အခန်း (၅၆-၆၀)
Vol. 4 Ch. 56-60
အပိုင်း(၅၆) : ချန်ကဲ ဆက်ခံသူမရိုက်ပါနဲ့တော့၊ ကျွန်တော်လက်ခံပါပြီ
“လူသား! သိပ်ကိုမောက်မာလွန်းတယ်!”
ရှီးရှောက်ချန်သည် လွန်ခဲ့တဲ့ နှစ်တွေကတည်းက မရေမတွက်နိုင်သော မကောင်းဆိုးဝါများကို အနိုင်ယူခဲ့သည်။ဒီလို လူသားတစ်ယောက်က သူ့ကို မထီမဲ့မြင်ပြုဝံ့တယ်ပေါ့?
ဟိန်းသံ!
ကြောက်မက်ဖွယ်ရာ ကောင်းသော အသံလှိုင်းလုံးကြီးသည် စူးချန်ကဲဆီသို့ တည့်တည့်ဦးတည်သွားသည်။
တစ်ချိန်တည်းမှာပင်၊ ရှီးရှောက်ချန်၏ ခေါင်းကိုးလုံးမှ ကွဲပြားသော နတ်အလင်းကိုးပါး ထွက်ပေါ်လာခဲ့သည်။
ဝုန်း!
ထို့အပြင် နတ်သံကြိုးများအဖြစ် ရောယှက်ထားပြီး ၎င်းစွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကိုတောင် ထိုးဖောက်ဝင်ရောက်နိုင်သည့်အထိ ပြင်းထန်လွန်းလှသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်း၏ ကြီးမားသော ခြေသည်းများသည် လေဟာပြင်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
သူသည် စူးချန်ကဲ၏ ခေါင်းကို တိုက်ရိုက် ကုတ်ပြီး ဖောက်ခွဲရန် ပြင်လိုက်သည်။
ဘုန်း!
စူးချန်ကဲ လှုပ်ရှားလာခဲ့ပြီဖြစ်သည် ။
သူ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်သည် မြည်ဟည်းနေပြီး တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဇီဖူ ကမ္ဘာကြီးသည် ပွက်ပွက်ဆူလာကာ ၊တာအိုလမ်းစဉ်၏ မှော်သင်္ကေတများမှာလည်း ထကြွလာခဲ့သည်။
တခဏချင်းမှာပဲ ၊ ရွှေဝါရောင်သွေးစွမ်းအင်သည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲသည် သူ့လက်ကို မြှောက်လိုက်ပြီး ကောင်းကင်ကို ဖြိုခွင်းခြင်း လက်သီးသိုင်းဖြင့်
ထိုးထည့်လိုက်သည်။
ကွဲအက်သံ!
ပြိုင်ဘက်ကင်းသော လက်သီး၏ ရောင်ဝါတွင် အဆုံးမရှိသော စွမ်းအားများ ပါဝင်နေပုံရပြီး ဟင်းလင်းပြင်ကိုတောင် ကွဲအက်သွားစေခဲ့သည်။
ရှီးရှောက်ချန်၏ ခေါင်းကိုးလုံးမှ ထွက်လာသော နတ်အလင်းများမှာ တိုက်ရိုက် ဖြိုခွဲခံလိုက်ရသည် ။
ထို့နောက် စူးချန်ကဲ၏လက်သီး စွမ်းအားနှင့် ရှီးရှောက်ချန်၏ လက်သည်းတို့မှာ ထိတွေ့သွားခဲ့သည်။
ဂြိုလ်သိမ်ဂြိုလ်မွှားများ ဝင်တိုက်မိသလိုမျိုး၊စွမ်းအားများသည် မီးပွင့်များပမာ ပွင့်ထွက်လာခဲ့သည်။
ဤမျှ အားကောင်းသော စွမ်းအားသည် ရှီးရှောက်ချန်အား ရှေးဟောင်း အထွပ်အထိပ် တောင်တစ်ခုကို ဝငိတိုက်မိသကဲ့သို့ ခံစားစေခဲ့သည်။
သူ၏ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် လူတကိုယ်လုံး အဝေးသို့ လွင့်ပြန်ကျသွားသည် ။
ဝှစ် !
စူးချန်ကဲ၏ ခြေထောက်အောက်တွင် အလင်းတန်းများ လင်းလက်သွားခဲ့ပြီး၊သူသည် အနောက်သို့ လွင့်ပြန်ကျသွားသော ရှီးရှောက်ချန်ကို ဖမ်းယူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် စီးလျက်ရက်သား ထိန်းချုပ်လိုက်သည်။
“မင်း သေချင်တာလား!”
“ငါ့ကိုယ်ပေါ်ကနေ မြန်မြန်ဆင်းသွား!”
ရှီးရှောက်ချန်သည် ဒေါသတကြီး ဖြစ်နေခဲ့ပြီး အရမ်းကို အရှက်ရနေခဲ့သည် ။
သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်ပြီး ယခုအခါတွင် သူသည် တစ်စုံတစ်ယောက်၏ စီးနင်းခြင်းကို ခံနေရသည်။
၎င်း၏ ခန္ဓာကိုယ်တွင် အလင်းရောင်များက တဖန် ပြန်လည်တောက်ပလာခဲ့ပြီး ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက နိုးထလာပုံပေါ်သည်။သူသည် စူးချန်ကဲကို တစ်ရှိန်ထိုး အနိုင်ယူနိုင်ရန် စွမ်းအားများကို
အစွမ်းကုန် စုဆောင်းရန် ကြံရွယ်လိုက်သည် ။
“ခေါင်းမာလွန်းတယ်”
ဝုန်း!
စူးချန်ကဲသည် အေးစက်စွာ ဆိုလိုက်ရင်း နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။
ရှီးရှောက်ချန်၏ ကိုယ်ထည်ပေါ်ရှိ မှော်သင်္ကေတများသည် ချက်ခြင်း ကွဲကြေသွားပြီး၊သူ့ကိုပြန်တိုက်ခိုက်ရန် စုဆောင်းသိမ်းယူနေသည့် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများမှာလည်း ပျက်ပြယ်သွားခဲ့ရသည်။
၎င်း၏ ခေါင်းကိုးခုစလုံးကို သွေးများ ထွက်သည့်အထိ ပညာပေးလိုက်ပြီး ၊ ပို၍အရှက်ရအောင်လုပ်ခဲ့သည်။
“လက်ခံမလား လက်မခံဘူးလား?”
စူးချန်ကဲက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ငါ လက်မခံဘူး!”
“ငါ ရှီးရှောက်ချန် သေတဲ့အထိ အရိုက်ခံရရင်တောင်၊ ဒါမှမဟုတ် ဒီလျှို့ဝှက်နယ်မြေရဲ့ ချောက်ကမ်းပါးပေါ်က ခုန်ချသေရမယ်ဆိုတောင် မင်းကို ငါအရှုံးမပေးဘူး!”
ရှီးရှောက်ချန်သည် ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။
ဝုန်း!
ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အဝေးက တောင်တစ်လုံးကို တိုက်မိပြီး ၊ အားပြင်းသော ၎င်း၏စွမ်းအားကြောင့် တောင်မှာ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
မြေကြီးတခုလုံး လှုပ်ခါယမ်းလျက်၊ ကျောက်ဆောင် ကျောက်ခဲများ လွင့်ပျံသွားကာ မရေမတွက်နိုင်သော ရှေးဟောင်းသစ်ပင်ကြီးများပင်လျှင် မြေပြင်ပေါ်သို့ လဲပြိုကျသွားခဲ့သည်။
“ ငါလည်း ခေါင်းမာတဲ့ သခင်တစ်ယောက်ပဲ!”
ဘုန်း!ဘုန်း!
စူးချန်ကဲသည် ရှီးရှောက်ချန်၏ ခန္ဓာကိုယ်နှင့် ခေါင်းများကို အဆက်မပြတ် ထိုးနှက်လိုက်သည်။
စူးချန်ကဲ၏ ရိုက်နှက်မှုများကြောင့် ဒွါရခုနှစ်ပေါက်မှ သွေးများစီးကြလာခဲ့ပြီး နတ်သံကဲ့သို့ ခိုင်ခံ့သော အရိုးများပင်လျှင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည် ။
ဒါတောင် စူးချန်ကဲ၏ ကရုဏာသက်မှုလို့ ဆိုရပေမည်။
သို့မဟုတ်ပါက ပထမ လက်သီးချက်နဲ့တင် စူးချန်ကဲ၏ အကန့်အသက်မဲ့ ဇီဖူကမ္ဘာက စွမ်းအားများဖြင့် သူသည် သွေးအမြှုပ်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
“လက်ခံမလား လက်မခံဘူးလား?”
“ဟားဟားဟား!”
ရှီးရှောက်ချန်သည် သူ့ပါးစပ်ထဲက သွေးကို အန်ထုတ်လိုက်ရင်း ဖြေလိုက်သည်။
“ငါ လက်မခံဘူး”
“ငါ ထပ်ပြောလိုက်မယ်၊ ငါ ရှီးရှောက်ချန် သေတဲ့အထိ အရိုက်ခံရရင်တောင်၊ ဒါမှမဟုတ် ဒီလျှို့ဝှက်နယ်မြေရဲ့ ချောက်ကမ်းပါးပေါ်က ခုန်ချသေရမယ်ဆိုတောင် မင်းကို ငါအရှုံးမပေးဘူး!”
“အရမ်းကောင်းတယ် ၊ ငါကလည်း ဒီလိုခေါင်းမာတာမျိုးကို သဘောကျတာ “
စူးချန်ကဲသည် ရှီးရှောက်ချန်၏ ဒဏ်ရာများကို ပြန်လည်ကုစားပေးလိုက်သည်။
“လူသား၊ မင်း ဒီလိုလုပ်လို့ ရမယ် မထင်နဲ့”
သို့သော် ရှီးရှောက်ချန် စကားမဆုံးခင်မှာပဲ စူးချန်ကဲ၏ လက်သီးသည် သူ့အပေါ်သို့ ထပ်မံကျရောက်လာခဲ့သည်။
ဘုန်း ဘုန်း!
ဒီတခေါက်ရဲ့ လက်သီး စွမ်းအားသည် ပို၍ သန်မာပြီး တောင်ပေါင်းများစွာကိုတောင် လှဲဖြိုနိုင်သည်။
တစ်ဖက်လူရဲ့ အရိုးအဆစ်တွေက ဒီလောက် ကြံ့ခိုင်နေမှတော့ ဒဏ်ရာကို ပြန်ကုစားပြီး ထပ်ပြန်ရိုက်တာက ပိုမကောင်းဘူးလား?
ဒါ ခန္ဓာကိုယ်ကို အသေမသတ်ပဲ ၊ စိတ်ကို အသေသတ်တဲ့ နည်းလေ!
