အခန်း (၁၇၁၀)
Vol. 123 Ch. 1710
အခန်း(၁၇၁၀)
လူတိုင်းက သူတို့အရှေ့၌ ပြိုကွဲသွားသော ကြယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
နတ်ဘုရားတစ်ပါးက ထိုသို့သေဆုံးသွားသည်လော။
ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော နတ်ဘုရားတစ်ပါးက အာဏာရှင်အဆင့်အောက်မှ ကျင့်ကြံသူအုပ်စုတစ်စု၏ အမဲလိုက်ခံရပြီး အသတ်ခံလိုက်ရမည်ဟု မည်သူက စိတ်ကူးဝံ့မည်နည်း။
“ ဝီး ”
ဟင်းလင်းပြင်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုက အပေါ်မှ ဆင်းသက်လာသည်။
ဒူချန်းကူက မိန်းမောတွေဝေနေစဉ် ရွှေရောင်အလင်းတန်းက သူ့ကို ကာကွယ်ပေးရန် ဖုံးအုပ်လိုက်သည်။
“ အဲ့ဒီတာအိုရောင်းရင်းက ထျန်းဝူနတ်သခင်ကို သတ်လိုက်တဲ့လူပဲ ”
တစ်စုံတစ်ယောက်က ရွှေရောင်အလင်းကို မြင်သွားသောအခါ မျက်လုံးပြူးကျယ်သွားပြီး အလန့်တကြား အော်လိုက်သည်။
“ သူ… သူက နတ်ဘုရားတစ်ပါးကို တကယ်ကြီး သတ်လိုက်တယ် ”
တစ်စုံတစ်ယောက်က မယုံကြည်နိုင်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ၏ မျက်လုံးထဲမှာ ဒူချန်းကူအပေါ် မနာလိုမှုဖြင့် ပြည့်နှက်နေသည်။
“ နတ်ဘုရားတစ်ပါး နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းထားတဲ့ အရင်းအမြစ်သုံးဆယ်ရာခိုင်နှုန်းကို သူရရှိသွားပြီ… ပြီးတော့ မဟာပန်သွန်ဘုံက သွေးချီကျောက်တုံးတွေနဲ့ လေဟာပြင်မြို့တော်ရဲ့ ဆုလာဘ်တွေရောပဲ… သူက ကောင်းကင်ဘုံရဲ့ အရွေးချယ်ခံပဲ… ”
လူတချို့က မနာလိုသော အမူအရာဖြင့် ပြောပြီး သက်ပြင်းချလိုက်ကြသည်။
သက်ပြင်းချသံများ ဆက်တိုက် ပဲ့တင်ထပ်သွားနေစဉ် ဒူချန်းကူက သူ့အရှေ့မှ ဟင်းလင်းပြင်ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။
“ နတ်ဘုရားကို သတ်လိုက်တာ ငါလား ”
…..
ကောင်းကင်နင်းခြေမျိုးနွယ်၏ အစွမ်းထက် ပညာရှင်တစ်ပါးဖြစ်သော ထျန်းဝူနတ်သခင်က သံသရာစက်ဝန်းအဆင့်မှာသာ ရှိသေးသော မင်တန်ဂိုဏ်းခေါင်းဆောင် ဒူချန်းကူ၏ အမဲလိုက်ခံခဲ့ရပြီး သေဆုံးသွားသည်။
ထို့ကြောင့် ဒူချန်းကူက အရင်းအမြစ်အများအပြားနှင့် ဆုလာဘ်အများကြီးကို ပိုင်ဆိုင်သွားသည်။
သူက ဆုလာဘ်မည်မျှရရှိသွားကြောင်း အပြင်လူများက အတိအကျ မသိကြပေ။
သို့သော် ထိုပမာဏက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ပါးကိုပင် နှလုံးတုန်သွားစေရန် လုံလောက်လိမ့်မည်။
သံသရာစက်ဝန်းအဆင့်မှာသာ ရှိသေးသော ဒူချန်းကူက လေဟာပြင်မြို့တော်ထဲမှာ သုံးလနေထိုင်ခဲ့သည်။
သူက မဟာပန်သွန်ကျောက်တုံးတစ်သိန်းကို အသုံးပြု၍ လေဟာပြင်မြို့တော်၏ မဟာဝင်္ကပါကို အသက်သွင်းကာ အနှစ်တစ်ထောင်ကြာ ကျင့်ကြံခဲ့သည်။
ထိုအနှစ်တစ်ထောင်အတွင်းမှာ လုံလောက်သော အရင်းအမြစ်များကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံက အစောပိုင်း သံသရာစက်ဝန်းအဆင့်မှ အဆင့်ချိုးဖြတ်သွားသည်။ အနှစ်တစ်ထောင်ကြာပြီးနောက် သူက ဟင်းလင်းပြင်ချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားသည်။
