အခန်း (၁၁-၁၅)
Vol. 1 Ch. 11-15
အပိုင်း(၁၁) : ဆက်ခံသူ ဖြစ်နေပြီဆိုကတည်းက ၊ဂုဏ်ယူဝင့်ကြွားမှု ရှိသင့်တယ်
တဖက်လူသည် ဒီလောက်ထိ ပြတ်ပြတ်သားသား သဘောတူညီခဲ့လိမ့်မယ်လို့ ဝမ်ခိုင်းဟယ် ထင်မှတ်မထားခဲ့ပေ။
သို့သော် အကြင်နာမဲ့သော ရယ်သံဖြင့်ထပ်ဆိုလိုက်သည်။
“ ဟားဟားဟား ! ဆက်ခံသူက အလွန်ကို ရဲရင့်ပါပေတယ် ၊ ဒါဆို ကျွန်တော် အရင်သွားနှင့်ပြီး ဓားသင်္ချိုင်းဂူမှာ ခင်ဗျားကို စောင့်နေပါမယ် ! “
ဝမ်ခိုင်းဟယ်သည် စိတ်အားထက်သန်လို့ နေသ ည်။ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိပုံ ရပေသည်။
သူ ထွက်မသွားခင် ယွင်ရှင်းယန်ကို လေးနက်စွာ တချက်ကြည့်လိုက်သည်။သူ့မျက်လုံးထဲက အလိုလောဘများကို အတိုင်းသား မြင်တွေ့နေရသည်။
ဒီလောက်တောင် စိတ်အားထက်သန်စွာဖြင့် ထွက်သွားသော ဝမ်ခိုင်းဟယ်၏ ပုံရိပ်ကို ကြည့်ရင်း စူးချန်ကဲတစ်ယောက် ရယ်လိုက်သည်။
“အထင်ကြီးဖို့ကောင်းတဲ့ ပုံရိပ်ပဲ ၊ မင်း ငါ့ကို စိတ်မပျက်စေနဲ့နော် “
ဒီတခါမှာတော့ စူးချန်ကဲသည် ယွင်ရှင်းယန်ကို တချက်ကြည့်လိုက်ရင်း မေးလိုက်သည်။
“မင်း ရေနွေးကြမ်း တည်တတ်လား ၊ ဒါမှမဟုတ် အဝတ်လျှော် ထမင်းချက်ရော? “
ယွင်ရှင်းယန် ထိတ်လန့်သွားသော်လည်း ၊ သို့သော် သူမသည် ဖြေးဖြေးချင်း ခေါင်းညိမ့်ပြလိုက်သည်။
သူမ ဒါတွေ တစ်ခါမှ မလုပ်ဖူးသော်လည်း သို့သော် မလုပ်တတ်ဘူးလို့တော့ ယူဆလို့ မရချေ။
“ ကောင်းပြီလေ ၊ ဒါဆို မင်းက နောက်ဆို ငါ့ရဲ့ အစေခံမိန်းကလေးပဲ “
“အမ် ! “အားလုံး ဆွံ့အကုန်ကြသည်။
သူတို့ရဲ့ အလှပဂေးလေးက အစေခံမိန်းကလေး လုပ်မယ်တဲ့လား ! သူတို့ အားလုံးကို အမြင်ကျယ်သွားအောင် တကယ်ကို လုပ်နိုင်ခဲ့ပေသည်။
သို့သော်လည်း ယောကျာ်းလေး အကုန်လုံး မနာလို ဖြစ်ခဲ့ရပြန်သည် ။ခုလို အစေခံ မိန်းမလှလေးကို ဒီမောင်တော်ကြီး ဘာများတောင်းဆိုရပါမလိ့မ်?
“ဒါနဲ့ ဆက်ခံသူ လူကြီးမင်း ၊ကျွန်မ တခြားဟာ လုပ်ထားပေးဖို့ရော လိုအပ်သေးလား ၊ ကျွန်မက ထိုက်ယန် ကိုယ်ထည်ဆိုတော့ ၊ တကယ်လို့ ကျွန်မနဲ့...” ပြောရင်းပြောရင်း သူမအသံသည် ခြင်တစ်ကောင် ကဲ့သို့ နိမ့်ဆင်းသွားပြီး နောက်ဆုံးတွင် သူမခေါင်းလေးကို ငုံ့ထားသည်။သူမ စူးချန်ကဲ၏ မျက်ဝန်းနှင့် တိုက်ရိုက် မဆုံဝံ့ပေ။
အမျိုးသားထုကြီး၏ နှလုံးသားမှာ ကွဲကြေသွားခဲ့ရပြီ ဖြစ်သည်။သူတို့ အိမ်မက်ထဲက ရေခဲ နတ်မိမယ်လေးက အရင် လှုပ်ရှားနေပြီတဲ့လား?
လူတော်တော်များ ကောင်းကင်ကြီးကို ကြည့်လိုက် ၊သက်ပြင်းချလိုက်ဖြင့်။
စူးချန်ကဲမှာလည်း ဆွံ့အလျက် ။
ဒီကလေးမ ဘာတွေပြောနေတာတုန်း?
ဒါ မိုက်ရူးရဲဆန်တာလား ဒါမှမဟုတ် ရဲရင့်တာလား?
သို့သော်လည်း စူးချန်ကဲသည် အများကြီး မစဥ်းစားတော့ပေ။
သူသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ငါ ဆက်ခံသူ တစ်ယောက်အနေနဲ့ အားလုံးရဲ့ စိန်ခေါ်မှုကို လက်ခံတယ် ၊ တကယ်လို့ ငါ့နောက်ကွယ်မှာ ငါ့ကို ဆဲဆိုနေတဲ့သူများ ရှိခဲ့ရင် ငါ သိပါရစေ “
“ ငါ ဆက်ခံသူ ရဲ့ ဒေါသကို မင်းတို့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးဆိုတာ မင်းတို့ အားလုံးကို ငါ သိခွင့်ရစေမယ် “
စကားဆုံးသည်နှင့် စူးချန်ကဲသည် ယွမ်ရှင်းယန်ကို နတ်ကြိုးကြာပေါ်သို့ ခေါ်ဆောင်ကာ ဟိုးအဝေးတစ်တစ်နေရာက မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းရင်း ပျောက်ကွယ်သွားလေတော့သည်။
ထိုမှသာ လူတော်တော်များများ လှုပ်လှုပ်ရွရွ ဖြစ်ခွင့်ရတော့သည်။
“ ဆက်ခံသူက ချိန်းခြောက်သွားတာပဲ !သူ့ရဲ့ ဒီစကားက အားလုံးကို သတိပေးသွားတာ မဟုတ်လား?”
“ ဒါကသာလျှင် ဆက်ခံသူမှာ ရှိသင့်တဲ့ ပုံစံပဲ ! “
တစ်ယောက်တစ်မျိူး သူတို့ရဲ့ စိတ်ခံစားချက်များကို ထုတ်ဖော်လို့ နေကြသည်။စောစောက ဖြစ်ပျက်ခဲ့သော ဆက်ခံသူ၏ အရှိန်အဝါသည် သူတို့၏ နှလုံးသားထဲတွင် စွဲကျန်ရစ်ခဲ့လေသည်။
“ဟားဟား ! မင်းတို့ကြည့် ငါဘာပြောလဲ? စူးချန်ကဲက ဆက်ခံသူ ရာထူးနဲ့ ထိုက်တန်ပါတယ်ဆို ! “
ကွေးယွမ် ဘိုးဘေး နယ်မြေတွင် ရှိနေသော ဖော့ကျွင်းဘိုးဘေးက ဟက်ဟက်ပက်ပက် ရယ်မောနေပြီး အလွန်ပျော်ရွှင်နေပုံ ရပေသည်။
“ အွန်း ၊ ချန်ကဲရဲ့ စိတ်နေစိတ်ထားက မဆိုးဘူး၊
အကြီးအကဲအပေါ် ကျိုးနွံစွာ ဆက်ဆံတတ်သလို ၊ ဒါပေမဲ့ သန်မာတဲ့ စိတ်ဓာတ်လည်း ရှိတယ် “
“ မဆိုးဘူး ၊ ဒီလိုမျိုး စိတ်နေစိတ်ထား ရှိမှသာလျှင် ရှေ့ဆက်သွားနိုင်လိမ့်မယ် “
ဘိုးဘေးများသည် သူသူကိုယ်ကိုယ် အကဲဖြတ်ကာ စူးချန်ကဲအပေါ် ထောက်ခံနေကြသညိ။
ကွေးယွမ် လေ့ကျင့်ရေး ကွင်းတွင် ဖြစ်ပျက်ခဲ့သော ဇာတ်ကြောင်းအကုန်လုံးကို ဘိုးဘေးဆယ်ယောက်လုံး သူတို့၏ အကြားအမြင် အာရုံမှ တဆင့် သိခဲ့ကြပြီး ဖြစ်သည်။
စူးချန်ကဲ၏ စွမ်းဆောင်မှုသည် သူတို့အကုန်လုံးကို ကျေနပ်စေခဲ့သည်။
ဤကမ္ဘာကြီးတွင် မျက်ကန်းလို နှိမ့်ချမှုသည် လူကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မှတ်ယူကြပေမည် ဖြစ်သည်။သန်မာသင့်တဲ နေရာ သန်မာသင့်သလို ၊ ပြတ်သားသင့်တဲ့ နေရာ ပြတ်သားသင့်သည်။ ထိုမှသာလျှင် ကြံ့ကြံ့ခိုင်ခိုင်ဖြင့် ရှေ့ဆက်တတ်လှမ်းနိုင်မည် ဖြစ်သည်။
သူသည် ဆက်ခံသူ တစ်ဦး ဖြစ်တာကြောင့်၊ သူ့ကိုယ်ပိုင် မာနရှိသင့်သည်။ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို သူ့၏ သူရသတ္တိဖြင့် ချိုးနှိမ်ရန် အချိန်တန်ခဲ့ပြီ ဖြစ်သည်။
“ဟားဟားဟား ! ငါ့မှာ မျှော်လင့်ချက် ရှိခဲ့ပြီ၊
ဓားသင်္ချိုင်းဂူမှာလည်း ချန်ကဲက ငါတို့ကို စိတ်ကျေနပ်မှု ပေးနိုင်လိမ့်မယ် “
ဖော့ကျွင်းဘိုးဘေး၏ စကားကို နားထောင်ပြီး၊
ဘိုးဘေး အများအပြားကလည်း သူတို့၏ မျှော်လင့်ချက်များကို ထုတ်ဖော်ပြသခဲ့ကြသည်။
အမှန်တကယ်ပဲ ၊ စူးချန်ကဲ၏ စွမ်းဆောင်ရည်သည် အကြိမ်တိုင်း သူတို့ကို အံ့အားသင့်စေခဲ့သည်။
ဓားသင်္ချိုင်းဂူသည် ကွေးယွမ် နယ်မြေ၏ ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိပေသည်။
အဝေးကနေ ကြည့်လျှင်ဖြင့်၊ဧရာမ ချောက်ကြီး တစ်ခုကဲ့သို့ မြင်ရပေလိမ့်မည် ။အောက်ခြေထိ တစိုးတစိမျှ မမြင်တွေ့ရသည့်အပြင် ချောက်ထဲတွင် မရေမတွက်နိုင်သော ရှေးဟောင်းဓားများဖြင့် ပြည့်လျှံနေပြီး မြင်ရသူတိုင်း ဓား၏ ကြောက်ဖက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားရပေလိမ့်မည် ဖြစ်သည်။
ချိုင့်ဝှမ်းထဲ၌ ဓား၏တုန်ခါသံများကို ရံဖန်ရံခါ ကြားရတတ်ပြီး ၊ အကယ်၍ တပည့်တစ်ယောက်သည် ထိုရှေးဟောင်းဓား၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရမည် ဆိုပါက၊ ထိုရှေးဟောင်းဓားသည် သူ့ကို တာဝန်ယူခွင့်ပြုပေးလိမ့်မည် ဖြစ်သည်။
ဆက်ခံသူ နှင့် တတိမြောက် သူတော်စင် တို့၏ ပြိုင်ပွဲမှာ ကြေညာခံလိုက်ရပြီ ဖြစ်သည်။
ယခုအချိန် ၊ ဓားသင်္ချိုင်းတွင် တပည့်များစွာသည် ထိုပွဲကို ကြည့်ရန် စောင့်ဆိုင်းနေကြသည်။
“ ဆက်ခံသူ လာပြီဟေ့ ! “
လူတစ်ယောက်သည် ကောင်းကင်ကို လက်ညိုးထိုးပြလိုက်သည်။ပျံသန်းလာနေသော ထိုနတ်ကြိုးကြာပေါ်တွင် ရပ်နေသော လူအရိပ်သဏ္ဍာန် နှစ်ခုကို မြင်လိုက်ရသည်။
အမျိုးသားသည် ခန့်ညားချောမောလှပြီး၊ အမျိုးသမီးသည် တုနှိုင်းမရအောင် လှပပေသည်။ထိုအမျိုးသမီးသည် ဆက်ခံသူ၏ နောက်၌ နာခံမှုရှိစွာ မတ်တပ်ရပ်နေလေသည်။
ယောကျာ်းထုကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲနေပုံကို အတိုင်းသား မြင်တွေ့ရပေသည်။သူတို့၏ နတ်သမီးလေး ယွင်ရှင်းယန်သည် ဆက်ခံသူ၏ အစေခံ မိန်းကလေး ဖြစ်သွားတယ် ဆိုတာကို သူတို့ ခုထိ မယုံကြည်နိုင်သေးပေ။
အခုတော့ သူတို့ လုံးဝကို လက်လျှော့လိုက်ပုံ ရပေသည်။
“ ဆက်ခံသူကို ဂါရဝပြုပါတယ် “
သို့သော် သူတို့သည် အရင်အတိုင်း ဦးညွှတ်ပြီး နှုတ်ဆက်နေဆဲသာ ဖြစ်သည်။
“ စူးချန်ကဲ ၊မင်း လာပြီပေါ့ ဒါဆိုလည်း စကြတာပေါ့ “
ဝမိခိုင်းဟယ်သည် လူအုပ်ထဲမှ ထလာပြီး မှုန်ကုတ်ကုတ်ဖြင့် ကြည့်နေလေသည်။
“အတင့်ရဲလိုက်တာ ! ဝမ်ခိုင်းဟယ် နင်က ဆက်ခံသူရဲ့ နာမည်ကို ခေါ်ရအောင် အရည်အချင်းရှိလို့လား ?”
