ကျားမိစ္ဆာ၏ဇာစ်မြစ်
Vol. 19 Ch. 206
ကုန်းရှို့ပင်းနှင့်ဟွေ့ချင်းတို့ကြားကတိုက်ပွဲကလည်း အချိန်ခဏလေးအတွင်း သရေကျ၍ ပြီးဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် သူတို့သည် လက်ရည်စမ်းနေကြခြင်းသာဖြစ်ပြီး တစ်ယောက်၏ခွန်အားကိုတစ်ယောက်က အတည်ပြုကြခြင်းသာ ဖြစ်၏။
ကျန်းယန်နှင့်ရင်ဆိုင်နေခြင်းမဟုတ်သောကြောင့် သူတို့အစွမ်းကုန်ထုတ်စရာလည်း မလိုပေ။
ကုန်းရှို့ပင်းနှင့်ဟွေ့ချင်းတို့တိုက်ခိုက်ပြီးသောအခါ ကွင်းပြင်ထဲ ဘယ်သူမှထွက်မလာကြတော့ပေ။ ကွင်းပြင်ကြီးတစ်ခုလုံးက တိတ်ဆိတ်သွားပြီး ဂိုဏ်းကြီးများက သူတို့စခန်းများဆီ ပြန်သွားခဲ့ကြသည်။
ကျန်းယန်တို့လည်း ၀င်္ကပါထဲ ပြန်၀င်လာခဲ့ကြ၏။
“စီနီယာအစ်ကိုကြီး မနက်ဖြန်ကျ ညီမလေးတစ်ယောက်ယောက်ကိုစိန်ခေါ်ချင်တယ်” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုကြည့်ကာ ပြောလိုက်သည်။
“ညီမလေးလည်း ခွန်အားတိုးချင်တယ်”
ကျန်းယန် သူမကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ငါနင့်ပြိုင်ဘက်ကို ရွေးပေးမယ်”
သူမသည် အရင်ကတစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသောကြောင့် တိုက်ပွဲအတွေ့အကြုံက မရှိသလောက်ဘဲဟု ပြော၍ ရပေသည်။
သို့သော် သူမသည် ထိုက်ယင်အမတပညာရပ်ကိုကျင့်ကြံသောကြောင့် သူမအစွမ်းကတော့ မသေးလှပေ။
ထို့အပြင် အဇူရာတိမ်ဂိုဏ်း၏ ဒုတိယမျိုးဆက်တွင် သူတစ်ယောက်တည်းကသာ နေရာယူထား၍လည်း မဖြစ်သေးပေ။
ထို့ကြောင့် ကျန်းယန် သူမကိုခွင့်ပြုခဲ့ခြင်းဖြစ်၏။
“ဒါဆို…ကျွန်တော်ရော တစ်ပွဲလောက်ယှဉ်ပြိုင်ကြည့်ရင်ရော” ဟူတလီ ခေါင်းကုတ်ကာ ၀င်ပြောလိုက်သည်။
ကျန်းယန်တခဏတွေးတောပြီးနောက် ခေါင်းယမ်းလိုက်ကာ
“မင်းပုံစံမပြောင်းရသေးခင်ဆိုရင်တော့ ပြဿနာသိပ်မရှိဘူး ဒါပေမယ့် အခုကလူပုံပြောင်းပြီးပြီဆိုတော့ ဘယ်သူ့ကိုမှစိန်မခေါ်တာ အကောင်းဆုံးပဲ”
ချင်းရှု ဟူတလီကိုတစ်ချက်ကြည့်ကာ သူ့အမူအရာလေးနက်သွားခဲ့ပြီး
“အမှန်ပဲ သူ့ကြောင့်ပြဿနာဖြစ်လာနိုင်တယ် စကားမစပ် ကျန်းယန် ဒီကျားကဘယ်ကလာတာလဲ ဒီလိုစွမ်းအားကြီးတဲ့ ကျားသားရဲမျိုးရှိတာ ငါတစ်ခါမှ မကြားခဲ့ဖူးဘူး ပြီးတော့ သူကလူပုံတောင်ပြောင်းနိုင်နေသေးတယ်
ငါကြားဖူးတာတော့ အခုလို သားရဲတွေရှိတာ တစ်နေရာပဲရှ်ိတယ်တဲ့”
“ဘယ်နေရာလဲ” ကျန်းယန် အလောတကြီးမေးလိုက်သည်။
