← Chapters

အခန်း (၄၁-၄၅)

Vol. 3 Ch. 41-45

အခန်း (၄၁-၄၅)

Vol. 3 Ch. 41-45

အပိုင်း(၄၁) : နတ်ဆိုးမြို့၊ ရမ်းကားသော ရွှေတောင်ပံ ဌက်

  နတ်ဆိုးမြို့

ထိုမြို့သည် ရှေးကျပြီး လျို့ဝှက် ဆန်းကြယ်သော ရှေးဟောင်းမြို့ ဖြစ်သည်။

ယောက်ရွှီ နယ်မြေ နှင့်ဝူလင် နယ်မြေသည် ကပ်လျက်တည်ရှိပြီး၊ ကွေးယွမ် သူတော်စဉ် နယ်မြေနဲ့ဆို သန်းနှင့်ရာချီ ကွာဝေးသည်။

ဤထျန်းယောင်း(မကောင်းဆိုးဝါး)မြို့တွင် အမတဘုံသို့ တတ်လှမ်းသွားသော မကောင်းဆိုးဝါးမျိုးနွယ် ဧကရာဇ်မင်း တစ်ပါး ရှိသည်ဟု ကောလဟလ သတင်းများ ရှိပေသည်။သို့ဖြစ်၍ မကောင်းဆိုးဝါးမျိုးနွယ်သည် ၎င်းမြို့ကို နတ်ဆိုးမြို့ဟု ခေါ်တွင်ခဲ့ကြသည်။

နတ်ဆိုးမြို့ သည် ကွေးရွှီလျှို့ဝှက်နယ်မြေနှင့် နီးကပ်သည်။ထို့ကြောင့် မြို့ထဲတွင် လူသားမျိုးနွယ်စုများလည်း ရှိကြပြီး ကူးသန်း ရောင်းဝယ်ရေး ကောင်းသော နေရာတစ်ခု ဖြစ်သည်။များစွာသော သက်ရှိသတ္တဝါများ ရှိသောကြောင့် သာယာဝပြောသော မြင်ကွင်းတစ်ခုလို့ ဆိုရပေမည်။

ယနေ့သည် ကွေးရွှီ လျှို့ဝှက်နယ်မြေ စဖွင့်တော့မည့် ရက် ဖြစ်သည်။

နတ်ဆိုးမြို့တော်၏ ကောင်းကင်ယံထက်တွင် သားရဲတိရစ္ဆာန်များက ပျံသန်းနေကြပြီး ၊‌ ရှေးဟောင်း စစ်ရထား နှင့် ခမ်းနား ထည်ဝါသော စီးတော်ယာဉ်များက ကောင်းကင်ကို အရှိန်ပြင်းစွာ ဖြတ်ပြေးသွားလေသည်။

အနီးနားရှိ ထိပ်တန်း ကျင့်ကြံရေး ဂိုဏ်းများနှင့်

မရေမတွက်နိုင်သော မကောင်းဆိုးဝါး မျိုးနွယ်စု ဖြစ်သည့် ရှေးဟောင်း အင်အားစုပါ မကျန်

နတ်ဆိုးမြို့တွင် စုဝေးခဲ့ကြသည်။

“သွေးနီရောင် ဆံပင်နဲ့ လူငယ်လေးက ကွေးယီးဂိုဏ်းရဲ့ လူငယ် ခေါင်းဆောင် လီဟန်ဆိုတာလား?သူ့ရဲ့ လောင်မြိုက်နေတဲ့ မီးတောက်ရဲ့ စွမ်းအားက အတော်လေး ကြောက်စရာကောင်းတာပဲ! “

“ဟိုဟာက ချင် မင်းဆက်ရဲ့ အကြီးဆုံးသားတော် ဖြစ်တဲ့ ချင်ထိုက်ယီ!အမလေး သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နဂါးစွမ်းအင်က သိပ်ကြောက်ဖို့ကောင်းတာပဲ!”

“မ‌ပြောမဖြစ် ပြောရဦးမယ် ၊ဟွားချန်းကူမှာ ရှိတဲ့ နတ်သမီးအားလုံး သိပ်လှပတယ်တဲ့၊ သူမတို့ရဲ့ ရုပ်ရညိသွင်ပြင်က ဒီလောကအတွက်တော့ ဂုဏ်ယူစရာလို့တောင် ဆိုရမယ်!”

“လော့ရှဂိုဏ်းရဲ့နတ်မိမယ်လေး ယွင်ကွေ့ကသာ

အတောက်ပဆုံး ပုလဲလေး မဟုတ်လား?”

“ ခေါင်းကိုးလုံး ရွှေခြင်္သေ့လည်း ဒီကိုရောက်‌နေပြီ”

“ရွှေတောင်ပံ ဌက်မျိူးနွယ်စုလည်း ရောက်နေပြီ!”

  “အဲ့တာက မိုးကြိုးကျား မျိုးနွယ်ပဲ”

  “ဧရာမ မျောက်ဝံရော “

နတ်ဆိုးမြို့တော်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုအကြောင်းနှင့် ပတ်သတ်၍ ပြောဆိုနေကြသည်။

ဝေဟင်‌ပေါ်က ပျံသန်းလာသော စစ်ရထားသည် အားလုံးကို အားကျစေရလောက်သည့်အထိ ခမ်းနားထည်ဝါလွန်းပေသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးသည် နှစ်ပေါင်းတစ်ထောင်အတွင်း မြင်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်ပြီး ကွေးရွှီလျှို့ဝှက်နယ်မြေ စဖွင့်သည့်နေ့မှလွဲ၍ ယခုလို ထိပ်တန်းအင်အားများစွာ စုဝေးနေသည်ကို မြင်တွေ့ဖို့က ခက်ခဲပေသည်။

ထို့အပြင်၊ ကြီးကျယ်ခမ်းနားသော နယ်ပယ်ပေါင်းစုံတွင် ကျော်ကြားသော ပါရမီရှင်များနှင့် အထွပ်အထိပ် ရောက်နေပြီ ဖြစ်သော ဆယ်ကျော်သက်များ၏ အကြောင်းကို ကြားဖူးသော်လည်း မည်သူမှ မမြင်ဖူးကြပေ။

  ဘုန်း!

ထိုအချိန်၊အာကာသဟင်းလင်းပြင်ကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ကောင်းကင်ကို ဖြတ်ကူးသော သက်တံရောင် တံတားတစ်စင်းကဲ့သို့ မိုးကုတ်စက်ဝိုင်း၏ လာရာလမ်းသည် ပြိုးပြိုးပြက်ပြက်ဖြင့် ဝင်းလက် တောက်ပလို့‌ နေသည် ။

ဧရာမ သားရဲဌက် တိရစ္ဆာန်သည် ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားပြီး၊ ထိုသားရဲငှက်သည် တောက်ပစွာ ထွန်းလင်းနေပြီး ခမ်းနားထည်ဝါလှသော စီးတော်ယာဉ်ပေါ်တွင် ချောမောလှပသော ယောက်ျားလေးများနှင့် မိန်းမလှလေးတို့က ထိုင်နေကြသည်။

ရေခဲကျောက်စိမ်းပိုးထည်ပေါ်တွင် ချယ်လှယ်ထားသော တောက်ပသော စာလုံးနှစ်လုံးက ရိုးရှင်းပြီး ခမ်းနားထည်ဝါလှ‌ပေသည်။

  ကွေးယွမ်!

  “ဒါ ပေမင်တိုက်က ကွေးယွမ် သူတော်စင်နယ်မြေကပဲ !”

တစ်စုံတစ်ယောက်က အော်ပြောလိုက်ရာ လူတိုင်း၏ မျက်လုံးများက ထိုအရာဆီသို့ ဦးတည်သွားခဲ့သည်။

ဤကာလအတွင်း၊ ကွေးယွမ် သူတော်စင်နယ်မြေ၏ဂုဏ်သတင်းမှာ နည်းနည်းနောနောမဟုတ်ပေ ။

ကွေးယွမ် သူတော်စင်နယ်မြေတွင် သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်ကို ပိုင်ဆိုင်ထားသူ ဆက်ခံသူ တစ်ဦးပေါ်ထွက်လာခဲ့ပြီး ၊ တစ်ကမ္ဘာလုံး ထူးဆန်းသော ဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့သည့်အပြင် ဦးညွတ်နေသော နတ်ဆိုးများနှင့် နတ် သားရဲတိရစ္ဆာန်လေးကောင်က ကောင်းချီးပေးနေပုံများ ထွက်ပေါ်လာခဲ့သည်။

ဒါတင်မက ဖုန်းဟွမ် ကျင့်ကြံရေး နယ်ပယ်အဆင့်ဖြင့် ကွေးယီးဂိုဏ်း၏ သူတော်စင်ပညာရှင် အဆင့်ရှိသူ ဂိုဏ်းထောက်ဆရာတော်အား သတ်ဖြတ်ခဲ့သည်။

ထိုဆက်ခံသူသည် ဖုန်းဟွမ်အဆင့်ကို ချိုးဖြတ်ခဲ့စဉ်က ဟွိမ့်ယွမ် ‌ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်တွင် နံပါတ်တစ် ချိတ်ခဲ့သည် စသော ကောလဟာလ သတင်းများထွက်ပေါ်ခဲ့သည်။

ဤကြောက်ခန်းလိလိ အောင်မြင်မှုကြီးသည် ဒဏ္ဍာရီတစ်ခုလို့တောင် မှတ်ယူနိုင်သည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ အကြည်များက စိတ်ဝိညာဉ်ကို အားဖြည့်ပေးသောကျောက်စိမ်း စီးတော်ယာဉ်ပေါ်သို့ ကျရောက်သွားသည်။၎င်းတို့၏ မျက်လုံးထဲတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်လျက် နေသည်။

စိတ်ဝိညာဉ်ကို အားဖြည့်ပေးသော ရတနာပစ္စည်းကြီးလေ၊ ဒီလိုရတနာကြီးကို စီးတော်ယာဉ်အဖြစ် ထွင်းထုထားပေးတာ ၊ဒါ ဆက်ခံသူ ဆိုတဲ့ ပုဂ္ဂိုလ်က ကွေးယွမ် သူတော်စင်နယ်မြေအတွက် ဘယ်လောက်တောင် အရေးပါလဲဆိုတာ ပြသနေတာပဲ!

စီးတော်ယာဥ်ပေါ်မှ လူတစ်ယောက် ဆင်းလာခဲ့သည်။

ထိုလူသည် ဝတ်ရုံဖြူ လူငယ်လေးတစ်ဦးဖြစ်ပြီး ၊မင်ဆေးပန်းချီမှ ထွက်လာသော ကြော့ရှင်းသော သခင်လေး တစ်ယောက်ကဲ့သို့ပင်။

ထိုနေရာတွင် ရပ်လိုက်ရုံဖြင့်၊ နိယာမ စည်းမျဉ်းများနှင့် တာအို တေးသံများက

ပဲ့တင်ထပ်လျက် ၊ နတ်ရောင်ဝါများဖြင့် ရေချိုးထားသော အမတရှင် တစ်ပါးကဲ့သို့ ခံစားရစေသည်။

ဖုန်တစ်စက်ကလေးမှ အစွန်းအထင်မရှိ ၊အကျင့် သိက္ခာနှင့် ပြီးပြည့်စုံသော ကိုယ်ဟန်အနေအထားမျိုး ရှိသည်။

ထို့အပြင် တိမ်ခိုးတိမ်ငွေ့များကြောင့် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ရပေ ။ဤသည်က ၎င်းကို ပို၍ ခံညားစေသည်။

၎င်းသည် အမျိုးသား အမတရှင် တစ်ပါးဟုတောင် ထင်ရသည်။

“သူက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူ ဆိုတာလား?”

“ တာအို ဘာသာကို ငါ နှစ်ပေါင်းများစွာ လေ့ကျင်ခဲ့တာ ၊ဒီလိုရောင်ဝါမျိုးကို တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ !”

  “ငါတော့ ချစ်မိသွားပြီ”

“အံမယ် ၊ ချစ်တယ်လုပ်နေသေးတယ်၊ နင်က သူများဟာကို သရေကျနေတာ!”

 “ငါ ကွေးယွမ် သူတော်စင်နယ်မြေထဲကို ဝင်ချင်လိုက်တာ!ဒါဆို ဆက်ခံသူ သခင်ကို ငါနေ့တိုင်း တွေ့နိုင်ပြီ!”

အခြားတပ်ဖွဲ့စုများမှ ကျင့်ကြံသူ အမျိုးသမီးလေးများသည် စူးချန်ကဲကို မျက်စိ ကျွတ်ကြမတတ် ကြည့်နေကြသည်။

သူမတို့ မကျေနပ်ကြသောအရာမှာ ၊စူးချန်ကဲကို ဖုံးလွှမ်းထားသည့် တိမ်ခိုးတိမ်ငွေ့များပင်ဖြစ်သည်။

ဒီလို ဖရိုဖရဲ တိမ်ခိုးတိမ်တွေရဲ့ အောက်မှာ ဘယ်လိုတောင် ချောမောလှတဲ့ မျက်နှာမျိုးလေး ရှိ‌နေမလဲ ဟင်?

သူမတို့အတော်လေးသိချင်နေကြသည်။

နီးကပ်လာသည်နှင့်အမျှ သူမတို့၏ နှလုံးသားများမှာ ပို၍ ယားကျိယားကျိ ဖြစ်ရသည်။

“ဟားဟား!လက်စသတ်တော့ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဆက်ခံသူက လူချောလေးပဲ! “

“လျှို့ဝှက်ဆန်းကြယ်တယ်လို့ ပြောကြပေမယ့် အဲဒါထက် ဘာမှ မပိုဘူးလို့ ထင်တယ်”

ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံသည် လူတိုင်း၏ အာရုံကို ချက်ခြင်း ဆွဲဆောင်သွားခဲ့သည်။

ထိုအသံပိုင်ရှင်၏ နောက်ကျောတွင် ရွှေဝါ‌ရောင် အတောင်ပံများ ပါရှိပြီး၊ နှာတံချွန်ချွန် တောက်ပသော မျက်ဝန်းကိုပိုင်ဆိုင်ထားသည်။ မျက်နှာပေါက်မှာ ဆွဲဆောင်မှုရှိပြီး လူငယ်တစ်ဦးပင် ဖြစ်သည်။

“ဒါက ရွှေတောင်ပံ ဌက် မျိုးနွယ်စုရဲ့ မင်းသားငယ် ကျင်းအောက်ယန် ပဲ!”

