အခန်း (၆၆-၇၀)
Vol. 5 Ch. 66-70
အပိုင်း( ၆၆): ဘာလို့လဲ?ဘာလို့လဲဆိုတော့ ငါမင်းကို လှည့်စားနေတာ။
ဘုန်း ဘုန်း!
တိုက်ပွဲ၏ နောက်ဆက်တွဲ ရလဒ် စွမ်းအားများကို ခုခံနိုင်ရန်အတွက် နတ်မိမယ် ယွင်ကွေ့ နှင့် အခြားသူများသည် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ထားလိုက်ရသည်။
“အိုင်ယား! ဒီကောင် ပိုပိုပြီး မူမမှန် ဖြစ်လာတယ် ၊ ဇီဖူ ကြယ်ဆယ်လုံး ကမ္ဘာကို ဖွဲ့စည်းနိုင်ရုံတင်မကဘူး ၊ဟွိမ့်ယွမ် ကောင်းကင်လမ်းစဉ် အထိမ်းအမှတ်ကျောက်စာတိုင်ထိ နာမည်ရေးထိုးနိုင်ခဲ့တယ် ၊ အထူးသဖြင့် ဒီတစ်ခေါက် လက်သီးဆိုရင် ကောင်းကင်နဲ့ မြေကြီးတောင် ပဲ့တင်ထပ်ရတယ် “
ဝူကျီအောက်ထျန်း ထိတ်လန့်နေခဲ့သည်။စူးချန်ကဲအပေါ် သူ ထားရှိသည့် အရိပ်မည်းကြီးသည် ပိုပို၍ ကြီးမားလာခဲ့သည်။
စောနက စူးချန်ကဲ တိုက်ခိုက်သွားသော ကမ္ဘာကြီးကိုတောင် လွှမ်းမိုးထားနိုင်သည့် ၎င်း၏
ပြိုင်ဘက်ကင်းလှသော ထိုလက်သီးစွမ်းအားသည် သူ့ကိုယ်သူ အရေးမပါသော အရာတစ်ခု အဖြစ် ခံစားရစေခဲ့သည်။
လုံရှန့်ဖိနှိပ်စွမ်းအား၏ အန္တိမ အစွမ်းသည် သူ့ကို အတော်လေး ကြောက်လန့်စေခဲ့သည်။သူသာ ထိုလက်သီးချက်ကို ခံယူရမည်ဆိုပါက ၊
သူ မသေရင်တောင် ဒုက္ခိတ ဖြစ်သွားနိုင်သည်။
“ကြည့်ရတာ အားလုံးရဲ့အရည်အချင်းတွေက မလုံလောက်ဘူး ထင်တယ်!”
“မင်းတို့ကို နောက်တကြိမ်ထပ်ပြီး ခွင့်ပြုပေးရမလား”
စူးချန်ကဲသည် အပြုံးမပျက် ဆိုလိုက်သည်။သူ၏ အဖြူထည် အင်္ကျီစလေးသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး ၊သူ့ လက်နှစ်ဖက်ကို နောက်ကိုပစ်ထားရင်း သူ့မျက်နှာသည် တည်ငြိမ်လွန်းလှသည်။
မြေပြင်ပေါ်သို့ လဲကျနေသော ကျင့်ကြံသူများကို နတ်ဘုရားတစ်ပါး၏ အကြည့်များကဲ့သို့ ငုံ့ကြည့်လိုက်သည်။
“ စူးချန်ကဲ!!”
လီဟန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ပတ်လမ်းကြောင်းများသည် ကျိုးပဲ့သွားခဲ့ရသည်။သူသည် ထိုနာကျင်မှု ဝေဒနာကို သည်းခံရင်း မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ပြန်ထလာခဲ့သည်။
သူ အရမ်းကို မုန်းတီး နေခဲ့သည်။ဘာကြောင့်မှန်းရယ် မသိ ၊ စူးချန်ကဲ၏ အေးဆေးတည်ငြိမ်နေသော အကြည့်ကို သူ အတော်လေး မုန်းတီးလိို့ နေသည်။
သူ့အား ငုံ့ကြည့်နေသော ၎င်း၏ မျက်လုံးများသည် အရေးမပါသော ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်နေသလိုမျိုး ခံစားရသည်။
လီဟန် ဆိုတာ ဘယ်လိုလူတန်းစားလဲ?
