အခန်း (၂၆-၃၀)
Vol. 2 Ch. 26-30
အပိုင် (၂၆ ): ထျန်းဟယ် ကမ္ဘာငယ်လေးဆီသို့ ထွက်ခွာခြင်း
သက္ကတသံစဉ်နှင့် ရွှေဝါရောင် အလင်းတန်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေပြီ။
သို့သော် ကွေးယွမ်မှာရှိတဲ့ လူတိုင်းကတော့ ထိုမြင်ကွင်းကို မပြီးစေချင်ပုံ ရပေသည်။
စူးချန်ကဲ၏ အောင်မြင်မှုပုံရိပ်သည် ဤကမ္ဘာ
မြေကြီး၏ ဝိဉာဉ်စွမ်းအားကို အထူးကြွယ်ဝစေခဲ့သည်။အကယ်၍ ရက်အနည်းငယ်လောက် ထိုအတိုင်း ဆက်ဖြစ်နေပါက ၊သူတို့၏ ကျင့်ကြံရေး အဆင့်သည် ပို၍ တိုးတက်လာပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးကိုတောင် ထူးဆန်းခဲ့သော ဖြစ်စဥ်ကြီးသည် ဘိုးဘေးအချို့၏ အပူမီးများကို ဖြေလျှော့နိုင်စေခဲ့သည်။
သူတို့လို ကျင့်ကြံရေးအဆင့် ရောက်ရှိပြီးနောက်မှာတောင်၊အောင်မြင်မှုတစ်ခုရဖို့ဆိုတာ နှစ်ပေါင်းများစွာ သို့မဟုတ် ရာနှင့်ချီ၍ အချိန်ယူရတတ်သည်။စောစောက ဖြစ်ပျက်ခဲ့သော စူးချန်ကဲ၏ ဖြစ်စဥ်သည် သူတို့စိတ်တွေကို အနားယူခွင့်ပေးလိုက်သလိုပင်။
ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာကို သိနိုင်ပေသည်။
ဗုန်း!
ကွေးယွမ် ဘုရားကျောင်း တံခါးမကြီးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
ထိုထဲမှ စူးချန်ကဲ ထွက်လာခဲ့သည်။
သူ၏ အဝတ်အစားများသည် နှင်းလို ဖြူဖွေးလျက်၊ အညစ်အကြေးများ ကင်းစင်ပေသည်။
သူ၏ ဘေးပတ်ပတ်လည်တွင် နတ်ရောင်ဝါများက ရေးရေးလေး ထွက်ပေါ်လျက်ရှိသည်။
သူ၏ နှုတ်ခမ်းထောင့်မှာ အပြုံးလေး တစ်ခုရှိနေခဲ့ပြီး သေမျိုးကမ္ဘာက ချောမောလှပသောသခင်လေး တစ်ယောက် ကဲ့သို့ ချောမောပြေပြစ်လှပေသည်။
ဘုရားကျောင်းခန်းမရှေ့တွင် စောင့်ဆိုင်းနေကြသော လူအုပ်ကြီးကြောင့် စူးချန်ကဲ တစ်ယောက် အံ့သြတုန်လှုပ်သွားခဲ့သည်။
စူးချန်ကဲကို နေ့တိုင်းမြင်တွေ့နေရသော ယွင်ရှင်းယန်ပင်လျှင် အသက်ရှူမဝသလို ခံစားနေရသည်။
ယခုအခိုက်အတန့်တွင် စူးချန်ကဲ၏ ရုပ်ရည် သွင်ပြင်သည် ပိုချောမောနေပြီး ဟန်အမူအရာသည် နူးညံ့သိမ်မွေ့လွန်းပေးသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ၊ ကိုယ့်မျက်လုံးကို
ပြန်ရုတ်သိမ်းဖို့ ခက်ခဲလှသည်။
နောက်တကြိမ် ထပ်ကြည့်မည်ဆိုပါက ၊နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားပေးလိမ့်မည်။
“သူစိမ်းသည် ကျောက်စိမ်းနှင့်တူသည်၊သခင်လေးသည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်မရှိပေသည်”
ထိုအရာသည် အားလုံး၏ရင်ထဲ၌ ထွက်ပေါ်လာသော စကားတခွန်းပင် ဖြစ်သည်။
T/N - ရှေးခေတ်ဝတ်စုံနဲ့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသားများကို ချီးမွမ်းဖော်ပြတဲ့ အခါ အသုံးပြုတဲ့ စကားထာပါ
“ချန်ကဲ၊မင်းလည်း ကျင့်ကြံအားထုတ်တာ
မောနေလောက်ပြီ၊ ဒါတွေက ငါတို့ ဘိုးဘေးတွေ မင်းအတွက် စုဆောင်းပေးထားတဲ့ အထူးလေ့ကျင့်ရေး ပစ္စည်းတွေပဲ”
ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲ ရှေ့သို့ ရုတ်တရက် ရောက်ချလာခဲ့သည်။နတ်မြက်ပင်နှင့် အဖိုးတန် သက်စောင့်ဆေးများကို စူးချန်ကဲ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
T/N- နတ်မြတ်ပင် ဆိုတာက ဂျင်းစင်လိုပဲ သူ့မှာ ရာနဲ့ချီတဲ့ ပစ်စည်တွေ ရှိတယ်
“ ဒါနဲ့ ဒီဟာရောပဲ ၊မနက်ဖြန် မင်းက ထျန်းဟယ်ပိုင်နက်ကို သွားမှာဆိုတော့ ၊ ငါတို့ ဘိုးဘေးတွေ အမြင်အရ ဒါတွေနဲ့တင် မလုံလောက်သေးဘူး၊ အဲ့တော့ ဒီပစ္စည်းကိုပါ သိမ်းထားလိုက် “
ဖော့ကျွင်းဘိုးဘေးသည် ရောင်စုံအလင်းတန်း ခုနှစ်ခု ပါရှိသည့် စေတီမျှော်စင်အသေးစားကို ထုတ်ယူလိုက်သည်။စုစုပေါင်း ခုနှစ်ထပ် ပါရှိပြီး အကန့်အသတ်မဲ့ ကျယ်ပြောလှသော စွမ်းအင်များအပြင် ထိုအရာသည် မည်မျှ ထူးခြားသည်ကို ခံစားမိနိုင်သည်။
“ဒီ စေတီမျှော်စင်က ကြည်တာရာ သံနဲ့ ထုလုပ်ထားတာပဲ ၊ အမတ မှော်လက်နက် ဆိုလည်း ဟုတ်တယ် ၊သူ့မှာ ပါတဲ့ ကန့်သတ်ချက်က
မင်းကို ကြံ့ကြံ့ခံနိုင်ဖို့ ကူညီပေးမယ့်အပြင်
သူတော်စင်အထက် ပုဂ္ဂိုလ်တွေရဲ့ အင်အားကိုအပြည့်အဝ တိုက်ခိုက်နိုင်တယ် “
“ နောက်တစ်ခု ရှိသေးတယ် ၊ ဒါက နယ်နိမိတ် နယ်မြေကို ဖြိုခွဲနိုင်တဲ့ မှော်သင်္ကေတတစ်ခုပဲ၊
မင်း အန္တရာယ်နဲ့ ကြုံတွေရတဲ့ အခါမျိုးမှာ သူက မင်းကို ကွေးယွမ် သူတော်စင် နယ်မြေကို ပြန်လည်ပို့ဆောင်ပေးလိမ့်မယ် “
“ ဂိုဏ်းအပြင်ဘက်မှာ ဝိညာဥ်ကျောက်တုံး
တွေ သေချာပေါက် လိုအပ်လိမ့်မယ်၊ဒါက ဝိညာဥ်ကျောက်တုံး အခု တစ်သောင်းပဲ ၊ မင်း သိမ်းထားလိုက် “
ဖော့ကျွင်းဘိုးဘေးသည် ရှိသမျှ ပစ္စည်းအကုန်လုံးကို စူးချန်ကဲ လက်ထဲသို့ထည့်ပေးလိုက်သည်။
စူးချန်ကဲသာမက၊ ကွေးယွမ်က ရှိန်းကျု(သူတော်စင်အရှင်တောင် )အံ့သြသွားခဲ့ရသည်။
“ဘိုးဘေး ၊ ဒီလောက်ကြီးကြ .. “
သူ၏ စကားမဆုံးသေးခင်မှာပဲ ၊အေးစက်သော အကြည့်တချက်ကို ရုတ်ချည်း ခံစားလိုက်ရသည်။
ဖော့ကျွင်းဘိုးဘေးသည် စူးရှသော အကြည့်များဖြင့်၊ သူ့ကို စိုက်ကြည့်လျက်ရှိသည်။။
“မင်းဘာပြောချင်လို့တုန်း?ငါမင်းကို အခွင့်အရေး ပေးမယ်၊ မင်း ရှင်းအောင်ပြောစမ်း”
အခြေအနေ မကောင်းတာကို မြင်တော့ ကွေ့ယွမ် သူတော်စင်အရှင်သည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ့စကားကို အမြန်ပြောင်းလိုက်သည်။
“ကျွန်တော် ပြောချင်တာက ၊ဒါလေးတွေနဲ့တင် မလုံလောက်ဘူးလား လို့ပါ “
သို့သော် ဖော့ကျွင်းဘိုးဘေးသည် သူ့အား အေးစက်သော အကြည့်ဖြင့် ကြည့်နေဆဲသာ ဖြစ်သည်။ သူတော်စင်အရှင်မှာ နောက်ထပ် တွေဝေသွားခဲ့ပြန်သည်။
“ ဒါနဲ့တင် လုံလောက်ပါ့မလား ၊ ငါ နည်းနည်း ထပ်ပေးလိုက်မယ် ! “
သူသည် ပြောပြောဆိုဆို သူ့ကိုယ်ပိုင် အထုပ်ထဲက အကာအကွယ် မှော်လက်နက်တစ်ခု အပြင်
ဆေးဝါးအချို့ကို စူးချန်ကဲ လက်ထဲသို့ ထည့်ပေးလိုက်သည်။
သူတော်စင် အရှင်ခမျာ စူးချန်ကဲ လက်ထဲ သူ့ပစ္စည်းတစ်ခု ထည့်လိုက်တိုင်း မျက်ရည်များဝဲတက်သွားလေ့ ရှိသည် ။
ဒါတွေက သူ့ကို အတင်းအကြပ်ခိုင်းစေလို့ မဟုတ်ဘဲ အရာအားလုံးက သူ့ဆန္ဒအတိုင်း ပေးခဲ့တာလေ !
ကွေးယွမ်၏ အကြီးအကဲများနှင့် ထိပ်တန်းအကြီးအကဲတချို့ကလည်း ၎င်းတို့၏ ကိုယ်ပိုင် ပစ္စည်းများကို စူးချန်ကဲ လက်ထဲသို့ ထည့်ပေးခဲ့ကြသည်။
စူးချန်ကဲ၏ အရည်အချင်းသည် တကယ်ကို ကြောက်စရာကောင်းသောကြောင့် ယခုကတည်းက သူနဲ့ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်မှသာလျှင် ၊ နောင်လာမယ့် သူတို့၏ အနာဂတ်အတွက် ကောင်းမွန်စေပေလိမ့်မည်။
“ ဆက်ခံသူနဲ့ယှဉ်ရရင် ၊ ငါတို့က သူ့ကို မနာလိုဖြစ်ဖို့ အဆင့်တောင်မရှိဘူးပဲ!”
ကွေးယွမ်၏ များစွာသော တပည့်များသည်
ကြောင်အမ်းစွာဖြင့် ရပ်ကြည့်လို့နေတော့သည်။
“ အကြီးအကဲများနဲ့ ဘိုးဘေးအားလုံးကို ကျေးဇူးတင်ပါတယ်!”
“သူတော်စင်အရှင်ရဲ့ ဂရုစိုက်ပေးမှုကိုလည်းကျေးဇူးတင်ပါတယ်!”
စူးချန်ကဲသည် ကျေးဇူးတင်စကားပြောကာ ထို့နောက် ရတနာတွေ အားလုံးကို စုဆောင်း
သိမ်းယူလိုက်သည်။
သူတော်စင် အရှင်ခမျာ သူ နှစ်ချီပြီး စုဆောင်းခဲ့သောငွေများ ဆုံးရှုံးလိုက်ရသည်ကို ကြည့်ရင်း အားယူပြီး ပြုံးပြလိုက်သော်လည်း တကယ်တော့ သူ၏နှလုံးသားမှာ ကွဲကြေနေခဲ့ပြီ ဖြစ်သည်။
“ကောင်းပြီလေ၊ ဆက်ခံသူ အဆင့်တစ်ခါတတ်တိုင်း မင်းတို့အားလုံး အကျိုးကျေးဇူးတွေ
ရနိုင်တယ်၊ အကယ်၍ မင်းတို့သာ ကျင့်ကြံရေး စွမ်းအား တိုးတတ်လာခဲ့ရင် နောက်ဆို မင်းတို့တွေ အနားယူစရာတောင် မလိုတော့ဘူး !”
ဖော့ကျွင်းဘိုးဘေး၏ စကားကြောင့် တပည့်အားလုံး တခစ်ခစ်ရယ်မောရင်း ထိုနေရာမှ လှည့်ထွက်သွားခဲ့ကြတော့သည်။
မကြာခင်မှာပဲ ကွေးယွမ် ဘုရားကျောင်းသည်
ဟင်းလင်းပြင်ကြီး အဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖော့ကျွင်းဘိုးဘေးနှင့် စူးချန်ကဲတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
“ချန်ကဲ မနက်ဖြန် မင်း ထျန်းဟယ်နယ်မြေကို သွားတော့မယ်၊ငါမင်းအတွက် စီးတော်ယာဥ် လှေတစ်စီး လုပ်ထားပြီးပြီ ၊အချိန်ကျတာနဲ့ စီးတော်ယာဥ် လှေကို စီးပြီး အဲကိုသွားလိုက် “
“ဟုတ်”
စူးချန်ကဲ ခံစားသွားရပြန်သည်။ကွေးယွမ်သူတော်စင်နယ်မြေသည် သူ့အပေါ် အမှန်တကယ် ကြင်နာကြောင်း ဆိုရပေမည်။
“ဒီရဲ့ ကျောက်စိမ်းစာလိပ်မှာ ထျန်းဟယ်နယ်မြေ နဲ့ ပတ်သက်တဲ့ အချက်အလက် အချို့ ပါတယ်၊ ထျန်းဟယ်မှာလည်း ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေနဲ့ ဆက်စပ်တဲ့ အဖွဲ့သားတွေရှိတယ်၊ အကယ်၍ မင်းမှာ ပြဿနာ တစ်ခုခုရှိခဲ့ရင် မင်း သူတို့ကို သွားရှာလို့ရတယ်”
“ပြီးတော့၊ ခုတစ်လော ထျန်းဟယ်မှာ သိပ်မအေးချမ်းဘူး၊ ကိုယ့်လုံခြုံရေးကို အဓိကထားပြီး ဂရုစိုက်သွား”
ဖော့ကျွင်းဘိုးဘေးသည် စူးချန်ကဲအား ကျောက်စိမ်း စာလိပ် တစ်စောင်ကို ပေးကာ အချို့အရာများကို မှာကြားပြီးနောက် ကွေးယွမ် ဘုရားကျောင်းမှ ထွက်လာခဲ့သည်။
“ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာငယ်လေး?”
