သူထပ်ကြွားနေပြန်ပြီ
Vol. 19 Ch. 203
ချီလန် သူ့အရှုံးကို၀န်ခံပြီးနောက် သူ့စိတ်ဝိညာဉ်စွမ်းအားများကို ရုတ်သိမ်းလိုက်သောအခါ ရေလှိုင်းများအားလုံးက ပျောက်ကွယ်သွားခဲ့၏။
ဒါပေါ့ ကျန်းယန် အေးခဲထားသော အပိုင်းများကတော့ ပျောက်ဆုံးမသွားဘဲ ကျန်ရစ်ခဲ့သည်။
ထိုအခါမှ လူတိုင်းမြေပေါ်ပြန်ဆင်းလာခဲ့ကြပြီး ကိုယ့်နေရာကိုယ် ပြန်ယူလိုက်ကြ၏။ ထို့နောက် လန်ချင်းဖုန်း ကျန်းယန်ကိုမကျေမနပ်ပြောလိုက်သည်။
“မင်းကငါ့အကွက်နှစ်ကွက်ကိုတောင် ခိုးသွားပြီးပြီ ဘာလို့ငါ့ကိုကျ မင်းအကွက်တစ်ကွက်လောက် ပြန်သင်မပေးတာလဲ”
ကျန်းယန် သူ့ကိုတစ်ချက်ကြည့်လိုက်ကာ
“ငါကသင်ပေးရဲတယ် မင်းကသင်ရဲလို့လား”
“ဘာကြောက်စရာရှိလဲ…” လန်ချင်းဖုန်း အလိုလိုပြန်ပြောလိုက်၏။ ထို့နောက် သူအခြားဂိုဏ်းကြီးများက လူများကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းမာစွာ ပြောလိုက်ပြန်သည်။
“ငါ့ကိုမင်းရဲ့ အန္တိမအကွက်တစ်ကွက်(အန္တိမ = နောက်ဆုံး(ultimate)) သင်ပေး ငါအခုပဲသင်မယ်”
အခြားဂိုဏ်းများက ဘယ်သူမှ လန်ချင်းဖုန်း၏အပြုအမူကို ဂရုစိုက်မနေကြတော့ပေ။
“မင်းက ခုနတုန်းက ဒီနေ့ ၂ ပွဲတိုက်မှာလို့ပြောခဲ့တယ်နော် ဆိုတော့ အခုက ငါ့အလှည့်ပဲ” နောက်ထပ်ပါရမီရှင်တစ်ယောက် ရှေ့တက်လာကာ ကျန်းယန်ကို စိုက်ကြည့်လိုက်၏။
“ငါက မြင့်မြတ်ဝိညာဉ်ဂိုဏ်းက ရှန်ကျင်းချန် ပါ ငါကဓားတာအိုကိုကျင့်ကြံတယ် အဲ့တော့ မင်းနဲ့ ဓားတာအိုချင်း ဖလှယ်ချင်ပါတယ်”
ကျိုးလင်နှင့်တိုက်ပွဲပြီးဆုံးသွားသည့်နောက် လူတိုင်းက ကျန်းယန်စကားလုံးများဖြင့် ပိတ်လှောင်ခြင်းကို ခံလိုက်ကြရသည်။
သူတို့အားလုံးသည် ပါရမီရှင်များသာဖြစ်ကြသောကြောင့် မာနရှိကြ၏။ ဘယ်သူမှ ကျိုးလင်လိုအခွင့်အရေးယူလိုစိတ် မရှိကြတော့ပေ။
အရင်ကတော့ သူတို့အဇူရာတိမ်ဂိုဏ်းကိုအထင်သေးခဲ့မိကြပြီး အခုလို လေးလေးနက်နက်တိုက်ခိုက်ရလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့မိကြပေ။
အခုလိုကျန်းယန်က ထိပ်တန်း ပါရမီရှင်များကို အနိုင်ယူပြီးနောက်တွင်တော့ သူတို့ ဆက်အထင်မသေးရဲကြတော့ပေ။
အခုအခြေအနေတွင် သူတို့ထဲက ဘယ်သူမှ ကျန်းယန်ကိုအနိုင်တိုက်နိုင်သည်ဟု အသေအချာမပြောရဲကြတော့ပေ။
