← Chapters

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

အပိုင်း(၆) :ရှေးဟောင်း အထွပ်အမြတ် တောင် ၊ အမတတို့၏ ဘုရင် ဆင်းသက်လာခြင်း ၊ကြောက်ဖို့ကောင်းသော အတွင်းပိုင်း အသိအာရုံ

စူးချန်ကဲသည် ထိုပစ္စည်းများကို လက်ခံခဲ့ပြီးနောက် ၊ ဆက်လက်ပြီး လေ့ကျင့်ခဲ့ရာ ဆယ်ရက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထိုအချိန်ကာလအတွင်း၊ စူးချန်ကဲသည် အားအင်အပြည့်ဖြင့် ကျင့်ကြံအားထုတ်ခဲ့ပြီး

ဓားရေးနည်းကိုပါ လေ့လာခဲ့သည်။

သူ့ဘက်ကနေ ဆိုရလျှင် ၊ သူသည် ဆက်ခံသူ တစ်ဦး ဖြစ်သည်နှင့် အလျောက် အရာအားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိရပေမည်။သို့မဟုတ်ပါက သူသည် ဆိုးဆိုးရွားရွား သေခြင်းမျိုးဖြင့် သေရပေလိမ့်မည်။

  ဒီနေ့တွင်၊

 ကွေးယွမ်ဘုရားကျောင်းအတွင်း၊

စူးချန်ကဲသည် တင်ပြင်ခွေလျက် ရှိနေပြီး၊သူ့တစ်ကိုယ်လုံး တောက်ပလျက် ရှိသည်။အထက်လမ်းစဥ် မှော်သင်္ကေတများသည် ရောယှက်လျက် ရှိပြီး သံပြိုင်သီဆိုနေကြသလို

သူ၏ တစ်ကိုယ်လုံး စူးရှတောက်ပသော အလင်းရောင်များက ဖြာထွက်လို့ နေသည်။

မိုင်ထောင်ချီ ဝေးကွာသော ဝိညာဥ်စွမ်းအင်များသည် သူ့ဆီသို့ အတောမသတ် ပြေးလာနေကြသည်။ ထိုဝိညာဥ်စွမ်းအားများသည် သူ၏ ဘေးပတ်ပတ်လည်တွင် ကြီးကျယ်ခမ်းနားသော ဝိညာဥ်စွမ်းအားတစ်ခု အဖြစ် တည်ရှိနေကြပြီး သူ၏ သေမျိူးခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ် သန့်စင်ပေးလျက် ရှိသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ ကိုယ်ထည်သည် သူတော်စင် တာအို သန္ဓေသားလောင်းဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့် သူ့တစ်ကိုယ်လုံး ပုံမှန်မဟုတ်သော မွှေးရနံ့များ ပျံ့လွှင့်လျက် ရှိပြီး ခန္ဓာကိုယ်သည် ရောင်စုံဖန်သားပြင် ခွက်ကဲ့သို့ ကြည်လင်ပြီး အမျိုးမျိုး အဖုံဖုံ တောက်ပလို့ နေ၏။သူ၏ အရိုးအဆစ်များသည် ရွှေအိုရောင်ကဲ့သို့ ဝင်းလက် တောက်ပနေပြီး ရှေးဟောင်း မှော်သင်္ကေတများဖြင့် ရိုက်နှိပ်ထားသည်။

  ဂျိန်း!

စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ် တွင် လှိုင်းတံပိုးများ စတင်လှုပ်ရှားလာခဲ့သည်။

အကန့်အသတ်မရှိသော ဝိညာဥ်စွမ်းအား၏ ဆေးကြောသန့်စင်မှုအောက်တွင် ၊ သူ့ခန္ဓာကိုယ်ထဲက ချပ်ဝတ်တန်ဆာသည် ပြင်းထန်စွာ စတင် လှုပ်ရှားလာခဲ့သည်။

  မိုင် နှစ်ထောင်!

  မိုင် လေးထောင်!

  မိုင် ခြောက်ထောင်!

  မိုင် ခုနှစ်ထောင်!

အဆုံးတွင် စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ်သည် မိုင်ပေါင်း ဆယ်သောင်းနှစ်ထောင်အထိ ရောက်ရှိနိုင်ခဲ့သည်။၎င်းတွင် ပါရှိသော ဝိညာဥ်စွမ်းအားများသည် အလွန်ကို ကြီးကျယ်ခမ်းနားပေသည်။

မိုင်ပေါင်း သောင်းချီရှိသော နတ်အသိစိတ်ပင်လယ်သည် ပြီးပြည့်စုံသော နတ်အသိစိတ်ပင်လယ် တစ်ခုဖြစ်ကြောင်း ရှေးဟောင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထား​ကြသည်။

ထိုကဲ့သို့ ပြီးပြည့်စုံသော နတ်အသိစိတ် ပင်လယ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်သောသူသည် ရှိန်ထုံ(သာလွန်အဆင့်) နယ်ပယ်ရှိ ရွယ်တူ ကျင့်ကြံသူများ ကြားထဲတွင် သူသည် တပန်းသာသည်ဟု ဆိုရပေမည်။

သို့သော် စူးချန်ကဲ၏ အခြေခံအုတ်မြစ်အရ သူသည် မိုင်ပေါင်း ထောင်ချီအထိ ချိုးဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

သူသည် ဒဏ္ဍာရီကိုတောင် ကျော်တတ်သွားနိင်ခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင်၊ သူ၏ နတ်အသိစိတ် ပင်လယ်ထဲက လှိုင်းတံပိုးများသည် တဖန် လှုပ်ခတ်လာခဲ့သည်။သူ၏ နတ်အသိစိတ် ပင်လယ်ထဲတွင် ရှေးဟောင်း အထွတ်အမြတ် တောင်တန်းကြီးသည် ငွားငွားစွင့်စွင့် ရပ်တည်လာခဲ့သည်။

စူးချန်ကဲ၏ ကျင့်ကြံရေးမှာ သိသိသာသာ တိုးတတ်လာခဲ့ပြန်သည်။

နောက်ဆုံးတွင် သူသည် တာအိုဆရာတော် နယ်ပယ်အဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

နတ်အသိစိတ်ပင်လယ်သည် အသွင်ပြောင်းလဲသွားခဲ့သည်။ဤသည်မှာ တာအိုဆရာတော် နယ်ပယ် အဆင့်ဆိုလည်း ဟုတ်သည်။

သို့သော် စူးချန်ကဲ၏ ခန္ဓာကိုယ်တွင်းမှာ အတော်လေး ကြောက်စရာ ကောင်းပေသည်။

သူ၏ နတ်အသိစိတ် ပင်လယ်တွင် ရှေးဟောင်း အထွတ်အမြတ် တောင်ကြီး တစ်လုံးက နှိုင်းယှဥ်လို့ မရနိုင်လောက်အောင် ကြီးမားစွာ ရပ်တည်နေပြီး ဤကဲ့သို့သော အရှိန်မျိုးမှာ ကောင်းကင်နှင့် ကမ္ဘာ​မြေကြီးတို့၏ ဖန်တီးမှုလက်ရာလားဟုတောင် အောက်မေ့ရသည်။

နတ်အလင်းတန်းများက ရစ်ပတ်လွှမ်းခြုံနေပြီး၊

ဝိညာဥ်စွမ်းအင်များက သိပ်သည်းထူထပ်နေသည်။မြူခိုးများက ပျံ့လွင့်လျက်ရှိသည်။

ရှေးဟောင်း အထွပ်အမြတ် တောင်၏ ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော သူတော်စင်များ၏ အရိပ်များက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။သူတို့အားလုံးသည် ရှေးဟောင်း အထွပ်အမြတ် တောင်ကြီးကို ငုံ့ကာ ဂါရဝပြုနေကြသည်။

ရုတ်တရက် ၊ နတ်အလင်းတန်းများအပေါ်တွင် မြူခိုးများ ဝေ့တတ်လာပြီး လေတစ်ခုလုံး ပြည့်နှက်သွားလေသည်။

တချိန်တည်းမှာပင်၊ ကောင်းကင်မှ နတ်သံကြိုးများ အောက်သို့ ကျလာပြီး ၊နတ်အလင်းတန်းများက ပြင်းပြင်းထန်ထန် ဝင်းလက် တောက်ပလျက် ရှိသည်။ထို့နောက် အလွန် ကြောက်စရာကောင်းသော ရောင်ဝါရှိသော အမတ ဘုရင်တစ်ပါး၏ ပုံရိပ်တစ်ခုက ယောင်ဝါးဝါး ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံက အမတဘုရင်တစ်ပါး ရောက်ရှိလို့လာခဲ့ချေပြီ !

စူးချန်ကဲ လွှမ်းမိုးခံနေရချိန် ၊ ထိုအခိုက်အတန့်တွင် ကွေးယွမ်သူတော်စင် နယ်မြေ၏ မြေကြီးမှာ လှုပ်ဟီးသွားခဲ့ပြန်သည်။

စူးချန်ကဲ၏ ကျင့်ကြံရေး နယ်ပယ်အဆင့် ချိုးဖြတ်နိုင်ခဲ့သည့် နိမိတ်အာရုံများသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အထက်ကောင်းကင်ယံတွင် ထပ်မံ ပေါ်ထွက်လာခဲ့လေသည်။

ပရမ်းပတာ ဖြစ်နေတဲ့ ရှေးဟောင်း အထွပ်အမြတ် တောင်ကြီး !

အထွပ်အမြတ် တောင်ကို ကိုးကွယ်နေကြတဲ့ သူတော်စင်တွေ !

နတ်သံကြိုးတွေ ပြုတ်ကျလာပြီး ကောင်းကင်ကနေ ဆင်းသက်လာခဲ့တဲ့ အမတ ဘုရင် !

ထောင်ပေါင်းများစွာကနေ တေးသံကျူးရင့်နေကြတဲ့ ဌက်တွေ !

ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အသွင်အပြင်များသည် မိုင်ပေါင်းသောင်းနဲ့ချီ ရှည်လျားကာ ကြီးကျယ်ခမ်းနားလှသည်။

ဒီတစ်ခေါက်မှာတော့ ကွေးယွမ် သူတော်စင် နယ်မြေသာမက ၊ပေကျုံးတိုက်ကြီး တစ်ခုလုံးပါ ထပ်ပြီး တုန်လှုပ်သွားခဲ့ရပြန်သည်။

"ဘုရားရေ ၊ ရှေးဟောင်း အထွပ်အမြတ် တောင်ကြီး !အမတ ဘုရင် ! ကိုးကွယ်နေကြတဲ့ သူတော်စင်တွေ !ဒါက ကွေးယွမ်သူတော်စင် နယ်မြေက သူတော်စင် တာအို သန္ဓေသားလောင်းရဲ့ လက်ချက်များလား? "

"တည်နေရာကို ကြည့်ရတာ ကွေးယွမ် သူတော်စင် နယ်မြေကပဲ !ဒီမြင်ကွင်းကို ကြည့်ရတာ သေချာပေါက် အဲ့သန္ဓေသားလောင်း ပုဂ္ဂိုလ်ရဲ့ လက်ချက် ဖြစ်မယ် ! "

"ဒီတစ်ခေါက် မြင်ကွင်းက အရင်ကထက် ပိုကြောက်ဖို့ ကောင်းတာပဲ ! ဒါ တကယ်ပဲ သူတော်စင် တာအို သန္ဓေသားလောင်းလက်ချက်လား?"

လူတော်တော်များများ ခေါင်းစားကုန်ကြသည်။ထိုကဲ့သို့ မြင်ကွင်းသည် သူတို့၏ သာမန်အသိထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ကွေးယွမ်သူတော်စင် နယ်မြေ၏ ဘိုးဘေးများလည်း နိုးထလာခဲ့ကြသည်။၎င်းတို့သည် ကွေးယွမ် ဘုရားကျောင်း၏ အခြေအနေကို စူးစမ်းလေ့လာရန် သူတို့၏ ဝိညာဥ်ရေးဆိုင်ရာ အသိစိတ်တစ်ခုကို စေလွှတ်ခဲ့ကြသည်။

ကွေးယွမ်ဘုရားကျောင်း၏ အထက်ကောင်းကင်ယံတွင် နတ်သံစဥ်များ ရောနှောလျက်ရှိပြီး သဘာဝတရားထံမှ ဖြစ်ပေါ်လာသော စည်းမျဥ်း စွမ်းအားများသည် ပြိုးပြိုးပျက်ပျက် တောက်ပလို့ နေပေသည်။နတ်သံကြိုးများသည် ကောင်းကင်ယံ၌ လျို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု အဖြစ် ရောယှက်နေပြီး အလွန့်အလွန် ထူးကဲလှပေသည်။

အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ပြီး ကျင့်ကြံနေကြသော များစွာသော တပည့်များတောင် ၎င်းတို့၏ ကျင့်ကြံရေး အဆင့်ကို ချက်ချင်းလက်ငင်း ချိုးဖောက်ကာ တဆင့်လှမ်းတတ်နိုင်ခဲ့သည်။

" ဆက်ခံသူက အတော်လေးကို ကြောက်ဖို့ကောင်းတာပဲ ! နယ်ပယ်အဆင့်တစ်ခုကို အောင်မြင်လိုက်တာနဲ့ ခုလို မြင်ကွင်းတွေအထိ ဖြစ်ပေါ်လာစေတယ် !"

" ကျွန်တော်မျိုးရဲ့ ကျင့်ကြံအားထုတ်မှု ချိုးဖြတ်နိုင်ရနိ ကူညီစောင်မပေးခဲ့တဲ့ ဆက်ခံသူကို ကျေးဇူးတင်ပါတယ် !"

" ဆက်ခံသူကို ကျေးဇူးတင်ပါတယ် ! "

"ဆက်ခံသူကို ကျေးဇူးတင်ပါတယ်!"

