← Chapters

အခန်း (၁-၅)

Vol. 1 Ch. 1-5

အခန်း (၁-၅)

Vol. 1 Ch. 1-5

အပိုင်း(၁) : မြင့်မြတ်သော သူတော်စင် တာအိုသန္ဓေသားလောင်း

ပေမင်သက္ကရာဇ် ၂၆၈၅ ခုနှစ် ၊

ပေမင် နိုင်ငံ၊

ယနေ့သည် ကွေးယွမ်သူတော်စင်နယ်မြေမှ တပည့်သစ်များ စုဆောင်းမည့်နေ့ဖြစ်သည်။

ကွေးယွမ်သူတော်စင်နယ်မြေသည် ပေမင် နိုင်ငံတွင် အင်အားသန်မာဆုံးသော နယ်မြေတစ်ခုအဖြစ် ရပ်တည်ထားသည်။ယနေ့ထက်ထိ ထိပ်တန်း အင်အားစုထဲက တစ်ခုအဖြစ် ရပ်တည်ထားယုံသာမက ၎င်း၏ တွဲဖက် လက်အောက်ခံများလည်း မရေမတွက်နိုင်လောက်အောင် များပြားသည်။အထဲသို့ ဝင်ခွင့်ရသည်နှင့် ကြက် တောင် ညဏ်အလင်းပေါက်ကာ ကောင်းကင်ဘုံသို့ တတ်လှမ်းနိုင်သည်ဟု အဆိုရှိကြသည်။

သူတော်စင်နယ်မြေ၏ ရင်ပြင်တွင် လူအမျိုးမျိုး မတ်တပ်ရပ်နေကြပြီး ချို့တဲ့သော မိသားစုမှ ပေါက်ဖွားလာသော လျှော်နှင့်ပြုလုပ်ထားသော အဝတ်အစားများကိုသာ ဝတ်ထားကြရသည့် လူငယ်လေးတချို့လည်း ရှိပေသည်။

မျက်နှာမှာ ပေညစ်နေကာ အနည်းငယ် ညစ်ပတ်ပုံ ရသော်လည်း သို့သော် အရင်အတိုင်း ချောမောနေဆဲဖြစ်ပြီး အဝတ်အစားသစ် ဝတ်ဆင်လိုက်ယုံဖြင့် ခန့်ညားထည်ဝါသော သခင်လေးတစ်ယောက်လို ဖြစ်နေမည်ဟု ယုံကြည်နေ၏။

  “ဒါက ဘယ်နေရာလဲ?”

လူငယ်လေးတစ်ယောက်သည် ဘေးပတ်ပတ်လည်ကို ကြည့်နေ၏။သူ့မျက်စိရှေ့က ပတ်ဝန်းကျင်သည် သူ့အတွက်တော့ စိမ်းသက်လို့နေသည်။

ထိုအခိုက်အတန့်တွင် သူ၏ မှတ်ညဏ်များက ပေါင်းစပ်လာကာ ရှုပ်ယှက်ခက်နေသော အမြင်များသည် တဖြေးဖြေး ကြည်လင်လို့လာခဲ့သည်။

"လက်စသတ်တော့ ငါ အချိန်ကူးပြောင်းလာခဲ့တာပဲ "

သူ့အရင်က ဘဝသည် စာမူတွေကို အပြေးအလွှား ရေးနေခဲ့ရသော စာရေးဆရာ တစ်ယောက် ဖြစ်သည်။ရလဒ်အနေဖြင့် ပင်ပန်းလွန်းကာ မျက်လုံးအမှောင်ကျသွားချိန် မျက်စိပြန်ပွင့်လာတော့ သူ ဒီနေရာကို ရောက်နေခဲ့သည်။

" ဒီရဲ့ ကမ္ဘာက ကိုယ်ခံပညာလမ်းစဥ်ကို ထောက်ခံအားပေးတဲ့ နေရာပဲ သန်မာတဲ့သူတွေက နေ၊လနဲ့ ကြယ်ကို ခူးဆွတ်နိုင်သလို အားအင်နည်းတဲ့သူက ဝက်တစ်ကောင် ခွေးတစ်ကောင်လို ဆက်ဆံခံရမယ် "

" မူလပိုင်ရှင်ရဲ့ မှတ်ညဏ်အရ ကြည့်ရင်၊စူးချန်ကဲက မျိုးရိုးနိမ့်မိသားစုက ဖြစ်ပြီး ငယ်ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရတယ် နောက်တော့ အိမ်ပျောက်ပြီး အပြင်မှာ လေလွင့်နေခဲ့တာ အတော်ကြာပြီပဲ "

မိသားသုနောက်ခံမရှိ ၊ အရည်အချင်း မရှိ၊တနေ့ ၃ နပ်စားနိုင်ရင်ကို ဇိမ်ခံဘဝကြီးလို ဖြစ်နေပြီ ဖြစ်သည်။

ဒီစူးချန်ကဲဘဝကို တွေးကြည့်မိပြီး မျှော်လင့်ချက်တို့ ပျက်သုန်းမိသည်။

  "ဒန်!ဒန်!ဒန်!”

ရှေ့က ဒရမ်ခေါက်သံမှာ ရုတ်ချည်းထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

ရှေ့က လူအုပ်ကြီးသည် တညီတညာတည်း စီတန်းလိုက်ကြသည်။

လူအုပ်ကြီး၏ အဆုံးတွင် အနှိုင်းမဲ့ ကြီးမားသော ကျောက်စာတိုင်ကြီး တစ်ခု ရှိသည်။

ထိုကျောက်စာတိုင်ကြီးသည် သာမာန်အရာများနှင့် မတူဘဲ ရှေးကျလွန်းပြီး အားအင်ကြီးမှုကို ဖော်ပြနေသည်။

ကောင်းကင်ထိန်း ကျောက်စာတိုင်၊ 

ကွေးယွမ်သူတော်စင် နယ်မြေမှာ ရှိတဲ့ အဖိုးတန် ရတနာက လူတစ်ယောက်ရဲ့ စွမ်းရည်ကို စမ်းသပ်နိုင်ပြီး မတူညီတဲ့ စွမ်းရည်တွေကို မတူညီတဲ့ အရောင်တွေနဲ့ ဖော်ပြလေ့ရှိကြောင်း ကောလဟာလ ရှိပေသည်။

အဝါရောင်သည် ပြင်ပ တပည့်အဆင့်ဖြစ်သည်။

အပြာရောင်သည် ဂိုဏ်းတွင်း တပည့်အဆင့်ဖြစ်သည်။

ခရမ်းရောင်သည် ခေါင်းဆောင်တပည့်အဆင့် ဖြစ်သည်။

လိမ္မော်ရောင်သည် ကိုယ်ပိုင်တပည့် (အကြီးအကဲ တပည့်)အဆင့် ဖြစ်သည်။

အနီရောင်သည် သူတော်စင်တပည့်အဆင့် ဖြစ်သည်။

လူအမျိုးမျိုး စမ်းသပ်ခံပြီးနောက် ၊အခြေခံ ကျင့်ကြံရေး စွမ်းအား အဆင့်တောင် မရှိကြသော သူများ ဖြစ်ရာ သူတို့တွေထဲက အမြင့်ဆုံးမှာ အပြာရောင် အဆင့်ထိသာ ဖြစ်သည်။

"ဒီတခေါက် တပည့်တွေရဲ့ အရည်အချင်းက အရမ်း ညံ့လွန်းတယ် မျိုးဆက်တစ်ခုပြီး တစ်ခု ဆိုးလာတယ် "

" နှစ်ပေါင်းများစွာက သူတော်စင်နယ်မြေမှာ သူတော်စင် တပည့် သုံးလေးယောက်အထိ ရွေးချယ်ခံရဖူးတယ် "

" ထားပါတော့ ၊ မြန်မြန် အဆုံးသတ်ကြတာပေါ့

အားပဲ အလကားကုန်တယ် "

အကြီးအကဲတစ်ယောက်သည် ခရမ်းရောင်အဆင့်တောင် မပေါ်သော တဝက်ကျိုးသွားပြီ ဖြစ်သော လူအုပ်ကြီးကို ကြည့်နေမိသည်။ထိုအတိုင်းသာ ဆက်သွားမည်ဆိုပါက သူတို့ရဲ့ သူတော်စင်နယ်မြေမှာ သေချာပေါက် ဆုတ်ယုတ်ပေတော့မည်။

ရုတ်တရက် ရင်ပြင်ရှိ လူအုပ်ကြီးမှာ လန့်ဖျပ်သွားသည်။

  “မြန်မြန်ကြည့်လိုက်,ကောင်းကင်က အနီရောင် ဖြစ်သွားပြီ "

  “ဒါ ဘယ်လို စမ်းသပ်မှုကြီးတုန်း၊ အရမ်းကြောက်ဖို့ကောင်းတာပဲ!”

ကောင်းကင်ယံတွင် အနီရောင်လင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနီရောင်များဖြင့် အုပ်ဆိုင်းသွားသည်။

အကြီးအကဲများက ထိတ်လန့်သွားပြီး ရွှင်မြူးသွားခဲ့သည်။

"သူတော်စင့်အဆင့် ထွက်ပေါ်လာပြီဟေ့ !

" ဟားးဟားး သူတော်စင် တပည့် အဆင့် ထွက်ပေါ်လာဦးမယ်လို့ တကယ် မထင််ဘူး ဘုရားသခင်က ငါ့ဘက်မှာပဲ ! "

အကြီးအကဲ သုံးလေးယောက်က သက်ပြင်းများ ချကာ စိတ်လှုပ်ရှားလို့နေသည်။

ကျောက်တိုင်၏ ရှေ့တွင် ရပ်နေသော လူကို လှမ်းကြည့်လိုက်ရာ ရုပ်ရည်ချောမောသော အမျိုးသမီးလေး တစ်ဦး ဖြစ်နေသည်။ကိုယ်ဟန်အသွင်အပြင်သည် ထူးခြားပုံရကာ မျိုးရိုးမြင့် အိမ်တော်က ဖြစ်နိုင်သည်။

သူတော်စင်နယ်မြေတွင် နှောင့်ယှက်မှုများ ခံနေရကာ ဒါ့အပြင် ယခုလို သူတော်စင် တပည့်မျိူး ရွေးချယ်မခံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။

စူးချန်ကဲကတော့ ဂရုမစိုက်ပေ။သူ့ရဲ့စစ်ဆေးမှု ရလဒ်က အဲ့လောက်ထိ ညံ့ဖျင်းမယ်လို့ သူ မထင်ပေ။ ဒါ့အပြင် သူသည် အချိန်ခရီးသွားလာသူ တစ်ယောက်သာ ဖြစ်ပေသည်။

လက်ကို အပေါ်တင် စစ်ဆေးရာတွင် မည့်သည် တုံ့ပြန်မှုမှ ထွက်ပေါ်မလာခဲ့ပေ။ဤအရာက စူးချန်ကဲကို စိတ်ရှုပ်သွားစေခဲ့သည်။

"သွားသွား သွား မင်းမှာ ကျင့်ကြံရေး စွမ်းအင်တောင် ရှိတာ မဟုတ်ဘူး နောက်တစ်ယောက် ! "

အကြီးအကဲသည် စိတ်မရှည်စွာဖြင့် စူးချန်ကဲကို သွားခိုင်းလိုက်သည်။

နောက်တစ်ယောက် လက်တင်လိုက်ရာတွင် သိပ်မကြာခင်မှာပဲ အပြာရောင် ထွက်ပေါ်လာခဲ့သည်။ထိုသူက စူးချန်ကဲကို မထီမဲ့မြင်ဟန်ဖြင့် ဆိုလိုက်သည်။

"ခွေးတွေကြောင်တွေလည်း လာတာပဲ "

  “ခွေးကောင်!ငါ့မှာ စနစ်တောင် မရှိဘူးလား?”

စူးချန်ကဲ တစ်ယောက် ရေရွတ်ပြီး အဆုံးတွင် သူ့အာရုံထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

  【တင်း,ကံကြမ္မာရွေးချယ်မှု စနစ် အသက်ဝင်ပါပြီ ၊သင့်တွင် ကျင့်ကြံရေး စွမ်းရည် မရှိကြောင်း တွေ့ရှိရပါတယ်၊အောက်မှာ သင်လုပ်ဆောင်ရမည့် တာဝန်အသစ်တွေ ရှိပါတယ် ]

[ရွေးချယ်ခွင့်- ၁ : အစွမ်းထက်သော ကျင့်ကြံရေး စွမ်းအား ၊မစ်ရှင် အောင်မြင်ခြင်း ၊

ဆုလာဘ် -အသင့်၏ ကျင့်ကြံရေး စွမ်းအားကို ကြီးမြတ်သော သခင် အဆင့်ထိ တိုးမြင့်နိုင်သည်]

[ရွေးချယ်ခွင့်- ၂ : ပြိုင်ဘက်ကင်း ကိုယ်ခံပညာ၊

မစ်ရှင် အောင်မြင်ခြင်း ၊

ဆုလာဘ် : ပြန်ဝင်စားခြင်း ၆ ပါး ]

[ ရွေးချယ်ခွင့် ၃ : ပြိုင်ဘက်ကင်း ကိုယ်ထည် ၊မင်ရှင် အောင်မြင်ခြင်း၊

ဆုလာဘ် : မွေးရာပါ မြင့်မြတ်သော သူတော်စင် တာအိုသန္ဓေသားလောင်း ]

စူးချန်ကဲတစ်ယောက် လန့်ဖျပ်သွားပြီး အတော်လေး ပျော်သွားသည်။ကံကြမ္မာရွေးချယ်မှု စနစ်? နားထောင်ယုံနဲ့တင် အတော်သန်မှာမယ့်ပုံပဲ !

ကျင့်ကြံရေး စွမ်းရည် မည်သို့ပင် မြင့်မားပါစေ

အလားအလာမရှိရင် သင်သည် ထိုနေရာမှာတင် ရပ်တန့်နေမည် ဖြစ်သည်။

ကိုယ်ခံပညာအရည်အချင်း မည်မျှပင် သန်မာပါစေ ပင်ကိုယ်ပါရမီ မလုံလောက်ပါက အလဟဿပင် ဖြစ်သည်။

အရင်ပိုင်ရှင်၏ မှတ်ညဏ်အရ သူ့ ခန္ဓာကိုယ်သည် မြင့်မြတ်သော သူတော်စင် ခန္ဓာကိုယ်နှင့် တာအို သန္ဓေသားလောင်းတို့၏ ဒဏ္ဍာရီလာပေါင်းစပ်မှုထားသော ကိုယ်ထည်ဖြစ်သည်။

တာအို ကျင့်ကြံမှုအတွက် သင့်လျော်ပြီး စိတ်နှလုံးမှာလည်း တာအိုကျင့်စဥ်နှင့် သဟဇာတ ဖြစ်သည်။အရိုးရှင်းဆုံး ပြောရရင် တာအိုကျင့်စဥ်ကို ကျင့်ကြံရန် မွေးဖွားလာသူဟု ဆိုရပေသည်။

ထိုအချက်ကို တွေးမိပြီး သူသည် ရွေးချယ်ခွင့် ၃ ကို ရွေးချယ်ခဲ့သည်။

  [တင်း,ရွေးချယ်ခွင့် ပြီးဆုံးအောင်မြင် ၊

ဆုလာဘ် :မွေးရာပါ မြင့်မြတ်သော သူတော်စင် တာအိုသန္ဓေသားလောင်း ၊အသင်လက်ခံသူသည် စနစ်ကို ပထမဆုံး အကြိမ် အသုံးပြုသူ ဖြစ်ပါတယ် ၊စနစ်မှာ ဆုလာဘ်ကို ပေါင်းထည့်လိုက်တာနဲ့ အသင့်ရဲ့ ကျက်သရေကို ရှန်းဇီ(နတ်သားတစ်ပါးကဲ့သို့ တင့်တယ်သော ကိုယ်ဟန် အသွင်အပြင် )အဆင့်ထိ တိုးမြင့်လိုက်ပါပြီ ]

စနစ်၏ အသံ ပျောက်ဆုံးသွားသည်နှင့် မြင့်မြတ်သော ရောင်ဝါသည် စူးကျန်ကဲ၏ ခန္ဓာကိုယ်မှ ရုတ်ချည်း ထွက်ပေါ်လာပြီး ထိုအလင်းတန်းသည် ကောင်းကင်ယံထိ ထိုးဖောက်သွားခဲ့သည်။

ကောင်းကင်တခွင်လုံး လေဆန်တတ်ပြီး တိမ်များ လွင့်ပျံလာကာ ခရမ်းရောင်လေထုကြီးသည် ကောင်းကင်ယံတခွင်သို့ မိုင်ပေါင်းချီကာ ပျံ့နှံ့သွားသည်။

ရွှေရောင်အလင်းတန်းများက ရွှေဝါရောင်အရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နဂါး၊ဟသ်ပဒါးဌက်၊နတ်အစောင့်အရှောက် ရွှမ်ဝူ၊ အဖြူရောင်ကျား စသည့် ဒဏ္ဍာရီဆန်သော နတ်သားရဲများက ကြောက်ဖို့ကောင်းသော အရှိန်ဖြင့် တိမ်စိုင်များ၏ ကြားထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံက ကျဆင်းလာသော တောက်ပသော ရွှေရောင်အလင်းတန်းများက

ပြည်သူများကို ကောင်းချီးပေးတော့မည့်ပုံပင်။

ကောင်းကင်ယံ၏ အလယ်တွင် နတ်ရောင်ဝါများ ပေါ်ထွက်လာပြီး နတ်ဆိုးများ၏ အသွင်များလည်း ပေါ်ထွက်လာခဲ့သည်။

အချို့မှာ နတ်စွမ်းအင်များ ဝန်းရံထားပြီး

တချို့မှာ နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ကောင်းကင်ယံရှိ အင်အားကြီးမားသော အရိပ်သည် နေနှင့် ကောင်းကင်ယံကို ဖုံးကွယ်လို့ထားသည်။

မရေမတွက်နိုင်သော အရေအတွက်များဖြင့် ၊သူတို့အားလုံးသည် ဦးညွှတ်လို့ ထားကြသည်။

နတ်သားရဲလေးကောင်ရဲ့ ကောင်းချီမဂ်လာ !

