← Chapters

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

အပိုင်း(၅၁): အ‌ခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ

  “ဟားဟားဟား!”

  “မင်းကိုယ်မင်း သိပ်မောက်မာနေတာ မဟုတ်ဘူးလား !?”

ချင်ထိုက်ယီသည် ရူးသွပ်စွာပြုံးလိုက်သည်။

ဒါက သူပြင်ဆင်ထားသော အရန်အစီအစဉ်ပင် ဖြစ်သည်။

ချင်ထိုက်ယီသည် စူးချန်ကဲ အာရုံလွတ်သွားတာကို အခွင့်ကောင်းယူကာ မျက်စိတမှိတ်အတွင်း သူ၏ အသက်ကို နုတ်ယူလိုက်သည်။

  “ ဆက်ခံသူ သေပြီလား?”

မော့ရန်ရှီးသည် ထိုမြင်ကွင်းကို ပွင့်ပွင့်လင်းလင်း မြင်လိုက်ရသည်နှင့် သူမစိတ်တွေ လွတ်ထွက်သွားသည်။

စောနကလေးတင် သူမနဲ့ ရယ်ရယ်မောမော စကားပြောနေခဲ့တဲ့ ကောင်းကင်ဘုံကိုးပါးလုံးကိုတောင် အနိုင်ယူ တိုက်ခိုက်နိုင်တဲ့ မောင်တော်ချောလေးက ဒီလို ကြွေကျသွားခဲ့ပြီတဲ့လား?

ဤအခိုက်အတန့်တွင် သူမကို ဓာတ်လိုက်သွားသလိုမျိုး ခံစားလိုက်ရသည်။

သူမစိတ်ထဲတွင် မှတ်ဥာဏ်အပိုင်းအစများ တစ်ခုပြီး တစ်ခု ပြန်မြင်ယောင်လာခဲ့သည်။

“သူမကို ထိခိုက်ချင်လား?ငါ့လက်ထဲက ဓားကတော့ ခွင့်ပြုမှာမဟုတ်ဘူး!”

“တစ်ချိန်က အရည်အချင်းမရှိခဲ့တဲ့ သူ တစ်ယောက်က ထောင်နှင့်ချီတဲ့ တပ်‌တွေကို ဒီဓားနဲ့ အနိုင်ယူခဲ့တာပဲ!”

  “ဟားဟားဟား!ငါအတွက် ဒီဓားတစ်ချောင်းနဲ့တင် လုံလောက်တယ်!”

  “ချန်ယွဲ့ အသက်ဆက်ရှင်သွား ”

ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော မှုန်ဝါးသော ရုပ်သွင်တစ်ခုသည် သူမကို ကျောပေးကာ ထွက်ခွာသွားပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းသော ပေါက်ကွဲသံတွေ ကြားထဲ နစ်မြုပ်ကာ သေဆုံးသွားခဲ့လေသည်။

“ချန်ယွဲ့က ဘယ်သူလဲ? “

သူမသည် ထိုမြင်ကွင်းကို ကြောင်အမ်းကာ ကြည့်နေမိသည်။

ငါ ဘာလို့ ဒီမြင်ကွင်းကို အရမ်းရင်းနှီး‌နေတာလဲ?

တစ်နေရာရာမှာ တွေ့ဖူးသလို ဘာလို့ခံစားမိနေတာလဲ?

မော့ရန်ရှီးမသိခဲ့သည်မှာ သူမ၏ စိတ်ဝိညာဉ်ထဲတွင် အမည်မသိသော စွမ်းအားများက ဖြည်းဖြည်းချင်း နိုးထလာခဲ့ခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် စူးချန်ကဲ၏ အသံသည် ထပ်မံထွက်ပေါ်လာသည်။

“ငါသေတယ်လို့ ဘယ်သူကပြောလဲ?”

အားလုံး၏ ရှေ့တွင် အခိုးအငွေ့များ လွင့်ပျံ‌ နေသည်ကို မြင်လိုက်ကြရသည်။

  ဝီ!

တောက်ပသော ရောင်စုံအလင်းတန်းက ထူထပ်သော အခိုးအငွေ့များကို ဖောက်ထွက်လာခဲ့သည်။

သူ့တစ်ကိုယ်လုံး ရောင်စုံအလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။နတ်အလင်းတန်းများက တောက်ပနေပြီး၊ သူ၏ ဝတ်ရုံဖြူပေါ်တွင်အညစ်အကြေးဆိုလို တစိုးတစိမျှတောင် တင်ကျန်ရစ်ခြင်း မရှိပေ။

သူသည် နတ်ချပ်ဝတ်တန်ဆာကို အသက်သွင်းခဲ့ခြင်းပင် ဖြစ်သည်။

နတ်ချပ်ဝတ်တန်ဆာသည် သူတော်စင် ပညာရှိ၏ ထိုးနှက်မှုကို အပြည့်အ၀ ခံနိုင်ရည်ရှိသော်လည်း သာ့နိမ်(အနန္တတန်ခိုးရှင် )အဆင့် ပုဂ္ဂိုလ်မျိုး၏ ထိုးနှက်မှုကို အပြည့်အဝ ခံနိုင်ရည်မရှိတောင် ကာကွယ်ပေးနိုင်ခဲ့သည်။

  “ဆက်ခံသူ သခင် !”

  “သိပ်ကောင်းတာပဲ ဆက်ခံသူ ဘာမှမဖြစ်ဘူး!”

ကွေးယွမ်တပည့်သားတိုင်း ပျော်ရွှင်နေကြသည်။အကယ်၍ စူးချန်ကဲသာ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက ၊ဤလက်ရှိကမ္ဘာတစ်ခုလုံး သွေးမိုးများ ရွာသွန်းပေလိမ့်မည်။

  “ကောင်လေး အသက်ပြင်းတာပဲ”

  “ဒါပေမဲ့”

  “မင်း သေရမှာက သေရမှာပဲ!”

ဝတ်ရုံနက်ဖြင့် လူသည် သူ့လက်ကို မြှောက်တင်လိုက်သည်နှင့် ပေတစ်သောင်း ရှည်လျားသော အနက်ရောင် နဂါးကြီးမှာ မြှောက်တတ်သွားပြီး ၊၎င်း၏ အရှိန်အဟုန်ကြောင့် မြေကြီးများတောင် ပြိုကျပျက်စီးခဲ့ရသည်။

  ဝေါင်း!

တန်ခိုးကြီးမားသော နဂါးကြီး၏ ဖိနှိပ်စွမ်းအားသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

အနက်ရောင်အကြေးခွံများ၏ အအေးဓာတ်က တောက်ပနေပြီး အထူးသဖြင့် နဂါး၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အနက်ရောင် စွမ်းအင်များသည် တဟုန်ထိုး တက်လာသည်နှင့်အမျှ ပို ကြောက်စရာကောင်းလာသည်။

နဂါးနက်သည် စူးချန်ကဲဆီသို့ ဦးတည်တိုက်ခိုက်နေချိန်၊ ဝတ်ရုံနက်ဖြင့် လူသည် သူ၏ ခန္ဓာကိုယ် အတွင်း မှ စွမ်းအားများကို လှုံ့ဆော်လိုက်သည် ။သူသည် စူးချန်ကဲကို ညှပ်တိုက်ပြီး တစ်ရှိန်ထိုး အနိုင်ယူရန် ပြင်ဆင်နေပုံရသည်။

“မြန်မြန်!မြန်မြန် ဒီကထွက်သွား !သာ့နိမ်(အနန္တတန်ခိုးရှင် )အဆင့် ပုဂ္ဂိုလ်ရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲရလဒ်ကို ငါတို့ ခံနိုင်မှာ မဟုတ်ဘူး!”

“ဒီစူးချန်ကဲ တကယ်ကို နတ်ဆိုးတစ်ကောင်ပဲ!

သာ့နိမ် (အနန္တတန်ခိုးရှင် )အဆင့်ရှိတဲ့ လူတွေကတောင် သူ့ကို အရေးယူဖို့ လျို့ဝှက်နယ်မြေထဲ ဝင်လာကြတယ်!”

အားလုံး နေရာအရပ်ရပ်သို့ လျင်မြန်စွာ နေရာပြောင်းလိုက်ကြသည်။

မြို့တံခါးမီးလောင်ရင်လည်း၊ကျုံးအတွင်းကငါးတွေပဲ စိတ်ညစ်ရမယ်!

T/N - မဆိုင်သူတွေပဲ ဒုက္ခရောက်ရမယ် လို့ ပြောတာပါ

စူးချန်ကဲတွင် တိုက်ပွဲစိတ်ဓာတ် အပြည့်ရှိနေသည်။မဖြစ်နိုင်တဲ့အရာကို ဖြစ်အောင်လုပ်ယူရမည်မှာ သူ ခံယူထားသော အရာပင်!

  “ယင်းယန် ဓား!”

ရုတ်တရက်၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဓားစွမ်းအင်လှိုင်းလုံးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွား‌လေသည်။

သူသည် သူတော်စင် တာအို သန္ဓေသားလောင်း ၏ သွေးချီစွမ်းအင်များကို အပြည့်အဝ နှိုးဆော်လိုက်သည်။

နတ်ဆိုးများ၏ အရိပ်များသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

သူတော်စင်တစ်ယောက်၏ နိမိတ်အာရုံများ ဖြစ်သည့် ဦးညွတ်နေကြသော နတ်ဆိုးများနှင့် နတ်သားရဲ လေးကောင်တို့ ပေါ်ထွက်လာလေပြီ!

  “အဲ့ဓားနဲ့ ငါ့ကိုအနိုင်ယူနိုင်မယ်လို့ ထင်နေလား?”

  “သွားသေလိုက်တော့!”

ဝတ်ရုံနက်ဖြင့် လူသည် မထီမဲ့မြင် ဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲက စွမ်းအားများသည် တစ်ဖန်ပေါက်ကွဲ ထွက်လာခဲ့သည် ။ထို့‌နောက် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ချိန် ၊ စူးချန်ကဲ၏ ဘေး၌ နောက်ထပ် နဂါးနက်ကြီး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။

အနက်ရောင် နဂါးနှစ်ကောင်သည် အရာအားလုံးကို တစ်စစီ စုတ်ဖြဲပစ်နေပြီး၊ဝတ်ရုံနက်ဖြင့် ထိုလူသည် ရန်သူကို ထွက်ပြေးမရနိုင်ဘူး ဆိုတာ သေချာ စစ်သေးပြီးသည်နှင့် နဂါးနှစ်ကောင် တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် သူသည် ထပ်ဆောင်း တိုက်ခိုက်လိုက်သည်။

သို့သော် သူသည် စူးချန်ကဲ ၏ ဓားစွမ်းအားကို သူ လျှော့တွက်ခဲ့မိသည်။

ယခုအချိန်တွင် အဖြူနှင့် အမည်း ရောစပ်လို့နေသည်။

ကမ္ဘာကြီးသည် ကမောက်ကမ ဖြစ်နေ၏။

“ချိုးဖြတ်စေ!”

လူငယ် အမျိုးသားသည် တိုးတိုးလေး ဆိုလိုက်သည်

နောက်လာမည့် မြင်ကွင်းသည် လူတိုင်းအတွက် မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့ရသည်။

 တောက်ပသော ဓားအလင်းသည် ကမ္ဘာကြီးတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

ကွဲအက်သံ!

ကောင်းကင်နှင့်မြေကြီးကြားက အက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝတ်ရုံနက် ဝတ်ဆင်ထားသော ထိုလူ၏ မျက်ဝန်းထဲတွင် အဆုံးမရှိ ကြီးမားသော ဓားအလင်းတန်းသည် ပြင်းထန်သော စွမ်းအားဖြင့် သူ့ဆီသို့ တည့်တည့်မတ်မတ် ‌လာရောက်နေသော မြင်ကွင်းများက ရောင်ပြန်ဟပ်နေခဲ့သည်။

ကြီးမားကျယ်ပြန့်‌သော ထိုဓားသွား၏ ရှေ့တွင် ဘယ်အရာကမှ သေဆုံးရမည့် ကံကြမ္မာကို လွတ်ကင်းနိုင်ပုံမရချေ။

  “ချင် မင်းဆက်ခေတ် အပြီးတိုင် ပျောက်ကွယ်သွားပြီ!”

ဤစကားများသည် ၀တ်ရုံနက် ဝတ်ဆင်ထားသော ထိုလူ၏ နောက်ဆုံးစကားတခွန်းပင် ဖြစ်သည်။

မူလက သူသည် သူ၏ သာ့နိမ်(အနန္တတန်ခိုးရှင်)အဆင့်ရှိ စွမ်းအားဖြင့် ပြိုင်ဘက်ကို သတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း အရာအားလုံးသည် ဆန့်ကျင်ဘက်သာ ဖြစ်သွားခဲ့သည်။

သူတို့ ချင် မင်းဆက် နှင့် စူးချန်ကဲ တို့ကြားက ရန်ပွဲသည် လုံးလုံးလျားလျား မေ့ပျောက်ခံခဲ့ရပြီ ဖြစ်သည်။

  ဘုန်း!