စူးချန်ကဲ ဘာမှမပြောခင်၊ ယွင်ရှင်းယန်က အေးစက်စွာ သရော်ကာ ဆိုလိုက်သည်။ထို့နောက် သူမ၏ ၀ိညာဥ်စွမ်းအားကို ထုတ်လိုက်ရာ ၊ ရေဖီးနပ် တစ်ကောင် ရုတ်ချည်း ထွက်ပေါ်လာသည်။
“ရှင်းယန် မလိုဘူး “
စူးချန်ကဲသည် သူ၏လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားပြီး ၊ သူ၏ မျက်နှာမှာ အရမ်းကို ပျင်းရိနေပုံဖြင့် ။
တဖက်လူသည် သူ့အတွက်တော့ သူ၏ ပါဝါကို ပြသရန် အသုံးလိုသည့် လိုသုံးတစ်ယောက်သာ ဖြစ်သည်။သို့ဖြစ်၍ ခပ်ချေချေ နေပြမှသာလျှင် ရလဒ်ကောင်း ထွက်လာနိုင်မည် ဖြစ်သည်။
ယွင်ရှင်းဟန်သည် သူမ၏ ဝိညာဥ်စွမ်းအင်ကို ငြိမ်သက်အောင် ပြုလုပ်လိုက်ပြီးနောက် ၊ သူမ၏ လှပသော မျက်ဝန်းများဖြင့် ဝမ်ခိုင်းဟယ်ကို အေးစက်စွာ ကြည့်လျက် ဆိုလိုက်သည်။
“နင်က အခုဆို ဇီဖူရဲ့ ပြီးပြည်စုံတဲ့ အဆင့်ကို ရောက်နေပြီ ၊ ဆက်ခံသူ လူကြီးမင်းက ခုမှ ဇီဖူရဲ့ အလယ်အလတ် အဆင့်ပဲ ရှိသေးတယ်၊ ကျင့်ကြံရေးအဆင့်က ဒီလောက်ကွာတာ မတရားဘူး “
“ ဒါက ဆက်ခံသူ လူကြီးမင်းကိုယ်တိုင် သဘောတူခဲ့တာလေ ၊ တကယ်လို့ ဆက်ခံသူ လူကြီးမင်းကလည်း မတရားဘူးလို့ ထင်ရင် ၊ ငါ့အစွမ်းကို တဆင့် နိမ့်ပြီး ပြိုင်ပေးမယ် ! “
ဝမ်ခိုင်းဟယ်သည် ရွဲ့စောင်းကြည့်လိုက်သည်။
ဆက်ခံသူသည် ဆယ်ခုမြောက် ဇီဖူကြယ်အထိ ဆင့်ခေါ်နိုင်ခဲ့သော်လည်း ၊ သို့သော် သူ့ဘက်က ကြည့်လျှင် သူသည် သုံးဆင့်သာ ကွာသော စူးချန်ကဲကို သေချာပေါက် အနိုင်တိုက်နိုင်ပေသည်။
ထိပ်တန်း အကြီးအကဲ ပုဂ္ဂိုလ်တစ်ဦးလည်း ဤနေရာတွင် ရှိနေခဲ့သည်။သူသည် ဝမ်ခိုင်းဟယ်၏ ဆရာပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူ့တပည့်၏ အပြုအမူကြောင့် သူ ရှက်ရွံ့နေမိသည်။
သို့သော် သူသည် တားစီးခဲ့ခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ကွေးယွမ် သူတော်စင် နယ်မြေတွင် မျိုးဆက်သစ် လူငယ်များ ယှဥ်ပြိုင်ကြသည့်အပေါ် တားစီးခြင်းမျိုး မပြုလုပ်ရပေ။
“ခိုင်းဟယ် ၊ မင်းဘယ်တုန်းက ဒီလောက်တောင် အမြင်ကျဥ်းသွားတာလဲ? “
ထိပ်တန်း အကြီးအကဲသည် ညည်းတွားပြောဆိုလိုက်သည်။တဖက်လူသည် ဆယ်ခုမြောက် ဇီဖူကြယ်ကို ဆင့်ခေါ်နိုင်သည့်အပြင် သူတော်စင် တာအို သန္ဓေသားလောင်း၏ ကိုယ်ထည် ပိုင်ရှင် ဖြစ်သည်။ကျင့်ကြံရေး အဆင့်များ တိုက်ခိုက် ဖြတ်ကျော်ရာတွင် သူ့အတွက်တော့ ထမင်းစား ရေသောက်လိုပင်။ သက်တူရွယ်တူလောက်တော့ အသာလေး တွန်းလှန်နိင်သူပင် ဖြစ်သည်။
“ ထားပါတော့ ! ဒီတစ်ခါတော့ မင်း သင်ခန်းစာရမယ်လို့ ငါ ထင်တယ် “
ထိပ်တန်း အကြီးအကဲသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်ပြီး နတ်အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
သူသည် အစောကတည်းက ရလဒ်ကို ဆုံးဖြတ်ထားပုံ ရပေသည်။ ဤသည်မှာ သူ့တပည့်သူ မယုံကြည်လို့ မဟုတ်ဘဲ ဆက်ခံသူ၏ အရည်အချင်းမှာ တကယ်ကို သန်မာလွန်းသောကြောင့် ဖြစ်သည်။
ဓားသင်္ချိုင်း၏ ဂူနက်ထဲတွင် ၊ စူးချန်ကဲသည် ဆက်ပြီး အချိန်မဆွဲတော့ပဲ ဆိုလိုက်သည်။
“ မင်းရဲ့ စွမ်းအားကို တဆင့် နိမ့်ဖို့ မလိုဘူး ၊ အစွမ်းကုန် အသုံးချလို့ရတယ် “
ထိုစကားအဆုံးတွင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။သူတို့ အမြင်တွင် ၊ အလယ်အလတ် အဆင့် သည် ပြီးပြည့်စုံသော အဆင့်ကို တိုက်ခိုက်ဖို့ဆိုတာ ခက်ခဲပေသည်။
ဆက်ခံသူနှင့်တဖက်လူသည် အဆင့်ငယ် သုံးဆင့်ထိ ကွာခြားသော်လည်း သို့သော် စူးချန်ကဲသည် ယခုထက်ထိ ယုံကြည်ချက် ရှိနေဆဲပင် ဖြစ်သည် ဟု ကောက်ချက်ချနေကြသည်။
“ ဒီလိုဆိုလည်း ဆက်ခံသူကို ကျေးဇူးတင်ပါတယ်ဗျာ ! “
ဝမ်ခိုင်းဟယ် စိတ်ထဲ အတော်ဒေါသထွက်သွားသည်။ဒီလို စော်ကားတာမျိုး သူ ဘယ်တုန်းက ခံခဲ့ရဖူးလို့တုန်း ?
ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး ၊ ဓားသည် ပြီးပြည့်စုံသော အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ စူးချန်ကဲထံသို့ တည့်တည့်မတ်မတ် ပစ်ခွင်းသွားလေသည်။
ဝှစ်!
ပြင်းထန်သော လေခွင်းသံ ထွက်ပေါ်လာပြီး ဝေဟင်ကို စုတ်ဖြဲလိုက်သကဲ့သို့ ဓားသင်္ချိုင်းထဲတွင် မြှုပ်နှံထားသော ရှေးဟောင်းဓားများ၏ တုန်ခါသံများ ထွက်ပေါ်လာသည်။
တုနှိုင်းမရသော တောက်ပမှုနှင့်အတူ ၊
ဓား၏ အရှိန်အဝါသည် စူးချန်ကဲဆီသို့ လုံးဝဥဿုံ လွှမ်းခြုံသွားသည်။
“ ပွဲအစမှာကတည်းက ဝမ်ခိုင်းဟယ်က အစွမ်းကုန် ထုတ်သုံးလိုက်တာပဲ ! “
“ ဒီ ရဲ့ ဓားချက်ကို ဆက်ခံသူ ဘယ်လိုများ တုံ့ပြန်မလဲ? “
“ တကယ်ကို စိုးရိမ်စရာပဲ ၊ ဝမ်ခိုင်းဟယ်ကလည်း ပါရမီရှင် တစ်ဦးပဲလေ ၊ ပြီးတော့ ခုနှစ်ခုမြောက် ဇီဖူကြယ်အထိ အောင်မြင်ထားတာ ၊ ပြီးတော့ သူ့ရဲ့ ဓားကလည်း ဓားသင်္ချိုင်းထဲကနေ ရထားတဲ့ ရှေးဟောင်းဓားတစ်လက်ပဲ ၊ ဓားရဲ့ ထက်မြက်မှုက အရမ်းကြောက်ဖို့ ကောင်းတာ၊ ဆက်ခံသူ ဆိုတောင် ခံနိုင်ရည် ရှိဖို့ ခက်ခဲလိမ့်မယ် “
စူးချန်ကဲသည် လှုပ်ရှားဖို့ကိုတောင် ပျင်းရိနေသော ဒီဇိုင်းဖြင့်၊ သူ့လက်နှစ်ဖက်ကို ယခုထက်ထိ နောက်ဘက်သို့ ပစ်ထားဆဲပင် ဖြစ်သည်။
“ နားထင်သွေးရောက်နေတဲ့ဟာ ! “
ဓားသည် စူးချန်ကဲကို ထိတော့မည့် အချိန် ၊ ဝမ်ခိုင်းဟယ်၏ အသက်ရှုသံမှာ ပို၍ ကျယ်လောင်လာခဲ့သည်။
ချွမ်!
သတ္တုအချင်းချင်း တိုက်မိသော အသံတစ်ခု ထွက်ပေါ်လာပြီး ၊ ဝမ်ခိုင်းဟယ်သည် ဓားသည် လေထဲတွင် တောင့်တောင့်ကြီး ဖြစ်သွားသည်။
သူတို့နှစ်ဦး၏ ဝတ်ရုံများသည် လေ၏အဟုန်ကြောင့် ပြင်းထန်စွာ တိုးဝှေ့မခံခဲ့ရပါက ၊ ဤပုံရိပ်သည် ပုံပန်းချီကား တချပ်ဟု အားလုံး ယူဆရပေတော့မည် ။
စူးချန်ကဲသည် သူ၏ ညာလက်နှစ်ချောင်းဖြင့် ဝမ်ခိုင်းဟယ်၏ ဓားကို ညှပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဤအခိုက်တန့်တွင် သူ၏ဘယ်လက်သည် နောက်ကို ပစ်ထားဆဲပင် ဖြစ်ပြီး ၊ သူ၏ မျက်နှာမှာ တည်ငြိမ်လှပေသည်။
‘ဘုရား ဘုရား “
အားလုံး မျက်လုံးပြူးသွားကြပြီး သက်ပြင်းချလိုက်ကြသည်။
ဒီလောက် အားပြင်းတဲ့ တိုက်စစ်ကို ဒီလို လွယ်လွယ်လေး တားစီးလိုက်တယ်တဲ့လား?
လက်နှစ်ချောင်းတည်းနဲ့လေ !
“ မင်း၊ အရမ်း ပျော့တာပဲ “
ဝမ်ခိုင်းဟယ်လည်း အံ့အားသင့်ရာမှ သတိပြန်ကပ်လာခဲ့ပြီ ဖြစ်သည်။
သူ ဆွဲထုတ်လိုက်တဲ့ ဓားက ခုလို ဆက်ဆံခံလိုက်ရတယ်တဲ့လား !
စူးချန်ကဲ၏ လက်နှစ်ချောင်းသည် တင်းကျပ်စွာ ညှပ်ကိုင်ထားသည်မှာ သူ လုံးဝကို လှုပ်မရချေ။
“ဘုန်း!”
စူးချန်ကဲ၏ ညာခြေထောက်သည် သူ၏ရင်ဘက်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
လေထဲတွင် ဗုံးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ပြင်းထန်သော စွမ်းအားသည် သူ့ကို ပျံ့လွင့်သွားစေခဲ့ပြီး ၊ အဝေးတစ်နေရာသို့ ပစ်ကျသွားကာ မြေပြင်ပေါ်တွင် လူးလိမ့်ခဲ့ရသည်။
အားတောင် ထည့်မထားတဲ့ ဒီကန်ချက်လေးနဲ့တင် !
ရိုးရိုးတန်းတန်း ထင်ရသည့် ထိုကန်ချက်သည်
တဖက်လူ မည်မျှပင် ခုခံ ကာကွယ်နေပါစေ
ခံကိုခံရမည်ပင် ။
ဝမ်ခိုင်းဟယ်သည် ညည်းတွားလိုက်ပြီး သူ့ပါးစပ်ထဲက သွေးများကို အန်ထုတ်လိုက်သည်။သူသည် ဒဏ်ရာအပြင်းအထန် ရသွားပုံ ရပေသည်။
သူသည် မြေပြင်မှ ထရန် အကြိမ်ကြိမ် ကြိုးစားလိုက်သော်လည်း ရှုံးနိမ့်ခဲ့ရသည်။
သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အရင်က ရှိခဲ့သော လူတတ်ကြီး ဟန်ပန်မျိုး မရှိတော့ဘဲ ရှက်ရွံ့စွာဖြင့် စူးချန်ကဲကို ငုတ်တုတ်ကြီး စိုက်ကြည့်နေလေ၏။
" ငါ ဆက်ခံသူနဲ့ မင်းနဲ့ ဘာကွာလဲ ဆိုတာ မင်းသိလား?"
