← Chapters

အခန်း (၂၁-၂၅)

Vol. 2 Ch. 21-25

အခန်း (၂၁-၂၅)

Vol. 2 Ch. 21-25

အပိုင်း(၂၁) : အံ့အားသင့်သွားသည်၊ စည်ကမ်းအရ -

ထိုအချိန် စနစ်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

  【တင်း!လုပ်ဆောင်ရန် အသစ်

ရွေးချယ်ရန် ၁ : တဖက်လူ၏ တောင်းဆိုမှုကို ငြင်းပယ်ပြီး ကိုယ့်ဟာကို ဆက်ကျင့်ကြံမည်

ဆုလာဘ် :နတ်လိပ်ခွံ

ရွေးချယ်ရန် ၂:တဖက်လူကို အနိုင်ယူမည်

ဆုလာဘ် : တာအိုသတ်ဖြတ်ခြင်း ဗျူဟာ ]

  " နတ်လိပ်ခွံ ?"

  “ဒီတိုင်း လိပ်ခွံသာသာပဲ မဟုတ်လား?"

  မုန်းစရာကောင်းလိုက်တာ !ဒီစနစ်တောင်ပျော်ပွဲရွှင်ပွဲဆို ထိပ်ဆုံးက ဖြစ်နေပြီ ၊ ချဆိုလည်း ချတာပေါ့ !

စူးချန်ကဲက ဆိုလိုက်သည်။

"တကွက်တည်းနဲ့ ပွဲကို အဆုံးအဖြတ်ပေးမယ် ဆိုရင်ရော ဘယ်လိုလဲ? "

  "သဘောတူတယ် "

  “ လာ ၊ အာကာသထဲမှာ တစ်ပွဲနွဲကြတာပေါ့"

ဝူကျီအောက်ထျန်းသည် ကောင်းကင်သို့ ပျံတက်သွားပြီး ဝေဟင်မှာ ရပ်လျက် ၊၎င်း၏ ဝတ်ရုံနက်သည် လေနှင့်အတူ မျှောလွင့်လို့ နေသည်မှာ

စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ဝေဟင်တွင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ရပ်လို့နေသည်။

တစ်ယောက်က အဖြု ၊ တစ်ယောက်က အနက်၊ နတ်ဘုရားတစ်ပါးနှင့် နတ်ဆိုးတစ်ပါးတို့ အားချင်းယှဥ်ပြိုင်နေကြသလိုပင်။

"ငါ လေးနှစ်သား အရွယ်ကတည်းက ဓားသိုင်းကို လေ့ကျင့်ခဲ့တယ် ၊ ခုနှစ်အရွယ်မှာ လော့ဟယ်ဓားဂိုဏ်းကို ဝင်ရောက်ခဲ့တယ် ၊ အသက်ဆယ်နှစ်မှာ ဂိုဏ်းရဲ့ ရန်သူတွေကို အောင်နိုင်ခဲ့တယ် ! "

" ၁၂ နှစ်မှာ လော့ဟယ် သိဒ္ဓိဓားကို ရခဲ့တယ်၊

လွန်ခဲ့တဲ့ နှစ်တွေမှာ ၊ ဒီပေမင်တိုက်ကြီး တစ်ခုလုံး ငါ့ကို ကျော်နိုင်တဲ့သူ ဘယ်သူမှ မရှိခဲ့ဘူး "

  ဝှစ်!

ဓားသံ တုန်ဟီးသွားပြီး လင်းခနဲ ဖြစ်သွားသည်။

ဝူကျီအောက်ထျန်း၏ လက်ထဲတွင် မဲနက်သောအနက်ရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

 "ဒီဓားကို လော့ဟယ်သိဒ္ဓိဓားလို့ ခေါ်တယ် "

  ရွှမ်း!

သူသည် စူးချန်ကဲကို ဓားဖြင့် ချ်ိန်ရွယ်လိုက်သည်။

"မင်း ငါ့ကို စိတ်မပျက်စေနဲ့ "

စူးချန်ကဲ စိတ်ထဲ သက်ပြင်းချလိုက်သည်။

ဒါက ကံကောင်းခြင်း သားတော်လေးပေါ့?နည်းနည်း ဒဏ္ဍာရီဆန်တဲ့ အငွေ့အသက်တော့ ရသားပဲ !

ဝူကျီအောက်ထျန်းသည် ဓားကို ဖြည်းဖြည်းချင်း အပေါ်သို့ မြှောက်တင်လိုက်သည်။

ထမ်းဆောင်ထားသော သူ၏ ဓားဆန္ဒသည် ၎င်း၏ ကိုယ်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

သူ၏ မျက်လုံးအစုံတွင် အလွန် အစွမ်းထက်သော ဓားဆန္ဒက တဟုတ်ချင်း တောက်လောင်လာခဲ့သည်။

ပြိုင်ဘက်၏ ဓားဆန္ဒကို ခံစားလိုက်ရသည်နှင့် စူးချန်ကဲ၏ သွေးများ ပွက်ပွက်ဆူလာခဲ့သည်။အစွမ်းထက်သူများနှင့် ယှဉ်ပြိုင်ရသည်မှာ သူ့အတွက်တော့ အတော်လေး ပျော်စရာကောင်းပေသည်။

 “ဓားရဲ့ စွမ်းအားဆိုတာ ဒီလိုပဲ ဖြစ်နေရမယ်!”

စူးချန်ကဲသည် ကောင်းကင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ကောင်းကင်ဓားသည် စူးချန်ကဲ၏ စိတ်ခံစားချက်ကို ခံစားနိုင်ပုံရပေသည်။ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ရုတ်ချည်း ထွက်ပေါ်လာပြီး ဓားကိုယ်ထည်ကို ဝန်းရံထားခဲ့သည်။

ကောင်းကင်ယံရှိ တိမ်စိုင်တိမ်ခဲများသည် အဆက်မပြတ် ပြောင်းလဲလို့ နေသည်။

အာကာသပြင် အလယ်တွင် နတ်ဆိုးများနှင့် နတ်သားရဲကြီး လေးကောင်တို့ ပေါ်ထွက်လာခဲ့ကြသည်။

စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ယင်းယန် ဓားစွမ်းအင်များ အတူတူ ရောယှက်နေကာ အသံမြည်ဟိန်းလို့ နေသည်။

ထိုစဥ် ဒီကမ္ဘာပေါ်က နတ်ဘုရားအကုန်လုံးကို သုတ်သင်တော့မည့်အလား ရှေးဟောင်းဓားစွမ်းအင်တစ်ခု ကျဆင်းလာခဲ့သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်သည် နတ်သတ်ဓား၏ ဆန္ဒ၊ ယင်းယန်ဓားစွမ်းအင်များကို ထုတ်လွှတ်ပေးလျက် ရှိသည်။

ကမ္ဘာကြီး၏ အဆုံးသတ်နေ့ ရောက်လာသကဲ့သို့ မြေစိုင်မြေခဲများသည်

အရှိန်အဟုန်ပြင်းစွာ တုန်လှုပ်လာခဲ့သည်။

ဓား၏ ဆန္ဒကို ချုပ်တည်းထားတာတောင်၊ ၎င်း၏ စွမ်းအားသည် အဲ့လောက်ကို ပြင်းထန်ပေသည် ။

အကယ်၍ ဒီဓားကို တချက်ဝေ့ယမ်းလိုက်သည်နှင့် ဘယ်လိုကြောက်စရာ ကောင်းတဲ့ အရာတွေ ဖြစ်လာမလဲဆိုတာ တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

ဓားတစ်လက်သည် နတ်ဘုရားများကို သတ်နိုင်ပြီး ဓားတစ်စင်းသည် ကောင်းကင်ကိုတောင်

ခုတ်ပိုင်းနိုင်သည်။

ဝူကျီအောက်ထျန်းပင်လျှင် အနည်းငယ် တုန်လှုပ်သွားသည်ကို သတိထားမိသော ကြည့်ရှုသူများလည်း ရှိပေသည်။

"ဝူကျီအောက်ထျန်းလည်း ပေါက်ကွဲတော့မှာလား? "

ယခုအခိုက်အတန့်တွင် လူတိုင်း၏ ရင်မှာ တုန်လှုပ်ခြောက်ခြားနေကြသည်။

ပွဲကြီးပွဲကောင်း စတော့မှာလား? !

စူးချန်ကဲသည် သူ့ဓားကို ရွယ်ရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

" ကျွန်တော်... "

  “ဟား ဟားဟား!”

ရုတ်တရက် ၊ ဝူကျီအောက်ထျန်းသည် ကောင်းကင်ကို မော့ကြည့်ရင်း ထရယ်လိုက်သည်။

ထို့နောက် သူသည် သူ့ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး စူးချန်ကဲအား ဂုဏ်ပြုနေသည့် ဟန်ဖြင့် လက်သီးဆုပ်လျက် ဆိုလိုက်သည်။

"ဆက်ခံသူက တကယ်ကို အရမ်း တော်တာပဲ!"

"ဓားရဲ့ စွမ်းအားက အသက်ရှိနေတဲ့ နတ်ဓားတစ်လက်လိုပဲ ! ကျွန်တော် အောက်ထျန်းရဲ့ ညံ့ဖျင်းမှုကို သိသွားစေခဲ့ပါတယ် "

  အရာအားလုံး ငြိမ်ကျသွားသည်!

သူ၏ စကားသည် အားလုံးကို ဆွံ့အသွားစေခဲ့သည်။

ငါမှာဖြင့်.. ငါ့မှာ ရှိတဲ့ဟာမှန်သမျှ အကုန်ထုတ်ပြလိုက်တာလေ ၊ ရလဒ်က ဒါပဲလား? ဒါပဲပေါ့? !

စူးချန်ကဲလည်း ဆွံ့အသွားသည်။လေထဲတွင် ဝင့်ကြွားနေသော ကောင်းကင်ဓားခမျာ လက်ရှိအခြေအနေကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေရရှာသည်။

တိုက်မှာလား မတိုက်မှာလား?

"ခင်ဗျား.. မင်းကို ဝူကျီအောက်ထျန်းလို့ ခေါ်တာ မဟုတ်လား? "

" အဲ့နာမည်က ငါ့ဆရာသခင်ရဲ့ အမည်ကို ယူထားတာလေ "

"အရင်က ငါက အမြဲ အရိပ်အခြေကြည့်ပြီး နေတော့၊ငါ့ဆရာသခင်က ဒီနာမည်က ငါ့ရဲ့ စရိုက်ကို ပြောင်းလဲပေးနိုင်တယ် ဆိုပြီး ပေးခဲ့တာ"

ဝူကျီအောက်ထျန်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းလေးကုတ်လိုက်သည်။

"မင်းပဲ စောနက ပြောတော့ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့ဆို? "

"ဝူကျီအောက်ထျန်း? အောက်ထျန်း ဆိုတဲ့ နာမည်အတိုင်း မာနတခွဲသားနဲ့ နေပြရမှာ မဟုတ်လား? "

[T/N - ဝူကျီအောက်ထျန်း - ဘယ်တော့မှ မာန်မချခြင်း ]

  “ဒါက ဘာကြီးလဲ? "

စူးချန်ကဲ တစ်ယောက် ဇဝေဇဝါ ဖြစ်လို့နေသည်။

" ဒါပေမဲ့ ငါ မင်းကို မနိုင်ဘူးဆိုတာ ငါသိလိုက်တယ်လေ ! "

" ငါ့နာမည်က အောက်ထျန်းလို့ပဲ ခေါ်တာလေ၊ အအ မှ မဟုတ်တာ ၊ မင်းကိုမှ ငါ မချနိုင်တာ ဘာလို့ ချနေဦးမှာလဲ? "

ဝူကျီသည် ရှက်ရွံ့ခြင်း မရှိ ၊ စိတ်လှုပ်ရှားခြင်း မရှိ ဒီတိုင်း သဘာဝကျကျ ဆိုလိုက်သည်။

စူးချန်ကဲ ခမျာ ကြောင်အမ်းသွားရပြန်သည်။

ဒါ အရမ်းကို ရိုးသားပြနေတာ မဟုတ်ဘူးလား?

ချနိုင်ရင် ချ ၊ မချနိုင်တော့လည်း မချရုံပေါ့ !

 “ဒါဆို ခင်ဗျား ဒီကို ဘာလာလုပ်တာတုန်း? "

  “အို့ အဲ့တာလား ၊ ဟိုကောင်စုတ်လေးက မင်းတို့ ကွေးယွမ်က လူ မဟုတ်ဘူးလား?ငါ သူ့ကို မင်းတို့ဆီ လာပို့ရင်းနဲ့ လူပြောများနေတဲ့ ဆက်ခံသူကို တခါတည်း လာကြည့်လိုက်တာလေ "

ဒီတခါတော့ ကွေးယွမ်က လူတွေတင် မကပဲ ၊ ဝမ်ခိုင်းဟယ်တောင် ဆွံ့အသွားသည်။

  “မင်း! "

" မင်းက ငါတို့ လော့ဟယ်ဓားဂိုဏ်းကို ဘယ်လိုနေရာလို့ ထင်နေလဲ?မင်းလို ဂိုဏ်းသစ္စာဖောက်ကို ငါတို့ ဂိုဏ်းက ကြိုဆိုမယ် ထင်နေလား?"

 " ဒါပေမဲ့ ခင်ဗျားပဲ ကျုပ်ကို လော့ဟယ်ဓားဂိုဏ်းထဲ ဝင်ဖို့ သဘောတူခဲ့တာ မဟုတ်လား?"

ဝမ်ခိုင်းဟယ်၏ မျက်နှာမှာ ဖြူဖပ်လို့နေသည်။

သူ လုံးဝကို မယုံကြည်နိုင်သေးပေ။

အစက ကြီးကြီးကျယ်ကျယ် ဖြစ်တော့မယ့်မြင်ကွင်းကြီးက ခု ဘယ်လိုဖြစ်သွားပြီလဲ?

အမြင်နဲ့ အတွေး တခြားစီ ဖြစ်လို့နေသည်။

" ဟွန်း! ကောင်းပြီလေ မင်းက မကျေနပ်ဘူးပေါ့"

ဝူကျီအောက်ထျန်းသည် ခိုင်းထျန်းဓားအရှင်ကို တောင်းဆိုလိုက်သည်။

"ဘိုးဘေး ၊ဝမ်ခိုင်းဟယ်ကို ဂိုဏ်းက နှင်ထုတ်ဖို့

တောင်းဆိုပါတယ် ! "

  “ကောင်းပြီလေ”

ခိုင်းထျန်းဓားအရှင်သည် မဆိုင်းမတွ ဆိုလိုက်သည်။သူသည် အစကတည်းက ဝမ်ခိုင်းဟယ်လို လူမျိုးကို အထင်သေးရွံ့ရှာခဲ့သည်။

ကိုယ့်ဂိုဏ်းကို လွယ်လွယ်လေး စွန့်ပစ်နိုင်ကတည်းက ၊ အဲ့ကောင် ဘာလူကောင်းမှ မဟုတ်ဘူး!

ခိုင်းထျန်းဓားအရှင်၏စကား​သည် သူ့ကို ချောက်ထဲ တွန်းချလိုက်သလိုမျိုး တစ်ကိုယ်လုံး တုန်ခါသွားစေခဲ့သည်။

"ဝမ်ခိုင်းဟယ် ၊ လူတွေရဲ့ လုပ်ရပ်ကို ကောင်းကင်က စောင့်ကြည့်နေတတ်တယ်တဲ့ "

ဖော့ကျွင်းဘိုးဘေးသည် အေးစက်စွာ ကြည့်ရင်း ဝမ်ခိုင်းဟယ်အား ပြစ်ဒဏ်ပေးရန် ဟန်ပြင်လိုက်စဥ် အသံတစ်သံ၏ ဖြတ်ပြောခြင်းကို ခံလိုက်ရလေသည်။

  “ဘိုးဘေး ခဏ!”