ဓားအလင်း၏ နောက်ဆက်တွဲအဖြစ် ပြင်းထန်သော ဓားစွမ်းအင်သည် အဝေးက ကြည့်နေခဲ့ကြသော ပါရမီရှင် တပည့်တချို့ကိုတောင် လွှင့်ထွက်သွားစေခဲ့သည်။

ဓားစွမ်းအင်သည် နေရာတိုင်းမှာ ရှိနေသည်။

ကမ္ဘာကြီးတစ်ခုလုံး အသည်းခိုက်တဲ့အထိ အေးစက်သွားခဲ့သည် ။

ကောင်းကင်တွင် ရှည်လျားသော အက်ကွဲမှုကြီး တစ်ခုသည် ဖြည်းဖြည်းချင်း ပြန်ကောင်းလာခဲ့ပြီ ဖြစ်သည်။

စောနက ဓားချက်သည် ဟင်းလင်းပြင်တစ်ခုလုံးကို ကွဲအပ်သွားစေခဲ့မှန်း သိသာပေသည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြောင်အမ်းစွာဖြင့် စိုက်ကြည့်ပြီးနောက် ၊ အရိုးထိ စိမ့်အေးသော အအေးဓာတ်သည် သူတို့၏ ခန္ဓာကိုယ်အနှံ့ ကို ဖြတ်လျှောက်စီးဆင်းသွားသည်။

“ ဒီလောက် အစွမ်းထက်တဲ့ သာ့နိမ်(အနန္တတန်ခိုးရှင်)က ဒီအတိုင်း သေသွားပြီပေါ့!”

ထိုလူ၏ ကျင့်ကြံစွမ်းအားသည် အနည်းငယ် မတည်မငြိမ် ဖြစ်နေမှန်း သူတို့ ခံစားမိသည်။

ဒါပေမဲ့ ဖုန်းဟွမ် နယ်ပယ်အဆင့်လောက်က သတ်နိုင်လောက်တဲ့ သူမျိုး‌ မဟုတ်ဘူးလေ!

စူးချန်ကဲ၏ ဓားသည် အခြေအနေကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။

“ဒါကို ကြည့်ရတာ..”

မော့ရန်ရှီးသည် ထိုမြင်ကွင်းကို ကြည့်ရင်း ထိုစကားတခွန်းကို မသိလိုက်မသိဘာသာ ပြောလိုက်မိသည်။

  “ဟိုဟာလေ၊ ဘယ်လိုပြောရမလဲ..?”

သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။သူမ မသိစိတ်ထဲက ရေရွတ်နေမိသည် ။

“အခု မင်းမှာ ဘာအရံအစီအစဉ် ရှိသေးတုန်း?”

စူးချန်ကဲသည် ချင်ထိုက်ယိကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

ထိုအပြုံးက သူ့ကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

  “မင်း!”

“ငါက ချင် မင်းဆက်ရဲ့ အကြီးဆုံး မင်းသားပဲမင်းငါ့ကို သတ်ဝံ့လား”

ထိုစကားသည် စူးချန်ကဲကို ရယ်သွားစေခဲ့သည်။ဒီလိုသတ်လိုက်ရင် နှမြောစရာ မကောင်းပေဘူးလား။

“မင်းရဲ့ခန္ဓာကိုယ်ထဲက နဂါးအနှစ်သာရက မဆိုးဘူး”

“အဲ့တာကို မင်းဟာမင်း ထုတ်ပေးမလား၊ ငါ့ဘာသာ ထုတ်ယူရမလား?”

“မဖြစ်နိုင်ဘူး !”

ချင်ထိုက်ယီသည် လက်သီးကို ကျစ်ကျစ်မြည်အောင် ဆုပ်လိုက်သည်။ နဂါးအနှစ်သာရသည် နဂါး သွေးအစစ်နှင့် သိပ်မကွာခြားလှပေ။

ထိုအရာသည် သူ့အတွက် ကျင့်ကြံ‌စွမ်းအား အရင်းအမြစ် ဖြစ်သည်။

နဂါး အနှစ်သာရ မရှိပါက ၊ သူသည် သာမန်ကျင့်ကြံသူများနှင့် ဘာမှမကွာခြားတော့ပေ။

  “အဲ့လိုဆိုမှတော့”

  ခရက်!

ရွှေဝါရောင် သံကွင်းကြိုးသည် ချင်ထိုက်ယီကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဧကရာဇ်မင်းမြတ် ၏ ဖိနှိပ်စွမ်းအားများ ထွက်ပေါ်လာပြီး၊နေရာအနှံ့ တုန်ဟီးသွားခဲ့သည်။

ဤအရာသည်မှာ ဒီမတိုင်ခင်က စူးချန်ကဲ ရရှိခဲ့သော ဧကရာဇ်မင်းမြတ်၏ လက်နက်ဖြစ်သည်။ သူ၏ လက်ရှိ ကျင့်ကြံအဆင့်သည် နိမ့်သေးသော်လည်း သူတော်စင်ပညာရှိ နယ်ပယ်အဆင့် ရှိသည့် ကျင့်ကြံသူများအပေါ် ကောင်းကောင်းကြီး အသုံးချလို့ရသည်။

“ ဘုရားရေ!ဒါ ဧကရာဇ်မင်းမြတ်ရဲ့ လက်နက်ပဲ!”

“ ကွေးယွမ် သူတော်စင် နယ်မြေက သိပ်ကို မောက်မာမလွန်းဘူးလား ? တပည့်တွေသုံးဖို့ဆိုပြီး ဧကရာဇ်မင်းမြတ်ရဲ့ လက်နက်ကိုတောင် ထုတ်သုံးခိုင်းသတဲ့လား?”

“ငါကတော့ ဒီလို အရင်းရှင်စနစ်ကို ဆန့်ကျင်တယ်!”

“မုန်းစရာပဲ! ဧကရာဇ်မင်းမြတ်ရဲ့ လက်နက် ရှိယုံနဲ့ လုပ်ချင်တာကို လုပ်နိုင်တယ်လို့ ထင်နေသလား!”

အားလုံး မနာလိုမှုများ အပြည့်ဖြင့်။ဒဏ္ဍာရီထဲက ဧကရာဇ်မင်းမြတ်ရဲ့ လက်နက် တည်ရှိသည် ဆိုသည့် ကောလဟာလကို ကြားဖူးသော်လည်း ယနေ့တွင် ပက်ပင်းကြုံတွေ့လိုက်ရလိမ့်မယ်လို့ သူတို့ ထင်မထားခဲ့ပေ။

  ခရက်!

စူးချန်ကဲ၏ ထိန်းချုပ်မှုနှင့်အတူ၊ သံကွင်းကြိုးသည် ချင်ထိုက်ယီကို ဖမ်းစီးချုပ်နှောင်ထားသည်။

တကယ်တော့ သူသည် ဒီလို ကစားစရာမျိုးကို မလိုချင်ခဲ့ပေ။

ပထမတချက် သူ၏ ကျင့်ကြံအဆင့်မှာ နိမ့်သေးသည်။

ဒုတိယတချက် သူသည် ဝိညာဉ်စွမ်းအားများကို များစွာ ဖြုန်းတီးလိုက်သောကြောင့် ၊ ဧကရာဇ်မင်းမြတ်၏ လက်နက်ကို စွမ်းအား အနည်းငယ်ဖြင့် အသက်သွင်းကာ အသုံးပြုနိုင်သည်။

စူးချန်ကဲသည် ချင်ထိုက်ယီ၏ ရှေ့တည့်တည့်တွင် ရပ်နေသည်။

သူ့လက်ကို မြှောက်လိုက်သည်နှင့် ကြီးမားကျယ်ပြန့်သော နိယာမ၏ စွမ်းအားသည် တဟုန်ထိုး ထွက်ပေါ်လာပြီး ချင်ထိုက်ယီ၏ ခန္ဓာကိုယ်ထဲမှ နဂါးအနှစ်သာရကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။

  “အားး!”

 “စူးချန်ကဲ!သေသင့်တဲ့ကောင်!”

ချင်ထိုက်ယီသည် သူ့ခန္ဓာကိုယ် အတွင်းရှိ နဂါးအနှစ်သာရမှာ ဖြည်းဖြည်းချင်း ဆုတ်လျော့သွားမှန်း သူခံစားလိုက်ရသည် ။

ခဏအကြာတွင်၊ စူးချန်ကဲ၏ လက်ဖဝါးပေါ်တွင် ရွှေရောင်အလင်းတန်း တစ်ခု ပေါ်လာခဲ့သည်။

ရွှေဝါရောင် နဂါးပေါက်လေးသည် သူ၏ လက်ပေါ်တွင် ပျံဝဲနေပြီး သူ့အား ရန်မူနေခဲ့သည်။

“နဂါးပေါက်စ‌က မောက်မာနေတယ်ပေါ့?”

စူးချန်ကဲသည် စိတ်ငြိမ်သက်ခြင်း ကျင့်စဉ်ထဲက ဝါးမျိုးခြင်း စွမ်းအားကို အသုံးပြုလိုက်သည်။

သူ၏ လက်ဖဝါးပေါ်တွင် ကြီးမားသော အပြာရောင် လှိုင်းလုံးကြီး ပေါ်လာခဲ့သည်။

တကြိမ် လှည့်လိုက်တိုင်း၊ နဂါး အနှစ်သာရ၏ စွမ်းအင် တစိတ်တပိုင်းကို ဝါးမျိုသွား‌ပေလိမ့်မည်။

“ဒါက ဘယ်လိုနည်းမျိုးလဲ?၊ ဘာလို့ ဒီနေရာမှာဝိညာဉ်စွမ်းအင်တွေ လျင်မြန်စွာ စုစည်းလာတယ်လို့ ငါ ဘာလို့ ခံစားမိနေတာလဲ?”

စူးချန်ကဲ၏ နည်းလမ်းသည် လူတိုင်းကို လုံးဝ ထိတ်လန့်သွားစေပြီး ၊ သူတို့၏ နှလုံးသားထဲက ကြောက်ရွံ့မှုများသည် ပို၍ နက်ရှိုင်းလာခဲ့သည်။

အချိန်တိုလေးအတွင်းမှာပင်၊ နဂါးအနှစ်သာရသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲကို လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့ပြီး ၊ပေါင်းစပ်နေ‌သော လုပ်ငန်းစဉ်အတွင်းမှာပင် သန့်စင်ပြီးခဲ့ပြီး ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော်၊ ထိုအရာသည် စူးချန်ကဲ၏ နဂါးအနှစ်သာရ ဖြစ်သွားခဲ့ပြီဟု ဆိုရပေမည်။

“ စူးချန်ကဲ! မင်းကများ ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့!?”

ဤအခိုက်အတန့်တွင် ချင်ထိုက်ယိ၏ ဆံပင်များမှာ ဖွာလန်ကျဲနေပြီး သူ၏ မျက်နှာထားမှာ ရက်စက်ကြမ်းကြုတ်နေသည်။ ချင်ထိုက်ယီသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“ငါက ချင် မင်းဆက်ရဲ့ စွမ်းအားအကြီးဆုံးသူ တစ်ယောက်လို့ မင်းထင်နေလား?”

“ မင်း စောင့်နေလိုက်! ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် မင်းသေချာပေါက် ပေးဆပ်လိမ့်မယ်!”

"နားငြီးတယ်"

စူးချန်ကဲသည် သူ၏ လက်သီးကို ပင့်တင်လိုက်သည်နှင့် တောက်ပသော အလင်းရောင်သည် ကောင်းကင်ဆီသို့ စုန်တတ်သွားခဲ့သည်။

ချင်ထိုက်ယီသည် ခုခံရန် အင်အား မရှိတော့သဖြင့် ပြာအဖြစ်သို့ လွင့်မျောသွားခဲ့ရသည်။

ကိုယ့်အဆင့်ကို မသိဘဲ သူ့ကို ခြိမ်းခြောက်ဖို့ အတော် သတ္တိရှိနေတယ်ပေါ့ ?

အဲ့လိုဆိုလည်း ပြာ‌တွေကို ပူဇော်ဖို့ ဈာပနအခမ်းအနားအတွက် ပို့ပေးလိုက်မယ်!

  အပိုင်း( ၅၂ ) : ကိုယ့်လယ်ကွက်ထဲကရေ အပြင်လူရဲ့ လယ်ကွက်ထဲတော့ အ‌စီးမခံနိုင်ပါဘူး!

တစ်ချိန်တည်းမှာပင် ရှေး‌ဟောင်း နယ်မြေလေးတစ်ခုတွင်။

တိမ်များက အုံ့ဆိုင်းလျက် မှော်သင်္ကေတ ပျော်ရွှင်စွာ ကခုန်နေသည်။

တိမ်များနှင့် မြူခိုးများကြားတွင် နဂါးနှင့် ဖီးနစ်ဌက်က လူးလှိမ့်နေကြသည်။

ထိုနေရာတွင် နန်းဆောင်များစွာရှိပြီး အဖိုးတန်ဆေးဖက်ဝင် အပင်များက နေရာတိုင်းတွင် ပေါက်ရောက်နေသည်။

ဤနယ်မြေတွင် နဂါးစွမ်းအင်များက အလွန်ကြွယ်ဝသည်။

ဤသည်မှာ ရှေးခေတ် ချင် မင်းဆက်၏ လျှို့ဝှက်နယ်မြေ တစ်ခု ဖြစ်သည်။

“ မောင်လေး ထိုက်ယီ ရဲ့ အသက်ရှုသံကို ငါ ဘာလို့ ခံစားလို့မရတော့တာလဲ?”

