အခန်း (၃၁-၃၅)
Vol. 3 Ch. 31-35
အပိုင်း(၃၁) : ဧကရာဇ်မင်းနှစ်ပါး၏အမွေ၊တောင်းပန်မလား မပြီးဆုံးနိုင်တဲ့ စစ်ပွဲကို ဆင်နွှဲမလား
“သေသင့်တဲ့ အကောင်!”
ယွင်အိမ်နှင့် အဝေးတစ်နေရာ အရောက်တွင် လော့ယန်သည် သူ့ဘေးနားက ဧရာမ ကျောက်တုံးကြီးကို လက်သီးဖြင့် ရိုက်ချလိုက်သည်။
ကျောက်တုံးကြီးသည် ကွဲအက်သွားပြီး အမှုန်အမွှားများ အဖြစ်သို့ ပျံ့လွင့်သွားလေသည်။
သူ၏ မျက်လုံးများက ရဲတောက်နေပြီး၊ ဒေါသသည် သူ၏ ခေါင်းထိပ်ထိ ရောက်ချခဲ့လေပြီ။
"လော့ယန် ကိုကို ရှင်..."
ဘော့ချင်းယွီသည် သူမ၏ ချစ်သူကို နှစ်သိမ့်ရန် ရှေ့သို့ လှမ်းရန် ဟန်ပြင်လိုက်သော်လည်း
သို့သော် လော့ယန် ကိုယ်ပေါ်က မကောင်းသော အငွေ့အသက်ကြောင့် နောက်ပြန်ဆုတ်ခဲ့ရသည်။
သူမ အနည်းငယ် ကြောက်သွားခဲ့သည်။လော့ယန်ကိုကို၏ ဤကဲ့သို့ပုံစံမျိုးကို သူမ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ထိုအရာက သူမကို စိမ်းသက်စေကာ တခြားယောက်ျားတစ်ယောက် အလား ခံစားရစေသည်။
"လော့ယန် ၊ ဒီလောက်ထိ ဖြစ်ဖို့မလိုပါဘူး”
“ငါတို့ အပျက်အစီးတွေရဲ့တည်နေရာကို သိပြီးပြီလေ"
“ဧကရာဇ် ထျန်းဟယ်ရဲ့ အမွေတွေ အားလုံးကို ရရှိမယ့် အချိန်အထိပဲ စောင့်လိုက်ပါ၊အဲလူက မင်းရဲ့ ခြေထောက်အောက်က ကျောက်ခဲဘာသာပဲ ရှိတယ်"
လော့ယန်၏ စိတ်ထဲတွင် အသံတစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည် ။ ထိုအသံသည် ကျောက်စိမ်းဆွဲပြားထဲက
လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုပင်ဖြစ်သည်။
သူသည် တစ်ချိန်က ဧကရာဇ် ထျန်းဟယ်၏ ကျွန် တစ်ယောက် ဖြစ်ခဲ့ပြီး လုံရှန့် မဟာ သူတော်စင် တစ်ယောက်လည်းဖြစ်သည်။ဧကရာဇ် ထျန်းဟယ်သည် ထိုရှေးဟောင်းတိုက်ပွဲတွင် ကျဆုံးခဲ့ရပြီး ထျန်းဟယ် နယ်မြေ၏ ဂူဗိမာန်တွင် သဂြိုလ်ခဲ့သည်။
တစ်စုံတစ်ဦးသည် ၎င်း၏ အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်စေရန် အတွက် စမ်းသပ်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သည်။ထိုလုံရှန့် မဟာ သူတော်စင်သည် စမ်းသပ်စစ်ဆေးရာတွင် အဆုံးအဖြတ်ပေးရသူ ဖြစ်သည်။
"ဆရာ ခုနက ဘာလို့ သူ့ကို သင်ခန်းစာ မပေးခဲ့တာလဲ?"
"တကယ်လို့ ဆရာသာ ဝင်ပါခဲ့ရင်၊ ကျွန်တော်တို့လည်း ဒီလောက်ထိ ကံဆိုးမှာမဟုတ်ဘူး!"
လော့ယန်သည် ယခုအချိန်တွင် ဒေါသထွက်နေဆဲပင် ဖြစ်သည်။သူသည် ကံကောင်းခြင်း၏ သားတော်လေး တစ်ယောက်အနေဖြင့်၊ သဘာဝ တရားကြီးကို ဖိဆန်ကာ အသင့်တိုက်လာသော လေဖြင့် ရွှက်လွင့်ရင်း တစ်လျှောက်လုံး
အောင်ပွဲခံလာခဲ့သူ ဖြစ်သည်။
ဒီနေ့ရဲ့ အရှက်တရားသည် သူ့ကို တကယ်ကို စိတ်ဓာတ်ကျစေခဲ့သည်။
လုံရှန့်သူတော်စင်သည် ဘာမှတုံ့ပြန်မလာပေ။
၎င်းသည် တခဏတာ နှုတ်ဆိတ်သွားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ဖြေလိုက်သည်။
"ဆရာ ဝင်မပါချင်ခဲ့တာ မဟုတ်ဘူး"
"ဒါပေမဲ့ငါသာ ဝင်ပါခဲ့ရင်၊ မင်းတို့နှစ်ယောက်လုံး သေရလိမ့်မယ်"
" အဲ့မှာတုန်းက ပုန်းကွယ်နေခဲ့တဲ့ အထွတ်အထိပ် မဟာ သူတော်စင်တစ်ပါး ရှိနေခဲ့တယ်လို့ ငါခံစားမိတယ်၊သူက လျှို့ဝှက်ကာကွယ်သူပဲ ဖြစ်ရမယ်"
နောက်ထပ် သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာခဲ့သော်လည်း ၊ ထိုလေသံတွင်စိတ်ပျက်မှုများ ပါဝင်နေလေသည်။
သူနှစ်သက်ခဲ့ရသော ထျန်းဟယ်ဧကရာဇ်၏ အမွေခံ ဆက်ခံသူသည် တစ်ကြိမ်လေး ရှုံးနိမ့်ခဲ့ရုံဖြင့်၊ သူ၏ စိတ်နေသဘောထားမှာ ဒီလောက်ထိ ကြီးကြီးမားမား ပြောင်းလဲလာခဲ့သည်။
ဒီလိုစိတ်ဓာတ်မျိုးနဲ့ လူမျိုးက ငါ့သခင်ရဲ့အမွေနဲ့ ထိုက်တန်လေသလား။
လုံရှန့် မဟာ သူတော်စင်သည် ခေါင်းယမ်းရင်း ခါးသီးစွာဖြင့် ပြုံးလိုက်သည်။လော့ယန်သည် ကျရှုံးမှုတွေကြားကနေ ရင့်ကျက်လာမယ်လို့ ယုံကြည်ပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်တော့သည်။
"ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ”
“သူ့မှာ သူတော်စင် အသွေးအသား ပိုင်ဆိုင်ထားပုံရတယ်"
လုံရှန့် မဟာ သူတော်စင်သည် ယခုအချိန်တွင် သူသည် ဝိညာဉ် အကြွင်းအကျန် တစ်ခုသာ ဖြစ်သော်လည်း သို့သော် သူသည် ရှေးခေတ်ကနေ ယခုအချိန်အထိ ရှင်သန်နေခဲ့သူ ဆိုလည်း ဟုတ်ပေသည်။
ကွေးယွမ် သူတော်စင်နယ်မြေသည် အမြင်ထက် မရိုးရှင်းမှန်း သူ သိသည်။
သူသည် စူးချန်ကဲ၏ ဓားကို တဖန် ပြန်တွေးကြည့်လိုက်သည်။
အာကာသဟင်းလင်းပြင်ကို ဖြိုခွဲလျက်၊ ကောင်းကင်သို့ သွန်းလောင်းစေကာ၊
ဓားတစ်ချက်တည်းဖြင့် ဆရာတော် ဘုရားကိုသတ်လိုက်သည်မှာ၊ပြိုင်ဘက်ကင်းလှပေသည်။
“တကယ်ကို သန်မာအားကောင်းတဲ့ မျိုးဆက်သစ်တွေ ဆင်းသက်လာပြီပဲ "
တချိန်တည်းမှာပင်၊ ယွင် အိမ် ၊
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆက်ခံသူ !”
“ရှင်းယန် အတိုင်းအထက်လွန် ဝမ်းသာမိပါတယ် !”
ယွင်ရှင်းယန်သည် စူးချန်ကဲကို ဦးညွှတ်လိုက်သည်။ စူးချန်ကဲသာ မရှိခဲ့ပါက ၊ ကိစ္စသည် ဒီလောက်လွယ်လွယ်နဲ့ ပြေလည်သွားလိမ့်မည်မဟုတ်ပေ။
သူမသည် အစကတည်းက လော့ယန်အပေါ်ခံစားချက်မရှိခဲ့သလို၊မှားယွင်းခဲ့သည် အိမ်ထောင်ရေးသည် နောက်ဆုံးမှာတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ကိစ္စမရှိဘူး၊ ဘာမှမရှိတော့ရင် ငါ သွားပြီး ကျင့်ကြံလိုက်ဦးမယ်"
သူသည် တာဝန်နှစ်ခုကို ပြီးမြောက်ခဲ့ပြီး ၊သူ့ စွမ်းအားကို မြှင့်တင် တော့မည်ဖြစ်သည်။ အရေးအကြီးဆုံး အရာမှာ နောက်ဆက်လာတော့မည့် အခွင့်အရေးပင် ဖြစ်သည်။၊ ကံကောင်းခြင်း၏ သားတော်လေးဆိုသည့်အတိုင်း တကယ်ကို အရသာရှိလှပေသည်။
ယွင်ရှင်းယန်သည် ထွက်ခွာသွားသော စူးချန်ကဲကို ကြည့်ရင်း သူမ၏ မျက်ဝန်းတို့မှာ မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေလေသည်။
“ဆက်ခံသူက ဒီလောက်တောင် စွမ်းအားကြီးမားတာ ၊ ဒါတောင် အပြင်းအထန် ကျင့်ကြံဦးမှာတဲ့လား"
"ယွင်ရှင်းယန် နင်လည်း ဆက်ပြီး အားမထုတ်ရင် ၊နောက်ဆုံး ဆက်ခံသူရဲ့ နောက်ကျောလေးတောင် မြင်ခွင့်ရတော့မှာ မဟုတ်ဘူး"
ယ္ငင်းရှင်းယန်သည် စိတ်ထဲတွင် ညည်းညူလိုက်သည်။ စူးချန်ကဲသည် အလွန်ထူးချွန်သောသူ ဖြစ်သည်။သူမအနေဖြင့် ဘာမှ မတောင်းဆိုလိုပေ။ သူ့နောက်ကျောလေးကို ငေးခွင့်ရနေရင်ကို သူမ ကျေနပ်ရပြီ ဖြစ်သည်။
ကောင်းကင်ဘုံတွင် ပျံသန်းနေသော နဂါးတစ်ကောင်သည် နောက်ဆုံးမှာတော့ ဝေဟင်ထိ ထိုးတတ်သွားပြီး ကမ္ဘာကြီးကို ဆုတ်ဖြဲကာ သူ့ ကိုယ်ပိုင်ဒဏ္ဍာရီကိုဖန်တီးပေတော့မည်။
သူမမှာ ဒီလိုအတွေးမျိုး ရှိနေမှန်း စူးချန်ကဲသာ သိခဲ့ရင် လက်မထောင်ပြမိမှာ သေချာပေသည် -အတွေးအခေါ် ပညာရှင် ဆရာမကြီး ဆိုတဲ့အတိုင်း လိုက်ဖက်ပါပေတယ်!
အခန်းအတွင်း၌၊
စူးချန်ကဲသည် မှော်စက်ဝိုင်းစည်း ဖွင့်လိုက်သည်။
ထို့နောက် စနစ်ဘားကို ခေါ်လိုက်သည်။
【ဖန်ထျန်းလက်ဝါး:ဧကရာဇ်မင်း ပိုင်ကျန့်၏ နာမည်ကြီးသောသိုင်းကွက် ၊လက်ဖဝါး တစ်ချက်တည်းဖြင့် တိုက်(အာရှတိုက်/ဥရောပတိုက်) သုံးထောင်တွန်းထုတ်နိုင်ပြီး
လက်ဖြင့် ကောင်းကင်ကိုတောင်အထက်အောက် လှန်နိုင်သည် 】
“ဧကရာဇ်မင်း ပိုင်ကျန့်ရဲ့ သိုင်းကွက် ဆိုတဲ့အတိုင်း တကယ်ကို ထူးခြားလှပေတယ်!”
ဧကရာဇ်မင်း ပိုင်ကျန့်နှင့် ပတ်သတ်သော ဒဏ္ဍာရီမျိုးစုံ ရှိပေသည်။
ငယ်စဉ်ကတည်းက သူ၏ စွမ်းရည်သည် အလယ်အလတ် အဆင့်သာ ဖြစ်ပြီး၊ အသက်ဆယ့်ငါးနှစ်တွင် လင်ထျီ(စိတ်ဝိညာဥ်ခန္ဓာကိုယ် )နယ်ပယ်အဆင့်ကို စတင် ရောက်ရှိခဲ့သည်။အသက်နှစ်ဆယ့်ရှစ်နှစ်တွင် လင်ဟိုင် (စိတ်ဝိညာဥ်ပင်လယ်) အဆင့်၊ အသက်ငါးဆယ်အရွယ်တွင် ရှိန်ထုံ ( သာလွန် အဆင့်)၊
အသက်ငါးဆယ့်ကိုးနှစ် အရွယ်တွင် ဇီဖူ နယ်ပယ်အဆင့်ကိုသာ ရောက်ရှိနိုင်ခဲ့သည်...
