အခန်း (၆၁-၆၅)
Vol. 5 Ch. 61-65
အပိုင်း(၆၁) : မြေအောက်နန်းတော်ရှေ့တွင် ပါရမီရှင်များ စုဝေးနေကြသည်
ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်အလင်းတန်းသည် နတ်အလင်းဖြင့် ရေချိုးထားသော ဧကရီဘုရင်မ တစ်ပါးကဲ့သို့ မော့ရန်ရှီးကို လွမ်းခြုံထားသည် ။
ဤအခိုက်အတန့်တွင် သူမသည် စူးချန်ကဲကို
နောက်ပြန်လှည့်ကြည့်ခဲ့သည်။ မှောင်ရိပ်သန်းနေသော သူမ၏မျက်ဝန်းများမှာ အနည်းငယ် တုန်ရီနေသည်။
သူမသည် နှုတ်ခမ်းကို အနည်းငယ်မျှ ဖွင့်လိုက်ပြီး တစ်စုံတစ်ခုကို တိုးတိုးလေး ပြောနေခဲ့သည်။
သို့သော် အကွာအဝေးက ဝေးလွန်းသဖြင့် စူးချန်ကဲသည် တစ်ဖက်လူ၏ စကားကို ရှင်းရှင်းလင်းလင်း မကြားရပေ။
ရုတ်တရက်။
သူမက ပြုံးလိုက်သည်။ တောက်ပသော နတ်အလင်းရောင်များနှင့်အတူ သူမ၏ အပြုံးပန်းလေးသည် ဆွဲဆောင်မှုရှိသော မြို့တစ်မြို့လိုပင်။
ထိုအချိန် ဖျက်ခနဲ့ စူးရှ လင်းလက်သွားပြီးနောက် ၊ မော့ရန်ရှီး၏ ရုပ်သွင်သည် မြို့တံခါးရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။
“ ဒါ နန်းတော်ထဲ ဝင်သွားတာလား”
စူးချန်ကဲစိတ်ထဲ တုန်လှုပ်သွားသည်။
ထိုအချိန်တွင် လက်ဝဲဘက်ရှိ စင်္ကြံမှ ပြင်းထန်သော တိုက်ပွဲသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကပျာကယာဖြင့် လူနှစ်ဦး ပြေးထွက်လာသည်။
သူတို့နောက်တွင် ထူးဆန်းသော အရိပ်မည်း တစ်ဒါဇင်လောက်က အနီးကပ် နောက်ကနေ ကပ်လိုက်နေခဲ့သည်။
“သူတို့လား?”
“ဒီ၂ယောက်က ဘယ်လိုလုပ်ပြီး အတူတူ ရှိနေတာလဲ?”
စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည်။ထိုလူနှစ်ယောက်ကို သူ သိသည်။
ကွေးယီး ဂိုဏ်း၏သူတော်စင် လော့ချင်းယွီ။
လော့ဟယ် ဓားဂိုဏ်း၏ နံပါတ်တစ်ဓားသမား ဝူကျီအောက်ထျန်း။
၎င်းတို့နှစ်ယောက်သည် အချင်းချင်း ရန်သူ မဖြစ်ရင်တောင် အတူတူရှိကြလိမ့်မယ်လို့ စူးချန်ကဲ ထင်မထားခဲ့ပေ။
ဘုန်း!
အမည်မသိနိုင်သော စွမ်းအားတစ်ခုကို အသက်သွင်းလိုက်သကဲ့သို့ နန်းတော်တစ်ခုလုံး နတ်အလင်းရောင်များက တဟုန်ထိုး စူးရှ တောက်ပလာခဲ့သည်။
ထိုထူးဆန်းသော အရိပ်မည်း ဒါဇင်များစွာတို့သည် နတ်အလင်းရောင်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ဆီးနှင်းခဲများသည် ပူပြင်းတောက်လောင်နေသော နေရောင်နှင့် ထိတွေ့သွားသကဲ့သို့ အလွှာလိုက် အရည်ပျော်ကြသွားခဲ့သည်။
အရိပ်မည်းကြီးများထံမှ ထွက်ပေါ်လာသော ထူးဆန်းသော အနက်ရောင် အငွေ့အသက်များသည် နန်းတော်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ထိုအနက်ရောင် အငွေ့အသက်များကို ဝါးမျိုနေသည့် အခိုက်အတန့်တွင် ၊ စူးချန်ကဲသည် ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
ဧကရာဇ်မင်းရဲ့ အငွေ့အသက်!
“တကယ် ဟုတ်တာပဲ၊ ဘယ်မကောင်းဆိုးဝါး ဧကရာဇ်မင်းက ဒါကို ချန်ထားခဲ့လဲ မသိဘူး”
စူးချန်ကဲ စိတ်ထဲမှာပင် တိတ်တိတ်လေး တွေးလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ လော့ချင်းယွီ နှင့် ဝူကျီအောက်ထျန်းတို့သည် စူးချန်ကဲကို သတိပြုမိသွားသည် ။ အထူးသဖြင့် ဝူကျီအောက်ထျန်းခမျာ ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။
“ စူးချန်ကဲ မင်းကဘာလို့ ဒီကိုရောက်နေတာလဲ”
ဒီကောင်နဲ့ ငါဘာလို့ ထပ်တွေ့ရပြန်တာလဲ?
ဝူကျီအောက်ထျန်းတစ်ယောက် ငိုမဲ့မဲ့မျက်နှာဖြင့်။ သူသည် ကျားခံတွင်းမှ လွတ်မြောက်ခဲ့သော်လည်း ဝံပုလွေ၏ ခံတွင်းထဲသို့ ပြန်ဝင်မိပြန်သည်။
“မတွေ့တာကြာပြီ ဝူကျီညီအစ်ကို၊ လတ်တလော ဘယ်လိုနေတုန်း”
စူးချန်ကဲသည် အပြုံးမပျက် ဆိုလိုက်သည်။
“ဒါနဲ့ ဝူကျီ ညီအစ်ကို ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ “
“ အဲ့တာက..”
ဝူကျီအောက်ထျန်း တစ်ယောက် ရှက်ရွံ့နေပုံရသည်။မူလက သူသည် အပျက်အစီးများကို အေးအေးလူလူ တူးဖော်နေရင်း လမ်းလျှောက်ထွက်နေတုန်း သတိမထားမိဘဲ မတော်တဆ မြူအုပ်ထဲသို့ ဝင်ရောက်သွားခဲ့မိသည်။
ထပ်ပြီး သတိမထားမိရာက ဤတစ္ဆေများရှိရာ နေရာထဲသို့ မတော်တဆ ဝင်ရောက်လာခဲ့သည်။
စူးချန်ကဲတွင် မကောင်းသော အကြံအစည်များစွာ ရှိသည်ကို သူသိသည်။တကယ်လို့ သူ့ဘက်ကသာ အကုန်ထုတ်ပြောလိုက်ရင် တဖက်လူရဲ့ ရိုက်သတ်တာကို ခံရမှာမဟုတ်ဘူးလား?
တစ်ချိန်တည်းမှာပင် သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့ကို မြင်ပြီး သူ့စိတ်ထဲတွင် ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။
သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့၏ စွမ်းအား အကြောင်းကိုလည်း ကောင်းကောင်းကြီး သိထားသည်။ရှီးရှောက်ချန်၏ စွမ်းအားသည် လူငယ် ပါရမီရှင်များစွာထဲက ထိပ်တန်းသုံးဦး နေရာတွင် ပါဝင်သည်။
သို့သော် ဤမျှ အစွမ်းထက်လှသော မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ ထိပ်တန်း ပါရမီရှင်က အခု စူးချန်ကဲရဲ့ စီးတော်ယာဉ်တဲ့လား?
“ အိုင်ယား ၊ လူလူချင်း ကွာဟချက်က ဘာလို့ အဲ့လောက်တောင် ကြီးနေရတာလဲ”
ဝူကျီအောက်ထျန်းခမျာ စူးချန်ကဲကို မြင်လိုက်တိုင်း စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အင်အားသည် သိသိသာသာ တိုးတက်လာနေသည်။
ထိုကဲ့သို့ အမြန်နှုန်းမျိုးက လူကို အတော်လေးစိတ်ပျက်အားငယ်စေမိသည်။
“တိုက်ဆိုင်လိုက်တာ၊ကျွန်မလည်း အားလုံးနဲ့ တစ်လမ်းတည်း ဆိုတော့ အတူတူ လိုက်ခဲ့လို့ရမလား”
ထိုအခိုက်တွင် အေးစက်ပြီး အမိုက်စား အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခပ်လှမ်းလှမ်းတွင် တောက်ပသော လရောင်သည် တံတားတစ်စင်းအလား ။
အဖြူရောင် အဝတ်စသည် လေထဲတွင် ပျံ့လွင့်နေပြီး အပြစ်အနာဆာ ကင်းမဲ့သော အမျိုးသမီးလေး တစ်ယောက်သည် ကြော့မော့စွာ လျှောက်လှမ်းလာခဲ့သည်။
သူမ၏ မျက်ဝန်းများသည် အိပ်မက်ဆန်သော ဆောင်းဦးရေအလား ၊ သူမ၏ ရောင်ဝါသည် ဂုဏ်ယူဝင့်ကြားလျက် သို့သော် မျက်နှာကို ပိတ်စဖြင့် ဖုံးအုပ်ထားသောကြောင့် သူမ၏ အသွင်အပြင်ကို မြင်ရန် ခက်ခဲစေသည်။
“လော့ရှ ဂိုဏ်း၊ နတ်မိမယ် ယွင်ကွေ့ !”
ဝူကျီအောက်ထျန်း နှင့် လော့ချင်းယွီတို့က တစ်ချိန်တည်း အော်ပြောလိုက်သည်။
လော့ရှဂိုဏ်း၏ ဒွါရကိုးပေါက်နှင့် ပြည့်စုံသော နှလုံးသားပိုင်ရှင်ကို ဘယ်သူကများ မသိဘဲ နေလိမ့်မည်နည်း။
အတုမရှိသော ထိုးထွင်းသိမြင်နိုင်သော ညဏ်စွမ်းနှင့် မြင့်မားသော ကျင့်ကြံအဆင့်ရှိသူ ၊လော့ရှဂိုဏ်း၏ လူသိများသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူမတွင် ဝှက်ဖဲများ ဘယ်လောက်တောင်ရှိနေလဲဆိုတာ မည်သူကများ သိနိုင်မည်နည်း။
စူးချန်ကဲ၏ ထက်မြက်သော ဂုဏ်သတင်းသာ မရှိခဲ့ဖူးဆိုရင် ၊နတ်မိမယ် ယွင်ကွေ့သည် ခေတ်ပြိုင် ပါရမီရှင်တွေထဲမှာ အတောက်ပဆုံး ဖြစ်နေမှာ သေချာပေသည်။
“ သိပ်ရတာပေါ့ နတ်မိမယ် ယွင်ကွေ့သာ ရှိရင် ၊ပိုပြီးတောင်လုံခြုံဦးမယ်”
စူးချန်ကဲက ပြေပြစ်သော အပြုံးဖြင့် ဆိုလိုက်သည်။
တကယ်တော့ သူ့စိတ်ထဲမှာ အကန့်အကန့် ခွဲခြားထားသည်။တဖက်လူသည် မည်မျှပင် လှပနေပါစေ သူ့မျက်လုံးထဲမှာတော့ ဘာမှထူးခြားသော အရာ မဟုတ်ပေ။
အကယ်၍ သင့်မှာသာ အရည်အချင်းရှိပါက၊ ထိုကဲ့သို့ ရုပ်ရည်မျိုးက ဘာမှအရေးမကြီးပေ။
နတ်မိမယ် ယွမ်ကွေ့ လို လူမျိုး တစ်ယောက်သာ ထပ်ရှိနေရင် ၊သူ့အတွက် လူမိုက်တစ်ယောက် အလကား ရသွားတာနဲ့ မတူဘူးလား၊
ကိုယ့်ဟာကိုယ် လှေလှော်စရာတောင် မလိုတော့ဘူး ။
“ ဒီတံခါးကိုဖွင့်ဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်”
“ဒါပေမယ့် ငါကတော့ ဒုတိယ နည်းလမ်းကိုအကြံပြုချင်တယ်၊ ဒါကို ဖြိုခွင်းဖို့ဆိုရင် အင်အားပြင်းတဲ့ တိုက်ခိုက်မှုတွေကို အသုံးပြုရလိမ့်မယ်”
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
ကွေးရွှီ မြေပုံပေါ်တွင် နည်းလမ်းနှစ်ခုကို ဖော်ပြထားသည်။
ပထမနည်းလမ်းကို လူတိုင်းကို မပြောပြရသည့် အကြောင်းရင်းမှာ သူ၏ ကိုယ်ပိုင်ဝှက်ဖဲအဖြစ် အသုံးပြုရန်ပင် ဖြစ်သည်။
စူးချန်ကဲမျက်လုံးထဲတွင် မည်သို့ပင်ဖြစ်စေကာမှု နောက်ဆုံးအချိန်ထိ သူ့အတွက် ဝှက်ဖဲကိုတော့ ချန်ထားရပေလိမ့်မည် ။
အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။စူးချန်ကဲသည် သူတို့ထဲတွင် စွမ်းအားအကြီးမားဆုံးသောသူ ဖြစ်သောကြောင့် သူ့စကားကို လိုက်နာရန်မှာလည်း အကြံကောင်း တစ်ခုပင် ဖြစ်သည်။
ဝူကျီအောက်ထျန်းသည် သိဒ္ဓိဓားဖြင့် ချက်ခြင်းပင် ခုတ်ထစ်လိုက်သည်။
ပြင်းထန်သော ဓားအလင်းသည် ကြာပန်းအလား ပွင့်ထွက်လာခဲ့သည်။
နေရာတစ်ခုလုံးကို ဖိနှိပ်လိုက်ပြီး ထိုကြေးဝါမြို့တံခါးကြီးကို ခုတ်ထစ်လိုက်သည်။
လော့ချင်းယွီ နှင့် နတ်မိမယ် ယွင်ကွေ့တို့သည် လည်း သူမတို့၏ တန်ခိုးကြီးသော လျှို့ဝှက်ရတနာများကို ထုတ်သုံးလာခဲ့ပြီ ဖြစ်သည်။
အမျိုးမျိုးသော နတ်အလင်းများ ရောယှက်နေပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော
စည်းတံဆိပ်၏ စွမ်းအားနှင့်အတူ ဝင်းလက် တောက်ပနေသော နတ်ကြာပွင့်တို့သည် ဤနေရာတစ်ခုလုံးကို ချိုးဖျတ်လိုက်သည်။
ခေါင်းကိုးလုံး ရွှေခြင်္သေ့၏ ဦးခေါင်းတိုင်းက တောက်ပသော နတ်အလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့ပြီး နန်းတော်တံခါးကို ဟောက်ဟိန်းလိုက်သည်။
စူးချန်ကဲ၏ မျက်လုံးများသည် စူးစိုက်စွာဖြင့် သူ၏ ကောင်းကင်ဓားကို အသုံးပြုကာ ဖြတ်ခုတ်ပလိုက်သည်။ဓားစွမ်းအားသည် နေရောင်အလား စူးရှတောက်ပစွာ ထွက်ပေါ်လာခဲ့သည်။
ဘုန်း!