သူက သံသရာစက်ဝန်းအဆင့်၊ အာဏာရှင်အဆင့်နှင့် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်ကို ဆက်တိုက် ချိုးဖြတ်သွားသည်။ ယင်းက အဆင့်ကြီးသုံးဆင့် ဖြစ်သည်။
သူက ကျင့်ကြံခြင်းအပြင် စိတ်ကူးမယဉ်နိုင်သော အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်သွားသည်။
ထိုအရင်းအမြစ်များက သူ့အား မဟာပန်သွန်ဘုံထဲ၌ နေရာတစ်ခုရစေရန် လုံလောက်သည်။
ဒူချန်းကူ လေဟာပြင်မြို့တော်ထဲမှ ထွက်သွားသည့်အချိန်မှာ ကောင်းကင်ဘုံအစောင့်တပ်၏ စစ်တပ်တစ်တပ်က သူ့ကို မဟာပန်သွန်ဘုံဆီသို့ စောင့်ကြပ်ပို့ဆောင်ပေးခဲ့သည်။
မည်သို့ဖြစ်ပါစေ သူ့ဆီမှာ နတ်ဘုရားတစ်ပါးသည်ပင် မျက်စိကျနိုင်လောက်သော အရင်းအမြစ်များ ရှိနေသည်မဟုတ်ပါလော။ အကယ်၍ သူတစ်ယောက်တည်း ပြန်သွားမည်ဆိုလျှင် သေချာပေါက် ပြဿနာတစ်ခု ရှိလာနိုင်၏။
မဟာပန်သွန်ဘုံဆီသို့ ပြန်ရောက်သွားလျှင် သူက အင်မော်တယ်မင်းဆက်ထံမှ နှစ်တစ်ထောင်ကြာ အကာအကွယ်ကို ရရှိဦးလိမ့်မည်။
သူက နတ်ဘုရားတစ်ပါး၏ အရင်းအမြစ်သုံးဆယ်ရာခိုင်နှုန်းနှင့် ဆုလာဘ်အများအပြားကို ပိုင်ဆိုင်ထားလေရာ အကယ်၍ သူသာ လျှောက်သွားမည်ဆိုလျှင် မည်သည့်နေရာမှာမဆို အသတ်ခံရနိုင်သည်။
ဒူချန်းကူ၏ နာမည်က မဟာပန်သွန်ဘုံတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လူတိုင်းက သူ့ကဲ့သို့ ကောင်းကင်ဘုံအရွေးချယ်ခံဖြစ်လာရန် ဆန္ဒရှိကြသည်။
နေ့ချင်းညချင်း ကြီးပွားချမ်းသာလာရန် နတ်ဘုရားအမဲလိုက်ပွဲတော်ထဲ၌ တစ်ကြိမ်ပါဝင်ရန်သာ လိုအပ်သည်။
သို့ဖြစ်၍ နတ်ဘုရားအမဲလိုက်ပွဲတော်မှာ ပါဝင်ရန် စာရင်းပေးကြသော ကျင့်ကြံသူအရေအတွက်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ မူလက ကျင့်ကြံသူငါးသန်းခန့်ရှိရာမှ ရုတ်တရက် သန်းရှစ်ရာအထိ တိုးမြှင့်သွားသည်။
ငါးသန်းမှ သန်းရှစ်ရာ… ။
ယင်းက စိတ်ကူးမယဉ်နိုင်သော အရေအတွက်ဖြစ်သည်။
ထို့ပြင် ယင်းက အမဲလိုက်ပွဲတော်တစ်ကြိမ်အတွက်သာ ဖြစ်သည်။
လေဟာပြင်မြို့တော်ထဲမှ ယုလင်းကောင်းကင်နဂါးများသည်ပင် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
နတ်ဘုရားအမဲလိုက်ပွဲတော်တွင် ထိုကျင့်ကြံသူသန်းရှစ်ရာက ငန်းအုပ်များသဖွယ် နတ်ဘုရားများကို အမဲလိုက်ကြမည်လော။
အထူးသဖြင့် ထိုထဲမှ တချို့က အာဏာရှင်များနှင့် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည်ပင် နတ်ဘုရားအမဲလိုက်ပွဲတော်၏ ဆွဲဆောင်ခံလိုက်ကြရသည်။
သူတို့က နတ်ဘုရားအမဲလိုက်သူများ အမှန်တကယ် ဖြစ်လာကြဟန် ရ၏။
ထိုမျှကြီးမားသော အမဲလိုက်ပွဲတော်က မဟာပန်သွန်ဘုံ၏ နန်းမြို့တော်ထဲမှ ထိပ်တန်းပညာရှင်များကိုပင် ဂနာမငြိမ်ဖြစ်စေသည်။
မည်သို့ကြောင့် ကောင်းကင်နင်းခြေနတ်သားရဲများကို မြန်နိုင်သမျှမြန်မြန် မသတ်ဖြတ်ရကြောင်း ဖန်ဆင်းရှင်နှစ်ပါးက ဟန်မူယဲ့ကို တိုက်ရိုက် မေးခွန်းထုတ်ခဲ့သည်။