ယခုအခါ ကျန်းယန်က သူတို့မာနကိုစကားလုံးများဖြင့် ဆွလိုက်သောကြောင့် ထိုသူများတစ်ယောက်ပြီးတစ်ယောက် ယောက်ျားပီပီသသ စိန်ခေါ်ရန် ထွက်လာခဲ့ကြသည်။
ထိုသူများသည် သူတို့ဂိုဏ်းများတွင် ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်သောကြောင့် ကျန်းယန်အတွက်လည်း ထိုအရာက အခွင့်အရေးကောင်းကြီးတစ်ခုဖြစ်၏။
“ပြဿနာမရှိဘူး” ကျန်းယန် တွန့်ဆုတ်မနေဘဲ ပြောလိုက်၏။ ထို့နောက် သူလန်ချင်းဖုန်းကိုပြောလိုက်သည်။
“ငါ့ဆီက လျှို့ဝှက်သိုင်းကွက်သင်ချင်လည်း ရပါတယ် ဒီတိုက်ပွဲပြီးရင် ငါ့ကိုလာရှာလှည့်”
အခြားဂိုဏ်းမှလူများ လန်ချင်းဖုန်းကို မကြည်မလင်ကြည့်ရှုလိုက်ကြ၏။
သူတို့ ကျန်းယန်၏ခွန်အားကိုအသိအမှတ်ပြုသော်လည်း အဇူရာတိမ်ဂိုဏ်းဆိုသည်မှာ သူတို့ရန်သူသာဖြစ်သည်။
တကယ်လို့ တစ်ယောက်ယောက်က အဇူရာတိမ်ဂိုဏ်းနှင့်ပူးပေါင်းနေလျှင် သူတို့က ထိုလူကိုသတိထားရမည်သာ။
လန်ချင်းဖုန်းကလည်း အရူးမဟုတ်ပေ။ သူအမြန်ပြောလိုက်၏။
“မင်းသတ္တိရှိရင် ဒီမှာပဲသင်ပေးလိုက် ငါကအလုပ်ရှုပ်တယ် မင်းဆီလာဖို့ အချိန်မရှိဘူး”
ကျန်းယန် မျက်ခုံးများတွန့်ကွေးသွားခဲ့သည်။ ထို့နောက် အေးခဲနေသော နေရာကိုတစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်ထဲ အကြံဉာဏ်တစ်ခုပေါ်လာကာ ပြုံးလိုက်၏။
“ငါမင်းဆီက အန္တိမတိုက်ကွက် ၂ကွက်တောင် ယူထားမှတော့ မင်းကိုလည်း ကဗျာတစ်ပုဒ်ပြန်ပေးရမှာပေါ့
တောင်ေပါင်းတစ်ထောင်လုံးမှာ ဘယ်ငှက်မှ မပျံဘူး
လမ်းပေါင်းတစ်သောင်းလုံးမှာ ဘယ်လူသားခြေရာမှ မကျန်ဘူး
လှေငယ်တစ်စင်း မိုးကာနဲ့ဦးထုပ်ကို၀တ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက် အေးစက်နေတဲ့ ရေခဲမြစ်ထဲ တစ်ယောက်တည်း ငါးမျှားနေတယ်
ငါ့နည်းစနစ်ရဲ့ လျှို့ဝှက်ချက်ကို ဒီကဗျာထဲမှာ ဝှက်ထားတယ် သေချာနားလည်အောင် ကြိုးစား”
သူတမင်တကာ လန်ချင်းဖုန်းကို ထိုအကြောင်းတွေးပြီး အချိန်ဖြုန်းအောင် လုပ်လိုက်ခြင်း ဖြစ်၏။
လန်ချင်းဖုန်းတောင့်တင်းသွားခဲ့သည်။
ဤကဗျာထဲတွင် လျှို့ဝှက်ချက်ရှိနေခြင်းပေလော။
သူအတွေးနက်သွားခဲ့၏။