ထိုစကားပိုင်ရှင်ကို တချက်ကြည့်လိုက်ရာ ဝမ်ခိုင်းဟယ် ပိုလိုတောင် ထိတ်လန့်သွားခဲ့သည်။

စူးချန်ကဲ က ငါကို ကာကွယ်ပေးမလို့လား?

  “ချန်ကဲ ၊ ကိစ္စတွေ ဒီလောက်ထိတောင် ရောက်လာပြီ ၊ မင်းက သူ့အစား တောင်းဆိုပေးမလို့လား? "

" ဘိုးဘေး ကိုယ်တိုင် လက်ပါရင် မသင့်လျော်ဘူးလို့ ထင်လို့ပါ "

ပတ်ဝန်းကျင်က လူတွေအကုန်လုံး အံ့သြသွားကြသည်။

" ဆက်ခံသူက ဂိုဏ်းရဲ့ သစ္စာဖောက်အတွက် တောင်းဆိုပေးနေတာလား? "

"ဂိုဏ်းရဲ့ စည်းမျဉ်းအရ၊ ဂိုဏ်းကို သစ္စာဖောက်တဲ့ သူက သေကို သေရမယ်၊ အဲ့လိုမှ မဟုတ်ရင် လူထုကို ဘယ်လိုလုပ် စည်းရုံးနိုင်မှာလဲ?"

" ဆက်ခံသူမှာ တခြားအကြောင်းရင်းများ ရှိနေလို့လား? "

စူးချန်ကဲက ဆက်ဆို၏။

"ဝမ်ခိုင်းဟယ်က အကြီးအကဲ ချင်အန်းရဲ့ တပည့်လေ ၊ သူ့ရဲ့ တပည့်ဆိုမှတော့ ဒီကိစ္စကို သူ့ကိုပဲ ဖြေရှင်းခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ် "

မှန်၏ ။ကိုယ့်တပည့်က ဂိုဏ်းကို သစ္စာဖောက်တဲ့အပေါ် ပိုခံစားရခက်သူမှာ သူ့ဆရာပင် ဖြစ်သည်။အကယ်၍ သူကိုယ်တိုင် သူ့တပည့်ကို သတ်လိုက်မည် ဆိုပါက ၊ဂိုဏ်းတွင်း ကောလဟာလများ ဖြစ်ပေါ်လာမည်မှာ အသေချာပင် ဖြစ်သည်။

ကျားလည်ပင်းက ခေါင်းလောင်းကို ချည်တဲ့သူကသာလျှင် ပြန်​ဖြည်နိုင်လိမ့်မည်။ ထိုနည်းတူစွာ ပြသနာကို စခဲ့တဲ့သူမှသာလျှင် ထိုပြသနာကို အဆုံးထိ ဖြေရှင်းနိုင်ပေလိမ့်မည်။

ထိုအချက်ကို တွေးတောရင်း ဖော့ကျွင်းဘိုးဘေးသည် အတော်လေး စိတ်ကျေနပ်သွားသည်။သူအရင်က ဒေါသအထွက်လွန်ကာ ထိုအချက်ကို မစဉ်းစားမိဘဲ လစ်လျုရှုမိခဲ့သည်။

စူးချန်ကဲ သတိပေးမှသာလျှင် ၊ သူသဘောပေါက်ခဲ့သည်။

  “ချင်အန်း,ဒီကိစ္စကို ဖြေရှင်းဖို့ ငါမင်းကို လက်လွဲလိုက်ပြီ"

  "ဟုတ်၊ကျေးဇူးတင်ပါတယ် ဘိုးဘေး!ကျေးဇူးတင်ပါတယ် ဆက်ခံသူ!"

ချင်အန်းအကြီးအကဲလည်း သူ့ရင်ထဲ စိတ်လှုပ်ရှားသွားခဲ့ရသည်။ဆက်ခံသူသည် သူအပေါ် ဂရုစိုက်ပေးခဲ့သည်။

  “တပည့်ဆိုး၊ ငါမင်းကိုတပည့်အဖြစ် လက်ခံခဲ့တာ နှစ်တစ်ရာကြာခဲ့ပြီ ၊ဒါပေမယ့်မင်းကတော့ နားထင်သွေးရောက်ပြီး ဆက်ခံသူကိုသတ်ဖို့ လုပ်ခဲ့တယ် "

သူသည်ပြောပြောဆိုဆို မြေပြင်ပေါ်တွင် ငုတ်တုတ်မေ့နေသော ဝမ်ခိုင်းဟယ်ထံသို့ ကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဥ်စွမ်းအားများ နှင့်အတူ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

"မင်းကို ခေါ်လာခဲ့တာ ဒီဆရာဆိုတော့ ၊ မင်းရဲ့နောက်ဆုံးခရီးလမ်းကိုလည်း ဒီဆရာကပဲပို့ဆောင်ပေးမယ်"

  “ဆရာ!”

  “ဆရာ ကျွန်တော်မှားပါပြီ !”

  “ ကျွန်တော် ကိုမလုပ်ပါနဲ့ ”

သို့သော် သူ စကားမဆုံးခင်၊ ဝိညာဥ်စွမ်းအားများ တောက်လောင်နေသော လက်ဖဝါးတစ်စုံသည် ကျရောက်လာခဲ့လေသည်။‌ ‌‌ကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဉ်စွမ်းအားသည် လိုင်းလှုံးကြီးသဖွယ် ပေါက်ကွဲထွက်လာခဲ့သည် ။

ကြောက်လန့်ဖွယ်ရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ၊ ဝမ်ခိုင်းဟယ်၏ အသားများသည် တစ်စစီဖြစ်သွားခဲ့လေပြီ !

ချင်အန်း ထိပ်တန်း အကြီးအကဲသည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ယခုအခိုက်အတန့်တွင် သူ့ကိုယ်သူ အများကြီး အိုစာခဲ့ပြီဟု တွေးမိနေသည်။သို့သော် သူသည် စူးချန်ကဲအား လေးစားသမှုဖြင့် ဆိုလိုက်သည်။

"ဆက်ခံသူ ခုလိုစဥ်းစားပေးတာကို ကျေးဇူးတင်ပါတယ် ! "

စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်း၊

"အားလုံး တစ်မိသားစုတွေပါပဲ ၊အားနာဖို့မလိုပါဘူး"

ထိုအချိန်မှသာ တပည့်များအားလုံး ပြန်လည် တုန့်ပြန်လာခဲ့ကြသည်။

"ဆက်ခံသူက ရုပ်ရည်ချောမောရုံတင် မကဘူး ဉာဏ်ရည်ဉာဏ်သွေးလည်း ထက်မြက်ပေတယ်"

ကွေးယွမ် ဘိုး‌ဘေး နယ်မြေက ဘိုးဘေးများသည်လည်း ကျေနပ်နေကြသည်။စူးချန်ကဲ၏ လုပ်ပုံကိုင်ပုံသည် ကိစ္စကို ဖြေရှင်းပြီးသား ရောက်သလို ၊ ထိပ်တန်း အကြီးအကဲကိုလည်း မျက်နှာပေးရာ ရောကိပေသည်။

ကိစ္စကို ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ပြီး ညဏ်ရည်ညဏ်သွေးလည်း ထက်မြက်သည်။

  ထိုကဲ့သို့ ထက်မြက်သော ပုဂ္ဂိုလ်မျိုးသည် အဘယ့်ကြောင့် အမတ မဖြစ်နိုင်မည်နည်း။

အပိုင်း(၂၂) : ဓားနှစ်စင်း အပြင်းအထန် တိုက်မိခြင်း၊ ခိုင်းထျန်းကျန်

စူးချန်ကဲသည် ဝူကျီအောက်ထျန်းကို တဖန်ပြန်ကြည့်ကာ အပြုံးမပျက် ဆိုလိုက်သည် ။

"ဝူကျီအောက်ထျန်း ၊ ဒီကို လာဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ ၊ မင်း တကယ်ပဲ ငါနဲ့ မတိုက်ချင်ဘူးလား?"

စနစ်ထံမှ ပြီးမြောက်သည် ဆိုသည့် အကြောင်းကြားချက်သည် သူ့ဆီသို့ ယခုထက်ထိ ရောက်မလာသေးပေ။

တဖက်လူကဖြင့် လက်နက်ချနေပြီ ၊ ဒါဆို သူ့အတွက် ဆုလာဘ်ကရော?

ဝူကျီအောက်ထျန်း၏ အခက်တွေ့နေသော အမူအယာကြောင့် စူးချန်ကဲက ထပ်ဆိုလိုက်သည်။

"ဒါဆို ပညာချင်း ဖလှယ်ပြီး ဆွေးနွေးသလို ဆိုရင်ရော? "

  “ အောက်ထျန်း ၊ ဆက်ခံသူက မင်းကို

ဖိတ်ခေါ်နေတာ နှစ်ခါတောင် ရှိပြီ ၊ ထပ်ပြီး ငြင်းဦးမလို့လား"

ခိုင်းထျန်းဓားအရှင်၏ စကားက သူ့ကို ရေခဲလိုဏ်ဂူထဲ တွန်းချလိုက်သလိုပင်။

သူ့ဆရာသခင်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ သူပဲ သိတာလေ !

သူသည် ခဏလောက် စဥ်းစားလိုက်ပြီး နောက်ဆုံးတွင် သဘောတူခဲ့ရသည်။

တံစက်မြိတ်အောက် ခေါင်းငုံ့ရုံပေါ့ !

[T/N - ဘယ်အိမ်မဆို တံစက်မြိတ်ရှိလို့ ခေါင်းငုံ့ပြီးမှ ဝင်ကြရတယ် ၊ တနည်းအားဖြင့် မလွန်ဆန်နိုင်တဲ့ အခြေအနေမှာ ခဏတော့ အရှုံးပေးရမယ် ဆိုတဲ့ ဆိုလိုရင်းပါ

( အရပ်ပုတဲ့သူတွေကတော့ ဘယ်ခေါင်းငုံ့စရာ လိုမတုန်း- စတာ ) ]

ယခုတစ်ကြိမ်တွင် စူးချန်ကဲနှင့် ဝူကျီအောက်ထျန်းသည် ကွေးယွမ် လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။

ယခုအချိန်တွင်၊ကွေးယွမ်က လူအားလုံးလည်း ထိုမြင်ကွင်းကို ကြည့်ရှုရန် လေ့ကျင့်ရေး ကွင်းပြင်သို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။

ယခုအချိန်ထိ အမြှီးတောင် မမြင်ရသေးသော ပထမမြောက် သူတော်စင် တပည့်က လွဲပြီး တခြားသူတော်စင် တပည့်အားလုံး ထိုနေရာသို့

လာရောက်ခဲ့ကြသည်။

အဘယ့်ကြောင့်ဆိုသော် ဒီလောက် အချိန်အတိုလေး အတွင်းမှာ စူးချန်ကဲနှင့် ပတ်သတ်သော ကောလဟာလ တော်တော်များများကို ကြားနေခဲ့ရသောကြောင့် ဖြစ်သည်။

နိမိတ်မြင်ကွင်း ၊ ဆယ်ခုမြောက် ဇီဖူကြယ်၊ အာကာသကို ခုတ်ပိုင်းခြင်း၊ ထျန်းကျီမျှော်စင်ကို အပေါက်ဖြစ်အောင် လုပ်ခြင်း ..စသည့်ဖြင့်။

" တိုက်ကြဦးမယ်လို့ မမျှော်လင့်ထားဘူး "

" ဟုတ်ပါ့ ၊ ဝူကျီအောက်ထျန်းက နံပါတ် ၁ ဓားသမားလေ ၊ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ဓားကိုယ်ထည် ၊ မွေးကတည်းက ဓားကျင့်ကြံသူ အဖြစ် မွေးဖွားလာတာ !"

  “ ရလဒ်က ဘယ်လိုဖြစ်မလဲ မသိဘူး?"

အားလုံး ရင်ခုန်စွာဖြင့် မျှော်လင့်ချက် ပြင်းပြစွာ စောင့်မျှော်နေကြသည်။

တကယ်တော့၊ ဝူကျီအောက်ထျန်း၏ ကျင့်ကြံရေး အဆင့်သည် ဖုန်းဟွမ်(ဧကရာဇ်)နယ်ပယ်အဆင့်ထိ ရောက်နေခဲ့ပြီ ဖြစ်သည်။လူအများက ဝူကျီအောက်ထျန်းသည် တခြားအကြောင်းရင်းကြောင့် အရှုံးပေး​ဖို့ကို ဝန်ခံခဲ့သည်ဟု ကောက်ချက်ချခဲ့ကြသည်။

ကွင်းပေါ်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကြသည်။

စူးချန်ကဲသည် ဝူကျီအောက်ထျန်းကို ကြည့်ကာ ဆိုလိုက်သည်။

"မင်း အဲ့လောက်ထိ စိတ်ပူစရာ မလိုဘူး၊ ငါတို့လို ဓားသမားတွေကို ရှေ့ကို တည့်တည့်ပဲ လျှောက်သင့်တယ် "

" မင်းနာမည်က ဝူကျီအောက်ထျန်း လို့ ဆိုမှတော့ ၊ အဲ့နာမည်အတိုင်း လူအများသိအောင် ပြလိုက်စမ်းပါ "

[ T/N - ဝူကျီအောက်ထျန်း - ထာဝရ မာန်မချခြင်း ]

ထိုစကားကို ကြားတော့ ဝူကျီအောက်ထျန်းလည်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။အရင်က သူ စူးချန်ကဲနဲ့ မပြိုင်ခဲ့ဘူး ဆိုတာက ကြောက်လို့ မဟုတ်ဘဲ လျစ်လျူရှုခဲ့ချင်ရုံသာပင်။

သူ့ဘဝ၏ စံနှုန်းသတ်မှတ်ချက်မှာ လျစ်လျုရှုနိုင်ရမည် ဖြစ်သည်။ထိုမှသာလျှင် လျစ်လျုအရှုနိုင်ဆုံးထဲက လျစ်လျုအရှုနိုင်ဆုံး ဘုရင် ဖြစ်နိုင်ပေလိမ့်မည် ဖြစ်သည်။

အရင်က သူ ဒီလောက်ရူးသွပ်သော နာမည် ရခဲ့သည့် အဓိက အကြောင်းရင်းမှာ သူ့ဆရာသခင်၏ 'အတင်းဖိအားပေးမှု'ကြောင့်ပင် ဖြစ်သည်။

ဒါပေမဲ့ ကိစ္စက ဒီထိရောက်လာပြီ ဆိုမှတော့၊

လေးတင်ပြီးသား မြှား ၊ လွှတ်တင်ခြင်းမှ ရှောင်လွဲမရနိုင်ပေ။

အဲ့အစား ချက်ချင်း ပွဲစလိုက်တာ ပိုကောင်းပေတော့မည် ။

  “လာ!”