များစွာသော တပည့်များသည် ဘုရားကျောင်းဘက်သို့ ဦးတည်ကာ ဦးညွှတ်ဂါရဝပြုကြလေသည်။သူတို့၏ အကြည့်များထဲတွင် ကျေးဇူးတရားများ လွှမ်းခြုံနေကာ ဆက်ခံသူအပေါ် ကြည်ညိုလေးစားကြသည့် ၎င်းတို့၏ စိတ်ရင်းမှန်ကို အတိုင်းသား မြင်တွေ့နိုင်သည်။

ထိုအခိုက်အတန့် ၊ ကွေးယွမ်၏ ဘိုးဘွားပိုင် နယ်မြေတွင်

"လောင်စန်း ၊ ငါ မပြောမဖြစ် ပြောရဦးမယ် ဒီတစ်ခေါက် မင်းလုပ်တာ အရမ်း ကောင်းတယ် "

မြင့်မားသော စင်မြင့်ပေါ်တွင် တင်ပြင်ခွေ ထိုင်နေသော အမျိုးသားတစ်ဦးက ဆိုလိုကိသည်။သူ၏ မျက်နှာသွင်ပြင်ကို သေသေချာချာ မတွေ့ရသော်လည်း၊ တာအို သူတော်စင်တစ်ယောက်၏ လေယူလေသိမ်းသံကို ကြားနေရသည်။

"ဟားး ~ ငါ အရင်က ညီတော် ၃ ကို အပြစ်တင်မိတယ် ၊ ငါ့ကို အပြစ်မတင်ပါနဲ့ကွာ "

မှုန်ဝါးဝါး အရိပ်တစ်ခုက ရယ်မောကာ ဆိုလိုက်သည်။

ထိုပုဂ္ဂိုလ်နှစ်ဦး၏ အငွေ့အသက်သည် ဖော့ကျွင်းဘိုးဘေးထက် ပိုပြီး သန်မာနေသေးသည်။

သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေ၏ အသန်မာဆုံးသော ဘိုးဘေးများပင် ဖြစ်သည်။

ထိုပုဂ္ဂိုလ်များ သေဆုံးခဲ့သည်မှာ ကြာခဲ့ပြီဟု အပြင်လူများက သိထားကြသည်။သို့သော် ယခုထက်ထိ အသက်ရှင်နေဆဲ ဆိုတာ မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

၎င်းတို့၏ ကျင့်ကြံရေး စွမ်းအားသည် အောက်ခြေကို မမြင်ရသော တွင်းနက်ကြီးကဲ့သို့ ကျယ်ပြောလှပေသည်။

" ဟွန်း ! ငါ့ကိုများ မင်းတို့လို ထင်နေလား?မင်းတို့နဲ့ ပြောနေရမှာ ပျင်းဖို့ကောင်းလွန်းတယ် ငါ့ဟာငါ ချန်ကဲကို သွားကြည့်တော့မယ် ! "

ဖော့ကျွင်းဘိုးဘေးသည် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်ကို ဖြတ်ကျော်သွားလေသည်။

ကျန်ခဲ့သော ပုဂ္ဂိုလ်နှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြလေသည်။သူတို့၏ တတိယ ညီငယ်လေးမှာ ခုထိ စိတ်ဆိုးနေသေးမှန်း သူတို့ သိပေသည်။

အဘယ့်ကြောင့် ဆိုသော် ကွေးယွမ် သူတော်စင် နယ်မြေတွင် ပထမဆုံးသော သူတော်စင် တပည့် ရှိသေးသည် ဖြစ်ရာ ၊ သူသည်လည်း စူးချန်ကဲနှင့်ယှဥ်လျှင် အလားအလာ ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သို့ဖြစ်၍ အရင်က သူတို့သည် စူးချန်ကဲကို ဆက်ခံသူ နေရာအဖြစ် ပေးရန် ဆန့်ကျင်ခဲ့ကြသည်။

သို့သော် စူးချန်ကဲ၏ စွမ်းဆောင်ရည်သည် သူတို့၏ နားလည်စွမ်းကို တဖန် သဘောပေါက်စေခဲ့သည်။သို့ဖြစ်၍ သူတို့မှာ ဘာမှပြောစရာ မရှိတော့ပေ။

" သူတော်စင် တာအို သန္ဓေသားလောင်း၊ကောင်းကင်လမ်းစဥ်ရဲ့ ချီးမြှောက်မှု၊ ပေးအပ်လာတဲ့ ကံကြမ္မာ ၊အခုလည်း အမတတို့ရဲ့ ဘုရင်တောင် ရောက်ချလာပြီ ၊ သေချာတယ်

ငါတို့ရဲ့ ကွေးယွမ် သူတော်စင် နယ်မြေမှာ မသေမျိူး ဖြစ်လာနိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ထွက်လာလိမ့်မယ် ! "

အမြင့်ဆုံး စင်မြင့်ပေါ်ရှိ ခပ်ဝါးဝါး ပုံရိပ်တစ်ခုက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။၎င်း၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေပြီး အောက်ကလူကို ကျယ်လောင်စွာ ဆိုလိုက်သည်။

"မင်းတို့ နားထောင်ကြ ၊ ငါတို့ ကွေးယွမ်မှာ ရှိတဲ့ အရာအားလုံးကို ရင်းပြီးတောင် သူ့ကို ကာကွယ်ရမယ် ၊ငါတို့ လူအိုကြီးတွေ သေရမယ်ဆိုတောင် ၊ ငါတို့ သူ့ကို တစ်ခုခု ဖြစ်လို့ မရဘူး ၊နားလည်လား? "

"ကျွန်တော်တို့ အသက်နဲ့ရင်းပြီးကို ဆက်ခံသူကို ကာကွယ်မယ်! "

သူတို့အားလုံးသည် ကွေးယွမ်၏ ဘိုးဘေးဆယ်ပါးပင် ဖြစ်သည်။ဒီလောက်ကြောက်ဖို့ကောင်းတဲ့ စွမ်းအား၊ ပေမင်တိုက်ကြီး တစ်ခုလုံးကိုတောင် ဖြတ်ကျော်ဖို့ လုံလောက်ပေတယ် ။

"ကွေးယွမ် သူတော်စင် နယ်မြေမှာ ခြောက်ကပ်နေတာ ကြာခဲ့ပြီ !သူတို့ ငါတို့သူတော်စင် နယ်မြေရဲ့ ဘုန်းတန်ခိုးတောင် မေ့နေခဲ့ပြီ ၊ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်တဲ့ သူ တစ်ယောက်တော့ ထွက်ပေါ်သင့်နေပြီ ! "

အမြင့်ဆုံး စင်မြင့်ပေါ်က ဘိုးဘေး၏ မျက်နှာမှာ တောက်ပနေလေသည်။

  ဒဏ္ဍာရီထဲက ဌက်ဘီးလူး၊ လေနှင့်အတူ ပျံသန်းကာ၊ ကောင်းကင်ဘုံကို တတ်လှမ်းတော့မည်။

T/N - လူငယ်လေး၏ ရည်မှန်းချက်နှင့် ကမ္ဘာကို ထမ်းဆောင်လိုသော ဆန္ဒပြင်းပြမှုကို ဖော်ပြသော ကဗျာစာဆို ဖြစ်သည်။

အပိုင်း(၇) :ဆယ်ခုမြောက် ဇီဖူကြယ် ၊ တကယ်ကို တုနှိုင်းမဲ့တဲ့ အရာပဲ !

“ဘုရားရေ ! စူးချန်ကဲရဲ့ ပါရမီက ဘယ်လာက်တောင် သန်မာနေတာတုန်း? “

ဖော့ကျွင်းဘိုးဘေးသည် ဘုရားကျောင်း၏ အပြင်ဘက်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။သူ ဘုရားကျောင်းနဲ့ နီးကပ်လာလေလေ အားကောင်းသော ဝိညာဥ်စွမ်းအားကို ခံစားရလေလေပင် ဖြစ်သည်။

သို့သော် သူသည် အထဲသို့ ဝင်မသွားခဲ့ချေ။အဘယ့်ကြောင့်ဆိုသော် စူးချန်ကဲသည် သူ၏ ကျင့်စဥိအပေါ် ယခုထက်ထိ စျာန်ဝင်နေဆဲပင် ဖြစ်သည်။စူးချန်ကဲကို ကြည့်ရသည်မှာ ယခုတစ်ခါတွင် ဇီဖူ(မသေနိုင်သော)နယ်ပယ် အဆင့်ထိ ထိုးဖောက်နိုင်ခဲ့ပုံ ရပေသည်။

“ကွေးယွမ် သူတော်စင် အကြီးအကဲတွေ နားထောင်စမ်း! ဆက်ခံသူကို အစွမ်းကုန် ကာကွယ်ကြ ! “

ဒါလည်း မလုံလောက်သေးဘူး ဟု သူ ယူဆမိပြန်သည်။သို့ဖြစ်၍ နောက်တစ်ကြိမ် ထပ်အမိန့်ပေးလိုက်သည်။

“မြန်မြန်လုပ်ကြ ! မင်းတို့ အစွမ်းကုန် အကာအကွယ် စည်း ချကြမယ် ! “

လူတော်တော်များများ ထိုစကားကို ကြားလိုက်ရသည်နှင့် အလောတကြီး ဖြစ်သွားခဲ့ရသည်။

တောင်ပေါ်ကို အကာအကွယ်စည်း ချရမယ် !

ဒါပေမဲ့ ဝိညာဥ်ကျောက်တုံးတွေနဲ့ ဝိညာဥ်စွမ်းအား အများကြီး လိုအပ်တယ်လေ !

ဤအကာအကွယ်စည်းသည် ဂိုဏ်းခွဲများကြား စစ်ပွဲဖြစ်မှသာလျှင် အသုံးပြုသော အကာအကွယ်စည်း ဖြစ်သည်။သို့သော် ယနေ့တွင် ဆက်ခံသူ တစ်ယောက်တည်း အတွက်နဲ့

ဘိုးဘေးသည် ထိုအကာအကွယ်စည်းကို ဖွင့်ရန် အမိန့်ပေးခဲ့သည်။

“ ငါ ဆက်ခံသူရဲ့ ပုံစံကို ဖော်ပြနိုင်မယ့် စကားတစ်လုံးမှ ရှာမတွေ့တောဘူး !ဒါက အရမ်းကို ကြောက်ခမန်းလိလိပဲ ! “

“ ဟုတ်တယ် ! ငါ ကွေးယွမ် သူတော်စင် နယ်မြေကို ရောက်လာတာ ၂ နှစ်တောင် ရှိခဲ့ပြီ ၊

လဝက်နဲ့တင် ခုလို ကောင်းကင်ထက်က နိမိတ်အာရုံ မြင်ကွင်းတွေကို ၂ ကြိမ်တောင် မြင်ခွင့်ရခဲ့တယ် ! “

“ မင်းတို့ ပြောကြည့် ၊ နောက်ဆို တတိယအကြိမ်ဆိုပြီး ရှိဦးမယ်မလား?

“ သေချာတာပေါ့ !ဆက်ခံသူက မကြုံစဖူး ကြုံရတဲ့ ပါရမီရှင် တစ်ပါးပဲလေ !နိမိတ်အာရုံမြင်ကွင်းတွေက နှစ်ကြိမ်တည်းနဲ့တင် ဖြစ်မလား?”

တစ်ချိန်တည်းမှာတင် ၊ ကွေးယွမ်၏ ဗဟိုဖွဲ့စည်းမှု အကာအကွယ် စည်းရှိ တောက်ပသော ရွှေရောင်အလင်းတန်းသည် ကောင်းကင်တခွင်ကို တည့်တည့်ဖောက်ဝင်သွားပြီး သိပ်မကြာမီ

အင်းစာလုံးများသည် လေထဲတင် ပြည့်လျှံသွားပြီး တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်သွားခဲ့သည်။

ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံးကိုအင်းစာလုံးများဖြင့် ဖွဲ့စည်းထားသော အစွမ်း တစ်ခုဖြင့် ဖုံးအုပ်ထားသည်။

သို့သော် ထိုအရာနဲ့တင် မလုံလောက်သေးပေ။

ကျင့်ကြံအားထုတ်မှု မြင့်သော အကြီးအကဲများ၏ စွမ်းအားများပါ လေထုထဲတွင် ရောနှောလို့ နေခဲ့သည်။

တစ်ယောက်ချင်းစီက ၎င်းတို့၏ စွမ်းအားများကို တတ်နိုင်သမျှ အမြင့်ဆုံးရောက်အောင် တွန်းပို့နေကြသည်မှာ နတ်အလင်းတန်းများက တောက်ပစွာ ဖြာထွက်လျက် ရှိပေသည်။

သူတို့သည် အာရုံစူးစိုက်စွာဖြင့် ၊ကွေးယွမ်ဘုရားကျောင်းဘက်သို့ ဦးတည်ထားကြသည်။

ကွေးယွမ် ဘုရားကျောင်း၏ ကောင်းကင်ယံထက်တွင် ဇီဖူ ကြယ်လေးစင်း အသွင်သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။နေလေးစင်းသည် တောက်ပစွာ ဖြာထွက်နေသကဲ့သို့ ပြိုးပြိုးပျက်ပျက်ဖြင့် ဝင်းလက်တောက်ပလျက် ရှိသည်။

သို့သော် ၊ ရုတ်တရက် အာကာသ ကောင်းကင်ပြင်ကြီးသည် ရေလှိုင်းများ ကဲ့သို့ တုန်ခါသွားခဲ့သည်။

ဇီဖူ ကြယ်လေးစင်း ၏ ဘေးပတ်ပတ်လည်တွင် နောက်ထပ် ဇီဖူ ကြယ်နှစ်စင်း ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ ဇီဖူ ကြယ်ခြောက်စင်း !ဆက်ခံသူက ဇီဖူရဲ့ အရှိန်နှုန်းကို ဒီလောက် အမြန်ကြီး ဖွင့်နိုင်သွားတယ်ပေါ့! “

  “နေစမ်းပါဦး ! နောက်ထပ် ကျန်သေးတဲ့ပုံပဲ!”

ကွေးယွမ် သူတော်စင် နယ်မြေက သူတွေအားလုံး ထိုအရာအားလုံးကို ထိတ်လန့်စွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

လူတော်တော်များများ အနေဖြင့် တာအိုဆရာတော် အဆင့်ကစ ဇီဖူအဆင့်ထိ ချိုးဖောက်နိင်ဖို့ဆိုတာ အနည်းဆုံး နှစ်တစ်ရာလောက် လိုအပ်ပေသည်။ခန္ဓာကိုယ်တွင်းရှိ ဝိညာဥ်စွမ်းအားများ လုံလောက်မှသာလျှင် ၊ ဇီဖူ ဘုံနယ်မြေအဆင့်ကို တိုက်ခိုက်နိုင်မှာ ဖြစ်သလို ဇီဖူအာကာသကို စတင်ဖွင့်နိုင်မည် ဖြစ်သည်။

သို့ဆိုတောင် ၊ လူတော်တော်များများ အနေဖြင့် ဇီဖူ အာကာသကို ဖွင့်နိုင်ဖို့ ဆိုတာ လွန်စွာ နှေးကွေးပေသည်။အဘယ့်ကြောင့်ဆိုသော် သတိတချက် မှားမိသည်နှင့် တပြိုင်နက် ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင်ရမည် ဖြစ်သည်။

သူတို့၏ ဆက်ခံသူကို ထပ်မံ ကြည့်လိုက်ကြသည်။

ဆက်ခံသူအတွက်တော့ ဇီဖူနယ်ပယ်ကို ဖွင့်ဖို့ဆိုတာ ထမင်းစား ရေသောက်ထက်ကို ပိုလွယ်နေခဲ့သည်။သူ့တို့အတွက်တော့ တကယ်ကို မကြားဖူး ၊ မမြင်ဖူးသော အရာပင် ဖြစ်သည်။

ဂျိန်း!

ကောင်းကင်ယံထက်တွင် ပေါက်ကွဲသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။အမတ ဧကရာဇ်မင်း တစ်ပါးသည် ကမ္ဘာမြေကြီးထံသို့ ကြွရောက်လာသကဲ့သို့ အသံသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

ထိုအချိန်တွင် ခုနှစ်ခုမြောက် ဇီဖူကြယ်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။တစ်ခုလုံးဖြာထွက်တောက်ပနေသည်မှာ မျက်စိနဲ့တင် တိုက်ရိုက် ကြည့်ရှုရန် မဖြစ်နိုင်ပေ။

ဖော့ကျွင်းဘိုးဘေးသည် ကွေးယွမ်၏ ဘိုးဘေးပိုင် နယ်မြေဆီသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်ရာ သူ၏ မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြည့်နှက်လျက်ရှိသည်။ယနေ့တွင် သူတို့သည် အံ့သြဖွယ်ရာကောင်းသော အရာကို မြင်တွေ့ခဲ့ရသော ပုဂ္ဂိုလ်များအဖြစ် သက်သေထူနိုင်တော့မည် ဖြစ်သည်။

“ဆက်ခံသူ လိုမျိုး ပါရမီရှင် တစ်ဦးက ဒဏ္ဍာရီထဲက ကိုးခုမြောက် ဇီဖူကြယ်ကို သေချာပေါက် ဖွင့်နိုင်မှာပဲ !ပထမ သူတော်စင်တပည့်လောက် မဟုတ်ပေမဲ့ပေါ့ ! “

“ပထမသူတော်စင် တပည့် ယဲ့လျင်ထျန်း ၊ဒဏ္ဍာရီထဲကလို မျက်စံနှစ်ခု ပိုင်ဆိုင်ထားတဲ့သူ၊ ဒါတင်မကဘူး တာအိုခန္ဓာကိုယ် ပိုင်ဆိုင်ထားသူ အယောက် ၃၀ထဲက ထိပ်တန်း ၁၀ ဦးထဲက တစ်ဦး ! မျက်စံ နှစ်ခု ဖွင့်လိုက်တာနဲ့ တပြိုင်နက် ၊ သူ့ကို ကြောက်ကြရတယ် ! နောက်ဆုံး ကိုးခုမြောက် ဇီဖူကြယ်ကိုတောင် အောင်မြင်အောင် ဖွင့်နိုင်ခဲ့တယ် ၊ ဆက်ခံသူရဲ့ ပါရမီ နဲ့ သူတော်စင် တပည့် လျင်ထျန်းရဲ့ အရည်အချင်းက သိပ်မကွာဘူး ! “

T/N - ရှေးခေတ်ကတော့ မျက်စံ နှစ်ခု ပါတဲ့ သူကို သူတော်စင် လို့ သတ်မှတ်ကြပေမဲ့ ဒီခေတ်မှာတော့ အဲ့တာက မွေးရာပါ မသန်စွမ်းပါတဲ့

  “ မသေချာဘူး ! ဆက်ခံသူက အဆင့်တတ်တိုင်း ဒီလို နိမိတ်အာရုံမြင်ကွင်းတွေ မြင်ရတာ ၊ ပြီးတော့ ဒါကလည်း တတိယအကြိမ် !