လူတိုင်းလန်ချင်းဖုန်းကိုထူးဆန်းစွာ ကြည့်လိုက်ကြသည်။
ဒီကောင်က အရူးလားဟ
ဘယ်လိုနည်းစနစ်မျိုးကို ကဗျာထဲ ဝှက်ထား၍ရပါမည်နည်း။
ဘယ်ကျင့်ကြံခြင်းဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်တွင်မှ ကဗျာမပါခဲ့ပေ။ သူတို့လို ကျင့်ကြံသူများအတွက် ကဗျာဆိုတာ ဘာမှအသုံးမ၀င်ပေ။
သို့သော် လန်ကျားအထွတ်အမြတ်မြေကလူများ၏ မျက်လုံးများကတော့ တောက်ပသွားခဲ့ကြ၏။
သူတို့သည် ကျောင်းတော်သားများ ဖြစ်ကြပေသည်။
ထိုလူ၏ခွန်အားက ကြောက်စရာကောင်းရုံသာမက သူသည် ကဗျာလည်းရေးနိုင်နေသေး၏။
ထို့အပြင်ကဗျာ၏အရည်အသွေးကလည်း မြင့်နေပြန်သည်။
လန်ကျားအထွတ်အမြတ်မြေကလူများ ကျန်းယန်ကိုတုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ကြ၏။ အမျိုးသမီးတပည့်များဆိုလျှင် သူ့ကို အရည်လဲ့နေသော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြလေသည်။
“ရပြီမလား ဝေးဝေးကိုဆုတ်နေတော့ ငါတို့တိုက်ပွဲကို၀င်မရှုပ်နဲ့” ကျန်းယန် လန်ချင်းဖုန်းကိုနောက်ဆုတ်ဖို့ လက်ဟန်ပြလိုက်၏။
သူ့တွင် လန်ချင်းဖုန်းကိုပေးစရာ မည်သည့်လျှို့ဝှက်နည်းစနစ်ရှိရပါမည်နည်းး။ သူ့ရှေ့ရှ်ိ ရေခဲပြင်ကြီးကိုကြည့်ပြီး ဤမြင်ကွင်းနှင့်ကိုက်ညီသည့်ကဗျာတစ်ပုဒ်ပေါ်လာ၍သာ လန်ချင်းဖုန်း အချိန်ဖြုန်းမိအောင် တမင်သက်သက် ထိုကဗျာပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် လန်ချင်းဖုန်းကတော့ အတည်မှတ်သွားခဲ့၏။
သူမျက်မှောင်ကြုံ့ကာ မဟာနှင်းတောင်ဂိုဏ်းစခန်းသို့ ပြန်သွားခဲ့ပြီး နောက်ပွဲကိုပင် ဆက်မကြည့်တော့ပေ။
မဟာနှင်းတောင်ဂိုဏ်းသည် နှင်းနယ်မြေတွင်တည်ရှ်ိသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။
ထိုနေရာသည် တစ်နှစ်ပတ်လုံး ရေခဲနှင့်နှင်းများဖုံးလွှမ်းနေသော နေရာဖြစ်ပြီး အဆုံးမဲ့သော နှင်းကမ္ဘာကြီးသာ ဖြစ်၏။
လန်ချင်းဖုန်းသည် ထိုနေရာတွင် ကြီးပြင်းလာခဲ့သူဖြစ်ကာ တောင်ပေါင်းတစ်ထောင်လုံးမှာ ဘယ်ငှက်မှမပျံဘူး လမ်းပေါင်းတစ်သောင်းလုံးမှာ ဘယ်လူသားခြေရာမှ မကျန်ဘူး ဟူသောမြင်ကွင်းမျိုးကို မြင်ဖူးသူ ဖြစ်သည်။ ထို့အပြင် သူ့ရေခဲကမ္ဘာနှင့်အေးခဲစွမ်းအားကိုလည်း ထိုရေခဲနယ်မြေမှ နားလည်လာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ကျန်းယန် ထိုကဗျာကိုရွတ်ပြလိုက်ချိန်တွင် သူ့စိတ်ထဲ၌ မြင်ကွင်းတစ်ခုပေါ်လာခဲ့ပြီး သူ့တာအိုနှလုံးသားကလည်း ပြင်းပြင်းထန်ထန်တုန်ရီသွားခဲ့ခြင်း ဖြစ်သည်။