စူးချန်ကဲသည် ကျောက်စိမ်း စာလိပ်ကို လက်ခံလိုက်ပြီး အသေးစိတ် စစ်ဆေးကြည့်ရှုရန် သူ၏ နတ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်ရာ
သူ၏ မျက်စံအတွင်း ဉာဏ်အလင်းတစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာခဲ့သည်။
ထျန်းဟယ် ကမ္ဘာတွင် သူတော်စင်များစွာ ရှိရုံသာမက ဧကရာဇ် မင်းကြီး တစ်ပါးလည်း ရှိခဲ့ဖူးသည်။ ထိုထျန်းဟယ် ကမ္ဘာတွင် ဧကရာဇ်မင်း၏ အုတ်ဂူတောင် ရှိသည်ဟု ကောလဟာလများလည်း ထွက်ပေါ်ခဲ့ဖူးသည်။
အကယ်၍ ထိုအုတ်ဂူကို ရှာတွေ့နိုင်ခဲ့ရင်၊ အခွင့်အလမ်း ကောင်းများ ရရှိနိုင်ပေလိမ့်မည်။
“စိတ်ဝင်စားဖို့ကောင်းတယ်၊ဒီကမ္ဘာငယ်လေးက ဒီလောက်ထိ မရိုးရှင်းမှတော့ ၊ကြည့်ရတာ ဒီခရီးစဉ်က စိတ်ဝင်စားစရာ ကောင်းလောက်တယ်”
စူးချန်ကဲ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသလို မျှော်လင့်ခြင်း ရောင်ခြည်များလည်း ထွက်ပေါ်နေခဲ့သည်။
နောက်နေ့မနက်၊ ကွေးယွမ် နယ်မြေ၏ အထက်ကောင်းကင်တွင်
အလွန်လှပပြီး ကြီးမားသော စီးတော်ယာဥ် လှေကြီးသည် ရောင်စုံတောက်ပလျက်ရှိသည်။
ထိုလှေကြီးထဲတွင် ထွင်းထုထားတဲ့ ထုပ်တန်းများ၊ ဆေးခြယ်ထားသော အဆောက်အဦးများ၊ မျှော်စင်များနှင့် ဘုံဗိမ္မာန် အများအပြား တည်ရှိပြီး ၊ နတ်ရောင်ဝါများသည် ကြည်လင်သော စမ်းရေကြည်ပမာ စီးဆင်းလို့နေ၏။
အလံသည် လေထဲတွင် ယိမ်းနွဲ့နေပြီး ‘ကွေးယွမ်’ ဆိုသည့် စကားလုံးကြီး နှစ်လုံးသည် ၎င်းတို့၏ အားကောင်းသော အရှိန်အ၀ါကို ဖော်ပြပေးနေခဲ့သည်။
၎င်းသည် ကွေးယွမ်သူတော်စင် နယ်မြေမှ စူးချန်ကဲ အတွက် အထူးသီးသန့် ပျံသန်းရန် ပြုလုပ်ပေးထားသော လှေတစ်စင်းဖြစ်ပြီး ၊၎င်းအပေါ်တွင် အကာအကွယ် မှော်စည်းများစွာ ရှိသည်။
အရှင်းဆုံးဆိုရလျှင်ဖြင့်၊ ထိုစီးတော်ယာဥ် လှေကြီးသည် ရွှေလျားနိုင်သော သံမဏိ ခံတပ်ကြီးဟုဆိုရပေမည်။
“ဘိုးဘေးရဲ့ ချစ်ခြင်းမေတ္တာ အတွက် ကျေးဇူးတင်ပါတယ်!”
စူးချန်ကဲသည် ကျေးဇူးတင်စကားဆိုခဲ့သည်။
ကွေးယွမ် သူတော်စင်နယ်မြေသည် ဤစီးတော်ယာဉ် လှေကြီးကို တည်ဆောက်ရာတွင်
စိတ်ကူး စိတ်သန်းပေါင်းများစွာ ထည့်သွင်းထားသည်ကို သူသိသည်။
“ရတယ်၊ ဒါတွေအားလုံးက မင်းရဲ့လုံခြုံရေးအတွက်ပဲ “
ယွင်ရှင်းယန်သည် အစောကြီးကတည်းက စီးတော်ယာဉ် လှေကြီးပေါ်တွင် ရောက်နှင့်နေခဲ့ပြီး
ထို့အပြင် စူးချန်ကဲအတွက် ပြင်ဆင်ထားသော အစောင့်အချို့လည်း ရှိပေသည်။
သိပ်မကြာခင်မှာပဲ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
၀ီ ဝီ !
များမကြာမီ၊ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာခဲ့သည်။
စီးတော်ယာဉ် လှေကြီးထံမှ အသံထွက်ပေါ်လာပြီး တောက်ပစွာ ပျံ့လွှင့်နေသော မှော်အက္ခရာများနှင့်အတူ လေစီးကြောင်းများသည် ကောင်းကင်ကို ဖြိုခွင်းကာ ထွက်ခွာသွားခဲ့သည်။
ကောင်းကင်အလယ်တွင် အရှိန်ပြင်းပြင်းဖြင့် မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်ကာ ပျံသန်းလျက်ရှိသည်။
စီးတော်ယာဉ် လှေကြီးသည် လူတိုင်း၏ မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
ဖော့ကျွင်းဘိုးဘေးက ဆိုလိုက်သည်။
“ကွေးယင် ၊ ဆက်ခံသူရဲ့ လုံခြုံရေးကို မင်းလက်ထဲ ငါအပ်လိုက်ပြီ၊ မင်းသေသွားမယ်ဆိုတောင် ၊သူ့ကိုနည်းနည်းမှ အထိခိုက်ခံလို့မဖြစ်ဘူး နားလည်လား?”
တုန်ခါသံ!
ရုတ်တရက် ၊ လေဟာပြင်ထဲမှ အနက်ရောင် ၀တ်စုံဖြင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် တဟုန်းထိုး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများကို ကြည့်ခြင်းဖြင့် ၎င်းသည် အထွတ်အထိပ် သူတော်စင် တစ်ဦး ဖြစ်ကြောင်း သိနိုင်သည်။
ဝတ်ရုံနက် လူလတ်ပိုင်း အမျိုးသားသည်
ဖော့ကျွင်းဘိုးဘေးအား လက်ကို ယှက်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ဘိုးဘေးရဲ့အမိန့်ကို နာခံပါ့မယ်”
ထိုဝတ်ရုံနက် လူလတ်ပိုင်း အမျိုးသားသည် ကွေးယွမ် သူတော်စင် နယ်မြေကို ကာကွယ် စောင့်ရှောက်သူဖြစ်ပြီး သူသည် ကွေးယွမ်တွင် နှစ်ပေါင်းများစွာ သစ္စာရှိရှိဖြင့် တစ်ချိန်လုံး ကွေးယွမ်၏ ကိစ္စများကို အလုပ်လုပ်ပေးနေသူ ဖြစ်သည်။
ဒီတစ်ခေါက် သူသည် ဆက်ခံသူ၏ ကာကွယ်သူဖြစ်လာရသည်မှာ ၊ သူ့ကို အလွန်ပျော်ရွှင်စေခဲ့သလို စိတ်လှုပ်ရှားစေခဲ့သည်။
စူးချန်ကဲ၏ စွမ်းအားများသည် ယခုအချိန်အထိ သူ့ကို တုန်လုံးချောက်ခြား နေဆဲပင်ဖြစ်သည်။
စကားတချို့ မှာကြာပြီးနောက်၊ဝတ်ရုံနက် လူလတ်ပိုင်း အမျိုးသားသည် လေဟာနယ်ထဲသို့ ဝင်ရောက်ကာ စူးချန်ကဲနောက်သို့ လျို့ဝှက်စွာ နောက်ယောင်ခံလိုက်ခဲ့သည်။
သူ၏အဓိကတာဝန်မှာ စူးချန်ကဲကို သူ့ အသက်နဲ့ ရင်းပြီး ကာကွယ်ရန်ပင် ဖြစ်သည်။ကျန်အသေးအဖွဲ ပြဿနာများကိုတော့ သူ ဝင်ပါမည် မဟုတ်ပေ။
ဖော့ကျွင်းဘိုးဘေးသည် သူ့လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ စူးချန်ကဲ ထွက်သွားသော လမ်းကြောင်းကို စူးစိုက်စွာဖြင့် ကြည့်နေခဲ့သည်။
“အဲ့အဘိုးကြီးတွေ ရိုးသားလိမ့်မယ်လို့ မျှော်လင့်ရမှာပဲ “
“ တကယ်လို့ ကိုယ့်သိက္ခာကိုတောင် မထောက်ပဲ၊ ဒုစရိုက်ပြုဝံ့ရင် “
“ဒါဆို ပေမင်တိုက်ကြီးမှာ ဆက်ရှင်သန်ဖို့ မလိုအပ်တော့ဘူးပဲ “
အပိုင်း(၂၇) : ငယ်ငယ်ရွယ်ရွယ် လူကြီးမင်း?
လော့ယန်ရဲ့ မကျေနပ်မှု
ဖုန်းယွင်မြို့သည် ထျန်းဟယ်နယ်မြေတွင် တည်ရှိသော အရှေ့ကန္တာရတိုက်ကြီး တစ်ခုဖြစ်သည်။
ရှေးရိုး တာအိုအယူဝါဒနှင့် မင်းဆက်အပြင်၊ရှေးဟောင်း မင်းမျိုးမင်းနွယ်များနှင့် နယ်နိမိတ်တိုင်းပြည်များလည်းရှိသည်။။
ထျန်းဟယ်နယ်မြေတွင် ရှေးခေတ် တောင်ပေါ်လိုဏ်ဂူများ တည်ရှိရုံတင်မက ရှေးယခင်က သက်ရှိအရာများလည်း ရှိပြီး ၎င်းတို့သည် ကျင့်ကြံအားထုတ်မှုအားကောင်းကာ တစ်ဖက်ထဲမှာပဲ နေသည်ဟု ကြားသိရသည်။
လူသားမျိုးနွယ်အပြင် အခြားသော သက်ရှိ သတ္တဝါများစွာလည်း ရှိသေးသည်။
ယခုအချိန်တွင် ဖုန်းယွင်မြို့ လော့ မိသားစု ၊
သူတို့၏ သခင်ငယ်လေး လော့ယန် ပြန်ရောက်လာပြီ ဖြစ်သောကြောင့်၊ ယနေ့တွင် လော့မိသားစုအတွင်း စည်ကားသိုက်မြိုက်လျက် ရှိသည်။
လော့ယန်၏ အနားတွင် ငြိမ်သက်စွာ ရပ်နေသော လှပသော အသွင်အပြင်တစ်ခု ရှိနေခဲ့သည်။
သူမသည် အပြာရောင် ဝတ်ရုံကို ၀တ်ဆင်ထားပြီး အလွန်လှပသော အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။
သူမသည် ကျောက်စိမ်းကဲ့သို့ နှာတံ၊ လှပသောမျက်ဝန်း၊ နူးညံ့တောက်ပသော အရေပြား၊ တိမ်လွှာကဲ့သို့ ဆံသားများကို ပိုင်ဆိုင်ထားသည်။
ချပ်ချပ်ကပ်ကပ် ချုပ်လုပ်ထားသော ဝတ်ရုံသည် သူမ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ပေါ်လွင်စေသည်။
သူမသည် ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော အလှလေးဆိုလည်း ဟုတ်ပေသည်။
ဤအမျိုးသမီးမှာ ကွေးယီးဂိုဏ်း၏ သူတော်စင် လော့ချင်းယွီသာ ဖြစ်သည်။
“ လော့ယန်ကိုကို၊ ပြိုင်ပွဲမှာ အစ်ကို အနိုင်ရသွားတဲ့အခါ ၊ ကျွန်မတို့ ရှုခင်းတွေ လျှောက်ပတ်ကြည့်ရအောင် ကောင်းဘူးလား?”
လော့ယန်သည် သူမကို တုန်နေအောင် ချစ်ရသောအကြည့်များဖြင့် ဆိုလိုက်သည်။
“ဒါပေါ့၊အဲဒီဟာမကို အနိုင်ယူပြီးတာနဲ့ ကိုယ်တို့နှစ်ယောက် စေ့စပ်ကြမယ် “
လော့ယန်သည် ကွေးယီးဂိုဏ်း၏ သူတော်စင် အဖြစ် ဒီလောက် လျင်လျင်မြန်မြန် ရနိုင်ခဲ့ရသည့် အကြောင်းရင်းမှာ လော့ချင်းယွီ၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။သူမသည် သူ့အား အများကြီး အကူအညီပေးခဲ့တယ်။
ဤ ဖုန်းယွင်မြို့ တွင်၊ လော့ မိသားစုသည် သာမန် မိသားစုတစ်ခုသာ ဖြစ်သည်။သူတို့၏ လော့ မိသားစုသည် ပတ်ဝန်းကျင်တွင် ဝင်ဆံ့နိုင်သော သာမန်မိသားစုမျှသာ ဖြစ်သည်။
သို့သော် သူသည် ကွေးယီးဂိုဏ်း၏ သူတော်စင် ဖြစ်လာသည်နှင့်အမျှ လော့ မိသားစု၏ အဆင့်အတန်းမှာလည်း တဟုန်ထိုး တိုးတက်လာခဲ့သည်။
အားမနာတန်းဆိုရလျှင်ဖြင့် ၊ ယခုတွင် သူတို့၏ လော့မိသားစုသည် ဖုန်းယွင်မြို့တွင် ထိပ်တန်းမိသားစုတစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။
“သခင်လေးက အခုဆို ဇီဖူအဆင့်ကို ရောက်နေပြီ ၊ ဒါတောင် ၆ခုမြောက် ဇီဖူကြယ်အဆင့်နော်၊ ငါတို့ လော့မိသားစု ပိုပြီးထွန်းတောက်လာဖို့ နည်းနည်းပဲလိုတော့တယ်!”