ဝူကျီအောက်ထျန်းသည် စကားဆုံးသည်နှင့်၊ ဖုန်းဟွမ် (ဧကရာဇ်) အထွပ်အထိပ် နယ်ပယ်အဆင့်၏ ကြောက်စရာကောင်းသော အငွေ့အသက်များက သူ့ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

သူသည် လော့ဟယ် သိဒ္ဓိဓားကို တဖန် ဆွဲထုတ်လိုက်သည်။

သို့သော် ဒီတစ်ခါမှာတော့ ၎င်း၏ ပြင်းအားသည် မြေကြီးများကိုတောင် ပြိုကျသွားစေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ဤကမ္ဘာကြီးကို နိုင်ထက်စီးနင်း ပြုမှုလို့ နေသည်။

  ရွှမ်း!

ခဏအတွင်း ၊ ဖျက်ခနဲ့ ဝင်းလက်သွားသည်။

အားကောင်းလှသော ဓားစွမ်းအင်သည် မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။

ကြယ်ပွင့်များ ဝင်းလက်သွားသကဲ့သို့။၎င်း၏ အရှိန်သည် လူကို အံ့အားသင့်သွားစေသည်။

စူးချန်ကဲ၏ တုံ့ပြန်မှုသည်လည်း မနှေးကွေးခဲ့ပေ။

သူသည်ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့သည်။

သူ့ ညာလက်ညှိုးကို ဓားဖြင့် ပေါင်းစပ်၍ ခိုင်းစေသည်။

ယင်းယန်ဓားစွမ်းအင်သည် သူ့လက်ချောင်းထိပ်ကနေ ထွက်ပေါ်လာခဲ့သည်။

  တုန်ခါသံ!

ဆန့်ကျင်ဘက် ဓားစွမ်းအင်နှစ်ခုသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည်။

နှိုးဆော်လိုက်သော ဓားစွမ်းအင်မုန်တိုင်းကြီးသည် ဧရာမ ရှေးဟောင်းသားရဲကောင် နှစ်ကောင် ရန်ဖြစ်နေကြသလိုပင်။

ဝူကျီအောက်ထျန်း သတိလက်လွတ် မနေ၀ံ့ပေ။

သူသည် ဓားကို လေထဲသို့ တဖန် ‌ပြောင်းရွှေ့စေပြီး စူးချန်ကဲကို တိုက်ခိုက်ရန် သူလက်ကိုမြှောက်တင်လိုက်သည် ။

စူးချန်ကဲခန္ဓာကိုယ်ရှိ ချီစွမ်းအင်များသည်အပြည့်အ၀ စုစည်းသွားပြီး၊ အမျိုးမျိုးသော အငွေ့အသက်များကတော့ သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်ရောနှောသွားသည် ။

လက်သီးတစ်ချက် လွှတ်တင်လိုက်သည်နှင့် ကောင်းကင် တစ်ခုလုံးကိုတောင် နှိမ်နင်းနိုင်သော အစွမ်းသတ္တိ ရှိသည်။

  ဘုန်း!

ဧရာမပေါက်ကွဲသံကြီးတစ်ခု ထပ်ပြီးထွက်ပေါ်လာခဲ့ပြန်သည် ။

အခိုးအငွေ့များကြားထဲတွင် လူရိပ်ပုံစံ တစ်ခု မမျှော်လင့်ပဲ ထွက်ပေါ်လာခဲ့သည်။

အံ့သြစရာကောင်းသည်မှာ ဝူကျီအောက်ထျန်းသည် ထိုလက်သီးချက်ကြောင့် လွင့်ထွက်သွားခဲ့ခြင်းပင်။

ထိုမြင်ကွင်းက လူတိုင်း၏ အမြင်များကို မှုန်ဝါးသွားစေခဲ့သည်။အသက်ရှူလိုက်တဲ့ ခဏလေး အတွင်းမှာတင် ၊ သူတို့သည် လှုပ်ရှားမှု မျိုးစုံဖြင့် အကြိတ်အနယ်ကြည့်လို့နေ၏ ။

ကျန်ရှိနေသောအငွေ့အသက်များက သူတို့ကို

ရင်တုန်စေခဲ့သည်။

"ဒီရဲ့လက်သီးစွမ်းအားက အတော်ကြောက်ဖို့ကောင်းတာပဲ! ငါ့ရဲ့ ဓားစွမ်းအင်ကိုတောင် ချေဖျက်နိုင်တယ်"

ဝူကျီအောက်ထျန်းလည်း ထိတ်လန့်သွားခဲ့သည် ။ပြိုင်ဘက်၏ ဓားသိုင်းစွမ်းရည်သည်

ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။

ကြောက်ဖို့ ကောင်းတဲ့ ဓားသိုင်းစွမ်းရည်နဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ် ပေါင်းစပ်ထားမှတော့ ဒါ လူ ရော ဟုတ်သေးလို့လား?

" ဝူကျီအောက်ထျန်း ဆိုတဲ့ နာမည်က မင်းနဲ့ ထိုက်တန်တယ်လို့ ငါထင်တယ်၊ငါ့ရဲ့လက်သီးစာကိုတောင် ခံနိုင်တယ် ၊ ဒါကို ခံနိုင်တာ မင်းက ပထမဆုံးပဲ"

  “ မင်းက တကယ်ကိုသန်မာတာပဲ၊မင်းနဲ့ ယှဉ်ရင် ၊ ဝမ်ခိုင်းဟယ်က ဘာမှတောင် စာမဖွဲ့ဘူး"

စူးချန်ကဲသည် သူ့ကိုယ်ပေါ်က ဖုန်မှုန့်များကို ခါချလိုက်သည်။၎င်း၏ ဝတ်ရုံဖြူသည် အသောက်အစားတွင် ပျော်မွေ့နေသော အရက်မူးသမား ဓားအမတရှင် ကဲ့သို့ လေနှင့်အတူ ကခုန်နေလေ၏။

မြေအောက်ကမ္ဘာအောက်မှာရှိတဲ့ ဝမ်ခိုင်းဟယ်သာ ဒီစကားကိုကြားရင် စိတ်ဆိုးလွန်းလို့ သေသွားနိုင်သည်။

သေတဲ့လူတောင် အလွတ်မပေးဘဲ အဲ့လောက်ထိ နှိမ့်ချလိုက်ရမှ ကျေနပ်မှာလား?

ဝူကျီအောက်ထျန်းသည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ဟန်မပြင်ဘဲ ဝိညာဉ်စွမ်းအင်များကို အရင် စုစည်းလိုက်သည်။

ကွင်းအတွင်းရှိ ဝိညာဥ်စွမ်းအင်များသည် သူ့ဆီသို့ စုစည်းရောက်ရှိလာကြပြီး ရောင်ဝါများက ပျံ့ကျဲလို့ နေသည်။

သူ့ နောက်တွင် ရှိသော အာကာသပြင်ထဲ၌

ဝိညာဉ်စွမ်းအင်များ စုစည်းသွားကာ အကျိတ်အခဲကြီး တစ်ခု ဖြစ်လာခဲ့သည်။

ဤသည်မှာ ဧရာမ ရေခဲတောင်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့ခြင်း ဖြစ်သည်။

အေးစက်သော ရေခဲတောင်၏ အငွေ့အသက်များက ရေခဲကမ္ဘာကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့သလိုပင်။

ဝူကျီအောက်ထျန်းသည် သူ့ဓားကို ကောင်းကင်ဆီသို့ ချိန်ရွယ်လိုက်သည်။

ရေခဲတောင်ကြီးသည် ရုတ်ချည်း ပေါက်ကွဲထွက်သွားပြီး ၊ ကောင်းကင် တခွင် ပျံ့နှံ့သွားသော ရေခဲအစိုင်အခဲတုံးများသည် ကြည်လင်သော နှင်းခဲဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူသည် ဓားကို ကိုင်ကာ ရှေ့ကို ချိန်ရွယ်လိုက်သည်။

  ဝှစ်!

ကြောက်ဖို့ကောင်းသော နှင်းခဲဓားသည် နှင်းပွင့်လေးများ ပွင့်နေသကဲ့သို့ ကောင်းကင်ယံမှ စူးချန်ကဲဆီသို့ ဆင်းသက်လာခဲ့သည်။

  “ဘုရားရေ!ဒါက ဓားစွမ်းအင်ကို နှင်းခဲဓားအဖြစ် အသွင်ယူထားတာပဲ !"

"ဒါက ဓားစွမ်းအင်ပဲ ! ဒီလောက် ကြောက်ဖို့ကောင်းတဲ့ နှင်းခဲဓားတွေက သောင်းချီမက ဆင်းသက်လာပါ့လား ! "

ထိုမြင်ကွင်းသည် အားလုံးကို တုန်လှုပ်စေခဲ့သည်။

ဤမျှကြီးမားသော အရှိန်အဟုန်နဲ့သာဆို မည်သူမဆို နှင်းခဲဖြင့် ထိုးဖောက်ခြင်းကို ခံရနိုင်ပေသည်။

ထိုမျှ အေးစက်သော အငွေ့အသက်သည် သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

  " ဒါမှ စိတ်ဝင်စားဖို့ ကောင်းတာ ! "

စူးချန်ကဲက ရေရွတ်လိုက်သည်။ဤကဲ့သို့ အားရစရာကောင်းသော တိုက်ပွဲကသာလျှင် သူ အလိုရှိခဲ့သော အရာပင် ဖြစ်သည်။

သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်နှင့် ကောင်းကင်ဓားသည် အာကာသထဲမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

ချက်ချင်းဆိုသလို လက်ကို မြောက်တင်ကာ ဖြတ်ချလိုက်သည်။

လောင်မြိုက်နေသော ဓားစွမ်းအင်သည် ကမ္ဘာကြီးပေါ်သို့ ကျရောက်လာသော နေရောင်ခြည်ကဲ့သို့ပင်။

အားကြီးသော နှင်းခဲမုန်တိုင်းသည် ချက်ချင်းဆိုသလို အငွေ့ပျံသွားပြီး မီးခိုးငွေ့များ အဖြစ်သို့ လွင့်စင်သွားခဲ့သည်။

  “ ကောင်းလိုက်တဲ့ ဓားစွမ်းအင် !ဒဏ္ဍာရီထဲက ဓားတောင် ဒီထက် သာလွန်လိမ့်မယ် မထင်ဘူး ! "

ဝူကျီအောက်ထျန်းက ဆိုလိုက်သည်။

သို့သော် သူသည် လက်မလျှော့သေးဘဲ နဂါးတစ်ကောင်ကဲ့သို့ ဓားကို ထပ်ဆွဲထုတ်လိုက်သည်။

တောက်ပသော ဓားအလင်းတန်း တစ်ခုသည် ကမ္ဘာအနှံ့ ဖြတ်သွားသော ဓားတစ်လက်ကဲ့သို့ ကွင်းပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး စူးချန်ကဲဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်လာခဲ့သည်။

  “ချိုးဖျက်စေ!”

စူးချန်ကဲသည် ဘာမှမထူးခြားဟန်ဖြင့် ရှိနေပြီး တည့်တည့်မတ်မတ် ဆင်းသက်လာသော ဓားအလင်းတန်းကို ထိုးဖောက်လိုက်သည်။

သာမန်ဓားတစ်ချောင်းနဲ့ တူသော ဓားတစ်လက်သည် မြစ်အသွင် စီးဆင်းလာသော ဓားအလင်းတန်းဖြင့် ထိတွေ့လိုက်သည့် တစ်ခဏအတွင်းမှာပင် ကွဲအက်သွားခဲ့သည်။

ကြယ်ရောင်လေးများကဲ့သို့ ပျံ့လွင့်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ကြောက်စရာကောင်းသော နောက်ထပ် ဓားစွမ်းအင်သည် စူးချန်ကဲ၏ မျက်မှောက်သို့ ရောက်ချလာခဲ့သည်။

  “ကောင်းလိုက်တဲ့ ဓားသိုင်း!”

" ဝူကျီအောက်ထျန်းက အမြင်မှာတော့ ဓားတစ်ချက်တည်းဆိုပေမဲ့ တကယ်တော့ နှစ်ချက်ပဲ !ဒုတိယဓားချက်ရဲ့ အလျှင်က ပထမဓားချက်နီးပါးဆိုတော့ ကြည့်လိုက်ရင်တော့ ဓားချက်က တချက်တည်းလို့ ထင်ရတာပေါ့ !"

"အရမ်းကြောက်ဖို့ ကောင်းတာပဲ ၊ဓားစွမ်းအင်ကို အဲ့လို ထိန်းချုပ်နိုင်ဖို့ဆို ဘယ်လောက်အထိ အားကောင်းအောင်ဖို့ လိုတုန်း?ဘယ်လောက်အဆင့်ထိ ရောက်မှ ဖြစ်နိုင်မတုန်း!"

ကြည့်ရှုသူများက သုံးသပ်နေလေ၏။

သူ၏ စွမ်းအားများသည် ထပ်ပြီး မလုံလောက်သေးဘူးဟု ခံစားမိရာ ၊ ဝူကျီအောက်ထျန်း၏ စွမ်းအားများသည် ထပ်မံ၍ ပေါက်ကွဲထွက်လာခဲ့ပြန်သည်။

ဓားကိုယ်ထည်ဖြစ်သော သူ၏ ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ရာနှုန်းပြည့် ပေါင်းထည့်လိုက်သော ဓား၏ဆန္ဒသည် တစ်ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။

  “ဝှစ်!”

ထျန်းကျီအောက်ထျန်းသည် သူ့လက်ကို မြှောက်တင်ကာ ဓားကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ၊ ထက်မြက်သော ဓား၏ အလင်းတန်းသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဓားတစ်ချောင်းသည် ပုရွက်စိတ်ကဲ့သို့ သက်ရှိပေါင်းများစွာကို ဖန်တီးလိုက်သလိုပင်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဓား၏ဆန္ဒမှာ ကောင်းကင်သို့ တဟုန်ထိုး ချီတတ်သွားခဲ့သည်။

ဓားတစ်လက်သည် ကောင်းကင်တံခါးကို ဖွင့်တော့မည်ဟန်ဖြင့်။

  “လော့ဟယ်ဓားဂိုဏ်းရဲ့ အမွေဆက်ခံ လျို့ဝှက်သိုင်း ၊ ခိုင်းထျန်းကျန် ! "

လူတိုင်း၏ အာမေဋိတ် အော်သံများ ထွက်ပေါ်လာခဲ့သည်။

ခိုင်းထျန်းကျန်သည် လော့ဟယ်ဓားဂိုဏ်း၏ ဒဏ္ဍာရီအရ၊ သူ့၏ ဓားတစ်ချက်သည် အမတကိုတောင် သတ်နိုင်သည့် အမွေအနှစ်တစ်ခု ဖြစ်ပေသည်။

ဤဓားချက်သည် ခိုင်းထျန်းဓားအရှင်၏ အတုမရှိသော လက်ရာပင် ဖြစ်သည်။

ရှေးရှေးတုန်းက ၊ဤဓားချက်ဖြင့် ပေမင်တိုက်ကြီး တစ်ခုလုံး၏ မရေမတွက်နိုင်သော ဓားသမားများကို အနိုင်ပိုင်းနိုင်ခဲ့သည်။

ဓားရောက်သွားလေရာ ၊ ကောင်းကင်တံခါး ပွင့်လာလိမ့်မည် ဖြစ်သည်။

အပိုင်း(၂၃ ):ဓားတစ်လက်ဖြင့် ကောင်းကင်တံခါးကို ဖွင့်မည်

“ဓားချက်က ဒီလောက်တောင် အစွမ်းထက်တာ ၊ဆက်ခံသူ ယှဉ်ပြိုင်နိုင်ပါ့မလား?”