ဤကဲ့သို့ အသုံးမဝင်သလောက် နီးပါး ရှိသော
လူတယောက်က ကံတရား၏ အရှင်သခင် ဖြစ်လာခဲ့သည်။
ဧကရာဇ်မင်း ပိုင်ကျန့်သည် ကိုယ့်အားကိုယ်ကိုးပြီး လေ့ကျင့်ခဲ့သူ တစ်ဦး ဖြစ်ပေသည်။မွေးဖွားလာချိန်မှစ ဧကရာဇ်မင်း ဖြစ်လာသည့် အထိ သူသည် မရေမတွက်နိုင်သော စမ်းသပ်မှုများ၊ဘဝ၏ သေခြင်းရှင်ခြင်း အခိုက်အတန့်တို့ကို
ဖြတ်သန်းခဲ့ဖူးသည်။
သူသည် စွမ်းအားကြီးသူများကို အဆက်မပြတ်စိန်ခေါ်လေ့ရှိပြီး၊ အကြိမ်တိုင်းက သေဖို့ လက်တစ်ကမ်း အလိုပင်။သူသည် အကြိမ်တိုင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည် ။ ဒဏ်ရာများကို ကုစားရန် အဝေးတနေရာသို့ထွက်သွားခဲ့ပြီး၊ ဒဏ်ရာများ သက်သာလာသည့်အထိ စောင့်ဆိုင်းခဲ့ပြီးနောက် သူသည် ဆက်လက် လေ့ကျင့်ခဲ့သည်။
သူသည် တိုက်ပွဲပေါင်း ရာကျော် ဆင်နွဲရင်းဖြင့်
သူ၏ အရည်အချင်းကို ပျိုးထောင်ခဲ့သည်။
ထိုကဲ့သို့ သာမန်လူတစ်ယောက်သည် နောက်ဆုံးထိ ရန်သူများအပေါ် အနိုင်သတ်ဖြစ်ကာ သူ့ကိုယ်သူ သက်သေပြခဲ့သည်။
ဤသို့ဖြင့် သူသည် ဧကရာဇ်မင်းမြတ်များကြားတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီး နောင်လာနောက်သား မျိုးဆက်များက သူ့ကို ပိုင်ကျန့်( စစ်ပွဲပေါင်းရာချီ)ဧကရာဇ်မင်း အဖြစ် သမုတ်ခဲ့သည်။
" သူတော်စင် တာအိုသန္ဓေသားလောင်း ခန္ဓာကိုယ်နဲ့သာဆို အစကတည်းက အစွမ်းထက်နေပြီ၊ ငါသာ ဒီသိုင်းကျမ်းကိုသာ အသုံးပြုလိုက်ရင် ဒီထက်အောင်မြင်လာလိမ့်မယ်!"
“ဖန်ထျန်း လက်ဝါးသိုင်းကို ရယူမည်”
ဝီ!
အလင်းတန်းတစ်ခုက သူ၏ စိတ်ထဲသို့ ဖျက်ခနဲ့ စီးဝင်သွားခဲ့သည်။
သူ့စိတ်ထဲတွင် အမျိုးမျိုးသော လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပြီး၊ မထင်မရှားသော တာအို လမ်းစဉ် မှော်သင်္ကေတများက သူ့စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် သူသည် ဖန်ထျန်းလက်ဝါးသိုင်းကို ကျွမ်းကျင်ခဲ့သည်။
“အသက်သွင်းစေ”
စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ လက်ဖဝါးကို ဖွင့်လိုက်သည်။ထိုလက်ဖဝါးပေါ်တွင် နဂါးတစ်ကောင်၏ သွေးချီစွမ်းအင်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့သည်။
သူ စည်းချထားသော အကာအကွယ်စည်း၏ ကန့်သတ်ချက်များသည် အစွမ်းထက်သော စွမ်းအားများ ရောက်ရှိလာခြင်းကြောင့် အလွန်အမင်း မတည်မငြိမ် ဖြစ်ကာ အရူးအမူး
တောက်လောင်နေခဲ့သည်။
အကယ်၍ သူသာ လက်ဖဝါးဖြင့် ရိုက်ချလိုက်မည်ဆိုပါက၊ ဤနယ်မြေတစ်ခုလုံး ချက်ချင်း ဆိုသလို အမှုန့်ဖြစ်သွားနိုင်သည်။
"ဒါပေမဲ့ ထျန်းဟယ် ဧကရာဇ်မင်းမြတ် ရဲ့ အမွေဆက်ခံရမယ့် အပိုင်းဆိုတာ ဘာများလဲ? "
ထျန်းဟယ် ဧကရာဇ်မင်းမြတ်နှင့် ပတ်သက်ပြီး သူသည် သိပ်နားမလည်ပေ။
ထိုဧကရာဇ်မင်းမြတ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သောကြောင့်၊ သူနှင့်ပတ်သက်သော ဒဏ္ဍာရီများမှာ ထွေထွေထူးထူး အသုံးမဝင်ချေ။
စူးချန်ကဲသည် သိုင်းစဉ်ကို လက်ခံပြီးနောက် ၊လေဟာပြင်တွေ အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
[ ထျန်းဟယ် ဧကရာဇ်မင်းမြတ်ရဲ့ အမွေကို ဆက်ခံရရှိသွားတဲ့ သင့်အား ဂုဏ်ပြုလိုက်ပါတယ် ၊
စိတ်ငြိမ်သက်ခြင်း ကျင့်စဉ် - ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ပြီး နှောက်ကျိနေသော အရာကို ကြည်လင်အောင် ပြောင်းလဲပေးသည်။စိတ်ကို အေးချမ်းစေသည့်အပြင် စိတ်ကိုအစာကျွေးတာ ခန္ဓာကိုယ်အတွင်းရှိ လည်ပတ်နေသော ဝိညာဉ်စွမ်းအင်ကို အရှိန်မြှင့်တင့်နိုင်သည် ]
“မဆိုးဘူး၊ စိတ်ကျင့်စဥ်တခုပဲ'
အပြင်မှာ ပရမ်းပတာဖြစ်နေတာကိုတော့ စူးချန်ကဲ တစ်ယောက် မသိခဲ့ပေ။
ထျန်းဟယ် တွင်၊စောနက ဖြစ်ပျက်သွားခဲ့သော ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ပွဲကြီး အကြောင်းကို လူများက ပြောဆိုနေခဲ့ကြသည်။
“ပေမင်တိုက်က လူကြီးမင်း တစ်ယောက်ရောက်နေတယ်ဆို!"
"ငါ့ရဲ့သူငယ်ချင်းတစ်ဦးက ယွင်အိမ်က အစေခံ မိန်းကလေးလေ၊သူမ ပြောတာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးမင်းက ကမ္ဘာမြေကြီးပေါ်ကိုဆင်းသက်လာတဲ့ အမတ အတိုင်းပဲတဲ့ ၊အရမ်းကို ချောမောလွန်းတယ်တဲ့!"
"အဲ့တိုက်ပွဲက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ ဆိုတာ မင်း မသိဘူးမလား၊ငါဆို ကမ္ဘာကြီးရဲ့ အဆုံးသတ်လို့တောင် ထင်သွားတာ "
"အဲဒီလူကြီးမင်းက အရမ်းကြောက်ဖို့ ကောင်းတာပဲ ၊ ထျန်းဟယ် နယ်မြေတစ်ခုလုံးကို ပြောင်းလဲပစ်တော့မယ့် အတိုင်းပဲ ! "
ထျန်းဟယ်ရှိ အင်အားစုများစွာသည်လည်း ချက်ချင်းပင်လျှင် စိတ်လှုပ်ရှားနေကြပြီး စူးချန်ကဲ နှင့် ဆက်ဆံရေးတစ်ခု ထူထောင်ရန် အစွမ်းကုန် ကြိုးစားလို့နေသည်။
စူးချန်ကဲ၏ အရှိန်အဝါသည် လက်တစ်ချောင်းလုပ်ရုံဖြင့် ထျန်းဟယ် တစ်ခုလုံးကို ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်အောင် ဖန်တီးနိုင်သည်။
သို့သော် ထျန်းဟယ်ထက် ၊ပေမင်တိုက်ကြီးတွင် လိုင်းတံပိုးများ ထနေခဲ့ပြီ ဖြစ်သည်။
ကွေးယွမ် ဘိုးဘေး နယ်မြေ၊
ဘိုးဘေးများသည် စူးချန်ကဲက ကွေးယီးဂိုဏ်း၏ ဂိုဏ်းထောက် ဆရာတော်ကို သတ်လိုက်သည့် ပုံရိပ်အား စောနလေးကပင် ကြည့်ပြီးခဲ့ကြပြီ ဖြစ်သည်။
“ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ?”
“ဟွန်း!ငါ့မျက်လုံးထဲမှာတော့ ကွေးယီးဂိုဏ်းက သူ့ဟာသူ သေလမ်းရှာတာပဲ! "
“ဟုတ်တယ် ၊ကွေးယီးဂိုဏ်းက သိပ်အနိုင်ကျင့်လွန်းတယ်၊ငါလည်း သူတို့နဲ့ ကောင်းကောင်း ကစားပေးရတာပေါ့ ! "
ကျင့်ကြံရေးလောကတွင်၊ မျိုးဆက်သစ် လူငယ်များကြားက သေခြင်းရှင်ခြင်း တိုက်ပွဲဆိုတောင်၊သူတို့ကိစ္စလို့ သတ်မှတ်လို့ရပေသည်။
ထိုအရာသည် ဤကမ္ဘာကြီး၏ အရင်ကတည်းက ရှိခဲ့သော စည်းမျဉ်းသာ ဖြစ်သည်။
အကယ်၍ မျိုးဆက်သစ် လူငယ်အားလုံးကို မျိုးဆက်ဟောင်း လူကြီးများက ပစ်မှတ်ထားနေမည် ဆိုပါက၊မျိုးဆက်သစ် လူငယ်များအတွက် အခွင့်အရေးဆိုတာ ရှိပါဦးမလား?
ကွေးယီးဂိုဏ်း၏ မျိုးဆက်ဟောင်းက အရင်ဦးဆုံး ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ဖြစ်သောကြောင့်၊သူသည် လူငယ်မျိုးဆက်သစ်၏
လက်စားချေခြင်းကို ခံရသည်မှာ သဘာဝကြပေသည်။
ဒါ့အပြင် ၊
သူတို့ရဲ့ ဆက်ခံသူက လူ့လောက အတွေ့အကြုံယူဖို့ ထွက်သွားတာတောင် မကြာသေးဘူး၊ ဒီလို ကိစ္စမျိုးနဲ့ ကြုံတွေ့ခဲ့ရတာ သူတို့အနေနဲ့ ပိုလို့တောင် ခွင့်မလွှတ်နိုင်သေးတယ်!
အောက်က ဘိုးဘေးများသည် ရာထူးအမြင့်ဆုံးဖြစ်သော ဘိုးဘေး သုံးယောက်ကို ငေးကြည့်နေပြီး၊ လေးယောက်မြောက် ဘိုးဘေးသည် သူတို့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည် ။
ထိုပုဂ္ဂိုလ်သုံးဦး၏ အရှိန်အဝါမှာ ဤကမ္ဘာကြီးတစ်ခုလုံးကို ပြိုကျသွားစေမယ့်အထိ ကြောက်စရာ ကောင်းနေခဲ့သည်။
ထိုလူအုပ်ကြီးထဲက စကားသံတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။
"ထုတ်ပြန်လိုက်၊ကွေးယီးဂိုဏ်းက ဂိုဏ်းထောက် ဆရာတော်က ငါတို့ရဲ့ ဆက်ခံသူကိုအနိုင်ကျင့်ခဲ့တယ် "
“အခု ငါ သူတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ် "
“တစ် ၊ ဒီကိစ္စအတွက် ကွေးယွမ်ဂိုဏ်း ကျေနပ်စေမယ့် ဖြေရှင်းချက်ကို ထုတ်ပြန်ပြီး တောင်းပန်ရမယ်"
“နှစ်”
၎င်းသည် ခဏရပ်တန့်သွားသည်။သူ၏ အကြည့်များမှာ အလွန်ပြတ်သားလှသည်။
"မပြီးဆုံးနိုင်တဲ့ စစ်ပွဲကို ဆင်နွဲမယ်"
အပိုင်း( ၃၂ ) : ဆက်ခံသူ၏ နာမည်သည် ပေမင်တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်
မြူခိုးမြူငွေ့များဖြင့် ဖုံးလွှမ်းနေသော တောင်တန်းကြီး၏ အလယ်တွင်၊ ကွေးယီး ဂိုဏ်း တည်ရှိသော နေရာပင်ဖြစ်သည်။
ပင်မခန်းမကြီး၏ အလယ်တွင် ကွေးယီးဂိုဏ်းခေါင်းဆောင်၏ မျက်နှာမှာ မှုန်ကုန်နေသည်။
“သောက်သုံးမကျတဲ့ကောင်!လူကိုအနိုင်ကျင့်လွန်းတယ်!"