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

ခမ်းနားထည်ဝါလှသည့် ခန်းမကြီးထဲတွင် ချောမောလှပသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။

မိုးမခအကိုင်းအခက်ကဲ့သို့ ခါး၊နီလာနှင့်တူသောမျက်ဝန်းများနှင့် ချီဖောင်ရိုးရာ ဝတ်လုံ ပိတ်စကတ်ကို ဝတ်ဆင်ထားပြီး၊ သူမ၏ ခေါင်းပေါ်တွင် ဖီးနစ်ဆံညှပ်ကို ဆင်ယင်ထားသည်။

သူမသည် ချင် မင်းဆက်၏ မင်းသမီးကြီး ချင်ဇီလန် ဖြစ်သည်။

သူမသည် မိန်းမ ဖြစ်သောကြောင့် အပြင်လူများရှေ့တွင် ရုပ်လုံးမပြသော်လည်း သူမ၏ အရည်အချင်းသည် ချင်ထိုက်ယီထက် အဆပေါင်းများစွာ သာလွန်ပြီး ဟိုးယခင် ရှေးခေတ်က မင်းသားကြီးများနဲ့တောင် ယှဉ်နိုင်သည်ဟု ဆိုကြသည်။

“ကွေးရွှီရဲ့ နိယာမတရားက မောင်လေးရဲ့အသက်ရှူသံကို ခဏ ဖြတ်တောက်ပစ်လိုက်ပုံရတယ် “

ချင်ဇီလန်သည် သူမကိုယ်သူ နှစ်သိမ့်လိုက်သည်။ကောင်းကင်တွင် ပျံဝဲနေသော နဂါးနှင့် ဖီးနစ်ဌက်တို့သည် ၎င်းကို သတိပြုမိပုံ ရ‌ပေသည်။

၎င်းတို့သည် တိမ်တွေပေါ်ကနေ တမင်တကာ ပျံဆင်းလာပြီး ထိုအမျိုးသမီး‌လေး၏ ပါးပြင်ကို ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။

၎င်းတို့သည် အမတဘုံရှိ နတ် နဂါး နှင့် နတ် ဖီးနစ်ဌက်များ ထက် နိမ့်ကျသော်လည်း ၊သူတို့သည် စစ်မှန်သော နဂါး နှင့် ဖီးနစ်အစစ် များ ဖြစ်ကြသည်။

ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ အဆင့်အတန်းကို သိရှိနိုင်သည်။

ကွေးရွှီလျှို့ဝှက်နယ်မြေ၊

လူအားလုံး ဆွံ့အသွားကြသည်။

ချင် မင်းဆက်ရဲ့မင်းသားကြီး ၊ဘုရင့်သားတော်က ဒီလိုနဲ့သေသွားပြီပေါ့!?

အရေးကြီးဆုံး အချက်မှာ စူးချန်ကဲ၏ မျက်နှာသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်ရသကဲ့သို့ အရမ်း ပျင်းရိနေပုံပေါ်သည်။

“သနားစရာပဲ!”

စူးချန်ကဲက သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ငါ အခု သူ့ကိုသာ မသတ်ရင် နောင်ကြရင် ငါ့အတွက် ပိုပြီး တန်ဖိုးရှိတဲ့ အရာ ဖြစ်လာမှာ၊နှမြောစရာပဲ !”

ချင်ထိုက်ယီ၏ ကံကြမ္မာ အမှတ်မှာ ၂၄၆ မှတ်တောင်ပင်။သို့သော် သူ့ဘဝတွင် အမုန်းဆုံးအရာမှာ ချိန်းခြောက်သူများပင် ဖြစ်သည်။သူကိုယ်တိုင် သတိမထားမိလိုက်ပဲ ပြင်းပြင်းထန်ထန် လက်ပါသွားခဲ့သည်။

“ငါ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်မှ ဖြစ်မယ်၊နောက်ဆို ဒီလို မဆင်မခြင် လုပ်လို့မဖြစ်ဘူး!”

လူတိုင်းက မျက်မှောင်ကြုတ်လျက် မှင်သက်နေကြသည်။

နားထောင်စမ်း! ဒါ လူကပြောတဲ့ စကားလား?

“ ဆက်ခံသူ သခင်!”

“ဆက်ခံသူ သခင် ၊ ရှင် အဆင်ပြေရဲ့လား”

ယွင်ရှင်းယန် နှင့် မော့ရန်ရှီးတို့သည် အလျင်စလို ပြေးလာကြပြီး၊ သူမတို့၏ မျက်ဝန်းများထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

စူးချန်ကဲ တစ်ယောက် အံ့အားသင့်နေသည်မှာ

ဒီမော့ရန်ရှီးရဲ့ အကြည့်တွေက ဘာလို့ အဲ့လောက်တောင် နူးညံ့နေရတာတုန်း။

“မဟုတ်မှလွဲရော..”

စူးချန်ကဲ တဆက်ဆက် တုန်လှုပ်သွားသည်။

သူသည် ယခင်ဘဝတွင် နွေဦးနှင့် ဆောင်းဦး၏ အတ္တုပ္ပတ္တိကို ဖတ်ရှုခြင်း ဆိုသည့် အကြောင်းအရာကို သင်ယူခဲ့ဖူးသည်။

“ဘာမှ မဖြစ်ပါဘူး၊ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက နည်းနည်း အားနည်းသွားရုံပါ၊ ခဏလောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ”

စူးချန်ကဲသည် သူ့ရှေ့က နဂါးတောင်ကြားကို လှည့်ကြည့်လိုက်သည်။

ဘေးတစ်ဖက်တချက်တွင် နဂါး တစ်ကောင်ရစ်ပတ်နေသည့် တိုင်လုံး နှစ်တိုင်ရှိနေပြီး ၎င်းတို့သည် အစွယ်နှင့် ‌ခြေသည်းများပါရှိသော(ချိန်းခြောက်သော အမူအရာကို ပြုလုပ်နေသော ) ဧရာမ နဂါးကြီးနှစ်ကောင်အလား ထုလုပ်ထားသည်။

နဂါး၏ မျက်လုံးများသည် ရဲရင့်ပြီး ၎င်း၏ ပါးစပ်ထဲတွင် နဂါးပုလဲလုံး ရှိနေသည်။

၎င်းပေါ်တွင် ရှေးဟောင်း ကမ္ပည်းစာများ အများအပြားရှိနေပြီး တဝက်လောက်က တောက်ပနေပါသည်။

“ကြည့်ရတာ ဒီကမ္ပည်းစာက အတားအစီးကို ချိုးဖျက်ဖို့ သော့ချက်ပဲ ဖြစ်ရမယ်”

“ဒါပေမယ့် ချင်ထိုက်ယီကိုလည်း ကျေးဇူးတင်ရမယ် သူက အခုလိုကူညီပေးခဲ့တော့ နောက်တစ်ဆင့်က ပိုလွယ်သွားတာပေါ့”

စူးချန်ကဲသည် သူ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ကာ တံခါးကိုဖွင့်ရန် ကြိုးစားလိုက်သည်။

ကြီးမားသော ကျောက်တံခါးကြီးသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

ကမ္ပည်းစာများက တဖျပ်ဖျပ်တောက်ပလျက်။

ထို့နောက် ချက်ချင်းဆိုသလို၊ ရောင်စုံ နတ်အလင်းတန်းများသည် တံခါးအလယ်ရှိ သံလိုက်အိမ်မြှောင်မှ တဆင့် မတူညီသောနေရာ ကိုးခုဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ခရက်ခ် ခရက်ခ်!

 ခဏအကြာတွင် ‌ပွင့်သွား‌သော ကျောက်တံခါး၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ကြီးမားသော ကျောက်တံခါးကြီးသည် တဖြည်းဖြည်း ပွင့်လာပြီး‌နောက် ၊အထဲက နဂါးစွမ်းအင်များသည် လေထဲသို့ ပြည့်လျှံသွားခဲ့သည်။ထိုမှောင်မိုက်နေသော အပေါက်ကြီးသည် ရှေးဟောင်း နဂါး၏ လည်ခံတွင်းနှင့် တူလှသည်။

စူးချန်ကဲသည် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်သည် ။

ဟူး ဟူး ဟူး!

နံရံပေါ်ရှိ ဆီမီးခုံများ အားလုံး သူ့အလိုလို လင်းထိန်လာခဲ့ပြီး အပျက်အစီးများ၏ အနက်ရှိုင်းဆုံးနေရာကို ဦးတည်လမ်းပြခဲ့သည်။

ဝေါင်း!

တစ်ချိန်တည်းမှာပင် ၊ အထဲမှ ကြီးမားသော နဂါး ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့ရာ၊ ၎င်း၏ အရှိန်အဟုန်သည် မြေကြီးများကိုတောင် ပြိုကျအက်ကွဲသွားစေခဲ့သည်။

အချို့သော သူတော်စင်များ၏ စိတ်ဝိညာဉ်များ ပင်လျှင် တုန်လှုပ်သွားကြသည်။

“စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါက စစ်မှန်သော နဂါး တစ်ကောင်ရဲ့ ဟောက်သံပဲ”

“လာ ၊ ဟိုးအပျက်အစီးတွေထဲထိ သွားကြစို့”

စူးချန်ကဲ၏ ဦးဆောင်မှုအောက်တွင် လူတိုင်းသည် ထိုရှေးဟောင်း အပျက်အစီးများထဲသို့ ဝင်ရောက်လာကြသည်။

ကြည့်ရှုသူများ အနေဖြင့် တွေးကြည့်ရုံဖြင့် သိနိုင်သည်။

သာ့နိမ်(အနန္တ တန်ခိုးရှင်)လို ပုဂ္ဂိုလ်မျိုးကိုတောင် သတ်နိုင်သေးတာ ၊ တကယ်လို့ စူးချန်ကဲရဲ့ ဒေါသကိုသွားစွမိရင် ၊ စူးချန်ကဲအတွက်တော့ သူတို့က အရံဟင်းချက်သလို ဖြစ်မနေဘူးလား?

“အိုင်း၊ ကွေးယွမ်ရဲ့ ဆက်ခံသူက ကွေးရွှီ လျှို့ဝှက်နယ်မြေ တောင် ပြောင်ပြောင်တင်းတင်း လျှောက်သွားနိုင်တယ်”

“ငါ တကယ်ကို အားကျပါပေတယ် !”

“ဟိုလေ မသိလို့မေးပါရစေ ၊ကွေးယွမ် သူတော်စင်နယ်မြေထဲကို ဝင်လို့ရသေးလား?”

အချို့သော လူများက တိုးတိုးလေး ဆိုလိုက်ကြသည်

“ ငါ့ရဲ့ ဆရာတူအစ်ကိုကလည်း သူတော်စင် ဖြစ်ရဲ့သားနဲ့ ဘာလို့ဒီလောက်တောင် ကွာဟချက် ကြီးရတာလဲ ?

“မင်းက ငါ့ကို စူးချန်ကဲ နဲ့ နှိုင်းယှဉ်နေတယ်ပေါ့?ကောင်စုတ်လေး သေချင်နေတယ်ပေါ့!

ဒီသူတော်စင် အကိုကြီးက မင်းကို ပညာပေးဦးမှပဲ လာခဲ့စမ်း!”

မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ ခံ့ညားထည်ဝါသော စူးချန်ကဲ၏ ရှေ့တွင် သူ့တို့အားလုံး ဦးညွတ်ရမည်မှာ သံသယဝင်ဖို့တောင် မလိုအပ်ပေ။

လူအချို့သည် တခြားလမ်းကြောင်းများထဲသို့ အသီးသီး ပြေးဝင်သွားကြသည်။

စူးချန်ကဲ တွေ့ရှိသော အရာများကို သူတို့ မည်ကဲ့သို့ ခွဲဝေယူလို့ ရမည်နည်း။

သေချာပေါက် အခုကတည်းက မြန်မြန်ရှာထားရုံပေါ့!

ကံမကောင်းစွာဖြင့်၊ နောက်တွင် ဆက်ဖြစ်မည့် ကိစ္စများသည် သူတို့ကို ငိုကြွေးစေလိမ့်မည်။

စူးချန်ကဲတို့ အုပ်စုသည် အပျက်အစီးများ၏ စင်္ကြံအတိုင်း တည့်တည့် လျှောက်လာခဲ့သည်။

ဤနေရာသည် ကြီးမားကျယ်ဝန်းပြီး လူကို အဆုံးမရှိသည့် ခံစားချက်မျိုးကို ပေးစွမ်းလို့နေသည်။

“ချန်ကဲ ဆက်ခံသူ”

“ဒီမှာ နတ်ဆိုးကြီး ရှိမယ် ထင်လား”

မော့ရန်ရှီးသည် ကြောက်လန့်တုန်နေသည်။သူမကိုယ်တိုင် မသိလိုက်ခင်မှာပဲ စူးချန်ကဲကို ပွေဖတ်လို့နီးပါး အနားသို့ တိုးကပ်သွားခဲ့သည်။

စူးချန်ကဲခမျာ ခေါင်းကိုက်ရလေပြီ။

မင်းက ရက်စက်တဲ့ ဧကရီဘုရင်မ တစ်ပါးလေ၊

အဲ့လောက်တောင် ကြောက်ပြနေတာလား?

ညည်းတွားလိုက်သော်လည်း စိတ်ထဲမှာပင် ထားလိုက်ရင်း ဆိုလိုက်သည်။

“စိတ်မပူပါနဲ့ ၊ကမ္ဘာပေါ်က နတ်ဆိုးတွေအားလုံး အခု နတ်ဆိုးလောကထဲမှာ ပိတ်မိနေကြပြီ”

“ နတ်ဆိုးအကြီးစားဆိုတောင် မဖြစ်နိုင်ဘူး၊မရဏကမ္ဘာကို မြေအောက်ကမ္ဘာရဲ့ နိယာမတွေက ဖိနှိပ်ထားလို့ သူတို့ မထွက်နိုင်ဘူး”

စူးချန်ကဲတစ်ယောက် သူ့ကိုသူလည်း အံ့သြမိနေသည် ။

ငါဘာလို့ ဒီလောက်တောင် နွေးထွေးမှု အပြည့်နဲ့ ပြောနိုင်နေတာတုန်း?

ဒါက သူမရဲ့ နှစ်သက်မှုကို ပိုပြီး ရနိင်မယ့် အခွင့်အရေးကောင်းတစ်ခုလေ!

သူသာ အောင်မြင်ခဲ့ပါက ၊ နောင်တွင် လူမိုက်အဖြစ် အသုံးပြုနိုင်မည့် ဧကရီဘုရင်မ ကို အခမဲ့ ရရှိနိုင်တော့မည်ဖြစ်သည်။

သို့သော် တစ်ဖက်က ယွင်ရှင်းယန်အတွက် ၊ အပြင်က လူက သူ့အိမ်က ဆက်ခံသူအပေါ် အခွင့်အကောင်းယူနေတာကို ဒီတိုင်းကြည့်နေမှာတဲ့လား ?

