← Chapters

တမူထူးသောဓားချီ

Vol. 19 Ch. 204

တမူထူးသောဓားချီ

Vol. 19 Ch. 204

“ဒီဓားချီက…”

ကွင်းပြင်ဘေးက လင်းရှု ရှန်ကျင်းချန် ထုတ်လွှတ်လိုက်သောဓားချီနှစ်ခုကို စိုက်ကြည့်နေခဲ့၏။

ရှန်ကျင်းချန် ထိုဓားချီများကိုထုတ်လွှတ်လိုက်ပြီးကတည်းက လင်းရှု မတ်တပ်ပင်ထရပ်ပြီး ထိုအရာများကို ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။

သူ့အမူအရာအရ အခွင့်အရေးသာရှိလျှင် သူသည်ချက်ချင်းပင် ကွင်းပြင်ထဲ၀င်သွားပြီး ထိုဓားချီများ၏နက်နဲမှုကို ၀င်ကြည့်ချင်နေပုံပင်။

“စီနီယာအစ်ကိုကြီး ဘာဖြစ်လို့လဲ” ကုန်းရှုမေးလိုက်၏။

လင်းရှု ကွင်းပြင်ကိုသာစိုက်ကြည့်နေပြီး ခေါင်းပင်လှည့်မလာခဲ့ပေ။

“ငါသာအဲ့ဒီဓားချီတွေရဲ့ဆန်းကြယ်မှုကို နားလည်နိုင်ခဲ့ရင် နတ်ဝိညာဉ်အဆင့်အောက်မှာ ဘယ်သူမှ ငါ့ကိုအနိုင်ယူနိုင်တော့မှာမဟုတ်ဘူး ငါက နတ်ဝိညာဉ်အဆင့်ပညာရှင်တွေကိုတောင်

တိုက်ခိုက်နိုင်လာလိမ့်မယ်”

ကုန်းရှု ဓားချီကိုတစ်ချက်ကြည့်ကာ အသာအယာခေါင်းညိတ်လိုက်ပြီး

“ဒီဓားချီရဲ့ ဆန်းကြယ်မှုနဲ့ စီနီယာအစ်ကိုကြီးရဲ့ဓားတွေပေါင်းစပ်လိုက်ရင် စွမ်းအားက ကြောက်စရာကောင်းလွန်းသွားမှာပဲ ဒီလိုဆို အစ်ကိုကြီး ဒီတိုက်ပွဲပြီးသွားတဲ့အခါ ရှန်ကျင်းချန်နဲ့သွားလက်ရည်စမ်းကြည့်ပါလား အစ်ကိုကြီးသူ့ဓားရဲ့လျှို့ဝှက်ချက်ကို ဖမ်းဆုပ်မိရင် မိမှာပေါ့”

“ကောင်းတယ်” လင်းရှု‌ပြန်ပြောလိုက်သည်။

တကယ်တော့ သူတိုက်ပွဲကွင်းပြင်ထဲအခုတောင်၀င်သွားချင်နေခြင်း ဖြစ်၏။

ထိုအခိုက်တွင် ပါရမီရှင်များအားလုံး ရှန်ကျင်းချန်၏ဓားချီများကို သုန်မှုန်နေသောမျက်နှာထားဖြင့် ကြည့်ရှုနေခဲ့ကြသည်။

ဤမျိုးဆက်က ပါရမီရှင်များသည် တစ်ယောက်တစ်မျိုးထူးချွန်ကြတာကို သူတို့နားလည်လက်ခံသွားခဲ့ကြရ၏။

စာလုံးလေးလုံးကိုနားလည်ထားသော ကုန်းရှို့ပင်း၊ ကျယ်ပြန့်ပင်လယ်ပညာရပ်ကို ကျင့်ကြံထားသော ချီလန်၊ အေးခဲစွမ်းအားကိုကိုင်ဆွဲထားသည့် လန်ချင်းဖုန်း၊ နေကောင်းကင်ပညာရပ်ကို ကျင့်ကြံသော ကျိုးလင်။

