အခန်း (၁၆-၂၀)
Vol. 2 Ch. 16-20
အပိုင်း(၁၆) : သူတော်စင် တာအိုခန္ဓာကိုယ်သည် ထျန်းကျီမျှော်စင်ကို ထိုးဖောက်ဝင်ရောက်တော့မည်
" မင်းတို့ ပြောကြည့်စမ်း ၊ ဆက်ခံသူက နဝမမြောက် အထပ်ထိ တတ်နိုင်လိမ့်မလား?"
" လက်ရှိ ဆက်ခံသူရဲ့ အရှိန်အတိုင်း ဆိုရင်၊
ဖြစ်နိုင်ချေများတယ် "
" အိုင်းယား ၊ ငါ အခုတောင် ဆွံ့အနေပြီ ၊ ဆက်ခံသူနဲ့ ယှဥ်ရင် ငါက ဘာမှမဟုတ်ဘူး ! "
"မင်း ရူးနေလား ! တခြားသူနဲ့တောင် မယှဥ်နိုင်တာ ၊ ဆက်ခံသူ လို ပုဂ္ဂိုလ်မျိုးနဲ့ ယှဥ်နိုင်မှာတဲ့လား? "
"မဟုတ်သေးပါဘူး ၊ မင်း ငါ့ကိုတောင် မနိုင်တာ ! "
"ဟွန်း ၊ ငါ မင်းလည်ကို ညစ်ပြမယ်! "
" မင်း ငါ့လည်ကို ညစ်တယ်ပေါ့? အရှက်မရှိတဲ့ ကောင် ! မငိး ငါ့ကို လွှတ်စမ်း ! "
" ရတယ်လေ လွတ်ပေးမယ်,ဒါပေမဲ့ မင်း ငြိမ်ငြိမ်ပဲနေ! "
“ ငြိမ်ငြိမ်ပဲ နေရမယ်?မဖြစ်နိုင်တာ ! ငြိမ်နေတာ ခွေးပဲ ရှိတယ်ကွ ! "
" မြန်မြန်ကြည့်ကြစမ်း ! ဆက်ခံသူ သတ္တမမြောက် အထပ်ကို ရောက်သွားပြီ ! "
လူတိုင်း မျှော်စင်ရှိရာဘက်သို့ တဖန် လှည့်ကြည့်လိုက်ကြသည်။အားလုံး၏ မျက်နှာတွင်
ထိတ်လန့်မှုများက ဖုံးကွယ်လို့ မရနိုင်အောင် ထွက်ပေါ်လို့နေသည်။
တချိန်တည်းမှာပင် ၊ ထျန်းကျီမျှော်စင်၏ အတွင်းဘက်၌ ၊
" ကျောင်းတုန်းကလည်း လှေကားထစ်နဲ့ တတ်ရပြန်တယ် ၊ ခုလည်း လှေကားထစ်နဲ့ လာကြုံနေပြန်ပြီ ! "
စူးချန်ကဲခမျာ ကူကယ်ရာမဲ့စွာဖြင့်။ ကံကောင်းသည်မှာ သူသည် သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မှာ သန်မာပေသည်။သတ္တမမြောက် လှေကားထစ်ထိ တတ်လာခဲ့သော်လည်း သူသည် အနည်းငယ်မျှသာ ပင်ပန်းခဲ့ပေသည်။
"အကယ်၍ ငါသာ ဇီဖူစွမ်းအားကိုသာ အသုံးချလိုက်ရင် ပိုပြီး လွယ်ကူလောက်မလား? "
စူးချန်ကဲသည် သူ အရင်ဘဝက ဖတ်ခဲ့ဖူးသော စိတ်ကူးယဉ် ဝတ္ထုများကို အခြေခံကာ ခန့်မှန်းလိုက်သည်။ဒီလို ထိုးဖောက်ကျော်လွှားခြင်း အနေအထားတွင် သူသည် စွမ်းအားကို အသုံးပြုလို့ ရနိုင်လောက်ပေသည်။
စူးချန်ကဲသည် လေးခုမြောက် ဇီဖူကြယ် စွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် ဖိအား၏ တစ်စိတ်တစ်ပိုင်းကို အမှန်တကယ် နှိမ်နှင်းနိုင်ခဲ့သည်။
စူးချန်ကဲ စိတ်ထဲ ပြုံးလိုက်လေသည်။
တကယ်ကို သူ မျှော်လင့်ထားတဲ့အတိုင်းပဲ !
သို့သော် သတ္တမြောက် အထပ်သည် အနည်းငယ် ထူးဆန်းပေသည်။စူးချန်ကဲသည် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ရှာဖွေကြည့်သော်လည်း မည်သည့်လှေကားထစ်မှ မတွေ့ခဲ့ရချေ။ ထိုအချက်က သူ့ကို စိတ်ရှုပ်စေခဲ့သည်။
ရုတ်တရက် ၊ မမြင်နိုင်သော စွမ်းအားတစ်ခု
က သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ထိုအစွမ်းသည် သူ့၏ နတ်အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ့၏ စိတ်ဝိညာဥ်ပင်လယ်သည် မျက်စိတမှိတ်စာအတွင်း လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။
" ဒါ နတ်အသိစိတ်ပင်လယ် စမ်းသပ်မှုများလား? "
စူးချန်ကဲ ချက်ချင်းဆိုသလို သိလိုက်သည်။
သူသည် တင်ပြင်ခွေလျက် ထိုင်ချလိုက်ပြီး ဘယ်ကမှန်း မသိသည့် ထိုစွမ်းအားများကို ပြန်လည်တိုက်ခိုက်ရန် သူ့ ခန္ဓာကိုယ်တစ်ခုလုံး ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည်။
ဂျိန်း!
နတ်အသိစိတ်ပင်လယ်ရှိ ကြီးကျယ်ခမ်းနားသော ဝိညာဥ်စွမ်းအားများသည် တလိပ်လိပ် တတ်လာခဲ့သည်။
စူးချန်ကဲ၏ ရောင်ဝါအငွေ့အသက်များသည်
ပေါက်ကွဲလာသည်နှင့် အမျှ၊ ဘယ်ကမှန်း မသိသည့် စွမ်းအားများကို တဖြေးဖြေး ဝါးမျိုလိုက်သည်။ထို့နောက် သူ၏ အသက်သွေးကြောနှင့် သူတော်စင် ခန္ဓာကိုယ် အသွေးအသားများကို ပေါင်းစပ်လိုက်သည်။ထိုစွမ်းအား၏ သက်ရောက်မှုသည် ချက်ချင်းဆိုသလို ပြန့်ကျဲသွားခဲ့သည်။
" ကြည့်ရတာ ဒီရဲ့ စမ်းသပ်မှုက ကျင့်ကြံသူရဲ့
နတ်အသိစိတ် ပင်လယ်ကို ဦးတည်တာ ဖြစ်ရမယ် ၊ အကယ်၍ ကိုယ့်နတ်အသိစိတ် ပင်လယ်ကိုတောင် ကောင်းကောင်း မထိန်းချုပ်နိုင်ရင် ၊
ဒီရဲ့ ဘယ်ကမှန်း မသိတဲ့ စွမ်းအားက ကိုယ့်နတ်အသိစိတ် ပင်လယ်ကို ဖရိုဖရဲဖြစ်အောင် လုပ်လိုက်လိမ့်မယ်၊ဖရိုဖရဲ ဖြစ်တာနဲ့အမျှ ကိုယ့်ရဲ့ အသက်ရှုသံတွေပါ မတည်ငြိမ်တော့ဘဲ ရှုပ်ထွေးသွားခဲ့ရင် ၊ ဒါဆို ဒီအဆင့်ကို ကျော်ဖြတ်ဖို့ အရည်အချင်းမရှိတော့ဘူးပဲ "
" ဒီလိုဆိုမှတော့ ဒီရဲ့ အဋ္ဌမမြောက် အထပ်က
တာအိုဝါဒီနဲ့ သက်ဆိုင်နေမလား?"
စူးချန်ကဲသည် မှန်းဆလိုက်သည်။
" ဆက်ခံသူက အဋ္ဌမမြောက်အထပ်ကို စပြီး တိုက်ခိုက်နေပြီဟေ့ ! "
" ပထမ သူတော်စင် ယဲ့လင်ထျန်းတောင် ဒီအထပ်မှာ ရှုံးနိမ့်ခဲ့တာ !ဆက်ခံသူရော အောင်မြင်ပါ့မလား?"
အားလုံး ရင်ထဲ ဗြောင်းဆန်လို့ နေတော့သည်။
ထျန်းကျီ မျှော်စင် ၊ ဒသမ အထပ်တွင် ၊
ငယ်ရွယ်သော တာအိုဆရာသခင် တစ်ယောက်သည် စစ်တုရင်ခုံရှေ့တွင် တစ်ယောက်တည်း ထိုင်ကာ စစ်တုရင် ကစားနေခဲ့သည်။
အဖြူရောင် အခိုးအငွေ့များက သူ၏ မျက်နှာအသွင်အပြင်ကို ဖုံးလွမ်းထားပြီး လျို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းလို့နေသည်။
" စိတ်ဝင်စားဖို့ ကောင်းတယ် ၊ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်တဲ့လား? ဒါတင်မကဘူး အမတ ဘုံရဲ့ အရိတ်အမြွက် ပါတဲ့ ဓားရဲ့ ဆန္ဒရော ရှိသေးတယ်တဲ့လား?"
" နောက်ဆုံးတော့ ကွေးယွမ် သူတော်စင် နယ်မြေမှာ ထူးကဲတဲ့ လူတစ်ဦးတော့ ထွက်ပေါ်လာခဲ့ပြီပဲ "
" ဒါပေမဲ့ ၊ ဒီကောင်လေး ဒသမမြောက်ထပ် အထိ တက်ဖို့ ဆန္ဒရှိနေတာပဲ၊ မင်းမှာ အဲ့လို အစွမ်း ရှိလား မရှိလား ဆိုတာ စောင့်ကြည့်ရမှာပေါ့ "
ထိုလူသည် အတော်လေး ပျော်ရွှင်နေခဲ့သည်။သူ့လက်ထဲက အဖြူရောင် ကျားစေ့ကို စစ်တုရင် ခုံပေါ်သို့ ချလိုက်သည်နှင့် တပြိုင်နက် တာအိုဝါဒီ၏ အငွေ့အသက်များက လေထဲသို့ ပျံ့နှံ့သွားခဲ့သည်။
အဋ္ဌမမြောက် အထပ်မှ စတင်၍ အခိုးအငွေ့များသည် ပို၍ ထူထပ်လာခဲ့သည်။
"အွန်?ငါ ဘာလို့ ပိုအေးလာသလို ခံစားနေရပါလိမ့်?"
စူးချန်ကဲ၏ အာရုံခံ အထိအတွေ့သည် ပို၍ ထိလွယ်ရှလွယ် ဖြစ်လာခဲ့သည်။
ထိုနေရာ၏ အငွေ့အသက်များသည် ပို၍ သန်မာလာခဲ့သည်။ရုတ်တရက် ဆန်ပြီး အတော်လေး ထူးဆန်းပေသည်။
သို့သော် သူသည် ထျန်းကျီမျှော်စင်ကို ဆက်လက် ဖောက်ဝင်သွားဦးမည် ဖြစ်သည်။
စနစ်ရဲ့ ဆုလာဘ်က ဒီလောက် ကောင်းတာ သူ လက်လွတ်ခံလို့ ဖြစ်မလား?
အဋ္ဌမထပ်တွင် အခိုးအငွေ့များ ထူထပ်လာသည်နှင့် အမျှ မျက််စိရှေ့တစ်မီတာလောက်သာ မြင်တွေ့ရတော့သည်။ထိုထူးဆန်းသော အခိုးအငွေ့များသည် လူကို ဖိအားပေးထိန်းချုပ်ထားရုံသာ မက ၊ သူ့၏ နတ်အသိစိတ်ကိုတောင် ခွဲထုတ်ပစ်နိုင်သည်။
" တစ်ခုခုတော့ မှားနေသလိုပဲ "
စူးချန်ကဲသည် ဘေးပတ်ပတ်လည်ကို သတိဖြင့် ကြည့်လိုက်သည်။ယခုအလွှာထပ်သည် ယခင်အလွှာထပ်များနှင့် လုံးဝမတူကြောင်း သူ့ ပင်ကိုယ်စိတ်က ပြောပြနေခဲ့သည်။
" ဒီကောင်လေးရဲ့ အာရုံ ခံစားမှုက မဆိုးဘူးပဲ"
ထျန်းကျီမျှော်စင်၏ ဒသမမြောက် အထပ်တွင် ရှိနေခဲ့သော တာအိုဆရာသခင်က ရယ်လိုက်ရင်း ၊သူ့ လက်ထဲက အမဲရောင် ကျားစေ့ကို ထပ်ချလိုက်သည်။
အဋ္ဌမထပ်ရှိ အခိုးအငွေ့များသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အနက်ရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အနက်ရောင် အခိုးအငွေ့များသည် မုန်တိုင်းကဲ့သို့ အလိပ်လိပ် ထကြွလာပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ဟူး ဟူး!
အနက်ရောင် စွမ်းအားများနှင့်အတူ ကြီးမားသော နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ဤသည်မှာ ပြီးပြည့်စုံသော ဇီဖူတည်ဆောက်ပုံပင် ဖြစ်သည်။
နဂါးသည် သူ့နှာကို မှုတ်ကာ စူးချန်ကဲထံသို့ ဦးတည်လိုက်သည်။ ၎င်း၏ ပါးစပ်ထဲတွင် အနက်ရောင် အငွေ့အသက်များဖြင့် ပြည့်နှက်လို့နေသည်။
“ဟွန်း,ညံ့ဖျင်းလိုက်တဲ့ စကေး”
စူးချန်ကဲသည် ပြန်လည် တုံ့ပြန်မည့်အလုပ် ၊
သို့သော် ဘယ်ကမှန်းမသိသော စွမ်းအားသည် သူ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ တဖန် ဝင်ရောက်လာခဲ့ပြန်သည်။ဒီတခေါက် စွမ်းအားမှာ အားကောင်းသလို သူ၏ တာအိုစွမ်းအင်ကိုတောင် လှုပ်ခတ်သွားစေခဲ့သည်။
အနက်ရောင် အခိုးအငွေ့များသည် သူ၏ နတ်အသိစိတ်ပင်လယ်ထဲက အထိပ်အမြတ် တောင် ပတ်ပတ်လည်ကို ဝန်းရံထားသည်။မူလက ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေခဲ့သော တောင်သည် ယခုအခါတွင် နတ်ဆိုးတောင်သဖွယ် ဖြစ်နေခဲ့သည်။
သူ တစ်ခဏမျှ တုံ့ဆိုင်းသွားချိန်တွင် ၊ နဂါးသည် ချက်ချင်းဆိုသလို ရောက်ချလာခဲ့သည်။
စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် အနက်ရောင် အငွေ့အသက်များ ဝန်းရံထားပြီး သူ့ကို
အမှောင်ထုက ဝါးမျိုသွားခဲ့တော့သည်။
" နှမြောစရာပဲ ၊ အရည်အချင်း မလုံလောက်သေးဘူး "
ငယ်ရွယ်ပုံရသော တာအိုဆရာသခင်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
ရုတ်တရက် ၊ ထူးဆန်းသော အရာတစ်ခုကို သတိပြုမိလိုက်ရာ သူသည် မျက်မှောင်ကြုတ် သွားခဲ့သည်။
“အမ်?ဒါက?”