ကိုယ့်လယ်ကွက်ထဲကရေ အပြင်လူရဲ့ လယ်ကွက်ထဲတော့ အ‌စီးမခံနိုင်ပါဘူး!

သူမသည် စူးချန်ကဲ၏ လက်ကို ဆွဲကိုင်လိုက်ကာ ခန္ဓာကိုယ်ချင်း ပူးကပ်လိုက်သည်။

“ ဆက်ခံသူ ၊ ကျွန်မလည်းကြောက်တယ်”

ဤသို့ဖြင့် စူးချန်ကဲ၏ ဘယ်ဘက်နဲ့ညာဘက်တွင် မိန်းမပျိုလေးနှစ်ယောက်သည် ပလာစတာကဲ့သို့ ပူးကပ်နေကြသည်။

သူတို့နောက်တွင်ရှိသော ကွေးယွမ်တပည့်သားများမှာ ဆွံအနေကြသည်။

ပြင်ပလူများရှေ့တွင် မျက်တောင်တချက်မှ မခက်ဘဲ သတ်ရဲသူသည် ကွေးယွမ်နယ်မြေက သူများနှင့် သူ့ပတ်ဝန်းကျင်က လူများကိုတော့ နူးညံ့စွာ ဆက်ဆံ‌ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံး အနည်းငယ် မနာလိုဖြစ်ခဲ့ကြသည်။

“ ဆက်ခံသူရဲ့ မျက်နှာသာကို ရတာ အရမ်းအားကျတာပဲ”

“ငါလည်း ဆက်ခံသူ သခင်နဲ့ နီးစပ်ချင်လိုက်တာ”

“ဟုတ်တယ်! ငါလည်းပဲ”

ထိုစကားကို ပြောဆိုနေကြသော အမျိုးသား တပည့်လေးခမျာ ကိုယ့်ပါးစပ်ကိုယ် လက်ဖြင့် အမြန် အုပ်လိုက်ရသည်။

သို့သော် အရမ်းနောက်ကျသွားခဲ့‌လေပြီ။ လေထုသည် တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်က လူတွေက သူ့အား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။

စက်ဆုတ်ရွံရှာတဲ့ အကြည့်တွေနဲ့!

စူးချန်ကဲမှာလည်း မျက်မှောင်ကြုတ်လျက်။

ရုပ်ရည်ချောမောတာကလည်း အပြစ်တစ်ခုပါပဲလား....။

အပိုင်း(၅၃) : ကျုပ် ဇီဖူကမ္ဘာကနေ ကြိုဆိုလိုက်ပါတယ်

“လူသား ၊ဒါကမင်းလာသင့်တဲ့ နေရာမဟုတ်ဘူး”

ထိုအခိုက်အတန့်တွင် အမှောင်ထုထဲမှ အသံတစ်ခု ထွက်လာခဲ့သည်။

အသံသည် တိုးညှင်းပြီး အက်ရှနေသည်။

ကြီးမားသော အရာတစ်ခုသည် သူတို့ထံ ချဉ်းကပ်လာသကဲ့သို့ ၊ သူတို့၏ ခြေအောက်က မြေကြီးသည် ပြင်းထန်စွာ တုန်ခါနေခဲ့သည်။

အမှောင်ထဲတွင် နီမြန်းနေသော မျက်ဝန်းတစ်စုံ ပေါ်ထွက်လာသည်။

၎င်းသည် နဂါးနှင့် ဝံပုလွေ ပေါင်းစပ်ထားသော ဧရာမသားရဲတစ်ကောင်ဖြစ်သည်။ ဝံပုလွေ ခန္ဓာကိုယ်နှင့် အပြာရောင် အကြေးခွံများပါရှိပြီး ၊၎င်းအကြေးခွံများကို လျှပ်စီးမိုးကြိုးများက ဝန်းရံထားသည်။သူ၏ ခြေသည်းများမှာလည်း ချွန်ထက်လွန်းပေသည်။

၎င်းသည် ပြီးပြည့်စုံသော ရက်စက်ကြမ်းကြုတ်သည့် သားရဲ တစ်ကောင်ပင် ဖြစ်သည်။

လူတိုင်း၏ အမူအရာများသည် လေးနက်နေပြီး သူတို့အားလုံးသည် စူးချန်ကဲ၏ အရိပ်အခြေအနေကို လှမ်းကြည့်လိုက်သည်။

ဒီတခေါက် ကွေးရွှီလျှို့ဝှက်နယ်မြေ ခရီးစဉ်အတွက် စူးချန်ကဲကို သူတို့၏ အဆုံးအဖြတ်ပေးသူအဖြစ် ယူဆထားကြသည်။

“ခန္ဓာကိုယ်ပေါ်မှာ နဂါးအငွေ့အသက်တွေ ရှိ‌နေတယ်”

“ ဒီနေရာကို အထူးစောင့်ကြပ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်များလား?”

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ဆိုလိုက်သည်။

“ငါ မင်းကို ရွေးချယ်စရာ လမ်းနှစ်လမ်းပေးမယ်၊ ထွက်သွားမလား အသေခံမလား”

“ဟားဟား၊ ငါ ဒီ‌နေရာမှာ နှစ်ထောင်ချီ စောင့်ရှောက်ခဲ့တာ ဘယ်သူမှ ငါ့ကို မကျော်လွန်နိုင်ဘူး!”

“မင်းလည်းပဲ ၊ ခြွင်းချက် မဖြစ်နိုင်ဘူး!”

  ဘုန်း!

ရက်စက်ကြမ်းကြုတ်သော သားရဲသည် ချက်ချင်း ဆိုသလို စူးချန်ကဲ၏ ရှေ့‌ မှောက်သို့ အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

၎င်းကို နတ်ဆိုး ရောင်ဝါများက ဝန်းရံထားပြီး သားရဲကောင်၏ ခြေသည်းများသည် ကောင်းကင်မှ တွဲလောင်းကျနေသော တိမ်တိုက်များကဲ့သို့ စူးချန်ကဲဆီသို့ တည့်တည့်

ဝင်လုံးလိုက်သည်။

“တဖက်လူရဲ့ အရည်အချင်းတွေကို လျှော့မတွက်ရဘူး “

စူးချန်ကဲသည် သူ့လက်သီးကို မြှောက်ကာ ပြန်တိုက်ခိုက်လိုက်သည်။ဤသို့ဖြင့်....။

“အိုင်ယား အကိုကြီး တော်ပါတော့!”

“ကျွန်တော်ရဲ့ချစ်ကိုကြီးကလည်း ၊ ကျေးဇူးပြုပြီး ကျွန်တော်ကို မရိုက်ပါနဲ့တော့ ကယ်ပါဦးနော်”

“မင်း ထပ်တိုက်ရင် ကျုပ် တကယ် သေမှာ!”

ရက်စက်ကြမ်းကြုတ်သော သားရဲတွင် ယခင်က ရှိခဲ့ဖူးသော မောက်မာမှုမျိုး ကို မတွေ့ရတော့ချေ ။ ဒါတင်မကသေးဘဲ ၎င်း၏ မျက်နှာပေါ်တွင် အညိုအမဲ ဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်နှက်နေသည်။

သူသည် စူးချန်ကဲ ခြေဖဝါးအောက်တွင် အရှက်တကွဲ ဖြစ်ကာ အနင်းခံခဲ့ရသည်။

“မင်းက မကြောက်တတ်ဘူးမဟုတ်လား”

“အခု ပျော့‌ခွေနေပြီလား?”

ရက်စက်ကြမ်းကြုတ်သော သားရဲကောင်ခမျာ သူ မှားသွားခဲ့မှန်း သိလိုက်‌လေပြီ။

ဒီ​ကောင်​က ဒီလောက်ထိ အစွမ်းထက်မယ်လို့ ဘယ်​သူက သိမှာတုန်း။

ပြိုင်ဘက်ရဲ့ လက်သီးစာက သူ့ကို ဘိုးဘေးတွေနောက် လိုက်သွားခိုင်းဖို့ နည်းနည်းပဲ လိုတော့တာလေ!

“ငါ့ကို လမ်းပြစမ်း”

“ဟုတ်​ကဲ့ပါ ဆရာ၊ ကျွန်​​တော့်​​နောက်​ လိုက်​ခဲ့ပါ”

စူးချန်ကဲ၏ နောက်လိုက်အကုန်လုံး အံ့အားသင့်သွားကြသည်။

“ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်တောင် ဆက်ခံသူကို မနှောက်ယှက်ဝံ့ဘူး၊ ဒါကို သေမှာကို မကြောက်ကြတဲ့လူတွေက ဘာလို့ ဆက်ခံသူကို ရန်စနေကြတာလဲ?”

“ဘာလို့လဲဆိုတော့ လက်ရှိ ဆက်ခံသူရဲ့ အရည်အချင်းကို ကြည့်ပြီး အားလုံးက သူတို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် ဆက်ခံသူကို အနိုင်ယူချင်နေကြတာလေ”

ဤလျှို့ဝှက်နယ်မြေ ခရီးစဉ်သည် ငြိမ်းချမ်းသော ခရီးစဉ်တစ်ခု ဖြစ်မယ် မဟုတ်ကြောင်း တပည့်အားလုံးက ယုံကြည်ထားကြသည်။

သိပ်မကြာခင်မှာပဲ သားရဲကောင်၏ ဦးဆောင်မှုအောက်တွင် သူတို့ အားလုံး နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ဖွဲ့စည်းပုံ တစ်ခု၏ အလယ်တွင် နီရဲ တောက်ပသော သွေးတစ်စက်သည် လေထဲတွင် ဖြည်းညှင်းစွာ လွင့်မျောနေသည်ကို အားလုံး တွေ့လိုက်ရသည်။

ကျလာသော သွေးတစ်စက်၏ ပြန့်ကျဲနေသော အနီရောင် အလင်းသည် ဤနေရာ တစ်ခုလုံးကို အနီရောင် ဆိုးထားခဲ့သည်။

ဧရာမ နဂါး၏ နဂါးဖိနှိပ်စွမ်းအားသည် လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဟင်းလင်ပြင်အလယ်တွင် ဧရာမ နဂါးကြီး တစ်ကောင် ပျံသန်းနေသကဲ့သို့ပင် ။

စူးချန်ကဲသည် ထိုအရာကို ဆွဲဖမ်းရန် လက်ကို ဆန့်ထုတ်လိုက်သည်။

  ဟွန်း!

နဂါးသွေးတွင် စိတ်ဝိညာဉ်ရှိနေပြီး တစ်စုံတစ်ယောက် အနီးသို့ ရောက်ရှိလာမှန်း

အာရုံရလိုက်သည်နှင့် တပြိုင်နက် ထိုအပေါ်တွင် ရှိနေခဲ့သော နဂါးဖိနှိပ်စွမ်းအားသည် နတ်နဂါး အသွင်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲကို ကိုက်ချလိုက်သည်။

“ သွေးထွက်သံယို နဲ့ စမယ်ပေါ့လေ ၊ ငါ အရမ်းသဘောကျတာပေါ့”

“ ဖိနှိပ်စေ!”

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် သူ့လက်ကို မြှောက်တင်ပြီး ဟင်းလင်းပြင် တစ်ခုလုံးကို ဖိချပလိုက်သည်။

ဘုန်း! ဘုန်း!

ဝိညာဉ်စွမ်းအင်များ မြည်ဟည်းသွားကာ ဟင်းလင်းပြင်မှာ တုန်ခါသွားသည် ။

ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားဖြင့် ဖြိုခွင်းခံလိုက်ရသောကြောင့် ဤနေရာတစ်ခုလုံး၏ နိယာမ တရားများသည် ညည်းတွားကုန်လေသည်။

အင်အားကြီးမားသော စွမ်းအား၏ ရှေ့မှောက်တွင် ထိုနဂါးစွမ်းအင်သည် သွေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။

“စစ်မှန်သော နဂါးရဲ့ သွေးတစ်စက်လောက်က ဒီလောက်တောင် မော်ကြွားနေတယ်ပေါ့”

“ဒီလိုဆိုမှတော့ ငါ ဒီနေ့ မင်းရဲ့ ဝိညာဉ်ကို ဖျက်စီးပြမယ်”

စူးချန်ကဲသည် သူ၏ လက်ဖဝါး‌ပေါ်တွင် အပြာရောင် ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်သည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော ဝါးမျိုနိုင်သည့် ထိုစွမ်းအင်သည် အရာအားလုံးကို နိတ္ထိအဖြစ်သို့ ပြောင်းလဲပေတော့မည်။

စစ်မှန်သော နဂါး၏ အနှစ်သာရနှင့် သွေးတို့သည် သေခြင်းတရားကို ရုန်းကန်နေရသကဲ့သို့ တုန်ယင်နေကြသည်။

  ဝီ !