ပါရမီရှင် ငါးဦး ပိုင်ဆိုင်ထားသော လျှို့ဝှက်ရတနာ အမျိုးမျိုးတို့၏ ထိတ်လန့်တုန်လှုပ်ဖွယ် ရာ ကောင်းသော စွမ်းအားများက ပေါက်ကွဲထွက်လာခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားလှိုင်းများသည် နန်းတော်တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခတ်သွားစေပြီး ၊ ရှေးဟောင်းမြို့ရိုးများပေါ်ရှိ ကမ္ပည်းစာများသည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
ပျောက်ကွယ်သွားတော့မည့် လက္ခဏာကို ပြသလို့ နေသည်။
ရှေးဟောင်း နန်းဆောင်ကြီးသည် တုန်လှုပ်မြည်ဟိန်းနေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး ပရမ်းပတာ ဖြစ်နေသော ကြီးမားကျယ်ပြန့်သော ရွှေဝါရောင်အလင်းတန်းများနှင့် ရွှေဝါရောင် မှော်သင်္ကေတများက ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ယခုအချိန်တွင် များစွာ မှိန်ဖျော့သွားခဲ့ပြီ ဖြစ်သည်။
သို့သော် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတ၏ အတားအစီးသည် လူ၏ နှလုံးကို ရပ်တန့်စေသော စွမ်းအင်အတက်အကျများကို ပြုလုပ်နေဆဲပင် ဖြစ်သည်။
လူငါးဦး၏ ပြင်းထန်သော ပေါင်းစပ်တိုက်ခိုက်မှုသည် ဖုန်းဟွမ်အဆင့်ရှိ စွမ်းအားထက် များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကွဲအက်သံ!
ပြတ်သားသော အသံနှင့်အတူ၊ အတားအစီးကို ဖြတ်တောက်နိုင်လိုက်ပြီ ဖြစ်သည်။နောက်ဆုံးတွင် မှော်သင်္ကေတများကို ချေမှုန်းပစ်နိုင်ခဲ့ပြီး နန်းတော် တံခါးများ ပွင့်ထွက်ကုန်ကြသည်။
ကောင်းကင်နှင့်မြေကြီးကြားက ဟင်းလင်ပြင်သည် ပုံပျက်သွားပြီး ၊မြူခိုးများ လှိမ့်တတ်လာခဲ့သည်။
နန်းတော်ထဲတွင်၊ ရှေးခေတ်က ပဲ့တင်သံများကဲ့သို့ တာအိုသံစဉ်များက ထွက်ပေါ်လာသည်။
ဘုန်းဘုန်း!
နန်းတော်၏ အနက်ရှိုင်းဆုံးနေရာမှ ထူးခြားသော အနက်ရောင် အငွေ့အသက်များသည် ချောင်းရေသကဲ့သို့ တသွင်သွင် စီးထွက်လာခဲ့သည်။
အုံ့မှိုင်းအေးစက်လျက် အမှောင်ကျနေပြီး ဆိုးရွားသော အငွေ့အသက်များ ယိုစိမ့်လျက် ရှိသည်။
၎င်းထဲတွင် အရိပ်မည်းများ စုဝေးနေပြီး
ကြည့်လိုက်ရင်တော့ ထင်ယောင်ထင်မှား
ပုံစံပေါက်သော်လည်း၊သို့ပေမဲ့ ငရဲဘုံက သရဲတစ္ဆေများနှင့် တူနေပြန်သည်။
မူလက ရိုးရှင်းပြီး လျှို့ဝှက်ဆန်းကြယ်သော နန်းတော်သည် မျက်စိတမှိတ်အတွင်းမှာပင် ချောက်ချားဖွယ်ရာ ကောင်းသော မကောင်းသော အငွေ့အသက်များ အဖြစ် ပြောင်းလဲသွားခဲ့ပြီး အေးစက်သော လေထုသည် ပြုံတိုးလာခဲ့သည်။ဤကဲ့သို့ ငရဲဘုံ ကိုးထပ်ကို ရောက်နေရသည့် ခံစားချက်က လူ၏ စိတ်ကို အကန့်အသတ်မဲ့ ကြောက်လန့်စေသည်။
စူးချန်ကဲသည် လျစ်လျူရှုထားသော ဟန်ပန်ဖြင့် သူ့လက်ကို မြှောက်ကာ ဓားအလင်းနဲ့ ခုတ်ချပစ်လိုက်သည် ။
ရွှမ်း!
ဓားစွမ်းအင်သည် အတားအဆီးမဲ့ ချီတတ်ကာ
သုတ်သင်ရှင်းလင်းလိုက်သည်။
အရှေ့မှ ထွက်လာသော အရိပ်မည်းများစွာသည် ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်ကြောင့် ချက်ချင်းဆိုသလို ပျက်သုန်းသွားခဲ့ရသည်။
“ဘာလို့ အရိပ်မည်းတွေ အများကြီးရှိနေတာလဲ၊ ဒီနေရာက မကောင်းဆိုးဝါး ဧကရာဇ်မင်းမြတ်ရဲ့ အမွေအနှစ် ရှိတဲ့နေရာမဟုတ်ဘူးလား”
“ငါတို့ အမှားလုပ်မိလို့လား? ဒီနေရာက မကောင်းစွမ်းအင်တွေကို ဖိနှိပ်ချုပ်ချယ်ထားတဲ့ နေရာများလား?”
ခေါင်းကိုးလုံး ရွှေခြင်္သေ့သည် ထူးဆန်းသော အရိပ်မည်းများကို တွန်းလှန်ရန် သူ၏ ပါးစပ်ထဲမှ မိုးခြိန်းသံကို မှုတ်ထုတ်ရင်း ဆိုလိုက်သည်။
“ ငါတို့ ရှေ့ဆက်ပြီး သွားကြည့်ကြတာပေါ့”
စောနက မော့ရန်ရှီးရဲ့ ပုံစံကို ကြည့်ရင် မက်မွန်ဧကရီ ဘုရင်မ၏ ဝိညာဉ်သည် နိုးထလာခဲ့ပုံရသည်။
တစ်ဖက်သား၏ နိုးထလာမှုသည် ထူးခြားဆန်းကြယ်ပြီး မည်သည့် အရိပ်အယောင်မျှ
မရှိခဲ့ချေ။
“ဒီနေရာက တစ်ခုခုကို ခံစားမိရင်း သူ့ရဲ့ စိတ်ဝိညာဥ်ကို နိုးထစေခဲ့တာများလား?”
ဘုန်း!
နတ်မိမယ် ယွင်ကွေ့သည် ဘာစကားမှ မဆိုပေ။သူမ၏ လက်ဖဝါးထဲကနေ တောက်ပနေသော လရောင် အလင်းသည် အဖြုရောင် အလင်းကြိုးအဖြစ် ၎င်းအရိပ်မည်းများကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်သည်။
သူမ၏ပတ်ပတ်လည်တွင် ကြာဖြူများ ပွင့်လန်းနေသည်မှာ ကောင်းကင်ဘုံက နတ်ဘုရားမအလား တစ်လမ်းချင်းစီလျှောက်ကာ နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ အမျိုးသမီးကတောင် မကြောက်တာ သူက ဘာကြောက်နေရဦးမှာလဲ?
စူးချန်ကဲသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့ကို စီးကာ မြို့တံခါးရှေ့ကနေ ပျောက်ကွယ်သွားခဲ့တော့သည်။
လော့ချင်းယွီလည်း ဝင်လာခဲ့သည်။သို့သော် ဝူကျီအောက်ထျန်းကတော့ တုံ့ဆိုင်းနေဆဲပင် ။
“ ဒီနေရာက ဒီလောက်တောင် အန္တရာယ်များတာ၊ အထဲမှာဆို ပိုလို့တောင် ကြောက်စရာကောင်းဦးမယ်”
“ဒါပေမယ့် မင်းမဝင်ရင် ၊ မင်းအတွက် အခွင့်အရေးကြီး ဆုံးရှုံးသွားလိမ့်မယ်နော်”
ဝူကျီအောက်ထျန်း တစ်ယောက် ဗျာများနေခဲ့သည်။
မူလက သူသည် လျစ်လျူရှုနိုင်ဆုံး ဘုရင် ဖြစ်လာရန် ကျိန်ဆိုခဲ့သော်လည်း၊ သို့သော်၊ ဘုရားသခင်သည် သူ့ကို အမြဲထင်ရှားပေါ်လွင်စေရန် တွန်းအားပေးတတ်သည်။
သူဘဝ၏ ခံယူချက်နှင့် စစ်ဖြစ်အပြီးတွင်၊ဝူကျီအောက်ထျန်း တစ်ယောက် အံကြိတ်ကာ ဝင်ရောက်လာခဲ့သည်။
သို့သော် သူတို့ထွက်သွားပြီး သိပ်မကြာမီ အမှောင်ထုထဲတွင် လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
၎င်းအမူအရာသည် မှုန်ကုပ်ကုပ် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသော မီးတောက်များ၏ စွမ်းအားသည် အရိပ်မည်းများကို သူ့အနားသို့ ကပ်မသွားစေရန် တားဆီးထားသည်။
“စူးချန်ကဲ”
လီဟန်သည် မဲ့ပြုံးပြုံးးလိုက်သည်။
“ဒီတစ်ခါ မင်း ဒုက္ခရောက်ပြီပဲ”
🍁🍁🍁🍁
အပိုင်း (၆၂) : အမှောင်ထု၏ အရင်းအမြစ်
နန်းတော်ထဲတွင် ထိုအရိပ်မည်းများ မဝင်နိုင်သော အတားအစီးများရှိပေသည်။
သို့သော် ဆိုးဝါးသော အငွေ့အသက်များသည် လူကို အရိုးထဲ စိမ့်ဝင်စေသည့်အထိ အေးစက်လွန်းပေသည်။
စူးချန်ကဲသည် သူ့မွေးရာပါ သူတော်စင် ခန္ဓာကိုယ်၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
နိယာမများက ရောယှက်လျက် မှော်သင်္ကေတများက ထကြွလာပြီး ၊အလင်း ကန့်လန့်ကာ တစ်ခု အဖြစ် အသွင်ပြောင်းလဲကာ စူးချန်ကဲကို
ဖုံးလွှမ်းပေးထားသည်။
စူးချန်ကဲနှင့် ထိတွေ့လိုက်သော အနက်ရောင် အခိုးအငွေ့များက အရပ်ရပ်သို့ ပြန့်ကျဲသွားရသည်။
နန်းတော်ထဲတွင် လူတိုင်းတွေးထင်နေသည့် ဆိုးဝါးသော အငွေ့အသက်များ မရှိသော်လည်း သရဲတစ္ဆေ များကဲ့သို့ အုံ့မှိုင်းမှိုင်း ဖြစ်နေသည်မှာ အလွန် ကြောက်စရာကောင်းပေသည်။
“ ဒီနေရာက တကယ်ပဲ အမွေ အနှစ်တွေ ရှိတဲ့နေရာလား? ဒီနေရာက သရဲတစ္စေတွေကို နှိမ်နှင်းတဲ့ နေရာမဟုတ်ဘူးလား”
ဝူကျီအောက်ထျန်း ခေါင်းပူထူသွားသည်။
အရိုးထဲထိ စိမ့်အေးသော အအေးဒဏ်က သူ့ကို သတိကြီးကြီးမားမား ထားစေကာ ၊ စိတ်ထဲတွင် လုံခြုံမှုမရှိသော ခံစားချက်များကို ခံစားနေရသည်။
ဘုန်း!