စူးချန်ကဲ၏ မျက်လုံးထဲတွင် စာနာစိတ် ကင်းမဲ့စွာဖြင့် ဝမ်ခိုင်းဟယ်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
တစ်ဖက်လူသည် အစကတည်းက သူ့ကိုယ်သူ အထင်ကြီးနေမှတော့ ဒါဆို သူသည်
သူဘာလဲဆိုတာ သိအောင် ကောင်းကောင်းကြီး ပြင်ဆင်ကာ ပြရပေတော့မည် ။
အပိုင်း(၁၂) : ထောင်ပေါင်းချီသော ဓားများ ကြွေးကြော်နေကာ ၊ ဓားစွမ်းအင်သည် ကောင်းကင်ကို ဖောက်ထွင်းသွားသည်
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။ထိုမြင်ကွင်းကို တွေ့လိုက်ရသူတိုင်း ကြောင်အမ်းသွားလေသည်။
ဝမ်ခိုင်းဟယ်၏ အစွမ်းထက်သော ဓားအလျင်မှာ လက်ချောင်းနှစ်ချောင်းနဲ့တင် အလွယ်တကူ ဖြေရှင်းခံလိုက်ရသည်။
ထို့အပြင် ရိုးရိုးတန်းတန်း ကန်ချက်လေး တစ်ခုနဲ့တင် ပွဲမှာ အဆုံးသတ်သွားခဲ့လေပြီ ။
ဖြစ်စဥ်တစ်ခုလုံး နှောင့်နှေးကြန့်ကြားခြင်း မရှိ ပြီးဆုံးသွားခဲ့သည်။
“သာ့သောက်ကျစ်ကျန် ၊ ဒါက ဒဏ္ဍာရီထဲက သာ့သောက်ကျစ်ကျန် ဆိုတာပဲ ! “
T/N - သာ့သောက် ကျစ်ကျန် ဆိုတာက အတိုချုပ် ရှင်းပြရရင် ၊ လောကကြီးမှာ ရှိတဲ့ ရှုပ်ထွေးတဲ့ နိယာမတွေကို လွယ်လင့်တကူ ဖြေရှင်းနိုင်လိုက်တာကို ဆိုလိုတာပါ ။
“ ဆက်ခံသူရဲ့ ရုပ်ပိုင်းဆိုင်ရာ ပါရမီက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ ၊လက်နှစ်ချောင်းနဲ့တင် သူ့ရဲ့ စွမ်းအားက ငါတို့ထင်ထားတာထက် ပိုတယ် ! “
“ ဆက်ခံသူ လူကြီးမင်းက ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဆိုတာ ငါ သိနေတယ် ! “
ယွင်ရှင်းယန်၏ လှပသော မျက်ဝန်းများမှာ ဝင်းလက်တောက်ပလို့ နေ၏။စူးချန်ကဲ၏ စွမ်းအားမှာ သူမ မျှော်လင့်ထားတာထက် ကျော်လွန်သည်မှာ အသေအချာပင် ဖြစ်သည်။
စူးချန်ကဲကတော့ ဘေးက လူများ၏ မှတ်ချက်များကို ဂရုမစိုက်ဟန်ဖြင့် ၊ ထို့အပြင် အရမ်း ပျင်းရိနေပုံ ပေါ်သည်။
သူသည် အစောကတည်းက ဓား၏ ရည်ရွယ်ချက်နှင့် ဓားစွမ်းအင်တို့ကို ယဥ်ပါးနေပြီး ဖြစ်သည်။ထို့ကြောင့် စောနက ဓားချက်သည် သူ့အတွက်တော့ ရယ်စရာ ကောင်းနေခဲ့သည်။
အပေါ်ယံအားဖြင့် ပါးနပ်သည်ဟု ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် အဓိကနှင့် လွဲနေခဲ့သည်။
တခွန်းတည်း နားလည်အောင် ဆိုရလျှင်ဖြင့် ၊
သယ်အယ်သီးများလိုပဲ အပေါ်ယံလှပြီး အထဲမှာတော့ သုံးစားမရသော အရာပင် ဖြစ်သည်။
“မင်း ငါ့ကို စိတ်ပျက်အောင် လုပ်ခဲ့တာပဲ ၊ ဒီရဲ့ ဓားသိုင်းလောက်နဲ့ မင်းကိုယ်မင်း ကွေးယွမ်ရဲ့ အတော်ဆုံး ဓားသမားတဲ့လား? တကယ်ကို အရည်အချင်း မရှိလိုက်တာ “
စူးချန်ကဲသည် ဘာမှမထူးခြားသော လေသံဖြင့် ဆိုလိုက်သည်။
“ဟွန့် စူးချန်ကဲ မင်းမှာ ထူးခြားတဲ့ ကိုယ်ထည် ပိုင်ဆိုင်ထားလို့သာ ခုလိုကြောက်ဖို့ကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ရှိနေတာ ! “
“ မင်းက ငါ့ရဲ့ဓားသိုင်းပညာကို အရည်အချင်း မရှိဘူးလို့ ပြောရလောက်အောင် ၊ မင်းရော ဓားသိုင်းပညာနဲ့ ပတ်သတ်ပြီး ဘာနားလည်လဲ ၊ အဲ့လိုပြောရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ?”
ထိုအခိုက်အတန့်တွင် ဝမ်ခိုင်းဟယ်သည် လဲနေရာမှ ထလာခဲ့ပြီး ၊ ခေါင်းမာစွာဖြင့် သူ့ကြည့်ရတာ အတော်လေး မကျေနပ်နေပုံ ရပေသည်။
စူးချန်ကဲက ခပ်ဖျော့ဖျော့ ရယ်လိုက်ကာ တဖက်သူကို သနားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါ ဓားသိုင်းပညာနဲ့ ပတ်သတ်ပြီး ဘာမှမသိဘူးတဲ့လား? “
“ တောထဲမှာပဲ ပျံသန်းနိုင်တဲ့ ဌက်ပေါက်စက ၊
ကောင်းကင်တစ်ခွင်ကို ပျံသန်းနေတဲ့ လင်းယုန်ဌက်ကို ဒီလို အဓိပ္ပာယ်မဲ့တဲ့ စကားတွေနဲ့ ပြောစရာလား? “
သူ့ကို ဌက်ပေါက်စနှင့် နှိုင်းပြောလိုက်သော စူးချန်ကဲ၏ စကားကြောင့် ဝမ်ခိုင်းဟယ်၏ မျက်နှာမှာ ပို၍ ဆူပုတ်သွားလေသည်။
“ ဆက်ခံသူရဲ့ နှုတ်စကားစွမ်းရည်က အတော်ကို အရည်အချင်း ရှိတာပဲ ! သိပ် ရယ်ဖို့ ကောင်းတာပဲ ! “
“ ကောင်းပြီလေ ၊ မင်းက အဲ့လောက်ထိ မကျေနပ်နေတော့လည်း “
“ ဒါဆို ၊ ဒီနေ့ ငါ ဆက်ခံသူ မင်းကို သိစေရမယ် ၊ တကယ့် ဓားစွမ်းရည်က ဘယ်လိုလဲဆိုတာကို ! “
စူးချန်ကဲသည် သူ၏ စကားကို အဆုံးသတ်လိုက်သည်နှင့် တပြိုင်နက် သူ၏ မျက်ဝန်းများသည် ရုတ်ချည်းဆိုသလို စူးရှသော မျက်ဝန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်နှင့် မြေကြီးကြားက ပြင်းထန်သော ဓားဝိညာဥ် တစ်ခုသည် ပဒုမ္မာ ကြာပန်းပွင့်လာသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ၊ အနီရောင် ဓားစွမ်းအင် တစ်ခုနှင့် အပြာရောင် ဓားစွမ်းအင်တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
အနီရောင် ဓားစွမ်းအင်သည် အရာအားလုံးကို
လောင်ကျွမ်းစေမည့် ပြင်းထန်သော နေရောင်ခြည်ကဲ့သို့ပင်။
အပြာရောင်ဓားစွမ်းအင်သည် ထာဝရ အေးခဲသွားစေမည့် ထာဝရ ဆီးနှင်းခဲစွမ်းအားကဲ့သို့ပင်။
ပြင်းထန်သော ဓားစွမ်းအင်နှစ်ခုသည် အဆက်မပြတ် ရောစပ်နေပြီး အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်နေသည်။
ယင်း နဲ့ ယန် မွေးဖွားလာသည့်အတိုင်း ၊ ဓားစွမ်းအင်သည် ဤကမ္ဘာကြီး၏ ယင်း ယန် ကို
ကန့်လန့်ဖြတ်သွားခဲ့သည် ။
“ဘုရားရေ ဒီရဲ့ ဓားစွမ်းအင်က? “
“ ဆက်ခံသူ လူကြီးမင်းက ဓားစွမ်းအင်ကို အမှန်တကယ် ကျွမ်းကျင်တာပဲ ၊ဒါက သာမန်ဓားစွမ်းအင် တောင် မဟုတ်ဘူး ! “
“ ဒီရဲ့ပုံစံကို ကြည့်ရတာ မီးစွမ်းအင်နဲ့ ဆီးနှင်းခဲ စွမ်းအင်လိုပဲ ! ဒါ မဖြစ်နိုင်ဘူး ! မတူညီတဲ့ စွမ်းအင်နှစ်ခုက သဘာဝကို ဆန့်ကျင်ပြီး တဖက်တချက်မှာ တည်ရှိနေတာ ! “
“ ဒါ ဘာလို့ မဖြစ်နိုင်ရမှာလဲ?ဆက်ခံသူရဲ့ ပါရမီက ဒီလောကကြီးရဲ့ သဘာဝတရားထက် သာလွန်တယ်လေ ! “
ဒါတင် မပြီးသေးပေ။စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ကောင်းကင်ကို ပျံတတ်မည့်အလား ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ယံထက်က ကြယ်ကိုးစင်းကို ဖြတ်ကာ အဇဠာကောင်းကင်ထိတောင် ဖောက်ထွင်းတော့မည့်အလား။
နတ်သတ်ဓားသည် နတ်ဆိုးများကို သတ်ရန် ရည်ရွယ်ထားသောကြောင့် နတ်ဆိုးအကြောင်းကို တွေးလိုက်ရုံဖြင့် ဓားသည် သူ့အလိုလို ရှာဖွေပေလိမ့်မည် ။
“ထစမ်း!”
စူးချန်ကဲသည် ဓားကို အမိန့်ပေးရန် သူ၏ ညာလက်ကို အသုံးပြုလိုက်သည်။ထို့နောက် သူသည် ကောင်းကင်ကို ညွှန်ပြလိုက်ရာ သူ့လက်မှ ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ဘုံသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့လေသည်။
ကောင်းကင်ယံထက်ရှိ အခြေအနေများမှာပြောင်းလဲသွားခဲ့သည်။
ဤကမ္ဘာကြီးကို ဖျက်စီးနိုင်သည့် ကြောက်စရာကောင်းသော ဓားစွမ်းအင်သည် တစ်လောကလုံးကို ဖျက်စီးနိုင်သည့် အရှိန်နှုန်းဖြင့် လေထဲကနေ ဆင်းသက်လာခဲ့သည်။
ဝီ ဝီ !
ဓားသင်္ချိုင်းဂူထဲရှိ မရေတွက်နိုင်သော ရှေးဟောင်းဓားများ၏ ဓားသံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။
ဖွားမြင်လာသော ဘုရင်တစ်ပါး အပေါ် သစ္စာခံယူနေသကဲ့သို့ ရှေးဟောင်းဓားများ၏ ကြွေးကြော်သံသည် ချောက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
“ ဒီချောက်နက်ကြီးထဲ မြှုပ်နှံထားတဲ့ ဓားတွေ ခုလို ထကြွလာတာကို တခါမှ မမြင်ဖူးဘူး!”
“ ဆက်ခံသူရဲ့ ဓားစွမ်းရည်က ဒီလောက်တောင်
အစွမ်းထက်တာ !တကယ်ကို မယုံကြည်နိုင်စရာပဲ ! “
“ ရှေးဟောင်းဓားက ကိုယ့်ကို အသိအမှတ်ပြုမှသာလျှင် ခုလိုအသံ ထွက်ပေါ်တာ ၊ ခုကြည့်ရတာ ရှေးဟောင်းဓား အကုန်လုံးက ကြွေးကြော်နေကြတာပဲ ! “
“ မဟုတ်သေးဘူး ! ရှေးဟောင်းဓားရဲ့ အသိအမှတ်ပြု ခံရတယ်ဆိုတောင် ၊ သူတို့ရဲ့ ဓားသံက အရမ်းတိုးတယ် ၊ ဒါပေမဲ့ ဒီတစ်ခေါက်ရဲ့ ဓားရဲ ကြွေးကြော်သံတွေက အရမ်း ကျယ်လွန်းတယ် ၊ ကြည့်ရတာ သူတို့ အရမ်းကို စိတ်လှုပ်ရှားနေကြတာပဲ ! “
ထောင်ပေါင်းများစွာသော ဓားတို့သည် တညီတညာတည်း ကြွေးကြော်နေကြပြီး ဓားစွမ်းအင်သည် ကောင်းကင်ကိုတောင် ထိုးဖောက်သွားလေသည်။
ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ဓားစွမ်းအင်ကြောင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ အကြီးအကဲများတောင် တုန်လှုပ်သွားခဲ့ရသည်။
တပည့်များဆိုရင်ဖြင့် မျှော်တောင် မကြည့်ဝံ့ပေ။ထိုမျှကြောက်ဖို့ကောင်းသော ဓားစွမ်းအင်သည် သူတို့၏ နှလုံးကို ကြွေကွဲအောင် ပြုစားနေသလိုပင်။
ဘုန်း !
အတားအစီးမဲ့စွာ ချီတတ်သွားသော ဓားစွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကိုတောင် တုန်လှုပ်သွားစေခဲ့သည်။
နောက်ဆုံးတွင် ၊ စူးချန်ကဲသည် သူ့လက်ညိုးကို အောက်သို့ ချလိုက်ရာ ၊ ထိုမှသာလျှင် ကြောက်ဖို့ကောင်းသော ဓားစွမ်းအင်သည် ဖြေးဖြေးချင်း ပျောက်ကွယ်သွားတော့သည်။
သို့သော် ကောင်းကင်နှင့် မြေကြီးကြားတွင် ရှိနေဆဲဖြစ်သော ဓားတစ်လက်သည် အရင်အတိုင်း ကြောက်စရာကောင်းနေဆဲပင် ဖြစ်သည်။
နောက်ဆုံးတွင်မူ ၊ လူအားလုံး သက်ပြင်းရှည်ကြီး ချနိုင်ခဲ့ပြီ ဖြစ်သည်။လူတချို့မှာ ယခုထက်ထိ ချွေးအေးများ ထွက်နေဆဲပင် ဖြစ်သည်။သူတို့အတွက်တော့ ကြောက်စရာကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။
လူတော်တော်များများ စူးချန်ကဲကို မကြည့်ဝံ့ကြပေ။
သူတို့၏ အမြင်တွင် ၊ဆက်ခံသူသည် ဓားအမတ တစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။ သူ၏ စွမ်းအားကို သူတို့လို သာမန်လူသားများ အနေဖြင့် စော်ကားပြောဆိုခြင်း မပြုဝံ့ပေ။
“ ငါ ဓားသိုင်းနဲ့ ပတ်သတ်ပြီး အပေါ်ယံ ဗဟုသုတ တချို့ကိုပဲ လေ့လာရသေးတယ်၊ အားလုံးကို ဟာသဖြစ်စေမိပြီ “
စူးချန်ကဲသည် ရှက်မိသော အမူအယာဖြင့် ဆိုလိုက်သည်။
အားလုံး သွေးအန်မတတ် ဖြစ်ခဲ့ရသည်။စူးချန်ကဲ မောက်မာနေတာကမှ သူတို့အတွက် လက်ခံနိုင်ဦးမည် ။
ခုလို ပြောလိုက်တော့ သူတို့အားလုံးက အမှိုက်ဖြစ်မသွားဘူးလား?သို့ဆိုတောင် သူတို့ အားလုံး ထိုအချက်ကို မငြင်းနိုင်ပေ။
စူးချန်ကဲသည် ဝမ်ခိုင်းဟယ်ကို ပြုံးလျက် ကြည့်လိုက်သည်။
“ ငါပြောပါတယ်၊ မင်းက အားနည်းသေးတယ်လို့ ၊ အခု ငါ မင်းကို လက်တွေ့ပြပြီးပြီ ၊ ဒါပေမဲ့ ၊ ငါအခု ခံစားမိတာက မင်းက ငါ အားနည်းပါတယ် ဆိုတဲ့ထက်ကို ပိုပြီး အားနည်းနေသေးတာပဲ “
“မင်း ... “
ဝမ်ခိုင်းဟယ် တစ်ယောက် စကားမဆုံးခင် သူ့ပါးစပ်ထဲက သွေးများ အန်ထွက်လာခဲ့သည်။
ဝမ်ခိုင်းဟယ်၏ ရင်ဘက်တစ်ခုလုံးမှာ ဗြောင်းဆန်နေပြီး၊ မျက်ဖြူစိုက်ကာ နေရာမှာတင် ရုတ်ချည်း မူးမေ့လဲသွားတော့သည်။
“တကယ်လို့ ဆက်ခံသူသာ သူ့ရဲ့ ဓားစွမ်းအင်ကို အသုံးပြုလိုက်ရင်၊ ဝမ်ခိုင်းဟယ်တစ်ယောက် ခုချိန် အမှုန့်ဖြစ်သွားလောက်မလား?”
“ သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်နဲ့ ဓားသမား ၊ တကယ်ကို မကြားဖူးတဲ့အရာပဲ !”
အားလုံး မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ပြီ ဖြစ်သော ဝမ်ခိုင်းဟယ်ကို ကြည့်လိုက်ကြသည်။
သနားစိတ်လေး ကိုယ်စီကိုယ်စီဖြင့် ။
ဒီရဲ့ မြင်ကွင်းက အားလုံးရဲ့ စိတ်ထဲ စွဲသွားလောက်ရောပေါ့ ။
သူတို့အနေဖြင့် တစ်ခွန်းပဲ ပြောနိုင်သည်။ ဤသည်မှာ သူတို့၏ ဆက်ခံသူမှာ အတော်လေး ကြောက်ဖို့ကောင်းပေသည်။
တချိန်တည်းမှာပင် ၊ ကွေးယွမ် ဘိုးဘေး နယ်မြေတွင် ရှိသော ဘိုးဘေးများသည်လည်း အကြားအမြင်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။
“ ချန်ကဲရဲ့ ဓားစွမ်းရည်က တကယ်ကို ထူးခြားတာပဲ ၊ယင် နဲ့ ယန်က ဆန့်ကျင်ဘက်အရာနှစ်ခုဆိုတာ သိဖို့ လိုအပ်တယ်၊ဒါပေမဲ့ သဘာဝ တရားရဲ့ စည်းမျဥ်းကို ဖောက်ဖျက်ပြီး တချိန်တည်းမှာတင် သူ့ရဲ့ ထိန်းချုပ်ခြင်းကို ခံလိုက်ရတယ် “
“ဟားဟားဟား ၊ ချန်ကဲက ငါတို့ကို တစ်ကြိမ်မက အံ့သြစရာတွေ ပေးခဲ့တာပဲ ၊ အဓိပ္ပာယ် ရှိပါပေတယ် ! “
ဖော့ကျွင်းဘိုးဘေးသည် ကျေနပ်အားရစွာ ဆိုလိုက်သည်။
သူတော်စင် မိန်းကလေးကို လက်ခံကာ၊ တတိယမြောက် သူတော်စင် ကို အနိုင်ယူခဲ့ပြီးနောက် စူးချန်ကဲ၏ အာဏာမှာ နေရာရလာခဲ့သည်။
ပထမမြောက် ဘိုးဘေးသည် စဥ်းစားနေမိသည်။သူသည် ဓား၏ စွမ်းရည်ထက် ဓား၏ ရည်ရွယ်ချက်ကို ပိုပြီး သတိထားမိနေသည်။
“ ဒီဓားရဲ့ ရည်ရွယ်ချက်မှာ အမတနယ်မြေရဲ့ အငွေ့အသက်တွေ ရှိနေတယ် ! “
“ ချန်ကဲ ၊ မင်းမှာ လျိူ့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာတုန်း?”
ပထမမြောက် ဘိုးဘေး၏ မျက်ဝန်းများမှာ လေးနက်နေခဲ့သည်။သို့သော်လည်း သူသည် များများစားစား မစဥ်းစားခဲ့ပေ။ စူးချန်ကဲသည် သူတို့ ကွေးယွမ် နယ်မြေ၏ ဆက်ခံသူ ဖြစ်နေသ၍ ဤအချက်နဲ့တင် လုံလောက်ပြီ ဖြစ်သည်။
အပိုင်း(၁၃) : အတွေးကောင်းလွန်းသော သူတော်စင်မလေး
ကွေးယွမ်ဘုရားကျောင်းဆီသို့ စူးချန်ကဲ ပြန်ရောက်လာချိန်တွင် အချိန်မှာ ညနေစောင်းနေခဲ့ပြီ ဖြစ်သည်။
ယွင်ရှင်းယန်လည်း ကသိကအောက်ဖြင့် တစ်ပါးတည်း လိုက်ပါလာခဲ့သည်။
“ တကယ်လို့ ဆက်ခံသူ ကျွန်မကို လုပ်ခိုင်းစရာများ ရှိရင် ၊ ကျွန်မ မငြင်းဆိုပါဘူး “
ပြောရင်းတန်းလန်း ၊သူမ၏ မျက်နှာလေးမှာ နီမြန်းလို့ နေသည်။
ကွေးယွမ်ဘုရားကျောင်းခန်းမထဲကို လှမ်းကြည့်လိုက်ရာ ၊ သူမရှေ့က မြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အတွင်းဘက်တွင် မည့်သည့် ပရိဘောဂမှ မရှိဘဲ ၊ ကျင့်ကြံရာတွင် အသုံးပြုသည့် အဖိုးတန် ပစ္စည်းများသာ ရှိသည်။အနည်းဆုံး ကုတင်တောင်မှ ရှိမနေခဲ့ပေ။
ဆက်ခံသူ ဘယ်လိုများ အနားယူတုန်း?
တစ်ဖက်လူ၏ မူမမှန်သည့် အခြေအနေကို စူးချန်ကဲလည်း သတိထားမိပေသည်။
သူ့ဘက်က ဘာမှတောင် မပြောရသေးခင် ယွင်ရှင်းယန်က တောက်ပသော အကြည့်များဖြင့် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
“ဆက်ခံသူ ၊ ရှင် တချိန်လုံး ကျင့်ကြံအားထုတ်နေတယ် ဆိုတာကို ကျွန်မ သိတယ် ၊ အဆင့်မြင့် တာအိုလမ်းစဥ်ကို ကျင့်ကြံနိုင်ဖို့ ၊ခုလို အာရုံပျက်စေမယ့် အရာတွေကို စွန့်လွှတ်ထားတာပဲ ၊
ဒီလိုမှသာ သာ့သောက် ကျစ်ကျန်ကို လုပ်နိုင်မှာပဲ “
T/N - သာ့သောက် ကျစ်ကျန် ဆိုတာက အတိုချုပ် ရှင်းပြရရင် ၊ လောကကြီးမှာ ရှိတဲ့ ရှုပ်ထွေးတဲ့ နိယာမတွေကို လွယ်လင့်တကူ ဖြေရှင်းနိုင်လိုက်တာကို ဆိုလိုတာပါ ။
“ဆက်ခံသူ လူကြီးမင်းရဲ့ သင်ပြမှုကို ကျေးဇူးတင်ပါတယ် ၊ကျွန်မ ယွင်ရှင်းယန် အများကြီး သင်ယူခဲ့ရပါတယ် ! “ဟု ဆိုကာ
ယွင်ရှင်းယန်သည် ခေါင်းငုံ့လျက် စူးချန်ကဲအားရိုသေစွာ ဦးညွှတ်လိုက်သည်။
စူးချန်ကဲတစ်ယောက် မျက်မှောင်ကြုတ်သွားလေသည်။
ဒီကလေးမ ဘာတွေလျှောက်ပြောနေပြန်တာတုန်း?
ဘယ်ကနေ သင်ပြလိုက်လို့တုန်း?
သို့သော် သူသည် ဆက်ခံသူ တစ်ဦး ဖြစ်သောကြောင့် ၊သူသည် အဆင့်အတန်း မြင့်မားသည့် ပုံရိပ်ဖြင့် ပြည့်စုံနေရမည် ဖြစ်သည်။သို့ဖြစ်၍ စူးချန်ကဲသည် အားရကျေနပ်နေသည့် ဒီဇိုင်းဖြင့် ဟန်ဆောင်ကာ ဆိုလိုက်သည်။
“ မဆိုးဘူး ၊ ကြည့်ရတာ မင်းက သဘောပေါက်လွယ်တယ် “
ဆက်ခံသူသည် သူမအပေါ် ချီးကျူးလိုက်သည်ဟု ယူဆကာ အလွန်သဘောကျသွားသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“ ဆက်ခံသူရဲ့ သတိပေးမှုအပေါ် ကျေးဇူးတင်ပါတယ် ၊ ရှင်းယန် ဆက်ခံသူကို စိတ်မပျက်စေရပါဘူး ! “
စူးချန်ကဲသည် ရှိုက်ကြီးတငင် ပြုံးကာ ခေါင်းယမ်းလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ၊ဤအရာများသည် သူဖန်တီးတာ မဟုတ်ဘဲ တဖက်လူ၏ ဦးနှောက်ထဲက ထွက်လာသော အရာများပင် ဖြစ်သည်။
စူးချန်ကဲသည် ဖျာပေါ်တွင် တင်ပြင်ခွေ ထိုင်လိုက်သည် ။သူ၏ ဝိညာဥ်စွမ်းအားများကို စတင်လှုံဆော်လိုက်ပြီးသည်နှင့် ၊ ကျင့်ကြံအားထုတ်ရန် လုပ်ဆောင်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအား စုဆောင်းခြင်း ကောင်းကင်အင်းကွက်ကြောင့်ပင် ဖြစ်သည်။ဤနေရာတွင် ဒီကမ္ဘာပေါ်ရှိ ဝိညာဥ်စွမ်းအားများစွာ စုဝေးလျက် ရှိသည်။ ကွေးယွမ် ဘုရားကျောင်း၏ ဝိညာဥ်စွမ်းအားများမှာ နှိုင်းယှဥ်လို့ မရနိုင်သည့်အထိ အားကောင်းပေသည်။
[T/N - အခန်း၄ တုန်းက system ရွေးချယ်ခြင်းကနေ ရခဲ့တဲ့အရာပါ ]
အကန့်သတ်မဲ့သော ဝိညာဥ်စွမ်းအားများသည် ယွင်ရှင်းယန်၏ ခန္ဓာကိုယ်ထဲထိ ဝင်ရောက်လျက် ရှိသည်။
ယွင်ရှင်းယန်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ထို့နောက် သူမသည် အခြေအနေကို သတိထားမိကာ ပြင်းထန်စွာ တုံ့ပြန်လာခဲ့သည်။သူမသည် အလွန်တုန်လှုပ်နေသော အမူအယာဖြင့် စူးချန်ကဲအား ဦးညွှတ်လျက် ဆိုလိုက်သည်။
“ဆက်ခံသူ ကျွန်မကို ဂရုတစိုက်နဲ့ ဝိညာဥ်စွမ်းအားတွေကို ခုလို လွဲပြောင်းပေးနေတာ ၊ ကျွန်မ ဆက်ခံသူရဲ့ မျှော်လင့်ချက်ကို စိတ်မပျက်စေရပါဘူး ! “
“ ကြိုးစား ရှင်းယန် ! ငါ မင်းကို ဒီလောက်ထိ ဂရုစိုက်ပေးနေတာ မင်း ငါ့ကို စိတ်ပျက်အောင် လုပ်စရာလား?”
ကျင့်ကြံမှုထဲတွင် နစ်မြုပ်နေခဲ့သော စူးချန်ကဲသည် တကယ်တန်းတော့ ထိုအကြောင်းနဲ့ ပတ်သတ်ပြီး သူ ဘာမှမသိခဲ့ပေ။
သူ့ဟာသူ လေ့ကျင့်နေတာ ဘယ်နှယ် ကျေးဇူးတွေ တင်ခံနေရတာတုန်း?
တချိန်တည်းမှာပင် ၊ ကွေးယွမ်နယ်မြေ၏ အထွပ်အမြတ် တောင်တွင် ၊
ဝမ်ခိုင်းဟယ်သည် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။သူသည် သူ့ကိုယ်ပိုင်အခန်းထဲတွင် လဲလျောင်းနေခဲ့သည်။
“ ငါ ဘယ်လိုလုပ်ပြီး ဒီရောက်နေတာတုန်း?”
“ နိုးပြီလား? ဘယ်လိုနေသေးတုန်း”
သူ့အတွက် ရင်းနှီးနေခဲ့သော အသံတစ်သံကို ကြားလိုက်ရသည်။၎င်းသည် ထိပ်တန်း အကြီးအကဲ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို သူ့ဆရာ ဆိုလည်း ဟုတ်ပေသည်။
“ခိုင်းဟယ် ၊ ပြိုင်ပွဲကနေ တစ်ခုခု သင်ယူတတ်မြောက်ခဲ့ပြီလား? “
ဝမ်ခိုင်းဟယ်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ဖြစ်ပျက်ခဲ့သော မြင်ကွင်းများကို တဖန် ပြန်မြင်ယောင်လာချိန်မှာတော့ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။
“စူးချန်ကဲ၊ သူ့ရဲ့ သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်ကြောင့်သာပေါ့၊ ဘာတွေ ကြက်ကန်းဆန်အိုးတိုးပြီး ဓားရဲ့ ရည်ရွယ်ချက်ကို နိုးထစေခဲ့လဲတော့ မသိဘူး!”
