ယောကျာ်းတစ်ယောက်က အလွယ်တကူ အလျှော့မပေးဘူး
Vol. 44 Ch. 608
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
မရေမတွက်နိုင်သော ဖုတ်ကောင်များက မီးနဂါးလေးများကြောင့် လွင့်ထွက်ကုန်၏။ အားနည်းသူများက အပိုင်းပိုင်းအစစ ဖြစ်သွားလျက် အများစုက လွင့်ထွက်သွားကြကာ သူတို့နောက်ရှိ ဖုတ်ကောင်များနှင့် တိုက်မိကုန်၏။
ကျန်းရီ၏ အလယ်အဆင့် တာအိုပုံစံက အတော်လေး အစွမ်းထက်သည်။ ဗာဂျရာနယ်ပယ် အတွင်းအားနှင့်အတူ စွမ်းအင်က ဗာဂျရာနယ်ပယ် ပဉ္စမအဆင့်၏ စွမ်းအင်နှင့် ယှဉ်နိုင်ပေသည်။ ထိုဖုတ်ကောင်များက မည်သည့် အတွင်းအားမှ မရှိပေ။ သူတို့က သူတို့၏ ရုပ်ခန္ဓာဖြင့် တိုက်ကွက်များကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
တိုက်ကွက်တစ်ကွက်တွင် ကျန်းရီက ဖုတ်ကောင် တစ်ရာနီးပါးကို တစ်စစီ ဖြစ်စေခဲ့ပြီး ရာချီလွင့်ထွက်သွားစေတော့၏။ ခြေလက်များ လွင့်ထွက်သွားပြီး ခန္ဓာကိုယ် ထိခိုက်သွားသူများ ရှိသည်။ အဖျက်စွမ်းအားက ဖြုံလောက်သော်ငြား ကျန်းရီက စိတ်သက်သာရာ မရသွားပေ။
ထိုဖုတ်ကောင်များက တိုက်ခိုက်နိုင်သေးသည့်ပမာ ချက်ချင်း ထရပ်လာကြသည်။ သူတို့က ခြေတစ်ဖက်ထဲ ကျန်နေလျှင်တောင် ခုန်ဆွခုန်ဆွဖြင့် မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလိုက်ကာ ရှေ့သို့ တစ်ဟုန်ထိုး တက်လာပေသည်။ သို့သော် ဦးနှောက် ချေမွခံလိုက်ရသည့် သူကမူ ထပ်မလှုပ်နိုင်တော့ချေ။
ထိုအလောင်းများ၌ စိတ်ဝိညာဉ်မရှိ။ သူတို့က နာကျင်မှုကို မခံစားနိုင်တာ သဘာဝကျသည်။ သူတို့ခန္ဓာကိုယ် လှုပ်ရှားနိုင်သေးသ၍ အမောအပန်းမရှိ သွားလာနိုင်အုံးမှာပဲ ဖြစ်သည်။ ခြေမရှိလျှင်တောင် လက်နှစ်ဖက်ဖြင့် တွားသွားနိုင်သေး၏။
ချီ ချီ
ကျန်းရီ၏ မီးနဂါးဓားက လင်းထိန်လာပြီး ထပ်မံလွှဲရိုက်ချလိုက်ရာ မီးနဂါး အကောင်ရေ တစ်သောင်းကျော်က လောကကို ဖျက်ဆီးမည့် အဟုန်ဖြင့် တိုးဝင်သွားတော့သည်။ ကျန်းရီက မီးနဂါးဓားကို လင်းထိန်သွားစေပြီးနောက် မီးနဂါးလေးများကို မကြည့်ဘဲ နောက်ထပ် နှစ်ချက် လွှဲယမ်းလိုက်တော့သည်။
သူ့အဖို့ အံ့သြရသည်က သူ၏တိုက်ကွက်က အလွန်သန်မာသည်။ အချို့သော မီးနဂါးလေးများက မြေပြင်ပေါ်ရှိ အနက်ရောင် ကျောက်ပြားများနှင့် တိုက်မိသွား၏ သို့မဟုတ် လမ်းတစ်လျှောက် အိမ်များနှင့် တိုက်မိသွားသည်။ သို့သော် မြေပြင်နှင့် အိမ်များက ထိခိုက်သွားခြင်း မရှိပေ။ အိမ်များပေါ်တွင် ချိတ်ဆွဲထားသော မီးအိမ်များကတောင် အကောင်းပကတိအတိုင်း ရှိနေ၏။
