တစ္ဆေမြို့
Vol. 44 Ch. 607
ဖုန်းတုမြို့အပေါ် ကျန်းရီ၏ ပထမဆုံးအမြင်က ပြင်းထန်သော သေခြင်းတရား အငွေ့အသက် တစ်ခုကို ခံစားလိုက်ရတာပဲဖြစ်သည်။ အစောပိုင်းက ရင့်ရော်သော အသံ၌ သေခြင်းတရား အငွေ့အသက်ကိုတောင် ခံစားလိုက်မိပြီး ကောင်းကင်ကြယ်တာရာ နယ်မြေရှိ အနောက်ဘက် ပင်လယ် အောက်တွင်ရှိသော မြေအောက်လောကထဲမှ အသံနှင့် တစ်ထေရာထဲ တူနေသည်။
ထိုရင့်ရော်သော အသံက သူ၏တစ်ကိုယ်လုံးကို လှုပ်ခါစေသော်ငြား သေခြင်းတရား အငွေ့အသက်က သူ၏စိတ်နှလုံးကို အေးစိမ့်မှုကြောင့် တုန်ယင်သွားစေ၏။ အသက်ရှိနေသော သူတို့သည် ကြံ့ခိုင်ဖြတ်လက်မှုအပြည့် ရှိနေပြီး သူတို့က အပူတပြင်း နေထိုင်သွားလာနေကြကာ အကန့်အသတ်မဲ့ သက်ဝင်လှုပ်ရှားမှုကို ပိုင်ဆိုင်ထားကြသည်။ သို့သော် ဤမြို့က သေဆုံးနေပြီးဖြစ်ကာ နေရာအနှံ့ သေခြင်းတရား အငွေ့အသက်များ ရှိနေသည်။ အေးစက်သည့် မိစ္ဆာဓာတ်များက ဤမြို့၏ အနံ့အသက်ပင် ဖြစ်နေ၏။
ကောင်းကင်က လုံးဝမမြင်ရပေ။ အကန့်အသတ်မဲ့ အမှောင်ထုကိုသာ ထာဝရ မြင်နေရသည်။ အနက်ရောင်မြူတို့က တစ်လိပ်လိပ် တက်နေလျက် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးထားတော့၏။ ထိုအကြောင်းအရင်းကြောင့် ကျန်းရီသည် ဤနေရာကို သူ၏ကောင်းကင် စိတ်အာရုံဖြင့် မရှာနိုင်တာပဲဖြစ်သည်။ မြို့ထဲတွင် အလင်းရောင် ရှိနေသည်။ လမ်း၏ တစ်ဖက်တစ်ချက်စီတွင် မီတာငါးရာစီ ခြားထားလျက် မြို့အပြင်ကနှင့် တစ်ထပ်ထဲတူသော မီးအိမ်နှစ်ခု ရှိနေသည်။ မီးအိမ်များက မှိန်ဖျော့ဖျော့ ဖယောင်းတိုင်ဖြင့် လင်းနေလေပြီး လမ်းထဲတွင် ညင်သာစွာ ယိမ်းခါနေပြီး တစ်မြို့လုံးကို အလင်းပေးထား၏။ သို့သော် ထိုမီးအိမ်များကြောင့် မြို့ကပိုထိတ်လန့် ချောက်ချားဖွယ် ကောင်းနေတော့သည်။
ကျန်းရီ၏ အနက်ရှိုင်းဆုံး အကြောက်တရားက သူဤမြို့ကို မကြည့်နိုင်တာပဲဖြစ်သည်။ တစ်နည်းဆိုရလျှင် ဤနေရာ၌ သူ၏ကောင်းကင် စိတ်အာရုံက အသုံးမဝင်ချေ။ သူ၏မျက်လုံးကိုသာ မှီခိုအားထားနိုင်၏။
သူက အမြင်အာရုံကောင်းသည်။ ကံဆိုးသည်မှာ ဤနေရာက အမှန်တကယ် နက်မှောင်နေသည်။ ထို့ကြောင့် မီတာ၂၅၀ဝန်းကျင်သာ မြင်နိုင်တာဖြစ်သည်။ သူ့ရှေ့ရှိ ကျယ်ဝန်းသော လမ်းရှည်ကို မြင်နေရပြီး ထိုလမ်းက မီတာရာချီ ကျယ်ဝန်းပေ၏။ လမ်းတစ်ဖက် တစ်ချက်၌ အဆောက်အအုံးများကို အစဉ်လိုက် စီစဉ်ထားပြီး အနက်ရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားတာ ဖြစ်သည်။ အပမှီနေသည့် အိမ်များပမာ အဆောက်အဦးထဲ၌ ဘာမှမရှိပေ။ နေရာအနှံ့ လူသူကင်းမဲ့ပြီး ကျောချမ်းဖွယ်ကောင်းကာ ထူးဆန်းသော ခံစားချက်သာ ထုတ်လွှင့်နေတော့၏။