ထိုအခိုက်အတန့်တွင်၊ မီးတိုင်၏ အလင်းတန်းသည် ကောင်းကင်သို့ ပျံတတ်သွားသည်။၎င်းထဲတွင် အရာအားလုံးကို ချေဖျက်နိုင်သည့် ရှေးခေတ် လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းစာများက ရောယှက်နေသည်။
ပတ်ဝန်းကျင်က အပြစ်ကင်းသော ဝိညာဉ်များ
နှင့် အမှောင်ထုကြီးသည် မှော်အက္ခရာ၏
နတ်အလင်းရောင်ကြောင့် လွှင့်စင်သွားပြီး တဖြေးဖြေး ကွဲအက်သွားခဲ့သည်။
အမှောင်ထု နန်းတော်ကြီးကို တချက်တည်း နဲ့ ရှင်းပစ်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲတို့ အဖွဲ့အားလုံး
သည် ထိုနန်းတော်၏ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
သူတို့ရှေ့တွင် ဧရာမ ရုပ်ပွားတော်များစွာရှိပြီး လျှို့ဝှက်ဆန်းကြယ်ပုံရသည်။ရုပ်တုများကို အမည်မသိ ပစ္စည်းများဖြင့် ထုလုပ်ထားပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ
ရှိနေသည်။
အထူးသဖြင့် ပြန်လည်အသက်ဝင်လာမည့်အတိုင်း လူကို တုန်လှုပ်စေသည့် ဆွဲဆောင်မှုမျိုး ရှိသည်။
“နဂါးပြာ၊ မြွေလိပ်၊ မီးဌက် ၊ ကျားဖြူ၊ ယူနီကွန်”
T/N - မီးဌက်နဲ့ ဗီးနပ်ဌက်က မတူဘူးနော်
စူးချန်ကဲ မျက်လုံးပြူးသွားသည်။၎င်းတို့သည် ဒဏ္ဍာရီလာ အမတဘုံ၏ နတ်သားရဲ ငါးကောင် ပင် ဖြစ်သည် ။၎င်းတို့၏ စွမ်းအားကို အမတသားများပင် ခုခံဖို့ရာ ခဲယဉ်းပေသည်။
ရုတ်တရက်၊ ရုပ်တုပေါ်တွင် သွေးချီစွမ်းအင်များက တဟုန်ထိုး စီးဆင်းလာခဲ့သည်။
“ဒါဟာ နတ်သားရဲ ငါးကောင်ရဲ့အနှစ်သာရနဲ့ သွေးတွေလား”
၎င်းအနှစ်သာရနှင့် သွေးများသည် ကြီးမားသော သွေးအိုင်ထဲသို့ စုပြုံသွားသည်။
၎င်းအပေါ်တွင် ရှိနေသော ထူထဲသော မြူခိုးများက တစ်စုံတစ်ခုကို ပြုလုပ်နေပုံရသည်။
ရုတ်တရက် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ၊ သွေး အလင်းတန်းများက ကောင်းကင်သို့ ပစ်ခွင်းသွားခဲ့သည်။
ထို့နောက် ကြီးမားသော အလင်းကန့်လန့်ကာတစ်ခု အဖြစ်သို့ ဖွဲ့စည်းသွားခဲ့သည်။
၎င်းထဲတွင် ပန်းချီကားတစ်ချပ် ပါဝင်နေခဲ့သည်။
ကြယ်များဖြင့် ပြည့်နှက်နေပုံရသည့် ပင်မခန်းမကြီး တစ်ခုတွင် ၊
အမတစွမ်းအင်များဖြင့် ဖုံးလွှမ်းထားသော ပလ္လင်ပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော
ရုပ်သဏ္ဍာန်တစ်ခု ရှိနေခဲ့သည်။
၎င်းသည် ခရမ်း- ရွှေရောင် ဧကရာဇ်မင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး ၊ ခေါင်းပေါ်တွင် သရဖူ ဆောင်းထားလျက် ၊ တိမ်ဘွတ်ဖိနပ်ကို စီးထားသည်။
သူ၏ စွမ်းအင်နှင့် သွေးများသည် ခန်းခြောက်သွားပုံရကာ ပိန်ချုံးချည်နဲ့နေသည်။သို့သော် ကမ္ဘာကြီးကို လွှမ်းမိုးထားသော ၎င်း၏ မြင့်မြတ်သော ရောင်ဝါသည် သူ့အား ကမ္ဘာကြီးတစ်ခုလုံးကို ဆုပ်ကိုင်ထားပုံ ပေါက်သည်။
ပိုအရေးကြီးသည်မှာ ၎င်းသည် ရုပ်ပုံပန်းချီကားတချပ်မျှသာ ဖြစ်သော်လည်း ၊သို့သော် သူသည် အချိန်ရေစီးကြောင်းကိုဖြတ်ကာ သူတို့ အားလုံးကိုကြည့်နေပုံရသည်။
ခေါင်းကိုးလုံး ရွှေခြင်္သေ့မှာ ထိုရုပ်ပုံပန်းချီကိုတစ်ချက်ကြည့်ရုံဖြင့် ကြက်သီးမွေးထသွားသည်။
စူးချန်ကဲထက်တောင် ပို၍ ကြောက်စရာကောင်းနေသည်။
“ဒီကမ္ဘာရဲ့ ဝေးကွာတဲ့ နေရာမျိုးမှာ တည်ရှိနေသလိုမျိုး ၊မဟုတ်မှလွဲရော”
ပုံကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ အရိုးများထဲအထိ ကြောက်ရွံ့ထိတ်လန့်သွားသည်။
စူးချန်ကဲသည် မူလက ကံကြမ္မာဖတ် မျက်လုံးများကို အသုံးပြု၍ ကြည့်ရန် ကြိုးစားခဲ့သော်လည်း သူ၏ မျက်လုံးများသည် နာကျင်ကိုက်ခဲမှုကို ခံစားခဲ့ရသည်။
ထိုရုပ်သွင်၏ တည်ရှိမှုသည် သူ့စိတ်ကူးထားတာထက် ပိုပြီး သာလွန်နေသည်ဟု ဆိုရပေမည် ။
သူသည် တာအိုနှင့် တရားဓမ္မတို့၏ အခြေခံအုတ်မြစ်ဖြစ်နိုင်သည်။
သူသည် ထာဝရ အဆုံးမဲ့ ဖြစ်တည်မှု တစ်ခုပင်။
ရုပ်ပုံတစ်ပုံမျှသာ ဖြစ်သော်လည်း၊ သူ၏ ဖိနှိပ်စွမ်းအားသည် လူကို ကိုးကွယ်စေချင်ရုံမှ တပါး မရှိပေ။
ဝုန်း!
ထိုရုပ်ပုံသည် တစ်စုံတစ်ခုကို လုပ်ဆောင်နေပုံရသည်။ မြင့်မြတ်သော စွမ်းအားများ တဟုန်ထိုး တက်လာပြီး နတ်ဘုရား၏ အမိန့်သံကြိုးများ ရောယှက်လျက်၊ တရားဓမ္မ၏ စွမ်းအားသည် လေထဲသို့ စိမ့်ဝင်သွားခဲ့သည် ။
ဟင်းလင်ပြင်တစ်ခုလုံး ပြင်းထန်စွာ ပုံပျက်သွားပြီး ၊ အလင်းတန်းများက ဖရိုဖရဲ ဖြစ်ပေါ်လာကာ ရှေးခေတ်ကမ္ဘာကြီး တစ်ခု ပွင့်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို အားလုံး၏ အမြင်အာရုံသည် သိသိသာသာ ကွဲလွဲသွားပြီး၊ သူတို့အားလုံး အမှောင်ထုထဲတွင် ရှိနေပုံရသည်။
“ဟိန်းသံ!!!”
“သတ်! သတ်! သတ်!”
“အမတဘုံ အတွက်၊ ကောင်းကင်အတွက်!”
“ကောင်းကင်ဘုံ ကိုးထပ်ကိုတောင် ထိုးဖောက်ပြီး ဒီ ကမ္ဘာကြီးရဲ့ အမှောင်အရင်းအမြစ်ကို ဖျက်ဆီးပစ်မယ်”
“ငါ့ရဲ့ ဒီတစ်ဘဝလုံး ကျင့်ကြံခဲ့တဲ့ စွမ်းအားတွေကို အမှောင်ထုကြီး လုံးလုံးလျားလျား သုတ်သင်ပစ်နိုင်မယ့်အထိ လဲလှယ်ပေးလိုက်မယ်”
“ငါ ! ငါ့အသက်နဲ့ ရင်းပြီး သက်ရှိသတ္တဝါအားလုံးရဲ့ ငြိမ်းချမ်းမှုကို ကာကွယ်ဖို့ ဆန္ဒရှိတယ်”
အော်ဟစ်သံ ၊ မြည်ဟိန်းသံများက ဟင်းလင်ပြင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ဤဘက်ခြမ်းရှိ ရှေးခေတ်ကမ္ဘာကြီးသည် ထင်ရှားလာခဲ့သည်။အတိတ်ကို ခရီးသွားပြီး ရှေးခေတ်က အဖြစ်အပျက်များကို မြင်လိုက်ရသော စူးချန်ကဲနှင့် အခြားသူများ အားလုံး တုန်လှုပ်သွားကြသည်။
အဆုံးမဲ့ အမှောင်ထုကြီး ပေါက်ကွဲသွားသလိုပင်။
ကြောက်မက်ဖွယ်ရာ ကောင်းသော အမှောင်ထုကြီးသည် ကောင်းကင်ဘုံ အရပ်ရပ်ကို ဖုံးလွှမ်းသွားပြီး ၊ မရေမတွက်နိုင်သော အမှောင် သတ္တဝါများသည် ဤကမ္ဘာပေါ်ရှိ သက်ရှိအရာအားလုံးကို သတ်ရန် အာကာသကြီးထဲမှ ပြေးထွက်လာခဲ့သည်။
အမှောင်သတ္တဝါများကြားထဲတွင် ဧကရာဇ်မင်းမြတ် ပုဂ္ဂိုလ် များစွာရှိကြပြီး အချို့မှာ ဧကရာဇ်မင်းမြတ်၏ စွမ်းအားများထက် ပို၍ ကျော်လွန် ပေသည်။
ထိုးနှက်ချက်တစ်ချက်တည်းဖြင့် စကြဝဠာတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး၊ ကမ္ဘာမြေ ထောင်ပေါင်းများစွာကို ဖြိုခွဲနိုင်သလို သန်းရာနှင့်ချီသော သတ္တဝါများကို သုတ်သင်ပစ်နိုင်သည်။
ထိုရှေးခေတ်ကမ္ဘာက ဒဏ္ဍာရီလာ သားရဲများသည် ပို၍ အားကောင်းကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် တောင်ကြီးသဖွယ် အလွန် ကြောက်စရာကောင်းသည်။
ကြောက်မခန်းလိလိ စွမ်းအားများသည် ချွန်ထက်သော ခြေသည်းများနှင့် အမှောင်သတ္တဝါတို့ကို တိုက်ခိုက်ရန် ကောင်းကင်သို့ ထိုးတတ်သွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးပေါ်တွင် နတ်ဆိုးများ ရှိနေပြီး ၊ ၎င်းတို့၏ မြည်ဟိန်းသံသည် ဟင်းလင်ပြင်ကို ဖြိုခွင်းကာ လမ်းကြောင်းအားလုံးကို ဖျက်စီးပစ်စေသည်။
ရှေးခေတ် မျိုးနွယ်စုသည် တောင်များကိုတောင် မ’ ချီနိုင်သည့် အစွမ်းသတ္တိရှိပြီး ၊ ၎င်းတို့၏ ကြံ့ခိုင်မှုမှာ ပြိုင်ဘက်မရှိပေ။
မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဧကရာဇ်။
ကောင်းကင်ဘုံက နတ်ဘုရား။
လူသားမျိုးနွယ်စု၏ ဧကရာဇ် ။
ရှေး မျိုးနွယ်စု၏ အနန္တတန်ခိုးရှင်။
မရေမတွက်နိုင်သော အင်အားကြီးမားသော တန်ခိုးရှင်များသည် ကောင်းကင်သို့ ဆန်တက်လာပြီး အမှောင်ထု၏ အရင်းအမြစ်ကို တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ကြသည်။
ဝုန်း ဝုန်း !
ကောင်းကင်ဘုံတွင် စစ်ခင်းနေရသည့် တိုက်ပွဲအလား နောက်ဆက်တွဲရလဒ်သည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
မရေမတွက်နိုင်သော အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး တန်ခိုးရှင်များ၏ သွေးများမှာလည်း စွန်းထင်ကျန်ရစ်လို့ နေသည်။
ဒဏ္ဍာရီလာ အမတ သတ္တဝါများပင်လျှင် သေခြင်းတရား၏ ကံကြမ္မာကို ရှောင်ဖယ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုတိုက်ပွဲတွင် မရေမတွက်နိုင်သော နယ်မြေများစွာ ဖျက်ဆီးခံခဲ့ရပြီး ဒဏ္ဍာရီလာ အမတ နယ်မြေလည်း ကွဲအက်သွားခဲ့ရသည်။
အော်ဟစ်သံများ ခြိမ့်ခြိမ့်စည်လျက် ၊ အသက်များ ပျောက်ကွယ်သွားလေပြီ။
အမှောင်ထုအပြင်၊ အကန့်အသတ်မဲ့ စွန်းကျန်ရစ်နေသော သွေးများရှိနေပြီး ဤကမ္ဘာကြီးတစ်ခုလုံး ငရဲပြည်နှင့် တူပေသည်။
စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုတို့ ပြည့်နှက်လျက် မျှော်လင့်ချက် ရောင်ခြည်ကို တစိုးတစိမျှ မမြင်တွေ့ရချေ။
ထိုအခိုက်အတန့်တွင် ၊
ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ရွှေသရဖူကို ဆောင်းထားသည့် ပုဂ္ဂိုလ်တစ်ဦးသည် အပြာရောင် ဓားရှည်ကို ကိုင်ဆောင်လျက် ကောင်းကင်တွင် ပေါ်ထွက်လာခဲ့သည်။
သူ၏ စွမ်းအားများက စကြဝဠာတစ်ခုလုံးကို ဖြန့်ကျက်ထားသည်။
စူးရှတောက်ပသော နေရောင်နှင့် တူသည့် ၎င်း၏ ရောင်ဝါ သည် အမှောင်ထုကြီးကို ဖယ်ရှားလိုက်သည်။ စထွက်လာပြီ ဖြစ်သော နေမင်းကြီးသည် ဤကမ္ဘာ၏ အမှောင်ထုကို ဖယ်ရှာပေးတော့မည့် မျှော်လင့်ချက်ရောင်ခြည် တစ်ခုလိုပင် ။
၎င်းသည် စောနက သူတို့ မြင်ခဲ့ရသည့် ပလ္လင်ပေါ်တွင် ထိုင်နေခဲ့သော ပုဂ္ဂိုလ်ပင်။
သူသည် ထာဝရကာလကို ကျော်ဖြတ်ကာ အန္တိမကို ဖန်တီးသည်။
အမတသားတို့၏ အထွတ်အထိပ်၊ နတ်ဘုရားများ၏ အထွတ်အထိပ် ဖြစ်သူ ။
သူ၏ ဂရုမစိုက်ဟန် မျက်လုံးများသည် အလွန် ထက်မြက်သော ဓားသွားအလား ဝင်းလက်တောက်ပနေသည် ။
ကောင်းကင်ကို လက်ဖဝါးတစ်ခုတည်းဖြင့် ဖုံးအုပ်လိုက်ရာ ၊ နယ်ပယ် သုံးထောင်ကို ဖြတ်ကျော်ကာ သန်းရာနှင့်ချီသော အမှောင်သတ္တဝါများကို ဖျက်ဆီးပစ်လိုက်သည်။
ဓားတစ်ချက်တည်းဖြင့် နတ်ဆိုးများ ဆုတ်ခွာသွားရပြီး ကောင်းကင်ကြီးမှာလည်း တုန်လှုပ်သွားသည်။
ဤမျှ အဆုံးမရှိ ပြင်းထန်သော စွမ်းအားသည် အချိန်နှင့် အာကာသ၏ အဆုံးမဲ့မြစ်ကို ဖြတ်ကာ မရေမတွက်နိုင်သော အမှောင်စွမ်းအားများကို အမှုန့်အဖြစ် ပျောက်ကွယ်သွားစေသည်။
အမှောင်စွမ်းအား၏ ဧကရာဇ်မင်းတောင် သူနဲ့ စစ်ခင်းမည်ဆိုပါက ၊ သူ့ကို မယှဉ်နိုင်ပေ။
မယုံကြည်နိုင်လောက်အောင် အံ့မခန်း အစွမ်းထက်မြက်သော ဓားနတ်ဘုရား တစ်ယောက်လိုပင်။
သူ၏ဓားချက်အောက်တွင် အမှောင်ဧကရာဇ်မင်းလျှင် ကျဆုံးသွားရပြီး၊ ဓားကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် မရေမတွက်နိုင်သော အမှောင်ထုသားများ ပျက်သုန်းသွားခဲ့ရသည်။
ဤရှေးခေတ်ကမ္ဘာရှိ မရေမတွက်နိုင်သော သက်ရှိ အားလုံးသည် ခေါင်းငုံ့ ဒူးထောက်လျက် ကြောက်ရွံ့ရိုသေစွာဖြင့် တန်းညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
“ကျန်ထျန်း အမတရှင် ဧကရာဇ်မင်း ! ‘
ရုတ်တရက်၊ ကျန်ထျန်း အမတရှင် ဧကရာဇ်မင်းသည် စူးချန်ကဲကို ကြည့်လိုက်သည်။
ထိုအကြည့်သည် မရေမတွက်နိုင်သော အချိန်ရေစီးကြောင်းကို ဖြတ်ကျော်ကာ သူ့ကို အမှန်စင်စစ် ကြည့်နေသလိုပင်။
ကျန်ထျန်း အမတရှင် ဧကရာဇ်မင်း၏ နှုတ်ခမ်းသားများသည် တစ်စုံတစ်ခုကို တိုးတိုးလေး ပြောနေပုံရသည်။
သူတို့အားလုံးသည် ပုံရိပ်ယောင်လောကထဲတွင် ရှိနေသောကြောင့် ၊ ကျန်ထျန်း အမတရှင် ဧကရာဇ်မင်း၏ လှုပ်လိုက်သော နှုတ်ခမ်းသားများ၏ အဓိပ္ပာယ်ကို သူ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
“ဒီလောက်တောင် ကြီးလာပြီလား?”
