အခန်း (၃၆-၄၀)
Vol. 3 Ch. 36-40
အပိုင်း(၃၆) : မဟာသူတော်စင်ပျောက်ကွယ်သွားခြင်း၊ သားကောင်အချင်းချင်း ကိုယ်ချင်းစာစိတ် တားမြစ်သည်
ဧကရာဇ်မင်း၏ ဂူဗိမာန်အတွင်း၌
လော့ယန်သည် သူ၏ ကျောက်စိမ်းဆွဲပြားကို ဆုံးရှုံးလိုက်ရသောကြောင့်၊လမ်းတစ်လျှောက်တွင် ကြုံတွေ့နေရသော ယန္တရားဖွဲ့စည်းပုံ များစွာကို ယခင်က သူ ရရှိထားသော အချက်အလက်များ အပေါ် အားကိုးကာ ပုံဖော်ခဲ့ရသည်။
ထို့ကြောင့် အချိန်များစွာကို ဖြုန်းတီးခဲ့ရပြီး ယခုအခါမှာတော့ အမွေဆက်ခံရာနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရှေ့မှောက်တွင်၊ ခမ်းနားထည်ဝါသော နန်းတော်ကြီး တစ်ခု တည်ရှိနေသည်။
မြို့တံခါးကြီး၏ ထိပ်တွင် ထွင်းထုထားသောနဂါးနှင့် အနက်ရောင် ဖီးနစ်ဌက်ကြီး ရှိပြီး ၊ ၎င်းပေါ်တွင် မှော်အက္ခရာ စာလုံးများစွာ ရှိသည့်အပြင် ရွှေဝါရောင် လင်းလက်တောက်ပနေသည်မှာ ခမ်းနားထည်ဝါပြီး မြင့်မြတ်လှပေသည်။
ဧကရာဇ်မင်းကြီး၏ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါသည် လူကို မခံမရပ်အောင် ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်စေသည်။
“ဒီတံခါးက နောက်ဆုံးစမ်းသပ်မှုပဲ “
လုံရှန့် မဟာ သူတော်စင်က ဘေးကနေ ရှင်းပြသည်။
“မင်း တကယ်လို့ အောင်မြင်ခဲ့ရင် ၊ထျန်းဟယ် ဧကရာဇ်မင်းရဲ့ အမွေအနှစ်တွေကို မင်းဆက်ခံနိုင်ပြီ”
သူ ဒီလိုရက်ကို စောင့်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်သည် ။သူအနေဖြင့် မလွယ်ကူခဲ့သော်လည်း ဤနှစ်များတွင် သူသည် လော့ယန်၏ ဆရာ တစ်ဦးအဖြစ် စောင့်ရှောက်ကာ သူ ကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့သည်။
သို့သော် ယနေ့မှာတော့ ထိုရဲ့ အသီးအပွင့်ကို ခံစားခဲ့ရပြီဟု ဆိုရပေမည်။
လော့ယန်တစ်ကိုယ်လုံး တုန်လှုပ်နေပြီး သူ့၏ စိတ်လှုပ်ရှားမှုက ပြောမပြတတ်လောက်အောင်ပင်။သူသည် ဒီတံခါးကို တွန်းဖွင့်လိုက်သည်နှင့်
ထိပ်ဆုံးကိုရောက်ရှိပေတော့မည်။
“အချိန်လည်း တော်တော်ကြာနေပြီ ဆိုတော့၊ ဂူဗိမာန်ရဲ့ သူ့အလိုလို ခုခံကာကွယ်မှု ကန့်သတ်ချက်က အသက်ဝင်သွားပြီနဲ့ တူတယ် “
လော့ယန်သည် ပတ်ဝန်းကျင်က လေထုကို ထပ်မံ အတည်ပြုလိုက်သည်။ ထူးခြားမှု တစ်စုံတစ်ရာမှ ရှိမနေခဲ့ပေ ။
သူသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချနိုင်ခဲ့ပြီ ဖြစ်သည်။
“တကယ်တော့ အသက်မဝင်သေးဘူး”
ရယ်သံပါသော လူငယ်လေး တယောက်၏ အသံသည် လော့ယန် အနောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဒီအသံက!?
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?
လော့ယန် မျက်လုံးပြူးသွားပြီး ရေခဲလှိုဏ်ဂူထဲ ကျသွားသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားသည်။
စူးချန်ကဲက ဘယ်လိုလုပ်ပြီး ဒီကို မြန်မြန်ဆန်ဆန် ရောက်ချလာတာလဲ?
“စူးချန်ကဲ မင်း…”
သို့သော် စူးချန်ကဲ၏ဘေးတွင် လော့ချင်းယွီကို ရုတ်တရက် တွေ့လိုက်ရသည်။
စူးချန်ကဲ ဒီကို အမြန်ဝင်လာနိုင်ခဲ့တဲ့ အကြောင်းရင်းကို စဉ်းစားမိသွားသည်။အကြောင်းပြချက်မှာ တစ်ခုပဲရှိသည်။ထိုအရာမှာ လော့ချင်းယွီက သူ့ကို ကျေကျေနပ်နပ် ဝင်ခွင့်ပေးခဲ့သောကြောင့်ပင် ဖြစ်သည်။
သူ့ရှေ့က ထိုမြင်ကွင်းကို မြင်လာရချိန်တွင် ၊ သွားများကို အံကြိတ်လျက် ဒေါသကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားခဲ့ရသည်။
“ခွေးမ! မင်းငါ့ကို တကယ်သစ္စာဖောက်ခဲ့တာလား? “
လော့ယန်သည် ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။
“မင်းအပေါ် ငါထားရှိခဲ့တဲ့ ငါ့ စိတ်ရင်းက အလကားပဲ၊ မင်းကတော့ ငါ့အပေါ် ဒီလို ဆက်ဆံတယ်ပေါ့လေ?! “
ထိုစကားကို ကြားတောင်၊ လော့ချင်းယွီ၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့လို့ နေသည်။
လာလမ်းတစ်လျှောက်တွင် ၊ စူးချန်ကဲ၏ စကားများသည် အမှန်ဖြစ်ကြောင်းကို သူမ အတည်ပြုခဲ့ပြီး ၊ သူမ၏နှလုံးသားသည် အစောကတည်းက မျက်ရည်များနှင့်အတူ သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
“ငါ့အပေါ် စိတ်ရင်းနဲ့ ဆက်ဆံတယ်?”
“ကြောင်သူတော်လို ရွံဖို့ကောင်းတဲ့ စိတ်ဓာတ်!”
“နင် သက်သက်ငါ့ကို အပြင်မှာ ချန်ထားခဲ့တာမဟုတ်လား၊နင့်ရည်ရွယ်ချက်က တိုက်ခိုက်ကြပြီဆိုတာနဲ့ ဂူဗိမာန်ရဲ့ ခုခံကာကွယ်မှု ကန့်သတ်ချက်ကို အသက်သွင်းပြီး အချိန်နှောင့်နှေးဖို့ ငါ့ကို အသုံးချခဲ့တာပဲ၊ခုဒီလိုဖြစ်လာမှ နင်ကပဲ ဝမ်းနည်းခံစား နေရတဲ့ပုံစံနဲ့ လာချိူးပြနေတာလား ?”
“နင့်ရဲ့အလိုလောဘက သိပ်ကြည့်ရဆိုးတယ်!”
“အခုကစပြီး နင်နဲ့ငါ ဘာမှမသက်ဆိုင်တော့ဘူး !”
လော့ချင်းယွီသည် လော့ယန်ကို စိုက်ကြည့်လိုက်သည်။သူမ၏ မျက်ဝန်းများမှာ အလွန်အေးစက်ပြီး စိတ်ပျက်နေပုံ ရပေသည်။
သူမ၏စကားများသည် အေးစက်ပြီး ခံစားချက်မဲ့လှသည်။
ဒီနှစ်တွေထဲ ဖြတ်သန်းခဲ့ကြသည့် သူမတို့ နှစ်ဦး ၏ ခံစားချက်သည် အချည်းနှီးသာ ဖြစ်ခဲ့ရသည်ဟု ဆိုရပေမည်။
နှစ်များစွာ ဖြတ်သန်းခဲ့ပြီးနောက်တွင်၊ အိမ်မွေးတိရစ္ဆာန်ပင်လျှင် လူလို ခံစားချက်ရှိသေးသည်။
ဒါပေမယ့် ဒီအကောင်ကတော့ သူ့ကို လိုသုံးတစ်ယောက်လိုသာ အသုံးချခဲ့သည်။
ဒါ တိရစ္ဆာန်လောက်တောင် အဆင့်မရှိတာ မဟုတ်ဘူးလား?
သို့သော် လော့ချင်းယွီ၏ စကားကို နားထောင်ပြီးတာတောင်၊ လော့ယန်သည် သူ့မှာအပြစ်မရှိဘူးလို့ ထင်မှတ်နေဆဲသာ ဖြစ်သည်။သူ့အနေနဲ့
ဧကရာဇ်မင်းရဲ့ အမွေကို ရရန် ခြေတစ်လှမ်းလေးပဲ လိုတော့တာလေ !
လော့ချင်းယွီကြောင့်သာ ၊ ဒီအရာတွေ အားလုံး အချည်းနှီး ဖြစ်ခဲ့ရသည်။
ဒါကို တွေးရင်း၊ လော့ယန်တစ်ယောက် ပို၍ ဒေါသထွက်လာခဲ့သည်။
“ ဘာမှမသက်ဆိုင်တော့ဘူး?၊မင်းက စူးချန်ကဲ နဲ့ ပေါင်းပြီး ငါ ဧကရာဇ်မင်း ဖြစ်နိုင်မယ့် အခွင့်အရေးကို လာဖျက်စီးတာ ၊ မင်းကပဲ ပြောရတယ် ရှိသေး! “
“ငါ ဒီနေ့ မသေခဲ့ရင် ၊ မင်းတို့ အားလုံးကို ငါသတ်ပစ်မယ်! “
စူးချန်ကဲအပေါ် သတ်ချင်သည့် သူ့၏ ဆန္ဒသည် အစွန်း ရောက်နေခဲ့ပြီ ဖြစ်သည်။
အစက သူသည် ယွင် မိသားစု၏ ရှေ့တွင် အရှက်ရခဲ့သည်။အခုတော့ တစ်ချိန်က သူနဲ့ တစ်ခန်းတည်း နေခဲ့ဖူးသော မိန်းမလှလေးကပါ သူ့ကိုသစ္စာဖောက်ခဲ့ပြီ ဖြစ်သည်။
ဒါတွေအားလုံးက စူးချန်ကဲရဲ့ အမှားကြောင့်ပဲ၊သူ့ကိုမှ လက်စားမချေနိုင်ရင်၊ သူ ဒီတစ်သက်လူမလုပ်ဘူး!
“မဟုတ်ဘူး! ငါ လမ်းဆုံးထိ မလျှောက်ရသေးဘူး !”
“ငါ့မှာ ဆရာရှိသေးတယ် ၊ ငါ့ဆရာက မဟာသူတော်စင်ပဲ ၊သူဆို သေချာပေါက် စူးချန်ကဲကို သတ်နိုင်တယ် !”
ထိုအချက်ကို စဉ်းစားရင်း လော့ယန်သည် ဒူးထောက်လျက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး
“ဆရာ ကျေးဇူးပြုပြီး ကျွန်တော်ကို ကူညီပေးပါဦး! “
ဝီ!
လော့ယန်၏ အတွင်းစိတ်ထဲမှ အလင်းတန်းတစ်ခု ဖောက်ထွက်လာခဲ့ပြီး၊၎င်းသည် ဟင်းလင်ပြင်တွင် မှုန်ဝါးဝါး အရိပ်သဏ္ဍာန် တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။
၎င်းသည် လူ အစစ်အမှန် မဟုတ်သော်လည်း၊
သို့သော် မဟာ သူတော်စင်တစ်ဦး၏ ဖိနှိပ်စွမ်းအားကို ထုတ်လွှင့်နေသောကြောင့် ၊ ထိုအရိပ်သည် ဘယ်လောက်ထူးခြားလဲ ဆိုတာကို သိနိုင်ပေသည်။
“ကောင်လေး၊ မင်းတကယ်ပဲ သတ်ချင်တာလား?”
စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အပြုံးမပြတ်ဆိုလိုက်သည်။
“လူကြီးမင်း၊ခင်ဗျားရဲ့ ဒီစကားက လွန်သလားလို့ ?ခင်ဗျားရဲ့တပည့်လေးကလည်း ကျုပ်ကို သတ်ချင်နေတာပဲလေ”
“အမြင်ဖလှယ်ခြင်းကနေ သင်ယူသည် ၊မျှမျှတတနဲ့ပဲ ယှဉ်ပြိုင်သည် ၊အားနည်းသူသည် အားကြီးသူ၏ စားတာကို ခံရမည်၊ သင့်လျော်စွာဖြင့် ရှင်သန်ကြရမည်”
လုံရှန့် မဟာ သူတော်စင်ခမျာ ပြောစရာစကားမဲ့ သွားသည်။
သူပြောတာလည်းမှန်ပေသည် ။သို့သော်လည်း သူ၏မျက်လုံးထဲတွင် လော့ယန်ကသာ အမွေဆက်ခံသူဖြစ်သည်။
သူသည် ဒီနှစ်တွေထဲ မရေမတွက်နိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ပြီး၊ယခုအချိန်တွင် အောင်မြင်မှုသည် သူ့မျက်စိရှေ့တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။ဒါကို လက်လွတ်ပေးရမှာ သူ့အတွက်တော့ လက်မခံနိုင်စရာပင်။
“ လော့ယန်က ငါ လူအိုကြီး ရွေးချယ်ထားတဲ့ ထျန်းဟယ်ဧကရာဇ်မင်းမြတ် ရဲ့ ဆက်ခံသူပဲ ၊ မင်းက ဧကရာဇ်မင်း ဘုန်းတန်ခိုးကို မထီမဲ့မြင် ပြုချင်တာလား?!”
ဘုန်း!