“ဟုတ်တယ်!အခုဆို သခင်လေးကို တိတ်တိတ်လေးကူညီပေးမယ့် သူတော်စင် မိန်းကလေးလည်း ရှိနေပြီ ၊ဒီထက်ပိုပြီး အစွမ်းထက်လာတော့မှာ!”
“ငါတို့ လော့မိသားစု သိပ်မကြာခင်မှာပဲ ဒီထျန်းဟယ် ကမ္ဘာရဲ့ ထိပ်တန်းအင်အားစုထဲက တစ်စု ဖြစ်လာတော့မယ်လို့ ငါယုံကြည်တယ်!”
လော့ မိသားစု အကြီးအကဲများစွာသည် လော့ မိသားစုသည် ထျန်းဟယ် ကမ္ဘာကြီးကို လွှမ်းမိုးထားသည့် မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေကြသည်။
ဘုန်း!
လေဟာပြင်ကြီးသည် ပရမ်းပတာဖြစ်သွားပြီး လေပြင်းများ တိုက်ခတ်နေလေသည်။
ပျံသန်းနေသော ဧရာမ စီးတော်ယာဉ် လှေကြီးသည် ကောင်းကင်ယံတွင် ဖြတ်သန်းသွားသည်မှာ ၎င်း၏ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်သည် ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
မျှော်စင်များနှင့် ဘုံဗိမာန်များမှ အလင်းရောင်များ ဖြာထွက်နေကာ နတ်တိမ်တိုက်များက ဝန်းရံထားသည်။တစ်ချက်ကြည့်ရုံဖြင့် ဖုန်းလိုင် နတ်သမီးကျွန်းအလားဟု ထင်ရပေသည်။
စူးချန်ကဲသည် သူ့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး အနက်ရောင် ဆံနွယ်များသည် လေနှင့်အတူ မျောလွင့်နေသည်မှာ နတ်ဘုရားတစ်ပါးက ဒီကမ္ဘာကြီးကို ငုံ့ကြည့်နေသလိုပင်။
【တင်း ! လုပ်ဆောင်မှုအသစ်:
ရွေးချယ်ရန်-၁ : ဖုန်ယွင်မြို့တွင် သင့်ကိုယ်ပိုင်ဂုဏ်သတင်းကို အပြည့်အဝ တည်ဆောက်မည်၊
ဆုလာဘ် : ဖန်ထျန်းလက်ဝါး
ရွေးချယ်ရန်- ၂ :မာနကို အိတ်ကပ်ထဲ ထည့်ပြီး
ဝက်အယောင်ပြပြီး ကျားကိုစားမည်
ဆုလာဘ် : တောင်၊ မြစ်ချောင်းများနှင့် ကျားဟိန်းဟောက်နေသည့် ပန်းချီ】
စနစ်၏ စကားလုံးများကို ကြားပြီးနောက်၊ စူးချန်ကဲ၏ နှုတ်ခမ်းထောင့်စွန်းသည် ခပ်ဖျော့ဖျော့ ပြုံးသွားခဲ့လေသည်။ဤကမ္ဘာကြီးသည် သူ့အတွက်တော့ အလွန်ကို အားပျော့သေးသည်။
သူ၏ လက်ရှိခွန်အား၊ ကျင့်ကြံခြင်း အဆင့်နှင့် လျှို့ဝှက်ရတနာများစွာက သူတော်စင့် အဆင့်လောက်နဲ့ နှိုင်းယှဉ်လို့မရနိုင်ပေ။
ဝက်အယောင်ပြပြီး ကျားကိုစားရမည့် ထိုကဲ့သို့ စိတ်ပျက်စရာကောင်းသော ဇာတ်ကွက်သည် သူ့အတွက်တော့ အလွန်ကို ပျင်းစရာကောင်းပေးသည်။ တည့်တည့်မတ်မတ် ပါးကိုရိုက်လိုက်တာကမှ ပျော်စရာကောင်းသလို စိတ်ဝင်စားဖို့ ကောင်းသည်။
“သခင်လေး၊ အရှေ့ဆို ဖုန်းယွင်မြို့ကို ရောက်ပြီ၊ကျွန်မ အဖေကို အကြောင်းကြားပြီးပြီ၊သူတို့လည်း အဆင်သင့်ပြင်ထားပြီးပြီ”
ယွင်ရှင်းယန်က ဆိုလိုက်သည်။
စူးချန်ကဲသည် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အမြင်အာရုံမှာ အလွန်ကောင်းမွန်သလို သူ့မျက်စိရှေ့တွင် မြို့ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဖြူရောင်မြို့ရိုးသည် ကောင်းကင်သို့ တန်းတန်းမတ်မတ် ရောက်ရှိနေပြီး ၎င်းပေါ်တွင်
စီးဆင်းလျက်ရှိသော မှော်သင်္ကေတ အစီအရင်များလည်းရှိသည်။အာရုံဖမ်းစားနိုင်ဆုံး အရာမှာ ကောင်းကင်ထိ ရောက်ရှိနေသော အပြာရောင် အလင်းတန်းကြီးဖြစ်ပြီး၊ ထိုအထဲကဖွဲ့စည်းပုံ၏ အရှိန်အဝါသည် တစ်ကမ္ဘာလုံးကို လှုပ်ခါစေနိုင်သည်။
အပြာရောင် အလင်းတန်းကြီးသည် ကောင်းကင်နှင့် ဆက်စပ်နေပြီး ၊ခန့်ညားထည်ဝါသော အရှိန်အဟုန်ဖြင့် အပြာရောင် တိမ်တိုက်များ ဖြစ်ပေါ်လာစေသည်။
“ဘယ်သူများတုန်း? ဒီဖုန်းယွင်မြို့ကို ရောက်လာတဲ့သူက! “
ရုတ်တရက်၊ ဖုန်းယွင်မြို့ထံမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရောက်ရှိလာသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်၊ သူသည် ဖုန်းယွင်မြို့၏ မြို့တော်သခင်ဖြစ်ပြီး ယခုအချိန်တွင် သူ၏အမူအရာမှာ အလွန် လေးနက်နေခဲ့သည်။
စီးတော်ယာဉ်လှေ၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။၎င်း၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ သူတောင်တစ်ခါမှမကြားဖူးခဲ့သော အရာပင် ဖြစ်သည်။သူ့ကို ပိုလို့တောင် မယုံနိုင်စရာ ဖြစ်စေသော အရာမှာ ၎င်းအပေါ်တွင် တာအို ကာရံနိယာမများ စီးဆင်းလျက်ရှိပေရာ ၊ ရတနာတစ်ခုလို့တောင် ဆိုရနိုင်သည်။
ကုန်းပတ်ပေါ်ရှိ ဝတ်ရုံဖြူ လူငယ်လေးကို သူမြင်လိုက်ရချိန်တွင် အလွန် အံ့အားသင့်ခဲ့သွားသည်။
ဒီလောက်အထိ ငယ်ရွယ်တဲ့ ကောင်လေးက ဖုန်းဟွမ် နယ်မြေအဆင့်တောင် ရောက်နေပြီတဲ့လား !
အရေးကြီးဆုံးအချက်မှာ တစ်ဖက်လူ၏
ရောင်ဝါသည် အလွန်ကြောက်စရာကောင်းပြီး ဖုန်းဟွမ် နယ်မြေအဆင့်အပေါ် သူနားလည်တာထက် ပိုပြီး သာလွန်နေခြင်းပင် ဖြစ်သည်။
သူသည် သေးငယ်သော အမှုန်အမွှားလေးများ ကဲ့သို့ ၊ ကြီးမားတောက်ပနေသော နေမင်းကြီးကို မြင်လိုက်ရမှသာလျှင် မိမိ၏ အရေးမပါမှုနှင့် စွမ်းအားမဲ့မှုကို သိရှိခဲ့ရသည်။
အလံပေါ်ရှိ “ ကွေးယွမ်” ဟူသော စကားလုံးကို သူ မြင်လိုက်ရချိန် လုံးဝ ထိတ်လန့်သွားခဲ့ရသည်။ထျန်းဟယ် နယ်မြေ သည် ပေမင်တိုက်ကြီး နှင့် အတော်လေး အလှမ်းဝေးသည်။သို့ဆိုတောင် ကွေးယွမ်၏ အမည်နာမကို မသိတဲ့သူ ရှိပါဦးမလား?
ကွေးယွမ် သူတော်စင်နယ်မြေသည် သည် သူ၏ အောက်ပိုင်းအရပ် သူတော်စင် နယ်မြေနှင့် မယှဉ်နိုင်ပေ။ ကွေးယွမ်တွင် လက်ညှိုးထိုးလိုက်တိုင်း အင်အားကြီးမားသူ နဲ့သာ ဆုံတွေ့ရပေလိမ့်မည်။သို့သော် သူတို့၏ ဖုန်းယွင်မြို့သည် အဆပေါင်း ရာနှင့်ချီ၍ သေဆုံးနိုင်သည်။
ယွင်ရှင်းယန်သည် ကွေးယွမ်၏ သူတော်စင်တစ်ဦးဖြစ်မှန်း သူသိသည်။သို့သော် သူမသည် ယခုအချိန်တွင် ဝတ်ရုံဖြူ လူငယ်လေး၏ နောက်လိုက်ဖြစ်နေခဲ့သည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့်၊ ၎င်းတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော နောက်ခံရှိသည်ဟု ဆိုလိုနိုင်သည်။
ဒါကိုတွေးမိကာ၊သူ၏ မျက်နှာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ဖောလံဖားအကြည့်ဖြင့် ကြည့်လိုက်သည်။
တစ်ချိန်ထဲမှာပင်၊ လော့မိသားစု
“သခင်လေး၊ယွင်ရှင်းယန် ပြန်လာပြီ၊ သူမ ဘေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့လူကြီးမင်း တစ်ယောက် ပါလာတယ်တဲ့၊အရှိန်အဝါက ကြောက်ဖို့ကောင်းပြီး၊ယွင်ရှင်းယန်တောင်မှ သူ့ကိုလေးစားရတယ်တဲ့”
လော့ မိသားစုမှ လူကြီးတစ်ယောက်က ပြေးလာကာ ဆိုလိုက်သည် ။
“ငယ်ငယ်ရွယ်ရွယ် လူကြီးမင်း ? “
လော့ယန် စိတ်ရှုပ်သွားသည်။ကွေးယွမ် သူတော်စင် နယ်မြေသည် စူးချန်ကဲနှင့် ပတ်သက်သော ကိစ္စများကို လျှို့ဝှက်ထားသောကြောင့် ၊ စူးချန်ကဲ အကြောင်း သိတဲ့သူမှာ လူအနည်းစုသာရှိသည်။
“ကိစ္စမရှိဘူး၊နောက်ထပ် သူတော်စင် တစ်ယောက်ဆိုလည်း ဘာမှဖြစ်မသွားဘူး”
သူ၏ အပြင်ဘက် အမူအရာမှာ တည်ငြိမ်နေသော်လည်း အတွင်းဘက်မှာ ရေများ ဗွက်ထနေသလိုပင်။
“ကောင်းလိုက်တဲ့ ယွင်ရှင်းယန်၊ပြိုင်ပွဲကြရင်
မင်းကို ကောင်းကောင်းကြီး ပညာပေးရမယ် ! “
ဒီခွေးမက သူ့ကို အမြဲတစေ ရှုတ်ချနေတာ၊ သူနဲ့ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းဖို့ပဲ ကြံစည်နေတာ ၊ ခုတော့ သူက အခြားသူရဲ့ နောက်လိုက်လုပ်နေတာ ၊ဒါ သူ့ကို အရှက်ရစေတယ် မဟုတ်လား?
ဒါကိုတွေးပြီး၊ သူ့နောက်က လော့ချင်းယွီကို
လှည့်ကြည့်ပြီး မေးလိုက်သည်။
“ချင်းယွီ၊ ကွေးယွမ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးမင်း ရှိတာလား မင်းသိလား?”
“အမ်”
“တကယ်တော့၊ ကျွန်မလည်း အဲ့ဘက်ကို သိပ်ဂရုမစိုက်မိဘူး၊ ပြီးတော့ ကွေးယွမ်မှာလည်း ဘာထူးခြားတဲ့ ကိစ္စမှမရှိပါဘူး”
ချက်ခြင်းပဲ၊ လော့ချင်းယွီသည် အကြောင်းအရာကို ပြောင်းလိုက်ရင်း ထပ်ဆိုလိုက်သည်။
“လော့ယန် ကိုကို ၊ ကွေးယွမ်ရဲ့ အခြေခံအုတ်မြစ်က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တယ် ၊နှစ်ထောင်ပေါင်းများစွာ ကြာအောင် သူတို့ရဲ့ အစွမ်းအစကို ကမ္ဘာကိုသိအောင် တစ်ခါမှ ချမပြခဲ့ဖူးဘူး “
“တကယ်လို့ ဖြစ်နိုင်ရင် ကျွန်မတို့ သွားမစော်ကားတာက ပိုကောင်းလိမ့်မယ်”
လော့ယန်သည် ခေါင်းညိတ်ပြခဲ့သော်လည်း သို့သော် သူ့ စိတ်ထဲ ကျေနပ်မနေခဲ့ပေ။
သူ့မျက်လုံးထဲတွင်၊ သူသည်သာ သူ့ကိုယ်ပိုင်အရည်အချင်းဖြင့်၊ အချိန်တိုအတွင်း ပေမင်တိုက်ကြီး၏ ထိပ်တန်းပုဂ္ဂိုလ်တဦး ဖြစ်လာနိုင်သည်ဟု ယူဆထားသည် ။
ကွေးယွမ် သူတော်စင် နယ်မြေတဲ့လား?ရယ်စရာကောင်းလိုက်တာ!
“ သွားမယ် ချင်ယွီ ၊ ကိုယ်တို့ချိန်းဆိုထားတဲ့ ယွင်အိမ်တော်ကို သွားကြတာပေါ့ “
ယွင်အိမ်၏ ဦးတည်ရာဘက်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည် ။ သူ့တစ်ကိုယ်လုံး ယုံကြည်မှုတွေ အပြည့်ဖြင့် ။
ဒီနေ့၊သူ ဒီခွေးမကို အနိုင်ယူမယ် ၊ ပြီးတာနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပြီး ၊သူ့ရဲ့ အတိတ်က အရှက်တွေ လုံးလုံးလျားလျား ဖယ်ရှားပစ်မယ်ကွ !