ကျိုးလင်သည် အလွယ်တကူအနိုင်ယူခံလိုက်ရသော်လည်း သူထုတ်ပြခဲ့သောစွမ်းအားက ဤနေရာရှိလူအများစု မယှဉ်ပြိုင်နိုင်သော စွမ်းအားမျိုးသာ ဖြစ်၏။

ပြီးတော့ ထိုပါရမီရှင်များအားလုံးကို အနိုင်ယူခဲ့သည့် ကျန်းယန်

သူသည် အတော်လေးထူးဆန်းသူဖြစ်ပြီး ထိုသကောင့်သားက ဘာမှားနေသလဲဆိုတာ ဘယ်သူမှ အဖြေမရှာနိုင်ခဲ့ကြပေ။

လူတိုင်း ကျန်းယန် ရှန်ကျင်းချန်၏ဓားချီများကို ဘယ်လို ချိုးဖျက်မလဲဆိုတာ သိချင်နေခဲ့ကြသည်။

ကျန်းယန်ထိုဓားချီများကြောင့် အသတ်ခံလိုက်ရလိမ့်မည်လို့တော့ ဘယ်သူမှ မတွေးကြတော့ပေ။ ကျန်းယန်အနိုင်ယူခံလိုက်ရသည်က ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ကိုသတ်ဖြတ်ဖို့ကတော့ မဖြစ်နိုင်တော့ပေ။

ကွင်းပြင်ထဲတွင် ရှန်ကျင်းချန် ကျန်းယန်ကိုမျက်မှောင်အနည်းငယ်ကြုံ့၍ ကြည့်ကာ မေးလိုက်၏။

“တာအိုမိတ်ဆွေ မင်းကရှောင်ပဲနေတယ် ပြန်လည်းမတိုက်ခိုက်ဘူး မင်းကငါ့ကိုအထင်သေးနေတာများလား”

ကျန်းယန်သည် အခြားသူများကို ပြန်တိုက်ခိုက်ခဲ့သော်လည်း သူ့ကိုတော့လုံး၀ပြန်မတိုက်ခိုက်ခဲ့ပေ။

ရှောင်နေရင်း ကျန်းယန်ပြန်ဖြေလိုက်သည်။

“ငါမင်းဓားချီရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီ ချိုးဖျက်နိုင်ဖို့ ခြေတစ်လှမ်းစာပဲ လိုတော့တာ”

ရှန်ကျင်းချန်သူငယ်အိမ်များကြုံ့သွားခဲ့ပြီး အကာအကွယ်ကို ပိုမြှင့်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ကျန်းယန်က ဓားချီဟုသာပြောခဲ့ပြီး ဓားချီများဟု မပြောခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုကောင်သည် သူ့ဓားချီ၏လျှို့ဝှက်ချက်ကို တကယ်ကြီး ရှာတွေ့သွားခဲ့ခြင်းပေလော။

သူအာရုံပိုစိုက်လိုက်ပြီး အားကုန်သုံးကာ ပြင်ဆင်ထားလိုက်၏။

ထိုစဉ် ကျန်းယန်သည် နောက်ဆုတ်ရမည့်အစား လက်ဝါးကိုမြှောက်ကာ သူ့စွမ်းအားကြီးလှသော ဓားချီကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။

ထိုအခါ လက်ဝါးတစ်ချက်တည်းဖြင့် ဓားချီ၏စွမ်းအားများစွာ ပျက်ဆီးသွားခဲ့ရ၏။

ဓားချီစွမ်းအားအများစုကို လက်ဝါးရိုက်ချက်ဖြင့် ဖျက်ဆီးပြီးနောက် ကျန်းယန် ချက်ချင်းနောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူရှန်ကျင်းချန်ကိုပြုံးပြလိုက်ပြီး

“ငါမင်းရဲ့ ဓားချီကိုနားလည်သွားပြီလို့ ပြောပါတယ်”