ဟန်မူယဲ့၏ အဖြေက ရိုးရှင်းသည်။
“ ခင်ဗျားလုပ်နိုင်ရင် ခင်ဗျားဘာသာလုပ်ပါ ”
နတ်ဘုရားများကို အမဲလိုက်ခြင်းက အပေါ်ယံမြင်ရသလောက် မလွယ်ကူပေ။ အကယ်၍ ဖန်ဆင်းရှင်တစ်ပါး ရောက်လာမည်ဆိုလျှင်ပင် သူက နတ်ဘုရားတစ်ပါးကို အမဲလိုက်နိုင်ရန် မသေချာပေ။
ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်ဘုရားများကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု သူတို့ထင်နေသည်လော။
ထို့ပြင် ကောင်းကင်နင်းခြေမျိုးနွယ်က မဟာပန်သွန်ဘုံ၏ မူလစွမ်းအား မဖုံးလွှမ်းနိုင်သော ဟင်းလင်းပြင်လောကထဲမှာ အခြေချနေထိုင်ကြသည်။ ဖန်ဆင်းရှင်တစ်ပါးသည်ပင် ဟင်းလင်းပြင်လောက၏ မိုးမြေကို အကျဉ်းမချနိုင်ပေ။
ထို့ကြောင့် ဖန်ဆင်းရှင်တစ်ပါး ရောက်လာမည်ဆိုလျှင်ပင် သူက ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို အမဲလိုက်နိုင်မည်ဟု သေချာမပြောနိုင်ပေ။
…..
လေဟာပြင်မြို့တော်၏ နတ်ဘုရားတိုက်ပွဲက နောက်ထပ် အနှစ်သုံးရာကြာမြင့်သွားသည်။
ကောင်းကင်နင်းခြေမျိုးနွယ်သည် လေဟာပြင်မြို့တော်ကို သိမ်းပိုက်ရန်နှင့် ပုံရိပ်ယောင်ဝင်္ကပါထဲမှာ ပိတ်မိနေကြသော ကောင်းကင်နင်းခြေမျိုးနွယ်ဝင်များကို ကယ်ဆယ်ရန် စစ်တပ်များ ဖွဲ့စည်းခဲ့ကြသည်။
ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်သည်ပင် လေဟာပြင်မြို့တော်၏ မဟာဝင်္ကပါကို ချိုးဖြတ်ရန် နည်းလမ်းအမျိုးမျိုး အသုံးပြုလာကြသည်။
ယင်းတို့ထဲမှ တစ်ခုမှာ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ စေလွှတ်ထားသော ကျင့်ကြံသူများသည် တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါ၏ အကူအညီမှတဆင့် လေဟာပြင်မြို့တော်ဆီသို့ ချဉ်းကပ်လာကြသည်။ စုစုပေါင်း နတ်ဘုရားသုံးဆယ်ကျော်က မြို့တော်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် အတင်းအဓမ္မ ကြိုးစားခဲ့ကြသည်။
တခြားတစ်ခုမှာ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားအများအပြားက ဝေယွမ်မြို့စား ဟန်မူယဲ့ကို သတ်ဖြတ်ရန် ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း အဆုံးမှာ သူတို့သာ ထွက်ပြေးခဲ့ရသည်။
ဤနှစ်ပေါင်းသုံးရာအတွင်းမှာ လေဟာပြင်မြို့တော်၏ အပြင်ဘက်တွင် ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်ဘုရားငါးပါးက ကျဆုံးသွားခဲ့ကြသည်။
ကျန်ရှိသော နတ်ဘုရားများက ပုံရိပ်ယောင်ဝင်္ကပါထဲမှာ ဆက်ပြီး ရုန်းကန်နေကြဆဲပင်။
“ ဗုန်း… ဗုန်း… ”
ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသံများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။
ကောင်းကင်နင်းခြေမျိုးနွယ်မှ စစ်သည်တော်ထောင်သောင်းချီက ဟင်းလင်းပြင်ထဲ၌ အရှေ့သို့ ချီတတ်သွားနေကြသည်။
ကောင်းကင်နင်းခြေမျိုးနွယ်က ရူးသွပ်သွားပြီ ဖြစ်၏။