လုံရှန့် မဟာ သူတော်စင်ထံမှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာသည်။သူသည် ဝိညာဉ်တစ်ခုမျှသာ ဖြစ်သော်လည်း၊သို့သော် ၎င်း၏ အရှိန်အဝါသည် လူကို ထိတ်လန့်တုန်လှုပ်စေသည်။
စူးချန်ကဲသည် ခေါင်းယမ်းကာ ရှိုက်ကြီးတငင် ပြုံးလိုက်ရင်း၊ထပ်ခြိမ်းခြောက်လိုက်သည်။
ဒီအဖိုးကြီး မဟာ သူတော်စင် တစ်ယောက် အဖြစ် ဘယ်လိုကျင့်ကြံ အောင်မြင်ခဲ့လဲ မသိပေမယ့် ၊ဦးနှောက်မှာ ပြဿနာရှိနေတာပဲ၊ ဆုတောင်းနေလိုက်!
သို့သော် သူသည် ထိုစကားကို ထုတ်ပြောဖို့ဆိုတာ ပျင်းတောင်ပျင်းသေးသည်။
သူသည် နောက်ဆုံးပန်းတိုင်ရောက်ခဲ့ပြီ ဖြစ်သောကြောင့် ၊ဆက်လက်ပြီး အရာအားလုံးကို သုတ်သင်ဖို့ အဆင်သင့်ပင်ဖြစ်သည်။
“ကောင်းပြီလေ၊လူကြီးမင်းက ဒီလိုပဲဆုံးဖြတ်ချက် ချလိုက်ပြီဆိုမှတော့ “
“ကွေးယင်”
“သူတို့ကို ခင်ဗျားကပဲ လိုက်ပို့ပေးလိုက်ပါဦး”
စကားဆုံးသည်နှင့်၊ ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ခုက ကျဆင်းလာခဲ့သည်
“ဖျက်စေ!”
စွမ်းအားများဖြင့် တောက်လောင်နေသော ဧရာမလက်သီးကြီးသည် ပျံ့ဝဲလို့လာကာ ၊နဂါးတကောင်၏ ဟိန်းဟောက်သံနဲ့ ရှေးဟောင်း ဖီးနပ်ဌက်တို့၏ အော်သံတို့မှာ ထွက်ပေါ်လာခဲ့သည်။
ဖုန်း!
တခဏအတွင်းမှာပင်၊မဟာ သူတော်စင်၏ စွမ်းအားများက ပေါက်ကွဲလာခဲ့ပြီ ဖြစ်သည်။
ဤတစ်ကမ္ဘာလုံး အလင်းရောင်များက ဟုန်းဟုန်းတောက်လောင်လျက် ကြယ်စင်များကြွေကျလာသည့်အတိုင်း ၊စူးရှတောက်ပသောရွှေဝါရောင် အလင်းတန်းသည် အရာအားလုံးကို ဝါးမျိုသွားခဲ့လေသည်။
“အား!”
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ
ဤကမ္ဘာကြီးသည် တစ်ဖန် ကြည်လင်သွားခဲ့ပြီ ဖြစ်သည်။
လော့ယန်၏ ပါးစပ်မှ သွေးများစီးကျနေပြီး၊သူ၏ မျက်နှာမှာ အလွန်ဖြူဖျော့သွားခဲ့သည်။သူသည် စူးချန်ကဲကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။
သူနှင့် ဆရာဖြစ်သူ၏ ဆက်သွယ်ရေး လမ်းကြောင်းမှာ ပျက်တောက်သွားခဲ့လေပြီ!
“မင်း ငါ့ဆရာကို သတ်လိုက်တယ်ပေါ့?!”
လော့ယန်သည် ဒေါသတကြီးဖြင့် စူးချန်ကဲကိုကြည့်ကာ အော်ဟစ်လိုက်သည်။
“ရယ်စရာပဲ၊ သူက မဟာသူတော်စင်ဆိုတောင် ၊ ဝိညာဉ်တစ်ခုသာသာပဲ ရှိတယ်”
“ဘယ်ကနေရတဲ့သတ္တိနဲ့ ငါဆက်ခံသူကိုလာပြီး ခြိမ်းခြောက်နေရတာလည်း မသိဘူး”
ဤကိစ္စသည် သူ့အတွက်တော့ အသေးအဖွဲကိစ္စရပ်ကို ပြောပြနေသကဲ့သို့ သူ၏ အမူအယာမှာ အေးစက်လွန်းပေသည်။
ခံစားချက်ကင်းမဲ့သည့် သူ၏မျက်ဝန်းများသည် အပေါ်ကနေသာ နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ။
“ဆရာက ထျန်းဟယ် ဧကရာဇ်မင်းမြတ်ရဲ့ နောက်လိုက်တစ်ဦးပဲ”
“မင်း ငါ့ဆရာကိုသတ်တာ၊ ဧကရာဇ်မင်းမြတ်ရဲ့ပြစ်ဒဏ်ကို မကြောက်ဘူးလား ? “
လော့ယန်၏ ဆံပင်များမှာ ဖွာလန်ကျဲလို့ နေသည်။ရုက်တရက် ဖြစ်သွားခဲ့သော ဒီအရာအားလုံးကို သူလုံးဝမှ လက်မခံနိုင်ပေ။။
“ပြစ်ဒဏ်တဲ့လား? “
ဒီစကားက စူးချန်ကဲကို သေလုမတတ် ရယ်စေခဲ့သည်။
ဒါက ဧကရာဇ်မင်းရဲ့ အုတ်ဂူပါဆို ၊ အဖြေက ရှင်းနေပြီမဟုတ်လား?
ဆိုလိုသည်မှာ ထျန်းဟယ် ဧကရာဇ်မင်းကွယ်လွန်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
ဒါ့အပြင် ထျန်းဟယ်ဧကရာဇ်မင်း အသက်ရှင်နေဦးမယ်ဆိုတောင်၊အဲတော့ဘာဖြစ်လဲ?
ကွေးယွမ်သူတော်စင် နယ်မြေ၏ အချက်အလက်အရ၊ဧကရာဇ်မင်းမြတ်ကို သူ ဆက်ဆံဖို့က သိပ်အခက်ကြီးတော့ မဟုတ်ပေ။
“ကဲ တော်လောက်ပြီ ၊ပွစိပွစိနဲ့!”
“မင်း အဲ့လောက်ထိ ခံစားရနေတယ်ဆိုလည်း ၊ငါ မင်းကို လိုက်ပြီးပို့ဆောင်ပေးလိုက်မယ်”
စကားဆုံးသည်နှင့်၊ စူးချန်ကဲသည် သူ့ရဲ့ ဘယ်လက်ကို နောက်တွင် ပစ်ထားဆဲသာ ဖြစ်ပြီး ၊သူ၏ ညာလက်ကို မြှောက်တင်လိုက်ရာ သွေးချီစွမ်းအားများက ရှေ့ကို တဟုန်ထိုး ပြေးတက်လာခဲ့သည်။
သူ့ခေါင်းထက်တွင် ၊တောက်ပသောမှော်သင်္ကေတများက လှည့်ပတ်နေပြီး ၊အကန့်အသတ်မဲ့ ဝိညာဉ်စွမ်းအားများက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသောလက်ဝါးကြီးအဖြစ်သို့ ဖွဲ့စည်းသွားခဲ့သည် ။
“အစကနေ အဆုံးထိ မင်းက ငါ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင် ဘာသာပဲ”
“နောက်ဆုံးအနေနဲ့မင်းကို ဂုဏ်ပြုလိုက်ပါတယ်၊မင်းရဲ့ လက်ကျန် တန်ဖိုး ကုန်သွားခဲ့ပြီ”
“ဂျိန်း!”
စူးချန်ကဲသည် သူ့လက်ကို ဖြည်းညှင်းစွာ အောက်ချလိုက်သည်နှင့်အမျှ၊ကောင်းကင်ပေါ်က လက်ဝါးကြီးသည် စွမ်းအားကြီးမားသော
ရှေးဟောင်း အမြင့်မြတ်ဆုံး တောင်တန်းကြီးကဲ့သို့ ကြယ်များကိုတောင် ချေမွပစ်နိုင်သည့် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။
“မလုပ်နဲ့ မလုပ်နဲ့”
လော့ယန်၏ မျက်စံများသည် ကျုံ့သွားပြီး ကြီးမားသော အသက်ဘေးနှင့် ကြုံတွေ့လိုက်ရချိန်တွင် သူ့တစ်ကိုယ်လုံး ထုံထိုင်းသွားခဲ့သည်။
သူ၏ စွမ်းအားဖြင့် လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ၊ထိုဧရာမလက်ကြီး၏ရှေ့တွင် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။။
ဘုန်း!
လက်ကြီးသည် ဝိညာဉ်စွမ်းအားများနှင့်အတူ မညှာမတာ ကျဆင်းလာခဲ့သည်နှင့် တပြိုင်နက်၊လော့ယန်၏ ခန္ဓာကိုယ်သည် အမှုန့်ဖြစ်သွားကာ ဤကမ္ဘာတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
စူးချန်ကဲသည် အရာအားလုံးကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။
ဤစိတ်ကူးယဉ်ကမ္ဘာသည် ရက်စက်ကြမ်းကြုတ်သော ကမ္ဘာတစ်ခုပင်ဖြစ်သည်။
သူသာ စွမ်းအား မကြီးမားခဲ့ဘူးဆိုရင် ၊သူသည် ဂရုဏာကင်းမယ့်သူ၏ အစာ ဖြစ်နေခဲ့လောက်ပြီ ဖြစ်သည်။
ထို့အပြင် သူသည် ထိပ်တန်း အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့်၊ ဤအရာအားလုံးနှင့် လိုက်လျောညီထွေရှိရန် လိုအပ်သည်။
သားကောင်တစ်ယောက်အနေဖြင့် သားကောင်အချင်းချင်း ကိုယ်ချင်းစာစိတ် ထားခြင်းသည် ဤကမ္ဘာကြီးတွင် အကြီးမားဆုံး တားမြစ်ချက်တစ်ခုပင် ဖြစ်ပေသည်။
အပိုင်း(၃၇) : ထူးဆန်းသောဂူဗိမာန်၊ မှောင်မိုက်သောလေထု
လော့ချင်းယွီပင်လျှင် သူမရှေ့တွင် ဖြစ်သွားခဲ့သော မြင်ကွင်းကြောင့် နေရာမှာတင် စိတ်လွတ်သွားခဲ့ရသည်။
သူမသည် လော့ယန်ကို လွန်စွာ မုန်းတီးနေပြီဖြစ်သော်လည်း ၊ ယခုလို သူမရှေ့တွင် သေဆုံးသွားခဲ့တာကို မြင်လိုက်ရတော့ သူမ၏ ခံစားချက်များ ရှုပ်ထွေးခဲ့ရသည်။
စူးချန်ကဲက သူမကို ကြည့်နေတာကို မြင်လိုက်ရတော့ သူမသည် တုန်လှုပ်သွားပြီး ကမန်းကတန်း ဆိုလိုက်သည်။
“ဆက်ခံသူသခင် ၊ကျွန်မ ဒီကိစ္စကို ဂိုဏ်းသားတွေကို ပြောပြမှာမဟုတ်ပါဘူး”
သူမသည် ကြောက်ရွံ့နေခဲ့သည်။အကယ်၍ စူးချန်ကဲသာ လူသတ်နှုတ်ပိတ်မည်ဆိုပါက ၊ သူ့တွင် ခုခံနိုင်စွမ်း မရှိနိုင်ကြောင်းကို သူမ သိပေသည်။
“ ငါမင်းကို ယုံပါတယ် ဒါပေမယ့် သတ်မှတ်ချက် တစ်ခုတော့ ရှိတယ်”
ဝှစ်!
ရုတ်တရက်၊စူးချန်ကဲ၏ လက်ချောင်းထိပ်က စွမ်းအားသည် လော့ချင်းယွီ၏ အသိစိတ်ပင်လယ်ထဲသို့ ချက်ချင်းဆိုသလို နစ်မြုပ်သွားခဲ့သည်။
“ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ?”
သူမ၏မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။သူမ၏
အသိစိတ်ပင်လယ်ထဲတွင် တစ်စုံတစ်ရာက ရှိနေသလိုလို မရှိနေသလိုလိုဖြင့် နည်းနည်း လှိုင်းခတ်သွားသည်ကို ခံစားလိုက်ရသည်။
ဤနည်းလမ်းကို သူမ တစ်ခါမှ မမြင်ဖူးပေ။ အတော်လေး ထူးဆန်းပေသည်။
“လှည့်ကွက် အနည်းငယ် လုပ်လိုက်တာပါ “
“တကယ်လို့ တစ်ယောက်ယောက်က မေးလာခဲ့ရင်၊သူတော်စင်မိန်းကလေးကပဲ ကောင်းတဲ့အကြောင်းပြချက်တစ်ခုကို ရှာပြီးပေးလိုက်ပါ”
“တကယ်လို့ ဒီကိစ္စကို ဒုတိယမြောက်လူ သိသွားခဲ့ရင် ၊ဒီလောက်လှတဲ့ မိန်းကလေးက အရူးမ တစ်ယောက် ဖြစ်သွားမှာ နှမျောစရာပဲ “
တကယ်တော့ စူးချန်ကဲသည် နတ်သတ်ဓား၏
ဆန္ဒကို စိုက်ထည့်လိုက်ခြင်းပင် ဖြစ်သည်။
နတ်သတ်ဓား၏ ဆန္ဒသည် အလွန်လျှို့ဝှက်ဆန်းကြယ်သောကြောင့် ၊ စူးချန်ကဲမှ လွဲ၍ မည်သူမျှ ၎င်းကို ခြယ်လှယ်နိုင်ခြင်း မရှိသလို
သူကလွဲပြီး မည်သူကမှလည်း ရှာမတွေ့နိုင်ပေ။
လော့ချင်းယွီ၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ သူမ၏ ဘဝသည် ယခုအချိန်မှစ တစ်ပါးသူ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်ကြောင်း ကို သူမသိလိုက်ရသည်။
“အဲ့လိုကြီး စိုက်မကြည့်စမ်းပါနဲ့”
“မင်းသာ ငါနဲ့ကောင်းကောင်း ပူးပေါင်းပေးမယ်ဆိုရင် ၊ မင်းက သူတော်စင်မိန်းကလေးတစ်ပါး
ဖြစ်နေဦးမှာပဲ “
စူးချန်ကဲသည် သူမကို လျစ်လျူရှုလိုက်တော့သည်။
စူးချန်ကဲသည် သူ့မျက်စိရှေ့က ဧရာမကျောက်တံခါးကြီးကို လှည့်ကြည့်လိုက်သည်။
“ဒီကျောက်တံခါးပေါ်က ရင်းနှီးတဲ့ အငွေ့အသက်ကို ငါ ခံစားမိနေသလိုပဲ”
“ကြည့်ရတာ ထျန်းဟယ် ဧကရာဇ်မင်းရဲ့အမွေကို ဆက်ခံနိုင်တဲ့သူကသာလျှင်၊ ဒီတံခါးကို ဖွင့်နိုင်ပုံရတယ်”
စူးချန်ကဲသည် သူ့လက်ကို တံခါးပေါ်တင်ကာ အာရုံစူးစိုက်ပြီး စိတ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။
ဂျိန်း!