“ဒီရဲ့ ခိုင်းထျန်းကျန်က တကယ်ပဲ ကောင်းကင်တံခါးကိုတောင် ဖွင့်နိုင်တယ်”

(T/N - ခိုင်းထျန်းကျန် - ကောင်းကင်တံခါးကို ဖွင့်စေနိုင်သော ၊ မြန်မာမူပြန်ရင် ဖတ်မကောင်းလို့ တချို့နေရာတွေမှာ တရုတ်လိုပဲ ထည်သုံးထားပါတယ်)

“လော့ဟယ်ဂိုဏ်းရဲ့ နံပါတ်တစ် ဓားသမား ဆိုတဲ့အတိုင်း ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပါ‌ပေတယ်”

သူတော်စင် တပည့် အမျိုးသမီးနှင့် အမျိုးသားတို့၏ အမူအရာများသည် အလွန် လေးနက်လျက် ရှိသည်။ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ချေးငှားထားပုံရသည့် ထိုဓားကိုကြည့်ရင်း သူတို့ကိုယ်သူတို့ အရေးမပါသောသူများအဖြစ် ခံစားနေမိကြသည်။

တောက်ပနေသော ဓားအလင်းတန်းသည် နဂါးငွေ့တန်း ဂလက်ဆီမှ ကျရောက်လာခဲ့သလိုမျိုး ခန့်ညားထည်ဝါသော ဓားစွမ်းအင်သည် ဧရာမ နက်ရှိုင်းသော တွင်းနက်ကြီးကဲ့သို့ပင်။

“ဆက်ခံသူ၊ မင်းလက်ခံဖို့ အဆင်သင့်လား !”

ဝူကျီအောက်ထျန်းသည် သူ၏ဓားအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိပေသည်။

သူသည် ခိုင်းထျန်းကျန်ကို အပြည့်အဝ မလေ့ကျင့်ရသေးသော်လည်း ၊သို့သော် သူ၏ ဒီဓားချက်ကို ခံနိုင်သည့် မျိုးဆက်သစ်လူငယ်ဟူ၍ ဘယ်တုန်းကမှ မရှိခဲ့ပေ။

“ဒီလောက်လှည့်ကွက်လေးကိုတော့ သနားတယ်”

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်များကို နိုးထစေခဲ့ပြီး ၊ တောက်ပသော ရွှေရောင်အလင်းတန်းများက ထွက်ပေါ်လာခဲ့သည်။

ဦးညွတ်နေသော နတ်ဆိုးနှင့် နတ်သားရဲ့လေးကောင်တို့ ပေါ်ထွက်လာကြသည်။

ဆယ်ခု မြောက် ဇီဖူကြယ်သည် ကောင်းကင်တွင် ချစ်ချစ်တောက် ပူနေသော နေမင်းကြီးကဲ့သို့ ရှိနေသည်။

ကောင်းကင်နှင့် မြေကြီးသည် တောက်ပသော ရွှေရောင် အလင်းတန်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

  ဟူး!

ထိုအချိန်မှာ လေပြင်းများ တိုက်ခက်လို့ လာခဲ့သည်။

နတ်အလင်းတန်း၏ အလယ်ဗဟိုတွင် ဖြောင့်မတ်စွာ တည်ရှိနေသော ဓားတစင်းကဲ့သို့ ရှိနေခဲ့သော စူးချန်ကဲသည် သူ၏ ဓားကိုမြှောက်လျက် ခုတ်ဖြတ်လိုက်သည်။

  “ဂျိန်!”

  ဟုန်း!

နတ်အလင်းတန်းများသည် ပေါက်ကွဲထွက်သွားပြီး ဓားစွမ်းအင်များသည် လွင့်ပျံသွားခဲ့သည်။

ဝူကျီအောက်ထျန်း၏ ကြောက်စရာ ကောင်းခဲ့သော အရာများကို စူးချန်ကဲသည် ချက်ချင်းဖြေရှင်းနိုင်ခဲ့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော စူးချန်ကဲ၏ တုံ့ပြန်မှုက ဝူကျီအောက်ထျန်းကို သွေးအန်စေခဲ့ပြီး သူ့မျက်နှာသည် စက္ကူရွက် တစ်ရွက်ကဲ့သို့ ဖျော့တော့သွားခဲ့သည်။

  “အရမ်းသန်မာတာပဲ!”

“ဆက်ခံသူက၊ သူ့ဆီ ထိပ်တိုက်‌လာတွေ့တဲ့ အားအင်ကို အနိုင်ပိုင်းခဲ့တာပဲ!”

“ဇီဖူ နယ်ပယ်အဆင့်က ဖုန်းဟွမ်( ဧကရာဇ်) အထွတ်အထိပ် ရောက်နေတဲ့ နယ်ပယ်အ‌ဆင့်ကို အနိုင်ပိုင်းခဲ့တယ်ပေါ့!အဲဒါက သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်ကြောင့်များလား?”

စူးချန်ကဲ၏ ပြင်းထန်သော စွမ်းအားသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

ဝူကျီအောက်ထျန်းသည် ဉာဏ်ရည်ထက်မြက်သော သူ ဖြစ်ပေသည်။ ဒီလောက် ကြီးကြီးမားမား ကွာခြားတဲ့ အဆင့်သတ်မှတ်ချက် ရှိနေခဲ့တာတောင် သူသည် ရှုံးနိမ့်သွားခဲ့ရသည်။

 “ဆက်ခံသူက တကယ်ကို ထူးခြားတာပဲ၊ဒါပေမယ့် ငါ့ရဲ့အစွမ်းတွေကို အကုန် ထုတ်မသုံးရသေးဘူး!”

 ဟုန်း!

ဝူကျီအောက်ထျန်းသည် ဝိညာဉ်စွမ်းအင်များကို ထပ်မံစုဆောင်းလိုက်ပြီး၊သူ၏ မွေးရာပါ ဓားစွမ်းအင်ကို သူ့ပတ်ပတ်လည်တစ်လျှောက် ရစ်ဝဲစေပြီး အာကာသကို ပုံစံပျက်စေခဲ့သည်။

လော့ဟယ် သိဒ္ဓိဓား အလင်းရောင်သည် တောက်ပလာခဲ့ပြီး ၊ ဓားစွမ်းအင်များက သူ၏ ဓားကိုယ်ထည်ကို ၀န်းရံထားသည်။ ထိုနောက် ပေတစ်သောင်းကျော်မြင့်သော ဧရာမဓားရှည်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဧရာမဓားရှည်ကြီးသည် ရှင်ထျန်း ကိုင်ဆောင်သော ဓားမကြီးကဲ့သို့ပင်။

T/N - ရှင်ထျန်းဆိုတာ ရှေးခေတ် ဒဏ္ဍာရီထဲက

ဘီလူကြီးကို ပြောတာပါ

“ဒါ လော့ဟယ် ဓားဂိုဏ်းရဲ့ အမွေ ဆက်ခံသိုင်းဖြစ်တဲ့ ပုန်းထျန်း!”

T/N - ပုန်းထျန်း- ကောင်းကင်ကို ဖြိုချခြင်း

“ ပုန်းထျန်းက ခိုင်းထျန်းကျန်ရဲ့ ဒုတိယမြောက်သိုင်းကွက်ပဲ ၊သူ့ရဲ့ ကြောက်မယ်ဖွယ် ကောင်းတဲ့ အဖျက်စွမ်းအားက ကောင်းကင်ကိုတောင် ချိုးဖျက်နိုင်တယ်! “

“ဝူကျီအောက်ထျန်းက သူ့စွမ်းအားတွေကိုအစွမ်းကုန် ထုတ်သုံးဖို့ ကြံရွယ်ထားပြီပဲ ၊ ဆက်ခံသူကို အနိုင်ယူဖို့ သူ့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်တွေ ထုတ်သုံးနေပြီပဲ ! “

ဝူကျီအောက်ထျန်း၏ အတွေးကို လူတိုင်း ခန့်မှန်းနိုင်ခဲ့သည်။

ရေရှည်တိုက်ပွဲတွင်၊ သူသည် ဆက်ခံသူကို သေချာပေါက် မယှဉ်နိုင်သောကြောင့် ၊ ပြိုင်ဘက်ကို အနိုင်ယူရန် သူ၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုနှင့် သူရောက်ရှိနေပြီ ဖြစ်သော ကျင့်ကြံရေး နယ်ပယ်အဆင့်၏ စွမ်းအားကို ပေါင်းစပ်ပြီး ပြိုင်ဘက်ကို အနိုင်ယူရန် ကြံစည်လိုက်သည်။

သို့သော် ဤအရာသည် ဝူကျီအောက်ထျန်းအတွက် တစ်ခုတည်းသော နည်းလမ်းဟု ဆိုရပေလိမ့်မည် ။

အမှန်တကယ်တော့ သူ၏ ခန္ဓာကိုယ် အသွေးအသားများသည် ဖောက်ပြန်နေခဲ့ပြီ ဖြစ်သည်။

  “ ခိုင်းထျန်း ၊ ငါလည်း တတ်တယ်”

T/N : ခိုင်းထျန်း - ကောင်းကင်တံခါးဖွင့်ခြင်း

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ရယ်လိုက်သည်။ အငွေ့အသက်သည် တည်ငြိမ်နေပြီး သူသည် မျက်လုံးများကို စုံမှိတ်လိုက်သည်။

လူအုပ်ထဲက ယွင်ရှင်းယန်သည် သူမ၏ သွားများကို တင်းတင်းစေ့ထားပြီး သူမ၏ လှပသော မျက်ဝန်းများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လို့နေသည်။

“ဆက်ခံသူ လူကြီးမင်းက ဘာလို့ သူ့မျက်လုံးတွေ မှိတ်ထားတာလဲ? “

သူတို့၏ ဆက်ခံသူမှာ ဘာလုပ်ဖို့ ရည်ရွယ်ထားမှန်း မည်သူမှ မခန့်မှန်းနိုင်ပေ။

ဤအခိုက်အတန့်တွင် စူးချန်ကဲသည် အာရုံကို စုစည်းထားပြီး သူ၏ နတ်အသိစိတ်နှင့် ကောင်းကင်ဓားကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းလိုက်သည်။

ဓားသည် သူ ၊ သူသည် ဓားပင် ဖြစ်သည်။

စူးချန်ကဲ၏ နောက်တွင် ကြီးထွားကြံ့ခိုင်သော အသွင်အပြင်တစ်ခု ပေါ်ထွက်လာခဲ့သည် ။

အမတ ဓားသမား တစ်ယောက်ကဲ့သို့ စူးချန်ကဲ၏ လှုပ်ရှားမှု အတိုင်း ဓားသည် ထိုအတိုင်း လှုပ်ရှားသည်။

  တုန်ခါသံ!

နတ်သတ်ဓား၏ ဆန္ဒပါ ရောက်ရှိလာခြင်းက သူ့ကို ဤကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရားကဲ့သို့ ဖြစ်စေသည်။

ကွင်းတစ်ခုလုံးကို ကြောက်စရာကောင်းသော ဓားစွမ်းအင်များက ဖုံးလွှမ်းထားလေသည်။

  “ယင်းယန်ဓား!”

အမတ ဓားတစ်လက် တုန်မြည်လာသကဲ့သို့ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

အဆုံးမရှိသော ဓားအလင်းတန်း ပေါ်ထွက်လာခဲ့သည်။

သောင်းပေါင်းချီသော ဓားများစွာကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားသော အကန့်အသတ်မဲ့သော ဓားစွမ်းအင်သည် ပေ တစ်သောင်းကျော် ရှည်လျားသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဓားစွမ်းအင်နှင့် ဆုံတွေ့သွားခဲ့သည်။

  “ပြတ်ရှသံ!”

ဓားချက်နှင့်အတူ အက်ကွဲသွားသော အသွင်အပြင်တစ်ခု ထွက်ပေါ်လာခဲ့သည် ။

ဝူကျီအောက်ထျန်းသည် အံကို ကြိတ်လျက်၊သူ၏ စွမ်းအား အကုန်လုံး အစွမ်းကုန် ထုတ်သုံးပစ်လိုက်သည်။

သို့သော် စူးချန်ကဲ၏ ဓားနှင့် ထိတွေ့မိသောအခိုက်အတန့်မှာပင်၊ဆီးနှင်းခဲသည် ချစ်ချစ်တောက် ပူပြင်းသော နေရောင်ခြည်နှင့် ပတ်ပင်း တွေ့လိုက်သကဲ့သို့ ဆီးနှင်းခဲများသည် အလွှာလိုက် အရည်ပျော်ကြသွားခဲ့သည်။

  တုန်ဟီးသံ!

ယခုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးသည် တုန်ဟီးနေပြီး ၊ နေရောင်ရော လရောင်ရော ကွယ်ပျောက်လို့နေသည်။

ရှိသမျှအလင်းအားလုံး လကြတ်သွားသကဲ့သို့ မှောင်မိုက်သွားပြီး နတ်ဘုရားသာ မြင်နိုင်သည့်

အံ့မခန်းဖွယ်ရာ ဓားအလင်းတန်းသည် ကောင်းကင်တခွင်တွင် လင်းလက်သွားခဲ့သည်။

စောစောက အရာအားလုံးသည် ထင်ယောင်ထင်မှား ဖြစ်သွားသလိုမျိုး ကမ္ဘာကြီးထဲက အရာအားလုံးသည် တဖန် ပြန်လည် ၍ အေးချမ်းသွားခဲ့လေသည်။

ရှိသမျှလူ အကုန်လုံး ပြိုင်ကွင်းတွင် ကြောက်စရာ ကောင်းသော အရာတစ်ခု ပေါ်ထွက်လာတော့မည့် အတိုင်း မျက်တောင် တောင် မခပ်နိုင်ဘဲ စောင့်ကြည့်လို့နေ၏။

အသက်ကိုတောင် ဂရုတစိုက်ဖြင့် ထိန်းရှူနေကြလေသည်။

ကွေးယွမ် တပည့်အချို့၏ ခြေထောက်များဆို ယိုင်နဲ့လို့ လာခဲ့ပြီ ဖြစ်သည်။

ကိုယ့်တံတွေးကို မျိုချနေသော လူတချို့လည်းရှိပေသည်။

ကောင်းကင်နှင့် မြေကြီးကြားက တုန်ခါနေသော စူးချန်ကဲ၏ ဓားသည် ဝူကျီအောက်ထျန်း၏ ဓားကို တခဏချင်း အနိုင်ယူကာ တစ်ချိန်တည်းမှာပင် ကောင်းကင် တည့်တည့် ပစ်ခွင်းသွား‌ခဲ့လေသည်။

  “မင်းရှုံးသွားပြီ”

စူးချန်ကဲ၏ အသံသည် လူတိုင်းကို စိတ်ကူးရင် ကမ္ဘာမှ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

ဝူကျီအောက်ထျန်းမှာ ခုထိ အံ့အားသင့်‌နေဆဲပင် ဖြစ်သည်။သူ့ဓားကို တဖက်ရန်သူသည်လုံး၀ ဖျက်ဆီးပစ်လိုက်နိုင်ခဲ့သည်။

အကယ်၍ စူးချန်ကဲသာ ဓားစွမ်းအင်ကို သွေးဖယ်မထားခဲ့ပါက၊သူသည် အပြီးတိုင် ဖယ်ရှားခံလိုက်ရမည်ဖြစ်သည်။

  ဒန် ဒန် ဒန်!