အပိုင်း(၂၈ ) : ကံကောင်းခြင်းရဲ့ သားတော်လေးဆိုတောင် ဒီတိုင်း ကြက်သွန်မြိတ်သာသာပဲ
တစ်ချိန်တည်းမှာပင် ယွမ်မိသားစု ခန်းမ၏ လေထုမှာ အနည်းငယ် လေးလံလျက် ရှိသည်။
ယွင် မိသားစု၏ အကြီးအကဲများအားလုံး ဤနေရာတွင် ရှိနေကြပြီး အပြင်တွင် ဆွေမျိုးရင်းချာများလည်း ရောက်နေကြပြီဖြစ်သည်။
ရောင်ဝါများဖြင့် ဖုံးလွမ်းထားသော စီးတော်ယာဉ် လှေကြီး၏အသွင်အပြင်သည် ယွင် မိသားစုဝင်များစွာကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
သို့သော် ထိုအရာက သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေတာ မဟုတ်ဘဲ၊ဤခန်းမထဲတွင် ထိုင်နေသော အမတကမ္ဘာမှ လာသော နတ်ဘုရားဖြင့် တူသော လူငယ်လေးတစ်ယောက်ကြောင့်ပင်ဖြစ်သည်။
သူတို့မိသားစု၏ အကြီးဆုံးသမီးဖြစ်သော၊
ကွေးယွမ်၏ သူတော်စင်မိန်းကလေးသည် စူးချန်ကဲ ၏ နောက်တွင် အစေခံတစ်ဦးကဲ့သို့ ရိုသေစွာဖြင့် ရပ်နေခဲ့ပြီး သူ့အတွက် လက်ဖက်ရည် လောင်းငှဲ့ပေးနေသည်ကို မြင်တွေ့လိုက်ရသည်။
“ဆက်ခံသူ သခင် ၊ ဒါက ကျွန်တော်မျိုးမ အထူး ပြင်ဆင်ထားတဲ့ ပိုင်လင်ရှန်း လက်ဖက်ရည်ပါ၊ ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး “
အမှန်အတိုင်းဆိုရလျှင်ဖြင့်၊ သူမရင်ထဲ အရမ်းကိုပျော်ရွှင်နေခဲ့သည်။သူမသည် ကွေးယွမ်၏ သူတော်စင်တစ်ယောက် ဖြစ်ခဲ့သော်လည်း သို့သော် သူမ၏ အဆင့်အတန်းသည် စူးချန်ကဲထက် များစွာနိမ့်ကျပေသည်။
စူးချန်ကဲ၏ နောက်တွင် ကွေးယွမ်သူတော်စင် နယ်မြေ တစ်ခုလုံးနှင့် ကွေးယွမ်ဘိုးဘေး နယ်မြေမှ ဘိုးဘေးတို့ ရှိကြသည်။ထိုအရာသည် သူမ အားကျနိုင်သော အရာမဟုတ်ပေ။
ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်သည် ဧည့်သည် အဖြစ်နဲ့ သူမအိမ်ကို ကိုယ်တိုင် လာရောက်ခဲ့သည်မှာ ၊ ဒီအရာထက် ပိုပြီး ဂုဏ်ယူစရာ ရှိပါဦးမလား?
ကျွန်တော်မျိုးမ? ဆက်ခံသူ?
T/N - ကျွန်တော်မျိုးမ ဆိုတာ ကျွန်တွေ သူတို့ကိုယ်သူတို့ ခေါ်ဆိုတဲ့နေရာမှာ သုံးတဲ့ စကားအသုံးအနှုန်းပါ။။
သူတို့အိမ်ရဲ့ သမီးကြီးက သူ့ကိုယ်သူ ကျွန်တော်မျိုးမ တဲ့လား?
ဆက်ခံသူကရော ဘာတုန်း?
တို့စကားကိုကြားလိုက်ရသော ခန်းမထဲက လူတိုင်း မျက်လုံးမျက်စံပြူးကာ သည်းထိပ်ရင်ဖိုဖြစ်သွားကြသည်။
“သူတို့အားလုံးက လောကကြီးကို မမြင်ဖူးသေးတဲ့ ခေတ်လူငယ်တွေဆိုတော့၊ လူကြီးတွေကို ရယ်မောစေမိပြီ”
ယွင် မိသားစု၏ အကြီးအကဲ ဖြစ်သူက ခါးသီး သော အပြုံးဖြင့် ဆိုလိုက်သည်။၎င်းမှာ ယွင်ရှင်းယန်၏ ဖခင် ဖြစ်သည်။ထုံးစံအတိုင်း စူးချန်ကဲ၏ ကြောက်စရာကောင်းသော သရုပ်မှန်ကို သူ သိပေသည်။
မိမိ၏သမီးသည် ထိုပုဂ္ဂိုလ်၏ အစေခံ မိန်းကလေး ဖြစ်ခွင့်ရသည်မှာ သူတို့ ယွင်မိသားစု၏ ကောင်းချီးတစ်ခုလို့ ဆိုရပေမည်။
“ရတယ်”
စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူသည် ဒီလိုအသေးအဖွဲ့ ကိစ္စတွေအပေါ် စိတ်မ၀င်စားပေ။
တကယ်တန်းတော့ သူသည် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။
မိမိရဲ့ အစေခံမိန်းကလေးက သူ့အဖေနဲ့အတူ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေရမှာကို ၊
သူကဒီမှာ ဘာလာလုပ်နေတာတုန်း?
“ရှင်းယန်၊ မင်းလည်း အဖေဖြစ်သူနဲ့ မတွေ့ရတာ ကြာပြီလေ၊ မင်းတို့ ကောင်းကောင်း စကားပြောကြလေ “
“ငါ ဒီနားလေး လျှောက်ပတ်ကြည့်လိုက်ဦးမယ်”
ထို့နောက် စူးချန်ကဲသည် သူ့လက်ဖက်ရည်ခွက်ကိုချကာ ထိုင်နေရာမှ ထရပ်လိုက်သည်။
သူ့၏ အမူအရာသည် တည်ငြိမ် နူးညံ့ပြီး ဘာမာနမှ မရှိပေ။လူကို နွေဦးလေညင်း၏ ခံစားမှုကို ပေးစွမ်းလိုက်သလိုမျိုး သွက်သွက်လက်လက်ဖြင့် ပြေပြစ် ချောမောသော
သခင်လေး တစ်ယောက်ကဲ့သို့ပင်။
ဤအရာသည် နှိမ့်ချခြင်းဖြစ်သည်ကို လူတိုင်း ကောင်းကောင်း သိပေသည်။
နူးညံ့သိမ်မွေ့မှုကို သူ၏ မျက်နှာပြင်ပေါ်တွင် ထုတ်ဖော် ပြသလျက် ၊ မိမိ၏ ကိုယ်နှုတ်အမူအရာကို ကောင်းစွာ ထိန်းချုပ်ထားခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရလျှင်၊ သူသည် သူ၏ အစေခံ မိန်းကလေးကို မျက်နှာပေးထားခြင်းပင် ဖြစ်သည်။
“ယွင်အိမ်က ယွင်ရှင်းယန် ရှိလား? “
“လော့ယန် ချိန်းဆိုမှုအတိုင်း လာရောက်တာပါ !”
ထိုအချိန်တွင် ယွင် မိသားစု၏ အိမ်အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အသံလားရာကိုကြည့်လိုက်ရာ ၊ ယွင် မိသားစု၏ တံခါးရှေ့တွင် ချောမောသော လူငယ်ယောက်ျားတစ်ဦးသည် လက်ကို နောက်ပစ်ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ့ဘေးတွင် အလွန်ချောမောလှပသော အမျိုးသမီးလေး တစ်ဦး ရှိနေခဲ့သည်။
စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည် ။
ကိစ္စက ရောက်ချလာတာ အတော် မြန်သကိုး ။
သူသည် ကံကြမ္မာဖတ် မျက်လုံးများကိုတိတ်တဆိတ် အသက်သွင်းလိုက်ရာ၊သူ၏ မျက်ဝန်းထဲတွင် ရွှေဝါရောင် မှော်သင်္ကေတများ စီးဆင်းသွားခဲ့သည်။
သူနှင့် မျက်နှာချင်းဆိုင် လူနှစ်ယောက်၏ ခေါင်းပေါ်တွင် ရွှေရောင်စာတန်းတစ်ကြောင်း ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
လော့ယန် ၊ ကံကောင်းခြင်း တန်ဖိုး :၂၅၆
လော့ချင်းယွီ၊ ကံကောင်းခြင်း တန်ဖိုး:၁၉၈
“ အမှတ်တွေက မြင့်သားပဲ “
စူးချန်ကဲ အတော်လေး ပျော်သွားသည်။
တစ်ခုဝယ် တစ်ခုအပို လက်ဆောင်လား?အရောင်းအဝယ် ကိုယ်တယ် မဆိုးဘူး!
လော့ချင်းယွီ နှင့် လော့ယန်သည်လည်း ဝတ်ရုံဖြူနှင့် စူးချန်ကဲကို သတိထားမိသည်။
စူးချန်ကဲ၏ ကိုယ်ဟန်အနေအထား နှင့် အသွင်အပြင်သည် အလွန်စွဲမက်ဖွယ်ရာ ကောင်းပေသည်။
လော့ချင်းယွီသည် စူးချန်ကဲ ကို တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ၊ ခဏဆိုသလို စိတ်လွတ်သွားခဲ့ရသည် ။အမတ နတ်ဘုရားတစ်ဦးသည် ဤကမ္ဘာမြေပြင်ပေါ်သို့ ဆင်းသက်လာသကဲ့သို့ သူ၏ ချောမောသော ရုပ်ရည်သွင်ပြင်သည် သူမကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုစားနေခဲ့သည်။
“ဒီပုဂ္ဂိုလ်က မင်းနောက်ကလိုက်နေတဲ့ ငယ်ရွယ်သူ လူကြီးမင်း ဆိုတာလား?”
“အဲတုန်းက မင်း ငါ့ကို အမြဲတမ်းလိုလို နိမ့်ချပြီးကြည့်ခဲ့တယ် ၊ အခုတော့ တခြားလူရဲ့ ကစားစရာ ဖြစ်လာတယ်တဲ့လား၊ တကယ်ကို ရယ်စရာ ကောင်းတယ်”
လော့ယန်၏ မျက်နှာသည် ရွဲ့စောင်းနေပြီး သူသည် စည်းလွတ်ဘောင်လွတ် ပြောဆိုလိုက်သည်။
“လော့ယန် နင့်ပါးစပ်အပေါက်ကို သန့်ရှင်းလိုက်ဦး!”
“ဆက်ခံသူ လူကြီးမင်းက ငါ့အပေါ် အမြဲတမ်း သင်ကြားပြီး လမ်းညွှန်ပြသပေးတဲ့သူပဲ “
“ဆက်ခံသူက ငါ့အပေါ်ကို တစ်ခုခု လုပ်မယ်ဆိုတောင် ငါ ရဲရဲကြီး ခံရဲတယ် ! “
နောက်ဆုံးစာကြောင်းကို ပြောပြီးနောက်၊ယွင်ရှင်းယန်တစ်ယောက် လန့်ဖျပ်သွားကာ ဘာမှထပ်မပြောတော့ပေ။သူမ၏ မျက်နှာလေးမှာလည်း နီရဲလို့ လာခဲ့သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရချိန်၊လော့ယန်တစ်ယောက် ခန္ဓာကိုယ် တဆက်ဆက် တုန်ရသည့်အထိ ဒေါသအရမ်းထွက်သွားခဲ့သည်။သူတို့ နှစ်ဦး၏ စေ့စပ်ကြောင်းလမ်းသည် ပြတ်တောက်သွားပြီလို့ ဆိုလို့ရနိုင်သော်လည်း၊ သို့ဆိုတောင် အခုချိန်မှာတော့ သူတို့နှစ်ယောက်သည် လက်မထပ်ရသေးသော စုံတွဲ တစ်တွဲ ဖြစ်နေဆဲပင် ဖြစ်သည်။
ခုလိုပြောလိုက်တာက လူရှေ့သူရှေ့တွင် သူ့ကို စော်ကားလိုက်ရာ မကျပေဘူးလား?
“ ယွင်ရှင်းယန်၊ မင်းက ဆက်ခံသူ အယောင်ဆောင်ထားတဲ့ လူတစ်ယောက်ကို ဆွဲခေါ်လာပြီး ငါ့ကို လာပြီး အရှက်ခွဲနေတယ်ပေါ့လေ !”
“မင်း ငါ့ကို အထင်သေးတာလာ!?”
“ဒီလို လှည့်ကွက်လောက်တော့ ကစားနေစရာ မလိုဘူး၊ ငါတို့ တန်းပြီး တိုက်ခိုက်ကြတာပေါ့ !”