ထိုအချိန်၊ ဧရာမ ကျောက်တံခါးကြီးသည် တောက်ပလာခဲ့သည်။
ကျောက်တံခါးကိုယ်ထည်အတွင်း စွမ်းအားများက လည်ပတ်လာခဲ့ပြီး၊ရုတ်တရက် တောက်ပသော နတ်အလင်းတန်းများက ကြယ်များ တစ်ပတ်လည် နေသကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
ဧရာမ ကျောက်တံခါးကြီးပေါ်တွင် ပြောင်းလဲမှုများ စတင် ထွက်ပေါ်လာခဲ့သည်။
မှော်အက္ခရာများ ရောယှက်သွားပြီး ရောင်စုံ ဝင်းလက်တောက်ပသွားသည်။
သိပ်မကြာခင်ပဲ ၊
ဧရာမ ကျောက်တံခါးမကြီးသည် ဖြေးဖြေးချင်း ဟ လာခဲ့သည်။
ထိုကျောက်တံခါးမကြီးထဲမှ ကြီးမားကျယ်ပြန့်သော ရောင်ဝါများ ထွက်ပေါ်လာခဲ့ပြီး
ဧကရာဇ်မင်းမြတ်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများကြောင့် ကမ္ဘာတစ်ခု လုံး တုန်လှုပ်ခဲ့ရသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များသည် အရိပ်အယောင် တစ်စိုးတစိမျှ မရှိဘဲ ပင်လယ်ထဲသို့ နစ်မြုပ်နေခဲ့သော ကျောက်ခဲတစ်ခု ကဲ့သို့ ဂူဗိမာန်မှ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လေဟာပြင်ထဲမှ ဝမ်းနည်းပူဆွေးမှု၊ မျှော်လင့်ချက် မဲ့သော ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။
“ စစ်မှန်သော ကောင်းကင်လမ်းစဉ် ဘယ်ရောက်သွားပြီလဲ?”
“အမတ နယ်မြေက ပျက်စီးသွားပြီလား?”
“အားလုံးပြီးဆုံးသွားပြီလား?”
“တာအိုဘာသာကို နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ဧကရာဇ်မင်းမြတ် ဖြစ်လာခဲ့တယ်၊ဒီလို ရှုံးနိမ့်ခဲ့ရတာ ၊ငါ လက်မခံနိုင်ဘူး!”
ဝမ်းနည်းပူဆွေးမှု ခံစားချက်က မြစ်တစ်စင်းကဲ့သို့ တံခါးမကြီး အတွင်းထဲမှ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲသာမက ကွေးယင် မဟာသူတော်စင် တောင် စိတ်လှုပ်ရှားခဲ့ရသည်။
ကြီးမားစွာ ဝမ်းနည်း ပူဆွေးမှုနေသည့် ထိုခံစားချက်သည် စိတ်နှလုံးဆီသို့ တည့်တည့်ရောက်သွားပြီး ဟိုးအနက်ရှိုင်းဆုံးတွင် ရှိနေခဲ့သည့် ဝမ်းနည်းပူဆွေးမှုကို နှိုးဆွလိုက်သလိုပင်။
နည်းနည်းထူးဆန်းနေသလိုပဲ!
“ဆက်ခံသူသခင် ၊ဒီရဲ့ကျောက်တံခါးကြီးကနည်းနည်း မူမမှန်သလိုပဲ “
ကွေးယင် မဟာသူတော်စင်၏ မျက်နှာမှာ အလွန် လေးနက်နေခဲ့သည်။ဤဝမ်းနည်းစရာကောင်းသော ခံစားချက်က ပြင်းထန်သော အမှောင်ထုနှင့် ရောထွေးနေပုံရကာ ပိုလို့တောင်ထူးဆန်းနေသည် ။
“ဆက်ခံသူသခင် ၊ ကျွန်မတို့ မဝင်သွားဘဲ နေရအောင်လား ၊ဒီထဲမှာ အရမ်းကြောက်စရာကောင်းတဲ့အရာတွေ ရှိနေတဲ့ပုံပဲ “
ယွင်ရှင်းယန်က အကြံပြုလိုက်သည်။
ထွက်သွားရမယ်?
စူးချန်ကဲသည် ခဏလောက် စဉ်းစားလိုက်သည်။ သူ့ရှေ့က ဤအခြေအနေမှာ မူမမှန်ဘူး ဆိုတာ သိသော်လည်း ၊
ဒါပေမဲ့ ဒီလိုအခွင့်အရေးမျိုးကို သူ တကယ်ပဲ စွန့်လွှတ်သင့်သလား?
ထိုအချိန်၊စနစ်၏ အသံထွက် ပေါ်လာခဲ့သည်။
【တင်း ! လုပ်ဆောင်ရန် အသစ် ၊
ရွေးချယ်ရန် - ၁ : ဧကရာဇ်မင်းမြတ်၏ သင်္ချိုင်းထဲသို့ ဝင်ရောက်မည်
ဆုလာဘ် : နတ်ဘုရား ကျောက်တုံးအပိုင်းအစ
ရွေးချယ်ရန် - ၂ :အထဲဝင်ဖို့ လက်လျှော့မည်
ဆုလာဘ် : နေရာကူးပြောင်းခြင်း အစီအရင် ]
နေရာကူးပြောင်းခြင်း အစီအရင်?
ဒီကောင် ငါ့ကို နှစ်ပတ်တစ်ပက် ရိုက်နေပြန်ပြီ !
သူသာ လက်လျှောမယ်ဆိုရင် ၊ ဒါ တစ်ခါတည်းအိမ်ပြန်ဖို့ လက်မှတ် ကြိုဖြတ်ပေးလိုက်တာပဲ မဟုတ်လား!
ထို့အပြင် သူ့တွင် ဘိုးဘေးများ ပေးထားသော လျှို့ဝှက် ရတနာများစွာ ရှိနေသေးသည်။သို့ဖြစ်၍ ၎င်းကို ဖြတ်ကျော်ရန်မှာ ကြီးကြီးမားမား မဟုတ်ပေ။
“ဒီကိုရောက်နေပြီပဲ ၊ တကယ်လို့ အခုလက်လျှော့လိုက်မယ်ဆိုရင် ရှက်စရာမကောင်းပေဘူးလား”
စူးချန်ကဲသည် ကျောက်တံခါးကြီးကို တွန်းဖွင့်လိုက်သည်။အထဲမှာ မည်းမှောင်နေပြီး အပြာရောင် အုတ်များဖြင့် ခင်းကျင်းထားသော လျှောက်လမ်းတစ်ခုသည် အမှောင်ထု၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည် နေခဲ့သည်။
“ဆက်ခံသူ”
ယွင်ရှင်းယန်၏ စိတ်မှာ ပို၍ တုန်လှုပ်သွားခဲ့ရသည်။ဧရာမတံခါးကြီးရှိ အမှောင်ထုသည် မြူခိုးများဖြင့် ရောယှက်နေကာ သူမကို ရင်တဒိတ်ဒိတ် ဖြစ်အောင် ပြုစားနေခဲ့သည်။
သူမအသက်ကိုတောင် ဝဝလင်လင် မရှူရဲပေ။
“ကွေးယင်၊မင်း သူမတို့နှစ်ယောက်ကို အပြင်ကိုခေါ်သွားလိုက်ပါ”
“ဒါဆို ဆက်ခံသူသခင် ကရော?”
“စိတ်ချ၊ငါအရင်က ထျန်းဟယ် ဧကရာဇ်မင်းရဲ့အမွေ တစ်စိတ်တစ်ပိုင်းကို ဆက်ခံထားတယ်၊
ဒါက ငါ့ကိုအများကြီး မထိခိုက်စေဘူး”
“ဒါ့အပြင် ဘိုးဘေးပေးထားတဲ့ လျို့ဝှက်ရတနာပစ္စည်းတွေပါ ရှိသေးတယ် ၊ ဘာမှဖြစ်မှာမဟုတ်ပါဘူး”
ကွေးယင်မဟာသူတော်စင်သည် ခဏတာ တုံ့ဆိုင်းသွားသည်။အကယ်၍ ဆက်ခံသူသာ တစ်ခုခုဖြစ်သွားမည် ဆိုပါက ၊ ထျန်းဟယ် နယ်မြေတင် မဆိုနှင့်၊ ပေမင်တိုက် နယ်မြေတစ်ခုလုံး ဗြောင်းဆန်သွားနိုင်သည်။
သို့သော် စူးချန်ကဲတွင် ကြီးကြီးမားမား ထိခိုက်မှု ရှိနိုင်မည် မဟုတ်ကြောင်း သူ ခံစားမိသည်။
ထို့အပြင် ဤဧကရာဇ်မင်း၏ ဂူသင်္ချိုင်းသည် ရှားရှားပါးပါး အခွင့်အရေးတစ်ခုဟု ယူဆနိုင်သည်။
“ကျေးဇူးပြုပြီး ဆက်ခံသူလည်း သတိထားပါ”
“အန္တရာယ်ကြုံလာရင် ၊ ကိုယ့်အသက်အန္တရာယ်က အရေးကြီးဆုံးပဲ ဆိုတာကို သတိထားပါ”
ကွေးယင် မဟာသူတော်စင်သည် နှုတ်ခွန်းဆက်သပြီး နောက် သူမတို့နှစ်ဦးကိုခေါ်ထုတ်သွားခဲ့တော့သည် ။
“ဒီဂူသင်္ချိုင်းမှာ ဘာလျှို့ဝှက်ချက်တွေ မြှုပ်နှံထားခဲ့လဲဆိုတာ ငါ ကြည့်ကြည့်လိုက်ဦးမယ်”
စူးချန်ကဲသည် သူ့မျက်စိရှေ့က အမှောင်ထုကြီးထဲသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့လေသည်။
ဤဧကရာဇ်မင်း၏ ဂူသင်္ချိုင်းထဲတွင် စဉ်းစားထားကြသလို ဘာအဖိုးတန် ရတနာမှ မရှိသည့်ပုံပေါ်ပြီး ၊အပြင်တွင် တွေ့ခဲ့သော နတ်အလင်းတန်းနဲ့ ကွဲထွက်နေသည်။ ဘေးပတ်ပတ်လည် တစ်လျှောက်လုံး ပျက်စီးယိုယွင်းနေပုံ ရပေသည်။
လမ်းသည် အဆုံးမရှိသည့်ပုံရကာ အမှောင်ထုကြီးသာ ရှိပေသည်။
ကံကောင်းထောက်မစွာ၊ စူးချန်ကဲသည် ထျန်းဟယ် ဧကရာဇ်မင်းမြတ်၏ စိတ်ကျင့်စဉ်ကို တတ်မြောက်ထားသောကြောင့် အမည်မသိနိုင်သည့် ဝမ်းနည်းပူဆွေးရသောခံစားချက်က သူ့အပေါ်သို့ မသက်ရောက်နိုင်ခဲ့ပေ။
သူ ဘယ်လောက်ကြာတဲ့အထိ လျှောက်လာခဲ့မှန်း သူ မသိခဲ့ပေ။
အမှောင်ထု၏အဆုံးတွင် အနက်ရောင် မြူခိုးများက ထူထပ်စွာ ပြည့်နှက်နေပြီး၊၎င်းအတွင်းတွင် ရွှေဝါရောင် မှော်သင်္ကေတ ကွင်းဆက်များ ရှိနေခဲ့သည်မှာ တစ်စုံတစ်ခုကို ချုပ်နှောင်ထားသလိုပင်။
စူးချန်ကဲသည် မြူခိုးအုပ်ကြီးကို ကြည့်ရင်း သူ့အား တစ်စုံတစ်ခုက စူးစိုက်ကြည့်နေမှန်း ခံစားလိုက်ရသည်။
ဘုန်း!
ရုတ်တရက်၊ ဂူဗိမာန်ရှိ မြေပြင်မှာ တုန်ခါသွားခဲ့သည်။
မထင်မရှား ရှိနေသော ထိုအငွေ့အသက်သည် ဤကမ္ဘာကြီး၏ အပူချိန်ကို ရုတ်တရက် ကျဆင်းသွားစေခဲ့သည်။
စူးချန်ကဲသည် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူသည် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ သွေးချီစွမ်းအင်ကို ထုတ်သုံးလိုက်သည်။
သူ့ ခန္ဓာကိုယ်တွင်းရှိ ဇီဖူကမ္ဘာကြီးသည်
မြည်ဟိန်းလာပြီး ၊ စူးချန်ကဲကို ဗဟိုပြုကာ သင်္ချိုင်းတစ်ခုလုံးကို တောက်ပသောအလင်းရောင်များဖြင့် ပြည့်နှက်သွားစေခဲ့သည်။
နတ်အလင်းတန်းသည် အစွမ်းကုန် တောက်ပနေပြီး ကောင်းကင်တစ်ခွင်လုံးကို အုပ်စိုးထားသည်။ဤအခိုက်အတန့်ရှိ စူးချန်ကဲသည် နတ်အလင်းတန်းများဖြင့် ရေချိုးနေသော အမတ တစ်ပါးကဲ့သို့ပင်။
ရောင်စုံ တောက်ပနေသော နတ်အလင်းတန်းများသည် ကောင်းကင်မှ ဆင်းသက်လာသော နတ်စစ်သည်များကဲ့သို့ အမှောင်ထုကြီးကိုအဆက်မပြတ် တိုက်ထုတ်နေခဲ့သည် ။
【ဒီအပ်ိုင်းမှာ စာရေးဆရာ ပြန်ရှင်းထားတာ ရှိပါတယ်၊ ဧကရာဇ်မင်းမြတ် ဆိုတာက ကျင့်ကြံရေး နယ်ပယ်အဆင့်တစ်ခုပါပဲတဲ့ ၊အပိုင်း ၂ မှာတော့ ရှိန့်ကျူ(သူတော်စင် အရှင်) ထိ လို့ ဖော်ပြထားပေမဲ့ တဖြေးဖြေး ဒီထက်မြင့်တဲ့ အရာတွေ လာဦးမယ်လို့ ပြောထားပါတယ်၊
အစာပိုင်းမှာ စူးချန်ကဲရဲ့ မိဘတွေ ပျောက်ဆုံးသွားတယ် ၊ ဒါကလည်း နောက်လာမယ့် အပိုင်းတွေမှာ သူ ဆက်ရေးမယ့် အမတ နယ်မြေ/ဘုံ နဲ့ ဆက်စပ်နေပါတယ် တဲ့ 】
အပိုင်း(၃၈) : ကောင်းကင်ကို ဝါးမျိုတဲ့ လဝံပုလွေကို ကျွန်အမှတ်အသား ရိုက်နှိပ်မည်
ကွေးယင် မဟာသူတော်စင်သည် မိန်းကလေးနှစ်ယောက်ကို ခေါ်ပြီး ထွက်အလာ၊သိပ်မကြာခင်မှာပဲ ဂူဗိမ္မာန်ထဲမှ တောက်ပသော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“အထဲမှာ တစ်ခုခု ဖြစ်နေတာလား?”