တောက်ပနေသော ရွှေအလင်းရောင် !

ဦးညွှတ်နေကြတဲ့ နတ်ဆိုးတွေ !

ကွေးယွမ် သူတော်စင် နယ်မြေတွင် ထွက်ပေါ်လာသော ကောင်းကင်ယံ၏ မြင်ကွင်းသည်

ပေမင် တစ်ခုလုံးကို ပြင်းအား ၁၀ ရှိသည့် ငလျင်ကြီး လှုပ်ခတ်လိုက်သကဲ့သို့ အားလုံး စိတ်လှုပ်ရှားလို့ နေသည်။

  “ဘုရားရေ နတ်သားရဲ လေးကောင်၊ဦးညွှတ်နေတဲ့ နတ်ဆိုးတွေ ဒီပုံရိပ်တွေက ဒဏ္ဍာရီလာ သူတော်စင် ကိုယ်ခန္ဓာကို ရည်ညွှန်းတာ မဟုတ်ဘူးလား "

"လမ်းကြောင်းကို ကြည့်ရင် ဒါက ကွေးယွမ်သူတော်စင် နယ်မြေဘက်မလား ?ဒါက ထူးခြားတဲ့ လူတစ်ယောက် မွေးဖွားလာပြီဆိုတဲ့ သဘောမလား? "

  “ဒီလို သူတော်စင် ခန္ဓာကိုယ် ကမ္ဘာပေါ်မှာ ထွက်ပေါ်လာတယ်ဆိုတာက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ဘူး !"

ပေမင်တွင် တာအိုဘာသာကို အမွေဆက်ခံသူ မြင့်မြတ်သော အကြီးအကဲများ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။

သူတို့ ဒီလောက် နှစ်အကြာကြီး ကျင့်ကြံလာတာ ဒီီလိုမြင်ကွင်းမျိူးဆိုတာ မကြားဖူးသလို မြင်လည်း မမြင်ဖူးကြပေ။

ဤကမ္ဘာကြီး၏ တာအိုလမ်းစဥ်များသည် လွန်စွာ စိတ်လှုပ်ရှားဖို့ ကောင်းပေသည်။နတ်အလင်းရောင်သည် အုံ့ဆိုင်းနေပြီး နိယာမများက ပျံ့လွင့်လို့ နေသည်။ကောင်းကင်ယံရှိ ရွှေဝါရောင် တိမ်တိုက်များသည် အရောင်အသွေးမျိုးစုံဖြင့် ရောယှက်နေသည်မှာ လွန်စွာ ထူးကဲပေသည်။

သူတော်စင်နယ်မြေရှိ တံခါးပိတ် ကျင့်ကြံသော အကြီးအကဲသည် သတိနိုးလာခဲ့ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ဘုရားကျောင်းမှ ထွက်လာကာ လေထဲသို့ ပျံ့သန်းလာခဲ့ကြသည်။

ထိုမြင်ကွင်းသည် သူတော်စင်နယ်မြေတွင် ဖြစ်ပွားခဲ့ယုံသာမက တခြား အင်အားစုက အကြီးအကဲများလည်း သတိထားမိကာ အားလုံး ဒီနေရာသို့ ထွက်လာခဲ့ကြတော့သည်။

အပိုင်း(၂)

ကောင်းကင်ယံထက်ဝယ် ရွှေအလင်းတန်းများ

ပျံ့လွင့်နေဆဲပင် ဖြစ်သည်။ထိုအခိုက်အတန့်တွင် စူးချန်ကဲ၏ တစ်ကိုယ်လုံးကို ရွှေဝါရောင်အလင်းတန်းများက လွှမ်းခြုံထားလျက် ရှိသည်။

သွေးကြောများသည် သူ၏ တစ်ကိုယ်လုံးကို

အောင်မြင်စွာ အသွင်ပြောင်းလဲစေခဲ့သလို မသေမျိုးတစ်ယောက်၏ ဟန်ပန်ကဲ့သို့ သူ၏ ရောင်ဝါသည် နှိုင်းယှဥ်လို့ မရနိုင်သည့်အထိ ထူးကဲပေသည်။

သူသည် တင်​ပြင်ခွေလျက် ၊ဝင်သက် ထွက်သက်တိုင်းက တာအိုလမ်းစဥ်နှင့် ညီညွှတ်ပေသည်။

ကမ္ဘာမြေကြီးတစ်ခုလုံး မြည်ဟည်းနေပြီး သူ၏ ကျင့်ကြံရေး စွမ်းအင်များသည် စဥ်ဆက်မပြတ်

တိုးပွားလျက် ရှိသည်။

" ဦးညွှတ်နေတဲ့ နတ်ဆိုး ၊ နတ်သားရဲ လေးကောင် ၊ ဒါ ဘယ်လို နမိတ်တွေလဲ "

" ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ပါရမီ၊ နောက်ဆို စွမ်းအားက အကန့်အသတ်မဲ့ပဲ "

ကောင်းကင်ယံပေါ် ရှိ မြင်ကွင်းများသည် ဆက်လက်ပေါ်ထွက်နေပြီး အကုန်လုံးသည်

သာမာန် အနန္တဘုန်းတန်ခိုးနှင့် နှိုင်းယှဥ်လို့ မရနိုင်သည့်အထိပင် ။အားလုံး၏ တောက်ပသော အကြည့်များသည် ထိုလူငယ်လေးပေါ် ကျရောက်လို့ နေပေသည်။

ထိုအခိုက်အတန့်တွင် စူးချန်ကဲသည် သူ၏ မျက်လုံးအစုံကို မှိတ်ထားသော်လည်း သူ ခံစားမိသည်။သူ၏ ရုပ်အသွင်သည် ကြည်လင်ပြတ်သား၍ ချောမောလှပနေပြီး ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော အနုပညာလက်ရာ တစ်ခုလို့တောင် တင်စားရပေလိမ့်မည်။

"တကယ်ကို ချောမောပြီး ထူးခြားပေတယ်၊ သူရဲ့ ကိုယ်နေဟန်ထားနဲ့ ပါရမီက တကယ်ကို လိုက်ဖက်တာပဲ ၊ဒီလောကမှာ မသေမျိုး(အမတ) ရှိတယ်ဆိုတောင် ဒီ့ထက်တော့ မပိုနိုင်ဘူး"

  “မုန်းစရာကောင်းလိုက်တာ!ငါ့ထက် နည်းနည်း ပိုချောနေတာပဲ”

  “ ဆရာတူ အကို ၊ သူက ခင်ဗျား ထက် နည်းနည်းပဲ ပိုချောတယ်ဆိုတာ သေချာလား? အဆ မီလီယံ ၁၀၀ လောက်တော့ လုပ်ပါ "

ကွေးယွမ်၏ တပည့်သားအားလုံး တုပ်လှုပ်သွားခဲ့ရသည်။ကြောက်ခမန်းလိလိ ပါရမီနှင့် အသွင်အပြင်ကြောင့် လူ့လောကထဲက အမတ တစ်ဦး လို့ ပြောရင်တောင် ချဲ့ကား ပြောဆိုတယ်လို့ ဆိုလို့မရနိုင်ချေ။

အကြီးအကဲ အမျိုးသမီးအချို့တောင် စူးချန်ကဲ၏ သွင်ပြင်ကို မြင်တွေ့ပြီးနောက် ၊ ရေကဲ့သို့ ကြည်လင်နေသော သူမတို့၏ စိတ်သည် လှိုင်းထခဲ့ရပြီး သေဆုံးသော ဘဝကြီးတောင် အသက်ပြန်ဝင်လို့ လာခဲ့ချေပြီ။

အချိန်အတော်ကြာပြီးနောက် ၊ကောင်းကင်ယံမှ မြင်ကွင်းများသည် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့သည်။

စူးချန်ကဲ၏ အသိစိတ်သည်လည်း ကြည်လင်လာခဲ့ပြီ ဖြစ်ရာ သူသည် စနစ်၏ မျက်နှာပြင်ကို လှမ်းခေါ်လိုက်သည်။

  လက်ခံသူ: စူးချန်ကဲ

 ကျင့်ကြံရေး စွမ်းအင်:စိတ်ဝိညာဥ်ပင်လယ် ဘုံ အဆင့်

  ခန္ဓာကိုယ် ဖွဲ့စည်းမှု : မြင့်မြတ်သော သူတော်စင် တာအို သန္ဓေသားလောင်း

 ထူးကဲသော ပါရမီ:ဦးညွှတ်နေသော နတ်ဆိုး ၊ နတ်သားရဲလေးကောင်၏ ကောင်းချီး​မဂ်လာ

  ကွန်ဖူး:မရှိ

  မှော်လက်နက်:မရှိ

  ပစ္စည်း: လက်ဆောင်အထုပ်ကြီး

"လက်ဆောင်အထုပ်ကြီး? ဘာပစ္စည်းကောင်းတွေ ပါသေးလဲ မသိဘူး "

သို့သော် စူးချန်ကဲတစ်ယောက် စိတ်မသက် မသာ ခံစားမိနေသောကြောင့် သူ၏ မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်သည်။

တစ်ကိုယ်လုံး တုန်လှုပ်ခဲ့ရသည်။လက်ရှိနေရာတွင် ရောက်နေကြသော သူ မှန်သမျှ ၊ သူ့ကို တောက်ပသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်မှာ သူ့ကို ခဏတဖြုတ် ကြောင်အမ်းသွားစေခဲ့သည်။

"ကျွန်တော် စူးချန်ကဲ အကြီးအကဲတို့ကို တွေ့ခွင့်ရခဲ့ပြီပဲ "

စူးချန်ကဲသည် လက်သီးဆုပ်လျက် ဆိုလိုက်သည်။

တစ်ကိုယ်လုံး ရွှေအိုရောင် ဝတ်စုံကို ဆင်မြန်းထားသော လူလတ်ပိုင်း အမျိုးသား တစ်ဦး လျှောက်လှမ်းလာခဲ့သည်။သူ၏ ကျင့်ကြံရေး ရောင်ဝါသည် ခန့်မှန်းလို့ မရသည့်အထိ နက်နဲပြီး မာနကြီးသော ဟန်အမူအယာ ရှိသည်။

" တပည့်တို့ ရှိန့်ကျူ(သူတော်စင် အရှင်)ကို နှုတ်ခွန်းဆက်သပါတယ်"

ပတ်​ဝန်းကျင်​တစ်ခုလုံး တညီတညွတ်​တည်း​ ​ဆိုလိုက်ကြသည်။

"ရှိန့်ကျူ(သူတော်စင် အရှင်)တောင် လာတယ်? အဲ့လောက်ထိ ချဲ့ကားသွားတာလား?"

စူးချန်ကဲပင်လျှင် တအံတသြဖြင့် တုန်လှုပ်သွား

ခဲ့ရသည်။

ကွေးယွမ်၏ ရှိန့်ကျူ(သူတော်စင် အရှင်)သည်

ပြုံးရွှင်နေပြီး ကျေနပ်အားရသော အကြည့်ဖြင့် ဆိုလိုက်သည်။

"အွန်း ၊ ​ဒီလို ပါရမီတွေနဲ့ နိုးထလာတဲ့သူ တစ်ယောက်က အထက်စီးဆန်တာမျိုး မရှိဘူးပဲ ၊

စူးချန်ကဲ မင်းရဲ့ စိတ်နေသဘောထားက တကယ်ကို ထူးခြားပါပေတယ်"

ဒါပေါ့ ၊ ဘဝင်လေဟပ်တဲ့ သူတွေက မြန်မြန်အသတ်ခံရတတ်တယ်လေ ! သူဖတ်ထားတဲ့ ဝတ္ထုတွေက ဒီတိုင်း အလကားဖြစ်စရာလား ။

စူးချန်ကဲသည် စိတ်ထဲတွင် ရေရွတ်လိုက်သည်။

သို့သော်၊ သူ၏ မျက်နှာသည် တည်ငြိမ်လျက် ရှိပြီး နှိမ့်ချတတ်သော အမူအယာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပင် ဖြစ်သည်- "အကြီးအကဲ၊ မြှောက်ပင့်နေပြန်ပြီ "

" သူငယ်လေး မင်း ခန္ဓာကိုယ်က ဘယ်လိုအရာနဲ့ နိုးထလာတယ်ဆိုတာ သိရဲ့လား "

ကွေးယွမ် ရှိန့်ကျူ(သူတော်စင် အရှင်) အလေးအနက် ထားပြီး မေးလိုက်သည်။

" ပြန်လည်လျှောင်တင်ပါတယ် ၊ သူတော်စင် တာအို သန္ဓေသားလောင်း လို့ ကြားဖူးပါတယ်"

ထိုစကားကို ကြားလိုက်သည်နှင့် တပြိုင်နက် အားလုံး မျက်လုံးပြူး မျက်စံပြူးတွေ ဖြစ်ကာ အသက်ရှူမြန်လာကြသည်။

သူတော်စင် တာအို သန္ဓေသားလောင်းသည် အမြင့်မြတ်ဆုံး ထိပ်တန်း ခန္ဓာကိုယ် ဆယ်ပါးတွင် ဒုတိယ အဆင့် ဖြစ်သည်။

ရှေးခေတ်ဒဏ္ဍာရီလာ မြင့်မြတ်သော သူတော်စင်နှင့် တာအိုသန္ဓေသားလောင်း ပေါင်းစပ်လိုက်ခြင်းသည် တာအိုလမ်းစဥ်နှင့်

ကိုက်ညီအောင် မွေးဖွားလာခြင်း ဖြစ်ပြီး နောင်တွင် ရရှိလာမည့် အောင်မြင်မှုများမှာ ပြောမပြတတ်လောက်အောင်ပင်။

ထိုစကားကို နားထောင်ပြီးနောက်၊ရှိန့်ကျူ(သူတော်စင် အရှင်)သည် စိတ်ဝိညာဥ် ဆိုင်ရာ အတွေးတစ်ခုကို စူးချန်ကဲ၏ ကိုယ်ထဲသို့ ထုတ်လွှတ်လိုက်သည်။ထိုပုဂ္ဂိုလ်၏ မလိုမုန်းထားသော စိတ်ကို မတွေ့ရသောကြောင့် စူးချန်ကဲသည် ဘာမှ မတုံ့ပြန်ခဲ့ပေ။

ခဏအကြာတွင် ၊ ရှိန့်ကျူ(သူတော်စင် အရှင်)၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားမှု အပြည်ဖြင့် ဆိုလေသည်။

"ဟားးဟားး ကောင်းတယ် ကောင်းတယ် "

 " မင်း နာမည်က စူးချန်ကဲ မလား ၊ မင်းက အခု ငါတို့ သူတော်စင် နယ်မြေထဲကို ဝင်ရောက်လာပြီဆိုတော့ ၊နောက်ဆိုရင် မင်းက ငါ့ရဲ့ သူတော်စင် တပည့် ပဲ "

ထိုစကားကို ကြားပြီးနောက်၊ ဘေးပတ်ပတ်လည်က အကြီးအကဲများသည် ပို၍ မျက်လုံးပြုးကာ အသက်ရှုမြန်သထက် မြန်လာကြသည်။

  “ဘုရားရေ!ဒဏ္ဍာရီထဲက သူတော်စင် တာအို သန္ဓေသားဆိုတာ တကယ်ကြီး တည်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး! "

" သူတော်စင် တာအို သန္ဓေသားကနေ ဧကရာဇ်အရှင် ဖြစ်လာမှာပဲ ! နတ်ဘုရားတို့ ကျွန်တော်တို့ သူတော်စင် နယ်မြေကို ကောင်းချီးများ ပေးသနားပါ ! "

" ဒီလောက် ပါရမီ ရှိတာ ၊ စမ်းသပ်မှုအဆင့်ကို ကျော်ပြီး တန်းပြီး သူတော်စင် တပည့် ဖြစ်သင့်တယ် ! "

"ဒါက အမြင့်မြတ်ဆုံး ထိပ်တန်း ခန္ဓာကိုယ် ဆယ်ပါးထဲက တစ်ပါးလေ သေချာပေါက် သူတော်စင် တပည့် ဖြစ်သင့်တယ် ! "

ကွေးယွမ် သူတော်စင် အကြီးအကဲများသည်

အနာဂတ်တွေ ဖြစ်လာတော့မည့် သူတော်စင် နယ်မြေ၏ ဘုန်းကျက်သရေတို့ကို မြင်တွေ့လိုက်ရသကဲ့သို့ တောက်ပသော အကြည့်များဖြင့် စူးချန်ကဲကို စိုက်ကြည့်နေကြသည်။

" သူတော်စင် တာအို သန္ဓေသားလောင်း ၊ အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဆယ်ပါးထဲက တစ်ပါး ဖြစ်တာတောင် သူတော်စင် တပည့်ပဲလား?"

