် ကြည့်ရှုနေသူများပင် လေပေါ်ပျံတက်၍ ရှောင်လိုက်ကြရ၏။

“ကြည့်နေတဲ့သူတွေအားလုံး ကျေးဇူးပြုပြီး ပိုဝေးဝေးကိုဆုတ်ပေးကြပါ” ရေလှိုင်းများကြားက ချီလန် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ငါမင်းတို့ကို မတော်တဆထိခိုက်အောင်လုပ်မိမှာ ကြောက်တယ် အဲ့ဒီလိုဖြစ်သွားရင် ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး”

သူအခုလိုပြောနေခြင်းမှာ အားကုန်ထုတ်၍ တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် ဖြစ်၏။

သူ့ကိုယ်မှစိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ရေလှိုင်းများ ဖုံးလွှမ်းထားသော ဧရိယာကပိုမိုကျယ်ပြန့်လာပြီး ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်၏ ၀င်ပေါက်တစ်ခုလုံးပင် ရေလွှမ်းသွားခဲ့သည်။

“ကောင်းကင်ကိုတက်မည့် ရေလှိုင်း”

သူ့စကားသံထွက်ပေါ်လာပြီးသည်နှင့် ရေလှိုင်းများက ကျန်းယန်ဆီဦးတည်၍ ပြေး၀င်လာခဲ့၏။

ရေလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်းဆင့်၍ ပြေး၀င်လာနေခြင်းဖြစ်ပြီး ရှေ့လှိုင်းများထက် နောက်လှိုင်းက ပိုအားကောင်းနေခဲ့သည်။

ထိုအရာက ချီလန် သမုဒ္ဒရာရေလှိုင်းများကို နေ့မနားညမနားထိုင်ကြည့်ပြီး နားလည်သဘောပေါက်ထားသည့် ကျင့်စဉ် ကျယ်ပြန့်ပင်လယ်ပညာရပ်သာဖြစ်၏။

အခုတော့ သူထိုပညာရပ်ကိုသုံးပြီး ကျန်းယန်ကိုတိုက်ခိုက်နေခဲ့ချေပြီ။

ရေလှိုင်းများကိုကြည့်နေရင်း ကျန်းယန် အမူအရာ သုန်မှုန်လာခဲ့သည်။

ထိုပါရမီရှင်များသည် တကယ် အထင်သေး၍ မရသူများဖြစ်ကြပြီး လူတိုင်းတွင်ဝှက်ဖဲများ ရှိနေခဲ့ကြ၏။

သူခုနက ကျိုးလင်ကိုအနိုင်ရလိုက်ခြင်းမှာ သားရဲခန်းမမှ အမွေဆက်ခံထားခဲ့သော ‌ဗာမီလီယန်ငှက်နတ်ပညာရပ်ကြောင့်သာဖြစ်ပြီး မဟုတ်လျှင် ကျိုးလင်၏ ပညာရပ်ကလည်း သူ့ကိုဒုက္ခအကြီးအကျယ်ပေးလိမ့်မည်သာ။

အခုတော့ ချီလန်၏ ကျယ်ပြန့်ပင်လယ်ကလည်း သူ့ကိုဒုက္ခပေးနေခဲ့ပြန်ချေပြီ။

သူ့အရင်ဘ၀က ဗဟုသုတများအရ ‌သမုဒ္ဒရာရေလှိုင်းများသည် ဘယ်လောက်ကြောက်စရာကောင်းမှန်း ကျန်းယန် ကောင်းကောင်းသိ၏။

အခု ချီလန်၏ ထိန်းချုပ်မှုအောက်က ပိုကြောက်စရာကောင်းသော ရေလှိုင်းများကို သူမည်သို့ရင်ဆိုင်ရပါမည်နည်း။

ကျန်းယန် မျက်မှောင်ကြုံ့နေခဲ့သည်။

ဒါပေါ့ သူလိပ်နက်နတ်ပညာရပ်ကိုသုံးပြီး တိုက်ခိုက်လျှင်တော့ ထိုရေလှိုင်းများ၏သက်ရောက်မှုကို လုံးဝမခံရဘဲ ကျော်လွှားနိုင်မည် ဖြစ်၏။