“မင်း လက်မခံသေးဘူး ဟုတ်လား ၊ ဒီတစ်ခါတော့ ငါ မင်းကို သေအောင်ရိုက်ရလိမ့်မယ်”
“နာတယ်၊ နာတယ်၊ နာလွန်းလို့ သေတော့မယ်၊ တော်ပါတော့၊ ငါတောင်းပန်တယ်၊ မတိုက်ပါနဲ့တော့ ၊ ငါ လက်ခံပါတယ်”
“မင်း တော်တော် မာနကြီးတာမဟုတ်ဘူးလား၊ မင်းပဲ စောနက ချောက်ကမ်းပါးပေါ်ကနေ ခုန်ချသေရမယ်ဆိုတောင် ငါ့ကို အရှုံးမပေးဘူးဆို၊ ငါ မင်းကို ယုံရပါ့မလား? “
“ချန်ကဲ ဆက်ခံသူ ၊ ချန်ကဲ သခင်ကြီး ၊ဘိုးဘေး ချန်ကဲ ကျွန်တော် တကယ်ကို လက်ခံပါတယ် ၊ ကျွန်တော်ကို ယုံကြည်ပြီး ခွင့်လွှတ်ပေးပါ “
ပွဲကြည့်ပရိတ်သတ်များမှာ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့။
ရှီးရှောက်ချန် တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဒဏ်ရာများမှ ရွှေရောင် ဖျော့ဖျော့သွေးစက်များက စီးကျနေခဲ့သည်။
စီးကျလာသော မျက်ရည်များကို သုတ်လျက် ၊မျက်ရည်လေး ဝဲလည်ဝဲလည်ဖြင့် ကြည့်နေသည်မှာ အလွန်သနားစရာကောင်းလှသည်။
ထိုမြင်ကွင်းကို တွေ့လိုက်ရသူတိုင်း ကြောင်အမ်းသွားကြသည်။
ကြီးကျယ်ခမ်းနားတဲ့ ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုကို အမွေဆက်ခံမယ့် သူက ငိုနေတယ်တဲ့လား?
သူ၏ မျက်နှာအမူအယာမှာ ဒဏ်ရာရနေသော ချွေးမငယ်လေးကဲ့သို့ပင် ။
စူးချန်ကဲသည် သိပ်ကြောက်စရာ ကောင်းပေသည်။ ပြိုင်ဘက်ကင်းသော ထိုလက်သီးတွင် မရေမတွက်နိုင်သော စွမ်းအားများ ပါဝင်နေပုံ ရပေသည်။
စူးချန်ကဲ၏ ကိုယ်ခန္ဓာထဲက ကမ္ဘာ့သစ်မျိုးစေ့သည် အချိန်နဲ့အမျှ ဖြေးဖြေးချင်း ကြီးထွားလာနေသည် ဖြစ်ရာ အကယ်၍ သူသာ ကမ္ဘာသုံးထောင်အထိ ကြီးထွားနိုင်ခဲ့မည် ဆိုပါက ၊ ကမ္ဘာသုံးထောင်၏ စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ၎င်း၏ လက်သီးစွမ်းအားသည်လည်း နတ်ဆိုးများကိုတောင် နောက်ဆုတ်သွားစေနိုင်မယ့်အထိ စွမ်းအားကြီးလာမည်ဖြစ်သည်။
“ သေသင့်တဲ့လူသား၊ကွေးရွှီ လျှို့ဝှက်နယ်မြေမှာ ကန့်သတ်နိယာမ ရှိလို့သာပေါ့ အဲဒါကြောင့်သာ ငါ့ရဲ့ အစွမ်းထက်ဆုံး ဝှက်ဖဲကို အသုံးမပြုနိုင်တာ”
“ ငါသာ ကွေးရွှီလျို့ဝှက်နယ်မြေထဲကနေ ထွက်လာတဲ့အခါကျရင် ၊ငါ ဒီကောင် စူးချန်ကဲကို သေချာပေါက် သတ်မယ်!”
ရှီးရှောက်ချန်သည် အံကြိတ်လျက် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
သို့သော် သူရဲ့ ဝှက်ဖဲတွေ အားလုံး ထုတ်ပြရင်တောင် စူးချန်ကဲကို ယှဉ်နိုင်မည် မဟုတ်ပေ။
“မင်း ကြည့်ရတာ လက်ခံချင်ပုံမပေါ်သေးဘူး”
“မင်း ကွေးရွှီ လျှို့ဝှက်နယ်မြေကနေ ထွက်လာတာနဲ့ ငါ့ကို လှည့်စားဖို့ ကြံနေတာမလား?”
စူးချန်ကဲသည် ရှီးရှောက်ချန်၏ အကြံကို မြင်နေရသည်။ရှီးရှောက်ချန်၏ အမွှေးမျှင်ကြီးများကို ပုတ်လိုက်ရင်း ပြုံးပြုံးရွှင်ရွှင် မေးလိုက်သည်။
ထိုအပြုံးသည် ရှီးရှောက်ချန်ကို ပို၍ တုန်လှုပ်စေခဲ့သည်။ စူးချန်ကဲသည် ၎င်း၏ စိတ်ထဲတွင် အရိပ်မဲကြီးတစ်ခုအဖြစ် အုပ်စိုးထားခဲ့ပြီ ဖြစ်သည်။
ရှီးရှောက်ချန်သည် ခေါင်းကို ခပ်မြန်မြန်လေးယမ်းလိုက်ပြီး ချော့မော့သော အပြုံးဖြင့်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!”
“ ချန်ကဲ ဆက်ခံသူရဲ့ သိုင်းပညာနှင့် ခွန်အားက ဒီကမ္ဘာပေါ်မှာ အတုမရှိပါဘူး၊ ကျွန်တော် ရင်ထဲ ဆက်ခံသူကို အလွန် လေးစားမိပါတယ်”
“ငါ ရှီးရှောက်ချန် ဒီနေ့ကစပြီး ဆက်ခံသူရဲ့ စီးတော်ယာဉ်ပဲ ၊ ဆက်ခံသူက တစ်ဆို တစ် ၊ နှစ်ဆို နှစ်ပဲ ၊ ငါ ဘယ်တော့မှ မဆန့်ကျင်ဘူး!”
“တော်တယ် ၊ဒါနဲ့ မင်းပဲ ကောင်းကင်ကြေးမုံရဲ့ ကောင်းချီးပေးခံရတဲ့ အရာကို သိချင်နေတာမလား ငါ ကိုယ်တော် မင်းကို အမြင်ကျယ်စေရမယ်”
စူးချန်ကဲက မပြုံးတပြုံး ဆိုလိုက်သည်။
ရှီးရှောက်ချန်၏ စကားသည် ခဏ အချိန်ဆွဲထားသည့် ဗျူဟာမျှသာ ဖြစ်ကြောင်းကို သူသိသည်။သို့သော် ကိစ္စမရှိပေ။သူ ဤလျှို့ဝှက်နယ်မြေမှ မထွက်ခွာမီ ထိုမျိုးနွယ်စု အကုန်လုံးကို လုံးလုံး အနိုင်ယူနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။
“အမြင်ကျယ်စေရမယ်?”
ရှီးရှောက်ချန် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ့မျက်လုံးများမှာ ချက်ချင်း ဝင်းလက် တောက်ပလာခဲ့သည်။
“ဘာများလဲဆိုတာ နည်းနည်းတော့ မျှော်လင့်မိတယ် “
အပိုင်း( ၅၇) : ပုံတူ ယန်ဧကရာဇ်က ကြီးစိုးချယ်လှယ်လွန်းတယ်
တစ်ချိန်တည်းမှာပင်၊
ကြီးကျယ်ခမ်းနားသော အထွတ်အထိပ် တောင်တစ်လုံး၏ ရှေ့တွင်၊
နေရာမှာ ဆိတ်ညံလျက် ရှေးခေတ် ရှုခင်းများကို မြင်တွေ့ရပေသည်။
မီးခိုးရောင် အခိုးအငွေ့များက လေထဲတွင် ပြန့်နှံ့လို့နေကာ ၊ဤကမ္ဘာကြီးထဲ ထူးဆန်းသော အငွေ့အသက်များက ဖြည်းဖြည်းချင်း စိမ့်ဝင်နေခဲ့သည်။
သို့သော် ထိုကဲ့သို့ ထူးဆန်းသော နေရာတစ်ခုတွင် ပါရမီရှင် တပည့်များစွာ စုဝေးလို့ နေသည်။
သူတို့၏ အမူအရာများသည် အလွန်လေးနက်ပြီး ၊ တချို့က ထိတ်လန့်သော အမူအရာများဖြင့် တဖက်ကို တဖက် စိုက်ကြည့်နေကြသည်။
အထူးသဖြင့် ချောမောလှပသော အမျိုးသမီးးလေး အချို့က အလွန် အခက်တွေ့နေပုံပေါ်သည်။
သူမတို့၏ ပိတ်ကျဲစ စကတ်များပေါ်တွင် သွေးများ စွန်းထင်းနေပြီး၊တိုက်ပွဲတစ်ခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ သူမတို့၏ အသက်ရှုသံများသည် အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။
သူမတို့ရှေ့တွင် ဝတ်ရုံနက် လူငယ်လေး တစ်ယောက် ရှိနေခဲ့သည်။
သူ၏ မျက်လုံးများသည် ဂရုမစိုက်ဟန်ဖြင့်၊ သူ၏ ဘယ်လက်ကို ကျောနောက်ကိုပစ်ထားပြီး သူ၏ညာလက်ပေါ်တွင် တောက်လောင်နေသော မီးတောက်တစ်ခု ရှိနေခဲ့သည်။
၎င်း အပူချိန်သည် ဟင်းလင်းပြင်ကိုတောင် ပုံပျက်သွားစေနိုင်ပြီး ထိုမီးတောက်ကို ထိတွေ့လိုက်မည်ဆိုပါက ချက်ချင်းလာငင်း ပြာကျသွားနိုင်သည်။
သူသည် ကွေးယီးဂိုဏ်း၏ လူငယ် ဂိုဏ်းခေါင်းဆောင် လီဟန်ပင်။
“ ဟွားချန်ကူ ရဲ့ နတ်မိမယ်တွေက ဘာလို့ ဒီလောက်တောင် ခက်ခက်ခက်ခဲ လုပ်နေတာတုန်း၊ မင်းတို့သာလက်နက်ချရင် မင်းတို့ကို ခက်ခဲအောင် ငါ မလုပ်ဘူး”
လီဟန်သည် မဲ့ပြုံးပြုံးလိုက်သည်။
မကြာသေးမီက သူမတို့သည် လီဟန်နှင့် ဆုံတွေ့ခဲ့သည်။
အပျက်အစီးတွေကြားက အမွေအနှစ် လုယူမှုနှင့် ပတ်သတ်၍ အငြင်းပွားခဲ့ရာမှ တိုက်ပွဲဖြစ်ခဲ့ကြသည်။
“ ဒီလီဟန်ရဲ့ ခွန်အားက ငါတို့ စိတ်ကူးထားတာထက် အများကြီး သာလွန်တယ်”
“ငါတို့ညီအစ်မတွေ ဒီတစ်ခေါက် အန္တရာယ်ရှိမှာကို ကြောက်မိတယ်”
ဟွားချန်ကူ၏ ခေါင်းဆောင် နတ်မိမယ် ပိုင်ချင်လော့ က ဆိုလိုက်သည်။သူမသည် ဟွားချန်ကူရဲ့ နတ်မိမယ် ဆယ့်နှစ်ပါးထဲက အဆင့် ခုနစ် နယ်မိမယ် တစ်ဉီးဖြစ်ပြီး ယခုအခိုက်အတန့်တွင် သူမ၏ မျက်နှာသည် လေးနက်ပြီး အနည်းငယ် ကြောက်ရွံ့နေပုံပေါ်သည် ။
တစ်ဖက်တွင် လီဟန်သည် သူ တစ်ယောက်တည်း ဖြစ်သော်လည်း၊ သူ တစ်ယောက်တည်း ခွန်အားနဲ့တင် သူမတို့ကို ချေမှုန်းရန် လုံလောက်ပေသည်။
ယခင်တိုက်ပွဲအပြီးတွင် သူ၏အခြေအနေသည် အထွတ်အထိပ်သို့ ရောက်နေဆဲဖြစ်သည်။
“ဒါက မင်းတို့ရဲ့ နောက်ဆုံးရွေးချယ်မှုပဲ၊ မင်းတို့ ငါ့ကို ကူညီပြီး အထဲဝင်ပြီး လမ်းကြောင်းစုံစမ်းပေးမလား ဒါမှမဟုတ် အသေခံမလား”
လီဟန်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ သူ့လက်ထဲက အပြာရောင် မီးတောက်သည် ပိုလို့ တောက်လောင်လာသည်။ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်အလား။
“လီဟန် နင် သိပ်လွန် မလာနဲ့!”