စကားဆုံးသည်နှင့် လော့ယန်၏ ဝိညာဥ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာပြီး ၊ သူ၏ ဆံနွယ်များ လွင့်ပျံသွားကာ အလွန်ဒေါသထွက်နေပုံ ပေါ်သည်။
“ကိုကို လော့ ရဲ့ ထူးချွန်မှုကို နင်တို့လို လူတွေက နားလည်နိုင်မှာ မဟုတ်ဘူး၊ မျက်စိပါပြီး တောင်ကို မမြင်တဲ့သူတွေ “
လော့ချင်းယွီသည် လော့ယန်၏ လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး မသိမသာ လှောင်ပြောင်ရယ်မောလိုက်သည်။
“အတင့်ရဲလိုက်တာ! ဆက်ခံသူကို ဘယ်လိုတောင် စော်ကားရဲတာလဲ !? “
ယွင်ရှင်းယန်၏ ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းသည် ရေဖီးနစ် တစ်ကောင်အဖြစ် ငွေရည်ဖွဲ့သွားပြီး အပြာရောင် ရေငွေ့များ အုံ့ဆိုင်းနေသည်မှာ ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီး တစ်ပါးကဲ့သို့ပင်။
အရှိန်အဟုန်အရဆိုလျှင် သူမသည် လော့ယန် ထက်တောင် ပိုအားကောင်းနေ၏။
သူမသည် လော့ယန်ကို သင်ခန်းစာ ပေးရန် ဟန်ပြင်လိုက်ချိန် စူးချန်ကဲ၏ တားဆီးခြင်းကိုခံလိုက်ရသည်။
“ ဇီရွှီး ဝူယုံ “
T/N - ဇီရွှီး ဝူယုံ ဆိုတာက အစစ်အမှန် မတည်ရှိတဲ့ အရာကို ယုတ်ညံ့တဲ့ သဘောအနေနဲ့ သုံးတဲ့ စကားပါ
စူးချန်ကဲသည် အပြုံးမပြက်၊ သူ့လက်ကို နောက်သို့ ပစ်ထားကာ လော့ယန်ကို ကြည့်လိုက်သည် ။
အမှန်အတိုင်းဆိုရလျှင်ဖြင့်၊ ဒါဟာ အတော်လေး ရယ်စရာကောင်းသည်ဟု သူထင်မိသည် ။ အရင်က သူသည် ၎င်း၏ ကျင့်ကြံခြင်း နယ်ပယ် အဆင့်ကို ခန့်မှန်းခဲ့သည်။ကံကောင်းခြင်း၏ သားတော်လေး ဖြစ်သော ပါရမီရှင်များ အနေဖြင့် အနည်းဆုံး ဖုန်းဟွမ်နယ်ပယ်အဆင့်လောက်တော့ ရှိသင့်သည်ဟု သူ တွေးထင်ခဲ့သည်။
ယခုမူ တစ်ဖက်လူသည် ဇီဖူ ကနဦးနယ်ပယ်အဆင့်သာ ရှိသေးပုံ ရသည်။ဒါဟာ သူ့အတွက် တော့ စိန်ခေါ်မှုလို့တောင် ပြောလို့မရပေ။
တကယ်တော့၊ လော့ယန်၏ အင်အားသည် ညံ့ဖျင်းလွန်းတာမဟုတ်ဘဲ၊စူးချန်ကဲ၏ အင်အားက ကြောက်စရာကောင်းလွန်းနေသောကြောင့်ပင် ဖြစ်သည်။
တစ်ခါ အဆင့်တတ်လိုက်တိုင်းမှာ၊ ကောင်းကင်နှင့်မြေကြီးတွင် နိမိတ်မြင်ကွင်းများ ဖြစ်ပေါ်လာရပြီး ကြီးကျယ်သော နယ်ပယ်တစ်ခုဆီသို့ ဝင်ရောက်သွားသည်မှာ သူ့အတွက်တော့ ထမင်းစား ရေသောက်သလိုပင်။
“ဘာလဲ?မင်းက သူ့အတွက် ကိုယ်စားခံပေး မလို့လား?”
“တခြားသူရဲ့ ကိစ္စမှာ ဝင်မစွက်ဖက်ဖို့ ငါအကြံပေးလိုက်မယ် ၊ မဟုတ်ရင် သနားစရာကောင်းစွာ မင်းသေရလိမ့်မယ်! “
လော့ယန်သည် စူးချန်ကဲ ကျင့်ကြံခြင်း အဆင့်ကို မသိခဲ့ဘဲ သူနှင့် သိပ်မကွာခြားလောက်ဘူးလို့သာ ထင်ခဲ့သည်။
“ငါက သနားစရာကောင်းစွာ သေရမယ်ပေါ့?”
“စိတ်ဝင်စားဖို့ကောင်းသားပဲ၊စောင့်ကြည့်ကြတာပေါ့”
စူးချန်ကဲသည် ရှေ့ကို တစ်လမ်းချင်း လျောက်လှမ်းလိုက်သည်။သူ လှမ်းလိုက်တိုင်းမှာ သူ၏ ရောင်ဝါသည် ပို၍ ကြောက်ဖို့ကောင်းလာသည်။
“မင်းရဲ့သတ္တိ ဘယ်ကနေတောင် ရလာခဲ့တာလဲ? “
ဝုန်း!
ကြောက်ဖို့ကောင်းသော ကမ္ဘာမြေကြီး၏ ဖိအားသည် ချက်ချင်းလက်ငင်း ဆင်းသက်လာလေသည်။
အသံများ တဟုန်းဟုန်း မြည်တမ်းလာပြီး ဝတ်ရုံဖြူ လူငယ်လေး၏ အားကောင်းလှသော သွေးချီစွမ်းအားများသည် လေဟာပြင်ကိုတောင် ပုံပျက်စေခဲ့သည်။
ဒါနဲ့တင် မပြီးသေးပေ။
ဘုန်း!
ချက်ခြင်းပင်၊ လျင်ထျန်းဓား၏ ဆန္ဒသည် ထိုဝတ်ရုံဖြူ လူငယ်လေး၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသည် ။
T/N - လျင်ထျန်းဓားဆိုတာ နတ်သတ်ဓားနော် ရှေ့အပိုင်းတွေမှာလည်း ပါဖူးတယ်
ဤကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ဓားစွမ်းအင်များကို ထုတ်ပေးနေပုံရကာ ၊၎င်း၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်သည် ကောင်းကင်မှ ပြစ်ဒဏ်ခတ်လိုက်သကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ပျက်စီးခြင်းနှင့်သေခြင်း၏ အငွေ့အသက်သည် ဖုန်းယွင် မြို့ရှိ လူတိုင်း၏ နှလုံးသားထဲတွင် ပြည့်နှက်သွားခဲ့ရသည်။
ဟုန်း!
ဖုန်းယွင်မြို့တစ်ခုလုံး တုန်ခါမြည်ဟိန်းလျက်ရှိသည်။ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် အကာအကွယ် စည်းများပင်လျှင် တဖျပ်ဖျပ် ရိုက်ခတ်နေပြီး၊ ထို့နောက်တွင် ၎င်းအကာအကွယ် စည်းများမှာ ပျက်စီးသွားခဲ့ရသည်။
ဤအခိုက်အတန့်တွင်၊ ဖုန်းယွင်မြို့တွင် အာမေဋိတ်သံများ၊ အော်ဟစ် တောင်းဆိုနေသော အသံများ ထွက်ပေါ်လာခဲ့သည်။
လူတော်တော်များများမှာ ဒူးထောက်လျက်
ကောင်းကင်ကို မော့ကြည့်နေကြသည်။ သူတို့သည် အမှားတစ်ခုခုလုပ်မိသည်ဟု ယူဆကာ ကောင်းကင်လမ်းစဉ်၏ အမျက်ဒေါသကို
ခံလိုက်ရပြီဟု တွေးထင်နေကြသည်။
ထို့ကြောင့် ကောင်းကင်ဘုံသည် သူတို့ကို အပြစ်ပေးတော့မည် !
ယွမ်မိသားစု၏ ဆွေမျိုးအများအပြားသည်လည်း ယခုအခိုက်အတန့်တွင် တုန်လှုပ်ခြောက်ခြားနေကြသည်။
လော့ယန် နှင့် လော့ချင်းယွီတို့မှာ ဖြူဖျော့သွားခဲ့ကြသည်။ဒါကြီးက သာမာန် အသိညဏ်ထက် ကျော်လွန်နေပြီဖြစ်တဲ့ ဖုန်းဟွမ် နယ်ပယ်အဆင့်လေ!
သေခြင်းတရား၏ ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်ကို ကြည့်ရလျှင်ဖြင့်၊ထိုအမျိုးသားသည် တကယ်ပဲ အမတဘုံက ဆင်းသက်လာသော အမတ တစ်ပါး ဟုတောင် မှတ်ယူနိုင်သည်။
သူတို့ နေထိုင်သော ကမ္ဘာက လူ မဟုတ်ဘူးလို့ ဆိုရပေမည်။
သို့သော် ရုတ်တရက်၊ လော့ယန်၏ ခန္ဓာကိုယ်အား ဖော်မပြနိုင်သော စွမ်းအားတစ်ခုက လွှမ်းခြုံသွားခဲ့သည်။၎င်းသည် စူးချန်ကဲ၏ ဖိအားအငွေ့အသက် တစ်ပိုင်းတစ်စကို ပြေလျော့သွားစေခဲ့သည်။
စူးချန်ကဲ၏ ခံစားနိုင်စွမ်းသည် ထိရှလွယ်သောကြောင့် ချက်ချင်းဆိုသလို ၊ထူးဆန်းသော အရာတစ်ခုကို သတိထားမိလိုက်သည်။
လော့ယန်၏ ခါးတွင်ဆွဲထားသော ကျောက်စိမ်းဆွဲပြားတွင် ဖော်ပြလို့မရနိုင်သော ကန့်သတ်ချက်များဖြင့် ဖုံးအုပ်ထားပုံရသည်။
ကျောက်စိမ်းဆွဲပြားတွင် ရှိနေသော ခပ်ဖျော့ဖျော့ စိတ်ဝိညာဉ်တစ်ခုသည် မတည်မငြိမ် ဖြစ်နေခဲ့သည်။
“ဒီလောက်ကတော့ ဖန်တစ်ရာထပ်နေပြီ၊ ဘိုးဘေး ငါ့ကို ပေးလိုက်တဲ့ လက်စွပ်လိုမျိုး အဲ့ရဲ့ပစ္စည်းမှာလည်း စိတ်ဝိညာဉ် တစ်ခု ရှိနေခဲ့တာပဲ”
【တင်း!လုပ်ဆောင်မှု အသစ် :
ရွေးချယ်ရန် - ၁ :ကျောက်စိမ်းဆွဲပြားကို သိမ်းယူမည်၊
ဆုလာဘ် : ထျန်းဟယ် ဧကရာဇ်ထံမှ တစ်စိတ်တစ်ပိုင်း အမွေဆက်ခံမည်၊
ရွေးချယ်ရန် - ၂:ကျောက်စိမ်းဆွဲပြားကို လက်လျော့မည် ၊
ဆုလာဘ် :ကျုံရွှမ် ဝိညာဉ်ဆေး ]
“အဲလိုပြောကြေးဆို၊ လော့ယန် ခုလို အလှည့်အပြောင်း ဖြစ်ခဲ့ရတာဟာ အဲတာနဲ့ သက်ဆိုင်နေတယ်ပေါ့”
ထိုကျောက်စိမ်းဆွဲပြားသည် ဧကရာဇ်မင်းမြတ်ရဲ့ အုတ်ဂူနဲ့ ဆက်စပ်နေခဲ့လိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ပေ။ဤအရာမှာ သူ မျှော်လင့်မထားခဲ့သော ဘောနပ်စ်တစ်ခုပင် ဖြစ်သည်။
“ကြက်သွန်မြိတ်တစ်ပင်က ငါ့ကို ရွေးချယ်စရာနှစ်ခုတောင် အစပျိုးပေးလိုက်တယ်ဆိုတော့ ကံကောင်းခြင်းရဲ့ သားတော်လေး ဆိုတဲ့အတိုင်း သိပ်ကို အရသာရှိတာပဲ”
စူးချန်ကဲသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ လော့ယန်သည် သူ့မျက်လုံးထဲမှာတော့ ရွေ့လျားနေသော ရတနာအိမ်ကြီးကို မြင်နေရသလိုပင်။
စူးချန်ကဲသည် သူ့ခါးပေါ်က ကျောက်စိမ်းဆွဲပြားကို စိုက်ကြည့်နေတာကို မြင်တော့၊
လော့ယန်သည် ကြောက်မက်ဖွယ်ရာကောင်းသော ရန်သူနှင့် ရင်ဆိုင်လိုက်ရ သကဲ့သို့ ၊
“မင်း ဘာလုပ်ချင်နေတာလဲ”
“ဘာလုပ်ရမှာလဲ? “
စူးချန်ကဲသည် အပြုံးမပျက် ဆက်ဆိုလိုက်သည်။
: “မင်းက ငါ ဆက်ခံသူကို စော်ကားလိုက်တာလေ၊ အဲ့အတွက် မင်း ပြန်ပေးဆပ်စရာ မလိုဘူးလို့ ထင်လို့လား?”
“မင်းခါးပေါ်က ကျောက်စိမ်းဆွဲပြားကို လွှဲပေးရင် ၊ မင်းအသက်ကို ငါ လွှတ်ထားပေးမယ်”
“မဖြစ်နိုင်ဘူး!’
လော့ယန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တယ်။ဤကျောက်စိမ်းဆွဲပြားသည် သူ့အတွက် ကျင့်ကြံရေး စွမ်းအား၏ အခြေခံအုတ်မြစ် ဖြစ်သလို ၎င်းတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေခဲ့သည်။
အပိုင်း(၂၉):ဓားတချက်တည်းဖြင့် ဆရာတော်ဘုရား အသက်ပျောက်ရသည်
“ငါ မင်းကို အသက်ရှုသံ ဆယ်ချက်စာ အချိန်ပေးမယ်”
စူးချန်ကဲ မလောပေ။
သူ့ကို ကြက်သွန်မိတ်လိုဆက်ဆံခဲ့ပြီးမှ ၊ ပြေးချင်သေးတာလား?
လုံးဝမဖြစ်နိုင်ဘူး!
လော့ယန်က မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်သည်။မူလက သူသည် ချိန်းဆိုတာသည့် အတိုင်း အတိတ်က သူ၏ အရှက်ကို ဖာထေးရန် ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။သို့သော် ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ လူငယ်လေး တစ်ယောက်နဲ့ တွေ့မယ်လို့တော့ မမျှော်လင့်ထားခဲ့ပေ။
“ငါ့ရဲ့ သရုပ်မှန်ကို မင်းသိလား?”
“ငါက ကွေးယီးဂိုဏ်းက သူတော်စင်ပဲ “
ထိုစကားကို ကြားတော့ စူးချန်ကဲက ပြုံးလေသည်။
တကယ်ကိုပဲ တစ်ဖက်လူက သူ့ရဲ့သရုပ်မှန်ကိုဖော်ပြကာ သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားလာခဲ့ပြီ ဖြစ်သည်။
သို့သော်၊ သူ မကြောက်ဆုံး အရာမှာလည်း အဆင့်အတန်း နှိုင်းယှဉ်ခြင်းပင် ဖြစ်သည်။
“ငါ့နာမည်ကလော့ယန် ၊ လွန်ခဲ့တဲ့ငါးနှစ်က
ကွေးယီးဂိုဏ်းထဲ ရောက်လာပြီး သိပ်မကြာခင်မှာပဲ ၁၁ယောက်မြောက် သူတော်စင် ဖြစ်လာခဲ့တာ “
“မင်းက သူတော်စင်ဆိုတောင် ဘာဖြစ်လဲ?ငါကိုယ်တော်ကို စော်ကားတာ၊မင်းအဲ့အတွက်
ပြန်ပေးဆပ်ရမယ်”
“ဟုတ်သားပဲ၊ အသက်ရှုသံ သုံးချက်ပဲ ကျန်တော့တယ်”
ဤအခိုက်အတန့်တွင် လော့ယန်၏ မျက်နှာမှာ အလွန်ဖြူဖျော့နေခဲ့သည်။တစ်ဖက်လူသည် သူ့ရဲ့ သရုပ်မှန်ကို သိသွားတာတောင် ကြောက်မသွားခဲ့ပေ။ သူသည် လုံးဝကို ဂရုမစိုက်သလိုပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ် ဆိုတာ ပြသနေသည်။
“မင်း၊ ငါက ကွေးယီဂိုဏ်းက ဆိုတာ သိနေမှတော့၊ဒီလောက်ထိ ရဲတင်းရလား!”