ကောင်းကင်ယံထက်တွင် လှောင်ပြောင်ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။

သွေးနီရောင်ခြုံထည်ကို လွှမ်းခြုံထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လေပေါ်တွင် သူ၏ လက်အစုံကို ဖြန့်ကျဲထားကာ ခန္ဓာကိုယ်ပေါ်က သွေးနီရောင် အငွေ့အသက်များသည် ကောင်းကင်ကို ဖြိုခွဲသွားလေသည်။

ရှိန့်ကျူ(သူတော်စင် အရှင်)တောင် ရင်ထဲ တုန်လှုပ်သွားခဲ့ရသည်။

ဒါက သွေးနတ်ဆိုးကို ကိုးကွယ်တဲ့ ဂိုဏ်းခေါင်းဆောင် မဟုတ်လား?

"ဟားးဟားး ကွေးယွမ်သူတော်စင် နယ်မြေက ဒီလောက်တောင် စုတ်ချာတာ ၊ သူငယ်လေး မင်း ငါ့ရဲ့ ချင် မင်းဆက်ထဲ လာခဲ့ပါ့လား"

ကောင်းကင်ယံထက်က မြင်ကွင်းများသည် တဖန် ဖြိုခွင်းခံလိုက်ရပြီး ၊ ဒီတခေါက် ရောက်ချလာသူမှာ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ဖြစ်ပေသည်။ရွှေဝါရောင်နဂါးသည် ခန္ဓာကိုယ် တစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံထားသကဲ့သို့ နဂါးတစ်ကောင်၏ စွမ်းအင်သည် ထိုအနှီသူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။သူ၏ မျက်ခုံးများသည် ကိုယ့်ကိုယ်ကို ယုံကြည်သည့် သန်မာသော စိတ်ဓတ်ကို ထုတ်ဖော်ပြသလို့ နေသည်။ဤပုဂ္ဂိုလ်သည် ရှေးခေတ် ချင် မင်းဆက်၏ ခေတ်ပြိုင်ခေါင်းဆောင်ပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နောက်ထပ်ပုံရိပ်များက တဖန်ပေါ်ထွက်လာပြန်သည်။

"လော့ဟယ် ဓားဂိုဏ်းခေါင်းဆောင်"

"ကွေးယီး ဂိုဏ်းခေါင်းဆောင်"

"လော့ရှဂိုဏ်းခေါင်းဆောင်"

"ဟွားချန်းကူ ဂိုဏ်းခေါင်းဆောင်"

အားလုံးက အံ့သြသွားကြရသည် ။ထိုပုဂ္ဂိုလ်များသည် ပေကျုံးတိုက်ကြီးတွင် ရှိသော ထိပ်တန်း ခေါင်းဆောင်ကြီးများပင် ဖြစ်သည်။

ယနေ့တွင် ယခုလို စုဝေးရောက်ရှိလာသည်မှာ နှစ်တစ်ထောင်အတွင်း တွေ့ရခဲသည့် ကြုံတောင့်ကြုံခဲ ဖြစ်စဥ်တစ်ခုသာ ဖြစ်သည်။

ထိုပုဂ္ဂိုလ်များသည် တန်ခိုးကြီးမားရုံသာမက

ခွန်အားအရာမှာလည်း အသန်မာဆုံးသော သူများ ဖြစ်ကြသည်။သူတို့၏ စကားတခွန်းတည်းနဲ့တင် လူ၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။

ယခုအခါတွင် ထိုလူငယ်လေး၏ ရှေ့တွင် ထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ၊ ဤလူငယ်လေးသည် ရှေ့ဆက် အလားအလာ အများကြီး ရှိနေမှန်း သိနိုင်ပေသည်။

  “ငါက လော့ဟယ်ဓားဂိုဏ်းခေါင်းဆောင်ပဲ ၊ စူးချန်ကဲ မင်းသာ ငါတို့ဂိုဏ်းထဲ ဝင်ရင် ၊ငါတို့ဂိုဏ်းရဲ့အမွေဆက်ခံသိုင်း ဖြစ်တဲ့ လျို့ဝှက်သိုင်းပညာရပ်ကို မင်းကိုသင်ပေးမယ် "

လော့ဟယ် ဓားဂိုဏ်းခေါင်းဆောင်၏ စကားကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ထိုလျို့ဝှက် သိုင်းပညာရပ်သည် အတော်လေး ဆန်းကြယ်ပေသည်။ထိုကျင့်စဥ်သည် မသေမျိုးတစ်ယောက်ထိ ဖြစ်သွားနိုင်သည်ဟု အဆိုရှိကြသည်။ဓားသည် ကောင်းကင်ကို ထိုးဖောက်နိုင်သလို အမတ ကိုတောင် တချက်တည်းနဲ့ သတ်နိုင်သည်။

ထိုလျို့ဝှက် သိုင်းပညာရပ်အား သားစဉ်မြေးဆက်များသာလျှင် ကျင့်ကြံရန်အရည်အချင်း ပြည့်မီသည်။ ဤလျှို့ဝှက် သိုင်းပညာရပ်ကို ပြင်ပလူတစ်ယောက်ကို လွှဲပြောင်းပေးမည် ဆိုကတည်းက ၊ ၎င်းတို့၏ ကမ်းလှမ်းမှုမှာ အတော်လေး စျေးမြင့်သည်ဟု ဆိုရပေတော့မည်။

"ငါ့တို့ ဟွားချန်းကူ မှာလည်း ရှိသားပဲ ၊ ဒီတိုင်း ဓားရေးသက်သက် မဟုတ်ဘူးနော် ၊ ပြီးတော့ ငါ ဟွားချန်ကူက မင်းကို အစွမ်းကုန် ကာကွယ်ပေးမယ် ၊ မင်းတောင်းဆိုတာ မှန်သမျှ ငါ အကုန် ဖြည့်ဆည်းပေးနိုင်တယ်"

ထိုစကားကို ပြောလိုက်သူမှာ ဟွားချန်းကူ ဂိုဏ်းခေါင်းဆောင် ၊ ရင့်ကျက်လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။သူမ တစ်ကိုယ်လုံးကို မက်မွန်ရောင်ဝါများက ထုတ်လွှတ် ဖြာထွက်လျက် ရှိရာ ပိန်ပါးသွယ်လျပြီး ရင်ကျက်သော အလှကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် ဟွားချန်ကူ သည် နှစ်တိုင်းအမျိုးသမီး တပည့်များကိုသာ ခေါ်ယူခဲ့သည်။ သို့သော် စူးချန်ကဲ ၏ ကြောက်မက်ဖွယ်ရာ ကောင်းသာ ပါရမီကြောင့် ခြွင်းချက်တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

"ငါတို့ ချင် မင်းဆက်မှာ စစ်မှန်တဲ့ နဂါးရဲ့ ကံကြမ္မာရှိတယ် ၊ စူးချန်ကဲ မင်းသာ ငါတို့ဆီ လာရင် ၊ ငါတို့ ချင် မင်းဆက် နိုင်ငံရဲ့ ကံကောင်းမှု ခြောက်ပုံ တစ်ပုံကို မင်းရဲ့ တာအိုလမ်းစဥ် အောင်မြင်ဖို့အတွက် ငါ ဖြည့်ဆည်းပေးမယ် "

" ငါတို့လော့ရှ ဂိုဏ်းမှာ နတ်သမီးတွေ မရေတွက်နိုင်အောင် ရှိတယ်၊ ပေကျုံးတိုက်ကြီးမှာ အလှဆုံး လို့တောင် ဆိုလို့ရတယ် ၊ စူးချန်ကဲ မင်းသာ ငါတို့ဆီလာရင် ၊ ငါတို့ လော့ရှဂိုဏ်းရဲ့ တာအိုလမ်းစဥ်တင် မကဘူး အလှလေးတွေပါ မင်း ပိုင်ဆိုင်ခွင့် ရစေမယ် "

 "ငါတို့ ကွေးယီဂိုဏ်းက သူတော်စင်ကြီးတွေရဲ့ အမျိူးအနွယ်တွေပဲ ၊ ရှေးအကျဆုံး အမွေအနှစ် ဆိုလည်း ဟုတ်တယ် ၊ စူးချန်ကဲ မင်းသာ ငါတို့ဆီလာခဲ့ ၊ အဲ့တာကမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ"

ဂိုဏ်းခေါင်းဆောင်များသည် ကိုယ့်ဂိုဏ်းအကြာင်း အသီးသီး မိတ်ဆက်ပြီးသည်နှင့် အမျိုးမျိုးသော ကောင်းကျိုးများကို ထုတ်ဖော်ကာ အာမခံနေကြသည်။

ထိုမြင်ကွင်းကို တွေ့ရသော ပတ်ဝန်းကျင်က သူတွေ အားလုံး ကြောင်အမ်းသွားကြသည်။သူတို့အတွက်တော့ တစ်ဘဝလုံး ကြိုးစားရင်တောင် ဒီလိုအခွင့်အရေးမျိူး ရနိုင်လိမ့်မည် မဟုတ်ပေ။

အခုတော့ ထိုထိပ်တန်း ပုဂ္ဂိုလ်များသည် သူတို့ကိုယ်သူတို့ အတင်းမိတ်ဆက်နေကြသည်မှာ မြင်ရသူအဖို့ အတော်စိတ်တိုဖို့ ကောင်းပေသည်။

"ဒီမြင်ကွင်းက သမိုင်းမှာ ကျန်ရစ်မယ့် တစ်ခုတည်းသော မြင်ကွင်းပဲ "

"ငါ ဒီရဲ့ အကြောင်းကို တခြားသူတွေကို ပြောပြီး ကြွားလုံးထုတ်ရင်တောင် တစ်သက်လုံး ကြွားကုန်မှာ မဟုတ်ဘူး ၊ ဒါတင် မဟုတ်ဘူး သူတော်စင် တာအို သန္ဓေသားလောင်း မွေးဖွားတာကိုတောင် မြင်တွေ့ခွင့်ရခဲ့ပြီ !"

လူတိုင်း အမျိုးမျိုးသော ခံစားချက်များဖြင့်ပြည့်နှက်နေသော်လည်း မည်သူမှ မနာလိုစိတ် ဟူ၍ မရှိပေ။

မနာလိုခြင်း သည် တစ်ယောက်နဲ့ တစ်ယောက်ကြားက ကွာဟမှုကြောင့် ဖြစ်ပေါ်လာသော အရာဖြစ်သည်။သို့သော် ကွာဟချက်သည် ကျော်လွန်၍ မရနိုင်သော အရာဖြစ်ပါက ၊ လူကို ငေးမောအားကျစေရုံမှတပါး ကျန်တာမရှိပေ။

သူတော်စင် တာအို သန္ဓေသားလောင်းသည် ဒဏ္ဍာရီဆန်ဆန် တည်ရှိမှု တစ်ခုဖြစ်သည်။သူတို့အနေဖြင့် ထိုကဲ့သို့ ထူးကဲသော ပုဂ္ဂိုလ်မျိူးကို ကြည့်ရုံမျှသာ တတ်နိုင်သည်။

ကွေးယွမ်၏ ရှိန့်ကျူ(သူတော်စင် အရှင်)လည်းစိတ်ရှုပ်လို့ လာခဲ့ချေပြီ ။သူတို့ ကွေးယွမ်ရဲ့ တပည့် တစ်ယောက်ကို ခုလို အင်အားစုကြီးတွေက သူထက်ငါ ပိုရက်ရောသော ကမ်းလှမ်းမှုများဖြင့် ကမ်းလှမ်း ခေါ်ဆောင်နေကြသည်။

ခုတော့ သူ့ခမျာ စူးချန်ကဲတစ်ယောက် သူတော်စင် နယ်မြေကို ထပ်ပြီး ရွေးချယ်ပါဦးမလား ဆိုတာ တွေးပူနေရပြီ ဖြစ်သည်။

ထိုသို့တွေးလိုက်တိုင်း နောင်တကြီးကျယ်စွာ ရနေမိသည်။သူ့အနေဖြင့် ဤကဲ့သို့ ထူးချွန်သော ပါရမီရှင် တစ်ယောက်ကို ဒီလိုမျိူး လက်လွတ်ရတော့မတဲ့လား ။

[ အဆင့် အပိုင်းအခြား : လင်ထျီ(စိတ်ဝိညာဥ်ခန္ဓာကိုယ် ) ၊ လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) ၊

ရှိန်ထုံ ( သာလွန် အဆင့်) ၊ တာအိုဆရာတော်၊ ဇီဖူ(မသေနိုင်သူ) ၊ ဖုန်းဟွမ်(ဧကရာဇ်) ၊ သူတော်စင် ပညာရှိ ၊ သာ့နိမ်(အနန္တတန်ခိုးရှင် )၊ရှိန့်ရမ်(မဟာ သူတော်စင်) ၊ ရှိန့်ကျူ(သူတော်စင် အရှင်) ]

[အဆင့် တစ်ခုချင်းစီကို အဆင့်များ ထပ် ပိုင်းခြားထားသည် : ကနဦးအဆင့်၊အလယ်အလတ် ၊ နှောင်းပိုင်း ၊ ပြီးပြည့်စုံသော အဆင့် ]

အပိုင်း(၃)

"မင်းတို့ ငါ့ရဲ့ နယ်မြေထဲကို ခုလို ချိုးဖောက်ပြီးဝင်ရောက်လာတာ ၊ ငါ့ကို မင်းတို့ မျက်လုံးထဲ မထည့်ထားဘူးလား? "

ခေါင်းလောင်းသံ မြည်တမ်းသွားသကဲ့သို့ ကောင်းကင်တခွင်လုံး ပဲ့တင်ထပ်သွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားလေသည်။

ဂိုဏ်းခေါင်းဆောင်များလည်း တုန်လှုပ်သွားခဲ့ရသည်။

ဒီအသံက မဟုတ်မှလွဲရော အဲ့ပုဂ္ဂိုလ်များလား?

"ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါက မဟုတ်မှလွဲရော "

"ဘိုးဘေးပဲ ! ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဘိုးဘေး ရောက်လာပြီ ! "

"တကယ်ကိုပဲ ၊ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းအာရုံတွေက ငါတို့ ဘိုးဘေးကိုတောင် လှုပ်နိုးစေခဲ့တာပဲ! "

  *ချပ်(အသံ) **

ရှေ့က ဟင်းလင်ပြင်ကြီးသည် မှန် ကွဲအပ်သွားသလိုမျိုး ၊ ကြေးညိုရောင် ကြာပုလ္လင်ပေါ်တွင် တင်ပြင်ခွေထိုင်နေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။မျက်ခုံးမွှေးနှင့် မုတ်ဆိတ်မွေတို့သည် ဖြူဖွေးစွပ်နေကာ တချက် ကြည့်လိုက်ရုံဖြင့် တာအိုလမ်းစဥ်တွင် အထွပ်အထိပ် ရေုက်ရှိနေပြီ ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးမှန်း တန်းသိနိုင်ပေသည်။ထိုပုဂ္ဂိုလ် တစ်ကိုယ်လုံးတွင် ထွန်းလင်းနေသော ရောင်ဝါများသည် မတွေးနိုင်လောက်သည့်အထိ နက်နဲလွန်းပေသည်။

ထိုပုဂ္ဂိုလ်၏ မျက်နှာသွင်ပြင်သည် အိုမင်းနေဟန် ပုံပေါ်ပြီး ခန္ဓာကိုယ်မှာလည်း ပိန်လျနေသည်။ သို့သော် ဝင်သက်ထွက်သက်တိုင်း ထိုသူ၏ တစ်ကိုယ်လုံးကို စွမ်းအင်များက

စဥ်ဆက်မပြတ် စီးဆင်းလို့ နေသည်။

မျက်လွှာချ၍ အောက်ကလူများကို ကြည့်နေရုံဖြင့် ၊ လူတိုင်း၏ စိတ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်။

ဂိုဏ်းခေါင်းဆောင်အားလုံး ဖြူဖျော့သွားခဲ့ရပြီး အသက်တောင် မရူရဲပေ။

ထိုပုဂ္ဂိုလ်သည် အတိတ်တုန်းက ရက်စက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။

ထိုနှစ်က လူနှင့် နတ်ဆိုးတို့၏ တိုက်ပွဲတွင် ၊

သူတစ်ယောက်တည်းနဲ့ နတ်ဆိုးမျိုးရိုး၏ ဘိုးဘေးများဖြစ်သော အမြင့်မြတ်ဆုံး နတ်ဆိုး သုံးယောက်ကို တားစီးနိုင်ခဲ့ပြီး တစ်ယောက်ကို သတ်ကာ နောက်နှစ်ယောက်သည်လည်း သူ့လက်ချက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လေသည်။သတ်ခံရသော နတ်ဆိုးအနွယ်ဝင် စစ်တပ်ကြီးသည် နောက်ဆုံးတွင် လက်နက်ချခဲ့ရသည် ။ ထို့နောက်ပိုင်းကစ သူသည် ဖော့ကျွင်း( နတ်ဆိုးစစ်တပ်ကြီးကို ဖြိုခွင်းနိုင်သော လေးစားဖွယ်ရာကောင်းသော )ဘိုးဘေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရသည်။

" ဖော့ကျွင်းဘိုးဘေးကို နှုတ်ဆက်ပါတယ် ! "

ကွေးယွမ် နယ်မြေက အဖွဲ့ဝင်အားလုံးတို့သည်

လက်နှစ်ဖက်ကို လျှက်ကာ ဂါရဝပြုကြလေသည်။

 ကွေးယွမ် သူတော်စင် နယ်မြေတွင် ၊ထိုပုဂ္ဂိုလ်သည် အသတ်ဖြတ်နိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဟုတ်သလို ၊ စိတ်သဘောထား ကွဲလွဲမှု ရှိပါက ၊ ချက်ချင်းလက်ငင်း တိုက်ခိုက်ပြီး အဆုံးအဖြတ် ယူတတ်သော ပုဂ္ဂိုလ်ဖြစ်သည်။ခုခေတ် မျက်မှောက်ခေတ်တင် မဆိုနှင့် ၊ ၎င်း၏ ကျင့်ကြံရေး စွမ်းအင်သည် ရှေးခေတ်က ကျင့်ကြံရေး စွမ်းအင်နဲ့တောင် သူ့ကို ယှဥ်ဖို့ရာ မဖြစ်နိုင်ချေ။

သူတော်စင် တာအို သန္ဓေသားလောင်းသည် ဒီလို ပုဂ္ဂိုလ်မျိူးကိုတောင် နိုးထစေခဲ့မယ်လို့ မည်သူကမှ ထင်မထားခဲ့ပေ။

"ကျောက်ဝူ ၊ မင်း သူတော်စင် နယ်မြေမှာ ဒီလောက် နှစ်တွေအများကြီး ရှိန့်ကျူ( သူတော်စင် အရှင်) အဖြစ် ရှိလာတာ ၊ ခွေးတွေထက်တောင် သတ္တိနည်းရသလား ?

တခြားသူတွေတောင် သူတော်စင် နယ်မြေကို ဖောက်ဝင်လာနေပြီ ၊ မင်း ဒီတိုင်း မျက်စိစုံမှိတ်ထားရသလား? "

ဘိုးဘေးဖြစ်သူ ထိုပုဂ္ဂိုလ်သည် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

ကျောက်ဝူသည် ရှိန့်ကျူ( သူတော်စင် အရှင်)၏ နာမည်ဖြစ်သည်။ထိုကဲ့သို့ သူတော်စင် အရှင်၏ နာမည်ကို ခေါ်ပြီး ဆဲနိုင်သူမှာလည်း ဘိုးဘေးဖြစ်သူ ထိုပုဂ္ဂိုလ် တစ်ဦးတည်းသာ ရှိပေသည်။

" ကိစ္စတစ်ခုကို ကောင်းအောင် မလုပ်နိုင်မှတော့ ပိုဆိုးရုံပေါ့ ! ငါ ပြီးမှ မင်းနဲ့ ရှင်းမယ်!"

သူသည် ကွေးယွမ်၏ ရှိန့်ကျူ(သူတော်စင် အရှင်)ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ထို့နောက် စူးချန်ကဲဘက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလို ကြင်နာတတ်သော လူကြီးလူကောင်း တစ်ယောက် ၏ အသွင်အပြင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်း၏ အပြုအမူသည် လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး သူ၏ မျက်နှာပြောင်းလဲမှု အရှိန်သည် မယုံနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။

" ကောင်လေး ၊ မင်း ငါ ဘယ်သူလဲ ဆိုတာ သိမှာပါ ၊ ငါက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဘိုးဘေးပဲ ၊ မင်း ငါရဲ့ ကွေးယွမ် သူတော်စင် နယ်မြေကို လာရောက်ဦးချရင် ၊ ငါ့ ကွေးယွမ် သူတော်စင် နယ်မြေမှာ ရှိတဲ့ ကျင့်ကြံရေး အရင်းအမြစ် မှန်သမျှ မင်းကြိုက်သလို အသုံးချခွင့် ရှိတယ် ၊ ငါတို့ သူတော်စင် နယ်မြေက မင်းကို အစွမ်းကုန် ကာကွယ်ပေးမယ် "

ထိုစကားဆုံးသည်နှင့် ဘေးပတ်ပတ်လည်ကို တချက်ကြည့်ကာ ထပ်ဆိုလိုက်သည်။

"မင်းသာ သဘောတူရင် ၊ နောက်ဆို မင်းက ငါ့ရဲ့ သူတော်စင် နယ်မြေက ဆက်ခံသူပဲ ၊ မင်းက

ငါ့လိုပဲ တူညီတဲ့ လေးစားခွင့်ကို ခံရမှာ ဖြစ်သလို ၊ မင်းရဲ့ ဆန္ဒဟာလည်း သူတော်စင် နယ်မြေရဲ့ ဆန္ဒဆိုလည်း ဟုတ်တယ် "

ထိုစကားသံ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း အံ့သြတုန်လှုပ်သွားကာ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်ကျသွားသည်။

အမွေဆက်ခံသူ? ကွေးယွမ်သူတော်စင် နယ်မြေမှာ ဆက်ခံသူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး လေ !

စောစောက ပြောလိုက်သလိုမျိုး ၊ အမွေဆက်ခံသူ၏ ဆန္ဒက သူတော်စင် နယ်မြေ၏ ဆန္ဒဆိုလည်း ဟုတ်ပေသည်။ဤသည်မှာ သူတော်စင် တပည့် အဆင့်နှင့် လုံးဝ အကွာကြီးပင် ဖြစ်သည်။ ကွေးယွမ်၏ ရှိန့်ကျူ( သူတော်စင် အရှင်)တောင် အမွေဆက်ခံသူကို လုံးဝ မနှိုင်းယှဥ်နိုင်ပေ။

" ဖော့ကျွင်းဘိုးဘေး ၊ ဒါ တစ်ခုခုတော့ မှားနေပြီ မဟုတ်လား?"

ကွေးယွမ်၏ ရှိန့်ကျူ( သူတော်စင် အရှင်)က ဆိုလိုက်သည်။

စောနလေးကမှ ရောက်ချလာတဲ့ တပည့်က ခု သူ့ခေါင်းပေါ် ရောက်သွားပြီတဲ့လား?နောက်ဆို ခေါင်းပေါ် ချီးတတ်ပါချရင်တောင် ၊ ပြုံးပြုံးကြီး နေရမယ့်ကိန်း စိုက်နေပြီ !

ဖော့ကျွင်းဘိုးဘေးက မျက်ခုံးပင့်လိုက်ပြီး

ဆိုသည်။

" မင်းကို ကြည့်ရတာ မကျေနပ်သလိုပဲ ဘာလဲ?

ငါတို့လို အိုကြီးအိုမတွေရဲ့ စကားက အသုံးမဝင်တော့ဘူးလား? "

ကွေးယွမ်၏ ရှိန့်ကျူ( သူတော်စင် အရှင်)ခမျာ တုန်လှုပ်သွားသည်။ အိုကြီးအိုမတွေ ဘယ်နှစ်ယောက်တောင် ရှိနေလို့တုန်း? ဆိုလိုတာက အဲ့သူတွေက..

ကွေးယွမ် သူတော်စင် အရှင်ခမျာ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး နားဗန်းကြီးသွားရရှာသည်။အကယ်၍ သူသာ သဘောမတူရင် ၊ မနက်ဖြန် သူတော်စင် အရှင် ရာထူးကနေ ဆင်းရမယ့်ကိန်း စိုက်တော့မယ် !

ထိုစကားကို ကြားပြီးနောက်၊ သူတော်စင် နယ်မြေမှ အကြီးအကဲတချို့သည် စကားပြောရန် တုံ့ဆိုင်းသွားကြသည်။

ပြောချင်တဲ့စကားကို ချက်ချင်းပဲ ပြန်မျိုချလိုက်ပြီး ၊တိတ်တိတ်လေး နေလိုက်ကြတော့သည်။ဘိုးဘေးများ၏ ဆွေးနွေးပွဲ ရလဒ်ကို သူတို့ တန်ဖိုးထားရကောင်းမှန်း မသိပါက

ဒါဟာ ကိုယ့်သေလမ်းကို ရှာနေခြင်းပင်။

"ဖော့ကျွင်း ဘိုးဘေးက တကယ်ကို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပါပေတယ် ၊ ဒါပေမဲ့ ကွေးယွမ် သူတော်စင် နယ်မြေမှာ ရှိတဲ့ ရင်းမြစ်တွေနဲ့ ဒီရဲ့ သူတော်စင် တာအိုသန္ဓေသားလောင်းကို ကောင်းကောင်းကြီး ထောက်ပံ့ပေးနိုင်ပါ့မလား ?"

ကွေးယီး ဂိုဏ်းခေါင်းဆောင်က ယဥ်ကျေးစွာ ဆိုလိုက်သည်။

"စူးချန်ကဲ ၊ အဲ့ကလေးသာ ငါ့နယ်မြေထဲကို ဝင်ရောက်တာနဲ့ သူက ဆက်ခံသူ တစ်ဦး ဖြစ်လာလိမ့်မယ် ၊ငါ့ရဲ့ ဆက်ခံသူ တစ်ယောက်အနေနဲ့ ကွေးယွမ်မှာ ရှိတဲ့ အရင်းအမြစ်တွေ အကုန်လုံးသူ့ကို ထောက်ပံ့ပေးသင့်တယ် မဟုတ်လား ?ပြီးတော့ ငါတို့ ကွေးယွမ်ရဲ့ အရင်းအမြစ်တွေကလည်း ဘယ်အရာမဆို ထောက်ပံ့ပေးနိုင်တယ်၊မင်းတို့ကရော အကုန်လုံး ရင်းပြီး ထောက်ပံ့ပေးနိုင်လား?"

ဖော့ကျွင်းဘိုးဘေးက အားမနာတမ်း ဆိုသည်။

ကွေးယီးဂိုဏ်းခေါင်းဆောင်မှာ ငြိမ်ကျသွားလေသည်။

အကယ်၍ စူးချန်ကဲ သူတို့ ကွေးယီးဂိုဏ်းထဲ ဝင်ရောက်လာခဲ့ရင်တောင် ၊ သူတို့ဂိုဏ်းထဲတွင် တခြားထူးချွန်သော တပည့်သားများ ရှိနေသေးသည့်အတွက် အရင်းအမြစ်အကုန်လုံးကို သူ တစ်ယောက်တည်းအတွက် ပံ့ပိုးပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။ဤကိစ္စသည် ဂိုဏ်းတွင်း ပဋိပက္ခ ဖြစ်သွားစေနိုင်သလို ဂိုဏ်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူ မပြုပေ။

"ဟွန်း !ကွေးယွမ်မှာ ဘယ်တုန်းကမှ ဆက်ခံသူ ဆိုတာ ရှိခဲ့တာ မဟုတ်ဘူး ၊ဖော့ကျွင်းဘိုးဘေး ခုလို လုပ်တာ တခြား သူတော်စင်တပည့်တွေ မကျေမနပ်ဖြစ်မှာ မကြောက်ဘူးလား"

" ဆက်ခံသူရဲ့ ဆန္ဒက ကွေးယွမ်တစ်ခုလုံးရဲ့ ဆန္ဒပဲ ဆိုတော့ ကွေးယွမ်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားမှာ မကြောက်ဘူးလား"

"ဖော့ကျွင်း ဘိုးဘေး ၊ စူးချန်ကဲ သူငယ်ကို အဲ့လိုစကားတွေနဲ့ မလှည့်စားပါနဲ့ဗျာ ၊နောက်ကြ လူအထင်သေးခံရလိမ့်မယ် "

ထိပ်တန်းဂိုဏ်းခေါင်းဆောင်များသည် သူသူကိုယ်ကိုယ် အားမနာတမ်း လှောင်ပြောင် ပြောဆိုလိုက်ကြသည် ။ ကွေးယွမ်သူတော်စင် နယ်မြေသည် သူတို့ထက် ဒီလောက် စျေးပေါမှာကို သူတို့ အလိုမရှိပေ။

ထို့အပြင် သူတော်စင် တာအို သန္ဓေသားလောင်းသည် အနှစ်တစ်သောင်းအတွင်း တစ်ခါလေး တွေ့ဖို့အရေး အတော်လေး ရှားပါးလွန်းပေသည်။ယခုလို ခက်ခက်ခဲခဲ တစ်ယောက်လေး ရှာတွေ့ခဲ့ပါတယ် ၊ သူတို့အနေနဲ့ ဘယ်လိုလုပ် လွယ်လွယ်နှင့် အရှုံးမပေးနိုင်မှာလဲ။

မျက်နှာချင်းဆိုင် အမျိုးမျိုး ထေ့ငေါ့​ကြတော့သည် ။သို့သော် ဖော့ကျွင်းဘိုးဘေး၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

အင်္ကျီလက်ရုံတော်အစကို နောက်သို့ ပစ်ကာ ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။

"ဆက်ခံသူ ဆိုတာ ဒီနယ်မြေရဲ့ ဘိုးဘေးတွေအကုန်လုံး တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တဲ့ အရာပဲ ၊

ဒီနယ်မြေက အရင်းအမြစ်တွေ အားလုံး ဆက်ခံသူ ဆန္ဒအတိုင်း အသုံးချခွင့် ရှိတယ် ၊ သူတော်စင် နယ်မြေကလည်း ဆက်ခံသူကို အစွမ်းကုန် ကာကွယ်ပေးမယ်"

ထို့နောက် ကောင်းကင်ကို လက်ညွှန်ထိုးပြရင်း။

  “ဘုရားသခင်ကိုယ်တိုင် သက်သေရှိတယ်,ငါလည်း ကျိန်ဆိုတယ် ၊ အကယ်၍ ငါ့စကားမှာ လိမ်ညာတဲ့စကား တခွန်းပါခဲ့တယ် ဆိုရင် နောက်ကြရင် ငါရဲ့ ဝိညာဥ်ဟာ ပြန့်ကျဲနေပြီး ဘယ်သောအခါမှ လူဝင်စား မဖြစ်ပါစေနဲ့ "

 ဂျိန်းး!