ရုတ်တရက် သွေး အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အငွေ့အသက်သည် လှုပ်ရှားထကြွလာကာ အဆက်မပြတ် ပြောင်းလဲနေသည်။ထိုပြောင်းလဲမှုမှတဆင့် မှုန်ဝါးဝါး

လူရိပ်သဏ္ဍာန် အသွင်အဖြစ်သို့ ဖွဲ့စည်းသွားခဲ့သည်။

ထိုသူ၏ ခေါင်းပေါ်တွင် ချိုတစ်စုံ ပါရှိပြီး ၊ဝတ်လုံရှည်ကို ၀တ်ဆင်ထားသော အဖိုးအိုတစ်ယောက်ပင် ဖြစ်သည်။

သူ၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။၎င်းသည် ရွှေဝါရောင် မျက်စံကို ပိုင်ဆိုင်ထားသည်။

“လူသား? နဂါး အနှစ်သာရ? “

ထိုရုပ်သွင်သည် စူးချန်ကဲကို ဂရုတစိုက်ကြည့်နေပြီး ၎င်း၏ မျက်လုံးများက အရာအားလုံးကို ထိုးဖောက်ဝင်ရောက် သိနိုင်စွမ်းရှိပုံပေါ်သည်။

“ နဂါး အနှစ်သာရနှင့် သွေးကို လူသားတစ်ယောက်က ရရှိလိမ့်မယ်ဟု ငါ ထင်မထားဘူး”

“ ထျန်းကျီ မျှော်စင်က အဲ့အဘိုးကြီး ပြောတဲ့ စကားက တကယ်ကို အမှန်ပဲ”

“ နတ်နဂါးစုကျွန်းလည်း ဘာဖြစ်သွားလဲ မသိဘူး”

ထိုရုပ်သွင်သည် ညည်းညူလိုက်သည်။စူးချန်ကဲ၏ ပေါ်ထွက်လာမှုသည် သူ့အား အရာများစွာကို ပြန်လည် တွေးတောစေမိသည်။

“လူသား၊ ငါက နတ်နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲ လုံဟွမ်လို့ ခေါ်တယ်၊ အဲဒီတိုက်ပွဲမှာ ငါ ကျဆုံးခဲ့တယ် ၊ ဒါက ငါ့ရဲ့ ကျန်ရှိနေခဲ့တဲ့ ဝိညာဉ် အကြွင်းအကျန်ပဲ”

“ တကယ်လို့ မင်းသာ ငါ့အတွက် တစ်ခုခု လုပ်ပေးမယ်ဆိုရင် ၊ ဒီနဂါးအနှစ်သာရနဲ့ သွေးတစ်စက်ကို မင်းကို ပေးရုံတင်မကဘူး၊ နတ်နဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်ကျမ်းကို ငါသင်ပေးနိုင်တယ်”

【တင်း! လုပ်ဆောင်မှု အသစ် :

ရွေးချယ်စရာ - ၁ : နစ်နာလိုစိတ် မရှိဘူး၊ လက်ခံလိုက်မယ်

ဆုလာဘ်- ကျင်းကျုံးဝမ့်လီ နက်နဲကျမ်း

ရွေးချယ်စရာ- ၂ : နားထောင်စရာလား? ငြင်းဆိုမယ်

ဆုလာဘ်- ရှော့ကျင်းဟွမ် ဝိနည်း

ရွေးချယ်စရာ- ၃ : ပြိုင်ဘက်ကို သန့်စင်မယ် ဆုလာဘ်- လုံရှန့် ဖိနှိပ် စွမ်းအား 】

  “လုံရှန့် ဖိနှိပ်စွမ်းအား?”

စူးချန်ကဲ ထိုအရာကို ပိုစိတ်ဝင်စားမိသည်။

၎င်းသည် အလွန်အစွမ်းထက်သော ခန္ဓာကိုယ် လေ့ကျင့်ပေးသည့် သိုင်းကျမ်းတစ်ခု ဖြစ်သည်။

ထို့အပြင်၊ သူ့မျက်စိရှေ့က လူသည်

ဝိညာဉ်အကြွင်းအကျန် တစ်ခုမျှသာဖြစ်ပြီး ဖန်ထျန်းလက်ဝါးသိုင်းနဲ့တင် အသာလေး နှိမ်နင်းနိုင်သည်။

ထိုအချက်ကို စဉ်းစားရင်း စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

“အကြီးအကဲက အရမ်း ရက်ရောတာပဲ”

“ဒါပေမယ့်...”

“ ကျွန်တော် အငယ်ဖြစ်သူက တတိယ ကိုပဲ ရွေးချယ်မယ်”

လုံကျောက် အဘိုးကြီးက မျက်မှောင်ကြုတ်သွားပြီး

“အမ်? ဘာကိုဆိုလိုတာလဲ”

တစ်ဖက်လူ၏ အမေးကို စောင့်မနေဘဲ စူးချန်ကဲသည် မှန်တဖက်ပါ နီညိုရောင် ကြေးမှန်တစ်ချပ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

ထုတ်ယူလိုက်သည်နှင့် တပြိုင်နက် မှန်ထဲရှိ အလင်းတန်းများက အဆက်မပြတ် ရောင်ပြန်ဟပ်လို့ နေသည်။

“ ကျိန့်ဟွမ် ကြေးမှန်!”

T/N -ကျိန့်ဟွမ် ကြေးမှန် - ၀ိညာဥ်ကို ဖိနှိပ်ချုပ်ချယ်/ နှိပ်စက်နိုင်သော မှန်

ကွေးယွမ် သူတော်စင် နယ်မြေရဲ့ တပည့်တစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်သည်-

“ဒါက စိတ်ဝိညာဉ်ကို နှိမ်နှင်းဖို့ အထူးပြုလုပ်ထားတဲ့ ရတနာပဲ! မှန်ထဲက အလင်းရောင် လင်းနေသရွေ့ အဲ့ စိတ်ဝိညာဉ်ကို ဖိနှိပ်ချုပ်ချယ်ထားနိုင်တယ် ၊ ဒီထက် အဆိုးဆုံးက

အဲ့ရဲ့ ဝိညာဉ်က သေဆုံးသွားလိမ့်မယ်”

“ငါ မှတ်မိသလောက် ဒါက ကွေးယွမ်ရဲ့ လျှို့ဝှက်ရတနာတွေထဲက တစ်ခုပဲ၊ ဘိုးဘေးက ဆက်ခံသူကို ဒီပစ္စည်းကို တကယ် ပေးခဲ့တာပဲ”

ဝီ !

ကျိန့်ဟွမ်ကြေးမှန်တွင် ရောင်စုံအလင်းတန်းများက ပိုမိုဝင်းလက်တောက်ပလာခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါလှိုင်းများသည် ဟင်းလင်ပြင်ထဲကို ထုတ်လွှတ်ပေးနေခဲ့ပြီး ဤနေရာတစ်ခုလုံးကို အေးခဲစေခဲ့သည်။

“လူသားတစ်ယောက်ကများ အတင့်ရဲတယ်ပေါ့!”

“မင်းကို စေတနာနဲ့ အခွင့်အရေးပေးခဲ့တောင်၊ ဒါပေမယ့် မင်းက ငါ့နဲ့ ရန်သူဖြစ်ချင်နေတယ်ပေါ့လေ?”

အဘိုးအိုက ဒေါသတကြီး ဆိုလိုက်သည်။

ကျိန့်ဟွမ်‌ ကြေးမုံ၏ ဖိနှိပ် စွမ်းအားက သူ၏စိတ်ဝိညာဉ်ကို ကမောက်ကမ ဖြစ်စေကာ ကွဲကြေလုနီးပါး ဖြစ်နေခဲ့သည်။

“ကျုပ်ကို အခွင့်အရေးပေးတယ်?”

စူးချန်ကဲက ရယ်သည်။

သူ့မှာ စနစ်တစ်ခု ရှိ‌နေတာ‌လေ၊ စနစ်က ပေးတဲ့ ဆုလာဘ်တွေက ဒါတွေထက် အဆပေါင်း ထောင်ချီ ပိုကောင်းတယ်လေ!

ဒီအဘိုးကြီးပေးတဲ့ အခွင့်အရေးဆိုတာမျိုးက သူ့အတွက်တော့ မပြောပလောက်တဲ့အရာပဲ!

ဇာတ်ဆောင်တစ်ယောက်အနေနဲ့ အခွင့်အလမ်းတွေ ရလာနိုင်တယ် ဒါပေမဲ့ လိုအပ်ချက်တစ်ခုတော့ရှိတယ်၊အဲ့တာက စီနီယာရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်။

ဒီဇာတ်ကွက်တွေက အရမ်း ငြီးငွေ့စရာ မကောင်းဘူးလား။သူ့ကို နုံနုံအအ ဇာတ်ဆောင်တစ်ယောက်လို လုပ်လို့ရမယ်လို့ထင်နေလား?

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“လူကြီးမင်း သေဖို့အချိန်တန်ပြီ၊ အဲဒါကသာ ကျုပ်အတွက် အကောင်းဆုံးအခွင့်အရေးပဲ!’

စူးချန်ကဲသည် သူ၏ ညာလက်ဖြင့် စည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်ရာ ကျိန့်ဟွမ်ကြေးမုံ၏ စွမ်းအားသည် ထပ်မံပေါက်ကွဲသွားသည်။

ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဉ် ဖိနှိပ်ချုပ်ချယ် စွမ်းအားသည် ၎င်း၏ ပုံရိပ်ကို ပျက်သုဉ်း‌စေတောမည့် လက္ခဏာများကို ပြသနေခဲ့သည်။

“လူသား၊ ငါမင်းကို ကြောက်မယ်လို့ ထင်နေလား!?”

ဘုန်း!

ထိုအဘိုးအို၏ အရိပ်သည် ချက်ချင်းဆိုသလို သွေးအိုင် အဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲကို တိုက်ခိုက်ခဲ့သည်။

သွေးပင်လယ်သည် ခမ်းနားထည်ဝါပြီး ကျယ်ပြောလှပေသည်။

“အရေးမပါတဲ့ လှည့်ကွက်လောက်နဲ့”

စူးချန်ကဲသည် စိတ်ငြိမ်သက်ခြင်း ကျင့်စဉ်ကို အစွမ်းကုန် အသက်သွင်းလိုက်သည်။

ဟူး-ဟူး-ဟူး!

သူ့လက်ဖဝါးပေါ်တွင် ဖြစ်ပေါ်လာသော အပြာရောင် ဝဲဂယက်သည် စကြဝဠာထဲက တွင်းနက်ကြီးကဲ့သို့ပင်။သွေးပင်လယ်နှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်အတွင်းမှာပင်၊အားလုံးကို စုပ်ယူသွားခဲ့သည်။

စိတ်ငြိမ်သက်ခြင်း ကျင့်စဉ်၏ ဝါးမျိုခြင်းစွမ်းအားသည် ဤကဲ့သို့သော ဝိညာဉ်အမျိုးအစား၏ တိုက်ခိုက်မှုများကို တိုက်ဖျက်ရာတွင် အလွန်ထိရောက်မှု ရှိသည်။

“လူသား၊ ဒီနဂါးအနှစ်သာရနဲ့ သွေးကို မင်း ယူလိုက်၊ ငါတို့ တဖက်နဲ့တဖက် အလျော့ပေးရအောင်”

“တောင်းပန်ပါတယ် နောက်ကျသွားပြီ”

စူးချန်ကဲသည် ဘာမှမထူးခြားသော ဟန်ပန်ဖြင့် ရှိနေသည်။ သူ့လက်ဖဝါးပေါ် ဝါးမျိုခြင်း စွမ်းအားမှာလည်း ပို၍ အားကောင်းလာမှန်း သူ ခံစားမိလိုက်သည်။

“လူသား၊ လွတ်လမ်းဆိုတာ ပေးရတယ်”

အဘိုးကြီး၏ အရင်က တည်ငြိမ်နေခဲ့သော အမူအရာသည် ယခုတစ်ခါတွင် ထိတ်လန့်တကြား ဖြစ်နေခဲ့သည်။

စူးချန်ကဲ၏ လျစ်လျူရှုထားသော အမူအရာက သူ့ကို ပို၍ စိတ်ဓာတ်ကျသွားစေခဲ့သည်။

ဤလူငယ်‌လေး၏ စွမ်းအားသည် အရမ်း ကြောက်စရာကောင်းပေသည်။

ဒီတစ်​ခါတော့ သူတကယ်​ပဲ ကျရှုံးခဲ့ရလေပြီ!

သူ ထျန်းကျီမျှော်စင်ကနေ ထွက်လာတုန်းက

ထိုအဖိုးကြီး ပြုံးနေခဲ့သည်ကို ရုတ်တရက် သတိထားမိသွားသည်။

“ ခွေးကောင်! ထျန်းကျီဇီ ၊ မင်းငါ့ကို လိမ်ရဲတယ်ပေါ့!?”

“ကောင်းလိုက်တာ၊ ဒီလိုဆိုရင်တောင်မှ မင်းလည်း စဉ်းစားမနေနဲ့တော့!”

တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော သွေးပင်လယ်ကြီးသည် တစ်ဖန် လှိုင်းထန်လာခဲ့သည်။

စူးချန်ကဲဘက်မှ ၎င်းကို တုံ့ပြန်‌နေတုန်း၊သွေးအလင်းတန်းတခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး စူးချန်ကဲ၏ တန်ထျန်း အမှတ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည် ။

တန်ထျန်း အမှတ်သည် နတ်အသိစိတ် ပင်လယ် တစ်ခုဖြစ်ပြီး ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအင် မူလအစ ဖြစ်သည်။

အခြားသူ စိတ်ဝိညာဉ်၏ ကျူးကျော်ဝင်ရောက်လာခြင်းကို ခံရပါက မူလပိုင်ရှင်၏

စိတ်ဝိညာဉ်ကို ဖယ်ရှားဖို့က အလွန်လွယ်ကူသည်။

“ ဆက်ခံသူ သခင်!”

ထိုမြင်ကွင်းကိုကြည့်နေကြသော ကွေးယွမ်က လူတိုင်းစိုးရိမ်သွားကြသည်။

သို့သော် သူတို့ အလျင်စလုံးမလုပ်ရဲပေ။အဘယ်ကြောင့်ဆိုသော သတိမထားမိပါက စူးချန်ကဲကို ထိခိုက်သွားစေနိုင်သည်။

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ၏ ဇီဖူကမ္ဘာတွင်။

အဘိုးကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟာဟားဟား၊ ငါ အောင်မြင်သွားပြီ၊ ဒီလို အရည်အချင်းနဲ့ ခန္ဓာကိုယ်က ခုဆို ငါအပိုင်ဖြစ်သွားပြီ!”