မူလက အနက်ရောင် အငွေ့အသက်များ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရသော နေရာတွင် မရေမတွက်နိုင်သော နတ်အလင်းတန်းများက ထိုအမှောင်ထုကြီးကို ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။ထို ရွှေအိုရောင် နတ်အလင်းတန်းများသည် အနက်ရောင် အခိုးအငွေ့များကို နှင်းပွင့်များကဲ့သို့ အရည်ဖျော်ချလိုက်သည်။
တောက်ပသော အလင်းတန်းသည် ပို၍ အားကောင်းလာသည်နှင့်အမျှ အနက်ရောင်အခိုးအငွေ့တို့က တဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။
တောက်ပသော အလင်းတန်းများ အလယ်တွင် စူးချန်ကဲသည် သူ့လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ ရပ်နေခဲ့သည်။သူ၏ ပုံစံမှာ တည်ငြိမ်လွန်းလှပေသည်။
ကောင်းကင်ဘုံကိုးထပ်က နတ် အလင်းတန်းများကဲ့သို့ ထိုတောက်ပသော ရောင်ဝါများက သူ့အပေါ်သို့ ရောင်ပြန်ဟက်နေသည်မှာ မြင့်မြတ်သော ပုဂ္ဂိုလ်အလားပင်။
" ဒီကောင်လေးမှာ ရတနာတွေက မနည်းဘူးပဲ"
တာအိုဆရာသခင်သည် သူ့ မျက်ခုံးကို ပင့်လိုက်သည်။ တန်ခိုးကြီးမားသော ရတနာတစ်ခုသည် ထိုကောင်လေးကို ကာကွယ်ထားမှန်း သူ သဘောပေါက်ခဲ့သည်။
ဤသည်မှာ သူတော်စင် အရှင် အဆင့် ရှိသော ပုဂ္ဂိုလ်၏ ထိုးနှက်ချက်ကိုတောင် အပြည့်အဝ ခံနိုင်ရည် ရှိသော နတ်ချပ်ဝတ်တန်ဆာပင် ဖြစ်သည်။
"ပြန်တောင် မတိုက်ခိုက်နိုင်တာ ၊ အကာအကွယ် ပစ္စည်းရှိတောင် ဘာအသုံးဝင်မှာလဲ? "
တာအိုဆရာသခင်သည် အနက်ရောင် ကျားစေ့ကို ထပ်ချလိုက်သည်။အနက်ရောင် အခိုးအငွေ့များသည် ဒီရေကဲ့သို့ တဖန် ပြန်ပြီး ဝင်ရောက်လာခဲ့သည်။
စူးချန်ကဲသည် အေးစက်စွာ နှာမှုတ်လိုက်ရင်း၊
လက်သီးဆုပ်လိုက်ရာ အံ့သြစရာကောင်းသော စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။
နတ်ဆိုးတစ်ကောင်၏ ဟိန်းသံနှင့်အတူ မိုးခြိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဆက်လက်ပြီး နဂါးဟိန်းသံအပြင် လေပြင်းသံများ ထွက်ပေါ်လာခဲ့သည်။
သူ၏ သေမျိုးခန္ဓာကိုယ်သည် မိုးခြိန်းသံများကဲ့သို့ ပေါက်ကွဲထွက်လာသော စွမ်းအားများနှင့်အတူ ရောယှက်လို့နေသည်။
" ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်း ! "
ဂျိန်း!
ထိုလက်သီး၏အစွမ်းသည် အလွန်ကြောက်စရာကောင်းပြီး ပျက်သုန်းခြင်းတရားတို့နှင့်အတူ ထိုပတ်ဝန်းကျင်တစ်ခုလုံးကို ဖြိုခွဲပစ်လိုက်သည်။
ထန်းကျီ မျှော်စင် အဋ္ဌမမြောက် အထပ်မှ ကြောက်စရာကောင်းသော ရွှေအိုရောင် အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
လက်သီးအစွမ်းသည် ဝေဟင်အထက်သို့ ပျံတတ်သွားသည်နှင့် အဋ္ဌမမြောက် အထပ်မှာ အပေါက်ကြီးဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
ထျန်းကျီမျှော်စင်၏ ဘေးပတ်ပတ်လည်တွင် ရှိနေခဲ့ကြသော တပည့်များနှင့် အကြီးအကဲများအားလုံး အံသြသွားကြလေသည်။
ထျန်းကျီ မျှော်စင်ကြီးက ဖျက်စီးခံလိုက်ရပြီ !
" ဘုရားရေ ! ငါ့မျက်စိ ပြာသွားတာများလား !
ထျန်းကျီ အဋ္ဌမမြောက် အထပ်က ဖျက်စီးခံလိုက်ရပြီ? ! "
“ ဒါ ဘယ်လို စွမ်းအားများလဲ?!"
ဖော့ကျွင်းဘိုးဘေးပင်လျှင် ကြောင်အမ်းသွားရသည်။
ဒီရဲ့လုပ်ရပ်က နည်းနည်းတော့ မလွန်လွန်းဘူးလား?
အရင်ဆုံး ကောင်းကင်ကို ဗြောင်းဆန်အောင် လုပ်တယ် ခုတော့ ထျန်းကျီမျှော်စင်ကိုတောင် အပေါက်ဖောက်လိုက်ရသလား?
ဖော့ကျွင်းဘိုးဘေးသည် ရုတ်တရက် တစ်စုံတစ်ခုကို စဥ်းစားမိကာ မျက်နှာမှာ ဖြူဖျော့သွားလေသည်။
" သွားပြီ ၊ ထျန်းကျီမျှော်စင်မှာ အဲ့ပုဂ္ဂိုလ် ရှိနေသေးတယ်လေ "
ဖော့ကျွင်းဘိုးဘေး၏ ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားလေသည်။ စူးချန်ကဲသည် ထျန်းကျီမျှော်စင်ကို ဝင်ရောက်ဖောက်ထွင်းရာတွင် ယခုလောက်ထိ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်လိုက်မိမယ်လို့ သူ ထင်မထားခဲ့ပေ။
" အဲ့ပုဂ္ဂိုလ် စိတ်မဆိုးပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မယ် "
အပိုင်း(၁၇) : အမြင့်ကို ရောက်ဖို့ ဖြတ်လမ်းကို ငြင်းဆိုမည်
စူးချန်ကဲတောင် အံ့သြသွားခဲ့ရသည်။စွမ်းအင်များဖြင့် ပြည့်နှက်နေသော သူ၏ လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့မျက်စိရှေ့က အပေါက်ကြီးကို ကြည့်ကာ ဆွံ့အနေမိသည်။
" ထျန်းကျီမျှော်စင်က ဒီလောက်တောင် အားပျော့ရသလား?"
"အားပျော့တယ်? "
ကွေးယွမ်က တပည့်တချို့မှာဖြင့် စိတ်ဆိုးလွန်းလို့ သွေးအန်သေရတော့မည်။
ဒါ လူက ပြောတဲ့ စကားလားဟင်?
ထိုအခိုက်အတန့်တွင် ထျန်းကျီမျှော်စင်၏ ဒသမအထပ်တွင် ရှိနေခဲ့သော တာအိုဆရာသခင်သည်လည်း အာရုံခံမိခဲ့သည်။
အဋ္ဌမမြောက် အထပ်က အပေါက်ကြီး ဖြစ်သွားတယ်တဲ့လား?
" ချန်ကဲ ၊ မင်းကို ထျန်းကျီမျှော်စင်ကို ထိုးဖောက်ဝင်ရောက်ခိုင်းတာလေ ၊ မင်း ထျန်းကျီမျှော်စင်ကိုတောင် ဖြိုချဖို့ စိတ်ကူးထားတာလား? "
စူးချန်ကဲရှေ့သို့ အလင်းတန်းတစ်ခု ကျရောက်လာပြီး မလှမ်းမကမ်းတွင် ဖော့ကျွင်းဘိုးဘေးသည် ဝေဟင်တွင် မတ်တပ်ရပ်နေခဲ့သည်။
ပျက်စီးကျိုးပဲ့နေသော ထျန်းကျီမျှော်စင်ကို ကြည့်ရင်း ၊ သူ့စိတ်ထဲ ဗြောင်းဆန်လို့ နေ၏။
ဤထျန်းကျီ မျှော်စင်ထဲသို့ ဇီဖူ ပြီးပြည့်စုံသော အဆင့် ရောက်ရှိမှသာလျှင် ဝင်နိုင်သည်။သို့သော် စူးချန်ကဲ၏ စွမ်းအားများသည် ဇီဖူ အဆင့်ထက်ကို ကျော်လွန်နေခဲ့သည်။
အတွင်းမှ ပေါက်ကွဲထွက်လာသော စွမ်းအားများသည် လွယ်လင့်တကူ ထျန်းကျီမျှော်စင်အား တစ်စစီ ဖြစ်အောင် လုပ်ခဲ့သည်။
စူးချန်ကဲမှာလည်း နေရခက်စွာဖြင့် ရှက်ကိုးရှက်ကန်း ခေါင်းလေးငုံ့လို့ နေသည်။
ဒီလိုဖြစ်တာ သူ့ကို အပြစ်တင်လို့ မရဘူးလေနော် !
" ဘိုးဘေး ၊ ကျွန်တော် ရှင်းပြမယ် ၊ ဒီထျန်းကျီမျှော်စင်ကိုက ပြသနာ ရှိနေတာ ! "
" ပြသနာ ရှိတယ် ဟုတ်လား"
ဖော့ကျွင်းဘိုးဘေးသည် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
စူးချန်ကဲသည် ခေါင်းညိမ့်လိုက်သည်။
"ကျွန်တော် ဒီထဲမှာ လူတစ်ယောက်ရဲ့ အငွေ့အသက်ကို ခံစားမိတယ် ၊သူက ကျွန်တော်ကို တမင်သက်သက် ပစ်မှတ်ထားနေပုံ ရတယ် "
" လူတစ်ယောက်ရဲ့ အငွေ့အသက်?မင်းကို ပစ်မှတ်ထားတယ်? "
ထိုပုဂ္ဂိုလ်အကြောင်းကို တွေးမိရင်း သူ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ထျန်းကျီမျှော်စင်ကို ထိန်းချုပ်နိုင်တာ အဲ့ပုဂ္ဂိုလ် တစ်ယောက်ပဲ ရှိတာ မဟုတ်လား?
သူဘာမှ မပြောလိုက်ရသေးခင် ၊ထျန်းကျီမျှော်စင်တွင် ဘယ်ကမှန်း မသိသည့် ရောင်ဝါများက နေရာတစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့သည်။
"ဟားဟားဟား ၊ ဒီကောင်လေးက အတော်စိတ်ဝင်စားဖို့ ကောင်းတာပဲ ၊ မင်း သိသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "
အသံတစ်သံသည် မျှော်စင်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး အားလုံး၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားခဲ့လေသည်။
ထိုအသံကို ကြားလိုက်ရသော ဖော့ကျွင်းဘိုးဘေးတင်မက ၊ ကွေးယွမ် ဘိုးဘေးနယ်မြေက ဘိုးဘေးများ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပေသည်။
" အဲ့ပုဂ္ဂိုလ်ကိုတောင် လှုံ့ဆော်နိုင်ခဲ့တာလား?"
"ဒါ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ မဟုတ်လား ?"
ဖော့ကျွင်းဘိုးဘေးသည် လက်ကို လျှက်ကာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
" လူကြီးမင်းကို ဂါရဝပြုပါတယ် ! "
" ချန်ကဲ အံ့သြမသွားနဲ့ ၊ အဲ့လူကြီးမင်းက အမတ နတ်ဘုရား ပဲ "
" အဲ့လောက်ထိ ဂါရဝတရားတွေ လုပ်မနေနဲ့ ၊ ငါ အဲ့ကောင်လေးနဲ့ တွေ့ချင်တယ် ဘယ်လိုလဲ?"
" အဲ့တာက "
ဖော့ကျွင်းဘိုးဘေးအနေဖြင့် အခက်တွေ့နေမိသည်။ချန်ကဲသည် သူ့၏ နှလုံးသားတစ်ခုလုံး ဆိုလည်း ဟုတ်၏။အကယ်၍ တဖက်လူသည် ချန်ကဲအပေါ် အပြစ်တင်ခဲ့မည် ဆိုပါက ၊ အဲ့လိုဆိုတောင် သူသည် စူးချန်ကဲကို လုံးဝ ကာကွယ်ပေးသွားဦးမည် ဖြစ်သည်။
" စိတ်ချပါ ၊ ထျန်းကျီမျှော်စင်က ငါ့ထိန်းချုပ်မှု အောက်မှာ ရှိနေတာ ၊ ပြန်ပြင်ဖို့က ခဏပဲ ၊ ငါက အငယ်ဂျူနီယာလေးကို ခက်ခဲအောင် လုပ်ပါ့မလား "
စကားဆုံးသည်နှင့် ၊ ထျန်းကျီ မျှော်စင်ထိပ်တွင် အပေါ်သို့ တတ်ရန် တောက်ပသော လမ်း တစ်ခု ပေါ်ထွက်လာခဲ့ပြီး စူးချန်ကဲထံသို့ ဦးတည်ကျဆင်းလာခဲ့သည်။
လမ်းကြောင်း၏ အဆုံးသတ်သည် တစ်နေရာရာသို့ ဦးတည်ထားပုံ ရပေသည်။
" ကောင်လေး တတ်လာခဲ့ ၊ ဒီလမ်းကြောင်းအတိုင်း တတ်လာရင် ငါနေတဲ့ ဒသမအထပ်ကို ရောက်လာလိမ့်မယ် "
" ဒဏ္ဍာရီထဲက ထျန်းကျီမျှော်စင် ဒသမထပ်ဆိုတာက တကယ်ပဲ တည်ရှိတာလား ! "
" အများကြီး သင်ယူခဲ့ရပြီ ! ဆက်ခံသူ ကြောင့်သာ မဟုတ်ရင် ၊ ငါ့ ဒီတစ်သက် ဒသမထပ်က လူကြီးမင်းကို မြင်တွေ့ခွင့် ရခဲ့မှာ မဟုတ်ဘူး ! "
လူတိုင်း၏ မျက်နှာတွင် အားကျမှုများဖြင့် ပြည့်နှက်လို့ နေသည်။
ထျန်းကျီမျှော်စင်ရဲ့ ဒသမအထပ် ! ဒဏ္ဍာရီထဲက နေရာ !