  “အတင်ရဲလိုက်တာ!”

  “ဆက်ခံသူကို ကဲ့ရဲ့တာ ၊ ကိုယ့် သေလမ်းကိုယ်ရှာနေတာပဲ !”

ကွေးယွမ် သူတော်စင်နယ်မြေ၏ တပည့်များက ချက်ချင်းဆိုသလို ဒေါသထွက်ခဲ့ကြသည်။

သူတို့ရဲ့ ဆက်ခံသူကို လူရှေ့သူရှေ့ အရှက်ခွဲဖို့ ဒီလောက်တောင် သတ္တိရှိတာ၊ဒါက ကွေးယွမ် သူတော်စင်နယ်မြေရဲ့ မျက်နှာကို လူမြင်ကွင်းရှေ့ ပါးရိုက်ချလိုက်တာပဲ မဟုတ်လား။

“ရွှေတောင်ပံ ဌက် မျိုးနွယ်စု?”

စူးချန်ကဲ သဘောကျနေမိသည်။

လွန်ခဲ့သောနှစ်များစွာက လူသားနှင့် မကောင်းဆိုးဝါးကြား တိုက်ခဲ့ကြသော စစ်ပွဲတွင် ကွေးယွမ် သူတော်စင်နယ်မြေက ၎င်းတို့၏ မျိုးနွယ်စုကို ဆိုးရွားစွာ အနိုင်ယူခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ယခုအချိန်အထိ တဖက်လူက သူတို့အပေါ် ရန်ငြိုးထား နေဆဲပင် ဖြစ်သည်။

သို့သော် တဖက်လူသည် အနာမခံရသေးသည့်အထိ အမှတ်ရမယ့်ပုံမပေါ်ပေ ။ခုလည်း သူသည် လူသိရှင်ကြား ထိုးနှက်ချင်ပုံ ရပေသည် ။

  [ တင်း!လုပ်ဆောင်ရန်အသစ်:

ရွေးချယ်ရန် -၁ :ဒေါသကို ချုပ်တည်းမည်

ဆုလာဘ်:ရွှေတောင်ပံ ကောင်းကင် ဖြိုခွဲခြင်း သိုင်းကျမ်း

 ရွေးချယ်ရန် ၂:တိုက်မယ်

ဆုလာဘ်:ကွေးရွှီ လျို့ဝှက်နယ်မြေရဲ့ မြေပုံ]

  ကွေးရွှီ လျို့ဝှက်နယ်မြေရဲ့ မြေပုံ?

ပစ္စည်းကောင်းပဲ! ဒါဆို မျက်မြင်တစ်ဆုံး ကြည့်လို့ရပြီပဲ မဟုတ်လား?

စူးချန်ကဲ က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့လက်ကို နောက်သို့ ပစ်ကာ ရွှေတောင်ပံဌက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ဘယ်သူများလဲလို့?လက်စသတ်တော့ ငှက်တစ်ကောင်ပဲ”

“ဘာလဲ၊ ကွေးရွှီ လျို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်သတ်မှတ်ချက်က ဒီလောက်တောင် အဆင့်နိမ့်ရသလား၊ တွေ့ရာ ငှက်တစ်ကောင်ကိုတောင် ဝင်ပါခိုင်းတယ်ပေါ့? “

ထိုစကားများက လူတိုင်းကို လန့်ဖျပ်သွားစေခဲ့သည်။

မကောင်းဆိုးဝါး မျိုးရိုးများထဲမှ ထိပ်တန်းမျိုးနွယ်ဖြစ်တဲ့ ရွှေတောင်ပံ ဌက် မျိုးနွယ်ကို ရိုးရိုးတန်းတန်း ငှက်တစ်ကောင်အဖြစ် တကယ်ကြီး ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေတယ်ပေါ့??

ကျင်းအောက်ယန်ခမျာ ဒေါသတကြီးဖြင့်၊ သူ့နဖူးပေါ်က သွေးကြောများတောင် ပေါက်ထွက်မတတ် ။

“ရွှေတောင်ပံ ဌက် မျိုးနွယ်ကို မင်းကများ လှောင်ပြောင်ရဲတယ်ပေါ့၊ သေချင်နေတာပဲ!”

  ဌက်အော်သံ!

ထိုအခိုက်တွင် ကျင်းအောက်ယန်၏ အမွေးအတောင်များမှ နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး ဧရာမ ရွှေရောင်ငှက်ကြီး အဖြစ် ဖွဲ့စည်းသွားကာ အာကာသပြင် တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။

ထို့နောက် တောက်ပသော ရွှေရောင်တိမ်တိုက်များ ထူထဲလာပြီး ရွှေတောင်ပံအဖြစ် စုစည်းသွားသည်။

ရွှေသွန်းလောင်း လိုက်သကဲ့သို့ ကောင်းကင်ကို ပြည့်လျှံစေသော ရွှေဝါရောင် နတ်အလင်းရောင်သည် လျှို့ဝှက်ဆန်းကြယ်သော နိယာမတရားများကို စုစည်းထားခဲ့သည်။

  လေပြင်းတိုက်ခတ်သံ!

ထိုရွှေတောင်ပံများသည် တောက်ပနေသော မြှားတံများကဲ့သို့ စူးချန်ကဲဆီသို့ ပြေးဝင်သွားခဲ့သည်။

စူးချန်ကဲသည် မဲ့ပြုံးပြုံးလိုက်သည်။သူ မျှော်လင့်ထားသည့်အတိုင်း မကောင်းဆိုးဝါးမျိုးနွယ်သည် ‌ဒေါသကိုမထိန်းနိုင်ဘဲ သွေးချီစွမ်းအင်ကို အားတက်သရော ထုတ်သုံးလာခဲ့သည်။သူဘက်က အနည်းငယ်မျှသာ ကဲရဲ့ လှောင်ပြောင်ရုံဖြင့် တစ်ဖက်လူက ချက်ချင်းဆိုသလို တုံ့ပြန်လာခဲ့သည်။

ဒီလိုသာဆို သူ့ကိ ဖိနှိပ်ဖို့က ပို၍လွယ်ကူပေတော့မည် ။

  ဝီ!

ရွှေဝါရောင် မြှားအလင်းတန်းသည် အလွန်စူးရှပေသည်။လေပြင်းများက စူးစူးဝါးဝါးတိုက်လျက် သံဥက္ကာခဲကဲ့သို့ အလွန်ထက်မြက်သည်မှာ သာ့နိမ်(အနန္တတန်ခိုးရှင်)အဆင့်တောင် ခုခံနိုင်ဖို့ရာ လွန်စွာ ခက်ခဲပေသည် ။

သို့သော်လည်း၊စူးချန်ကဲအနားသို့ ရောက်လာစဉ် ထိုမြှားတို့မှာ ချက်ချင်းဆိုသလို အေးခဲပြီး ရပ်တန့်သွားခဲ့ရသည်။

စူးချန်ကဲ၏ အကြည့်များမှာ ငြိမ်သက်နေပြီး စိတ်ထဲ မထည့်ထားပုံရသည်။

  “ဖျက်စမ်း! ”

သူသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

  ဝီ!

စူးချန်ကဲ၏ အနီးတစ်ဝိုက်တွင် ရှိနေသော ဓားစွမ်းအင်သည် ရုတ်တရက် အသက်ဝင်လာသည်။

ထိုရွှေရောင်မြှားမိုးသည် ကောင်းကင်ယံတွင် ကြယ်အလား ပျောက်ကွယ်သွားခဲ့လေပြီ။

အပိုင်း(၄၂): လက်သီးတစ်ချက်စာပဲ လိုတယ်၊ လက်စသတ်တော့ အရှုံးသမားတစ်ကောင် ဖြစ်နေခဲ့တာကိုး !

“ဘယ်ဆိုးတုန်း၊ မင်းလို လူ‌ချောလေးက အရည်အချင်းတော့ ရှိသားပဲ!”

ကျင်းအောက်ယန် က လှောင်ပြောင်လိုက်သည်။

“ဒါပေမဲ့ ဒီနေရာက ငါတို့ မကောင်းဆိုးဝါး မျိူးနွယ်စုရဲ့ပိုင်နက်ပဲ ၊ကွေးရွှီလျို့ဝှက်နယ်မြေ ကို ဝင်တောင် ၊မင်းအတွက် ဘာအခွင့်အရေးကောင်းမှ မရနိုင်ဘူး!”

သူ၏ အသံသည် မောက်မာလွန်းပေသည်။

သူသည် ကွေးယွမ် သူတော်စင်နယ်မြေ တပည့်သားများ၏ ရှေ့တွင် သူတို့၏ ဆက်ခံသူကို ခြိမ်းခြောက် နေခဲ့သည်။

သူ ဒီလို သွေးတိုးစမ်းရသည့် အကြောင်းအရင်းမှာ စူးချန်ကဲ၏ စွမ်းအားကို စမ်းသပ်ကြည့်ရန် ဖြစ်ပြီး၊ အကယ်၍ တစ်ဖက်လူ၏ အရှက်ကို ခွဲနိုင်ခဲ့ရင် ပိုလို့တောင် ကောင်းသေးသည်။

သူ့ကို ကြောက်ရွံ့ ထိတ်လန့်စေနိုင်သောအရာမှာ ကွေးယွမ်၏ ပထမမြောက် သူတော်စင်နှင့် ဒုတိယမြောက် သူတော်စင်ပင် ဖြစ်သည်။

ဒီတခါတော့ သူတို့နှစ်လုံးက မလာနိုင်ခဲ့ပေ ။

ဒီတစ်ခေါက် ကွေးရွှီလျို့ဝှက်နယ်မြေ ခရီးစဉ်တွင် ကွေးယွမ် သူတော်စင်နယ်မြေ၏ တပည့်သားချင်းများသည် သွေးကြွေးကို သေချာပေါက် ပြန်ပေးဆပ်ရမည်ပင်။

သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရခဲ့သော အရှက်ကို ရွှေတောင်ပံ ဌက် မျိုးနွယ်အစား ပြန်လည်ပေးဆပ်ချင်ခဲ့သည်။

မောက်မာသောစကားတစ်ခွန်းကို ဆိုပြီးနောက် ကျင်းအောက်ထျန်းသည် နောက်သို့ လှည့်ထွက်ခွာသွားခဲ့သည်။

“မင်းကပဲ အရင် ပြောပြီးတော့ ၊ငါတောင်ဘာမှမလုပ်ရသေးဘူး မင်းကသွားချင်နေပြီလား?”

စူးချန်ကဲသည် ခပ်ဖျော့‌ဖျော့ ပြုံးလိုက်သည်

ဟာသပဲ ၊ငါ့ရှေ့မှာ အေးအေးလူလူ ဒီဇိုင်းနဲ့ ထွက်သွားချင်သေးတယ်ပေါ့?

ငါ့ကို လူမှုဖူလုံရေးအိမ်ယာလို့များ ထင်နေလား?

  ဘုန်း!

 “ကောင်းကင်ကိုဖြိုခွဲခြင်း လက်သီးသိုင်း!”

စူးချန်ကဲသည် လက်သီးသိုင်းကို ထုတ်သုံးလိုက်သည်။

စူးချန်ကဲ၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့်အတူ ကောင်းကင်ကို ဖြိုခွဲခြင်း လက်သီးသိုင်း၏ စွမ်းအားသည် ပိုမိုအားကောင်းလာခဲ့သည်။

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဧရာမ လက်သီး၏ စွမ်းအားသည် ကမ္ဘာပေါ်သို့ ကျရောက်လာသော တောက်ပသော နေမင်းကြီးကဲ့သို့ တောက်လောင်နေသော နတ်အလင်း‌ရောင်ဖြင့် ဝန်းရံထားသည်။

ချက်ခြင်းပင်၊ ၎င်းသည် ဟင်းလင်ပြင်ကို ထိုးဖောက်ဝင်ရောက်ကာ၊ ဖိနှိပ်ချုပ်တည်းရန် ‌ကျင်းအောက်ယန်ဆီသို့ တည့်တည့် ပစ်ခွင်းဝင်ရောက်လာခဲ့သည်။

  “မင်းကများ လုပ်ရဲတယ်ပေါ့?”

ကျင်းအောက်ယန်၏ မျက်လုံးများသည် အေးစက်စွာ တောက်ပနေပြီး စူးချန်ကဲသည် သူ့ကို ဒီလို လက်ပါရဲမယ်လို့ မျှော်လင့်မထားခဲ့ပေ။

ဤနတ်ဆိုးမြို့သည် မကောင်းဆိုးဝါး မျိုးနွယ်စု၏ ပိုင်နက်ဆိုတာကို သင် သိထားရပေမည်။

ဒါကို သာမာန်လူသားတစ်ယောက်က ဘယ်လို‌

တောင် ပြန်တိုက်ခိုက်ရဲတာလဲ?

  ဘုန်း!

ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါမြည်ဟိန်းသွားသည်မှာ သူ့အား လွန်စွာ ပြင်းထန်သော အားအင်တစ်ခုကို ခံစားလိုက်ရသလိုပင်။

“ သေစမ်း!! ဒီစွမ်းအားက ထင်ထားတာထက် ပိုကြောက်စရာကောင်းတာပဲ!”