လူတိုင်းငေးကြောင်သွားခဲ့၏။

ရှန်ကျင်းချန်၏ ဓားချီသည် ရေခဲထုကြီးတစ်ခုလုံးကို အပေါက်ဖြစ်သွားအောင် လုပ်နိုင်ခဲ့သော အရာဖြစ်ပြီး ကျန်းယန်က ထိုအရာကို လက်ဝါးသက်သက်ဖြင့် ရင်ဆိုင်ခဲ့ခြင်းပေလော။

သူ့ခန္ဓာကိုယ်အားသည် မည်မျှကြောက်စရာကောင်းနေပါသနည်း။

လူအုပ်ကြီး၏ တုန်လှုပ်မှုထက် ရှန်ကျင်းချန်၏တုန်လှုပ်မှုက ပိုပေသည်။

သူချက်ချင်းဓားချီများကိုပြန်သိမ်းလိုက်ကာ ကျန်းယန်ကိုရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်ပြီး

“တာအိုမိတ်ဆွေက ငါ့ဓားချီကိုဖျက်ဆီးနိုင်သွားပြီဆိုမှတော့ ဆက်ပြိုင်စရာအကြောင်းမရှိတော့ပါဘူး ငါအရှုံးပေးပါတယ် ဒါပေမယ့် ငါနတ်ဝိညာဉ်အဆင့်ရောက်သွားပြီး ငါ့ဓားချီကပိုမြန်လာရင် မင်းဒီလောက်လွယ်လွယ်မချိုးဖျက်နိုင်လောက်တော့ဘူး”

ကျန်းယန် အားရပါးရရယ်မောလိုက်ပြီး ပြောလိုက်၏။

“တာအိုမိတ်ဆွေ အဲ့ဒီအချိန်ရောက်သွားရင် ငါမင်းရဲ့ဓားချီကိုချိုးဖျက်နေစရာတောင် လိုတော့မှာမဟုတ်ဘူး”

“တာအိုမိတ်ဆွေ မင်းမှာအချိန်ရှိရင် ငါမင်းရဲ့ အမြင်တွေဖလှယ်ချင်ပါသေးတယ်” ရှန်ကျင်းချန် လေးလေးစားစား ပြောလိုက်သည်။

ကျန်းယန် လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“လူတိုင်းရဲ့ သဘောထားအရ ငါ့အတွက်အဇူရာတိမ်ဂိုဏ်းကိုပြန်ရောက်ဖို့ သိပ်တော့လွယ်မယ်မထင်ဘူး ဒါပေမယ့် ငါပြန်ရောက်ခဲ့ရင် အနာဂတ်မှာမင်းတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် ငါနဲ့အမြင်ချင်းဖလှယ်ချင်ရင် အချိန်မရွေး အဇူရာတိမ်ဂိုဏ်းကို လာခဲ့လို့ရပါတယ်”

လူတိုင်း သဘောတူသည်လည်းမဟုတ်သလို သဘောမတူဘူးဟုလည်း မပြောခဲ့ပေ။ ကျန်းယန် သူ့ဂိုဏ်းကိုပြန်ရောက်မရောက်က အဖြေမရှိသေးသော မေးခွန်းသာ မဟုတ်ပါလား။

“ဒီနေ့ ပြိုင်ပွဲပြီးပြီ ငါတို့မနက်ဖြန်မနက်စောစော ပြန်စကြမယ်” ကျန်းယန် အော်ပြောလိုက်ကာ နားဖို့ ပြင်လိုက်၏။

“နေပါဦး” ထိုစဉ် လင်းရှု ထွက်လာခဲ့သည်။

ကျန်းယန် အသာအယာမျက်မှောင်ကြုံ့လိုက်ပြီး လင်းရှုကို ဘာမှမပြောဘဲ ကြည့်နေလိုက်၏။

“ငါကဒီအခွင့်အရေးကိုယူပြီး တာအိုမိတ်ဆွေရှန်ကျင်းချန်နဲ့လက်ရည်စမ်းချင်ပါတယ်” လင်းရှု ရှန်ကျင်းချန်ကိုကြည့်ကာ ပြောလိုက်သည်။