စူးချန်ကဲသည် တစ်ဖက်လူ၏ ပါးစပ်ပုံစံအတိုင်း ဆိုညည်းလိုက်သည်။
သူ နည်းနည်း ရှုပ်ထွေးသွားသည်။
တစ်ဖက်လူက သူ့ကို သိနေသလိုပဲ၊ဘယ်လိုလုပ်ပြီးလဲ?။
မက်မွန် ဧကရီ ကဲ့သို့၊ သူတို့သည် တစ်ခါမှ မဆုံဖူးပါသော်လည်း သူမသည် သူ့ကို သိနေသည်မှာ အဘယ်ကြောင့်နည်း။
ထိုအချက်က သူ့ကို ပိုလို့ စိတ်ရှုပ်ထွေးသွားစေခဲ့သည် ။
သို့သော် ထိုအချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သွားခဲ့သည်။
အမှောင်ထု၏ ရင်းမြစ်သည် တစ်ကမ္ဘာလုံးကိုဝါးမျိုးလိုက်သည်။
ထိုအမှောင်ထုထဲတွင် ကြောက်စရာကောင်းသော လူသုံးယောက်၏ အရိပ်သဏ္ဍာန်သည် မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့သည်။
သူတို့၏ ရောင်ဝါသည် အခြားသူများထက် အဆပေါင်းများစွာ ကျော်လွန်ပြီး ကျန်ထျန်း အမတရှင် ဧကရာဇ်မင်း၏ ရောင်ဝါနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
များမကြာမီ ၊ ထိုလူသုံးဦးသည် တစ်ချိန်တည်းမှာပင် ကျန်ထျန်း အမတရှင် ဧကရာဇ်မင်းကို
ဝိုင်းရံထားလိုက်သည်။
ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲ တစ်ခုပင် ဖြစ်သည်။
ကျန်ထျန်း အမတရှင် ဧကရာဇ်မင်းသည် အချိန်ရေစီးကြောင်းကိုတောင် ဖြတ်တောက်ပစ်နိုင်သည့် သူ၏ဓားနှင့်အတူ တိုက်ပွဲဝင်ခဲ့သည်။သူတို့သည် အဆုံးမဲ့ကမ္ဘာများကို ဖြိုခွဲကာ အချိန်အတိုင်းအတာ တစ်ခုအထိ တိုက်ခိုက်ခဲ့ကြသည်။
ပြိုင်ဘက်၏ တာအို ခန္ဓာကိုယ် ပျက်စီးသွားနိုင်စေတဲ့အထိ နှစ်အတော်အကြာ တိုက်ခိုက်ခဲ့ကြသည်။
သူတို့၏ စစ်ပွဲသည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပုံရသည်။ကောင်းကင်လမ်းစဉ်ပင်လျှင် သူတို့ကြောင့် ပျက်စီးသွားခဲ့ရသည်။
သို့သော် နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အမှောင်ထုသုံးယောက်သည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး မကျေနပ်သော အသံကို ဟောက်ဟိန်းလျက် အမှောင်ထဲသို့ ပြန်ဆုတ်သွားခဲ့ရသည်။
အဆုံးမဲ့ အမှောင်သတ္တဝါများသည်လည်း ဒီရေအလား အသီးသီး ဆုတ်ခွာသွားကြသည်။
ဝတ်ရုံဖြူ ကျန်ထျန်း အမတ ဧကရာဇ်မင်းလည်း ဒဏ်ရာဒဏ်ချက်များဖြင့် အသက်ဓာတ်ကုန်လုနီးပါးပင်။
“ငါ စူးရွှမ် ၊ တစ်ဘဝလုံး ရှုံးပွဲမရှိ တိုက်ပွဲပေါင်း တစ်သိန်းကိုးသောင်းကိုးထောင် ခြောက်ရာဆယ့်နှစ်ပွဲကို တိုက်ခိုက်ဖူးတယ် “
“ အခု အမှောင်ထုတွေ ရောက်လာခဲ့တယ်၊ သက်ရှိသတ္တဝါအားလုံး ကပ်ဘေးဆိုက်ရတယ် ဒီရဲ့ အမှောင်အရင်းအမြစ်ကို တိုက်ထုတ်ဖို့အတွက် ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ လဲလှယ်ဖို့ ငါ ဆန္ဒရှိတယ် “
“ဒီနေ့၊ အမှောင်ထုက ခေတ္တပြန်ဆုတ်သွားပြီ ဆိုပေမဲ့ ဒါပေမယ့် တစ်နေ့တော့ သေချာပေါက် ပြန်လာလိမ့်မယ်!”
“ငါ့ရဲ့ အသက်ဓာတ်က ကုန်ဆုံးနေပြီ ၊ငါ့ရဲ့ မူလအရင်းအမြစ်လည်း ပျောက်ကွယ်သွားတော့မယ် ၊ ငါ ဆက်ပြီး မကာကွယ်နိုင်တော့ဘူး”
“ငါသေရင်၊ မမွေးလာသေးတဲ့ ငါ့ကလေးလေးကို ပြောပြပေးပါ”
“ သူကပဲ ငါ့ တောင့်တတဲ့ ဆန္ဒကို အကောင်အထည် ဖော်ပေးပါ၊ အမှောင်ထုရဲ့ အရင်းအမြစ်ကို ဖယ်ရှားပြီး စကြာဝဠာတစ်ခုလုံးကို သန့်ရှင်းစေကာ၊ ကောင်းကင်နှင့် ဒီကမ္ဘာကြီးကို ထာဝရ ငြိမ်းချမ်းပါစေ”
“ ငါ ဆန္ဒရှိတယ် ! သက်ရှိသတ္တဝါများအားလုံး နဂါး တစ်ကောင်ကဲ့သို့ ၊ အမှောင်တွင်းထဲသို့ ဘယ်သောအခါမှ မကျရောက်ပါစေနဲ့ “
နောက်ဆုံးစကား ပြောဆိုပြီးသည်နှင့် ကျန်ထျန်း အမတရှင် ဧကရာဇ်မင်းသည် ထာဝရဆိုသည့် ကာလထက်ကို ကျော်လွန်နေပြီဖြစ်သောကြောင့် ခံနိုင်ရည်မရှိတော့ပဲ သူ၏ခန္ဓာကိုယ်မှ နတ်အလင်းရောင်များ ဖြာထွက်လာခဲ့သည်။
ယခုအခါတွင် ဖြည်းညှင်းစွာ အက်ကွဲနေခဲ့ပြီဖြစ်သည်။
နောက်ဆုံးအနေနဲ့ သူသည် စူးချန်ကဲကို လှည့်ကြည့်လိုက်သည်။
သူ၏ မျက်လုံးများသည် ယခင်က ရက်စက်ကြမ်းကြုတ်သော လူသတ်ချင်သည့် အကြည့်နှင့် လုံးဝ မတူဘဲ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။
ကျန်ထျန်းအမတရှင် ဧကရာဇ်မင်းသည် သူ့ကို ပြုံးပြနေပြီး မရေမတွက်နိုင်သော အလင်းစုလေးများအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် တဖြည်းဖြည်း ပျံ့လွင့်သွားခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် ၊
နတ် နဂါးနှင့် နတ် ဖီးနစ်ဌက်များသည် အော်ဟစ် နေကြပြီး ၊ ကောင်းကင်နှင့် မြေကြီးမှာလည်း ငိုကြွေးသံများ ဝေဆာလျက် ကောင်းကင်မှ သွေးမိုးများ ရွာချလာခဲ့သည်။
နတ်အပေါင်းတို့သည် ဦးညွှတ်လျက် ။
မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည်လည်း ဒူးထောက်လျက် ကောင်းကင်ကို
မောကြည့် ဦးညွှတ်ကာ အော်ဆိုလိုက်သည်။
“ကျန်ထျန်းအမတရှင် ဧကရာဇ်မင်းကို လိုက်ပါ ပို့ဆောင်ပေးပါတယ်!”
မရေမတွက်နိုင်သော တန်ခိုးကြီးသူများလည်း ထိုနေရာတွင် ရှိနေကြပြီး၊ အားလုံးက ဒူးထောက်ကာ ကြွေးကြော်ခဲ့ကြသည်။
“ကျန်ထျန်းအမတရှင် ဧကရာဇ်မင်းကို လိုက်ပါ ပို့ဆောင်ပေးပါတယ်!”
ကြွေးကြော်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော လူများသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျန်ထျန်း အမတရှင် ဧကရာဇ်မင်း၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသော ဦးတည်ရာဘက်သို့ ဦးညွှတ်ခဲ့ကြသည်။
ဤအခိုက်အတန့်၌ တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်နေခဲ့သော စကားတစ်ခွန်းသာ ရှိပေသည်။
“ကျန်ထျန်းအမတရှင် ဧကရာဇ်မင်းကို လိုက်ပါ ပို့ဆောင်ပေးပါတယ်!”
မြင်ကွင်းသည် ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။
🍁🍁🍁🍁
အပိုင်း( ၆၃) :အမှောင်ထု၏ အကြွင်းအကျန်များကို တွန်းလှန်ပါ၊ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးမီးတောက်
သူတို့အားလုံး တုန်လှုပ်ချောက်ချားစရာ ကောင်းသောအဖြစ်အပျက်ကြီးမှ ပြန်လည်တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။
သူတို့ မြင်ခဲ့သော ထိုမြင်ကွင်းများသည် ရှေးခေတ် အိပ်မက်တစ်ခုလိုပင်။
ကောင်းကင်ကြားက ပြင်းထန်သော တိုက်ပွဲတစ်ခု။
သွေးဆာနေသော မြင်ကွင်းကြီး ။
အမြင့်တကာ အမြင့်မြတ်ဆုံး ကျန်ထျန်း အမတရှင် ဧကရာဇ်မင်း ။
သူတို့အားလုံးသည် အချိန်၏ ဖြတ်ကျော်တိုက်စားမှုတွင် မြှုပ်နှံသွားခဲ့ပြီ ဖြစ်ရာ ၊ ယခုအချိန်မှာတော့ လူအတော်များများက သူတို့ကို
မေ့ပျောက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤအဖြစ်ပျက်ကြီးသည် တကယ် တည်ရှိခဲ့သော အရာပင် ဖြစ်သည်။
“ဒဏ္ဍာရီလာ အမတ ဧကရာဇ်မင်း?”
ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ ရင်ထဲ၌ ဖော်မပြနိုင်သော ထူးဆန်းသော ခံစားချက်တစ်ခုကို သူ ခံစားနေမိသည်။
အမတရှင် ဧကရာဇ်မင်း သူ့ရှေ့တွင် လဲကျသွားသည်ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူ၏အသွေးအသားများ အနည်းငယ် တုန်ရီလာပြီး အဆုံးမရှိသော ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
“ငါစိတ်ထင်နေတာပဲဖြစ်ရမယ် “
စူးချန်ကဲသည် လေးလံနေသော သူ၏ ခေါင်းကို ခါယမ်းလိုက်ရင်း ထိုကိစ္စကို မေ့ပျောက်လိုက်သည်။
ထိုအချိန်မှာပဲ မမျှော်လင့်ထားတဲ့ အရာတစ်ခုက ဖြစ်ပျက်လာခဲ့သည်။
သွေးအိုင်ထဲတွင် ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြန်သည်။
နှစ်အတော်ကြာအောင် မြှုပ်နှံထားသော မြင်ကွင်းကို ထုတ်ဖော်ပြသအပြီးတွင် ၊ သွေးအိုင်ထဲရှိသွေးများမှာ ခန်းခြောက်သွားခဲ့သည်။
သွေးစွန်းနေသော အငွေ့အသက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သွေးအိုင်သည် သူ၏ အသွင်အပြင်အမှန်ကို တဖြည်းဖြည်း ထုတ်ဖော်လာခဲ့သည်။
တကယ်တော့ ထိုအရာသည် သွေးစွန်းနေသော ရုပ်တုတစ်ခုပင် ။
“ ဒီသွေးစွန်းနေတဲ့ ရုပ်တုမှာ ပြင်းထန်တဲ့ အမှောင်စွမ်းအားတွေ ရှိနေတာပဲ”
“ဒီမှာ အမှောင်သတ္တဝါတွေကို ဖိနှိပ်ချုပ်ချယ်ထားပုံ ရတယ် “
နတ်မိမယ် ယွမ်ကွေ့သည် ရှားရှားပါးပါး အေးစက်သော အသံဖြင့် ထုတ်ပြောလာခဲ့သည်။
“ဒါ အဲ့လောက်ထိ ရိုးရှင်းမယ့်ပုံမပေါ်ဘူး “
စူးချန်ကဲသည် စဉ်းစားလိုက်သည်။ ပထမဦးစွာ သူတို့ကို ထိုတိုက်ပွဲ၏ မြင်ကွင်းကို ပြသပေးခဲ့သည်။ ထို့နောက် အမှောင် သတ္တဝါများကို ဖိနှိပ်ထားသည့် ဤထူးဆန်းသော ရုပ်ထု ထွက်ပေါ်လာခဲ့သည်။
“မဟုတ်မှလွဲရော?”
“စာမေးပွဲ စစ်နေတာများလား”
စူးချန်ကဲ ဖျက်ခနဲ့ သဘောပေါက်သွားခဲ့သည်။
ဘုန်း!
ထိုအခိုက်အတန့်မှာပင်၊ သွေးစွန်းနေသော ရုပ်ထုသည် အနည်းငယ် တုန်ခါလာပြီး အက်ကြောင်းများ ပေါ်ထွက်လာကာ ၎င်းအထဲမှ အနက်ရောင် အငွေ့အသက်များ ထွက်ချလာခဲ့သည်။
ဤနေရာတစ်ခုလုံး တုန်ခါသွားကာ အပူချိန်မှာ သိသိသာသာ ကျဆင်းလာခဲ့သည်။ အအေးဓာတ်သည် အရိုးထဲ စိမ့်ဝင်သွားစေလောက်တဲ့အထိ ပြင်းထန်လှသည်။
“ဟုတ်တယ်၊ ငါ တွေးတာ မှန်ရင် ငါတို့နောက်ထပ် ဒုက္ခများဦးမှာပဲ!”
စူးချန်ကဲ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူသည် လေးလေးနက်နက် ဆိုလိုက်သည်။
ဘုန်း!