ထိုအရာက အခွင့်အလမ်းတစ်ခုဟု သူတွေးမိသွားသောကြောင့် ချက်ချင်း ဆင်ခြင်သုံးသပ်ဖို့ ပြန်သွားခဲ့ခြင်း ဖြစ်၏။
လူတိုင်းကတော့ လန်ချင်းဖုန်းကိုအရူးတစ်ယောက်လို့သာမြင်နေခဲ့ကြသည်။
ကျန်းယန် ကိုယ်တိုင်လည်းအနည်းငယ်ထူးဆန်းသလို ခံစားနေခဲ့ရသည်။ သူသည် ဒီတိုင်းရှေးဟောင်းကဗျာတစ်ပုဒ်ကိုရွတ်ပြလိုက်ခြင်းသာ ဖြစ်ပြီး ထိုကောင်က ထိုကဗျာထဲမှတစ်ခုခုကို နားလည်သွားခြင်းပေလော။
ကျန်းယန် သူ့အတွေးများကိုပြန်လည်စုစည်းလိုက်ပြီး သူ့ရှေ့က ရှန်ကျင်းချန်ကိုကြည့်ကာ
“ကျေးဇူးပြုပြီး စပါ”
ရှန်ကျင်းချန် တံဆိပ်ပြားတစ်ပြား ကွင်းပြင်ထောင့်စွန်းဆီပစ်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“ငါ့ဓားချီကအတော်လေး ထူးဆန်းတယ် ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
သူကျန်းယန်ကိုအမှန်တကယ်ပင် ရှားပါးပြိုင်ဘက်တစ်ယောက်ဟု သဘောထားနေသောကြောင့် အခုလို ကြိုတင်သတိပေးခဲ့ခြင်း ဖြစ်သည်။
“မင်းလည်းဂရုစိုက်ပါ” ကျန်းယန်လည်း ပျူငှာစွာ ပြန်ပြောလိုက်၏။
ရှန်ကျင်းချန် သူ့လက်ချောင်းများဖြင့်ဓားတစ်လက်ဖွဲ့တည်လိုက်ပြီး ခပ်အုပ်အုပ်အော်ပြောလိုက်လေသည်။
“မနက်ခင်း နှင်းစက်”
ထိုအခါ သန့်ရှင်းလတ်ဆတ်သောအရှိန်အဝါမျိုးကိုသယ်ဆောင်ထားသည့် ဓားချီက ကျန်းယန်ဆီပြေး၀င်သွားခဲ့၏။
“ညနေဆည်းဆာ”
မတူညီသောအရှိန်အဝါရှိသော ဓားချီတစ်ခုက ရှေ့ဓားချီနောက်မှ ကပ်လိုက်သွားခဲ့ပြန်သည်။
ကျန်းယန် အမူအရာလေးနက်သွားခဲ့၏။ သူချက်ချင်းဆိုသလို သေမျိုးကမ္ဘာမှာကျတဲ့နှင်း ကိုထုတ်သုံးလိုက်သည်။
နက်နဲလှသောသဘောတရားများပါ၀င်နေသည့် ဓားချီနှစ်ခုကို သူအထင်မသေးဝံ့ပေ။
တခဏအကြာတွင် သူ့အလိုလိုသိစိတ်က မှန်ကန်ကြောင်း အချက်အလက်များက သက်သေပြသွားခဲ့၏။
ကျဆင်းနေသော နှင်းပွင့်များ၏ သက်ရောက်မှုကိုလုံး၀မခံရဘဲ တောက်ပနေဆဲဓားချီနှစ်ခုက ကျန်းယန်ဆီတည့်တည့် ပြေး၀င်လာခဲ့လေသည်။