“ဆက်ခံသူက ဘာလို့ သူ့ရဲ့စွမ်းအားကို ဒီလောက်ထိ အစွမ်းကုန် ထုတ်သုံးခဲ့တာလဲ? “
ကွေးယင် မဟာသူတော်စင်၏ မျက်ဝန်းများမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နက်နေသည်။
ထိုဧကရာဇ်မင်း၏ ဂူဗိမာန်သည် တကယ်ကို ထူးဆန်းပေသည် ။ စူးချန်ကဲက လွဲ၍ တခြားဘယ်သူမဆို ထိခိုက်သွားနိုင်သည်။
“အခြေအနေကို ကြည့်လိုက်စမ်း၊သူ ဘာကို တွေ့လိုက်ရလို့လဲ မသိဘူး၊ အဲ့ပုဂ္ဂိုလ် အန္တရာယ်ရှိမှာကို စိုးတယ်”
“ပါးစပ်ပိတ်ထား! မင်းဟာမင်း သေချင်နေတာ
ငါတို့ကို မင်းနဲ့အတူ ဆွဲခေါ်ဖို့မစဉ်းစားနဲ့!”
“တကယ်ပဲ အဲဒီပုဂ္ဂိုလ်မှာ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုရင်၊ငါတို့ ထျန်းဟယ် ပိုကောင်းလာမယ်လို့ မင်းထင်လား?”
ထိုအရာကို တွေးလိုက်တိုင်း လူတိုင်း နားပန်းကြီးသွားပြီး ၊ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ခါသွားလေသည်။
ဟုတ်တာပဲ!
တကယ်လို့ အဲဒီပုဂ္ဂိုလ်သာ ဂူဗိမာန်ထဲမှာ တစ်ခုခုဖြစ်ခဲ့ရင် ၊ဒါဆို သူက ဒီကမ္ဘာကြီးထဲက စွမ်းအားအကြီးမားဆုံးပုဂ္ဂိုလ် ဖြစ်လာတော့လေ!
အဲဒီအချိန်ကျရင် ထျန်းဟယ်ကမ္ဘာ တစ်ခုလုံး လုံးဝ ပြောင်းလဲသွားတော့မယ် !!
….
“ဒီရဲ့ အငွေ့အသက်က တကယ်ကို ထူးဆန်းတယ်၊စုတ်ယူနိုင်တဲ့ စွမ်းအားတွေ ရှိပုံရတယ်”
“အရင်က ငါ့ရဲ့စွမ်းအားတွေ လွှတ်ထုတ်လိုက်တာတောင် ၊ အဲ့ထဲက အများစုက ငါ နားမလည်နိုင်တဲ့ စွမ်းအားတချို့ရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတာပဲ “
ဂူဗိမာန်ထဲတွင် ၊
စူးချန်ကဲသည် အမှောင်ထုကြီးကို ချေဖျက်ပြီးနောက် မြူခိုးများကြားထဲ ဆက်လက် လျှောက်လှမ်းခဲ့သည်။
မဲနက်နေသော မြူခိုးထဲသို့ လှမ်းဝင်လိုက်သည်နှင့် စူးချန်ကဲ ၏ အမူအရာသည် ပို၍ လေးနက်လာခဲ့သည်။
သူ သတိမလွှတ်ရဲပေ။စူးချန်ကဲသည် သူ၏ သူတော်စင် ခန္ဓာကိုယ်က သွေးချီစွမ်းအင်နှင့် ယင်းယန် ဓားစွမ်းအင်တို့ကို ပေါင်းစည်း လိုက်ပြီး အလင်းဒိုင်းတစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
၎င်းကို မဲနက်နေသော မြူခိုးရန်မှ ကာကွယ်စေနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် သူ သံသယဖြစ်နေမိသည်။ဂူဗိမာန်ထက် အကျဉ်းထောင်တစ်ခုလို သူ ခံစားနေရသည်။
ကျွီ!
သံကြိုးများ အချင်းချင်း တိုက်မိသံသည် ဤကြီးမားသော နေရာ၌ ပဲ့တင်ထပ်သွားခဲ့သည်။
တစ်ကြိမ်ထိတိုင်း ၊ထိုရွှေဝါရောင် သံကွင်းကြိုးများသည် လင်းလက်သွားတတ်ပြီး ၊၎င်း၏ အပေါ်တွင် ဧကရာဇ်မင်းမြတ်၏ ဖိနှိပ်စွမ်းအားများက တစ်စွန်းတစ ရှိနေခဲ့သည် ။
“ဒီသံကွင်းကြိုးတွေက?”
“ဒါ ပျက်စီးနေပြီ ဖြစ်တဲ့ ဧကရာဇ်မင်းမြတ်ရဲ့ လက်နက် ဆိုတာလား? “
ထိုသို့ ပျက်စီးနေရခြင်း အကြောင်းရင်းမှာ ၊ထိုပေါ်တွင် ဧကရာဇ်မင်းမြတ်၏ ဖိနှိပ်စွမ်းအားများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ သို့သော် ၎င်းသည် လူကို အားယုတ်စေသလိုမျိုး ခံစားမိခဲ့သည်။
လေပြင်းထဲတွင် ထွန်းထားသော ဖယောင်းတိုင်တစ်တိုင်သည် ဘယ်အချိန်မဆို ငြိမ်သွားနိုင်သလိုပင်။
ထိုသံကွင်းကြိုး၏ လမ်းကြောင်းကို အဆုံးထိ ကြည့်လိုက်ရာ ၊ ၎င်းသည် တစ်စုံတစ်ခုနှင့် အမှန်တကယ် ချည်နှောင်ထားကြောင်း တွေ့လိုက်ရသည်။
“အနှစ်တစ်ထောင် ကြာခဲ့ပြီ၊ နောက်ဆုံးတွင် တစ်စုံတစ်ယောက် ရောက်လာခဲ့ပြီပဲ!”
“ကောင်လေး! ၊ ငါက ထျန်းဟယ် ဧကရာဇ် မင်းရဲ့ နောက်ဆုံးစမ်းသပ်မှုပဲ၊ ငါ့ကို မြန်မြန်လွှတ်ပေးစမ်း!”
“မင်းသာ ငါ့ကိုအနိုင်ယူနိုင်ခဲ့ရင်၊ အမွေတွေကို မင်း အကုန်ဆက်ခံခွင့် ရှိတယ် !”
စူးချန်ကဲသည် လှမ်းကြည့်လိုက်သည်။
၎င်း၏ တစ်ကိုယ်လုံးကို နက်မှောင်သော အမျှင်များက ဖုံးအုပ်ထားသည်။
သို့သော် လခြမ်းပုံသဏ္ဍာန်နှင့် တူသော အရာတစ်ခုသည် သူ၏ နဖူးရှေ့တွင် ဖြူဖွေးသော နှင်းပွင့်လေး သကဲ့သို့ ရှိနေသည်။
၎င်း၏ ရွှေညိုရောင် မျက်လုံးသည် ရွှေဝါရောင် အလင်းတန်းများ ဖြာထွက်နေသလိုပင်။
“ ခွေးတစ်ကောင်?”
စူးချန်ကဲ ကြောင်သွားသည်။
ဒီခွေးက နည်းနည်းတော့ ထူးဆန်းတယ် ဆိုပေမဲ့ ဒါပေမဲ့ တကယ့်ကို ခွေးကြီးဟ !
ထျန်းဟယ် ဧကရာဇ်မင်း ရဲ့ နောက်ဆုံးစမ်းသပ်မှုက ခွေးတစ်ကောင်ကို အနိုင်ယူဖို့လား?
“ကောင်စုတ်လေး! မင်း အမြင်မရှိဘူးလား?”
“ငါကိုယ်တော်က ဝံပုလွေကွ ! ကောင်းကင်ကို ဝါးမျိုတဲ့ လဝံပုလွေ၊ရှေးခေတ် သားရဲဆယ့်နှစ်ကောင်ထဲက တစ်ကောင်ကွ! “
“ ကောင်လေး ၊ ငါ့ကို မြန်မြန် မလွတ်ပေးသေးဘူးလား၊မင်းငါ့ကိုသာ အနိုင်ယူနိုင်ရင် ဧကရာဇ်မင်းရဲ့ အမွေအားလုံး မင်း အပိုင်ပဲ! “
ဧကရာဇ်မင်းမြတ်၏ အမွေအားလုံးကို ဘယ်သူကမှ မငြင်းပယ်နိုင်ဘူးဟု သူ ယုံကြည်ထားသည်။
သို့သော် စူးချန်ကဲအတွက်ကတော့ သူမှာ စနစ်တစ်ခု ရှိပြီး ဖြစ်သောကြောင့် ဧကရာဇ်မင်းရဲ့
အမွေလောက်ကိုတော့ သူ ရင်မခုန်ပေ။
အဲဒီအစား သူသည် ခွေးကိုသာ ပိုစိတ်ဝင်စား နေခဲ့သည်။
“ကောင်းကင်ကို ဝါးမျိုတဲ့ လဝံပုလွေ?”
“ကမ္ဘာမြေကြီးက ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်တယ် ၊ဒါတင်မကဘူး သက်ရှိအားလုံးရဲ့ အသက်စွမ်းအားကိုပါ စုပ်ယူနိုင်တယ်၊ ဒါပေမဲ့ မင်းရဲ့ အခု ပုံစံကို ကြည့်ရတာ အတော်လေး အားနည်းနေတာပဲ “
“ဒါပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ ရှေးဟောင်း သားရဲတွေရဲ့ သွေးက အလွန်ရှားပါးပြီး ကျင့်ကြံရေးအတွက် အလွန်အရေးပါတယ် ဆိုပဲ “
“ကြည့်ရတာ ထျန်းဟယ် ဧကရာဇ်မင်းက မင်းကို နောင်လာနောက်သားတွေအတွက် ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခု ဖြစ်မယ်လို့ မှတ်ယူထားပုံရတယ်”
စူးချန်ကဲသည် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။
ဒဏ္ဍာရီအရ ကောင်းကင်ကို ဝါးမျိုတဲ့ လဝံပုလွေသည် ရှေးခေတ်ကမ္ဘာမှ မသေနိုင်သော ရက်စက်ကြမ်းကြုတ်သော သားရဲအကြွင်းအကျန်များ ဖြစ်ပြီး ၊ ၎င်း၏ စွမ်းရည်မှာလည်း အတော်လေး ကြောက်စရာ ကောင်းသည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။
၎င်း ခန္ဓာကိုယ်ရှိ အသွေးအသားများသည် အမတဘုံ၏ အရိပ်အမြွက်များ ပါရှိပေသည်။
ပြိုင်ဘက်ကို လွှမ်းမိုးထားနိုင်သော ကြောက်စရာ ကောင်းသည့် နတ်ဆိုးသားရဲတစ်ကောင်ဟု ဆိုရပေမည်။
ဟွန်း!”
“ ထျန်းဟယ် ဧကရာဇ် အဲ့ကောင်လူညစ်က ညစ်ပတ်တဲ့ လှည့်ကွက်တွေသုံးပြီး ငါ့ကို ဖမ်းခဲ့တယ်၊ပြီးတော့ သူဘာသာသူ စစ်ပွဲထဲ ပြေးဝင်သွားပြီး နောက်ဆုံးတော့ သေသွားတယ်လေ!”
“ ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်၊ ထျနိးဟယ် ဧကရာဇ်ရဲ့ အလောင်းက အဲ့တိုက်ပွဲမှာ ကတည်းက ပျောက်ကွယ်သွားတာ၊ဒါက သူ့ရဲ့ ဂူဗိမာန် ဆိုပေမဲ့ သူ့သက်တမ်းတစ်လျှောက်မှာ သူ့မှာရှိခဲ့တာဆိုလို့ ဧကရာဇ်မင်း လက်နက်ကလွဲရင် ဘာအမွေမှ လုံးဝမရှိခဲ့ဘူး! “
“တကယ်လို့ မင်းသာ ငါ့ကို လွှတ်ပေးရင် ငါ မင်းကို ကူညီပေးနိုင်တယ်!”
လဝံပုလွေသည် စကားအဆုံးတွင် အလျင်စလို မလုပ်ပဲ စူးချန်ကဲ၏ အဖြေကို စောင့်ဆိုင်းလိုက်သည်။
မည်သို့ပင် ဖြစ်စေကာမူ ၊ တဖက်လူသည် သူ၏ ခွင့်ပြုချက် မရှိဘဲ သွားခွင့်မရှိသောကြောင့် အရာအားလုံးသည် သူ့လက်ထဲတွင်သာ ရှိပေသည်။
စူးချန်ကဲက ခဏလောက် စဉ်းစားလိုက်ပြီး၊ ပြန်ဖြေလိုက်သည်။
“ လွတ်ပေးဖို့က လွယ်ပါတယ် ဒါပေမဲ့ မင်း အရင် ငါမေးတာကို ပြန် ဖြေပေးရမယ်”
“ပြောကြည့် ၊ ငါ ကိုယ်တော် သိတဲ့ဟာဆို အမှန်အတိုင်း ဖြေပေးမယ်”
“အဲ့ ဝမ်းနည်း ကြေကွဲရတဲ့ ထူးဆန်းတဲ့ ခံစားချက်က ဘာကြီးလဲ?”