ရုတ်တရက် ဆိုသလို၊ သွေးစွန်းနေသော ထိုရုပ်ထု၏ အက်ကွဲကြောင်းများက ပို၍ ပွင့်လာခဲ့ပြီး ထူးဆန်းသော အနက်ရောင် အငွေ့အသက်များက လှိုင်းလုံးသဖွယ် ထွက်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလို ၊ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အမှောင်သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
၎င်းတို့၏ အသွင်အပြင်သည် အရိပ်ပမာကဲ့သို့ အရာအားလုံးကို ဝါးစားတော့မည့် အလားသဏ္ဍာန် အတိုင်း လူကိုတောင် အေးခဲသွားစေသည်။
ထို့နောက် ၎င်းတို့သည် ကြောက်စရာကောင်းသော ရယ်မောသံများဖြင့် စူးချန်ကဲတို့ အုပ်စုဆီသို့ ရုတ်တရက် ပြေးဝင်တိုက်ခိုက်လာခဲ့သည်။
ဤအမှောင်သတ္တဝါများသည် နှစ်သန်းပေါင်းရာနှင့်ချီ၍ ဖိနှိပ်ခံခဲ့ရသည်။
အားနည်းတဲ့ အကောင်တွေကတော့ သေတာကြာလှပေါ့။
ယနေ့တိုင်ထိ အသက်ရှင်နေသေးသော အကောင်များသည် အသန်မာဆုံး အကောင်များ ဖြစ်သည်ဟု ဆိုရပေမည်။သို့သော် အဆုံးမရှိသော အချိန်အတိုင်းအတာကို ဖြတ်ကျော်ခဲ့ပြီးနောက်တွင် ၎င်းတို့၏ စွမ်းအင်များနှင့် သွေးများသည် အလွန် ဆွေးမြေ့ယိုယွင်းလာခဲ့ပြီ ဖြစ်ရာ သူတို့၏ ခွန်အားများသည်လည်း ယုတ်လျော့လာခဲ့ပြီ ဖြစ်သည်။
သို့ဆိုတောင် သူတို့အားလုံး သတိမလွှတ်ရဲပေ။အမှောင်သတ္တဝါများသည် ဝိညာဉ်စွမ်းအင်ကို ထိခိုက်စေနိုင်ပြီး နတ်အသိစိတ်ကိုပါ ယုတ်လျော့သွားစေနိုင်သည်။ မည်သို့သော ထူးဆန်းသော ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်သလဲဆိုတာ ကြိုတင်မှန်းဆ၍ မရနိုင်ပေ။
သူတို့အားလုံး ထိုအမှောင်သတ္တဝါများကို သတ်ရန် ပြင်းထန်သော တိုက်ခိုက်မှု နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြသည်။
ဂျိန်း !
ဝူကျီအောက်ထျန်း ကိုင်ဆွဲသော သိဒ္ဓိဓား၏ ဓားအလင်းသည် လျှပ်စီးလက်သကဲ့သို့ စူးရှထက်မြက်ပေသည်။
တခဏချင်းမှာပင် ၊ ၎င်း သတ္တဝါများ၏ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားကာ၊နေရာမှာတင် အသေသတ်နိုင်ခဲ့သည်။
လော့ချင်းယွီသည် ရှည်လျားသော ကြာပွတ်ကို ကိုင်ဆောင်ထားသည်။၎င်းကြာပွတ်သည် တွင်းထဲက ထွက်လာသော သက်ရှိမြွေ လို့တောင် မှတ်ယူရသည်။မှော်သင်္ကေတများက တဖျပ်ဖျပ်ခတ်နေပြီး နတ်သံဖြင့် ထွင်းထုထားသော ၎င်း ကြာပွတ်ထဲတွင် နတ်စွမ်းအားများပါဝင်သည် ။
အမှောင် သတ္တဝါများစွာသည် ၎င်းနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ကြေမွသွားခဲ့ရသည်။
နတ်မိမယ်ယွင်ကွေ့၏ ပတ်ပတ်လည်တွင် လရောင်ကဲ့သို့ တောက်ပနေသည့် ကြာဖြူပွင့်များက လူကို အေးစက်ပြီး မခံသာအောင် စူးရှတောက်ပလွန်းသည်။
ကခုန်နေသော နတ်သမီး တစ်ပါး ကဲ့သို့၊ သူမ၏ ပိတ်စတို့သည် သူမ၏ လှုပ်ရှားမှုနှင့်အတူ လွှင့်ပျံနေသည်မှာ အလွန် တင့်တယ်ပေသည်။
ဤမျှလှပသော ကခုန်မှုအောက်တွင် တစ်ခါလှုပ်ရှားလိုက်တိုင်း ကြာပန်းဖြူများ ပွင့်လှမ်းသွားသည်။
ထိုကြာပန်းကို ထိတွေ့မိသော အမှောင် သတ္တဝါတိုင်း အမှုန့်ဖြစ်သွားခဲ့ရသည်။
ခေါင်းကိုးလုံး ရွှေခြင်္သေ့သည်လည်း တန်ခိုးကြီးမားသော သူ၏စွမ်းအားများကို ထုတ်လွှတ်လျက် ရှိသည်။
ခေါင်းကိုးလုံး ရွှေခြင်္သေ့သည် ဆီးနှင်းခဲ ၊ မီးတောက် ၊ လေမုန်တိုင်း ၊ မိုးခြိန်းသံ စွမ်းအားများနှင့် အတူ ဟိန်းဟောက်လိုက်သည်။
သူ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် အမှောင်သတ္တဝါများကို ပျက်သုန်းသွားစေသည်။
သူတို့အားလုံးသည် ငယ်ရွယ်သူများ ဖြစ်သည့်အပြင် ထိပ်တန်း ပါရမီရှင်များလည်း ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ရွယ်တူများကြားတွင် သာလွန်အဆင့် ဖြစ်သောကြောင့် တိုက်ခိုက်ဖို့ရန် မခက်ခဲပေ။
ထို့အပြင် သူတို့ အားလုံးမှာလည်း ဝှက်ဖဲမျိုးစုံရှိသည် မဟုတ်လော။
ထိုအမှောင်သတ္တဝါများသည် ထူးဆန်းပြီး အစွမ်းထက်သော်လည်း၊ သူတို့လက်ထဲ ရောက်သည်နှင့် သေဆုံးသွားရစမြဲပင်။
ဘုန်း!
ထိုအခိုက်အတန့်တွင်၊
စူးချန်ကဲ၏ ပတ်ပတ်လည်တွင် နတ်အလင်းရောင်များ ဖြာထွက်လျက် တရားဓမ္မ၏ စွမ်းအားများ ရောယှက်နေပြီး နေလို တောက်ပနေသော ရွှေရောင်တိမ်တိုက်များက စူးချန်ကဲကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်ကာကွယ်ပေးထားသည်။
စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ၊ အရာအားလုံးကို ခုခံနိုင်စွမ်းရှိသော အမြင့်မြတ်ဆုံး တာအိုသံစဉ်များကို ထုတ်လွှတ်လိုက်သည်။
သူသည် ကောင်းကင်ဓားဖြင့် အရာအားလုံးကို ခုတ်ချလိုက်သည်။
နဂါးငွေ့တန်း ဂလက်စီကဲ့သို့ ဓား၏ တောက်ပသော အလင်းရောင်ထဲတွင် လုံရှန့်ဖိနှိပ်စွမ်းအားကို ပေါင်းထည့်ထားသောကြောင့်အမှောင်သတ္တဝါ ဒါဇင်ပေါင်းများစွာကို ချက်ချင်းလက်ငင်း ရှင်းပစ်နိုင်ခဲ့သည်။
ကြောက်စရာကောင်းသော ဓားစွမ်းအင်သည် ရှေ့က မြေပြင်ကို ထိုးကျသွားခဲ့သည်။ထိုနေရာတစ်ခုလုံး ပင်ကူမျှင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကွဲအက်သွားခဲ့သည်။
ထိုဓားစွမ်းအင်အောက်တွင် အမှောင်သတ္တဝါများသည် ပြာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏ သူတော်စင် ခန္ဓာကိုယ် အသွေးအသားများကို နှိုးဆွလိုက်သည်နှင့် သူ၏ ဘေးပတ်ပတ်လည်တွင် တာအိုလမ်းစဉ်ပန်းများ ပွင့်လန်းလာခဲ့သည်။ထို့အပြင် နတ်ဆိုးများနှင့် သားရဲလေးကောင်တို့၏ ပုံရိပ်များလည်း ထွက်ပေါ်လာခဲ့သည်။
T/N - “တာအိုလမ်းစဥ်ပန်း”- လူခန္ဓာကိုယ်၏ အနှစ်သာရနဲ့ ဘုန်းတန်ခိုး
နတ်သတ်ဓား၏ ဆန္ဒသည် ပေါ်ထွက်လာခဲ့သည်။
ကျယ်ပြောလှသော သမုဒ္ဒရာကဲ့သို့ ဓားဆန္ဒသည် လေဟာပြင် တစ်ခုလုံးကို အဆက်မပြတ်
ခုတ်ဖြတ်ပိုင်းလိုက်သည်။
၎င်းအမှောင်သတ္တဝါများ၏ အငွေ့အသက်သည် အားနည်းသော်လည်း ၎င်းတို့သည် မရေမတွက်နိုင်လောက်အောင် များပြားလွန်းသည်။
ထို့ကြောင့် စူးချန်ကဲသည် အားအပြင်းဆုံး ဓားရှည်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။
လမ်းစဉ်ကာရံကို ဖြတ်တောက်လျက် ၊ကောင်းကင်နှင့် မြေကြီးရဲ့ လမ်းစဉ်ကို နားလည်ပြီး ၊ မနက်ဖြန်ရဲ့ နိယာမတရားကို သိရှိပါ ၊
ပြီးပြည့်စုံသော ကျင့်စဉ်တွင် ၊ အတွေးတစ်ခုတည်းဖြင့် အချိန်၏ ရှည်လျားသော မြစ်ကို ချိုးဖျက်ပြီး၊ အကြောင်းတရားနှင့် အကျိုးတရားကို ဗလာအဖြစ်သို့ ပြောင်းလဲပါ၊
“ တာအို လမ်းစဉ် ဖြတ်တောက်ခြင်း အစီအရင် ပထမဆုံးအကွက် ဉာဏ်အလင်း !”
“ဖြတ်စေ!”
ချက်ခြင်းပင် ၊ ဓားအလင်းသည် ကောင်းကင်သို့ ပျံတက်သွားပြီး ဓားတစ်ချောင်းတည်းဖြင့် တိုက်ကြီး ၁၄ တိုက်ကို ဖုံးလွှမ်းလိုက်သည်။
ကြီးမားကျယ်ပြန့်သော အဖြူရောင် အလင်းတန်းသည် အမှောင်ထုကို ဝါးမျိုလိုက်ကာ ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပနေသည်။
မလိုလားသော အော်ဟစ်သံများနှင့်အတူ ထိုအမှောင်သတ္တဝါများသည် နှင်းပွင့်များကဲ့သို့ သဲလွန်စ တစွန်းတစိမျှ မကျန်ရှိဘဲ တခဏချင်း ပျောက်ကွယ်သွားခဲ့သည် ။
“ဒါ ဘယ်လို ဓားသိုင်းများလဲ?”
ဝူကျီအောက်ထျန်းမှာ စူးချန်ကဲ၏ ထိုဓားစွမ်းရည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လွန်စွာ ထိတ်လန့်သွားခဲ့သည်။
သူတို့၏ လော့ဟယ် ဓားဂိုဏ်းသည် ပေမင်တိုက်တစ်ခုလုံးတွင် အစွမ်းထက်ဆုံး ဓားပညာ အမွေဆက်ခံသည့် ဂိုဏ်းများထဲက တစ်ခု ဖြစ်သည်။သို့သော် စူးချန်ကဲ၏ စောနက ဓားသိုင်းမျိုးကိုတော့ သူတစ်ခါမျှ မကြားဖူးပေ။
သူသည် ဓားသိုင်းပညာကို ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့သည်။ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားသိုင်းပညာကိုတော့ တစ်ခါမျှ မမြင်ဖူးပေ။
နတ်မိမယ် ယွင်ကွေ့လည်း ထိုဓားသိုင်းပညာနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်ရှိသည်။
စူးချန်ကဲ၏ ဓားပညာတွင် တာအိုလမ်းစဉ်၏
အဓိပ္ပာယ်ကို နားလည်နိုင်စွမ်းရှိသည့် ဉာဏ်အလင်းများ ပါဝင်နေသည်ကို သူမ ခံစားမိသည်။အကယ်၍ သူမသာ သင်ယူနိုင်ခဲ့ရင် ၊သူမ၏ စွမ်းအားများသည် တစ်ဖန် တိုးတတ်လာနိုင်သည်။
“ ကွေးယွမ် သူတော်သင် နယ်မြေက တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားအရှိဆုံး
နေရာပဲ ၊ ဒီလို ဓားစွမ်းရည်နဲ့ ဒီလို ဆက်ခံသူမျိုးကို ပိုင်ဆိုင်ထားတာပဲ “
သူမကိုယ်တိုင် မသိလိုက်ခင်မှာဘဲ စူးချန်ကဲ အကြောင်းကို သူမ ပိုပြီး စိတ်ဝင်စားနေခဲ့သလို၊ တစ်ချိန်တည်းမှာပင် ထိုကဲ့သို့ အင်အားကြီးမားသော ပုဂ္ဂိုလ်မျိုးကို သူမ ကြောက်ရွံ့နေမိသည်။
စူးချန်ကဲသာ ဒိစကားကို ကြားရင် သေချာပေါက် မျက်မှောင်ကြုတ်နေလိမ့်မည်။
သူက လိမ်ညာကစားသူ အွန်လိုင်း ဂိမ်းသမားလေးလေ ၊ အဲ့တော့ တားမြစ် ကျင့်စဉ်တချို့ကို သိထားတာ သဘာဝကျပါတယ် ဟုတ်ဘူးလား?
ရွှမ်း !
စူးချန်ကဲသည် ခြံ၀င်းထဲ လမ်းလျှောက်နေရင်း အေးအေးလူလူ မြက်ရှင်းနေသကဲ့သို့ သူ၏ တိုက်ကွက်များသည် ပေါ့ပါးလှသည်။ အဆင့်မြင့် အမှောင်သတ္တဝါများစွာသည် စူးချန်ကဲ၏ ဓားချက်အောက်တွင် ဟင်းသီးဟင်းရွက်များ ခုတ်ထစ်ခံလိုက်ရသလိုမျိုး ရှင်းပစ်ခံလိုက်ရသည်။
“အမ်? သွေးအိုင်ရဲ့ တခြားတစ်ဖက်မှာ ကျောက်သေတ္တာတစ်ခု ရှိနေပုံရတယ်”
စူးချန်ကဲသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သွေးအိုင်ထဲက ထူးဆန်းသော အရာတစ်ခုကို သတိထားမိလိုက်သည်။
ဘုန်း!