“ဟူး ဟူး”
တစ္ဆဘုရင် ပိုင်ဆိုင်ပုံရသော ရင့်ရော်သော အသံသည် ထပ်မံပေါ်ထွက်လာခြင်း မရှိတော့ပေ။ ကျန်းရီက သက်ပြင်းချလိုက်လေ၏။ သူ၏ဓားရှည်ကို ကိုင်ဆောင်ကာ ရှေ့သို့ဖြေးဖြေးချင်း တက်သွားတော့သည်။ ဤနေရာသို့ သူရောက်နေပြီ ဆိုသောကြောင့် ပြန်ဆုတ်စရာ မရှိချေ။
ဤမြို့ထဲတွင် မည်ကဲ့သို့ မိစ္ဆာနတ်ဆိုး ပုန်းကွယ်နေသည်ဖြစ်စေ ရင့်ရော်သောအသံကို ထုတ်ခဲ့သည့်သူက တစ္ဆေဘုရင်ဖြစ်စေ အစွမ်းထက်သော နတ်ဆိုး သို့မဟုတ် ငရဲဘုရင်ဖြစ်စေ သူ့၌ရွေးချယ်စရာ နှစ်ခုသာရှိသည်။ သူသတ်လျှင်သတ် မသတ်လျှင် သေဖို့သာရှိ၏။
ရှပ် ရှပ် ရှပ်
သူ၏ခြေသံက အလွန်တိုးသည်။ သို့သော် တိတ်ဆိတ်သော လမ်းရှည်ကြီး၌ အလွန်ရှင်းရှင်းလင်းလင်း ကြားနေရသည်။ လမ်းပေါ်တွင် ပဲ့တင်သံ ထပ်နေသော အသံက ကျောစိမ့်ဖွယ် ကောင်းနေတော့၏။
သို့သော် ယခုအချိန်တွင် ကျန်းရီက အလွန်တည်ငြိမ်နေသည်။ သူက ကြောက်လန့်ခြင်း မရှိပေ။ ဤနေရာက မည်မျှထူးဆန်းဖွယ် ကောင်းနေကာမူ မည်မျှ ကြောက်မက်ဖွယ် ကောင်းစေကာမူ သူ့၌ရွေးစရာလမ်း မရှိသောကြောင့် တူတူပဲဖြစ်သည်။ သူက လမ်းကြောင်းတစ်ခုကို မရှာထုတ်နိုင်လျှင် သူသေရမှာပဲဖြစ်သည်။
သူရှေ့ဆက်လျှောက်လာစဉ် မျက်လုံးမှိတ်ထားလျက် မိုးနှင့်မြေ တစ်သားတည်း အခြေအနေထဲသို့ ဝင်ရောက်သွားတော့သည်။
ကောင်းကင်စိတ်အာရုံက အလုပ်မဖြစ်သည့်တိုင် မိုးနှင့်မြေ တစ်သားတည်း အခြေအနေကမူ မတူပေ။ ဤလောကထဲရှိ အရာအားလုံး၏ အတက်အကျကိုကြည့်ပြီး မိုးနှင့်မြေနှင့် တစ်သားတည်း ဖြစ်လာလေရာ ယင်းက ကောင်းကင်စိတ်အာရုံထက် ပိုအစွမ်းထက်သည်။ ဥပမာအနေဖြင့် စမ်းချောင်းဝါ လမ်းကြောင်းတောက်လျှောက်၌ ဝိညာဉ်ဝါးမျို မိချောင်းများကို ရှာဖွေရန် သူ၏ကောင်းကင် စိတ်အာရုံကို အသုံးပြုခဲ့လျှင် ဝိညာဉ်ဝါးမျို မိချောင်းများ ပေါ်လာသည့် အချိန်ကျမှသာ တစ်စုံတစ်ခုကို သတိပြုမိပြီဖြစ်ပြီး လေဟာနယ် တုန်နှုန်းကို ဖြစ်စေလိမ့်မည်။
သို့သော် မိုးနှင့်မြေ တစ်သားတည်း အခြေအနေကမူ မတူပေ။ အသေးငယ်ဆုံးသော လှုပ်ရှားမှုဖြင့်တောင် ကြိမ်နှုန်း အတက်အကျကို မဖြစ်စေဘဲ သူအာရုံ ခံနိုင်မှာပဲဖြစ်၏။ ထို့ကြောင့် အလွယ်တကူ အကဲဖြတ်နိုင်ပြီး ရှောင်တိမ်းရန် နည်းလမ်းများ ရှာတွေ့၏။ လေဟာနယ် အတက်အကျ မဖြစ်ခင် ဝိညာဉ်ဝါးမျို မိချောင်းများ ပေါ်ပေါက်လာလျှင် သူ၏တိုက်ခိုက်မှုက အသင့်ပြင်ပြီးသားဖြစ်ကာ သူဦးစွာ ဖန်တီးရယူ နေထိုင်နိုင်မှာပဲဖြစ်သည်။