“ ကျွန်တော်လည်း သူ့လို ရရင် ၊ ကျွန်တော်လည်း လုပ်နိုင်မှာပဲ “
“ တော်စမ်း ! “
ထိပ်တန်း အကြီးအကဲက အော်ငေါက်လိုက်သည်။
“ခိုင်းဟယ် ! မင်း ဘယ်တုန်းက ခုလိုပုံစံ ဖြစ်လာခဲ့တာလဲ!? ရှုံးနိမ့်ခြင်းက ကြောက်စရာ မဟုတ်ဘူး ၊ အားနည်းတဲ့သူကို အရှက်ခွဲခြင်းကသာ ရွံ့ဖို့ကောင်းတာ ! “
ရှုံးတာတောင် ခုထိ အမြင်မှန်မရသေးသော တပည့်ဖြစ်သူကို ကြည့်ရင်း စိတ်ပျက်နေမိသည်။ဒါတင်မက ၊ ခုလို အဓိပ္ပာယ်မဲ့တဲ့ အတွေးမျိုးကိုတောင် တွေးနေသေး၏။
ဝမ်ခိုင်းဟယ်က မကျေနပ်သော လေသံဖြင့် ထပ်ဆိုလိုက်သည်။
“ စူးချန်ကဲ သူကိုက.. “
ဖြန်း!
ထိပ်တန် အကြီးအကဲ ဆရာထံမှ ပါးရိုက်သံတချက် ထွက်ပေါ်လာခဲ့သည်။
“ အတင့်ရဲလိုက်တာ! ၊ စူးချန်ကဲက ငါတို့ ကွေးယွမ်နယ်မြေရဲ့ ဆက်ခံသူပဲ ! နင် တချိန်လုံး သူ့ရဲ့ နာမည်ရင်းကို ခေါ်နေတာ ၊ မင်း ကွေးယွမ် နယ်မြေရဲ့ သူတော်စင် ဟုတ်ရောဟုတ်သေးလား ?”
ထိုဒေါသသံသည် ဝမ်ခိုင်းဟယ်ကို ငြိမ်ကျသွားစေခဲ့သည်။
ချက်ချင်းဆိုသလို ၊ ကြောက်ဖို့ကောင်းသော ဝိညာဥ်စွမ်းအားသည် လူကိုတောင် ကြောက်ရွံ့သွားစေခဲ့သည်။
ဝမ်ခိုင်းဟယ်လည်း စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ခါတိုင်း သူ့အပေါ် အလိုလိုက်ခဲ့တဲ့ ဆရာက ခုသူ့ကို ရိုက်လိုက်တယ်တဲ့လား? !
ဆရာဖြစ်သူ၏ အေးစက်သော အကြည့်များကို
သူ တချက် ကြည့်လိုက်သည်။ဆရာဖြစ်သူသည် တကယ်ကို လေးနက်စွာ ပြောဆိုနေမှန်း ဝမ်ခိုင်းဟယ် သိလိုက်သည်။
ထို့ကြောင့် ကမန်းကတန်း ခေါင်းငုံ့လျက် ဆိုလိုက်သည်။
“တပည့် ရုတ်တရက်ကြီးဖြစ်သွားလို့ပါ ၊ ဆရာ
တပည့်ကို အပြစ်မမြင်ပါနဲ့ “
“ ခိုင်းဟယ် ၊ မင်းရဲ့ လက်စားချေချင်တဲ့စိတ်ကို စွန့်လွှတ်ဖို့ ငါ အကြံပေးလိုက်မယ် ၊ မဟုတ်ရင်
ဆက်ခံသူက မင်းကို အတည်ပေါက် တိုက်ခိုက်လိမ့်မယ် ၊ အဲ့ကြ ဆရာလည်း မင်းကို မကယ်နိုင်တော့ဘူး ! “
“ကွေးယွမ်ရဲ့ ဘိုးဘွားတွေ အကုန်လုံး အစကတည်းက သဘောတူပြီးခဲ့ပြီ ၊ ဒီကွေးယွမ် သူတော်စင် နယ်မြေတစ်ခုလုံး ဆက်ခံသူ အလိုအတိုင်း လုပ်ဆောင်ရမယ်လို့ ! “
“ မင်း တကယ်လို့ သူနဲ့ ထိပ်တိုက်တွေ့နေဦးမယ် ဆိုရင် ၊ မင်းရဲ့ သူတော်စင် ဆိုတဲ့ နေရာ ပျောက်သွားလိမ့်မယ် ၊ သူ့အနေနဲ့ မင်းကို ဘာမှ တကူးတက လုပ်နေစရာတောင် မလိုဘူး ၊ မင်း သူများ ဖိနှိပ်တာကို ခံရလိမ့်မယ် ! “
ဝမ်ခိုင်းဟယ်အပေါ် ကောင်းစေလိုသော စေတနာဖြင့် တစ်ခဏကြာအောင် နားချပြီးချိန်မှာတော့ ၊ ထိပ်တန်း အကြီးအကဲ ဆရာ၏ ဒေါသ အရှိန်မှာ ပြေလျော့သွားခဲ့ပြီ ဖြစ်သည်။
ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လေးနက်စွာ ထပ်ဆိုလိုက်သည်။
“ တပည့်လေး၊ ဒီဆရာက မင်းကို ကောင်းစေချင်လို့ ပြောနေတာ ၊ ဆက်ခံသူရဲ့ ကိုယ်ထည်က တခြားပါရမီရှင်တွေထက် ပိုပြီး သာတယ်၊
သူက ကောင်းကင်ဘုံက ချီးမြှင့်ထားတဲ့ ကံကြမ္မာနဲ့ အတူ မွေးဖွားလာခဲ့တာ “
ဝမ်ခိုင်းဟယ် အံ့အားသင့်သွားခဲ့သည်။
ကောင်းကင်ဘုံက ချီးမြှောက်ထားသော ကံကြမ္မာနှင့် အတူ မွေးဖွားလာသူသည် နောက်တချိန်တွင် အကန့်အသတ်မဲ့ စွမ်းအားနှင့်အတူ
ကောင်းကင်ယံထက်တွင် ပျံ့သန်းမည့် စစ်မှန်သော နဂါးတစ်ကောင်ဟု ဆိုရပေလိမ့်မည်။
“ အိုင်း “
တပည့်ဖြစ်သူ၏ အသက်မဲ့နေသော ပုံစံကို ကြည့်ရင်း အကြီးအကဲ ဆရာသည် သက်ပြင်းရှည် ကြီး ချလိုက်တော့သည်။
တပည့်ဖြစ်သူသည် သူ့ကိုယ်သူ မာနထောင်လွှား နေတတ်သော လူငယ်လေးမှန်း သူသိ၏။ထို့ကြောင့် တပည့်ဖြစ်သူကို တစ်ယောက်တည်း နေခွင့်ပေးလိုက်သည်။
အချိန်အတော်ကြာမှ ဝမ်ခိုင်းဟယ်တစ်ယောက် အသိပြန်ကပ်လာခဲ့သည်။မနာလိုစိတ်နှင့် ဒေါသက သူ့စိတ်ကို လွှမ်းမိုးသွားခဲ့ပုံ ရပေသည်။
သူသည် အရင်က ကွေးယွမ်တွင် အသန်မာဆုံး သူအဖြစ် တည်ရှိခဲ့သည် ။
သို့သော် ဆက်ခံသူ ထွက်ပေါ်လာချိန်တွင်၊သူသည် တစ်ဖက်လူ၏ ပထမဆုံး ပညာပေးခံရတဲ့သူ ဖြစ်လာခဲ့သည်။
အစက သူသည် ယွင်ရှင်းယန်နဲ့ တစ်ခန်းတည်း အတူတူနေနိုင်တော့မည်၊ သို့သော် စူးချန်ကဲ၏ အနှောင့်ယှက်ပေးတာကို ခံလိုက်ရပြန်သည်။
ထို့နောက် သူသည် ရှက်စရာကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ပြီး ကွေးယွမ်နယ်မြေ၏ ဟာသ တစ်ခု ဖြစ်သွားခဲ့ရသည်။
ထိုအရာအားလုံးကို သူ တွေးလိုက်တိုင်း သေလောက်အောင်ကို ဒေါသထွက်လာမိသည်။
“ စူးချန်ကဲ ! မင်း စောင့်နေ ၊ မင်းရဲ့ ဓားစွမ်းရည်က မြင့်မားတယ် ဆိုတောင် ၊ လော့ဟယ် ဓားဂိုဏ်းနဲ့ ယှဥ်ရင် မင်းဟာက အလကားပဲ ! “
ဝမ်ခိုင်းဟယ်သည် ကျိန်ဆဲလိုက်သည်။ထို့နောက် ဝမ်ခိုင်းဟယ် တစ်ယောက် စမ်းချောင်းလေးထဲ တောင်ကျရေများ စီးဝင်သွားသကဲ့သို့ အမှောင်ထဲသို့ ဝင်သွားကာ ကွယ်ပျောက်သွားခဲ့တော့သည်။
အပိုင်း(၁၄) : ယင်းယန်ဓား ၊ ကောင်းကင်ကို ဖြိုခွဲခြင်း
နောက်တစ်နေ့မနက်။
စူးချန်ကဲ၏ မျက်လုံးအစုံသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။သူသည် အရင်က အဆင့်တတ်ရန် မရွေးချယ်ခဲ့ပေ။
ယင်းအစား ၊ ဤအခိုက်အတန့်တွင် သူ၏ အသက်ရှုသံသည် ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းပြီး သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရောင်ဝါများ တောက်ပလို့ နေသည်။တာအိုပညာရှင် တစ်ဦးတွင် ရှိသင့်သော ကျက်သရေနှင့် ပြည့်စုံနေပြီး မြင့်မြတ်သော တခြားကမ္ဘာက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဲ့သို့ပင်။
“ချန်ကဲ!”
ကွေးယွမ်ဘုရားကျောင်းအပြင်ဘက်မှ ထွက်ပေါ်လာသော အသံဖြစ်သည်။
“ ချန်ကဲ ၊ မနေ့က ဓားသင်္ချိုင်းမှာရော ကွေးယွမ်ရဲ့ လေ့ကျင့်ရေး ကွင်းပြင်မှာရော ဖြစ်ပျက်ခဲ့တာတွေကို ငါ ကြားခဲ့ပြီးပြီ !မင်းကို မပြောမဖြစ် ပြောရဦးမယ် ၊ မင်းမှာ ဆက်ခံသူ တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိတယ် ! “
ကွေးယွမ်၏ ရှိန့်ကျူ( သူတော်စင် အရှင်)က ဟက်ဟက်ပက်ပက် ပြုံးနေသည်မှာ သူရဲကောင်းဆန်လှသည်။
T/N - သူတော်စင် အရှင်ကို ရှိန့်ကျူလို့ ခေါ်ပါတယ် စာရေးတဲ့အခါ အဆင်ပြေသလို ထည့်ပြီး သုံးနှုန်းသွားမှာ ဖြစ်သလို ၊ မထည့်တဲ့အခါမျိုးလည်း ရှိဦးမှာပါ၊
“ သူတော်စင် အရှင် ၊ ချီးမြှောက်လွန်းနေပါပြီ ”
“ကွေးယွမ် လေ့ကျင့်ရေး ကွင်းပြင်မှာတုန်းက မင်း လက်သီးတချက်စာပဲ သုံးခဲ့တာဆို? “
ကွေးယွမ် သူတော်စင် အရှင်သည် မတ်မတ်ထိုင်ချလိုက်ပြီး စူးချန်ကဲကို လေးနက်စွာ ကြည့်လျက် ဆိုလိုက်သည်။
“အဲ့ရဲ့ သိုင်းပညာကရော ကောင်းကင်က ချီးမြှောက်ထားတဲ့ အရာပဲလား? “
စူးချန်ကဲသည် ဖြေးညှင်းစွာ ခေါင်းညိမ့်ပြလိုက်သည်။သူတော်စင် အရှင်သည် များများစားစား မပြောသော်လည်း စိတ်ထဲမှာတော့ အနည်းငယ် ချဥ်နေမိသည်။
သူ ကျင့်ကြံ အားထုတ်ခဲ့စဥ်က ၊ အတတ်ပညာတစ်ခုကို ရဖို့အရေး သူ့မှာ အသက်စွန့်ခဲ့ရသည်။သို့သော် သူများတွေကတော့ လွယ်လင့်တကူ ရရှိခဲ့သည်။ဤသည်မှာ လူကို အတော်လေး စိတ်တိုဖို့ ကောင်းပေသည်။
သူတော်စင် အရှင်ခမျာ ခါးသီးသော အပြုံးဖြင့် ခေါင်းတညိမ့်ညိမ့် နေပေသည်။သူ စူးချန်ကဲကို မနာလိုမနေနိုင် ဖြစ်မိသည်။
“ ချန်ကဲ ၊ မင်းရဲ့ ဓားစွမ်းရည်က မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ထက် မပျော့ညံ့ဘူး ၊ဒါ့ကြောင့် ဘိုးဘေးက ဂိုဏ်းအဆင့်ဆင့် ဆက်ခံလာတဲ့ ဒီရဲ့ ဓားသိုင်းကျမ်းကို မင်းကို ပေးခိုင်းလိုက်တယ် “
ကွေးယွမ်သူတော်စင်အရှင်သည် သူ၏ ရင်ဘက်အိပ်ကပ်ထဲမှ ကျောက်စိမ်း ပုရပိုက်တစ်ခုကို ထုတ်ယူလိုက်သည်။
“ဒီသိုင်းကျမ်းက ဟိုးအရင်က စီနီယာအကြီးအကဲ တစ်ဦးထားရှိခဲ့တဲ့ အရာပဲ ၊ သူကလည်း ဓားကျွမ်းကျင်သူ တစ်ဦးပဲ ၊သူ့ တစ်ဘဝလုံး ဓားသိုင်းပညာကိုပဲ စွဲလမ်းလာခဲ့တာ၊ ဒီဓားသိုင်းပညာက သူ မသေခင်က ကျန်ထားခဲ့တဲ့ အရာပဲ ၊ယင်းယန် ဓားသိုင်းတဲ့ “
“ ဒီရဲ့ ဓားသိုင်းပညာက အမတတွေရဲ့ ကျင့်စဥ်လို့ ကြားဖူးတယ် ၊ ဒါပေမဲ့ အကြီးအကဲက အလျင်စလို ထွက်သွားခဲ့ရတာ ဆိုတော့ ဒီဟာကို ပြီးအောင် ရေးမသွားခဲ့ရဘူး “
“ဒါက မပြီးသေးဘူးဆိုပေမဲ့ ၊ ဒါပေမဲ့ ဒီပေမင်တိုက်ကြီး တစ်ခုလုံးမှာ အမြင့်ဆုံး သိုင်းကျမ်းတစ်ခုလို့ ဆိုလို့ရတယ် “
“ တကယ်လို့ မင်းသာ အောင်မြင်မှုကြီး ရခဲ့ရင်၊
အမတ နယ်မြေရဲ့ အငွေ့အသက်တွေ ခံစားမိရင်လည်း မိနိုင်မှာပဲ “
ကွေးယွမ် သူတော်စင် အရှင်သည် စူးချန်ကဲအပေါ် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးခဲ့သည်။
[ တင်း ! လုပ်ဆောင်မှု အသစ် :
ရွေးချယ်ရန် ၁ : တခြားသိုင်းပညာကို ပြောင်းလဲ တောင်းဆိုမည်
ဆုလာဘ် : နိုင်ငံ မြေပုံ
ရွေးချယ်ရန် ၂ : သိုင်းပညာကို လက်ခံမည်
ဆုလာဘ် : ယင်းယန် ဓားတစ်လက် [ ဗားရှင်းအပြည့်အစုံ ] ]
“ယင်းယန် ဓားတစ်လက် ဗားရှင်းအပြည့်အစုံ?