ဂိုဏ်းရဲ့ သခင်ငယ်လေးလေ!
အရည်အချင်းအရ၊ သူသည် ထိပ်တန်းမျိုးဆက် ဆိုလည်း ဟုတ်ပေသည်။ဒီဘဝတွင် လီဟန် ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် အတောက်ပဆုံး နေမင်း တစ်စင်း ဖြစ်သင့်ပြီး၊ အခြားသူများမှာ ကြယ်များသာ ဖြစ်သင့်သည်။
“ ဒါပေမဲ့ ဘာလို့လဲ! ဘာလို့လဲ!”
“မင်းကြတော့ ဘာလို့ ဒီလို အောင်မြင်မှုမျိုးကို ရနေရတာလဲ? ဒါက ငါ့ပိုင်သင့်တဲ့ အရာလေ!”
လီဟန်၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး ၊ အရူးတစ်ယောက်လို ရေရွတ်နေသည်။သူ၏ တာအိုလမ်းစဉ် စိတ်နှလုံးသားမှာ ပြိုလဲသွားခဲ့ပြီပင်။
စူးချန်ကဲ၏ ရောင်ဝါသည် အရမ်းကို စူးရှလွန်းပေသည်။အကယ်၍ သူသာ တဖက်လူကို ဆက်ပြီး တောက်ပရန် နောက်ထပ်အခွင့်အရေး ပေးဦိးမည်ဆိုပါက၊ ဒါဆို ထာဝရကောင်းကင်ယံထက်တွင် အတောက်ပဆုံးသော ကြယ်တစ်ပွင့်သည် စူးချန်ကဲ ဖြစ်သွားပေတော့မည်။
ဘုန်း!
လီဟန်သည် သူ၏ ညာလက်၌ အဖျက်မီးတောက် စွမ်းအားကို နှိုးဆော်လိုက်ရာ သူ၏ လက်ဖဝါး၌ ကြာပန်းနီတစ်ပွင့် ပွင့်လာခဲ့သည်။
သွေးစွန်းနေသော ကြာပန်းကဲ့သို့ ၊၎င်း သွေးရောင်၏ ရောင်ဝါသည် ကြမ်းတမ်းပြီး ရူးသွပ်သော အငွေ့အသက်များ ပါဝင်နေခဲ့သည်။
“စူးချန်ကဲ မင်း နိုင်ပြီလို့ ထင်နေလား”
“ဒီနေ့ မင်း သေကို သေရမယ်!”
လီဟန်သည် တုံ့ဆိုင်းခြင်း မရှိ ၎င်းသွေးနီရောင် ကြာပန်းကို စူးချန်ကဲ၏ တန်ထျန်း အမှတ်ဆီသို့ တိုက်ရိုက် ပစ်လိုက်သည် ။
ဝုန်း!
လောင်မြိုက်ပြင်းထန်သော အဖျက် မီးတောက်၏ စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲကနေ လျှံထွက်လာခဲ့သည်။လျှံထွက်လာသော ထိုမီးတောက်များသည် ဘုံကိုးလွှာတမလွန် မီးလျှံကဲ့သို့ နီရဲ သွေးဆာနေပြီး အလွန် ပြင်းထန်ပေသည်။
များမကြာမီတွင် မရေမတွက်နိုင်သော မီးလျှံသင်္ကေတများသည် အတူတကွ စုဝေးသွားကြပြီး၊သွေးနီရောင် အရိပ်အသွင် ပြောင်းလဲသွားလေသည်။
၎င်းသည် ခေါင်းသုံးလုံးနှင့် လက်လေးစုံပါရှိသည့် ဧရာမ ဘီလူးကြီး တစ်ကောင်ပင် ဖြစ်သည်။
အစွယ်များဖြင့် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် ဖြစ်သည်။
သွေးနီရောင် အဖျက်စွမ်းအား မီးတောက်များက ထိုမကောင်းဆိုးဝါးကို ငရဲပြည်က သရဲတစ္ဆေသဖွယ် ဖြစ်စေသည်။
လီဟန်က ဆိုလိုက်သည်။
“စူးချန်ကဲ ၊ငါ့ကို ကံကြမ္မာမီးလျှံကြာနီ ကို ထုတ်သုံးခိုင်းစေခဲ့တဲ့အတွက် ၊ မင်း ဂုဏ်ယူသင့်တယ်!”