ကျင်းအောက်ယန် သတိမလွှတ်ရဲ‌ပေ။သူ၏ ရွှေရောင်အတောင်ပံများသည် လျင်မြန်စွာ ပျံထွက်သွားပြီး ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများအဖြစ်သို့ လျင်မြန်စွာ ရွေ့လျားလိုက်သည်။

ရွှေတောင်ပံ ဌက် မျိုးနွယ်စု၏ ပင်ကိုယ် မှော်စွမ်းအားသည် လွန်ကဲသော အမြန်နှုန်းရှိပြီး

အပြင်းအထန် လေ့ကျင့်လိုက်မည်ဆိုပါက၊ ၎င်းတို့သည် တခဏအတွင်း မိုင်ထောင်ချီ ခရီးနှင်နိုင်သည်။

သူ စူးချန်ကဲ၏ လက်သီးချက်ကို မခံယူဝံ့ပေ။

ထိုလက်သီးချက်တွင် ရှိသော ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားက သူ့ကို တုန်လှုပ်စေခဲ့သည်။

  “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?!”

သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်က သူ့ကို လွန်စွာ ထိတ်လန့်စေခဲ့သည်။

သူ့ ဘေးပတ်ပတ်လည်က ဟင်းလင်ပြင်ကြီးသည် ဘယ်အချိန်ကမှန်း မသိ ဓားစွမ်းအင်စက်ကွင်းဖြင့် ချုပ်နှောင်ခံလိုက်ရသည်။

ကြီးမားသော ဓားစွမ်းအင် လှောင်အိမ်ကြီးကဲ့သို့ သူ့အား ဖမ်းချုပ်ထားသည်မှာ ရုန်းမထွက် မရနိုင်ခဲ့ပေ။

“စိတ်မကောင်းဘူး၊မင်းရဲ့ ဟောကိန်းကို ငါ ပြန်ဟောပေးမယ်”

ရွှေတောင်ပံဌက်သည် အလျင်နှုန်းကို အသုံးချကာ ယခုလို အကွက်မျိုး လုပ်မည်ဆိုတာ စူးချန်ကဲ အစောကတည်းက ရိပ်မိပေသည်။

သို့ဖြစ်၍ သူသည် လက်သီးအစွမ်းကို ထုတ်သုံးလိုက်ကတည်းက ဓားစွမ်းအင်ကိုပါ တခါတည်း စုဆောင်းခဲ့သည်။

  ဘုန်း!

ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားသည် ပေါက်ကွဲသွားသည်နှင့်၊ နတ်အလင်းတန်းများက တဟုန်းဟုန်း ပေါက်ကွဲ ထွက်လာခဲ့သည်။

ကျင်းအောက်ယန်၏ ခန္ဓာကိုယ်ကို ခုခံကာကွယ်ပေးထားသော လျှို့ဝှက်ရတနာပင်လျှင် လုံးဝမခုခံနိုင်ဘဲ ကွဲအက်သွားကာ လွင့်ထွက်သွားခဲ့သည်။

ကျင်းအောက်ယန်၏ တစ်ကိုယ်လုံး ကြောက်မက်ဖွယ်ရာ ကောင်းသော ထိုစွမ်းအားအောက်တွင် ပျက်သုဉ်းသွားခဲ့ရသည် ။

  “ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”

“ရွှေတောင်ပံ ဌက် မျိုးနွယ်စုက မကောင်းဆိုးဝါး မျိုးနွယ်စု‌ကြားထဲမှာ ထိပ်တန်းမျိုးနွယ်စု တစ်ခုပဲ ၊ သူ့ရဲ့ ခန္ဓာကိုယ်က အနှိုင်းမဲ့ သန်မာတာ ၊ ဘယ်လိုလုပ်ပြီး လက်သီး တစ်ချက်စာကိုတောင် မခံနိုင်ရတာလဲ? “

“အဲ့ဒီလက်သီးမှာ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းရဲ့ သွေးချီစွမ်းအား‌တွေ ပါဝင်နေပုံရတယ်”

နတ်ဆိုးမြို့တွင်၊ ထိုမြင်ကွင်းကို မြင်လိုက်ရသူ အပေါင်း ၎င်းတို့၏ မျက်ဝန်းများမှာ ကျဉ်း‌မြောင်းသွားပြီး မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

ဒီအရာအားလုံးကို မယုံနိုင်ရဲသလိုပင်။

“မင်းတို့မမေ့ကြနဲ့ ဒီစူးချန်ကဲ ချိုးဖြတ်ခဲ့တဲ့ဆယ်ခုမြောက် ဇီဖူကြယ်က အကန့်အသတ်မဲ့ပဲ!

ဒါတင်မကဘူး !သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်ကို ပိုင်ဆိုင်ထားသူ!အဲ့လို လူမျိုးက ဘယ်လိုလုပ်ပြီး စွမ်းအားမကြီးဘဲ နေမတုန်း? “

“သိပ်ကြောက်ဖို့ကောင်းတာပဲ ၊အဲ့ဒီ လက်သီးချက်က ငါ့ကို ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရှေးဟောင်း အထွပ်အထိပ် တောင်တန်းကြီးတစ်ခုလိုပဲ ၊ တကယ်လို့ ငါသာ အဲ့ဒါကြီးနဲ့ရင်ဆိုင်လိုက်ရရင်၊ အဲ့ရဲ့ အရှိန်အဝါကို ခံနိုင်ရည် မရှိနိုင်လောက်ဘူး”

“ဒီ ကျင်းအောက်ယန်လည်း သံထည်တစ်ခုကို ကန်ထုတ်လိုက်သလိုမျိုး ခံလိုက်ရပြီပဲ၊ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဆက်ခံသူက ပထမမြောက် သူတော်စင် ယဲ့လျန်ထျန်းထက် ပိုကြောက်ဖို့ကောင်းတာပဲ!”

မကောင်းဆိုးဝါး ကျင့်ကြံသူများသာမက လူသားမျိုးနွယ် ပါရမီရှင်များစွာ၏ မျက်လုံးထဲတွင် လေးနက်သော အရာတစ်ခု ရှိနေခဲ့သည်။

စူးချန်ကဲ၏ စွမ်းအားသည် တကယ်ကို သန်မာပေသည်။သူ၏ ဓားစွမ်းရည်မှာလည်း အနှိုင်းမဲ့ ဖြစ်သည်ဟု ကောလဟာလ သတင်းများ ရှိခဲ့သည်။ထိုအရာက သူတို့အားလုံးကို ပို၍ ဖိအားဖြစ်စေခဲ့သည်။

  ဝီ!

ထိုအခိုက်အတန့်တွင် ၊ ကောင်းကင်ယံ၌ အလင်းတန်းများက ‌ဖြေး‌ဖြေးချင်း စုဝေးသွားပြီး ကျင်းအောက်ယန်၏ ရုပ်သွင်သည် တဖန် ပြန်ထွက်ပေါ်လာခဲ့သည်။

ဒါပေမယ့် သူ၏မျက်နှာသည် ဖြူဖျော့နေပြီး အရမ်းထိတ်လန့်နေပုံရကာ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေခဲ့သည်။

“နောက်ဆုံးတော့ မင်းရဲ့ ရုပ်သေးရုပ်ကို မင်းအစား သေခိုင်းလိုက်ပြီပေါ့?”

ဒီတခါတော့ တစ်ဖက်လူကို အခွင့်ကောင်းယူဖို့ သူ ပျင်းလွန်းလှသည်။

သူသည် အရင်က ကံကြမ္မာဖတ် မျက်လုံးကို အသုံးပြုပြီး ၎င်း၏ ကံကြမ္မာတန်ဖိုးကို ကြည့်ရှုခဲ့ရာ ၉၈ မျှသာ ရှိခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ သူသည် မကောင်းဆိုးဝါး မျိုးနွယ်စု ဖြစ်သော ကျင်းအောက်ယန်ကို ကံကောင်းခြင်း၏ သားတော်လေးဟု ထင်မှတ်ခဲ့သည် ။

ဒါပေမယ့် ရလဒ်ကတော့ သူ့ကို စိတ်ပျက်စေခဲ့သည်။လတ်စသတ်တော့ အရှုံးသမားတစ်ကောင် ဖြစ်နေခဲ့တာကိုး !

စူးချန်ကဲသည် တစ်ဖက်လူကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ရင်း -

“တကြိမ် သေခဲ့ဖူးပြီဆိုတော့ ၊ငါ မင်းနဲ့ တွက်ကပ်ပြီး မပြောချင်တော့ဘူး ၊ထွက်သွားတော့”

စူးချန်ကဲ၏ အသံသည် လူတိုင်းရဲ့ နားထဲကို ရှင်းရှင်းလင်းလင်း ရောက်သွားခဲ့သည်။တစ်လောကလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ၎င်း၏ ပုံစံသည် လူအချို့ကို ပိုလို့‌တောင် ထိတ်လန့်စေခဲ့သည်။

  “မင်း”

ကျင်းအောက်ယန်၏ မျက်နှာသည် သူ၏ ရုပ်သေး သေဆုံးသွားသောကြောင့် ဖြူဖျော့နေသည်။ထိုအရာသည် အလွန်အဖိုးတန်တော့ဖြစ်သည်မှုဖြစ်ပြီး မရေမတွက်နိုင်သော အဖိုးတန် ရတနာများကို စားသုံးရန်လိုအပ်သည်။ထိုအရာသည် ပိုင်ရှင်အ‌နေဖြင့် အသက်အန္တရာယ်ကြုံတွေ့သည့်အခါ ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်သည်။သို့သော် သူသည် ဒီလိုမျိုး အသုံးပြုလိုက်မယ်လို့ စူးချန်ကဲ မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ ကျင်းအောက်ယန်သည် ထိုရုပ်သေး ကို အစားမသေခိုင်းခဲ့ပါက ၊သူသည် ထိုလက်သီးစာအောက်တွင် တကယ်ပဲ သေသွားနိုင်သည်။

ဒါကိုတွေးမိပြီး၊ သူ့မျက်နှာပေါ်က ဒေါသနှင့် အေးစက်မှုများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည် ။

အကယ်၍ တစ်ဖက်လူကသာ လက်သီးစာ ထပ်ကျွေးလာခဲ့ရင် ...၊ သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။

ထို့အပြင်၊ သူတို့အားလုံး၏ နောက်ကွယ်တွင် အုပ်ထိန်းသူများ ရှိသည်။စောစောက ရန်စခဲ့သည်မှာ သူက အရင် ဖြစ်သောကြောင့်၊သူ၏ မိုက်မဲခြင်းအတွက် ဆုံးရှုံးခြင်းကိုသာ ခံစားလိုက်ရသည်မှာ သဘာဝကျပေသည်။

ဒီတခါတော့ ကြမ်းတမ်းသော စကားများ မပြောဝံ့‌တော့ဘဲ ရွှေတောင်ပံများကို တဖျပ်ဖျပ် ခတ်ကာ တဟုတ်ချင်း ပြေးထွက်သွား‌တော့သည်။

ထိုအချိန်တွင် စူးချန်ကဲ၏ဂုဏ်သတင်းသည် နတ်ဆိုးမြို တွင် ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။

အဖြူရောင် -ကျောက်စိမ်းရထားပေါ်မှ ပုံရိပ်ကို

မည်သူမှ မထီမဲ့မြင် မပြုရဲတော့ပေ။ထိုလက်သီး၏ အစွမ်းသည် သူတို့အားလုံး၏ စိတ်ကူးများထက် အတော်လေး သာလွန်နေခဲ့ပြီပင်။

“ဒီလက်သီးရဲ့ အစွမ်းက အရင်ကထက် ပိုကြောက်စရာကောင်းလာတယ်”

“ငါ ဒီကို မလာချင်ဘူးလို့ ပြောပါတယ်၊ ဟိုအဘိုးကြီးကြောင့်ပေါ့! “

လူအုပ်ကြားထဲက ဝူကျီအောက်ထျန်းခမျာ ထိုမြင်ကွင်းကို မြင်ခဲ့ရပြီး စူးချန်ကဲသည် ပို ပို၍

မူမမှန် ဖြစ်လာသည်ဟု သူတကယ်ပင် ခံစားခဲ့ရသည်။

၎င်းသည် လူသားပုံစံဖြင့် စစ်တိုက်သော စက်ပစ္စည်းသာပင် ။

  “စူးချန်ကဲ”

“မင်းကတော့ တကယ်ကို မရိုးရှင်းဘူးပဲ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတယ်”

ချင်ထိုက်ယီလည်း စောနက အဖြစ်အပျက်အားလုံးကို မြင်တွေ့ခဲ့သည်။သူ၏ နှုတ်ခမ်းတောင်စွန်းမှာ ပြုံးသွားခဲ့သည်။ ထိုသို့သော ပြိုင်ဘက်သာလျှင် သူ ချေမှုန်းရန် ထိုက်တန်သည်။

  “ငါ့ရဲ့အဖျက်မီးတောက်ကိုလည်း သူ ချိုးဖြတ်နိုင်မလား ?”