တခြား ကံကောင်းသော အခွင့်အရေးတွေကို မဆိုနှင့် ၊ထိုမျှော်စင်ကို တတ်နိုင်ခွင့် ရခဲ့ရင်တောင် ၊ သင့်၏ ဂုဏ်သတင်းသည် အဆမတန် ကြီးထွားလာပေလိမ့်မည် ဖြစ်သည်။
သို့သော် ဤကဲ့သို့ နောက်ဆက်တွဲကို မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
" လူကြီးမင်းရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ဒသမထပ်ကို တန်းတတ်နိုင်မယ့် အခွင့်အရေးကို ကျွန်တော် ငြင်းပါရစေ "
စူးချန်ကဲက ဆိုလိုက်သည်။
ထိုအခိုက်အတန့်တွင် အာကာသပြင်ကြီး တစ်ခုလုံး ငြိမ်ကျသွားလေသည်။အားလုံး ၊ သူတို့ပဲ နားကြားလွဲသွားသလား ဟု တွေးနေမိသည်။
ဒဏ္ဍာရီထဲက နေရာကို ဒင်းက မသွားဘူးတဲ့လား?
"အို? ဘာလို့လဲ? "
တာအိုဆရာသခင်သည် အနည်းငယ် အံ့သြသွားခဲ့သည်။
ဒီကောင်လေးမှာ ဒီလိုစရိုက်မျိုး ရှိသေးတာလား?
" လူကြီးမင်း ၊ ဒသမထပ်ကို ကျွန်တော်ကိုယ်ပိုင် အင်အားနဲ့ တတ်ချင်ပါတယ် "
စူးချန်ကဲလည်း ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။
စနစ်က ဒသမအထပ်ထိ ကိုယ့်အားကိုယ်ကိုးပြီး တတ်ခိုင်းခဲ့တာလေ ၊ တကယ်လို့ ပြင်ပအကူအညီ ယူခဲ့မိလို့ ဆုလာဘ်မပေးရင် ၊ သူ့ခမျာ ရင်မကျိုးရပေဘူးလား?
နောက်ဆုံးကုန်ကုန်ပြောရရင်၊ သူ့တစ်ခေါင်းလုံး ပြောင်သွားရင်တောင် သူ ကြိုးစားသွားဦးမည် ဖြစ်သည်။
“အဟွတ် အဟွတ်”
စူးချန်ကဲသည် တမင်တကာ ချောင်းအနည်းငယ် ဟန့်လိုက်ရင်း ၊ သူ့လက်ကို လျှက်ကာ ထပ်ဆိုလိုက်သည်။
"ကျွန်တော်မျိုး တဆင့်ပြီး တဆင့် တတ်ခဲ့ပါ့မယ် ၊ ကျွန်တော်ရဲ့ လုပ်နိုင်စွမ်းအပေါ် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါတယ် ! ကျေးဇူးပြုပြီး လူကြီးမင်း နားလည်ပေးပါ ! "
ထိုအခိုက်အတန့်တွင် အားလုံး ဆွံ့အသွားကြပြန်သည်။
ဆွံ့အစွာဖြင့် ငေးကြည့်နေကြသော ထိုမြင်ကွင်းသည် ရာဇဝင်တွင်လောက်ပေသည် ။
“ဆက်ခံသူက အရမ်းသန်မာတာပဲ!”
အားလုံး လှုပ်လှုပ်ရွရွဖြစ်ကာ အသံပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။
" ဆက်ခံသူက ငါ့အတွက်တော့ စံထားရမယ့် ပုဂ္ဂိုလ်ပဲ ! "
" ဆက်ခံသူရဲ့ သွင်ပြင်က တကယ်ကို လေးစားစရာ ကောင်းတာပဲ ! "
မျိုးစုံထွက်ပေါ်လာသော စကားသံများသည် လှိုင်းလုံးကြီးသဖွယ် အမြင့်ဆုံးအခြေအနေထိ ရောက်ရှိသွားခဲ့လေသည်။
တချို့ အမျိုးသမီး တပည့်မလေးများဆို ၊ စိတ်လှုပ်ရှားလွန်ကာ ကျောက်ရုပ်ကြီး သဖွယ် ရပ်နေကြသည်။
သူမတို့ အချစ်တွင် နစ်မြောသွားခဲ့ရပြီ ဖြစ်သည်။
ဒီလို အရည်အချင်း၊ ဒီလိုလေးစားဖွယ်ရာ ကောင်းတဲ့ ဟန်ပန်နဲ့ ပြည့်စုံတဲ့ ဆက်ခံသူ မောင်ကြီးကို သူမတို့ ဘာများ တောင်းဆိုရဦးမည်နည်း ။
ထိုကဲ့သို့ ဒဏ္ဍာရီတွင်သည့် နေရာမျိုးတွင် မိမိ၏ နာမည်ကောင်း ကျန်ရစ်မည် ဖြစ်ရာ ၊ မည်သူမဆို ချက်ချင်း သဘောတူညီကြလိမ့်မည် ဖြစ်သည်။
သို့သော် စူးချန်ကဲသည် ငြင်းဆိုခဲ့သည်။ဒါတင်မက သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ဒသမအထပ်ကိုတတ်ရန် ရွေးချယ်ခဲ့သည်။
ဒါ ရဲရင့်ပြတ်သားတဲ့ အပြုအမှုတင် မကဘူး ၊ ကိုယ့်ကိုယ်ကို အရမ်းယုံကြည်မှု ရှိနေတာ မဟုတ်ဘူးလား !
" ချန်ကဲ "
ယခုအခိုက်အတန့်တွင် ဖော့ကျွင်းဘိုးဘေးသည် အတော်လေး အားရကျေနပ်နေခဲ့သည်။
ဒီလိုစရိုက်မျိုးနဲ့ ၊ အမတ မဖြစ်မှာကို စိတ်ပူစရာလား ?
"ဟားဟားဟား ! ကောင်းတယ် ကောင်းတယ် !
မင်း ငါ့ကို စိတ်မပျက်စေရဘူး ! "
" ဒါဆို ငါ မင်းကို ဒသမ အထပ်ကနေ စောင့်နေမယ် ! "
ထိုမှသာလျှင် စူးချန်ကဲတစ်ယောက် သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။ကံကောင်းထောက်မစွာဖြင့်၊ အရင်ဘဝတုန်းက သူသည် ကျောင်းတွင် မိန့်ခွန်းပြောခဲ့ဖူးသည်။ဒီတခါမှာတော့ အရမ်းလန်းတဲ့ လူတစ်ယောက်အဖြစ် သရုပ်နိုင်ခဲ့ရုံတင် မက တပါးသူ၏ ထင်မြင်ချက်ကောင်းများစွာ ရရှိခဲ့သည်။
တော်လိုက်တဲ့ငါ ၊ အရင်းနှီးငွေ နည်းနည်းနဲ့ ငွေများများ ရှာနိုင်ခဲ့လေခြင်း !
" ဒါနဲ့ ဒီရဲ့ ခံစားချက်က မဆိုးဘူးပဲ ! "
စိတ်ကူးယဉ်ဝတ္ထုများတွင် ဇာတ်ကောင်များကို အရမ်းလန်းတဲ့ ကာရိုက်တာအဖြစ် ဘာလို့ ပုံဖော်ထားမှန်း နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဒီရဲ့ ခံစားချက်က သေအောင်လန်းတယ် !
အမှတ်ပြည့် ၁၀၀မှာဆို သူ့ကိုယ်သူ ၉၉ မှတ် ပေးပြီးပြီ ၊ ဘာလို့ တစ်မှတ် ချန်ခဲ့တာလဲ ဟုတ်လား?အရမ်း မာနကြီးသွားမှာဆိုးလို့လေ။
စူးချန်ကဲသည် နဝမမြောက် အထပ်သို့ ထပ်မံလျှောက်လာခဲ့ပြန်သည်။သို့သော် ဤအထပ်သည်လည်း အတော်ထူးဆန်းပေသည်။နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသလိုပင်။
ဂျိန်း!
လေးဘက်လေးနံ မြင်ကွင်းများသည် အဆက်မပြတ် ပြောင်းလဲနေပြီး ဝေဟင်ပြင်သည် တသိမ့်သိမ့် ရိုက်ခတ်နေသလိုပင်။
မြင်ကွင်းသည် တဖြေးဖြေး ရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။
စူးချန်ကဲသည် သူ့ကိုယ်သူ ရှေးဟောင်း စစ်မြေပြင်တွင် ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ကြေးညိုရောင် တိုင်လုံးကြီးများသည် သံချေးများ တက်ကာ ရှေးခေတ်က အငွေ့အသက်များ လွမ်းခြုံထားသည်။ထို့အပြင် သွေး တစွန်းတစ ရှိနေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သလိုမျိုး ပြင်းထန်သော သွေးညှီနံ့များ၊ နတ်ဆိုးစွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားသည်မှာ လူကို အသက်ရှုရပ်တန့်သွားအောင် ပြုစားနေသလိုပင်။
" ဒါ အာကာသ အသွင် ပြောင်းလဲခြင်းလား
ဒါမှမဟုတ် စိတ်ကူးယဥ်နယ်မြေလား? "
စူးချန်ကဲသည် ဘေးပတ်ပတ်လည် တစ်ခုလုံးကို သတိဖြင့် ကြည့်လိုက်သည်။ထျန်းကျီမျှော်စင်၏ နဝမအထပ်သည် အလွန်ထူးခြားသော နေရာဖြစ်သောကြောင့် သူ့အနေဖြင့် သတိလက်လွတ် မနေဝံ့ပေ။
ဝုန်း!
အမှောင်ထုထဲ၌ သံခြေချင်းသံများ ရုတ်ချည်းဆိုသလို ကြားလိုက်ရသည်။
မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားခဲ့သည်။
လှုပ်ရှားမှုအသံ ပိုကျယ်လောင်လာသည်နှင့်အမျှ အမှောင်ထုထဲတွင် ကြီးမားသော အသွင်အပြင် တစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာဖုံးကို ဝတ်ဆင်ထားသော ဒါဇင်ချီ မြင့်သော ဘီလူးကြီး တစ်ကောင်ပင် ဖြစ်သည်။
၎င်းကို သံခြေကွင်းများဖြင့် ချည်နှောင်ထားပြီး
စွမ်းအင်တစ်ချို့က သူ့ကို ဖိနှိပ်ချုပ်ချယ်ထားတောင် ကြောက်စရာကောင်းနေဆဲပင် ဖြစ်သည်။
၎င်းထံက ကြီးကျယ်ခမ်းနားသော ချီစွမ်းအင်များသည် အာကာသကို လှုံ့ဆော်ပေးလျက် ရှိသည်။
သို့သော် စူးချန်ကဲသည် လုံးဝမထိတ်လန့်ဘဲ သူ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ တချက်ပြုံးသွားခဲ့သည်။တစ်ကိုယ်လုံး ရောင်ဝါများ လင်းလက်လာပြီး တာအိုစည်းချက်များ ထွက်ပေါ်လာကာ ခန္ဓာကိုယ်တွင် လျို့ဝှက်ဆန်းကြယ်သော တာအိုနိယာမများ ဖြစ်ပေါ်လာသည်။
သူ့တစ်ကိုယ်လုံး နေအလင်းရောင်ကဲ့သို့ ပြိုးပြိုးပျက်ပျက် တောက်ပလို့နေသည်။
ဝူး!
ဘီလူးကြီးသည် မြည်ဟိန်းလိုက်သည်နှင့် ချီစွမ်းအင်များ ပြန့်ကျဲသွားကာ အာကာသမှာ အနည်းငယ် ပုံပျက်သွားခဲ့ရသည်။ဘီလူးကြီးသည် သူ၏ လက်ဖဝါးကြီးဖြင့် စူးချန်ကဲကို ရိုက်ချလိုက်သည်။
၎င်း၏ အရှိန်သည် လူအုပ်ကြီးကိုတောင် ရိုက်ချပစ်နိုင်သည်။
“မဆိုးဘူး ဒါပေမဲ့ လိုသေးတယ် "
သူ့ဆီသို့ ဦးတည်လာသော ဧရာမ လက်ဖဝါးကြီးကို မြင်တော့ စူးချန်ကဲသည် အေးအေးလူလူ တခွန်းတည်းသာ ဆိုလိုက်သည်။
ထို့နောက် သူ့ညာလက်ကို ဓားကို ခိုင်းစေရန် အသုံးပြုလိုက်သည်နှင့် ကြီးမားသော စွမ်းအား တစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
နတ်သတ်ဓားသည် အာကာသထဲတွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
နတ်ဆိုးအကြောင်းကို တွေးလိုက်ရုံဖြင့် ဓား၏ ဆန္ဒသည် နတ်များကို ချိတ်ဆက်နိုင်သည်။
တာအိုနှင့် ဓား ရောယှက်ကာ ၊ ကောင်းကင်နှင့် မြေကြီး ၊ နေနှင့်လကို ဝါးမျိုလျက် တစ်ကမ္ဘာလုံးကို ဖိနှိပ်သွားမည် ။
နတ်သတ်ဓား၏ ဆန္ဒက ယင်းယန်ဓားစွမ်းအင်ကို မြင့်သထက် မြင့်အောင် တွန်းပို့ပေးခဲ့သည်။
ခရက်*!