အဖြူရောင် လျှပ်စီးကြောင်းနှင့်အတူ မိုးခြိမ်းသံတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။တာအိုလမ်းစဥ်၏ ရောင်ဝါများသည် ကောင်းကင်တခွင်လုံးကို လွှမ်းခြုံသွားခဲ့သည်။ဤသည်မှာ သစ္စာတည်သည်ဟု ဆိုလိုသည်။

အားလုံး တိတ်ဆိတ်သွားကြသည်။ တာအိုလမ်းစဥ်သည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးသော ကျိန်ဆိုမှုဖြစ်ပြီး အကယ်၍ ချိုးဖောက်ခဲ့ပါက၊ သင်၏ ဝိညာဉ်သည် ပျက်စီးကိန်း စိုက်ပေလိမ့်မည် ဖြစ်သည်။

" ငါ တာအိုလမ်းစဥ်အတိုင်း ကျိန်ဆိုပြီးပြီ၊မင်းတို့လည်း တာအိုလမ်းစဥ်တိုင်း ကျိန်ဆိုနိုင်တယ်၊ အဲ့လိုဆို ကောင်လေးလည်း တခါတည်း မြင်ပြီးသား ဖြစ်သွားတာပေါ့ မဟုတ်ဘူးလား"

ဖော့ကျွင်းဘိုးဘေးသည် အားလုံးကို ကြည့်ကာ ဆိုလိုက်သည်။

ပတ်​ဝန်းကျင်​တစ်ခုလုံး တိတ်​ဆိတ်​​ငြိမ်သက် နေပြီး အချို့များဆို အသက်​တောင် မရှုရဲပေ။

တာအိုလမ်းစဥ် ကျိန်ဆိုခြင်းက ပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့အရာလား ?

တချက်ကလေးလွဲတာနဲ့ တန်းပြီး သေမှာ မဟုတ်လား?

"မင်းတို့ပဲ ခုနက အဲ့ကလေးအတွက် ပုံပန်းချီကိတ်ကြီးတွေ(လေသက်သက်)ပေးနေတာ မဟုတ်လား? ကျွတ်ကျွတ်ကျွတ် ဒီလို သတ္တိမျိုးနဲ့ ခေါင်းဆောင်လို့ ခေါ်ထိုက်သလား?"

ဖော့ကျွင်းဘိုးဘေးသည် ထေ့ငေါ့ကာ ပြောဆိုလိုက်သည်။

"ကြည့်ရတာ နောက်လူတွေက ပိုပြီး အသုံးမဝင်လေလေ ဖြစ်လာတဲ့ပုံပဲ"

ထိုစကားများဖြင့် ၊စောနက သူ့ကို ချောင်ပိတ်ပြောဆိုခဲ့သော စကားများကို ကောင်းကောင်းကြီး ချေပလိုက်လေသည်။

ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲကို လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

"ဘယ်လိုလဲ? ငါ့ရဲ့ နယ်မြေထဲ ဦးညွှတ်ဖို့ဆန္ဒရှိပြီလား"

အားလုံး၏ အကြည့်များသည် စူးချန်ကဲပေါ်သို့ တဖန်ကျရောက်လာပြန်သည်။

  【တင်း! မစ်ရှင်အသစ်၊ ရွေးချယ်စရာ 1- ကွေးယွမ် သူတော်စင် နယ်မြေတွင် ပါဝင်ပါ ၊ ဆုလာဘ်- ယင်း ယန် ဓားစွမ်းအင်

  ရွေးချယ်စရာ ၂ : ငြင်းဆန်ပါ ၊ တခြားအင်အားစုနှင့် ပေါင်းစည်းပါ ၊

ဆုလာဘ်:မိုးကြိုးဓားသိုင်း 】

"ယင်း ယန် ဓားစွမ်းအင်? "

စူးချန်ကဲသည် စိတ်ထဲတွင် ထိုအကြောင်းကို တိတ်တိတ်လေး တွေးလိုက်ပြီး ခဏဘေးဖယ်ထားလိုက်သည်။

မည်သို့ပင် ဆိုစေကာမူ၊ ထိုဘိုးဘေး၏ သတ္တိကို ကြည့်ရုံဖြင့် ထိုပုဂ္ဂိုလ်၏ စကားများသည် ယုံကြည်ဖို့ ထိုက်တန်ပေသည် ။တခြားသူများ၏ စကားများသည် လေသက်သက်သာ ဖြစ်သည်ဟု သူ့ ခံစားမိသည်။

ခိုင်မာသော ကျောထောက်နောက်ခံနှင့် များပြားလှသော အရင်းအမြစ်များကြောင့် သူသည် ဤကမ္ဘာပေါ်တွင် အခိုင်အမာ ရပ်တည်နိုင်ပေမည် ဖြစ်သည်။

ဆက်ခံသူ ဆိုသည့် အဆင့်အတန်းနှင့် အရင်းအမြစ် အားလုံးကို သူသည် ဆန္ဒရှိသလိုအသုံးပြုနိုင်သည် ဖြစ်ရာ ထို့ကြောင့် သူ၏ ကျင့်ကြံမှုမှာ လျင်မြန်သော အရှိန်ဖြင့် တိုးတက်လာပေလိမ့်မည်။

"တပည့် စူးချန်ကဲ ကွေးယွမ်သူတော်စင် နယ်မြေကို ဂါရဝပြုပါတယ်"

စူးချန်ကဲသည် လက်နှစ်ဖက်ကို လျှက်ကာ

ဂါရဝပြုလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ!၊ အခုကစပြီး၊ စူးချန်ကဲက ငါ ကွေးယွမ်သူတော်စင် နယ်မြေရဲ့ ဆက်ခံသူပဲ ၊ ဆက်ခံသူရဲ့ ဆန္ဒက ငါ့ ကွေးယွမ်သူတော်စင် နယ်မြေရဲ့ အလိုအတိုင်းပဲ! "

ဖော့ကျွင်းဘိုးဘေးသည် အလွန် သဘောကျနေ၏။ သူ၏ ကျယ်လောင်သော အသံသည် ခေါင်းလောင်းသံကဲ့သို့ ကွေးယွမ် သူတော်စင် နယ်​မြေတစ်ခွင်လုံးကို ပျံ့နှံ့သွားခဲ့လေသည်။

ဖော့ကျွင်းဘိုးဘေးသည် အကြောင်း တစ်ခုခုကြောင့် ပြင်းထန်သော လှုံ့ဆော်မှု ခံစားချက်တချို့ကို ရရှိခဲ့သည်။အနာဂတ် မြင်ကွင်းကဲ့သို့

စူးချန်ကဲသည် တောက်ပသော နေမင်းကြီး ဖြစ်လာပေလိမ့်မည် ။ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သည့် လူတစ်ယောက် ပေါ်ထွက်လာပေတော့မည် ။

  “အားလုံး,ကိစ္စတွေတောင် ခုလိုဖြစ်နေပြီ ၊ ခုထိ မထွက်သွားကြသေးဘူးလား? "

ဖော့ကျွင်းဘိုးဘေးသည် တခြားသူများကို ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။တနည်းအားဖြင့် နှင်ထုတ်နေသိမှာ အသိသာကြီးပင် ဖြစ်သည်။

အင်အားစုအားလုံး၏ အကြီးအကဲများမှာ ကြည့်ရဆိုးသော မျက်နှာထားများဖြင့် ရှိနေကြသည်။ သူတို့သည် စူးချန်ကဲကို ရရန် ဤနေရာသို့ လာရောက်ခဲ့ကြသည်။သို့သော် ခုလိုအဆုံးသတ်ပြီး အလဟဿ ခရီးတစ်ခုသာ ဖြစ်သွားခဲ့ရသည်။

ပိုပြီး အရေးကြီးဆုံး အချက်မှာ အငယ်တွေ ရှေ့တွင် သူတို့ မျက်နှာပျက်ရခြင်းပင် ဖြစ်သည်။

ဖော့ကျွင်းဘိုးဘေး၏ တာအိုလမ်းစဥ် ကျိန်ဆိုခြင်းကို သူတို့တစ်ယောက်ချင်းစီ အမြှီးကုပ်ကာ ဒီတိုင်း ကြည့်နေခဲ့ရသည်။

အဲ့တာက ဘာမို့လို့လဲ? ဒီတိုင်း အငယ်လေးတွေကို လှည့်စားပြဖို့ပဲ မဟုတ်လား?

ဒီကိစ္စသာ အပြင်ပေါက်ကြားသွားခဲ့ပါက ၊လူတွေရဲ့ ပါးစပ်ထဲ ပြောစရာ ဖြစ်ပေတော့မည်။

“ဟွန်း!ကောင်းလိုက်တဲ့ ကွေးယွမ်သူတော်စင် နယ်မြေကဟာတွေ !”

ခေါင်းဆောင်များသည် ဒီနေရာတွင် သူတို့ ဆက်ရှိနေရန် မလိုအပ်တော့ဘူး ဟု ခံစားမိသောကြောင့် အေးစက်စွာ ဖြင့် 'ဟွန်း !"ဟု သရော်ပြီးနောက် ဝေဟင်ပြင်ကြီးကို ခွင်းကာ သူသူကိုယ်ကိုယ် လှည့်ထွက်သွားကြတော့သည်။

တချို့က ဝမ်းနည်းပက်လက်ဖြင့် ထွက်ခွာသွားကြပြီး တချို့က မှုန်ကုက်ကုက်ဖြင့် ထွက်ခွာသွားလေသည်။

သူတို့အနေနဲ့ ထိုကဲ့သို့ ပါရမီရှင် တပည့်ကို သူတို့ မရခဲ့ပါက ၊ ဒါဆို သူတို့သည် ထိုလူငယ်ကိုအစွမ်းကုန် ဖျက်စီးပေတော့မည် ဖြစ်သည်။

"ချန်ကဲ ၊ မင်း မြန်မြန် အင်အားကြီးလာမှ ဖြစ်မယ်၊မင်းက ညဏ်ကြီးရှင်တွေထက် ပိုတဲ့ စွမ်းအင်ကို ရထားတာ ၊ အဲ့မြေခွေးအိုကြီးတွေရဲ့ စိတ်ဓာတ်က ညစ်ပတ်တယ် နောက်ဆို မင်းက သူတို့ရဲ့ တားဂတ်ဖြစ်လာလိမ့်မယ် "

ဖော့ကျွင်းဘိုးဘေးက အလေးအနက် ဆိုလိုက်သည်။

စူးချန်ကဲသည် ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ ကိစ္စများသည် ကျင့်ကြံရေး လောကတွင် အမြဲ ဖြစ်လေ့ရှိသော ပြသနာများသာ ဖြစ်ပေသည်။အစွမ်းထက်သော ပါရမီရှင်များသည် အခြားသူများ၏ မနာလိုမှုနှင့် မုန်းတီးမှုကို သေချာပေါက် ခံရလိမ့်မည်သာ ဖြစ်သည်။

အားနည်းရင် ၊ ဝံပုလွေ ကိုက်ဆွဲလို့ ကျကွဲတာ ခံရတော့မည်။

ထို့ကြောင့် သူသည် အရာအားလုံးကို ကျော်လွှားနိုင်သည့်အထိ အားကောင်းနေရမည် ဖြစ်သည်။

မဟုတ်ရင် သူသည် သနားဖို့ကောင်းသော သေဆုံးခြင်းဖြင့် သေဆုံးရပေလိမ့်မည် ။

သူတော်စင် ခန္ဓာကိုယ် ထွက်လာပြီး ၊ ဆက်ခံသူအဖြစ် တည်ရှိမည် ။

ကွေးယွမ်သူတော်စင် နယ်မြေတွင် ဖြစ်ပျက်သွားခဲ့သော ကိစ္စကြီးသည် ပေမင်တိုက်ကြီးတစ်ခုလုံးကို မုန်တိုင်းတစ်ခုကဲ့သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

ဤသို့ဖြင့် မုန်တိုင်းအသစ်တစ်ခု စတင်ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

အပိုင်း(၄)

"သွားရအောင်၊ မင်းကို ကျင့်ကြံရေး ခန်းမကို ငါခေါ်သွားမယ်၊ မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို မင်းဟာမင်း အရင်တိုးတက်အောင်လုပ်ရမယ်၊ မဟုတ်ရင် တခြားသူတော်စင် တပည့်တွေက မကျေမနပ် ဖြစ်လိမ့်မယ် "

ဖော့ကျွင်း ဘိုးဘေးသည် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"သိပါပြီ ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်"

စူးချန်ကဲသည် လက်နှစ်ဖက်ကို လျှက်ကာ ဆိုလိုက်သည်။

ဖော့ကျွင်းဘိုးဘေးသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း စူးချန်ကဲကို ကျေနပ်စွာ ကြည့်လိုက်သည်။ သူ အတော်လေး ကျေနပ်နေခဲ့သည်။တာအိုလမ်းစဥ်သည် ရှာရန် ခက်ခဲပေသည်။ သူအနေဖြင့် ခုလို အောင်မြင်မှုကြီး ရခဲ့တောင်၊ တစက်ကလေးမှ စိတ်မလောသလို မာနလည်း မကြီးသည်မှာ ဖော့ကျွင်းဘိုးဘေး သဘောကျရသည့် အချက်ပင် ဖြစ်သည်။

ကွေးယွမ် ဘုရားကျောင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အတွင်းကျဆုံး နေရာတွင် တည်ရှိသည်။

ထိုနေရာသည် ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝသော နေရာဖြစ်သည်။ ထိုနေရာ၌ လေ့ကျင့်ခြင်းသည် တဝက်လောက် အားထုတ်ရုံဖြင့် ရလဒ်နှစ်ဆထိ ရနိုင်သည်။ ထိုကဲ့သို့ မြင့်မြတ် သန့်စင်သော နေရာသည် စူးချန်ကဲ၏ သီးသန့် နေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့အနက် မျှော်စင်များ ၊ လသာဆောင်များ၊ ထွင်းထုထားသော ထုပ်တန်းများနှင့် ဆေးခြယ်ထားသော အဆောက်အအုံများ၊ အနတ်အလင်းတန်းများ၊ ပြည့်ဝသော ဝိညာဉ်စွမ်းအင်များ ၊ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်း၊ ဘေးပတ်ပတ်လည် မြင်ကွင်းများကို မြင်နိုင်သည့် သေးငယ်သော တာအိုမျှော်စင် စသည့် ဘာမဆို ရရှိနိုင်သည့် နေရာများပင် ဖြစ်သည်။

ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲကို အနီးနားတွင် လိုက်လံပြသခဲ့ပြီးနောက် ၊ သူ့ကို ကောင်းကောင်း အနားယူစေချင်သည့် ရည်ရွယ်ချက်ဖြင့် ထွက်ခွာသွားခဲ့သည်။

စူးချန်ကဲသည် အစေခံတချို့ကို ထွက်သွားစေပြီးနောက်တွင် ၊ စနစ်၏ မျက်နှာပြင်ကို ထပ်ခေါ်လိုက်သည်။

  【 လက်ဆောင် သစ် အထုပ်ကြီးကို သုံးမယ်】

ခမ်းနားထည်ဝါသော သေတ္တာကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ရောင်စုံမျိုးစုံ ဖြာထွက်နေသည်။

  “မြည်သံ ”

အဖိုးတန် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ၊ အထဲတွင် ပြိုးပြိုးပျက်ပျက်ဖြင့် တောက်ပလို့ နေသည်။

[အသင် အရမ်းကံကောင်းပါတယ် ၊ ကမ္ဘာသစ်မျိုးစေ့ ၊ ကောင်းကင်ဓား ၊ နတ်သတ်ဓား ၊ နတ်ချပ်ဝတ်တန်ဆာ တို့ကို ရရှိသွားပါပြီ ]

  "ကံကောင်းတယ်?”