ယခုအခိုက်အတန့်၊
ကွေးယီးဂိုဏ်းခေါင်းဆောင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤကမ္ဘာငယ်လေးပေါ်သို့ ၊ အားကြီးသော အဖျက် စွမ်းအားတစ်ခုက ရောက်လာသည့်အတိုင်း။
ကောင်းကင်ကြီးမှာ လှိုင်းထန်သွားပြီး ကြယ်စင်များ ကြွေကျလာသည်။
ခန်းမကြီးထဲမှ ကမ္ဘာကြီးကို အဆုံးသတ်တော့မည့်အတိုင်း ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါတစ်ခုက ထွက်ပေါ်လာခဲ့သည်။
သူ့ဘေးနားက အကြီးအကဲများအားလုံး အသက်ကိုတောင် ဝဝလင်လင် မရှုရှိုက်ရဲပေ။
သူတို့၏ ဂိုဏ်းခေါင်းဆောင်မှာ အလွန် ဒေါသထွက်နေမှန်း သူတို့ အားလုံး သိကြပေသည်။
ကွေးယီးဂိုဏ်း ခေါင်းဆောင်မှာ ဒေါသကြောင့် တကိုယ်လုံး တုန်ယင်နေပြီး မျက်နှာမှာ နီရဲလျက် မျက်လုံးများက ဒေါသ မီးလျှံများဖြင့် တဟုန်းဟုန်း တောက်လောင်နေသည်။
ခဏအကြာတွင် ၊ သူ၏ ဒေါသမှာ ဖြည်းဖြည်းချင်း ငြိမ်ကျသွားခဲ့သည်။
ကွေးယီးဂိုဏ်း ခေါင်းဆောင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ခန်းမထဲက အကြီးအကဲများကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်ရင်း
"အားလုံး ဒီကိစ္စကို ဘယ်လို လုပ်သင့်တုန်း? "
စကားအဆုံးတွင်၊အကြီးအကဲတစ်ဦးက ဒေါသထွက်နေသော မျက်နှာထားဖြင့် လူအုပ်ကြီးထဲကနေ ထွက်လာပြီး ဆိုလိုက်သည်။
"သူတို့လူကြောင့် ငါတို့ဂိုဏ်းက လူလည်း သေရတယ် ၊ဒါတောင် ငါတို့ကို တောင်းပန်ခိုင်းတယ် ၊ဒါလူကိုအနိုင်ကျင့်တာပဲ ! "
"တစ်ဖက်လူက တိုက်ပွဲစဖို့အထိ တွေးထားပြီးမှတော့ ၊ဒါဆိုလည်း တိုက်ကြတာပေါ့! "
"မှန်တယ်၊ငါတို့ ကွေးယီးဂိုဏ်းက ထိပ်တန်းအင်အားစု ဆိုလည်း ဟုတ်တယ်၊ဒီကွေးယွမ်ဂိုဏ်းက လူတွေက ငါတို့ ဂိုဏ်းကလူတွေကို
အနိုင်ကျင့်နေတာပဲမဟုတ်လား ? "
"ကျေးဇူးပြုပြီး ဂိုဏ်းသခင်၊ အမိန့်ပေးလိုက်ပါ ၊ ကျွန်တော် ခုချက်ချင်းပဲ ဂိုဏ်းသားတွေကို ဦးဆောင်ပြီး စစ်တိုက်ဖို့ ဆန္ဒရှိပါတယ်! "
တစ်ယောက်ချင်းစီ တုံ့ပြန်လာသည်နှင့် အမျှ ဒေါသများ ပေါက်ကွဲလို့ လာလေသည်။
သူတို့ဂိုဏ်းရဲ့ ဂိုဏ်းထောက်ကိုလည်း သတ်သေးတယ်၊ ဒါကို သူတို့က တောင်းပန်ခိုင်းတယ်တဲ့လား ၊ ဒါ တစ်ဖက်က သူတို့ကို ပျော့ညံ့တဲ့သူ အဖြစ် ဆက်ဆံနေတာမဟုတ်ဘူးလား။?
ရုတ်တရက် ၊ မိုးကုပ်စက်ဝိုင်းဆီမှ မိုးခြိမ်းသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကွေးယီး ဂိုဏ်းက တာအိုဘာသာကို ဒီလောက် နှစ်အကြာကြီး ကျင့်သုံးခဲ့တာတောင် ၊
ရောထွေးနေတုန်းလား!?"
အသံကြောင့် လူတိုင်း ထိတ်လန့်သွားခဲ့ရသည်။
၎င်းသည် ကွေးယီးဂိုဏ်း၏ ဘိုးဘေး ပင် ဖြစ်သည်။ ဒီအဖြစ်အပျက်က သူ့ကို နှိုးဆော်သလို ဖြစ်သွားခဲ့မယ်ဆိုတာ ထင်မထားခဲ့ပေ။
အဘိုးအိုသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး သူ့ဘေးပတ်ပတ်လည်က ရောင်ဝါများသည် အတော်လေး ကြောက်စရာ ကောင်းလှသည်။
ပင်မခန်းမကို ရောက်လာပြီ ဖြစ်သော အဘိုးအိုက လူအုပ်ကြီးကို တချက်ကြည့်လိုက်ရင်း ဆိုလိုက်သည်။
"ကွေးယွမ် သူတော်စင် နယ်မြေက အဲတုန်းကဖြစ်ခဲ့တဲ့ ကပ်ဘေးစစ်ပွဲမှာ လွတ်မြောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အင်အားစုပဲ"
"ငါ ကွေးယီး ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ အချိန်က သူတို့အတွက်တော့ မဆိုသလောက် အချိန်ပဲရှိတယ်"
"ဘာမှမဟုတ်တဲ့ ဂိုဏ်းထောက် တစ်ယောက်အတွက်နဲ့ စစ်ပွဲကိုစဖို့ မင်းတို့ သိပ် သတ္တိရှိနေတယ်ပေါ့ ! "
ငြိမ်သက်နေသော ကွေးယီးဂိုဏ်း အဖွဲ့ဝင်များကို မှုန်ကုတ်စွာဖြင့် တချက် ကြည့်လိုက်ရင်း အဖိုးအိုက ထပ်ဆိုလေသည်။
"ပြီးတော့ ဒါက မျိုးဆက်သစ် လူငယ်တွေ သူတို့ဘာသာ ဖြစ်တဲ့ ကိစ္စ ၊သူတို့ဘာသာ ရှင်းကြလိမ့်မယ် ၊ငါ ကွေးယီးဂိုဏ်းရဲ့ သခင်ငယ် လီဟန်ကရော သူတို့ဂိုဏ်းက ဆက်ခံသူထက် နိမ့်ကျမတဲ့လား? "
T/N - သခင်ငယ် က ဂိုဏ်းဆက်ခံသူလို့လည်း ဆိုလို့ရတယ်
" အဖျက်စွမ်းအား မီးတောက်ကို လီဟန် အောင်မြင်စွာ ထိန်းချုပ်နိုင်တဲ့ အထိ စောင့်လိုက်၊သူ့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ တင် မျိုးဆက်သစ် လူငယ်တွေရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မယ် ! "
"အဲ့အချိန်ကြမှ ၊ သူတို့နဲ့ ဖြေရှင်းလည်း နောက်မကျသေးဘူး! "
သူစကားပြောနေစဉ် အတွင်းမှာပင်၊ ဘိုးဘေး၏ မျက်လုံးများထဲမှ လူသတ်ချင်စိတ်ကို အတိုင်းသား မြင်တွေ့နေရသည်။
"ဘုရားသခင်က သေစေချင်ရင် ၊အရင်ဆုံး ရူးသွပ်အောင်လုပ်လိုက်ဦး!အဲ့အချိန်ကြရင် သွေးကြွေးကို သေချာပေါက်ပြန်ဆပ်မယ်!"
စူးချန်ကဲသည် သူ၏ ဖုန်းဟွမ် ကျင့်ကြံရေးစွမ်းအားဖြင့် ကွေးယီး ဂိုဏ်း၏ ဆရာတော် ဘုရား ဖြစ်သူ ဂိုဏ်းထောက်ကို သတ်ပစ်ခဲ့သည့် သတင်းမှာ ပျံ့နှံသွားခဲ့ပြီ ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအထိ၊ ထိုသတင်းသည် ပေမင်တိုက်ကြီး တစ်ခုလုံးကို ထိတ်လန့်စေခဲ့သည်။
ကျင့်ကြံခြင်းအဆင့် ကွာခြားလေလေ၊ ၎င်းတို့၏ အင်အားမှာလည်း အလွန် ကွာခြားကြောင်းကို သင်သိထားရပေလိမ့်မည်။
ဖုန်းဟွမ် ကနဦးအဆင့်သည် သူတော်စင်ပညာရှင်နှောင်းပိုင်း အဆင့်ကို သတ်ဖြတ်ခဲ့သည်။ ထိုအချင်းအရာသည် သာမန်လူသားတစ်ယောက် လုပ်နိုင်သောအရာမဟုတ်မှန်း တွေးကြည့်ရုံဖြင့်သိနိုင်သည်။
၎င်းတို့ကို ပို၍ ထိတ်လန့်စေခဲ့သည့် အရာမှာ ကွေးယွမ် သူတော်စင် နယ်မြေ၏ အင်အားပင် ဖြစ်သည်။
ကွေးယီးဂိုဏ်းကသာ မတောင်းပန်ပါက၊ သူတို့သည် မပြီးဆုံးနိုင်တဲ့ စစ်ပွဲကို ခင်းကျင်းမယ် ဆိုသည့်အကြောင်းကို ထုတ်ပြန်ခဲ့သည်။
ဟိုကြေညာချက်သည် ပေမင်တိုက်တစ်ခုလုံးအား ပြင်းအား အဆင့် ၈ ရှိသည့် ငလျင်ကြီး တစ်ခု လှုပ်ခတ်သွားသလိုပင်။
"အရမ်းကို သန်မာလွန်းတယ်! ကွေးယွမ်ရဲ့ ဆက်ခံသူမှာ ကောင်းကင်ကိုတောင် အံတုနိုင်တဲ့ ဘယ်လို အရည်အချင်းတွေတောင် ရှိနေတာတုန်း?"
“သူက သိပ်မကြာသေးခင်က လင်ဟိုင်(ဝိညာဉ်ပင်လယ်)နယ်ပယ်အဆင့်မှာ ရှိနေတာ၊အခုတော့ ဒီလောက်စွမ်းအားကြီးတဲ့ ဆရာတော်ဘုရားကိုတောင် သတ်နိုင်ခဲ့တာ!သူတော်စင် တာအို သန္ဓေသားလောင်းကိုယ်ထည်ဆိုတဲ့အတိုင်း တကယ်ကိုကြောက်ဖို့ကောင်းတာပဲ!"
"ဒါ့အပြင်၊ ကွေးယီး ဂိုဏ်းရဲ့ မျိုးဆက်ဟောင်းက မျိုးဆက်သစ်တွေကြားက ကိစ္စကို ဝင်ရောက်စွက်ဖက်ခဲ့တာလေ၊ဒီလိုလုပ်ရပ်က သူတို့ ပုံရိပ်ကို ထိခိုက်မသွားနိုင်ဘူးလား?"
"ကြည့်ရတာ ကွေးယွမ်ရဲ့ ဆက်ခံသူက အလွန်ထူးခြားပုံရတယ်၊မဟုတ်ရင်စစ်ပွဲကို စတင်ဖို့ သူတို့ ဒီလောက်ထိ တွန့်ဆုတ်နေမှာမဟုတ်ဘူး!"
"ဟုတ်တယ်ဆို !မပြီးဆုံးနိုင်တဲ့စစ်ပွဲ ဆိုတာကကမ္ဘာကြီးရဲ့ အဆုံးသတ်စစ်ပွဲလို့လည်း ပြောလို့ရတယ်!ကွေးယွမ်ရဲ့ ဒီတစ်ခေါက်လုပ်ရပ်က တကယ်ကို ကြီးစိုးချယ်လှယ်လိုက်တာပဲ!"
နေ့တစ်ဝက်မကျိုးခင်၊
ကွေးယီးဂိုဏ်း၏ အကြီးအကဲသုံးလေးယောက်က ကွေးယွမ်ကို တောင်းပန်ရန် ကြီးမားသောလက်ဆောင်များနှင့်အတူ ကွေးယွမ် သူတော်စင် နယ်မြေသို့ လာရောက်ခဲ့သည့် အကြောင်းကို ကြားသိလိုက်ရသည်။
ယခုအချိန်တွင်၊ ကွေးယွမ်၏ ဆက်ခံသူ နာမည်ကို လူတိုင်းကြားသိခဲ့ရပြီ ဖြစ်သည်။
စူးချန်ကဲသည် မရေမတွက်နိုင်သော လူများစွာ၏ အာရုံစူးစိုက်မှုကို ချက်ချင်းဆိုသလို ရရှိခဲ့သည်။
“ငါ မင်းကို တကယ်ကို လျှော့တွက်မိတာပဲ"
“ဒါပေမဲ့ ၊မင်း အားကောင်းလေလေ၊ မင်းကို အနိုင်ယူရတာ ပိုပျော်စရာ ကောင်းလေပဲ"
ချင်မင်းဆက် နန်းဆောင် အတွင်း၊
ချင်ထိုက်ယီသည် တရားထိုင်ဖျာပေါ်တွင် ထိုင်နေသည်။သူ၏ အားကောင်းသော ရောင်ဝါများသည် ဒြပ်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ နဂါးတစ်ကောင်၏ စွမ်းအားများသည် လေထဲတွင် ပြည့်လျှံသွားခဲ့ပြီး၊သူ့နောက်က ဟင်းလင်းပြင်ကြီးမှာ ကွဲအက်သွားခဲ့ရသည်။
လော့ရှဂိုဏ်း ၊
ချောမောလှပသော ဝတ်ရုံဖြူ အမျိုးသမီး တစ်ဦးသည် စူးချန်ကဲနှင့်ပတ်သက်သော အချက်အလက်များကို ဖတ်လို့နေသည်။
ကွေးယွမ် သူတော်စင် နယ်မြေသည် ၎င်းနှင့်ပတ်သက်သော အကြောင်းအရာများကိုကောင်းကောင်းကြီး လျှို့ဝှက်ထားနိုင်ခဲ့သည်။
သူမသိတာဆိုလို့ စူးချန်ကဲသည် သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်နှင့် ယခုတစ်ကြိမ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စသာပင်။
"ဒီလောက် အစွမ်းထက်တဲ့ ပါရမီရှင်မျိုးကို ငါ အခုမှ သိရသလား?"
"ဒါမှမဟုတ်၊ စူးချန်ကဲရဲ့ ပါရမီက ထင်ထားတာထက် ပိုကြောက်စရာကောင်းနေလို့ပဲ "
ဟွားချန်းကူ၊
ဖွံ့ဖြိုးသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးလေးများသည် ရေကန်ထဲတွင် ပျော်ရွှင်စွာဖြင့် ကစားနေကြသည်။ရေကန်ထဲက လှိုင်းလုံးကြီးများသည် ထိုအမျိုးသမီးလေးများ၏ ရင်ဘက်ထက် အဆပေါင်းများစွာ သေးပေသည်။
သူမတို့၏ လှုပ်ရှားမှုတိုင်းသည် ချစ်စရာကောင်းပြီး အဆုံးမရှိသော ဆွဲဆောင်မှုတို့ကို ပြသလို့နေသည်။
"မမ ၊တကယ်ကို နှမျောစရာပဲ ၊အစက ညီမတို့ ဟွားချန်းကူမှာ မကြုံစဖူး မောင်လေးတစ်ယောက် ရတော့မှာကို~ "
“ဟုတ်ပါ့၊ ဆက်ခံသူက အရမ်း ချောတယ်တဲ့၊ ဒီလိုလူမျိုးနဲ့ ပါ ပါ ပါ မချရတာ သိပ်သနားဖို့ ကောင်းတာပဲ "
"ဒါမှမဟုတ် ငါတို့ညီမတွေ သူ့ကို ပြန်ပေးဆွဲကြရင်ရော? "
“ငါ ပါမယ်! ဒါပေမဲ့ လူက တို့အရင်နော် ~"
လော့ဟယ်ဓားဂိုဏ်း၏ အထွတ်အမြတ် တောင်သည် ဇောက်ထိုးစိုက်နေသော ဓားတစ်ချောင်းနှင့် တူသည်။
သို့ဖြစ်၍ လော့ဟယ်ဓားတောင် ဟူ၍ လူသိများသည်။
တောင်ခြေတွင် လူငယ်လေး တစ်ဦး၏ ချွေးများသည် မိုးများ ရွာချနေသည့်အလား ရွှဲစိုနေပြီး၊ ခါးသီးသော မျက်နှာထားဖြင့် ဓားရေးလေ့ကျင့်နေလေသည်။
"ကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုး"
“တစ်သိန်း!”