ထိုအချိန်တွင် နီမြန်းသော မီးလျှံသည် သွေးအိုင်မှ ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည် ။
ကြောက်မက်ဖွယ်ရာ ကောင်းသော မီးတောက်များ၏ စွမ်းအားများသည် လေထုထဲတွင် တဟုန်းဟုန်း ထတောက်လျက် ရှိသည်။
ပြိုးပြိုးပြက်ပြက် ဝင်းလက် တောက်လောင်နေသော မီးတောက်သည် ဤသရဲတစ္ဆေမြေအောက်နန်းတော်ကို ချက်ချင်းဆိုသလို နွေးထွေးသွားစေပြီး သာယာသော လေထုကို ဖန်တီးပေးခဲ့သည်။
အထူးသဖြင့် မီးတောက်ထဲတွင် ဧကရာဇ်မင်းမြတ်၏ အငွေ့အသက်များ ရှိနေသောကြောင့်၊ ပို၍ပင် ခံ့ညားပြီး အမြင့်မြတ်ဆုံး အရာတစ်ခု အဖြစ် မြင်သာစေသည်။
“ဒါက ရွှေကျီးကန်း မကောင်းဆိုးဝါး မျိုးနွယ်စု ဧကရာဇ်မင်းမြတ်ရဲ့ ကောင်းကင် လောင်ကျွမ်းခြင်း နတ်ဆိုး မီးတောက်မလား!?”
ခေါင်းကိုးလုံး ရွှေခြင်္သေ့မှာ တကိုယ်လုံး တုန်လှုပ်လျက် အရမ်းကို စိတ်လှုပ်ရှားနေပုံရသည်။အသက်ရှုသံများပင်လျှင် မြန်ဆန်နေခဲ့သည်။
အားလုံး၏ မျက်ဝန်းများမှာ ဝင်းလက် တောက်ပနေကြသည်။
ရွှေကျီးကန်း ဧကရာဇ်မင်းမြတ် ။
မီးလမ်းစဥ်ကို ထိန်းချုပ်နိုင်သောမကောင်းဆိုးဝါး မျိုးနွယ်စု၏ တန်ခိုးအကြီးဆုံးဧကရာဇ်မင်းမြတ် ဖြစ်သည်။၎င်း၏ ရွှေမီးတောက်သည် အရာအားလုံးကို ဖျက်စီးပစ်နိုင်သည် ဟု လူသိများကြသည်။
သို့သော် အားလုံး၏ မျက်လုံးများက ရှေ့က ဝတ်ရုံဖြူ လူငယ်လေးကို ကြည့်လိုက်သည်။
ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွားသည်။
ဟုတ်တယ်လေ!
ဒီဟာကြီး ရှိနေမှတော့ ၊ သူတို့အလှည့်ရောက်ပါဦးမလား?
🍁🍁🍁🍁
အပိုင်း (၆၄ ) : လီဟန်၏ အကွက်ချမှု၊ လက်သီးထိုးပွဲ
စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း
“မင်းတို့အားလုံးက ကျွန်တော် စူးမျိုးနွယ်ကို ဝိုင်းချစ်ပေးနေတော့ ၊ ကျွန်တော် စူး မျိုးနွယ်ကလည်း အမိန့်ကို နာခံတာထက် အားလုံးရဲ့ စေတနာကို လေးစားသမှုပြုတာက ပိုကောင်းမှာပေါ့”
အားလုံး၏ မျက်နှာများမှာ မှုန်သုတ်နေလေသည်။ သူတို့လည်း လိုချင်တာပေါ့ ဒါပေမဲ့ သူ့ကို သူတို့မှ နိုင်အောင်မတိုက်နိုင်တာ!
ဝူကျီအောက်ထျန်းအတွက်တော့ စူးချန်ကဲသည် သူ၏ လက်သုံး စကားဖြစ်သော လျစ်လျုရှုသော စကားထက် ကြောက်သည် ဆိုရင် ပိုမှန်သည်။စူးချန်ကဲကို သွားပြီး ရန်မစရန်မှာ သူ၏ နံပါတ်တစ် တားမြစ်ချက်ပင် ဖြစ်သည်။
ခေါင်းကိုးလုံး ရွှေခြင်္သေ့ နှင့် လော့ချင်းယွီတို့အတွက်မှာမူ သူတို့၏ ဘဝများကို စူးချန်ကဲက ချုပ်ကိုင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ဒီလိုအခွင့်အရေးကို ဆုပ်ကိုင်ဖို့ ဖြစ်နိုင်ပါဦးမလား။
ကိုယ့်ကိုယ်ကို အသက်ရှည်တယ် ထင်လို့ ဆွဲကြိုးချပြီး သေကြည့်ချင်သေးတာလား!
စူးချန်ကဲသည် ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးမီးတောက် အနားသို့ ပိုမိုနီးကပ်လာသည်နှင့် အမျှ ၊ အသက်ရှုသံများသည် ပြင်းထန်လာပြီး သူ့ကို ပို၍ ရင်တုန်စေသည်။
“ဒီမီးတောက်က တကယ်ကို ထူးခြားတာပဲ ၊
ဒါက ဟိုကောင်လေး လီဟန်အတွက်တော့ ကောင်းမွန်တဲ့ အခွင့်အရေးပဲ မဟုတ်လား?”
“မဆိုးဘူး ၊ ဒီကြက်သွန်မြိတ် နည်းနည်းတော့ အသုံးဝင်သားပဲ!”
စူးချန်ကဲ၏ နှုတ်ခမ်း ထောင့်စွန်းတွင် အပြုံးများ လှစ်ဟသွားခဲ့သည်။နောက်တွင်လည်း ထိုကဲ့သို့ ကံကောင်းခြင်းရဲ့ သားတော်လေးတွေနဲ့ ထပ်ဆုံခဲ့မည် ဆိုပါက သူသည် အမတ တစ်ပါး ဖြစ်နိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည် ရှိပေတော့မည်။
အားလုံးက စူးချန်ကဲတစ်ယောက် ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးမီးတောက်များ သိမ်းယူနေသည်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။သူတို့ကတော့ ဒဏ္ဍာရီလာ သားရဲများ၏ အနှစ်သာရနှင့် သွေးအချို့ကိုသာ စုဆောင်းနိုင်ခဲ့သည် ။
ကံကောင်းထောက်မစွာဖြင့် ၊စူးချန်ကဲသည် သူတို့အား ဟင်းချိုရည် (အခွင့်အရေး)တစ်ခွက် ပေးခဲ့သည်။သို့မဟုတ်ပါက ဒီတစ်ခေါက် ခရီးစဉ်မှာ အချည်းနှီး ဖြစ်သွားနိုင်သည်။
တကယ်တော့ စူးချန်ကဲသည် မမျှော်လင့်ထားသော အခွင့်အရေးတစ်ခုကို ရှာတွေ့ရှိခဲ့သည်။
ထိုမီးတောက်၏ ဘေးတွင် အပေါက်တစ်ခုရှိနေခဲ့သည်။အဖိုးတန်ရတနာများ ထားရာ နေရာတစ်ခုဖြစ်နိုင်သည် ။
သို့သော် ပစ္စည်းများက လေထဲတွင် ပျောက်ကွယ်သွားပုံရသည်။။စူးချန်ကဲ၏ စစ်ဆေးချက်အရ နေရာတွင် လောလောလတ်လတ် ရွေ့လျားထားသော ခြေရာများရှိနေသည်။ကြည့်ရတာ တစ်စုံတစ်ယောက်က ပစ္စည်းများကို ယူသွားပြီးခဲ့ပုံရသည်။
သိပ်မကြာသေးခင်လောက်ကမှ ယူထုတ်သွားပုံရသည်။
“ဒီနေရာကို စောစောဝင်လာတဲ့သူ တစ်ယောက် ရှိပုံရတယ်”
“မော့ရန်ရှီး”
စူးချန်ကဲ အဆက်မပြတ် တွေးနေမိသည်။သူမရဲ့မက်မွန် ဧကရီ ဘုရင်မ၏ စိတ်ဝိညာဉ် နိုးထလာခဲ့ရင်တောင် သူမသည် ဤအပျက်အစီးများရှိရာနေရာကို အဘယ်ကြောင့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခဲ့သနည်း။
“ဒီ မက်မွမ် ဧကရီ မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေရမယ်”
သို့ဆိုတောင် စူးချန်ကဲ သိပ်ဂရုမစိုက်ပေ။
သူမက သူ့အတွက်တော့ နောက်အနာဂတ်တွင်အသုံးပြုမည့် လိုသုံးတစ်ယောက်သာဖြစ်သည်။
ထိုအချိန်တွင် ဂူအပြင်ဘက်တွင် လက်ခုပ်သံ ထွက်ပေါ်လာခဲ့သည်။
“လူတိုင်း၊ ဆက်ခံသူက ငါတို့အတွက် ပြဿနာအားလုံးကို ဖြေရှင်းပေးပြီးပြီနဲ့တူတယ် “
ခဏအကြာတွင် လီဟန်၏ရုပ်သွင်သည် ဂူအပြင်ဘက်ကနေ ပေါ်ထွက်လာခဲ့သည်။သူ့နောက်တွင် လူသားမျိုးနွယ်စုတင်မကဘဲ မကောင်းဆိုးဝါးမျိုးနွယ်စု၏ ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။
ပြင်းထန်သော ရောင်ဝါ ၊ တင်းမာသောအမူအရာများဖြင့် ၎င်းတို့အားလုံးသည် ခေတ်လူငယ် ပါရမီရှင်များပင် ဖြစ်သည် ။
လီဟန်သည် မဲ့ပြုံးပြုံးလိုက်ပြီး ဂုဏ်ယူနေသောမျက်နှာထားဖြင့် စူးချန်ကဲကို ကြည့်လိုက်သည်။
“ငါတို့ စကားအများကြီး မပြောချင်ဘူး၊ ကောင်းကင် တောက်လောင်ခြင်း နတ်ဆိုးမီးတောက်ကို အသာတကြည်လွှဲပေးရင် မင်းအသက်ကိုချမ်းသာပေးမယ်”
“အိုး..ငါ့အသက်ကို?”
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။သူ၏ရောင်ဝါသည် ဘုန်းတန်ခိုးကြီးမားသော ဘုရင်တစ်ပါးကဲ့သို့ ချက်ချင်းပြောင်းလဲသွားသည်။
လီဟန်က ဒါကိုမြင်တော့ လုံး၀ လက်ခံယုံကြည်သွားသည်။
သူ့နောက်က ပါရမီရှင် ကျင့်ကြံသူများကို လှည့်ကြည့်လိုက်ပြီး ဆိုလိုက်သည်။
“ဒါက ဧကရာဇ်မင်း လမ်းစဉ်ကို လိုက်နိုင်မယ့် အခွင့်အရေးပဲ၊ မင်းတို့ ဒီလိုမျိုး အလွတ်ခံမှာလား”
သူသည် မကောင်းဆိုးဝါးမျိုးနွယ်စု၏ ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ရင်း ထပ်ဆိုလိုက်သည်။
“ဒီလျှို့ဝှက်နယ်မြေက မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ နယ်မြေလေ၊မင်းတို့ရဲ့ ဒီလောက်ကြီးမားတဲ့ အခွင့်အရေးကို စူးချန်ကဲ ယူသွားမှာကို ကြည့်နေကြမှာလား၊မင်းတို့ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ဘယ်နားသွားထားတော့မှာလဲ?”
အားလုံး ချီတုံချတုံ ဖြစ်နေသေးသည်ကို မြင်လိုက်ရတော့ သူက ထပ် မြှောက်ပင်လိုက်သည်။
“အားလုံး ၊စူးချန်ကဲက အစွမ်းထက်တယ် ဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် ငါတို့က လူအင်အားပိုများတယ် ၊ ဒါတောင် သူ့ကို ကြောက်ဖို့ လိုသေးလို့လား”
“ ဒါက ဧကရာဇ်မင်းမြတ် ဖြစ်နိုင်မယ့် အခွင့်အလမ်းပဲ၊ငါတို့သာအတူတူတိုက်ရင် ဖြစ်မလာနိုင်စရာ ရှိပါဦးမလား?”
လီဟန်၏ မြှောက်ထိုးပင့်ကောစကားများသည် အားလုံး၏ စိတ်ကို လှုပ်ခတ်သွားစေပုံရကာ ၊ အားလုံး၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေခဲ့သည်။
တချို့ကဆိုဖြင့် သူတို့၏အလိုလောဘများကို
ပေါ်ပေါ်တင်တင် ထုတ်ပြခဲ့ကြသည် ။
ဧကရာဇ်မြတ်၏ အမွေအနှစ်သည် တခြားဟာတွေနဲ့ မတူဘဲ ၊ သူတို့အတွက် ပို၍ ဆွဲဆောင်မှုရှိသော အရာတစ်ခုသာဖြစ်သည်။
စူးချန်ကဲကို စော်ကားရမည်ဆိုတောင် ထိုက်တန်ပေသည်။
စူးချန်ကဲ က အေးစက်စွာ ပြုံးလိုက်သည်။လီဟန်သည် အရည်အချင်းရှိသော ကျင့်ကြံသူများစွာကို ဤနေရာသို့ တမင်သက်သက် ခေါ်ဆောင်လာကာ သူ့ကို အားလုံး၏ပစ်မှတ်ဖြစ်အောင် သွေးထိုးခဲ့သည်။
“စူးချန်ကဲ ဒီနေရာက ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ လျှို့ဝှက်နယ်မြေပဲ၊ အဲ့အမွေအနှစ်ကို လက်လွှဲပေးရင် မင်းအသက်ကို ငါ လွတ်ပေးမယ်!”
“မှန်တယ်၊ ငါ့တို့ မကောင်းဆိုးဝါးမျိုးနွယ်စုရဲ့ အမွေအနှစ်ကို မင်းလို လူသားမျိုးနွယ်စုက ကောင်က သိမ်းယူသွားတာကို ကြည့်နေရမှာလား?”
“ဟုတ်တယ်၊ သူ့ကိုသာယူခွင့်ပြုလိုက်ရင် ငါတို့မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာတွေ ဘယ်မှာထားရတော့မှာလဲ?”
“စူးချန်ကဲ၊ မင်းက ငါ့တို့ရဲ့ ချင်မင်းဆက်ရဲ့ မင်းသားကြီးကို သတ်လိုက်တယ်၊ဒါပေမယ့် မင်းသာ အဲဒီအမွေအနှစ်ကို ငါ့လက်ထဲလွဲပေးရင် မင်းအသက်ကို ချမ်းသာပေးဖို့ ဘုရင်မင်းမြတ်ကို ငါကူပြောပေးမယ်!”
“ငါတို့က လူသားမျိုးနွယ်စုအချင်းချင်းတွေပဲ၊
မင်းကိုခက်ခဲအောင် ငါမလုပ်ချင်ဘူး၊တကယ်လို့ ချန်ကဲဆက်ခံသူသာ အမွေအနှစ်ကို ငါ့ လက်ထဲလွဲပေးရင် ၊ ငါတို့ ဝူကျီ တာအို ဂိုဏ်းက ဒီကိစ္စတွေထဲ ဝင်မပါတော့ဘူး”
တစ်ယောက်ပြီးတစ်ယောက် ဖိအားပေးနေကြသည်။
သူတို့၏ စိတ်နှလုံးထဲက အလိုလောဘသည် ယခုအခိုက်အတန့်တွင် အဆမတန် ကြီးထွားလာခဲ့သည် ။ ဧကရာဇ်မင်းမြတ်၏ ဒဏ္ဍာရီလာ အခွင့်အရေးကို လက်လွတ်ဖို့ရန်မှာ ခက်ခဲပေသည်။
လီဟန်သည် လက်ပိုက်လျက်သား စူးချန်ကဲကို ကြည့်ကာ ရယ်မောနေခဲ့သည်။
“စူးချန်ကဲ၊ ငါ မရနိုင်တဲ့အရာကို မင်းလည်း ရဖို့စိတ်မကူးနဲ့!”