“အဲဒါတွေက ထျန်းဟယ် ဧကရာဇ်မင်းရဲ့ အကြွင်းအကျန်တွေ လေ ၊အဲ့ဒီ ဝမ်းနည်း ကြေကွဲရတဲ့ ခံစားချက်မှာ စိတ်ဝိညာဉ် မရှိဘူး၊
ဒီတိုင်း သူ မသေခင်က ချန်ထားခဲ့တဲ့ အသိစိတ်ပဲ “
“ အမတ ဘုံကရော ဘာလို့ ပျက်စီးသွားခဲ့ရတာလဲ?”
“အဲ့တာကိုတော့ ငါလည်း များများစားစား မသိဘူး၊ အမတဘုံကနေ စတင်ခဲ့တဲ့ စစ်ပွဲပဲ ၊ ပြောသံကြားတာတော့ ၊ ပြင်ပ အင်အားစု တစ်ခုနဲ့ ဖြစ်ခဲ့တာတဲ့ ၊အဲ့ဒီ စစ်ပွဲက ကမ္ဘာအနှံ့ ပြန့်နှံ့သွားပြီး နောက်ဆုံးတော့ အမတဘုံ တစ်ခုလုံး ပျက်စီးသွားခဲ့တာတဲ့ “
“စစ်မှန်သော ကောင်းကင်လမ်းစဉ် ဆိုတာကရော ဘာအဓိပ္ပာယ်လဲ?”
“အဲ့တာတော့ ငါ မသိဘူး”
လဝံပုလွေက ဆက်ရှင်းပြသည်
“နှစ်တွေ ကြာခဲ့ပြီဆိုတော့ ငါ့ရဲ့ ခွန်အားနဲ့ မှတ်ဥာဏ်တွေလည်း အများကြီး ပျောက်ကွယ်သွားခဲ့ပြီလေ”
“မင်း တကယ်ပဲ အဖြစ်မှန်ကို သိချင်ရင်၊အမတ လမ်းစဉ်ကို ရအောင်ရှာ ၊အဲ့တာက အမတဘုံကို သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”
စူးချန်ကဲသည် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူလည်း အဲ့လောက်ထိ မသိချင်ခဲ့ပေ။
ထို့အပြင် သူ၏ စွမ်းအားမှာလည်း မလုံလောက်သေးပေ။အမတလမ်းစဉ်ကို သွားချင်ရင် ၊သူသည် အရင်ဆုံး ဧကရာဇ်မင်း လမ်းစဉ်ကို ကျော်ဖြတ်ရမည် ဖြစ်သည်။
“မင်း ငါ့ကို လွှတ်ပေပေးစေချင်တယ် ဆိုလည်း ရတယ်လေ၊ ဒါပေမယ့် မင်း ငါ့ရဲ့ ကျွန်အမှတ်အသားကို ပုံတူကူးရမယ်”
“မဖြစ်နိုင်တာ! “
လဝံပုလွေ၏ အမူအယာမှာ ရက်စက်ကြမ်းကြုတ် နေခဲ့သည်။
သူဆိုတဲ့ ကောင်က ကြီးကျယ်ခမ်းနားပြီးရက်စက်ကြမ်းကြုတ်တဲ့ ရှေးဟောင်း သားရဲတစ်ကောင်လေ၊ အဲ့တာကို သူက လူသားတစ်ယောက်ဆီမှာ ကျွန်ခံရမတဲ့လား ၊ဒါ သူ့ကို အရှက်ခွဲလိုက်တာပဲ!
“ငါက အတည်ပြောနေတာ ၊ မင်းကို တောင်းဆို နေတာ မဟုတ်ဘူး “
ဝီ!
စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေက ဘိုးဘေးများက သူ့အတွက် စေ့စေ့စပ်စပ်
ပြင်ဆင်ပေးထားသော အမတစွမ်းအင် တစိတ်တပိုင်း ပါဝင်သည့် စေတီမျှော်စင်ငယ်ကို ထုတ်ယူလိုက်သည်။
သူ့စွမ်းအား ထည့်လိုက်သည်နှင့် တပြိုင်နက် စေတီမျှော်စင်ငယ်မှာ သူ့အလိုလို အသက်ဝင်လိမ့်မည် ဖြစ်သည်။
ဟင်းလင်ပြင်တစ်ခုလုံး တုန်လှုပ်သွားပြီး အကန့်အသတ်မဲ့ တောက်ပသော နတ်အလင်းတန်းများက ကမ္ဘာကြီးကို ပြိုကွဲသွားစေကာ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများ ကျဆင်းလာခဲ့သည်နှင့် လေဟာပြင်ကြီးမှာ တစ်စ တစ်စ ပျက်သုန်းသွားခဲ့ရသည်။
“အမတ လက်နက် !”
လဝံပုလွေမှာ တုန်လှုပ်သွားသည်။အမတလက်နက်သည် ဤကမ္ဘာပေါ်ကလူတွေ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ပေ ။၎င်း၏ စွမ်းအားကို ဧကရာဇ်မင်း လက်နက်ပင်လျှင် နှိုင်းယှဉ်၍ မရနိုင်ချေ။
“မင်းဘယ်သူလဲ ?”
စေတီမျှော်စင်ငယ်၏ ပတ်ပတ်လည်တွင် နတ်အလင်းရောင်များ အဆက်မပြတ် ဖြာထွက်နေပြီး၊ဤနေရာ၌ ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခု ဆင်းသက်လာခဲ့သည်။
ထိုရုပ်သွင်၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး ရောင်ဝါများ ဖြာထွက်နေပြီး တချက်ကြည့်လိုက်ရုံဖြင့် ၎င်းသည် နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသော ပုဂ္ဂိုလ်တစ်ယောက်လိုပင်။
ဤသည်မှာ ဖော့ကျွင်း ဘိုးဘေး ချန်ထားခဲ့သော နတ်အသိစိတ် ရောင်ဝါပင် ဖြစ်သည်။
“ချန်ကဲ?”
ဖော့ကျွင်း ဘိုးဘေးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။သူသည် ဧကရာဇ်မင်းမြတ်၏ အငွေ့အသက်ကို ခံစားရသော်လည်း ၊သို့သော် ထိုအငွေ့အသက်မှာ အားနည်းလွန်းပေသည်။
“ဧကရာဇ်မင်း ဂူဗိမာန်”
“ဒါကရော ရှေးဟောင်း သားရဲတိရစ္ဆာန်လား?”
“ချန်ကဲ မင်းကို ကောင်းကင်လမ်းစဉ်က တကယ်ကို ကောင်းချီးပေးထားတာပဲ၊ဧကရာဇ်မင်းမြတ်ရဲ့ အပျက်အစီးကို တကယ်ကို ရှာတွေ့ခဲ့တာပဲ”
ဖော့ကျွင်း ဘိုးဘေး၏ မှုန်ဝါးဝါး အသွင်သဏ္ဍာန်မှ သူ၏ အပြုံးကို မြင်နေရသည်။
သူသည် လက်ကို တချက် ဝေ့ယမ်းလိုက်ရာ မှောင်မှိုက်နေသော မြူခိုးငွေ့ကြီးသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည် ။
မျက်စိရှေ့က လဝံပုလွေမှာ သံကွင်းကြိုးများဖြင့် ချည်နှောင်ခြင်းကို ခံထားရပြီး၊ ဧကရာဇ်မင်းမြတ်၏ စွမ်းအားက ၎င်း၏ အငွေ့အသက်ကိုဖိနှိပ်ထားပုံ ရပေသည်။
ဒါ့အပြင် အချိန်တွေ အရမ်းကြာခဲ့ပြီဖြစ်သောကြောင့် ထိုသံကွင်းကြိုးများတွင် ပျက်စီးသွားသော လက္ခဏာများ ရှိနေခဲ့သည်။
“နှမျောစရာပဲ ၊ ဒီဧကရာဇ်မင်း လက်နက်ရဲ့လက်ကျန်စွမ်းအားက ဆယ်ပုံတစ်ပုံအောက်ပဲ ကျန်တော့တယ်၊သူလည်း အဲ့ဒီတိုက်ပွဲကို ဖြတ်သန်းခဲ့ဖူးပုံရတယ်”
“ဒါပေမဲ့ ဒီဝံပုလွေက မဟာသူတော်စင် ကနဦးအဆင့်ကို ရောက်နေပြီပဲ၊စိတ်ဝင်စားစရာကောင်းတယ်၊ သူသာ အထွပ်အထိပ် ရောက်သွားရင်၊ ဧကရာဇ်မင်း အဆင့်နဲ့တောင် ယှဉ်ပြိုင်နိုင်ပြီပဲ “
“ချန်ကဲ မင်းတကယ်လို့ သူ့ကို စီးချင်ရင်၊ငါ မင်းအတွက် သူ့ကို ဖမ်းပေးလို့ရတယ်”
“ဘာ?ငါ့ကို စီးမယ်?”
လဝံပုလွေခမျာ သေချင်စော်နံသွားသည်။
ဒါ သိုင်းလောကရဲ့ကျင့်ဝတ်မရှိတာပဲ!
ငါ့ကိုဖမ်းပြီးတော့တောင် သူ့ရဲ့ စီးတော်ယာဉ် လုပ်မယ်ပေါ့လေ?
ဖော့ကျွင်းဘိုးဘေးသည် လက်ကို ဝေ့ယမ်းးလိုက်သည်နှင့် အတိုင်းအဆမရှိသော တာအိုသံစဥ် နိယာမများသည် ချက်ချင်းဆိုသလို ကျဆင်းလာခဲ့သည် ။
လဝံပုလွေ၏ အသိစိတ်ပင်လယ်သည် စက္ကူတစ်ခု အဖြစ် ချက်ချင်းဆိုသလို ခေါက်ရိုးချိုးခံလိုက်ရသည်။
ကျွန်အမှတ်အသား ရိုက်ထည့်လိုက်သည်နှင့် တဖက်လူသည် မိမိ၏ ထာဝစဉ် ကျွန်တစ်ဦး ဖြစ်လာပေလိမ့်မည် ။
ဧကရာဇ်မင်း၏ ရက်စက်ကြမ်းကြုတ်သော ထို ရှေးဟောင်း သားရဲတိရစ္ဆာန်ပေါ်တွင် ကျွန်အမှတ်အသားကို ရိုက်နှိပ်နိုင်သူမှာ ကွေးယွမ် သူတော်စင် နယ်မြေ တစ်ခုတည်းသာလျှင် ရှိပေသည်။
အပိုင်း(၃၉): ဂူဗိမာန်ပြိုကျပြီး ကွေးရွှီ လျှို့ဝှက်နယ်မြေကို ပွင့်တော့မည်_
“အရှက်မဲ့လွန်းတယ်!”
“ငါကိုယ်တော်လို ရက်စက်ကြမ်းကြုတ်တဲ့ ရှေးဟောင်း သားရဲတိရစ္ဆာန်ကို မင်းကများ ကျွန်အမှတ်အသား ပေးရဲတယ်ပေါ့! ? “
ရှေးဟောင်းသားရဲတိရိစ္ဆာန် ?
ဖော့ကျွင်း ဘိုးဘေးက မထီမဲ့မြင်ပြုလိုက်သည်။ အမတဘုံ ဖရိုဖရဲ ဖြစ်ခဲ့စဉ်က ရှေးဟောင်းသားရဲ့တိရစ္ဆာန်များ ပျောက်သွားခဲ့သည်မှာ မနည်းမနောပင်။
“ရှေးဟောင်းသားရဲတိရိစ္ဆာန်ကများ ဒီလိုပြောရဲ
သေးတယ်”
“မင်းသာ ငါ ကွေးယွမ်သူတော်စင်နယ်မြေ ဆက်ခံသူရဲ့ စီးတော်သားရဲတိရစ္ဆာန် ဖြစ်ခွင့်ရတာကိုက မင်းအတွက် ပျော်ရွှင်မှုတစ်ခုဖြစ်နေပြီ “
လဝံပုလွေခမျာ ချက်ချင်းပင် ဆို့နင့်သွားသည်။
ကွေးယွမ် သူတော်စင်နယ်မြေ?
ဒီနာမည်က ငါ ဘာကြောင့် ဒီလောက်ရင်းနှီး နေတာပါလိမ့်?
ကွေးယွမ်?
ကွေးယွမ် အမတ ဂိုဏ်း!?
သတိရလိုက်သည်နှင့် တပြိုင်နက်၊ လဝံပုလွေမှာ ထိတ်လန့်သွားခဲ့ရသည် ။
အဲ့ဒီအင်အားစုက အဲ့တုန်းက ကမ္ဘာ့စစ်ပွဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော အင်အားစု မဟုတ်လား!
ဒဏ္ဍာရီထဲက အမတ၊
ပြီးတော့ ကြောက်စရာအကောင်းဆုံး နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံ
သွားပါပြီ၊ငါသေတွင်း ငါ တူးမိပြီ !
တခြားနည်းလမ်းလည်း မရှိတော့ဘူး၊ကိစ္စတွေက အခုလိုဖြစ်လာမှာတော့ အိပ်ချင်ယောင်ဆောင်ရုံပေါ့!
“ဒီရဲ့ဧကရာဇ်မင်းလက်နက်က ကျိုးပဲ့နေပြီဆိုပေမယ့် ဒါပေမယ့် ရှားပါးရတနာတစ်ခုလို့ မှတ်ယူလို့ရတယ်”
ဖော့ကျွင်းဘိုးဘေးသည် သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ ၊ လဝံပုလွေခမျာ အာကာသ ပြင် ဝဲထဲသို့ ဆွဲခေါ်ခံလိုက်ရသည် ။
“ငါနဲ့ တခြားဘိုးဘေးတွေ ဒီရဲ့ဧကရာဇ်မင်းလက်နက်ကို ပြန်ပြင်ပြီးဝာာနဲ့ မင်းကိုပေးမယ်”
“စိတ်ချ၊ ဒီရဲ့ဧကရာဇ်မင်းလက်နက်က မင်းရဲ့အခွင့်အရေးပဲ ၊ ငါတို့ မျက်စိမကျပါဘူး “
စူးချန်ကဲ၏ အမူအယာသည် ဘာမှမထူးခြားသည့် ဒီဇိုင်းဖြင့်။
ဧကရာဇ်မင်းလက်နက်?