ထိုဆုလာဘ်များသည် ထီကဲ့သို့ ကျပန်းရရှိသော ဆုလာဘ်များ ဖြစ်မှန်း စူးချန်ကဲ နားလည်လိုက်သည်။

ထိုပစ္စည်းလေးခုကို ကြည့်ရင်း ၊ သူ အရမ်းပျော်သွားနေခဲ့သည် ။ တစ်ခုချင်းစီမှာ အားသာချက်ကိုယ်စီ ရှိကြသည် ။

  “ကောင်းကင်ဓားကို လက်ခံမယ် "

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်သည်။သူ့ မျက်စိရှေ့က ဟင်းလင်ပြင်သည် တသိမ့်သိမ့် ရိုက်ခတ်မှု ဖြစ်ပေါ်လာပြီး ဓားရှည် တစ်ချောင်းသည် လေဟာနယ်ကို ဖြတ်ကာ သူ့ရှေ့တွင် ထွက်ပေါ်လာသည်။

ဓား၏ ကြည်လင်ငြိမ့်ညောင်းသော အသံနှင့် အတူ သူ့မျက်စိရှေ့တွင် ဓားတစ်ချောင်းလုံး ပေါ်ထွက်လာခဲ့သည်။ဓား၏ အရှည်မှာ နှစ်ပေခန့် ဝန်းကျင် ရှိသည်။

ဓားသည် မှန်ကဲ့သို့ တောက်ပနေပြီး ဓားဖျားတွင် တောက်ပသော အလင်းတန်းများ စီးဆင်းနေသည်မှာ လူကို တချက်ကြည့်ရုံဖြင့် ကြောက်လန့်သွားစေနိုင်သည်။

ဓားလက်ကိုင်ကို နှစ်တစ်ထောင် သက်တမ်းရှိသော သစ်သားဖြင့် ထွင်းထုထားပြီး အပေါ်တွင် " နတ်ဘုရား" ဆိုသည့် စာနှစ်လုံးကို ပုံဖော်ထားသည်။ကမ္ဘာကြီးကို အုပ်စိုးမည့် ဓားတစ်လက်လိုပင် ။

[ ကောင်ကင်ဓား၏ ရည်ရွယ်ချက် : ကောင်းကင်မှ ဆင်းသက်လာသော တိုက်ခိုက်ရေးဓား ဖြစ်သည်။ကောင်းကင်၏ လမ်းစဥ်ကို ချေးယူနိုင်ပြီး ဒီကမ္ဘာပေါ်က ဘယ်အရာမဆို ချိုးဖြတ်နိုင်သည်။ကမ္ဘာပေါ်တွင် အချွန်ဆုံး ဓားတစ်လက် ဖြစ်သည်။ ]

" ကောင်းကင်ဓား? ကောင်းကင်ရဲ့ လမ်းစဥ်ကို

ဆောင်ကျဥ်းနိုင်တယ် !ဒီဓားရဲ့ ဇစ်မြစ်က အရမ်း ကြီးကျယ်ခမ်းနားတာပဲ !"

စူးချန်ကဲသည် ကိုယ်ခံပညာ လေ့ကျင့်ရေး ကွင်းရှိ ကျောက်တုံးကြီးဆီသို့ ဦးတည်လိုက်သည်။ဒီဓားသည် ဘယ်လောက်တောင် ထက်မြက်မှန်း သူ စမ်းကြည့်ချင်ခဲ့သည်။

ဓားတစ်ချက် ပစ်လွှဲလိုက်သည်။

ကျောက်တုံးသည် တချက်တည်းနဲ့ ဖြတ်တောက်ခံခဲ့ရပြီး လေ့ကျင့်ရေး ကွင်းအတွင်းရှိ အကာအကွယ်စည်းကိုတောင် ထိမှန်ခဲ့ပြီး အက်ကွဲသွားစေခဲ့သည်။

"ဟူး" စူးချန်ကဲက လေမှုတ်ထုတ်လိုက်သည်။ထိုအကာအကွယ်စည်းသည် ပဒေသရာဇ်သခင်အဆင့်ရှိ အသန်မာဆုံးသော သူကိုတောင် ခုခံနိုင်သည် ။ဒါပေမဲ့ ခုလို လွယ်လွယ်လေး ဖျက်စီးခံလိုက်ရတယ်တဲ့လား!

  “ဒီဓား တကယ်ကို မရိုးရှင်းဘူးပဲ!”

  “ ငါ့ရဲ့ ကျင့်ကြံရေး အဆင့်သာ တိုးတတ်သွားရင် ၊ဒီရဲ့ ဓားတစ်ချက်စာက အတော်လေးကို ကြောက်ဖို့ကောင်းမှာပဲ !"

" ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေ ငါရနေတာ ၊ မဟုတ်မှလွဲရော ငါ့ရဲ့ ကံကောင်းခြင်းတွေကို အကုန် သုံးမိလိုက်တာလား"

စူးချန်ကဲတစ်ယောက် ရေးရေးလေး ညည်းလိုက်သည်။

ထို့နောက် သူသည် စနစ်ကို ထပ်ကြည့်လိုက်သည်။

  " နတ်သတ်ဓားကို လက်ခံမယ်!”

  ဝီ!

ကြီးမားသော အငွေ့အသက် တစ်ခုသည် သူ၏ အတွေးထဲသို့ မထင်မရှား ဝင်ရောက်လာခဲ့သည်။ဤအခိုက်အတန့်တွင် ဓားသည် ကမ္ဘာမြေကြီးကို ထိုးဖောက်တော့မည့် နတ်ဓားတစ်လက်ကဲ့သို့ပင်။

စနစ်တစ်ခု ဖြစ်သောကြောင့် ဓားကိုယ်ထည်သည် ဤအခိုက်အတန့်တွင် နတ်သတ်ဓားအဖြစ် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

[ နတ်သတ်ဓား၏ ရည်ရွယ်ချက် : ကောလဟာလ သတင်းများအရ ၊ ရှေးခေတ် စစ်ပွဲကာလအတွင်း၊ ပါရမီရှင် ဓားသမား တစ်ဦးသည် ဓားဖြင့် တာအိုလမ်းစဥ်ကို သက်သေပြခဲ့ပြီး အမတ ဓားဧကရာဇ် တစ်ပါး ဖြစ်လာခဲ့သည်။သူ့ဘဝ တစ်လျှောက်လုံး မရေတွက်နိုင်အောင် ဆည်းပူးလေ့လာခဲ့ပြီး သူသည် နတ်နှင့် နတ်ဆိုးများ အကြောင်းကို တွေးမိရင်း ၊ နတ်ဘုရားများနှင့် ချိတ်ဆက်နိုင်မည့် လျန်ထျန်းဓားကို ပြုလုပ်ခဲ့သည်။ ထိုလျန်ထျန်းဓားသည် ဒီကမ္ဘာပေါ်ရှိ နတ်ဘုရားများကို သတ်နိုင်မည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ]

  “ရှေးခေတ်စစ်ပွဲ?ဒီကမ္ဘာပေါ်က နတ်ဘုရားအကုန်လုံးကို သတ်ပစ်မယ်?ဒီလိုကြောက်စရာကောင်းတဲ့ ဓားမှာလည်း ခုလို ရည်ရွယ်ချက် ရှိတာပဲ "

"ဒါဆို ရှေးခေတ်တုန်းက ပစ္စည်းတွေရော ရှိလောက်မလား ? ဥပမာ - ဘာပါလိမ့် ၊ဆယ့်နှစ်လွှာ ကြာပန်း? "

စူးချန်ကဲသည် တစ်ခ်ခ်ခ်ဖြင့် ရယ်လိုက်သည်။

နောက်ဆို ရှေးခေတ်က အဖိုးတန် ပစ္စည်းတွေ

မှန်သမျှ တစ်နေရာတည်းမှာတင် ထိုင်ပြီးရနေတော့မှာ မဟုတ်ဘူးလား ?

"ဟုတ်သားပဲ ယင်းယန် ဓားစွမ်းအင် ရှိသေးတယ် "

စူးချန်ကဲသည် စနစ်၏ အီးမေးလ်ကို ကြည့်ရှုလိုက်ပြီး လက်ခံရရှိမည် ဆိုသည့် ခလုပ်ကို နှိပ်လိုက်သည်။

  “ယင်းယန်ဓားကို လက်ခံမည်”

ယင်း ယန် ပုံစံကဲ့သို့ အနီ နှင့်အပြာ

အလင်းတန်း နှစ်ခုသည် သူ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

[ ယင်းယန် ဓား၏ ရည်ရွယ်ချက် : ယင်းမှယန်ကို အချိန်မရွေးပြောင်းလည်းနိုင်၏။ ထာဝရဆီးနှင်းဓားနှင့် တောက်ပနေမင်းဓားအား ယင်းယန်ဟု ရှူမြင်နိုင်လျှင် ဓားစွမ်းအားမှာ ပို၍စွမ်းထက်လာနိုင်ပေမည် ]

"ဓားစွမ်းအင်ရယ်၊ ဓားရဲ့ ရည်ရွယ်ချက်ရယ်၊ ပြီးတော့ ဓားရယ် ၊ ငါ့ကို ဓားသမား လုပ်ခိုင်းနေတာလား ဟင်? "

စူးချန်ကဲသည် ဒီကိစ္စကို များများစားစား မစဥ်းစားတော့ပေ။ သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ ဒါသာ ပေါင်းစပ်လိုက်ရင် ဒါ အတော်လေး ကြောက်စရာ ကောင်းပေတော့မည်။

"သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်နဲ့ ဓားသမားမျိုး ရှိတယ်လို့ တခါမှ မကြားဖူးဘူး ၊ငါ့ ပါရမီနဲ့ အရည်အချင်းကို ငါယုံကြည်တယ်၊ နောက်ဆို ငါလေးက ပထမဓားသမား ဖြစ်သွားနိုင်တယ် !"

သူ၏ ဖြစ်မလာသေးတဲ့ အနာဂတ်ပုံရိပ်ကို စိတ်ကူးဖြင့် ပုံဖော်လိုက်သည်။

သူသည် ဘုံကိုးထပ်သို့ ရောက်ရှိနေပြီး ၊နတ်သတ်ဓားဖြင့် ကောင်းကင်ကို ထိုးဖောက်လိုက်သည်။ထို့နောက် သူသည် အားရပါးရ ရယ်မောနေစဥ် အတော်အတွင်းမှာပဲ အရာအားလုံးသည် ပြာကျသွားခဲ့လေပြီ ။

သူသည် လက်ခံရရှိသည့် နောက်ပစ္စည်း တစ်ခုကို ထပ်ကြည့်လိုက်သည်။

  “နတ်ချပ်ဝတ်တန်ဆာကို လက်ခံမယ်"

ချပ်ဝတ်တန်ဆာ၏ အရိပ်သည် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး ၊ထို့နောက် အလင်းစီးကြောင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

သူကိုယ်တိုင်လည်း သူ့စိတ်ဝိညာဥ်၏ အာရုံခံစားနိုင်သည့် အသိစိတ်ကို ခံစားမိသည်။

[ နတ်ချပ်ဝတ်တန်ဆာ :ကမ္ဘာမြေကြီး၏ ချီစွမ်းအင်များကို စုတ်ယူပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည် ။ သူတော်စင် အရှင် ၏ ထိုးနှက်ချက်ကို အပြည့်အဝ ခံနိုင်ရည်ရှိသည်။]

စူးချန်ကဲသည် ကျေကျေနပ်နပ်ကြီး ခေါင်းညိမ့်လိုက်သည်။ထိုနတ်ချပ်ဝတ်တန်ဆာသည် သူ့ကို မည်သည့် လေးလံမှုမှ မခံစားရသည့်အပြင် အစွမ်းထက်သည့် ကာကွယ်ရေး လက်နက်တစ်ခု ဖြစ်သည်။သို့ဖြစ်၍ သူသည် မည့်သည့်တိုက်ခိုက်မှုမျိုးကိုမှ မကြောက်ပေ။

" နောက်ဆုံးတစ်ခုက ကမ္ဘာ့သစ်မျိုးစေ့ "

စူးချန်ကဲသည် စနစ်ရှိ ကမ္ဘာ့သစ်ပင်ကြီးကို ကြည့်လိုက်သည်။ တချက်လေး နားထောင်လိုက်ရုံဖြင့် တုနှိုင်းမရသော ဖြစ်တည်မှုကဲ့သို့ ခံစားရသည်။

  "ကမ္ဘာ့သစ်မျိုးစေ့ကို လက်ခံမယ်"

စကားဆုံးသည်နှင့် စူးချန်ကဲ၏ လည်ပင်း သုံးလက်မ အောက်တွင် မြင့်မြတ်သော ရောင်ဝါများ လင်းလက်တောက်ပလာပြီး ဖြာထွက်လို့ နေသည်။

သူ၏ အသိစိတ်ထဲ မြင့်မြတ်သော ရောင်ဝါများ

ဝင်ရောက်သွားခဲ့ပြီး သူသည် မျက်လုံးကို ဖြေး​ဖြေးချင်း ဖွင့်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲ ဝင်ရောက်လာသည်မှာ အဆုံးမရှိသော ကမ္ဘာကြီးတစ်ခု ဖြစ်နေခဲ့သည်။

ကမ္ဘာမြေကြီး၏ အလယ်တွင် အညွှန့်လေးတစ်ခုက ကြီးထွားလာနေပြီး အရာအားလုံးသည် ထိုမှတဆင့် မွေးဖွားလာသကဲ့သို့ ကမ္ဘာမြေကြီး၏ အရှင်သခင်အဖြစ် တည်ရှိနေသည်။

အညွှန့်လေးသည် မြက်ပင်လေးကဲ့သို့ ပုံပေါ်နေခဲ့သည်။ ထိုအရာသည် အပြည့်အဝ မဖွံ့ဖြိုးသေးသော သေးငယ်သော ကမ္ဘာတစ်ခု ဖြစ်သည်။

ဤကဲ့သို့ စဥ်းစားကြည့်မည်ဆိုပါက ၊ ဒီကမ္ဘာ့သစ်ပင်ကြီးသာ ကြီးပြင်းလာခဲ့လျှင် ၊မရေမတွက်နိုင်သော အကိုင်းအခက်များသည် ကမ္ဘာတစ်ခု ဖြစ်လာပြီး ၊ ထိုကမ္ဘာ့သစ်ပင်သည် ကမ္ဘာပေါ်က အရာအားလုံး၏ ဇစ်မြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

"လက်စသတ်တော့ ဒီလိုကိုး၊ ကမ္ဘာ့သစ်မျိုးစေ့က ဒဏ္ဍာရီထဲက ကမ္ဘာ့သစ်ပင်ကိုး ၊ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ တာအိုလမ်းစဥ်မှန်သမျှကို တိုးတတ်စေနိုင်တယ် ၊ သစ်ရွက် တစ်ရွက်က ကမ္ဘာကြီးကို ကိုယ်စားပြုပြီး အကိုင်းတခက်က ကောင်းကင်ကိုတောင် ရောက်နိုင်တယ်၊ ငါ့အနေနဲ့ ဒါကို ကြီးထွားနိုင်မယ့် ဓာတ်သတ္တုငါးပါး(သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး)ရဲ့ စွမ်းအင်တွေ လိုအပ်တယ်၊ ဒါသာ အောင်မြင်ရင် စကြဝဠာတစ်ခုလုံးရဲ့ စွမ်းအားတွေကို ငါ ရနိုင်ပြီ! "

စူးချန်ကဲသည် အတွေးများစွာဖြင့် ၊ သူ၏ ကောင်းကင်ဓားကို ကမ္ဘာ့သစ်ပင်ထဲသို့ ပစ်ချလိုက်သည်။

ထိုဓာတ်သတ္တု စွမ်းအင်ငါးပါးကို နောင်တွင် ဖြေးဖြေးချင်း ရှာသွားရန် စိတ်ကူးလိုက်သည်။

လက်ရှိမှာတော့ ၊ သူသည် ကမ္ဘာ့သစ်မျိုးစေ့ကို

သိုလှောင်ရာ နေရာအဖြစ် အသုံးပြုလိုက်သည်။ထို ကျယ်ပြောလှသော နေရာတွင် ဤကမ္ဘာမြေကြီးပေါ်ရှိ သက်ရှိ သန်းပေါင်းများစွာကိုတောင် ထိန်းသိမ်းလို့ရပေသည်။