“ထျန်းကျီဇီ မင်းက အရာအားလုံးကို တွက်ချက်နိုင်တယ် ဆိုပေမဲ့၊ ဒါပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်သူက ငါပဲ!”

ထျန်းကျီ မျှော်စင် မှ အဘိုးအို၏ လှည့်စားခြင်းကို ခံခဲ့ရသော်လည်း၊သို့သော် ခန္ဓာကိုယ်လုယူမည့် သူ၏အစီအစဉ်သည် အောင်မြင်သွားခဲ့သည်။

သူသည် ရူးသွပ်စွာ ပြုံးလိုက်သည်။ သူ၏ နတ်နဂါးကျွန်းစုသည် ထိပ်ဆုံးသို့ တစ်ဖန်ပြန်လည်ရောက်ရှိလေတော့မည်။

“အဘိုးကြီး၊ ခန္ဓာကိုယ်တောင်မရသေးဘူး အရမ်းပျော်နေပြီလား”

ထိုအချိန်တွင်၊ ဇီဖူကမ္ဘာကြီးတွင် အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ခရမ်းရောင်စွမ်းအင်သည် တဟုန်းဟုန်းတောက်လျက် အဆက်မပြတ် စုဝေးနေပြီး သိပ်မကြာခင်မှာဘဲ စူးချန်ကဲ၏ အသွင်အပြင် အဖြစ်သို့ ပြန်လည် ပေါင်းစည်းသွားခဲ့သည်။

စူးချန်ကဲက ခေါင်းယမ်းလျက် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

စိတ်ကူးယဉ် ဝတ္ထုများထဲက ပြန်လည်မွေးဖွားခြင်းနှင့် ခန္ဓာကိုယ် သိမ်းယူခြင်းတို့ကို သူ တကယ်ပဲ ကြုံတွေ့နေရသည်။

ဒါပေမယ့် ဇာတ်လမ်းက မမှန်သေးဘူး။

အလုယူခံရမယ့်သူက သူတဲ့လား?

အခြားသူသာဆို ထိုအဘိုးကြီး အောင်မြင်နိုင်ပေလိမ့်မည်။

ဒါပေမယ့် သူက စူးချန်ကဲလေ!

နတ်အလင်းတန်းများက ရစ်ဝဲနေကာ နေရာတစ်ခုလုံး တုန်လှုပ်သွားသည်။

ဘုန်း ဘုန်း!

ရှေးဟောင်း အထွတ်အထိပ် တောင်ကြီးသည် စူးချန်ကဲ၏ နောက်မှ ကောင်းကင်ကို ထိုးဖောက်မတတ် မြင့်တက်လာခဲ့သည်။

မရေမတွက်နိုင်သော သူတော်စင်များ၏ ပုံရိပ်များလည်း ထွက်ပေါ်လာပြီး၊သူတို့၏ လှုပ်ရှားမှုများမှာ အံ့သြစရာကောင်းလောက်အောင် တသမတ်တည်း ရှိနေသည်။

ရှေးဟောင်း အထွတ်အထိပ် တောင်ကြီးဆီသို့ ဝမ်းလျားမှောက်လျက် ဝတ်ပြုနေကြလေပြီ!

ဝီ!

ကျယ်ပြောလှသော အလင်းတန်းသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို လင်းလက်တောက်ပစေခဲ့သည်။

စူးချန်ကဲ၏ နောက်ကွယ်က ကြောက်စရာကောင်းသော ပုံရိပ်များသည် သူ့အား အထက်ဘုံကိုးဘုံက အမြင့်ဆုံး နတ်ဘုရားတစ်ပါးလားလို့တောင် အောက်မေ့ရသည်။

သူသည် ဤဇီဖူကမ္ဘာ၏ နတ်ဘုရားတစ်ပါးပင် ဖြစ်သည်။

“ကျုပ်ကမ္ဘာ‌က‌နေ ကြိုဆိုလိုက်ပါတယ်”

အပိုင်း(၅၄) : လုံဟွမ်ကို သန့်စင်ခြင်း

  ဘုန်း ဘုန်း!

ယခုအခိုက်အတန့်၊ ဇီဖူကမ္ဘာတွင် ရှေးကျပြီး ကျယ်ပြောသော လေထုက လွှမ်းခြုံထားသည်။

ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပနေသော နေလုံးဆယ်လုံး ထွက်ပေါ်လာပြီး၊တောက်လောင်နေသော ၎င်း၏စွမ်းအားဖြင့် ဤကမ္ဘာတစ်ခုလုံးကို ဝါးမျိုးထားသည်။

“ ဆယ်လုံးတောင်?”

“ဒါ ဇီဖူကြယ် ဆယ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ဇီဖူကမ္ဘာကြီးပဲ! “

အဘိုးကြီး လုံဟွမ် အံ့အားသင့်သွားခဲ့ရသည်။

သူသည် တာအိုဘာသာကို နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သည်။ဇီဖူကြယ် ရှစ်လုံးဖြင့်ဖွဲ့စည်းထားသော ဇီဖူကမ္ဘာ၊သို့မဟုတ် ခုနစ်လုံးဖြင့် ဖွဲ့စည်းထားသော ဇီဖူကမ္ဘာကို သူမြင်တွေ့ခဲ့ဖူးသည်။သို့သော် ယနေ့တွင် ဇီဖူကြယ် ဆယ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ဇီဖူကမ္ဘာကြီးကို သူ ပထမဆုံး မြင်တွေ့လိုက်ရသည်။

ဒီလို ထူးဆန်းတဲ့ အရာမျိုး တကယ်ပဲ တည်ရှိနေလိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ပေ။

“ မဟန်တော့ဘူးထင်ရင် ထွက်ပြေးလေ!”

ထိုမှသာ လုံဟွမ် တစ်ယောက် အသိပြန်ကပ်လာပြီး ၊ သက်တန့်အလင်းရောင်အဖြစ်သို့ ပြောင်းလဲကာ ‌ ခြေဦးတည်ရာ လျင်မြန်စွာ ထွက်ပြေးလေသည်။

“ငါသာ ဇီဖူကမ္ဘာရဲ့ နယ်နိမိတ်ကိုသာ ရောက်သွားရင် ၊ ဒီဇီဖူကမ္ဘာကို ဖြတ်ကျော်နိုင်တော့မယ်! “

“အဲဒီအချိန်ကျရင် ပြိုင်ဘက်ရဲ့ နတ်အသိစိတ် ပင်လယ်ထဲကို ငါ ငုပ်လျှိုးလိုက်ရင် ၊ သူငါ့ကို ဘယ်တော့မှ ပြန်မရှာတွေ့နိုင်တော့ဘူး!”

စူးချန်ကဲကတော့ အေးဆေးပင်။

အဘယ်ကြောင့်ဆိုသော် သူ၏ ဇီဖူကမ္ဘာသည် အကန့်အသတ် မရှိသောကြောင့် ဖြစ်သည်။

အဲ့အဘိုးကြီးကို အချိန်အလုံအလောက်ပေးရင်တောင် ၊ ဒင်း လွတ်မြောက်နိုင်ပါ့မလား?

လုံဟွမ် တစ်ယောက် သူ့ ခွန်အားရှိသမျှ ပြေးရင်း အဝေးဆုံးထိ ရောက်လာခဲ့သည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် နောက်ကိုပြန်လှည့်ကြည့်လိုက်သည်။

“မိုက်မဲလိုက်တာ၊ ငါ့ကို ဒီလို အခွင့်အရေးပေးတဲ့အတွက် မင်း သေချာပေါက် နောင်တရလိမ့်မယ်!”

“ လျှောက်လာတာ ဒီလောက်ထိ ဝေးလာပြီ ဆိုတော့ ငါ ဇီဖူကမ္ဘာရဲ့ နယ်နိမိတ်ကို ရောက်‌နေလောက်ပြီမလား?”

လုံဟွမ်သည် ဤကမ္ဘာကြီး၏ ရေမြေတဆုံး လှမ်းကြည့်လိုက်သည်။သို့သော် ခရမ်းရောင်စွမ်းအင်များသည် အကန့်အသတ် မရှိသော ထောက်ပံ့မှုတစ်ခုကို ရရှိထားသကဲ့သို့ ၎င်းစွမ်းအင်များသည် အဆက်မပြတ် ပိုပြန့်ကားလာသည်။

ကြီးမားသော ဖိနှိပ်အားစွမ်းအားက သူ့ကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေခဲ့သည်။

သူ ထိတ်လန့်လာခဲ့ပြီ ဖြစ်သည်။

ဒီလို ဇီဖူ ကမ္ဘာကြီးကို ဖွဲ့စည်းထားနိုင်ဖို့ ဘယ်လောက်တောင် အစွမ်းထက်မှ ဖြစ်မှာလဲ?

“ခင်ဗျား ဆက်မပြေးဘူးလား?”

ရုတ်​တရက်​ လုံဟွမ်​၏​နောက်​မှ ရယ်​သံတစ်​ခု ထွက်ပေါ်လာခဲ့သည်​။

ဒီစကားက သူ့ကို ခေါင်းအစခြေအဆုံး ရေခဲရေနှင့်လောင်းချလိုက်ကဲ့သို့ အေးစက်သွားခဲ့သည်။

ဒါ ဘယ်လိုဖြစ်ရတာလဲ! ?

သူ အခု လွတ်မြောက်သွားပြီ မဟုတ်လား၊ ဒါကို ရန်သူက သူ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ?

“ကြည့်ရတာ ခင်ဗျားက အတော်တုံးတာပဲ ၊ ဒါက ကျုပ်ရဲ့ ကမ္ဘာလေ၊ကျုပ်သွားလာချင်သလို သွားလာလို့ရတယ် “

“ခင်ဗျားပျော်နေတာကို မြင်ရတော့ ၊ကျုပ်ကနှောက်ယှက်လို့ ဘယ်ဖြစ်မတုန်း”

စူးချန်ကဲသည် ကြွက်လိုက်ဖမ်းရတာ ဝါသနာပါသည့် ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

“ကဲ ကျုပ် ခင်ဗျားကို ပေးတဲ့အခွင့်အရေးကိုကောင်းကောင်း အသုံးမချနိုင်ခဲ့ဘူး!”

“ဂိမ်းက‌တော့ ဒီလောက်နဲ့ပဲ၊ လမ်းပေါ်ထွက်ဖို့အချိန်ရောက်ပြီ”

စူးချန်ကဲသည် သူ ဖြန့်ကားထားသော လက်ဖဝါးကို ဖြည်းညှင်းစွာ ပိတ်ချလိုက်သည်။

အဘိုးကြီး၏ ဘေးပတ်ပတ်လည် တစ်ခုလုံး

လေဖိအားများ လျော့ကျသွားခဲ့သည်။

ခရမ်းရောင်စွမ်းအင်သည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ တိုက်ခတ်နေပြီး၊ ကောင်းကင်တခုလုံးကို

အုပ်စိုးထားသော လက်ဝါးကြီး တစ်ခု အဖြစ် ထွက်ပေါ်လာခဲ့သည်။ထိုလက်ဝါးကြီးသည် လုံဟွမ် တစ်ကိုယ်လုံးကို ချုပ်ကိုင်လိုက်သည်။

“အသက်ကို ချမ်းသာပေးပါ”

“ငါရဲ့ လျှို့ဝှက်ချက်ကို..”

လုံဟွမ်သည် အသံကို မရမက ညှစ်ထုတ်နေသည်။

အက်ရှရှအသံသည် ကယ်တင်မှုကို တောင်းဆိုနေခဲ့သည်။ဒါသည် သူ၏ ဝိညာဉ်အကြွင်းအကျန် တစ်ခု ဖြစ်သောကြောင့် သူ၏ နောက်ဆုံး မျှော်လင့်ချက်ဆိုလည်း ဟုတ်ပေသည်။သူ သေဆုံးရန် ဆန္ဒမရှိချေ။

  ဟူး!

စူးချန်ကဲသည် လုံးဝမတွန့်ဆုတ်ခဲ့ချေ။

ခရမ်းရောင် စွမ်းအားဖြင့် လက်ဖဝါးကြီးသည် ပိတ်သွားခဲ့လေပြီ။

ထိတ်လန့်မှု၊မျှော်လင့်ချက် ကင်းမဲ့မှု၊ မယုံကြည်မှုများဖြင့် လုံဟွမ်၏ မျက်လုံးများမှာ ပြူးကျယ်လျက် ၊ နောက်ဆုံးမှာတော့ သူ့သည် စူးချန်ကဲ၏ ရိုက်သတ်ခြင်းကို ခံလိုက်ရသည်။

သူသေသွားတဲ့အထိ အဖြေရှာမရခဲ့ပေ။

ဒီလို လူသား တစ်ယောက်က သူ့ကို သတ်ရဲတယ်တဲ့လား! သူက နတ်နဂါးကျွန်းစု က အကြီးအကဲလေ!

ဒါ့အပြင် စူးချန်ကဲ၏ နောက်ခံကလည်း အလွန်ကြောက်စရာကောင်းပေသည်။

ဤကမ္ဘာတွင် ကွေးယွမ်စင် သူတော်စင် နယ်မြေ ရှိသည်။အကယ်၍ အမတဘုံကိုသာ ဖွင့်နိုင်ခဲ့ရင် ....။

“ ဒီစိတ်ကူးယဉ်ကမ္ဘာက လူတွေရဲ့စိတ်က တကယ်ကို ယုတ်ညံ့လွန်းတယ်”

လုံဟွမ်ကို လုံးလုံးလျားလျား ဝါးမြိုပြီး သန့်စင်ပြီးနောက် ၊ စူးချန်ကဲသည် ၎င်း၏ မှတ်ဉာဏ်တချို့ကို သိလိုက်ရသည်။

လုံဟွမ်သည် သူ့ကို မှော်စက်ဝိုင်းတစ်ခုဆီသို့ ဆွဲခေါ်ကာ သူ၏ခန္ဓာကိုယ်ကို အရဲစွန့်စရာမလိုဘဲ လွယ်လင့်တကူ သိမ်းပိုက်ချင်ခဲ့သည်။

သို့သော် စူးချန်ကဲ၏ စွမ်းအားသည် သူထင်ထားတာထက် ပိုပြီး သာလွန်နေခဲ့သည် ။

အိုင်း! တကယ်တော့ ဒါကလည်း စနစ်နဲ့ သူအရင်ဘဝက ဝတ္ထု ဖတ်ဖူးတဲ့အတွေ့အကြုံ ကြောင့်လေ။မဟုတ်လို့ကတော့ သူ့ခန္ဓာကိုယ် ပါသွားလောက်ပြီးပြီ!