ပြီးတော့ ယဲ့လျင်ထျန်း အဆင့်တတ်တုန်းက ဒီလောက် အရှိန်နှုန်းမျိူး မရှိဘူး မဟုတ်လား?”

“ ဆက်စောင့်ကြည့်တာပေါ့၊ ဆက်ခံသူရဲ့ ပါရမီက ငါတို့ နားလည်နိုင်စွမ်းထက် ပိုတယ်”

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ဤကဲ့သို့ မြင်ကွင်းမျိုးမှာ သူတို့အတွက် တကယ့်ကို မကြားဖူး ၊ မမြင်ဖူးသော အရာပင် ဖြစ်သည်။သို့ဖြစ်၍ သူတို့၏ ဆက်ခံသူသည် ကြီးကျယ်ခမ်းနားသော အံ့ဖွယ်အမှုများကို ဖန်တီးနိုင်ကောင်း နိုင်ပေလိမ့်မည် ဖြစ်သည်။

  ဂျိန်း ! ဂျိန်း !ဂျိန်း !

ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံများစွာ ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်တန့်တွင် ရှစ်ခုမြောက် ဇီဖူကြယ်သည် တဖြေးဖြေး ထွက်ပေါ်လာခဲ့သည်။ထူးခြားဆန်းပြားသော နတ်အခိုးအငွေ့ ရောင်ဝါများ စီးဆင်းနေပြီး အမျိုးမျိုးသော ပုံရိပ်များ ရောစပ်နေကာ ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။

ရှစ်ခုမြောက် ဇီဖူကြယ် ထွက်ပေါ်ပြီး သိပ်မကြာခင်မှာပဲ ၊ကိုးခုမြောက် ဇီဖူကြယ်လည်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကိုးခုမြောက် ဇီဖူကြယ်!

ကိုးခုမြောက်နေလုံးကြီးသည် ကောင်းကင်ကို ဖြတ်သန်းလာသကဲ့သို့ ၊ မျက်စိ စူးစေလောက်သည့်အထိ ပြိုးပြိုးပျက်ပျက် တောက်ပနေပြီး နတ်အလင်းတန်းများသည် အောက်ကို ကျဆင်းလို့ နေပေသည်။ကွေးယွမ် သူတော်စင် နယ်မြေ၏ များစွာသော အဆောက်အဦး ၊ ဘုရားကျောင်းများပေါ်၌ နတ်အလင်းတန်းများက အုံ့ဆိုင်းနေပြီး ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝနေသည်မှာ ဤလူ့လောကကြီးသည် ဒဏ္ဍာရီလာ နတ်ဘုံတမျှပင် ။

“ ကိုးခုမြောက် ဇီဖူကြယ် ! “

အကြီးအကဲတော်တော်များများ ပျော်ရွှင်သွားခဲ့ကြသည်။သူတို့၏ သူတော်စင် နယ်မြေတွင်

အလွန်ထူးခြားရပါသော ကိုးခုမြောက် ဇီဖူကြယ် ထပ်မံ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

“ ဒီတစ်ခေါက်တော့ ထူးကဲသွားပြီ “

ဖော့ကျွင်းဘိုးဘေးသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။စူးချန်ကဲ၏ ပါရမီသည် ဒီထက် ပိုပြီး ထူးကဲတယ်ဆိုတာကို သူ ယုံကြည်ခဲ့သည်။

မျက်လုံးတစ်စုံသည် စူးချန်ကဲ၏ ဦးတည်ဘက်သို့ မျက်နှာမူကာ စူးစိုက်ကြည့်နေလေသည်။ထိုမျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြည့်နှက်လျက် ရှိသည်။

  ဂျိန်း ဂျိန်း ဂျိန်း!

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော အသံများ ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။

ကောင်းကင်ယံထက်ဝယ် ၊မိုးခြိန်းသံများက အဆက်မပြတ် မြည်ဟိန်းလို့ နေသည်။

မိုးခြိမ်းသံသည် ရှေးဟောင်းသားရဲ တစ်ကောင်၏ ဟိန်းသံကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။

ဆက်လက်ပြီး နတ်လက်နက်ကို ကိုင်ဆောင်ထားသော ကောင်းကင်စစ်သူကြီး အသွင်အဖြစ် ပြောင်းလဲသွားပြန်ခဲ့သည်။

ကောင်းကင်ကို စစ်ချီတိုက်တော့မည့်အလား ခမ်းနားကြီးကျယ်လှပေသည်။

အာကာသပြင်ကြီးသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့သည်။ကိုးခုမြောက် ဇီဖူကြယ်၏ ဘေးပတ်ပတ်လည်တွင် တောက်ပသော အလင်းရောင်တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ တကယ်ကိုပဲ !! ဒဏ္ဍာရီထဲက အတိုင်းပဲ တကယ်မှန်တယ် ! တကယ့်ကို ဒဏ္ဍာရီထဲက အတိုင်းပဲ! “

ဤအရာအတွက် သူတို့စိတ်ထဲ ပြင်ဆင်ထားခဲ့သော်လည်း သို့သော် ဤအခိုက်အတန့်တွင် ဖြစ်ပေါ်လာခဲ့သော တကယ့် မြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ဘိုးဘေးအားလုံး တုန်လှုပ်သွားခဲ့ကြသည်။

ဒဏ္ဍာရီထဲကအတိုင်း စကားအတိုင်း ရေးနိုင်မယ့်သူ တစ်ဦးတော့ ထွက်ပေါ်လာခဲ့ပြီ !

  အက်ကွဲသံ !

အာကာသ ဟင်းလင်ပြင်ကြီးသည် ကွဲအပ်သွားပြီး ရွှေရောင်အလင်းတန်းများအဖြစ် လေထဲသို့ ပျံ့လွှင့်သွားခဲ့သည်။

ဧရာမ ဇီဖူကြယ်သည် မျက်စိပြာသွားစေလောက်သည့်အထိ စူးရှတောက်ပစွာဖြင့် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

ထိုတောက်ပသော အလင်းရောင်သည် ကောင်းကင်ယံထက်က နေမင်းကြီးတင်မက လမင်းကြီးနှင့် ကြယ်စုကြယ်ဝေးများကိုတောင် ဖုံးလွှမ်းထားခဲ့သည်။

ဆယ်ခုမြောက် ဇီဖူ ကြယ်ကြီး ထွက်ပေါ်လာခဲ့ပြီ !

ဤအခိုက်အတန့်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ကြသည်။

ထိုဇီဖူကြယ်ကြီးသည် နေ၏ အစားထိုးအဖြစ် နေရာဝင်ယူခဲ့ပြီး ကောင်းကင်ယံက နေမင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဟားးဟားး ကောင်းတယ် ! အရမ်း ကောင်းတယ် ! ဆယ်ခုမြောက် ဇီဖူကြယ်ကြီး ထွက်ပေါ်လာပြီ !အမတ လမ်းကို ဖောက်နိုင်တော့မယ် ! ငါတို့ ကွေးယွမ် သူတော်စငိ နယ်မြေမှာ မျှော်လင့်ချက် ရှိခဲ့ပြီ ! “

ကွေးယွမ် ဘိုးဘေးများ၏ ရယ်သံများသည် ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

အကြီးအကဲများဆို ဝမ်းပန်းတသာဖြင့် အားရပါးရ ငိုကြွေးမိကုန်ကြသည်။ပျော်ရွှင်စွာ ကခုန်နေကြပြီး အလွန် စိတ်လှုပ်ရှားနေကြသည်။

ဆယ်ခုမြောက် ဇီဖူကြယ် တကယ်ကို တုနှိုင်းမဲ့တဲ့ အရာပဲ !

ဒီီလို တုနှိုင်းမဲ့တဲ့ ပါရမီမျိုး တခါမှ မကြားဖူးဘူး!

ဒဏ္ဍာရီအရ ၊ ဆယ်ခုမြောက် ဇီဖူကြယ်ကို အောင်မြင်နိုင်သော ပုဂ္ဂိုလ်သည် နောင်တွင် အမတ တစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

အမတ ! ဤအရာသည် ဒဏ္ဍာရီထဲမှာသာ တည်ရှိသော အရာသက်သက်ပင် ဖြစ်ခဲ့သည်။

ဒါ့ကြောင့် သူတို့ ခုလို ပျော်နေကြသည်မှာ အံ့သြစရာ မရှိတော့ပေ။ကွေးယွမ် သူတော်စင် နယ်မြေတွင် စစ်မှန်သော အမတ တစ်ဦး ထွက်ပေါ်လာပေတော့မည်။နောက်ဆို သူတို့သည် အမတ ဂိုဏ်းတစ်ခု ဟု ဆိုနိုင်တော့မည် ။ဘယ်လိုလုပ် မပျော်ဘဲ နေမှာတုန်း !

“ ဆယ်ခုမြောက် ဇီဖူကြယ် ? စစ်မှန်သော အမတ တစ်ပါးရဲ့ အရည်အချင်း?ဒဏ္ဍာရီထဲက စကားအတိုင်း အဲ့လိုပါရမီမျိုး ခု ထွက်ပေါ်လာခဲ့ပြီပဲ ! “

ကွေးယွမ်၏ အတွင်းပိုင်းကျသော မြင့်မြတ်သော တောင်နေရာထက်ဝယ် ၊ လေးစားကြည်ညိုဖွယ်ရာ ကောင်းသော ရောင်ဝါများဖြင့် ရှိနေခဲ့ကြသော လူပုံသဏ္ဍာန် အရိပ်များသည် ကောင်းကင်ထိပ်တွင် ရပ်နေကြပြီး စူးချန်ကဲ ရှိရာဘက်သို့ လှမ်းကြည့်နေကြသည်။

ထိုပုဂ္ဂိုလ်များသည် သူရဲကောင်းဆန်ဆန် ငယ်ရွယ်သူ အမျိုးသား အမျိုးသမီးလေးများပင် ဖြစ်သည်။သူတို့ တစ်ကိုယ်လုံး နတ်ရောင်ဝါများဖြင့် ဝင်းလက်တောက်ပနေပြီး ၎င်းတို့ တစ်ဦးချင်းစီတွင် ထူးချွန်ထက်မြက်သော ပုံရိပ်များ၊ သို့မဟုတ် တုနှိုင်းမရသည့် အလှတရားများဖြင့် ပြည့်စုံလွန်းလှပေသည်။ထိုနေရာမှာ ရပ်နေရုံဖြင့် သူတို့၏ ထူးခြားသောအသွင်အပြင်များကို တန်းသိနိုင်ပေသည်။

သူတို့သည် ကွေးယွမ် သူတော်စင် နယ်မြေက

သူတော်စင် များပင် ဖြစ်ပေသည်။

စူးချန်ကဲသည် သူတော်စင် တာအို သန္ဓေသားလောင်း ဖြစ်တယ် ဆိုသည့် အချက်ဖြင့် ဆက်ခံသူ အဖြစ် ရွေးချယ်ခံခဲ့ရစဥ်က သူတို့အားလုံး မကျေမနပ် ဖြစ်ခဲ့ကြသည်။စူးချန်ကဲ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်သည် သန်မာသော်လည်း သို့သော် ခွန်အားအရာမှာတော့ သူတို့လောက် မသန်မာပေ။

သို့သော် ယနေ့တွင် ဇီဖူ အဆင့်ကို သူတို့နည်းတူ ချိူးဖောက်နိုင်ခဲ့သည်။ဒါတင်မက ဒဏ္ဍာရီထဲက ဆယ်ခုမြောက် ဇီဖူကြယ်ကိုတောင် ဆင့်ခေါ်နိုင်ခဲ့သည်။ထိုအခိုက်အတန့်တွင် သူတို့အားလုံး အထိတ်တလန့် ဖြစ်ခဲ့ရပေသည်။

နောက်တွင် ဆက်ခံသူသည် သူတို့၏ ခွန်အားကို အသုံးချခဲ့မည် ဆိုပါက ၊ အားလုံး အတူတူ သေရည်စုသောက်ကြရင်တောင် သေရည်အိုး မလုံလောက်မှာကို စိုးရိမ်ရပေသည်။

“ဆယ်ခုမြောက် ဇီဖူကြယ် ၊ ဒဏ္ဍာရီထဲက စကားအတိုင်း ၊ ဒါဟာ လူငယ် ဧကရာဇ်မင်းတစ်ပါး ဖြစ်မယ့်သူပဲ ၊ စစ်မှန်တဲ့ ဆက်ခံသူ အမတ တစ်ပါး မွေးထုတ်နိုင်ခဲ့ပြီ ၊ တကယ်ကို မမျှော်လင့်ဘဲ ဆက်ခံသူ တစ်ပါး မွေးထုတ်နိုင်ခဲ့ပြီပဲ “

“ ဒီလိုပါရမီနဲ့ သူတော်စင် တာအို သန္ဓေသားလောင်းနဲ့ ပေါင်းဖက်လိုက်တော့ ၊ ဒါဟာ တားမြစ်ခံထားရတဲ့ အလွန်ထူးဆန်းတဲ့ လူပုဂ္ဂိုလ် တစ်ယောက်လို့ ဆိုလို့ရပြီ မဟုတ်လား! “

“ ဆယ်ခုမြောက် ဇီဖူကြယ်ရဲ့ ကိုယ်ထည်ကို ချိုးဖောက်ခဲ့တာ၊ အိုင်းယား ဒီရဲ့ ခြားနားချက်ကြီးကို ဘယ်လိုတောင် ကုစားကြမတုန်း? “

များစွာသော သူတော်စင် အမျိုးသား ၊ အမျိုးသမီးများသည် ထိုအကြောင်းကို သူသူကိုယ်ကိုယ် အစချီနေကြပြီး ၊သူတို့ အားလုံး၏ အမူအယာများမှာ ရှုပ်ထွေးလျက်ရှိသည်။

ထိုကဲ့သို့သောာ ပါရမီနဲ့ ယခုကဲ့သို့ နိမိတ်အာရုံ မြင်ကွင်းများကြောင့် သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြသည်။အချို့သော သူတော်စင် အမျိုးသား အမျိုးသမီးများသည် သူတို့၏ ကိုယ်ပိုင်အတွေးများဖြင့် အတွေးနယ်ချဲ့လျက် ရှိပေသည်။

အပိုင်း(၈) : လေ့ကျင့်ရေး ကွင်းပြင်သို့ ဆက်ခံသူ ရောက်လာပြီ

စူးချန်ကဲ၏ အသက်ရှုသံများသည် ဖြည်းဖြည်းချင်း ငြိမ်ကျသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ထက်က မြင်ကွင်းများသည်လည်း ကွဟ်ပျောက်သွားခဲ့ပြီး ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံး တဖန် အေးချမ်းသွားခဲ့ပြီ ဖြစ်သည်။