“ဆရာ၊ ကျွန်တော် အကြိမ်တစ်သိန်းထိ ရအောင် ဓားရေးကျင့်ပြီးပြီ"
ဝူကျီအောက်ထျန်းမှာ စိတ်လှုပ်ရှားနေပုံရပေသည်။ သူခမျာ နောက်ဆုံးတော့ ဒီနာကျင်တဲ့ နေ့ရက်တွေကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်
ခိုင်းထျန်း ဓားအရှင်ကတော့ သူ့မျက်နှာကို တည့်တည့်ကြည့်ကာ မကြိုက်သည့် ဟန်ဖြင့် ဆိုလိုက်သည်။
"ဟွန်း! ပြီးသွားပြီဆိုတော့ အတော်လေး ပျော်နေတယ်ပေါ့ ဟုတ်လား?"
"စူးချန်ကဲကတော့ ဆရာတော် ဘုရား တစ်ပါးကိုတောင် ဓားနဲ့ ထိုးသတ်ပြီးပြီ၊မင်း ဓားရေး အကြိမ် တစ်သိန်းကျင့်ထားတောင် ၊ ဆရာတော် ဘုရား တစ်ပါးကို သတ်နိုင်မယ် မထင်ဘူး "
"သူများတွေ ဘယ်လိုဆိုတာ မြင်လား၊ငါ့ လော့ဟယ်ဓားဂိုဏ်းမှာ အနှိုင်းမဲ့ မျိုးဆက်သစ် လူငယ် ထွက်လာဖို့ ဝေးသေးတာပဲ၊ ဆက်ပြီး လေ့ကျင့်!နောက်ထပ် အကြိမ် တသိန်း! "
ခိုင်းထျန်းဓားအရှင်၏ စကားများကို ကြားလိုက်ရသည်နှင့် ဝူကျီအောက်ထျန်းခမျာ သေချင်စော်နံသွားသည်။
ဝမ်းနည်းစရာ ခံစားချက်က သူ့ကို သက်ပြင်းရှည်ကြီး ချစေရင်း ညည်းလိုက်သည်။
"ဘဝဆိုတာ အဆင်းအတတ်များသကိုး!"
အိမ်မှာ ငုတ်တုတ်ထိုင်နေတောင် ၊ ကံဆိုးမှုကနေ မရှောင်နိုင်ပါ့လားနော် !
အပိုင်း( ၃၃ ) :ရှီဝမ့်သာ့တောင်မှာ ဧကရာဇ်မင်းရဲ့အုတ်ဂူ ထွက်ပေါ်လာခဲ့ပြီ
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ယွင်မိသားစု စီစဉ်ပေးထားသော နန်းဆောင်ထဲတွင်နေထိုင်လျက်ရှိသည်။
"တံခါးခေါက်သံ"
တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီးနောက် ၊ယွင်ရှင်းယန်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဆက်ခံသူ သခင်၊လော့ယန် စောစောကပဲ ဖုန်းယွင်မြို့ကနေ ထွက်ခွာသွားခဲ့ပါတယ်၊ကြည့်ရတာ ရှီဝ့မ်သာ့ တောင်ကို ဦးတည်သွားနေပုံရတယ်"
“ငါသိပြီ"
စူးချန်ကဲသည် ပြန်လည် တုံ့ပြန်လိုက်ပြီး၊ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
အခိုးအငွေ့များက ပြန့်ကြဲနေသည်မှာ နတ်ကျွန်းစုကို ရောက်နေရသလိုပင်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ရောင်ဝါများ ဖြာထွက်နေပြီး ရောင်စုံတိမ်တိုက်များ ရစ်ဝဲနေသကဲ့သို့ပင်။
ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသော ရောင်ဝါများအပြင်၊၎င်း၏ဝတ်ရုံသည် လေနှင့်အတူ မျောလွင့်ကခုန်နေပြီး လျှို့ဝှက်ဆန်းကျယ်သော ခံစားချက်မျိုးကို ရရှိစေသည်။
သူ၏ မျက်နှာပေါ်က အမူအရာမှာ တည်ငြိမ်ဟန်ရှိသော်လည်း တစ်ခုခုကို တွေးနေမှန်း သိသာသည်။
"စိတ်ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံပြီးတဲ့နောက်၊ငါ့ရဲ့ စွမ်းအားက ပိုပြီးသန်မာလာသလိုပဲ၊ဧကရာဇ်မင်းရဲ့ သိုင်းပညာဆိုတဲ့အတိုင်းပဲ အတော်ထူးခြားပါပေတယ်"
စိတ်ကျင့်စဉ်ကို ကျင့်ကြံပြီးနောက်၊ဝိညာဉ်စွမ်းအားအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းသည် ပိုမို အားကောင်းလာခဲ့သည်။
စူးချန်ကဲကို ပိုပြီး ပျော်ရွှင်စေခဲ့သည့် အရာမှာ သူ၏ ရတနာရှာ ကြွက်ကလေးသည် နောက်ဆုံးတွင် ရတနာအမဲလိုက်ဖို့ လမ်းပြခဲ့ပြီဖြစ်သည် ။
“မပြောချင်လည်း ပြောရဦးမယ် ၊ဒီကောင်စုတ်လေး အရမ်း လန်းတယ်"
ရှီဝ့မ်သာ့ တောင်တွင် မရေမတွက်နိုင်သောတောင်များစွာ ရှိသည့်အပြင် ၊ရှေးဟောင်းသားရဲ တိရစ္ဆာန်များလည်း ရှိပေသည်။လူအများစုက ထိုနေရာတွင် ကံအခွင့်အလမ်းများကို ရှာဖွေချင်ကြသည်။ဤသည်မှာ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့်၊ သူ့တွင် ပရော်ဖက်ရှင်နယ်ကျသော ရတနာရှာ ကြွက်ပေါက်စလေး တကောင် ရှိနေခဲ့ပြီး လှည့်စားဖို့ လွယ်ကူခဲ့သည်။
စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိဘဲ စီးတော်ယာဥ်လှေဆီသို့ လျှောက်သွားကာ မှော်စက်ဝိုင်း တစ်ခုကို ဖွင့်လိုက်သည်နှင့် ဟာရီကိန်းလောက်ရှိသော လေပြင်းများတိုက်ခတ်လာခဲ့သည်။
ဘုန်း!
မှော်စက်ဝိုင်း၏ရွေ့လျားမှုနှင့်အတူ ဧရာမ စီးတော်ယာဉ် လှေကြီးသည် လော့ယန် ထွက်ခွာသွားသော ဦးတည်ရာအတိုင်း လိုက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ ရှီဝမ့်သာ့တောင်(လိုဏ်းဂူတစ်ထောင်) ၏ အနက်ရှိုင်းဆုံးတစ်နေရာတွင်
လော့ယန်သည် ဧကရာဇ်မင်းမြတ် အုတ်ဂူ၏ ကျောက်တံခါးရှေ့တွင် ရပ်နေခဲ့သည်။
"လော့ယန် ၊ဂူဗိမာန်ကို ဖွင့်ဖို့ အရမ်းစောမနေဘူးလား? "
“ကျောက်စိမ်းဆွဲပြားကလည်း မရှိတော့ဘူး၊ပြီးတော့ မင်းမှာလည်း အုတ်ဂူကို ဖွင့်ဖို့ စွမ်းအားကို အပြည့်အ၀ မရှိဘူး၊ ကမူးရှူးထိုးဖွင့်လိုက်ရင်
ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာလိမ့်မယ် "
“တစ်ယောက်ယောက်သာ တွေ့သွားခဲ့ရင်"
လုံရှန့် မဟာ သူတော်စင် စကားမဆုံးခင်၊ လော့ယန်က ဖြတ်ပြောလိုက်သည်။
"ဆရာ၊ ကျောက်စိမ်းပြားကလည်း သူများလုယူတာကိုခံလိုက်ရပြီ၊အခု ကျွန်တော်သာ ဒါကို မဖွင့်ရင် သူများတိုက်ခိုက်တာကို အရင်ခံရလိမ့်မယ် ! "
"ရုန်းရင်းဆန်ခတ် ဖြစ်သွားမယ်ဆိုတောင်၊ကျွန်တော်တို့က အရင်ဦးဆုံး ဝင်မှာလေ ၊သူတို့တွေ သတိထားမိတဲ့ အချိန် ၊ကျွန်တော်တို့က ဒီရဲ့ အမွေအနှစ်တွေကို အကုန်ယူပြီးသွားပြီ"
လော့ယန်သည် သူ့ကိုယ်သူ အတော်လေးယုံကြည်ချက်ရှိနေသည်။သူသည် အရင်ကတည်းက စီစဉ်ထားခဲ့ပြီး ဖြစ်ရာ၊ သို့ဖြစ်၍ ၎င်းနှင့် ပတ်သက်ပြီး လုံးဝ ယုံကြည်မှု အပြည့်ရှိပေသည်။
"ဒါပေမဲ့ လော့ယန်ကိုကို၊ဂိုဏ်းက ကျွန်မတို့ကိုပြန်ခေါ်နေပြီ ၊တကယ်လို့ အချိန်မီ ပြန်မရောက်ဘူးဆိုရင်.."
သူ့ဘေးနားက လော့ချင်းယွီ၏ မျက်နှာမှာစိုးရိမ်စိတ်များဖြင့် ပြည့်နှက်လျက်ရှိသည်။ကွေးယီးဂိုဏ်း၏ အကြီးအကဲများအားလုံး အလွန် ဒေါသထွက်နေကြသည် ဖြစ်ရာ၊ဂိုဏ်းကို ပြန်ရန် အချိန်ကြန့်ကြာသွားခဲ့မည် ဆိုပါက၊
သူတို့နှစ်ယောက်လုံး ပြင်းထန်သော ပြစ်ဒဏ်ကို ခံစားရနိုင်သည်။
“ချင်းယွီ!ကိစ္စက ဒီထိတောင် ရောက်လာပြီပဲ ၊ငါလက်လျှော့မယ်လို့ မင်းထင်နေလား?"
"ဒါပေမဲ့လော့ယန် ကိုကို"
"တော်တော့!အဲ့ကွေးယွမ်က ဆက်ခံသူကို ငါအနိုင်မရသရွေ့၊ ငါခြေဆန့်ပြီး အိပ်နိုင်မှာမဟုတ်ဘူး!"
လော့ချင်းယွီလည်း ဘာမှဆက်မပြောတော့ပေ။လော့ယန်သည် အရမ်းအရှက်ကွဲခဲ့ရသည်ကို သူမသိသည်။သူသည် ယွမ်အိမ်ကနေ ပြန်ရောက်လာပြီးကတည်းက တစ်ချိန်လုံး ဂဏှာမငြိမ်ဖြစ်နေခဲ့သည်။
လော့ယန်သည် ပြင်ဆင်မှုအချို့ကို အပြီးသတ်ပြီးနောက် ၊ သူသည် မန္တာန်တစ်ခုကို ဖြည်းဖြည်းချင်း ရွတ်ဆိုလိုက်သည်။
သူသည် အပြီးထိ ရွတ်ဆိုပြီးချိန်မှာတော့ ၊
ရုတ်တရက် ၊ဤကမ္ဘာမြေကြီး၏ ဖိနှိပ်အားအင်သည် ထိုးဖောက်ဝင်ရောက်လာပြီး ထျန်းဟယ် နယ်မြေ တစ်ခုလုံးကို တခဲနက် လွှမ်းခြုံထားလိုက်သည်။ထိုမျှကြောက်စရာ ကောင်းသော ဖိနှိပ်အားအင်ကြောင့် ထျန်းဟယ် နယ်မြေတစ်ခုလုံး တုန်ခါသွားခဲ့ရသည်။
ဘက်ပေါင်းစုံက တောတောင်၊မြစ်ချောင်းများ၏ ပင့်ရှိုက်လိုက်သံက ဤကမ္ဘာပေါ်ရှိ သက်ရှိမျိူးနွယ်များကို တုန်လှုပ်စေလောက်အောင်ပင်။
ထျန်းဟယ် နယ်မြေအတွင်းရှိ ပုန်းကွယ်နေခဲ့သော ရှေးဟောင်း စွမ်းအားများစွာလည်း
ထိုအရှိန်အဝါကြောင့် နိုးထလာခဲ့သည်။
"ဧကရာဇ်!ဒါ ဧကရာဇ်မင်းရဲ့ အရှိန်အဝါပဲ!”
မရေမတွက်နိုင်သော လူများစွာ ထိတ်လန့်နေကြပြီး မယုံနိင်စွာဖြင့် ကြည့်နေကြသည်။
တကယ်တမ်းတော့ ၊ ဤကမ္ဘာတွင် ကံကြမ္မာဆိုသည့် အရာမျိုး မရှိခဲ့သည်မှာ ကြာခဲ့ပြီပင်။သို့ဖြစ်၍ တစ်စုံတစ်ယောက်က ဧကရာမင်းဖြစ်လာရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤအရာမှာ ဧကရာဇ်မင်းမြတ်၏ အကြွင်းအကျန် သို့မဟုတ် အုတ်ဂူကနေ ထွက်ပေါ်လာသော စွမ်းအားဟု အတပ်ပြောနိုင်သည်။
ရှေးဟောင်းစွမ်းအားများ တည်ရှိရာ နေရာ ဖြစ်သောကြောင့် အားလုံး၏ မျက်လုံးများမှာ အလိုလောဘများဖြင့် ပြည့်နှက်နေလေသည်။
တကယ်လို့ ဧကရာဇ်မင်းမြတ်ရဲ့ အမွေအနှစ်တွေကို သူတို့သာ ရရှိခဲ့ရင်၊ သူတို့ရဲ့ ဘဝကြီးပြောင်းလဲမသွားပေဘူးလား !