ဧရာမ လက်ကြီးနှင့် ယင်းယန်ဓားစွမ်းအင်တို့တိုက်မိလိုက်ချိန် ကမ္ဘာကြီးမှာ တခဏချင်း တုန်လှုပ်သွားခဲ့လေသည်။
ဆီးနှင်းခဲ စွမ်းအားနှင့် ပူပြင်းတောက်လောင်နေသော စွမ်းအားများသည် ထိုဧရာမလက်ကြီးကို ဖောက်ထွင်းသွားပြီး အခိုးအငွေ့နှင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
နတ်သတ်ဓား၏ ဆန္ဒသည် ဆုတ်ယုတ်မသွားသေးဘဲ ကောင်းကင်ကို ကြီးစိုးထားသော နေမင်းကြီးကဲ့သို့ပင်။
ဘီလူးကြီး၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။သူ့တစ်ကိုယ်လုံး သွေးများ ပွက်ပွက်ဆူကာ တိုက်ခိုက်ရန် ကြိုးစားလိုက်ပြန်သည်။
သို့သော် ၊ ကြောက်ဖို့ကောင်းသော ဓားစွမ်းအင်၏ ရှေ့တွင် အရာအားလုံး အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
လျန်ထျန်းဓား၏ အစွမ်းသည် ဘီလူးကြီးကို လျင်မြန်စွာ ချေမှုန်းလိုက်ခဲ့ပြီ ဖြစ်သည်။
[T/N - လျန်ထျန်း ဓားဆိုတာ နတ်သတ်ဓားကို ပြောတာပါ ၊ အခန်း(၄) မှာ စနစ်ရဲ့ ဖော်ပြတဲ့အချက်အလက်မှာ ပါခဲ့ပြီးသားပါ ]
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အမှောင်ထုကြီးသည် ပျောက်ကွယ်သွားခဲ့ပြီး ၊
တောက်ပသော အလင်းတန်းများက တစ်စ တစ်စဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
အရာအားလုံး မူလအခြအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အပိုင်း(၁၈) : ထျန်းကျီကျောက်စာ ကွဲကြေသွားပြီ ၊ ရှန်းချန်လျို့ဝှက်သော့
ဘုန်း
အချိန်အတော်တန် ကြာပြီးနောက်၊ ဆူညံသံများသည် ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့သည်။
အလင်းတန်းများလည်း ဖြေးဖြေးချင်း ပျောက်ကွယ်သွားခဲ့သည်။ပတ်ဝန်းကျင်တစ်ခုလုံးလည်း ဘာမှမဖြစ်ခဲ့သလိုမျိူး ပြန်လည်ငြိမ်သက်သွားခဲ့သည်။
" အတော်ထူးဆန်းတယ်၊စောနက ဓားချက်က ဘာလို့ နဝမမြောက် အဆောင်တစ်ခုလုံးကို ဘာလို့ အပေါက်ဖြစ်မသွားစေတာလဲ? "
စူးချန်ကဲ အနည်းငယ် ထုံထိုင်းတွေဝေသွားခဲ့သည်။
ဒီရဲ့ ဓားချက်က စောနက လက်သီးထက် စွမ်းအားမနည်းဘူး မဟုတ်လား?
ဒသမအထပ်က တာအိုဆရာသခင်သည် ထိုစကားကို ကြားတော့ မျက်မှောင်ကြုတ်သွားလေသည်။
" ဒီကောင်လေး ၊ သတ္တိက မနည်းပါ့လား!"
" ထားလိုက်တော့ ၊ နဝမမြောက် အထပ်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီဆိုတော့ ငါ သူ့အတွက် လမ်းဖွင့်ပေးလိုက်ပါ့မယ် "
အကယ်၍ သူသာ စောနက နဝမမြောက် အဆောင်၏ ကန့်သတ်စွမ်းအားကို တောင့်တင်းခိုင်မာအောင် မလုပ်ခဲ့ရင် ခုလောက်ဆို အပေါက်ကြီး ဖြစ်နေလောက်ပြီ ဖြစ်သည်။
အခုလည်း တစ်စစီ ဖြစ်သွားမှာကို သူ စိုးရိမ်နေမိသည်။
" ပုံစံကို နည်းနည်း ပြောင်းမှ ဖြစ်မယ် ၊ မဟုတ်ရင် အရည်အသွေး မလုံလောက်ပဲ ဖြစ်သွားလိမ့်မယ် ! "
သူသည် ပြောပြောဆိုဆို လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါများက ထျန်းကျီ မျှော်စင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထျန်းကျီမျှော်စင်၏ အပေါ်ဘက်တွင် ပုံပျက်နေသော အာကာသထဲ၌ အလင်းရောင်တစ်ခုသည် ရုတ်ချည်း ထွက်ပေါ်လာလေသည်။
အာကာသပြင်ကြီးသည် သူ့အလွှာနဲ့သူ ကွဲအက်သွားခဲ့သည်။
ထို့နောက် ကြီးမားသော ကျောက်စာတိုင်ကြီးတစ်ခု ဖြေးဖြေးချင်း ပေါ်ထွက်လာခဲ့သည်။
အဆုံးမရှိ ကြာမြင့်ခဲ့သော အချိန်၏ ထည်ဝါမှုတို့ဖြင့် ပြည့်နှက်လို့ နေသည်။
“ဆက်ခံသူ လူကြီးမင်း အောင်မြင်သွားခဲ့ပြီ ! ထျန်းကျီ ကျောက်စာတိုင်ကြီး ဒီကမ္ဘာမြေပေါ် ထွက်ပေါ်လာခဲ့ပြီ ! "
“ ထျန်းကျီကျောက်စာတိုင် ! ဒဏ္ဍာရီထဲက
ရတနာ ! လူတစ်ယောက်ရဲ့ အနာဂတ်နှင့် ကံကြမ္မာကို ခန့်မှန်းနိုင်တယ်တဲ့ ! "
“ ဆက်ခံသူက ဒီလောက်တောင် အရည်အချင်း ရှိတာ နောက်ဆို ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်ကိုဖြစ်နိုင်တယ်! "
ဒဏ္ဍာရီထဲက ထျန်းကျီ ကျောက်စာတိုင်ကြီး ပေါ်ထွက်လာသည့်အပေါ် ၊ ကွေးယွမ် တပည့်သားများ၏ မျက်လုံးများသည် ဝင်းလက်တောက်ပလို့ နေကြသည်။
ဒီတစ်ခါလည်း သူတို့၏ ဆက်ခံသူသည် သူတို့ကို ဘယ်လို အံ့အားသင့်စရာ ကောင်းတဲ့ အရာတွေ ထပ်ပြီး ယူဆောင်လာဦးမလဲဆိုတာကို မျှော်လင့်နေကြသည်။
"ဒါက အနာဂတ် ကံကြမ္မာကို ဖတ်ရှုနိုင်တဲ့ ကျောက်စာတိုင်ပေါ့၊ အဲ့လောက်တောင်လားဆိုတာကို ငါ စောင့်ကြည့်ကြည့်ဦးမယ် "
စူးချန်ကဲသည် ဓားစွမ်းအင်ကို ဘောပင်အဖြစ် အသုံးပြုကာ ၊ ကျောက်ပြားပေါ်တွင် ' စူး' ဆိုသည့် နာမည်ကို ရေးထွင်းလိုက်သည်။ကျောက်စာတိုင်သည် ချက်ချင်းဆိုသလို တုန်ခါလာခဲ့သည်။
အက်ကွဲသံ!
အက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့သည်။ကျောက်စာတိုင်သည် အမည်မသိသော လွှမ်းမိုးမှုတစ်ခုကြောင့် ထိခိုက်သွားပုံ ရကာ အဆက်မပြတ် တုန်ခါလို့နေ၏။
သူ တုန်ခါလိုက်တိုင်း အက်ကွဲသံတစ်ခု ထွက်ပေါ်လို့လာသည်။
" ထျန်းကျီ ကျောက်စာတိုင်ကြီးက ဒါ ကွဲအက်တော့မှာလား? "
" ဆက်ခံသူ ရေးလိုက်တာဖြင့် တစ်လုံးတည်းလေ !ထျန်းကျီ ကျောက်စာတိုင်ကြီးက ဒါလေးတောင် ခံနိင်ရည် မရှိဘူးလား? "
ထျန်းကျီမျှော်စင်၏ ဒသမမြောက် အထပ်တွင် ရှိနေခဲ့သော တာအိုဆရာသခင်၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဒီလိုမြင်ကွင်းမျိုးကို သူ တခါမှ မမြင်ဖူးခဲ့ပေ။
" အမတ နယ်မြေရဲ့ အဖိုးတန် ရတနာကြီးက စာလုံးလေး တစ်လုံး ရေးရုံနဲ့တင် ကွဲသွားတယ်တဲ့လား?"
ဒါက ကံတရားကို ဟောကိန်းထုတ်နိုင်တဲ့ အဖိုးတန် ရတနာကြီးလေ၊ထပ်ပြောရရင် ဒီလိုမျိူး မဖြစ်သွားသင့်ဘူးလေ !
" မဟုတ်မှလွဲရော "
သူ တစ်ခုခုကို တွေးမိသွားပုံပေါ်သည်။
အရင်က အမတဘုံတွင် ထျန်းကျီကျောက်စာတိုင်နှင့် ပတ်သတ်သည့် ရှေးဒဏ္ဍာရီ ဖော်ပြချက်အရ : အကယ်၍ လူတစ်ယောက်၏ အနာဂတ် ကံကြမ္မာသည် ဒီကမ္ဘာကြီးရဲ့ ဖြစ်တည်မှုထက် ကျော်လွန်နေပါက ၊ ထျနိးကျီကျောက်စာတိုင် အနေဖြင့် ထိုပုဂ္ဂိုလ်၏ ကံကြမ္မာကို ခံယူနိုင်ခြင်း မရှိပေ။ထိုပုဂ္ဂိုလ်၏ ကံကြမ္မာကို ကောင်းကင်လမ်းစဥ်ကတောင် အစွန်းအထင် မခံဝံ့ပေ။ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ထာဝရ တားမြစ်ထားသူ ဟု ခေါ်ဆိုကြသည်။
"ဒီကောင်လေး ၊ လူကဖြင့် မအောင်မြင်သေးဘူး ခုကတည်းက ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပြီ ! "
တာအိုဆရာသခင်မှာ တုန်လှုပ်သွားလေသည်။
စူးချန်ကဲသည် ဒုတိယစာလုံး ထပ်ရေးရန် ဟန်ပြင်နေသည်ကို သူ တွေ့လိုက်ရသည်။
တာအိုဆရာသခင်မှာ ထိတ်လန့် တုန်လှုပ်သွားပြီး ထျန်းကျီကျောက်စာကို ပျာပျာသလဲဖြင့်သိမ်းယူလိုက်သည်။
" ဘုရားရေ ! ထျန်းကျီကျောက်စာတော့ ကွဲတော့မှာပဲ ! "
နာမည်တစ်လုံးတည်းနဲ့တင် ကွဲတော့မလို့ နည်းနည်းပဲ လိုတယ် ၊ ဒါကို ဒင်းက ဒုတိယအလုံး ထပ်ရေးချင်သေးတာလား?
စူးချန်ကဲတစ်ယောက် စိတ်ရှုပ်သွားသည်။
ငါ့ကို နာမည်လေးတောင် ရေးခွင့်မပေးဘူးလား?တစ်လုံးတည်း ရေးရသေးတယ်လေ ၊ထျန်းကျီကျောက်စာက ဘယ်ကို ပြေးသွားတာတုန်း?
ဤအခြေအနေတစ်ခုလုံး ကသိကအောက် ဖြစ်လို့နေကြသည်။မူလက ထျန်းကျီကျောက်စာကြောင့် ဖြစ်တည်လာသော တိမ်စိုင်များသည် ယခုကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
ကောင်းကင်တခုလုံး ရှင်းသန့်နေပြီး၊ဘာမှမဖြစ်ခဲ့သလိုပင်။
“အဟွတ် အဟွတ်”
“ကောင်လေး၊မင်း နဝမမြောက်အထပ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဆိုတော့၊ဒီတခါတော့ ငါ ချပေးတဲ့ လမ်းကိုလျှောက်ပြီး တတ်လာလို့ရပြီမလား?"
တာအိုဆရာသခင်လည်း အနည်းငယ် ကသိကအောက် ဖြစ်လို့နေ၏။သူသည် သက်ကြီးရွယ်အို တစ်ဦးဆိုလည်းဟုတ်ပေးသည်။
ဒီကောင် ဘာလို့ငါ့ကို မျက်နှာပျက်အောင်လုပ်နေတာတုန်း။
အမည်မသိတစ်နေရာမှ ရွှေအိုရောင် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ထိုမှသာလျှင် စူးချန်ကဲလည်း စိတ်အေးနိုင်တော့သည်။
ရွှေအိုရောင် လမ်းကြောင်းအတိုင်း တက်လာခဲ့စဉ်၊သူသည် ဘဝင်ခိုက်နေမိသည်။ဒီကမ္ဘာကြီးတခုလုံးက ပြောင်းလဲသွားသလို ခံစားနေရသည်။
အားလုံး၏အမြင်တွင်၊ သူတို့၏ ဆက်ခံသူသည် ရွှေအိုရောင် လမ်းကြောင်းပေါ်သို့ တက်လှမ်းလိုက်သည့် အခိုက်၊ ရွှေရောင်အလင်းတန်းများက သူ့ကို ရစ်ပတ်ထားသလိုပင်။
ဆက်လက်၍၊ထိုရွှေအိုရောင် လမ်းကြောင်းသည် ဒီကမ္ဘာပေါ်တွင် တစ်ခါမှ ထွက်ပေါ်မလာခဲ့သလိုမျိုး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
" တကယ်ကို လျှို့ဝှက်ဆန်းကြယ်လိုက်တာ"
" ဒီလို နေရာရွေ့ပြောင်းခြင်း အစီအရင်မျိုးကို ငါဘာလို့တစ်ခါမှ မကြားဖူးတာလဲ?ထပ်ပြောရရင်၊ သာမန် နေရာရွေ့ပြောင်းခြင်း အစီအရင်မှာဆို ရောင်ဝါတွေ ကျန်ခဲ့တယ် မဟုတ်လား?"
