← Chapters

အခန်း (၁၇၁၃)

Vol. 123 Ch. 1713

အခန်း (၁၇၁၃)

Vol. 123 Ch. 1713

အခန်း(၁၇၁၃)

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်ပိန်ပါးသည်။

သူ၏ လက်ထဲမှာ ကိုင်ထားသော အနက်ရောင်သတ္ထုတုံးက သူ့အတွက် အလွန်အမင်း လေးလံသည်။

ယင်းက ကမ္ဘာဦးသတ္ထုတုံးဖြစ်ပြီး ဓားသန့်စင်ခြင်းလုပ်ငန်းစဉ်တွင် ဓမ္မရတနာများကို ပိုပြီးထက်ရှအောင် လုပ်ဆောင်ပေးနိုင်သည်။

သို့သော်လည်း ကမ္ဘာဦးသတ္ထုတုံးက တန်ဖိုးကြီးမားသော ဝိညာဉ်သတ္ထုတုံးမဟုတ်ပေ။ ယင်းကို အဆင့်နိမ့်ဓမ္မရတနာများ သန့်စင်သည့်အခါမှာသာ အသုံးပြုသည်။

ထိုသို့အဆင့်နိမ့်လက်နက်များကို အတိတ်မှာ ဟန်မူယဲ့အလုပ်လုပ်ခဲ့သော အနောက်ဘက်နယ်စပ် အံ့ဖွယ်ကိုးပါးတောင်၏ လက်နက်သန့်စင်ခြင်းခန်းဆောင်ထဲမှာပင် မြင်တွေ့နိုင်ပေသည်။

သတ္ထုတုံးကို ဆုပ်ကိုင်ထားရင်း ဟန်မူယဲ့က သူ့အရှေ့မှ အဖွဲ့နောက်သို့ အမြန်လိုက်သွားသည်။ မကြာမီ သူတို့အုပ်စုက မီးဟုန်းဟုန်းတောက်နေသော ဧရာမမီးဖိုတစ်လုံး၏ အရှေ့သို့ ရောက်ရှိသွားကြသည်။

ယင်းက ပန်းပဲမီးဖိုတစ်လုံးဖြစ်ပြီး ရှေးကျပုံပေါ်သည်။

မီးဖို၏ အရှေ့တွင် အိုးမဲပေနေသော အဖိုးအိုတစ်ယောက်က မတ်တတ်ရပ်နေသည်။ သူက လက်ထဲမှာ တူတစ်ချောင်းကို ဆုပ်ကိုင်ထားစဉ် သူ၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှုဖြင့် ပြည့်နှက်နေသည်။ သူက ဓားသန္ဓေသားလောင်းတစ်ခုကို အဆက်မပြတ် ပုံသွင်းထုရိုက်နေသည်။

လက်နက်သန့်စင်ခြင်း လုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင်သော ဟန်မူယဲ့၏ အမြင်တွင် အဖိုးအို၏ ပုံသွင်းထုရိုက်မှုက အကန့်အသတ်ထက် ကျော်လွန်သွားပြီ ဖြစ်၏။ ယင်းကို ဓားတစ်လက်အဖြစ် မသန့်စင်နိုင်တော့ပေ။

“ မြန်မြန်… ကမ္ဘာဦးသတ္ထုတုံးကို မီးဖိုထဲ ပစ်ထည့်လိုက် ”

“ လေးလံသံနက်သုံးတုံးကိုရော ထပ်ထည့်လိုက် ”

အဖိုးအိုက အနက်ရောင်ဓားသန္ဓေလောင်းကို ထုရိုက်နေရင်း အော်ပြောလိုက်သည်။

ဝိညာဉ်သတ္ထုတုံး ကိုင်ထားသော ပုံရိပ်များက မီးဖိုဆီသို့ အမြန်ချဉ်းကပ်သွားကြပြီး သူတို့၏ လက်ထဲမှ သတ္ထုတုံးများကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ကြသည်။

မီးဖိုထဲမှ မီးတောက်များက တဟုန်းဟုန်း လောင်ကျွမ်းလာပြီး ပိုပြီးအားကောင်းလာသည်။

ဟန်မူယဲ့သည်လည်း အရှေ့သို့ လျှောက်သွားပြီး မီးဖိုထဲသို့ သူ၏ သတ္ထုတုံးကို ပစ်ထည့်လိုက်သည်။