“ဖုန်းတုမြို့ထဲက ကြမ်းပြင်နဲ့ အိမ်တွေကို ဘယ်လိုများ လုပ်ထားတာလဲ။ ဘာကြောင့် ဒီလောက် မာနေရတာလဲ။ သူတို့ကို ကာကွယ်ပေးနေတဲ့ မမြင်ရတဲ့ အစီအရင် ရှိနေတာလား”
ကျန်းရီက စိတ်ထဲ သတိအနေအထား ဖြစ်သွားသည်။ သူ၏တိုက်ကွက်က တောင်ကိုတောင် မြေကြီးပေါ် ပြားပြားဝပ်သွားစေလေရာ ထိုအိမ်လေးများဆိုလျှင် ပြောနေရန် မလိုချေ။ ထိုအနက်ရောင် ကျောက်ပြားများက သူတို့ပေါ်၌ ဓားရာမကျန်ပေ။
သို့သော် နောက်ထပ် အကြံတစ်ခု ပေါ်လာလေ၏။ အတိတ်တုန်းက ဤနေရာကို သိုင်းပညာရှင်များစွာ ဖောက်ဝင်ခဲ့မှာ သေချာသည်။ ကောင်းကင်ဧကရာဇ်များလည်း ရှိတာ မလွှဲမသွေဖြစ်၏။ သူတို့တိုက်ကွက်များကတောင် အရာမထင်စေလေရာ သူဘာမှ မလုပ်နိုင်တာ သဘာဝကျသည်။
“သွားကြမယ်”
သူ၏ခန္ဓာကိုယ်က မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ရှေ့သို့တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ သူက သူ့ဆီတစ်ဟုန်ထိုး ရောက်လာနေသော သေလွန်ပြီး စစ်သည်များကို ရှာတွေ့လိုက်၏။ သူတို့ကို သတ်ဖြတ်ရန် အကြံက တုံးအပြီး ရယ်စရာ ကောင်းနေလေသည်။
သူအသက်ရှင်ချင်လျှင် လမ်းကြောင်းတစ်ခုရှာပြီး စတုတ္ထလှည်း၏ ဝင်ပေါက်ကို ရှာရမှာပဲဖြစ်သည်။
ပင်မလမ်း သုံးခုရှိသည်။ မည်သည်ကို ရွေးရမည်မှန်း မသိ။ သူ့ကံကို စမ်းရမှာပဲဖြစ်သည်။ တန်းတန်းမတ်မတ်သွားရန် ဆုံးဖြတ်လိုက်၏။ မီးနဂါးဓားကို ဆက်တိုက် လွှဲယမ်းနေပြီး မီးနဂါးလေးများကို ဆက်တိုက် ထုတ်ဖော်နေ၏။ သူ့ရှေ့ရှိ ဖုတ်ကောင်များက အသတ်ခံရလျှင် အသတ်ခံရ။ အသတ်မခံရလျှင် လွင့်ထွက်သွားကြကာ သူ့အတွက် လမ်းကြောင်းရှင်းနေတော့သည်။ ထိုလမ်းကြောင်း တောက်လျှောက် သူပြေးနေလေ၏။
“ဒီအနက်ရောင် အငွေ့အသက်တွေက တစ်ခုခု မှားနေပြီ။ ကံကောင်းတာက မီးဝိညာဉ် ပုလဲထဲမှ မြေကမ္ဘာမီးတချို့ ရှိနေသေးတာပဲ”
မီတာရာချီ ပြေးလွှားပြီးနောက် ကျန်းရီကလည်း ပြဿနာကို သဘောပေါက်သွားသည်။ ထိုဖုတ်ကောင်များနားရှိ အနက်ရောင် အငွေ့အသက်များက သူသတ်တာ ခံလိုက်ရသော ဖုတ်ကောင်များနားရှိ အနက်ရောင် အငွေ့အသက်များက လမ်းထဲတွင် စိမ့်ဝင်လာတာပဲဖြစ်သည်။ သူ့ရှေ့သို့ လှုပ်ရှားသည်နှင့် ထိုအနက်ရောင် အငွေ့အသက်များ တိုက်ခိုက်တာ ခံရမှာ မလွှဲမသွေပင်ဖြစ်သည်။