စောနက ထိတ်လန့်စရာကောင်းသော တုန်လှုပ်မှုကြီးကြောင့် လူအများ၏ စိတ်ကို ငြိမ်သက်သွားစေဖို့ အတွက် အချိန် အနည်းငယ်တော့ ယူရပေလိမ့်မည် ဖြစ်သည်။

ကွေးယွမ် ဘုရားကျောင်းအတွင်း ၊

စူးချန်ကဲသည် မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်သည်။ဤအခိုက်အတန့်တွင် သူ၏ အသက်ရှုသံမှာ ပြင်းထန်နေပြီး အမှတ်မထင် ဖြစ်ပေါ်လာသော သူ၏ အသက်ရှုသံ တချက်သည် အာကာသကိုတောင် တုန်လှုပ်စေပြီး ပဲ့တင်ထပ်စေသည်။

သူ၏ ခန္ဓာကိုယ် ဘေးပတ်ပတ်လည်တွင် တာအိုသူတော်စင် တစ်ယောက်၏ ကျက်သရေဘုန်းတန်ခိုးများဖြင့် ဝန်းရံနေပြီး သူ့တစ်ကိုယ်လုံးသည် ကမ္ဘာကြီးအတွက် ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းသော ရောင်ဝါများ ထုတ်လွှတ်ပေးလျက် ရှိရာ ဤကမ္ဘာမြေကြီးဆီသို့ ကြွရောက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

နတ်သတ်ဓားနှင့် ယင်းယန်ဓားစွမ်းအင် များလည်း တိုးတတ်လာခဲ့ပြီ ဖြစ်သည်။ဓားတစ်ချက် လွှဲလိုက်ယုံဖြင့် အာကာသ ဟင်းလင်ပြင်ကိုတောင် ​ဖြတ်တောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ခန္ဓာကိုယ်တွင်းရှိ ကမ္ဘာ့သစ်မျိုးစေ့မှာလည်း အရင်က ဝိညာဥ်စွမ်းအားကြောင့် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ဒြပ်ကြီး ငါးပါး၏ စွမ်းအင်များ မရှိသေးသည် ဖြစ်ရာ ကြီးထွားမှုနှုန်းမှာ နှေးကွေးဆဲသာ ဖြစ်သည်။

  【လုပ်ဆောင်မှု အသစ်

ရွေးချယ်စရာ ၁ : ကျင့်ကြံမှုအဆင့် နိမ့်ဆဲပင် ဖြစ်သည်။ဆက်လက်ပြီး လေ့ကျင့်ဦးမည် ။

ဆုလာဘ် : နတ်ဆိုးချိပ်ပိတ်ခြင်း မန္တာန်

ရွေးချယ်စရာ ၂ : လေ့ကျင့်မှုကို ရပ်တန့်ပြီး အခြေခံအုတ်မြစ်ကို ခိုင်ခံ့အောင် လုပ်မည် ။

ဆုလာဘ် : ကောင်းကင်ကို ဖြိုခွင်းခြင်း လက်သီးသိုင်း ]

စနစ်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ၏ မျက်ခုံးတဖက်မှာ အပေါ်သို့ မြှောက်တက်သွားခဲ့သည်။သူ၏ ခွန်အားကို မြင့်တင်ခြင်းမှာ ကောင်းသော အရာ ဖြစ်သော်လည်း သို့သော် သူသည် လောဘမကြီးခဲ့ပေ။

အကယ်၍ နောက်အနာဂတ်တွင် သူ့၏ အခြေခံအုတ်မြစ်သည် လုံလောက်သည့်အထိ မသန်မာသေးပါက ၊ နောင်တွင် ၎င်းသည် ကြီးမားသော စိုးရိမ်ပူပန်စရာ တစ်ခု ဖြစ်လာပေတော့မည် ။

  “ ၂ ကို ရွေးချယ်မယ်”

[ ရွေးချယ်ခြင်း ပြီးဆုံး ၊ ဆုလာဘ်ကို လက်ခံရရှိပြီး ဖြစ်သည် ]

ထိုအချိန် ၊ စူးချန်ကဲ၏ ရှေ့မှောက်တွင် အလင်းတန်းတစ်ခု ကျရောက်လာခဲ့သည်။

စူးချန်ကဲသည် ထိုအရာကို ဂါရဝပြုရန် ပြင်ဆင်လိုက်သည်။ ဖော့ကျွင်းဘိုးဘေး၏ လက်တစ်စုံသည် သူ့ဦးခေါင်းပေါ်သို့ တင်ထားသည်ကို သူ ခံစားလိုက်ရသည်။

“ ကောင်းတယ် !ချန်ကဲ မင်း ဒီနေ့ ဇီဖူ အလယ်အလတ်ပိုင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်၊လဝက်နဲ့တင် နယ်ပယ်အဆင့်ကြီး သုံးခုတောင် ချိုးဖြတ်နိုင်ခဲ့တာ ! ပေမင်တိုက်ကြီး တစ်ခုလုံး မင်းလို နောက်တစ်ယောက် မရှိနိုင်ဘူး ! “

“ ဒါပေမဲ့ မင်း ဆက်ပြီး အဆင့်တတ်ဖို့ မကြိုးစားနဲ့တော့ ၊ကျင့်ကြံရေး အဆင့် လျင်မြန်စွာ တတ်မြောက်သွားတယ်ဆိုတာက ကောင်းတဲ့ အရာတော့ မဟုတ်ဘူး ၊အရင်ဆုံး မင်းကိုယ်မင်း တည်ငြိမ်အောင် ကျင့်ကြံဖို့ လိုအပ်သေးတယ် ၊ဒါမှသာ နောက်အနာဂတ်မှာ မြင့်မားတဲ့ တာအိုလမ်းစဥ်ကို ကျင့်ကြံနိင်မယ့် အခြေခံအုတ်မြစ်တစ်ခု ရနိုင်လိမ့်မယ် “

“ ဟုတ်၊ ချန်ကဲ ဘိုးဘေးရဲ့ သွန်သင်မှုကို မှတ်ထားပါ့မယ် “

စူးချန်ကဲက ဆက်လက်ဆိုလိုက်သည်။

“ ဘိုးဘေး ၊ ကျွန်တော်ရဲ့ ကျင့်ကြံမှု အခြေခံအုတ်မြစ်ကို ခိုင်မြဲအောင် လုပ်ချင်သေးတယ် ၊ဘယ်နေရာကို သွားပြီး ကျင့်ကြံတာက ကျွန်တော်ရဲ့ အခြေခံကို ပိုပြီး အကူအညီဖြစ်စေမလဲ “

ဖော့ကျွင်း ဘိုးဘေးမှာ အနည်းငယ် အံ့သြသွားခဲ့ရသည်။သို့သော်လည်း သူ၏ မျက်နှာထားမှာ ကျေနပ်နေပြန်သည်။ဒီလောက်ထိ အောင်မြင်မှု ရခဲ့တာတောင် မာနကြီးခြင်း၊ ထောင်လွှားခြင်း မရှိဘဲ သူ့စကားကို နားထောင်သည့် စူးချန်ကဲကို ကြည့်ရင်း ဖော့ကျွင်းဘိုးဘေးမှာ စူးချန်ကဲကို ပိုပိုပြီး သဘောကျနေမိသည်။

“ ငါတို့ ကွေးယွမ် နယ်မြေမှာ တပည့်တွေ ကျင့်ကြံအားထုတ်နိုင်မယ့် ​နေရာတွေ အများကြီး ရှိတယ် ၊ ကွေးယွမ် လေ့ကျင့်ရေး ကွင်း ၊ တပည့်တော်တော်များများကတော့ သူတို့ရဲ့ သိုင်းလေ့ကျင့်မှု ပိုတိုးတတ်ဖို့ အဲ့မှာ အချင်းချင်း သိုင်းပြိုင်လေ့ရှိကြတယ် “

“ ထျန်းကျီ မျှော်စင် ၊ စုစုပေါင်း ကိုးထပ် ရှိတယ် ၊ အထပ်တစ်ခုချင်းစီမှာ မတူညီတဲ့ စမ်းသပ်မှုတွေ ရှိတယ် ၊အဆင့်တွေကို ဖြတ်ကျော်ဖို့ ကိုယ့်စွမ်းအားကို အသုံးချရတယ် “

“ဓားသင်္ချိုင်းဂူ ၊ အဲ့မှာတော့ မရေတွက်နိုင်တဲ့ ဓားတွေကို မြှုပ်နှံထားတယ်၊ အဲ့မှာ ရှိတဲ့ ဓားတွေက ရည်ရွယ်ချက်က အရမ်းကြောက်ဖို့ ကောင်းတယ် ၊ဓားကျင့်ကြံသူတွေအနေနဲ့ အဲ့မှာနေပြီး ကိုယ့်ရဲ့ ဓားစွမ်းရည်မြင့်မားအောင် ကျင့်ကြံလို့ ရတယ် “

“လျို့ဝှက်သားရဲနယ်မြေလည်း မဆိုးဘူး ၊ ဟိုးရှေးရှေးကတည်းက နတ်အသိညဏ်ကိုလေ့လာတဲ့ အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦး တည်ဆောက်ထားခဲ့တဲ့ အိမ်မက်နယ်မြေပဲ ၊ အဲ့မှာ မကောင်းဆိုးဝါးနဲ့ သားရဲကောင်တွေ အများကြီး ရှိတယ် ၊ အဲ့မှာ ကိုယ့်အသက်နဲ့ရင်းပြီး တိုက်ခိုက်ရတာမျိုးတွေ ရှိတယ် ၊ အဲ့လိုဆိုတောင် ကိုယ့်အသက် အန္တရာယ်ဖြစ်စေလောက်တဲ့အထိတော့ မဟုတ်ဘူး “

“ ပြီးတော့ ကွေးယွမ် တားမြစ် နယ်မြေ လို့ ခေါ်တဲ့နေရာတစ်ခုလည်း ရှိသေးတယ် ၊ အဲ့မှာ နတ်ဆိုးစွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး ရှေးတုန်းက စစ်မြေပြင်အတိုင်းပဲ ၊ အဲ့နေရာက ထူးခြားတယ် ၊ ဇီဖူအဆင့်ကို ချိုးဖြတ်နိုင်မှသာလျှင် အဲ့နေရာကို သွားခွင့်ရှိတယ် “

“ဒါပေမဲ့ ငါကတော့ မင်းကို ကွေးယွမ် လေ့ကျင့်ရေး ကွင်းပြင်ကို အရင် သွားစေချင်တယ် “

ဖော့ကျွင်းဘိုးဘေးက အကြံပြုလိုက်သည်။

“ဘာလို့လဲ “

စူးချန်ကဲက သိချင်စိတ်ဖြင့် ပြန်မေးခဲ့သည်။

“အဲ့မှာ သူတော်စင် အမျိူးသား၊ အမျိုးသမီးတွေ ရှိတတ်ကြတယ် ၊ မင်းသာ အဲ့ကို သွားရင် သူတို့နဲ့ ရင်းနှီးဖို့ အခွင့်ရေးတွေ ရလာနိုင်တယ် “

စူးချန်ကဲသည် ခဏလောက်စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

သူ့အနေဖြင့် ဆက်ခံသူ ဆိုတဲ့ ရာထူးကို တာဝန်ယူလိုက်မှတော့ အားလုံးနှင့် ရင်းနှီးအောင် သေချာပေါက် ကြံဖန်မှ ရပေလိမ့်မည် ။သို့မဟုတ်ပါက နောင်တွင် သူ့စကားလုံးများသည် အရေးပါ အရာရောက်လိမ့်မည် မဟုတ်လိမ့်ပေ။

 ဖော့ကျွင်းဘိုးဘေး၏ စီစဥ်မှုအောက်တွင်၊ နတ်ကြိုးကြာ တစ်ကောင်သည် ဘုရားကျောင်းထဲမှ လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။

စူးချန်ကဲသည် ထိုအပေါ်သို့ တတ်ထိုင်ပြီးနောက် ၊ ကြိုးကြာဌက်၏ တောင်ပံများသည်

ရိုက်ခတ်စပြုလာပြီး ကောင်းကင်ဆီသို့ ပျံဝဲသွားလေတော့သည်။

“ ကွေးယွမ်မြေမှာ နောက်ဆုံးတော့ လေမုန်တိုင်းကြီး လာတော့မယ် “

ဖော့ကျွင်း ဘိုးဘေးသည် ပျံ့သန်းသွားသော စူးချန်ကဲ၏ ပုံရိပ်ကို ပြုံးပြုံးကြီး ကြည့်ကာ ကျန်ရစ်ခဲ့လေသည်။သူ့မျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်များဖြင့် တောက်ပလို့ နေပေသည်။

ဉာဏ်ကြီးရှင်များသည်လည်း တိုက်ပွဲ အတွေ့အကြုံများကို ဖြတ်ကျော်ရန် လိုအပ်ပေသည်။ စူးချန်ကဲ ကဲ့သို့ ညဏ်ကြီးရှင်များအနေဖြင့် ယင်းကို ပို၍ပင် လုပ်ဆောင်သင့်သည်။

ကောင်းကင်ယံထက်တွင် လင်းလက်တောက်ပနေသော နေမင်း၏ အလင်းရောင်အောက်တွင် စူးချန်ကဲ တစ်ကိုယ်လုံး ဝင်းလက်တောက်ပနေသည်။သူ၏ မဲနက်နေသော ဆံနွယ်များက ပြောင်ပြောင်ရောင်ရောင်ဖြင့် ကြည်လင်တောက်ပနေပြီး အမတ နတ်တစ်ပါး၏ နတ်အရိုးများ အလား ရောင်ဝါများက မှိန်ဖျော့ဖျော့ ဖြာထွက်လျက်ရှိပြီး ကျက်သရေအပေါင်းနှင့် ပြည့်စုံသော သေမျိုးနွယ်က သခင်လေး တစ်ပါးကဲ့သို့ပင် ။

သူ၏ မျက်စိနှစ်လုံးကို စုံမှိတ်ထားရင်တောင် ၊၎င်း၏ ထူးကဲပြီး သန့်စင်သော ကိုယ်ရည်ကိုယ်သွေးများကို မြင်တွေ့နိုင်သည်။

ဤလောကကြီး၏ သဘာဝတရားကနေ မွေးဖွားလာခဲ့သလိုမျိုး ၊ သူ့ကို မြင်ရသူတိုင်းက စူးချန်ကဲသည် မြေပြင်ကို ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ မှတ်ယူကြရသည်။

“မြန်မြန်ကြည့် ၊ ဆက်ခံသူ လာနေပြီ ! “

“မပြောမဖြစ် ပြောရဦးမယ်၊ ဆက်ခံသူက အတော်ကို ချောတာပဲ ! “

“ဟုတ်ပါ့ ၊ အဲ့လောက်ထိ ချောမောတဲ့သူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး! “

“ဆက်ခံသူရဲ့ ကျင့်ကြံရေးစွမ်းအားက ခုဆို အရမ်းကြောက်ဖို့ ကောင်းနေပြီ !ဇီဖူနယ်ပယ် အဆင့်တောင် ရောက်နေပြီ ! ဒီလို အရှိန်မျိုး တစ်ခါမှ မမြင်ဖူးဘူး ! “

“လဝက်လောက်နဲ့တင် ၊ စိတ်ဝိညာဥ်ပင်လယ် ဘုံအဆင့်ကနေ ဇီဖူအထိ ကျင့်ကြံနိုင်တာ !ဆက်ခံသူကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ဘာမှအသုံးမကျသလို ခံစားရတယ် ! “