“အခုတော့ ပါရမီရှင် ကျင့်ကြံသူတွေ အများကြီး စုနေပြီ ၊ မင်း ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ ဒီနေ့တော့ မင်း ပြေးမလွတ်ပါဘူးကွာ! “
လီဟန်သာမက နတ်မိမယ် ယွင်ကွေ့ နှင့် အခြားသူများကလည်း ဖြစ်လာမည့် ရလဒ်ကို
ကြိုတင်ခန့်မှန်းပြီးကြပြီ ဖြစ်သည်။
“အိုင်ယား၊ ဒီတစ်ခါတော့ စူးချန်ကဲ အလှည့်စားခံရမယ်လို့ မမျှော်လင့်ထားဘူး”
“လူ့စိတ်က အရမ်း ရက်စက်လွန်းတယ်၊ ကျွန်တော် မောင်ရိုးသားလေးကတော့ ဂိုဏ်းကိုပဲ ပြန်ချင်တယ်!”
ဝူကျီအောက်ထျန်းသည် ဆက်မအောင့်နိုင်တော့ဘဲ သက်ပြင်းရှည်ကြီး ချနေလေတော့သည်။စူးချန်ကဲသည် အလွန်အစွမ်းထက်သောကြောင့် အမြဲတမ်း အန္တရာယ်နဲ့ ရင်ဆိုင်နေရသည်။
လျစ်လျူရှုခြင်း ကျမ်းဂန်ကို အကြိမ်ပေါင်း များစွာ ချရေးဦးမှပဲ !
“မင်းပြောတာ အဓိပ္ပါယ်ရှိတယ်၊ ဒါပေမယ့် မင်းတို့က လူအများကြီးပဲလေ၊ ဒီ အမွေအနှစ်ကို ဘယ်လိုခွဲယူကြမှာလဲ?”
စူးချန်ကဲက နောက်ပြောင်ချင်စိတ်ဖြင့် စိုးရိမ်ဟန်ဆောင်ကာ တမင်တကာ မေးလိုက်သည်။
“ဟားဟားဟား၊ အဲအတွက် မင်း စိတ်ပူနေစရာမလိုပါဘူး၊ မင်းသာ အရင်လွဲပေးလိုက် ၊ကျန်တာ ငါတို့ဘာသာငါတို့ ဆုံးဖြတ်မယ်”
လီဟန်က ကျယ်လောင်စွာ ရယ်မောရင်း ဆိုလိုက်သည်။
“ ချန်ကဲ ဆက်ခံသူက အရမ်းကိုစဉ်းစားပေးတတ်တာပဲ၊ နောင်ကျရင်သေချာပေါက်ကိုအောင်မြင်နိုင်မယ့် လူပဲ!”
လီဟန်တစ်ယောက် အပျော်ကြီး ပျော်ရွှင်နေသည်။
စူးချန်ကဲ ဘာဆက်လုပ်နိုင်မှာတဲ့လဲ?
အားလုံးရဲ့ရှေ့မှာ ဒီတိုင်းခေါင်းငုံ့ခံနေမလား?
တစ်ချိန်တည်းမှာပင်၊ သူသည် အရှက်ရသွားနိုင်သည်။အဲလိုလူမျိုးက ဘယ်လိုလုပ်ပြီး ဒဏ္ဍာရီလာ အမတရှင် ဖြစ်ဖို့ အရည်အချင်းရှိမှာတုန်း?
ဒီတိုင်း လူရွှင်တော်တစ်ယောက်သာသာပဲ ဖြစ်မှာပေါ့ !
သူ့စိတ်ထဲတွင် ကြိတ်တွေးနေမိသည်။အကယ်၍သူသာ ဒီအဖြစ်အပျက်ကြီးကနေပြီး စူးချန်ကဲကို ဖိအားပေးနိုင်ခဲ့ရင် ၊သူ့ရဲ့အရင်ကအရှက်အတွက် လက်စားပြန်ချေနိုင်ရုံသာမကဘဲ နောင်တစ်ချိန် ဧကရာဇ်လမ်းစဉ်ကို လျှောက်လမ်းရာတွင် သူ၏ပြိုင်ဘက်များကို ချေမှုန်းနိုင်မည်ဖြစ်သည်။
မကောင်းဆိုးဝါးမျိုးနွယ်စု၏ ကျင့်ကြံသူအချို့က အထင်အမြင်သေးစွာ ရှုံ့ချလိုက်သည်။
မိုးကြိုးကျား မျိုးနွယ်စုက ကျင့်ကြံသူက
“ကျွတ် ! ကျွတ် ! ကျွတ် ခြင်္သေ့တစ်ကောင်က တကယ်ကို လူသားမျိုးနွယ်စုရဲ့ ခွေးတစ်ကောင် ဖြစ်လာခဲ့တာပဲ၊ ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်စုအတွက် တကယ်ကို အရှက်ရစေတယ်!”
“ဟားဟားဟား။ နှိမ့်ကျတဲ့ လူသားမျိုးနွယ်စုအတွက် စီးတော်ယာဥ်လုပ်ပေးနေတဲ့ မကောင်းဆိုးဝါးက ငါတို့ရဲ့မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ ပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့
မထိုက်တန်ဘူး!”
မူလ ဖရဲသီးစားရင်း ပွဲကြည့်ကောင်းနေတဲ့ ခေါင်းကိုးလုံး ရွှေခြင်္သေ့မှာ ပိုလို့တောင် ဒေါသဖြစ်သွားသည်။
သူ့ဟာသူ အရူးလိုဟန်ဆောင်နေကာမှ ဘယ်လိုလုပ်ပြီး ဇာတ်ဆောင် ဖြစ်လာရတာတုန်း?
သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည်။စူးချန်ကဲကို အနိုင်မတိုက်နိုင်ရင်တောင် ၊ ဒီလိုကောင်မျိုးတွေကို သူက ကြောက်နေစရာလား?
သို့သော် သူ မပေါက်ကွဲခင်မှာပဲ ၊ စူးချန်ကဲက လူအုပ်ကြီး၏ရှေ့တွင် ဖြတ်လျှောက်လိုက်သည်။
သူ၏နှုတ်ခမ်း ထောင့်စွန်းတွင် အပြုံးတစ်ခုရှိနေပြီး ၊ အဖြူရောင် အဝတ်စလေးသည် ပေါ့ပေါ့ပါးပါး ကခုန်နေသည်။သူ၏ဘယ်ဘက်လက်ကိုနောက်ကိုပစ်လျက် ညာဘက်လက်ကို သူ၏ဝမ်းဗိုက် ရှေ့တွင် ထားထားသည် ။
သူ့ကိုကြည့်ရတာ လွတ်လပ်ပြီး ယုံကြည်မှု ရှိနေပုံရသည်။
“မင်းတို့ လက်ခံဖို့ အသင့် ပြင်ထားကြတော့နော်”
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ဂရုမစိုက်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားပြီး ၊သူ၏မျက်လုံးထဲတွင် နတ်အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
မှော်သင်္ကေတများ ထကြွလာပြီး၊သူ့နောက်တွင် ပရမ်းပတာ ဖြစ်နေသော ကမ္ဘာကြီး၏ မူလအစက ထူးဆန်းသော အသွင်အပြင်လိုမျိုး ရှေးဟောင်း အထွပ်အထိပ် တောင်တန်းကြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းမရနိုင်သော၊ တာအို လမ်းစဉ် နှင့် အကျိုးအကြောင်းတရားများက ရောယှက်နေသည်။
ဘုန်း!
စူးချန်ကဲသည် သူ၏ လက်သီးစွမ်းအားကို အသုံးပြုလိုက်ရာ ဖရိုဖရဲ ပေါက်ကွဲလာသောအလင်းတန်းများသည် ကြယ်စင်များကြွေကျလာသကဲ့သို့ နေရာအနံ့ပြန့်ကျဲသွားသည် ။
လေပြင်းများ တိုက်ခတ်လျက် ၊ မြေကြီးသည် တုန်လှုပ်မြည်ဟိန်း နေသည်။
စူးချန်ကဲသည် ချက်ချင်း အရေးယူလိမ့်မည်လို့ မည်သူကမှ မမျှော်လင့်ခဲ့ပေ။
ကျင့်ကြံသူ အများအပြားသည် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် တုန်လှုပ်မေ့လဲ သွားကြပြီး အချို့မှာဆိုရင်ဖြင့် သွေးအမြှုပ်များအဖြစ်သို့ ပျောက်ကွယ်သွားကြသည်။
“သေချင်နေတယ်ပေါ့!”
“မင်း ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့ ! သူ့ကို သတ်ပစ်!”
ကျန်ရှိနေကြသော ကျင့်ကြံသူများသည် တယောက်ပြီး တယောက် တုံ့ပြန်လာကြသည်။ပြင်းထန်သော ရောင်ဝါများ ပေါက်ကွဲလာခဲ့ပြီး
သူတို့၏ မှော်လက်နက်များကို စွဲကိုင်ကာ စူးချန်ကဲကို သတ်ရန် ကြိုးစားလိုက်ကြသည်။
စူးချန်ကဲကတော့ ဂရုမစိုက်ဟန်ဖြင့်။
“ပုရွက်ဆိတ်တွေ ဘယ်လောက်များများ၊ ပုရွက်ဆိတ်က ပုရွက်ဆိတ်ပဲ”
🍁🍁🍁🍁
အပိုင်း(၆၅) : အကြီးမားဆုံး ကွာဟချက်
ဘုန်း!
မကောင်းဆိုးဝါးမျိုးနွယ်စု ပါရမီရှင် တစ်ယောက်၏ တိုက်ခိုက်မှုသည် ဟာရီကိန်းမုန်တိုင်း အဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲကို နှိမ်နင်းတိုက်ခိုက်ရန် ပြေးဝင်လာသည်။
သူသည် လေဟုန်းခွင်းငှက် မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည်။
လေဟုန်ခွင်းဌက် မျိုးနွယ်စုသည် လေဝိညာဉ်စွမ်းအင်နှင့် သဘာဝအတိုင်း ပေါင်းစပ်မွေးလာသူများဖြစ်သည်။အကယ်၍ လေ၏ ဂုဏ်သတ္တိများပါသော ကျင့်စဉ်နှင့် ပူးတွဲလိုက်မည်ဆိုပါက ၊ ၎င်း၏ ပြင်းထန်သော ဟာရီကိန်းသည် မပျက်စီးနိုင်သော မြင့်မြတ်သော ရွှေများကိုပင် ဖျက်ဆီးပစ်နိုင်သည်။
“ ပထမဆုံး တစ်ယောက် လာပြီပေါ့”
စူးချန်ကဲက ဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေး ပြောလိုက်သည်။
ဒီကောင်လေး ဒီလောက် မြန်မြန်ဆန်ဆန် ထွက်လာတာ ၊ အရင်ဆုံး လက်ပါပြီး အခွင့်ကောင်း မြန်မြန်ယူဖို့ ကြံစည် နေမှန်း တစ်ချက်ကြည့်ရုံနဲ့ တန်းသိတယ် !
အဲလိုဆိုမှတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရုံပေါ့။
စူးချန်ကဲသည် သူ၏ လက်ဝါးကို ထုတ်သုံးလာခဲ့ပြီ ဖြစ်သည်။
နေရာတစ်ခုလုံး တုန်ယမ်းခါလျက်၊ ဝိညာဉ် စွမ်းအားများက မြည်ဟိန်းလို့လာသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ကို လွှမ်းခြုံထားသော ရွှေဝါရောင် လက်ဝါးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဘုန်း!
မှော်သင်္ကေတများ ပေါက်ကွဲထွက်လာခဲ့ပြီး စွမ်းအင်လှိုင်းများသည် လှိုင်းလုံးကြီးသဖွယ် အရပ်ရပ်သို့ ပျံ့နှံ့သွားသည် ။
ပြင်းပြင်းထန်ထန် တိုက်ခတ်နေသော ဟာရီကိန်းသည် ရှေးယခင်ကတည်းက တည်ရှိနေခဲ့သော အထွပ်အထိပ် တောင်ကြီးဖြင့် ကြုံတွေ့လိုက်ရသကဲ့သို့ စူးချန်ကဲ၏ တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ခဲ့ပေ။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!?”
လေဟုန်ခွင်းဌက် မျိုးနွယ်စုက လူ၏ မျက်နှာသည် အလွန်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ပုံ ရသည်။သူသည် ကိုယ့်အစွမ်းအစအပေါ် လုံးဝယုံကြည်သူ တစ်ယောက် ဖြစ်သည်။
သို့သော် ယခုအခါတွင် သူသည်
ပြင်းထန်စွာ တိုက်ခတ်နေသော ဟာရီကိန်းသည် ချက်ချင်းဆိုသလို တစ်စစီ စုတ်ဖြဲခံလိုက်ရပြီး လေပြေလေညင်းများ အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီးတခွင် ပျံ့လွင့်သွားခဲ့သည်။
စူးချန်ကဲ၏ ထိုးစစ်သည် အားမနည်းခဲ့ပေ။ တဖက်လူ၏ တိုက်စစ်ကို အပြီးအပိုင် ချေမှုန်းနိုင်ခဲ့ရုံသာ မက တချိန်တည်းမှာပင် လေဟုန်ခွင်းဌက် မျိုးနွယ်စုက လူ လည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည်။
ဝုန်း!
ပေါက်ကွဲသံများနှင့် အတူ စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာခဲ့သည်။
လေဟုန်ခွင်းဌက် မျိုးနွယ်စုက လူကို ထပ်ကြည့်လိုက်တော့ ၊ ၎င်းသည် မြေပြင်ပေါ်တွင် ဖရိုဖရဲ လဲကျနေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။သူ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်ပတ်လမ်းကြောင်းများ အားလုံး ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
“တိုက်ခိုက်မှုက အလကား ဖြစ်သွားတာပဲ?!”
စူးချန်ကဲကို တိုက်ခိုက်ရန်ပြင်ဆင်နေကြသည့် ကျင့်ကြံသူများအားလုံး အံ့ဩသွားကြသည်။
သို့သော် စူးချန်ကဲ ကတော့ ဒီအခွင့်အရေးကို လက်လွတ်မခံပေ။
သူသည် ဆက်တိုက် တစ်ချက်ပြီးတချက် ထိုးနှက်လိုက်သည် ။
ဘုန်း!