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား၊ ကြီးကျယ်ခမ်းနားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံထက်တွင် ရွှေရောင်အလင်းတန်းများ ပြည့်နှက်နေပြီး ရှိသမျှ တိမ်စိုင်တိမ်ခဲ အားလုံး လွင့်စင်သွားခဲ့လေသည်။

ဓားရှည်သည် ကောင်းကင်ယံကို ဖြတ်သွားခဲ့ပြီးသည်နှင့် အမတဘုံက နတ်တံခါးကြီးကဲ့သို့ ရွှေဝါရောင် တံခါးကြီးသည် ဖြေးညှင်းစွာ ပွင့်လာနေသည်ကို အားလုံး မြင်တွေ့ခဲ့ကြရသည်။

ကောင်းကင်ယံထက်တွင် တိမ်များကင်းစင်ကာ

ကြည်လင်နေပြီး ရွှေအိုရောင် နတ်ဓားတစ်ချောင်းနှင့် ရွှေအိုရောင် တံခါးတစ်ချပ်သာ ရှိသည်။

နတ်ဓားအပေါ်တွင် နားမလည်နိုင်သည့် လျိုဝှက်ဆန်းကြယ်သော မှော်အက္ခရာများ ရှိနေသည်။မှော်အက္ခရာများသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေကြပြီး ဓားစွမ်းအင်သည် တစ်လောကလုံးကို လွှမ်းခြုံထားသည်။

  “ ချွင်!”

စူးချန်ကဲသည် သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်နှင့် ကောင်းကင်ပေါ်က ရွေအိုရောင် တံခါးကြီးသည် ဖြေးဖြေးချင်း ပြန်ပိတ်သွားခဲ့သည်။

 ထို့နောက် ရွှေအိုရောင် အမှုန်အမွှားအဖြစ် ပြောင်းလဲသွားကာ ဖြေးဖြေးချင်း ပျံံ့လွှင့်သွားခဲ့တော့သည်။ကြောက်ဖို့ကောင်းသော ဓားစွမ်းအား၏ ဖိနှိပ်အားသည် ဒဏ္ဍာရီ တွင်ခဲ့လေပြီ ။

ပတ်​ဝန်းကျင်​တစ်ခုလုံး တိတ်​ဆိတ်​သွားသည်မှာ အပ်ကျသံတောင် ကြားနိုင်သည်။

သူတို့၏ အကြည့်များသည် ကွင်းပြင်လယ်က လူနှစ်ဦးထံသို့ ကျရောက်လျက် ရှိသည်။

ဝတ်ရုံဖြူနှင့် လူငယ်လေးသည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေခဲ့သည်။

သူ့လိုလူသာ ဝတ်ရုံဖြူနဲ့ မလိုက်ဖက်ရင် ၊ဒီလောကထဲက မည်သူက လိုက်ဖက်ဦးမည်နည်း။

သူ၏ ထက်မြက်သော အသွင်အပြင်နှင့် ချေမိုးတတ်သော ဟန်ပန်သည် လူကို လက်တွေ့မဆန်သော ခံစားချက်ကို ပေးစွမ်းလို့ နေလေ၏။

သူသည် လူအားလုံးကို အံ့အားသင့်စေခဲ့သည်။

တစ်ချို့ အမျိုးသမီးလေးများသည် စူးချန်ကဲအပေါ် ရူးသွပ်စွာ ငေးကြည့်နေကြသည်။သူမတို့၏ မျက်နှာမှာ နီမြန်းနေပြီး မိမိအဝတ်အစားမှာ ချွေးများဖြင့်ရွှဲစိုနေသည်ကိုတောင် ဂရုမစိုက်နိုင်ဘဲ စူးချန်ကဲအပေါ်ကိုသာ ပစ်ကြွေနေလေသည်။

   အားလုံး၏ ရင်ထဲတွင် စကားတစ်ခွန်း ဆိုလိုက်ကြသည်။

သူသည် ဒီလောကရဲ့ အမတ နတ်ဘုရားရှင် တစ်ပါးသာ ဖြစ်သည် !

ဓားတစ်လက်ဖြင့် ကောင်းကင်တံခါးကို ဖွင့်နိုင်ခြင်းသည် ဓားပညာအရာတွင် အထွပ်အထိပ် ရောက်သည်ဟု ဆိုလို့ရပေသည်။

လူတော်တော်များများ ထိုစကားကို ဒဏ္ဍာရီအရ ကြားဖူးသော်လည်း လက်တွေ့ မှာတော့ တစ်ခါမှ မမြင်ဖူးကြပေ။

ခုတော့ စူးချန်ကဲသည် ဒဏ္ဍာရီထဲက အရာကို

ပြသသွားခဲ့ပြီ ဖြစ်သည်။

ဓား၏ အစွမ်းသည် အတိတ်နှင့် ပစ္စုပ္ပန်ကိုတောင် တုန်လှုပ်သွားစေခဲ့သည်။

သူတို့အတွက် ရှော့ခ်ဖြစ်စေသည့် အရာများကို ကြုံတွေ့နေရသည်မှာ မနည်းမနောပင် ဖြစ်ပေသည်။

  အာကာသအလယ်တွင်၊

ခိုင်းထျန် ဓားအရှင်သည် စူးချန်ကဲကို လေးလေးနက်နက်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ခုလို ကြောက်ဖို့​ကောင်းတဲ့ ဓားကျွမ်းကျင်သူကို သူ တစ်ခါမှ မမြင်ဖူးပေ။တခါမှ မရှိဖူးဘူး လို့တောင် ဆိုလို့ရပေသည်။

  “ငါ ပြောမယ် ဖော့ကျွင်း ၊ ငါတို့ လဲကြရအောင်လား?”

“ လော့ဟယ်ဓားဂိုဏ်းရဲ့ဓားကျွမ်းကျင်သူ ကိုးယောက်နဲ့ မင်းရဲ့ ဆက်ခံသူ နဲ့ လဲကြမယ်လေ “

  ဖော့ကျွင်းဘိုးဘေးက ထိုစကားကို ကြားတော့ ခပ်စွေစွေကြည့်လိုက်ရင်း :

“ အတွေးကတော့ သိပ်လှတာပဲ ၊ အယောက် ၁၀၀ ပေးတောင် မလဲဘူး! “

စောနက ဖြစ်ပျက်ခဲ့သော မြင်ကွင်းသည် သူတို့ ဘိုးဘေးနှစ်ယောက်ကိုတောင် အလွန့်အလွန် မှင်သက်သွားခဲ့ရသည်။

အကယ်၍ စူးချန်ကဲသာ ငယ်ငယ်ရွယ်ရွယ်ဖြင့် မသေဆုံးခဲ့ပါက ၊ နောက်အနာဂတ်တွင် သူသည် လောကကြီးကို ကျော်လွန်ပြီး ပိုမြင့်မားသော ဒဏ္ဍာရီတစ်ပုဒ်ကို ဖန်တီးနိုင်လိမ့်မည် ဖြစ်သညိ။

  “ဒါမှမဟုတ်လည်း ငါတို့ ဆွေးနွေးကြည့်ရအောင်လား?ငါ့ရဲ့ လော့ဟယ်ဓားဂိုဏ်းက သူ့ရဲ့ ဓားကျင့်စဥ်ကို ပိုပြီး တိုးတတ်စေနိုင်တယ်နော် “

ခိုင်းထျန်းဘိုးဘေးသည် ယခုထက်ထိ လက်မလျှော့သေးပေ။ အမှန်အတိုင်း ဆိုရလျှင်ဖြင့်၊ သူသည် တကယ်ကို စိတ်လှုပ်ရှားနေခဲ့သည်။

  “မလဲဘူးဆို မလဲဘူးပဲ!”

  “ဒီီလိုဆိုရင်ရော ၊ မင်း စျေးဖွင့်ကြည့်လိုက်၊လော့ဟယ်ဓားဂိုဏ်း တစ်ခုလုံးဆိုရင်ရော?

  “ဟွန်း!မင်း အသက်လည်း ကြီးနေပြီ ဘာလို့ ဒီလောက်ထိ ခေါင်းမာနေပြန်တာတုန်း !”

အကယ်၍ လက်ရှိမြင်ကွင်းကို မြင်တွေ့ခဲ့သူ ရှိပါက ၊ ဆွံ့အသွားနိုင်သည်။

  ဘိုးဘေး အဘိုးအိုနှစ်ယောက်သည် အာကာသပြင်ပေါ်တွင် တပည့်လေး တစ်ယောက်ကို ရဖို့အတွက် တကျက်ကျက်ဖြင့်ရန်ဖြစ်နေကြတော့သည်။

အပိုင်း(၂၄ ): တာအိုသတ်ဖြတ်ခြင်းဗျူဟာ

အမြင်ဖလှယ်သည့် ကယက်ရိုက်မှုကြီး ပြီးဆုံးသွားပြီးနောက်၊

စူးချန်ကဲသည် ဝူကျီအောက်ထျန်းတို့ ဆရာတပည့်နှင့် အတူ အချင်းချင်း စကားအနည်းငယ် ပြောဆိုခဲ့ကြသည်။

ခိုင်းထျန်းဓားအရှင်မှာ သူ မထွက်သွားခင် အချိန်ထိ မခွဲနိုင်မခွာနိုင်သော အကြည့်ဖြင့် စူးချန်ကဲကို စိုက်ကြည့်လို့နေသည်။၎င်း၏ စိတ်အားထက်သန်သော အကြည်များက သူ့ကို အရှင်လတ်လတ် ဝါးစားတော့မည့်အတိုင်း။

  “တစ်ဖက်လူရဲ့ ရင်ထဲထိ ထိုးဖောက်နိုင်စွမ်းရှိတယ်”

  “တုနှိုင်းမရတဲ့ ကျင့်ကြံရေးစွမ်းအားနဲ့လည်း ပြည့်စုံ‌ပေတယ်”

ခိုင်းထျန်းဓားအရှင်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

လူငယ်တွေအဖို့ ဆက်လျှောက်ရမယ့် အခွင့်အရေးတွေ ရှိနေသေးသည် မဟုတ်လော။

ဝူကျီအောက်ထျန်းတို့ ဆရာပည့်နှစ်ယောက် ထွက်ခွာသွားသော ပုံရိပ်ကို ငေးကြည့်ရင် စူးချန်ကဲသည် သက်ပြင်းတစ်ချက် ချလိုက်သည်။

ခိုင်းထျန်းဓားအရှင်သည် သူ၏ စိတ်အားထက်သန်မှုကို ပြသခဲ့သည်။သူသည် သူတို့ဂိုဏ်း၏ ဆက်ခံသူ ဖြစ်နေသကဲ့သို့ ၊ မထွက်သွားခင်အချိန်ထိ သူ့ကို ချီးကျူးပြောဆိုခဲ့သည်။

ဝူကျီအောက်ထျန်းခမျာ တချိန်လုံး ငိုမဲ့ငိုမဲ့ ဖြစ်နေရှာသည်။သူ့ဆရာသခင်က သူ့အတွက် နတ်ဆိုးသင်တန်း ပို့ချဖို့ အဆင်သင့် ပြင်ဆင်ထားပြီးပြီ‌လေ!

  “ဆက်ခံသူ လူကြီးမင်း ၊‌စောစောက ကျွန်မ မိသားစုဆီက‌နေ စာတစ်စောင်ကို လက်ခံရရှိခဲ့တယ်၊၅ရက်အတွင်း ဖုန်းယွင်မြို့ကို ပြန်လာရမယ်လို့ ပြောပါတယ် ၊သိပ်မကြာခင်အတွင်း ကျွန်မနဲ့ လော့ယန်တို့ရဲ့ သုံးနှစ်ကတိထားခဲ့တဲ့ ပြိုင်ပွဲနေ့ ရောက်တော့မယ်”

ယွင်ရှင်းယန်က ရောက်လာပြီး ဆိုလိုက်သည်။

  “ရတယ် ၊ အချိန်ကျတာနဲ့ ထွက်ခွာတာပေါ့”

ဒီရက်ပိုင်းတွေမှာ စူးချန်ကဲသည် လော့ယန်နဲ့ ပတ်သတ်သော ကိစ္စ တော်တော်များများကို နားထောင်ခဲ့သည်။

  “လော့ယန်၊ လွန်ခဲ့တဲ့နှစ်နှစ်ကမှ ကွေးယီးဂိုဏ်းထဲကို ရောက်လာခဲ့တယ်၊ထူးချွန်ထက်မြက်ပြီး ဒါ့အပြင် ခန္ဓာကိုယ်က ချန်လုံအသွေးအသားကို ပိုင်ဆိုင်ထားတယ်၊သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားက ဓားပြီး လှံပြီးတယ်၊

ခွန်အားအရာမှာလည်း သန်မာတယ် ၊သူနဲ့ရွယ်တူတပည့်တွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက် ကွေးယီးဂိုဏ်းရဲ့ ၁၁ ယောက်မြောက် သူတော်စဉ် ဖြစ်လာခဲ့တယ်”

T/N - ချန်လုံ ဆိုတာက ရက်စက်ကြမ်းကြုတ်တဲ့ နဂါး လို့ ဆိုလိုပါတယ်၊

{ လော့ယန်က ကွေးယီးဂိုဏ်းကနော် ၊ ကွေးယွမ်ဂိုဏ်းက မဟုတ်ဘူး ၊ အပိုင်း(၁၉)တုန်းက ယီး ကို ယွမ်လို့ စာလုံးပေါင်း မှားရေးမိလိုက်လို့ ခုတော့ ပြင်ပြီးပါပြီ }

“အခုဆို သူ့ရဲ့ကျင့်ကြံရေး အဆင့်က ဖုန်းဟွမ်(ဧကရာဇ်)အဆင့်မှာ ရှိနိုင်တယ်၊ဒါတောင် ဖုန်းဟွမ်(ဧကရာဇ်) အထွတ်အထိပ် အဆင့်”

စူးချန်ကဲသည် အခြေအ‌နေကို သူ့စိတ်ထဲတွင် တချက် ဆန်းစစ်လိုက်သည်။ပြိုင်ဘက်၏ တိုက်ခိုက်နိုင်စွမ်းကို သိထားမှသာလျှင် သူသည် ပြိုင်ဘက်ကို အနိုင်ယူနိုင်မည့် အလားလာကောင်းများကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ထိုစဉ် ဖော့ကျွင်းဘိုးဘေး၏ အသံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

  “ချန်ကဲ လုပ်တာမဆိုဘူး “

ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲ ပုခုံးကို ပုတ်လိုက်ရင်း ဆက်‌ဆိုလိုက်သည်။

“ ဒီတစ်ခေါက် မင်းက ငါတို့ ကွေးယွမ်ရဲ့ ဂုဏ်ကို ပြသပေးနိုင်ခဲ့တယ်!”

“အခုဆို မင်းရဲ့ ကျင့်ကြံမှုကလည်း တည်ငြိမ်သွားပြီ၊ငါ့မှာ ရွှမ်ရှင်းလက်ရာမြောက် သစ်သီးကိုးမျိုး ရှိနေတာနဲ့ အတော်ပဲ ၊ဒါကမင်းရဲ့ကျင့်ကြံအားထုတ်မှုကို မြှင့်တက်အောင် အထောက်အကူ ပေးလိမ့်မယ်!”