ပိုင်ချင်လော့၏ အမူအရာသည် သုန်မှုန်နေသည်။ဤနေရာတွင်ရှိနေသော ထူးဆန်းသော အခိုးအငွေ့များသည် သူတို့၏ နတ်အသိစိတ်ဖြင့် အာရုံခံမှုကိုတောင် ဟန့်တားနိုင်သည်။
အထဲတွင် မည်ကဲ့သို့ ထိတ်လန့်စရာများ ရှိနေမလဲဆိုတာကို ဘယ်သူကများသိနိုင်မည်နည်း။
လီဟန်သည် သူမတို့ကို အထဲကို ဝင်ကာ လမ်းကြောင်းရှာဖို့ တောင်းဆိုနေခဲ့သည်။ဒါ အရမ်းကို ယုတ်ညံ့ရက်စက်တဲ့ နှလုံးသားပိုင်ရှင် မဟုတ်လား!
“လီဟန်၊ ငါတို့အားလုံးက လူသားမျိုးနွယ်စုတွေချည်းပဲ ၊ ဒီလို ချောင်ပိတ်မရိုက်သင့်ဘူး”
ထိုအချိန်တွင် ချိုမြိန်သော အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမသည် ကျောက်စိမ်းကဲ့သို့ လှပသောခြေထောက် ၊ နင်းလိုဖြူဖွေးသောအသားရေ ၊သွယ်လျသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အဖြူထည် ပိတ်စကပ်လေးနှင့် သူမသည် ဘယ်ပန်းချီ ရေးလို့မမီသော နတ်သမီးတစ်ပါးကဲ့သို့ပင်။
အထူးသဖြင့် မည်သည့်အပြစ်အနာအဆာမှ မရှိသော သူမ၏ ဟန်ပန်သည် လူကို ပိုလို့တောင် မှင်သက်စေသည် ။
“အိုး.. မိန်းကလေး ယွင်ကွေ့ က ဟွားချန်းကူက လူတွေအတွက် ရပ်တည်ပေးနေတာလား”
လီဟန်သည် မပြုံးတပြုံး မေးလိုက်သည်။သို့သော် သူ၏ အကြည့်များသည် အလွန်လေးနက်ပေသည်။
ယွင်ကွေ့၏ အရည်အချင်းနှင့် ခွန်အားသည် သူ့ထက် အားမနည်းပေ။
သူမသည် ဒွါရကိုးပေါက်နှင့် ပြည့်စုံသော နှလုံးသားဖြင့် မွေးဖွားလာသူဖြစ်ပြီး တာအိုလမ်းစဉ်တွင် အတုမရှိသော ထိုးထွင်းသိမြင်နိုင်သော ညဏ်စွမ်းကို ပိုင်ဆိုင်ထားသည်။
ကျင့်ကြံခြင်းတွင် လော့ရှဂိုဏ်း၏ တာအို လမ်းစဉ် ကြာဖြူကျင့်စဉ်ကို တတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ကြာဖြူပွင့်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးတို့တောင် တုန်ခါမြည်ဟိန်းရသည်။
“ဒါဆို ခေါင်းဆောင်ဆောင် လီဟန်က တစ်လှမ်း နောက်ဆုတ်ပေးနိုင်မလား?”
နတ်မိမယ် ယွင်ကွေ့သည် ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်ရင်း ပိုးသားလို ချစ်စရာကောင်းသော အကြည့်များဖြင့် မေးလိုက်သည်။
“ နတ်မိမယ် ယွင်ကွေ့ ၊ ဒါက မသင့်လျော်သလိုပဲ ၊ ကွေးရွှီ လျှို့ဝှက်နယ်မြေမှာ အင်အားအကြီးမားဆုံး သူကသာလျှင် ဘုရင်ဖြစ်နိုင်တယ်”
“ငါ ဘာပဲလုပ်လုပ် ၊ ဒါတွေ အားလုံးက နိယာမစည်းမျဉ်းတွေပဲလေ”
လီဟန်က အလျှော့မပေးဘဲ အေးစက်စွာပြောလိုက်သည်။
“ငါ့အစ်မကို အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့!”
ထိုအချိန်တွင် မိန်းကလေး တစ်ယောက်၏ ဒေါသသံသည် ကောင်းကင်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို ၊ပန်းရောင်ပွင့်ချပ်များဖြင့် ဖုံးအုပ်ထားသော ဟာရီကိန်းမုန်တိုင်း တစ်ခု ဝင်ရောက် တိုက်ခတ်ခဲ့သည်။
လီဟန်သည် ထိတ်လန့်ခြင်း မရှိ ၊ အေးစက်စွာ နှာမှုတ်လိုက်ရင်း တဖက်လူ၏ တိုက်ခိုက်မှုကိုလွယ်လင့်တကူ ချေဖျက်ပစ်လိုက်သည်။
“ညီမ ရန်ရှီး!”
“ရန်ရှီး၊ နင်ဘာမှမဖြစ်တာ သိပ်ကောင်းတာပဲ !”
“နေစမ်းပါဦး၊ အဲ့တာက ကွေးယွမ်ရဲ့ ဆက်ခံသူ?”
“သူ စီးနေတာက ခေါင်းကိုးလုံးရွှေခြင်္သေ့?!”
အားလုံးက ထိတ်လန့်စွာဖြင့် တစ်ချက် ကြည့်လိုက်သည်။
ခေါင်းကိုးလုံး ရွှေခြင်္သေ့၏ ပတ်ပတ်လည်တွင်
ရွှေဝါရောင် တိမ်တိုက်များက ဝန်းရံထားပြီး၊
မှော်င်္ကေတများက ထကြွလျက်ရှိသည်။
စူးရှတောက်ပနေသော နေရောင်ကဲ့သို့ ၎င်း၏ ပေါ်ထွက်လာမှုသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ပိုလို့တောင် ဆွဲဆောင်နေခဲ့သည့် အရာမှာ ခေါင်းကိုးလုံး ရွှေခြင်္သေ့၏ကျောပေါ်တွင် ထိုင်နေသော ဝတ်ရုံဖြူ လူငယ်လေး တစ်ယောက်ပင်ဖြစ်သည်။
အလင်းတန်းများက ဖိတ်ဖိတ်တောက်ပလျက်။
နတ်အလင်းရောင်များဖြင့် ရေချိုးထားသော အမတအရှင်တစ်ပါးကဲ့သို့။
ထင်မှတ်မထားသော သွင်ပြင်မှ ယောင်ဝါးဝါး ထွက်ပေါ်လာသော ပြင်းထန်သော ဓားဆန္ဒသည် ဘုံကိုးထပ်က တိမ်စိုင်တိမ်ခဲများကို ခွင်းလျက် ဓားတစ်စင်းတည်းဖြင့် ဘုံကိုးထပ်က ကြယ်စင်များကိုတောင် ထိရိုက်ပစ်နိုင်သည်။
“သိပ်ချောတာပဲ ငါလည်း စီးချင်တယ်”
“ကိုကို ဆက်ခံသူရဲ့ မျက်နှာက အရမ်းချောတာပဲ၊ ငါ့နှလုံးသားလေးတောင် ရင်ခုန်နှုန်းတွေ မြန်နေပြီ “
“တကယ်လို့ အပြင်မှာသာ မဟုတ်ရင် ၊
ငါ သည်းမခံနိုင်ဘူး နော်~”
စူးချန်ကဲ ရောက်ရှိလာသည်နှင့်အမျှ၊ မူလက တင်းမာနေသော လေထုသည် ချိုမြိန်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့သည်။
“ဒါ ကွေးယွမ်ရဲ့ ဆက်ခံသူလား?”
“ သခင်လေးရဲ့ ရုပ်အဆင်းအင်္ဂါက ကျောက်စိမ်းလိုပါ့လား ၊ တကယ်ကို ထူးခြားပါပေတယ်”
စူးချန်ကဲ၏ အသွင်အပြင်ကို ဖုံးအုပ်ထားသော မြူများ ပျောက်ကွယ်သွားသည့်နှင့်အမျှ ၊
နတ်မိမယ် ယွင်ကွေ့၏ မျက်လုံးများမှာလည်း ဝင်းလက် တောက်ပသွားခဲ့သည်။
စူးချန်ကဲ၏ လူတစ်ကိုယ်လုံး အသွင်အပြင်သည် အားလုံး၏ ရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာခဲ့သည်။ အံ့သြဖွယ်ရာကောင်းသော အင်္ဂါငါးရပ်နှင့် ပြည့်စုံလွန်းတာကြောင့် အစစ်အမှန်မဟုတ်ဘူးလို့တောင် ထင်မိသည်။
သို့သော် အချို့သော မကောင်းဆိုးဝါး မျိုးနွယ်စု၏ ပါရမီရှင် လူငယ်များအဖို့ ဘဝင်မကျနေပုံရသည် ။
သူတို့ရဲ့ သခင် ရှီးရှောက်ချန်က စူးချန်ကဲရဲ့ စီးတော်ယာဉ်တဲ့လား!
ထိုအဖြစ်အမှန်ကို သူတို့ အချိန်အတော်ကြာ လက်ခံနိုင်ခြင်း မရှိခဲ့ပေ။
“စူးချန်ကဲ?”
လီဟန် မျက်နှာ မှုန်သုပ်သွားသည်။
သူနှင့် စူးချန်ကဲကြားတွင် မကျေနိုင်သော ရန်ငြိုးတစ်ခု ရှိခဲ့သည်။ဒါတင်မက ကွေးယီးဂိုဏ်းကပဲ ပြန်လည် တောင်းပန်ခဲ့ရသောကြောင့် ပို၍ အရှက်ကွဲခဲ့ရသည်။
သူသည် ကွေးယီး ဂိုဏ်း၏ လူငယ်ခေါင်းဆောင် အနေဖြင့် နောင်တွင် ဤအရှက်တရားကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမည် ဖြစ်သည်။
စူးချန်ကဲသည် လီဟန်ရဲ့ နောက်က လော့ချင်းယွီကို သတိပြုမိခဲ့သည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု လှစ်ဟသွားခဲ့သည်။
နတ်သမီးတစ်ပါးလို ရောင်ဝါရှိတဲ့ ဒီရဲ့ အသွင်အပြင်က လူကို နွေဦးလေညင်းလေး ခံစားလိုက်ရသလိုပဲ ။
“ဟီးဟီး၊ ဆက်ခံသူက ငါ့ကို ပြုံးပြနေတယ်!”