“ပီဟယ် အကြီးအကဲ ၊ ခင်ဗျားမျက်နှာတွေ ဘာလို့ ဒီလောက်တောင် နီနေတာတုန်း”

အလှပဆုံး ရှုခင်းကို မြင်လိုက်ရသလိုမျိူး ၊ စူးချန်ကဲ၏ ရုပ်ရည်သွင်ပြင်သည် သူသွားသည့် နေရာတိုင်းက လူများစွာ၏ အာရုံကို ဖမ်းစားထားခဲ့သည်။

အထူးသဖြင့် အမျိုးသမီး တပည့်မလေးများပင်။

အကြည့်တချက်နဲ့တင် တချို့လူများသည် လမ်းလျှောက်ရင်း တန်းလန်း ယိုင်ထိုးသွားကြကာ တချို့က နေရာတွင် ငူငူကြီး ရပ်ကာ စူးချန်ကဲကို အသေအလဲ စိုက်ကြည့်ရင်း ပြုံးပြုံးကြီး ဖြစ်နေလေသည်။

ထိုအုပ်စုထဲတွင် အကြီးအကဲ အမျိုးသမီးများတောင် ပါသေး၏ ။

ကွေးယွမ်၏ လေ့ကျင့်ရေး ကွင်းပြင်သည် လေပေါ်တွင် တန်းလန်း တည်ဆောက်ထားသော အဆောက်အဦး တစ်ခု ဖြစ်ပြီး နတ်ကျွန်းစု ပေါ်တွင် တည်ရှိသည်။

ထိုနေရာ၏ ဧရိယာသည် အလွန် ကြီးမားသောကြောင့် လူထောင်ပေါင်းများစွာ ဆန့်သော နေရာတစ်ခုလည်း ဖြစ်သည်။

ယခုအချိန်တွင် များစွာသော တပည့်များသည် လေ့ကျင့်ရေး ကွင်းပြင်တွင် ၎င်းတို့၏ သိုင်းပညာများကို ဖလှယ်ရင်း ယှဥ်ပြိုင်လေ့ကျင့်နေကြသည်။

လေ့ကျင့်ရေး ကွင်းပြင်တွင် ဧရာမ ကျောက်တုံးကြီး တစ်ခု ရှိပေသည်။၎င်းသည် ကောင်းကင်ပေါ်မှ ကျရောက်လာသော အရာဖြစ်ပြီး နတ်အသိစိတ် ရှိသောကြောင့် ၎င်းကို ကြယ်ဥက္ကာခဲ ဟု ခေါ်ဆိုကြသည်။

ထိုကျောက်တုံးတွင် နက်-ဝါရောင် ဥက္ကာခဲများ ပါရှိပြီး ၎င်းသည် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံနိုင်မှုကို အလွန်တိုးတက်စေနိုင်သည် ဟု ဆိုကြသည်။ထို့ကြောင့် ကြယ်ဥက္ကာခဲအား ကွေးယွမ်၏ လေ့ကျင့်ရေး ကွင်းပြင်တွင် ထားရှိခဲ့ကြခြင်း ဖြစ်သည်။

ထိုကျောက်ကို ဖောက်ကွဲနိုင်သမျှ ၊ ဖောက်ခွဲနိုင်သူသည် ထိုကျောက်၏ နက်-ဝါရောင် ဥက္ကာခဲကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကျောက်တုံးကြီး ရှေ့၌ အရပ်ရှည်ရှည် ပြေပြစ်သော အမူအယာဖြင့်

အားလုံး၏ အကြည့်ကို ဖမ်းယူထားသော လှပသော သွင်ပြင်တစ်ခု ရှိနေခဲ့သည်။

ဖြောင့်စင်း သွယ်လျလှပသော ကျောက်စိမ်းကဲ့သို့ ခြေတံလေး တစ်စုံသည် လူကို အတွေးများအောင် ပြုစားနေခဲ့သည်။

ထိုမိန်းမပျိုသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုအဖြူရောင် ဝတ်စုံသည် သူမ၏ တချို့နေရာက အလှများကို ဖုံးကွယ်ထားလို့ မရနိုင်ပေ။ဖောင်းသည့်နေရာက ဖောင်း ၊ ချပ်သည့်နေရာက ချပ်ဖြင့်၊ သူမ၏ အသားအရေလေးသည် နှင်းစက်ကလေးလို ဖြူဖွေးလွန်းပေသည်။

မျက်မှောင်တချက် ကြုတ်လိုက်တိုင်း၊ ဖြစ်ပေါ်သွားတတ်သော သူမ၏ အမူအယာလေးသည်

အဆုံးမရှိသော ဆွဲဆောင်မှုများ ဖြစ်ပေါ်စေသည်။

“ရှင်းယန် သူတော်စင်မိန်းကလေးက အရမ်းကို လှတာပဲ! “

“ဒါပေါ့ !ရှင်းယန် သူတော်စင် မိန်းကလေးကလည်း ဇီဖူ ကျင့်ကြံရေး နယ်ပယ်အဆင့်ကို ရောက်နေပြီ၊ခွန်အားအရာမှာလည်း စတုတ္ထအဆင့် ရှိတယ် ၊ကျင့်ကြံရေးစွမ်းအား မြင့်မားရုံတင် မကဘူး ရုပ်ရည်သွင်ပြင်မှာလည်း ငါတို့ ကွေးယွမ် နယ်မြေမှာဆို ထပ်ဆုံးအဆင့်ကပဲ !

ပြီးတော့ ရှင်းယန် သူတော်စင် မိန်းကလေးရဲ့ ကိုယ်ထည်က ထိုက်ယန်ကိုယ်ထည်လို့ ပြောသံကြားတယ် !သူမနဲ့ တာအိုလမ်းစဥ် နှစ်မွှာကျင့်ကြံသူသာ ဖြစ်ခွင့်ရရင် ၊ ထက်ဝက်ကြိုးစားယုံနဲ့ အမတ ဖြစ်နိုင်ပြီ ! “

“ ဟုတ်တယ် ၊ ထိုက်ယန် ကိုယ်ထည်နဲ့ သူမကို ပထမ သူတော်စင် နဲ့ ဒုတိယ သူတော်စင် က လိုက်ပိုးနေကြတယ်လို့ ငါ ကြားတယ် ၊ ဒါပေမဲ့ သူမရဲ့ ငြင်းတာကို ခံလိုက်ရတယ်တဲ့လေ “

“ဒါလည်း ပုံမှန်ပါပဲ ၊ ထိုက်ယန် ကိုယ်ထည်က ထိပ်တန်းကိုယ်ထည်ပဲလေ ၊ အောင်မြင်မှုသာ ရသွားရင် ၊ ထိုက်ယန် ကိုယ်ထည်ရဲ့ စွမ်းအားက တစ်ကမ္ဘာလုံးကိုတောင် အေးခဲအောင် ပြုလုပ်နိုင်တယ်တဲ့ ၊လုံးဝ ကြောက်ဖို့ကောင်းတယ် ! “

 များစွာသော တပည့်များသည် ထိုမိန်းမပျိုလေးကို မြင်သည်နှင့် သူမနှင့် ပတ်သတ်သော အကြောင်းကို တီးတိုးလေး ဆိုနေကြသည်။

ယွင်ရှင်းယန် ၊ စတုတ္ထမြောက် သူတော်စင် အမျိုးသမီး ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဆိုလည်း ဟုတ်သည်။

ထို့အပြင် ရှင်းယန် သူတော်စင် အမျိုးသမီးသည် ကျင့်ကြံရေးတွင် စိတ်မြှုပ်နှံထားသူ ဖြစ်ရာ၊ လေ့ကျင့်ရေး ကွင်းတွေ သူမကို မမြင်မိပါက ၊ ဤသည်မှာ ထူးဆန်းသော ကိစ္စပင် ဖြစ်ပေလိမ့်မည် ။

  “ဖြန်း!”

ယွင်ရှင်းယန်သည် ကျောက်စိမ်းနှင့် တူသော သူမ၏ လက်ကို မြှောက်လိုက်သည်နှင့် တပြိုက်နက် ရေငွေ့များသည် သူမ၏ ကျောက်စိမ်းပမာ လက်ပေါ်သို့ ရစ်ပတ်သွားလေသည်။

ထို့နောက် သူမ၏ လက်ကို မြှောက်ပြီးဝေ့ယမ်းလိုက်ရာ ၊ ရေငွေ့သည် ကြီးမားသော ရေဖီးနက်ဌက် အလား ပြောင်းလဲ သွားခဲ့သည်။

ရေဖီးနက်ဌက်သည် ကျယ်လောင်စွာ မြည်တမ်းပြီး ကောင်းကင်ဆီကို ဦးတည်နေသည်ကို တွေ့လိုက်ရသည်။

ကျယ်လောင်သံနှင့်အတူ ကြီးမားသော ကျောက်တုံးကြီးသည် ပေါက်ကွဲသွားပြီး ၊ကြောက်စရာကောင်းသော လှိုင်းလုံးကြီးသည် လေးဘက်လေးနံ ပျံ့နှံ့သွားလေသည်။

“ ဒီလောက် အားကောင်းတဲ့ အဖျက်စွမ်းအား ၊

အကုန်လုံး မဖြိုခွဲနိုင်ဘူးဆိုတောင် ဒဏ်ကတော့ ကျန်ခဲ့မယ် မဟုတ်လား?”

အားလုံးက ထိုသို့ တွေးလိုက်ရင်း ဆိုလိုက်ကြသည်။

ဖုန်လုံးကြီး လှိုင်းထသွားသော်လည်း ဥက္ကာခဲကတော့ မူမပျက်ပေ။ဒါတင်မက ဒဏ်ချက်တောင် တစိုးတစိမျှ မကျန်ခဲ့ပေ။

“ ထပ်ပြီး ရှုံးနိမ့်ပြန်ပြီလား! “

အားလုံးက သက်ပြင်းချလိုက်ကြသည်။

ပြင်းထန်သော တန်ပြန်အားသည် သူမ၏ ပါးစပ်ထောင့်မှ သွေးများကိုပင် စီးကျသွားစေခဲ့ပြီး အလွန်ထိတ်လန့်သွားခဲ့ရသည်။

ယွင်ရှင်းယန်လည်း ထို၏ ရလဒ်ကို သိထားပုံ ရပေသည်။သူမသည် အထီးကျန်စွာဖြင့် ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။

အပိုင်း(၉) : ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်း ၊ သူတော်စင်နယ်မြေတစ်ခုလုံး တုန်လှုပ်ခဲ့ရပြီ ။

“ဆရာတူ အစ်မ ၊ တကယ်လို့ မင်း ဥက္ကာခဲကို လိုချင်ရင် ငါ ကူညီပေးမယ်လေ “

လူငယ်လေးတစ်ယောက်က ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

အဝေးတစ်နေရာကနေ လမ်းလျှောက်လာသော လူငယ်ယောကျာ်းလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

မျက်နှာအသွင်ပြင်သည် လွန်စွာ ချောမောပြီး၊

ဖြောင့်စင်းသော မျက်ခုံးကို ပိုင်ဆိုင်ထားသည်။

ထိုလူငယ်လေး၏ ရောင်ဝါသည် လူကို ကြောက်ခမန်းလိလိ ဖြစ်စေသည်။

ဝမ်ခိုင်းဟယ်၊ကွေ့ယွမ် သူတော်စင် နယ်မြေ၏ သူတော်စင် ကိုးယောက်ထဲက တတိယမြောက် သူတော်စင် ဖြစ်သည်။

တတိယအဆင့် လို့ ဆိုရသော်လည်း၊ သူ၏ စွမ်းအားသည် ဒုတိယမြောက် သူတော်စင် ပိုင်ရှန့်ဟွိုက် ထက် မဆိုးဘူးဟု လူတော်တော်များများက ယူဆကြသည်။

သူ၏ ဓားစွမ်းရည်သည် ဤကွေးယွမ် သူတော်စင်နယ်မြေ၏ အတော်ဆုံးထဲတွင် ပါဝင်ပေသည်။

အကယ်၍ စူးချန်ကဲ၏ ဓားစွမ်းရည်ကိုသာ သူတို့တွေ သိကြမည် ဆိုပါက ၊ ဒါဆို ဝမ်ခိုင်းဟယ်၏ စွမ်းရည်သည် ညံ့သည်ဟု ဆိုကြလိမ့်မည် ဖြစ်သည်။

ဝမ်ခိုင်းဟယ်သည် ယွင်ရှင်းယန်အပေါ် အတော်လေး နှစ်သက်မြတ်နိုးကြောင်း ကောလဟာလ ရှိခဲ့ဖူးသည် ။ထို့ကြောင့် သူသည် သူမအပေါ် မျက်နှာလုပ်ရန် ရှေ့ထွက်ခဲ့သည်။

ကျွတ် ကျွတ် ကျွတ် သနားဖို့ကောင်းလိုက်တဲ့ ခွေး ! မဟုတ်သေးပါဘူး သနားဖို့ကောင်းလိုက်တဲ့ နက်ရှိုင်းသော အချစ်တွေနဲ့ ယောကျာ်းသားကြီးပါ့လား !

“ ဆရာတူ အစ်မ ၊ဒီရဲ့ ကျောက်တုံးကြီးက ကောင်းကင်ကနေ ကျလာတဲ့ ဥက္ကာခဲကြီးလေ ၊ မင်းရဲ့ စွမ်းအားက မလုံလောက်သေးဘူး ၊ သေချာပေါက် ရှုံးနိမ့်မှာပေါ့ “

“အိုင်းယား !ကျွန်တော်က ဆရာတူအစ်မရဲ့ အားထုတ်မှုတွေကို အမြဲ မြင်နေရတာ ၊ ခုလို ဆရာတူအစ်မရဲ့ ခန္ဓာကိုယ် ပင်ပန်းနေရတာကို မြင်တော့ ကျွန်တော်ရင်တွေ နာတာပေါ့ ! “

စကားပြောရင်း ၊ ဝမ်ခိုင်းဟယ်သည် ယွင်ရှင်းယန်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။ထို့နောက် သိမ်းဆည်းထားသော လက်ကိုင်ပုဝါကို ထုတ်ကာ သူမနှုတ်ခမ်းထောင့်နားက သွေးတွေကို သုတ်ပေးရန် ဟန်ပြင်လိုက်သည်။

ယွင်ရှင်းယန်သည် သူ့ကို ရှောင်လိုက်ပြီး သူမအင်္ကျီ၏ လက်အစဖြင့် သွေးများကို သုတ်လိုက်သည်။ထို့နောက် ဂရုမစိုက်သော လေသံဖြင့် ဆိုလိုက်သည်။

“ နင်နဲ့ မဆိုင်ဘူး “

စကားဆုံးသည်နှင့် သူမသည် ဘေးတစ်နေရာကို ထွက်သွားပြီး တင်ပြင်ခွေလျက် ၊ ဝိညာဥ်စွမ်းအားကို အသုံးပြုကာ သူမ၏ အသက်ရှုနှုန်းကို တည်ငြိမ်အောင် လုပ်လိုက်သည်။

သူမ၏ စရိုက်သည် တောင်ထိပ်ပေါ်က နှင်းကြာပန်းကဲ့သို့ အေးစက်ပြီး မြင့်မြတ်သော ဟန်ပန် ရှိသည် ။ ရေခဲတောင်အလှပဂေးလေးဟု လူသိများကြသည်။

ထို့အပြင် ကွေးယွမ် သူတော်စင် နယ်မြေတွင် ရှိသော တပည့်များစွာ၏ ဖွင့်ပြောခြင်းကို ခံခဲ့ရသလို ၊သို့သော် ၎င်းတို့သည် သူမ၏ ငြင်းဆိုခြင်းကိုသာ ခံခဲ့ရသည်။