ထိုအချိန်တွင် လေဟာပြင်ကြီးသည် လှုပ်ယမ်းလာခဲ့ပြီး ဖြည်းညှင်းစွာ ပွင့်လာခဲ့ရာ၊ ထိုထဲမှ အဘိုးအို တစ်ဦး ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
“ဂိုဏ်းထောက် လီ!”
လော့ယန် နှင့် လော့ချင်းယွီ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ဂိုဏ်းထောက် လီသည် သူတော်စဉ် ပညာရှင် နှောင်းပိုင်းအဆင့် ရောက်ရှိနေပြီး ဖြစ်သလို ဤကမ္ဘာပေါ်တွင် ဆရာတော် ဘုရား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
[ T/N - ဆရာတော် ဘုရား ဆိုတာက ဉာဏ်ပညာ ထက်မြက်ပြီး သူတစ်ပါးအတွက် စံနမူနာယူနိုင်တဲ့ ပုဂ္ဂိုလ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်၊ ဝါကြီးသူ တစ်ယောက်လို့လည်း ခေါ်ကြပါတယ် ]
“နှစ်ယောက်စလုံး အသုံးကိုမကျဘူး၊ငါတို့ ကွေးယီးဂိုဏ်းကို တကယ်ကို မျက်နှာပျက်စေတယ်!”
“မင်းတို့နှစ်ယောက်ကို ငါ နောက်မှ ကိုင်တွယ်မယ် ! “
ဂိုဏ်းထောက်လီ က သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။သူသည် ဤခရီးစဉ်တွင် လော့ယန်နှင့် ချင်းယွီတို့ကို ကာကွယ် စောင့်ရှောက်ပေးသူဖြစ်သည်။
စောနက ဖြစ်ပျက်ခဲ့သမျှကို သူမြင်ခဲ့ပြီးပြီ ဖြစ်သည်။ တကယ်ကို သူ့ဂိုဏ်းကို အရှက်စေခဲ့သည်။
“ကျုပ်တောင် မစရသေးဘူး၊အသက်ကြီးတာကို အခွင့်ကောင်းယူတော့မလို့လား?”
ထိုစကားကို ကြားတော့ ဂိုဏ်းထောက် လီက ဒေါသတကြီးဖြင့် ကြည့်လေသည်။
“ကောင်လေး၊ မင်း ပါးစပ်ကို ဆင်ခြင်သင့်တယ်! “
“မဟုတ်ရင် ငါ မင်းကို သင်ခန်းစာပေးတာကို အပြစ်မတင်နဲ့! “
ထိုအခိုက်အတန့်မှာပဲ၊ သူတော်စင် ပညာရှင်နှောင်းပိုင်း အဆင့် ရှိ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအား ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ၎င်းအဘိုးအို၏ နောက်တွင်၊ ရှေးကျသော ဧရာမငှက်ကြီးတစ်ကောင်က အော်ဟစ်လျက် ထွက်ပေါ်လာခဲ့သည်။
ငါ့ကို သင်ခန်းစာပေးမယ်တဲ့လား?
ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ တစ်ယောက် အနေဖြင့်၊ သူသည် ဘိုးဘေးများနှင့် အဆင့်အတန်းတူညီပြီး၊သူ့ လက်ချောင်းလှုပ်လိုက်သည်နှင့် ကမ္ဘာကြီးကိုတောင်ဖျက်ဆီးပစ်နိုင်သည့် စစ်ပွဲကို သူ ဆင်နွှဲနိုင်ပေသည်။
တဖက်လူ၏ လှုပ်ရှားမှုသည် သူ့ကို ရန်စခဲ့ရုံသာမကပဲ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘုန်းတန်ခိုး အာနုဘော်ကိုလည်း ရန်စနေခဲ့သည်။
“လူကြီးမင်း၊ကျေးဇူးပြုပြီး လက်မပါရအောင်လား”
စူးချန်ကဲသည် ဟင်းလင်းပြင်တစ်နေရာကို စိုက်ကြည့်လိုက်သည်။သူ ပေမင်တိုက်ကနေ စထွက်လာသည်နှင့် တစ်ပြိုင်နက်၊သူ့နောက်သို့ လျှို့ဝှက်စွာ လိုက်လာသည့် အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ခံစားမိခဲ့သည်။
တဖက်လူသည် သူ့အပေါ်သို့ မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိပေ။ ဆိုလိုသည်မှာ ကွေးယွမ်မှ သူ့ကို လျှို့ဝှက်စွာ ကာကွယ်ပေးရန် စေလွှတ်ထားသော အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ပင်ဖြစ်သည်။
“ဟွန်း!အခုတော့ မမာနိုင်တော့ဘူးမလား?”
“ငါ မင်းကို ပြောလိုက်မယ်၊ တကယ်လို့ ငါ ကျေနပ်စေနိုင်မယ့် လျော်ကြေး မရလို့ကတော့ ၊ ငါ ဒီနေ့ မင်းကို သေချာပေါက် သင်ခန်းစာပေးမယ်!”
ဂိုဏ်းထောက်လီသည် စူးချန်ကဲ၏ စကားကိုလျစ်လျူရှုကာ မထီမဲ့မြင် ကြည့်လိုက်သည်။
သူ့စိတ်ထဲမှာတော့ ပိုလို့တောင် အထင်သေးရှုံ့ချနေခဲ့သည် ။
ဘာလဲ ကွေးယွမ်က ဆက်ခံသူဆိုတာ?ဒီလောက်ပဲလား?
တစ်ဖက်လူနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်ကိုယ်ကို ရိုးသားလိုက်စမ်းပါ!
“မင်းတို့ ကွေးယီးဂိုဏ်းက လူတွေက ကိုယ့်မျက်နှာကို ရွှေချတဲ့နေရာမှာ တကယ်ကို တော်တာပဲ”
“ ခင်ဗျားကို ကျုပ်တစ်ယောက်တည်း ကိုင်တွယ်ပြမယ်”
“ရှင်းယန်၊မင်း အိမ်သားတွေကို ခေါ်ပြီး ဝေးဝေးနေလိုက်”
ယွင်ရှင်းယန်သည် လိမ္မာပါးနပ်ပေသည်။သူမသည် သူမ၏ မိသားစုဝင်များကို ထိုနေရာမှ ခေါ်ထုတ်လိုက်သည်။ ဆက်ခံသူ သခင်မှာ တကယ်ကို စိတ်ဆိုးနေပြီမှန်း သူမ သိလိုက်သည် ။
စကားဆုံးသည်နှင့် စူးချန်ကဲ၏ ဗဟိုချက်တွင် စူးရှတောက်ပသော ဓားအလင်းတန်း တစ်ခု ချက်ခြင်း ထွက်ပေါ်လာကာ သူ့ ဘေးတွင် လှည့်ပတ်နေသည်။
သန်းပေါင်းများစွာသော ဓားအလင်းတန်းများသည် လေဟာပြင်ကို အဆက်မပြတ် ဖြိုခွဲလိုက်ရာ၊ စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် အာကာသအက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။
“ပိုးပျံကောင်များ သစ်ပင်ကို လှုပ်ယမ်းလျက် ကိုယ့်သေလမ်းကိုယ် ရှာကြတယ်! “
ဂိုဏ်းထောက်လီလည်း ဒေါသကြီးခဲ့လေပြီ။သူသည် အများ၏ ကြည်ညိုလေးစားခြင်းကို ခံရသော ဆရာတော်ဘုရား ဖြစ်ပြီး ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဟုလည်း မှတ်ယူနိုင်သည် ။
ခုမှ ဖုန်းဟွမ် နယ်မြေအဆင့်ပဲ ရှိသေးတဲ့ ပေါက်စ က သူ့လို သူတော်စင် ပညာရှင် နယ်ပယ်အဆင့် ရှိတဲ့သူကို တိုက်ချင်တယ်တဲ့လား?
ဒါသူ့ကို ဆွပေးလိုက်တာပဲ မဟုတ်ဘူးလား !
သူ့နောက်က လေဟာပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး တဟူးဟူး အုံကြွလာသော ဝိညာဉ်စွမ်းအင်များသည် လျင်မြန်စွာ ကျယ်ပြန့်သွားသည်။
ထို့နောက် နေရာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
အော်ဟစ်သံ!
အဘိုးအို၏ ဝိညာဉ်စွမ်းအားဖြင့် စုရုံးထားသော ရှေးဟောင်း ဧရာမငှက်ကြီးသည် အော်ဟစ်လိုက်သည် ။
၎င်း၏ တောင်ပံများသည် လေဟာပြင်တစ်ခုလုံးကို လှုပ်ယမ်းသွားခဲ့ပြီး ၊လေဆင်နှာမောင်းကဲ့သို့ ဝိညာဉ်စွမ်းအား မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လေဟာပြင်ထဲတွင် ရက်စက်ကြမ်းကြုတ်သော
လေဆင်နှာမောင်းနှစ်ခုသည် တဟုန်းထိုး တတ်လာပြီး ၎င်း၏အရှိန်မှာ ကြောက်စရာကောင်းလှပေသည်။
သို့သော် ဒါနဲ့တင် မပြီးသေးပေ။
လေဆင်နှာမောင်းနှစ်ခုသည် ဓါးသွားများကဲ့သို့ အမွေးအတောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းသည် အေးစက်လွန်းပြီး အသွားထက်ပေသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဆီးနှင်းခဲ ဝိညာဉ် စွမ်းအင်များသည် လေထု အပူချိန်ကို ချက်ချင်း ကျဆင်းသွားစေခဲ့ပြီး ပူပြင်းသော နွေရာသီကနေ ဆီးနှင်းခဲရာသီ အဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်။
“ကောင်လေး၊ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ ဒါတောင်မှ ခေါင်းမာနေသေးရင် “
“ဒီနေ့၊ နာကျင်စရာကောင်းတဲ့ သင်ခန်းစာကို မင်း သင်ယူရလိမ့်မယ်! “
သူသည် စူးချန်ကဲကို တကယ် မသတ်ဝံ့ပေ။ ကွေးယွမ် သူတော်စင် နယ်မြေ ၏ ဂုဏ်သတင်းကို သူ သိသည်။ သူတို့ တကယ်ပဲ မုန်တိုင်းစတင်ခဲ့မည် ဆိုပါက သူတို့ ကွေးယီးဂိုဏ်း တစ်ခုလုံး ပေါင်းရင်တောင် သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
“ခင်ဗျားရဲ့ ဒီလိုသတ္တိမျိုး ဘယ်ကနေ လာလဲတောင် မသိဘူး”
စူးချန်ကဲသည် သူ၏ ညာဘက်လက်ဖြင့် ဓားကို ညွှန်ကြားကာ လေဟာပြင်ကို ခုတ်ထွင်းပစ်လိုက်သည်။
ကောင်းကင် တံခါးကို ဖွင့်ပေးသော ဓားနတ်ဘုရားကဲ့သို့ ၊ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ကောင်းကင်ယံသည် ကောင်းကင်နန်းတော်အဖြစ်သို့ ပြောင်းလဲသွားကာ ရောင်ခြည်များ ထုတ်လွှတ်ပေးနေခဲ့သည်။
“ခုတ်ထွင်းသံ!”
လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်သည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားပြီး၊ တခဏချင်းမှာပင် လေထဲတွင် ပေတရာရှည်သော ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။ဤဓားစွမ်းအင်သည် အလွန် ကြောက်စရာကောင်းလှသည်။
ဤအရာသည် သာမန်လူ လုပ်နိုင်သော ဓားရေးနည်း မဟုတ်ပေ။
ပေတစ်ရာရှည်သော ဓားစွမ်းအင်သည် ပေါင်းပင်များကို လွယ်လင့်တကူ ခုတ်ဖြတ်လိုက်သကဲ့သို့ အရာအားလုံးကို သုတ်သင်ပစ်လိုက်သည်။
ပြင်းထန်သော လေဆင်နှာမောင်းကြီးသည် ဓားစွမ်းအင်နှင့် ကြုံတွေ့လိုက်ရချိန်တွင် မျက်စိတမှိတ်အတွင်း ရပ်တန့်သွားခဲ့ရသည်။
ဓားစွမ်းအင်များ ပိုမိုပေါက်ကွဲလာသည်နှင့်အမျှ ပိုလို့တောင် ကွဲအက်သွားခဲ့သည်။၎င်းတို့သည် လေညင်းများအဖြစ်သို့ ပြောင်းလဲသွားကာ ပျံ့လွင့်သွားခဲ့ရသည်။
ဓားစွမ်းအင်ကြောင့် ထူထဲသောတိမ်များပင်လျှင် ကွဲအက်သွားခဲ့ရပြီး ကောင်းကင်နှင့် မြေကြီးတခွင်တွင် အလင်းတန်းတစ်ခုက ထွန်းလင်းတောက်ပလာခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံသြသွားကြသည်။ဒီလောက် စွမ်းအားကြီးမားတဲ့ ဆရာတော်ဘုရားရဲ့ တိုက်ခိုက်မှုကို ဒီလိုလွယ်လွယ်နဲ့ ဖြေရှင်းနိုင်ခဲ့တယ်ပေါ့?
“ခင်ဗျားက ဒီလောက်တောင် အားနည်းတာ၊
အသက်ကြီးတာကို ဗန်းပြပြီး ငယ်သူကို နိမ့်ချနေတာ သိပ်ရယ်စရာကောင်းတာပဲ”
စူးချန်ကဲသည် တစ်ဖက်သားကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်ကာ မထီမဲ့မြင်ပြုလိုက်သည်။
“ခွေးကောင်!”