ကံကောင်းသည်မှာ သူ၏တစ်ကိုယ်လုံးကို မြေကမ္ဘာမီးက လွှမ်းခြုံပေးထားလျက် အနက်ရောင် အရှိန်အဝါများက သူ့အရေပြားဆီရောက်ရန် မြေကမ္ဘာမီးကို မထိုးဖောက်နိုင်ပေ။ မဟုတ်လျှင် အနက်ရောင် အငွေ့အသက်များ သူ့ကိုထိသွားသည်နှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပေလိမ့်မည်။ စိတ်ဝိညာဉ်ကလည်း တိုက်ခိုက်ခံခဲ့ရပါက သူက ဖုတ်ကောင်တစ်ကောင် သေလွန်ပြီး စစ်သည်တော်အဖြစ် ပြောင်းလဲသွားမှာပဲဖြစ်သည်။
“မြန်မြန်”
မြေကမ္ဘာမီးက သိပ်မကျန်တော့ပေ။ အနက်ရောင် အရှိန်အဝါ၏ တိုက်ခိုက်မှုအောက်တွင် မြေကမ္ဘာမီးက တဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မြေကမ္ဘာမီး ကုန်ဆုံးသွားလျှင် သူကသူ့ကိုယ်သူ ကာကွယ်ရန် ဘုံကိုးဘုံ နဂါးမီးတောက်ကို လှည့်ပတ်ရမှာပဲဖြစ်သည်။ ယခုအချိန်တွင် အတွင်းအားက ယုတ်လျော့နေလေရာ သူ၏ လေအသင်္ချေ တာအိုပုံစံကို အကြိမ်တိုင်း ထုတ်နေရသည့် အတွင်းအား ဘုံကိုးဘုံ နဂါးမီးလျံအတွက် အတွင်းအားကို အသုံးပြုခဲ့လျှင် အတွင်းအား ခမ်းခြောက်မှု ဖြစ်စေလိမ့်မည်။ ကြယ်စာလုံး သုံးလုံးအတွင်းရှိ အတွင်းအားများ ကုန်ဆုံးသွားသည်နှင့် သေမှာကိုပဲ စောင့်ဆိုင်းနေရတော့မှာပဲ ဖြစ်သည်။
သူ၏ကြယ်တာရာ စာလုံးသုံးလုံးထဲ၌ အတွင်းအားများစွာ ရှိသည်။ ထိုကဲ့သို့ ပြင်းထန်သည့် တိုက်ကွက်ဖြင့် လဝက်တောင် အလွယ်တကူ နေနိုင်သည်။ ထို့ကြောင့် လဝက်အတွင်း သူကလမ်းတစ်ခု ရှာရန်သာ လိုအပ်သည်။
ဖုန်းတုမြို့က အလွန်ကြီးသော်ငြား ကျန်းရီက တစ်မြို့လုံးကို လဝက်ခန့်သာ သွားရန်လိုပြီး ထွက်ပေါက်ကို မြန်မြန်ရှာနိုင်လောက်သည်။
အိမ်မက်က လှပသော်ငြား အမှန်တရားကမူ ရက်စက်ပေ၏။
ကျန်းရီသည် မီတာ၁၅၀၀ခန့် ပြေးလွှားပြီးနောက် ပြီးခဲ့သည့် အခေါက်နှင့် တစ်ထပ်ထဲတူသော နောက်ထပ် ဖြတ်လမ်းကို တွေ့သွားတော့သည်။ မည်သည့်လမ်းကို ရွေးရမည်မှန်း မသိပေ။
မိုးနှင့်မြေ တစ်သားတည်း အခြေအနေက သူ့နာတစ်ဝိုက်ရှိ အရာအားလုံးကို ရှာဖွေရန် ကူညီပေးနိုင်သော်ငြား သူ့နားတစ်ဝိုက် မီတာငါးရာထိသာ ကန့်သတ်ခံထားရသည်။ ထွက်ပေါက်ကို ဦးတည်မည့်လမ်းကြောင်းကို မရှာနိုင်ပေ။
“ဆန်းကြယ်ဧကရာဇ် ခင်ဗျားက လိမ္မာပါးနပ်ပါပေတယ်”
ကျန်းရီသည် နောက်ဆုံးတော့ ဤတစ်လှည့်၏ ခက်ခဲမှုကို သဘောပေါက်သွားသည်။ မြို့က ကြီးလွန်းနေတာပဲ ဖြစ်သည်။ ကောင်းကင်စိတ်အာရုံက မြို့၏ အကန့်အသတ်ကို မရောက်နိုင်ပေ။ သိုင်းပညာရှင်များက မြို့ထဲတွင် ဦးတည်ရာမဲ့ လှည့်လည် သွားလာနေရမည်ဖြစ်သည်။ သို့သော် ဖုတ်ကောင်စစ်သည်များက မကုန်မခမ်းနိုင်ပေ။ ထွက်ပေါက်ကို ရှာမတွေ့နိုင်လျှင် ဖုတ်ကောင်စစ်သည်တော်များ သတ်တာခံရလောက်၏။