ဝမ်ခိုင်းဟယ်သည်လည်း သူမ၏ ငြင်းဆိုခြင်းကို ခံခဲ့ရသည်။သို့သော် သူသည် စိတ်ဆိုးခြင်း မရှိဘဲ ယွင်ရှင်းယန်၏ ဘေးတွင် နေကာ သူမကို ပိုးပန်းရန်သာ ကြံဖန်နေတတ်သည်။

“ဆရာတူ အစ်မ ၊ အစ်မ မသိဘူးလား၊ ကျွန်တော် လတ်တလော ဓားစွမ်းရည်ကို လေ့ကျင့်နေခဲ့တာ ၊ အရမ်း တိုးတတ်လာပြီ ! ကျွန်တော် ဒီနေ့ အစ်မကူညီပြီး ဥက္ကာခဲကို ခွဲပေးမယ်ဆိုပြီး ရောက်လာခဲ့တာ၊ ကျွန်တော် သေချာပေါက် ဆရာတူ အစ်မအတွက် နက်-ဝါရောင် ဥက္ကာခဲကို ယူပေးမယ် “

ထိုစကားကြောင့် ယွင်ရှင်းယန်သည် မျက်မှောင်ကြုတ်သွားပြီး ဝမ်ခိုင်းဟယ်ကို စိတ်ရှုပ်သော အမူအယာဖြင့် ကြည့်နေခဲ့သည်။

ဝမ်ခိုင်းဟယ်သည်လည်း သူမ၏ အမူအယာကို သတိထားမိသည်။သူ့အနေဖြင့် စိတ်ထဲ မပျော်မိသော်လည်း သို့သော် အပြင်သို့ ထုတ်ပြခြင်း မရှိဘဲ ဆိုလိုက်သည်။

“ဆရာတူ အစ်မ ၊ ဒါက ဒဏ်ရာပျောက်ဆေး ၊

အရင်ယူထားလိုက် ၊ မင်း ဒဏ်ရာ ရနေပြီ ၊

ဒီဆေးက မင်းကို ပြန်ကောင်းအောင် ကုသပေးနိုင်တယ် ၊ ကျွန်တော် မင်းအတွက် ဥက္ကာခဲ ယူပေးမယ် ၊ခဏစောင့် ၊ ပြီးတာနဲ့ နက်-ဝါရောင် ဥက္ကာခဲကို မင်းယူလို့ရပြီ ၊ အဲ့ကြရင် ကျွန်တော်တို့ တာအိုနန်းဆောင်ကို သွားပြီး ဒီဥက္ကာခဲရဲ့ အသုံးပြုနည်းကို အတူတူ ဆွေးနွေးကြမယ်လေ “

“တကယ်ကို အရှက်မဲ့လွန်းတယ် ! “

လူတော်တော်များများက စိတ််ထဲတွင် တီးတိုးလေး ကျိန်ဆဲလိုက်သည်။

ဘာကို ဆရာတူ အစ်မ အတွက်တုန်း?အခွင့်ရေးရှာပြီး ပိုးပန်းမလို့လုပ်နေတာလေ။

ဒါက အလကား အကြောင်းပြချက်ပဲ မဟုတ်လား။အရင်ဆုံး ချစ်ကြည်ရေး တည်ဆောက် ၊ နှစ်ယောက်အတူတူ တစ်ခန်းတည်း ရှိနိုင်မယ့် အခွင့်အရေးလေး ဖန်တီး ၊ ပြီးတာနဲ့ အံ့သြစရာကောင်းတဲ့ ဇာတ်လမ်းလေး ဖန်တီးဖို့ လုပ်နေတာ မဟုတ်လား။

အောက်တန်းကျလိုက်တာ ! သိပ်ကို အောက်တန်းကျတာပဲ !

သို့ဆိုတောင်၊ သူတို့အနေဖြင့် နည်းလမ်းမရှိပေ။

ထို့အပြင်၊ ဝမ်ခိုင်းဟယ်၏ ပင်ကိုယ်စွမ်းရည်နှင့် ခွန်အားမှာ အစကတည်းက မဆိုးလှပေ။သူ၏ ထက်မြက်လှသော ဓားစွမ်းရည်​အပြင် သူ၏ ခွန်အားပါ ပေါင်းစပ်လိုက်မည် ဆိုပါက

ဧရာမ ကျောက်တုံးသည် ကွဲချင်လည်း ကွဲသွားနိုင်သည်။

ကျန် သူတော်စင် နှစ်ဦးမှာ ထိုကျောက်တုံးနှင့် ပတ်သတ်ပြီး စိတ်ဝင်စားခြင်း မရှိပေ။သို့ဖြစ်၍ ယွင်ရှင်းယန်ကို ကူညီနိုင်သူမှာ ဝမ်ခိုင်းဟယ် တစ်ယောက်သာ ရှိပေသည်။

မျှော်လင့်ထားသည့်အတိုင်း ၊ ယွင်ရှင်းယန်၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။

သူမ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေပြီး ၊ ဝမ်ခိုင်းဟယ် အပေါ် လေးနက်သော အဓိပ္ပာယ်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“ အဲ့တာ ဆက်ခံသူ မဟုတ်လား?”

  ရုတ်တရက် ၊ လူအုပ်ကြီးထံမှ အသံထွက်ပေါ်လာခဲ့သည်။

  အသံလားရာကို ကြည့်လိုက်ရာ ၊ နတ်ကြိုးကြာတစ်ကောင်းသည် ဝေဟင်ကို ဖြတ်ကာ ပျံသန်းလာနေခဲ့သည်။

နတ်ကြိုးကြာ၏ ကျောပေါ်တွင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူပုံရိပ် တစ်ခု ရှိနေခဲ့သည်။ထိုသူ၏ မျက်နှာအသွင်အပြင်မှာ အတော်လေး ချောမောပေသည်။လျစ်လျူရှုတတ်သော မျက်နှာထားဖြင့် ၎င်း၏ သွင်ပြင်သည် သူ့လုပ်စာ ထိုင်စားနေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။သို့သော် လူကို စိတ်မသက်မသာ ဖြစ်စေသည့် ခံစားချက်မျိုးလောက်ထိတော့ မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ၊ လူကို နွေဦး၏ သဘာဝလေညင်းကို ခံစားနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။ထိုပုဂ္ဂိုလ်မှာ လူသားတစ်ယောက် မဟုတ်ဘူး ဆိုသည့် ထင်ယောင်ထင်မှား ခံစားချက်ကိုတောင် ဖြစ်စေရသည်။

ထို့အပြင် သူ၏ နောက်ခံတွင် ၊ ကြီးမားသော လူအုပ်စုကြီး တစ်ခု ရှိနေခဲ့သည်။

ထိုလူအုပ်စုကြီးတွင် လူထောင်ပေါင်းများစွာ ပါဝင်ပြီး ၊ အသံဆာဆာ ဆာဆာဖြင့် ဟစ်အော်နေကြသည် ။ထိုလူအုပ်ကြီးထဲတွင် အများစုမှာ အမျိုးသမီးလေးများပင် ဖြစ်သည်။

တချို့အမျိုးသမီးများဆိုရင်ဖြင့် ၊ ပို၍ ရူးသွပ်ကြလေသည်။သူမတို့သည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုပုံရိပ်လေးအား မျက်လုံးကျွတ်ကျ မတတ် စိုက်ကြည့်နေကြသည်။

လှုပ်လှုပ်ရွရွ ဖြစ်သော သူမတို့သည် တချက်ကလေး ငြိမ်ကျသွားရုံဖြင့် ထိုပုံရိပ်ကလေးမှာ ပျောက်ကွယ်သွားမည့်အလား သေလောက်အောင်ကို ကြောက်နေပုံရသည်။

“ ဆက်ခံသူရဲ့ အသွင်အပြင်က အမတ တစ်ပါးလိုပဲ တကယ်ကို ထူးကဲပါပေတယ် ! “

“ရုပ်ရည်အသွင်အပြင်တင် မကဘူး ၊ ဆက်ခံသူ ရဲ့ စွမ်းရည်က တကယ်ကို ​ကြောက်ခမန်းလိလိပဲ ! “

“ ဒါပေါ့ !ဆက်ခံသူက ဂိုဏ်းကို ဝင်ဝင်ချင်း လဝက်နဲ့တင် အဆင့်သုံးဆင့်လုံးကို ချိုးဖောက်သွားနိုင်ခဲ့တာလေ ! ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ထပ်ခါထပ်ခါ ဖြစ်ပေါ်လာခဲ့တာ ၊ဒီတခေါက် ကွေးယွမ် လေ့ကျင့်ရေး ကွင်းပြင်ကို လာတာ ၊ မဟုတ်မှလွဲရော ဥက္ကာခဲကြောင့်လား?”

အားလုံး စိတ်လှုပ်ရှားနေကြပြီး မျှော်လင့်ချက် ရောင်ခြည်များဖြင့် စူးချန်ကဲကို ကြည့်နေခဲ့ကြသည်။

တကယ်တော့ ယွင်ရှင်းယန်ပင်လျှင် အနည်းငယ် ဟက်ထိသွားခဲ့ရသည်။

မူလက နှင်းခဲနှင့်တူသော သူမ၏ မျက်နှာသည် ယခုအခါတွင် နွေဦးတွင် ရွက်ဟောင်းကုန်လို့ ရွက်သစ်များ ထွက်လာသော သစ်ရွက်ဖူးလေးကဲ့သို့ သူမ၏ မျက်နှာလေးမှာ ကြက်သွေးရောင် သန်းနေခဲ့သည်။

ဘေးနားက ဝမ်ခိုင်းဟယ်ခမျာ ထိုမြင်ကွင်းကြောင့် သူ၏ ရင်ထဲတွင် မိုးခြိမ်းသံများ ဝေဆာသွားခဲ့ရသည်။

ဘဲကင်တစ်ကောင်ကောင် ပျံသွားတာများလား?

“ငါ ဆက်ခံသူကို မြင်ဖူးခဲ့ရပြီ ! “

လေ့ကျင့်ရေး ကွင်းပြင်ရှိ ကွေးယွမ် တပည့်သားများအားလုံး စူးချန်ကဲကို ဦးညွှတ်အလေးပြုခဲ့ကြသည်။

စူးချန်ကဲသည် အသာလေး ခေါင်းညိမ့်ပြလိုက်ပြီး သူ၏ မျက်နှာမှာ လျစ်လျုရှုထားပုံ ရပေသည်။သူလည်း လူအုပ်ထဲက ယွင်ရှင်းယန်ကို

သတိထားမိကာ တချက်ကြည့်လိုက်သည်။

ယွင်ရှင်းယန်သည် တစ်ခုခုကို ခံစားမိလိုက်ပုံရကာ စူးချန်ကဲကို တိုက်ရိုက် မကြည့်ဝံ့ဘဲ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။

“ ဒီမိန်းကလေး ၊ ဒီလောက်တောင် လှတာ ၊

စိတ်ကူးယဥ်ဝတ္ထုထဲက ကံကောင်းတဲ့ မိန်းမပျိုလေးဆိုတာ သူပဲ ဖြစ်ရမယ်၊ဇာတ်အိမ် ပိုပြီး အရှိန်မြင့်ဖို့ဆို ၊ ငါ့ပါးကို ရိုက်ဖို့ ဦးနှောက်မရှိတဲ့ နောက်လိုက်အချို့က ထွက်လာမယ် ပြီးရင် သူတို့အစွမ်းကို တိုးတတ်အောင် လုပ်ဖို့ကြိုးစားကြမယ် မဟုတ်လား? “

စူးချန်ကဲသည် ကိုယ့်ကိုယ်ကို တွေးမိရင်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

 သူသည် နိမိတ်အာရုံ မြင်ကွင်းများကို အဆက်မပြတ် ဖြစ်ပေါ်စေခဲ့သော်လည်း ၊ အတိုက်အခိုက်တွင် အတွေ့အကြုံ မရှိတဲ့သူ တစ်ယောက်လို့ သူတို့ သေချာပေါက် ယူဆပေလိမ့်မည် ဖြစ်သည်။ကျင့်ကြံရေး အဆင့်များကို ချိုးဖြတ်နိုင်ခဲ့ရင်တောင် ၊ သို့သော် ထိုသူသည် စက္ကူကျားတစ်ကောင်သာသာပဲ ရှိနေတယ် ဆိုရင်ရော?

သူသည် အချိန်အတော်ကြာအောင် ရပ်စောင့်နေခဲ့သော်လည်း ၊ မည်သူမှ သူ့ရှေ့မှောက်သို့ ထွက်မလာခဲ့ပေ။

တစ်ယောက်ချင်းစီတိုင်းက လှုပ်တောင် မလှုပ်ရဲဘဲ ဦးညွှတ်နေသော ကိုယ်ဟန်အနေအထားဖြင့်သာ ရှိနေကြသည်။

“ဒါ နည်းနည်းတော့ လွဲနေသလိုပဲ “

စူးချန်ကဲ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။သူ့အနေနဲ့ လက်မှတ်ထိုး ဝင်ရောက်ပြီး ဆုလာဘ် ရယူခြင်း ဆိုသည့် တာဝန်ကို မလုပ်ဆောင်ရဘဲ ဒီနေရာကို ဒီတိုင်း အလည်လာကြည့်သူ သက်သက်ပဲလား ။

“ ဒါနဲ့ ဒီဧရာမ ကျောက်တုံးကြီးက ဘာတုန်း?”

  “ ဆက်ခံသူ၏ အမေးကို ဖြေကြားပါတယ်၊ ဒီရဲ့ ဧရာမ ကျောက်တုံးကြီးကို ကြယ်ဥက္ကာခဲလို့ ခေါ်ပါတယ် ၊ ကောင်းကင်ဘုံကိုးထပ်ကနေ ကျလာခဲ့တဲ့ အရာပါ ၊ ဒီကျောက်တုံးကြီးထဲမှာ နက်-ဝါရောင် ဥက္ကာခဲ ဆိုတဲ့ အရာတစ်ခု ရှိပါတယ် ၊ ဒီကျောက်တုံးကြီးကို ခွဲနိုင်တဲ့ ဘယ်သူမဆို အဲ့အရာကို ယူခွင့်ရှိပါတယ် “

တပည့်လေး တစ်ဦးက ရှင်းပြလိုက်သည်။

စူးချန်ကဲသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ကာ ထိုကျောက်တုံးဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။ထိုကျောက်တုံးကြီးသည် ပေသုံးဆယ်ခန့် မြင့်မားပြီး စူးချန်ကဲတောင် ထိုကျောက်တုံးကြီး ရှေ့တွင် လူကောင် သေးသေးလေး အဖြစ် ရှိနေပုံပေါ်သည်။

“ အတော်ပဲ ၊ ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်းနဲ့ စမ်းကြည့်ရမယ် “

ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်းသည်

သွေးနှင့် ချီ ကို စုဆောင်းကာ ၊ ဝိညာဥ်စွမ်းအားလက်သီးအဖြစ် ပြောင်းလဲပြီးနောက် လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ကို ထိုးဖောက်ခြင်း ဖြစ်သည်။

“ ဆက်ခံသူ လည်း ကြယ်ဥက္ကာခဲကို စိန်ခေါ်မလို့လား”

“ ဆက်ခံသူ ကျောက်တုံးကို ခွဲနိုင်မလား မခွဲနိုင်ဘူးလား ဆိုတာ မှန်းကြည့်ပါ့လား?”

“ မဖြစ်နိုင်လောက်ဘူး ၊ ဆက်ခံသူက စောနလေးကမှ အဆင့်တတ်ထားတာ ၊ဒါကို ခွဲဖို့ အဲ့လောက်ထိ အင်အားမရှိနိုင်လောက်ဘူး မဟုတ်လား?”