လီဟန်ကလည်း တွေးကြည့်နေမိသည်။

လီဟန်နောက်လိုက်နေသော လော့ချင်းယွီသည်လည်း ထိုမြင်ကွင်းကို လေးနက်စွာ ကြည့်နေခဲ့သည်။

ထိုကဲ့သို့ ပါရမီရှင် ပုဂ္ဂိုလ်မျိုး၏ လက်အောက်တွင် လော့ယန် သေရသည်မှာ တကယ်ကို မထိုက်တန်သည်ဟု သူမ ယူဆမိသည်။

“လူငယ်ဂိုဏ်းခေါင်းဆောင်က စူးချန်ကဲကို အလွန်ရန်ငြိုးထားပုံရတယ်”

“ အခွင့်အရေးရှာပြီး သူ့ကို သတိပေးလိုက်ရမလား”

လော့ချင်းယွီစိတ်ထဲ ဗျာများနေခဲ့သည်။ကွေးယီး ဂိုဏ်း၏ အကြီးအကဲ ခေါင်းဆောင်များသည် ကွေးယွမ် က လူများအပေါ် သနားညှာတာမှု မပေးရန် အမိန့်ပေးခဲ့သည်။

လိုအပ်ပါက၊ ၎င်းတို့သည် ကွေးယွမ်က လူများကို သင်ခန်းစာယူရန် အခြားအင်အားစုများနှင့်လည်း ပေါင်းစည်းရပေမည်။

လော့ချင်းယွီက အံ့ကိုကြိတ်လျက်၊

“စူးချန်ကဲက ထျန်းဟယ်မှာတုန်းက ငါ့ကိုကူညီပြီး လော့ယန်ရဲ့ စာရိတ္တကို ဖော်ထုတ်ပေးခဲ့တယ်၊ ပြီးတော့ အရင်းအမြစ် များစွာကိုလည်း ပေးခဲ့သေးတယ်”

  “ သူ့ရဲ့ ကြင်နာမှုကို အမုန်းတရားနဲ့ ငါပြန်မဆပ်နိုင်ဘူး”

“ဒါပေမဲ့ငါက ကွေးယီးဂိုဏ်းရဲ့ သူတော်စင်လေ ဒီလိုလုပ်တာ မကောင်းဘူးထင်တယ်”

သူမ ဆက်တိုက် ဗျာများနေခဲ့သည်။

သို့သော် လက်ရှိတွင် အခြားတပ်ဖွဲ့စုများမှ ပါရမီရှင် တပည့်များနှင့် စာရင် ၊ ကွေးယွမ် တပည့်သားတို့မှာ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။

ထိပ်တန်း အဆင့်မြင့် အကြီးအကဲ၏ မျက်လုံးများဆို မြတ်နိုးမှုများ အပြည့်ဖြင့်။

ခုနက လက်သီးစာ ၊ တကယ်ကို လန်းလွန်းတယ်!

ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူတွင် ရှိသင့်‌သော အပြုအမူပင် ဖြစ်သည်။

အပိုင်း(၄၃) : ကောင်းကင်ကြေးမုံ

ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက်၊

ကွေးယွမ် သူတော်စင်နယ်မြေ၏ တပည့်သားချင်းများသည် နတ်ဆိုးမြို့ထဲသို့ ဆက်လက်‌ လျောက်ခဲ့ကြသည်။

ထိုနေရာတွင် ကွေးယွမ် သူတော်စင်နယ်မြေ၏ နေအိမ် ရှိသည်။

နတ်ဆိုး မြို့‌ တော်၏ သခင်မှာ ပိုင်ဝိန့်ချင် ဖြစ်သည်။

၎င်းသည် ပညာတတ်တစ်ဉီး ဖြစ်ပြီး လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်သူ ဖြစ်သည်။ကိုယ်နှုတ်အမူအရာမှာ သိမ်မွေ့‌သော လူကြီးတစ်ယောက် ဖြစ်သည်။

ထို့အပြင် ၎င်းသည် နတ်သားရဲ ပိုင်ဇဲ့၏ အသွေးအသားကိုလည်း ပိုင်ဆိုင်ထားသည်။

၎င်း၏ဘိုးဘေးများကလည်း အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။

သူသည် အခြား မကောင်းဆိုးဝါး မျိုးနွယ်စုများကဲ့သို့ လူသားမျိုးနွယ်စု အပေါ်တွင် ခက်ထန်ခြင်း မရှိ ၊၎င်းကို လူသားမျိုးနွယ်စုနှင့် အတော်လေး နီးစပ်သော ပုဂ္ဂိုလ်တစ်ယောက်ဟု ယူဆရပေမည်။

လူနှင့် မကောင်းဆိုးဝါး တိုက်ပွဲကြီး ဖြစ်ခဲ့စဉ်က ၊သူသည် ကြားနေဝါဒကို လက်ကိုင်ခဲ့ပြီး နတ်ဆိုးမြို့တော်ကြီးအား စစ်ပွဲတွင် ပါမသွားစေရန် ကာကွယ်ပေးခဲ့သည်။

“အစ်ကိုလီ၊ မင်း ခရီးထွက်ရတာ ပင်ပန်းနေရောပေါ့ လာ မြန်မြန်ထိုင်!”

ပိုင်ဝိန့်ချင်သည် ကွေးယွမ် ၏ ထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်အား ယဉ်ကျေးပျူဌာစွာ ခရီးကြိုဆိုခဲ့သည်။

သူတို့ နှစ်ယောက်သည် အသိအကျွမ်းဟောင်းများ ဖြစ်ပြီး ခံစားချက်များမှာလည်း အတော်နက်ရှိုင်းပုံရပေသည်။

“သူက ကွေးယွမ်ရဲ့ ဆက်ခံသူ ဆိုတာလား?”

“ မျှော်လင့်ထားတဲ့ အတိုင်းပါ့လား၊ နောက်အနာဂတ်မှာဆို ကြီးမားတဲ့ အောင်မြင်မှုတွေ သယ်ဆောင်လာနိုင်မယ်ဆိုတာ ငါ ယုံတယ်!”

ပိုင်ဝိန့်ချင်သည် စောနလေးက ဖြစ်ခဲ့သော မြို့တွင်း တိုက်ပွဲအကြောင်းကို သိပြီးသားပင် ဖြစ်သည်။ဤအခိုက်အတန့်တွင် သူ့မျက်လုံးထဲတွင် လေးစား‌သော ပုံရိပ်အချို့ ရှိနေခဲ့သည်။

“ကျွန်တော် စူးချန်ကဲ ၊ လူကြီးမင်း ပိုင်ဝိန့်ချင်ကို ဂါရဝပြုပါတယ်”

စူးချန်ကဲသည် လက်ကို လျက်ကာ ဂါရဝပြုလိုက်သည်။

ပိုင်ဝိန့်ချင်က သူ့ရဲ့ မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း ပြုံးပြုံးကြီး ဆိုလိုက်သည်။

“မဆိုးဘူး! ! ဒီလို အရည်အချင်းနဲ့ ကြွားဝါးခြင်းလည်း မရှိသလို မာနကြီးခြင်းလည်း မရှိဘူး၊ မနက်ဖြန် ကောင်းကင်ကြေးမုံကနေ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်မျှော်နေမယ်!”

  “ကောင်းကင်ကြေးမုံ?”

စူးချန်ကဲ ဒါကို နားလည်သည်။

ထိုအရာသည် အမတဘုံမှ ဆင်းသက်လာသော အရာတစ်ခုဟု ဆိုကြသည်။၎င်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့်အပြင် တာအို လမ်းစဥ်၏ စိတ်နှလုံးသား အစစ်အမှန်ကို စစ်ဆေးမေးမြန်းနိုင်ပြီး ကောင်းကင်လမ်းစဉ်၏ နိယာမများ ပဲ့တင်ထပ်လျက် ရှိသည်။

အကယ်၍ သင်သည် ကောင်းကင်ကြေးမုံ၏ အသိအမှတ် ပြုခြင်းကို ခံရမည် ဆိုပါက ၊သင်သည် အမတ စွမ်းအင်ကို ရရှိနိုင်ပြီး၊ ဤသည်မှာ လူဝင်စားရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပေသည်။

ကွေးရွှီ လျှို့ဝှက်နယ်မြေ မဖွင့်ခင်တိုင်း၊ နတ်ဆိုးမြို့ သည် ကောင်းကင်ကြေးမုံကို လှုံ့ဆော်ပေးလိမ့်မည် ဖြစ်သည်။၎င်းသည် ပါရမီရှင်များစွာအား ကိုယ့်ရဲ့ စိတ်သဘောထား အစစ်အမှန်ကို ဆန်းစစ်နိုင်ရန် ကူညီပေးလိမ့်မည် ဖြစ်သည်။

ထိုညမှာပဲ စူးချန်ကဲတို့ အဖွဲ့သည် ပိုင်ဝိန့်ချင် ပြင်ဆင်ထားသော နန်း‌ဆောင်တွင် နေထိုင်ခဲ့သည်။

ညအမှောင်တွင် နန်းဆောင်ထဲက ဖယောင်းတိုင်များမှာ မှိန်တုတ်မှိန်တုတ်ဖြင့် လင်းလက်လို့နေကြသည်။

မှုန်ဝါးဝါးအရိပ်နှစ်ခုသည် တစ်စုံတစ်ခုကို လုပ်နေကြသည်။

အချိန်အတော်ကြာပြီးနောက် စူးချန်ကဲသည် ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်သည်။

ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသော သူ၏ လက်များကို ပြန်ရုတ်သိမ်းလိုက်သည်။

ယွင်ရှင်းယန်သည် အားနည်း၍ မြေပြင်ပေါ်သို့ ပျော့ခွေစွာ လဲကျသွားခဲ့သည်။

သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းနေပြီး၊ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းသားတို့က ယခုအချိန်တွင် အသက်ပြင်းပြင်း ရှုရှိုက်နေခဲ့သည်။

သူမ၏ ရင်ဘတ်သည် အားကြီးသော ပင်လယ်လှိုင်းလုံးကြီးကဲ့သို့ အဆက်မပြတ် မြင့်လိုက်နိမ့်လိုက်ဖြင့် ၊ သူမ၏ ပိတ်စဖြူတို့သည် ချွေးများဖြင့် စိုရွှဲနေခဲ့သည်။

မိန်းကလေး၏ ကျောက်စိမ်းအသားအရည်သည် တောက်ပနေပြီး သူမ၏ ချောမောပြီးသား ရုပ်သွင်ကို ပိုမို ထင်ရှားပေါ်လွင်စေသည်။

နေ့လည်ကတည်းက စူးချန်ကဲသည် သူမ၏ ကျင့်ကြံလေ့ကျင့်မှုကို ကူညီပေးခဲ့ခြင်းပင်။

ကျင့်ကြံမှု အရင်းအမြစ်များစွာကို စားသုံး‌စေရုံသာမက ၊သူ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားများမှာလည်း တဖက်လူ၏ စုပ်ယူခြင်းကိုလည်း ခံခဲ့ရသည်။

“ထိုက်ယန်ကိုယ်ထည်က ဒီလောက်တောင်

အစွမ်းထက်ရသလား?”

စူးချန်ကဲခမျာ နည်းနည်းတော့ ခေါင်းကိုက်သွားခဲ့ရသည်။ထို့အပြင် သူသည် သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်ပိုင်ရှင် ဖြစ်သောကြောင့် သူထုတ်လွှတ်လိုက်‌သော ဝိညာဉ်စွမ်းအင်မှန်သမျှ တဖက်လူ၏ စုပ်ယူတာကို ခံလိုက်ရသည်။

  “ဆက်ခံသူသခင်၊ ကျွန်မ...”

ချစ်စရာကောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယွင်ရှင်းယန်၏ လှပသော မျက်ဝန်းအစုံသည် ကျုံ့လျက် ၊ညှပ်ရိုးလေးများမှာ ပေါ်ထွက်နေပြီး အသားအရေများက နှင်းကဲ့သို့ ဖြူဖွေးကာ ၊ သူမသည် အောက်နှုတ်ခမ်း‌လေးကို သာသာလေး ကိုက်လို့ထားသည်။

သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးမှာ ဆက်မပြီးသေးချင်ဟန်ဖြင့်။

မျက်မှောင်လေးက တစ်ဝက် ကျုံ့လိုက် အပြုံးလေးက တစ်ဝက် ပြုံးလိုက်ဖြင့် ဆောင်းဦးရေအလား ။အမူအရာတိုင်းက ယစ်မူးနေသော နွေဦးတောင်နှင့်တူလှသည်။

စူးချန်ကဲခမျာ ခေါင်းယမ်းနေတော့သည်။

ဒီကလေးမ ဘာတွေစဥ်းစားနေပြန်တာတုန်း?

  ဒါ လေ့ကျင့်နေတာ မဟုတ်လား?

ဘာလို့ လေထုက ထူးဆန်းနေရတာတုန်း?

နောက်နေ့မနက်၊

  ဝီ!

ကောင်းကင်ကြီးသည် မြည်ဟိန်းလျက် ၊ ထူးဆန်းသော အငွေ့အသက်များဖြင့် ပြည့်နှက်ပြီး တောက်ပသော မှော်သင်္ကေတများက အဆက်မပြတ် ထုတ်လွှတ်နေကာ နတ်ဆိုးမြို့ တစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။

ကောင်းကင်ကြေးမုံသည် အထက်ကောင်းကင်ယံတွင် ကြည်လင်ပြတ်သားစွာ တည်ရှိ နေသည်။

ကြည်လင်သော ရေကန်ကြီးကဲ့သို့ ကောင်းကင်ယံ‌ ပေါ်တွင် ရှိနေပြီး ၊ ကမ္ဘာပေါ်က အရာအားလုံးသည် ထိုမှန်ကြီးထဲ၌ ရောင်ပြန်ဟပ်လို့ နေသည်။

  “ကောင်းကင်ကြေးမုံ၊ကောင်းကင်ကြေးမုံ ထွက်ပေါ်လာပြီ! “

“မြန်မြန် ! ကောင်းကင်ကြေးမုံရဲ့ အသိအမှတ်ပြုတာကို ခံရရင် ၊ အမတစွမ်းအင်ကို ရနိုင်တယ်တဲ့ ! “

“ဒီလို ကြီးမားတဲ့အခွင့်အရေးမျိုးကို လက်လွတ်မခံသင့်ဘူး!”