"အဲ့ အထက်တန်း ပုဂ္ဂိုလ်ရဲ့ အစွမ်းက ငါတို့နားလည်ထားတာထက် ပိုပြီး ကျော်လွန်နေတာမျိုး မဖြစ်နိုင်ဘူးလား? "
လူတော်တော်များများက အထူးသဖြင့် စူးချန်ကဲကို အားကျလို့နေကြသည်။သူတို့ဆက်ခံသူသည် နေရာရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် အမတ နယ်မြေကဲ့သို့ တစ်နေရာရာထံ ရွှေ့ပြောင်းခံလိုက်ရသည်ဟု မှတ်ယူနေကြသည်။
သို့သော် စိတ်ကူးနှင့် လက်တွေ့သည် ဆန့်ကျင်ဘက် အဖြစ် ရှိတတ်ကြသည် မဟုတ်လော။
စူးချန်ကဲ တစ်ယောက် ဆွံ့အလို့နေ၏။ဒသမအထပ်သည် ကျန်အထပ်များနှင့် တစ်ပုံစံတည်းတူနေသည်ဟု ခံစားမိသည်။
အခိုးအငွေ့များက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်ကျဲထားသည်။
"စိတ်ကူးယဉ်ဝတ္ထုတွေမှာဆို၊ ဒီလို အကြီးတန်း ပုဂ္ဂိုလ်ကြီးတွေက တခြားကမ္ဘာကြီးတစ်ခု ဖန်တီးပြီး နေတာ မဟုတ်ဘူးလား"
“ ဘယ်လိုဖြစ်ပြီး ဘုရားကျောင်းတုန်း၊ဟိုလို အမတ ဘုံလိုမျိုး ဖြစ်နေရမှာ မဟုတ်ဘူးလား? "
ဒါပေမဲ့ ခုတော့ သူမျက်စိရှေ့က ဘာကြီးတုန်း?။
အခိုးအငွေ့တွေကလွဲပြီး ဘာမှရှိမနေခဲ့ပေ။စနစ်ကြောင့်သာ မဟုတ်ရင် ၊ သူသည် အစောကြီးကတည်းက ဒသမမြောက် အထပ်ကို တက်ပြီး နေလောက်ပြီ ဖြစ်သည်။ သူ လှည့်စားခံလိုက်ရတယ်လို့တောင် သံသယဖြစ်နေမိသည်။
"ကောင်လေး၊ ငါ မင်းကိုစောင့်နေတာကြာပြီ"
ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အခိုးအငွေ့များကြားက ခပ်ဝါးဝါး အသွင်အပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုပုဂ္ဂိုလ်သည် စစ်တုရင်ခုံတစ်ခု၏ ရှေ့တွင် တင်ပျဉ်ခွေထိုင်နေပြီး ဤအခိုက်အတန့်တွင် သူသည် ကျားစေ့ချနေခဲ့သည်။
" ဒီလိုအထက်တန်း ပုဂ္ဂိုလ်တွေက ခုလိုပုံစံမျိုးကို သဘောကျကြတာလား? "
" ပုံမှန်လှည့်ကွက်သာသာပဲ ၊တဖက်လူ မမြင်နိုင်အောင် သူတို့ အသွင်အပြင်ကို အခိုးအငွေ့တွေ နဲ့ ဖုံးကွယ်ထားတယ် "
" ဒါမှမဟုတ် ၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး သူတို့အသံကို ပြောင်းလဲပြီး တဖက်လူကို ထူးဆန်းတဲ့ အသံအဖြစ် ကြားအောင် လုပ်တာမျိူးတို့ ... အကွက်တွေက ရိုးလွန်းဘူးလား? "
စူးချန်ကဲသည် သူ့စိတ်ထဲ မကျေနပ်ချက်များ ညည်းတွားလိုက်သည်။သို့ဆိုတောင် ညည်းညူတာက ညည်းညူတာ သက်သက် ၊ သူ အခု လုပ်ရမှာက ကြောက်ရွံ့သလို ဟန်ဆောင်ရမည် ဖြစ်သည်။
"လူကြီးမင်း ၊ ကျွန်တော် စူးချန်ကဲ ဂါရဝပြုပါတယ် ! "
တာအိုဆရာသခင်သည် စူးချန်ကဲ၏ တုံ့ပြန်မှုကို အလွန်ကျေနပ်နေခဲ့သည်။သူ့ကိုယ်သူ့လေးစားမိသည့် အရာလေးတစ်ခုကို ပြန်ရှာတွေ့သွားသကဲ့သို့ပင်။
စူးချန်ကဲသည် တမင်တကာ သူ့အကြိုက်အလိုက်ဆောင်နေသည်ကိုတော့ သူမသိခဲ့ပေ။
ဒီလို သက်ကြီးရွယ်အို ပုဂ္ဂိုလ်များအတွက် ဂုဏ်သိက္ခာသည် သူတို့အတွက် အရေးကြီးဆုံးအရာဟု ဆိုနိုင်ပေသည်။ထပ်ပြောရလျှင်၊သူတို့သည် ထူးချွန်သော သူများ၏ ချီးမြောက်ပြောဆိုခြင်းကို နှစ်သက်ကြသည်။
" ဟားဟား! ကောင်လေး ငါဘယ်သူလဲဆိုတာ မင်းသိလား “
" ကျွန်တော်မျိုး မသိပါဘူး၊ဒါပေမယ့် လူကြီးမင်းရဲ့ထူးခြားတဲ့ စွမ်းအားကို ခံစားမိပါတယ်"
စူးချန်ကဲသည် လေးစားသမှုဖြင့် ဆိုလိုက်သည်။ တကယ်တန်းတွင် သူ့စိတ်ထဲမှာတော့ ရူးချင်သွားသည် ။
သူကမှ တကယ့်ဇာတ်ကောင်လေ! ဘာလို့တခြားတယောက်ကို သရုပ်ဆောင် ပြနေရဦးမှာတုန်း?
တာအိုဆရာသခင်သည် ကျားစေ့ကို ထပ်ချလိုက်သည်။
" ငါ့ကိုယ်တော်နာမည်က ထိုက်ရွှီအမတအရှင် ထပ်ပြောရရင် ၊ ငါကိုယ်တော်က ဒီလောကက လူမဟုတ်ဘူး "
“ငါကိုယ်တော်”လို့ ပြောလိုက်ချိန် သူ့လက်သည် အပေါ်ကို ညွှန်ပြလိုက်သည်။
စူးချန်ကဲ စိတ်ထဲ နားလည်သဘောပေါက်သွားသည်။
အို့ လက်စသတ်တော့ သူက အထက်ကမ္ဘာကလာတာကိုး ။
အထက်ကမ္ဘာဆိုသည်မှာ သူ နားလည်သလောက်ဆို ၊ အမတ ဘုံကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။
"လူကြီးမင်းက အဲဒီနေရာက လာတာဆိုတော့ ဘာလို့ ဒီထျန်းကျီမျှော်စင်မှာ နေနေတာတုန်း၊ လူကြီးမင်း အဲ့ကို ပြန်မသွားချင်ဘူးလား"
စူးချန်ကဲသည် သိချင်စိတ်ဖြင့် စပ်စုလိုက်သည်။
ထိုက်ရွှီအမတအရှင်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဘာမှ မပြောပေ။
ပြန်သွားမယ်? အဲ့နေရာကို သူ ပြန်သွားလို့ ရပါဦးမလား?
မရေမတွက်နိုင်သော စစ်ပွဲများ အပြီးတွင် ၊ အမတဘုံ ရှိသေးလားဆိုတာ သူကိုယ်တိုင်တောင် မသိတော့ပေ။
တကယ်တန်းတွင် ၊ သူသည် မှတ်ဉာဏ်အများစုကို ဆုံးရှုံးခဲ့ရပြီး ထိုနေရာနှင့် ပတ်သတ်သော မှတ်ဉာဏ်အပိုင်းအစများကိုသာ ခံစားနိုင်ခဲ့သည်။
ကြောက်ဖို့ကောင်းသော အသွင်အပြင် ၊ အမတဘုံ၏ စွမ်းအား စသည့် ထိုအရာများသာပင်။
" အိုင်းယား!! ငါကိုယ်တော် စွမ်းအားအများစုကို ဆုံးရှုံးခဲ့တာ ကြာမြင့်ခဲ့ပြီ၊ အဲ့ကို ပြန်ဖို့ စွမ်းအား မရှိတော့ဘူး "
" ဒီသေမျိုးလောကမှာ ၊ နောင်တချိန် အမတဘုံကို သွားနိုင်မယ့်သူ ရှိလာမယ်ဆိုရင်၊ အဲ့တာက မင်းပဲ ! "
“ကျွန်တော်?”
ထိုက်ရွှီအမတအရှင်သည် စူးချန်ကဲကို အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်-
"ဟုတ်တယ်၊ မင်းရဲ့ စွမ်းအားက တစ်ခါက အမတဘုံက ပါရမီရှင်တချို့ကိုတောင် ယှဥ်နိုင်တယ် ၊ စစ်မှန်တဲ့ အမတစွမ်းအားကို ပိုင်ဆိုင်ထားနိုင်တဲ့ သူမှသာလျှင် အမတလမ်းစဉ်ကိုဖောက်နိုင်လိမ့်မယ်"
“ဒီကမ္ဘာပေါ်မှာ အမတစွမ်းအင်ကို ပိုင်ဆိုင်နိုင်တဲ့သူက မင်းပဲရှိတယ်"
ထိုက်ရွှီအမတအရှင်သည် အရာဝတ္တုတစ်ခုကို သူလက်ထဲတွင် ထုတ်ယူလိုက်သည်။ ၎င်းအပေါ်တွင် နတ်ရောင်ခြည်များ စီးဆင်းလ်ို့နေသည်။
လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ရောင်ခြည်များသည် စူးချန်ကဲရှေ့သို့ ကျရောက်လာခဲ့သည်။
"ရှန်းချန်လျို့ဝှက်သော့ ၊ဒါက ကြေးဝါဗိမာန်ကို ဖွင့်နိင်မယ့် သော့ပဲ "
" ကြေးဝါဗိမာန်? အဲ့တာဘာလဲ?"
စူးချန်ကဲ တွေးလေတွေးလေ ပိုမရှင်းမလင်းဖြစ်လာလေလေသာ ဖြစ်သည်။တစ်ဖက်လူ၏ ဤစကားတစ်ခွန်းကိုတော့ သူ နားမလည်နိုင်ခဲ့ပေ။
ထိုက်ရွှီအမတအရှင်သည် များများစားစား ရှင်းမပြခဲ့ပေ။သူ့၏ မှတ်ညဏ်များသည် ပျောက်ကွယ်နေသော်လည်း ထိုကြေးဝါဗိမာန်တွင် အလွန်အရေးကြီးတဲ့ ပစ္စည်းတစ်ခု ရှိနေမှန်းကိုတော့ သူ သိသည်။
ထိုအရာသည် ကမ္ဘာအရပ်ရပ်က ကံကြမ္မာများနှင့်ဆက်စပ်နေသည်။
" တောင်းပန်ပါတယ်ကွယ် ၊ငါ့မှာ မှတ်ဉာဏ် နည်းနည်းပဲ ကျန်တော့တယ် ၊အဲ့ထဲမှာ အရမ်းအရေးကြီးတဲ့ အရာတစ်ခု ရှိနေတယ် ဆိုတာကိုတော့ ငါ သတိရတယ်၊ နောင်ကြရင် မင်း အဲ့ကို သေချာပေါက် သွားရမယ် "
[ တင်း ! ရွေးချယ်ရန် လုပ်ဆောင်မှု အသစ်
ရွေးချယ်ရန် - ၁ : အကြောင်းတရားနဲ့ အကျိုးတရားက သိပ်ကို ကြီးမားလွန်းတယ် ၊ တိုက်ရိုက် ငြင်းပယ်မည်
ဆုလာဘ် :ဒဏ်ရာရနေသော အမတ၏ နာကျည်းမှု
ရွေးချယ်ရန် - ၂ :ကမ္ဘာအရပ်ရပ်အတွက် လက်ခံမည်
ဆုလာဘ် : ရှန်းချန်လျို့ဝှက်သော့(စည်းချိတ်ကို ဖွင့်ပါ) ]
"ဒဏ်ရာရနေသော အမတ" ဆိုသည့် စကားကို ကြားပြီး စူးချန်ကဲတစ်ယောက် ဆွံအနေမိသည်။
အကယ်၍ သူသာ ငြင်းဆိုခဲ့မည်ဆိုပါက ၊ သူသည် ဒဏ်ရာရနေသော အမတ၏ နာကျည်းမှုကို ပျော်ပျော်ကြီး လက်ခံရပေတော့မည်။
ကြည့်လိုက်ရင် ရွေးချယ်စရာ နှစ်ခုလို့ ထင်နိုင်ပေမဲ့ တကယ်တန်းတွင် တစ်ခုတည်းသာပင်။
အရှေ့အယောင်ပြပြီး အနောက်ကို တိုက်ခိုက်တာ ကောင်းလိုက်တဲ့အကွက် !
အပိုင်း(၁၉) : ကံစမ်းမဲ၊ကံကြမ္မာဖတ် မျက်လုံး
စူးချန်ကဲခမျာ ရွေးချယ်စရာ လမ်းမရှိပေ။
သူ့မှာ ငြင်းပိုင်ခွင့်ရော ရှိသေးလို့လာ?
အကျိုးအကြောင်း မှန်ကန်စွာ လက်ကိုင်ထားသူ အဖြစ် ဟန်ဆောင်ရုံကလွဲပြီး ကျန်တာ မရှိ။
"လူကြီးမင်း စိတ်ချပါ ၊ ကျွန်တော် သေချာပေါက် အောင်မြင်အောင် လုပ်ပါ့မယ် ! "
ထိုက်ရွှီအမတအရှင်သည် ပြုံးရွှင်စွာ ခေါင်းတညိမ့်ညိမ့်ဖြင့် ဆိုလိုက်သည်။
" မဆိုးဘူး ၊ လူငယ်ပေမဲ့ သိတတ်မှုရှိတယ် "
" သိတတ်မှု?ကျုပ် ငြင်းလိုက်လို့ ခင်ဗျားကြီးသာ အမျက်မထွက်ရင် ၊ ကျုပ် ခင်ဗျားကြီးကို ဂရုစိုက်မနေဘူး ! "
စူးချန်ကဲသည် စိတ်ထဲတွင် ညည်းညူလိုက်သည်။
ဘာက သိတတ်ရမှာလဲ ? ချိန်းခြောက်ခံထားရလို့သာပေါ့ ။
" မင်းရဲ့ နှစ်လိုဖွယ်ရာကောင်းတဲ့ အကြည့်တွေကြောင့် ငါ မင်းကို ပစ္စည်းကောင်းတစ်ခု ပေးမယ် "
ထိုက်ရွှီအမတအရှင်သည် သူ့အကျီလက်ထဲက
ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းဆွဲပြားသည် ပြိုးပြိုးပျက်ပျက်ဖြင့် တောက်ပနေပြီး ၊၎င်းအပေါ်တွင် ထွင်းထုထားသည့် လက်ရာများမှာ အသက်ဝင်လှသည်။
" ဒါက အကာအကွယ်ကျောက် ၊မင်းကို စိတ်ဝိညာဥ်တိုက်ခိုက်မှု ရန်ကနေ သုံးကြိမ်တိတိ ကာကွယ်ပေးလိမ့်မယ် "
ထျန်းရွှီအမတအရှင်က ရှင်းပြသည်။
စူးချန်ကဲတစ်ယောက် အံ့အားသင့်သွားခဲ့သည်။
စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် ထူးဆန်းပြီး ခန့်မှန်းရ ခက်သလို ကာကွယ်ဖို့ဆို ပိုလို့တောင် ခက်ခဲပေသည်။
ဒီလိုကျောက်စိမ်းဆွဲပြားသာ သူ့မှာ ရှိမယ်ဆိုရင် ၊ အဆောင်လက်ဖွဲ့ အတွက် သူ စိတ်ပူစရာ မလိုတော့ဘူး မဟုတ်လား ။
“ ကျောက်စိမ်းဆွဲပြားအတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း ! "
နေဦး ၊ ငါ့စကားငါ ပြန်ရုတ်သိမ်းတယ် ! ဒီလူကြီးမင်းက ဘယ်ဆိုးတုန်း စိတ်ကောင်းရှိတယ် !