ဧရာမ ကျောက်တုံးကို ခွဲရန် ဟန်ပြင်နေသော စူးချန်ကဲကို ကြည့်ရင်း အားလုံးက တိုးတိုး တိတ်တိတ် ထင်ကြေးပေးနေခဲ့သည်။

၎င်းတို့၏ ထင်ကြေးများကို လျစ်လျူရှုကာ ၊စူးချန်ကဲသည် ဘယ်လက်ကို နောက်ကျောဘက်ကို ပစ်ထားပြီး ညာလက်ဖြင့် ထိုးနှက်လိုက်သည်။

စူးချန်ကဲသည် ဘာမှပြောင်းလဲခြင်း မရှိသော မျက်နှာထားဖြင့် ၊ သူ၏ သွေးနှင့် ချီဓာတ်များသည် ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေပြီး ခန္ဓာကိုယ်ပေါ်တွင် ရွှေအိုရောင် ဖျော့ဖျော့ အလင်းတန်းများ ဖျာထွက်လာကာ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသည်။

သွေးနဲ့ ချီဓာတ်(အသက်စွမ်းအင်)သည် သူ၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာလေသည်။

သူ၏ ခန္ဓာပေါ်က အင်္ကျီအဖြူထည်သည် လေမတိုက်ဘဲ သူ့ဟာသူ လွင့်ပျံနေပြီး ၊ကောင်းကင်ဘုံက စစ်နတ်ဘုရား တစ်ပါး ကဲ့သို့ပင် ။

ဝိညာဥ်စွမ်းအင်များသည် သူ၏ လက်သီးဆုပ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး အကန့်သက်မဲ့သော ဝိညာဥ်စွမ်းအားများက ကောင်းကင်ကို ဖောက်ထွင်းတော့မည့်အလား။

  ဘုန်း!

အသံတချက် ထွက်ပေါ်လာခဲ့သည်။ဝိညာဥ်စွမ်းအားသည် ဧရာမ နဂါးခေါင်းကြီး အဖြစ်သို့ ပြောင်းလဲသွားကာ ၎င်း၏ ဟိန်းသံသည် ကောင်းကင်ကိုတောင် လှုပ်ခါသွားစေသည်။

ကြယ်စင်များ ကြွေကျလာသကဲ့သို့ ။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး၊လက်သီးသည် ကောင်းကင်ကို ပစ်ခွင်းလိုက်သည်မှာ

လေနှင့် တိမ်တို့ တဟူးဟူး အုံကြွလာကာ ကောင်းကင်တစ်ခုလုံး ပြာနှမ်းသွားလေသည်။

လက်သီးတချက်တည်းဖြင့် သူတော်စင် နယ်မြေကို တုန်လှုပ်သွားစေခဲ့ရာ တပည့်အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

အကန့်သက်မဲ့သော ဝိညာဥ်စွမ်းအားကို မြင်လိုက်ရချိန် အားလုံးသည် ကျောက်ရုပ်တစ်ခုလို ဖြစ်သွားခဲ့သည်။

ထိုမြင်ကွင်းကို ထပ်ပြန်ကြည့်လိုက်ရာ ၊ သူတို့ မျက်စိရှေ့က ဧရာမကျောက်တုံးကြီးမှာ မရှိတော့ဘဲ ကောင်းကင်တစ်ခုလုံး ဖုန်မှုန့်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။၎င်းတို့၏ ဧရာမ ကျောက်တုံးကြီးမှာ အစောကတည်းက ကျောက်အမှုန်အမွှားအဖြစ်သို့ ဘဝကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။

“ဂလု ( တံတွေးမျိုချသံ) “

လူတော်တော်များများ စိတ်ထဲကနေတောင် မသိလိုက်ကြဘဲ တံတွေးမျိုချလိုက်ကြသည်။သူတို့အားလုံး အချိန်အတိုင်းအတာ တစ်ခုထိ ဆွံ့အသွားကြသည်။

“ တချက်တည်း ! လက်သီး တချက်တည်းနဲ့ !ငါတို့ အစွမ်းကုန် အားအင် ထုတ်သုံးတောင် နည်းနည်းလေးမှ ဒဏ်မကျန်ခဲ့တဲ့ ဧရာမ ကျောက်တုံးကြီးက အခု ​ကြေမွသွားခဲ့ပြီပေါ့! “

“ ငါ အိမ်မက်မက်နေတာတော့ မဟုတ်ဘူးမလား၊ ငါ့ကို လာဆိတ်ကြပါဦး “

“ ဒီလောက်လူတွေအများကြီး မင်းအိမ်မက်ထဲ အဖော်ပြုပေးနေတာ မင်းမြင်ဖူးလို့လား?”

စူးချန်ကဲသည် ရှေ့သို့ လျှောက်သွားပြီး မြေကြီးပေါ်တွင် ပြုတ်ကျခဲ့သော နက်-ဝါရောင် ဥက္ကာခဲကို ​ကောက်ယူလိုက်သည်။သူ့တစ်ခုလုံး ရွှေဝါရောင် အလင်းတန်း ဖျော့ဖျော့ ဖြာထွက်နေပြီး ၊ ကျောက်ခဲ တစ်ခုသာသာ ကဲ့သို့ ပင်။သို့သော် ပေါ့ပါ့ပါးပါး ရှိပြီး လူကို အံ့သြစရာ ကောင်းသော အငွေ့အသက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။

သူသည် အသေးစိတ် ထပ်ကြည့်ရှုလိုက်ရာ ၊

ထူးခြားသော ပစ္စည်းတစ်ခု ဖြစ်နေရုံက လွဲပြီး တခြားထူးဆန်းသော အရာများကို ရှာမတွေ့ခဲ့ပေ။

မနေနိုင်သည့်အဆုံး ‘ဟမ်’ ဆိုသည့် စကားမှလွဲ၍ ကျန်တာ ထွက်မလာခဲ့ပေ။စူးချန်ကဲ၏ မျက်နှာပေါ်တွင် မနှစ်သက်သော အမူအယာများ ထွက်ပေါ်လာခဲ့သည်။

“ဒါပဲလား? ဒါက နက်-ဝါ ဥက္ကာခဲပေါ့? “

စနစ်က ပေးတဲ့ ဆုလာဘ်တွေနဲ့ ယှဥ်ရင် ၊ ဒါဟာ ဘာမှမဟုတ်သော အရာတစ်ခု ဖြစ်နေခဲ့သည်။

အားလုံးကတော့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ နက် -ဝါရောင် ဥက္ကာခဲလေ !ဒဏ္ဍာရီထဲက နက်-ဝါရောင် ဥက္ကာခဲလေ ! ခုတော့ ကွဲကြေသွားပြီပေါ့ “

“ ဆက်ခံသူက ဒီဥက္ကာခဲကို မကြိုက်တဲ့ပုံပဲ ! “

“ အွန်း ! တကယ် မကြိုက်ဘူး “

“ ကောင်းပြီလေ၊ အဲ့လိုဆိုလည်း ဒီဥက္ကာခဲကို.. “

စကားမဆုံးခင် ၊ တောင်းဆိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ဆက်ခံသူ မကြိုက်ဘူးဆိုလည်း ၊ ဒီဥက္ကာခဲကို ကျွန်တော်ကို ပေးပါ့လား? ကျွန်တော် ဝမ် အရမ်းကို ကျေးဇူးတင်မှာပါ “

စူးချန်ကဲ မျက်ခုံးပင့်သွားသည် ။ ထိုစကားပြောပိုင်ရှင်ကို ကြည့်လိုက်ရာ ၊ ထိုသူမှာ ဝမ်ခိုင်းဟယ်ပင် ဖြစ်သည်။

လက်နှစ်ဖက်ကို ရိုသေလေးစားဟန် လျှက်ထားသော်လည်း ၊ သို့သော် ၎င်း၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှု အရိပ်အယောင်တွေ ရှိနေဆဲပင် ဖြစ်သည်။အကယ်၍ သူသာ လုပ်ခဲ့ရင်လည်း ၊ အောင်မြင်နိုင်သည် ဆိုသည့် အမူအယာဖြင့် စူးချန်ကဲ သိအောင် ပြောပြနေသလိုပင်။

စူးချန်ကဲသည် ဝမ်ခိုင်းဟယ်ဘေးနားတွင် ရပ်နေသော ယွင်ရှင်းယန်ကို တချက်ကြည့်လိုက်သည်။ယွင်ရှင်းယန်၏ လှပသော မျက်လုံးများသည် စူးချန်ကဲကို ကြည့်နေတတ်သလို သူ့လက်ထဲက နက်-ဝါရောင် ဥက္ကာခဲကို လည်း ကြည့်နေတတ်ပြန်သည် ။

စူးချန်ကဲ ချက်ချင်းသဘောပေါက်သွားသည်။

လက်စသတ်တော့ ဒီကောင်စုတ်လေးက အလှူလက်ဖက်နဲ့ မျက်နှာလုပ်ချင်နေတာကိုးး။

ကောင်းလိုက်တဲ့ သစ္စာရှိတဲ့ ခွေး ။

အပိုင်း(၁၀) : အကျင့်ပျက်တဲ့ ခွေးကို ပါးရိုက်ပြီး ၊ သူတော်စင် မိန်းကလေးကို နောက်လိုက်လုပ်ခိုင်းမည် _🍁

ထိုအချက်ကို တွေးမိပြီး စူးချန်ကဲသည် အေးစက်စွာ ရယ်မောလိုက်သည်။သူ့လို တခြားသူကို အခွင့်ကောင်းယူတတ်တဲ့သူက တခြားသူရဲ့ အခွင့်ရေးယူတာကို ငြိမ်ခံနေမှာတဲ့လား?

“ အို့? အဲ့လိုဆိုတော့ ငါက မင်းပြောတာကို နားထောင်ရမယ်ပေါ့? “

စူးချန်ကဲ မျက်နှာပေါ်က အပြုံးသည် ဥပေက္ခာအဖြစ်သို့ ပြောင်းလဲသွားပြီး ထပ်ဆိုလိုက်သည်။

“ဒါပေမဲ့ မင်းက ငါ ဆက်ခံသူကို ဘယ်လိုလုပ်ရမယ်ဆိုတာကို လာသင်ပေးနေတာလား? “

စူးချန်ကဲသည် သူ့စကား ဆုံးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။စူးချန်ကဲ၏ အသက်ရှုသံသည် ကျယ်လောင်စွာ ပေါက်ကွဲထွက်လာပြီး ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဥ်စွမ်းအားသည် လှိုင်းလုံးကြီး သဖွယ် ဖြစ်လာသကဲ့သို့ လူတိုင်း၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ကြီးစိုးသွားခဲ့သည်။

စူးချန်ကဲ၏ ဥပေက္ခာပြုသော အကြည့်များသည် ဤကမ္ဘာကြီးကို တရားစီရင်မှုပြုသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

တကယ်တော့ ၊ သူသည် ထိုဥက္ခာခဲကို လိုအပ်သူကို ပေးရန် အစကတည်းက စိတ်ကူးရှိခဲ့သည် ။

သို့သော် ၊ ကိုယ့်သဘောနဲ့ကိုယ် ပေးခြင်းနှင့် သူများပြောမှ ပေးခြင်း ထိုနှစ်ခုကြားထဲတွင် ကွာဟချက်တစ်ခု ရှိပေသည်။

သူသည် ဆက်ခံသူ တစ်ပါးဖြစ်သည်။အကယ်၍ သူသည် တခြားသူ၏ စကားကို နားထောင်ခဲ့မည် ဆိုပါက ၊ သူ့ရဲ့ ဆက်ခံသူ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ဘယ်နေရာမှာ သွားထားရတော့မှာလဲ။

ဒီကိစ္စသာ လူတွေရဲ့ ပါးစပ်ထဲ လူပြောများခဲ့မည် ဆိုပါက ၊ သူ့ရဲ့ ဆက်ခံသူ ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက ဘာသွားလုပ်ရတော့မှာတုန်း?

 ဘုန်း!

ဤကမ္ဘာကြီး၏ ဝိညာဥ်စွမ်းအင်များသည်

အဆက်မပြတ် ကျယ်လောင်သွားခဲ့သည်။အကန့်သက်မဲ့ ပြင်းထန်သော ဖိအား​သည် ကျင့်ကြံရေး အဆင့်နိမ့်သော တပည့်များကို တုန်လှုပ်သွားစေခဲ့သည်။

“ ဖြေလေ ! မင်းက ငါ ဆက်ခံသူကို ဘာလုပ်ရမယ်ဆိုတာကို လာသင်ပေးနေတာလား? “

စူးချန်ကဲသည် ဝမ်ခိုင်းဟယ်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ဝမ်ခိုင်းဟယ်သည် တဖက်လူ၏ ဒေါသအရှိန်ကို ခံစားမိလိုက်သည်။သူသည် ရှေးသားရဲကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ သူ့ကိုယ်သူ ခံစားမိပေရာ သူ၏ နှုတ်ခမ်းသားများမှာ တုန်ရိလို့ နေသည်။

“မ..မလုပ်ရဲပါဘူး “

ဤကဲ့သို့ အကျပ်အတည်းသည် အချိန်တစ်ခု ကြာသွားခဲ့သည်။စူးချန်ကဲသည် သူ၏ ဒေါသကို ဖြေလျော့လိုက်မှ တပည့်များသည်လည်း စိတ်သက်သာရာ ရသွားခဲ့ပေသည်။

ဤအခိုက်အတန့်တွင် တပည့်တော်တော်များများသည် စူးချန်ကဲကို ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေကြသည်။စူးချန်ကဲကို သူတို့ မစော်ကားဝံ့ပေ။

အကယ်၍ စော်ကားဝံ့ပါက ၊ဒါဆို သင်သည် ဆက်ခံသူ၏ အမျက်ဒေါသကို ခံရပေလိမ့်မည်။

အမျိုးသမီးလေးများသည် စူးချန်ကဲ၏ ထိုအမူအယာကို ပိုလို့တောင် ရူးသွပ်သွားကြသည်။

ထိုကဲ့သို့ ချေမိုးနိုင်သော ဆက်ခံသူ၏ ပုံစံသည် သူမတို့ စိတ်ကူးထဲက ဇာတ်ဆောင်မင်းသားနှင့် ထပ်တူကျလို့ နေပေသည်။

“ ငါ နည်းနည်း စိုသွားသလိုပဲ “

“ ငါရောပဲ “

“ အတွေးထဲ ဆက်ခံသူနဲ့ တစ်ပွဲနွဲလိုက်ရသလိုပဲ “

T/N - စိတ်ကူးနဲ့တင် sex လုပ်လိုကိတာကို ပြောတာ

တပည့်မလေးများအပြင် အကြီးအကဲ အမျိူးသမီးများကစ သူမတို့ ၏ မျက်နှာမှာ နီမြန်းလို့ နေပြီး ယေးယေးလေး ညည်းညူလိုက်ကြသည်။

ထိုကဲ့သို့ လွှမ်းမိုးနိုင်သော ဆက်ခံသူကို သူမတို့ ပိုလိုတောင် ချစ်မိသွားတော့သည်။

စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။

ဒီအမျိုးသမီးတွေ ဘာတွေများ လျှောက်စဥ်းစားနေကြတာတုန်း?