မျက်လုံးမှိတ်ထားလျက် ရှေ့သို့တစ်လှမ်းခြင်း တိုးသွားလိုက်သည်။ မီတာငါးရာခန့် သွားပြီးနောက် ရပ်တန့်လိုက်၏။ လမ်းက တသမတ်ထဲ မဟုတ်ဘဲ လမ်းခွဲရှိနေပြီး ပုံကပေါ်လာတော့၏။
သေသူတို့၏ အလောင်းများ
အလောင်းများက နေရာအနှံ့ ရှိနေ၏။ လမ်းပေါ်တွင် အခန်း၌ အခန်းထောင့်များ ခေါင်မိုးပေါ် မြေအောက် လမ်းကြောင်းထဲ၌ အလောင်းများ ပြည့်နေသည်။ တစ်ချက်ကြည့်လိုက်ရာ အနည်းဆုံး ထောင်ချီ ရှိလောက်ပေ၏။
အချို့က စစ်သံချပ်ကာများ အချို့က သာမာန် စစ်သည်တော် ဝတ်ရုံများ အချို့က ချည်ကြမ်း အဝတ်အထည်များ အချို့၌ ဓားများ၊ ပုဆိန်များ၊ တုတ်ရှည်များ၊ လေးများနှင့် သူတို့လက်ထဲတွင် မြှားများရှိသည်။ အသက်အရွယ်က မတူညီကြပေ။ အချို့က အသက်ကြီးပြီး အချို့က ငယ်ရွယ်ကာ ယောကျာ်းမိန်းမ ရှိနေလေ၏။
သူတို့အားလုံး၌ တူညီသည့်အရာ ရှိသည်။ အကြောက်တရားပင် ဖြစ်၏။
တစ်ကိုယ်လုံးက ဖြူလျော်ပြီး စိမ်းဖန့်နေကာ ကျန်သည့်အရောင် မရှိပေ။ အချို့သော အလောင်းများက ခြောက်ကပ်နေသော သွေးများဖြင့် လွှမ်းနေလျက် အရုပ်ဆိုးသော အမာရွတ်များ ရှိနေသည်။ အချို့ကမူ လက်သည်းများ အစွယ်များ ရှည်ထွက်နေပြီး ဖုတ်ကောင်များနှင့် တစ်ထပ်ထဲ တူနေတော့သည်။
ထိုအလောင်းများ၌ အနက်ရောင် မှိန်ဖျော့ဖျော့ အငွေ့အသက်များ ဝန်းရံနေပေသည်။ အနံ့ခံကြည့်လျှင် ဤလောကထဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးက သူ၏မျက်လုံးထဲမှ မလွတ်မြောက်နိုင်ပေ။ သူက မိုးနှင့်မြေ တစ်သားတည်း အခြေအနေထဲသို့ ဝင်ရောက်နေသောကြောင့် ဖြစ်၏။ ပတ်ဝန်းကျင်က တစ္ဆေနှင့်တူပြီး အင်မတန် ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကို ပေးစွမ်းနေကာ အနက်ရောင် အရောင်အဝါတို့ကြောင့် ထိုသို့ဖြစ်နေဟန် တူသည်။
ထိုအနက်ရောင် အရောင်အဝါတို့သည် သူ့ကိုဆင်တူသည့် ခံစားချက်မျိုးပေးစွမ်းသည်။ ယင်းက မြေအောက်လောကထဲရှိ နေနတ်မိစ္ဆာနွယ်နှင့် သေလွန်ပြီး စစ်သားများနားတွင် ဝန်းရံနေသည့် အငွေ့များနှင့် တစ်ထပ်ထဲ တူနေသည်။
ဖုန်းတုမြို့
ဤနေရာက တမလွန်လောကဖြစ်သည်။ အစွမ်းအထက်ဆုံး သိုင်းပညာရှင်များတောင် ဤမြင်ကွင်းကြောင့် ကြောက်လန့်သွားမှာပဲဖြစ်သည်။ သူတို့၏ တိုက်ပွဲဝင် စွမ်းအားများလည်း ယုတ်လျော့သွားပေမည်။ ဥပမာအနေဖြင့် အမျိုးသမီးများအတွက် ဖြစ်သည်။ အကြွင်းမဲ့ အာဏာခွန်အားကို ပိုင်ဆိုင်ထားလျှင်တောင် ဤအခြေအနေအောက်၌ စိတ်ဝိညာဉ်သည် ကြောက်လန့်မှုကြောင့် တုန်ယင်နေမည်ဖြစ်ကာ လက်ထဲရှိဓားကို ဝှေ့ယမ်းရန် အားနည်းလွန်းနေမှာပဲ ဖြစ်သည်။