“ဘာတွေလျှောက်ပြောနေတာလဲ၊ဆက်ခံသူက ငါ့ကို ပြုံးပြနေတာ!”
“တော်ကြတော့ သူ ပြုံးပြနေတာက ငါ့ကို~”
အမျိုးသမီးလေးများမှာ ရွှပိုးထလျက် နေသည်။
စူးချန်ကဲ၏ အပြုံးသည် သူမတို့ကို ဟက်ထိသွားစေခဲ့သည်။
ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လျစ်လျူရှုရင်း စူးချန်ကဲသည် ခဏ တွေးလိုက်သည်။
“ဒါက ကွေးယီး ဂိုဏ်းရဲ့ လူငယ်ဂိုဏ်းခေါင်းဆောင် လီဟန် မလား?”
ထို့နောက် စူးချန်ကဲသည် ကံကြမ္မာဖတ် မျက်လုံးကို အသုံးပြုလိုက်သည်။
[လီဟန်၊ ကံကြမ္မာ တန်ဖိုး - ၃၁၂ မှတ် 】
“အို့၊ ကြည့်ရတာ အတော်သန်တဲ့ ကြက်သွန်မြိတ်ပဲ ! “
စူးချန်ကဲသည် လီဟန်၏ ကံကြမ္မာကို အသေးစိတ် ကြည့်ရှုလိုက်သည်။
[လီဟန် : ကွေးယီး ဂိုဏ်း၏ လူငယ်ဂိုဏ်းခေါင်းဆောင် ၊ ကွေးရွှီ လျှို့ဝှက်နယ်မြေကိုသွားရောက်လည်ပတ်စဉ် ကောင်းကင်လမ်းစဉ်၏ ကောင်းချီးပေးမှုလည်း ဖြစ်နိုင်သလို ကောင်းကင်မင်းကြီးသည် ထိုက်တန်သူ အပေါ် စောင်မသည် ဆိုသော ဆိုရိုးအတိုင်း ၊
နောက်ဆုံးတွင် သူသည် ရှေးဟောင်း မကောင်းဆိုးဝါး ဧကရာဇ်မင်း ချန်ထားခဲ့သော ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်၏ အထွပ်အထိပ်အဆင့်ကို အောင်မြင်နိုင်ခဲ့သည်။ 】
“အိုး? မဟုတ်မှလွဲရော ဒီကမ္ဘာရဲ့ ယန်ဧကရာဇ် ဖြစ်လာမှာလား?”
T/N - ယန်ဧကရာဇ်မင်းက မီးနဲ့ ကျင့်ကြံသူ တစ်ယောက်ပါ
“ စိတ်ဝင်စားဖို့ကောင်းတယ် သုံ့လော အတွက် ယစ်ပူဇော်ပေးလိုက်ရင်”
စူးချန်ကဲ အပျော်ကြီး ပျော်နေသည်။စိတ်ကူးယဉ်ဆန်သော အချိန် ခရီးသွားရင်း၊သူသည် ကံကောင်းခြင်း၏ သားတော် ဖြစ်သည့် ကြက်သွန်မြိတ်များ ရိတ်သိမ်းရသည်ကို အတော်လေး နှစ်သက်မိလာသည်။
စူးချန်ကဲ၏ အပြုံးကိုမြင်တော့ လီဟန် တုန်လှုပ်သွားသည်။
အအေးဓာတ်က သူ့အရိုးထဲအထိ ပျံ့နှံ့သွားခဲ့သည် ။
“ငါ ဘာလို့ ရုတ်တရက် ခံစားချက် မကောင်းသလို ဖြစ်နေပါလိမ့်?”
သူသည် အဖျက်စွမ်းအား မီးတောက်ကို
ပိုင်ဆိုင်ထားသူ ဖြစ်ပြီး တကယ်တန်း တိုက်မည်ဆိုပါက ထိုအဖျက်စွမ်းအား မီးတောင်သည် အလဟသ မဟုတ်မှန်း သိပေလိမ့်မည်။
“ စူးချန်ကဲ၊ ဒီရဲ့ အပျက်အစီး(အမွေအနှစ်)တွေကို ငါ အရင် တွေ့ထားတာ မဟုတ်မှလွဲရော မင်း လုယူချင်တာလား”
“မင်း ရှာတွေ့ထားတာ?”
စူးချန်ကဲသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့ကို စီးလျက်သားဖြင့် အပြုံးမပျက် လီဟန်ကို ငုံ့ကြည့်လိုက်သည်။
စူးချန်ကဲ၏ အကြည့်သည် သေမျိုးကမ္ဘာထဲက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသလိုမျိုးပင်။
“ လျှို့ဝှက်နယ်မြေမှာ အင်အားအကြီးမားဆုံး သူကသာလျှင် လုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး တစ်စုံတစ်ယောက်က ပြောခဲ့သလားလို့”
“ ပြီးတော့ ငါကိုယ်တော်ကလည်း တကယ်ပဲ မင်းစီကနေ လုယက်မလို့ပဲ”
“ မင်း !”
“အဲ့တော့ ဘာဖြစ်လဲ?”
ဝုန်း!
စကားဆုံးသည်နှင့် စူးချန်ကဲ ပတ်ပတ်လည်ရှိ ရောင်ဝါများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်ကြီးသည် ကြည်လင်လာခဲ့သည်။
ဟင်းလင်းပြင်အလယ်တွင် ၊ကြီးကျယ်အခမ်းအနားသော ဝိညာဉ်စွမ်းအင်၏ ဖိနှိပ်စွမ်းအားသည် နေရာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အားလုံး ထိတ်လန့်နေကြပုံရပြီး တချို့မှာ တုန်လှုပ်ခြောက်ခြားနေကြသည်။
လူတိုင်း၏ စိတ်ထဲတွင် စကားလုံး နှစ်လုံး ပေါ်ထွက်လာခဲ့သည်။
အပိုင်း(၅၈): ဓားသည် အားလုံးကို ချိုးဖျက်လျက် ၊ လူကို ထိတ်လန့်စေတယ်
“စူးချန်ကဲ!”
လီဟန်၏ အမူအရာသည် မှုန်သုန်နေသည်။
စူးချန်ကဲသည် ဒီလောက်အထိ အထက်စီးဆန်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူသာ ငြိမ်နေလိုက်မည်ဆိုပါက၊
ဒါဆို ဟာသဖြစ်မသွားပေဘူးလား၊ကွေးယီးဂိုဏ်း၏ ဂုဏ်သတင်းများလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပေလိမ့်မည်။
“သိပ်အထက်စီးဆန်လွန်းတယ်! ငါမင်းကို ကြောက်လိမ့်မယ်လို့ ထင်နေလား!?”
“ဒီရဲ့ အပျက်အစီး(အမွေအနှစ်)တွေကို ငါ လီဟန် ပိုင်တယ်၊ သူတော်စင် အရှင် လာတောင် မပေးနိုင်ဘူး”
ထိုသို့ပြောပြီးနောက် လီဟန်၏ လက်ဖဝါးမှ အဖျက်စွမ်းအား မီးတောက်များ တဟုန်းဟုန်း ထကြွလာခဲ့သည်။
ဟူး ဟူး ဟူး !
မီးတောက်များသည် ကြီးမားသော မီးတောက် စပါးအုံးမြွေကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး လီဟန်ကို ရစ်ပတ်ထားသည်။
“ယို့ မြွေပေါက်လေးပါ့လား?”
“ငါကိုယ်တော် အရင်တုန်းကလည်း ငါးတစ်ကောင်ကို သက်ခဲ့ဖူးတယ်။”
“မင်းလည်း စမ်းကြည့်ချင်လား”
စူးချန်ကဲသည် ပေါ့ပေါ့ပါးပါး ပြုံးကာ လီဟန်ကို အပျော်သဘောဖြင့် ကြည့်လိုက်သည်။
“မင်း..!”
လီဟန်က ဘာမှမပြောနိုင်ခဲ့ချေ။
စူးချန်ကဲ၏ ကြောက်စရာကောင်းသော စွမ်းအားများကို သူသိသည်။ သူနှင့် ချင်ထိုက်ယီသည် အရည်အချင်း တန်းတူလို့ ပြောလို့ရနိုင်သည်။
သူသည် ကိုယ့်ကိုယ်ကို အထင်ကြီး လေးစားရင်း နေထိုင်လာခဲ့သူ ဖြစ်သည်။သို့သော် သူသည် လူအများရှေ့တွင် စူးချန်ကဲ၏ အရှက်ခွဲခြင်းကို ခံလိုက်ရသည်။ချင်ထိုက်ယီနှင့် အရည်အချင်း တန်းတူ ရှိတယ် ဆိုသည့် အချက်ကို သူ ထုတ်ဖော်မပြနိုင်ပေ။
“စူးချန်ကဲ! မင်း ချင်ထိုက်ယီကို သတ်နိင်တာနဲ့ပဲ ပြိုင်ဘက်ကင်းပြီလို့ ထင်နေလား!?”
“ဒီနေ့ ငါ..”
ဘုန်း!
စူးချန်ကဲထံမှ ကြောက်မက်ဖွယ်ရာ ကောင်းသော လက်သီးစွမ်းအား ထွက်ပေါ်လာသည်။
လက်သီးက ကောင်းကင်ကို ထိုးဖောက်သွားပြီး ကောင်းကင်နှင့် မြေကြီးကိုတောင် လှုပ်ခတ်သွားစေခဲ့သည်။
ထိုလက်သီးရဲ့ ဖိနှိပ်စွမ်းအားသည် အရင်ကထက် ပိုပြီး သာလွန်သည်။
အဘယ်ကြောင့်ဆိုသော် စူးချန်ကဲသည် လုံရှန့်ဖိနှိပ်စွမ်းအား သိုင်းအစီအရင်ကိုပါ ပေါင်းစပ်ထားသောကြောင့်ပင် ဖြစ်သည်။
[လုံရှန့်ဖိနှိပ်စွမ်းအား သိုင်း -ခန္ဓာကိုယ်အတွင်းရှိ အသွေးအသားများကို မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲပေးပြီး ၊ အမှုန်တစ်ခုစီတိုင်းက နတ်ဘုရားစွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်သည်။ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်နိုင်ပြီး အဆုံးမဲ့ ကြယ်များကို ကြွေကျစေနိုင်လောက်သည့်အထိ မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ဖုံးကွယ်ထားသည့် တုန်လှုပ်ဖွယ်ရာ ကောင်းသော မှော်စွမ်းအား အမျိုးအစား ဖြစ်သည်။ 】
ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်ခဲ့မည် ဆိုပါက ၊ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲတွင် အမှုန်အမွှားပေါင်း သန်း ၈၄၀ အထိ အသွင်ပြောင်းလဲနိုင်ပြီး ၊အမှုန်တစ်ခုစီတိုင်းတွင် ရှေးဟောင်း နတ်ဆိုးနဂါးနှင့် နတ်ဆိုး ဆင်၏ စွမ်းအားများပါရှိသည်။
ရုပ်ခန္ဓာ၏ စွမ်းအားသည်လည်း လွန်ကဲစွာ ဖွံ့ဖြိုးလာပေလိမ့်သည်။
လက်တချက် မြှောက်လိုက်ရုံဖြင့် စကြာဝဠာနဂါးငွေ့တန်းများကို ဖျက်ဆီးနိုင်ပြီး ၊ ဤကမ္ဘာပေါ်ရှိ အရာအားလုံးကိုလည်း ဖျက်ဆီးပစ်နိုင်သည်။
လီဟန်၏ ရုပ်သွင်သည် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာတွင် လက်သီး၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော သဲလွန်စတစ်ခုသာ ကျန်ရှိနေခဲ့ပြီး ၊ထိုစွမ်းအားထဲတွင် ပါဝင်သော သွေးချီစွမ်းအင်သည် လူကို ပို၍ကြောက်လန့်စေသည်။
“ဒီရက်ပိုင်း မင်းတို့ ရက်စက်တဲ့ အကြောင်းတွေကိုပဲ ငါကြားနေရတယ်”
“ငါ ဆက်ခံသူရဲ့ နားတွေတောင် မခံနိုင်တော့ဘူး”
“ငါနဲ့တိုက်ခိုက်ဖို့အရေး ခိုးကြောင်ခိုးဝှက် လုပ်ဖို့ လိုလို့လား?”