ဗားရှင်းအပြည့်အစုံဆိုတာ အမတ ကျင့်စဥ်ကိုပါ ပြောတာ မဟုတ်ဘူးလား? “
T/N - အမတ ကျင့်စဥ် - တာအိုလမ်းစဥ်မှ မသေမျိုးတစ်ယောက် အဖြစ် ကျင့်ကြံအားထုတ်နည်း
ကွေးယွမ် သူတော်စင် အရှင်သည် တိတ်တိတ်လေး တွေးနေသော စူးချန်ကဲကို ကြည့်ရင်း ၊ ဤသိုင်းကျမ်း ပညာရပ်ကို စူးချန်ကဲ မလိုချင်လောက်ဘူးဟု ယူဆကာ ဆိုလိုက်သည်။
“ တကယ်လို့ မင်း မလိုချင်ဘူးဆိုလည်း “
“ ယူမှာ ! “
စူးချန်ကဲသည် ကမန်းကတန်း ဆုပ်ကိုင်လိုက်သည်။
ရွေးချယ်မှု ပြီးမြောက်ကြောင်း စနစ်၏ သတိပေးသံကို ကြားလိုက်ရချိန်တွင် သူ့ စိတ်တွေ လှုပ်ရှားသွားခဲ့ရသည်။
ဒါက ဒဏ္ဍာရီထဲက အမတကျင့်စဥ်လေ !
စူးချန်ကဲသည် ထိုသိုင်းကျမ်းကို လေ့လာရန် ဆုံးဖြတ်လိုက်သည်ကို မြင်တော့ သူတော်စင် အရှင်သည် ကျေနပ်အားရစွာ ပြုံးလိုက်ရင်း ဆိုလိုက်သည်။
“ဒီဟာကို ငါ အရင်က လေ့ကျင့်ဖူးတယ် ၊ ဒီလေးနှစ်မှာ အတော်လေး ကျွမ်းကျွမ်းကျင်ကျင်
တတ်မြောက်ခဲ့တယ်၊ တကယ်လို့ မင်း လိုအပ်တာ ရှိခဲ့ရင် ငါ့ကို လာရှာ ၊ မင်း ကျင့်ကြံဖို့ ငါ လမ်းပြပေးနိုင်လောက်တယ် “
သို့သော် သူ့ရင်ထဲမှာတော့ အပြုံးတစ်ခုကို ကွယ်ဝှက်ထားခဲ့ပေသည်။
“ ဘာကို လေးနှစ်တုန်း !ငါ လေ့ကျင့်လာတာ ဆယ်နှစ်တောင် ရှိခဲ့ပြီ! အောင်မြင်ဖို့ ဆယ်နှစ်တောင် ကြာခဲ့တယ် ! ငါ မယုံဘူး သူ တစ်ရက်တည်းနဲ့ အောင်မြင်နိုင်ပါ့မလား ဆိုတာကို “
“တစ်လက်စတည်း ဒီကလေးရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ပြီးသား ဖြစ်သွားတာပေါ့ ! ငါ သူတော်စင် အရှင်ကသာလျှင် အလွန်ထက်မြက်တဲ့ ပါရမီရှင် တစ်ဦးဆိုတာ သူ သိသွားစေရမယ် ! “
ထိုအချက်ကို တွေးရင်း သူတော်စင် အရှင်မှာ ပြုံးစိစိ ဖြစ်နေလေသည်။ဆက်ခံသူ သူ့ကို လာရှာတဲ့ အချိန်ကြရင် ၊ သူ့ရဲ့ သူတော်စင် အရှင် ဆိုတဲ့ ဂုဏ်ပုဒ်က ကြီးမသွားပေဘူးလား !
နှမြောစရာ ကောင်းသည်မှာ အတွေးသည် လှပပြီး အမှန်တရားမှာ ရက်စက်လွန်းပေသည်။
စူးချန်ကဲက ဘယ်သူလဲ? သူက ထူးကဲတဲ့ စွမ်းဆောင်ရည် ရှိနေတဲ့ သူတစ်ယောက်လေ ! သူ့ကို အခွင့်ကောင်းယူနိုင်ဖို့ဆို ၊ စနစ် ပျက်စီးသွားမှပဲ ရလိမ့်မယ် !
ကွေးယွမ် သူတော်စင် အရှင်ကို ပြန်လိုက် ပို့ပေးပြီးနောက် ၊
စူးချန်ကဲသည် ယင်းယန် ဗားရှင်းအပြည့်အစုံကို စနစ်ဘားမှ ထုတ်ယူလိုက်သည်။
[ ယင်းယန် ဓား(ဗားရှင်းအပြည့်အစုံ): အမည်မသိ ဓားသမားမှ ဖန်တီးထားခဲ့ပြီး ရန်သူအပေါ် တချက် အာရုံစိုက်လိုက်ရုံဖြင့် ၊ ဓားတစ်ချောင်းတည်းနဲ့ အမျိုးမျိုးသော နည်းလမ်းများကို ချိုးဖြတ်နိုင်သည်။ ဓားသိုင်း တစ်ကွက်တည်းဖြင့် အုပ်စု ၁၀ စုကို အနိုင်ပိုင်းနိုင်သည် ]
“ဓားတစ်ချောင်းတည်းနဲ့တင် အမျိုးမျိုးသော နည်းလမ်းများကို ချိုးဖြတ်န်ိုင်တယ်? ဘာကြီးပဲ ဖြစ်နေဖြစ်နေ ငါ့အနေနဲ့ ဒီဓားတစ်ချောင်းပဲ လိုအပ်တယ်ပေါ့?
“ အဓိပ္ပာယ် ရှိတာပဲ “
စူးချန်ကဲ အရမ်းကျေနပ်နေလေ၏ ။ ‘သာ့သောက်ကျစ်ကျန် ‘ ၊ ဒါကမှ သူအလိုချင်ဆုံးအရာသာ ဖြစ်ပေသည်။
T/N - သာ့သောက် ကျစ်ကျန် ဆိုတာက အတိုချုပ် ရှင်းပြရရင် ၊ လောကကြီးမှာ ရှိတဲ့ ရှုပ်ထွေးတဲ့ နိယာမတွေကို လွယ်လင့်တကူ ဖြေရှင်းနိုင်လိုက်တာကို ဆိုလိုတာပါ ။
“ယင်းယန်ဓားကို အသုံးပြုမယ်”
ရုတ်တရက် ၊ သူ့ စိတ်ထဲ၌ အလင်းတန်းတစ်ခု ဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်သည် တာအိုဝါဒီ၏ စိတ်ခံစားမှုများ မထင်မရှား ဖြစ်ပေါ်လာကာ ဖျက်ခနဲ့ အာရုံရသွားခဲ့သည်။ သူသည် ထိုသိုင်းကျမ်းကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
“ယင်းယန် ဓားကို ယင်းယန် ဓားစွမ်းအင်နဲ့ ပေါင်းစပ်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ? “
[ T/ N - အခန်း(၃) မှာ စနစ်ကနေ သူရခဲ့တာက ယင်းယန် ဓားစွမ်းအင်ပါ ၊ ဒီအခန်းမှ ယင်းယန် ဓားကို ရရှိတာပါ ]
သူ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။စူးချန်ကဲသည် ယင်း ယန် ဓားစွမ်းအင်ကို လှုံ့ဆော်လိုက်သည်နှင့် တပြိုင်နက် ကြောက်ဖို့ကောင်းသော စွမ်းအင် နှစ်ခုသည် လေကို ခွင်းကာ ထွက်ပေါ်လာခဲ့သည်။အအေးဆုံး စွမ်းအင်နှင့် အပူဆုံး စွမ်းအင်တို့သည် အရာအားလုံးကို ဖျက်စီးတော့မည့်အတိုင်း ။
သူသည် ဓားကို ဘုရားကျောင်း အပြင်ဘက်သို့ ဖြတ်သန်းသွားလာရန် သူ့၏ ညာဘက်လက်ဖြင့် ညွှန်ကြားလိုက်သည်။
ဝှစ်!
ဓားစွမ်းအင်သည် နဂါးငွေ့တန်းကို ဖြတ်ကာ ကောင်းကင်သို့ တည့်တည့်ပစ်ခွင်းသွားလေသည်။
ကမ္ဘာမြေကြီး၏ တုန်လှုပ်သံသည် သူတော်စင် အရှင်ကိုတောင် အံ့အားသင့်စေခဲ့သည်။
ထိုအရှိန်အဝါကို ခံစားလိုက်ရသည်နှင့် သူ၏ နှုတ်ခမ်းသားတို့မှာ အနည်းငယ် တုန်ရီသွားခဲ့သည်။
“ တတ်မြောက်သွားပြီပေါ့?!”
သူ အဲ့ကနေ ထွက်လာတာဖြင့် အမွှေးတိုင် တစ်ဝက်စာတောင် မကျိုးသေးဘူးလေ !
သူ မယုံကြည်နိုင်ပေ။ သူသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကွေးယွမ် ဘုရားကျောင်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ချန်ကဲ မင်း မင်း “
“ သူတော်သင် အရှင် ရောက်လာတာနဲ့ အတော်ပဲ ၊ကျွန်တော် ဓားရဲ့ အစွမ်းက နည်းနည်း လိုနေသေးသလိုပဲ ၊ ဘာလိုအပ်နေသေးလဲဆိုတာ ကျွန်တော်ကို သင်ပြပေးနိုင်မလား? “
စူးချန်ကဲသည် ရှက်ရွံ့ဟန်ဖြင့် ဆိုလိုက်သည်။
သူ့ရဲ့ ခုလို စွမ်းဆောင်နိုင်မှုက သူတော်စင် အရှင်ကို သေချာပေါက် စိတ်ပျက်သွားစေမယ်ဆိုတာ သူ မသိလေသလား။
သူတော်စင် အရှင်၏ ရင်ထဲ အလွန် တုန်လှုပ်နေပြီး ဤအဖြစ်အပျက်ကြီးကို လက်ခံဖို့ ခက်ခဲနေလေသည်။
ဒီကောင် လူရော ဟုတ်ရဲ့လား?
အမွှေးတိုင် တစ်ဝက်စာနဲ့တင် ဒီလောက်ထိ ကျင့်ကြံနိုင်တာ၊ ဒီကောင် ဘာကြီးလဲ?
သူဆို ခက်ခက်ခဲခဲ လေ့ကျင့်လာခဲ့ရတာ ဆယ်နှစ်ကြီးများတောင်လေ !
သူတော်စင် အရှင် ခမျာ သေခံနီး လူကဲ့သို့ အံ့အားသင့်စွာဖြင့် ထိုင်ချလိုက်လေသည်။
လူရွှင်တော်က ငါဖြစ်နေတာကိုး !
“သူတော်စင် အရှင် ၊ ခွင့်လွှတ်တော် မူပါ ၊ကျွန်တော် စောနက လက်နက်နဲ့ မသုံးလိုက်ရဘူး ၊ အဲ့တာကြောင့် စွမ်းအားက နည်းနည်း လိုအပ်သွားတယ် ထင်တယ် ၊ ဒီတစ်ခါတော့ ကျွန်တော်ရဲ့ ကိုယ်ပိုင်လက်နက်နဲ့ အသုံးပြုကြည့်လိုက်မယ် ! “
စူးချန်ကဲသည် မျက်မှောင်ကြုတ်နေသော သူတော်စင် အရှင်၏ အမူအယာကို မြင်ပြီး ၊သူ့အပေါ် စိတ်ကျေနပ်မှု မရှိသေးဘူး ဟု ယူဆကာ ကမန်းကတန်း ဆိုလိုက်သည်။
“ အို့ ဟုတ်တာပေါ့!”