အမှန်ပင်ဖြစ်၏။ ရီချန်းသည် တတိယအလှည့်တွင် ထိုမျှကြာရှည်စွာ ပိတ်မိနေသည်မှာ ဖုန်းတုမြို့၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် သက်ဆိုင်ပေ၏။ သူမ၌ အကြွင်းမဲ့ခွန်အား ပိုင်ဆိုင်ထားသော်ငြား သူမသည် မိသားစု၏ ကာကွယ်ပေးမှုအောက်၌ ကြီးပြင်းလာသော ၁၇နှစ်၊ ၁၈နှစ်အရွယ် မိန်းမငယ်လေးသာ ဖြစ်သေးသည်။ အမျိုးသမီးများ အားလုံး၏ နှလုံးသားသည် နုနယ်ပြီး သိမ်မွေ့၏။ ဤငရဲဆန်သော အတွေ့အကြုံကြောင့် သေသည်အထိ မကြောက်လန့်လျှင် အဆင်ပြေနေပြီဟု ဆိုရမှာပဲဖြစ်သည်။
ရှီးဖေးသည် ပထမဆုံး ဖြတ်ကျော်နိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ ရှီမျိုးနွယ်စုသည် မိစ္ဆာအတတ်ကို လေ့ကျင့်ကြသည့် သူများဖြစ်သောကြောင့် ဖြစ်သည်။ သူက ငယ်ရွယ်စဉ်ကတည်းက ထိုကဲ့သို့ မိစ္ဆာဆန်ဆန် အရုပ်ဆိုးသည့် အရာများနှင့် ထိတွေ့နေကျဖြစ်သည်။ သူ့အဖို့ ဖုန်းတုမြို့က သာမာန် အရိုင်းဆန်သောကွင်းနှင့် မခြားပေ။ မြို့ကို အတားအဆီးမရှိ ဖြတ်နိုင်တာ သဘာဝကျ၏။ ဖုန်းတုမြို့ကို ဒုတိယ ကျော်ဖြတ်နိုင်ခဲ့သည့် ယဉ်ရို့ပင်းကမူ ထိုမိန်းမပျိုလေး၏ စိတ်ခွန်အား သိပ်သန်မာသည်ဟု ကျန်းရီ ဝန်ခံရမှာပဲဖြစ်သည်။ ယဉ်ရို့ပင်းက ကျန်းရီ၏ မိုးနှင့်မြေ တစ်သားတည်း အခြေအနေကို ရှာတွေ့နိုင်သည်ကပင် အလွန်ထူးဆန်းနေပြီဖြစ်သည်။ ဧကရာဇ်ကိုးပါး၏ မျိုးဆက်အချို့၌ သန်မာသည့်စိတ် ရှိနေတာက ပုံမှန်ပဲဖြစ်သည်။
ကျန်းရီသည် အစောပိုင်း ထိတ်လန့်နေပြီးနောက် တည်ငြိမ်မှု ပြန်ရလာတော့သည်။ အလောင်းများကို သေလွန်ပြီး ခန္ဓာများအဖြစ် မသတ်မှတ်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ ထိုအစား မိစ္ဆာနတ်ဆိုးများ၊ နတ်ဆိုးသားရဲများ ထူးဆန်းသော သားရဲများအဖြစ် မှတ်ယူလိုက်သည်။ သူ့လမ်းကြောင်းရှိ ဖုတ်ကောင်များကို ဓားဖြင့် ထပ်ခြမ်းပိုင်းလျက် လမ်းကြောင်း ရှင်းလိုက်တော့သည်။
ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ မြင်ကွင်းက ထပ်မံပြောင်းလဲသွား၏။ အလောင်းများက နိုးထလာလေ၏။
အမှန်ပင် ဖြစ်သည်။ အလောင်းများအားလုံး ယခုအချိန်တွင် လှုပ်ရှားလာသည်။ အချို့က အခန်းထဲမှ တွားသွားထွက်လာပြီး အချို့က တွင်းထဲမှ တွယ်တက်လာသည်။ အချို့က လမ်းပေါ်မှ ထရပ်ပြီး အချို့က ခေါင်မိုးပေါ်မှ ခုန်ဆင်းလာ၏။