နှစ်ယောက်သား အမတဘုံနှင့် ပတ်သတ်သော အကြောင်းအရာများ စကားစမြည်ပြောဆိုခဲ့ပြီးနောက်၊ စူးချန်ကဲကို ကွေးယွမ်သူတော်စင် နယ်မြေသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
"ကြည့်ရတာ အမတဘုံမှာ ကြီးကြီးမားမား ဖြစ်သွားခဲ့ပုံရတယ် "
ထိုက်ရွှီအမတအရှင်၏ စကားများသည် ကိစ္စတချို့ကို သူ့အား နားလည်စေခဲ့သည်။
သို့သော် သူသည် အရမ်းကြီးမစဥ်းစားခဲ့ပေ။
လက်ရှိ သူ့စွမ်းအားသည် မပြည့်ဝသေးသည် ဖြစ်ရာ သို့ဖြစ်၍ သူသည် အမတဘုံနှင့် ဆက်သွယ်နိုင်ဖို့ အနည်းဆုံးတော့ ဒီကမ္ဘာကြီး၏ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာအောင် ကြိုးစားရမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ၊သူသည် ကွေးယွမ်ဘုရားကျောင်းအပြင်ဘက်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
" နေရာရွှေ့ပြောင်းခြင်းအစီအရင်က အတော်ဆန်းကြယ်တာပဲ၊ငါ့ကို ကွေးယွမ်ဘုရားကျောင်းထိ ရအောင်ပို့ပေးနိုင်တယ်! "
ယခုအချိန်တွင် ထျန်းကျီမျှော်စင်၌ လူများ ပြည့်ကျပ်လျက်ရှိသည်။အကယ်၍သူသာ ထျန်းကျီမျှော်စင်တွင် ထပ်ပေါ်လာခဲ့မည် ဆိုပါက၊
ပိုပြီး ဆူညံပွက်လော ရိုက်သွားနိုင်သည်။ကွေးယွမ် တပည့်များ၏ ရူးသွပ်မှုကို သူတကယ် မခံစားနိုင်ပေ။
"ဟုတ်သားပဲ၊ ငါ့ရဲ့ဆုလာဘ်ကို လက်ခံဖို့ အချိန်ရောက်ပြီ"
"ကံစမ်းလက်မှတ်?ဘာပစ္စည်းကောင်းတွေများ
ထွက်လာမလဲ မသိဘူး!"
စူးချန်ကဲသည် ကံစမ်းလက်မှတ်ကို အသုံးပြုရန် နှိပ်လိုက်သည်နှင့်၊ကံစမ်းမဲလှည့်ဘီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ပထမဆု? အထူးဆု? ပဟေဠိဆု?"
ထိုကံစမ်းမဲလှည့်ဘီးသည် သူ့ ယခင်ဘဝက ကံစမ်းမဲ လှည့်ဘီးများနှင့် ဆင်တူသည်။ကိုယ့်ကံတရား ကောင်းမကောင်းကိုပဲ စောင့်ကြည့်ရတော့မည် ဖြစ်သည်။
" ကံညံ့ဆိုပယ် ကံကောင်းဆို လာခဲ! ငါ! စူးချန်ကဲ ဒီနေ့သေချာပေါက် အချီကြီးကြီးရရမယ်!"
ကံစမ်းမဲလှည့်ဘီးသည် အရှိန်ပြင်းပြင်း လည်သွားပြီး နောက်ဆုံးမှာတော့ ဇယားကွက်တစ်ခု၏ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
“ပဟေဠိဆု?"
[ တင်း! ပဟေဠိဆုကြီးကို ရရှိခဲ့တဲ့ သင့်ကို ဂုဏ်ပြုလိုက်ပါတယ် ၊
ကံကြမ္မာဖတ် မျက်လုံး : သင်၏ ကျင့်ကြံရေးအဆင့်သည် အခြားသူများထက် မြင့်နေတဲ့အခါ ၊အခြားသူများ၏ ကံကောင်းခြင်းတန်ဖိုးကို စစ်ဆေးကြည့်နိုင်သည်( ကံတန်ဖိုးမြင့်လာလေလေ ၊ ကောင်းကင်ဘုံ၏ ကောင်းချီး ရလေလေ၊ အခွင့်အရေး ပိုများလေလေ ဖြစ်သည်) ]
[ ကျေးဇူးပြုပြီး သတိပြုရန် : ကံကြမ္မာဖတ် မျက်လုံးသည် လူတစ်ယောက်၏ ကံကြမ္မာကို တစ်ကြိမ်သာ ဖတ်ရှုနိုင်သည်။ဤစွမ်းရည်သည် တဖက်လူ၏ အဓိက ကံကြမ္မာ လမ်းကြောင်းကို စစ်ဆေးကြည့်ရှုနိုင်သည်]
ထိုစကားကိုကြားလိုက်ရသည်နှင့် စူးချန်ကဲ တစ်ယောက် ခဏတာ အံ့အားသင့်သွားပြီး ဝမ်းသာအားရ ဖြစ်လို့နေသည်။
တခြားသူရဲ့ ကံကို စစ်ဆေးနိုင်တယ်တဲ့လား၊ ဒါဆိုရင် နောက်ဆို ကံကောင်းတဲ့သူတွေကို သူ ခွဲခြားနိုင်ပြီပေါ့ !
ထိုကဲ့သို့ ကံကောင်းသူများသည်ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရလေ့ရှိကြပြီး သူတို့အားလုံးတွင် အထူးအခွင့်အရေးများစွာ ရှိတတ်ကြသည်။
" ငါသာ အဲ့လို ခွဲခြားနိုင်ရင် ၊ ဒါဆို သူတို့ရဲ့ ကံကောင်းခြင်းတွေက.... "
စူးချန်ကဲ၏ အတွေးထဲ မကောင်းသော အကြံအစည်များ ဝင်ရောက်လာခဲ့သည်။
သူ့မှာ ကံကြမ္မာဖတ် မျက်လုံး ရှိနေပြီပဲ ၊ ကံကောင်းခြင်းရဲ့ သားတော်လေးတွေကို သူမှ အမဲမလိုက်ရင် ၊ ဒါကြီးက ဘာအသုံးဝင်တော့မှာတုန်း?
" ကံကြမ္မာဖတ် မျက်လုံးကို အသုံးပြုမယ်!”
စူးချန်ကဲ၏ မျက်လုံးထဲ၌ ထူးဆန်းသော စွမ်းအား ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်လုံးအစုံတွင် မှော်အက္ခရာများ စီဆင်းနေပြီး ရောင်ဝါများဖြင့် ပြည့်နှက်နေကာ
အလွန်ထူးဆန်းလှပေသည်။
" ဘာထူးခြားတဲ့ ခံစားချက်မှ မရှိသလိုပဲ ၊ တစ်ယောက်ယောက်ကို စမ်းကြည့်ရမလား? "
ရုတ်တရက် ၊ သူ စဥ်းစားမိလိုက်သည်မှာ သူ၏ အစေခံမိန်းကလေးပင် ဖြစ်သည်။
သူမဆိုရင်ကို အဆင်ပြေနေပြီ မဟုတ်လား?
ပါရမီရှင် ဖြစ်တဲ့အပြင် တုနှိုင်းမရတဲ့ အလှပိုင်ရှင် သူတော်စင် မိန်းကလေး ၊ စိတ်ကူးယဉ်ဝတ္ထုတွေထဲက ဇာတ်ဆောင်မင်းသမီးနဲ့ ကွက်တိပဲ မဟုတ်လား? !
စူးချန်ကဲသည် ဘုရကျောင်းထဲသို့ ခြေလှမ်းလိုက်သည်။ယွင်ရှင်းယန်သည် သူမ၏ လှပသော မျက်လုံးအစုံကို မှိတ်ထားပြီး တင်ပြင်ခွေလျက် ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။
ယခုအခိုက်အတန့်တွင် သူမသည် ကျင့်ကြံရေစထဲ စျာန်ဝင်နေခဲ့ပြီ ဖြစ်သည်။
စူးချန်ကဲသည် သူ့စိတ်ကို စုစည်းလိုက်သည်နှင့် သူ့မျက်လုံးထဲက ကမ္ဘာကြီးသည် အဆက်မပြတ် ပြောင်းလဲနေသည်။
တဝီဝီ!
ယွင်ရှင်းယန်၏ ခေါင်းပေါ်တွင် ရွှေဝါရောင်စာကြောင်းတစ်ကြောင်း ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည် :
ယွင်ရှင်းယန် - ကံကောင်းခြင်း အမှတ် : ၂၃၂
“၂၃၂?အဲ့တာ မြင့်တာလား နိမ့်တာလား?"
စူးချန်ကဲတစ်ယောက် ခေါင်းရှုပ်သွားသည်။
သူ့တွင် ကိုးကားရမည့် အရာ မရှိသည့်အပြင် ကိုယ့်ကံဇာတာကိုတောင် သူမှာ ကြည့်လို့မရတာ !
“ကံကြမ္မာကို ရှင်းလင်းအောင် ကြည့်မယ်”
တိုးတိုးလေး ရေရွတ်လိုက်သည်နှင့် စူးချန်ကဲ၏ မျက်လုံးများသည် မှော်အက္ခရာများဖြင့် တဖန် အသက်ဝင်လာပြီး တောက်ပသွားသည်။
[ ယွင်ရှင်းယန် : ဖုန်းယွင်မြို့ ၊ ယွင်မိသားစုက မမလေး ဖြစ်တဲ့အပြင် ဖုန်းယွင်မြို့ရဲ့ မာနအကြီးဆုံး မိန်းကလေး ၊သူမနှင့် စေ့စပ်ထားသူ လော့ယန်နှင့် သုံးနှစ်ကြာပြီးနောက် ယှဥ်ပြိုင်ရန် စာချုပ် ချုပ်ဆိုထားပြီးနောက် ၊သူမဘဝမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်၊ ထိုအချိန်မှစ မာနအကြီးဆုံး မိန်းကလေးသည် ဘုန်းအကျက်သရေတို့ ပျောက်ဆုံးကာ အဆုံးမရှိသော အမှောင်ထုထဲသို့ ကျရောက်သွားမည် ]
"သုံးနှစ် စာချုပ်?”
ဒါ ပုံမှန်လုပ်ရိုးလုပ်စဥ်ပဲ မဟုတ်လား?
" အဲ့တာဆို ၊ ယွင်ရှင်းယန် ပြိုင်ပွဲမှာ ရှုံးနိမ့်သွားပြီး ယွင် မိသားစုက ပျက်စီးကိန်း စိုက်မှာပဲ "
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။
သူ မျှော်လင့်ထားတဲ့အတိုင်း ဤသည်မှာ ပုံမှန် လုပ်ရိုးလုပ်စဥ်နှင့် ပုံမှန် လှည့်ကွက်များသာပင်။
အကယ်၍ သူသာ ကံကြမ္မာဖတ် မျက်လုံးကို အသုံးမပြုခဲ့ပါက ၊ ဒါဆို သူသည် မူလဇာတ်ညွှန်းအတိုင်း လိုက်နာသွားနိုင်သည်။
အခု သူသိသွားပြီ ဆိုမှတော့ ၊ ဇာတ်ရှုပ်ထဲ သူဝင်ပါရတော့မယ်လေ ။
ငါလေးက၊ ကိုယ့်ပါးကိုယ် ရိုက်ရတာ အတော်ကြိုက်ပုံပဲ !
" အို့ ဆက်ခံသူ လူကြီးမင်း?"
ယွင်ရှင်းယန်၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည် ။သူမ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ရှိနေခဲ့သည်။
သူမကိုစိုက်ကြည့်နေသော စူးချန်ကဲကို မြင်တော့ ၊ သူမသည် ရှက်သွေးဖျာကာ ခေါင်းလေး ငုံ့လို့ထားသည်။
" နိုးပြီလား၊ အတော်ပဲ ငါမင်းကို ပြောစရာရှိတယ်"
“အာ?ဒါပေမယ့် ကျွန်မ မပြင်ဆင်ရသေးဘူး"
"ဆက်ခံသူ ၊ ယောကျာ်း မိန်းမ တစ်ခန်းတည်း နေတာမျိုး ..လိုချင်လို့လား "
သူမ၏ ခေါင်းမှာ မူးဝေလာပြီး မျက်နှာမှာ နီမြန်းသွားလေသည်။
နေ့ခင်ကြီး အဲ့လိုကိစ္စမျိုး လုပ်တာ မကောင်းဘူးလားလို့လေ?
ဒါပေမဲ့ ဆက်ခံသူက တောင်းဆိုတော့လည်း...
စူးချန်ကဲ ခမျာ ကြောင်အမ်းသွားသည်။
ဒီနေ့ ရာသီဥတု ပူလို့လား? သူ့မျက်နှာက ဘာလို့ အဲ့လောက်တောင် နီနေတာတုန်း?
"ဆက်ခံသူ လူကြီးမင်း ကျွန်မအဆင်သင့်ဖြစ်ပြီ၊ ကျွန်မ နာမှာကိုမကြောက်ပါဘူး"
သူမသည် ရှင်အတွက်ဆို အဆင်သင့်ပဲ ဆိုသည့် ဒီဇိုင်းဖြင့် သူမမျက်လုံးကို စုံမှိတ်ထားသည်။
“ရှင်းယန် မင်း”
" မင်း ဘယ်နားက နေမကောင်း ဖြစ်နေတာလဲ"
စူးချန်ကဲသည် နားမလည်သည့်ပုံပင်။
နာရမှာ မကြောက်ဘူးဆိုတော့ ဘာကြီးကိုတုန်း?
ယွင်ရှင်းယန် တစ်ယောက် ခဏတာ အံ့အားသင့်သွားသည် ။
ဆက်ခံသူက အဲ့ဒါလုပ်မလို့ မဟုတ်ဘူးလား...
သူမအပေါ် ကြောင်တောင်တောင် ကြည့်နေသော စူးချန်ကဲ၏ အကြည်များကြောင့် ၊
ဤလက်ရှိလေထု၏ အငွေ့အသက်မှာ ကိုးယိုးကားယားဖြစ်လို့နေ၏။
ယွင်ရှင်းယန် တစ်ယောက် သူမ နားလည်မှုလွဲနေခဲ့တယ် ဆိုတာ ရုတ်တရက် သိလိုက်သည်။
သူမ၏ လှပသော မျက်နှာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပို၍ နီရဲလာခဲ့သည်။
ဤအရှက်တရားကြီးမှ လွတ်မြောက်ရန် သူမပါးပြင်များကို လက်ဖြင့်အုပ်ထားလေသည်။
စူးချန်ကဲခမျာ ထပ်ပြီး ကြောင်အမ်းသွားပြန်သည်။
သူမဘာတွေတွေးနေခဲ့သလဲဆိုတာ အခု သူသဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ဒီကလေးမ လက်စသတ်တော့၊
ဒင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို လိုချင်နေတာကိုး။
ငါက မင်းကို အစေခံမိန်းကလေးတယောက်လိုဆက်ဆံတာ ၊ဒါပေမဲ့ မင်းက ငါနဲ့အိပ်ချင်နေတယ်ပေါ့?