ရွှမ်ရှင်းလက်ရာမြောက် သစ်သီးကိုးမျိုးသည် အကောင်းဆုံး ဝိညာဥ်သစ်သီး အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။ကျင့်ကြံအားထုတ်မှုကို မြှင့်တက်စေရုံသာမကဘဲ ခန္ဓာကိုယ်ထဲရှိ တန်းထျန်း အမှတ်ကိုလည်း သက်တောင့်သက်သာ ဖြစ်စေသည်။

ထိုပစ္စည်းကိုရရန် ဖော့ကျွင်းဘိုးဘေး တစ်ယောက် အနည်းငယ် အားထုတ်လိုက်ရသည်။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး”

စူးချန်ကဲသည် အားနာမ‌နေတော့ဘဲ လက်ခံလိုက်သည်။သူ ပိုပြီးသန်မာလေလေ ၊ထိုအရာက ဘိုးဘေးတို့အ‌ပေါ် ကျေးဇူးဆပ်ခြင်းသာ ဖြစ်သည်ဟု ဆိုရပေမည်။

“ဘိုးဘေး၊ နောက်ငါးရက်နေရင် ကျွန်တော် ဖုန်းယွင်မြို့ကို သွားချင်ပါတယ်”

ဖော့ကျွင်းဘိုးဘေးသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားသော်လည်း သူသည် ပေါ့ပေါ့ပါးပါး ပြုံးကာ ဆိုလိုက်သည်–

“ဟိုကလေးမ ယွင်ရှင်းယန်အတွက် သွားမလို့လား”

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“တကယ်တော့ အခြားအကြောင်းရင်း ရှိပါတယ်အဓိကကတော့ ကျွန်တော် ဒီလောကကြီးကို မြင်တွေ့ချင်လို့ပါ”

“ကျွန်တော်က ကွေးယွမ်ရဲ့ ဆက်ခံသူ ဆိုပေမယ့်လည်း ၊တစ်ချိန်လုံး ကွေးယွမ်မှာပဲ နေလို့မရဘူးလေ”

“ဖန်လုံအိမ်ထဲက ပန်း ၊ မကြီးထွားနိုင်ဘူး”

စူးချန်ကဲသည် ယခုအချိန်တွင် ပို၍ ဘဝင်မြင့်လာခဲ့ပြီ ဖြစ်သည်။စိတ်ကူးယဉ်ကမ္ဘာတွင် အားနည်းသူသည် အားကောင်းသူ၏ စားတာကို ခံရတတ်သည်။ သတ်ဖြတ်ခြင်း အတွေ့အကြုံ မရှိဘဲနဲ့ သူသည် တိုးတတ်လာမည် မဟုတ်ပေ။

  “ချန်ကဲ”

တကယ်တော့၊ ဖော့ကျွင်း ဘိုးဘေးသည်လည်း ထိုအချက်ကို တွေးမိသော်လည်း ၊ သို့သော် အချိန်မတန်‌သေးဘူးလို့ ခံစား‌မိသည်။

သို့သော် ဒီလိုနေ့ရောက်လာခဲ့‌ပြီ ဖြစ်သည်။စူးချန်ကဲသည် အံ့သြဖွယ်ရာ ကိစ္စများကို တစ်ခုပြီး တစ်ခု ဖန်တီးခဲ့သည်။သို့ဖြစ်၍ ဒီလောကကြီးကို စောစော မြင်တွေ့ခွင့် ရသည်မှာလည်း ကောင်းသည်ဟု ဆိုရပေလိမ့်မည်။

“အဲလိုဆိုမှတော့ ၊ဖုန်းယွင်မြို့ကို မင်းသွားလိုက်ပါ၊ဒါပေမဲ့ အရာရာတိုင်းမှာ မင်းရဲ့လုံခြုံရေးကို အရင်ဦးစားပေးရမယ်”

“ဖုန်းယွင်မြို့က ထျန်းဟယ်ပိုင်နက်မှာ တည်ရှိတယ်၊ တစ်ချိန်က အမြင့်မြတ်‌ဆုံး ဧကရာဇ်တစ်ပါး ဒီလောကထဲမှာ ထွက်ပေါ်လာခဲ့ဖူးတယ် ၊မင်းအဲ့ကိုသွားတဲ့အခါ အခွင့်အရေးကောင်းတွေ တွေ့ကြုံနိုင်ကောင်းနိုင်လိမ့်မယ် “

စူးချန်ကဲက ထပ်မေးလိုက်သည်။

“ထျန်းဟယ်ပိုင်နက်က ကမ္ဘာငယ်လေး တစ်ခုအဖြစ်ဖန်တီးထားတဲ့နေရာလား”

“ဟုတ်တယ် အဲ့အတိုင်းပဲ၊ဒါပေမဲ့ အဲဒီကမ္ဘာငယ်လေးမှာ ကံ‌ကောင်းခြင်း စွမ်းအားတွေက အလွန်အားကောင်းတယ်”

လက်စသက်တော့ ဒီလိုကိုး။

စူးချန်ကဲသည် ယွင်ရှင်းယန်နှင့် လော့ဟယ်တို့ အကြောင်းကို စဉ်းစားမိရင်း သဘောပေါက်သွားခဲ့သည် ။

သူသည် ဤကမ္ဘာလောကကြီးနှင့် မထိတွေ့ရသေးသော်လည်းပဲ၊သို့သော် သူသည် ကံကောင်းခြင်း သားတော်လေး နှစ်ယောက်ကို သိထားပြီးသားပင်ဖြစ်သည်။

ကြည့်ရတာ ဤအရာသည် ရိုးရှင်းပုံမရပေ။

  “ဒီပစ္စည်းတွေ မင်းယူသွားလိုက်”

ဖော့ကျွင်းဘိုးဘေးသည် ပြိုးပြိုးပြတ်ပြတ်ဖြင့်‌ ရွှေဝါရောင် တောက်ပနေသော လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ထိုအပေါ်တွင် မှုန်ဝါးဝါး တာအိုသရက္ခရာများ ရှိနေခဲ့သည်။

“တကယ်တော့ ငါတို့ဘိုးဘေးတွေက မင်းအတွက် လျှို့ဝှက်ရတနာတွေနဲ့ အကာအကွယ်ပစ္စည်းတွေကို ပြင်ဆင်ထားခဲ့ကြတယ်၊ဒီရဲ့အပေါ်မှာ ငါတို့ ဘိုးဘေး‌တွေတို့ရဲ့ နတ်အသိစိတ်တွေကို ချန်ထားတယ်”

“အကယ်၍ မင်း အန္တရာယ်နဲ့ တွေ့ဆုံခဲ့ရင်၊ဒီလက်စွပ်ပေါ်က ကန့်သတ်ချက်ကို အသက်သွင်းလိုက်၊ဒါက အန္တရာယ်ကနေ လွတ်မြောက်အောင် ကူညီပေးလိမ့်မယ်”

စူးချန်ကဲသည် ကွေးယွမ်၏ ဆက်ခံသူ ဆိုလည်း ဟုတ်သလို ကွေးယွမ်၏ အသည်းနှလုံးလို့လည်း ဆိုနိုင်ပေသည်။ အကယ်၍ ဆက်ခံသူသာ တခုခုဖြစ်ခဲ့မည်ဆိုပါက၊ ဒီတစ်ကမ္ဘာလုံး သွေးထွက်သံယို မုန်တိုင်းများ ဖြစ်သွားနိုင်‌ပေသည်။

စူးချန်ကဲ၏ ရင်ထဲမှာလည်း နွေးထွေးသွားခဲ့သည် ။

“ဘိုးဘေးအားလုံးရဲ့ချစ်ခင်မှုအတွက်ကျေးဇူးတင်ပါတယ်”

ဖော့ကျွင်းဘိုးဘေးသည် သူ့အား အနည်းငယ်မှာကြားပြီးနောက် ကိစ္စတချို့လုပ်ရန် ထွက်ခွာသွားခဲ့တော့သည်။

စူးချန်ကဲလည်း ကွေးယွမ် ဘုရားကျောင်းဆီသို့ ပြန်‌ရောက်လာခဲ့သည်။

ကိစ္စတချို့ဖြစ်ပွားအပြီးတွင် စနစ်၏ ဆုလာဘ်ကို ရရှိခဲ့သည်။

သူသည် စနစ်၏ မျက်နှာစာကို လှမ်းခေါ်လိုက်ပြီး သူ စောနက ရရှိခဲ့သည့် ဆုလာဘ်ကို ကြည့်လိုက်သည်။

[ တာအိုသတ်ဖြတ်ခြင်းဗျူဟာ: ပျောက်ဆုံးနေခဲ့သော မှော်ပညာ တစ်ခု ဖြစ်သည်။တစ်ချိန်က ထျန်းဟယ်အမတ ပိုင်နက်တွင် ရှိခဲ့သော ဓားပညာရပ်ဆိုင်ရာ အမွေဖြစ်ခဲ့ပြီး၊ ၎င်းကို ရှေးခေတ်စစ်ပွဲတွင် ဆုံးရှုံးခဲ့ရသည်၊ကျင့်ကြံမှု မြင်မားလာသည်နှင့်အမျှ ထာဝရ စိုးမိုးနိုင်ပြီး ရန်သူများကို သတ်နိုင်ကာ အနှိုင်းမဲ့ စွမ်းအားကို ရရှိမည် ]

[ သတိထားရန်: တာအိုသတ်ဖြတ်ခြင်းဗျူဟာတွင် ဖိန်းဝေဝူတောက် ၊ဟယ်တောက်၊ကျန်တောက် ဟူ၍ ဓားသုံးမျိုး ခွဲထားသည် ၊

ကောင်းကင်လမ်းစဉ်ကိုရှင်းရှင်းလင်းလင်း သိရန် လိုအပ်သည်။သို့မှသာလျှင် လောကနိယာမကို ဖြတ်တောက်နိုင်ပြီး အာကာသအကုန်လုံး ဗလာဖြစ်သွားပေမည် ]

T/N :

ဖိန်းဝေဝူတောက် -ညဏ်အလင်းကို ခွဲခြားခြင်း၊

ဟယ်တောက် - သဘာဝတရားကြီးနဲ့ လူအရေးကိစ္စတွေကို ကိုက်ညီအောင် ပေါင်းစည်းခြင်း

ကျန်တောက် - လမ်းစဥ်ကို ဖြတ်တောက်ခြင်း

  “တာအိုလမ်းစဥ်နဲ့ ကိုက်ညီရမယ်ပေါ့?”

“ သူတော်စင် တာအို သန္ဓေသားလားကလည်း မွေးရာပါ တာအိုလမ်းစဉ်နဲ့ ကိုက်ညီတယ်၊ဒါကငါ့ အတွက်တော့ အံဝင်ခွင်ကျ ဖြစ်စေမယ့် အရာပဲ”

  “တာအို သတ်ဖြတ်ခြင်းဗျုဟာကို လက်ခံမယ်!”

စူးချန်ကဲ၏ စကားဆုံးသည်နှင့်၊သူ့တစ်ကိုယ်လုံးက ဝိညာဉ်စွမ်းအားများသည် ဆူပွက်လာခဲ့သည်။

အဆုံးမရှိသော တာအို သံစဉ်သည် အရပ်‌လေးမျက်နှာ အာကာသပြင်ကြီးကို တုန်ခါသွားစေခဲ့သည်။

ဇီဖူ၏ စွမ်းအားသည် ထကြွလာပြီး ကွေးယွမ်ဘုရားကျောင်း တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

စူးချန်ကဲ၏ မျက်ခုံးနှစ်ခုကြားက နေရာသည် တောက်ပလာခဲ့သည် ။

ရွှေစင်ရုပ်ထု တစ်ခုသည် တင်ပြင်ခွေလျက် အဆုံးမရှိ ကြောက်ဖို့ကောင်းသော ဓားစွမ်းအင်များကို ထုတ်လွှတ်နေခဲ့သည် ။

ရွှေဝါရောင်အလင်းတန်းများ တောက်ပလာသည်နှင့်အမျှ။

တခဏချင်းမှာပင်၊ ဤကမ္ဘာပေါ်တွင် သန်းပေါင်းများစွာသော ဓားအလင်းတန်းများက အဆက်မပြတ် ပွင့်လန်းလာနေသလိုပင် ။

 အချိန်အတော်တန်းကြာပြီးနောက်၊

‌ကြောက်ဖို့ကောင်းသော ဓားစွမ်းအင်သည် ဖြေးဖြေးချင်း ပျောက်ကွယ်သွားခဲ့‌တော့သည်။

  “ရွှမ်ရှင်း လက်ရာမြောက် သစ်သီးကိုးမျိုး?”

စူးချန်ကဲသည် ရောင်ဝါများ လင်းလတ်နေသော သစ်သီးများကို ကြည့်လိုက်သည်။

  “ငါ့ရဲ့ခန္ဓာကိုယ်အသွေးအသားတွေက ကောင်းကောင်း စုပ်ယူနိုင်တာပဲ”

ရွှမ်ရှင်း လက်ရာမြောက် သစ်သီးကိုးမျိုးသည် သူ့ဘေးပတ်ပတ်လည်တွင် လွင်မျောလို့နေသည်။နေမင်းကိုးစင်း စူးရှတောက်ပနေသကဲ့သို့ ရောင်ဝါများ ဖြာထွက်လျက်ရှိသည်။

  ဝုန်း !

စူးချန်ကဲသည် တင်ပြင်ခွေလျက် အနေအထားဖြင့် ၊

သူနောက်က အာကာသဟင်းလင်ပြင်သည် ပုံပျက်သွားပြီး ၊ နတ်အလင်းတန်းများ ထွန်းတောက်သွားလေသည်။

ဇီဖူကြယ်ဆယ်စင်းသည် ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခုဆီသို့ ဦးဆောင်နေသကဲ့သို့

အလင်းတန်းများက ရွှန်းရွှန်းဝေအောင်တောက်ပလို့နေသည်။

  “စုဝေးစေ!”

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်သည်။သူ၏ မျက်ဝန်းများသည် စူးရှတောက်ပနေပြီး ရွှမ်ရှင်းလက်ရာမြောက်သစ်သီးကိုးမျိုးသည် ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ရှိ တန်ထျန်းအမှတ်ဆီသို့ တည့်တည့်ပြေးဝင်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူသည် ဝိညာဉ်စွမ်းအား စုဆောင်းခြင်း ကောင်းကင်အင်းကွက်

ကို အသုံးပြုလိုက်သောကြောင့် အကန့်အသတ်မဲ့သော ဝိညာဥ်စွမ်းအားများက သူ့ဆီသို့ အရှုးအမူး ပြေးလာနေကြသည်။

ကွေးယွမ်သူတော်စင် နယ်မြေတွင် တစ်ဖန် တုန်လှုပ်မှု ဖြစ်လာခဲ့ရပြန်သည်။

  “ဆက်ခံသူ ထပ်ပြီး ကျင့်ကြံနေပြန်ပြီလား?”

“ ဆက်ခံသူကတော့လေ အတော်ကြိုးစားတာပဲ ၊ ခုနကမှ ပြိုင်ပွဲပြီးတယ်၊ ခုကျင့်ကြံအားထုတ်နေပြီတဲ့လား! “

“ဆက်ခံသူက အရည်အချင်းရှိပြီး အစွမ်းလည်းထက်တယ်၊ ငါဆုံးဖြတ်ပြီးပြီ !နောက်ဆို ဆက်ခံသူက ငါ အတုယူလေးစားရမယ့် သူပဲ “

 “ ဆက်ခံသူက ဒီလိုနည်းလမ်းကို သုံးပြီး ငါ့ကို ကောင်းကောင်းကြိုးစားဖို့ သတိပေးနေတာ ဖြစ်ရမယ် !ငါ ဆက်ခံသူရဲ့ မျှော်လင့်ချက်ကို စိတ်ပျက်စေလို့ မဖြစ်ဘူး ! “

လူများစွာသည် ကွေးယွမ် ဘုရားကျောင်းဘက်သို့ ဦးတည်ကာ လေးလေးနက်နက် ဦးညွှတ်ကြလေသည် ။

သူတို့အမြင်တွင် ၊သူတို့၏ ဆက်ခံသူသည် အစွမ်းထက်သည်။ဒီလောက် အစွမ်းထက်တာကိုတောင် မာနထောင်လွှားခြင်း မရှိ ၊ဆက်ပြီး ပင်ပင်ပန်းပန်းဖြင့် ကျင့်ကြံအားထုတ်နေသည်ဟု ယူဆခဲ့ကြသည်။

အဲ့တော့ သူတို့မှာရော ကျင့်ကြံအားမထုတ်ရမယ့် အကြောင်းရင်း ရှိပါဦးမလား?