သူ့မှာ အမတ အစွမ်းတဝက်ပါတဲ့ စေတီမျှော်စင်ငယ် ရော ၊ ကောင်းကင်ဓားရော ရှိနေတာ ဧကရာဇ်မင်းလက်နက်ဆိုတောင် သူ့အတွက်တော့ သာမန်ပဲ။
ဝုန်း!
တစ်ကမ္ဘာလုံး တုန်လှုပ်မြည်ဟိန်းသွားပြီး အဖျက်စွမ်းအားက သဲကြီးမဲကြီး ကျဆင်းလာသည် ။
ဧကရာဇ်မင်းလက်နက်ထံမှ ထောက်ပံ့မှုကို ဆုံးရှုံးလိုက်ရသောကြောင့် ဂူဗိမာန်သည် တဖြည်းဖြည်း ပြိုကျလာခဲ့သည်။
“ချန်ကဲ ၊ ပေမင်တိုက်ကြီးဆီကို အမြန်ဆုံးပြန်လာခဲ့”
“ ကွေးရွှီ လျို့ဝှက်နယ်မြေ ပွင့်လာတော့မယ်၊အဲဒီမှာ ရမယ့် အခွင့်အလမ်းတွေက ဒီကမ္ဘာငယ်လေးနှင့် မယှဉ်နိုင်ဘူး”
“အဲဒီမှာ မင်းလိုပဲ ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ်တွေကို မင်းတွေ့ရလိမ့်မယ်”
ကွေးရွှီ လျို့ဝှက်နယ်မြေ?
ကွေးရွှီ လျို့ဝှက်နယ်မြေသည် မကောင်းဆိုးဝါး မျိုးနွယ်၏ အပျက်အစီးများ ရှိရာ နေရာလို့ ဆိုကြသည်။
ထိုအထဲတွင် မကောင်းဆိုးဝါး ဧကရာဇ်မင်းမြတ်၏ အမွေများလည်း ရှိပေသည်။၎င်းအရာများသည် ဤ ပျက်စီးယိုယွင်းနေသော ဧကရာဇ်မင်းမြတ်၏ သင်္ချိုင်းဂူနှင့် နှိုင်းယှဉ်လို့တောင် မရနိုင်ပေ။
ကွေးရွှီ လျို့ဝှက်နယ်မြေတွင် မကောင်းဆိုးဝါး မျိုးနွယ်စု၏ အမွေများစွာ ရှိပေသည်။ကံကောင်းမည် ဆိုပါက ထိုလျှို့ဝှက်ဆန်းကြယ်သော နေရာကို ဝင်ရောက်နိုင်သည်နှင့် သာလွန်သော ကံကောင်းခြင်းများ ရနိုင်ပေသည်။
ကွေးရွှီ လျှို့ဝှက်နယ်မြေသည် မကောင်းဆိုးဝါး မျိုးနွယ်စု ပိုင်ဆိုင်သော အရာ တစ်ခု ဖြစ်သော်လည်း ၊သို့သော် လူသားမျိုးနွယ်စုနှင့် အမတ ကျင့်ကြံရေးး ဂိုဏ်းများမှ ထိပ်တန်း အဖွဲ့ဝင်အချို့သည် သဘောတူညီချက်တစ်ခု ထားရှိခဲ့ပြီး ခွဲတမ်းအချို့ကို ရရှိခဲ့သည်။
သူတော်စင် ပညာရှင် နယ်ပယ်အဆင့် နှင့် အောက် ၊ တတ်မြောက်ကျွမ်းကျင်သော ကျင့်ကြံသူများသာလျှင် ကွေးရွှီ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်ရှိပေသည်။ဤသည်မှာ မျိုးဆက်သစ် လူငယ်များအတွက် အထူးကောင်းမွန်သော စမ်းသပ်ရာ နေရာတစ်ခုလည်း ဖြစ်ပေသည်။
“ဒါကို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ပွဲလို့ ယူဆလို့ ရတာပဲ”
“ မုန်တိုင်းပွဲကြီး မဟုတ်လား? စနစ်ကို ရွေးချယ်ခွင့်တွေ ပေးအောင် အစပျိုးလို့ ရပြီပဲ၊ ဒီလိုသာဆို ငါ ဆုလာဘ်တွေ ရနိုင်ပြီပဲ!”
စူးချန်ကဲ၏ မျက်လုံးများမှာ မျှော်လင့်ချက် ရောင်ခြည်များဖြင့် ပြည့်နှက်လို့နေသည်။
“ဟုတ် ချန်ကဲ ဒီနေ့ပဲ ခရီးစထွက်လိုက်ပါ့မယ်”
ဧကရာဇ်မင်း ဂူသင်္ချိုင်းတွင် ဘာတွေဖြစ်သွားခဲ့တာလဲ ဆိုတာ ပြင်ပကမ္ဘာကလူတွေ မသိနိုင်ခဲ့ကြပေ။
သို့သော် ဧကရာဇ်မင်းမြတ်၏ ဂူသင်္ချိုင်းသည်ပြင်းထန်စွာ တုန်ခါနေပြီး ပြိုကျတော့မည့်အတိုင်း ကြောက်ဖို့ကောင်းသော အငွေ့အသက်များက ထွက်ပေါ်လာခဲ့သည်။
“တစ်ခုခုထပ် ဖြစ်သွားလို့လား?ဧကရာဇ်မင်းမြတ် ဂူသင်္ချိုင်းကြီး ပြိုကျတော့မယ်လို့ ငါ ဘာလို့ ခံစားရတာတုန်း? “
“ဒီရဲ့အဖျက်စွမ်းအားက သိပ်ကြောက်ဖို့ကောင်းတာပဲ!ကမ္ဘာတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်တော့မယ့် အတိုင်းပဲ !”
“ဟိုလူငယ်ပုဂ္ဂိုလ်လေး …”
အားလုံးရဲ့ ထင်မြင်ချက်များကို နားထောင်ရင်း၊ကွေးယင် မဟာ သူတော်စင်က သူတို့ကို စိုက်ကြည့်လိုက်သည်။
ဖိနှိပ်စွမ်းအားက ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး အားလုံးကိုအသက်မရှူရဲအောင် ဖြစ်သွားစေခဲ့သည် ။
သူတို့ မဟုတ်တမ်းတရားတွေ ဆက်ပြောနေမည်ဆိုပါက ၊ ထိုဖိနှိပ်စွမ်းအားသည် သူတို့ရဲ့ နှလုံးသားကို မညှာမတာ ခြွေမွသွားပေလိမ့်မည်။
“ဆက်ခံသူ ဘာမှမဖြစ်ပါစေနဲ့လို့ မင်းတို့ဆုတောင်းနေတာက ပိုကောင်းမယ်၊ မဟုတ်ရင်..”
ကွေးယင်မဟာသူတော်စင်၏ အေးစက်သော စကားလုံးများသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားပြီး လူတိုင်းကို ထိတ်လန့်သွားခဲ့ကြသည်။
မဟာသူတော်စင် တစ်ပါး၏ စွမ်းအားကို မည်သူကမှ မစော်ကားဝံ့ပေ။
ထိုအချိန် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“ဆက်ခံသူ သခင်!”
ကွေးယွမ်မဟာသူတော်စင် နှင့် ယွင်ရှင်းယန်သည် အလွန်ပျော်နေပုံ ရပေသည်။စူးချန်ကဲ အန္တရာယ်ကင်းတာကို မြင်တော့မှ ၊ သူတို့အားလုံး စိတ်သက်သာရာ ရခဲ့ကြသည်။
“ဆက်ခံသူသခင် ၊ဒဏ်ရာတွေရခဲ့သေးလား ၊အထဲမှာဘာတွေဖြစ်ခဲ့တာတုန်း?”
ယွင်ရှင်းယန်မှာ ယခုထက်ထိ တုန်လှုပ်ချောက်ချားနေဆဲပင် ဖြစ်သည်။
“ဒါက ဧကရာဇ်မင်းမြတ်ရဲ့ ပျက်စီးယိုယွင်းနေတဲ့ သင်္ချိုင်းတစ်ခုပဲလေ၊ကျိုးပဲ့နေတဲ့ ဧကရာဇ်မင်းမြတ်ရဲ့ လက်နက်နဲ့ ခွေးတစ်ကောင်ကလွဲပြီး ၊ဘာမှမရှိဘူး”
“အရမ်းပျင်းစရာကောင်းတယ်”
အားလုံး ရှုပ်သွားကြပြီမလား?
ရတနာဆိုတာ အဲ့ကျိုးပဲ့နေတဲ့ သံကွင်းကြိုးက ဧကရာဇ်မင်းမြတ်ရဲ့ လက်နက်ပဲ!
ဒါနဲ့ သူပြောတဲ့ပုံစံက ၊ အဲ့လောက်ထိ ကြိုက်မနေသလားလို့?
ပြီးတော့ ၊ခွေးတစ်ကောင်ဆိုတာကရော ဘာအဓိပ္ပါယ်လဲ?
ဧကရာဇ်မင်းက သူနှင့်အတူ သင်္ဂြိုဟ်ဖို့ ခွေးတစ်ကောင်ကို ရွေးချယ်ခဲ့တာလား?
“သွားကြမယ်၊ဧကရာဇ်မင်းရဲ အုတ်ဂူလည်း ပြိုကျနေပြီ၊ငါတို့ ဝေးဝေးနေရအောင်”
ထိုအသံကို ကြားတော့ အားလုံး ကိုယ်စီကိုယ်စီ မျက်ရည်လေး ဝဲလျက် ။မူလက သူတို့အားလုံးသည် စူးချန်ကဲ ထွက်သွားပြီးနောက် ရသလောက်လေး ခပ်ယူဖို့ စဉ်းစားခဲ့ကြသည်။
ခုတော့ ကောင်းရော၊ဘာမှကိုမရှိတော့ဘူး!
“ကွေးရွှီလျှို့ဝှက်နယ်မြေ ဖွင့်တော့မယ်”
“ကိစ္စလည်းပြီးပြီဆိုတော့ ၊ ပေမင်တိုက်ကြီးဆီ ပြန်သွားဖို့ အချိန်တန်ပြီ “
“ ရှင်းယန်၊ ဒီဧကရာဇ်မင်းဆီမှာ ဘာအမွေမှ မရှိဘူး၊ဒီရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို မင်း ယူထားလိုက်၊မင်းရဲ့ လေ့ကျင့်မှု ပိုကောင်းအောင် ကူညီပေးနိုင်တယ် “
စူးချန်ကဲသည် သိုလှောင်အကန့် ပစ္စည်းသုံးမျိုးကို ယွင်ရှင်းယန် အား ပေးအပ်လိုက်သည်။
ယွင်ရှင်းယန် ထိတ်လန့်သွားသည်။ဤသိုလောင် အကန့် ထဲတွင် ကျင့်ကြံခြင်း အရင်းအမြစ် များစွာရှိပြီး ၊သူတို့ ယွင် မိသားစုအတွက် ဆယ်စုနှစ်များစွာ သုံးစွဲလို့ရနိုင်သည့် အရင်းအမြစ်များနှင့် ညီမျှပေသည်။
လော့ချင်းယွီသည်လည်း ထိုမြင်ကွင်းကို ကြည့်နေခဲ့ပြီး ၊ သူမ၏ လှပသော မျက်လုံးများတွင် မနာလိုမှု အရိပ်အယောင်များ ပေါ်ထွက်နေခဲ့သည်။
ရုတ်တရက်၊ သူမသည် လော့ယန်ကို စဉ်းစားမိသွားသည်။
“တကယ်ကို ရယ်စရာပဲ !”
သူမသည် နှစ်တွေ အကြာကြီး ပေးဆပ်ခဲ့သော်လည်း၊တစ်ဖက်လူကတော့ သူမအတွက်ဘာကိုမှ မပေးခဲ့ချေ။
နောက်ဆုံးအချိန်ထိ သူမကို လိုသုံး တစ်ယောက်လိုသာ သဘောထားခဲ့သည်။
“မကောင်းသူနဲ့ ဆုံတွေ့ခဲ့တာပဲ “
သူမသည် လေးလံစွာဖြင့် သက်ပြင်းချလိုက်သည်မှာ အထီးကျန်ဆန်လွန်း ပေသည်။
“ဟုတ်သားပဲ၊လော့ချင်းယွီ “
“ဒီရဲ့လက်စွပ်ကို ဆုလာဘ်အဖြစ် သဘောထားလိုက် “
စူးချန်ကဲသည် လက်စွပ်ကို လော့ချင်းယွီထံသို့ ပစ်ပေးလိုက်သည်။ထိုလက်စွပ်ထဲတွင် ကျင့်ကြံခြင်း အရင်းအမြစ်များ များများစားစား မပါသော်လည်း နည်းတယ်လို့လည်း ဆိုလို့မရချေ။
သူမခမျာ လက်စွပ်ကို ကြောင်တက်တက်ဖြင့် ဖမ်းလိုက်သည်။သူမ ဆွံအနေမိသည်။
စူးချန်ကဲကို ဘာလို့ သူ့ကို ဒီလို အကျိုးခံစားခွင့်တွေ ပေးခဲ့တာလဲ?