သတ္ထုတုံးများကို ထည့်ပြီးနောက် တခြားလူများက ထွက်သွားကြသည်။ သို့သော်လည်း ဟန်မူယဲ့က မထွက်သွားပေ။ ယင်းအစား သူက ထောင့်တစ်နေရာကို ရှာဖွေလိုက်ပြီး တန်းတစ်ခုကို ကျောမှီလိုက်သည်။ ထို့နောက် သူက တူထုရိုက်နေသော အဖိုးအိုကို ကြည့်လိုက်သည်။

အမှန်မှာ ထိုအဖိုးအိုက လက်နက်သန့်စင်ခြင်းပညာရပ်ကို အနည်းငယ် တတ်ကျွမ်းထားသည်။ သို့သော်လည်း သူ၏ အသက်အရွယ်ကြောင့်ဖြစ်စေ သို့မဟုတ် သူ၏ မတည်ငြိမ်သော စိတ်ကြောင့်ဖြစ်စေ သူ၏ တူထုရိုက်ချက်များမှာ ချို့ယွင်းချက်များ ရှိနေသည်။

ယင်းက ဓားသန္ဓေသားလောင်းကို ပျက်စီးစေသည်။

အပြင်ပန်းမှကြည့်လျှင် မည်သည့်ပျက်စီးမှုမှ မတွေ့ရသော်လည်း အတွင်းပိုင်းထဲတွင် ဝိညာဉ်သတ္ထုအမျိုးမျိုး၏ အချိုးအစားက ဖရိုဖရဲဖြစ်နေသည်။

ထိုသို့ဓားသန္ဓေသားလောင်းတစ်ခုကို အစစ်အမှန် လက်နက်တစ်ခုအဖြစ် ပုံမသွင်းနိုင်ပေ။

“ ဒီဟာကို ငါဘယ်နှစ်ကြိမ် တူထုရိုက်ခဲ့လဲ ”

တုထုရိုက်နေသော အဖိုးအိုက ရုတ်တရက် ရပ်တန့်လိုက်ပြီး ထောင့်နားမှ ဟန်မူယဲ့ကို လှမ်းကြည့်လိုက်သည်။

အဖိုးအို၏ မျက်နှာက အသားညိုပြီး သူ၏ မျက်လုံးထဲမှာ ရွှေရောင်မှိန်ဖျော့ဖျော့အလင်း ထွက်ပေါ်နေသည်။

“ တစ်ထောင့်သုံးရာတစ်ချက် ”

ဟန်မူယဲ့က တစ်ခဏ တွေးတောပြီးနောက် ပြန်ပြောသည်။

ထိုစကားက အဖိုးအိုကို မျက်လုံးမှေးကျဉ်းသွားစေသည်။ ဝိညာဉ်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

သူက ခေါင်းညိတ်လိုက်ပြီးနောက် ဓားသန္ဓေသားလောင်းကို တိတ်တဆိတ် ဆက်ပြီး ထုရိုက်သည်။

နာရီဝက်ကြာပြီးနောက် အဖိုးအိုက ပျက်စီးသွားသော ဓားသန္ဓေသားလောင်းကို မြေကြီးပေါ်သို့ လွှတ်ပစ်လိုက်သည်။

“ ပျက်စီးသွားပြီ ”

သူက တူကို အောက်ချလိုက်ပြီး အဝေးသို့ လျှောက်သွားသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အဖိုးအိုက အနောက်လှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ ကောင်လေး… မနက်ဖြန် မနက်စောစော ပြန်လာခဲ့ပါ ”

အဖိုးအို၏ ဆိုလိုရင်းကို ဟန်မူယဲ့ နားမလည်ပေ။ သို့သော်လည်း သူက ခေါင်းညိတ်လိုက်သည်။

တောင်အောက်သို့ ပြန်ဆင်းသွားသည့်အခါ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော လူအများအပြားက သူ့ဆီသို့ ရောက်လာကြပြီး နှုတ်ဆက်ကြသည်။