“တောင်တစ်သောင်းတောင်တန်း” ချင်းရှု ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲ့ဒီနေရာက မိစ္ဆာသားရဲတွေအတွက် နိဗ္ဗာန်ဘုံပဲ ဒါပေမယ့် ကျင့်ကြံသူတွေအတွက်တော့ တားမြစ်နယ်မြေ ငါတို့ရှို့ယိဘုရားကျောင်းမှာဆို တားမြစ်ချက်တစ်ခုရှိတယ် ဘယ်သူမှ အဲ့နေရာကို အလွယ်တကူ၀င်သွားလို့မရဘူး ၀င်သွားမိလို့ အန္တရာယ်ရှိလာရင်လည်း ကိုယ့်ပြဿနာကိုယ့်ဟာကိုယ်ရှင်းရမယ်”
ကျိယန် အမြန်၀င်ပြောလိုက်သည်။
“ဟုတ်တယ် ဆရာဖိုးဖိုးလည်းတစ်ခါပြောဖူးတယ်”
ကျန်းယန် ရှုပ်ထွေးသွားဟန်ဖြင့် ၀င်ပြောလိုက်၏။
“တောင်တစ်သောင်းတောင်တန်းက ဘယ်မှာရှိတာလဲ အဲ့ဒီနေရာက တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ”
ဂိုဏ်းကသူ့ကိုထိုကိစ္စအကြောင်း တစ်ခါမှ သတိမပေးခဲ့ဖူးပေ။
ဒါပေါ့ သူကလည်း ဂိုဏ်းကထွက်တာရှားသောကြောင့် သူ့ကိုသတိပေးဖို့ မလိုခဲ့ပေ။
ချင်းရှု မြေပုံတစ်ချက်ကိုထုတ်ကာ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်၏ အနောက်ဘက် လီ ၅၀၀၀၀ အကွာတွင်ရှိသော နေရာတစ်ခုကို ထောက်ပြလိုက်ကာ
“ဒါက တောင်တစ်သောင်းတောင်တန်းတည်ရှိတဲ့ နေရာပဲ”
ကျန်းယန်တစ်ချက်ကြည့်လိုက်ပြီး ထိုနေရာက ကွေ့ယွမ်ဘုရားကျောင်းနှင့်မြင့်မြတ်ဝိညာဉ်ဂိုဏ်းကြားတွင် တည်ရှိမှန်း တွေ့လိုက်ရ၏။
သူဟူတလီဘက်လှည့်ကာ မေးလိုက်သည်။
“မင်းက အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေထဲက ကျားမိစ္ဆာမဟုတ်ဘူးလား”
ဟူတလီ မျက်လုံးလှန်ကြည့်လိုက်ကာ
“ကျွန်တော်က အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေထဲမှာ မွေးတာလို့ ဘယ်တုန်းက ပြောဖူးလို့လဲ ကျွန်တော်က တောင်ပေါ်မှာအစာရှာနေရင်း ရုတ်တရက် ဘာမှန်းမသိဘဲ အဲ့ဒီနေရာကို ရောက်သွားတာ အဲ့ဒီနောက်တော့ လူတစ်စုက ကျွန်တော့်ကိုသတ်ဖို့ ကြိုးစားကြတယ် ကျွန်တော်ကိုယ်တိုင်လည်း ဘာဖြစ်နေမှန်းမသိဘူး”
ကျန်းယန် ဆွံ့အသွားခဲ့သည်။
သူသည် ကျားမိစ္ဆာကို အမြဲသူတို့ဂိုဏ်းအပိုင်ဟုသာ တွေးထားခဲ့ခြင်းဖြစ်ပြီး အခုတော့ ထိုကောင်က အပြင်လူဖြစ်နေသည်တဲ့လား။
“ဒီကိစ္စကိုဆရာတော့သိမှာပဲ ငါတို့ပြန်ရောက်မှ သူ့ကိုမေးကြည့်ကြတာပေါ့” ကျန်းယန် တခဏတွေးပြီး ပြောလိုက်၏။ ထို့နောက် သူဆက်ပြောလိုက်သည်။
“ချင်းရှုနဲ့ကျိယန်တို့ မင်းတို့နှစ်ယောက်လုံးက တိုက်ခိုက်ရေးပိုင်းမှာ ကျွမ်းကျင်တာမဟုတ်ဘူးဆိုတော့ တိုက်ပွဲတွေကနေတစ်ဆင့် လေ့ကျင့်ဖို့မလိုဘူး တကယ်လို့ မင်းတို့တိုက်ခိုက်ချင်ရင်လည်း ပြန်ရောက်တဲ့အခါ ငါတို့ဂိုဏ်းထဲက ဂိုဏ်းသားအချင်းချင်းနဲ့သာ လက်ရည်စမ်းကြ
ဂျူနီယာညီမလေးအတွက်ကတော့ မနက်ဖြန်က အခွင့်အရေးပဲ ငါတို့ကွင်းကိုစိုးမိုးလိုက်ကြတာပေါ့”
ထို့နောက် လူတိုင်းအနားယူသွားခဲ့ကြ၏။