မီးတောက်များ၏ တန်ပြန်သက်ရောက်မှုသည် သူ့ကို အရမ်းနာကျင်စေသော်လည်း စူးချန်ကဲကို ချက်ချင်း တစ်စစီ လုပ်ပစ်နိုင်တော့မယ်ဆိုတဲ့ အတွေးနဲ့တင် သူ အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။
“ကံကြမ္မာမီးလျှံကြာနီ?”
စူးချန်ကဲ ထိုအကြောင်းကို ကြားဖူးသည်။၎င်းသည် ကွေးယီးဂိုဏ်း၏ တားမြစ်ထားသော လျိုဝှက်သိုင်းပညာရပ် တစ်ခုဖြစ်သည်။
၎င်းသည် မိမိ မူလအရင်းအမြစ်၏ စွမ်းအားကို အသုံးပြုကာ မီးကို လောင်ကျွမ်းစေသည်။
အချိန်တိုအတွင်းမှာပင် ကျင့်ကြံသူ၏ ခွန်အားကို နှစ်ဆတိုးစေနိုင်သော်လည်း ၎င်း၏ ဘေးထွက်ဆိုးကျိုး အနေဖြင့် အနာဂတ်တွင် ကျင့်ကြံအားထုတ်နိုင်မည့် အလားအလာကို ထိခိုက်စေနိုင်သည်။
အရမ်း ရက်စက်သော်လည်း ၊ ၎င်းသည် အလွန် ဆန်းကြယ်သော သိုင်းပညာရပ်တစ်ခုဟု ဆိုရပေမည်။
“သေစမ်း!”
ဝုန်း!
လီဟန်သည် သူ၏ ညာလက်ဖြင့် ဖိချလိုက်ရာ၊သူနောက်တွင်ရှိနေခဲ့သော သွေးနီရောင် အရိပ်အသွင်သည် ချက်ချင်းဆိုသလို တိုက်ခိုက်လာခဲ့သည်။
အပူလှိုင်းများ စုဝေးနေသော ကြီးမားသော မီးလျှံလှိုင်းလုံးကြီးသည် စူးချန်ကဲဆီသို့ တည့်တည့် ပြေးဝင်လာခဲ့သည်။
တဟုန်းဟုန်း တောက်လောင်နေသော အသံများမှာ မီးပင်လယ်ကြီးအလား မှတ်ယူရသည်။ပေါက်ကွဲထွက်ပေါ်လာသော ၎င်းမီးလျှံများသည် လေဟာပြင်ကိုတောင် ခွင်းလျက် တောက်လောင်နိုင်သည်။
“ ဘုရားရေ! လီဟန် ရူးသွားပြီလား?”
“ငါတို့က သူ့ဘေးနားမှာ ရှိနေတာ ၊သူ့ရဲ့ တိုက်ကွက်ထဲ ငါတို့ပါ အကုန်ပါသွားလိမ့်မယ် “
မြေပြင်ပေါ်တွင် လဲကျနေခဲ့သော ကျင့်ကြံသူ အချို့တို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ၊ မြေမှာ တွားသွားလျက် တတ်နိုင်သမျှ ထွက်ပြေးကြ လေသည်။
ဟာသပဲ !
လီဟန်သည် သူ၏ မူလ မီးအရင်းအမြစ်ကို အသုံးပြုကာ မီးစွမ်းအားကို ပေါက်ကွဲစေခဲ့သည် ။ဒါဟာ သူ့အသက်ကို လုံးဝ စွန့်လွှတ်လိုက်သလိုပင်။
ရန်သူတစ်ထောင်ကို သတ်ဖြတ်ဖို့ မိမိဘက်က ရှစ်ရာ အရှုံးခံမယ် ဆိုသည့်အတိုင်း ။
ဒါ လုံးဝရူးနေတာပဲ မဟုတ်လား!