“ ညီအကို… တောင်အရှင်သခင်က ခင်ဗျားကို မျက်နှာသာပေးနေပြီ… ခင်ဗျားတော့ ကြီးပွားတော့မယ် ”

“ ဟုတ်တယ်… တောင်အရှင်သခင်က ပန်းပဲပညာရှင်… အနာဂတ်မှာ ခင်ဗျားလည်း ပန်းပဲပညာရှင်ဖြစ်လာလိမ့်မယ် ”

တခြားလူများသည်လည်း ဟန်မူယဲ့ကို ချီးမွမ်းလိုက်ကြသည်။ သူတို့၏ ဦးဆောင်မှုအောက်မှာ ဟန်မူယဲ့က အလုပ်သမားများနေထိုင်သော စခန်းဆီသို့ ရောက်သွားသည်။

တောင်အရှင်သခင်၏ မျက်နှာသာပေးမှုကြောင့် သူက သီးသန့်အခန်းတစ်ခန်းကို ရရှိသွားသည်။

ဟန်မူယဲ့က အခန်းထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ အရှေ့သို့ ကြည့်လိုက်သည်။

ထာဝရဓားစင်မြင့်က အကန့်အသတ်မဲ့ ဓားလမ်းစဉ်များကို စိန်ခေါ်ရသော နေရာဖြစ်မည်ဟု သူတွေးထင်ခဲ့သည်။ ထိုနေရာမှာ သူ့ကိုယ်ပိုင်အမွေအနှစ်ကို ချန်ထားနိုင်မည်။ သို့တိုင် ယင်းက ပုံရိပ်ယောင်တစ်ခုဖြစ်နေမည်ဟု သူမမျှော်လင့်ထားပေ။

ထိုပုံရိပ်ယောင်က အစစ်အမှန်နှင့် မခြားပေ။ ယင်းက အလွန်စစ်မှန်လေရာ ခြေလှမ်းဝက် ဖန်ဆင်းရှင်တစ်ပါးဖြစ်သော ဟန်မူယဲ့သည်ပင် အမှားမရှာနိုင်ပေ။ ထိုသို့ပညာက ဟန်မူယဲ့၏ စိတ်ဝင်စားမှုကို နိုးကြားစေသည်။

နောက်ရက်များတွင် သူက စောစောထ၍ လက်နက်သန့်စင်ခြင်းခန်းဆောင်ဆီသို့ သွားပြီး တောင်အရှင်သခင်၏ ပန်းပဲပညာကို စောင့်ကြည့်သည်။

တောင်အရှင်သခင်သည် ဓားရှည်တစ်လက်ကို အမြဲတမ်း သန့်စင်နေသည်။

သူက ဝိညာဉ်သတ္ထုအများအပြားကို သုံးစွဲခဲ့သည်။ အကြိမ်တိုင်းမှာ သူထုဆစ်လိုက်သော ဓားသန္ဓေသားလောင်းများက တစ်ခုမဟုတ်တစ်ခု ပျက်စီးသွားလေ့ ရှိသည်။

နောက်ပိုင်းတွင် ဟန်မူယဲ့က အလုပ်သမားများထံမှတဆင့် တောင်အရှင်သခင်အကြောင်းကို သိရှိသွားသည်။ အတိတ်မှာ တောင်အရှင်သခင်က ဓားကျိုးတောင်ကို ပိုင်ဆိုင်ခဲ့ပြီး ဓားသန့်စင်ခြင်းအတတ်ပညာကို အမွေဆက်ခံနိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူက ယွမ်ကျန်းမြို့တော်အရှင်သခင်အတွက် ဓားတစ်လက် သွန်းလုပ်ပေးနေသည်။

ယွမ်ကျန်းမြို့တော်အရှင်သခင်က မိုင်တစ်ထောင်အဝေးမှာ တည်ရှိသော လေဓားစံအိမ်၏ အရှင်သခင် ဖုန်းယန်ချင်းနှင့် တိုက်ခိုက်ရန် ထိုဓားကို အသုံးပြုချင်သည်။

ဖုန်းယန်ချင်းသည် အတိတ်တွင် တောင်အရှင်သခင် သွန်းလုပ်ပေးခဲ့သော ဓားတစ်လက်ဖြင့် မိုင်တစ်ထောင်ဧရိယာအတွင်းမှာ နာမည်ကျော်ကြားခဲ့သည်။