မဟာနှင်းတောင်ဂိုဏ်း စခန်းထဲတွင် လန်ချင်းဖုန်းတစ်ယောက် စခန်းထဲရောက်ကတည်းက တရားထိုင်သောအခြေအနေသို့ ၀င်ရောက်နေခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းတပည့်များက သူ့ကိုအနီးကပ်စောင့်ကြပ်ပေးနေခဲ့ကြပြီး ဘယ်သူမှ သူ့ကိုလာမနှောင့်ယှက်ရဲခဲ့ကြပေ။
ကျင့်ကြံသူများအနေဖြင့် လန်ချင်းဖုန်းတစ်ခုခုရရှိသွားမှန်း သူတို့သိရှိနေခဲ့ကြ၏။
သို့သော် သူ့ကိုယ်မှထွက်ပေါ်လာသော ထူးဆန်းသည့်အရှိန်အဝါကြောင့် သူတို့မလွယ်ကူသလိုတော့ ခံစားနေခဲ့ရသည်။
ထိုအခိုက်တွင် လန်ချင်းဖုန်းသည် နှစ်ပေါင်းများစွာကြာအောင်တည်ရှ်ိနေခဲ့သော နှင်းတောင်ကြီးတစ်လုံးလိုပင် အထီးကျန် တကိုယ်တည်းဖြစ်ကာ ကျယ်ပြောပြီး ထည်ဝါလွန်းသော ခံစားချက်မျိုးကိုပေးနေခဲ့၏။
ထိုစဉ် အခြားဂိုဏ်းကြီးများ၏ ပါရမီရှင်များကလည်း အသီးသီးကျင့်ကြံနေခဲ့ကြသည်။
ပြောရလျှင် စိတ်ပျက်လက်ပျက်ဖြစ်နေသော ကျိုးလင်မှလွဲပြီး အားလုံးက ကျင့်ကြံနေကြခြင်းသာ။
သူ့အတွက်တော့ အရာရာကပျက်ဆီးသွားသလို ခံစားနေခဲ့ရ၏။
နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဘယ်သူမှမကျင့်ကြံနိုင်ခဲ့သော နေကောင်းကင်ပညာရပ်ကို ကျင့်ကြံပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားအောင်လုပ်ဖို့ ကြံခဲ့သော်လည်း နောက်ဆုံးတွင် သူသည်သာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရသည်။
ကျိုးလင်လို ပါရမီရှင်ငယ်လေးတစ်ယောက်အတွက် ဤထိုးနှက်ချက်က ပြင်းထန်လွန်းလှ၏။
သူအခုချိန်ထိ ကျန်းယန်သူ့ကိုဘယ်လိုဖိနှိပ်ခဲ့လဲဆိုတာနှင့် သူ့ပညာရပ်ဘယ်လိုကျရှုံးသွားခဲ့ရသလဲဆိုတာ မသိသေးပေ။ သူ့စိတ်ထဲ ကျန်းယန်ပြောသလို သူကသတ္တိမရှိသောသူလားလို့သာ တွေးနေခဲ့မိသည်။
သူ့စိတ်က လုံး၀ရှုပ်ထွေးနေခဲ့ရ၏။
၀မ်လင်းဂိုဏ်းမှလူများလည်း ကျိုးလင်၏လက်ရှိအခြေအနေကို ကြည့်ပြီး အလွန်စိုးရိမ်နေခဲ့ကြသည်။
ကျိုးလင်သာ ပြန်ကောင်းမလာနိုင်ခဲ့လျှင် သူ့အနာဂတ်ကပျက်ဆီးသွားမည်ဖြစ်မှန်း သူတို့အားလုံး ကောင်းကောင်းကြီး သိကြ၏။
သို့သော် ဘယ်သူမှ သူ့ကိုလာမနှစ်သိမ့်ခဲ့ပေ။
၀မ်လင်းဂိုဏ်းစခန်းထဲရှ်ိလေထုက အလွန်အမင်း လေးလံနေခဲ့သည်။
နောက်ရက်တွင် တိုက်ပွဲများက ပြန်လည်စတင်ခဲ့ပြန်၏။
ကျန်းယန် ကွင်းပြင်ထဲထွက်လာပြီး ပြောလိုက်သည်။
“သင်ခန်းစာပေးချင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့စိတ်ကြိက်လာလို့ရပါတယ် ပြီးတော့ ဒီနေ့မှာ ငါ့ဂျူနီယာညီမလေးလည်း တိုက်ခိုက်မှာပါ တကယ်လို့ တစ်ယောက်ယောက်က သူနဲ့တိုက်ခိုက်ချင်ရင် ငါတို့တိုက်ပွဲပြီးတဲ့အခါ ထွက်လာလို့ရပါတယ်