သူ့ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားသည် တဟုန်းဟုန်း မြည်ဟည်းနေပြီး ၊သူ၏ အားကြီးသော စွမ်းအားသည် ဤ ကမ္ဘာမြေကိုတောင် အလျားလိုက် တွန်းထုတ်နိုင်ပုံရသည်။
လက်သီး၏ စွမ်းအားသည် ဤကမ္ဘာကြီးကို တုန်လှုပ်စေကာ စကြာဝဠာကြီး တစ်ခုလုံးကို လင်းထိန်စေသည်။
သူ၏ သူတော်စင် တာအို ခန္ဓာ အသွေးအသားနှင့် ပေါင်းစပ်လိုက်ရာ ၊ ထိုလက်သီး၏ ဖိနှိပ်စွမ်းအားသည် အတိုင်းထက် အလွန် စွမ်းအားကြီးမားပေသည်။
“သေသင့်တဲ့ ကောင်!”
“စူးချန်ကဲ!!”
အားလုံး ဒေါသတကြီးဖြင့် နှာမှုတ်လိုက်ကြသည် ။သူတို့သည် အသက်ဘေးနဲ့ ကြုံတွေ့နေခဲ့ရပြီ ဖြစ်ရာ မတတ်နိုင်သည့်အဆုံး သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးခဲ့ရတော့သည်။
အမျိုးမျိုးသော နတ်အလင်းရောင်များ ပေါက်ကွဲလျက် ၊ လျှို့ဝှက်ရတနာတစ်ခု လှစ်ဟလာခဲ့လေသည်။
မှော်သင်္ကေတများက ရောယှက်နေပြီး၊ ရောင်စုံတိမ်များသည် ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပနေသည် ။
ဥက္ကာခဲများ ပြိုကျနေသကဲ့သို့ လုံးဝကွဲပြားသော စွမ်းအားနှစ်ခု ကျဆင်းလာခဲ့သည်။
ဘုန်း ဘုန်း!
ဟင်းလင်းပြင်သည် လှုပ်ခတ်သွားကာ ၊ ဝိညာဉ်စွမ်းအားများ မြင့်တက်လာသည်။ထိုပြင်းထန်သော စွမ်းအားကြောင့် ဤနေရာတစ်ခုလုံး အဆက်မပြတ် ယမ်းခါတုန်လှုပ်နေသည်။
အကယ်၍ ဝိညာဉ်စွမ်းအား ကာကွယ်ရေးကို အသုံးမပြုပါက၊ဤမျှ ပြင်းထန်သော နောက်ဆက်တွဲရလဒ်သည် လူကို သတိလစ်သွားလိမ့်မည် ဖြစ်သည်။
“အဟွတ် အဟွတ် “
စူးချန်ကဲကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြ သော သူများသည် ယခုအခါတွင် သွေးချောင်းဆိုးကာ ဒယီးဒယိုင်ဖြင့် နောက်ကို ခြေအနည်းငယ် လှမ်းဆုတ်သွားကြသည်။ ကျင့်ကြံစွမ်းအား အားနည်းသော လူအချို့မှာမှု အစောကြီးကတည်းက အမှုန့်အဖြစ်သို့ ဘဝကူးပြောင်းသွားကြပြီဖြစ်သည်။
အခိုးအငွေ့များ တဖြေးဖြေး ပျောက်ကွယ်သွားပြီး ၊ လူတိုင်း၏ ရှေ့တွင် တွင်းပေါက်ကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဝူကျီအောက်ထျန်း နှင့် အခြားသူများပင်လျှင် အနည်းငယ် ထိတ်လန့်သွားကြသည်။
ဤမျှ ကြီးမားသော အင်အား၏ သက်ရောက်မှုကြောင့် ကျောက်ဆောင်များပင် အရည်ပျော်ကျ သွားခဲ့ရသည်။
“ သေနာကောင်”
လီဟန်တစ်ယောက် အလွန်ရှက်ရွံ့နေပုံရသည်။ သူ၏ အဝတ်အစားများမှာပင်လျှင် စုတ်ပြဲသွားခဲ့ပြီး သူ၏စိတ်အခြေအနေမှာလည်း ဟိုးအောက်ဆုံးထိ ကျရောက်သွားခဲ့လေပြီ။
သူသည် ကွေးယွမ်၏ ဆက်ခံသူကို လျှော့တွက်ခဲ့သည်။
သူတစ်ယောက်တည်းဖြင့် ဤလူအများကြီးကို
လက်ဝါးကြီး အုပ်ထားနိုင်ခဲ့ပြီး အသာစီးရခဲ့သည်။
တစ်ဖက်တွင်မူ စူးချန်ကဲသည် အလွန် တည်ငြိမ်နေပြီး သူ့လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားသည်။
အဖြူရောင် ခေါင်းစည်းဖြင့် ဆံနွယ်များသည် လေမှာ လွှင့်ပျံလျက် ၊ ဟန်ပန်အမူအရာသည်
အရမ်းကို မြင့်မြတ်လွန်းပေသည်။
တည်ငြိမ်သော အသက်ရှူသံ၊အမတကဲ့သို့ ကိုယ်ဟန် နှင့် ကျောက်စိမ်း အရိုးများသည် ဤကမ္ဘာမြေပြင်ပေါ်သို့ သက်ဆင်းလာသော အမတအရှင်အလား။
တစ်ခါမှ တိုက်ပွဲ မဖြစ်ခဲ့ဘူးသလိုမျိုး ဆန့်ကျင်ဘက်အားဖြင့် အလွန်မြင့်မြတ်ပုံပေါ်သည်။
“ဒါ ကွေးယွမ် ဆက်ခံသူရဲ့ တကယ့် သွင်ပြင်လား?”
နတ်မိမယ် ယွင်ကွေ့၏ မျက်လုံးထဲသည် စူးချန်ကဲသည် အလွန့်အလွန်ကို ထူးခြားနေပြီး သူနှင့်ပတ်သက်သော အကြောင်းအရာများကို ပို၍သိချင်လာခဲ့သည်။
ပွဲကြီးပရိသတ်တွေထဲက တချို့ ကျင့်ကြံသူမိန်းကလေးများ၏ လှပသော မျက်ဝန်းထဲမှာလည်း အချစ်လှိုင်းလေးများ ရှိနေသည်။
ဒီကမ္ဘာကြီးထဲက မျိုးဆက်သစ် လူငယ်တွေကို
မေးလိုက်ပါ ၊
ဤကဲ့သို့ ကြော့ရှင်းတပ်မက်ဖွယ်ကောင်းသော ကိုယ်နှုတ်အမူအရာကို မည်သူကများ ပိုင်ဆိုင်ထားဦိးမလဲလို့။
လက်ကလေး လှုပ်ရှားရုံဖြင့် ၊ လူများစွာ၏ တိုက်ခိုက်မှုများကို ချေဖျက်နိုင်ခဲ့သည်။
လီဟန်နှင့် မကောင်းဆိုးဝါးမျိုးနွယ်စု၏ ကျင့်ကြံသူများအားလုံး ဖြူဖျော့နေပြီး ၊အတော်ကြည့်ရဆိုးပေသည်။
မူလက သူတို့ ဒီနေရာကို လာရောက်ခဲ့ခြင်း အကြောင်းအရင်းမှာ စူးချန်ကဲထံမှ အမွေအနှစ်များကို လုယူရန် ဖြစ်ပြီး ၊တလက်စတည်း စူးချန်ကဲကို နှိပ်ကွပ်ကာ သူတို့၏နာမည် ကျော်ကြားလာစေရန် ရည်ရွယ်ထားကြသည်။
ရလဒ်အနေဖြင့် ၊ မြေကြီးနဲ့ မိတ်ဆက်ခံခဲ့ရသည့်။
“လူတိုင်း!”
ထိုအချိန်မှာ လီဟန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ကိစ္စက ဒီထိတောင်ရောက်လာပြီ ၊အကယ်၍ ငါတို့ဝှက်ဖဲကိုသာ ထုတ်မသုံးရင် ငါတို့ လုံးဝရှုံးနိမ့်ရလိမ့်မယ်! “
“ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို စူးချန်ကဲ သိမ်းသွားမှာကို ဒီတိုင်းကြည့်နေတော့မှာလား?”
လီဟန်၏ စကားအဆုံးတွင်၊ ကျန်ရှိနေသေးသော ကျင့်ကြံသူများက စဉ်းစားကြသည်။
စူးချန်ကဲ၏ စောစောက တိုက်ခိုက်မှုကို သူတို့ ခံနိုင်ရည်ရှိရသည့် အကြောင်းရင်းမှာ သူတို့၏ ပင်ကိုယ်စွမ်းရည်က အလွန် အစွမ်းထက်သောကြောင့် ဖြစ်သည်။
ဝှက်ဖဲကတော့ သေချာပေါက်ရှိကြသည် ။အရင်က ထုတ်ဖော်ပြသရန် စိတ်ကူးမရှိခဲ့ပေ။သူတို့၏ နောက်ဆုံး ထွက်ပေါက်အနေနဲ့ သုံးကာ အခွင့်အကောင်းကို များများစားစား ဆုပ်ကိုင်ဖို့ စဉ်းစားခဲ့ကြသည်။
သို့သော် ယခုအခါတွင် လီဟန် ပြောခဲ့သလိုပဲ၊ သူတို့၏ ဝှက်ဖဲကိုမှ ထုတ်မသုံးရင် ၊ သူတို့ သေချာပေါက် ရှုံးနိမ့်ကာ သေရပေတော့မည်။
တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ရင်း တိတ်တဆိတ် ခေါင်းညိမ့်ကာ ထိုအကြံကို သဘောတူလိုက်ကြသည်။
ဝုန်း !
ပိုပြီး အားကောင်းသော စွမ်းအားလှိုင်းများသည် ၎င်းတို့၏ တန်ထျန်းအမှတ် မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည် ။
ကောင်းကင်သို့ ထိုးတတ်သွားသော အလင်းတန်းကြီးသည် ဒလဟော စီးသည့် ရေအလျင်ကဲ့သို့ လွန်စွာ ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
အန္တိမ ပျက်သုန်းခြင်း အလင်းများ ၊
ကြီးကျယ်ခမ်းနားပြီး ကြောက်စရာကောင်းသော မိုးခြိမ်းသံများ ၊
ဟင်းလင်းပြင်းအလယ်တွင် တောက်လောင်နေသော မီးတောက်များ ၊
လေဟာပြင်ကိုတောင် တစ်စစီ စုတ်ဖြဲပစ်နိုင်သော နတ်လက်နက်များ စသော အရာများစွာ
ထွက်ပေါ်လာခဲ့သည်။
ယခင်က စွမ်းအားထက် အဆပေါင်း မရေမတွက်နိုင်သော စွမ်းအားများ တိုးမြင့်လာခဲ့ပြီး မိုင်ထောင်ချီ ပျံ့နှံ့သွားခဲ့သည်။
“တတ်ကြ!”
လီဟန်၏ အော်သံနှင့်အတူ အားလုံးက တစ်ပြိုင်နက်တည်း ချီတက်လာခဲ့ကြသည်။နတ်အလင်းများ အမျိုးမျိုး ရောယှက်လျက်၊ ပျက်သုန်းခြင်း အငွေ့အသက်သည် အရာအားလုံးကို ဖြိုခွဲသွားပုံရသည်။
နတ်အလင်း တောင်ကြီးတစ်ခုကဲ့သို့ကြီးမားသော တိုက်ခိုက်မှုသည် စူးချန်ကဲဆီသို့ ဦးတည်လာခဲ့လေသည်။
သူတော်စင် ပညာရှိ ပြီးပြည့်စုံ အဆင့်ကို ရောက်ရှိနေပြီဖြစ်သော ပုဂ္ဂိုလ်ပင်လျှင် ဤနေရာ၌ မခံမရပ်နိုင် ဆုံးပါးသွားနိုင်သည်။
သို့သော် စူးချန်ကဲ၏ သွေးများသည် ပွက်ပွက်ဆူလျက် ၊ သူ့တွင် တိုက်ပွဲဝင် စိတ်ဓာတ်အပြည့်ရှိနေခဲ့သည်။
နှိမ်နှင်းခြင်းသည် လွှမ်းမိုးချုပ်ခြယ်ဖို့ မဖြစ်နိုင်၊ အာဏာရှင်စနစ်သည်သာ ထာဝရ ဖြစ်နိုင်သည်။
မဖြစ်နိုင်တာကို သေချာပေါက် ဖြစ်အောင်လုပ်မည်။ဒါက သူကိုင်ဆောင်ထားသော ဘဝ၏ ဆောင်ပုဒ်သာ ဖြစ်သည် ။
ဘုန်း!
စူးချန်ကဲ မျက်လုံးထဲက နတ်အလင်းရောင်များသည် စူးရှနေပြီး၊သူ ဘေးပတ်ပတ်လည်က သွေးမျက်ရည်၏ စွမ်းအားသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသည်။
စကြဝဠာကြီးကို ငုံ့ကြည့်နေသော အမတဘုရင်ကဲ့သို့ တကယ်ကို ခမ်းနားထည်ဝါသော ရုပ်သွင်အဖြစ် ရွှေရောင် မှော်သင်္ကေတ များက တစ်ခုနှင့်တစ်ခု ရောယှက် နေကြသည်။
အမတ ဘုရင်သည် ကောင်းကင် ဘုံကိုးထပ်သို့ကြွချီလာသည့်အလား။
သူ့ခန္ဓာကိုယ်ထဲက ကမ္ဘာ့သစ်မျိုးစေ့သည် တုန်လှုပ်ကာ ယိမ်းနွဲ့နေပြီး ၊ မရင့်မှည့်သေးသော စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲက အမှုန်အမွှားများနှင့် ပေါင်းစပ်လိုက်သည်။
အမတ မှော်ပညာတစ်ခုသည် ဤကမ္ဘာကြီးကို လှုပ်ခတ်အောင် ပြုစားလိုက်သကဲ့သို့ လက်သီးသံ တစ်ချက် ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင် ဘုံကိုးထပ်ကနေ ဆင်းသက်လာသည့်အတိုင်း ပြိုင်ဘက်ကင်းလှသော ထိုလက်သီးစွမ်းအားသည် နတ်တောင်ကြီး တစ်ခုကဲ့သို့ ၎င်း၏ ရောင်ဝါသည် လူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ကွဲအက်သံ!
ဘုန်း!
ဤအခိုက်အတန့်တွင်၊ ထက်မြက်သော ပါရမီရှင်များ၏ ထုတ်လွှတ်လိုက်သော မှော်စွမ်းအားများသည် မီးပွားများအလား ကွဲအက်သွားကာ အားလုံးကို ထိခိုက်ဒဏ်ရာရသွားစေခဲ့သည်။
ဤကဲ့သို့ ကြီးစိုးနိုင်သော လက်သီးတွင် ကောင်းကင်ကို ထိတ်လန့်စေသော စွမ်းအားများ ပါရှိသည်။
လက်သီးတစ်ချက်က လေထုကိုတောင် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားစေသည်။