“ အဟွတ်ဟွတ် ချန်ကဲ၊ မင်းနဲ့ ငါ့ကြားမှာ အကွာကြီး ရှိသေးတယ် ဆိုပေမဲ့ ဒါပေမဲ့ တစ်နေ့ မင်း ငါ့ကို ကျော်တတ်သွားနိုင်မယ် ဆိုတာ ငါ ယုံကြည်တယ် ! “
“ မင်း လက်နက်ကို အသုံးပြုပြီး စမ်းကြည့်ပါ့လား ၊ မင်းရဲ့ အင်အားကို အစွမ်းကုန် အသုံးချ ၊ ငါကိုယ်တော်ကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်နဲ့ ! “
ကွေးယွမ် သူတော်စင်အရှင်မှာ အသိစိတ် လွတ်နေခဲ့ပြီ ဖြစ်သည်။ တကယ်တော့ သူ၏ နှလုံးသားမှာ စောစောကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ့အနေနဲ့ ညဏ်အလင်းရဖို့အရေး ဒီလောက်နှစ်တွေအများကြီး ရှာဖွေနေခဲ့ရတာလေ။
“ ကျေးဇူးတင်ပါတယ် သူတော်စင် အရှင် ! “
စူးချန်ကဲသည် ကောင်းကင်ဓားကို စနစ်မှ ဆွဲထုတ်ယူလိုက်သည်။
“ ဘော်ဒါကြီး ၊ ဒါက ငါ့ရဲ့ ပထမဆုံးအကြိမ် ပြသမှုပဲ ၊ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော် “
စူးချန်ကဲသည် ကောင်းကင်ဓားကို ဆိုလိုက်သည်။
စူးချန်ကဲ၏ အပြောကို တုံ့ပြန်လိုက်သကဲ့သို့ ကောင်းကင်ဓားသည် ညင်သာစွာ တုန်ရီလိုက်သည်။
ဓားကိုယ်ထည်တစ်ဝိုက်တွင် ဓားစွမ်းအင်များ ပြန့်ကျဲနေပြီး ဓား၏ တဝီီဝီမြည်သံ ထွက်ပေါ်လာခဲ့သည်။
ကွေးယွမ် သူတော်စင် အရှင်ပင်လျှင် ထိုဓားအပေါ် ထိတ်လန့်နေမိသည်။ခုလို ကြောက်ဖို့ကောင်းတဲ့ မှော်လက်နက်မျိုးကို သူ တစ်ခါမှ မမြင်ဖူး မကြားဖူးခဲ့ပေ။
စူးချန်ကဲသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်ပြီး ၊ ဓားသည် သူနှင့်တစ်သားတည်း ပေါင်းစပ်သွားခဲ့သည်။
သူ့လက်ကို ဖြေးဖြေးချင်း မြှောက်ကာ၊ ကောင်းကင်ကို မျက်နှာမူလိုက်သည်နှင့် ဓားမှာ အလျားလိုက် ဖြတ်ကာ ထွက်ပေါ်လာသည်။
ယခုတစ်ခေါက်တွင် ၊ ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားသည့်အတိုင်း ။
အရာအားလုံးကို ရှင်းရှင်းလင်းလင်း ထပ်မြင်တွေ့လိုက်ရချိန်တွင် စူးချန်ကဲသည် ဓားရှည်ကို ဟိုဟို ဒီဒီ ကူးသန်းပြောင်းရွေ့နေလေ၏ ။
ကွေးယွမ် သူတော်စင် အရှင်မှာ မျက်မှောက်ကြုတ်နေလေ၏ ။
သူ ဘာတွေလုပ်နေတာတုန်း?
ကွဲအက်သံ!
ကွဲအက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ကြီး ကွဲအက်သွားသည်ကို မြင်လိုက်ရလေသညိ။
မဲမှောင်နေသော အပိုင်းအစတစ်ခု ထွက်ပေါ်လာသကဲ့သို့ ၊ ပရမ်းပတာ ဖြစ်နေလေ၏။
ပင်ကူမျှင်များကဲ့သို့ ကောင်းကင်တွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာခဲ့သည်။
“ ဒါ ဒါ ကောင်းကင်အက်ကွဲသွားတာလား?”
ဤအခိုက်အတန့်တွင် သူတော်စင် အရှင်တောင် ထိတ်လန့်သွားခဲ့သည်။
အက်ကွဲကြောင်းသည် မိုင်ပေါင်းများစွာထိ တိုင်အောင် အဆက်မပြတ် အက်ကွဲနေခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော အာကာသမုန်တိုင်းကြီးသည် ထိုနေရာ၌ အရှိန်ပြင်းထန်စွာ တိုက်ခက်လို့ နေသည်။
ကောင်းကင်ကြီးမှာ မြည်ဟိန်းသွားပြီး၊ သဘာဝ တရားမှာ ချိုးဖြတ်ခံလိုက်ရချေပြီ !
“ နတ်ဘုရားရဲ့ ပြစ်ဒဏ်ပဲ ! ဒါ နတ်ဘုရားရဲ့ ပြစ်ဒဏ်ပဲ ! “
“ တကယ်ပဲ ကောင်းကင်အက်ကွဲသွားတယ်!
ဒါ ကမ္ဘာကြီးရဲ့ အဆုံးသတ်လား? !”
“ မဟုတ်မှလွဲရော အမတလမ်းစဥ် ပွင့်သွားတာလား? ဒီလောက် ကြောက်ဖို့ ကောင်းတဲ့ မြင်ကွင်းက မဟုတ်မှလွဲရော အမတ တစ်ပါး ပေါ်ထွက်လာပြီလား! “
“ ကြည့်ရတာ ဒါ ကွေးယွမ် ဘုရားကျောင်းကပဲ ! မဟုတ်မှလွဲရော ဆက်ခံသူ? “
ကွေးယွမ် တပည့်သားများ အားလုံး ဆွံ့အကုန်ကြသည်။သူတို့ရဲ့ ဆက်ခံသူက လူရော ဟုတ်သေးရဲ့လား?
ဇီဖူအဆင့်နဲ့တင် အာကာသကို ခွဲလိုက်တာတဲ့လား?
ဘိုးဘေးနယ်မြေဆီက ထွက်ပေါ်လာသော အစွမ်းများသည် ကွဲအက်သွားသော ကောင်းကင် အက်ကွဲကြောင်းကို ဖြေးဖြေးချင်း ပြုပြင်နိုင်ခဲ့သည်။
“ချန်ကဲ ! မင်းငါ့ကို ရှင်းပြချက် ပေးစမ်း!”
ဒေါသထွက်နေသော ဖော့ကျွင်းဘိုးဘေးသည်
စူးချန်ကဲ၏ ရှေ့မှောက်သို့ ရောက်ချလာခဲ့ပြီ ဖြစ်သည်။
ဒီကောင်စုတ်လေး ၊ ကောင်းကင်တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်မလို့လား?
မနက်ဖြန်ကြရင်ရော ကွေးယွမ် နယ်မြေတစ်ခုလုံးကို ဖြိုကျပစ်ဦးမလို့လား?
အပိုင်း(၁၅) : သက်စောင့်မှော်လက်နက်၊ ထျန်းကျီမျှော်စင်ကို တတ်ခြင်း
“ဘိုးဘေး ၊ ကျွန်တော် အစောက သူတော်စင် အရှင်ကို ဓားရေးပြပေးနေတာပါ “
စူးချန်ကဲသည် သူတော်စင် အရှင်အား သူ့ကိုကယ်တင်ပေးရန် တောင်းဆိုနေသော အကြည့်လေးဖြင့် ကြည့်လိုက်သည်။
“ ချန်ကဲရေ ! မင်းက ဒီလိုတွေ လုပ်နေတော့ ငါ ပြောကို ပြောရတော့မယ် ! မင်း ဒီလို ဆူညံသံကြီးတွေ လုပ်နေတာ တပည့်လေးတွေ လန့်ကုန်ကြရင် ဘယ်လိုလုပ်မတုန်း ?”
“ အိုင်းယား ၊ လူကို တကယ်ကို စိတ်ပူအောင် လုပ်နေတာပဲ ! “
“ဟိုလေ ၊ ကျွန်တော် ကိစ္စလေး ရှိတော့ အရင်သွားခွင့်ပြုပါဦး ! “
ကွေးယွမ် သူတော်စင် အရှင်သည် စကားဆုံးသည်နှင့် တချိုးတည်း လစ်ပြေးတော့သည်။
စူးချန်ကဲခမျာ ကြောင်တောင်တောင်လေးဖြင့် နေရာတွင် ကျန်ရစ်ခဲ့လေသည်။
“ ချန်ကဲ ၊ မင်းပြောစမ်း ဒါ ဘယ်လိုဖြစ်တာတုန်း “
ဖော့ကျွင်းဘိုးဘေးသည် မျက်နှာထားတည်ရုံတင်မက သြဇာတိက္ကမဖြင့် ပြည့်စုံပေသည်။
စူးချန်ကဲသည် အခြေအနေကို ရှင်းပြခဲ့ပြီး နောက်တွင် ၊ ဖော့ကျွင်းဘိုးဘေးသည် ဇာတ်ကြောင်းတစ်ခုလုံးကို သဘောပေါက်သွားခဲ့သည်။
“ဒါဆို အဲ့ဓားကို ငါ့ကိုပြကြည့်စမ်း”
“ဘိုးဘေး ကြည့်ရူတော်မူပါ “
စူးချန်ကဲသည် စနစ်ကနေ တဆင့် ကောင်းကင်ဓားကို ထပ်ပြီး ဆင့်ခေါ်လိုက်သည်။
ထိုကောင်းကင်ဓားကို တချက်ကြည့်အပြီးတွင်၊ဖော့ကျွင်းဘိုးဘေး၏ မျက်လုံးများမှာ ပြုးကျယ်သွားခဲ့ပြီး ၊ စိတ်ထဲမှာတောင် တုန်လှုပ်သွားခဲ့ရသည်။
သူ တကယ်ကို အနည်းငယ် ကြောက်သွားခဲ့မိသည်။
ကျင့်ကြံရေး အဆင့် မြင့်မားသော ပုဂ္ဂိုလ်များသည် တာအိုလမ်းစဥ်အပေါ် ခံစားနိုင်စွမ်း မြင့်မားပေသည်။သူသည် ထိုဓားပေါ်က ကောင်းကင်လမ်းစဥ်၏ အရိပ်အမြွက်ကို ခံစားမိခဲ့သည်။
“ဘိုးဘေး ? “
စူးချန်ကဲ တစ်ယောက် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
ဓားကို ကြည့်ရုံပဲ မဟုတ်လား ၊ ဘာလို့ လူကပါ မလှုပ်တော့တာတုန်း?
အချိန်အတော်တန်ကြာပြီးနောက်မှသာလျှင် သူ၏စိတ်မှာ အနည်းငယ်ရုံမျှ ငြိမ်ကျသွားခဲ့သည်။သို့ဆိုတောင် ထိုထိတ်လန့်မှုကနေ ရုန်းထွက်ဖို့ ခက်ခဲနေဆဲပင် ဖြစ်သည်။
“ ချန်ကဲ ၊ ဒီဓားကို ဘယ်ကနေ ရလာခဲ့တာလဲ?”
“ ပြန်လည် လျှောက်တင်ပါတယ် ဘိုးဘေး၊
ဒီဓားက ကျွန်တော် သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်အဖြစ် နိုးထခဲ့ပြီး နောက်မှာမှ ၊ ကျွန်တော်ရဲ့ အသွေးအသားကနေ တဆင့် မွေးဖွားလာခဲ့တဲ့ အရာပါ “
စူးချန်ကဲသည် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။သူသည် ယခုအဖြေကို အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
ထိုစကားကို ကြားတော့ ဖော့ကျွင်းဘိုးဘေး၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြန်သည်။သူ၏ နှုတ်ခမ်းသားတို့မှာ အနည်းငယ် တုန်ရီနေခဲ့သည်။
“ ဒါ..ဒါက သက်စောင့် မှော်လက်နက်! “
စူးချန်ကဲသည် ခေါင်းညိမ့်ပြလိုက်သည်။သူ ဖန်တီးလိုက်တဲ့ ဇာတ်လမ်းက အလုပ်ဖြစ်သွားတယ်တဲ့လား?
တစ်ခဏအကြာတွင် ၊ ဖော့ကျွင်းဘိုးဘေး၏ စိတ်အခြေအနေမှာ ငြိမ်သက်သွားခဲ့ပြီး သူသည် ရှင်းပြခဲ့သည်။
“သက်စောင့် မှော်လက်နက် ဆိုတာက လူတစ်ယောက်ရဲ့ အရည်အချင်းတွေက အထွပ်အထိပ် ရောက်တဲ့အခါ သူ့ရဲ့ အသွေးအသားကနေ တဆင့် ဖြစ်ပေါ်လာတဲ့ အရာပဲ ၊ အဲ့လိုလူမျိုးက နောင်ကြရင် ၊သူ့ရဲ့ စွမ်းအားတွေက တစ်စထက် တစ်စ ပိုပြီး အားကောင်းလာလိမ့်မယ် ! “
“ လွန်ခဲ့တဲ့ ထောင်ပေါင်များစွာက အဲ့လို လူတစ်ဦး မွေးဖွားလာခဲ့ဖူးတယ်၊သူ့ရဲ့ အသွေးအသားတွေကနေ နတ်လှံတံ တစ်ချောင်း ဖြစ်ပေါ်လာခဲ့တယ် ၊ နောက်တော့ အဲ့လူက သူ့ရဲ့ စွမ်းအားတွေနဲ့ ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တယ် !”
“ လှံတချက် လှုပ်လိုက်တာနဲ့ မုန်တိုင်းထန်စေသလို ၊ လှံတချက် ပစ်ခွင်းလိုက်တာနဲ့ ဒီကမ္ဘာကြီး တစ်ခုလုံး ပျက်စိီးကိန်း စိုက်ရတယ် !နောက်တော့ သူက အမတလမ်းစဥ်ကို သက်သေပြနိုင်ခဲ့ပြီး ၊အဲ့လိုနဲ့ ဒဏ္ဍာရီတစ်ပုဒ်အဖြစ် ပြောင်းလဲသွားခဲ့တယ် !”
ဖော့ကျွင်းဘိုးဘေးသည် ပြောပြောဆိုဆို စူးချန်ကဲအား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်
သည်။
“ချန်ကဲ ၊ မင်းက အခုဆို အသွေးအသားထဲကနေတောင် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ဓားရှည်ကို မွေးထုတ်နိုင်ခဲ့တယ်၊ ငါ အဲ့ဓားပေါ်ကနေ ကောင်းကင်လမ်းစဥ်ရဲ့ အရိက်အမြွက် တချို့ကို ခံစားရတယ် ၊ နောက်ဆို မင်းက အဲ့ပုဂ္ဂိုလ်ထက် ပိုပြီး ကြောက်စရာကောင်းတဲ့သူ ဖြစ်လာလိမ့်မယ် !”
“ တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို ဒီ မှော်လက်နက်ရဲ့ မူလဇစ်မြစ်ကို မေးခဲ့ရင်၊ငါ မင်းကို ပေးထားတာလို့ ပြောလိုက် ! မင်းရဲ့ သက်စောင့် မှော်လက်နက်ဆိုတာ လုံးဝ မသိစေနဲ့ ! “
“ ချန်ကဲ နားလည်ပါပြီ! “
ဖော့ကျွင်းဘိုးဘေးသည် သူ့ကို ကာကွယ်ပေးရန် ခုလို ပြောမှန်း စူးချန်ကဲ နားလည်သည်။
ရှိသမျှ ကိစ္စမှန်သမျှ သူ့အပေါ်ကိုသာ အကုန်လွှဲချခိုင်းသည့် ဖော့ကျွင်းဘိုးဘေး၏ စေတနာကို ခံစားမိကာ စူးချန်ကဲရင်ထဲ နွေးထွေးသွားခဲ့ရသည်။
“ ကောင်းပြီလေ ၊ ဒီကိစ္စကို ထားလိုက်တော့ ၊
နောက်တစ်ခု ပြောကြရအောင် “
“ မင်း အကြီးစားရိုက်ခက်မှုတွေ ဖြစ်အောင် ဒီလောက်တောင် လုပ်နေတာ ၊ မင်း ဒီ ကွေးယွမ်နယ်မြေ တစ်ခုလုံးကိုလည်း ဖြိုချဖို့စဥ်းစားထားသလား?”