ကျန်းယန် ချက်ချင်း လေစီးကြောင်းကိုသုံး၍ သူ့ခန္ဓာကိုယ်ကိုဓားချီလမ်းကြောင်းမှ ဖယ်လိုက်လေရာ ဓားချီများက လွဲသွားခဲ့၏။
ထိုအခါ ဓားချီက ရေခဲနေသော ဧရိယာကြီးကိုထိသွားခဲ့ကာ ရေခဲများအစိတ်စိတ်အမွှာမွှာကွဲကုန်ပြီး ထိုရေခဲနယ်မြေကြီးတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ရှန်ကျင်းချန်၏ ထိန်းချုပ်မှုအောက်တွင် ကျန်းယန်ကိုလွဲသွားသော ဓားချီက နောက်ပြန်လှည့်၍ သူ့ဆီ ဦးတည်လာခဲ့ပြန်၏။
ဓားချီက ကျန်းယန် မသေမချင်းမရပ်တန့်တော့မည့်ဟန်ဖြင့် သူ့နောက်သို့ ဆက်တိုက်လိုက်နေခဲ့သည်။
ကျန်းယန် ကုန်းရှို့ပင်းနှင့်ပြန်ရင်ဆိုင်နေရသလို ခံစားနေခဲ့ရ၏။ ဤဓားချီကိုထိန်းချုပ်ထားသော စွမ်းအားကို သူနားမလည်နိုင်ခဲ့ပေ။
သူလေထဲက ထိုဓားချီ၏စွမ်းအားကိုခံစားမိသော်လည်း ထိုဓားချီများကို ဘယ်လိုဖွဲ့တည်ထားသလဲဆိုတာ သူလုံး၀ နားမလည်နိုင်ခဲ့ပေ။
ထိုဓားချီ၏ တည်ဆောက်ပုံကိုမသိဘဲ သူ့ကိုခုခံဖို့ကလည်း လုံး၀ မဖြစ်နိုင်ပေ။
ထိုကဲ့သို့သော အခြေအနေမျိုးနှင့်ရင်ဆိုင်ရသောအခါ သူ့တွင်ရွေးချယ်စရာ နှစ်ခုသာ ကျန်ရစ်တော့၏။ ထိုအရာကို ထိပ်တိုက်ရင်ဆိုင်မလား ရှောင်မလားဆိုတာကို သူရွေးရပေတော့မည်။
ထိုအခိုက်တွင် နောက်ဆုံး၌ ကျန်းယန် သူ့ဆရာတစ်ချိန်ကပြောခဲ့ဖူးသောစကားကို နားလည်သွားခဲ့လေသည်။
ဂိုဏ်းကြီးများ၏ အရင်းအမြစ်များအားလုံးကိုသုံး၍ ပျိုးထောင်ပေးခဲ့သော ဤကမ္ဘာကြီး၏ထိပ်တန်းပါရမီရှင်များတွင် အနည်းဆုံး ဝှက်ဖဲ တစ်ကဒ် နှစ်ကဒ်ကတော့ ရှိနေကြသည်သာ။
ကျန်းယန် ရုတ်တရက် ရှန်ကျင်းချန် သူ့ဓားချီများကိုမထုတ်ခင်က ရွတ်ဆိုခဲ့သော နာမည်နှစ်ခုကို သတိရသွားခဲ့၏။
ထိုနာမည်များမှာ မနက်ခင်းနှင်းစက်နှင့်ညနေဆည်းဆာတို့ ဖြစ်ကြသည်။
ထိုနာမည်များကြားထဲတွင် ဝှက်ထားသော လျှို့ဝှက်ချက်တစ်ခုခုရှိနေနိုင်ပါမည်လော။
ရုတ်တရက်ဆိုသလို ကဗျာတစ်ကြောင်းက သူ့စိတ်ထဲ ပေါ်ပေါက်လာခဲ့၏။
“ဖန်ဆင်းခြင်းက အလှတရားကို ဒီနေရာမှာ စုဝေးပေးတယ် ယင်နဲ့ယန်ဟာ ဆည်းဆာချိန်မှာ ကွဲသွားတယ်”
ရုတ်ချည်းဆိုသလို ကျန်းယန် ထိုဓားချီနှစ်ခု၏ လျှို့ဝှက်ချက်ကို နားလည်သွားခဲ့လေသည်။