ထိုအချက်ကို တွေးရင်း ၊ ကောင်းကင်ယံ၌ မရေမတွက်နိုင်သော အလင်းတန်းများက လော့ယန် ရှိရာ အရပ်ဆီသို့ ပျံသန်းလာကြလေသည်။
"ဧကရာဇ်မင်းရဲ့ ဂူသင်္ချိုင်းကို ဖွင့်လိုက်တာ ဒီလောက်တောင် ရုန်းရင်းဆန်ခတ် ဖြစ်ရတယ်ပေါ့?"
စီးတော်ယာဉ် လှေပေါ်တွင် ၊
လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အေးအေးဆေးဆေး မတ်တပ်ရပ်နေခဲ့သော စူးချန်ကဲပင်လျှင် အံ့သြနေသော အမူအယာဖြင့်
ထိုဦးတည်ရာဘက်ကို ငေးကြည့်နေခဲ့သည်။
ထိုဧရိယာတွင် မရေမတွက်နိုင်သော တာအို နီယာမများ ပေါင်းစပ်ကာ ရောယှက်နေပြီး တောက်ပသော တိမ်တိုက်များကြားတွင် မှုန်ဝါးသော ပုံရိပ်သဏ္ဍာန်တစ်ခု ရှိနေခဲ့သည် ။တစ်စုံတစ်ယောက်က ကမ္ဘာကြီးကို ထောက်ပံ့နေသလိုမျိုး ကောင်းကင်ကြီးအောက်တွင် ထီးထီးကြီး ရပ်နေသည်။
ရပ်နေသော ထိုပုံရိပ်သည် ဤလောကရှိ သက်ရှိအားလုံးကို အညံ့ခံပြီး သူ့ကို ကိုးကွယ်ဆည်းကပ်ခိုင်းစေသလိုပင်။
“ဆက်ခံသူ အဲဒါက!"
ယခုအခိုက်အတန့်တွင် ယွင်ရှင်းယန်လည်း စိတ်ငြိမ်သွားခဲ့ပြီး ဖြစ်ရာ၊ စူးချန်ကဲအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
စူးချန်ကဲသည် သူ့မျက်စိရှေ့က အပြောင်းအလဲများကို ကြည့်ရင်း သူ၏ နှုတ်ခမ်း ထောင့်စွန်းတို့မှာ မနေနိုင်ဘဲ အပြုံးများ လှစ်ဟသွားခဲ့သည် ။
ထျန်းဟယ် နယ်မြေတွင် ဧကရာဇ်မင်း အုတ်ဂူ ရှိနေတယ်လို့ သူတို့တွေ တွက်ဆထားကြောင်း ဖော့ကျွင်းဘိုးဘေးလည်း သူ့ကို ပြောခဲ့ဖူးသည်။ရတနာရှာ ကြွက်ကလေးကြောင့်သာ မဟုတ်ရင် ရှာမတွေ့နိုင်ပေမဲ့ပေါ့။
ဒါတွေအကုန်လုံးဟာ အဲ့လောက်ထိ ချောမွေ့လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ကျောက်စိမ်းဆွဲပြားထံမှ ရရှိသော အချက်အလက်များမှ တစ်ဆင့် စူးချန်ကဲသည် ဧကရာဇ်မင်း၏ အုတ်ဂူအကြောင်းနှင့် ပတ်သက်၍ နားလည်ဆုံးသူ တစ်ယောက်ဟု
ဆိုရပေမည်။
......
“နောက်ဆုံးတော့ !”
"နောက်ဆုံးတော့ ထျန်းဟယ်ဧကရာဇ်မင်းရဲ့ အမွေတွေအားလုံးကို ငါရပြီကွ!"
"စောင့်နေလိုက်စမ်း စူးချန်ကဲ !ငါ သေချာပေါက် မင်းကို သတ်မယ်!"
လော့ယန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။သူသာ ထျန်းဟယ် ဧကရာဇ်မင်း၏ အမွေများကို အောင်မြန်စွာဆက်ခံပြီးသည်နှင့်၊သူသည် တစ်ကျော့ပြန်ထလာနိုင်ပြီး ၊ထိပ်ဆုံးကို ရောက်နိုင်ရုံသာမက သူ့အရှက်အတွက် ပြန်လည် လက်စားချေနိုင်တော့မည်။
"လော့ယန်ကိုကို ၊ ဒါက တကယ်ပဲ ဧကရာဇ်မင်းကြီးရဲ့ အမွေအနှစ်ပဲ!"
လော့ချင်းယွီလည်း အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
ဧကရာဇ်မင်းတပါး၊ သူတော်စင်များထက် ကြောက်မက်ဖွယ်ကောင်းပြီး တန်ခိုးကြီးသူ!
ဒဏ္ဍာရီထဲကအတိုင်း တည်ရှိနေတဲ့ အရာကို ၊ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမလဲ?
“ချင်းယွီ၊ အပြင်ကနေငါ့ကိုစောင့်နေ"
သို့သော် လော့ယန်၏ ထိုစကားသည် သူမကို ရေခဲဂူထဲ ပို့လိုက်သလိုပင်။
လော့ချင်းယွီမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။လော့ယန်က သူမကို ပွေ့ဖက်လိုက်ရင်း ထပ်ဆိုလိုက်သည်။
"ချင်းယွီ၊မင်းက ငါအယုံကြည်ရဆုံးသူပဲ"
"ဒီတစ်ခေါက် အရမ်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်၊အင်အားစုတွေ အကုန်လုံးသေချာပေါက် သတိထားမိလိမ့်မယ်၊ဒါကြောင့် ငါ မင်းကို အပြင်မှာ နေစေချင်တာပါ"
"လော့ယန်ကိုကိုအတွက် အချိန်ဆွဲထားပေးချင်တာလား?"
လော့ချင်းယွီက မေးလိုက်သည် ။သူမ၏မျက်ဝန်းများမှာ စိတ်ပျက်နေဟန် ပုံပေါ်သည်။ သူမရင်ထဲက အမျိုးသားသည် သူမအပေါ် ဒီလိုဆက်ဆံလိမ့်မယ်လို့ သူမ ခုထက်ထိ မယုံနိုင်သေးပေ။
"အွန်း"
"ပြီးတော့ ထျန်းဟယ် ဧကရာဇ်မင်းရဲ့ အမွေအနှစ်တွေကို ကိုယ် မင်းနဲ့အတူ မျှဝေမှာပါ"
"ကိုယ်တို့ အတူတူ ဒီကမ္ဘာကြီးရဲ့ စွမ်းအားအကြီးမားဆုံး ပါရမီရှင်ဆိုပြီး ဖြစ်လာစေရမယ်
အမတစုံတွဲမောင်နှံ ဖြစ်လာပြီး မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပကြမယ် "
လော့ယန်သည် သူမ၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း သူ၏မျက်ဝန်းများမှာ ချစ်မြတ်နိုးသော အကြည်များဖြင့် ပြည့်နှက်နေသည်။
ချင်းယွီရင်ထဲ ခံစားသွားရသည်။
"စိတ်ချ! လော့ယန်ကိုကို!ကျွန်မ သေချာပေါက်သူတို့ကို တားထားမယ်! "
"အွန်း ၊ကိုယ်မင်းကို ယုံတယ် ၊ကိုယ်ပြန်လာတာကို စောင့်နေ "
သူသည် လော့ချင်းယွီ၏ ခေါင်းလေးကို ပွတ်သတ်လိုက်ရင်း၊ နောက်ပြန်လှည့် မကြည့်တော့ဘဲ အပျက်အစီးတွေကြားထဲကို ဝင်သွားခဲ့တော့သည်။
တကယ်တော့ သူ ခုနက ပြောခဲ့တဲ့ စကားများသည် ကိစ္စကို နှောင့်နှေးအောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။ သူသာ အဲ့လိုမပြောရင် အဲ့ကလေးမက သူ့ကို ကူညီမှာတယ်လား?
ဒါက ဧကရာဇ်မင်းကြီးရဲ့ အမွေအနှစ်တွေလေ!
သူ့လိုလူသည် ဤမျှ အံ့သြဖွယ်ရာ ကောင်းသော အမွေအနှစ်များကို အခြားသူအား ဝေမျှပေးလိမ့်မည်မဟုတ်ချေ။အဆင့်မြင့်ပါရမီရှင် ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးတည်းသာ ဤကမ္ဘာပေါ်တွင် ရပ်တည်နိုင်မည်။ထိုပုဂ္ဂိုလ်သည် သူသာလျှင် ဖြစ်နိုင်သည် ။
လုံရှန့် မဟာ သူတော်စင်သည် လော့ယန်၏ မျက်နှာပေါ်က ရူးသွပ်သော အကြည့်ကို မြင်တွေ့လိုက်ရချိန်၊ စိတ်ထဲ ကူကယ်ရာမဲ့စွာ ဖြစ်နေခဲ့ရသည်။
“သက်ပြင်းချသံ”
"ငါတကယ်ပဲ မှားသွားပြီလား?
သူသည် သက်ပြင်းရှည်ကြီးချလိုက်သည်။ကိစ္စက ဒီအထိ ရောက်လာမှာတော့ ရလဒ်ကောင်းတွေ ရပါစေလို့ ဆုတောင်းနေရုံသာ သူ တတ်နိုင်တော့သည်။
အပိုင်း( ၃၄ ) : မဟာသူတော်စင်၏ အရေးယူမှု
ရှီဝမ့်သာ့တောင်၊
ရှေးဟောင်းတောင်တန်းများ၏ အပေါ် ကောင်းကင်ယံထပ်တွင် နတ်အလင်းတန်းများ ရောယှက်လျက်၊မှော်အငွေ့အသက်များက မြင့်တက်လာပြီး၊တိမ်စိုင်များ ဟုန်းဟုန်းသောက်လျက် တောင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
အထူးသဖြင့်၊တောက်ပနေသော ရောင်ဝါများ၏ အလယ်ဗဟိုရှိ ရှေးဟောင်း တောင်တန်းကြီးသည် သဘာဝက ဖန်ဆင်းပေးထားသော ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ အကန့်အသတ်မဲ့စွမ်းအင်များက စုဝေးလို့နေသည်။
ကြီးမားကျယ်ပြန်သော ထိုစွမ်းအင်များက လူကို ကြောက်လှန့်တုန်လှုပ်စေသည်။
ထိုဧရိယာ၌ မရေမတွက်နိုင်သော ရှေးခေတ် စစ်သင်္ဘောများနှင့် သေတ္တာများ စုပုံနေသည်။၎င်းတို့ထဲမှ သူတော်စင် ပညာရှင်အဆင့် ပုဂ္ဂိုလ်များလည်းရှိပြီး ၊ ဒါတင် မဟုတ်သေးပဲ သာ့နိမ်(အနန္တတန်ခိုးရှင် )အဆင့် ရောက်ရှိနေသည့် ပုဂ္ဂိုလ်များလည်းရှိသည်။
၎င်းတို့အားလုံးသည် ထျန်းဟယ်နယ်မြေ၏ ထိပ်တန်း ရှေးဟောင်း အင်အားစုများပင် ဖြစ်ကြသည်။
သူတို့တွေထဲက တောင်နှင့် ပင်လယ်တွေကိုတောင် လောင်ကျွမ်းစေနိုင်ပြီး ယင်နဲ့ယန်ကို ပြောင်းပြန်လှန်နိုင်သည့်အထိ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များလည်း ရှိနေသည်။
“ရှေးဟောင်း အင်အားစုတွေ အားလုံး ဒီကိုရောက်နေကြပြီပဲ!"
"သာ့နိမ်(အနန္တတန်ခိုးရှင် )အဆင့် ပုဂ္ဂိုလ်တောင်ရှိတယ် !ထျန်းဟယ်ရဲ့ ကြောက်စရာကောင်းသော တည်ရှိမှုလို့တောင် ဆိုလို့ရတယ်၊
သူတို့တောင် ရောက်ချလာမှတော့ ၊ကြည့်ရတာ ငါတို့နဲ့ သက်ဆိုင်တော့မယ့်ပုံမပေါ်ဘူး "
"ကိစ္စတွေက ဒီထိတောင် ရောက်လာမှတော့၊အမှားကို ဆက်ကျူးလွန်ရုံပေါ့ "
"မတတ်နိုင်ဘူးလေ ၊ ဧကရာဇ်မင်းရဲ့ ဂူဗိမာန်က တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်!"
ဘုန်းတော်ကြီး တော်တော်များများ စိတ်ပျက်နေကြသည် ။မူလက ဧကရာဇ်မင်းမြတ်၏ အပျက်အစီးများ ပေါ်ထွန်းလာခြင်းသည် သူတို့အတွက် စိတ်လှုပ်ရှားစရာကောင်းသော အရာတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ထိပ်တန်းပုဂ္ဂိုလ်များ ရောက်ချလာသည်နှင့်အမျှ ၊ သူတို့အားလုံး မျှော်လင့်ချက် ကင်းမဲ့ခဲ့ရသည်။
ထိုပုဂ္ဂိုလ်များ၏ ပါးစပ်ထဲက အစာကို လုယူနိုင်ဖို့ဆိုတာ၊ နေခင်းကြောင်တောင်ကြီး အိပ်မက်မက်နေရသလိုပင်။
"မင်းတို့ပြောကြည့် ၊အဲ့မှာ ဧကရာဇ်မင်း တစ်ယောက်ဖြစ်ဖို့ တာအိုလမ်းစဉ်တွေ ရှိမယ်လို့ထင်လား။
“ငါ့အထင်တော့ ရှိနိုင်လောက်တယ်"
ဧကရာဇ်မင်း တစ်ပါးသည် ကမ္ဘာကြီးတစ်ခုလုံးကို ချုပ်ကိုင်နိုင်သည်။သို့ဖြစ်၍ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများ၏ နောက်ဆုံးပန်းတိုင်မှာ ဧကရာဇ်မင်းမြတ် တစ်ပါး ဖြစ်လာရန်သာ ဖြစ်သည်။
ဧကရာဇ်မင်းမြတ် တစ်ပါးဖြစ်အောင် မကျင့်ကြံနိုင်သူသည် ဒီတိုင်း ပုရွက်ဆိတ်သာသာပင် ဖြစ်သည်ဟု ဆိုရပေမည်။
သို့သော် ဒီကမ္ဘာကလူတွေ မသိကြသည့် အရာမှာ ဧကရာဇ်မင်းမြတ်သည် အမတ နတ်ဘုရားတွေ၏ မျက်လုံးထဲတွင် အနည်းငယ်ပိုကြီးသော ပုရွက်ဆိတ်တစ်ကောင်မျှသာပင်။
ဘုန်း!