ကျန်းယန် ပင်ကြောင်သွားခဲ့၏။

အမြဲတန်းတိုက်ခိုက်သူသာဖြစ်ခဲ့သောသူက အခုတော့ ပွဲကြည့်ပရိတ်သတ်လုပ်ရတော့မည်လော။

“ငါ့မှာငြင်းစရာမရှ်ိပါဘူး…ငါကဘာပဲဖြစ်ဖြစ် တစ်ရက် ၂ပွဲပဲတိုက်မှာ ငါ့ကိုပွဲပန်းပြီးသေအောင်လုပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့” ကျန်းယန် ရယ်မောလိုက်လေသည်။

“ကျန်တာကတော့ မင်းတို့သဘောပဲ ငါနဲ့မဆိုင်ဘူး”

ဤတိုက်ပွဲကွင်းပြင်ကို သူပုံစံဆွဲခဲ့ခြင်းဖြစ်သော်လည်း ဤနေရာကို သူပိုင်တာတော့ မဟုတ်ပေ။

အခြားဂိုဏ်းများလည်း ငြင်းစရာမရှိသောကြောင့် ပွဲဖြစ်မဖြစ်က ရှန်ကျင်းချန်ပေါ်တွင်သာ မူ‌တည်နေခဲ့၏။

ရှန်ကျင်းချန် အသာအယာခေါင်းညိတ်ပြလိုက်ကာ

“အဆင်ပြေပါတယ်”

“တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ဂရုစိုက်ပါ” လင်းရှုပြောလိုက်ပြီး ဓားချီတစ်ခုဖွဲ့တည်လိုက်လေသည်။ ထို့နောက် ကြမ်းတမ်းလှသော ဓားချီတစ်ခုက ရှန်ကျင်းချန်ဆီ ပြေး၀င်သွားခဲ့၏။

ရှန်ကျင်းချန် ‌မနက်ခင်းနှင်းစက်နှင့်‌ညနေဆည်းဆာကို ထုတ်မသုံးခဲ့ပေ။ ထိုအစား သာမန်ဓားချီသာထုတ်၍ လင်းရှုဓားချီကိုတုန့်ပြန်လိုက်လေသည်။

ရုတ်ချည်းဆိုသလို ဓားချီနှစ်ခုက တွေ့ဆုံသွားခဲ့ကြ၏။

ကျန်းယန် ၀င်္ကပါ၏၀င်ပေါက်တွင် ထိုင်နေရင်းတိုက်ပွဲကို ကြည့်ရှုနေခဲ့သည်။

“စီနီယာအစ်ကိုကြီး ခုနတုန်းက ထိုက်ယင်အမတပညာရပ်ကို သုံးလိုက်တာမလား” စစ်ထူမင်ယွဲ့ရောက်လာပြီး သူ့ဘေးတွင်ထိုင်ကာ အသံကူးပြောင်း၍ မေးလိုက်၏။

“အင်း ငါသုံးခဲ့တယ်” ကျန်းယန် ရှင်းပြလိုက်သည်။

“ဒါပေမယ့် အဲ့တာက သူ့ဓားချီရှုံးနိမ့်သွားရတဲ့ အဓိကအကြောင်းအရင်းတော့ မဟုတ်ဘူး”

စစ်ထူမင်ယွဲ့ ကျန်းယန်ကိုလေးစားအားကျမှုများပြည့်နေသော မျက်လုံးများဖြင့်ကြည့်ကာ လေးလေးနက်နက်မေးလိုက်၏။

“ညီမလေးကို အသေးစိတ်ရှင်းပြလို့ရမလား”