သို့သော် ထိုကဲ့သို့သောလှည့်ကွက်မျိုး သူထပ်မသုံးလိုတော့ပေ။

ထိုကဲ့သို့သော လှည့်ကွက်မျိုးက တစ်ပွဲတိုးသာကောင်းပြီး သူရေရှည်မှီခိုရမည်က နိယာမစွမ်းအားများသာ ဖြစ်ပေသည်။

ထို့ကြောင့် ကျန်းယန်မလိုအပ်ဘဲ လိပ်နက်နတ်ပညာရပ်ကိုထုတ်မသုံးလိုပေ။

တခဏတွေးတောပြီးနောက် ကျန်းယန်မျက်လုံးများ တောက်ပသွားခဲ့၏။

“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်း”

အကယ်၍ သူသာ ရေကိုအေးခဲခြင်းနှင့်တန်ပြန်တိုက်ခိုက်နိုင်ခဲ့လျှင် ပင်လယ်လှိုင်းများအားလုံး ခဲကုန်ကြပေလိမ့်မည်။

“သေစမ်းကွာ ငါ့အကွက်ကြီးသုံးပြန်ပြီ တောက်”

ထိုစကားကို ချီလန် ပြောခဲ့ခြင်းမဟုတ်ပေ။ လန်ချင်းဖုန်း ပြောလိုက်ခြင်းသာ ဖြစ်သည်။

ချီလန် အားရပါးရရယ်မောကာ ပြောလိုက်သည်။

“ကောင်းလိုက်တဲ့ အသိဉာဏ်ပါလား တာအိုမိတ်ဆွေ ဒါပေမယ့် ငါ့ပင်လယ်လှိုင်းတွေကို အေးခဲဖို့က လွယ်မှာတော့ မဟုတ်ဘူး”

သူ့လက်များကို ဝေ့ယမ်းလိုက်ရာ ရုတ်တရက် ပင်လယ်လှိုင်းများက ပြောင်းလဲသွားခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင် ပင်လယ်လှိုင်းများက အလွှာလိုက်ရှိနေခဲ့ခြင်း မဟုတ်တော့ပေ။ ထိုအစား ရေလှိုင်းများအားလုံးက ဝုန်းဒုန်းကြဲနေအောင် လည်ပတ်လာခဲ့ပြီး ကျန်းယန်ဆီထိန်းမနိုင်သိမ်းမရ ပြေး၀င်သွားခဲ့ကြ၏။

ထိုအခြေအနေအောက်တွင် ကျဆင်းလာသောနှင်းပွင့်များက ရေလှိုင်းများကို မအေးခဲနိုင်တော့ပေ။

ထိုက်ယင်စွမ်းအားကိုသယ်ဆောင်ထားသော နှင်းပွင့်များဖြစ်သော်လည်း ရလဒ်က အတူတူသာ ဖြစ်သွားခဲ့သည်။

ကျန်းယန် မျက်မှောင်ကြုံ့လိုက်မိ၏။ သူအကာအကွယ်အလွှာကိုထုတ်ကာ ရေလှိုင်းများ သူ့အ၀တ်အစားများကို စုတ်ဖြဲမသွားအောင် ကာကွယ်လိုက်လေသည်။

ထို့နောက် ဤရေလှိုင်းများကို ဘယ်လိုအေးခဲပစ်ရမလဲ သူစတင်စဉ်းစားခဲ့ပြန်၏။

သူသာ ထိုက်ယင်အမတပညာရပ်ကိုအသက်သွင်းပြီး အေးခဲစွမ်းအားကို ရေကြားထဲပို့လိုက်လျှင် ‌ရေလှိုင်းများက အေးခဲသွားမှာ သေချာပေသည်။

သို့သော်လည်း ပင်လယ်မျက်နှာပြင်တစ်ခုလုံးက အခုလို ကြမ်းကြမ်းတမ်းတမ်းလည်ပတ်နေချိန်တွင်တော့ သူဘယ်လိုလုပ်လုပ် ရေများက ခဲသွားနိုင်တော့မည် မဟုတ်ပေ။

ထိုအခိုက်တွင် ချီလန်၏ထိန်းချုပ်မှုအောက်၌ ပင်လယ်ပြင်က ၄ ၅ လီအထိ ကျယ်ပြန့်လာခဲ့၏။

ထိုကဲ့သို့သောအခြေအနေတွင် ဘယ်သူက ပင်လယ်ပြင်တစ်ခုလုံးကို ခဲသွားအောင် လုပ်နိုင်ပါတော့မည်နည်း။