ထိုအချိန်တွင် ကောင်းကင်ယံမှ မြည်ဟိန်းသံကြီးတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ထို့နောက်တွင် နတ်အလင်းတန်းများ ဖြာထွက်နေသည့် စီးတော်ယာဉ် လှေကြီးတစ်စင်းကို လူတိုင်း မြင်လိုက်ရသည်။
"အမ်! ဒီ စီးတော်ယာဉ် လှေကြီးက အရမ်း မကြီးမားလွန်းဘူးလား?လှေပေါ်မှာ တည်ဆောက်ထားတဲ့ နန်းဆောင်တွေကလည်း အရမ်းကို ခမ်းနားလွန်းတယ်! ဘေးပတ်ပတ်လည် ရစ်ဝဲနေတဲ့ နတ်အလင်းတန်းတွေတောင် ရှိသေးတယ်!"
"ဒီလောက် လက်ရာမြောက်တဲ့ ဆောက်လုပ်ပုံမျိုးကို တစ်ခါမှမကြားဖူးဘူး!"
“လှေပေါ်မှာ ချထားတဲ့ ဖွဲ့စည်းပုံက အရမ်းဆန်းကြယ်လွန်းဘူးလား? တောက်ယွင်ကိုတောင် ခံစားမိစေတယ် ! "
T/N - တောက်ယွင် - တာအိုပညာရှင်တစ်ယောက်တွင် စီးဆင်းနေသော စိတ်ခံစားချက်များ။
ထိုစကားသည် လူတော်တော်များများ၏ မျက်နှာကို ဖြူဖျော့သွားစေခဲ့သည်။တောက်ယွင် ဟူသော အရာကို အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များသာ ခံစားကြည့်နိုင်သည်။
ထို့အပြင် ၎င်းကို မှော်စက်ဝိုင်းထဲသို့ ပေါင်းစည်းနိုင်ရန် မြင့်မားသော နားလည်နိုင်စွမ်း ရှိမှသာလျှင် ဖြစ်နိုင်ပေသည်။ဒါတောင် အစွမ်းထက်ဆုံး လူတွေထဲက ပိုပြီး အစွမ်းထက်ဆုံးသူသာလျှင် လုပ်နိုင်သည်။
လှေပေါ်တွင် ရွှေချည်ဖြင့် ပြုလုပ်ထားတဲ့ အလံရှိပြီး ၎င်းပေါ်တွင် "ကွေးယွမ်" အက္ခရာ စာလုံးနှစ်လုံးကို ရေးထားသည်။
ကွေးယွမ်?
အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။ဒီလိုအစွမ်းမျိုးနဲ့က ဘယ်ကများပါလိမ့်?
ပျံသန်းလာသော စီးတော်ယာဉ် လှေသည် ဖြည်းဖြည်းချင်း ချည်းကပ်လာနေသည်ကိုအားလုံးမြင်လိုက်ရသည်။ အားလုံးထက် သာလွန်သော စွမ်းအားများဖြင့် ၎င်း၏ကိုယ်ဟန်အနေအထားမှာ ကမ္ဘာမြေကြီးကို ငုံ့ကြည့်နေသော ရှင်ဘုရင်တစ်ပါး ကဲ့သို့ ပင်။
“မိုက်ရိုင်းလိုက်တာ!”
“ဒီရဲ့အပြုအမူက ငါတို့ကို အလေးအနက်မထားဘူးလို့ ဆိုလိုတာလား?"
" လှေကို ငါ့ခေါင်းပေါ်ကနေတောင် ဖြတ်ပြီး စီးရဲတာ ၊ဒီလိုသတ္တိမျိုး ဘယ်ကနေ ရလာလဲဆိုတာ ငါစောင့်ကြည့်ဦးမယ်!"
ဖုန်းဟွမ်အဆင့်ရှိသူက အေးစက်စွာ ဟစ်အော်လိုက်သည်။ထို့နောက် ၎င်း၏လက်ထဲတွင် ဝိညာဉ်စွမ်းအင်များကို စုဆောင်းလိုက်ပြီး စူးချန်ကဲ၏ စီးတော်ယာဉ် လှေဆီသို့ ဦးတည်လိုက်သည်။
သို့သော် သူ့အနား မရောက်ခင်မှာပဲ ၊ လှေထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ။
"သွားစမ်း! "
ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပြီး အာကာသပြင် တစ်ခုလုံးကိုပါ မြည်ဟိန်းသွားစေခဲ့သည် ။
ထိုဖုန်းဟွမ်အဆင့်ရှိသူ ပုဂ္ဂိုလ်၏ ပါးစပ်ထဲမှ သွေးများ စီးကျလာခဲ့သည်။
သူ့ခန္ဓာကိုယ် ဘေးပတ်ပတ်လည်က အကာအကွယ် စည်းမှာ မှန်တစ်ချပ်လို ကွဲအက်သွားပြီး သူ့အား ရိုက်ခတ်ခဲ့သော စွမ်းအင်လှိုင်းလုံးကြီးမှာ ယခုထက်ထိ လျော့ကျမသွားခဲ့ပေ။
ဘုန်း!
၎င်းစွမ်းအင်လှိုင်းလုံးကြီးကြောင့် သူသည် လွင့်စဉ်သွားပြီး ၊သူ့ခန္ဓာကိုယ်သည် တောင်ထိပ်ကို ပြင်းပြင်းထန်ထန် တိုက်မိသွားသည်မှာ အခိုးအငွေ့ တလုံးလုံးဖြင့် တောင်များပင် ပြိုကျ
သွားခဲ့ရသည်။
ဖုန်းဟွမ်အဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ယောက်သည် အပျက်အစီးများထဲတွင် ခွေးသေတစ်ကောင်လို လဲလျောင်းနေရသော မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားခဲ့ရသည်။
ထိုလူ၏ အသက်ရှူသံမှာ ရှုပ်ထွေးသွားပြီး ၊
တန်းထျန်းအမှတ်မှာ ကျိုးသွားခဲ့ရသည်။
T/N - လည်ပင်းအောက် သုံးလက်မခန့် အဲ့မှာ ရှိတဲ့ အမှတ် ၊အပ်စိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ စိုက်ရမယ် ဆိုသလိုပေါ့
“ဂလု”
အားလုံး ကိုယ့်တံတွေးကို မျိုချလိုက်ကြသည်။
စကားတစ်လုံးတည်းနဲ့တင် ၊ မျက်စိတမှိတ်အတွင်း ဖုန်းဟွမ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို ဖိနှိပ်လိုက်နိုင်တယ်! ဒါ အရမ်းကို ကြောက်စရာကောင်းတာပဲ!
T/N - "သွားစမ်း"က တရုတ်လိုဆို တစ်လုံးတည်းရယ်
“ငါ့မျက်စိကန်းသွားတာလား?”
"ဖုန်းဟွမ် အဆင့် ပုဂ္ဂိုလ်တစ်ယောက်က ဒီလို လွယ်လွယ်လေး မရှိတော့ဘူးတဲ့လား?"
"မဟုတ်လောက်ဘူးမလား၊အဲ့လူက ဆက်ခံသူ အလောင်းအလျာလို့ သတ်မှတ်လို့ ရတယ်၊ဒီလောက်တောင် အားပျော့ရသလား? "
"မင်း ခန့်မှန်းတာမှားနေပြီ၊သူက အားပျော့တာမဟုတ်ဘဲ ဟိုတစ်ယောက်က အရမ်း သန်မာလွန်းနေတာ! "
ထျန်းဟယ် မှ ဘုန်းတော်ကြီးများသည် ကောင်းကင်ယံတွင် ပျံသန်းနေသော လှေကို မော့ကြည့်လိုက်ကြသည်။ယနေ့ ၏ အဖြစ်အပျက်က သူတို့ကို အသိညဏ်သစ် ပွင့်သွားစေခဲ့သည်။
ထိုအချိန်တွင် စီးတော်ယာဉ် လှေ၏ နန်းဆောင်ထဲမှ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။
သူမသည် အရမ်းလှပပြီး သေမျိုးလောကထဲကို ရောက်ရှိနေသော အမတနတ်သမီးတစ်ပါးလို့တောင် ဆိုရပေမည်။
သူမသည် အေးစက်စွာဖြင့် ဆိုလိုက်သည် ။
"ဒီရဲ့ ဧကရာဇ်မင်းရဲ့ အုတ်ဂူက ကျွန်မ ဆက်ခံသူ သခင်ရဲ့ အပိုင်ပဲ "
" ဆက်ခံသူ သခင်က ပြောတယ် ၊ရှင်တို့ ထွက်သွားဖို့ ဆယ်စက္ကန့် အချိန်ပေးမယ်တဲ့ "
ယွင်ရှင်းယန်သည် အောက်ကလူများကို အေးစက်စွာဖြင့် ကြည့်လိုက်ရင်း ဆိုလိုက်သည်။
"တကယ်လို့ စကားနားမထောင်ရင် ၊ကိုယ့်အပြစ်နဲ့ကိုယ်သာ ခံကြတော့"
ထိုစကားကို ကြားတော့ အားလုံးက နှာရှုတ်သည် ။
တဖက်လူက ဧကရာဇ်မင်းရဲ့ အမွေတွေကို သူသူ တစ်ယောက်တည်း လက်ဝါးအုပ်ချင်နေတယ်တဲ့လား?!
“သေလိုက်!”
“နားထင်သွေးရောက်ပြီး၊ကိုယ့်သေလမ်းကိုယ် ရှာတယ်!”
"ထျန်းဟယ်ရဲ့ ရှေးဟောင်းအင်အားစုတွေ အားလုံးဒီမှာရှိနေတယ်၊ဒီလိုမျိုး စကားကို ကြီးကြီး ကျယ်ကျယ်ပြောနေတာ ၊ မင်းလျှာ ပြတ်သွားမှာကို မကြောက်ဘူးလား ! “
“ဟွန်း!သူနဲ့ စကားအများကြီး ပြောနေစရာ မလိုဘူး၊ ငါ အခုချက်ချင်း သူ့ကို အမြစ်ဖြတ်လိုက်မယ် "
ရှေးဟောင်း အင်အားစု အကုန်လုံး အမျက်ဒေါသထွက်ခဲ့ကြသည်။ကွေးယွမ်သူတော်စင်နယ်မြေသည် ဘယ်လိုစွမ်းအားမျိုးရှိလဲဆိုတာ သူတို့ နားမလည်ခဲ့ကြပေ။
သူတို့နည်းတူ လျို့ဝှက်အင်အားစု တစ်ခုသာ ဖြစ်သည်ဟု မှတ်ယူခဲ့သည်။ဒီလောက်တောင် အထက်စီးဆန်တာ၊ သို့ဖြစ်၍ တဖက်လူ၏ အထက်စီးဆန်မှုအပေါ် သူတို့အားလုံးသည် သေချာပေါက် ပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည်။
သူတော်စင် ပညာရှိ အဆင့် ကျင့်ကြံသူများနှင့် သာ့နိမ်(အနန္တတန်ခိုးရှင် )အဆင့် ကျင့်ကြံသူများထံမှ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
အမျိုးမျိုးသော ရောင်ဝါအလင်းတန်းများက ကောင်းကင်ယံထက်မှ ကျဆင်းလာပြီး ၊ အာကာသပြင်ကြီးမှာ တုန်ခါသွားကာ ၊ဝိညာဉ်စွမ်းအင်များသည် တဟုန်းဟုန်း တောက်လောင်လို့နေသည်။
အင်အားကြီးသူများ၏ စွမ်းအားများက ပေါက်ကွဲထွက်လာသည်နှင့်အမျှ၊ ရှီဝမ့်သာ့တောင် ရှိ တောင်တန်းများသည် ကြီးမားသော ထိတ်လန့်မှုကြီးတစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ တုန်ခါယမ်းလို့ နေသည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ လျှို့ဝှက်ဆန်းကြယ်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
"ဆက်ခံသူအရှင်က မင်းတို့အားလုံးကိုအခွင့်အရေးပေးခဲ့ပြီးပြီ"
"မင်းတို့က ငယ်သူကို အနိုင်ကျင့်ဖို့ ရွေးချယ်ခဲ့ပြီးမှတော့ ၊ ဒါဆိုငယ်တဲ့သူက ကြီးတဲ့သူကိုအနိုင်ကျင့်နေပါတယ် ဆိုပြီး လာအပြစ်မတင်နဲ့တော့! "
ဘုန်း!
ကြီးမားပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများ ရုတ်တရက် ကျဆင်းလာခဲ့ပြီး မှော်စွမ်းအားများက အကန့်အသက်မရှိ ဤကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။။
ကောင်းကင်၌ ပညတ်တရား၏ စွမ်းအားသည် တလက်လက် တောက်ပနေသော မှော်သင်္ကေတများနှင့် အတူ ရောနှောနေပြီး၊ လှိုင်းထန်နေသော ဝိညာဉ်စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်သည်။ အာကာသပြင်ကြီးတခုလုံးမှာ အစုတ်စုတ် အပြတ်ပြတ် ဖြစ်သွားခဲ့ရသည်။
ကြီးမားကျယ်ပြန့်သော ဝိညာဉ်စွမ်းအင်များသည် တဟုန်ထိုး ထကြွလာသည်နှင့်အမျှ ၊ ထောင်နှင့်ချီသော မိုးခြိမ်းသံများသည် ကောင်းကင်ယံထက်တွင် စုဝေးသွားကြကုန်သည်။
ကောင်းကင်ကြီးမှာ ပရမ်းပတာ ဖြစ်နေပြီး၊တောင်၊ မြစ် ချောင်း များမှာ ပြိုကျပျက်စီးသွားခဲ့ရသည်။
ရှိန့်ရမ်(မဟာ သူတော်စင်)တစ်ပါး၏ ဖိနှိပ်စွမ်းအားများ ကျဆင်းလာသည်နှင့် အမျှ၊ ကမ္ဘာပေါ်ရှိ အရာအားလုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရပြီး အရောင်များ ပြောင်းလဲသွားခဲ့သည် ။
T/ N - အပိုင်း ၂ တုန်းက ကျင့်ကြံရေး နယ်ပယ်အဆင့်တွေကို ဖော်ပြပေးပြီးပြီနော်
“ဒါက?!”