နှစ်ဝက်ကြာပြီးနောက် ယွမ်ကျန်းမြို့တော်အရှင်သခင် ထောက်ပံ့ပေးသော ဝိညာဉ်သတ္ထုများက ကုန်ဆုံးသွားသည်။ သို့တိုင် တောင်အရှင်သခင်က ဓားကို မသွန်းလုပ်နိုင်သေးပေ။

ဟန်မူယဲ့က တောင်အရှင်သခင်၏ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာအမျိုးမျိုးကို နှစ်ဝက်ကြာအောင် လေ့လာစောင့်ကြည့်ခဲ့သည်။ သို့သော်လည်း ဓားအားလုံးက နောက်ဆုံးအခိုက်အတန့်မှာ ကျိုးပျက်သွားစမြဲပင်။

“ ဒီနေ့က ဓားသွန်းလုပ်ဖို့အတွက် သတ်မှတ်ပေးထားတဲ့ နောက်ဆုံးနေ့ပဲ… ဓားကို ငါဘယ်လိုသွန်းလုပ်မလဲ မင်းကြည့်နေပါ ”

ကျောက်တုံးစင်မြင့်၏ အရှေ့တွင် တောင်အရှင်သခင်က နူးညံ့စွာ ပြောသည်။ ထို့နောက် သူက တူကို ကိုင်မြှောက်လိုက်ပြီး ဓားသန္ဓေသားလောင်းပေါ်သို့ မရပ်မနား ထုရိုက်လိုက်သည်။

ဟန်မူယဲ့က ဓားသန္ဓေသားလောင်းက ဖြည်းဖြည်းချင်း ပုံပေါ်လာနေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သို့သော်လည်း ယခင်အမှားများက ဓားသန္ဓေသားလောင်းထဲမှာ ထွက်ပေါ်လာဆဲပင်။

သို့သော်လည်း ဤတစ်ကြိမ်တွင် တောင်အရှင်သခင်က မရပ်တန့်ခဲ့ပေ။ ယင်းအစား သူက ဓားသန္ဓေသားလောင်းကို ပိုပြီးမြန်ဆန်စွာ ထုရိုက်လိုက်သည်။

မကြာမီ ဓားသန္ဓေသားလောင်းက ရုပ်လုံးပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယင်းက အလွန်ထက်ရှသော ဓားတစ်လက်ဖြစ်ကြောင်း ပေါ်လွင်သည်။ ဝိညာဉ်သတ္ထုများ၏ ထက်ရှမှုနှင့် မာကျောမှုကို မေးခွန်းထုတ်ရန် မလိုပေ။

ထို့ပြင် ဓားထဲမှာ မှိန်ဖျော့ဖျော့ ဝိညာဉ်အလင်းတစ်ခုလည်း ရှိသည်။ ရှင်းလင်းစွာပင် ယင်းက ဓမ္မရတနာများထဲတွင် အဆင့်မြင့်တည်ရှိမှု ဖြစ်သည်။

သို့သော်လည်း ယင်းက အပေါ်ယံအသွင်သာဖြစ်ကြောင်း ဟန်မူယဲ့ သိသည်။ ထိုဓားက ပိုပြီးအားကောင်းသော စွမ်းအားစီးဆင်းမှုကို လက်မခံနိုင်ပေ။ အစွမ်းထက်ရန်သူတစ်ယောက်ဖြင့် ရင်ဆိုင်ရသည့်အခါ ထိုဓားက သေချာပေါက် ကျိုးပဲ့သွားလိမ့်မည်။

“ ဓားက အဆင်သင့်ဖြစ်ပြီ… ဒီဓားကို ယူသွားပြီး မင်းရဲ့ ဆရာကို ပေးလိုက်ပါ ”

တောင်အရှင်သခင်က စကားဆုံးသည်နှင့် သုံးပေရှည်လျားသော ဓားကို ဟန်မူယဲ့ထံသို့ ပစ်ပေးလိုက်သည်။