ထို့နောက် စူးချန်ကဲသည် လူအုပ်ထဲက ယွင်ရှင်းယန်ဘက်သို့ အာရုံပြောင်းသွားပြီး သူမဆီသို့ တည့်တည့်မတ်မတ် လျှောက်ကာ ဆိုလိုက်သည်။

“ ဒီ နက်-ဝါ ဥက္ကာခဲက မင်းအတွက် အသုံးဝင်မယ်ဆိုရင် ငါ ဆက်ခံသူ မင်းကို ပေးမယ် “

ယွင်ရှင်းယန်မှာ ကြောင်အမ်းသွားခဲ့သည်။သူမ၏ လှပသော မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားခဲ့သည်။

“ တခြားသူတွေကတော့ ငါ ဆက်ခံသူ လက်ထဲက ဟာကို ယူပြီး အလှူလက်ဖက်နဲ့ မျက်နှာလုပ်ချင်နေသေးတယ် ၊ ကောင်းလိုက်တဲ့ အကြံ “

စူးချန်ကဲက အေးစက်စွာ သရော်လိုက်သည်။

ဘေးနားက ဝမ်ခိုင်းဟယ်မှာ အလွန်မျက်နှာပျက်သွားသည်။သူ့လက်သီးကို ကျွတ်ကျွတ် မြည်အောင် တင်းကျပ်စွာ ဆုပ်ထားပြီး သူ၏ အကြည့်များမှာ စူးချန်ကဲကို အရှင့်လတ်လတ် ဝါးစားချင်နေသည့် ပုံပေါက်ပေသည်။

သို့သော် စူးချန်ကဲကတော့ ဂရုမစိုက်ပေ။ကိုယ့်ကို စော်ကားလာပြီဆိုမှတော့ ၊ ကိုယ့်ရဲ့ အခွင့်အာဏာကို ပြသရန် ပြန်လည် ဖိနှိပ်ခြင်းကို သင်သည် လက်ခံနိုင်ရမည် ဖြစ်သည်။

“ ကျွန်မ ယွင်ရှင်းယန် ဆက်ခံသူကို ကျေးဇူးအများကြီး တင်ပါတယ် “

ယွင်ရှင်းယန်သည် စူးချန်ကဲကို ဦးညွှတ်လိုက်သည်။သူမ၏ လှပသော မျက်ဝန်းထဲတွင် ကျေးဇူးတရားများ ပြည့်နှက်လို့ နေပေသည်။

“ ဆက်ခံသူက အဲ့လိုကိုယ်တိုင် ပေးတော့ ၊ ကျွန်မလည်း လိုချင်တယ် ! “

“ ဆက်ခံသူ လူကြီးမင်း ၊ ကျွန်တော်မျိုးမလည်း လိုချင်တယ်လေ ဆို ~ “

“ ဆက်ခံသူ ကျွန်တော်မျိုးမကိုလည်း ကယ်ပေးပါဦး ~ “

“ ဆက်ခံသူ ၊ ကျွန်တော်မျိုးမ ဒီည အားတယ် ၊ ကျွန်မ အဆောင်လာပါ့လား “

ယခုအချိန်တွင် တပည့်မလေးများလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပြီ ဖြစ်သည်။သူမတို့သည် ချွဲပစ်သော အသံများ ၊ သနားစရာကောင်းသော အကြည့်လေးဖြင့် စူးချန်ကဲကို တောင်းဆိုနေကြသည်။

“ဟေး ဒီလို အထင်လွဲစေမယ့် စကားတွေ မပြောကြနဲ့လေ”

စူးချန်ကဲသည် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဒါ အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ !

“ဆရာတူ အစ်မ ၊ အစ်မကို ရယ်စေမိပြီ ၊ ကျွန်တော်က ဒီတိုင်း .. “

ဝမ်ခိုင်းဟယ်သည် ယွင်ရှင်းယန်ကို ဖိတ်ခေါ်ရန် စကားစလိုက်သည်။

  သို့သော် မမြင်ချင်ယောင်ဆောင်တာကိုသာ ခံလိုက်ရသည်။

မိန်းမလှလေး၏ မျက်နှာသည်ကြက်သွေးရောင် သန်းနေပြီး သူမ၏ လှပသော မျက်ဝန်းထဲတွင် နှလုံးသား ပုံသဏ္ဍာန်လေး ထွက်ပေါ်လို့ နေပေသည်။

ဝမ်ခိုင်းဟယ်သည် ထိတ်လန့်သွားပုံရပြီး မယုံကြည်နိုင်စွာဖြင့် ဆိုလိုကိသည်။

“ဆရာတူ အစ်မ ၊ မင်း... ? “

ယွင်ရှင်းယန်သည် ဝမ်ခိုင်းဟယ်ကို လျစ်လျူရှုလိုက်သည်။သူမ၏ အကြည့်များကို ထိုပုံရိပ်တစ်စုံက သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။

အားလုံးက သုတ်သုတ် သုတ်သုတ်ဖြင့် သွားနေသော စူးချန်ကဲကို အလျင်အမြန် လိုက်ဖမ်းနေကြသည်။

“ ဆက်ခံသူ ! နေပါဦး! “

“ အွန်? ဘာရှိသေးလို့လဲ? “

စူးချန်ကဲသည် နောက်ပြန်လှည့်ကြည့်ကာ ပြန်မေးလိုက်သည်။

ယွင်ရှင်းယန်သည် သူမ၏ နှုတ်ခမ်းသားများကို တင်းတင်းရင်းရင်း စေ့လိုက်ပြီး ခဏကြာတော့ အသက်ခပ်ပြင်းပြင်း ရှုလိုက်ကာ ခေါင်းလေးငုံ့လျက် မေးလိုက်သည်။

“ဆက်ခံသူ ၊ ကျွန်မ ရှင့်နောက်ကို လိုက်လို့ရမလား?”

အရာအားလုံး အေးခဲသွားတော့သည်။

တပည့်မလေးများတင် မကဘဲ ၊ ဘေးပတ်ပတ်လည်က ယောကျာ်းအကုန်လုံး ဆွံ့အသွားကြသည်။

“ အာ ! ! ! ငါ အိမ်မက် မက်နေတာလား !ငါ အိမ်မက် မက်နေတာလား ! “

“ ငါ့အိမ်မက်ထဲက နတ်သမီးလေးက တခြားသူနောက်ကို လိုက်မယ် ? ငါ လက်မခံနိုင်ဘူး !”

“ ကုန်ပါပြီ !ကုန်ပါပြီ ! သူတော်စင် မိန်းကလေးက တခြားသူနောက်ကို လိုက်မယ်တဲ့လား?ငါ့ရဲ့ ငယ်ဘဝလေးတော့ အဆုံးသတ်ပါပြီ !”

“ ဒါပေမဲ့ ! ဆက်ခံသူလို ပါရမီရှင်ကသာလျှင် ယွင်ရှင်းယန်လို မိန်းကလေးမျိုးနဲ့ ထိုက်တန်တယ်လို့ ငါထင်တယ် ! “

“ ဟုတ်တယ်၊ ဆက်ခံသူက ဒီလောက်စွမ်းတာ ၊ ငါသာဆိုလည်း ဆက်ခံသူကိုပဲ ရွေးမှာ “

“နင့်မေကြီးတော်၊မင်းလို ယောကျာ်းကြီးက ဒီလို ရွံ့ဖို့ကောင်းတဲ့ အတွေးမျိုး ရှိတယ်ပေါ့? အိုင်း ကံဆိုးလိုက်တာ ! “

တစ်ယောက်ပြီးတစ်ယောက် သူတို့ ဆက်ခံသူနှင့် ပတ်သတ်သော အကြောင်းများကို တစ်ခုပြီး တစ်ခု ဆွဲထုတ်ကာ အမျိုးမျိုး ထင်ကြေးပေးလို့ နေကြသည်။

စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။

အမှန်အတိုင်း ဆိုရလျှင်ဖြင့်၊ သူသည် ယခုလို ကိစ္စများအပေါ် စိတ်ဝင်စားခြင်း မရှိပေ။ သူ့လို အရည်အချင်းရှိတဲ့ ပါရမီရှင် တစ်ဦးက နောက်လိုက် လိုအပ်လို့လား?

သို့သော် သူသည် အေးအေးလူလူ ပြန်မေးလိုက်သည်။

“မင်းနဲ့ငါ ခုမှ ပထမစဆုံတာ ၊ ဥက္ကာခဲပေးတဲ့ ကြင်နာမှုကြောင့် ဆိုရင် ၊ ဒီလို လုပ်ဖို့ မလိုအပ်ပါဘူး “

တဖက်လူသည် သူတော်စင် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သို့သော် သူသည် သူမအပေါ် မည်သည့်ခံစားချက်မျိုးမှ မရှိသေးပေ။

“ ကျွန်မ စိတ်ထဲက ရှင့်နောက်ကို လိုက်ရမယ် ဆိုတဲ့ အသံကို ကြားလိုက်ရလို့ပါ “

ယွင်ရှင်းယန်က ဆိုလိုက်သည်။

“အသံ? “

စူးချန်ကဲ အနည်းငယ် သဘောပေါက်သွားသည်။တဖက်လူသည် ထိုက်ယန် ကိုယ်ထည်ပိုင်ရှင် ဖြစ်သည်။ကျင့်ကြံရေး မီးပြင်းဖိုကြီး ဖြစ်ရုံသာ မက ဝိညာဥ်စွမ်းအားအပေါ် ခံစားနိုင်စွမ်းမှာလည်း အလွန်အကဲဆက်သည်။

ဒီအတိုင်းသာဆိုရင်ဖြင့်၊ တဖက်လူသည် သူ့တွင် လျို့ဝှက်ထားသော ခွန်အားများ ကျန်ရှိနေသေးသည်ကို ခံစားမိပုံရပေသည်။

“ အဓိပ္ပာယ်ရှိတာပဲ “

စူးချန်ကဲသည် အနည်းငယ် စဥ်းစားလိုက်သည်။ ခုလို နောက်လိုက်လုပ်ခြင်းသည် ယောကျာ်း မိန်းမ ဆက်ခံရေးမျိုး မဟုတ်တာကြောင့် နောင်တွင်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ရန် မလိုအပ်ပေ။

ထို့အပြင် ကွေးယွမ် ဘုရားကျောင်းတွင် သူတစ်ယောက်တည်း ရှိနေတာကို သတိရကာ၊ သူ့တွင်လည်း လှပသော အစေခံမိန်းကလေး အကူ လိုအပ်မှန်း တွေးမိပြီး ဤသည်မှာ မဆိုးဘူးဟု ယူဆလိုက်သည်။

စူးချန်ကဲရဲ့ ထိုအတွေးကိုသာ တခြားသူတွေ သိခဲ့ပါက ၊ သူတို့လေးတွေခမျာ စိတ်တိုပြီး သွေးအန်သေရပေလိမ့်မည် ။

ကွေးယွမ်ရဲ့ အလှဆုံး သူတော်စင် မိန်းကလေးကို အိမ်အကူလုပ်ခိုင်းမယ်တဲ့လား?

စူးချန်ကဲ ပြန်ပြောမည့်အလုပ်၊ တစ်စုံတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“ဆရာတူအစ်မ ၊ အဲ့လောက်ထိ လိုအပ်လို့လား၊

အစ်မမှာလည်း ထူးခြားတဲ့ အရည်အချင်း ရှိသလို ပြီးတော့ ထိုက်ယန်ကိုယ်ထည် ပိုင်ရှင်လေ၊ ခုလိုလုပ်တာ မသင့်လျော်ဘူးလို့ မထင်ဘူးလား?”

ဝမ်ခိုင်းဟယ်သည် လူအုပ်ကြားထဲက ထွက်လာကာ ဆိုလိုက်သည်။သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အံကြိတ်ထားသည်။

စူးချန်ကဲ မျက်ခုံးပင့်သွားသည်။ဝမ်ခိုင်းဟယ်သည် သူ့ရဲ့ နတ်သမီးလေးကို လုယူတာကို ခံလိုက်ရပြီး ၊သူ့ကို စော်ကားသလို ခံစားလိုက်ရလို့ ဒေါသပေါက်ကွဲထွက်နေပုံ ရပေသည်။

“ ဆက်ခံသူ လူကြီးမင်းကလည်း မွေးရာပါ ပါရမီရှင် တစ်ဦးပဲလေ ၊အဆင့်တတ်တာနဲ့ နိမိတ်အာရုံမြင်ကွင်းတွေကိုတောင် ဖြစ်ပေါ်စေတာ ၊ အနာဂတ်မှာဆို ဒီကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့သူ ဖြစ်မှာ ၊ ငါက ဘာလို့ သူ့နောက်လိုက် လုပ်ဖို့ မထိုက်တန်ရမှာလဲ?”

ယွင်ရှင်းယန်သည် ပြတ်သားစွာ ဆိုလိုက်သည်။

“ ဒီကမ္ဘာကြီးကို လွှမ်းမိုးနိုင်မယ့်သူ?သူကလေ?”

ဝမ်ခိုင်းဟယ်သည် မသိလိုက်ဘဲ ဖွင့်ဟပြောဆိုမိလိုက်သည်။

“ မဟုတ်ရင်ရော?ဒါမှမဟုတ် မင်းလား? “

စူးချန်ကဲသည် လေလှိုင်းတစ်ခု ဖန်ဆင်းကာ တစ်ဖက်လူကို ဖယ်ထုတ်လိုက်သည်။

  ဘုန်း!

ဝမ်ခိုင်းဟယ်သည် လေနှင့်အတူ ပါသွားပြီး

မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ သွေးများ စီးကျသွားခဲ့သည်။

“စူးချန်ကဲ! ဆက်ခံသူ ဖြစ်ရဲ့သားနဲ့ ခုလို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ မင်း မရှက်တတ်ဘူးလား? “

ဝမ်ခိုင်းဟယ်သည် မတ်တပ်ပြန်ရပ်လိုက်သည်။သူ၏ မျက်လုံးများမှာ ဒေါသမီးများဖြင့် ဟုန်းဟုန်းတောက်လို့ နေသည်။

“ကြည့်ရတာ မင်း ခုထိ မယုံကြည်သေးပုံပဲ “

စူးချန်ကဲ၏ လျစ်လျူရှုသော အကြည့်ကို မြင်လိုက်ရသည်နှင့် ဝမ်ခိုင်းဟယ်မှာ ပို၍ပင် ဒေါသထွက်လာပြီး အံတကြိတ်ကြိတ်ဖြင့် ဆိုလိုက်သည်။

“စူးချန်ကဲ မင်း ဓားသင်္ချိုင်းမှာ ငါနဲ့ ဓားပြိုင်ဖို့ စိန်ခေါ်ရဲလား

ဝမ်ခိုင်းဟယ်၏ စကားကြောင့် ၊ အားလုံး၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ ဝမ်ခိုင်းဟယ်ရဲ့ ဓားစွမ်းရည်က ကွေးယွမ်နယ်မြေမှာဆို အမြင့်ဆုံးပဲ ၊ ဓားသင်္ချိုင်းမှာ ရှိတဲ့ ဓားတွေရဲ့ ရည်ရွယ်ချက်နဲ့အတူ ကောင်းချီးပေးခံရရင် သူ့ရဲ့ စွမ်းအားက ကြောက်ဖို့အကောင်းဆုံးပဲ !”

“ ဟုတ်တယ် ၊ ဒီဝမ်ခိုင်းဟယ်က အကြံကြီးတယ် ၊ အဲ့နေရာက ဆက်ခံသူအတွက် မကောင်းနိုင်လောက်ဘူး “

“ဒါ ဆက်ခံသူကို လူသိရှင်ကြား စိန်ခေါ်လိုက်တာပဲ! “

“ဓားသင်္ချိုင်း?အတော်ပဲ ငါလည်း သွားမလို့လုပ်နေတာ ၊အဲ့လိုဆိုလည်း သွားကြတာပေါ့ “

စူးချန်ကဲက ယုံကြည်ချက်အပြည့်ဖြင့် ခပ်ယဲ့ယဲ့ရယ်လိုက်သည်။

ရယ်စရာပဲ ၊ သူ့ရဲ့ နတ်သတ်ဓား ၊ ယင်ယန်ဓား နဲ့ ကောင်းကင်ဓားတွေကဖြင့် ဆာလောင်နေတာ ကြာပေါ့ !

တဖက်လူက သူ့ဟာသူ သေလမ်းရှာနေမှတော့ ၊ ဒါဆို ငါ့ကို အပြစ်မတင်နဲ့တော့ !

All Chapters