ကောင်းကင်ဧကရာဇ် တစ်ဦးအတွက်တောင် သူတို့သတ်နိုင်သည့် ဖုတ်ကောင် အရေအတွက်နှင့် သူတို့ခံနိုင်သည့် အတွင်းအား ပမာဏက အကန့်အသတ်ရှိသည်။ ဤနေရာရှိ အဆောက်အအုံများက မဖျက်ဆီးနိုင်။ အမြင်အာရုံကလည်း အင်မတန် စုတ်ချာနေလေသည်။ လမ်းများကလည်း နေရာအနှံ့ ရှိနေပြီး ဤနေရာတွင် လူတိုင်းလမ်းပျောက်နိုင်ကာ အတွင်းအားများ ကုန်ခမ်းပြီး ဖုတ်ကောင်စစ်သည်များ၏ အရှင်လတ်လတ် စုတ်ဖြဲခြင်းကို ခံရနိုင်သည်။
“သွားကြမယ်”
ကျန်းရီက ထပ်ဂရုမစိုက်တော့ပေ။ သူကရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားလျက် မီးနဂါးဓားကို သုံးကြိမ်ဆက်တိုက် လွှဲယမ်းလိုက်ရာ မီးနဂါးအကောင်ရေ တစ်သိန်းကျော်က ယပ်တောင်ပုံစံ ဖွဲ့တည်လျက် ရှေ့သို့သွားကာ သွေးလမ်းကြောင်းတစ်ခုကို ရှင်းထုတ်လိုက်တော့သည်။
ယခုအချိန်တွင် မြို့ကိုကောင်းကင်ထက်မှ ကြည့်မိလျှင် အင်မတန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို တွေ့ရပေမည်။ ဧရာမ မြို့ကြီးတစ်မြို့ထဲ၌ မရေမတွက်နိုင်သော လမ်းများစွာက မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးချောင်း လင်းထိန်နေသည်။ အလောင်းများက လမ်းပေါ် နေရာအနှံ့ ရှိနေပြီး လည်နေကြပေသည်။
လမ်းပေါ်၌ လူငယ်တစ်ဦးက ဓားတစ်လက်ကို ကိုင်ဆောင်လျက် လျှောက်နေသည်။ သူနှင့်ငါးကီလိုမီတာ အတွင်းရှိ အလောင်းများအားလုံးက ထလာပြီး သူ့ဆီ ပြေးသွားကြကုန်၏။ ဓားကိုင်ဆောင်ထားသည့် လူငယ်က မီးနဂါးဓား တစ်သောင်းကျော်ကို ဆက်တိုက်ထုတ်လျက် ကောင်းကင်ကို အနီရောင်အလင်းဖြင့် လင်းထိန်သွားစေတော့သည်။
မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များသည် နုတ်နုတ်စင်းခံထားရသော အသားများအသွင် ပြောင်းလဲကုန်ပြီး ကောင်းကင်ထဲ လွင့်ထွက်ကုန်၏။ မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များက အဝေးသို့ လွင့်ထွက်သွားကြသော်ငြား ထရပ်ရန် ရုန်းကန်ပြီး လူငယ်ဆီ ထပ်ပြေးဝင်ကြပြန်သည်။ သူကမျက်လုံးမှိတ်ထားလျက် တည်ငြိမ်ပြီး သက်တောင့်သက်သာ ရှိနေသည်။ လမ်းတစ်လျှောက် ဝေ့ဝိုက်သွားလာပြီး လှည့်လည်သွားလာနေတော့၏။ သူ့နားတစ်ဝိုက် ကြောက်မက်ဖွယ် ကောင်းမှုနှင့် ဆန့်ကျင်ဘက်ဖြစ်လျက် ထူးဆန်းသည့် မြင်ကွင်းက အလွန်အကျွံ့ သက်ရောက်မှု ဖြစ်စေတော့သည်။