သို့သော် လီဟန်ကတော့ ဒါတွေကို ထပ်တွက်နေမည် မဟုတ်ပေ။ စူးချန်ကဲသည် သူ့ကို ကြီးကြီးမားမား အရှက်ရစေခဲ့သည်။သူ ငယ်ငယ်လေးကတည်းက ဒီအသက်အရွယ်ထိ ဒါမျိုး အရှက်ခွဲခံရဖူးလို့လား?
“ကြည့်ကြဦး၊ စူးချန်ကဲ ရူးများသွားလား၊သေမှာကို ရပ်စောင့်နေတယ်? “
မလှုပ်မယှက် ရပ်နေသော စူးချန်ကဲကို သတိပြုမိကာ တယောက်ပြီး တယောက် ထင်ကြေး ပေးနေကြသည်။
“ဒါ သူ့ကိုယ်သူ အရမ်းကို ယုံကြည်လွန်းနေတာ မဟုတ်လား?”
နတ်မိမယ် ယွင်ကွေ့၏ လှပသော မျက်ဝန်းထဲတွင် ရုပ်သွင်တစ်ခုက ထင်ဟပ်နေသည်။
ခေါင်းစည်း အဖြူစဖြင့် ဆံနွယ်ကို ချည်နှောင်ထားသော အမျိုးသားတစ်ဦးသည် လက်ကို နောက်ပစ်လျက် ဂုဏ်ယူဝင်ကြွားစွာဖြင့် ရပ်နေပြီး သူ၏ အဖြူရောင် အင်္ကျီစများသည် တဖျပ်ဖျပ် လွှင့်ပျံနေသည်။
သို့သော် ပေတစ်ရာ မြင့်သော မီးတောက်ကြီး၏ ရှေ့တွင်တော့ သူသည် ပိန်ပါးကာ အင်အားချည့်နဲ့နေပုံပေါ်သည်။။
သို့ဆိုတောင် သူသည် စိတ်ပိုင်းဖြတ်ထားပြီးပုံ ရသည်။
သူ့လက်ကို ဆန့်တန်းလိုက်သည်နှင့် ဓားသွားသံ ပေါ်ထွက်လာခဲ့သည်။
ချက်ချင်း သူ့လက်ထဲတွင် ပြာလဲ့လဲ့ ဓားရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့သည် ။
“ဘာလို့လဲ ဟုတ်လား?”
စူးချန်ကဲသည် လီဟန်ကို အရူးတစ်ယောက်လို အကြည့်ဖြင့် ကြည့်လိုက်ရင်း ခေါင်းယမ်းကာ ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက မင်းကို လှည့်စားခဲ့လို့ပဲ “
ဝုန်း!
အဆုံးစွန်သော ဓားဆန္ဒကြောင့် လေထုထဲတွင် ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသော မီးတောက်များမှာ အေးခဲသွားခဲ့ရသည်။
ထိုဖြစ်ရပ်ကို သေသေချာချာ ကြည့်မည်ဆိုပါက၊ လေထုထဲတွင် အေးခဲနေသော ၎င်း မီးတောက်များသည် စူးချန်ကဲ အနားသို့ တစက်ကလေးမှ ချဉ်းကပ်ခွင့်မရခဲ့ပေ။။
“ဓား ဓားနယ်ပယ်?!”
ဝူကျီအောက်ထျန်း၏ မျက်နှာမှာ သိသိသာသာပြောင်းလဲသွားသည်။ဓားနယ်ပယ်သည် ဓား ဆန္ဒ၏ နက်နဲသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။
ဆန္ဒကို နယ်ပယ်အဖြစ် ပြောင်းလဲပြီး ရန်သူကို ရပ်စေမည်!