ထိုအလောင်းများ၌ အသက်ဓာတ်များ မရှိသော်ငြား အနက်ရှောင် အငွေ့များက သူတို့နား၌ ဝန်းရံနေသည်မှာ ပိုမိုသိပ်သည်းလာတော့သည်။ လက်ထဲရှိ လက်နက်များကလည်း အနက်ရောင် အငွေ့များဖြင့် လွှမ်းမိုးခံထားရပြီး အနက်ရောင်အလင်းများ တောက်ပနေတော့သည်။
သူတို့မျက်နှာထက်တွင် မည်သည့် အမူအရာမှမရှိ။ ခန္ဓာကိုယ်၌ အရှိန်အဝါ မရှိပေ။ သူတို့က ရှေ့သို့တိတ်တဆိတ် တိုးလာလျက် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဦးနှင့်တောင် ယှဉ်နိုင်စွမ်းရှိသော အရှိန်ဖြင့် ကျန်းရီဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာကြသည်။
“လာစမ်းပါ။ ငါက အသက်ရှင်တဲ့ သတ္တဝါတွေ မိစ္ဆာသားရဲတွေကိုတောင် မကြောက်တာ သေပြီးသား လူတွေဆို ပိုဆိုးပေါ့။ မင်းတို့က တစ်ခါသေပြီးသားဆိုမှတော့ မင်းတို့ကို ထပ်သေခွင့်ပေးမယ်”
ကျန်းရီက ရင်ထဲ၌ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သေစေနိုင်သော အန္တရာယ်က သူ၏အတွင်းစိတ်ကို ရှင်သန်လိုစိတ်ရအောင် မီးမျိုက်ပေးနေ၏။ သူ၏ဝိညာဉ်သည် တိုက်ခိုက်လိုစိတ်တို့ဖြင့် ပေါ်ထွက်လာလျက် မီးလုံးများကလည်း ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာကာ သူ့ကို ဝိုင်းထားလေသည်။ တစ္ဆေမီးလျံ နှစ်ဆယ်သာ ကျန်တော့ရာ မလုံလောက်ပေ။ အနက်ရောင် အငွေ့များ၏ စွမ်းအားကို သူနားလည်သည်။ ထိုစဉ်က မြေအောက်လောကထဲရှိ အနက်ရောင် အငွေ့များကြောင့် ဖုတ်ကောင်တစ်ကောင်အဖြစ် သူပြောင်းလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူ၏ခုခံမှုကို ချက်ချင်း မြင့်တင်လိုက်တာပဲဖြစ်သည်။
“သတ်”
သူ့ရင်ထဲ၌ အော်ဟစ်လိုက်တော့သည်။ ခန္ဓာကိုယ်က မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့တစ်ဟုန်ထိုး တက်သွား၏။ မီးနဂါးဓားက အနီရောင်အလင်းဖြင့် တောက်ပလာလျက် ရုတ်တရက် ပိုင်းဖြတ်ချလိုက်သည်။ မီးနဂါး အကောင်ရေ တစ်သောင်းကျော်က ဝီကနဲ ထွက်လာလျက် ကောင်းကင်ကို အနီရောင်အလင်းဖြင့် လင်းထိန်သွားစေတော့သည်။
ချီ ချီ
မီးနဂါးဓားလေးများက ကြမ်းကြုတ်သော စွမ်းအင်ကို သယ်ဆောင်လာလျက် ရှေ့သို့တိုးသွားသည်။ ဤနေရာ၌ အလောင်းတပ်ဖွဲ့ ရှိနေပြီး မီးနဂါးလေးများ၏ တိုက်ကွက်ကို အပြည့်အဝ လျစ်လျူရှု့ထားသည်။ လမ်းက သုံးပေခန့် ရှည်လေရာ မရေမတွက်နိုင်သော အလောင်းများက နိုးထလာလျက် ကျန်းရီဆီသို့ တစ်ဟုန်ထိုး ဝင်လာကြသည်။ သူတို့ ပေါ်ပေါက်လာသည်မှာ အလွန် မှောင်မည်းလွန်းသောကြောင့် အကန့်အသတ်မရှိ သိပ်သည်းနေပြီး သူတို့က ကျန်းရီဆီ ငုံ့ဝင်လာတော့မည့်ပုံရသည်။
***