“ကျေးဇူးအများကြီးတင်ပါတယ် ဆက်ခံသူ သခင်”
သူမသည် အသိစိတ်ပြန်ကပ်သည်နှင့် သူ့ကို မြန်မြန် ကျေးဇူးတင်လိုက်သည်။
ဤအခိုက်အတန့်တွင် ၊ သူမရင်ထဲ ခံစားသွားခဲ့ရသည်။
အရည်အချင်းအရဆိုလျှင် ၊ လော့ယန်နှင့် စူးချန်ကဲတို့သည် အမတများကဲ့သို့ ထူးချွန်ကြသည်။
သို့သော် လူချင်းကွဲပြားလေသည်။
ဒါကိုတွေးပြီး ၊သူမသည် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်သည်။
“ အထဲက ဧကရာဇ်မင်းရဲ့ စွမ်းအားက ပေါက်ကွဲထွက်လာလိမ့်မယ်”
“ခင်ဗျားတို့ အကုန်လုံးမသေချင်ရင်၊ခုကတည်းက အလျင်အမြန် ထွက်သွားကြတော့ “
ထိုသို့ပြောပြီးနောက် စူးချန်ကဲသည် ယွင်ရှင်းယန် ၊ ယွေးယင် မဟာသူတော်စင်နှင့်အတူ စီးတော်ယာဉ် လှေပေါ်သို့ ပြန်သွားခဲ့တော့သည်။
ထို့နောက် ချက်ချင်းပင် ၊ အကာကွယ်စည်းများအသက်ဝင်လာကာ ၊ ပြိုးပြိုးပြက်ပြက်တောက်ပနေသော အလင်းရောင်တန်းကြီးနှင့် အတူ မိုးကုတ်စက်ဝိုင်းဆီသို့ ဖြတ်ပျံသွားလေသည်။
လူအုပ်ကြီးသည် ထွက်သွားသော စီးတော်ယာဉ်လှေကြီးကို ငေးကြည့်ရင်း၊ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသိပြန်ကပ်လာတော့သည်။
“မြန်မြန်ပြေး!တပည့်တွေကို အကုန်ခေါ်သွား!”
“ ဂူဗိမာန်ကြီး ပြိုကျ ပျက်စီးသွားမယ့် အရှိန်အဝါက ဒီဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားလိမ့်မယ်”
စူးချန်ကဲသည် သူတို့၏ အုပ်ထိန်းသူ မဟုတ်သောကြောင့် ၊ ခုလို သတိပေးခဲ့တာကိုက စေတနာကောင်းပြီး ဖြောင့်မတ်သူဟု ယူဆနိုင်သည်။
သင်္ဘောကုန်းပတ်ပေါ်တွင် ၊
စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ခါရပ်နေသည် ။ထျန်းဟယ် နယ်မြေသည် သေးငယ်သော ကမ္ဘာလေး တစ်ခုမျှသာ ဖြစ်သော်လည်း အံ့သြစရာများဖြင့် ပြည့်နှက်နေသော နယ်မြေတစ်ခုဟု ဆိုရပေမည်။
ကွေးရွှီ လျှို့ဝှက်နယ်မြေ ဖွင့်တော့မည် ဖြစ်သောကြောင့်၊ ပေမင်တိုက်ကြီးတွင် ပို၍ အံ့သြဖွယ်အရာများ ဖြစ်လာတော့မည်ဟု သူ ယုံကြည်နေမိသည်။
“ဆက်ခံသူသခင် ၊လော့ချင်းယွီကို ဘာလို့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ပေးခဲ့တာလဲ ?”
စူးချန်ကဲ နားလည်မှုလွဲမှာကို သူမ ကြောက်သောကြောင့် ယွင်ရှင်းယန် က အမြန် ထပ်ရှင်းပြလိုက်သည်။
“ ကျွန်မ ဆက်ခံသူ သခင် အတွန့်တတ်မေးတာ မဟုတ်ပါဘူး ၊ ဆက်ခံသူ သခင် ဒီလိုလုပ်တာ အကြောင်းပြချက် ရှိမယ်လို့ ထင်လို့ပါ”
လေညင်းသည် ဖြည်းညှင်းစွာ တိုက်ခက်နေပြီး အရာအားလုံးက မျှော်လင့်ထားသလိုမျိူး စူးချန်ကဲ၏ နှုတ်ခမ်းသားများမှာ ပြုံးလို့သွားခဲ့သည်။
“ကျာပွတ်နဲ့ ချိုချဉ် ဘာကိုရွေးမလဲ”
“ဆက်ခံသူ သခင်ရဲ့အဓိပ္ပါယ်က ”
စူးချန်ကဲက အပြုံးမပျက် ဆိုလိုက်သည်။
“နှစ်အတော်ကြာ နေ့ရောညပါ အတူရှိခဲ့ပေမယ့် သစ္စာတော့မရှိခဲ့ဘူး ၊ဒါပေမယ့် ငါနဲ့သူမက သိတာဆိုလို့ တစ်ရက်တည်းပဲ ရှိသေးတယ် ၊ဒါပေမယ့် သူမကို ကောင်းကျိုး ခံစားခွင့်ပေးခဲ့တယ်
အဲ့တော့မင်းအထင် ဘာဆက်ဖြစ်မယ် ထင်လဲ?”
“အဲ့လိုသာဆို သူမ သေချာပေါက် ခံစားသွားရပြီး ၊အနာဂတ်မှာ ဆက်ခံသူ သခင်အတွက် စိတ်ရင်းမှန်နဲ့ လုပ်ဆောင်ပေးလိမ့်မယ်!”
ယွင်ရှင်းယန် ရုတ်တရက် သဘောပေါက်သွားသည်။
ချက်ခြင်းဆိုသလို သူမ၏ မျက်ဝန်းများထဲတွင် ချစ်မြတ်နိုးမှုများ ပေါ်ထွက်လာလေသည်။
“ဆက်ခံသူ သခင်က အလွန်ထက်မြက်ပြီး ဉာဏ်ရည်ထက်မြက်ပါတယ်၊ ရှင်းယန် ၊ အလွန်ကို လေးစားမိပါတယ် “
စူးချန်ကဲက ရှိုက်ကြီးတငင် ပြုံးကာ ခေါင်းကိုခါယမ်းလိုက်သည် ။တကယ်တော့ သူသည် တစ်ဖက်သားကို ထောင်ချောက်ဆင်လိုက်ခြင်းပင် ဖြစ်သည်။
သူသည် ပထမဆုံးအနေဖြင့် အားလုံး၏ ရှေ့တွင် ယွင်ရှင်းယန်ကို ကျင့်ကြံခြင်း အရင်းအမြစ်များစွာကို ပေးအပ်ခဲ့သည်။ထိုမြင်ကွင်းသည် လော့ချင်းယွီ၏ အာရုံကို ဆွဲဆောင်စေပြီး၊ တစ်ဖက်လူသည် လော့ယန် အကြောင်းကို သေချာပေါက်တွေးကာ အားကျစိတ်များ ဖြစ်ပေါ် လာပေလိမ့်မည်။
သံပူနေတုန်း ပုံရိုက်သွင်းရသလိုမျိုး၊ သူသည် တစ်ဖက်သားကို အကျိုးခံစားခွင့် ပေးလိုက်သည်။
ထိုမှသာ သူ၏ စေတနာကို အလွယ်တကူ ဖန်တီးနိုင်လိုက်မည် ဖြစ်သည်။
နောက်အနာဂတ်တွင်၊ သူမသည် ကွေးယီးဂိုဏ်းတွင် သူ လျို့ဝှက်ထားသော ကလေးလေးအဖြစ် ပြန်ပေါ်လာမည် ဖြစ်သည်။
ခုလို အရင်းအမြစ်များစွာ ပေးလိုက်ရင်တောင်၊ သူ့အနေဖြင့် ဘာမှထိခိုက်မသွားနိုင်ပေ။
အပိုင်း(၄၀): ဧကရာဇ်မင်းရဲ့လက်နက်ကို ပြုပြင်ပြီးပြီ၊ နတ်ဆိုးပိုင်နက်
ပေမင်တိုက်ကြီး ဆီသို့ အပြန်ခရီးသည် ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး၊ မည်သည့် အဖြစ်အပျက်မျိုးမှ မကြုံတွေ့ခဲ့ရပေ။
သိပ်မကြာမီပင်၊ စီးတော်ယာဉ် လှေသည် ကွေးယွမ် သူတော်စင် နယ်မြေ ၏ ပိုင်ယွီ ရင်ပြင်ပေါ်သို့ ဆိုက်ရောက်လာခဲ့သည်။
“ဆက်ခံသူ သခင်ပြန်လာပြီ!”
“ ဆက်ခံသူ သခင်ကို တစ်ညလေး မတွေ့လိုက်ရတာနဲ့ ကျွန်တော်မျိုးမ ညညဆို မအိပ်နိုင်ဘူး”
ဆက်ခံသူ ပြန်ရောက်လာသော သတင်းကြားပြီးနောက် ၊ အမျိုးသမီးတပည့်များစွာသည် ပိုင်ယွီရင်ပြင်ဆီသို့ အုပ်လိုက်ကြီး ရောက်ချလာခဲ့သည်။
တစ်ယောက်ချင်းစီတိုင်းက စွဲလန်းသော အကြည့်များဖြင့် ကြည့်နေကြသည်မှာ စူးချန်ကဲကို ဝါးစားမတတ်ပင်။
ရုတ်တရက်၊
မိုးကုတ်စက်ဝိုင်းမှ ပြုံးရွှင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ချန်ကဲက ခရီးရှည်ကြီးကနေ ပြန်ရောက်လာတာမို့ မင်းတို့ သူ့ကို မနှောင့်ယှက်ပါနဲ့တော့ “
“တပည့်က အခုမှ ပြန်လာတာမို့ ဘိုးဘေးကို နောက်မှ ဂါရဝပြုဖို့ စဉ်းစားထားတာပါ၊ ကျေးဇူးပြုပြီး အဲ့အတွက် အပြစ်မမြင်ပါနဲ့ “
“ရတယ် ၊ဒီလိုအသေးအဖွဲ ကိစ္စအတွက်နဲ့ ငါ ဘိုးဘေးကို အဲ့လောက်ထိ အားနာနေစရာလား?”
“ ဧကရာဇ်မင်းမြတ်ရဲ့ လက်နက်ကို ပြုပြင်ပြီးပြီ”
ဖော့ကျွင်းဘိုးဘေးသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ၊ ကြီးကျယ်ခမ်းနားသော စွမ်းအားများဖြင့် ပြည့်နှက်နေသော ဧကရာဇ်မင်း၏ သံကွင်းကြိုးသည် စူးချန်ကဲ၏ လက်ပေါ်သို့ ကျရောက်လာသည်။
ပျက်စီးယိုယွင်းမှုကို မှော်ပညာနှင့် ပြောင်းလဲအပြီးတွင် ၎င်း၏ ရွှေဝါရောင် မှော်သင်္ကေတ များသည် တောက်ပနေပြီး ဧကရာဇ်မင်းမြတ်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်များ ရှိနေခဲ့သည်။
သို့သော် ထိုလက်နက်သည် အသက်ရှိနေ သောကြောင့် စူးချန်ကဲတစ်ယောက် ထူးဆန်းသွားခဲ့ရသည်။လက်နက် ပြုပြင်ခဲ့စဥ်က ဘိုးဘေးသည် လှည့်ကွက်အချို့ကို ပြုလုပ်ခဲ့ပြီး၊ ၎င်းတွင် ရှိနေခဲ့သော နတ်အသိစိတ်က သူ့ကို တွန်းလှန်ခြင်း မရှိခဲ့ပေ။
“ဧကရာဇ်မင်း လက်နက်!ဆက်ခံသူက ထျန်းဟယ်ကို တစ်ခေါက်လေး သွားလိုက်ပါတယ်
ဧကရာဇ်မင်း လက်နက်ရဲ့လက်နက်ကို သိမ်းယူလာတယ်တဲ့လား? “
ဆက်ခံသူက တကယ်ကို ကောင်းကင်က ပေးအပ်တဲ့ ကံကြမ္မာနဲ့ မွေးဖွားလာတာပဲ!”
“ကံကောင်းခြင်း လေထုကို မြန်မြန် ရှုရှိုက်ကြဟေ့!”
စူးချန်ကဲခမျာ ငိုရခက် ၊ရယ်ရခက်။
တကယ်တော့ ဒါက သူ့အတွက် ကံကောင်းခြင်းအခွင့်အရေးတော့ မဟုတ်ခဲ့ပေ။သူများစီက လုယူခဲ့ခြင်းသာ ဖြစ်သည်။
လိုချင်တပ်မက်ဖွယ်ရာ ကောင်းသော တော်ဝင် လက်နက် ဖြစ်သော်လည်း၊ သို့သော် ၎င်းသည် သူ့အတွက် တော့ တကယ်ကို အသုံးမဝင်သော ပစ္စည်းတစ်ခုသာသာပင် ဖြစ်သည်။ထပ်ပြောရရင် ၊ကောင်းကင်ဓားက ပိုမမိုက်ဘူးလား?