ထျန်းဟယ် နယ်မြေရှိ သက်ရှိသတ္တဝါများအားလုံး ဤမျှ အလွန် အစွမ်းထက်သော ရှိန့်ရမ်(မဟာ သူတော်စင်)တစ်ပါး၏ စွမ်းအားကို ခံစားလိုက်ရသည်နှင့် အားလုံး ဖြူဖျော့သော မျက်နှာများဖြင့် မြေပေါ်တွင် ဝပ်ကုန်ကြသည်။သူတို့သည် ကြောက်စရာကောင်းသော ၎င်း၏ ဖိနှိပ်စွမ်းအားကို မော်ကြည့်ရဲလောက်တဲ့အထိ မစွမ်းပေ ။
ဤသည်မှာ စူးချန်ကဲကို လျှို့ဝှက် ကာကွယ်ပေးသော ရှိန့်ရမ်(မဟာ သူတော်စင်) ကွေးယင်၏ လက်ချက်ပင် ဖြစ်သည်။
"အောက်ကမ္ဘာက ပုရွက်ဆိတ်လေးတွေက ငါ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူကို ခြိမ်းခြောက်ဝံ့သလား?"
“ဖိတ်ကြားတဲ့ အရက် မသောက်ရင် ၊ ပြစ်ဒဏ် အရက်သောက်ရုံပေါ့ !
“ငါ့လက်ဝါးစာကို မြည်းကြည့်လိုက်!”
ကွေးယင် မဟာသူတော်စင်သည် ရွှေဝါရောင်သန်းနေသော သူ၏ လက်ဖဝါးကို ပင့်တင်လိုက်သည်နှင့် ၊ ပျက်စီးခြင်း မိုးချိန်းသံသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။
ကြီးမားသော လက်ဖဝါးကြီးသည် တစ်လောကလုံးကို ဖုံးအုပ်ထားပုံရပြီး၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
“မြန်မြန်!”
" မှော်လက်နက်တွေကို မြန်မြန်ထုတ်ကြ၊မဟုတ် ရင် ငါတို့အားလုံး သေသွားလိမ့်မယ်!"
ထိုအခိုက်အတန့်တွင် ထိတ်လန့်နေသော လူများသည် မိမိကိုယ်ပိုင် မှော်လက်နက်များကို ထုတ်ယူပြီး စတေးကြကုန်သည်။
ပြိုးပြိုးပြက်ပြက် တောက်ပနေသော နတ်အလင်းရောင်သည် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားအောက်တွင် ခွန်အားအပြည့်ဖြင့် ကာကွယ်နေသော်လည်း၊စွမ်းအားနှစ်ခု ပြိုင်ဆုံတွေ့ချိန်မှာတော့ ပေါက်ကွဲထွက်ကာ၊ဤရဲ့ မြင်ကွင်းသည် အလွန်အံ့မခန်းဖွယ် ကောင်းလှပေသည်။
“မသေရုံတမယ် ရုန်းကန်ကြပေါ့ !"
ဘုန်း!
လက်ဖဝါးကြီးသည် အကြင်နာကင်းမဲ့စွာ အောက်သို့ ကျဆင်းလာခဲ့သည်။
အာကာသပြင်ကြီးသည် ရွဲ့စောင်းသွားပြီး ၊
တောင်များ ပြိုကျကုန်သည်။နတ်အလင်းတန်းသည် တဖြည်းဖြည်း ပျက်သုန်းသွားကာ ကောင်းကင်ကြီး၏ တာအိုလမ်းစဉ်မှာ ပေါက်ကွဲသွားသည် ။ ကြောက်မက်ဖွယ်ရာကောင်းသော ပေါက်ကွဲမှု လှိုင်းလုံးကြီးသည် ကမ္ဘာမြေပြင်ပေါ်သို့ ပြိုကျလာခဲ့သည်။
ကမ္ဘာကြီးသည် အေးသောရာသီဥတုတွင် ပုစဉ်းရင်ကွဲတစ်ကောင် တိတ်ဆိတ်နေသကဲ့သို့
ကြောက်ရွံ့မှုကြောင့် ငြိမ်ကျသွားသည်။
ဒီလောက်များပြားသော သူတော်စင် ပညာရှိ အဆင့် ကျင့်ကြံသူများနှင့် သာ့နိမ်(အနန္တတန်ခိုးရှင် )အဆင့် ကျင့်ကြံသူများ၏ ယခင်က စွမ်းအား အရှိန်အဟုန်မှာ ပုံပျက်သွားခဲ့လေပြီ။
ထိုလက်ဖဝါးကြီးအောက်တွင် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အပိုင်း(၃၅) : ဉာဏ်ကောင်းတဲ့လော့ယန် ၊သတို့သမီးကို သွေးထိုးလှုံဆော်ပေးတဲ့ ဆက်ခံသူ
မီးခိုးလုံးကြီးနှင့် ပေါက်ကွဲထွက်လာသော လေလှိုင်းလုံးကြီးက တလိပ်လိပ် တက်လာခဲ့သည် ။
အချိန်အတော်ကြာပြီးနောက် ၊ အရာအားလုံး ငြိမ်သက်သွားခဲ့သည်။
မျက်စိရှေ့က ဧရာမလက်ဖဝါးရာကြီးထဲက
ကြောက်မက်ဖွယ်ရာ ကောင်းသော ထိုမဟာ သူတော်စင်၏ ရောင်ဝါသည် လူတို့၏ နှလုံးကို တုန်လှုပ်စေခဲ့သည်။
"ဟူး!"
“အရမ်း အစွမ်းထက်လွန်းတယ်!"
"ဒါက ဒဏ္ဍာရီလာ မဟာ သူတော်စင်ရဲ့ စွမ်းဆောင်ရည်ဆိုတာလား ? "
မည်သူမှ အသက်မရှူဝံ့ကြပေ။ဤသူသည် အသက်သွေးကြော ပျက်စီးယိုယွင်းခြင်းမရှိသည့် အထွတ်အထိပ် မဟာ သူတော်စင်တစ်ပါးပင် ဖြစ်သည်။
“ကွေးယင် ၊ဆက်ခံသူ သခင်ကို နှုတ်ဆက်ပါတယ်!”
စကားအဆုံးတွင်၊ ဝတ်ရုံနက် လူလတ်ပိုင်း တစ်ဦးသည် လှေ၏ ကုန်းပတ်ပေါ်မှ ရုတ်တရက်ထွက်ပေါ်လာပြီး စူးချန်ကဲ၏ ရှေ့ မှောက်တွင် လေးစားစွာ ဒူးထောက်လိုက်သည်။
“လူကြီးမင်း အစဉ်အလာတွေ ထားလိုက်ပါ”
“ဒါက အသေးအဖွဲကိစ္စပါ၊ ဒါပေမဲ့ ခုလို ဂရုစိုက်ပေးတဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
စူးချန်ကဲသည် အပြုံးကို ဝင့်လျက် ရင်းနှီးဖော်ရွေစွာ ချဉ်းကပ်လိုက်သည်။
"ဆက်ခံသူအတွက် တာဝန် ထမ်းဆောင်ရတာ ကျွန်တော်အတွက်တော့ ဂုဏ်ယူစရာပါပဲ! "
လူတိုင်းပြောနေကြသည့် ဆက်ခံသူသည် သူ့အပေါ် အလွန်ယဉ်ကျေးစွာ ဆက်ဆံပေးတာကို မြင်ရတော့ ရင်ထဲ ဟက်ထိသွားလေသည်။ယခုလို ဆက်ဆံခံရလိမ့်မယ်လို့ ကွေးယွမ် မဟာသူတော်စင်မှာ ထင်မထားခဲ့ပေ။
သူ၏ မျက်လုံးထဲတွင် စူးချန်ကဲ၏ အရည်အချင်းသည် အလွန် ကြောက်စရာကောင်းပေသည်။နောင်တွေ ဤကမ္ဘာကြီးကို ကျော်လွန်ပြီး အောင်မြင်မှုများက သေချာပေါက် ရလာပေလိမ့်မည် ။သို့သော် သူသည် မာနကိုရှေ့တန်းမတင်ဘဲ မိမိထက်အသက်ကြီးသူများအပေါ် လိမ္မာယဥ်ကျေးစွာဆက်ဆံနေသော ၎င်း၏ ထူးခြားသော ဆွဲဆောင်မှုက လူကို စွဲလန်းစေခဲ့သည်။
"ဒီသူတော်စင် ဘာလို့ ဒီလောက်တောင်ထူးဆန်းနေတာတုန်း?"
"ငါ့ကို ကြည့်နေတဲ့ သူ့ အကြည့်တွေက ရွှန်းရွှန်းဝေနေတာပဲ"
စူးချန်ကဲခမျာ ဆက်တောင်မတွေးရဲတော့ပေ။
ဒါကြီးက သိပ်ကြောက်စရာကောင်းတာပဲ!
ထိုမြင်ကွင်းကို ကြည့်နေကြသော အင်အားစုများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
မဟာ သူတော်စင်နော်!ဒါက ဒဏ္ဍာရီလာ မဟာ သူတော်စင် တစ်ပါးနော် !
မဟာ သူတော်စင်အောက်က သူများသည် ပုရွက်ဆိတ်သာသာပင် ဖြစ်သည် ။
ဒါပေမဲ့ ဒီလို ဒဏ္ဍာရီလာ မဟာ သူတော်စင်တစ်ပါးက တကယ်တော့ ဒီလူငယ်လေးရဲ့ ကာကွယ်စောင့်ရှောက်ပေးသူတဲ့လား?
ထိုအရာသည် သူတို့အားလုံးကို ခေါင်းစားစေခဲ့သည် ။ဒီလို မဟာသူတော်စင်တစ်ပါးကိုတောင်
သတ်တော်စောင့်အဖြစ် ခိုင်းစေနေတယ်တဲ့လား?ကျန်တာတော့ သူတို့ ဆက်တောင် မတွေးရဲတော့ပေ။
စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ၊ အောက်က လူများကို ဂရုမစိုက်ဟန်ဖြင့် ငုံ့ကြည့်လိုက်ရင်း ဆိုသည်။
"အခုရော မကျေနပ်ချက်ရှိသေးလား?"
စူးချန်ကဲ၏ အေးစက်သော လေသံသည် လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားပြီး၊ လူတစ်ကိုယ်လုံးကို ထိတ်လန့် တုန်လှုပ်သွားစေသည်။
မကျေနပ်ချက်?
ရှိတဲ့သူသည် မဟာသူတော်စင်၏ လက်ဝါးစာကို ခံရပေမည်။
ဘယ်သူက မကျေနပ်ရဲမှာလဲ?ဒါ ကိုယ့်သေလမ်းကို ရှာတာပဲ !
“မင်းရဲ့အမိန့်ကို ငါတို့ နာခံပါ့မယ်"
“ငါတို့ ဒီမှာပဲ စောင့်နေပါ့မယ်"
ထျန်းဟယ် ရှိ လျှို့ဝှက်ရှေးဟောင်း အင်အားစု အကုန်လုံး တယောက်ပြီး တယောက် ဦးညွှတ်ခဲ့ကြသည်။တကယ်တော့ သူတို့အထဲမှာ မဟာ သူတော်စင် အဆင့်ကို တတ်လှမ်းဆဲ ဖြစ်သော ပုဂ္ဂိုလ်များလည်းရှိသည်။ သို့သော် သူတို့မျက်စိရှေ့က မဟာသူတော်စင်နှင့်ယှဥ်လျှင်အကွာကြီး ကွာပေသည် ။
၎င်းသည် သွေးချီစွမ်းအင်တင် မက ခွန်အားအရာမှာလည်း အတော်လေး ကွာခြားပေးသည်။
ဘုန်းတော်ကြီး တော်တော်များများမှာ ခေါင်းငုံ့နေကြပြီး စီးတော်ယာဉ် လှေပေါ်က ရုပ်သွင်ကိုတောင် မော့်မကြည့်ဝံ့ကြပေ။
ထိုကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါနှင့် မျက်လုံးချင်းဆုံလိုက်မည် ဆိုပါက၊စိတ်တစ်ခုလုံး လဲပြိုကာ ဘာမှမသိတော့သည့် ဖုတ်ကောင်ကဲ့သို့ ဖြစ်သွားနိုင်သည်။
တိတ်ဆိတ်နေသော ထိုလူအုပ်ကြီးကို ကြည့်လိုက်ရင်း ၊စူးချန်ကဲသည် မဲပြုံးပြုံးလိုက်သည်။အားနည်းသူများသည် အားကြီးသော သူများ၏ အစာ ဖြစ်လာမည် ။ဤသည်မှာ လောကကြီး၏ ပညတ်ပင် ဖြစ်သည်။
“ကွေးယင် ၊ ရှင်းယန် ငါနဲ့အတူ ဝင်ကြစို့"
စီးတော်ယာဉ် လှေပေါ်က လူရိပ်များသည် လေထဲတွင် ပျံသန်းသွားခဲ့သည်။
စူးချန်ကဲ၏အသွင်အပြင်ကို ယခင်က မမြင်ဖူးခဲ့သော်လည်း၊ ယခု ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ အားလုံး ပို၍ တုန်လှုပ်သွားခဲ့ကြသည်။
စီးတော်ယာဉ် လှေပေါ်က အရပ်ရှည်ရှည်၊ လေနှင့်အတူ မျောလွင့်နေသော ဝတ်ရုံဖြူကိုဝတ်ဆင်ထားသည့် လူငယ်လေးကို တွေ့လိုက်ရသည်။ သူ၏ အနက်ရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ ၎င်း၏ အသွင်အပြင်သည် အမတနတ်ဘုရားတစ်ပါး၏ အသွင်အပြင်နှင့် နှိုင်းယှဉ်နိုင်သည်။
တန်ခိုးရှင် ၊အကြီးအကဲများ အားလုံး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရလေသည်။ထိုကဲ့သို့ ဂုဏ်ယူဝင်ကြွားနိုင်သော အသွင်အပြင်သည် ကောင်းကင်ဘုံတွင်သာ ရှိနိုင်ပေလိမ့်မည် ။
"ဒီဝတ်ရုံဖြူ လူငယ်လေးက အားလုံးပြောနေကြတဲ့ ဆက်ခံသူပဲ ဖြစ်ရမယ်"
"ကျွတ်ကျွတ်! ဒီလို အသွင်အပြင်နဲ့ ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားမှတော့ ဆက်ခံသူလို့ခေါ်တာ မထူးဆန်းတော့ဘူး"
"ငါ အခုတော့ တစ်ဖက်လူက ဒီလို အနိုင်ကျင့်တဲ့ လုပ်ရပ်အပေါ် မခံသာတာမျိုး မရှိတော့ပါဘူး"
“ဟွန်း! မင်းက ဖော်လံခွေးတစ်ကောင်ပဲ!"