ဟန်မူယဲ့က ဓားကို လှမ်းမဖမ်းနိုင်မီ ပုံရိပ်တစ်ခုက အရှေ့သို့ ခုန်ထွက်လာပြီး ဓားကို ဖမ်းဆုပ်လိုက်သည်။

ထိုပုဂ္ဂိုလ်က တောင်အရှင်သခင်နောက်သို့ ဆယ်စုနှစ်တစ်ခုကြာအောင် လိုက်ခဲ့သော အမှုထမ်းတစ်ယောက် ဖြစ်သည်။

ထိုအမှုထမ်းက ဓားကို ဆုပ်ကိုင်ရင်း ပြုံးလိုက်သည်။ သူက အရင်ဦးဆုံး သူ့အား မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေသော တောင်အရှင်သခင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဘေးမှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ ဆရာ… ကျုပ် ခင်ဗျားကို သစ္စာမဖောက်ချင်ပါဘူး… ဒါပေမဲ့ မြို့အရှင်သခင်ပေးတဲ့ ပမာဏက အရမ်းများလွန်းတယ် ”

သူက ပြောသည်။

“ ခင်ဗျားက မနေ့တစ်နေ့ကမှ ရောက်လာတဲ့ အဲ့ဒီကောင်လေးကို နေ့တိုင်း ခင်ဗျားလက်နက်သန့်စင်တာကို ကြည့်ခွင့်ပေးတယ်… ခင်ဗျားရဲ့ အနောက်ကို ဆယ်စုနှစ်တစ်ခုကြာ လိုက်ခဲ့ကြတဲ့ ကျုပ်တို့ကိုတော့ အခွင့်အရေးလေးတစ်ခုတောင် ပေးခဲ့လို့လား ”

“ ကျုပ်တို့ညီအကိုအားလုံး ခင်ဗျားအပေါ် စိတ်ပျက်သွားပြီ ”

ထိုအမှုထမ်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် သူက ဓားကို သယ်ဆောင်လျက် ထွက်သွားသည်။

တောင်အရှင်သခင်က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။ သူက လက်ဟန်ထုတ်ဖော်လိုက်ပြီး တူကို ဟန်မူယဲ့ဆီသို့ ပစ်ပေးလိုက်သည်။

“ မင်းအလှည့် ”

ဟန်မူယဲ့က တူကို ဖမ်းယူလိုက်ပြီး ဓားကို စတင်သွန်းလုပ်သည်။

ဓားသန္ဓေသားလောင်း ရုပ်လုံးပေါ်လာတော့မည့်အချိန် တောင်အရှင်သခင်က အနောက်မှ ရုတ်တရက် ပြောသည်။

“ ရွှေက တူထဲမှာ ရှိတယ် ”

ဟန်မူယဲ့၏ တူခေါင်းက အောက်သို့ ကျဆင်းလာသည်နှင့် ဓားသန္ဓေသားလောင်းက တုန်ယင်သွားသည်။

တိမ်တိုက်သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။

ယင်းက ထိုဓားကို သန့်စင်သော အဓိကလျှို့ဝှက်ချက် ဖြစ်သည်။

သူက တူကို မမြှောက်တော့မည့်အချိန် တောင်အရှင်သခင်က ဟန်မူယဲ့၏ လက်ကို လှမ်းဖမ်းလိုက်သည်။

“ ထွက်သွား ”

သူက ပြောသည်။

“ ဒီကို နောက်ဘယ်တော့မှ ပြန်မလာနဲ့ ”

မပြည့်စုံသေးသော ဓားသန္ဓေသားလောင်းကို ဟန်မူယဲ့ထံ ပစ်ပေးလိုက်ပြီးနောက် တောင်အရှင်သခင်က အဝေးသို့ လျှောက်သွားသည်။

ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားသန္ဓေသားလောင်းကို ကြည့်လိုက်သည်။ သံသယအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ဆယ်ရက်ကြာပြီးနောက် ထူးခြားသော သတင်းတစ်ခု ထွက်ပေါ်လာသည်။ ယွမ်ကျန်းမြို့တော်အရှင်သခင်နှင့် ဖုန်းယန်ချင်းကြားမှ တိုက်ပွဲတွင် ယွမ်ကျန်းမြို့တော်အရှင်သခင်က တိုက်ကွက်တစ်ရာ ဖလှယ်ပြီးနောက် ဓားကျိုးသွားပြီး ရှုံးနိမ့်သွားသည်။