နတ်ဆိုးမြို့က ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားနေပုံ ရပေသည်။

ထိပ်တန်းအုပ်စုများမှ ပြိုင်ဘက်ကင်းသော ပါရမီရှင်များသာမက၊ ဂိုဏ်းအသီးသီးမှ တပည့်သားချင်းများသည် ကောင်းကင်ကြေးမုံ‌ဆီသို့ ဦးတည်နေကြသည်။

လူတော်တော်များများက သူတို့ ကံကို စမ်းဖို့ ရောက်လာကြသည်။

အကယ်၍ ကောင်းကင်ကြေးမုံ၏ အသိအမှတ်ပြုခြင်းကို ခံရမည်ဆိုပါက ၊ ကောင်းကင်ကို ပျံတတ်ချင်သည့် ၎င်းတို့၏ အိမ်မက်မှာ အလှမ်းဝေးကွာတော့မည် မဟုတ်။

နတ်ဆိုးမြို့၏ ဗဟိုတွင်၊ လျှို့ဝှက်ဆန်းကြယ်သော အလင်း အတားအဆီးတစ်ခု ရှိ‌နေခဲ့ည်။

၎င်းသည် ကောင်းကင် ကြေးမုံ၏ နိယာမ စွမ်းအား ကြောင့် ပြောင်းလဲသွားခြင်း ဖြစ်ပြီး

ထိုကြီးမားသော အလင်းစွမ်းအင်ကို ဖြတ်သန်းနိုင်မှသာလျှင် ကနဦးအသိအမှတ် ပြုခြင်းကို ခံရနိုင်သည်။

ကောင်းကင် ကြေးမုံသည် တာအိုလမ်းစဉ်၏ စစ်မှန်သော စိတ်နှလုံးသားကို စစ်ဆေးနိုင်သည်။

ပင်ကိုယ်စွမ်းရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ဖြင့် မသက်ဆိုင်ဘဲ တာအိုလမ်းစဉ်၏ စိတ်နှလုံးသားသည် သန်မာပြီး မူလရည်ရွယ်ချက်ကို စွဲကိုင်ထားသ၍ ကောင်းကင်ကြေးမုံသည် သင့်ကို အသိအမှတ်ပြုကာ နတ် အလင်းရောင်များ ကောင်းချီးပေးလိမ့်မည် ဖြစ်သည်။

ဤသည်မှာ အားလုံးပြောကြသည့် အမတ စွမ်းအင်ပင် ဖြစ်သည်။

တယောက်ပြီး တယောက် တောက်ပနေသော ထိုအတားအဆီးကို ဖြတ်ကျော်ကာ၊ ကောင်းကင် ကြေးမုံ၏ အောက်ခြေဆီသို့ ရောက်လာကြသည်။

သူတို့အားလုံးသည် တာအိုလမ်းစဉ်၏ တရားဓမ္မကို နားလည်နိုင်ရန် လိုအပ်ပြီး ၊ ထိုအတားအဆီးကို ဖြတ်ကျော်ရန် ၎င်းတို့၏ ကိုယ်ပိုင် ဥာဏ်အလင်းကို အားကိုးကြရမည်။ထိုမှသာလျှင် ကနဦးစမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ဝတ်ရုံဖြူ လူငယ်တစ်ဦးသည် ကောင်းကင်ကြေးမုံ‌ဆီသို့ လျှောက်လာခဲ့သည်။

  ဟုန်း!

တာအိုလမ်းစဉ် နိယာမများ တုန်ခါ မြည်ဟိန်းသွားပြီး ၊ အနီရောင် အလင်းစွမ်းအင်သည် ဝုန်းခနဲ့ ထွက်ပေါ်လာခဲ့သည်။

ထိုအရိပ်သဏ္ဍာန် နီးကပ်လာသည်နှင့်အမျှ အလင်း အတားအဆီးသည် သူ့အလိုလို ပွင့်လာပြီး ဂိတ်တံခါးတစ်ခု အသွင်ပေါ်လာခဲ့သည်။

ထိုဂိတ်တံခါးတစ်ဝိုက်တွင် အလင်းရောင် ငါးရောင်ဖြာထွက်နေပြီး၊ မှော်တင်္ကေတများက မြောက်ကြွလို့ လာသည်မှာ အတော်လေး စိတ်လှုပ်ရှားနေပုံရကာ လူသားတို့၏ ပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေသလိုပင်။

“အမ် ! ဒီလိုမျိုးလည်း ရှိသေးတယ်ပေါ့?ဒီရဲ့ အတားအစီးကို ကျော်ဖြတ်ဖို့ ညဏ်အလင်း လိုအပ်တယ်မဟုတ်လား?ဂိတ်တံခါးက သူ့ဟာသူ ထဖွင့်ပေးနေတယ်ပေါ့လေ! “

“ဒါ အထူး ဆက်နွယ်မှု ရှိနေတာ ဖြစ်ရမယ်! “

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့ဩသွားခဲ့ရသည်။အမူအယာများမှာ လုံးဝ မယုံကြည်နိုင်ဟန်ဖြင့် ၊ တချို့များဆို အထဲကိုတောင် ဆက်မဝင်ရဲကြတော့ပေ။

ဝင်လို့ရခဲ့တယ်ဆိုတောင် ၊သူတို့သည် အချိန်အများကြီး ယူရ‌ပေမည်။ထိုအထဲကို ဝင်နိုင်ဖို့ ဆိုတာ တာအိုစိတ်နှလုံးသားသည် ကြံ့ခိုင်ရမည် ၊ ဒါ့အပြင် ညဏ်အလင်း မြင့်မားရမည်။

ဒါပေမဲ့ အဲ့လူကကြ ဘယ်လိုဖြစ်လို့လဲ?

ဂိတ်တံခါးက သူ့ထဲကို ဝင်လာဖို့ အတင်းတောင်းဆိုနေသလိုပဲ !

ထိုလူသည် နှင်းကဲ့သို့ ဖြူစွတ်သော ဝတ်ရုံ ဖြူကို ဝတ်ဆင်ထားပြီး ပြိုးပြိုးပျက်ပျက် အလင်းတန်းများက သူ့ကို ဝန်းရံထားသည်မှာ အမတ တစ်ပါး ဆင်းသက်လာသလိုပင်။

ဤကဲ့သို့ စူးရှတောက်ပသော ရောင်ဝါကို ပိုင်ဆိုင်နိုင်သူမှာ စူးချန်ကဲကလွဲလို့ ဘယ်သူရှိနိုင်ဦးမလဲ?

“သူလား?ကွေးယွမ်ရဲ့ ဆက်ခံသူ စူးချန်ကဲ!”

“ဒါကြောင့်ကိုး၊ ဒီဆက်ခံသူမှာ ဒဏ္ဍာရီလာ သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်ကို ပိုင်ဆိုင်ထားတယ်လို့ ကြားတယ်၊ မွေးရာပါကတည်းက တာအိုလမ်းစဉ်နဲ့ လိုက်လျောညီထွေရှိပြီး၊ သူ့စိတ်နှလုံးသားကလည်း တာအိုလမ်းစဉ်နဲ့ ကိုက်ညီတယ် ၊ ဒါက သူ့အတွက် ဖန်တီးပေးထားသလိုပဲလေ!”

“ဒဏ္ဍာရီလာ သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်က အဲလောက်တောင်

ကြောက်ဖို့ကောင်းလား?အရင်ကလည်း သူတော်စင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေလည်း စမ်းသပ်မှုတော့ ရှိခဲ့ကြတယ် မဟုတ်လား?ခုလို ဂိတ်တံခါးက သူ့အလိုလို ပွင််သွားတာမျိုးတော့ တခါမှ မမြင်ဖူးပါဘူး “

  ဟုတ်တယ်!

ထိုမှတ်ချက်က လူတိုင်း၏ အတွေးများကို နှိုးဆွပေးခဲ့သည်။

တွေးလေတွေးလေ ၊ခေါင်းသာ ရှုပ်ထွေးခဲ့ရသည်။အဖြေက ရှင်းရှင်းလေးပင် ဖြစ်သည်။

ထိုကွေးယွမ် ဆက်ခံသူသည် သူတို့တွေးထားတာထက် ပို၍ကြောက်ဖို့ကောင်းသည်သာ။

ထိုအချိန်တွင် ထေ့ငေါ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဟွန်း! မယုံနိုင်စရာကောင်းတဲ့ ကိုယ်ထည်နဲ့ အရည်အချင်း ပိုင်ဆိုင်ထားတယ် ဆိုတောင် ဘာဖြစ်လဲ?ဒီရဲ့ကောင်းကင်ကြေးမုံက တာအို လမ်းစဉ်ရဲ့ စိတ်နှလုံးသားက ဘယ်လောက်တောင် ကြံ့ခိုင်လဲဆိုတာကို စစ်ဆေးတာပဲ”

“ခန္ဓာကိုယ်နဲ့ဘာဆိုင်မှာလဲ?သူ့ကို ကောင်းကင်ကြေးမုံက လုံးဝ အသိအမှတ် ပြုမှာမဟုတ်ဘူး”

ရွှေသံချပ် ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့် ထောင်ကောင်းကောင်း ဂရုမစိုက်သည့်ဟန်ပန်ဖြင့် ချောမောသော လူငယ်လေး တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ရှည်‌လျားသော ရွှေဝါရောင် ဆံနွယ်များကြောင့် တစ်ခေါင်းလုံး တောက်ပြောင် နေသည်။

  ပို၍ ကြောက်စရာကောင်းသည်မှာ နိယာမ၏ စွမ်းအားများက တစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံထားပြီး၊ ရွှေဝါရောင် မိုးခြိမ်းသံ စွမ်းအားများက ပေါက်ကွဲထွက်ပေါ်နေသည်။

အပိုင်း(၄၄) : နတ်အလင်းတန်းဖြင့် အညစ်အကြေးများကို သန့်စင်ခြင်း ၊ ကွာခြားချက်

“သူပဲ!ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုခေါင်းဆောင် ရှီရှောက်ချန်း!”

တစ်စုံတစ်ယောက်က အံ့ဩခြင်းအပြည့်ဖြင့် အော်ပြောလိုက်သည်။

“ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုက မကောင်းဆိုးဝါး မျိုးနွယ်စုထဲမှာ တော်ဝင်မျိုးနွယ်စုပဲ၊နတ်မိစ္ဆာ ဧကရာဇ် အဆင့်ထိ တတ်လှမ်းနိုင်ခဲ့တဲ့သူ အများအပြားရှိခဲ့တာ ဒီနေ့‌ခေတ်ထိပဲ ၊ ကြောက်စရာကောင်းတဲ့ မျိုးနွယ်စုလို့ ပြောရမယ် ၊ရှီးရှောက်ချန်းကလည်း သူတို့ရဲ့ သားစဉ်မြေးဆက်ပဲ ၊ဒါကို ကြည့်ရုံနဲ့ သူတို့မျိုးနွယ်စုက ဘယ်လောက်တောင် စွမ်းအားကြီးမားလဲဆိုတာ သိသာနေပြီ “

အဘိုးကြီးတစ်ယောက်က လေးနက်စွာ ဆိုလိုက်သည်။

အထူးသဖြင့် ၎င်း၏ အနားတွင် စွမ်းအား မြင့်မားသော ငယ်ရွယ်သူ ပါရမီရှင်များစွာ ‌ရှိနေခဲ့သည်။သူ၏ အကြည့်များသည် လပေါ်က ကြယ်များကဲ့သို့ ကြည်ညိုလေးစားသော အရိပ်အယောင်များ ထွက်ပေါ်လျက် ရှိသည်။

နေရာတွင် ရပ်နေရုံဖြင့် ရှီးရှောက်ချန်း၏ စူးရှတောက်ပသော ရောင်ဝါသည် လူကို ကြောက်ရွံ့စေမိသည်။

စူးချန်ကဲသည် ရှီရှောက်ချန်ကို ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သည်။တဖက်လူ၏ ကျင့်ကြံမှုသည် သူတော်စင် ပညာရှင် အလယ်အလတ်ဆင့်ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် အငွေ့အသက်သည် အလွန်အားကောင်းပြီး ခန္ဓာကိုယ်အတွင်း ရွှေရောင်အသွေးအသားများ စီးဆင်းနေသည်မှာ မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဘုရင်လို့တောင် မှတ်ယူရသည်။

အရင်က စူးချန်ကဲ၏ ပညာပေးခြင်းကို ခံခဲ့ရသော ကျင်းအောက်ယန် ပင်လျှင် ထိုပုဂ္ဂိုလ်၏ နောက်တွင် တလေးတစားဖြင့် ရပ်နေခဲ့သည်။၎င်းသည် စူးချန်ကဲကို လှောင်ပြောင်အေးစက်သော အကြည်ဖြင့် ကြည့်နေသည်။

သို့ဆိုတောင် စူးချန်ကဲ ကတော့ ဂရုမစိုက်ပေ။

“ ကောင်းကင်ကြေးမုံရဲ့ အလင်း အတားအစီးကို ဝင်ရောက်နိုင်ခဲ့တယ်ဆိုတာက မင်းတို့ ကနဦး အဆင့်ကို အောင်မြင်သွားပြီလို့ ဆိုလိုတာပဲ”

“ဆက်လက်ပြီး၊ မင်းတို့ရဲ့ ကျင့်ကြံ စွမ်းအား အသက်သွင်းပြီး တာအိုလမ်းစဉ်ရဲ့ စိတ်နှလုံးသားကို နားလည်ဖို့ လိုအပ်လိမ့်မယ် ဒါမှသာလျှင် ကောင်းကင်ကြေးမုံက တုံ့ပြန်ပေးလိမ့်မယ် “

နတ်ဆိုးမြို့၏သခင် ပိုင်ဝိန့်ချင်၏ အသံသည် ဟင်းလင်းပြင်ထဲတွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုစကားကိုကြားသည်နှင့် အားလုံးက မိမိ၏ ကျင့်ကြံစွမ်းအားကို နှိုးဆွလိုက်သည်။

  ဘုန်း!ဘုန်း! ဘုန်း !

တစ်ချိန်တည်းမှာပင်၊အားကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းသွားခဲ့သည် ။

အလင်းတန်းတစ်ခုသည် ကောင်းကင်ကြေးမုံကို ပစ်ခွင်းသွားခဲ့သလိုပင်။

ကောင်းကင်ကြေးမုံပေါ်တွင် တသိမ့်သိမ့် ရိုက်ခက်သွားပြီး အာကာသဟင်းလင်းပြင်ကြီးသည် မြည်ဟိန်းသွားကာ လျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာခဲ့သည်။

  ဝီ!