“ငါက ဖော်လံခွေးတစ်ကောင်ဆိုတောင်ပြဿနာရှိလား? "
“မင်း..!”
မူလက ဘုန်းတော်ကြီးများစွာသည် စူးချန်ကဲကို အလွန် မုန်းတီးခဲ့ကြသည်။သို့သော် စူးချန်ကဲ၏ အသွင်အပြင်ကို မြင်လိုက်ရပြီးနောက် ၊မုန်းတီးသူများမှာ မဆိုသလောက် နည်းသွားခဲ့သည် ။
သူ အရင်ဘဝတုန်းက ဤစကားတခွန်းကို အမှတ်ရမိသည်။
ဗီလိန်ဆိုတောင် ရုပ်ရည်ရှိရင် အကုန်ခွင့်လွှတ်လို့ရတယ်။
ဤသို့ဖြင့် စူးချန်ကဲတို့သည် ဂူဗိမာန်၏ ဂိတ်တံခါးပေါက်သို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။
အုတ်ဂူကိုဖွင့်ရန် သူ့လက်ထဲက ကျောက်စိမ်းဆွဲပြားကို အသက်သွင်းတော့မယ့်အချိန်၊မမျှော်လင့်ထားသော အရာတစ်ခု ထပ်ဖြစ်ခဲ့သည်။
ဝှစ်!
အတားအစီးတစ်ခုက စူးချန်ကဲတို့ အဖွဲ့ကို ပိတ်ဆို့ထားခဲ့သည်။
“အမ်?”
“နဝမမြောက်အကာအကွယ်စည်း?”
ထိုတောက်ပနေသော ကန့်လန်ကာထက်တွင် တာအိုမှော်သင်္ကေတများက အတားအစီးမရှိ လှည့်ပတ်သွားလာနေပြီး ထိုရွှေအိုရောင် မှော်သင်္ကေတ တစ်လုံးချင်းဆီက ပဲ့တင်ထပ်လျက် ရောယှက်နေသည်မှာ အလွန်ခိုင်ခံ့သော အကာအကွယ်တစ်ခုကဲ့သို့ပင်။
နဝမမြောက်သည် နောက်ဆုံးအဆင့်ဖြစ်ပြီး ထိုကဲ့သို့ အကာအကွယ်ဖွဲ့စည်းပုံမှာ မြင်တွေ့ရခဲပေသည်။
" ဂူဗိမာန်ထဲကို ဝင်ချင်ရင် ငါ့ကို အရင်ကျော်ရလိမ့်မယ်"
ထိုအချိန်တွင် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။၎င်းမှာ ကွေးယီး ဂိုဏ်းမှ သူတော်စင် လော့ချင်းယွီသာ ဖြစ်သည်။
"ဆက်ခံသူ သခင် ၊ ကျွန်တော် ဒီအကာအကွယ်စည်းကို ချိုးဖျက်နိုင်တယ်"
ဘေးနားက ကွေးယင် မဟာသူတော်စင်က ဆိုလိုက်သည်။
"မလိုဘူး"
စူးချန်ကဲသည် တစ်ခုခုကို စဉ်းစားထားပုံရပြီး ခေါင်းယမ်းကာ ငြင်းလိုက်သည်။
ယုတ္တိကျကျဆိုရလျှင်ဖြင့်၊လော့ယန်သည် ဒီကလေးမလေးကို အပြင်မှာ အလကား သက်သက် ထားခဲ့တာ မဖြစ်နိုင်ပေ။နဝမမြောက် အကာအကွယ်စည်း ဆိုတောင်၊သူကိုယ်တိုင်လုပ်ရင် အချိန်ခဏနဲ့တင် ချိုးဖျက်နိုင်သည်။
ရုတ်တရက် ၊ ကျောက်စိမ်းဆွဲပြားတွင် မှတ်တမ်းတင်ထားသော အချက်အလက်များက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။စူးချန်ကဲ၏ နှုတ်ခမ်း ထောင့်စွန်းတို့မှာ ပြုံးသွားခဲ့သည် ။
“ဉာဏ်ကောင်းတဲ့ကောင်!"
၎င်းသည် ထိုအကာအကွယ်စည်းကို တမင်သက်သက် ချိုးဖျက်စေချင်ပုံရသည်။ တစ်စုံတစ်ခု လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့မည်ဆိုပါက ၊ သင်္ချိုင်းဂူ၏ အလိုအလျောက် ခုခံကာကွယ်မှုမှာ နိုးထလာပေလိမ့်မည်။
ထိုအချိန်အတွင်း၊ လော့ယန်သည် ဧကရာဇ်မင်းမြတ်၏ အမွေအားလုံးကို အမွေဆက်ခံရန် အချိန်အလုံအလောက် ရရှိသွားမည် ဖြစ်သည်။
ဒီကောင် အတော်လေးစဉ်းစားတတ်တယ် ဟု ဆိုရပေမည်။
၎င်းတွင် တိုက်ခိုက်ရန်အင်အား အလုံအလောက် မရှိသောကြောင့် သူ့အတွက်တစ်ကွက် ချန်ထားခဲ့ခြင်း ဖြစ်သည်။
စူးချန်ကဲက သနားသော အကြည့်ဖြင့် လော့ချင်းယွီကို ကြည့်လိုက်သည်။
"သနားစရာကောင်းတဲ့ မိန်းကလေးပဲ"
"မင်းကတော့ မင်းရဲ့ လော့ယန်ကိုကို ကို ချစ်လိုက်ရတာ တစ်ဖက်ကတော့ မင်းကို လိုသုံးလို့ပဲ သဘောထားတာ "
“အိုင်းယား”
"ဒီလောက် အများကြီး ပေးဆပ်ပြီးခဲ့တာတောင် သူ့မှာ မင်းအတွက် ဘာခံစားချက်မှ မရှိဘူး၊မင်းကသာ တစ်ဖက်သတ် ဖြစ်နေခဲ့ရတာ "
စူးချန်ကဲက တမင်သက်သက် ဆိုလိုက်သည်။ဒါမှသာလျှင် တစ်ဖက်သားကို ကြောက်လာအောင် လှုံဆော်ပေးနိုင်မည် ဖြစ်သည်။
စူးချန်ကဲ၏ စကားကို နားထောင်ပြီးတဲ့ နောက်မှာတော့၊ လော့ချင်းယွီ တစ်ယောက် နှလုံးခုန်သံများ မြန်ဆန်လာပြီး ၊သူမ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
သို့သော်လည်း သူမသည် ခေါင်းမာနေဆဲပင်ဖြစ်သည်။
: "မဖြစ်နိုင်ဘူး၊ လော့ယန်ကိုကို က ဧကရာဇ်မင်းရဲ့ အမွေကို ကျွန်မနဲ့ အတူ မျှဝေမှာတဲ့၊သူ ကျွန်မကို လိမ်ပြောစရာ အကြောင်းမရှိဘူး!"
"ရှင်ကျွန်မကို လိမ်တာပဲ ဖြစ်ရမယ်! သဘောထား ကွဲလွဲအောင် လုပ်မယ်လို့ မစဉ်းစားနဲ့!"
စူးချန်ကဲသည် ခံစားချက်အပြည့်ဖြင့်ဟန်ဆောင်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ သနားစရာ အကောင်းဆုံးလူက နှိမ်ခံရတဲ့လူမဟုတ်ဘူး ၊လိုသုံး အဖြစ် သုံးပြီးခါမှ စွန့်ပစ်ခံလိုက်ရတဲ့လူတွေပဲ"
"တကယ်လို့ သူသာ အဲ့လိုလုပ်ဖို့ စီစဉ်ထားတယ်ဆိုရင် ၊ မင်းကို ခေါ်သွားသင့်တာမဟုတ်ဘူးလား? နောက်မှဝေမျှမယ့်အစား တန်းပြီး လက်ခံလို့မရဘူးတဲ့လား?"
"ပြီးတော့၊ သူက ဒီနေရာကို နားလည်တဲ့ တစ်ယောက်တည်းသော သူပဲ၊ သူသာ အလျင်အမြန် လက်ခံလို့ရရင် ၊ငါမဝင်ကတည်းက သူ့မှာ အမွေတွေကို လုံးဝဥဿုံ လက်ခံလို့ ရတယ် "
"မဖြစ်နိုင်ဘူး!မဖြစ်နိုင်ဘူး!လော့ယန်ကိုကိုက ဒီလို လုပ်မှာမဟုတ်ဘူး!"
“ရှင်ကျွန်မကိုလိမ်နေတာပဲဖြစ်ရမယ်!”
လော့ချင်းယွီသည် ခေါင်းတယမ်းယမ်းဖြင့် သူမ၏ မျက်ဝန်းများမှာ တုန်လှုပ်ခြောက်ခြားနေသည် ။
စူးချန်ကဲ၏ စကားများသည် သေချာစဉ်းစားကြည့်ရင် လက်ရှိအဖြစ်နှင့် အလွန် ကိုက်ညီ နေခဲ့သည်။
လော့ချင်းယွီ၏ အသွင်အပြင်ကို ကြည့်ရင်း၊ အခွင့်အရေးရောက်လာပြီမှန်း စူးချန်ကဲ သိလိုက်သည်။
နောက်ဆုံး ခိုင်မာတဲ့ သက်သေပြရန် လိုအပ်ပေသည် ။
"အရင်က ငါ လော့ယန်ရဲ့ ကျောက်စိမ်းဆွဲပြားကို ယူခဲ့တယ်"
"ဒီကျောက်စိမ်းဆွဲပြားမှာ ဘာမှတ်တမ်း တင်ထားလဲဆိုတာ သိလား"
ထိုအကြောင်းပြောရင်း စူးချန်ကဲသည် စကားကို ခေတ္တရပ်လိုက်သည်။
တကယ်တော့ သူမ၏ အလုံးစုံသော အာရုံကို ဆွဲဆောင်ရန် တမင်သက်သက် လုပ်လိုက်ခြင်းဖြစ်သည် ။ထိုအပြုအမူသည် တစ်ဖက်သားကို ပိုပြီးစိတ်လှုပ်ရှားစေကာ အကျိုးသက်ရောက်မှုမှာလည်း ပိုကောင်းလာပေမည် ဖြစ်သည်။
"ဂူဗိမာန်အပြင်ဘက်မှာ တိုက်ခိုက်မှုဖြစ်ရင် ဂူဗိမာန်ရဲ့ ခုခံကာကွယ်မှု တားမြစ်ချက်က အလိုလို အသက်ဝင်လာလိမ့်မယ်"
"အဲဒီအချိန်ကြရင်၊ ဂူဗိမာန်ကို ဘယ်သူမှ မဝင်ရတော့ဘူး၊ ဒါမှလည်း လော့ယန်က အမွေအနှစ်ကို လုံးလုံးလျားလျား ဆက်ခံသွားနိုင်လိမ့်မယ်"
"မင်းက အချိန်ကို နှောင့်နှေးပေးလို့ အောင်မြင်မှု ရလိမ့်မယ် ဒါပေမယ့် ရလဒ်ကရော?"
"ထျန်းဟယ် အင်အားစုတွေက ဒီအမှန်တရားကို မသိဘဲ မင်းအပေါ် ကိုပဲ ဒေါသပစ်ချကြမယ်၊ မင်းဟာ ကွေးယီးဂိုဏ်းက သူတော်စင် တစ်ယောက် ဖြစ်နေရင်တောင် ၊ ဒေါသထွက်နေတဲ့ သူတို့တွေရဲ့ လက်ထဲက မင်းကိုယ်မင်း ကာကွယ်နိုင်မယ်လို့ ထင်လား?"
"မင်းအနေနဲ့ ဝမ်းနည်းစရာ အကောင်းဆုံးအဆုံးသတ်ကို ကြုံရလိမ့်မယ် ဒါပေမဲ့ လော့ယန်ကတော့ နာမည်ကြီးလာလိမ့်မယ်"
"ဟေး~ မင်းကတော့ အစ အဆုံး အမှောင်ထဲမှာ နေခဲ့ပေမဲ့ သူကတော့ မင်းကို အပြီးတိုင် စွန့်လွှတ်ပစ်လိမ့်မယ်"
သူမ နှလုံးသားတစ်ခုလုံး ကြေကွဲသွားခဲ့ရသည်။
ခေါင်းတစ်ခုလုံး ဗလာကျင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။သူမ တစ်ကိုယ်လုံး အထိန်းအကွပ်မရှိ တုန်ရီနေပြီး ဒီအမှန်တရားကို သူမ လက်ခံနိုင်စွမ်း မရှိသလိုပင်။
ထိုကဲ့သို့ကြီးမားသော ထိုးနှက်ချက်က သူမ၏ စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို ကြေကွဲသွားစေခဲ့သည်။
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"မယုံရဲဘူးလား?"
“အရမ်း စိတ်မဆိုးဘူးလား?”
"မင်းသာ ဒီအတားအဆီးကို ဖွင့်ပေးရင်၊ငါမင်းကို အထဲကို လိုက်ခွင့်ပေးမယ်"
"ဒါက မင်း သူ့ရဲ့မျက်နှာဖုံးကို ခွာချဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
"မင်းဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခံမှာလား?”