[ တင်း ! လုပ်ဆောင်မှု အသစ် :

ရွေးချယ်မှု ၁- ငါ အရမ်း သန်မာတာ၊ ငါသိတယ်၊ အခြားသူတော်စင်တွေကို ဖိနှိပ်ဖို့ ချက်ချင်း ထွက်ခွာမယ်၊

ဆုလာဘ် : ဘုံ ကိုးဘုံတွင် ပြန်လည်ဝင်စားခြင်း

ရွေးချယ်မှု ၂- စွမ်းအားကို ဆက်လက်လေ့ကျင့်ပြီး တိုးတက်အောင် လုပ်မယ်၊

ဆုလာဘ်- ဝိညာဉ်စွမ်းအား စုဆောင်းခြင်း ကောင်းကင်အင်းကွက် ]

စူးချန်ကဲ စိတ်ရှုပ်သွားသည်။သူ၏ လက်ရှိစွမ်းအင်သည် ကမ္ဘာမြေကြီး တစ်ခုလုံးကိုတောင် တုန်လှုပ်ခဲ့ရသော်လည်း သို့သော် ရွေးချယ်ဖို့အဆင့်ထိ မလိုအပ်သေးပေ။

  “ဆက်လက် လေ့ကျင့်မယ်"

[သင့် ရွေးချယ်မှု ပြီး​ဆုံးပါပြီ။ သင်သည် ဆုလာဘ်ကို လက်ခံရရှိပြီးဖြစ်သည်။ ]

  သူသည် စနစ်၏ မျက်နှာပြင်ကို တချက် ကြည့်လိုက်သည်။

[ ဝိညာဉ်စွမ်းအား စုဆောင်းခြင်း ကောင်းကင်အင်းကွက်: ကောင်းကင်နှင့်မြေကြီးထံမှ ဝိညာဥ်စွမ်းအားများကို ကိုယ် လိုအပ်သလို အသုံးချနိုင်သည့် အမတတို့၏ ကျင့်ကြံရေး အင်းကွက် ဖြစ်သည်။ကျင့်ကြံသူ၏ အရည်အချင်း မြင့်မားလာလေလေ ၊ဝိညာဥ်စွမ်းအားများကို ပို၍ စုဆောင်းနိုင်လေလေ ဖြစ်သည်။ ]

" ကောင်းလိုက်တဲ့ ပစ္စည်း ၊ အိပ်ချင်နေတဲ့သူကို ခေါင်းအုံးအဆင့်သင့်ပေးထားတာပဲ ! "

  “ဝိညာဥ်စွမ်းအား စုဆောင်းခြင်း ကောင်းကင် အင်းကွက်ကို အသုံးပြုမယ်”

စူးချန်ကဲက ဆိုလိုက်သည်။

သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ ၊ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်ပြင်တွင် အင်းစာလုံးများ တစ်လုံးပြီး တစ်လုံး ထွက်ပေါ်လာခဲ့ပြီး ရောင်ဝါများ တသွင်သွင် စီးဖြာလျက် မထင်ရှားသော အင်းကာရံများက အဆင်မပြတ် ထုတ်လွှတ်နေသည်။

ထိုအခိုက်အတန့်တွင် ၊ ကွေးယွမ်ဘုရားကျောင်းထဲက ဝိညာဥ်စွမ်းအားများသည် တစ်နေရာရာကနေ ဆင့်ခေါ်ခံလိုက်ရသလိုမျိူး

စူးချန်ကဲဆီသို့ အရူးအမူး ပြေးလာ​နေကြသည်။

ဝိညာဥ်စွမ်းအင်များသည် သူ၏ ဘေးပတ်ပတ်လည်တွင် တောက်ပသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊

သူသည် ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ခုလက်ရှိ စူးချန်ကဲ၏ ပုံစံကို တစ်ယောက်ယောက်သာ မြင်သွားခဲ့ပါက ၊သေချာပေါက် လန့်ဖျပ်သွားပေလိမ့်မည်။

ကွေးယွမ်ဘုရားကျောင်း၏ ကောင်းကင်ယံထက်တွင် ကောင်းကင်ဘုံကိုးထပ်မှ တိမ်တိုက်များနှင့် လေများသည် ဝိညာဥ်စွမ်းအား၏ လှုပ်ခက်ခြင်းကို ခံလိုက်ရပြီး တိမ်တိုက်များနှင့် လေများသည် ဝဲဂရက်ကဲ့သို့ လျင်မြန်စွာ လည်ပတ်လို့နေသည်။

ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းသည် မရေမတွက်နိုင်သော လူများ၏ အမြင်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

"ဒါ ဆက်ခံသူလေ့ကျင့်နေတာများလား? ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ဝိညာဥ်စွမ်းအား၊ အရင်က တခါမှမကြားဖူးဘူး ! "

 " ဟုတ်လောက်မယ် ၊အခု ကွေးယွမ် မှာ ဆက်ခံသူ တစ်ယောက်တည်းကသာလျှင်၊

သူကလွဲပြီး ဘယ်သူမှ ဒါမျိူး မလုပ်နိုင်ဘူး "

"ဆက်ခံသူ မှာ သူတော်စင် တာအို သန္ဓေသားလောင်း ရှိနေတာပဲ ဒါကလည်း သူ့လက်ချက်ပဲ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ ဒီလောက် ရိုးရှင်းတဲ့ ကျင့်ကြံရေး လေ့ကျင့်မှုကိုတောင် ဒီလောက်ထိ ရုန်းရင်းဆန်ခတ်ဖြစ်စေတယ် ! "

ကွေးယွမ်သူတော်စင် နယ်မြေက တပည့်သား အားလုံး အံ့အားသင့်လို့ နေကြသည်။

ဘုရားကျောင်းအတွင်းရှိ ကြွယ်ဝသော ဝိညာဥ်စွမ်းအင်များသည် နောက်ဆုံးတွင် အဆီအနှစ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုးအောက်တွင် ၊ စူးချန်ကဲ၏ စွမ်းအားသည် တစ်နေ့ ပြီး တစ်နေ့ တိုးတတ်လာမယ်ဆိုတာ ချဲ့ကားပြောဆိုခြင််း မဟုတ်ပေ။

ယခုအချိန်တွင် စူးချန်ကဲသည် သူ၏ လေ့ကျင့်မှုအပေါ် စျာန်ဝင်နေပြီး ပြင်ပလောကက ဘယ်လို မှတ်ချက်မျိုးကိုမဆို သူ ကြားရလိမ့်မည် မဟုတ်ပေ။

အပိုင်း(၅) : ကောင်းကင်လမ်းစဥ်က ကောင်းချီးပေးတာ ၊ဒါ ကံကြမ္မာပဲ

အချိန်ဘယ်လောက်တောင် ကုန်ဆုံးသွားလဲ မသိ။

မနက်ခင်း နေရောင်ခြည်သည် ဤကမ္ဘာမြေပေါ်သို့ ကျဆင်းလို့ လာခဲ့ပြီ ဖြစ်သည်။ ကွေးယွမ်ဘုရားကျောင်းက တောက်ပသော အလင်းရောင်သည် ကောင်းကင်ဘုံကိုးထပ်ကို မျက်နှာမူနေဆဲပင် ဖြစ်သည်။

သို့သော် ဒီကမ္ဘာမှာတော့ တုန်လှုပ်ခြောက်ခြားနေကြပြီ ဖြစ်သည်။

ကောင်းကင် နှင့် ကမ္ဘာမြေကြီးကြားက ဆက်သွယ်ထားသော ကြာပွင့်သဏ္ဍာန်ကဲ့သို့ နတ်အတွေးအမျှင်တစ်ခု ရှိနေခဲ့သည်။သို့သော် ထိုအရာသည် အားနည်းသော ကျင့်ကြံသူ တပည့်များကို တုန်လှုပ်သွားစေခဲ့သည်။

  “ဒါက ညဏ်အလင်းပေါက်တာပေါ့! ? "

"ဆက်ခံသူက တစ်ညတည်းနဲ့ လေ့ကျင့်လိုက်တာ ၊ ခုနောက်တဆင့်တောင် တတ်မြောက်သွားပြီပေါ့? "

" ဒီလိုပါရမီရှင်တွေများ သိပ်ကြောက်ဖို့ ကောင်းတာပဲ ! ငါ မှတ်မိသလောက် ဆက်ခံသူက သူတော်စင် နယ်မြေကို ဝင်တုန်းက သူ့ရဲ့ ကျင့်ကြံရေး အဆင့်က စိတ်ဝိညာဥ်ပင်လယ်ဘုံ ကနဦးအဆင့်ပဲ ! "

" ဆက်ခံသူရဲ့ ဒီလို ပါရမီမျိူးကို တခါမှ မကြုံဖူးဘူး! "

" ဒီလိုပဲ ဖြစ်ရမှာလေ ! ဆက်ခံသူက သူတော်စင် တာအို သန္ဓေသားလောင်းလေ !နောက်ဆို ဧကရာဇ်အထိ ပြောင်းလဲနိုင်မှာ! "

ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များစွာသည် စူးချန်ကဲအပေါ် ထားရှိသည့် သူတို့၏ ယုံကြည်လေးစားမှုကို ပြသခဲ့ကြသည်။ဘယ်ခေတ်မဆို ၊ အားကြီးသူကို လေးစားကိုးကွယ်ကြသည် ဆိုသည့်စကားအတိုင်း ၊ သူတို့၏ ဆက်ခံသူသည် နောက်တချိန်တွင် တစ်ခေတ်တစ်ခါကို လွှမ်းမိုးနိုင်မည့် သူရဲ​ကောင်းတစ်ဦး ဖြစ်ရမည်ဟု ယုံကြည်နေကြသည်။

  ကွေးယွမ်ဘုရားကျောင်းအတွင်း၊

စူးချန်ကဲသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။နတ်အလင်းတန်းသည် သူ၏ မျက်လုံးထဲသို့ ဖြတ်ပြေးသွားခဲ့သည်။

" ခံစားရတာ မဆိုးဘူးပဲ ၊ လေ့ကျင့်လိုက်တာ

ငါ့ခန္ဓာကိုယ်ထဲက ယင်းယန်ဓားစွမ်းအင်နဲ့

နတ်သတ်ဓားရဲ့ စွမ်းအင်တွေကပါ တိုးတတ်လာသလိုပဲ "

ဓား၏ စေ့ဆော်မှုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။စူးချန်ကဲကို ကြည့်ရသည်မှာ

ကောင်းကင်နှင့် မြေကြီးကြားက နတ်ဘုရားဓားတစ်လက်ကဲ့သို့ ဒီတိုင်းရပ်နေယုံဖြင့် လူကို မှင်သတ်စေကာ ကြောက်လန့်စေမိသည်။

မြင့်မြတ်သော ခန္ဓာကိုယ်နှင့် လျစ်လျုရှုတတ်သော သူ၏ စိတ်နေစိတ်ထားသည် လိုက်လျောညီထွေမှု ရှိပေသည်။ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာအလိုအတိုင်း မွေးဖွားလာသော ကောင်းကင် ဧကရာဇ်မင်းတစ်ပါးကဲ့သို့ပင်။

" ဒါပေမဲ့ အရှိန်က နည်းနည်း နှေးသေးတယ် ၊

ဒီတိုင်း နယ်ပယ်အဆင့်တစ်ခု တတ်မြောက်သွားတယ် ဆိုရုံလောက်ပဲ "

စူးချန်ကဲသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

ထိုစကားသာ သူများတွေ ကြားရင် ၊ဒေါသအထွက်လွန်ပြီး သေရချည်ရဲ့ ။

ညတွင်းကြီး နယ်ပယ်အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်တာ ၊ တချို့ ပါရမီရှင်တွေတောင်မှ အဆင့်တစ်ခုကို တတ်နိုင်ဖို့ နှစ်နှစ် သုံးနှစ်လောက်ထိ အချိန်ယူရတယ် ဆိုတာကို သူ သိသင့်သည်။မကြာဘူးဆိုတောင် အနည်းဆုံး လချီ ကြာမြင့်တတ်သည်။

ဒါ့အပြင် နေရာမှန် ၊ အချိန်မှန် ဖြစ်ဖို့လည်း လိုအပ်သေးသည်။ဒါတင်မက များစွာသော သဘာဝရင်းမြစ် ရတနာများ၏ ထောက်ပံ့မှုလည်း လိုအပ်ပေသည်။

"ချန်ကဲ ! "

ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်သည် ဖော့ကျွင်းဘိုးဘေး ဖြစ်သည်။

"ချန်ကဲ ၊ မင်း ရှိန်ထုံ(သာလွန်အဆင့်)ကို ရောက်သွားပြီလား? "

"တပည့်တော် ပြန်လည်လျှောက်တင်ပါတယ်၊

တပည့် အဆင့်တစ်ခုတည်းသာ ချိုးဖောက်နိုင်ခဲ့ပါတယ် ၊ ဘိုးဘေးကို စိတ်ပျက်စေမိပါပြီ "

စူးချန်ကဲသည် လက်နှစ်ဖက်ကို လျှက်ကာ

ရှက်ရွံ့ဟန်ဖြင့် ဆိုလိုက်သည်။

ဖော့ကျွင်းဘိုးဘေးတောင် ပြောရမယ့်စကား ဆို့နင့်သွားပြီး အချိန်တစ်ခဏ တုန့်ဆိုင်းသွားသည်။ထို့နောက် စူးချန်ကဲ၏ ပုခုံးကို ပုတ်ကာဆိုလိုက်သည်။

"စူးချန်ကဲ ၊မင်းရဲ့ ကျင့်ကြံမှုက ဒီလောက်ထိ အလျင်အမြန် တိုးတတ်လာတာ ငါ ဘယ်လိုလုပ်ပြီး မင်းကို အပြစ်တင်ရမှာလဲ "

ဖော့ကျွင်းဘိုးဘေး၏ မျက်နှာမှာ အတော်လေး ပျော်ရွှင်နေပုံရသည်။သူ စူးချန်ကဲကို ကြည့်လိုက်တိုင်း ပိုပြီး သဘောကျမိလေလေ ဖြစ်သည်။အခုတော့ စူးချန်ကဲသည် သူ၏ နှလုံးသားတစ်ခုလုံး ဖြစ်သွားခဲ့လေပြီ ။

  ထို့နောက် သူ့အပြုံးကို ရပ်တန့်လိုက်ပြီး စူးချန်ကဲကို စမ်းသပ်ကြည့်ရန် စိတ်ဝိညာဥ် ဆိုင်ရာ အတွေးတစ်ခုကို ထုတ်လွှတ်လိုကိသည်။

ဖော့ကျွင်းဘိုးဘေး၏ မျက်ခုံးမွှေးသည် ကြုံ့သထက် ပိုကြုံ့သွားပြီး အလေးအနက် မေးလေသည်

"မင်းကိုယ်ပေါ်မှာ ငါ ဘာလို့ ဓားစွမ်းအင်ကို ခံစားမိနေတာတုန်း ၊မင်း ဓားရဲ့ ရည်ရွယ်ချက်က ငါ့ကိုတောင် ကြောက်စေတယ် ၊မင်း မိစ္စာအတတ်တွေကို ခိုးသင်နေတာလား?"

"ချန်ကဲ ၊ မင်းက သူတော်စင် တာအိုသန္ဓေသားလောင်း ခန္ဓာကိုယ် ၊အနာဂတ်မှာဆို မင်းရဲ့စွမ်းအားတွေက အကန့်အသတ်မရှိဘူး ၊မင်း တားမြစ်မှော်စွမ်းအားတွေကို လေ့ကျင့်လို့ မဖြစ်ဘူးနော် ၊ တားမြစ်မှော်စွမ်းအားတွေက လူကို အလျင်အမြန် တိုးတတ်စေပေမဲ့ တချိန်တည်းမှာတင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတယ် "

ဖော့ကျွင်းဘိုးဘေးသည် သူ့ကို ဒေါသတကြီးဖြင့် ကြည့်နေသော်လည်း တချိန်တည်းမှာတင် သူ့မျက်မှာပေါ်တွင် စိုးရိမ်ပူပန်မှုတွေကို မြင်တွေ့နေရသည်။

စူးချန်ကဲလည်း ပထမတော့ ရှုပ်ထွေးသွားသည်။ သူ့မှာ ဓားပဲ ရှိတာ မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး တားမြစ်မှော်စွမ်းအားတွေ ဖြစ်ကုန်တာတုန်း?