ကျန်းယန် စစ်ထူမင်ယွဲ့ကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“နင်လည်း အဲ့ဒီပါရမီရှင်တွေနဲ့ သွားတိုက်ခိုက်သင့်တယ် အကျိုးကျေးဇူးတွေအများကြီးရမှာ သေချာတယ် ဥပမာ အဲ့ဒီရှန်ကျင်းချန်ရဲ့ ဓားချီကိုပဲကြည့် သူက ဓားချီ ၂ခုလို့ထင်ရပေမယ့် တကယ်က တစ်ခုတည်းပဲ

သူ့ဓားချီကအတော်လေးတော့ ကြောက်စရာကောင်းတယ် အဲ့တာကို ယင်ယန်ဓားဆန္ဒ ဒါမှမဟုတ် ပြန်လည်မွေးဖွားခြင်းဓားဆန္ဒလို့ ခေါ်လို့ရတယ် အဲ့ဒီဓားဆန္ဒနှစ်ခုက ခွဲလို့မရဘူး အဆက်မပြတ်တစ်ခုနဲ့တစ်ခုကူးပြောင်းနေတာ တစ်ခုပင်ပန်းသွားရင် နောက်တစ်ခုက သူ့အစား အစား၀င်လာတယ် အဲ့ဒီနည်းလမ်းနဲ့ သူကအဆုံးမဲ့အောင် လည်ပတ်နေတာ အဲ့တာကြောင့် သူ့စွမ်းအားက ချိုးဖျက်လို့မရအောင် ကြောက်စရာကောင်းလွန်းနေတာပဲ

ဒါပေမယ့် အမြင့်ဆုံးယန် ဒါမှမဟုတ် အမြင့်ဆုံးယင်ထွက်ပေါ်လာတဲ့ ယင်နဲ့ယန်ကူးပြောင်းတဲ့အချိန်ခဏလေးက သူ့အားနည်းချက်ပဲ

ငါသူ့ဓားချီကိုချိုးဖျက်လိုက်နိုင်တဲ့ အကြောင်းအရင်းက အဲ့ဒီအခိုက်အတန့်လေးကို အခွင့်အရေးရအောင်ယူလိုက်နိုင်လို့ပဲ

သူ့ဓားချီရဲ့ ယန်စွမ်းအားအပြင်းဆုံးအနေအထားကို ရောက်တဲ့အချိန်မှာ ငါက ထိုက်ယင်စွမ်းအားနဲ့ လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီး သူ့ယန်စွမ်းအားကိုချေဖျက်ပစ်လိုက်တာ အဲ့တာကြောင့် သူ့ဓားချီက အားနည်းသွားခဲ့တာ

ရှန်ကျင်းချန်ကလည်း အဲ့တာကို ကောင်းကောင်းကြီးနားလည်တယ် ငါသူ့ဓားချီရဲ့ လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်သွားပြီဆိုတာ သိသွားတော့ သူ့အတွက်ဆက်တိုက်ခိုက်နေလည်း မထူးတော့ဘူးလေ”

“ညီမလေးနားလည်သွားပြီ ကျေးဇူးပါစီနီယာအစ်ကိုကြီး” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုလေးစားအားကျသောမျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်၏။

ကျန်းယန် အကူအညီမဲ့သလိုခံစားလိုက်ရသော်လည်း သူမကို အားပေးလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းရဲ့နောက်မျိုးဆက်က ငါတို့ပေါ်ပဲမူတည်နေတာ နင်လည်းမဖြစ်မနေ သန်မာလာရမယ် လူတိုင်းနောက်မှာ ပြတ်မကျန်ခဲ့စေနဲ့”

“စိတ်မပူပါနဲ့စီနီယာအစ်ကိုကြီး ညီမလေးမကျန်ခဲ့စေရပါဘူး”

နောက်ဆုံးတွင် သူမသည် ထိုက်ယင်အမတပညာရပ်ကို ကျင့်ကြံသည့် သိမ်မွေ့ယင်တာအိုမျိုးစေ့ပိုင်ရှင် မဟုတ်ပါလော။

All Chapters