နတ်ဝိညာဉ်အဆင့်တစ်ယောက်မှသာ ထိုသို့ လုပ်ကောင်းလုပ်နိုင်ပေလိမ့်မည်။

ပင်လယ်ပြင်က ‌အေးခဲမသွားသောအခါ ကျန်းယန် သူ့အေးခဲစွမ်းအားကို ပြန်ရုတ်သိမ်းဖို့မှလွဲ ရွေးချယ်စရာမရှိတော့ပေ။ သူလန်ချင်းဖုန်းအသုံးပြုခဲ့သော ရေခဲနှင်းအေးခဲစွမ်းအားကို ပြန်စဉ်းစားနေခဲ့မိ၏။

ထိုအရာက သာမန်အေးခဲစွမ်းအားမျိုးမဟုတ်ဘဲ နက်နဲသောသဘောတရားပါရှိသည့် အေးခဲစွမ်းအားမျိုး ဖြစ်သည်။

အကယ်၍ သူသာထိုနက်နဲမှုကို ဖမ်းဆုပ်နိုင်ခဲ့လျှင် ပင်လယ်ပြင်ကို အေးခဲနိုင်ပါမည်လော။

နောက်ဆုံးတစ်ခေါက်တွင် သူနားလည်လုနီးနီးဖြစ်သွားခဲ့သော်လည်း လန်ချင်းဖုန်းက ရပ်တန့်လိုက်သောကြောင့် အပြည့်အ၀ နားမလည်ခဲ့ပေ။

သူနားမလည်ခဲ့သော နောက်ဆုံးနက်နဲမှုက မည်သည့်အရာ ဖြစ်ပါသနည်း။

ရေလှိုင်းများကို ခုခံနေရင်း ကျန်းယန် အေးခဲစွမ်းအား၏နက်နဲမှုအကြောင်း တွေးတောနေခဲ့ဝ

သည်။

ဝုန်းးး

ထိုစဉ် နောက်ထပ် ကြီးမားလှသောလှိုင်းကြီးတစ်လုံးက သူ့အကာအကွယ်အလွှာကို ရိုက်ခတ်သွားခဲ့၏။

ထိုလှိုင်းက အရင်လှိုင်းများထက်ပင် အားကောင်းနေခဲ့သည်။

ကျန်းယန်ကတော့ ထိုလှိုင်းများအကြောင်း ဂရုမစိုက်နိုင်ဘဲ သူ့အာရုံက လန်ချင်းဖုန်းနှင့်တိုက်ခိုက်ခဲ့သော တိုက်ပွဲဆီသို့သာ ပြန်လည်ရောက်ရှိနေခဲ့၏။

လေထဲမှ ရပ်ကြည့်နေကြသောသူများ၏ အမူအရာများ လေးနက်လာခဲ့သည်။

ထိုအခိုက်တွင် တိုက်ပွဲမြင်ကွင်းက အသက်ရှူမှားလောက်အောင် လှပနေခဲ့၏။

အောက်ဘက်တွင် ရေလှိုင်းများက တဝုန်းဝုန်းရိုက်ခတ်နေချိန်တွင် အထက်မှ နှင်းပွင့်များက ကျဆင်းနေခဲ့သည်။

သို့သော် ဘယ်သူမှ ထိုအလှတရားကိုမခံစားနိုင်ခဲ့ကြပေ။ အားလုံးက ထိုအလှတရားအောက်က သတ်ဖြတ်လိုစိတ်ကိုသာ သတိထားမိနေခဲ့ကြ၏။

သူတို့အားလုံး ရေလှိုင်းများကပဲ ခဲသွားမလား ကျန်းယန်ပဲ ရေလှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံလိုက်ရမလားဆိုတာ စောင့်ကြည့်နေခဲ့ကြသည်။

ကျန်းယန် ရေလှိုင်းများကိုကြည့်ကာ လန်ချင်းဖုန်းအသုံးပြုခဲ့သော အေးခဲစွမ်းအားအကြောင်းတွေးနေရင်း သူ့စိတ်ထဲ ရုတ်တရက် အလင်းတစ်ချက်ပွင့်သွားခဲ့၏။

လေထဲတွင် ကျဆင်းနေသော နှင်းပွင့်များက ရုတ်တရက်ဆိုသလို ကျန်းယန်လက်ပေါ်တွင် စုဝေးလာခဲ့ကြသည်။