စူးချန်ကဲသည် ခဏလောက် စဥ်းစားလိုက်သည်။ဖော့ကျွင်း ဘိုးဘေးသည် သူ့လေ့ကျင့်နေတာ ဘာကောင်းတဲ့အရာမှ မဟုတ်ဘူးလို့ တွေးကာ စိတ်ပူနေပုံရပေသည်။

  “ဘိုးဘေး”

စူးချန်ကဲသည် ချီတုံချတုံ ဖြစ်နေဟန်ဖြင့် သို့သော် အံ့ကြိတ်ကာ ဆိုလိုက်သည်။

"ကျွန်တော်ရဲ့ သူတော်စင် တာအို သန္ဓေသားလောင်းက အရမ်း ထူးခြားတယ် ၊ကျွန်တော်ရဲ့ ကျင့်ကြံမှု ရှိန်ထုံ(သာလွန်အဆင့်)ကို ရောက်သွားတုန်းက ၊ ကျွန်တော်ရဲ့ သွေးမျှင်ကြောတွေထဲမှာ ကျွန်တော် မဖော်ပြနိုင်တဲ့ ဓားရဲ့ ရည်ရွယ်ချက်နဲ့ ဓားစွမ်းအင်တွေ မွေးဖွားလာခဲ့တယ် "

စူးချန်ကဲသည် အတိတ်က ဖြစ်ခဲ့သော အရာကို အကြောင်းပြချက် သုံးကာ ဆိုလိုက်သည်။ဒီလိုသာဆို ဖော့ကျွင်းဘိုးဘေး အနေနဲ့ ယုံကြည်နိုင်သည်။ဒါပေမဲ့ သူမှာ စနစ်တစ်ခု ရှိနေပါတယ် ဆိုတဲ့ လျို့ဝှက်ချက်ကို ဘယ်လိုလုပ် တခြားတစ်ယောက်ကို ပြောပြလို့ ရနိုင်မှာလဲ ။

ပြောပြဖို့ ချီတုံချတုံ ဖြစ်နေသော ဟန်ပန်ဖြင့် ၊ ထိုသို့ သရုပ်ဆောင်မှသာ တဖက်လူက ယုံကြည်နိုင်မည် မဟုတ်လော။

ဒါကို အယောင်ပြပြီး တိုက်ခိုက်တယ်လို့ ခေါ်တယ်!

စူးချန်ကဲ၏ ရှင်းပြချက်အပြီးတွင်၊ဖော့ကျွင်း ဘိုးဘေးသည် ထူးခြားသော ကိစ္စတစ်ခုကို ကြားလိုက်ရသလိုမျိုး မျက်လုံးများ ပြူးကျယ်သွားကာ အသက်ရှူထုတ်လိုက်သည်။

သူ၏ နှုတ်ခမ်းသားများသည် တုန်လှုပ်သွားပြီး

အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။

"ဒါ ဒါက ..ကောင်းကင်လမ်းစဥ်ရဲ့ ကောင်းချီးပေးမှုတစ်ခုပဲ !ဒါဟာ ကံကြမ္မာပဲ !"

  “what?”

စူးချန်ကဲ တစ်ယောက် စိတ်ရှုပ်သွားသည်။

ငါ့ကိုယ်ငါတောင် မသိလိုက်ပါ့လား။

"သူတော်စင် နယ်မြေကို ဘုရားသခင် ကောင်းချီးပေးပါ ! ကွေးယွမ် သူတော်စင် နယ်မြေကို ဘုရားသခင် ကောင်းချီးပေးပါ ! "

ထိုသို့ပြောပြီးနောက် ခန်းမအပြင်ဘက်တွင် ဒူးထောက်ထိုင်လိုက်ပြီး မျက်ရည်များဖြင့် ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။

ဖော့ကျွင်းဘိုးဘေးသည် ကွေးယွမ် သူတော်စင် နယ်မြေတွင် ခေတ်ဟောင်းဘိုးဘေး တစ်ဦး ဖြစ်ပြီး လေးနက်တည်ကြည်မှု ရှိသည်။လျစ်လျူရှုခြင်းက လွဲပြီး သူ့ ခံစားချက်ကို ထုတ်ပြတတ်တယ် ဆိုတာ မည်သူမှ မမြင်ဖူးသလောက်ပင်။

သို့သော် ယခုအခိုက်အတန့်တွင် သူ့မြေးလေးမွေးလာတဲ့ သတင်းကို ကြားလိုက်ရသော အဘိုးအိုတစ်ယောက်ကဲ့သို့ ဝမ်းသာအားရဖြင့် ငိုကြွေးနေလေသည်။

အချိန်အတော်ကြာပြီးနောက်၊ဖော့ကျွင်းဘိုးဘေး၏ စိတ်မှာ တည်ငြိမ်သွားပုံရပြီး သက်ပြင်းချကာ ဆိုလိုက်သည်။

" မြင့်မြတ်တဲ့ ကံနဲ့ မွေးဖွားလာတဲ့သူ တချို့က ကောင်းကင်ဘုံက ကောင်းချီးမင်္ဂလာတွေကို ရရှိတယ်လို့ ဆိုကြတယ် ၊သူတို့ရဲ့ ကျင့်ကြံရေး စွမ်းအင်တွေ တိုးတတ်လာတာနဲ့ အမျှ ၊ရုတ်တရက် ကြီးမားတဲ့ လုပ်နိုင်စွမ်းတွေ လက်ခံရရှိတတ်ပြီး ဒါမှမဟုတ် ၊အနှိုင်းမဲ့ သိုင်းပညာတွေကို လက်ခံရရှိတတ်တယ် ၊အဲ့လိုလူတွေက ဒီလောကကြီးက ပေးအပ်တဲ့ ကံကြမ္မာအတိုင်း

မွေးဖွားလာတဲ့သူတွေပဲ "

"ဒီလိုဖြစ်ရပ်တွေကို ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတယ် ၊ မင်းရဲ့ ကောင်းကင်လမ်းစဥ်က မြင့်မြတ်တယ် ၊ဒါ့အပြင် ပေးအပ်တဲ့ ကံကြမ္မာအတိုင်း မွေးဖွားလာတဲ့သူ၊ နောက်ကြရင် အောင်မြင်မှုတွေက ကြောက်စရာ ကောင်းလောက်အောင် ဖြစ်လာလိမ့်မယ်၊ဒါဟာ ရှင်းပြလို့ရော ဖော်ပြလို့ရော မရတဲ့ကိစ္စပဲ "

ထိုသို့ပြောပြီးနောက် ၊ဖော့ကျွင်းဘိုးဘေးသည် ထပ်ပြီး စိတ်လှုပ်ရှားနေပြန်သည်။

စူးချန်ကဲ၏ သူတော်စင် တာအို သန္ဓေသားလောင်းသည် ဒီလောက်ထိ မရိုးရှင်းဘူးဟု သူ ခံစားမိသည်။အားလုံးရဲ့ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ သူသည် စူးချန်ကဲကို အမွေဆက်ခံသူ အဖြစ် နေရာပေးခဲ့သည်။ ကြည့်ရတာ ထိုရွေးချယ်မှုသည် ပညာရှိသော ရွေးချယ်မှု တစ်ခု ဖြစ်ခဲ့ပုံရသည်။

" အဲ့အဘိုးကြီးတွေ ဘာခွေးစကားတွေ ပြောဦးမလဲဆိုတာ ငါ စောင့်ကြည့်လိုက်ဦးမယ် !"

တကယ်တော့ စူးချန်ကဲကို ဆက်ခံသူ အဖြစ် နေရာပေးခဲ့စဥ်က ဘိုးဘေးတွေထဲ သူ့ကို ကန့်ကွက်ခဲ့သူများလည်း ရှိနေခဲ့သည်။

အခုကိစ္စသာ သူတို့တွေ သိသွားကြည့်ပါ့လား၊ သူတို့အပေါက်တွေ တန်းပိတ်သွားကြမှာ !

သူတော်စင် တာအို သန္ဓေသား ၊ ဒါ့အပြင် မြင့်မြတ်တဲ့ ကံကြမ္မာကိုပါ သယ်ဆောင်ထားရတဲ့သူ ၊ ဒါကို ကြည့်လိုက်ယုံနဲ့ စူးချန်ကဲက မသေမျိူးတစ်ယောက် ဖြစ်လာနိုင်တယ် မဟုတ်လား!

ရှေးက တိုက်ပွဲကြီးအတွင်း အမတတွေ အစောကြီး အရှင်းခံလိုက်ရတာ ၊ ခုတော့ စူးချန်ကဲက အမတဖြစ်နိုင်မယ့် ဒီလိုအခွင့်အရေးကို သူ့ကို ပေးမြင်ခိုင်းတော့မယ် ။

ထိုအတွေးများဖြင့် ၊ ဖော့ကျွင်းဘိုးဘေး၏ မျက်နှာမှာ ပို၍ ရွှင်မြူးလာပြန်သည်။

"ဘိုးဘေး ခင်ဗျား "

ဖော့ကျွင်းဘိုးဘေး၏ အဆက်မပြတ် ပြောင်းလဲနေသော အမူအယာကြောင့် စူးချန်ကဲခမျာ တုန်လှုပ်နေမိသည်။

ဒီလို စိတ်ကူးယဥ်ကမ္ဘာမှာလည်း ခုလို မျက်နှာ အပြောင်းအလဲ မြန်တဲ့သူတွေ ရှိသေးတာလား?

စူးချန်ကဲလည်း အဲ့လောက်ထိ များများစားစား မစဥ်းတော့ချေ။သူ့အရင်ဘဝမှာ ကတည်းက သူသည် စိတ်ကူးယဉ်ဝတ္ထုတွေ အများကြီး ဖတ်ခဲ့ဖူးသည်။ခုဆို သူ့မှာလည်း စနစ်တစ်ခု ရှိနေတဲ့အပြင် ထူးကဲတဲ့ ပါရမီတောင် ရှိနေသေး၏။

ဒီဘက်ခေတ်ကိုတောင် သူ မနိုင်ရင်၊ ဒါဆို ငါလေးက အမှိုက်ပဲ !

အရာအားလုံးကို သုတ်သင်ဖို့ သူ၏ အ​ကြွင်းမဲ့ စွမ်းအားကို အသုံးချသွားမည် ဖြစ်သည်။ နောက်ဆုံးတွင် သူသည် တာအိုလမ်းစဥ်ကို သက်သေထူကာ ဧကရာဇ်တစ်ပါး အဖြစ်သို့ ပြောင်းလဲနိုင်ရမည် ဖြစ်သည်။ ထာဝရ ဧကရာဇ်မင်း တစ်ပါး ဖြစ်စေရမည် ဖြစ်သည်။

"ဟားးဟားး ! ဘိုးဘေးဖြစ်တဲ့ ငါ တကယ်ကိုအတော်လေး ပျော်မိတယ်၊ ချန်ကဲ မင်း ငါ့ကို ရယ်အောင် လုပ်ခဲ့တာပဲ "

ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲ၏ ပုခုံးကို ဖွဖွလေး ပုတ်လိုက်သည်။သူ၏ မျက်လုံးထဲတွင် ဖုံးကွယ်မရသော အပြုံးတစ်ခု ရှိနေခဲ့သည်။

"မင်း စောစောလေးကမှ နယ်ပယ်အဆင့်တစ်ခုကို ရောက်ခဲ့တာဆိုတော့ ညဏ်အလင်းပွင့်စရာတွေ ကျန်ဦးမှာပဲ ၊ ငါ မနှောင့်ယှက်တော့ဘူး "

" ခဏနေကြရင် ငါ မင်းအတွက် ကျင့်ကြံရေး အရင်းအမြစ်တွေကို ပို့ခိုင်းလိုက်မယ် ၊ တကယ်လို့ မလုံလောက်ဘူးဆိုရင် ၊ ငါ့ကို ပြော လိုက် ! "

"ဘာပါလိမ့် အနှစ်တစ်ထောင် လင်းဇီမှိုတွေ၊ အမတဆေးတွေ ၊မင်း ကြိုက်တာ အကုန်ယူလို့ရတယ် ၊မင်းအတွက် လုံလောက်ဖို့ ငါ အာမခံတယ် "

ဖော့ကျွင်းဘိုးဘေးသည် စကားအနည်းငယ် ပြောပြီးနောက်၊ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာပြင်ကို ဖောက်ထွင်းသွားခဲ့သည်။သူ၏ လျင်မြန်သော အရှိန်ကြောင့် လေယာပြင်တွင် အက်ကွဲကြောင်း တစ်ခု ကျန်ရှိခဲ့သည်။

သို့သော် သူ၏ မျက်နှာမှာ စိတ်ကျေနပ်မှု အပြည့်ဖြင့် ပြုံးရွှင်နေရင်း သူ့ကိုယ်သူ ညည်းညူသွားခဲ့သည်။

"ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဓားစွမ်းအင်နဲ့ ဓားရဲ့ ရည်ရွယ်ချက် ၊ မြင့်မြတ်တဲ့ခန္ဓာကိုယ်ထည်နဲ့သာ ပေါင်းစပ်လိုက်ရင်ဖြင့် "

"သူတော်စင် တာအို သန္ဓေသားလောင်းနဲ့ ဓားသမားဆိုတာ တခါမှ မကြားဖူးတဲ့အရာပဲ ၊အကယ်၍ အမတ အဖြစ် ကျင့်ကြံနိုင်ခဲ့ရင်၊

နောက်ဆို ဓားတချက်တည်းနဲ့ ဒီကမ္ဘာတစ်ခုလုံးကို အောင်နိုင်ဖို့ဆိုတာ အသေးအမွားပဲ ! "

"ချန်ကဲရဲ့ ကျင့်ကြံရေး စွမ်းအင် ဒီလောက်တောင် တိုးတတ်မှုမြန်တာ ၊ငါ မင်းအတွက် လေ့ကျင့်ရေး အဖိုးတန် ရတနာတွေ ရှာပေးမယ်၊တခြား သူတော်စင်တွေရဲ့ လေ့ကျင့်ရေး အရင်းအမြစ် ပစ္စည်းတွေကို တဝက်လောက် လျော့ချပစ်လိုက်မယ် ! "

ရယ်သံတစ်ခုသည် ခေါင်းလောင်းပမာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ၊ကွေ့ယွမ် သူတော်စင် နယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

ကွေးယွမ် တပည့်လေးတွေခမျာ ပါးစပ်အဟောင်းသားဖြင့် ခေါင်းမော့ကြည့်နေကြသည်။

" ဒါ ဖော့ကျွင်းဘိုးဘေးရဲ့ အသံ မဟုတ်ဘူးလား?ဘာတွေဒီလောက်တောင် ပျော်နေတာပါလိမ့်?"

"ဆက်ခံသူက တစ်ညတည်းနဲ့ နယ်ပယ်အဆင့်တစ်ခုကို ချိုးဖြတ်သွားနိုင်ခဲ့တယ်လေ ၊ ဘိုးဘေးအနေနဲ့ ပျော်မှာ မဟုတ်ဘူးလား?"

  “အို့~ဟုတ်တာပဲ!”

တပည့်များသည် ကွေ့ယွမ် ဘုရားကျောင်းဆီသို့ တောက်ပသော မျှော်လင့်ချက် အကြည့်များဖြင့် တစ်ဖန် ကြည့်လိုက်ကြသည်။

သူတို့၏ အမြင်တွင် ၊ ကြောက်စရာကောင်းသော ပါရမီနှင့် ပြည့်စုံသော သူသည် ဆက်ခံသူ ဖြစ်သင့်သည်ဟု ခံယူထားကြသည်။

သိပ်မကြာမီ၊ ဖော့ကျွင်းဘိုးဘေးသည် အနှစ်တစ်ထောင် လင်းဇီမှို၊ အမတ ဆေး ၊ နတ်တောင်ကုန်း တစ်ခုဆီက လေ့ကျင့်ရေး အရင်းအမြစ် ပစ္စည်းများ၊ လျို့ဝှက်နယ်မြေမှ နတ်သစ်သီး စသည့်ပစ္စည်းများကို ယူဆောင်ကာ ပြန်ရောက်လာခဲ့သည်။

ပြိုးပြိုးပြက်ပြက်ဖြင့် တောက်ပနေသော အလင်းတန်းများသည် သူတော်စင် နယ်မြေတစ်ခုလုံးကို အစွမ်းကုန် ထွန်းလင်းပေးနေခဲ့သည်။

All Chapters