ဂိုဏ်းထောက် လီ ၏ နဖူးပေါ်ရှိ သွေးကြောများပင်လျှင် ထောင်တတ်လာခဲ့သည်။သူသည် တာအိုဘာသာကို အနှစ်တစ်ထောင်ကျော် ကျင့်သုံးခဲ့ပြီး နောက်ဆုံးမှာမှ ကြည်ညိုလေးစားခံရသူ ဆရာတော် ဘုရား( ဘုန်းတော်ကြီး )တစ်ပါး အဖြစ် အဆင့်အတန်း တစ်ခု ရရှိလာခဲ့ခြင်း ဖြစ်သည်။
ခုလို စိတ်အနှောင့်အယှက် ဖြစ်စရာမျိုး ၊ သူဘယ်တုန်းက ကြုံတွေ့ခဲ့ရဖူးလို့တုန်း?
ရုတ်တရက်၊ ယခင်ကထက် ပိုမိုအားကောင်းသော ရက်စက်ကြမ်းကြုတ်သည့် ဝိညာဉ်စွမ်းအင် မုန်တိုင်းကြီးသည် တဖန် ဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် သူ၏ သိက္ခာကိုတောင် မစောင့်ထိန်းနိုင်တော့ပဲ စွမ်းအားများကို အစွမ်းကုန် ပေါက်ကွဲပစ်ဖို့ စီစဉ်ထားလေသည်။
“ကောင်စုတ်လေး၊ ဆရာတော် ဘုရားတစ်ပါးရဲ့ အမျက်ဒေါသက ဘယ်လိုလဲဆိုတာ ငါ ပြမယ် ! “
စူးချန်ကဲသည် အေးအေးလူလူ ပြုံးပြလိုက်ရင်း ဆိုလိုက်သည်။
“ကျုပ်ဆက်ခံသူက ကြီးသူကိုလေးစားပြီး ငယ်သူကို ချစ်ခင်မြတ်နိုးတတ်တယ်၊ ကျေးဇူးပြုပြီး ခင်ဗျား အရင်စလိုက်ပါ”
“သေချင်နေတယ်ပေါ့!”
ဘုန်း!
ဆရာတော် ဘုရား၏ စွမ်းအားများသည် ပေါက်ကွဲထွက်လာခဲ့ပြီး ကြောက်စရာ ကောင်းသော ဝိညာဉ်စွမ်းအင်၏ ဖိနှိပ်မှုက ဖုန်းယွင် မြို့ရှိ အဆောက်အဦအချို့ကိုတောင် အလွှာလိုက် ကွဲအက်သွားစေခဲ့သည်။
ကောင်းကင်တခွင်တွင် ပြည့်နှက်နေသော ဆီးနှင်းခဲ ဝိညာဥ်စွမ်းအားသည် လူတိုင်း၏ အတွင်းအင်္ဂါများကိုတောင် အေးခဲလုနီးပါး ဖြစ်သွားစေသည်။
“အတော်ပဲ ကျုပ်ရဲ့ တာအိုသတ်ဖြတ်ခြင်းဗျူဟာကို စမ်းကြည့်လိုက်ဦး”
သူသည် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပြီး အပြုံးမပျက် ဆိုလိုက်သည်။
“ကောင်းကင်ဓား ၊ဒီတစ်ခေါက်တော့ သိုင်းပညာကို အဓိကအနေနဲ့ စမ်းကြည့်ရမယ်၊အဲ့လူအိုကြီးပါ တစ်လက်စတည်း အပြီးသတ်လိုက် “
“မှားသွားပြီဆိုတာ ခင်ဗျားကို သိစေရမယ်”
ကောင်းကင်ဓားသည် တစ်စုံတစ်ခုကို အာရုံခံနေပုံ ရကာ ပြတ်သားသော ဓားသွားသံ တစ်ခု
ထွက်ပေါ်လာသည်။၎င်းဓားသွားသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေပြီး ဓား၏ အလင်းရောင်ကြောင့် ဤကမ္ဘာကြီး၏ ကောင်းကင်လမ်းစဉ်ပင်လျှင် ညည်းညူခဲ့ရသည်။
စူးချန်ကဲသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ ရရှိခဲ့သော တာအိုသတ်ဖြတ်ခြင်းမှ သင်ယူခဲ့သော အရာများကို
ပြန်စဥ်းစားလိုက်သည်။
“တာအိုလမ်းစဉ် ဆိုတာ ဘာလဲ? လူသည် မြေကြီး၊ မြေကြီးသည် ကောင်းကင်၊ ကောင်းကင်သည် တာအို၊ တာအိုသည် သဘာဝတရားကို လိုက်နာသည်”
[T/N - လူသားတွေအနေနဲ့ သဘာဝတရားကြီးကို လေ့လာပြီး လိုက်လျောညီထွေစွာ နေသင့်တယ်၊ သဘာဝတရားကြီးရဲ့ နိယာမကို ချိုးဖောက်ပြီး မလုပ်သင့်တာတွေ လုပ်လာရင် ဘေးဥပါဒ် ဖြစ်စေမယ် ၊ ဥပမာ - မိုးအတု ရွာတာမျိုးတို့ ၊ .....ဒီထက်ပြောရရင် ရှည်မှာ ဒီလောက်ပဲ ]
“သာ့ရှန့် ဝူနိုင် ၊ အရာခပ်သိမ်း၌ ဝိညာဉ်များ ရှိသည်၊ ဤအရာကသာလျှင် ဉာဏ်အလင်းကို နိုးထစေမည် “
T/N - သာ့ရှန့်ဝူနိုင် - ခမ်းနားထည်ဝါသော မြင်ကွင်းသည် အတိအကျ ပုံသဏ္ဍာန်မရှိ ၊ အဖြူသည် ပိုပြီး ညစ်ပတ်လွယ်သည် ....]
“တာအိုသတ်ဖြတ်ခြင်း၏ ပထမအဆင့် ! “
“ဖြတ်စေ!”
စူးချန်ကဲသည် ခပ်တိုးတိုးလေး ဆိုလိုက်သည်။
တောက်ပသော ဓားစွမ်းအင်သည် ပရမ်းပတာကို အစပျိုးပေးလိုက်သလိုမျိုး ၊ ၎င်းသည် ခပ်သိမ်းကုန်သော အရာများကို တောက်ပစေပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော သိုင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ရွှမ်း!
ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်သည်မှာ ကမ္ဘာတစ်ခုလုံး မြည်ဟီးသွားပြီး အမှောင်ကျသွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ပတ်ဝန်းကျင် တစ်ခုလုံး အချိန်ခေတ္တ ရပ်တန့်သွားသကဲ့သို့ ကမ္ဘာတစ်ခုလုံးသည် မှင်ပန်းချီကား တချပ် အဖြစ်သို့ ပြောင်းလဲသွားပုံရပေသည်။
ဓားစွမ်းအင်သည် လေဟာပြင်ကို ဖြတ်သွားခဲ့ပြီး၊ထိုအဘိုးအို၏ ရုပ်သွင်သည် မျက်စိတစ်မှိတ်အတွင်း ဓားစွမ်းအင်ကြောင့် ကွဲထွက်သွားကာ တချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။
နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင် အလင်းတန်းသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ခွင်းသွားခဲ့ရာ၊ ကောင်းကင်ကြီးသည် အခိုးအငွေ့များဖြင့် ပြည့်နှက်သွားပြီး ဓားစွမ်းအင်သည် အပူအပင်ကင်းမဲ့စွာ တဟုန်းဟုန်း တောက်ပနေသည်။
အခိုးအငွေ့များ လွင့်စင်သွားပြီ ဖြစ်သော်လည်း ဆရာတော် ဘုရားကိုတော့ ဘယ်နေရာကမှ ရှာလို့ မတွေ့နိုင်တော့ချေ။
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။ လူတိုင်း ကျောက်ရုပ်သဖွယ် ဖြစ်နေပြီး၊စောနက ကြောက်မတ်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်သည် သူတို့၏ ရင်ကို တုန်လှုပ်သွားခဲ့ပုံရပေသည်။
အပိုင်း(၃၀) : ရတနာရှာပေးမယ့် ကြွက်ကလေးလော့ယန်
ဤကမ္ဘာကြီး၏ ကောင်းကင်လမ်းစဉ် နိယာမတရားကြီးသည် မြည်ဟိန်းသွားလေသည်။
ဧရာမ ဝိညာဉ်စွမ်းအင်များသည် ဖြေးဖြေးချင်း ပြန်လည်ဆုတ်ယုတ်သွားခဲ့လေပြီ။
ဆိုလိုသည်မှာ ဆရာတော် ဘုရားသည် လုံးလုံးလျားလျား သေဆုံးသွားခဲ့လေပြီ ဖြစ်သည်။
စွမ်းအားကြီးမားသောသူများ သေဆုံးသွားလျှင် ၊၎င်းတို့၏ ကျင့်ကြံစွမ်းအားများကို ဤကမ္ဘာမြေကြီးကို အစာအဖြစ် ပြန်ကျွေးလေ့ရှိသည်။ထိုအရာသည် ဤကမ္ဘာကြီးရှိ ကောင်းကင်လမ်းစဉ်၏ နိယာမပင် ဖြစ်သည်။
“လာရှုပ်နေတဲ့ ငါးတစ်ကောင်ကို သတ်နေရတာနဲ့ ၊အချိန်ဖြုန်းမိသလို ဖြစ်သွားတယ် မင်းလည်း စောင့်နေရတာကြာရောက်ပေါ့”
“လာရင်းကိစ္စ ပြန်ဆက်ကြစို့”
“အကယ်၍ မင်းရဲ့ ကျောက်စိမ်းဆွဲပြားကို လွှဲမပေးချင်သေးဘူးဆိုရင် ဒါဆိုမင်းလည်း သူ့လမ်းစဉ်အတိုင်း လိုက်ရလိမ့်မယ်”
စူးချန်ကဲသည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ရသလိုမျိုး သူ့အကြည့်သည် ခံစားချက်ကင်းမဲ့လွန်းသည်။
လော့ယန် နှင့် လော့ချင်းယွီတို့သည် ထိုအဖြစ်အပျက်ကြီးကို လက်မခံနိုင်သေးရာ၊ ဤအခိုက်အတန့်တွင် သူတို့ တကိုယ်လုံး တုန်လှုပ်နေကြသည်။
ဆရာတော် ဘုရားက ဒီလိုနဲ့ပဲ ကွယ်လွန်သွားပြီပေါ့လေ !
လော့ယန်သည် အံကြိတ်လျက် ရှုးရှုးဒိုင်းဒိုင်း ဆိုလေသည်။
“မင်း ငါတို့ ကွေးယီးဂိုဏ်းရဲ့ ဂိုဏ်းထောက် ဆရာတော်ကို သတ်လိုက်တာ၊မပြီးဆုံးနိုင်တဲ့ စစ်ပွဲကြီး ဖြစ်သွားမှာ မင်း မကြောက်ဘူးလား?”
စူးချန်ကဲက ရယ်လေသည်။
တဖက်လူသည် သူ့ကို အင်အားကြီးမားသော သာမန် သူတော်စင်အဖြစ် မှတ်ယူနေသည်မှာလည်း သဘာဝကျပေသည်။
သူသည် ကွေးယွမ် သူတော်စင်နယ်မြေ၏ ဆက်ခံသူဖြစ်သည်။သူ၏သဘောထားသည် ကွေးယွမ်သူတော်စင် နယ်မြေတစ်ခုလုံး၏ ဆန္ဒဆိုလည်း ဟုတ်ပေသည်။တဖက်က သူ့ကို လာပြီး စော်ကားမှတော့ ၊ ဒါ သူ့ရဲ့ ကွေးယွမ် သူတော်စင်နယ်မြေကိုပါ စော်ကားရာ မရောက်ပေဘူးလား။
သေခြင်းသည်သာ သူ့ကို တောင်းပန်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
“မပြီးဆုံးနိုင်တဲ့ စစ်ပွဲ?”
“ဘာကြောက်စရာ လိုလို့တုန်း?”
စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်ကို ပစ်လျက် ၊ သူ၏ ဝတ်ရုံမှာ လေနှင့်အတူ ကခုန်မျှောလွင့်လို့ နေသည်။စစ်ပွဲအပေါ် သူ့ကိုယ်သူ အရမ်းယုံကြည်မှုရှိနေပြီး တစ်လောကလုံးကို ကြီးစိုးခြယ်လှယ်ထားသည့် ဟန်ပန်ဖြင့်။
ဤအခိုက်အတန့်တွင် လော့ယန် တစ်ယောက် လုံးလုံးလျားလျား ကြောက်လန့်သွားခဲ့လေသည်။
မပြီးဆုံးနိုင်တဲ့ စစ်ပွဲလေ ၊ မပြီးဆုံးနိုင်တဲ့ စစ်ပွဲကိုလေ !
စစ်ခရာသံကြီး ထွက်ပေါ်လာသည်နှင့် တာအိုစစ်သည်များသည် သူသူကိုယ်ကိုယ် လက်နက်ဆွဲကာ တိုက်ခိုက်ရင်း ထိပ်သီး ဂိုဏ်းများ၏ ကမ္ဘာဖျက်စစ်ပွဲကြီး ဖြစ်သွားနိုင်သည်။
ရန်သူသည် လုံးလုံးလျားလျား မကျဆုံးသ၍ စစ်ပွဲသည် ဘယ်တော့မှ ပြီးဆုံးလိမ့်မည် မဟုတ်ချေ။
မသေမချင်း တိုက်ပွဲဝင်နေမည် ဖြစ်သည်။
အလောင်းကောင်များသည် တောင်သဖွယ် စုပုံထပ်လို့နေကာ သွေးချောင်းများ စီးနေပြီး၊ အာကာသပြင်မှာလည်း ကွဲအက်လျက်၊ သွေးများသည် မိုင်ထောင်ပေါင်းများစွာ စွန်းထင်းနေမည်။
ဤအရာမှာ မပြီးဆုံးနိုင်သော စစ်ပွဲပင် ဖြစ်သည်။
သို့သော်၊
တစ်ဖက်လူသည် ဒါကိုတောင် ဂရုမစိုက်ချေ။
တိုက်မယ်ဆိုတာနဲ့ အဆုံးထိ အဖော်ပြုကာ တိုက်ပေးမည့်ပုံပင်။
စူးချန်ကဲ၏ ယုံကြည်ချက်မှာ တကယ်ကို ကြောက်စရာကောင်းလှပေသည်။
ဒါ့အပြင် သူသည် ခုမှ ရာထူးတိုးခြင်း ခံထား ဆက်ခံသူ တစ်ယောက်သာ ဖြစ်သည်။အကယ်၍ သူသည် ဂိုဏ်းအပေါ် ဤမျှကြီးမားသော ဘေးဥပဒ်ကို ဆောင်ကျဉ်းလာမည်ဆိုပါက ၊ ဆက်ခံသူ ဆိုသည့် ရာထူးကို ဆုံးရှုံးလိုက်ရုံသာမက သူ၏ မိသားစုမှာလည်း ကပ်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
အခြေအနေကို ပြန်သုံးသပ်လိုက်ပြီး လော့ယန်သည် အသက်ပြင်းပြင်း ရှူလိုက်ကာ ဆိုလိုက်သည်။
“ငါ မင်းကို ဒီကျောက်စိမ်းဆွဲပြား လွှဲပေးမယ် ဆိုရင် ၊ ငါ့ကို လွှတ်ပေးမှာလား “
စူးချန်ကဲသည် အပြုံးမပျက် ပေါ့ပေါ့ပါးပါးကြည့်လိုက်သည်။
“ဒါပေါ့၊ငါ့အတွက်တော့ မင်းကို ငါ အခု သတ်သတ် မသတ်သတ် ဘာမှဖြစ်မသွားဘူး”
တကယ်တော့ စူးချန်ကဲ စိတ်ထဲ အဲ့လို မတွေးထားပေ။
“ချီးစားလိုက် ၊ ငါ ပြောတာက အခု ၊ နောက်ပိုင်းကို မပြောဘူး “
“ခုတော့ မင်းက ငါ့အတွက် ရတနာရှာပေးမယ့် ကြွက်ကလေး ဖြစ်နေသေးတယ်၊ အခုငါမင်းကိုသတ်လိုက်ရင် နောက်လာမယ့် အခွင့်အရေးတွေ ဘယ်လိုဖြစ်သွားမလဲ?”