၎င်းသည် မြင့်မားသော ဓားအမျိုးအစားကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပြီး ၊ ထို့အပြင် ၎င်းကို အသုံးချနိုင်ရန် အလွန် မြင့်မားသော နားလည်နိုင်စွမ်း လိုအပ်သည် ။
သို့သော် စူးချန်ကဲသည် အတော်လေးအောက်တန်းကျပေသည်။သူသည် ဓားနယ်ပယ်အား စတင်ဖွင့်နေခဲ့သည်ကို တဖက်လူ သိအောင် ထုတ်ဖော်မပြသခဲ့ပေ။
သူလည်း သူကိုယ်တိုင် ဓားရေးကျွမ်းကျင်သူ မဟုတ်ခဲ့ပါက စူးချန်ကဲထံမှ လွယ်လွယ်နဲ့အလိမ်ခံရနိုင်သည်။
တစ်ချိန်တည်းမှာပင် စိတ်ဓာတ်ကျရပြန်သည်။
“ ဘုရားသခင် ခင်ဗျား ကျုပ်ကို ဘာလို့ထိုးနှက်ချက် ပေးနေပြန်ပြီတုန်း? ကျုပ်ကြိုးစားတာ မလုံလောက်သေးဘူးလို့ ထင်လို့လား?”
ဝူကျီအောက်ထျန်းသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
ဒီနေ့တစ်လျှောက်လုံး စူးချန်ကဲက သူ့ပါးကို တစ်ချက်ပြီးတချက် ရိုက်နေတာလေ။
ဆရာသခင်ရဲ့ နားထဲ ဒီသတင်းသာ ရောက်သွားခဲ့မည်ဆိုပါက ၊ သူတော့ ထပ်ပြီး ဗြောတီးခံရဦးပေမည်။
တမြည့်မြည့် ရေရွတ်လိုက်ရင်း သူ၏ မျက်လုံးများမှာ စစ်မြေပြင်အလယ်ကို ပြန်ရောက်သွားပြန်သည်။
“ မင်း ခွန်အားက ဒီလောက်ပဲလား!?”
စူးချန်ကဲက တည်ငြိမ်စွာ ဆိုလိုက်သည်။
“တကယ်တော့”
“သာမန်လောက်ပါပဲ “
ရွှမ်း!
ကောင်းကင်ဓားသည် ဖျက်ခနဲ့ ဝင်းလက်သွားပြီး အလျားလိုက် ခုတ်ဖြတ်လိုက်သည်။
ထာဝရနှင်းခဲကဲ့သို့ ရောင်ဝါမျိုး ပိုင်ဆိုင်ထားသည့် ဓားစွမ်းအားသည် မီးလျှံလှိုင်းလုံးကြီးများကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး တချိန်တည်းမှာပင် လောင်မြိုက်နေသော ၎င်းမီးလျှံများကို အေးခဲသွားစေခဲ့သည်။
လီဟန်က အေးစက်စွာ သရော်လိုက်သည်။ သူ၏ တိုက်ခိုက်မှုကို ပြိုင်ဘက်က ချေမှုန်းလိုက်သော်လည်း သူ ဂရုမစိုက်ပေ။
ထိုအချိန် သူ့နောက်က အရိပ်ကြီးသည် မြေကြီးကို လက်ဖြင့် ထုချေလိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
မီးလျှံများသည် ဖြတ်ခုတ်နေသော စူးချန်ကဲ၏ ဓားအလင်းဆီသို့ ပြေးသွားကြသည်။
ဓားအလင်းနှင့် မီးလျှံများ တိုက်မိလိုက်သည်နှင့် တပြိင်နက် ကောင်းကင်တစ်ခုလုံး မီးပွားများ ပြန့်ကျဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ ၊စူးချန်ကဲသည် ဓားကို မြှောက်ကာ ခုန်လှမ်းလိုက်သည်။
ခန္ဓာကိုယ်သည် လေထဲတွင် အဆက်မပြတ် လှုပ်ရှားနေသည်။ ၎င်းလှုပ်ရှားမှု စွမ်းရည်သည် လူကို ပိုလို့တောင် ရင်သပ်ရှုမော ဖြစ်စေသည်။
ရွှမ်း !
နောက်တခါ ထပ်ပြီး ဓားသည် ဖြတ်ခုပ်လိုက်သည်။
ဓားအလင်းသည် နဂါးငွေ့တန်းဂလက်ဆီနှင့် တူပြီး တဖန် ကြယ်ရေတံခွန်အလား ထင်မှတ်ရပြန်သည် ။
အေးစက်သော ကြယ်ပွင့်လေးများသည် မှိတ်တုပ် မှိတ်တုပ် ဖြစ်နေသကဲ့သို့ ကြီးမားလှသော ဓားစွမ်းအင်သည် ဤကမ္ဘာကြီးကို အရှိန်အဟုန် ပြင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ဘုန်း! ဘုန်း!