စူးချန်ကဲသည် အခိုးအငွေ့တထောင်းထောင်း ဖြစ်နေသော သူ၏လက်သီးကို ပြန်ရုပ်သိမ်းလိုက်ရင်း ရွံရှာနေသော အမူအရာဖြင့်ဆိုလိုက်သည်။
“ငါပဲ အမြင်မှားခဲ့သလား ?ဟွားချန်ကူက နတ်မိမယ်လေးတွေကို နှိပ်စက်နေခဲ့တဲ့ လီဟန်က ဒီလိုနဲ့ ပျောက်သွားပြီပေါ့?”
“ငါကတော့ အရည်အချင်းရှိတဲ့ ဇာတ်ဆောင်တစ်ယောက်လို ထင်နေခဲ့တာ၊ လက်စသတ်တော့ ဇာတ်ရံ ဖြစ်နေခဲ့တာကိုး”
“ ငါတို့ရဲ့ ဆက်ခံသူရှေ့မှာ ဇာတ်ရံတောင် ဖြတ်မလျှောက်ရဲဘူးပဲ “
“ ပါးစပ်ပိတ်စမ်း၊ မင်းစကားမပြောရင်တောင်ဘယ်သူကမှ မင်းကို အအ လို့ ထင်မှာ မဟုတ်ဘူး”
လူတိုင်းက ထင်ကြေးများ ပေးနေကြသည်။
ယနေ့ စူးချန်ကဲ၏ လွှမ်းမိုးနိုင်မှုသည် ကွေးယွမ် ဆက်ခံသူ၏ နောက်ထပ် အသွင်အပြင် တစ်ခုကို သူတို့အားလုံးကို သတိပြုမိစေခဲ့သည်။
ကျင့်ကြံသူ အမျိုးသမီးလေးများမှာ ပို၍ တမ်းတမ်းစွဲ ဖြစ်ကုန်ကြသည်။
ပြောမပြနိုင်လောက်အောင် ချောမောသော မျက်နှာ၊ ကြီးစိုးချယ်လှယ်နိုင်သော သူ၏ ဟန်ပန်သည် အန္တရာယ်များပြီး လျှို့ဝှက်ဆန်းကြယ်ကာ လူကို သေလောက်သည့်အထိ ဆွဲဆောင်မှုရှိနေသည်။
ဘုန်း!
ထိုအခိုက်အတန့်တွင် အဝေးတစ်နေရာမှအပျက်အစီးများကြားထဲတွင် အနီရောင် နေမီးတိုင်အလား အလင်းတန်းကြီးသည် ကောင်းကင်သို့ တည့်တည့် ထိရိုက်သွားခဲ့သည်။
ထုတ်လွှတ်လိုက်သော ပူပြင်းတောက်လောက်သော အငွေ့အသက်သည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
“စူးချန်ကဲ!”
လီဟန် အချိန်အတော်ကြာ ထိန်းချုပ်ထားခဲ့သော လူသတ်ချင်သည့် ဆန္ဒသည် ယခုအချိန်မှာတော့ လုံးဝ ပေါက်ကွဲထွက်လာခဲ့ပြီပင်။
လက်စားချေမည့် ဇာတ်ကွက်ကို အပိုထပ်ဆောင်း ထည့်လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီအချိန်မှာတော့ လီဟန်၏ အစွမ်းသည် အရင်ကထက် အများကြီး ပိုကောင်းလာခဲ့သည်။
အထူးသဖြင့် ထိုမီးသည် ကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်သော အစွမ်းသတ္တိရှိသည်။
“ဒီလောက် မီးအစွမ်းနဲ့တင် ဖြစ်တယ်”
“ကဲ လာ ၊ မင်းရဲ့ လုပ်နိုင်စွမ်းကို ပြသလိုက်စမ်းပါ”
စူးချန်ကဲကို ဘယ်လက်ကို နောက်ကို ပစ်ထားဆဲပင် ဖြစ်ပြီး သူ၏ ညာလက်ကို ဆန့်တန်းကာ စိန်ခေါ်သည့် အမူအရာကို ပြသခဲ့သည်။
ဘုန်း!
လီဟန်က တုံ့ဆိုင်းမနေဘဲ သူ့လက်ကို မြှောက်ကာ တောက်လောင်နေသော မီးတောက်များနှင့်အတူ ပေါက်ကွဲပစ်လိုက်သည်။
မီးတောက်များသည် မီးတောက်မုန်တိုင်းကဲ့သို့ လေထဲတွင် ဝဲပျံနေပြီး ဟင်းလင်ပြင်ကြီးမှာ တစ်စ တစ်စ ကွဲအက်သွားခဲ့ကသည်။
“သေစမ်း!”
လီဟန်သည် သူ၏ ခွန်အားရှိသမျှ အစွမ်းကုန် အသုံးပြုလိုက်ပြီး အဖျက်စွမ်းအား မီးတောက်ကို အသက်သွင်းလိုက်သည်။
အပူလှိုင်းလုံးကြီးသည် အဆက်မပြတ် လှိမ့်တတ်လာခဲ့သည်။ ၎င်းထဲတွင် မရေမတွက်နိုင်သော အဖျက်မှော်သင်္ကေတများ ရှိနေပြီး ထိုစွမ်းအားသည် နေရာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
“ အရမ်းကို အစွမ်းထက်တယ်!”
နတ်မိမယ် ယွင်ကွေ့၏ လှပသော မျက်လုံးများ မှာ ဝင်းလက်တောက်ပသွားသည်။
လီဟန်သည် လူသားမျိုးနွယ် ကျင့်ကြံသူ တစ်ယောက်ဖြစ်သော်လည်း ၊ သို့သော် သူ မွေးရာပါ ပိုင်ဆိုင်ထားသော အဖျက်စွမ်းအား မီးတောက်ကို ကောင်းစွာထိန်းချုပ်နိုင်ပြီး မကောင်းဆိုးဝါး မျိုးနွယ်စုထဲက ဖီးနစ်ဌက်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
သူသည် လူသားမျိုးနွယ်ကြားတွင် ထူးဆန်းသော မျိုးစိတ်တစ်ခုဟု ဆိုကြသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
“မင်းရဲ့ ပြသမှုက ဆယ်မှတ်မှာဆို ငါ သုံးမှတ်ပေးမယ် ၊ မဆိုးဘူး “
“ ခဲစေ!”
စူးချန်ကဲသည် ဘာမှမထူးခြားသော အမူအယာဖြင့်။
ရေရွတ်အပြီးတွင် ၊ အဆုံးမရှိသော ဓား၏ ရောင်ဝါသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။
ကြောက်စရာကောင်းသော ဓားဆန္ဒသည် ဤနေရာ တစ်ခုလုံးကို အေးခဲသွားစေပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစက်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
စူးချန်ကဲသည် ၎င်းတို့၏ အလယ်ဗဟိုတွင် ရှိနေပြီး ၊ အချင်းဝက် ရှိ လပ်နေသော နေရာတိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
လီဟန်၏ မီးတောက်များသည် လူသတ်ရန် ဦးတည်လာချိန် စူးချန်ကဲဆီသို့ မရောက်ခင်မှာပဲ ပျက်သုန်းသွားခဲ့ရသည်။
“ဖြတ်တောက်စေ!”
စူးချန်ကဲသည် ၎င်း၏ တိုက်ခိုက်မှုကို ဖြေရှင်းနေစဉ်မှာပဲ သူသည် ဓားကို စေခိုင်းကာ ရှေ့ကို ထောင့်ဖြတ် ခုတ်ချပစ်လိုက်သည်။
ရွှက် ! ရွှက်! ရွှက် !
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းသည် ကြာပန်းများ ပွင့်သွားသည့် အလား ၊နေရာတွင် စုဝေးသွားပြီး လေဟာပြင်ထဲတွင်ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
သူ ထွက်ပေါ်လာသည့် လမ်းကြောင်းတိုင်း ဟင်းလင်ပြင်ကြီးမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်ရသည်။
လောင်မြိုက်နေသော မီးတောက်များသည် တစ်စစီ ကွဲထွက်ခံလိုက်ရပြီး ၊ လူသူကင်းမဲ့သော နေရာထဲ ဝင်ရောက်သွားမည်ဆိုပါက ၊ ထိုအရာကို ဤကမ္ဘာပေါ်ရှိ မည်သည့်အရာကမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
“ ကောင်းလိုက်တဲ့ ဓားအလင်း! တစ်ချက်တည်းနဲ့တင် လမ်းကြောင်းအကုန်လုံးကို ဖျက်စီးပစ်နိုင်တယ်!”
“ဒီအမြန်နှုန်း က သိပ်မြန်လွန်းတယ် ၊ငါတောင် ဘာမှမတုံ့ပြန်နိုင်ခင် ၊ဓားစွမ်းအင်တွေက ဖြတ်တောက် ပြီးနေပြီ!”
“ကိစ္စတွေက ဒီအထိ ရောက်လာပြီဆိုမှတော့ ၊
ဒါက အခုလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ!”