"အိုင်းယား ၊ရုပ်ရည်ချောမောတာကလည်း ပြစ်ဒဏ်တစ်ခုပါပဲ! "
စူးချန်ကဲက သူ့ကိုယ်သူ နှစ်သိမ့်ပေး လိုက်သည် ။
ဒါကသူ့အပြစ်မဟုတ်ဘူးလေ!
" ရှင်းယန် ၊ မင်းမှာ စေ့စပ်ထားတဲ့သူ ရှိတာလား?"
စူးချန်ကဲသည် တစ်ဖက်လူ၏ အရှက်ရမှုကို ဤမေးခွန်းဖြင့် လမ်းကြောင်းပြောင်းရန် စီစဉ်လိုက်သည်။
ဆက်ခံသူလည်း ဖြစ် ၊ ယောက်ျားတစ်ယောက် ဖြစ်တဲ့ ငါက မိန်းကလေးကို အရှက်ရမှုကနေဆွဲထုတ်ရမယ်လေ!
သူမသည်အံ့အားသင့်သွားသည်။သို့သော်သူမသည် ချက်ချင်းလက်ငင်း ပြန်ဖြေခဲ့သည်။
"ဆက်ခံသူ လူကြီးမင်း ကျွန်မမှာ စေ့စပ်ထားတဲ့သူ ရှိတာဘယ်လိုလုပ်သိလဲ?"
"အဟွတ် မင်းက ငါ့ရဲ့ အစေခံမိန်းကလေးလေ၊
ငါ သေချာပေါက်သိတာပေါ့"
စူးချန်ကဲသည် တွေ့ရာအကြောင်းပြချက်ကိုကောက်ဆိုလိုက်သည် ။
သူမ အနည်းငယ် သံသယဖြစ်မိသော်လည်း၊ သို့သော် ထပ်ပြီး စိတ်လှုပ်ရှားသွားပြန်သည်။
လတ်စသတ်တော့ ဆက်ခံသူ လူကြီးမင်းက ငါ့ကို အဲ့လောက်တောင် ဂရုစိုက်တယ်ပေါ့!
"ကျွန်မနဲ့ စေ့စပ်ထားတဲ့သူရဲ့ နာမည်က လော့ယန်တဲ့ ၊အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်းကလည်း အဖေ့ကြောင့်ပဲ၊လော့ယန်ရဲ့အဖေက အရင်က အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ၊တစ်ခါက ကျွန်မအဖေ မတော်တဆမှု တစ်ခုနဲ့ ကြုံခဲ့ရပြီး လော့ယန်အဖေရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရတယ် "
" အဖေကကျေးဇူးဆပ်ဖို့ဆိုပြီး သူ့ရဲ့သားနဲ့ပေးစားဖို့ လုပ်လိုက်တယ် ၊အဲလူကလော့ယန်ပဲ"
"ဒါပေမယ့် ကျွန်မတို့ တစ်ခါမှမတွေ့ဖူးဘူး၊ဘာမှလည်း မဖြစ်ခဲ့ဖူးဘူး၊ ဆက်ခံသူ ကျွန်မကို ယုံပါ !"
သူမသည် စူးချန်ကဲ နားလည်မှုလွဲမှာ စိုးလို့ စိုးရိမ်တကြီးဖြင့် ကြည့်လေသည်။
"စိတ်ချပါ၊ ငါ့ရဲ့အစေခံမိန်းကလေးကို ငါယုံတယ် "
စူးချန်ကဲ၏ ထိုစကားကိုကြားမှသာလျှင် သူမသက်ပြင်းချနိုင်တော့သည်။
"အဲ့နောက်တော့ ၊ လော့ယန်ရဲ့ ကျင့်ကြံခြင်း အဆင့်က ရပ်တန့်သွားတယ် ၊ ကျွန်မတို့ ဖုန်းယွင်မြို့ရဲ့ ပထမဆုံးသော အမှိုက်တစ်ခု ဖြစ်လာခဲ့တယ်"
" တခြားဟာတွေ မပြောသေးနဲ့ဦး ၊တကယ်လို့ ကျွန်မသာ အဲလိုလူနဲ့လက်ထပ်လိုက်ရင်၊ကျွန်မတင်မကဘူး၊ ကျွန်မ မိသားစုပါ အရှက်ရလိမ့်မယ်၊ အဲဒါကြောင့် ကျွန်မတို့ ကတိတစ်ခုထားခဲ့ကြတယ် ၊၃နှစ်ကြာပြီနောက် ပြိုင်ပွဲမှာအနိုင်ရတဲ့သူက ကြိုက်တာ သတ်မှတ်ခွင့်ရှိတယ်လို့ပေါ့"
"ဒါပေမဲ့ ၊လော့ယန်ကတော့ အခြေအနေဆိုးကနေ လွတ်မြောက်သွားပုံရတယ်၊ ကျွန်မနဲ့ ကတိပေးပြီး သိပ်မကြာဘူး ကွေးယီးဂိုဏ်းရဲ့ သူတော်စင် တစ်ဦး ဖြစ်လာခဲ့တယ်"
သူမ၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် စူးချန်ကဲတစ်ယောက် မျှော်လင့်ချက် ရောင်ခြည်များ သန်းလို့လာ၏ ။
"ဒါက ဒီကမ္ဘာကြီးရဲ့ ကံကောင်းခြင်း သားတော်လေး မဟုတ်ဘူးလား?"
"နှမျောစရာကောင်းတာက ၊ မင်းက ငါ့ရဲ့ကြက်သွန်မိတ် ဖြစ်လာရမှာပဲ "
အပိုင်း(၂၀) : လော့ဟယ်ဓားဂိုဏ်း ဝူကျီအောက်ထျန်း
"အဲ့လိုဆိုတော့၊ မင်းနဲ့ စေ့စပ်ထားတဲ့သူက အတော်ထူးဆန်းတာပဲ!သူ့ရဲ့ ကျင့်ကြံအားထုတ်မှုက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အတက်အဆင်းတွေများ နေတာတုန်း"
စူးချန်ကဲ၏ မေးခွန်းသည် သာမန်မေးခွန်းဟု ထင်ရသော်လည်း တကယ်တော့ သူသည်
တခြားလမ်းကြောင်းကို ဦးတည်နေခဲ့ခြင်းဖြစ်သည်။
ယွင်ရှင်းယန်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။
"ဟုတ်တယ်၊ အဲ့ကိစ္စက အရမ်းထူးဆန်းနေတယ်၊ပြောသံကြားတာတော့ သူ တောင်စွန်း တစ်နေရာရာကို သွားပြီးပြန်လာခဲ့ပြီးနောက်၊သူ့ရဲ့ကျင့်ကြံရေးအဆင့်က ရုတ်ချည်း ရပ်တန့်သွားခဲ့တာ "
စူးချန်ကဲသည် သူ့ မျက်ခုံးကို ပင်တင်လိုက်ရင်း
" အစွန်းကျတဲ့ တောင်တစ်နေရာကို သွားပြီး ပြန်အလာ ၊သူ့ရဲ့ကျင့်ကြံရေးအဆင့်က ရပ်တန့်သွားခဲ့တယ်၊ တစ်နှစ်ကြာပြီးနောက် သူ့ရဲ့ ကျင့်ကြံရေးအဆင့်က ခုန်ပျံကျော်လွှားပြီးတော့ကို မြင့်တက်သွားခဲ့တယ်"
"သူက ကောင်းကင်နဲ့ မြေကြီးကိုတောင် အံတုနိုင်တဲ့ အခွင့်အရေးတစ်ခုကို မတော်တဆ ရသွားခဲ့တာ မဟုတ်လား?"
စူးချန်ကဲ စိတ်ထဲ အဆက်မပြတ် တွေးတောနေလေ၏။
၎င်းသည် အချိန်တိုလေးအတွင်း ကွေးယွမ်ဂိုဏ်း၏ ပထမမြောက်သူတော်စင် ဖြစ်လာခဲ့သည်။ထပ်ပြီးဆိုရလျှင်ဖြင့်၊ သူရခဲ့သော အခွင့်အရေးသည် အတော်လေး ကြောက်စရာကောင်းသည်ဟု ဆိုရပေတော့မည်။
"ဒါပေမဲ့၊အဲလိုကြတော့လည်း စိတ်ဝင်စားဖို့ကောင်းတယ်"
" ကံကောင်းခြင်း သားတော်လေးက ပိုပြီး သန်မာလေ ၊ ငါ့အတွက် အခွင့်အလမ်းတွေ ပိုများလေလေပဲ !"
စူးချန်ကဲ တစ်ယောက် စိတ်ထဲကြိတ်ပြုံးနေပြီး ပြင်ပအမူအယာကတော့ အတော်လေး တည်ငြိမ်လွန်းပေသည်။
“ရှင်းယန် ၊ အချိန်ကြလို့ အဲ့ကိုသွားရတဲ့အခါ ၊ ဆက်ခံသူ ငါကိုယ်တော်ပါ လိုက်ခဲ့ပေးမယ်"
ယွင်ရှင်းယန်ဘက်မှ ဘာမှတုံ့ပြန်မလာခဲ့ပေ။
သူမသည် အံ့အားသင့်နေပြီး ရင်ခုန်သံများ မြန်လို့နေ၏ ။
ဆက်ခံသူလို ထူးခြားတဲ့ ပုဂ္ဂိုလ်မျိုးက သူမအပေါ် ဒီလောက်တောင် ဂရုစိုက်တာ ၊ သူမ ဘာတွေများ ထပ်တောင်းဆိုဖို့ လိုသေးလို့လဲ။
" ကျေးဇူးတင်ပါတယ် ဆက်ခံသူ၊ရှင်းယန် ဆက်ခံသူအတွက်ဆို ဘာမဆိုပေးဆပ်နိုင်ပါတယ်!"
စူးချန်ကဲခမျာ ကူကယ်ရာမဲ့လို့နေ၏ ။
သူ့ဟာသူ ကံကောင်းခြင်း သားတော်လေးကို ရိတ်သိမ်းချင်ရုံ သက်သက်ပဲကို ၊ ဒီလောက်ဟက်ထိဖို့လိုလို့လား။
" လော့ဟယ်ဓားဂိုဏ်းက ၊ ကွေးယန်ရဲ့ ဆက်ခံသူကို လာပြီးဂါရဝပြုပါတယ်!"
ရုတ်တရက်၊ ကွေးယွမ် သူတော်စင် နယ်မြေ အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသံသည် ညင်သာသော်လည်း ၎င်း၏ အရှိန်အဟုန်မှာ ကြောက်စရာကောင်းလှသည်။
တစ်ချိန်တည်းမှာပင် ၊
ကွေးယွမ် သူတော်စင် နယ်မြေ အပြင်ဘက်၌ ၊
အနက်ရောင် ဝတ်စုံကို ဝတ်ထားသော လူငယ်တစ်ဦးသည် သူ၏ လက်နှစ်ဘက်ကို နောက်သို့ ပစ်ကာ မတ်တတ်ရပ်နေခဲ့သည် ။ မျက်ခုံးကောင်းကောင်း၊ အရပ်ရှည်ပြီး ဖြောင့်စင်းသော ရုပ်ဆင်းအင်္ဂါကို ပိုင်ဆိုင်ထားသည်။
နေရာတွင် တည်ငြိမ်စွာ ရပ်နေသော ၎င်း၏ အသွင်သဏ္ဍာန်သည် ကမ္ဘာကြီးကို ဖန်တီးပေးသည့် နတ်ဓားတစ်လက်ကဲ့သို့ စူးရှသော အငွေ့အသက်များကို ထုတ်လွှင့်ပေးနေခဲ့သည်။
ဝူကျီအောက်ထျန်းက သူ့ဘေးနားက လူကို တချက်ကြည့်ကာ မေးလိုက်သည်။
"ကွေးယွမ် ဆက်ခံသူရဲ့ ဓားစွမ်းရည်က အားကောင်းလွန်းတယ် ဆိုတာ မင်းသေချာလား?"
"ဟုတ်! ကျနော်ကိုယ်တိုင် သူနဲ့ယှဉ်ပြိုင်ဖူးတယ် ၊ လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်တော်ကိုယုံကြည်ပါ!"
တို့စကားပိုင်ရှင်မှာ သေချာပေါက် ကွေးယွမ်၏ တတိယမြောက် သူတော်စင် ဝမ်ခိုင်းဟယ်ပင်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ ၊ ဆက်ခံသူရဲ့ဓားရေးက ဒီဓားထက်ပိုပြီး သန်မာသလားဆိုတာ ကြည့်ရတာပေါ့!"
ဝမ်ခိုင်းဟယ်သည် သူ့ဆီ ဘက်ပြောင်းလာခဲ့ခြင်းပင် ဖြစ်သည်။ဝူကျီအောက်ထျန်းသည် ထိုလုပ်ရပ်ကို အထင်သေးခဲ့သည်။ဂိုဏ်းကိုသစ္စာဖောက်သော လူများသည် စိတ်ထားသေးသိမ်သူများသာ ဖြစ်သည်။
သို့သော် စူးချန်ကဲ၏ ဓားသိုင်းစွမ်းရည်အကြောင်း သူပြောနေတာကို နားထောင်ပြီးနောက်၊သူသည် စိတ်လှုပ်ရှားသွားခဲ့ရသည်။ထို့ကြောင့် ယခုလို ရောက်ချလာခြင်းဖြစ်သည်။။
ထိုစကားသံသည် ကွေးယွမ်က လူအားလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
“လော့ဟယ် ဓားဂိုဏ်း?ခင်ဗျားက ကွေးယွမ်ကို လာပြီး ဘာလာလုပ်တာတုန်း?"
“ခဏနေစမ်းပါဦး”
“ ဒါက တတိယမြောက် သူတော်စင် ၊ဝမ်ခိုင်းဟယ်?”
ကွေးယွမ် အကြီးအကဲတချို့၏ အမူအယာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။
သူတို့ရဲ့ သူတော်စင် တပည့်က တခြားဂိုဏ်းက လူနဲ့ တူတူရှိနေတာ၊ အဖြေက ရှင်းမနေဘူးလား?
ဝမ်ခိုင်းဟယ်က အေးစက်စွာ ရယ်လိုက်ရင်း၊
"ကျွန်တော်က အစကတည်းက ကွေးယွမ်က တပည့် မဟုတ်တော့ဘူး ၊ အခု ကျွန်တော်က လော့ဟယ်ဂိုဏ်းထဲ ဝင်ပြီးပြီ ! "
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားခဲ့သည်။ထိုစကားများကို ကြားပြီးနောက်၊ ကွေးယွမ်က လူအားလုံး၏ မျက်လုံးများမှာ ဒေါသမီးတောက်များ တောက်လောင်လျက် လူသတ်ချင်စိတ်များ လွှမ်းခြုံသွားကြသည်။
သူတို့ရဲ့ သူတော်စင် တပည့်က တခြားဂိုဏ်းကို တိတ်တိတ်လေး ခိုးဝင်ပြီး ၊ ခု လော့ဟယ်ဂိုဏ်းသား တစ်ယောက်အနေနဲ့ ဒီကို ရောက်ချလာတယ်တဲ့လား?