နှင်းပွင့်တစ်ပွင့်ချင်းစီတိုင်းကလည်း အလွန်အမင်းအေးစက်နေခဲ့၏။

သူသာထိုနှင်းပွင့်များအားလုံးကို အတူတူစုထားလိုက်လျှင် ‌အအေးစွမ်းအားက ပိုအားကောင်းလာမည် မဟုတ်ပါလော။ သူသာ ဤနှင်းပွင့်များကို သူ့ရှေ့ကရေလှိုင်းများလို တစ်ဆင့်ပြီးတစ်ဆင့်ထပ်ထားလိုက်လျှင် အအေးဓာတ်က ပိုပိုအားကောင်းလာပေလိမ့်မည်။

ထိုအအေးဓာတ်က လုံလောက်အောင်အားကောင်းလာခဲ့လျှင် သူ့ရှေ့က ပင်လယ်လှိုင်းများကို ခဲပစ်နိုင်မှာ သေချာပေသည်။

အချိန်တိုအတွင်း ကျန်းယန်လက်ထဲ နှင်းပွင့်များဖြင့်ပြည့်နှက်လာပြီး သလင်းကျောက်လိုကြည်လင်နေသော ရေခဲစက်လုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။

ရေခဲစက်လုံးကတဖြည်းဖြည်းမှုန်မှိုင်းလာခဲ့ပြီး နောက်ဆုံးတွင် လုံး၀မည်းနက်သွားခဲ့လေသည်။

ထိုအခါ ကျန်းယန် ရုတ်တရက် ထိုရေခဲစက်လုံးဖြင့် ရေမျက်နှာပြင်ကို ပစ်ပေါက်လိုက်၏။ တစ်ချိန်တည်းမှာပင် ထိုရေခဲစက်လုံးထဲ အလွန်အေးစက်သော ထိုက်ယင်စွမ်းအားများ လောင်းထည့်ပေးလိုက်သေးသည်။

သူ့ရေခဲစက်လုံး ရေမျက်နှာပြင်နှင့်ထိသွားသည်နှင့် ကြမ်းတမ်းစွာတိုး၀င်နေသော ရေများက ရေခဲသလင်းကျောက်များအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။

ထို့နောက် ထိုအေးခဲမှုက နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်ပေါ်မှ ကျဆင်းနေသောနှင်းများကလည်း ထိုအေးခဲမှုကို အားဖြည့်ပေးနေပြီး အအေးဓာတ်က ပိုပိုအားကောင်းလာခဲ့၏။

မီတာရာချီကျယ်၀န်းသော ပင်လယ်ပြင်ကြီးအေးခဲသွားသောအခါ ချီလန်၏ ရေလှိုင်းများကလည်း အလုပ်မလုပ်နိုင်တော့ပေ။

“ငါရှုံ့းသွားပြီ” ချီလန် သက်ပြင်းချလိုက်ပြီးနောက် သူ့ဘေးက လန်ချင်းဖုန်းကိုလှည့်ကြည့်လိုက်သည်။

“ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ” လန်ချင်းဖုန်း ဒေါသတကြီးခုန်ထွက်လာခဲ့ကာ ကျန်းယန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ကတ်ကတ်လန်ရန်တွေ့ကာအော်ပြောလိုက်၏။

“မင်းသောက်နည်းစနစ်ကိုမင်းသုံးလို့မရဘူးလား ဘာလို့ငါ့ဟာကိုပဲ သုံးနေတာလဲ မင်းရဲ့ ‌မီးတောက်ကြီးတွေကိုသုံးပြီး သူ့ရေတွေကိုအငွေ့ပျံသွားအောင် လုပ်ပစ်လေ”

“မင်းနည်းစနစ်က တကယ်အလုပ်ဖြစ်တာပဲ” ကျန်းယန် ရယ်မောလိုက်လေသည်။ ထို့နောက်မှ တွေးတွေးဆဆနှင့် ပြန်ဖြေ၏။

“အို့ ဟုတ်သားပဲ မင်းပြောတဲ့နည်းလေးကမဆိုးဘူး နောက်တစ်ခါဆိုရင် ငါပင်လယ်ကိုအငွေ့ပျံအောင်လုပ်ပြီး ကောင်းကင်ကိုမီးရှို့ပစ်မယ်”

“မင်းငါ…”

လန်ချင်းဖုန်း လုံး၀ ဆွံ့အသွားခဲ့လေသည်။

All Chapters