လီဟန်သည် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချမှတ်ကာ အမြန် တုံ့ပြန်လာခဲ့သည်။
ထောင်ပေါင်းများစွာသော မီးတောက်များက သူ့ခန္ဓာကိုယ်ပေါ် ပြည့်နှက်သွားကာ ၊ သူ့ရှေ့က မြေကြီးသည် တစ်စစီ ကွဲအက်သွားပြီး ပေတစ်ရာမြင့်သော မီးတောက်နံရံကြီးအဖြစ် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ အဖျက်စွမ်းအား မီးလျှံနံရံမှ မီးတောက် မြွေကြီးများသည် လေထဲတွင် ကျယ်လောင်စွာ မြည်ဟိန်းနေခဲ့သည်။
“မင်းက ငါ့နဲ့ ထိပ်တိုက်ရင်ဆိုင်ချင်လား”
“မပြောမဖြစ် ပြောရဦးမယ်”
“မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်”
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။သူ့ပုံစံသည် ထင်းရှူးပင်တစ်ပင်လိုမျိုး ဆိတ်ငြိမ်နေပြီး ထပ်ပြီး လှုပ်ရှားရန် စိတ်ကူးမရှိသည့် ပုံစံဖြင့်။
ဝှစ် ! ဝှစ် ! ဝှစ်
ဓားချက် တစ်ချက် နှစ်ချက်ဖြင့် မီးတောက်မြွေကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။မီးလျှံနံရံကြီးမှာလည်း စက္ကူကဲ့သို့ ဓားစွမ်းအင်နှင့် ထိတွေ့လိုက်သည့်အခိုက်တွင် ကွဲအက်သွားခဲ့သည် ။
အင်အားကြီးမားသော ဓားစွမ်းအင်က လီဟန်ကို မီတာရာပေါင်းများစွာ ကွာဝေးသည့် အပျက်အစီးများကြားတွင် ပျံ့လွှင့်သွားစေခဲ့သည်။
အခိုးအငွေ့များ တဟုန်းဟုန်း ထလျက်။
တစ်ဖက်က စူးချန်ကဲမှာမူ။
အညစ်အကြေး တစက်ကလေးမှ တင်ကျန်ရစ်ခြင်းမရှိသော ဝတ်ရုံဖြူနှင့်အတူ ခြေတစ်လှမ်းမှတောင် ရွေ့မသွားခဲ့ချေ။
ငြိမ်သက်နေသော ရေကန်ပြင်အလား ဘာမှထူးခြားမသွားသော အမူအယာဖြင့်။
ပါရမီရှင် တပည့်များစွာသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် အားလုံးအံ့အားသင့်သွားကြရသည်။
စူးချန်ကဲ အရမ်းသန်မာတယ်ဆိုတာ သူတို့သိသည်။
သို့သော် ဒီလောက်ပြင်းထန်လိမ့်မယ်လို့မျှော်လင့်မထားခဲ့ပေ။
ဤမျှ ခြားနားမှုကြီးသည် အရမ်းကို ပြတ်သားသော ခြားနားမှုကြီးဟု ဆိုရပေမည်။
“ဓားတစ်ချောင်းနဲ့တင် အားလုံးကို ချိုးဖျက်တယ်!”
ရုတ်တရက်၊ ဓားတစ်ချောင်း ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
“အစကနေ အဆုံးအထိ၊ ဆက်ခံသူ ချန်ကဲက ဓားစွမ်းအင်ကို ထုတ်သုံးပြီး ထောင်ပေါင်းများစွာသော ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကို ချေမှုန်းပစ်ခဲ့တယ်!”
“ဒါကသာလျှင် စစ်မှန်သော ဓားသမားပဲ!”
ပါရမီရှင် တပည့်များစွာတို့သည် တယောက်ပြီး တယောက် တုံ့ပြန်ကြသည် ။
လက်သီးက ကောင်းကင်ကို ထုတ်ချင်းပေါက်စေပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့ကာ၊ဓားသည် ကောင်းကင်ကို ဖြတ်ပိုင်း၍ ပင်လယ်ကိုတောင် ချိုးဖျက်နိုင်ခဲ့သည်။
အပိုင်း(၅၉) : ထူးဆန်းသောအခိုးအငွေ့ ၊ မော့ရန်ရှီး ပျောက်ဆုံးနေတာလား?
ဘုန်း!
အဝေးတစ်နေရာက အပျက်အစီးများသည် ချက်ချင်း ပေါက်ကွဲသွားခဲ့ပြီး လီဟန်သည်
ပြန်ထလာခဲ့ကာ လေဟာပြင်ထဲတွင် ရပ်နေခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ဝိုက်က မီးတောက်များ၏ လောင်ကျွမ်းမှုသည် ပို၍ရက်စက်ကြမ်းကြုတ်လာခဲ့သည် ။
သူ့လက်ဖဝါးပေါ်တွင် တောက်လောင်နေသော ကြာပန်းတစ်ပွင့် ပေါ်ပေါက်လာပြီး အပွင့်ဝတ်ဆံများသည် အနီရောင်မီးလျှံများနှင့်အတူ ထကြွလာခဲ့သည်။
“မင်း ငါ့ကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား!”
“ငါ့ရဲ့ ဒီ စွမ်းအားအသစ်ကို ခံစားခွင့်ရတာ မငိး ဂုဏ်ယူသင့်တယ်!”
လီဟန်၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ပေါ်လွင်နေပြီး သူ၏ စကားများက သူ၏ မာနကို ထုတ်ဖော်ပြသနေခဲ့သည်။
သူ့ကို ဝန်းရံထားသော မီးတောက်များသည် ထိုအခိုက်အတန့်တွင် ခွန်အားအပြည့်နဲ့ ထကြွလာခဲ့ပြီး သူစောင့်ကြပ်နေသော ကြာပန်းထဲသို့ တဖွဲဖွဲ သွန်းလောင်းချနေခဲ့သည်။
ခဏတဖြုတ် ၊ဤကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ဤကမ္ဘာပေါ်တွင် အမည်မသိ ကြောက်လန့်စရာ ကောင်းသော အရာတစ်ခုရှိနေသကဲ့သို့ ဤနေရာတစ်ခုလုံး မူမှန်ခြင်းမရှိ ဖောက်ပြန်နေခဲ့သည် ။
“ရှိသမျှနည်းတွေ အကုန်ကို ထုတ်သုံးနေတာပဲ “
စူးချန်ကဲလည်း ဆွံ့အနေမိသည်။
ဒါက ဗုဒ္ဓရဲ့ အမျက်ဒေါသကြာပန်း မဟုတ်လား။
သူ့ပါးစပ်ထဲရှိရာ ပြောလိုက်တာ တဖက်လူက ယန် ဧကရာဇ်မင်းရဲ့ ဒီဇိုင်း ဖြစ်သွားလိမ့်မယ်လို့ သူလည်း ထင်မထားဘူးလေ!
ဒါပေမဲ့ ဒင်းက ယန် ဧကရာဇ်မင်း လောက် အထိ မကြီးပြင်းသေးဘူးလေ။
ဒီတိုင်း လူရွှင်တော် တစ်ယောက်သာသာပဲ။
“ဒါပေမယ့် ဒီကောင်လေး လူကို တကယ်ကို စိတ်အနှောက်အယှက် ပေးတယ် ၊ ဒီအတိုင်း သတ်ပြစ်လိုက်ရမလား?”
စူးချန်ကဲ စိတ်အိုက်နေသည်။၎င်းသည် ကံကောင်းခြင်း သားတော်လေး တစ်ဦးဖြစ်သည် ။ဆက်ပြီး အသက်ရှင်ခွင့်ပေးလိုက်မယ်ဆိုပါက သေတာထက် ပိုကောင်းမည့် အခွင့်အလမ်းကောင်းများကို သူရိတ်သိမ်းနိုင်လိမ့်မည်။
စူးချန်ကဲ တစ်ယောက် စိတ်ရှုပ်နေတုန်း၊
ဘုန်း!
မီးခိုးရောင် ကဲ့သို့ ကြီးမားကျယ်ပြန့်သောအခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။
ကြောက်စရာကောင်းသော အခိုးအငွေ့များက ဧရိယာတစ်ခုလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။
“မကောင်းတော့ဘူး! ဒီမြူတွေထဲမှာ ထူးဆန်းတာတစ်ခု ရှိနေတယ်!”
“မြန်မြန် ထွက်ပြေးကြ!”
ဒီတခါတော့ ကြောင်အမ်းမနေဘဲ အားလုံး ချက်ချင်းဆိုသလို ထွက်ပြေးကြသည်။
ထိုထူးဆန်းသော အခိုးအငွေ့များသည် ရုတ်တရက် ရောက်ရှိလာခဲ့သည်။၎င်းသည် နတ်အသိစိတ် အာရုံခံမှုကို ဟန့်တားနိုင်ရုံသာမက ၎င်းတို့ စွမ်းအား၏တစ်စိတ်တစ်ပိုင်းကိုလည်း စုပ်ယူနိုင်သည်။
ကံဆိုးသော တပည့်အချို့သည် ၎င်းအခိုးအငွေ့များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ထိုသူတို့၏ အငွေ့အသက်များသည် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သေလား ရှင်လား မည်သူမှ မသိပေ။
“ဒီကောင် ပြေးတာ အတော်မြန်သကိုး”
စူးချန်ကဲသည် ခေါင်းယမ်းကာ ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ လီဟန်သည် ရုတ်ချည်း ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ် အခြေအနေကိုအခွင့်ကောင်းယူကာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
သို့သော် သူ့အတွက် အရေးမကြီးပေ။
အခိုးအငွေ့များ ထူထပ်လာသည်နှင့်အမျှ ရှေ့က မြင်ကွင်းကို ကောင်းစွာ မြင်နိုင်ခြင်း မရှိတော့ပေ။
စူးချန်ကဲသည် ဗဟိုတွင် နေလျက် ဝတ်ရုံ၏ လက်အစကို ဝေ့ယမ်းလိုက်ရာ ကြီးမားသော ဝိညာဉ်စွမ်းအင်များသည် လှိုင်းလုံးများသဖွယ် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
မှုန်မှိုင်းနေသော နေရာသည် ချက်ချင်းရှင်းလင်းသွားပြီး အမြင်အာရုံများလည်း ကြည်လင်လာခဲ့ပြီ ဖြစ်သည်။
သို့သော် သိပ်မကြာခင်မှာပဲ အခိုးအငွေ့များက စူးချန်ကဲဆီကို တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြန်သည်။
“နည်းနည်းတော့ ထူးဆန်းတယ်၊ ဘာလို့ အဆုံးမရှိတဲ့ ခံစားချက်မျိုး ရနေပါလိမ့်?”
“ခုနက ငါသုံးလိုက်တဲ့ စွမ်းအားအားလုံးကို စုပ်ယူလိုက်သလိုပဲ”
စူးချန်ကဲသည် သေချာစဉ်းစားကာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
“မကောင်းတော့ဘူး! ရန်ရှီး ပျောက်နေတယ်!”
“ ညီမလေး မော့!”
“ရန်ရှီး! ရန်ရှီး!”
ဟွားချန်းကူ၏ တပည့်များသည် ပရမ်းပတာ ဖြစ်နေကြပြီး ၊ မော့ရန်ရှီး၏ ပျောက်ဆုံးမှုသည် သူမတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
စူးချန်ကဲ မျက်မှောင်ကြုတ်သွားသည်။ဤနေရာသည် ကွေးရွှီ လျှို့ဝှက်နယ်မြေတွင် အထူးဆန်းဆုံး အမွေဆက်ခံရာ နေရာဟု ဆိုရပေမည်။
“ဒါက ဧကရီ ဘုရင်မ ဖြစ်တော့မယ့် ကံကြမ္မာလား”
“ဒါမှမဟုတ် တကယ်ပဲ အန္တရာယ်ရှိနေတာလား”
“မထူးပါဘူး၊ မက်မွန် ဧကရီ ဘုရင်မက တကယ်သာ ပျောက်သွားခဲ့ရင်၊ ငါ့ရဲ့ အရင်က ကြိုးစားမှုတွေ အားလုံး အချည်းနှီးဖြစ်သွားတော့မှာပဲ!”
စူးချန်ကဲသည် ကွေးယွမ်က တပည့်သားများကို မှာကြားလိုက်သည်။
“မင်းတို့ အရင်ဆုံး လုံခြုံတဲ့နေရာမှာ သွားနေ”
“ရှီးရှောက်ချန်၊ ငါတို့ အထဲကို ဝင်ကြည့်ကြမယ်”
ယွင်ရှင်းယန်က စိတ်ပူသွားပြီး မေးလိုက်သည်။
“ ဆက်ခံသူ၊ ရှင် အထဲကို ဝင်မလို့လား?”