“မင်းမှာ ကျန်ရှိနေတဲ့ တန်ဖိုးလေးကို ကောင်းကောင်း အသုံးချလိုက်စမ်းပါ!”
သူသည် အရှုံးပေါ်မည့် လုပ်ငန်းကို လုပ်မည် မဟုတ်။
လောကတွင် ဉာဏ်အမြော်အမြင်ဆုံး အရာမှာ ကောင်းကင်လမ်းစဥ်ပင် ဖြစ်သည်။မြေကြီးအောက် သုံးပေတူးရင်တောင် ကိုယ်နဲ့ မဆိုင်တဲ့ အခွင့်အရေးတွေကို ရှာမတွေ့နိုင်ချေ။
အဲ့အစား အခမဲ့တူးပေးမယ့် လိုသုံးတစ်ယောက်ကို ရှာလိုက်တာက ပို၍ကောင်းပေမည် ဖြစ်သည်။တစ်ဖက်လူက အခွင့်အရေး ရှာတွေ့သည်နှင့် သူသည် ဝင်စွက်ဖက်လိုက်ရုံသာပင်။
ထို့အပြင် ထိုကျောက်စိမ်းဆွဲသီးကို ရယူခြင်းသည် မစ်ရှင်ကိုလည်း ပြီးမြောက်စေမည် ဖြစ်သည်။
လော့ယန်သည် အံကိုကြိတ်ကာ ကျောက်စိမ်းဆွဲပြားကို စူးချန်ကဲဆီသို့ ပစ်လိုက်ရင်း
“ဒီ ကျောက်စိမ်းဆွဲပြားကို ငါ မင်းကို ပေးလိုက်မယ်၊ မင်း ကတိ မင်း စောင့်ထိန်းနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်!”
ရွေးချယ်မှု ပြီးမြောက်ကြောင်း ကြားသိလိုက်ရသည်နှင့် စူးချန်ကဲတစ်ယောက် အတော်လေးကျေနပ်နေခဲ့သည်။ ပြောရရင် သူသည် တာဝန်နှစ်ခု ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ တစ်ခုသည် သူ၏ ဂုဏ်သိက္ခာကို ထူထောင်ရန် ဖြစ်ပြီးနောက်တစ်ခုမှာ ကျောက်စိမ်းဆွဲပြားကို ရရှိရန်ပင် ဖြစ်သည်။
ကျောက်စိမ်းဆွဲပြားပေါ်ရှိ မတည်မငြိမ် ဖြစ်နေခဲ့သော ဝိညာဉ်မှာ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ကြည့်ရသည်မှာ ထိုဝိညာဉ်၏ ကိုယ်ထည်(ကျောက်စိမ်းဆွဲပြား)သည် သူ့ကိုယ်ပေါ်သို့ လွှဲပြောင်းခံလိုက်ရခြင်းကြောင့် ဖြစ်နိုင်သည်။
သို့သော် သူ ဂရုမစိုက်ပေ။သူ့၏ ရတနာရှာပေးမယ့် ကြွက်ကလေးသည် သူ့အတွက် ကောင်းမွန်သော အခွင့်အရေးများ ဖန်တီးပေးရန်သာ လိုအပ်သည်။
“နေဦး”
စူးချန်ကဲသည် လှည့်ထွက်သွားတော့မည့် လော့ယန်ကို တားဆီးလိုက်သည်။
လော့ယန် လန့်သွားသည်။ သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး စိတ်ထဲ ကျိန်ဆဲလိုက်သည်။
“ငါသိနေတယ် ဒီကောင် ငါ့ကို အလွတ်မပေးဘူးဆိုတာ! “
“ကိစ္စ အဆင်မပြေတော့လည်း ဆရာ့ကို အကူအညီ လှမ်းတောင်းယုံပေါ့!”
လော့ယန်သည် တွေးလိုက်သည်။ထိုမှသာလျှင် နောက်ကို ပြန်လှည့်ကြည့်ဖို့ ယုံကြည်ချက်ရှိလာခဲ့သည်။
“မင်းငါ့ကို အဲ့လောက်ထိ ကြောက်နေစရာမလိုဘူး”
“ငါက သရဲတစ္ဆေမှ မဟုတ်တာ 。”
“ငါ မင်းကို ပြောစရာတစ်ခု ရှိသေးတယ်၊ ဒီနေ့ကစပြီး ယွင်ရှင်းယန် နဲ့ မင်းရဲ့ စေ့စပ်ကြောင်းလမ်းက လုံးဝ ပျက်သွားပြီပဲ”
“ပြဿနာရှိလား?”
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အနီးနားရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။
သူသည် ယွင်ရှင်းယန်မှ တည်ခင်းဧည့်ခံခဲ့သောရေနွေးကြမ်းကို မှုတ်လိုက်ရင်း သောက်သုံးလိုက်သည်။ဤကမ္ဘာကြီး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဘုရင်ကြီးတစ်ပါးကဲ့သို့ပင်။
လော့ယန်သည် သူ့၏ လက်သီးများကို ကျစ်ကျစ် ဆုပ်ထားသည်မှာ အရိုးများ အက်ကွဲသွားမတတ်ပင်။
“သိပ်ကို အနိုင်ကျင့်လွန်းတယ်!”
သူ့ စိတ်ထဲ ကျိန်ဆဲလိုက်သည်။တဖက်လူသည် သူ့ဆီက အခွင့်အရေးကို ဖြတ်ခုတ်သွားရုံသာ မက သူ့ကို အရှက်ရစေခဲ့သည် ။
ဒီကောင်ကို လက်စားမချေနိုင်သ၍ ၊ ငါ လူ မလုပ်ဘူး!
ခဏကြာတော့ သူ့စိတ်တွေ ငြိမ်သက်သွားခဲ့ပြီ ဖြစ်ရာ လက်ကို ယှက်လျက် ဆိုလိုက်သည်။
“လူကြီးမင်း အမိန့်အတိုင်းပါပဲ”
စူးချန်ကဲ အနည်းငယ်တော့ အံ့အားသင့်သွားသည်။ ကံကောင်းခြင်း၏ သားတော်လေးသည် ဒီလောက်ထိ စိတ်ရှည်လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
သူ့ကို ကြမ်းတမ်းတဲ့ စကားတွေမပြောတော့ဘဲ၊ ထွက်ပြေးမယ်ပေါ့လေ?
စိတ်ဝင်စားဖို့ကောင်းတယ်၊ကံကောင်းခြင်းရဲ့ သားတော်လေး ဆိုတဲ့အတိုင်းပဲ။
“ကောင်းပြီလေ၊ဘာမှမရှိတော့ဘူးဆိုလည်း သွားတော့”
“ဟုတ်”
လော့ယန်သည် သူ့လက်ကို တဖန် ယှက်လျက် ဂါရဝပြုလိုက်သည်။သူ့စိတ်ထဲမှာတော့ အတော်လေး ဒေါသထွက်နေခဲ့သည်။
သူကလည်း ကောင်းကင် တစ်မိုးအောက်က ပါရမီရှင် တစ်ယောက်လေ၊ခုလောက်ထိ အရှက်ကွဲခဲ့ရလား?
သို့သော် သူယုံကြည်သည့်အရာ တစ်ခု ရှိပေသည်။
အသက်ရှင်နေသ၍ မျှော်လင့်ချက်ရှိသည်။သူသည် အနာဂတ်တွင် သန်မာလာသည်နှင့် အမျှ လက်စားချေနိုင်လိမ့်မည် ဖြစ်သည်။
စူးချန်ကဲသည် အဓိပ္ပါယ်ပါသော အပြုံးဖြင့် ပြုံးလိုက်သည်။လော့ယန်ကတော့ ထိတ်လန့်
တုန်လှုပ်စွာဖြင့် နှုတ်ဆက်ပြီး ထွက်သွားခဲ့လေသည်။
“ကိုယ့်ကိုယ်ကို ညဏ်ကောင်းလှပြီ ထင်နေတာ”
တဖက်လူသည် သူ့ကို သတ်ရန် ကြံရွယ်ထားသည်ကို သူ့ကိုယ်သူ ကောင်းကောင်းကြီးလျို့ဝှက်ထားနိုင်သည်ဟု ထင်နေခဲ့သည်။
တကယ်တမ်းတွင်၊ သေချာကြည့်မည် ဆိုပါက သူ၏ စိတ်ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသည့် အေးစက်မှုနှင့် လူသတ်ချင်စိတ်ကို
တွေ့နိုင်ပေသည်။
“ကြည့်ရတာ ငါ သူ့ကို ဒီလောက်ကြီးမားတဲ့ ထိုးနှက်ချက်ကို ပေးလိုက်ပုံရတယ်၊ကံကောင်းခြင်းရဲ့သားတော်လေးက ငါ့ကိုသတ်ဖို့ စာရင်းထဲတောင် ထည့်ထားပြီးပြီပဲ “
နှမျောစရာကောင်းစွာဖြင့်။
သူ့စိတ်ကို စူးချန်ကဲက ထိန်းချုပ်ထားခဲ့ပြီးပြီပင်။သူ၏ ကံကောင်းခြင်းများ ကုန်ဆုံးသွားသည်နှင့် သူသည် သေရပေလိမ့်မည်။
စူးချန်ကဲသည် ကံကြမ္မာဖတ် မျက်လုံးကို တိတ်တဆိတ် ပြန်လည်အသက်သွင်းလိုက်သည်။
ထို့နောက် ထွက်ခွာနေသည့် လော့ယန်၏ မြင်ကွင်းကို ကြည့်လိုက်သည်။
【လော့ယန်:ကံကောင်းခြင်းတန်ဖိုး:၁၉၆】
“မျှော်လင့်ထားသလိုပဲ၊ သူရဲ့ ကံကောင်းခြင်းကိုငါက လုယူလိုက်တော့ ၊ သူ့ရဲ့ ကံကောင်းခြင်းအမှတ်တွေ လျော့ကျသွားပြီပဲ”
“ဒီလောက်ထိ ကံကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ကြည့်ရတာ ဒီကောင်စုတ်လေးက ငါ့ကို အခွင့်အရေး ကြီးကြီးမားမားတွေဖန်တီးပေးမယ့်ပုံပဲ”
စူးချန်ကဲ အတော်လေး ပျော်နေသည်။တစ်ဖက်လူရဲ့ ကံကောင်းခြင်း တန်ဖိုးတွေက အများကြီး ကျန်နေသေးလေလေ၊ သူ့အတွက် ပိုကောင်းလေလေပင် ဖြစ်သည်။
သူ၏ မျက်လုံးထဲတွင် ရွှေဝါရောင် အလင်းတန်းများက စီးဆင်းနေသည်။သူသည် ကံကြမ္မာအသေးစိတ်ကို စစ်ဆေးကြည့်လိုက်သည်။
【လော့ယန်:ဖန်းယွင်မြို့က ပါရမီရှင်တစ်ဦး၊ချိန်းဆိုထားသည့် ပြိုင်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။သို့သော် ထိုအရာသည် ရှေ့ဆက် ရုန်းကန်မည့် သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ထိခိုက်မှုမရှိခဲ့ပေ ။သိပ်မကြာခင်မှာပဲ၊ သူသည် ထျန်းဟယ် နယ်မြေ ရှိ မြင့်မြတ်သော ရှေးဟောင်းတောင်တန်း တစ်ခုကို ဆုံတွေ့ခဲ့ရာမှ သူ့တစ်ဘဝလုံးကို ပြောင်းလဲပစ်နိုင်သော အခွင့်အရေးနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ 】
“မြင့်မြတ်သော ရှေးဟောင်းတောင်တန်း?”
“တစ်ဘဝလုံးကိုတောင် ပြောင်းလဲပစ်နိုင်တယ်?”
လတ်စသတ်တော့၊ ဒါလေးက အမြည်းပဲ ရှိသေးတာကိုး!
ကံကောင်းခြင်း၏သားတော်လေး ဆိုသည့်စကားအတိုင်း ကောင်းကင်လမ်းစဉ်၏ ချစ်မြတ်နိုးခြင်းကို ခံရသည်ဟု ဆိုရပေမည်။။
သို့ဖြစ်၍၊ အမှန်တကယ်ကို မယုံနိုင်စရာကောင်းသော အခွင့်အရေးတစ်ခု ရှိနေသေးခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်၊ သူသည် ၎င်းကို မသတ်သေးဘဲ လမ်းချန်ထားခဲ့လို့သာပေါ့၊ မဟုတ်ရင် နောက်လာမယ့် ဆုလာဘ်လေးတွေကို သူ ဘိုင်ဘိုင်ပြရတော့မယ် မဟုတ်လား?
ထွက်ခွာသွားပြီဖြစ်သော လော့ယန်ကို ကြည့်ရင်း စူးချန်ကဲ၏ ပါးစပ်ထောင့်တို့မှာ အပြုံးးတစ်ခုက လှစ်ဟသွားခဲ့လေသည်။
“လော့ယန်”
“ငါ့အတွက် ရတနာရှာပေးမယ့် ကြွက်ကလေး ၊ ငါကိုစိတ်ပျက်အောင်တော့ မလုပ်နဲ့!”