ဤသည်မှာ ကျင့်ကြံရေးလောကရှိ ဂိုဏ်းတစ်ခု အနေဖြင့် လွန်စွာ အရှက်ကွဲရပေသည်။
ဒီသတင်းသာ ပျံ့သွားခဲ့ပါက၊ သူတို့၏ ကွေးယွမ် သူတော်စင် နယ်မြေသည် ပေမင်တိုက်ကြီး တစ်ခုလုံး၏ ရယ်မောစရာတစ်ခု ဖြစ်လာပေတော့မည် ဖြစ်သည်။
“သေနာကောင်!”
"ခိုင်းဟယ် ၊ငါမင်းကို ဆရာတစ်ယောက်အနေနဲ့ ကောင်းကောင်း ဆက်ဆံခဲ့တာတောင် ၊ မင်းကတော့ ကိုယ့်ဆရာအပေါ် ဒီလိုဆက်ဆံတယ်ပေါ့လေ? ! "
ဝမ်ခိုင်းဟယ်၏ ဆရာလည်း ထိုနေရာတွင် ရှိနေခဲ့သည်။
လက်ရှိ အခိုက်အတန့်တွင် သူ၏ သွားများ တဆတ်ဆတ်တုန်နေပြီး နှလုံးသားမှာ နာကျင်လွန်းလို့ သွေးများ ထွက်မတတ်ပင်။
သူ၏တပည့်လေးသည် ဂိုဏ်းမှ လှည့်ထွက်ကာ လော့ဟယ် ဓားဂိုဏ်းကို ဆရာတင်ခဲ့သည်။
ဆရာတစ်ယောက်အနေဖြင့်၊ သူသည်လည်း ကွေးယွမ်၏ အပြစ်သားတစ်ဦးလို့ ဆိုလို့ရပေသည်။
“ဟားဟား ၊ ဆရာ ..မဟုတ်သေးပါဘူး ၊အခု ငါတို့က အဆင့်အတန်းတွေ မရှိတော့ဘူး ဆိုတော့ ကျုပ် ခင်ဗျားကို အဘိုးကြီး လိို့ ခေါ်သင့်တယ် မဟုတ်လား? "
" အဘိုးကြီး ၊ ခင်ဗျား ကျုပ်အပေါ် ကောင်းမှန်း သိပါတယ် ၊ဒါပေမဲ့ ကျုပ် အဲ့လူယုတ်မာ စူးချန်ကဲကို ရှုံးနိမ့်တုန်းက ၊ ခင်ဗျားက ကျုပ်ကို ရိုက်တယ်ပေါ့လေ? "
"ခင်ဗျားက ကျုပ်ဆရာ ဖြစ်တာနဲ့ ကျုပ်ကို ဒီလိုလုပ်လို့ ရမယ် ထင်နေလား?ကျုပ် အစောကြီးကတည်းက ဒီကွေးယွမ်ရဲ့ သူတော်စင် တပည့် မဟုတ်တော့ဘူး ၊ခင်ဗျား ကျုပ်ကို ဘာလုပ်နိုင်မှာလဲ? "
အကြီးအကဲသည် ဒေါသကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ခါလို့ နေသည်။
" တပည့် ဆိုးပဲ ! တပည့်ဆိုးပဲ ! "
" ဒီနေ့! ကျုပ် ဒီဂိုဏ်းကို ဖျက်ဆီးပြမယ်“
ထိုအချိန် မုတ်ဆိတ်မွှေးဖြူ ၊ ဆံပင်ဖြူနှင့် အဘိုးအို တစ်ယောက်သည် ကျိုးနေသော ဝါးဓားရှည် တစ်ချောင်းကို ကျောနောက်တွင် သယ်ထားပြီးကြောက်စရာ ကောင်းသော အရှိန်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
သူ၏ မျက်နှာသည် အိုမင်းရင့်ရော်နေပြီ ဖြစ်သော်လည်း သို့သော် ၎င်း၏ မျက်လုံးများက ဓားသွားကဲ့သို့ စူးရှနေခဲ့သည်။
“ဒါက ”
"ဒါက လော့ဟယ်ဓားဂိုဏ်းက ဘိုးဘေး ခိုင်းထျန်း ဓားအရှင်!”
"ခိုင်းထျန်းဓားအရှင်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ထိပ်တန်း စွမ်းအားရှင် တစ်ဦးပဲ ! သူ့ရဲ့ ဓားစွမ်းရည်က ပေမင်တစ်ခုလုံးထက် ပိုအင်အားကြီးပြီး ၊ ဓားတစ်ချောင်းတည်းနဲ့ ကောင်းကင်တံခါးကိုတောင် ဖွင့်နိုင်တယ်လို့ အခိုင်အမာ ဆိုကြတယ် ၊ အဲ့တာကြောင့် လူတွေက သူ့ကို လေးစားကြတဲ့ အနေနဲ့ ခိုင်းထျန်း(ကောင်းကင်ကို ဖွင့်ခြင်း) ဓားအရှင် လို့ ခေါ်ကြတယ် ! "
ကွေးယွမ် နယ်မြေက လူအများအပြားသည် ခိုင်းထျန်း ဓားအရှင်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားဆန္ဒအောက်တွင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
"ဟွန်း !ခိုင်းထျန်းအဘိုးကြီး ၊ မင်းက တစ်ချိန်က ပေမင် တစ်ခုလုံးမှာ ကျော်ကြားတဲ့ ဓားသမား တစ်ဦး ဖြစ်ခဲ့တယ်"
"ခုလိုအပြုအမူကြောင့် တခြားသူတွေရဲ့ လှောင်ပြောင်ခံရမှာကို မင်း မကြောက်ဘူးလား"
ဖော့ကျွင်း ဘိုးဘေး၏ အသံသည် ကွေးယွမ် နယ်မြေတွင် ထွက်ပေါ်လာခဲ့သည်။ကြီးမားသော ဝိညာဥ်စွမ်းအင်သည် ဖော့ကျွင်းဘိုးဘေး၏ လက်ပေါ်တွင် နိုးထလာပြီး တဖက်လူ၏ ဓားဆန္ဒကို ချက်ချင်းလက်ငင်း နှိမ်နင်းလိုက်သည်။
ခိုင်းထျန်းဓားအရှင်သည် နေရာတွင်သာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
အချိန်အတော်တန် ကြာပြီးနောက် သူသည် အေးအေးလူလူ ဆိုလိုက်သည်။
" ကလေးတွေရဲ့ ကိစ္စ ၊ကလေးတွေဘာသာ ဖြေရှင်းပါစေ "
ဖော့ကျွင်းဘိုးဘေးက အေးစက်စွာ ရယ်လိုက်သည်
" ကောင်းလိုက်တဲ့ အပြော ! "
ကိုယ့်ဂိုဏ်းက သူတော်စင် တပည့်က ဂိုဏ်းကနေ ထွက်ပြီး တခြားဂိုဏ်းကို ဝင်သွားတယ်၊ ရလဒ်အနေနဲ့ ဂိုဏ်းကို ရန်စဖို့ လူခေါ်လာသတဲ့လား?
တကယ် သြချစရာပဲ !
ဖော့ကျွင်းဘိုးဘေးသည် ဝူကျီအောက်ထျန်း၏ ဘေးတွင် ရပ်နေသော ဝမ်ခိုင်းဟယ်ကို လှမ်းကြည့်လိုက်သည်။အကြည့်များက လူကို တစ်စစီ ဖြစ်အောင် လုပ်ချင်သည့်ပုံပေါက်ပေသည်။
“ချန်ကဲ ရှိလား?”
“တပည့် ရှိပါတယ် "
စူးချန်ကဲသည် နတ်ကြိုးကြာကို စီးကာ တိမ်တိုက်များထဲမှ ထွက်ပေါ်လာခဲ့သည်။
အားလုံး၏ အကြည့်များက သူ့ဆီသို့ ရောက်ချသွားသည်။
အရပ်ရှည်ရှည် ၊ ဖြောင့်မတ်သော ကိုယ်ဟန်အနေအထား ရှိပြီး ၊ သူ၏ အဖြူရောင် ဝတ်ရုံသည် လေထဲတွင် ပျံ့လွင့်လို့နေသည်။
ကောင်းကင်က အမတ နတ်ဘုရား ဆင်းသက်လာသကဲ့သို့ မြင်သူတိုင်းကို ငေးမောရစေသည်။
“ဆက်ခံသူ!ဆက်ခံသူပဲ!”
"ဘုရားရေ ၊ ခုဆင်းလာတဲ့သူက အမတ ဘုံက နတ်ဘုရားများလား? "
" ယွင်ရှင်းယန်ကို အားကျလိုက်တာ ၊ အကယ်၍ ငါ့ကိုလည်း သူ့ရဲ့ အစေခံမိန်းကလေးသာ လုပ်ခိုင်းရင် ၊ ငါ့မှာ ရှိသမျှအကုန်လုံး ပုံအောပေးလိုက်မှာ ! "
ထျနိးကျီမျှော်စင်တွင် သူတိုအားလုံး စူးချန်ကဲနဲ့ တွေ့ခွင့်မရခဲ့ကြပေ။ဤအခိုက်အတန့်တွင် စူးချန်ကဲနဲ့ ဆုံတွေ့ခွင့်ရလိုက်သည်မှာ ၊ အားလုံး စူးချန်ကဲ၏ ဖန်များ ဖြစ်ကုန်ကြတော့သည်။
အစတုန်းကတော့ လူသတ်မယ့် အကြည့်တွေနဲ့ ၊
ခုကြတော့ နွေဦးမှာပွင့်တဲ့ ပန်းပွင့်လေးလိုပဲ ၊ အတော်လေး အပြောင်းအလဲနိုင်တဲ့ဟာတွေ !
ဒါတင်မက လှပမှုနှင့် တရားမျှတမှုကတော့ မပါမဖြစ်ပင်။
စူးချန်ကဲ၏ နောက်တွင် ရှိနေသော ယွင်ရှင်းယန်မှာ အပျော်ကြီး ပျော်လို့နေသည်။
သူမကသာလျှင် ဆက်ခံသူရဲ့ အစေခံမိန်းကလေးလေ !ဒါတင် ဘယ်ကမတုန်း၊ဆက်ခံသူနဲ့ နေ့တိုင်း တွေ့နေရတာလေ !
“ကျေးဇူးပြုပြီး ဘိုးဘေး လမ်းညွှန်ပေးပါဦး "
ဖော့ကျွင်းဘိုးဘေးတောင် ပြောစရာစကား မဲ့လို့နေသည်။
အခုလေထုက နည်းနည်း ထူးခြားနေသလားလို့?
ကျော်ကြားသူတို့ရဲ့ တွေ့ဆုံပွဲ ကြနေတာပဲ ။
သူ့မှာလည်း တကယ်ပဲ ပြောစရာစကားမရှိပေ။စူးချန်ကဲရဲ့ အသွင်အပြင်က အတော်လေးကို ကြည့်ကောင်းနေသည်ကိုး ။
"ချန်ကဲ ၊ တဖက်လူက မင်းနဲ့ တွေ့ချင်နေတာ ၊ ဘယ်လိုလုပ်မလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်း လုပ်သင့်တယ် "
ဖော့ကျွင်းဘိုးဘေး၏ စူးရှသော အကြည့်ကို သူ ခံစားမိလိုက်သည်။ဖော့ကျွင်းဘိုးဘေးသည် တဖက်လူကို ပညာပေးစေချင်ပုံ ရပေသည်။
စူးချန်ကဲသည် ကံကြမ္မာဖတ် မျက်လုံးကို သုံးကာ ဝူကျီအောက်ထျန်း၏ ကံကို တိတ်တိတ်လေး လှမ်းကြည့်လိုက်သည်။
【ဝူကျီအောက်ထျန်း :ကံကောင်းခြင်း တန်ဖိုး ၃၀၉ မှတ် ၊ ဝေးလံခေါင်သီတဲ့ တောင်ရွာကနေ မွေးဖွားလာခဲ့တဲ့ ပါရမီရှင်၊ အသက် ၁၂နှစ်မှာ လော့ဟယ်ဓားဂိုဏ်းရဲ့ အသိအမှတ် ပြုတာကို ခံရပြီး အဲ့နောက် သူသည် ဓားသိုင်းပညာအပေါ် အစွဲအလမ်းကြီးစွာ လေ့လာခဲ့သည်၊ထို့နောက် တုနှိုင်းမရသော ဓားသိုင်းစွမ်းရည်များ ပေါ်ထွက်လာခဲ့ပြီး ၊သိဒ္ဓိဓား၏ အကူအညီဖြင့် လော့ဟယ်ဂိုဏ်း၏ နံပါတ် ၁ ဓားသမား ဖြစ်လာခဲ့သည် ]
“ဝူကျီအောက်ထျန်း ?ဒီလောက် ရူးသွပ်ဖို့ကောင်းတဲ့ နာမည် !ကြည့်ရတာ ကံကောင်းခြင်း အပြည့်နဲ့ တိုးတတ်လာခဲ့တဲ့ ကံကောင်းခြင်း သားတော်လေးပဲ "
“နှမြောစရာပဲ,သန်မာတယ် ဆိုတောင်၊
ငါ့လို လှည့်စားနိုင်တဲ့ သူကို ယှဥ်နိုင်ပါ့မလား?"
စူးချန်ကဲသည် ဝူကျီအောက်ထျန်းကို ကြည့်နေသည့် တချိန်တည်းမှာပင် ဝူကျီအောက်ထျန်းကလည်း စူးချန်ကဲကို ကြည့်နေခဲ့သည်။
တကယ်တော့ သူသည်လည်း စူးချန်ကဲကို မြင်လိုက်ရချိန် အတော်လေး အံ့အားသင့်ခဲ့ရသည်။
ဒီလောက်ထိ ထူးကဲပြီး ချောမောတဲ့ လူမျိုးကို သူ တစ်ခါမှ မမြင်ဖူးဘူး !
" မွေးကတည်းက သူ့ဟာသူ ရုပ်ရည်အခံလေး ပါလာတယ် ဆိုတောင်၊ဓားသိုင်းပညာမှာ အစွမ်းထက်တဲ့ ငါက သူ့ကို ကြောက်နေစရာလား?"
ထိုအချက်ကိုတွေးပြီး ဝူကျီအောက်ထျန်း တစ်ယောက် ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။
"ဆက်ခံသူရဲ့ ဓားရေးက တုနှိုင်းမဲ့လို့ ကြားတယ် "
"ကျုပ် ဝူကျီအောက်ထျန်း ၊ တကူးတက လာရောက်ပြီး ဂါရဝပြုတာပါ ၊ ကျေးဇူးပြုပြီး သင်ကြားပေးပါဦး ! "