“စိတ်မပူနဲ့ ၊ဒါက ငါ့အတွက်တော့ အေးအေးဆေးဆေး လမ်းလျှောက်ရုံသက်သက်ပဲ”
စူးချန်ကဲက ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
လျစ်လျူရှုထားသောအကြည့်နှင့် စကားလုံးများက သူ၏ ကိုယ်ပိုင်ခွန်အားကို အကြွင်းမဲ့ယုံကြည်ကြောင်း ပြသနေသည်။
ထို့နောက် စူးချန်ကဲသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့ကိုစီးကာ အခိုးအငွေ့များထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
“ဆက်ခံသူ စူးချန်ကဲ၊ ဒီအခိုးအငွေ့တွေက ကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအားတွေကိုပါ စုပ်ယူနိုင်ပုံရတယ်၊ ကျွန်တော်တို့ တကယ်ပဲ ဝင်မှာလား “
ရှီးရှောက်ချန် အခက်တွေ့နေသည်။အမှန်အတိုင်းဆိုရလျှင်ဖြင့် ဤနေရာသည် ထူးဆန်းလွန်းပြီး အခိုးအငွေ့များကလည်း ထူးဆန်းနေသည်။
အကယ်၍ ကြီးမားသော ထိတ်လန့်မှုကြီး တစ်ခုနှင့် ကြုံတွေ့ခဲ့ရမည်ဆိုပါက သူတို့အားလုံး နေရာမှာတင် သေသွားနိုင်သည်။
“ဒါက ကွေးရွှီ လျှို့ဝှက်နယ်မြေ ရဲ့ ဆန်းကြယ်ဆုံး အမွေအနှစ်နေရာတွေထဲက တစ်ခုပဲ”
“ဒီအထဲမှာ မကောင်းဆိုးဝါး ဧကရာဇ်မင်းမြတ်ရဲ့ အမွေ ရှိနေနိုင်တယ်”
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း ဆိုလိုက်သည်။
“မင်း မဝင်ချင်ရင် အခုပဲ ထွက်သွားလေ”
“ နတ်ဆိုးဧကရာဇ် မင်းမြတ်ရဲ့ အမွေ?”
ခေါင်းကိုးလုံးရွှေခြင်္သေ့၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။မကောင်းဆိုးဝါး ဧကရာဇ်မင်းမြတ်၏ အမွေသည် အလွန်ရှားပါးသော အမွေအနှစ်တခုဖြစ်သည်။
မကောင်းဆိုးဝါး ဧကရာဇ်မြတ်၏ အမွေကို ရယူနိုင်ပါက၊ ဧကရာဇ် လမ်းစဉ် နောက်ကို လိုက်နိုင်မည့် ကောင်းမွန်သော အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်သည်။
အထဲသို့ဝင်ပြီး သိပ်မကြာမီ ၊
ရှေ့တွင် ဧရာမ အရိပ်မည်းကြီးတစ်ခုကို မြင်လိုက်ရသည်။
နီးကပ်လာသည်နှင့်အမျှ ၊ ရှေးဟောင်း ကျောက်နံရံတစ်ခုကို တွေ့လိုက်ရသည်။
၎င်းပေါ်တွင် ရှေးဟောင်း ကမ္ပည်းစာများ
ရေးထိုးထားပြီး နတ်အလင်းတန်းများဖြင့် တောက်ပနေသည်။
မှော်သင်္ကေတများက ရောယှက်နေပြီး နေရာတစ်ခုလုံးလှုပ်ရမ်းနေခဲ့သည်။
ကျောက်နံရံပေါ်တွင် ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော မုခ်ပေါက်တစ်ခု မထင်မှတ်ပဲ ထွက်ပေါ်လာသည်။
တံခါးအတွင်းမှ ကြယ်များသည် တောက်ပစွာ လင်းလက်နေပြီး အမည်မသိ တစ်နေရာကို
ဦးတည်နေခဲ့သည်။
“ကျွတ် ကျွတ် ! ကံကောင်းခြင်းရဲ့ သမီးတော်လေး ဆိုတဲ့အတိုင်း ကြက်ကန်းဆန်အိုး တိုးသွားတာကိုး”
“မော့ရန်ရှီး ဒီထဲကို မတော်တဆ ဝင်သွားတာဖြစ်နိုင်တယ်”
စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်သွားခဲ့သည်။
ဝီး!
လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းစာများသည် လေထဲသို့ ပျံ့နှံသွားပြီး နတ်အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
သူ၏အမြင်အာရုံသည် ချာလပတ်လည်နေပြီး သူ့အား အမည်မသိသော စွမ်းအားတစ်ခုက ဆွဲငင်နေခဲ့သည်။
ခဏအကြာတွင်၊ စကျင်ကျောက်များဖြင့် ခင်းကျင်းထားသော ရှေးဟောင်း စင်္ကြံတစ်ခုသည် မြင်ကွင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။
မရေမတွက်နိုင်သော အချိန်၏တိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသော လေထုတစ်ခု ရှိနေခဲ့သည်။
စင်္ကြံတစ်လျှောက် အရိုးစုများ ရှိနေခဲ့သည်။
ထိုအရိုးစုများထဲတွင် လူသားမျိုးနွယ်စု၏ အရိုးများ၊ မကောင်းဆိုးဝါးမျိုးနွယ်စု၏ အရိုးများနှင့် မှော်လက်နက်အချို့ ရှိနေခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက်၊ ထိုအရိုးစုများနှင့် လက်နက်များ၏ စိတ်ဝိညာဉ်များသည် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သညိ။
၎င်းကို ထိတွေ့လိုက်မယ်ဆိုပါက ပြာဖြစ်သွားနိုင်သည်။
စင်္ကြံနံရံပေါ်တွင် ၊
ဓား၊ လှံ၊ ချွန်းများ၏ ခြစ်ရာများ ရှိနေသည်။ဤနေရာတွင် ဆိုးရွားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထိုသဲလွန်စများက ပြောပြပေးနေခဲ့သည်။
လေထုထဲတွင် ထူးဆန်းသော အနံ့တစ်ခုကို
ဝိုးတိုးဝါးတား ရနေပြီး လူ၏ စိတ်အနှောင့်အယှက် ဖြစ်စေသည်။
အပိုင်း(၆၀) : ရှင့်ရဲ့ အမွေက ရှင့်ရဲ့ ရှည်လျားသော အာဃာတကို ပြန်ပေးနိုင်လိမ့်မယ်
“ဒီနေရာက ထူးဆန်းတယ်၊ သတိထား”
စူးချန်ကဲ၏ အာရုံသည် အလွန်အကဲဆက်သည်။တိတ်တဆိတ် စောင့်ကြည့်ခံနေရသလိုမျိုး သူ ခံစားမိနေရသည်။
ဝှစ်!
ထိုအခိုက်အတန့်တွင် အမှောင်ထဲ၌ အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ခြောက်သွေ့ ချွန်ထက်သော လက်သည်းများက လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး စူးချန်ကဲ၏ ခေါင်းကို တိုက်ခိုက်ခဲ့သည်။
ဘုန်း!
စူးချန်ကဲသည် ဒီ့အတွက် အစောကြီးကတည်းက ပြင်ဆင်ထားပုံရပြီး ဘေးတိုက်ရှောင်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏လက်သီးဖြင့် တိုက်ခိုက်လိုက်သည်။
သို့သော်လည်း အရိပ်မည်းကို တိုက်ရိုက် မသတ်နိုင်ခဲ့ဘဲ၊ ထိုအရိပ်မည်းသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
“အိုး? ဇ မသေဘူးပဲ”
စူးချန်ကဲသည် သူ့ရှေ့က အရိပ်မည်းကို ဂရုတစိုက်ကြည့်လိုက်သည်။၎င်းသည် လူသားမျိုးနွယ်စုက ဖြစ်ပြီး လက်ရှိရုပ်သွင်သည် အရမ်း ကြောက်ဖို့ကောင်းနေခဲ့သည်။
သူ့တစ်ကိုယ်လုံး ပိန်ကပ် ခြောက်လှီနေပြီး မည်သည့် အသက်ဓာတ်မှ မရှိသည့် အပြင် မျက်နှာသည် ပုံစံယိုယွင်းကာ ထူးဆန်းနေသည်။သူ၏ မျက်ခွံထဲတွင် အစိမ်းရောင်သန်းနေသော မီးစုန်းနှစ်ခုရှိနေသည် ။
သို့သော် ၎င်း၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်ပြီး ချွန်ထက်သော လက်သည်းများက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး အူများတောင် ပွင့်ထွက်သွားနိုင်သည်။
ဘုန်း! ဘုန်း! ဘုန်း!
ထိုအခိုက်အတန့်တွင် ၎င်းကဲ့သို့ နောက်ထပ် အကောင်များစွာ ထွက်ပေါ်လာခဲ့ပြီး ၊၎င်းတို့ထဲတွင် လူသားမျိုးနွယ်စုတင်မက မကောင်းဆိုးဝါး မျိုးနွယ်စုများလည်း ပါဝင်သည်။
၎င်းတို့သည် စူးချန်ကဲနှင့် ခေါင်းကိုးလုံး ရွှေခြင်္သေ့ တို့ကို တဖြည်းဖြည်း ဝိုင်းရံလာခဲ့သည်။
၎င်းတို့၏ မျက်လုံးများထဲက မီးစုန်းများသည် လူ၏ အသွေးအသားကို ငမ်းငမ်းတတ်ကြည့်နေကြသည်။
ဟောက်သံ!
အရိပ်မည်းကြီးများက တညီတညွတ်တည်း ဟောက်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် စူးချန်ကဲဆီသို့ ပြေးဝင်လာကြသည်။
“ဒါ ဘာကောင်တွေလဲ!?”
ခေါင်းကိုးလုံး ရွှေခြင်္သေ့ခမျာ ကြက်သီးမွေး ဖြန်းဖြန်းထလျက် ၊ ၎င်းတို့သည် အရမ်း အန္တရာယ်များကြောင်းကို သူ၏ဗီဇက ပြောပြ နေခဲ့သည်။
အခန့်မသင်ရင် ၊ သေသွားနိုင်သည်။
စူးချန်ကဲ၏ အကြည့်များသည် အေးစက်နေသည်။သူသည် အေးစက်စွာ နှာမှုတ်လိုက်ရင်း တခဏချင်းမှာပင် လက်သီးချက်ပေါင်းများစွာဖြင့် တိုက်ခိုက်လိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
သတ္တုတိုက်မိသံများ ထွက်ပေါ်လာပြီးနောက် ထိုအရိပ်မည်းများသည် အဝေးသို့ လွှင့်ပျံကြသွားသည်။
ခေါင်းကိုးလုံး ရွှေခြင်္သေ၏ ဟိန်းဟောက်သံသည် ကြီးမားသော အသံလှိုင်းများအဖြစ် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ထိုအရိပ်မည်းကြီးများသည် ခဏမျှ
ရပ်ဆိုင်းသွားသော်လည်း သို့သော် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကာ စူးချန်ကဲတို့ နှစ်ယောက်ဆီသို့ ပြန်လည် ချဉ်းကပ်လာခဲ့သည်။
“သေချင်နေကြတယ်ပေါ့!”