“ဒီလက်နက်က အရမ်းဆန်းကြယ်တယ်၊အဲ့အပေါ်မှာ မရေမတွက်နိုင်တဲ့ တံဆိတ်ခတ်ထားတဲ့ အစီအရင်တွေ အများကြီး ရှိသလို ရွှေဝါရောင် မှော်အက္ခရာတွေလည်း ရှိတယ် ၊ အဲ့မှော်အက္ခရာတွေက ဖိနှိပ်စွမ်းအား တမျိုးပဲ”
ဖော့ကျွင်းဘိုးဘေးက ဆက်ရှင်းပြသည်။
“သူ့ရဲ့ လုပ်ဆောင်ချက်မှာ အခြားသူကို ချုပ်နှောင်ထားနိုင်တယ်၊ မင်းရဲ့ လက်ရှိစွမ်းအားကို ထုတ်သုံးလိုက်တာနဲ့ သာ့နိမ်(အနန္တတန်ခိုးရှင်) ပုဂ္ဂိုလ်ကိုတောင် ချုပ်တည်းနှိမ်နင်းနိုင်တယ်”
“ကျွန်တော် ချန်ကဲ၊ ဘိုးဘေးအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်”
သူသည် ယခုအချိန်အထိ ဖော့ကျွင်း ဘိုးဘေးတစ်ဦးတည်းကိုသာ တွေ့ဖူးသော်လည်း၊မည်သို့ပင် ဆိုစေကာမူ တခြားဘိုးဘေးများကိုလည်း ဂါရ၀ထားရသည်မှာ သူ၏ တာဝန်သာ ဖြစ်ပေသည်။
ဖော့ကျွင်း ဘိုးဘေးက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ကွေးရွှီ လျှို့ဝှက်နယ်မြေ မနက်ဖြန်ဆို ဖွင့်တော့မယ် “
“အချိန်လည်း မစောတော့ဘူး၊ ငါ မင်းကို ဒီတခေါက် ခရီးစဥ်အကြောင်း ပြောပြမယ် “
“လွန်ခဲ့တဲ့နှစ်တွေတုန်းက ပထမသူတော်စင် ယဲ့လျန်ထျန်း ၊ ဒါမှမဟုတ် ဒုတိယ သူတော်စင် ပိုင်ရှန့်ဟွိုင်က အဖွဲ့ကို ဦးဆောင်ခဲ့တယ် ၊ဒါပေမယ့် အခု သူတို့ နှစ်ယောက်က ရှင်းယွီ အတွေ့အကြုံကို ယူနေကြတယ် “
“သူတို့ ပြန်လာလို့ မရဘူး ၊ အဲ့တာကြောင့် ဒီတခေါက် ကွေးရွှီလျို့ဝှက်နယ်မြေကို မင်းကပဲ အဖွဲ့သားတွေကို ဦးဆောင်ပေးရလိမ့်မယ် “
“ သူတော်စင် အမျိုးသမီးရော ၊ ယောကျာ်းလေးတွေရော မင်းက ဆက်ခံသူ တစ်ယောက်အနေနဲ့ ဦးဆောင်ပေးရမယ် ၊ သူတို့ရဲ့ လုံခြုံရေးကိုလည်း မင်း ကာကွယ်ပေးရမယ် “
“ကွေးရွှီ လျို့ဝှက်နယ်မြေက ယောက်ရွှီမြို့မှာ တည်ရှိတယ်၊အသေးစိတ်ကိုတော့ ဒီကျောက်စိမ်းပုရပိုက်မှာ ဖော်ပြထားတယ်”
ဖော့ကျွင်းဘိုးဘေးသည် ကျောက်စိမ်းပုရပိုက်ကို ပေးလိုက်သည်။ထို့နောက် အနည်းငယ် ညွှန်ကြားပြီးနောက် လှည့်ထွက်သွားခဲ့တော့သည်။
ယောက်ရွှီ မြို့ သည် မြို့ သုံးထောင်အနက် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်း၏ဧရိယာမှာ ထျန်းဟယ် နယ်မြေ ဧရိယာထက် များစွာ ကျယ်ဝန်းပေသည်။
သို့သော် စူးချန်ကဲကတော့ အတော်လေး ပျော်နေခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေတွင် တစ်ချိန်လုံး လေ့ကျင့်ရသည်မှာ သူ့အတွက်တော့ အလွန် ငြီးငွေ့ဖွယ်ကောင်းသည်။ဒီလို ကမ္ဘာကြီးကို ဖြည်းဖြည်းချင်း စူးစမ်းတာက ပို၍ စိတ်ဝင်စားဖို့ ကောင်းပေသည်။
နောက်နေ့မနက်။
ဤတစ်ကြိမ်တွင်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ အထက်ကောင်းကင်ယံ၌ နတ်သားရဲကောင်များ ပေါ်ထွက်လာခဲ့သည်။၎င်း၏ ကြောက်စရာာင်းသော သွေးချီစွမ်းအားများသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားသည်။
ထူးကဲသာလွန်သော အတောင်ပံဖြင့် နတ်သားရဲ ဌက်တစ်ကောင်သည် လေဟာပြင်ကြီးကို ဖြိုခွဲပစ်တော့မည်အလား။
ခမ်းနားတောက်ပသော စီးတော်ယာဉ်သည် ကောင်းကင်ယံထက်တွင် ဆိုင်းငံ့အနေအထားဖြင့် ရှ်ိနေပြီး ရှေးဆန်ကာ ဆန်းကြယ်လှသည်။
၎င်းပေါ်တွင် နဂါးနှင့် ဖီးနစ်ဌက်ကြီးကို ထွင်းထုထားသည်မှာ အသက်ဝင်လှပေသည်။ မှော်အက္ခရာများ ကြွတတ်လာသည်မှာ ၎င်း၏ ထူးခြားမှုကို ထပ်မံပြသလိုက်သလိုပင်။
ထိုခမ်းနားတောက်ပသော စီးတော်ယာဉ်ပေါ်တွင် ထိုင်နေသော လူငယ်များစွာ ရှိပေသည်။
တချို့မှာ ရုပ်ရည်ချောမောကြပြီး ၊ တချို့က အမတ ကျောက်က်စိမ်း နတ်အရိုးများကို ပိုင်ဆိုင်ထားကြသည်မှာ ပြိုင်ဘက်ကင်းလှပေသည်။
သူတို့သည် လူငယ်များသာ ဖြစ်သော်လည်း၊ ၎င်းတို့၏ ခမ်းနားထည်ဝါသော ရောင်ဝါကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးက ထိပ်တန်း မျိုးဆက်သစ်လူငယ်များလို့ သတ်မှတ်နိုင်ပေသည်။
တဖန် ကောင်းကင်ယံထက်တွင် ၊
ဝာာအို ဝတ်လုံဖြင့် အသက်ကြီးရင့်နေပြီ ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးသည် လေဟာပြင်ထဲတွင် မတ်တပ်အနေအထားဖြင့် ရှိနေခဲ့သည်။
၎င်း၏ တစ်ကိုယ်လုံးတွင် နက်နဲသော ရောင်ဝါများ ထွက်ပေါ်လျက်ရှိသည်။
သူသည် ကွေးယွမ် သူတော်စင် နယ်မြေမှ ထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။ဒီတခေါက် ခရီးစဉ်တွင် သူသည် စူးချန်ကဲ နှင့် အခြားသူများ၏ အစောင့်အကြပ်အဖြစ် လိုက်ပါခဲ့သည်။
ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တောင် အစောင့်အကြပ် တစ်ယောက်သာ ဖြစ်သည်။ဤအချက်ဖြင့် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘုန်းတန်ခိုးကို မြင်နိုင်ပေသည်။
ဘုန်း!
ထိုအခိုက်တွင် လေဟာပြင်မှ ကြီးမားသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေမှ နက်ရှိုင်းစွာ တောက်ပနေသော အဖြူရောင် - ကျောက်စိမ်းယာဉ်သည် ကောင်းကင်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။
အဖြူရောင် - ကျောက်စိမ်းယာဉ်သည် တောက်ပသော နေမင်းကြီးကဲ့သို့ လူတိုင်း၏ အာရုံကို စွဲဆောင်သွားခဲ့သည်။
“ဆက်ခံသူ သခင်ကို ဂါရဝပြုပါတယ်!”
သူတော်စင်အပေါင်းတို့က မတ်တတ်ထလျက် ဦးညွှတ်လိုက်ကြသည်။
စူးချန်ကဲ၏ စွမ်းအားသည် အားလုံးထက် အစွမ်းထက်ပြီး ၊ထိုကဲ့သို့ စွမ်းအား ကြီးမားသော ပုဂ္ဂိုလ်သည် သူတို့၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။
“ဆက်ခံသူ မောင်းနှင်လာတဲ့ စီးတော်ယာဉ်က စိတ်ဝိညာဉ်ကို အာဟာရဖြစ်စေတဲ့ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတာလေ!”
“ဒီစီးတော်ယာဉ်ကလည်း ဆက်ခံသူ သခင်ရဲ့ ရောင်ဝါနဲ့ လိုက်ဖက်တာကိုး”
တပည့်အားလုံး သူသူကိုယ်ကိုယ် တီးတိုးပြောဆိုလို့ နေသည်။စိတ်ဝိညာဉ်ကို အာဟာရဖြစ်စေသော ထိုကျောက်စိမ်းသည် ချီစွမ်းအင်ကိုလည်း ပျိုးထောင်ပေးနိုင်သည်။
ပြီးတော့ ဒါက နည်းနည်းတောင် မဟုတ်ဘူး၊ ဧရာမ ကျောက်စိမ်းတုံးကြီးနော် !
“ဆက်ခံသူ သခင်လည်း ရောက်ပြီဆိုတော့၊ဒါဆို ငါတို့ထွက်ကြရအောင်လား?”
ထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်က ဖော်ရွေစွာဖြင့် ဆိုလိုက်သည်။
ထိုမြင်ကွင်းက တပည့်များစွာကို ထိတ်လန့်စေခဲ့သည်။
တခြားသူတော်စင်တွေ ရှိတုန်းက၊ထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်သည် ခေါင်းညိမ့်ပြရုံသာ ညိမ့်ပြခဲ့သည်။သို့သော် စူးချန်ကဲရောက်လာတော့၊၎င်းသည် အရမ်းကို ဖော်ရွေပြနေခဲ့သည်။
အေးလေ၊ ကွာခြားချက်က ကြီးတာကိုး။
“ဒါဆိုလည်း ထွက်ကြစို့ “
စူးချန်ကဲက ဆိုလိုက်သည်။
ဒီတခေါက် ကွေးရွှီ လျှို့ဝှက်နယ်မြေ ခရီးစဉ်ကို သူ ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး ၊ ထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်က အစောင့်အကြပ် အဖြစ် လိုက်ပါခဲ့သည်။ သို့ဖြစ်၍ သူ၏ အမိန့်ကို သေချာပေါက် လိုက်နာရပေမည် ဖြစ်သည်။
ထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်သည် ခေါင်းညိတ်လိုက်သည်။သူ၏လက်ဖဝါးမှ အလင်းတန်းများ တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဝုန်း!
ထိုအမှတ်အသားသည် ရုတ်တရက် ဝင်းလက်သွားသည်နှင့် ၊ ဟင်းလင်ပြင် တစ်ခုလုံး တုန်ခါသွားပြီး ၊ရေလှိုင်းများကဲ့သို့ တသိမ့်သိမ့် ရိုက်ခတ်သွားသည်။
မိုးကုတ်စက်ဝိုင်း တစ်နေရာဆီသို့ ဦးတည်နေသော လမ်းကြောင်းများ ထွက်ပေါ်လာခဲ့သည်။
စီးတော်ယာဉ်လှေကြီးကို မယူရသည့် အကြောင်းရင်းမှာ ကွေးရွှီ လျှို့ဝှက်နယ်မြေသည် အရမ်းဝေးကွာပြီး၊ သွားဖို့ရာ အဆင်မပြေသောကြောင့်ပင် ဖြစ်သည်။
နတ်သားရဲကောင်ကြီးသည် မြည်ဟိန်းလိုက်ပြီး သူ၏ တောင်ပံများကို ရိုက်ခတ်လျက် ၊စီးတော်ယာဉ်ကြီးကို ဆွဲကာ မိုးကုတ်စက်ဝိုင်း တစ်နေရာဆီသို့ ဝင်သွားခဲ့လေသည်။
“အွန်?”
စူးချန်ကဲ၏ အဖြူရောင် - ကျောက်စိမ်း စီးတော်ယာဉ်သည်လည်း လိုက်ဝင်ခဲ့ပြီး၊ လူတစ်ယောက်လည်း သူ၏ နောက်မှ လျို့ဝှက်စွာ ပါ
လာခဲ့သည်။
၎င်းသည် အရိပ်တစ်ခုကဲ့သို့ လျှပ်တပြတ် ပျောက်ကွယ်သွားတတ်ပြီး သို့သော် ထိုသူတွင် လူသတ်ချင်သော စိတ်ဆန္ဒများကို ပိုင်ဆိုင်ထားသည်။
“ဆက်ခံသူ သခင် ဘာဖြစ်လို့လဲ?”
ယွင်ရှင်းယန်က မေးလိုက်သည်။
“ဘာမှမဖြစ်ဘူး၊ လေလွင့်ငါးတစ်ကောင် လာရှုပ်နေလို့”
စူးချန်ကဲသည် မသိချင်ယောင် ဆောင်လိုက်သည်။ သူသည် ရင်းနှီးနေသည့် အငွေ့အသက်ကို ခံစားမိပြီး ၊ ဒီကိစ္စကို ဖြေရှင်းရန် ထိုပုဂ္ဂိုလ်လက်ထဲ လွှဲအပ်ပေးလိုက်သည်။
ဟင်းလင်ပြင် လမ်းကြောင်းထဲ ပျံသန်းနေစဉ်မှာပဲ ၊ ကွေးယင် မဟာသူတော်စင်သည် ဝတ်ရုံနက်ဖြင့် နောက်ကလိုက်လာသော ထိုလူ၏ လည်ပင်းကို လက်တဖက်တည်းဖြင့် ချုပ်ကိုင်လိုက်သည်။
“ခင်ဗျား ခင်ဗျားက..”
ဝတ်ရုံနက်ဖြင့် ထိုအမျိုးသားသည် နာကျင်စွာ ဖြင့် ရုန်းကန်နေသည်။သို့ပေမဲ့လည်း တဖက်လူ၏ လက်ထဲတွင် ရှိနေသော ကြက်ပေါက်စကလေးကဲ့သို့ပင် ။
ကွေးယင် မဟာသူတော်စင်၏ နက်ရှိုင်းလှသော မျက်လုံးများထဲတွင် ၎င်း၏ ကြီးကျယ်ခမ်းနားသော နတ်အသိစိတ် ထွက်ပေါ်လာပြီး ဝတ်ရုံနက် ထိုအမျိုးသား၏ မှတ်ဉာဏ်ကို အဆက်မပြတ် ရှာဖွေလိုက်သည်။
“ချင် မင်းဆက်?”
“ဟွန်း! နတ်အသိစိတ်ထဲကို ကန့်သတ်ချက်တွေ လုပ်ထားတာပဲ ၊ အယုတ်တမာကောင်”
အက်ကွဲသံ!
ကွေးယွင် မဟာသူတော်စင်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဝတ်ရုံနက်ဖြင့် ထိုလူကို အစိတ်စိတ် အမွှာမွှာ ချေမှုန်းပစ်လိုက်သည်။
“ဒီ ချင်မင်းဆက်က ကောင်တွေက ငါတို့ ကွေးယွမ်ရဲ့ ဆက်ခံသူအပေါ် ဒီလို သဘောထား ရှိနေတာပဲ “
“ကိုယ့်သေလမ်းကို ရှာတဲ့ကောင်တွေ”
“ဒီကိစ္စကို ဆက်ခံသူအတွက် လေ့ကျင့်မှု တစ်ခုအဖြစ် မှတ်ယူဖို့ ဘိုးဘေးက အမိန့်ပေးခဲ့ထားလို့သာပေါ့”
“မဟုတ်လို့ကတော့ ချင် မင်းဆက်ကောင်တွေ လောက်ကတော့ အသေးအဖွဲပဲ”