ကောင်းကင်နင်းခြေမျိုးနွယ်ထဲမှ အသန်မာဆုံး ကျွမ်းကျင်ပညာရှင်များက လေဟာပြင်မြို့တော်၏ ပုံရိပ်ယောင်ဝင်္ကပါထဲမှာ ပိတ်မိနေကြစဉ် ယခု မျိုးနွယ်စုတစ်ခုလုံးက စစ်တိုက်ရန် ချီတတ်လာနေကြသည်။
အနည်းဆုံး ကောင်းကင်နင်းခြေမျိုးနွယ်ဝင်ဆယ်သန်းက လေဟာပြင်မြို့တော်ကို တိုက်ခိုက်လိုက်ကြသည်။ သူတို့က စစ်ပွဲမှာ အသက်သေဆုံးနိုင်ကြောင်း သိထားသည့်တိုင် ကိုယ့်ကိုယ်ကိုယ် စတေးရန် တုံ့ဆိုင်းမနေကြပေ။
သို့တိုင် ကောင်းကင်နင်းခြေမျိုးနွယ်ဝင်ဆယ်သန်းက အဆုံးမဲ့သော တိုက်ပွဲဝင်္ကပါများ၏ ရပ်တန့်ခံလိုက်ရသည်။
မဟာပန်သွန်ဘုံမှ စစ်သည်တော်သန်းသုံးထောင်နှင့် တခြားဘုံအသီးသီးမှ မဟာမိတ်အင်အားစုများက ကောင်းကင်နင်းခြေမျိုးနွယ်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
ထိုစစ်တပ်ကို ဝေယွမ်မြို့စား ဟန်မူယဲ့၏ မွေးစားသမီး ဟွမ်ကျစ်ဟူက အမိန့်ပေးခဲ့သည်။
မရေမတွက်နိုင်သော တိုက်ပွဲဝင်္ကပါများ၏ ဟန့်တားမှုအောက်မှာ အဆုံးမဲ့သော သတ်ဖြတ်မှုများက ဟင်းလင်းပြင်ထဲမှာ ဖြစ်ပေါ်လာသည်။ ယင်းက ဟင်းလင်းပြင်လောကထဲတွင် အကြမ်းတမ်းဆုံး စစ်ပွဲတစ်ပွဲ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ရှေ့တန်းစစ်မြေပြင်မှာ မရှိနေပေ။ ယင်းအစား သူက ကျန်းတစ်ရာရှည်လျားသော ဘီလူးတစ်ကောင်၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ ထိုဘီလူးက အသွင်ပြောင်းထားသော ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင် ဖြစ်သည်။
ထိုနတ်ဘုရားက ဟန်မူယဲ့ရောက်လာသည်ကို မြင်သည့်တိုင် အေးဆေးတည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
“ ဝေယွမ်မြို့စား ”
“ ထျန်းကူနတ်သခင် ”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က အစွမ်းထက် ဓားအရှိန်အဝါကို ထုတ်လွှတ်လိုက်စဉ် ထျန်းကူနတ်သခင်က အားကောင်းသော သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
အစွမ်းထက် ဓားနတ်ဘုရားတစ်ပါးက မီးစာကုန်ရေခမ်းနေသော ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်၏ အရှေ့မှာ ရပ်နေသည်။
“ မင်းက ငါ့ကို သတ်ဖို့ ရောက်လာတာလား ”
ထျန်းကူနတ်သခင်က မထူးမခြားနား ပြောသည်။
“ ဒါဆိုရင် လာခဲ့ ”
ဟန်မူယဲ့၏ လက်ထဲမှာ သုံးပေရှည်လျားသော ဓားတစ်လက် ထွက်ပေါ်လာသည်။ ဓားသွားပေါ်တွင် အဖြူအနက်အလင်းက စီးဆင်းနေသည်။
အပြင်လူများမသိကြသည်မှာ ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းအားက နတ်ဘုရားအဆင့်၏ အထွတ်အထိပ် ခြေလှမ်းဝက် ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိနေလေ၏။
နတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်နိုင်သော နည်းလမ်းကို သူရှာမတွေ့သေးသောကြောင့်မဟုတ်လျှင် ဖန်ဆင်းရှင်အဆင့်သို့ အစောကြီးကတည်းက သူဝင်ရောက်ပြီးပြီ ဖြစ်၏။
“ ငါ့ကို အညံ့ခံပါ… အဲ့ဒါဆို ငါမင်းကို ဒီလောကကနေ အဝေးကို ခေါ်သွားပေးမယ်… မင်းဘယ်လိုသဘောရလဲ ”