ကောင်းကင် ကြေးမုံသည် တဝီဝီတုန်လှုပ်လျက်

အငွေ့အသက်များက နေရာအနှံ့ပြန့်သွားပြီး ၊

တောက်ပသော နတ်အလင်းတန်းများသည် တာအို သံစဉ်၏ နိယာမများနှင့် ရောယှက်လျက် စီး‌ဆင်းနေသည်မှာ ကြယ်များက လူတိုင်းကို အုပ်ချလိုက်သလိုပင်။

ဓားသွားကဲ့သို့ ထက်မြက်ဖြောင့်တန်းသော မျက်ခုံးမွှေးနှင့် တောက်ပသောမျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသော လူငယ်လေး တစ်ဦး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဓား၏ဆန္ဒများ မြင့်တက်လာနေပြီး ၎င်း၏ အရှိန်အဝါမှာလည်း ပြင်းထန်လျက်၊ လက်ရှိတွင် ၎င်းအား နတ်အလင်းတန်း ဆယ်ခုက လွှမ်းခြုံထားသည်။

သူ့သည် ကောင်းကင်ကြေးမုံ၏ အသိအမှတ် ပြုခြင်းကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။ထို့ကြောင့် နတ်အလင်းတန်း ဆယ်ခု ကျဆင်းလာပြီး ခန္ဓာကိုယ်နှင့် စိတ်တွင်ရှိသော အတွင်းအညစ်အကြေးများကို ဖယ်ရှားရှင်းလင်း၍ သန့်စင်စေခဲ့သည်။

“သူက ရှုဟယ် ဓားတောင်က တပည့်ကြီးလေ၊

နတ်အလင်းတန်း ဆယ်ခုတောင် ဆောင်ယူနိုင်ခဲ့တယ်၊တကယ်ကို ပါရမီရှင်ပဲ! “

အဲဒီနှစ်တွေတုန်းကလည်း ယခုလို အသိအမှတ် ပြုခံခဲ့ရသူများလည်း ရှိခဲ့သည်။

ရှုဟယ် ဓားတောင်က အကြီးအကဲများနှင့် တပည့်များသည်လည်း ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ကြသည်။

ကောင်းကင်ကြေးမုံသည် အဆက်မပြက်

ဝင်းလက်တောက်ပနေပြီး နိယာမ နယ်မြေသည်လျှို့ဝှက်ဆန်းကြယ်သောကမ္ဘာတစ်ခုကို ပုံဖော် နေခဲ့သည်။

၎င်းထဲတွင် နတ် အလင်းရောင်များက အဆက်မပြတ် ထွက်ပေါ်နေပြီး အောက်ဖော်ပြပါ ပါရမီရှင်များစွာ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

၎င်းသည် နတ်အလင်းတန်း တစ်ခုမှ ခုနစ်ခုသို့မဟုတ် ရှစ်ခု အတိုင်းအတာအထိ ရှိ‌ပေသည်။

ထိုအသိအမှတ်ပြုခံရသော လူများသည် ကြံ့ခိုင်သော တာအို စိတ်နှလုံးသားနှင့် ထူးကဲသော ဉာဏ်အလင်းကို ပိုင်ဆိုင်ထားသူများ ဖြစ်သည် ။

  ဘုန်း!

ထိုအချိန်တွင် ရွှေတောင်ပံငှက်မျိုးနွယ်စုမှ ကျင်းအောက်ယန်၏ ဘေးပတ်ပတ်လည်တွင် ရွှေရောင်တိမ်တိုက်များက သူ့နောက်တွင် ရွှေဝါရောင် ငှက်အဖြစ် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

သူသည် နတ်အလင်းတန်း ၂၂ခုထိ ဆောင်ယူနိုင်ခဲ့သည်။

“ကျင်းအောက်ယန်ရဲ့ အရည်အချင်းက တကယ်ကိုသန်မာတာပဲ ! နတ်အလင်းတန်း ၂၂ခု‌‌ တောင် ဆောင်ယူနိုင်ခဲ့တယ် ! “

“ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဆက်ခံသူက

သူ့ကိုတစ်ချက်တည်းနဲ့ ထိုးသတ်နိုင်ခဲ့တာ ၊သူဆိုရင် နတ်အလင်းတန်း ဘယ်လောက်တောင် ဆောင်ယူနိုင်မလဲ!”

အားလုံးက စူးချန်ကဲ၏ ပေါ်ထွက်လာမှုကိုမျှော်လင့်စွာဖြင့် စောင့်ဆိုင်းနေကြသည် ။

 ဘုန်း!

ပါရမီရှင်များကတော့ ၎င်းတို့၏ အတွင်းအားကို စတင်အသုံးပြုလာကြပြီ ဖြစ်သည်။

လော့ဟယ် ဓားဂိုဏ်း၏ ဝူကျီအောက်ထျန်းသည် နတ်အလင်းတန်း ၁၂၀ အထိ ဆောင်ယူနိုင်ခဲ့သောကြောင့် အားလုံး အံ့အားသင့်ခဲ့ရသည်။

ကွေးယီးဂိုဏ်း၏ လူငယ်ခေါင်းဆောင်၊ ချင်မင်းဆက်၏ အကြီးဆုံးမင်းသားနှင့် လော့ရှ ဂိုဏ်းမှ နတ်မိမယ် ယွင်ကွေ့ စသော ပါရမီရှင်များက တစ်ယောက်ပြီး တစ်ယောက် အရေအတွက်များသော နတ်အလင်းတန်းများကို ဆောင်ယူနိုင်ခဲ့ကြသည်မှာ ကြည့်ရှုသူအပေါင်းကို အံ့အားသင့်စေခဲ့သည် ။

သူတို့၏ အရည်အချင်းတွေက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် အများကြီး သာလွန်သည်ဟု ဆိုရပေမည်။

သို့သော် ထိုရတနာပစ္စည်းသည် မကောင်းဆိုးဝါးမျိုးနွယ်စုမှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ထားခဲ့သော ပစ္စည်းဖြစ်သောကြောင့် မကောင်းဆိုးဝါးမျိုးနွယ်စုများအတွက် ပိုအခွင့်လမ်းသာသည်မှာ သဘာဝကျပေသည်။

ကောင်းကင်ယံထက်တွင် မိုးကြိုးမုန်တိုင်းသံများ ၊ တာအိုသံစဉ်များ တုန်လှုပ်မြည်ဟိန်းနေပြီး ပုံရိပ်အမျိုးမျိုး ရောယှက်နေသည်မှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည်။

ကြယ်မိုးများရွာချလာသကဲ့သို့ နတ်အလင်းတန်းများက ကောင်းကင်ယံထက်မှ ကျဆင်းလာခဲ့ကြသည်။

၎င်းအောက်တွင် တစ်‌‌ခေါင်းလုံးရွှေဝါရောင်ဆံပင်များ ရှိပြီး၊ ၎င်း၏ တစ်ကိုယ်လုံးကို ရွှေဝါရောင် တိမ်တိုက်များက လွမ်းခြုံထားသကဲ့သို့ တောက်ပသောနေမင်းကြီး အလား ထင်ရသည့် လူတစ်ဦး ရှိနေခဲ့သည်။

 ဘုန်း!

ကျယ်ပြောသော ဟိန်းသံကြီးသည် ကြယ်တာရအစုအဝေးတို့ကို ဖြိုခွဲလိုက်သလိုပင် ။

ခေါင်းကိုးလုံးရှိသော ရွှေခြင်္သေ့ကြီး တစ်ကောင်၏ ဦးခေါင်းတိုင်းက နတ်ရောင်ဝါများဖြင့် ရေချိုးနေသလိုပင်။

ထိုခေါင်းကိုးလုံးသည် ရွှေရောင်အလင်း၊ မီး၊ မိုးခြိမ်းသံ၊ လေပြင်း နှင့် ဆီးနှင်းခဲ အစရှိသည့် စွမ်းအားကိုးမျိုးတို့က ပေါက်ကွဲထွက်လာခဲ့သည် ။ ၎င်းစွမ်းအားများသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို သုတ်သင်ပစ်နိုင်သည့်အထိ အစွမ်းထက်ပေသည်။

နတ်အလင်းတန်း ၁၈၈ ခုသည် ဤကမ္ဘာကြီးကိုဖောက်ထွင်းလာသော အလင်းတန်းစုကြီး ကဲ့သို့

အလွန်အမင်း တောက်ပနေခဲ့သည်။

တို့အလင်းစုကြီး ကြားက ရှီရှောက်ချန်သည် ဤကမ္ဘာမြေကြီးကို ကြွမြန်းလာသော ဘုရင်တစ်ပါးကဲ့သို့ပင်.။

“ဟားဟားဟား!ငါ ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်က ဆင်းသက်လာသူတိုင်း ဧကရာဇ်မင်းမြတ် တစ်ပါးရဲ့ အသွင်အပြင်လက္ခဏာ ရှိတယ်၊ကောင်းကင် ကြေးမုံရဲ့ သမိုင်းမှာ ထိပ်တန်းစာရင်းဝင်လို့ ပြောလို့ရနိုင်တယ်မဟုတ်လား?”

“ကောင်းကင်‌ ကြေးမုံရဲ့ နတ်အလင်းတန်း ချီးမြှောက်ခံရသူ သမိုင်းအရဆို ၊ အများဆုံးလူက လွန်ခဲ့သောနှစ် တစ်သန်းခန့်က အမတဘုံကို တတ်လှမ်းသွားနိုင်တဲ့ ဧကရာဇ်ထျန်းပဲ ၊ သူက နတ်အလင်းတန်း သုံးရာခြောက်ဆယ်ခြောက် အထိ ယူဆောင်နိုင်ခဲ့တယ် ၊ ကျုပ် ရှီရှောက်ချန်းက ၁၈၈ ခုတောင် ဆိုတော့ ကျုပ်က ထိပ်ဆုံး ငါးဦးထဲ ပါဝင်နိုင်ခဲ့ပြီ!”

‌ခေါင်းကိုးလုံး ရွှေခြင်္သေ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများမှာ မိမိကိုယ်ကို လွန်စွာဂုဏ်ယူနေသည့် ဟန်ပန်ဖြင့်။

သို့သော်၊ လူအချို့က တိုးတိုးလေး ဆိုနေကြသည်-

“ဒါက မကောင်းဆိုးဝါးမျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ရတနာပစ္စည်းလေ၊ ငါတို့လူသားမျိုးနွယ် ကျင့်ကြံသူ‌တွေ အနေနဲ့ ဘယ်မျှတပါ့မလဲ”

“ဒါပေမယ့် ရှီးရှောက်ချန်က တကယ်ကို အစွမ်းထက်တယ် ဆိုတာကိုတော့ မင်းဝန်ခံရမယ်၊ ပြီးတော့ သူက မကောင်းဆိုးဝါး မျိုးရိုးတွေထဲမှာ ထိပ်တန်းပါရမီရှင် လို့ သတ်မှတ်လို့ရတယ်လေ”

လူတော်တော်များများ၏ အကြည့်များမှာ သိပ်မကျေနပ်ကြပေ။

ဒါပေမယ့် ဒီရှီးရှောက်ချန်က အမတစွမ်းအင်ကို ရရှိနိုင်လောက်မလား!

  ဘုန်း!

ထိုအချိန်မှာပဲ ကြီးမားသော ရိုက်ခတ်သံ တစ်ခုသည် လူတိုင်း၏ အာရုံကို စွဲဆောင်ခဲ့သည်။

ဖြူ- ပြာဝတ်ရုံကို ဝတ်ဆင်ထားသော အထူးသဖြင့် လူအားလုံးကို ဖမ်းစားနိုင်သည့် လှပသော အသွင်သဏ္ဍာန်ကို မြင်လိုက်ရသည်။

ဆောင်းဦးရေကဲ့သို့ လှပသော မျက်ဝန်းများကို

ပိုင်ဆိုင်ထားသော အမျိုးသမီးလေး၏ ဘေးတွင် နတ်အလင်းတန်း ၁၀၂ ခုက ဝန်းရံထားသည်။ သူမသည် ကောင်းကင်ထက်က နတ်မိမယ်‌လေးအတိုင်းပင်။

“ကွေးယွမ်ရဲ့ စတုတ္ထမြောက် သူတော်စင် မိန်းကလေး ယွင်ရှင်းယန်ပဲ!”

“ဘုရားရေ ! ၁၀၂ ခုတောင်လား?သူမက ဟိုဆက်ခံသူရဲ့ နောက်လိုက်မိန်းကလေးမဟုတ်လား? သူ့မမှာတောင် ဒီလောက် ထက်မြက်တဲ့ အရည်အချင်းတွေ ရှိနေတာပဲ!”

“မင်း မသိသေးလို့ပါ ၊သူမက ဒဏ္ဍာရီထဲက ထိုက်ယန်ကိုယ်ထည်ကို ပိုင်ဆိုင်ထားတာလေ

တာအိုလမ်းစဉ်ရဲ့စိတ်နှလုံးသားနဲ့

ညဏ်အလင်းက သေချာပေါက် ထူးခြားတာပေါ့?”

“ဆက်ခံသူနဲ့သာ နှစ်ကိုယ်တူ လေ့ကျင့်လိုက်လို့ကတော့.....”

ပါရမီရှင် များစွာက စူးချန်ကဲကို တချက် ကြည့်လိုက်ကြသည်။ ပထမအချက်မှာ လူများကို အံ့အားသင့်စေသည့် သူ၏ ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော အသွင်အပြင်ကြောင့် ဖြစ်ပြီး ဒုတိယ အချက်မှာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းကြောင့်ပင် ဖြစ်သည်။

“ဒါပေမယ့် စူးချန်ကဲကြ ဘာလို့ ငြိမ်နေပါလိမ့်?”

တစ်စုံတစ်ယောက်က သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။သူ့နောက်လိုက်ကတောင် ဒီလို အရည်အချင်းမျိုး ရှိရင် သူဆို ပိုလို့တောင် ထူးထူးခြားခြား ဖြစ်နေရမှာ မဟုတ်လား။

“သူက မိန်းမတွေကို အားကိုး‌နေရတဲ့ ကိုယ်တော်ချော သက်သက်ပါပဲ၊သူ့နောက်လိုက်ရဲ့ အရည်အချင်းကို မြင်လိုက်ရတော့ လူရှေ့ မျက်နှာမထွက်ပြရဲတာ နေမှာပေါ့!”