တစ်နာရီ ကြာသွား၏။
ကျန်းရီသည် ကီလိုမီတာ ရာချီကို ဖြတ်ကျော်ပြီး မရေမတွက်နိုင်သည့် ဖြတ်လမ်းများစွာကို ကြုံတွေ့ခဲ့ရသည်။ အရပ်မျက်နှာ မပြောင်းဘဲ တန်းတန်းမတ်မတ်သာ သွားခဲ့လေသည်။ သူဖုတ်ကောင်စစ်သည် မည်မျှများများ သတ်ခဲ့မှန်း မသိပေ။ အကောင်ရေ တစ်ထောင် သို့မဟုတ် တစ်သောင်းဝန်းကျင် ရှိလောက်သည်။ ဖုတ်ကောင်စစ်သည်များက မကုန်ခမ်းနိုင်ဘဲ ဤလမ်းရှည်ထဲ၌ အဆုံးမရှိ ပေါ်လာမည်မှန်း သူသိ၏။
“သွား”
သွားစရာလမ်း မရှိသောကြောင့် ရှေ့သို့သာ ဆက်သွားရုံ တက်နိုင်သည်။ သူမနားနိုင်ပေ။ ရပ်တန့်လိုက်သည်နှင့် အရပ်မျက်နှာအနံှ့မှ ဖုတ်ကောင်စစ်သည်များက သူ့ဆီတစ်ဟုန်ထိုး ဝင်လာကြလိမ့်မည်။ သေတာ ပိုမြန်ရုံသာရှိမည်။
နှစ်နာရီ ကြာပြီးနောက် လမ်းဆုံးသို့ မရောက်သေးပေ။ ဖုန်းတုမြို့က အမှန်တကယ် အကန့်အသတ်မဲ့ပြီး ဖုတ်ကောင်စစ်သည်တော် များကလည်း အနန္တဖြစ်နေလေ၏။ ယင်းက မမှန်းဆနိုင် ဖုန်းတုမြို့ထဲတွင် ဖုတ်ကောင်စစ်သည် အရေအတွက် အတိအကျ မည်မျှရှိသနည်း။ ဆယ်သန်း သို့မဟုတ် သန်းတစ်ရာ ရှိနိုင်သည်လော။
ခြောက်နာရီခန့် ကြာညောင်းသွားပြီးနောက် သူသည် လမ်းရှည်၏ အဆုံးသို့မရောက်ခင် ကီလိုမီတာ တစ်သောင်းကျော် ပြေးပြီးဖြစ်သည်။ သို့သော် သုံးကီလိုမီတာခန့် မြင့်မားသော အနက်ရောင် မြို့ရိုးကို ရှာရန်မုတ်ဆိတ်ပြား အားလျော့နေပြီဖြစ်သည်။
သူ၏ အဆိုးဆုံး အိမ်မက်ဆိုးက အမှန်အတိုင်း ဖြစ်လာ၏။
ဖုန်းတုမြို့က ကြီးလွန်းသည်။ သူသည် အနည်းဆုံး ဖြတ်လမ်းတစ်သောင်းနီးပါး ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖုန်းတုမြို့ထဲ၌ အနည်းဆုံး လမ်းနှစ်သောင်းခန့်ရှိသည်။
ထွက်ပေါက်က မြို့ထဲရှိ တစ်နေရာရာတွင် သေချာပေါက် ရှိနေသော်ငြား ထွက်ပေါက်ဆီသို့ ဦးတည်သွားသော လမ်းအတိအကျကို နတ်ဘုရားသာ သိပေလိမ့်မည်။ လမ်းတစ်လမ်းဆီသို့ ဦးတည်သွားရန် ခြောက်နာရီ အချိန်ယူရလေရာ အကုန်သွားရန်အတွက် နာရီပေါင်းခြောက်သောင်း ယူရပေမည်။ သို့သော် ခန္ဓာကိုယ်ထဲရှိ အတွင်းအားက လဝက်သာ ခံမှာပဲဖြစ်သည်။
ဖုတ်ကောင် စစ်သည်များကလည်း နောက်မှ လိုက်ပါလာ၏။ ကျန်းရီက ရွေးချယ်စရာမရှိဘဲ လှည့်ပြီး စတင်ပြေးကာ ထပ်မံသတ်ရတော့သည်။ ထွက်ပေါက်ကို ရှာနိုင် မရှာနိုင် မသိသော်ငြား ယောကျာ်းတစ်ဦးက အလွယ်တကူ အလျှော့ပေးမှာမဟုတ်မှန်း သူသေချာသိနေပေ၏။
***