“ မင်းတို့ ကောင်းကင်နင်းခြေမျိုးနွယ်ရဲ့ အစွမ်းထက် သွေးမျိုးဆက်အရ မင်းတို့က ဒီလောကမှာ မတည်ရှိသင့်ဘူး… အဲ့ဒီအစား မင်းတို့က ထာဝရကောင်းကင်ဘုံမှာ တည်ရှိသင့်တာ ”
ဟန်မူယဲ့က သူ့အရှေ့၌ အံ့ဩဆွံ့အနေသော ထျန်းကူနတ်သခင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်ခေါင်းလောင်းတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
ထိုခေါင်းလောင်းက ကောင်းကင်နင်းခြေမျိုးနွယ်၏ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည်။ ယင်းကို ဟန်မူယဲ့က ကောင်းကင်နင်းခြေမျိုးနွယ်၏ အစွမ်းထက် နတ်ဘုရားတစ်ပါးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုနတ်ဘုရားသည်တော့ ဟန်မူယဲ့၏ လက်ချက်ဖြင့် သေဆုံးသွား၏။
ကောင်းကင်နင်းခြေမျိုးနွယ်၏ အထွတ်အမြတ်ရတနာထဲမှ မှတ်ဉာဏ်များကို ကြည့်လိုက်သည့်အခါ ဟန်မူယဲ့က ကောင်းကင်နင်းခြေမျိုးနွယ်၏ ဇစ်မြစ်ကို ရှာတွေ့သွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာ ကောင်းကင်နင်းခြေမျိုးနွယ်က ထာဝရကောင်းကင်ဘုံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုအကြောင်းကြောင့် ဟန်မူယဲ့က သူ့အရှေ့မှ ထျန်းကူနတ်သခင်ကို အညံ့ခံရန် အခွင့်အရေးတစ်ခု ပေးနေခြင်းပင်။
“ မင်းက ငါတို့ကို ထာဝရကောင်းကင်ဘုံဆီ ခေါ်သွားပေးနိုင်တာလား ”
ထျန်းကူနတ်သခင်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်လေရာ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ ထာဝရကောင်းကင်ဘုံက ငါသွားကြည့်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့နေရာပဲ ”
ထာဝရကောင်းကင်ဘုံကို သွားကြည့်မယ်… ။
ဟန်မူယဲ့သာ ထိုသို့ပြောဝံ့လိမ့်မည်။
ထျန်းကူနတ်သခင်၏ သွေးချီစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက လေးနက်စွာ ပြောသည်။
“ ကောင်းပြီ… ဒီဘုရင်က မင်းကို အညံ့ခံတယ် ”
သူ့စကားဆုံးသည်နှင့် ကျန်းတစ်ရာရှည်လျားသော ဘီလူးခန္ဓာကိုယ်က ခြေလေးချောင်းနှင့် ဦးချိုလေးချောင်းရှိသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ အနက်ရောင်အကြေးခွံများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်ဖုံးလွှမ်းထားသည်။
ဟန်မူယဲ့က အရှေ့သို့ ခုန်လိုက်ပြီး အနက်ရောင်သားရဲ၏ ကျောပေါ်သို့ ဆင်းသက်လိုက်သည်။
“ သွားကြစို့… ဒီအထွတ်အမြတ်ရတနာကို မင်းယူသွားပြီး ကောင်းကင်နင်းခြေမျိုးနွယ်ကို အညံ့ခံစေပါ… မဟုတ်ရင် မင်းတို့တစ်မျိုးနွယ်လုံး အမြစ်ဖြတ်သုတ်သင်ခံရတော့မယ် ”
ဟန်မူယဲ့က နူးညံ့စွာ ပြောသည်။ ထို့နောက် သူက ခေါင်းလောင်းကို ကောင်းကင်နင်းခြေနတ်သားရဲ၏ လည်ပင်းပေါ်မှာ ဆွဲပေးလိုက်သည်။
ကောင်းကင်နင်းခြေနတ်သားရဲက ဟန်မူယဲ့၏ လမ်းညွှန်မှုအောက်မှာ ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီး ဟင်းလင်းပြင်ကို ဝင်ဆောင့်ကာ နှစ်ထောင်ချီကြာ အဆုံးမသတ်သေးသော စစ်ပွဲဆီသို့ ဦးတည်သွားသည်။