ဖော့ကျွင်းဘိုးဘေး၏ အချိန်နဲ့တပြေးညီ ပြောင်းလဲနိုင်သော မျက်နှာအမူအယာကြောင့် စူးချန်ကဲခမျာ ထပ်ပြီး ကြောင်အမ်းသွားရပြန်သည်။
“ မင်း အဲ့လောက်ထိ လုပ်စရာ မရှိဘူးဆိုရင် ၊
ထျန်းကျီမျှော်စင်ကို သွား ၊ မင်းက အခု ဆက်ခံသူ တစ်ယောက် ဖြစ်နေပြီဆိုတာ သိရမယ် ၊ မင်းရဲ့ အရည်အချင်းတွေကို မပြဘူးဆိုရင် ၊ လူတချို့ကို ဘယ်လိုလုပ် ပါးစပ်ပိတ်အောင် လုပ်နိုင်မှာလဲ?”
ဖော့ကျွင်းဘိုးဘေး၏ ဆိုလိုရင်းကို စူးချန်ကဲချက်ချင်းလက်ငင်း သဘောပေါက်သွားခဲ့သည်။စောနက တုန်လှုပ်သွားသော ပြင်းအားသည် အတော်လေးကို ကြီးမားပေသည် ဖြစ်ရာ ကွေးယွမ် က လူတချို့အနေဖြင့် မကျေနပ်ကြသည်မှာ အသေချာပင် ဖြစ်သည်။
ဖော့ကျွင်းဘိုးဘေးသည် လူတချို့၏ ပါးစပ်ပေါက်ကို ပ်ိတ်အောင် သူ့၏ အရည်အချင်းများကို ပြသရန် မျှော်လင့်ထားခဲ့သည်။
“ ဟုတ်၊ တပည့် သိပါပြီ၊ ဘိုးဘေးရဲ့ သင်ပြမှုကို ကျေးဇူးတင်ပါတယ် “
ဖော့ကျွင်းဘိုးဘေးသည် ကျေနပ်မှု အပြည့်ဖြင့် ခေါင်းညိမ့်လိုက်သည်။
“ နတ်ကြိုးကြာကို ငါ မင်းအတွက် ပြင်ဆင်ထားပေးပြီးပြီ ၊ မင်းကိုယ်မင်း သတ္တိရှိရှိနဲ့ ပြသလိုက်စမ်းပါ ၊ ငါတို့ ဘိုးဘေးတွေ မင်းကို အမြဲအားပေးနေမယ် “
“ဟုတ်၊ ချန်ကဲ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါ့မယ် “
ဖော့ကျွင်းဘိုးဘေး၏ စကားထဲတွင် အချက်အလက်များစွာ ပါဝင်နေခဲ့သည်။ ဖော့ကျွင်းဘိုးဘေးသည် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်စေခဲ့သော သူ့ လုပ်ရပ်ကို ပိုပြီး ကြီးသထက် ကြီးအောင် လုပ်စေချင်ပုံ ရပေသည်။
မုန်တိုင်းဖြစ်အောင် ယက်ခေါ်နိုင်ရင် ပိုလို့တောင် ကောင်းပေဦးမည် ဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ကို ပြသနာ လာရှာမည်ဆိုပါက ၊ ဒါဆို ကွေးယွမ်က ဘိုးဘေးတွေ ခွင့်ပြု မပြု ကို အရင်မေးရပေလိမ့်မည် ။
“ ဆက်ခံသူ ထျန်းကျီမျှော်စင်ကို သွားလိမ့်မယ်!”
“ ဆက်ခံသူ ဘယ်အထပ်ထိ ရောက်နိုင်မလဲ ဆိုတာ မင်းတို့ ခန့်မှန်းကြည့်ပါ့လား?”
“ထျန်းကျီမျှော်စင် ၊ စုစုပေါင်း ကိုးထပ် ရှိတယ် ၊ အထပ်တိုင်း အထပ်တိုင်း အရမ်းကြောက်ဖို့ကောင်းတယ် ၊ အပေါ်ကို ရောက်လေ
သူ့ရဲ့ တိုက်ခိုက်အားက ပိုမြင့်လေပဲ ! ကွေးယွမ်က သူတော်စင်အကုန်လုံးတောင် ပဉ္စမအထပ်ထိပဲ တတ်နိုင်တယ် ! ပထမသူတော်စင် ယဲ့လင်ထျန်းတောင် သတ္တမြောက်အထပ်ထိပဲ တတ်နိုင်တယ် “
“ ဟုတ်တယ် ၊ အဲ့ကနေစ ခုကာလတစ်လျှောက်လုံး သတ္တမမြောက် အထပ်ထိ တတ်နိုင်တဲ့သူဆိုတာ မရှိသေးဘူး ၊ ငါ့အထင် ဆက်ခံသူသာဆို အဋ္ဌမအထပ်ထိ တတ်နိုင်လောက်မလား?”
“ အပေါ်ထပ်ကို တတ်နိုင်လေလေ၊ ရနိုင်ချေ ပိုများလေလေတဲ့ ၊ ပြီးတော့ ပြောကြသေးတယ်၊
တကယ်တော့ ကိုးထပ် မဟုတ်ဘဲ ဆယ်ထပ် ရှိတာတဲ့ ! တကယ်လို့ အပေါ်ထပ်ထိ တတ်နိုင်မယ်ဆိုရင် ထျန်းကျီ အထိမ်းအမှတ် ကျောက်စာတိုင် ပေါ်ထွက်လာမယ်တဲ့ ၊ အဲ့မှာ ကျန်ရစ်မယ့် ကိုယ့်နာမည်က ဖြစ်လာမယ့် ကိုယ့်အနာဂတ်ကို သတိပြုနိုင်လိမ့်မယ် “
“ ဒီအကြောင်းကို ငါလည်း ကြားဖူးတယ် ! “
ကွေးယွမ်၏ များစွာသော တပည့်များသည် ၎င်းတို့၏ ထင်မြင်ချက်များကို အဆင်မပြတ် ပြောဆိုနေကြလေသည်။ထျန်းကျီ မျှော်စင်သည် ဟိုးရှေးကတည်းက တည်ရှိခဲ့သော အရာ ဖြစ်ပြီး အလွန်ဆန်းကြယ်သည်ဟု ကောလဟာလ ရှိခဲ့ဖူးသည်။၎င်းနှင့် ပတ်သတ်၍ မရေမတွက်နိုင်သော ဒဏ္ဍာရီပုံပြင်များစွာ ရှိခဲ့သည်။
ဤအခိုက်အတန့်တွင် ဇာတ်ဆောင် စူးချန်ကဲသည် ထိုနေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မျက်စိရှေ့က ထျန်းကျီမျှော်စင်သည် အဆုံးကို မမြင်နိုင်သည့်အထိ ခမ်းနားကြီးကျယ်လွန်းလှသည်။
“ အဓိပ္ပာယ်ရှိတယ်၊ ကောင်းကင် ဆိုတဲ့အတိုင်း ဘယ်လိုလဲဆိုတာ ကြည့်ကြည့်ကြတာပေါ့ “
စူးချန်ကဲသည် အလေးချိန်စီးသော တံခါးကြီးကို ဖွင့်ကာ အထဲသို့ ဝင်သွားခဲ့လေသည်။
T/N - ထျန်းကျီ မျှော်စင် မှာ ထျန်း ဆိုတာက - ကောင်းကင်ကို ရည်ညွန်းပါတယ်
ရှည်လျားသော ဥမင်လိုဏ်းခေါင်းတစ်ခုဆီသို့ အရင်ဆုံး ဝင်ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်
တစ်ခုလုံး မှောင်မိုက်နေပြီး ရှေ့တွင် အလင်းရောင် ရေးရေးလေး ထွက်ပေါ်လာခဲ့သည်။
ဆက်လက်၍ ထိုအလင်းရောင်ရှိရာနေရာသို့ ဝင်ရောက်လာခဲ့သည်။ကြီးမားသော ရင်ပြင်တစ်ခု၏ အလယ်တွင် ရောက်နေသကဲ့သို့ ဘေးပတ်ပတ်လည်တွင် အခိုးအငွေ့များက ဝန်းရံနေသည်။ထိုအခိုးအငွေ့များက လူကို လျို့ဝှကိဆန်းကြယ်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
ခေါင်းမော့ကြည့်လိုက်ရာ သူသည် ရှေးဟောင်းရေတွင်းတစ်ခုထဲ ရောက်နေသလိုမျိုး အခိုးအငွေ့များဖြင့် ဝန်းရံခံထားရသည်။
အခိုးအငွေ့များကြားထဲတွင် ကွယ်လိုက် ပျောက်လိုက် ဖြစ်နေသော လှေကားထစ်ကို သူ တက်လိုက်တိုင်း မမြင်နိုင်သော ဖိအားတစ်ခုက သူ့ကို တားစီးထားသည် ။
သို့သော် ထိုအရာသည် သူ့အတွက်တော့ အားပျော့သေးသည်ဟု ဆိုရပေမည် ။ခန္ဓာကိုယ်ပေါ်တွင် ကျလာသော ဖုန်မှုန့်များကဲ့သို့ သူ့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မဖြစ်စေနိုင်ပေ။
“တကယ်ကို ငါ ထင်ထားသလို ဆက်တင်ချထားတာပဲ ၊ဒါ လှေကားထစ်တစ်ခုပဲ ဖြစ်ရမယ် ၊ တဆင့် တတ်လိုက်တိုင်း ဖိအားက ပိုပြီး ပြင်းထန်လာတယ် “
စူးချန်ကဲသည် သက်ပြင်းချလိုက်သည်။ဤသည်မှာ ရှေးဟောင်း စိတ်ကူးယဥ် ဆက်တင် ပုံစံမျိုး ဖြစ်ပေသည်။
[ တင်း ! လုပ်ဆောင်မှုအသစ်
ရွေးချယ်ရန် - ၁ :ထျန်းကျီမျှော်စင်၏ ပဉ္စမအထပ်ထိ တက်မည်
ဆုလာဘ် : နဂါးအသွင်ပြောင်းလဲထိန်းချုပ်ခြင်း ကျမ်း
ရွေးချယ်ရန် -၂ : :ထျန်းကျီမျှော်စင်၏ နဝမမြောက်အထပ်ထိ တတ်မည်
ဆုလာဘ် : ရော့ရွှေစန်းချန် မန္တာန်
ရွေးချယ်ရန် - ၃ : ထျန်းကျီမျှော်စင် ဒသမအထပ်ထိ တတ်မည်
ဆုလာဘ် : ကံစမ်းမဲ ]
“ ဒသမ အထပ်? ကံစမ်းမဲ? “
စူးချန်ကဲ တစ်ယောက် စိတ်လှုပ်ရှားသွားခဲ့သည်။
ထျန်းကျီ မျှော်စင်က တကယ်ကို ဆယ်ထပ်တောင် ရှိတာပဲ !ပြီးတော့ ကံစမ်းမဲ ဆိုတာကလည်း ဒါ ပထမဆုံးအကြိမ် မဟုတ်လား !ဒါတွေ အားလုံး လက်လွှတ်ခံလို့ ဖြစ်မလား!
စနစ် ဆုလာဘ်၏ သွေးဆောင်မှုကို ခံခဲ့ရပြီးနောက် ၊ လှေကားပေါ် တတ်သည့် အရှိန်နှုန်းမှာ ပို၍ မြန်လာခဲ့တော့သည်။
ပျံလွှားတစ်ကောင်အလား တတ်လာခဲ့ရာ ဒုတိယအထပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် သူသည် ဆက်တတ်ခဲ့ပြန်သည်။
တတိယထပ် !
စတုတ္ထထပ်!
ပဉ္စမထပ်!
ဆဌမထပ်!
အပြင်ကနေ ရပ်ကြည့်နေကြသော တပည့်တွေ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။ထျန်းကျီ မျှော်စင်၏ အပြင်ဘက်တွင် ရှိသော မှော်စက်ကွင်းမှာ အပေါ်သို့ လျင်မြန်စွာ တတ်နေသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
ဆဋ္ဌမမြောက် အထပ်သို့ ရောက်ရန် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည်။ဒီကြားထဲ အရှိန်မှာ နှေးသွားခဲ့ခြင်း မရှိခဲ့ပေ။
“အထပ်တိုင်း အထပ်တိုင်း လှေကား ၉၉ ထစ် ရှိတယ် မဟုတ်လား?ငါပဲ အမှတ်မှားနေသလား?”
“ မင်း အမှတ်မမှားဘူး ၊ငါ ခဏခဏ ဖြတ်ဖူးတယ် ၊ အဲ့ ၉၉ ထပ်တိုင်းမှာ ငါ့ရဲ့ အရိုးတွေကို ဖြတ်တောက်ပစ်တော့မယ့်အတိုင်းပဲ “
“ ဒါပေမဲ့ ဆက်ခံသူ၊ သူ လူရော ဟုတ်ရဲ့လား?”
တချို့သော တပည့်များအဖို့ ဒုတိယထပ်ကို ကျော်လွန်ပြီး နောက်တစ်ထပ်ကို တတ်ရန်မှ
လွန်စွာပင် ခက်ခဲပေသည်။
သို့သော် သူတို့၏ ဆက်ခံသူအတွက်တော့ ဤအရာမှာ ထမင်းစားရေသောက်အတိုင်း လွယ်ကူလွန်းလှသည်။ယခုတွင်လည်း သူသည် နာရီဝက်နဲ့တင် ဆဋ္ဌမမြောက် အထပ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူတို့ရင်ထဲ အတော်လေး ခံစားရခက်ပေ၏။
မနာလိုဖို့အရေး အားအင်တောင် မရှိတော့ပေ။
တာအိုလမ်းစဥ်ကို ကျင့်ကြံသော သူတို့၏ နှလုံးသားလေးပင်လျှင် နာကျင်ကြေကွဲသွားမှန်း ခံစားမိသည်။
သူတို့၏ ဆက်ခံသူသည် သူတို့ကို အကြိမ်တိုင်း ပြောပြနေသည့်စကားမှာ ၊ သူတို့သည် အမှိုက်တစ်ခုသာ ဖြစ်ပေသည်။