သုံးရက်ကြာပြီးနောက် ယွမ်ကျန်းမြို့တော်၏ စစ်တပ်က ဓားကျိုးတောင်ခြေဆီသို့ ချီတတ်လာသည်။

ဟန်မူယဲ့က မီးခိုးများ တလူလူ မြှောက်တတ်နေသော ဓားကျိုးတောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက သူ့လက်ထဲမှ ဓားကို ကြည့်လိုက်သည်။ ဆင်ခြင်နားလည်မှုတချို့က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ဓားမှာ အသွားနှစ်ဖက်ရှိသည်။

ဓားက တစ်ဖက်လူကို အန္တရာယ်ပေးနိုင်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ်ပေးနိုင်သည်။

ဓားကျိုးတောင်ပေါ်သို့ နောက်တစ်ကြိမ် သူခြေချလိုက်သည့်အခါ နေရာတိုင်းတွင် အပျက်အစီးများရှိနေသည်။

စစ်သည်တော်များက ဓားကျိုးတောင်၏ တပည့်များနှင့် အမှုထမ်းများကို လိုက်လံသတ်ဖြတ်နေကြသည်။

“ အဲ့ဒီမှာ ဘယ်သူလဲ ”

“ သူ့ကို ဝိုင်းထားကြ ”

ပုံရိပ်အများအပြားက ဟန်မူယဲ့ဆီသို့ ပြေးလာကြသည်။

ဟန်မူယဲ့က မပြီးမြောက်သေးသော ဓားသန္ဓေသားလောင်းကို ကိုင်မြှောက်လိုက်ပြီး အော်ပြောလိုက်သည်။

“ မြို့တော်အရှင်သခင်ကို ငါတွေ့ချင်တယ် ”

“ ဒီဟာက စစ်မှန်တဲ့ တုနှိုင်းမဲ့ဓား ”

တုနှိုင်းမဲ့ဓား… ။

စစ်သည်တော်များက ယင်းကို မယုံကြည်ပေ။ သူတို့က ဓားလှံများနှင့်အတူ အရှေ့သို့ ချီတတ်လာကြသည်။

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားသန္ဓေသားလောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်လေရာ စစ်သည်တော်များ၏ ဓားလှံအားလုံးက နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရသည်။

စစ်သည်တော်များက ဟန်မူယဲ့ကို အံ့ဩစွာ ကြည့်လိုက်ကြသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့က ဟန်မူယဲ့ကို သံချပ်ကာဝတ်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်၏ အရှေ့သို့ ခေါ်ဆောင်သွားကြသည်။

မနီးမဝေးတွင် ဖုန်များဖြင့် ညစ်ပတ်ပေကျံနေသော တောင်အရှင်သခင်က စစ်သည်တော်များ၏ ဆွဲခေါ်ခံလာရသည်။ သူ့ကို ပြိုကွဲပျက်စီးနေသော မီးဖို၏ ဘေးမှာ အတင်းအဓမ္မ ဒူးထောက်စေသည်။

“ သူ့နာမည်က ဟန်မူယဲ့… သူက ဆရာတန်ဖိုးထားတဲ့ အလုပ်သင်တစ်ယောက် ”

“ သူက လက်နက်တွေကို သန့်စင်နိုင်တယ်… ဆရာက သူ့တစ်ယောက်တည်းကိုပဲ သူဓားသွန်းလုပ်တာ ကြည့်ခွင့်ပေးတယ် ”

“ သူ့လက်ထဲက ဓားက ဆရာသန့်စင်ပေးထားတာ ဖြစ်ရမယ် ”

လှံခေါင်းဖြင့် ချိန်ရွယ်ခံထားရသော အစေခံတစ်ယောက်က ကြောက်ရွံ့စွာ ပြောသည်။

သံချပ်ကာဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားက ဟန်မူယဲ့၏ လက်ထဲမှ ဓားသန္ဓေသားလောင်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ အဲ့ဒီဓားသန္ဓေသားလောင်းက ဘယ်ကနေ လာတာလဲ ”

သူက မေးသည်။

All Chapters