ကျင်းအောက်ယန်က ကျယ်လောင်စွာ လှောင်ပြောင်လိုက်သည်။

“ဟားဟား ! မိန်းမနား ကပ်စားနေရတဲ့ ကောင်က ငါတို့ လူကြီးမင်းနဲ့ ယှဉ်လိုက်ရင် ၊ ဟာသပဲ!”

ကျင်းအောက်ယန်မှာ စူးချန်ကဲ၏ လက်ချက်ကို အများကြီး ခံစားခဲ့ရတာတောင် မမှတ်သေးဘဲ၊ အခုလည်း အခွင့်အရေးရသည်နှင့် လှောင်ပြောင်နေပြန်သည်။

စူးချန်ကဲက သူ့ကို အေးစက်စွာ ကြည့်နေတောင် သူ မကြောက်ပေ။သူ ခစားနေတဲ့ ရှီရှောက်ချန် တစ်ယောက်လုံး ဒီမှာ ရှိနေတယ်လေ ၊စူးချန်ကဲက သူ့ကို တိုက်ခိုက်ဝံ့မတဲ့လား?

ကိုယ့်အတွေးကို အတော်လေး ယုံကြည်ရင်း ထပ်ဆိုပြန်သည်။

“နောက်လိုက် မိန်းကလေးရဲ့ ထိုက်ယန်ကိုယ်ထည်ကို အမှီပြုပြီး ကျင့်ကြံနေမှတော့ ၊ ဆက်ခံသူ က တကယ်ကို မိန်းမနား ခိုကပ်ပြီး စားနေတာပဲ! “

“သေချင်နေတာလား!”

ယွင်ရှင်းယန်က ထိုစကားကို ကြားတော့ ဒေါသတကြီးဖြင့် ဆိုလိုက်သည်။

အကယ်၍ စူးချန်ကဲသာ မနေ့ညက သူမ၏ ကျင့်ကြံလေ့ကျင့်မှုအပေါ် မကူညီပေးခဲ့ရင် ၊ သူမ ခုလို အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ !

  “ရှင်းယန် ၊ ဒါက မင်းရဲ့ အခွင့်အလမ်းတစ်ခုဆိုတာ ကောင်းကောင်းသိ”

  “ဟုတ် ဆက်ခံသူ သခင်”

စူးချန်ကဲ၏ စကားကြောင့် ဒေါသတကြီးထွက်နေခဲ့သော ကြောင်ပေါက်စလေးသည် ချက်ချင်းဆိုသလို ငြိမ်ကုတ်သွားသည်။

  “ဒါဆိုလည်း မင်းကိုပြရတာပေါ့ ၊ဘယ်လောက်တောင် ကွာခြားလဲဆိုတာ”

စူးချန်ကဲသည် ကျင်းအောက်ယန်ကို လှည့်ကြည့်လိုက်သည်။သူသည် လက်နှစ်ဖက်ကို နောက်ကိုပစ်လျက် ၊ သူ၏ ဝတ်ရုံအစလေးသည် လေကြောင့် မျှောလွှင့်နေပြီး၊ သူ၏ အကြည့်များမှာ တုနှိုင်းမရသော ယုံကြည်ချက် ကို ပြသနေသည်။

  “အဲ့တာ ဘာလဲ?!”

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

  ဘုန်း ဘုန်း!

အထက်ကောင်းကင်ယံတွင် မိုးခြိမ်းသံများ သန်းပေါင်းများစွာ ပေါက်ကွဲထွက်လာပြီး တာအိုလမ်းစဉ်၏ နတ်သံစဉ်များက တုန်လှုပ်မြည်ဟိန်းသွားသည်။

ကောင်းကင်ကြေးမုံ၏ အလင်းရောင်သည် တခဏချင်းမှာပင် အဆတစ်ရာ လင်းလက်သွားခဲ့သည်။

ပြိုးပြိုးပြက်ပြက် တောက်ပနေသော နတ်အလင်းတန်းသည် ကြယ်စုများကို သွန်းလောင်းလိုက်ရာ ကြယ်စုများ ပေါက်ကွဲထွက်လာသလိုပင်။

၎င်း၏ ကြီးကျယ်ခမ်းနားမှုမှာ အတော်လေးကို ကြောက်စရာကောင်း ပေသည်။

မရေမတွက်နိုင်သော နတ်အလင်းတန်းများက စူးချန်ကဲကို ဖုံးလွှမ်းထားခဲ့သည်။

သူ၏ ပုံစံမှာ အရာအားလုံးကို ထိန်းချုပ်နိုင်သော နတ်ဘုရားသခင်ကဲ့သို့။

“ငါ့ရဲ့ တာအိုလမ်းစဉ်ကို မင်းလို လူငယ်တစ်ယောက်နဲ့ ဆွေးနွေးဖို့ ထိုက်တန်လို့လား?”

နတ်ဘုရား၏ လေယူလေသိမ်းကဲ့သို့ ထိုအသံသည် လူအားလုံးကို ကြောက်ရွှံ့စေခဲ့သည်။

နတ်ဘုရား၏ ကြီးမားလှသော စွမ်းအားသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသကဲ့သို့ပင်။

လူကို တုန်လှုပ် ‌ခြောက်ခြားစေသည့် အပြင် ၊ စိတ်နှလုံးထိ‌တောင် ထိတ်လန့်ခဲ့ရသည်။

  “ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ထိုနတ်ဘုရား၏ စွမ်းအားကို တိုက်ရိုက် ခံစားလိုက်ရသော ကျင်းအောက်ယန်မှာ သွေးချီစွမ်းအင်များ အထက်အောင် ပြောင်းပြန် စီးဆင်းနေသည်ကို ခံစားလိုက်ရပြီး သူ၏ ပါးစပ်ထဲမှ သွေးများ စီးကျလာခဲ့သည်။

အပိုင်း(၄၅)-လျှို့ဝှက်ဆန်းကြယ်သော နတ်အလင်းတန်းများ ၊ ကွေးရွှီလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခြင်း

စူးချန်ကဲ၏ အကြည့်များမှာ ဘာမှမထူးခြား သောဟန်ဖြင့် ၊ တုန်လှုပ်‌ ‌ခြောက်ခြားနေသော ကျင်းအောက်ယန်အား သူသည် လျစ်လျူရှုလိုက်သည်။

သူ့အနာဂတ်လမ်းကြောင်းကို သူသာသိသည်။

ဒီလိုကောင်မျိူးတွေ စိတ်ကူးလို့တောင် ရနိုင်မှာ မဟုတ်ဘူး ။

စီးဆင်းနေဆဲဖြစ်သော နတ်အလင်းတန်းများစူးရှတောက်ပနေသည်မှာ ကျယ်ပြောလှသော ပင်လယ်ကြီးအလား။

အဘယ့်ကြောင့်ဆို‌‌သော် အရမ်းကို စူးရှတောက်ပလွန်းတာကြောင့် လူအားလုံး စူးချန်ကဲ၏ ပုံသဏ္ဍာန်ကိုတောင် သေချာမကြည့်နိုင်ပေ။

ထူထဲလှသော နတ်အလင်းတန်းကြီးသည် အဆက်မပြတ် ထွက်ပေါ်နေပြီး၊ တာအိုလမ်းစဉ်၏ နိယာမတရားက တဟုန်းထိုး ထကြွလာခဲ့သည်။

နတ်ဆိုးမြို့တော်တစ်ခုလုံး ရွှေရောင် တဖိတ်ဖိတ် တောက်ပနေသည်။

“ဒီလောက် များပြားတဲ့ နတ်အလင်းတန်းတွေ၊ထောင်ကျော်ရှိလောက်တယ် မလား?နတ်ဆိုးမြို့ရဲ့ သမိုင်းမှာ ဒီလိုလူမျိုး ထွက်ပေါ်ဖူးလား?”

“ဒဏ္ဍာရီထဲက အမတ နတ်အရှင်တွေလည်း ဒီအတိုင်းပဲ!”

အားလုံး ဆွံ့အနေကြသည် ။သူတို့မျက်စိရှေ့ကဤမြင်ကွင်းသည် သူတို့စဉ်းစားတာထက် ပို၍ သာလွန်နေခဲ့သည် ။

ကောင်းကင်ကြေးမုံ ဖွင့်လှစ်ခဲ့မှု သမိုင်းစဥ်တစ်လျှောက် စွမ်းအားအကြီးမားဆုံး ပုဂ္ဂိုလ်များပင်လျှင် လက်ခံရရှိသော နတ်အလင်းတန်းများမှာ ၃၆၀ ခုထက် မကျော်လွန်ပေ။

သို့သော် ယခုအခါနှင့် နှိုင်းယှဉ်ရလျှင် အလွန်ကို အရေးမပါသောအဖြစ်ဟု ဆိုရပေမည်။

စူးချန်ကဲသည် ကောင်းကင် ကြေးမုံ၏ သားတော်ရင်း တစ်ပါးအလား။နတ်အလင်းတန်းများကို အရမ်းကို ရက်ရက်ရောရော သွန်းလောင်းနေခဲ့သည် ။

လူတော်တော်များများ ကြောင်အမ်းလို့နေသည်။

“လူလူချင်း ဒီလောက်တောင် ကွာခြားရသလား ဒီစူးချန်ကဲ ကောင်းကင်ကြေးမုံရဲ့ ‌သားတော်လေး မဖြစ်နိုင်ဘူးလား?”

“ကွေးယွမ်ရဲ့ ပထမမြောက် သူတော်စင် ယဲ့လင်ထျန်းတောင် ဒီလောက်ထိ ကြောက်ဖို့မကောင်းဘူး လားလို့?သူဆို မျက်စံနှစ်မွှာပိုင်ရှင် မဟုတ်လား?”

ခေတ်ကာလတစ်လျှောက်လုံးတွင် သူတော်စင် ခန္ဓာကိုယ် ပိုင်ရှင်များစွာ ရှိခဲ့သည့် အပြင် မြင့်မြတ်သော အရိုးများကို ပိုင်ဆိုင်သူ ဧကရာဇ်မင်း ထျန်း ကဲ့သို့ ပုဂ္ဂိုလ်လည်း ရှိဖူးသည်။

သို့သော် အခု ကွာခြားချက်မှာ အတော်လေးကို ကြီးမားနေသည်။

သူတို့ကို ပေးနိုင်သော တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဤသို့ လုပ်နိုင်သော ပုဂ္ဂိုလ်များမှာ အမတ နတ်အရှင်များသာပင်။

  ဖြန်း!ဖြန်း !ဖြန်း!

စူးချန်ကဲ၏ အရှိန်အဝါကြောင့် ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်သော ကျင်းအောက်ယန်၏ ပါးပြင်များမှာ ပူလောင်နာကျင်မှုကို ခံစားခဲ့ရပြီး သူ၏ မျက်နှာမှာ အလွန်နီရဲနေခဲ့သည်။

စူးချန်ကဲ၏ မယုံကြည်နိုင်စရာ ကောင်းသော စွမ်းရည်ကို မြင်ပြီး သူ့ ပါးသူ ရိုက်ချလိုက်သည်။

စောနက နံပါတ်တစ် ဖြစ်ခဲ့ သော ရှီရှောက်ချန်ပင်လျှင် ယခုအခေါက်နှင့် ယှဉ်ရင် အရောင်ဖျော့သွားခဲ့ရသည်။

  ဘုန်း!

ကြီးမားသော မြည်ဟိန်းသံတစ်ခုကို ကြားရသည်။

ပြိုးပြိုးပြက်ပြက် လင်းလက်နေသော နတ်အလင်းတန်းသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်‌ နေခဲ့သည်။

စူးချန်ကဲသည် တာအို သန္ဓေသားလောင်းကို ပိုင်ဆိုင်ထား‌ သောကြောင့် သူသည် တာအိုလမ်းစဉ် နှင့် လိုက်လျောညီထွေဖြစ်အောင် မွေးဖွားလာခဲ့သူ ဖြစ်ပြီး ၊သူ၏ စိတ်နှလုံးသားသည် လည်း တာအိုလမ်းစဉ်နဲ့ ကိုက်ညီမှု ရှိပေရာ ဤနတ်အလင်းသည် သူနှင့် လုံးဝ သဟဇာတဖြစ် နေခဲ့သည်။

စူးချန်ကဲသည် အချိန်ခရီးသွားတစ်ဦး ဖြစ်သောကြောင့် သူ၏ ဝိညာဉ်သည် ဤခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်နေသော်လည်း ချို့ယွင်းချက် အချို့‌တော့ ရှိနေဆဲပင် ဖြစ်သည်။

ထိုချို့ယွင်းချက်သည် အလွန် သေးငယ်သော ပြသနာတစ်ရပ် ဖြစ်သော်လည်း ၊ သူ၏ ကျင့်ကြံမှု အဆင့် မြင့်မားလေ၊ သေးငယ်သော ချို့ယွင်းချက်လေးဆိုတောင် ၎င်းသည် အသက်အန္တရာယ် ဖြစ်နိုင်ချေ ပိုများ‌သည်။

ထိုအခိုက်အတန့်တွင်၊ ကြီးမား ကျယ်ပြန့်သောနတ်အလင်းတန်းသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အံဝင်ခွင်ကျ ဖြစ်အောင် ကူညီပြီး ပြုပြင်ပေးနေပုံရသည်။

သူ၏ စိတ်ဝိညာဉ်သည် ရေခပ်နွေးနွေးဖြင့် ချိုးလိုက်ရသလိုပင်။ သူ၏ အသွေးအသားသည် စိတ်ဝိညာဉ်နှင့် ပဲ့တင်ထပ်နေပုံရကာ တစ်ထပ်တည်း ကျအောင် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။

“အရင်က ချို့ယွင်းချက်လေးတွေ လုံးဝ ပျောက်ကွယ်သွားပါပြီပဲ”

စူးချန်ကဲ၏ မျက်လုံးများမှာ ပျော်ရွှင်မှု အရိပ်အ‌ယောင် သန်းလျက်ရှိသည် ။ချို့ယွင်းချက်များကို ဖြေရှင်းပြီးသည်နှင့်၊ သူ၏ အခြေခံအုတ်မြစ်သည် ပိုမိုခိုင်မာလာပြီး သူ၏ စွမ်းအားမှာလည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။

  ဘုန်း!