  “ဆက်ခံသူရဲ့ လမ်းညွှန်ပေးမှုအပေါ် ကျေးဇူးတင်ပါတယ်!”

  “ကျေးဇူးတင်ပါတယ် ဆက်ခံသူ!”

ဆက်ခံသူသည် သူတို့အတွက် လမ်းညွှန်ပြသပေးနေသည်ဟု ထင်နေကြလေသည်။

ဤသို့ဖြင့် လူတော်တော်များများသည် လေ့ကျင့်ရေး လှိုဏ်ဂူဆီသို့ တန်းတန်းမတ်မတ်ပြေးလာကာ ကျင့်ကြံအားထုတ်ကြတော့သည်။

 အကယ်၍ စူးချန်ကဲသာ ဒီကိစ္စကို သိခဲ့မည်ဆိုပါက ၊ သေချာပေါက် ဒီစကားတခွန်းတော့ ဆိုပေလိမ့်မည်။

မမြင်ရတဲ့ ဟန်ဆောင်မှုက ကြောက်ဖို့ မကောင်းဘူး၊ ဘာမှမသိဘဲ ခပ်မိုက်မိုက် ဒီဇိုင်းနဲ့ ဟန်ဆောင်တာကမှ ပိုကြောက်ဖို့ကောင်းတာ !

အပိုင်း(၂၅ ) : ဖုန်းဟွမ်နယ်မြေ အဆင့်ကို ရောက်ရှိခြင်း၊ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်

လေးရက်ကြာပြီးနောက်

ယခုအခိုက်အတန့် ကွေးယွမ်ဘုရားကျောင်းထဲက လျို့ဝှက်အခန်းငယ်လေးထဲတွင်၊

အကန့်အသက်မဲ့ ပျံ့လွှင့်နေသော ရောင်ဝါများကြားတွင် ဝတ်ရုံဖြူ လူတစ်ယောက်သည် တင်ပြင်ခွေလျက် ရှိနေခဲ့သည်။

နိယာမများသည် သူ၏ကိုယ်ပေါ်တွင် မြည်ဟည်းနေပြီး၊ဓား၏အရှိန်အဝါသည် လေထုထဲတွင် ဟစ်ကြွေး တုန်ခါနေသည်။

အထက်ကောင်းကင်ပေါ်မှ နတ်ဓားတစ်ချောင်းသည် ဤကမ္ဘာမြေပြင်ပေါ်သို့ ဆင်းသက်လာသည့်အတိုင်းပင်။

ဤအရာကို မြင်တွေ့ခဲ့သူရှိပါက၊သေချာပေါက် လက်အုပ်ချီကာ ဂါရဝပြုပေလိမ့်မည်။

  ဝုန်း!

စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ ဇီဖူသည် ဤကမ္ဘာမြေကြီးကို တုန်ခါအောင် ပြုလုပ်နေခဲ့သည်။

မူလက အစစ်အမှန်အဖြစ် မတည်ရှိသော ဇီဖူသည် လျင်မြန်စွာ ငွေ့ရည်ဖွဲ့နေခဲ့ပြီ ဖြစ်သည်။

နတ်အသိစိတ် ပင်လယ်ထဲက အထွပ်အမြတ် တောင်သည်လည်း မြည်ဟိန်းလို့နေ၏။

ပရမ်းပတာ၏ မူလအစကဲ့သို့၊ ဇီဖူကြယ် ဆယ်စင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းလိုက်သလိုမျိုး၊ ၎င်းသည် နေရာအနှံ့ ပြန့်ကျဲလို့နေသည်။

နတ်အသိစိတ်ပင်လယ်ထဲက တုန်ခါ မြည်းဟည်းသံသည် ဇီဖူကြယ်ကို အဆက်မပြတ် တိုးချဲ့သွားစေသည်။

ပေတစ်ရာ!

ပေတစ်ထောင်!

ပေတသောင်း!

နောက်ဆုံးတွင် သူ၏ ဇီဖူသည် ပုံသဏ္ဍာန်တစ်ခုအဖြစ် ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။၎င်းသည် အကန့်အသက်မရှိ ကျယ်ပြန့်သော ကမ္ဘာကြီးတခုကဲ့သို့ပင်။

 ဤသည်မှာ သူ့ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာ့သစ်ပင်သစ်မျိုးစေ့၏ အကူအညီကြောင့်လည်း ပါသည်။ သူဖန်တီးထားသော ဇီဖူကမ္ဘာသည်

ကမ္ဘာသစ်ပင်၏ ထာဝရကမ္ဘာနဲ့ လုံးဝပေါင်းစပ်သွားသည်။

အခြားသူများ၏ ဇီဖူကမ္ဘာတွင် အကန့်အသတ်များရှိသော်လည်း သူ၏ကမ္ဘာမှာတော့ ထိုကဲ့သို့ အကန့်အသတ်များ မရှိပေ။

ဤကဲ့သို့ ဖြစ်ရပ်မျိုးသည် မကြုံစဖူး ကြုံရသည့် အဖြစ်အပျက်တစ်ခုလို့ ဆိုရပေမည်။

ကမ္ဘာသစ်ပင်မျိုးစေ့များသည် အဆက်မပြတ် အလုပ်လုပ်နေပြီး သူ၏ ဇီဖူကမ္ဘာကြီးသည် လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးကျယ်ခမ်းနားသော စွမ်းအားများ ပြည့်နှက်နေသည့် အရာအားလုံးကို စုတ်ယူနိုင်သော ရေဝဲကြီးတခုကဲ့သို့ပင်။

ရွှမ်ရှင်း လက်ရာမြောက် သစ်သီး ကိုးမျိုးသည်

ဇီဖူထဲသို့ ချက်ချင်းဆိုသလို ပေါင်းစည်းသွားခဲ့သည် ။

တစ်ချိန်တည်းမှာပင်၊သူ၏ ကျင့်ကြံရေးအဆင့်နှင့် စွမ်းအားများသည် တဟုန်ထိုး တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးသည် ကွေ့ယွမ် ဘုရားကျောင်း၏ အကာအကွယ်စည်းကို တိုက်ရိုက် ဖြိုခွင်းပစ်ခဲ့သည်။

ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်အလင်းတန်းများသည် ကောင်းကင်သို့ တည့်တည့် တိုးဝင်သွားကာ ၊ ကောင်းကင်နှင့်အတူတကွ ချိတ်ဆက်သွားခဲ့သည်။

  “ချန်ကဲတစ်‌ယောက်၊ဖုန်းဟွမ်(ဧကရာဇ်) နယ်ပယ်အဆင့်ကို ချိုးဖျက်နိုင်တော့မှာလား?”

ကွေးယွမ်ဘိုးဘေးနယ်‌မြေ မှ ဘိုးဘေးများခမျာ ကြောင်အမ်း နေကြသည်။စူးချန်ကဲ အဆင့်တက်တိုင်း ကြီးမားသော ရုန်းရင်းဆန်ခတ် တစ်ခု ဖြစ်လာတတ်ပေသည်။

သူတို့သည် ငယ်စဉ်ကတည်းက အလွန်ထက်မြက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။သို့သော် သူတို့အဆင့်တက်တိုင်း ဖြစ်ပေါ်လာသော နိမိတ်အာရုံ မြင်ကွင်းသည် စူးချန်ကဲထက် အများကြီး နိမ့်ကျပေသည်။သူတို့ကိုယ် သူတို့ သံသယတောင် ဝင်မိသည်။

“ဂိုဏ်းရဲ့ အကာအကွယ် ဖွဲ့စည်းမှုလည်း ထိန်းထားနိုင်ဦးမလားတောင် မသိဘူး “

“တကယ်လို့ ထိန်းမထားနိုင်ဘူးဆိုလည်း ၊ငါတို့လူအိုကြီးတွေ ပြင်ရုံပေါ့”

တကယ်တော့ စူးချန်ကဲ၏ စွမ်းအားများ ပေါက်ကွဲတော့မည့် အခိုက်အတန့်တွင် ၊ သူတို့သည် ဂိုဏ်း အကာအကွယ်စည်းကို ဖွင့်ခဲ့ကြသည်”

သူတို့သည် ထိုနေရာကို အကာအကွယ်စည်းဖြင့် ပိတ်ဆို့ထားခဲ့သော်လည်း ၊သို့သော် ထည်ဝါခန့်ညားသော တာအိုလမ်းစဉ်၏ သံစဉ်များက သူတို့ကို ရင်တုန်စေတဲ့အထိ ဖြစ်စေခဲ့သည်။

သက္ကတအသံ တိုးတိုးလေး ထွက်ပေါ်လာသလို၊

မိုးကြိုးမုန်တိုင်းများ တစ်လိပ်လိပ်တက်လာသည်။

နတ်အလင်းတန်းများကလည်း အုံ့ဆိုင်းလို့နေ၏။

လူတိုင်းကြားရသည့် သက္ကတအသံမှာ မတူညီပေ။တချို့က သတ်ဖြတ်နေသည့်အသံ၊တစ်ချို့က လေထဲတွင် ပျံ့လွှင့်နေသော နတ်သံစဉ်များ၊တချို့က အချိန်ကာလ စီးဆင်းဖြတ်သန်းနေသော အသံများကိုကြားရသည်။

စူးချန်ကဲကို ပြန်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်သည် ဖန်ကဲ့သို့ ကြည်လင်ကာ သူ၏အရိုးအဆစ်များသည် နတ်ရောင်ဝါများဖြင့် တောက်ပနေသည်။

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်၏ အသွေးအသားများသည် တစ်ဖန် ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်အတန့်ရှိ သူ၏ စွမ်းအားများသည် လွန်ကဲလာခဲ့ပြီ ဖြစ်သည်။

  “ဒီနေ့ ဖုန်းဟွမ်အဆင့်ကို ရောက်စေရမယ်”

စူးချန်ကဲ၏ ကျင့်ကြံအားထုတ်မှုသည် ဖုန်းဟွမ် နယ်မြေအ‌ဆင့်ကို ရောက်လုနီးနီး ဖြစ်လာခဲ့လေပြီ။

  ကွဲအက်သံ!

ကောင်းကင်ကြီးသည် တကယ်ကို ကွဲအက်သွားခဲ့လေပြီ !

တောက်လောင်သော အလင်းတန်းများက ရွှန်းရွှန်းဝေအောင် ထွက်ပေါ်လာခဲ့ပြီး၊ စိတ်ဝိညာဉ်များသည် ထကြွလာခဲ့သည်။

ထောင်ပေါင်းများစွာ မြင့်သော ရှေးဟောင်း ကျောက်စာတိုင်ကြီးသည် အကန့်အသက်မဲ့ ထာဝရတည်ရှိသော အထွတ်အမြတ် တောင်တန်းကြီးကဲ့သို့ ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာခဲ့သည်။

တာအိုလမ်းစဉ်၏ နိယာမတရားများ ထွက်ပေါ်လာပြီး ထာဝရ နတ်အလင်းရောင်များ ပွင့်လန်းလာလေသည်။ ဆန်းကြယ်သော စွမ်းအားတစ်ခုသည် လေဟာပြင်ကို ဖိနှိပ်ထားသည်။

  “ဒါက ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်! “

ကွေးယွမ်ဘိုးဘေး နယ်မြေ မှ ဘိုးဘေးတစ်ဦးသည် သူ့မျက်လုံးသူ မယုံကြည်နိုင်ဖြစ်ကာ အော်ဟစ်လိုက်သည်။

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင် သည် ကောင်းကင်လမ်းစဉ်၏ သင်္ကေတ တစ်ခု ဖြစ်သည်။

တစ်ယောက်ယောက်က ထာဝရ စံချိန်ကို ချိုးဖျက်လိုက်မည် ဆိုပါက ၊ ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင် ထွက်ပေါ်လာမှာ ဖြစ်ပြီး ၊ ၎င်းအပေါ်တွင် ထိုသူ၏ နာမည်ကို ရေးထွင်းကာ ခေတ်အဆက်ဆက် နာမည်တွင်ပေလိမ့်မည် ဟု ဒဏ္ဍာရီမှာ ဆိုထားသည် ။

“ချန်ကဲက ဇီဖူ အဆင့်ကို အောင်မြင်ပြီး ဖုန်းဟွမ် အဆင့်ကို ရောက်ရှိသွားပြီပဲ၊ မဟုတ်မှလွဲရော သူဖန်တီးထားတဲ့ ဇီဖူ ကမ္ဘာက ခေတ်ကာလ တစ်လျှောက်လုံးမှာ အကြီးကျယ်ဆုံးသော အောင်မြင်မှုလို့ ဆိုလိုရနိုင်မလား?”

ဘိုးဘေးများသည် အံ့အားသင့်ကာ ရွှင်မြူးသော အမူအယာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။

ယခုအချိန်တွင်၊ ကွေးယွမ်ရှိ လူတိုင်းသည် အာကာသာထဲက ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်ကို ငေးကြည့်နေကြပြီး ဆက်ခံသူသည် မည်သို့သော ဒဏ္ဍာရီကို ဖန်တီးမလဲ ဆိုတာ သူတို့အားလုံး စောင့်မျှော်နေကြသည်။

  ဘုန်း!

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်သည် မြည်ဟိန်းသွားလေသည်။ ကောင်းသော နိမိတ်များ အဆက်မပြတ် ဖြစ်ပေါ်သလို နတ်အလင်းတန်းများဖြင့် အုံ့ဆိုင်းလျက်ရှိပြီး အဆုံးမရှိသော နိယာမတရား၏ စွမ်းအားများက ထိုကျောက်စာတိုင်၏ အပေါ်တွင် တစ်စုံတစ်ခုကို ရေးနေပုံပေါ်သည်။

နိယာမတရား၏ စွမ်းအားများသည် အဆက်မပြတ် မြည်ဟိန်းနေပြီး ခေတ်အဆက်ဆက် ထွန်းလင်းတောက်ပနေခဲ့သော နာမည်ဆယ်ခု ထွက်ပေါ်လာခဲ့သည်။

ကျီဝူတောက် ၊ ဇီဖူကမ္ဘာအကျယ်အဝန်း ပေခြောက်သောင်းကိုးထောင်။

ဧကရာဇ်ဇီဝေ ၊ ဇီဖူကမ္ဘာအကျယ်အဝန်း ပေခုနစ်သောင်းရှစ်ထောင်။

ဧကရာဇ် ယွီဟယ်၊ ဇီဖူကမ္ဘာအကျယ်အဝန်း ပေရှစ်သောင်းခြောက်ထောင်။

ဧကရာဇ် ထျန်း ၊ ဇီဖူကမ္ဘာအကျယ်အဝန်း ပေကိုးသောင်းကိုးထောင်။

 အောက်က လူအားလုံးမှာ သူသူကိုယ်ကိုယ် ထင်မြင်ချက်မျိုးစုံဖြင့် စကားပြောနေကြပြီး အတော်လေး စိတ်လှုပ်ရှားနေကြသည်။

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်တွင် လူဆယ်ဦးနာမည်သာ ချန်ထားခွင့်ရှိသည်။

ဤဆယ်ယောက်လုံးသည် အလွန်ထက်မြက်ပြီး ကြီးကျယ်ခမ်းနားသော ဉာဏ်ကြီးရှင်များဖြစ်ကြသည်။ တစ်ချိန်က ၎င်းတို့သည် မရေမတွက်နိုင်သော ဉာဏ်ကြီးရှင်များကို ကျော်လွန်ကာ ခေတ်တခေတ်၏ နာမည်ကြီးပုဂ္ဂိုလ်များဖြစ်လာခဲ့ကြသည်။

သူတို့၏ ဆက်ခံသူသည် ဘယ်နှယောက်မြောက် ပုဂ္ဂိုလ် ဖြစ်မလဲဆိုတာ စောင့်မျှော်နေကြသည်။

  ဘုန်း!