သို့သော် သူ့ကို ပိုစိတ်ဝင်စားစေခဲ့‌သော အရာမှာ ထျန်းကျီကျွန်းပင်။

“ထျန်းကျီ ကျွန်း နဲ့ ထျန်းကျီ မျှော်စင်?”

“နောက်ကြ ငါအဲဒီကို သွားရမယ်၊ သဲလွန်စ တစ်ခုခု ရှာတွေ့နိုင်တယ် “

နတ်နဂါးကျွန်းစုသည် ရှေးဟောင်း မကောင်းဆိုးဝါး မျိုးနွယ်စုဖြစ်ပြီး၊မကောင်းဆိုးဝါး မျိုးနွယ်တွေထဲမှာ ထိပ်တန်းမျိုးနွယ်စု တစ်ခုဖြစ်သည်။ နဂါးမျိုးနွယ်မှ ဖန်တီးထားသော စွမ်းအားများသည် ထိပ်တန်းတွင် ရပ်တည်နေသည်။

“ဒီကမ္ဘာကြီးမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ?”

စူးချန်ကဲသည် လွန်ခဲ့သော နှစ်ရက်အတွင်း၊ ဤကမ္ဘာပေါ်ရှိ ဝှက်ထားသော စွမ်းအားများစွာကို လေ့လာခဲ့သည်။သူ မျှော်လင့်ထားသည့်အတိုင်း ဤကမ္ဘာကြီးသည် အလွန် ကြီးမားလွန်း‌ပေသည်။

ကွေးရွှီလျှို့ဝှက်နယ်မြေတွင် ရှိနေခဲ့သော

စူးချန်ကဲ၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ကွေးယွမ်က လူတိုင်း ကြောက်စရာ ကောင်းသောရန်သူနှင့် ရင်ဆိုင်နေသကဲ့သို့ အသင့်ပြင်ထားကြသည်။လက်ရှိ စူးချန်ကဲသည် တကယ်ပဲ စူးချန်ကဲ အစစ်လား ဒါမှမဟုတ် လုံယွမ်လား ဆိုတာ သူတို့ မသိနိုင်ပေ။

“ ဆက်ခံသူ သခင် ရှင်...”

ယွင်ရှင်းယန်သည် စိုးရိမ်နေပုံရကာ သတိဖြင့်မေးသည်။

“သူက မင်းတို့ရဲ့ ဆက်ခံသူ အစစ်ပဲ”

ထိုအချိန်တွင် မော့ရန်ရှီးက ရုတ်တရက် ထဆိုခဲ့သည်။

“ ငါ သူ့ရဲ့ စိတ်ဝိညာဉ်ကို ခံစားမိတယ်၊သူ့ စိတ်ဝိညာဉ်ရဲ့ အတတ်အကျက ယခင်ကအတိုင်းပဲ၊ငါ ပြောတာမမှားဘူး”

စူးချန်ကဲသည် မျက်ခုံးပင့်သွားသည်။မော့ရန်ရှီး၏ မျက်လုံးများသည် ရှက်ရွံ့မှု နည်းပါးသွားပြီး ဥပေက္ခာပြုနေသည်မှာ လောကကို အထင်မြင်သေးစွာ ကြည့်နေသော ဧကရီဘုရင်မတပါးကဲ့သို့ပင် ။

စူးချန်ကဲသည် ကံကြမ္မာဖတ်မျက်လုံးကို တိတ်တဆိတ် သုံးလိုက်သည်။

【မော့ရန်ရှီး- ကံကြမ္မာတန်ဖိုး:၅၆၉】

  “အမှတ်တွေက သူ့ဟာသူတိုးလာတာလား?”

“မက်မွန်ပွင့် ဧကရီဘုရင်မရဲ့ စိတ်ဝိညာဉ်က စတင် နိုးထလာတော့မှာလား?”

“မျှော်လင့်ထားတာထက် ပိုမြန်တယ်ဆိုပေမဲ့ ဒါကလည်း ငါ့အတွက် ကောင်းတဲ့အရာပဲ”

စူးချန်ကဲသည် စိတ်ထဲတွင် ရေရွတ်လိုက်သည်။

အရာအားလုံးက သူ့လက်ထဲမှာတင် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

“ မိန်းကလေး ရန်ရှီးက ကျွန်‌တော်ကို နားလည်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး”

သူသည် စကားပြောရင်း တန်းလန်း ယွင်ရှင်းယန်ကို လှည့်ကြည့်လိုက်ပြီး

“အဲဒီညက၊ ဒီလောက် ရင်းနှီးနေတဲ့ ငါ့ရဲ့ အငွေ့အသက်ကိုတောင် မင်းသတိမထားမိဘူးလား ?”

“ဆက်ခံသူ “

ဒေါသထွက်နေပုံရသော သူမသည် ရုတ်ချည်းဆိုသလို ပါးပြင်တင် မက နားရွက်များပါ နီရဲသွားခဲ့သည်။

“ သူတော်စင် မိန်းကလေး ရှင်းယန်၊ ဘာထဖြစ်တာလဲ ?ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားတာလား ?”

“အိုင်ယား၊ ဒါတွေက မင်းနားလည်တဲ့အရာ မဟုတ်ဘူး”

တပည့်တစ်ဦးကတော့ “သူ သိ‌နေတယ်” ဆိုသည့် မျက်နှာဘေးဖြင့်။

“သွားကြစို့၊ နောက်တနေရာကို သွားရမယ့်အချိန်ရောက်ပြီ”

“မင်းလည်း ငါနဲ့ လိုက်ခဲ့၊ ငါကိုယ်တော်မင်းကို စီးရဦးမယ် “

သားရဲတိရစ္ဆာန်က ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။

“သခင်၊ ကျွန်တော် ထွက်လို့မရဘူး၊ ကျွန်တော့်ကို စည်းချထားတာ ၊ ကျွန်တော် ဒီကနေ ထွက်သွားရင် ချက်ချင်း သွေးရည်တွေ ဖြစ်ကုန်မှာ”

“ကျွတ် ကျွတ် “

စူးချန်ကဲသည် သနားသောဟန်ပန်ဖြင့်။သိုးမွေးတောင် ရိတ်ခွင့်မပေးတဲ့ ဒီလိုနေရာမျိုးကို ဘယ်သူကများ ဖန်တီးခဲ့လေသနည်း။

“စူးချန်ကဲ! ထွက်လာခဲ့!”

ထိုအချိန်တွင် အပြင်ဘက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

“ဒီအသံက၊ ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်၊ ရှီးရှောက်ချန်?”

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

စီးစရာက အခု လာပြီပဲ မဟုတ်လား?

အပိုင်း( ၅၅) : ခေါင်းကိုးလုံး ရွှေခြင်္သေ့

စူးချန်ကဲတို့ အဖွဲ့သည် အပြင်သို့ ထွက်လာခဲ့ကြသည်။

ရွှေရောင်ဆံပင်နဲ့ ရွှေရောင် ချပ်ဝတ်တန်ဆာကိုဝတ်စုံဝတ်ထားသော အရက်ရှည်ရှည် ရုပ်ချောချော အမျိုးသားတစ်ယောက်သည် စူးချန်ကဲနှင့် တခြားသူများကို မထီမဲ့မြင် ကြည့်နေခဲ့သည်။

၎င်းသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုမှ ဆင်းသက်လာသော ရှီးရှောက်ချန်ပင်။

ရှီးရှောက်ချန်က အထက်စီးဆန်စွာ အမိန့်ပေးသည့် လေသံဖြင့် ဆိုလိုက်သည်။

“စူးချန်ကဲ၊ မင်း ချင်ထိုက်ယီကို အနိုင်ယူခဲ့တာ ငါ သိတယ်၊ အခုဆို မင်း အားနည်းနေရောပေါ့”

“ငါကိုယ်တော် မင်းကို အခက်တွေ့အောင် မလုပ်ချင်ဘူး”

“မင်း ကောင်းကင်ကြေးမုံကနေ ကောင်းချီးပေးခံရတဲ့ အရာတွေကို ငါ့ဆီ လက်​လွှဲလိုက်၊ ငါ​ မင်းကို လွှတ်ပေးမယ်”

ဤသည်မှာ သူ၏ မူလရည်ရွယ်ချက်ပင်။ကောင်းကင်ကြေးမုံကနေ ကောင်းချီးပေးခံရသော အရာများသည် အစကတည်းက သူ ပိုင်ဆိုင်သင့်သည့် အရာများဟု မှတ်ယူထားသည်။

သူသည် သူ့အပိုင်ပစ္စည်းကို ပြန်လိုချင်ရုံသာ သက်သက်သာ ဖြစ်သည်။

“တကယ်တော့ ကောင်းကင်ကြေးမုံက ငါ့ကို ကောင်းချီးနှစ်ခုတောင် ပေးခဲ့တာ”

“အဲ့တာဘာလဲ မင်းသိချင်လား?”

စူးချန်ကဲသည် တည်ငြိမ်စွာ ပြုံးလိုက်သည်။

“အဲဒါဘာလဲ?”

ရှီးရှောက်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူ၏ မျက်လုံးများမှာ အလွန် ဝင်းလက်တောက်ပလို့ နေသည်။ကောင်းကင်ကြေးမုံ၏ ကောင်းချီးပေးခံရသော အရာများမှာ ဒီလောက်ထိ မရိုးရှင်းမှန်း သူ သိသည်။

“ အတော်ပဲ ၊ ငါ စီးတော်ယာဉ် လိုနေတာ “

“မင်း ငါ့ရဲ့ စီးတော်ယာဉ် လုပ်လိုက်၊ အာ့ဆို ငါ ပြောပြမယ် ဘယ်လိုလဲ?”

စူးချန်ကဲသည် မေးစေ့ကို ပွတ်ရင်း ပြုံးပြုံးကြီး ဆိုလိုက်သည်။

ဒါနဲ့ ဝတ္ထုတိုင်း ဘာလို့ ဒီခေါင်းကိုးလုံး ရွှေခြင်္သေ့ကိုပဲ စီးနေကြပါလိမ့်?

ဒီခေါင်းကိုးလုံး ရွှေခြင်္သေ့က ခေတ်ရေစီးကြောင်း လိုက်လို့ရတယ်လို့ ဆိုရမလား၊

တကိုယ်လုံး ပြိုးပြိးပျက်ပျက် အလင်းရောင်တွေက တောက်ပနေတဲ့အပြင် သူပေါ်လာတာနဲ့တပြိုင်နက် လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်တယ်လေ ၊ စီးဖို့ ထိုက်တန်ပါပေတယ်!

“မင်းသေချင်နေပြီပေါ့!”

ရှီးရှောက်ချန် ဒေါသထွက်သွားသည်။

သူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ?

သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးရိုးမှ ဆင်းသက်လာသူ ၊ ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။

ဒါတင်မက၊ ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်သည် မကောင်းဆိုးဝါး မျိုးရိုးများကြားထဲတွင် စစ်မှန်သော တော်ဝင်မျိုးနွယ် ဖြစ်သည်။ထို့အပြင် သူတို့၏ ဘိုးဘေးများသည် တစ်ချိန်က မကောင်းဆိုးဝါး ဧကရာဇ်မင်းမြတ်ကဲ့သို့ အမြင့်မြတ်ဆုံးသော နဂါးမျိုးရိုးကိုပင် ယှဉ်နိုင်ခဲ့သည်။

သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့ မျိုးနွယ်စုက မျိုးဆက်သစ် လူငယ်များ၏ ထောက်တိုင် တစ်ခု ဖြစ်လာရန် ဆုံးဖြတ်ထားပြီး ဧကရာဇ်မင်းမြတ်၏ လမ်းစဉ်ကို လိုက်ကာ ထိပ်ဆုံးကို ရောက်နိုင်ဖို့ ဆုံးဖြတ်ထားသည်။

အတုမရှိသော ဧကရာဇ်မင်းမြတ်၏ လမ်းစဉ်ကို အောင်မြင်သွားတက်လှမ်းနိုင်ခဲ့ပြီး၊အကယ်၍ နောက်ထပ် ခြေတစ်လှမ်းသာ ဆက်လှမ်းခဲ့မည် ဆိုပါက သူသည် ဒဏ္ဍာရီထဲက အမတအရှင် ဖြစ်လာနိုင်တော့မည် ဖြစ်သည်။

ဒါကို ဒင်းက သူ့ကို စီးတော်ယာဉ် အဖြစ် လုပ်ဖို့ကြံနေတယ်ပေါ့ !?

ဧကရာဇ် မင်းငယ် သို့မဟုတ် စစ်မှန်သော အမတ နတ်သမီး စီးနာ့ ပင် သူ့နဲ့ မထိုက်တန်ပေ။

စူးချန်ကဲ၏ စကားများက သူ့ကို ပြင်းပြင်းထန်ထန် ဒေါသထွက်စေခဲ့သည်။

   “ သေသင့်တဲ့ ကောင်!!”

  ဟုန်း!