ကောင်းကင် ကြေးမုံသည် နောက်တစ်ကြိမ်ထပ်ပြီး တုန်ဟီးသွားပြန်သည် ။ရောင်စုံငါးရောင် ပါရှိသည့် တောက်ပသော နတ်အလင်း‌ရောင်သည် လေဟာပြင်ကို ခွင်းလျက် ထွက်ပေါ်လာပြီး စူးချန်ကဲ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။

  “ဒါ အမတ စွမ်းအင်ပဲ!”

တစ်စုံတစ်ယောက်က ထိုမြင်ကွင်းကို သတိပြုမိပြီး လှမ်းပြောလိုက်သည်။

ထိုအဖြစ်အပျက်သည် အရမ်းလျင်မြန်လွန်းသောကြောင့် လေဟာပြင်ထဲတွင် ကျန်ရစ်နေခဲ့သည့် ထိုနတ်အလင်းရောင် ငါးရောင်၏ အငွေ့အသက်ကိုသာ မြင်တွေ့လိုက်ရသည်။

သို့သော် ကျန်ရှိနေခဲ့သော လျှို့ဝှက်ဆန်းကြယ်သော တာအို သံစဉ်သည် အလွန် ဆန်းကြယ်ပေးရာ ဤကမ္ဘာပေါ်က အရာမဟုတ်တာတော့ သေချာပေသည်။

  “အမတ စွမ်းအင်?”

စူးချန်ကဲ စိတ်ထဲ လှုပ်ရှားမှု တစ်ခုရှိခဲ့သည်။

သူသည် ထိုအလင်းတန်း၏ စိတ်ဝိဉာဉ်ကို ခံစားလိုက်ရသည် ။

၎င်းတွင် ဓာတ်ငါးပါး၏ အားကောင်းသော စွမ်းအားများ ရှိနေပြီး ဒီကမ္ဘာကြီး၏ ဒြပ်ငါးပါး စွမ်းအင်များထက် ပို၍သာလွန်သည်။

ရုတ်တရက် စူးချန်ကဲက တစ်ခုခုကို စဉ်းစားမိလိုက်ပုံ ရသည်။

အတွေးတစ်ခုဖြင့် သူသည် စနစ်ဘောင်ကို ထုတ်ယူလိုက်သည်။

[ နတ်ဘုရား ကျောက်တုံးအပိုင်းအစ : မူလဇာတ်မြစ်သည် ထျန်းဟယ် အမတဘုံ၏ ရတနာပစ္စည်းတစ်ခုဖြစ်သည် ။ဓာတ်ငါးပါး၏ အသန့်စင်ဆုံး စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဆုတ်လျော့နေသော ကောင်းကင် လမ်းစဉ်ကို ပြုပြင်နိုင်သည် 】

ထိုအရာသည် စူးချန်ကဲ တယောက် ထျန်းဟယ် ဧကရာဇ် ဂူဗိမာန်တွင် ရရှိခဲ့သော စနစ်၏ ဆုလာဘ် ဖြစ်သည်။

သူတို့နှစ်ခုလုံးက အမတဘုံက လာတာဆိုတော့ ပတ်သက်မှုများ ရှိနေမလား ?

ဤနေရာတွင် လူများလွန်းသည်။သို့ဖြစ်၍ သူသည် နောက်ထပ်စုံစမ်းရန် ကွေးရွှီ လျှို့ဝှက်နယ်မြေထဲသို့ ဝင်လို့ရမယ့် အချိန်အထိ စောင့်စားရန် စိတ်ကူးလိုက်သည်။

“သေနာကောင်! အဲဒီအမတစွမ်းအင်က ငါ့အပိုင် ဖြစ်ရမှာကို လူသားမျိုးနွယ်စုရဲ့ သေချင်းဆိုးကောင်က ဖြစ်ခုတ်သွားတယ် !”

ရှီး‌ရှောက်ချန်၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်နေသည် ။သူ့သည် ဒီနေ့အတွက် ပြင်ဆင်ခဲ့သည်မှာ ကြာခဲ့ပြီပင် ။

များစွာသော နတ်အလင်းတန်းကို ယူဆောင်နိုင်သူက အမတ စွမ်းအင်ကို လက်ခံခွင့်ရှိသည်။

သို့သော် ယနေ့တွင်၊ အလွန် လျှို့ဝှက်ဆန်းကြယ်သော အမတ စွမ်းအင်ကို လူသားမျိုးနွယ်စုက ဖြတ်ခုတ်သွားခဲ့သည်။

ဒါက သူ့ပိုင်သင့်တဲ့ အရာလေ!

မကောင်းဆိုးဝါးမျိုးနွယ်စု၏ အကြီးအကဲ တချို့ကလည်း မှုန်ကုတ်နေကာ တခြားအတွေးများ ရှိနေပုံရသည် ။

  “ဟွန်း!”

ထိုအခိုက်အတန့်တွင် မိုးခြိမ်းသံကဲ့သို့ အေးစက်စက် အထင်သေးသံ တစ်ခုသည် ကောင်းကင်တခုလုံး ပဲ့တင်ထပ်သွားခဲ့သည် ။

လူတိုင်း တုန်လှုပ်ခြောက်ခြားသွားပြီး အထက် ကောင်းကင်ယံ‌ပေါ်က ပုံရိပ်တစ်ခုကို စိုက်ကြည့်နေကြသည်။

၎င်းသည် ကွေးယွမ် သူတော်စင်နယ်မြေ၏ ထိုထိပ်တန်း အဆင့်မြင့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။

“ချန်ကဲက ငါ ကွေးယွမ် သူတော်စင်နယ်မြေရဲ့

ဆက်ခံသူပဲ ၊တကယ်လို့မင်းတို့ ညစ်ညမ်းတဲ့ အတွေးတွေကို စဉ်းစားနေကြတယ်ဆိုရင် ၊ငါ့ကို မညှာတာဘူးလို့ မပြောနဲ့”

“ငါ ကွေးယွမ် သူတော်စင်နယ်မြေက ဘိုးဘေးအားလုံးရဲ့ အမျက်ဒေါသကို ခံရလိမ့်မယ်! “

ထိုပုဂ္ဂိုလ်၏ စကားကိုကြားလိုက်ရသူတိုင်း တုန်လှုပ်ခဲ့ရသည်။

ကွေးယွမ်သူတော်စင် နယ်မြေ၏ ဖော့ကျွင်းဘိုးဘေးသည် အရက်စက်ဆုံးသူ ဖြစ်သည် ။

သူတင်မဟုတ်၊ ကွေးယွမ်သူတော်စင် နယ်မြေတွင် တခြားဘိုးဘေးများလည်း ရှိသေးသည်ဟု ကြားဖူးကြသည်။

ထိုဘိုးဘေးများသည် သူတို့မျက်လုံး စ ပွင့်လာစဥ်ကတည်းက ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘေးအရာကို ရရှိထားသူများဖြစ်သည်။

အထူးသဖြင့် ဒဏ္ဍာရီထဲက ထိုပုဂ္ဂိုလ်သုံးပါးသည် ယနေ့ မျိုးဆက်များအထိ အဆင့်ဆင့်

ကမ်းလှမ်းလာခဲ့သော ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်များဖြစ်သည် ။

တချိုများက ထိုပုဂ္ဂိုလ်သုံးပါးသည် ပျောက်ကွယ်သွားပြီဟု ဆိုကြသည်။တချိုကလည်း ၎င်းတို့သည် ကွေးယွမ် ဘိုးဘွားပိုင် နယ်မြေတွင် နေထိုင်ဆဲဖြစ်သည်ဟု ဆိုကြသည်။

သို့ဆိုတောင် မည်သူကများ လောင်းကြေးထပ် ရဲသနည်း။

တစ်ချိန်ထဲမှာပင် ၊ စူးချန်ကဲသည် ဆက်ခံသူ ရာထူးကို ရရှိထားရုံသာမကဘဲ ၊ ထိုဘိုးဘေးများစွာတို့၏ လေးစားမှုကိုလည်း ခံရကြောင်း သူတို့ ခံစားမိလာသည်။

 ဘုန်း!

ထိုအခိုက်အတန့်မှာပင်၊ အဝေးတစ်နေရာက ကောင်းကင်ပြင်ကြီးသည် စတင် ပွင့်လာခဲ့သည်။

မှော်သင်္ကေတများက စုဝေးကုန်လျက် အာကာသသည် ပုံပျက်သွားသည်။ယင်းနောက်တွင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကြီး ဖြစ်သွားခဲ့သည်။

  ကွဲအက်သံ!

အာကာသဟင်းလင်းပြင်ကြီးသည် ကွဲအက်သွားပြီး ထိုအလင်းရောင်များသည် အမည်မသိကမ္ဘာတစ်ခုဆီကို ဦးဆောင်နေပုံ ရသည်။

ကြီးမားကျယ်ပြန့်သော ရောင်ဝါများ ပြန်ကြဲလို့နေကာ ကောင်းကင်နှင့် နေကိုတောင် ဖုံးအုပ်ပစ်နိုင်တဲ့ ရှေးဟောင်း နတ်သားရဲ ဌက်တိရစ္ဆာန်များ ရှိနေခဲ့သည်။

  “ကွေးရွှီ လျို့ဝှက်နယ်မြေပွင့်သွားပြီ !”

“ဒီနေ့ ကောင်းကင်ကြေးမုံရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုက ကွေးရွှီ လျို့ဝှက်နယ်မြေကို သတ်မှတ်ချိန်ထက်စောပြီး ဖွင့်လိုက်ပုံရတယ်!”

ပိုင်ဝိန့်ချင် က လေးနက်စွာ ဆိုလိုက်သည်။

“မင်းတို့ မြန်မြန် ဝင်ကျတော့ ၊ကွေးရွှီ လျို့ဝှက်နယ်မြေက တစ်လပဲ ဖွင့်တာ ၊မင်းတို့ တကယ်လို့ ပြန်မလာနိုင်ခဲ့ရင် နှစ်ထောင်ချီကြာအောင် ပိတ်မိနေလိမ့်မယ်”

တကယ်တော့၊ သူသည် ကောင်းကင်ကြေးမုံနှင့် ကွေးရွှီ လျှို့ဝှက်နယ်မြေတို့၏ ပတ်သက်မှုကိုအမြဲသံသယရှိခဲ့သည်။

ကောင်းကင်ကြေးမုံသည် ရှာရခက်ပြီး ကွေးရွှီလျှို့ဝှက်နယ်မြေကို ဖွင့်တော့မည့် အချိန်မှသာ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။

ထက်မြက်ပြီး စွမ်းအားကြီးမားသော သူများသည် တွန့်ဆုတ်ခြင်း မရှိဘဲ ကွေးရွှီ လျှို့ဝှက်နယ်မြေဆီသို့ ပျံသန်းကာ ဝင်သွားခဲ့ကြသည်။

အားလုံးစိတ်လှုပ်ရှားနေကြပြီး ၎င်းကို စောင့်မျှော်နေကြပုံရသည်။

ထိုထဲတွင် မယုံနိုင်လောက်အောင် အခွင့်အလမ်းများစွာ ရှိသည် ။အကယ်၍ သူတို့သာ ထိုအခွင့်အလမ်းများကို ရယူနိုင်ခဲ့မည်ဆိုပါက ၊ နောက် အနာဂတ်တွင် သူတို့သည် ဧကရာဇ်မင်း လမ်းစဉ်ကို ‌လိုက်နိုင်တော့မည်။

  “ဆက်ခံသူသခင် !”

ယွင်ရှင်းယန် သည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ပါရမီရှင် ထက်ဝက်လောက်က ၎င်းထဲသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ရာ ကွေးယွမ်၏ လူအနည်းငယ်စုသာ ကျန်ရှိနေခဲ့သည်။

စူးချန်ကဲက ခေါင်းခါပြီး ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

ဒီကလေးမလေးက သူ့ အခွင့်အရေးကို တခြားလူတွေ လုယူသွားမှာကို ကြောက်နေတာပဲ။

ဒါပေမယ့် သူ့မှာ ကွေးရွှီ လျို့ဝှက်နယ်မြေရဲ့မြေပုံတစ်ပုံ ရှိ‌နေပြီလေ၊ အဲ့တော့ အခွင့်အရေးကို အေးအေးလူလူ ကောက်ယူလိုက်ရင်ကို ရနေပြီမဟုတ်ဘူးလား?

“သွားမယ် ၊ ငါ ဆက်ခံသူ မင်းအတွက် ကံကောင်းခြင်းတွေကို ရှာပေးမယ် “

စူးချန်ကဲသည် စိုးရိမ်သောကရောက်နေသော ယွင်ရှင်းယန်အား ပုံပျက်နေသော အာကာသ လမ်းကြောင်းထဲသို့ ခေါ်ဆောင် သွားလေသည်။

မျက်စိရှေ့တွင် အလင်းတန်းများက စူးရှတောက်ပ နေပြီး၊ ပတ်ဝန်းကျင်တွင် တစ်စစီဖြစ်နေသော အာကာသ အပိုင်းအစာများမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။

ရုန်းရင်းဆန်ခတ်မှုကြီး ငြိမ်သက်သွားပြီးနောက် မျက်စိရှေ့က မြင်ကွင်းမှာ တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။

သူတို့သည် မရင်းနှီးသော ရှေးဟောင်း ကမ္ဘာငယ်လေး တစ်ခုဆီသို့ ရောက်လာခဲ့ကြပြီ ဖြစ်သည် ။

ဤသည်မှာ ကွေးရွှီ လျို့ဝှက် နယ်မြေပင် ဖြစ်သည်။

All Chapters