ဤအခိုက်အတန့်တွင်၊ ရှေးခေတ် ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်ကြီးထံမှ မိုးခြိမ်းသံကဲ့သို့ ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး ဤကမ္ဘာကြီးတစ်ခုလုံးကို ရွှေဝါရောင် အဖြစ် အရောင်ဆိုးခဲ့သည်။

ကောင်းကင်ယံထက်တွင် ထွန်းလင်းတောက်ပနေသော အလင်းတန်းတစ်ခု၏ နောက်ကွယ်တွင် ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ် ကျောက်စာတိုင်သည်မားမားမတ်မတ် ထွက်ပေါ်လာခဲ့သည်။

အဆင့်သတ်မှတ်ချက်သည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ ပထမနေရာ၏ အမည်မှာ စူးချန်ကဲ ဖြစ်လာခဲ့ပြီး ဇီဖူကမ္ဘာအကျယ်အဝန်းမှာ မသိနိုင် ဆိုသည့် စာတန်းကြီး ထွက်ပေါ်လာခဲ့သည်။

ထိုလက်ရေးစာတန်းသည် ထွန်းလင်းတောက်ပနေကာ ရောင်ဝါများက ပြန့်ကျဲလျက်ရှိသည်။

ထိုစာကြောင်းကို မြင်ပြီးနောက် လူတိုင်း အံ့ဩသွားခဲ့ကြသည်။

ကွေးယွမ်က လူတိုင်း စိတ်လှုပ်ရှား နေကြသည်။

“ဇီဖူ ကမ္ဘာရဲ့ အကျယ်အဝန်းက မသိနိုင်ဘူးတဲ့လား ! မဟုတ်မှလွဲရော ဆက်ခံသူရဲ့ ဇီဖူကမ္ဘာက အကန့်အသက်မဲ့ဖြစ်နေပြီလား?”

“သိပ်ကြောက်ဖို့ကောင်းတာပဲ!ဒီလိုအခြေအနေမျိုးကို တစ်ခါမှမမြင်ဖူးဘူး! “

“ဧကရာဇ်ထျန်းက အမတ ကမ္ဘာကို တတ်လှမ်းနိုင်ခဲ့တဲ့ ဒီခေတ်ရဲ့ ဉာဏ်ကြီးရှင်တစ်ဦးပဲ၊သူ့ရဲ့နာမည်က တားမြစ်ချက်တစ်ခု ဖြစ်ခဲ့ဖူးတယ်၊

ဒီကျောက်စာတိုင်မှာ ပေါ်ထွက်လာမယ်လို့ ထင်မထားခဲ့ဘူး!”

“အဲဒီအပေါ်က ပုဂ္ဂိုလ်တွေ အကုန်လုံးက ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်း တင်ထားခံရတဲ့ ဒဏ္ဍာရီလာ ဇာတ်ကောင်တွေပဲ၊ငါကတစ်ချိန်လုံး အတုတွေလို့ထင်နေခဲ့တာ၊တကယ်တည်ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!”

ကွေးယွမ်ဘိုးဘွားနယ်မြေ ရှိ ဘိုးဘေးများအားလုံး ပို၍ စိတ်လှုပ်ရှားကာ တုန်လှုပ်သွားခဲ့ရသည်။

“ဇီဖူရဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပြီး ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ် ကျောက်စာတိုင်မှာ နံပါတ်တစ်တဲ့လား၊ငါတို့ ကွေးယွမ်မှာ စူးချန်ကဲ ရှိနေတာပဲ ၊ဒီတစ်သက်တော့ အမတလမ်း မဖောက်နိုင်မှာကို စိုးရိမ်ဖို့ လိုသေးလို့လား?! “

“ အကျယ်အဝန်း မသိနိုင်တဲ့ ဇီဖူကမ္ဘာတဲ့လား၊

ကြည့်ရတာ တကယ်ကို အကန့်အသတ်မဲ့ ဖြစ်လိမ့်မယ်၊အဲလိုမဟုတ်ဘဲနဲ့တော့ နံပါတ်တစ် မရနိုင်ဘူး!”

“ဇီဖူကမ္ဘာက ကျင့်ကြံရေးနယ်ပယ်မှာ အရေးအကြီးဆုံးနယ်ပယ် တစ်ခုလို့ ဆိုလို့ရတယ်၊ဇီဖူကမ္ဘာရဲ့အကျယ်အဝန်းကို ကြည့်ရုံနဲ့ အဲဒီလူရဲ့ အနာဂတ်အောင်မြင်နိုင်မှုတွေကို ခန့်မှန်းကြည့်နိုင်တယ်၊အကန့်အသတ်မဲ့ ဇီဖူကမ္ဘာဆိုရင်တော့ စူးချန်ကဲရဲ့ အောင်မြင်မှုတွေကို ငါ မမှန်းစနိုင်တော့ဘူး!”

အဘိုးကြီး‌တွေ အားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်‌နေကြပြီး အချို့မှာဆို ကခုန်လို့ နေ၏။

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ် ကျောက်စာတိုင်တွင် လူတစ်ဦး၏ အမည် ချန်ထားဖို့ဆိုတာ ဤကမ္ဘာပေါ်တွင် ရှားပါးဖြစ်စဉ်သာ ဖြစ်သည်။

ထို့အပြင်၊ စူးချန်ကဲသည် ပထမနေရာသို့ရောက်ရှိပြီး ထာဝရစံချိန်ကိုတောင် ချိုးဖျက်နိုင်ခဲ့သည်။

  ချင် မင်းဆက်၊

ရှေးစပျစ်နွယ်ပင်များနှင့် အဖိုးတန် ဆေးဖက်ဝင် အပင်များဖြင့် ဖုံးအုပ်ထားသော

အမတ စွမ်းအင်များဖြင့် ဝန်းရံထားသည့်

ကောင်းကင်ဘုံဗိမာန်များ မြောက်မြားစွာရှိသော နတ်ကျွန်းပေါ်တွင် ဗဟိုနန်းဆောင်တခု ရှိလေသည်။

၎င်းတို့ထဲက တစ်ခုမှာ ရွှေရောင်တိမ်တိုက်များဖုံးလွှမ်းထားပြီး နဂါးတစ်ကောင်၏ စွမ်းအားများနှင့် ပြည့်နေသည့် ထူးခဲ့သာလွန်သော

လူငယ်လေး တစ်ယောက်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ မျက်လုံးများမှာ စူးရှနက်နဲသော်လည်း သို့သော် ယခုအချိန်မှာတော့ ဖုံးကွယ်လို့ မရနိုင်သော ထိတ်လန့်မှု အရိပ်အယောင်များ ရှိနေခဲ့သည်။

  “ခမည်းတော် ကျွန်တော်နာမည်အရင်းက

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ် ကျောက်စာတိုင်ကနေ ကျသွားခဲ့ပြီ! “

ထိုသူသည် ချင်ထိုက်ယီပင် ဖြစ်သည်။ချင် မင်းဆက်၏ အကြီးဆုံးမင်းသား ဖြစ်ပြီး ချင် မင်းဆက်တွင် နှစ်ထောင်ပေါင်းများစွာ မတွေ့ခဲရသော ထိပ်တန်းပါရမီရှင် တစ်ဦးဟု လူသိများသည်။၎င်းသည် ချင် မင်းဆက်၏ မျိုးဆက်သစ် လူငယ်များကြားထဲတွင် အသန်မာဆုံး ဝှက်ဖဲတစ်ခုဆိုလည်း ဟုတ်ပေသည်။

  “ဘာ?!ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ် ကျောက်စာတိုင်မှာ ဘယ်သူတက်သွားလို့လဲ?”

“ဒါပေမဲ့ ယုတ္တိကျကျပြောရရင်၊ ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုကြီးဆိုရင် အင်အားစုများစွာရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်မှာပဲ ၊ ဒါပေမယ့် ငါ ဘာလို့ လုံးဝ သတိမထားမိတာလဲ? “

ချင်ထိုက်ယိ၏ ခမည်းတော်က တွက်ချက်လိုက်သည်။အဘယ်ကြောင့်ဆိုသော ကွေးယွမ် သူတော်စင် နယ်မြေတွေ အစောကြီးကတည်းက အကာအကွယ်စည်း ဖွင့်ထားသောကြောင့်ပင် ဖြစ်သည်။သို့ဖြစ်၍ သူမည်သို့ပင် ခန့်မှန်းတွက်ချက်ပါစေ ပေမင်တိုက်ကြီး တစ်ခုလုံးတွင် မည်သည့် ထူးဆန်းသော ကိစ္စမှ ထောက်လှမ်းလို့ ရမည် မဟုတ်ချေ။

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ် ကျောက်စာတိုင်တွင် သင့်နာမည်ကို ချန်ထားနိုင်ခြင်းသည် ကောင်းကင်လမ်းစဉ်၏ အသိအမှတ်ပြုခြင်းကို ခံရပြီ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရခြင်းနှင့် ညီမျှပေသည်။

ယခုအခါတွင် ၎င်း၏ သားဖြစ်သူသည် ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်မှ ထုတ်ပယ်ခံလိုက်ရသည်။ဤအဖြစ်အပျက်သည် ချင်ခမည်းတော်ကို လက်ခံရန် အမှန်တကယ်ပင် ခက်ခဲလှသည်။

  “သူ့ရဲ့နာမည်က စူးချန်ကဲတဲ့”

ချင်ထိုက်ယိက ဆိုလိုက်သည်။သူသည် ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်၏ နောက်ဆုံးထိတွေ့မှုမှတစ်ဆင့် ထိုအချက်အလက် အနည်းငယ်ကို ရရှိခဲ့သည်။

  “စူးချန်ကဲ?”

ချင် ဘုရင် တစ်ယောက် ထိုအမည်ကို သူ အလွန် ရင်းနှီးနေခဲ့သည်။ သူသည် ထပ်ပြန်စဉ်းစားကြည့်ရာ သူ၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ကွေးယွမ်ရဲ့ ဆက်ခံသူ ၊ စူးချန်ကဲ ! “

  “သေသင့်တဲ့ ကောင် !ထပ်ပြီး အဲ့ကောင်စုတ်လေးပဲလား ၊ မွေးရာပါ သူတော်စင် တာအို

သန္ဓေသားလောင်း ဖြစ်တဲ့အပြင် အခုလည်း

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်ကို တက်လှမ်းခဲ့ပြန်ပြီ!”

ထိုအကြောင်းကို တွေးကြည့်ရင်း၊ ချင် ဘုရင်တစ်ယောက် ရင်နာနေမိသည်။သူ့ရဲ့ ဘိုးဘေးကို ဖိတ်ကြားပြီးတော့တောင် စူးချန်ကဲကို ရယူနိုင်ဖို့ အစောကြီးကတည်းက သူကြိုးစားခဲ့သင့်သည်။

“ခမည်းတော်၊ ကျွန်တော် အချက်အလက်လေးတွေ ရခဲ့တယ်၊စူးချန်ကဲက ပထမနေရာမှာရှိနေတာတဲ့ ၊ပြီး‌တော့ အမတ ကမ္ဘာကိုတတ်လှမ်းနိုင်ခဲ့တဲ့ ဧကရာဇ် ထျန်း ကိုတောင် ကျော်လွန်နိုင်ခဲ့တယ်တဲ့”

  “ဘာ?!”

ချင်ဘုရင်မှာ လုံးဝတုန်လှုပ်သွားခဲ့သည်။

ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ် ကျောက်စာတိုင်တွင် နံပါတ်တစ်ဖြစ်ရခြင်းသည် ဘာကိုရည်ညွန်းလဲဆိုတာ အခြားသူများထက် သူ ပိုသိသည်။

ဆိုလိုသည်မှာ သူသည် ထာဝရစံချိန်ကိုချိုးဖျက်ပြီး သူ၏ အနာဂတ် အောင်မြင်မှုများမှာ စိတ်ကူးလို့တောင် မရနိုင်ပေ။

ချင် ဘုရင်သည် ထိုကိစ္စကို တွေးမိပြီး သူ၏မျက်နှာမှာ အလွန်လေး မှုန်ကုတ်နေ၏။

“ ငါတို့ ချင် မင်းဆက်က တော်ဝင်လမ်း ဖောက်နိုင်ဖို့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ပြင်ဆင်နေခဲ့တာ ၊ဒီဘဝမှာ ငါ့သားက အမတလမ်းကို တက်လှမ်းဖို့ အခွင့်အရေးရှိခဲ့တယ်၊ဒါပေမဲ့အခုတော့ စူးချန်ကဲက လမ်းတဝက်ကနေ ဖြတ်ခုတ်သွားခဲ့ပြီ!”

“သေသင့်တဲ့အကောင်!ငါသူ့ကို အသုံးချလို့ မရမှာတော့ ဒီကောင်သေကိုသေရမယ်!”

ချင်ဘုရင်၏ မျက်နှာသည် ရှုံ့မဲ့နေခဲ့သည်။

သူ၏ မျက်လုံးတွေက ဒေါသများဖြင့် ပြည့်နှက်နေပြီး၊‌ ကြောက်ဖို့ကောင်းသော အရိပ်အယောင်များကို တစ်စွန်းတစ မြင်တွေ့နေရသည်။

ထိုကဲ့သို့ ထူးချွန်သော သူ ထွက်ပေါ်လာသည်နှင့်အမျှ ၊ ပေမင်တိုက်ကြီးတွင် ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်လာနိုင်သည်။

သူ နှစ်ပေါင်းထောင်ချီ ကြာအောင် ပြင်ဆင်ထားခဲ့သော အရာများသည် ဘာမှဖြစ်မလာပဲ ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့အပြင်၊ သူ့သားကို နတ်ဘုရားလမ်းစဉ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် သူသည် စူးချန်ကဲကို သတ်ပစ်ရမည်ဖြစ်သည်။

  “ကွေးယွမ်ရဲ့ ဆက်ခံသူ စူးချန်ကဲ”

 “ဟွန်း၊မင်းနဲ့ငါ တွေ့ကြသေးတာပေါ့ကွာ!”

ချင်ထိုက်ယိက တိုးတိုလေး ညည်းလိုက်သည်။

သူ၏ မျက်လုံးများသည် တောက်ပ စူးရှပြီး ကြီးမားသော နဂါး တစ်ကောင်၏ စွမ်းအားများဖြင့် ပြည့်နှက်နေသည်မှာ သူ့နောက်တွင် ရွှေရောင်နဂါးအစစ် တစ်ကောင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ဟု ထင်ရပေသည်။

ဤအခိုက်အတန့်အတွင် သူ၏ ရောင်ဝါများသည် ဘုန်းတန်ခိုးကြီးသော ဘုရင်တစ်ပါးနှင့်တူလှပေသည်။

All Chapters