ပြင်းထန်သော ဓားစွမ်းအင် နှင့် တောက်လောင်နေသော မီးလျှံများ စသည့် လုံးဝ ကွဲပြားခြားနားသော လေထုနှစ်ခုသည် ဤကမ္ဘာပေါ်တွင် အဆက်မပြတ် တိုက်ခိုက်နေသည်။
ဓားနှင့်မီးတို့သည် ပြစ်မှုကျူးလွန်ခြင်း နှင့် ပြစ်ဒဏ်ပေးခြင်းတို့၏ ရူးသွပ်သော တေးဂီတအလား ပဲ့တင်ထပ်လို့နေသည်။
အပိုင်း(၆၇) : လီဟန်ကို သက်လိုက်ပြီ၊လေမုန်တိုင်းကြီးလာတော့မယ်
ဝုန်း !
ထိုကဲ့သို့ ပြင်းထန်သော ဓားစွမ်းအင်ကြောင့် မီးလျှံများသည် ချက်ချင်းလက်ငင်း ပြိုကျသွားခဲ့လေသည်။
ဒါနဲ့တင် မပြီးသေးပေ။ ဓား၏ ဖိနှိပ်စွမ်းအားသည် လီဟန်ပေါ်ကို တိုက်ရိုက် ကျဆင်းသွားခဲ့သည်။
တောက်ပသော ဓားစွမ်းအင်၏ အလယ်တွင် လီဟန်၏ တစ်ကိုယ်လုံး လျှပ်စီးလက်သလို တုန်ခါနေပြီး ပါးစပ်ထဲမှ သွေးများ စီးကျလာခဲ့သည်။သူသည် အဝေးတစ်နေရာက မြေပြင်ပေါ်သို့ လွင့်ပျံကျသွားခဲ့ရာ အရမ်းကိုအရှက်ရစေခဲ့သည်။
သို့ဆိုတောင် သူသည် ရှုံးနိမ့်နေဆဲပင် ဖြစ်သည်!
လီဟန်၏ မျက်လုံးများသည် နာကြည်းမှုနှင့် မလိုလားသော တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် တားမြစ် လျှို့ဝှက်သိုင်းပညာရပ်ကိုသုံးခဲ့တာတောင် စူးချန်ကဲ ရှေ့မှာတော့ သူသည် အရင်လို အားနည်းနေဆဲပင်ဖြစ်သည်။
သူခန္ဓာကိုယ်အတွင်းရှိ တာအို သူတော်စင် အဖျက်စွမ်းအား မီးတောက်များက တဖန် လောင်ကျွမ်းလာခဲ့သည်။မီးလျှံသင်္ကေတများက စုဝေးသွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်သက်သာအောင် ကူညီပေးနေခဲ့သည်။
“ယို့၊ ကြည့်ရတာ ပစ္စည်းကောင်းတစ်ခု ရှိနေပုံပဲ”
“မင်းဆီကနေ ယူရုံပေါ့!”
စူးချန်ကဲသည် ရှေ့သို့ တိုးလာပြီး၊သူ၏ ညာလက်ဖြင့် လီဟန်၏ ရင်ဘတ်ကို ဆွဲချုပ်ပစ်လိုက်သည်။
သွေးအန်သံ !
သွေးများသည် နေရာအနှံ့ပြန့်နှံသွားပြီး ၊ အသွေးအသားနှင့် အရိုးများ စုတ်ဖြဲခံလိုက်ရသလိုမျိုး အသံများ ထွက်ပေါ်လာခဲ့သည် ။
လီဟန်၏ ရင်ဘတ်၌ စူးရှသောနေရောင်ကဲ့သို့ အလင်းရောင်လုံးလေးကို စူးချန်ကဲက ထုတ်ယူလိုက်သည်။
“အား!!”