ရှီးရှောက်ချန် ဒေါသထွက်လာခဲ့ပြီ ဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်သည် နတ်အလင်းရောင်များ ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်သည်းများပေါ်တွင် ရွှေဝါရောင် မှော်သင်္ကေတများ စုဝေးလို့နေကာ ၎င်း၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ရောင်ဝါများနှင့် အတူ ဝေဟင်ကနေ ဖိနှိပ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူ၏ ပါးစပ်ထဲမှ မီးတောက်များ၊ ဆီးနှင်းခဲများ ၊လျှပ်စီးမိုးကြိုးများကို စွမ်းအားအပြည့်ဖြင့် ထွေးထုတ်လိုက်ရာ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားလှိုင်းလုံးကြီးသည် မြှင့်တတ်လာခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးဆိုတောင် အရိပ်မည်းများကို လုံးဝ ထိခိုက်သွားခြင်း မရှိပေ။
၎င်းတို့၏ ခန္ဓာကိုယ်မှ မီးပွားအနည်းငယ်မျှသာ ထွက်ပေါ်လာခဲ့ပြီး စူးချန်ကဲတို့ နှစ်ယောက်ဆီသို့ ပြန်လည်ချီတက်လာပြန်သည်။
“စိတ်ဝင်စားစရာပဲ၊ ကြည့်ရတာ မင်းတို့ခန္ဓာကိုယ်က အတော်မာကျောပုံရတယ်”
“ငါ့ဓားထက် ပိုပြီးမာနိုင်သေးလား?”
ဝီ!
ထိုအချိန်တွင် စူးရှသော ဓားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ၏ လက်ဖဝါးမှ အလင်းတန်းများ တောက်ပလာပြီး ၊ ကောင်းကင်ဓားသည် အချိန်အတော်ကြာအောင် စောင့်မျှော်နေခဲ့သည်။
စူးရှသော ဓားအလင်းသည် အရာအားလုံးကို ဖြတ်တောက်ဖို့ အဆင်သင့်ဖြစ်နေသည့်ပုံပင်။
ဟောက်သံ!
အရိပ်မည်းများသည် စူးချန်ကဲတို့ကို စားတော့မည့် အတိုင်း သူတို့၏ သွေးထွက်သံယို ပါးစပ်များကို ဟ လျက်သား ပြေးတတ်လာကြသည်။
“ဖြတ်တောက်စေ!”
ရွှမ်း!
တောက်ပသော ဓားအလင်းသည် လေဟာနယ်ကို ဖြိုခွဲလိုက်ပုံရပြီး ကြီးမားသော ဓားစွမ်းအင်နှင့်အတူ ကွဲအက်သံ ထွက်ပေါ်လာခဲ့သည်။
ဓားသည် ၎င်းတို့ကို ထက်ဝက်ပိုင်းသွားသည်။
ထို့နောက် ချက်ချင်းဆိုသလို ၎င်းတို့၏ခန္ဓာကိုယ်ထဲက ထူးဆန်းသော အနက်ရောင် အလင်းတစ်ခု ကြွတက်လာခဲ့ပြီး တဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။
၎င်းတို့၏ အလောင်းများသည် ချက်ချင်းဆိုသလို မြေပြင်ပေါ် သို့ လဲကျသွားပြီး အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ဒီအနက်ရောင်အလင်းက ဘာလို့ ထူးဆန်းတဲ့ အငွေ့အသက်မျိုး ရှိနေတာလဲ?”
“သူတို့တွေ ဒီလိုဖြစ်နေတာ အဲ့အနက်ရောင်အလင်းတွေကြောင့် ဖြစ်နိုင်မလား”
စူးချန်ကဲသည် စိတ်ထဲတွင် မှန်းဆရင်း ထိုအရိပ်မည်းများကို သုတ်သင်ရန် ဓားရှည်ကို ဆွဲလိုက်သည်။
စူးရှသော ဓားအလင်းသည် အရာအားလုံးကို ဖြိုခွဲလိုက်ပြီး ၊ သိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားခဲ့လေသည်။
ထိုထူးဆန်းသော အရိပ်မဲကြီးများအားလုံး အသတ်ခံရချိန်တွင် ၎င်းတို့၏ခန္ဓာကိုယ်ထဲမှ အနက်ရောင် အလင်းများ ထွက်ခွာလာခဲ့ကြသည်။
“တစ္ဆေလိုလို ဒီအကောင်တွေထဲမှာ ဘာဖြစ်လို့ မကောင်းတဲ့ဓာတ်တွေ ရှိနေရတာလဲ ?သူတော်စင်ပညာရှိ နှောင်းပိုင်းအဆင့် ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေတောင် ပါနေလောက်တယ်”
ခေါင်းကိုးလုံး ရွှေခြင်္သေ့၏ ရင်ထဲ၌ အကြောက်တရားများက လွမ်းမိုးထားသည်။
စူးချန်ကဲ၏ စွမ်းအားကြောင့်သာ ၊သူဒီထဲကို ဝင်လာနိုင်စွမ်းရှိခဲ့သည်။ဟိုးအနက်ရှိုင်းဆုံးအထိ ဆက်သွားမည်ဆိုပါက ထိုအရိပ်မဲကြီးများသည် ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူအတပ်ပြောနိုင်မလဲ?
“စူးချန်ကဲဘေးနား နေရတာ လုံခြုံတဲ့ခံစားချက်ကို ငါဘာလို့ရနေပါလိမ့်”
ရှီးရှောက်ချန်က ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။ သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုရဲ့ ဆင်းသက်လာသူ တစ်ယောက်အနေနဲ့ ထိုအတွေးကို သူလက်မခံနိုင်ပေ။
“ရှေ့ကို ဆက်သွားမယ်၊ ဘာမှ မဖြစ်ရင် ရှေ့မှာ ပိုကျယ်တဲ့ နေရာရှိရမယ်”
စူးချန်ကဲ၏ မျက်လုံးများသည် စူးရှနက်နဲပေသည်။ သူ၏ပတ်ပတ်လည်တွင် နတ်အလင်းရောင်များနှင့် တာအိုသံစဉ်များက ရောယှက်နေသည်မှာ အလွန် မြင့်မြတ်သော ပုံစံပေါက်စေသည်။
အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသော အနက်ရောင် အလင်းများသည် စင်္ကြံ၏ နက်ရှိုင်းဆုံးသော တစ်နေရာဆီသို့ ဦးတည်နေသောကြောင့်ပင် ဖြစ်သည်။
စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိ ခေါင်းကိုးလုံး ရွှေခြင်္သေ့နှင့်အတူ ထိုနေရာဆီသို့ ဦးတည်သွားလိုက်သည်။
ပိန်းပိတ်အောင် မှောင်မဲနေသည့်အပြင် ထူးဆန်းပြီး သေစေနိုင်သော အငွေ့အသက်များ၊မှောင်မိုက်သော လေထု အမျိုးမျိုးတို့သည် သေခြင်းတရား၏ သံစဉ်တစ်ခုကဲ့သို့ ရောယှက်နေသည်။
အင်အားနည်းသူများ ၊ စောနက ထူးထူးဆန်းဆန်း အကောင်များပင်လျှင် ဤနေရာ၏ အငွေ့အသက်ကို ခံစားရုံမျှဖြင့် သေချာပေါက် ထိတ်လန့်တုန်လှုပ်သွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့်၊ ကောင်းကင်ဓား၏ အစွမ်းကြောင့် လျင်မြန်စွာ ဝင်ရောက်နိုင်ခဲ့ပြီး မကြာမီပင် စင်္ကြံအဆုံးသို့ ရောက်ရှိလာခဲ့သည်။
မျက်စိရှေ့တွင် အလင်းရောင်ကိုမြင်လိုက်ရသည် ။
အရှေ့ဘက်တွင် ရိုးရှင်းပြီး ကြီးကျယ်ခမ်းနားသော နန်းဆောင်တစ်ခု ရှိနေခဲ့သည်။
နန်းဆောင်၏ ကုန်ကြမ်းကို အမည်မသိသတ္တုဖြင့် သွန်းလုပ်ထားပုံရပြီး အဆောက်အဦး တစ်ခုလုံး မှိန်ဖျော့ဖျော့ လင်းလက်နေသည်။၎င်းအပေါ်တွင် တစ်စုံတစ်ခုကို ညွှန်းဆိုထားသည့် လျှို့ဝှက်ဆန်းကြယ်သော မှော်အက္ခရာများ များ ရှိနေသည်။
နန်းဆောင်သည် ပေရာချီမြင့်မားပြီး မြို့ရိုးများကို ကြီးမားသောတံခါးကြီးများဖြင့် မြှပ်သွင်း စီခြယ်ထားသည်။၎င်းတို့အပေါ်တွင် အသက်ဝင်လှသည့် ရက်စက်ကြမ်းကြုတ်သော သားရဲမျိုးစုံ တိုက်ခိုက်နေသည့် ပန်းချီများရှိသည်။
အထူးသဖြင့် နန်းဆောင်ကြီး၏ အလင်းတန်းများက တောက်ပစွာ ဖြာထွက်နေသည်မှာ ဟင်းလင်ပြင်ကြီးတောင် အနည်းငယ် ရွှဲ့စောင်းလို့နေသည်။
ဤမျှ ခမ်းနားထည်ဝါသော အဆောက်အဦးကြီး၏ ရှေ့တွင် ရပ်နေရသည်မှာ လူသားတစ်ယောက်အဖို့ အရေးမပါသော ခံစားချက် ဖြစ်လင့်ကစား ဂုဏ်ယူနေမိသည်။
“အဲ့လူရိပ်က ဘယ်သူလဲ”
စူးချန်ကဲ သေချာကြည့်လိုက်သည်။
ဧရာမ ကြေးဝါရောင် မြို့တော်တံခါးကြီး၏ ရှေ့တွင် လှပသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းသည် တစ်စုံတစ်ခုကို လေးနက်စွာဖြင့် တံခါးဝရှေ့တွင် သူ့လက်ကို ဆန့်တန်းထားသည်။
ထိုရုပ်သွင်သည် ယခင်က ပျောက်ကွယ်သွားခဲ့ သော မော့ရန်ရှီးပင်။
သူမသည် စူးချန်ကဲကို သတိမထားမိပုံရပြီး အလေးအနက် တွေးနေပုံရသည်။
သူမ၏ ညည်းညူသံခပ်တိုးတိုးလေးကို ကြားနေရသည်။
“ငါ၊ မက်မွန် ဧကရီဘုရင်မ ဟွားချန်ယွဲ့၊ ဒီမှာပဲ ကျိန်ဆိုမယ်”
“ရှင့်ရဲ့ အမွေက ရှင့်ရဲ့ ရှည်လျားသော အာဃာတကို ပြန်ပေးနိုင်လိမ့်မယ်”
မော့ရန်ရှီး ထိုသို့ ရေရွတ်လိုက်ပြီးနောက်။
ဘုန်း ဘုန်း!
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မြေကြီးများ တဆက်ဆက် တုန်ခါလာသည်။
ကြီးမားသော နန်းဆောင်သည် ၎င်းနှင့်အတူ ပဲ့တင်ထပ်နေပုံရပြီး မြို့ရိုးကြီးသည် တဖြည်းဖြည်း ပွင့်လာခဲ့သည်။
အထဲက ကြီးမားကျယ်ပြန့်သော ရှေးဟောင်း ရောင်ဝါများသည် တခဲနက် ထွက်ပေါ်လာခဲ့သည်။