ရှီးရှောက်ချန်၏ ခန္ဓာကိုယ်မှ ရွှေဝါရောင် အခိုးအငွေ့များ ပွင့်ထွက်လာခဲ့သည်။သူနောက်က ရွှေဝါရောင် မှော်သင်္ကေတများသည် နေရာအနှံ့ ပျံ့နှံ့သွားပြီး ကြီးမားသော ရွှေခြင်္သေ့ရုပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ပြင်းထန်သော အငွေ့အသက်များက ချက်ချင်း ဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက် ချက်ချင်းပင်၊ ရွှေခြင်္သေ့၏ လက်ဖဝါးကြီးသည် စူးချန်ကဲကို တိုက်ခိုက်တော့သည်။

ရှီဝမ်ကျိန့်ထျန်း!

T/N - ခြင်္သေ့ဘုရင်သည် ကောင်းကင်ကို အုပ်စိုးခြင်း!

ဤသည်မှာ ခေါင်းကိုးလုံးရ ရွှေခြင်္သေ့မျိုးနွယ်စု၏ အစွမ်းထက်ဆုံးသော လျှို့ဝှက်သိုင်းပင် ဖြစ်သည်။ကာယခွန်အားနှင့် ကြမ်းတမ်းသောသွေးစွမ်းအင်ကို ပေါင်းစပ်ထားသည်မှာ အရာအားလုံးကို အမှုန့်အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။

စူးချန်ကဲကို တစ်စစီ စုတ်ဖြဲပစ်နိုင်မှသာလျှင် သူ၏ အမုန်းတရားများကို သက်သာရာ ရစေနိုင်တော့မည်။

“ကိုယ့်သခင်အပေါ် ဒီလိုလက်ပါတာ မကောင်းဘူးလေ “

“အရင်ဆုံး လေ့ကျင့်ပေးရမှာပေါ့လေ”

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ လက်ဝါးကို ပင့်တင်လိုက်သည်။

ဘုန်း!

သူ့ ပတ်ပတ်လည် နတ်အလင်းတန်းများ ရွှန်းရွှန်းဝေလျက် ၊ တာအိုသံစဉ်များက ရောယှက်နေပြီး သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများ ပေါက်ကွဲထွက်လာခဲ့သည်။

ကောင်းကင်မှ ဆင်းသက်လာသော လက်ဖဝါးအလား ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ချိုးနှိမ်နိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

  ဘုန်း!

ရှီရှောက်ချန်၏ ရှီဝမ်ကျိန့်ထျန်း( ခြင်္သေ့ဘုရင်သည် ကောင်းကင်ကို အုပ်စိုးခြင်း)သည်

အလွန် အစွမ်းထက်သော်လည်း စူးချန်ကဲ၏ တိုက်ခိုက်မှုရှေ့တွင် စက္ကူသာသာဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲသွားခဲ့သည်။

ထိုလက်ဖဝါး၏ ရက်စက်သော ဖိနှိပ်စွမ်းအားကြောင့် ရှီရှောက်ချန်းတစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ့ပတ်ပတ်လည်က နတ်အလင်းတန်းများသည် တစ်စစီ ဖြစ်ကာ ရွှေရောင် အမှုန့်များအဖြစ် လွှင့်ပျံသွားခဲ့သည်။

ဘုန်း!

အဝေးတနေရာတွင် ရှိနေခဲ့သော ဧရာမ တောင်ကုန်းကြီး တစ်ခုမှာ စူးချန်ကဲ၏ တိုက်ခိုက်မှု နောက်ဆက်တွဲအနေဖြင့် ပြိုကျပျက်စီးသွားခဲ့သည်။

  “အဟွတ် အဟွတ် “

ပိုးစိုးပက်စက် အရိုက်ခံလိုက်ရသော ရှီးရှောက်ချန်၏ တစ်ကိုယ်လုံးမှာ သွေးများရွှဲအိုင်နေပြီး အလွန်ရှက်ရွံ့နေပုံရသည်။

အကယ်၍ သူ့တွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မရှိသည့်အပြင် သူ၏ အသွေးအသားမှာလည်း မကောင်းဆိုးဝါး သွေး မပါခဲ့ပါက ၊ခုလောက်ဆို သူသည် စူးချန်ကဲ၏ လက်ဖဝါးအောက်တွင် အပိုင်းပိုင်း ကြေမွသွားပေတော့ည်။

စူးချန်ကဲ အံ့အားသင့်သွားသည်-

“ဘယ်ဆိုးတုန်း၊ ငါ့လက်ဝါးစာ ခံပြီးတာတောင် မသေသေးဘူး ၊ ငါ့ရဲ့ စီးတော်‌ယာဥ်ခြင်္သေ့ ဖြစ်ဖို့ အရည်အချင်း ရှိတယ်”

မျှော်လင့်ထားတဲ့အတိုင်း မကောင်းဆိုးဝါးမျိုးနွယ်စု ဖြစ်တဲ့ တော်ဝင်မိသားစုတွေက‌ အဲ့ဒီ ငါးပုပ် ပုစွန်ပုပ်တွေနဲ့ နှိုင်းယှဉ်လို့‌တောင် မရဘူး။

ရှီးရှောက်ချန်သည် ဤကမ္ဘာပေါ်တွင် သူဖန်တီးမည့် ဂုဏ်သတင်းကို လုံးဝ ပြီးပြည့်စုံသွားအောင် ဖန်တီးပေးနိုင်ခဲ့သည်။

ခေတ်ကာလတစ်လျှောက်လုံး၊ ဤအရာကို လူအနည်းငယ်မျှသာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ရှီးရှောက်ချန်သည် အနာဂတ်တွင် ဧကရာဇ်မင်းမြတ် ဖြစ်လာရန် မျှော်လင့်ထားပြီး၊ ဧကရာဇ်မင်းမြတ်၏ အသွင်အပြင်မျိုးလည်း ပိုင်ဆိုင်ထားရှိသည်။

“ငါ”

“ငါမင်းကို သတ်မယ်!!”

ရှီးရှောက်ချန် တစ်ကိုယ်လုံး ဒေါသ‌ကြောင့် တဆက်ဆက် တုန်ခါနေခဲ့သည် ။မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ သူတော်စင် ပညာရှိ နယ်ပယ်အဆင့်ထိ ပေါက်မြောက်ထားတဲ့သူက ဒီလို အရှက်ကွဲတာကို လက်ခံနိုင်မတဲ့လား။

ကောင်းကင်ကို မော့ကြည့်ကာ မြည်ဟိန်းလိုက်ပြီး၊ သူ၏ အငွေ့အသက်များကို အစွမ်းကုန် နှိုးဆွလိုက်သည် ။

  ဝုန်း!

တောက်ပသော ရွှေဝါရောင် အလင်းတန်းများက သူ၏ ကိုယ်ပေါ်၌ တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ၊ ပေတစ်ထောင်မြင့်သော ရွှေခြင်္သေ့အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝေါင်း!

ကျယ်လောင်သော ဟိန်းသံသည် အသံလှိုင်းများကဲ့သို့ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ၊ တိမ်တိုက်များပင် တုန်လှုပ်သွားခဲ့ရသည်။

တစ်ကိုယ်လုံးကို ရွှေဝါရောင် အခိုးအငွေ့များက ဝန်းရံထားပြီး ၊ ၎င်း၏ ရွှေရောင်ဆံပင်များသည် ကြည်လင်သော နွေဦးကဲ့သို့ ထူးဆန်းသော အလင်းရောင်များဖြင့် စီးဆင်းနေသည်။

သူ၏ လည်ပင်း‌‌ပေါ်တွင် ရက်စက်ကြမ်းကြုတ်ပုံရသည့် ကြီးကျယ်ခမ်းနားသော ခေါင်းကိုးလုံး ထွက်ပေါ်လာခဲ့သည်နှင့် အမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါများလည်း ထွက်ပေါ်လာခဲ့သည်။

သူ၏ မူလပုံစံကို ပြသလိုက်ခြင်းပင်!

ဤအခိုက်အတန့်တွင် သူသည် အလွန်ဒေါသထွက်နေပုံရပြီး ၊ ဒေါသထွက်နေသော ဟိန်းသံသည် မိုးခြိမ်းသံ အလား ၊ကောင်းကင်နှင့်မြေကြီးကိုတောင် လှုပ်ခါသွားစေခဲ့သည်။

“ ကွေးယွမ်ရဲ့ ဆက်ခံသူကလည်း ရက်စက်လွန်းပါတယ်၊ ရှီးရှောက်ချန်ရဲ့ မူလပုံစံကိုတောင် ထုတ်ပြအောင် ဖိအားပေးနိုင်ခဲ့တယ်”

“ဒါပေမယ့် ဒါက မဆင်မခြင် လုပ်လိုက်တာ မဟုတ်လား ၊ မကောင်းဆိုးဝါး မျိုးနွယ်စုက ကိုယ့်ရဲ့ မူလပုံစံကို ပြောင်းလဲလိုက်တာနဲ့ သူ့ရဲ့ စွမ်းအားက အရင်ကထက် နှစ်ဆ ပိုပြင်းထန်တယ် ၊ဒီလိုလုပ်လိုက်တာနဲ့ ကိုယ့်သေလမ်းကို ရှာတာနဲ့ မတူဘူးလား? “

“ ကွေးယွမ်ရဲ့ ဆက်ခံသူက သူ့ကိုယ်သူ ယုံကြည်ချက်လွန်ကဲနေတာ မဖြစ်နိုင်ဘူးလား?”

အဝေးက‌နေ ကြည့်နေကြသော ပါရမီရှင်လူငယ်အချို့သည် သက်ပြင်းများ ချလျက် ထင်ကြေးမျိုးစုံ ပေးနေကြသည်။

ခေါင်းကိုးလုံး ရွှေခြင်္သေ့၏ မုလပုံစံနဲ့ဆို ဤလျှို့ဝှက်နယ်မြေတွင် ရှိနေကြသော ပါရမီရှင် လူငယ် ၉၀% နီးပါး သုတ်သင်ပစ်နိုင်သည် ။

လူတစ်ယောက်က စူးချန်ကဲကို စိန်ခေါ်လိုက်တိုင်း၊ ထိုအခြေအနေကို သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်ရသည်။

စူးချန်ကဲ၏ သူတော်စင် အသွေးအသား၏ စွမ်းအားသည် အနည်းငယ် ပေါက်ကွဲထွက်လာခဲ့သည်။ဒါကို စူးချန်ကဲ သတိမထားမိပုံရသည်။

ချက်ချင်းဆိုသလို ၊ စူးချန်ကဲကို ကာကွယ်ရန် ကြိုးစားနေသကဲ့သို့ နတ်ဘုရားများနှင့် နတ်ဆိုးများ၏ အသွင်သဏ္ဍာန်များသည် သူ၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။

စူးချန်ကဲသည် လေဟာပြင်ပေါ်တွင် လက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လိုက်သည်။

လေပြင်းတိုက်ခတ်မှုကြောင့် သူ၏ နက်မှောင်သော ဆံနွယ်ပင် သုံးထောင်သည် လေနှင့်အတူ မျှောလွှင့်ကခုန်လျက် ရှိသည်။

ချိုမြိန်ပြီး အပြစ်အနာအဆာကင်းသော ထိုမျက်နှာသည် ကောင်းကင်ဘုံ၏ အပြောင်မြောက်ဆုံး လက်ရာကဲ့သို့ ထင်မှတ်ရသည်။ သူ၏ မျက်ဝန်းများမှာလည်း ငြိမ်သက်နေသော ရေကန်အလား ။

ထိုကဲ့သို့ ဂုဏ်ကျက်သရေဖြင့် ပြည့်စုံနေသော စူးချန်ကဲ၏ ပုံရိပ်သည် ကျင့်ကြံသူ အမျိုးသမီးအပြားကို အထင်ကြီးစေပြီး ၊သူမတို့၏ နှလုံးသားထဲတွင် စူးချန်ကဲအတွက် တိတ်တဆိတ် ဆုတောင်း နေကြသည်။

“ ဟောင်ရှန့်....”

မော့ရန်ရှီးသည် သူမကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ရေရွတ်လိုက်သည်။

T/N - ဟောင်ရှန့် ဆိုတာ တူသလိုလိုပဲ ကို ပြောတာပါ ၊ ဒါပေမဲ့ စာရေးဆရာက နာမည်အဖြစ် ဖော်ပြထားတာလား ၊ စကားပြောအနေနဲ့ ဖော်ပြထားသလား ဆိုတာ နောက်အပိုင်းတွေမှ သိမှာ ဖြစ်လို့ ခုလို စာနှစ်ခွ ဘာသာပြန်လိုက်ပါတယ်

သူမ၏ မျက်လုံးထဲတွင် ထို၀တ်ရုံဖြူ၏ ရုပ်သွင် ကိုသာ စွဲစွဲလန်းလန်း ဖြစ်နေပြီး သူကလွဲ၍ တခြားအရာ မရှိခဲ့ပေ။

“ ဒီအ‌ခြေအနေထိတောင် ရောက်နေပြီ ၊ ဒါကို ငါ့‌‌ရှေ့မှာ လာပြီး အတင့်ရဲနေသေးတယ်ပေါ့!?”

ရှီးရှောက်ချန်က သူ့စိတ်ထဲကနေ တီးတိုးကျိန်ဆဲလိုက်သည်။

သူ့ဟာသူ ထူးခြားတဲ့ အရာကြီးဆိုတောင် ဘာဖြစ်လဲ? ဒီနေ့ သူ သေချာပေါက် သေရမည်။

သို့‌သော် စူးချန်ကဲ၏ ဘာမှမထူးခြားသော အကြည့်များက သူ့ကိုယ်သူ ဘယ်လောက်တောင် ယုံကြည်မှု ရှိနေလဲဆိုတာကို ပြသနေခဲ့သည်။

“သားရဲ တစ်ကောင်အဆင့်ထက် မပိုပါဘူး”

“ကျုပ် စူးမျိူးနွယ် လက်ဖဝါး တချက်တည်းနဲ့ ဖိနှိပ်လို့ ရတယ်!”

All Chapters