ဒါပေမယ့် ငါ့ညီမလေးက တိုက်ခိုက်ရေးမှာ မကျွမ်းကျင်တော့ အားလုံးကသူ့ကိုညှာတာပေးဖို့ တောင်းဆိုချင်ပါတယ်
တကယ်လို့မင်းတို့မှာ သတ်ချင်စိတ်ရှိနေရင်င့ါ့ကိုသာ တိုက်ရိုက်လာပြော
ပြီးတော့ ငါ့ညီမလေးနဲ့လက်ရည်စမ်းဖို့က တံဆိပ်ပြားမလိုပါဘူး”
“ဒီနေ့ပထမပွဲကို ငါယူလိုက်မယ်” ကုန်းရှို့ပင်း ကွင်းပြင်ထဲယုံကြည်မှုရှိစွာ ခုန်ထွက်လာခဲ့သည်။
မနေ့က ဟွေ့ချင်းနှင့်တိုက်ခိုက်ခဲ့ပြီးနောက် သူအတော်လေး ပညာရခဲ့ပြီး ဒီတစ်ခေါက်ကျန်းယန်ကိုကောင်းကောင်းကြီး ကိုင်တွယ်နိုင်လိမ့်မည်ဟု သူယုံကြည်နေခဲ့၏။
ကျန်းယန် ထူးဆန်းစွာပြုံးလိုက်ပြီး ကုန်းရှို့ပင်းကိုကြည့်၍ မေးလိုက်သည်။
“မင်းသေချာလို့လား”
ယခုအခါ သူသည် ကုန်းရှို့ပင်း၏စွမ်းအားအရင်းအမြစ်ကိုရှာတွေ့သွားပြီဖြစ်သောကြောင့် သူနှင့် အလွယ်တကူရင်ဆိုင်နိုင်နေပြီဖြစ်၏။
ကုန်းရှို့ပင်းအေးစက်စက်ပြောလိုက်သည်။
“ငါမင်းရဲ့ခွန်အားကိုအသိအမှတ်ပြုပါတယ် ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းနဲ့လန်ကျားအထွတ်အမြတ်မြေကြားထဲက ရန်ငြှိုးက မေ့ပစ်လို့ရတဲ့အရာမဟုတ်ဘူး အဲ့တော့ ငါ့မှာမင်းကိုသတ်ပစ်ဖို့ အခွင့်အရေးရှ်ိနေရင် ငါနောက်တွန့်နေမှာ မဟုတ်ဘူး”
ကျန်းယန် လက်မြှောက်လိုက်ပြီး ရိုးရိုးရှင်းရှင်းသာ တုန့်ပြန်လိုက်၏။
“ကျေးဇူးပြုပြီး”
“ကျန်း”
ကုန်းရှို့ပင်းအချိန်ဆွဲမနေတော့ဘဲ ကျန်းစာလုံးဖြင့် စတငိလိုက်လေသည်။
သူ့နည်းစနစ်ကိုထုတ်သုံးလိုက်ေသာ်လည်း ကျန်းယန် လက်နောက်ပစ်ပြီးသာရပ်နေပြီး လုံး၀ မခုခံခဲ့ပေ။ သူခေါင်းယမ်းကာ အထင်အမြင်သေးဟန်ဖြင့်သာ ကြည့်ရှုနေခဲ့၏။
“မင်းလက်ရေးက ဆိုးလိုက်တာ”
“ဘာ” ကုန်းရှို့ပင်း ကြောင်သွားခဲ့သည်။
“ဒီလိုလက်ရေးမျိုးကို မင်းဘယ်လိုတောင် ပြရဲရတာလဲ” ကျန်းယန် ခပ်တည်တည်ပြောလိုက်၏။
“မင်းအရေပြားကဒီလောက်ထူနေတာ အံ့ဩစရာမရှိတော့ပါဘူး လူကြီးတစ်ယောက်ဖြစ်ပြီး လက်ရေးကဒီလောက်ဆိုးရတယ်လို့ပဲ မင်းတို့ဂိုဏ်းချုပ်က မင်းကိုသင်ပေးမထားဘူးလား
မင်းကလန်ကျားအထွတ်အမြတ်မြေမှာ မွေးလို့သာ ကံကောင်းနေတာပါ သာမန်မိသားစုတစ်ခုခုမှာများမွေးရင် ဒီလောက်လက်ရေးဆိုးပုံနဲ့ သေတဲ့ထိရိုက်သတ်ခံရမှာ
မင်းဒီလိုလက်ရေးမျိုးကို ရောင်းဖို့ကြိုးစားမယ်ဆိုရင် ငါ့အနေနဲ့ကတော့ ကြေးပြားတစ်ပြားထက် ပိုမပေးနိုင်လောက်ဘူး …မင်းလက်ရေးက စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးတောင်မတန်ဘူး ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ”
ပြီး..