သူသည် လီဟန်၏ ကြေကွဲဖွယ်ရာကောင်းသော ကြောက်မက်ဖွယ်ရာကောင်းသည့် ကြွေးကြော်သံကို လျစ်လျူရှုကာ ထိုအလင်းလုံးလေးကို စိုက်ကြည့်နေသည်။
ထို အဖြူရောင် အလင်းလုံးလေးထဲတွင် ဖြူစင်သန့်ရှင်းသော မီးလျှံများက တောက်လောင်နေသည်။
စူးချန်ကဲသည် သူ့ကိုယ်ပိုင် ကျင့်ကြံစွမ်းအားကို ဒ်ိုင်းအဖြစ် အသက်သွင်းထားသော်လည်း ထိုအရာလေး၏ ချစ်ချစ်တောက် ပူပြင်းနေသော အပူချိန်ကို ခံစားရဆဲပင်ဖြစ်သည်။
အလွန်ကို နူးညံ့သိမ်မွေ့သော မီးလျှံသင်္ကေတများသည် ယခုအချိန်တွင် တဆက်ဆက် တုန်ခါနေပြီး စူးချန်ကဲ၏ လက်ထဲကနေ ထွက်သွားရန်ကြိုးစားနေသလိုပင်။
“ငါ့လက်ထဲရောက်ပြီးမှ ထွက်သွားချင်သေးတာလား”
ဘုန်း!
စူးချန်ကဲ၏ လက်ဖဝါးထဲတွင် နတ်အလင်းရောင်များ တောက်ပလာသည်။တရားဓမ္မများက ရောယှက်လျက် အချုပ်အနှောင်စည်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်းအရာကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။
ထို့နောက် စူးချန်ကဲသည် စိတ်ငြိမ်သက်ခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်ပြီ ကြောက်မက်ဖွယ်ရာ ကောင်းသော ဝါးမျိုးခြင်းစွမ်းအားများဖြင့် ၎င်း တာအို သူတော်စင် အဖျက်စွမ်းအား မီးတောက်ကို အဆက်မပြတ် သန့်စင်စေခဲ့သည်။
“ စူး ! ချန် ! ကဲ!”
လီဟန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည် ။
တာအို သူတော်စင် အဖျက်စွမ်းအား မီးတောက်သည် မြင့်မြတ်သော အရာဝတ္ထုတစ်ခု အဖြစ် မှတ်ယူနိုင်သည်။၎င်းသည် ဒဏ္ဍာရီလာ အမတမီးအရှင် အဖြစ် ဝင်ရောက်နိုင်မည့် လက်မှတ်ဆိုလည်း ဟုတ်သည်။
ကွေးယီးဂိုဏ်းအနေဖြင့် ထိုသို့ အလင်းလုံး ဖြစ်လာစေရန် အလွန် ကြိုးစားအားထုတ်ခဲ့ပြီးမှ ရရှိလာခဲ့သော အရာတစ်ခု ဖြစ်သည်။သို့သော် ယခုအခါတွင် စူးချန်ကဲက သိမ်းယူသွားခဲ့သည်။
“မင်း သေသင့်တဲ့ ကောင်! ငါ ကွေးရွှီ လျှို့ဝှက်နယ်မြေကနေ ထွက်လာတဲ့အခါ မင်းကို ဆိုးဆိုးဝါးဝါး သေခိုင်းမယ်!!”
လီဟန်၏ မျက်နှာသည် အတော်ကြည့်ရ ဆိုးနေပြီး၊ ရူးသွပ်ခြင်း နှင့် မုန်းတီးခြင်း တို့ ပါဝင်နေသော ၎င်း၏ ကျိန်ဆဲသံသည် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ထပ်သွားခဲ့သည်။
စူးချန်ကဲအပေါ် ထားရှိသည့် သူ၏ အမုန်းတရားသည် အရိုးထဲ စိမ့်ဝင့်နေခဲ့ပြီး သူ၏ ဒေါသက သူ့ကို မဆင်မခြင် ဖြစ်စေခဲ့သည်။
“အရူး၊ ငါသာ မင်းနေရာမှာဆိုရင် ဒီလို ကြမ်းကြမ်းတမ်းတမ်း ပြောနေမှာ မဟုတ်ဘူး”
“မင်းအသက်က ငါ့လက်ထဲမှာ ရှိတယ်၊ဒါတောင် မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့?”
“ဒါဆိုလည်း မင်းအတွက် ကောင်းသော ခရီးလမ်းလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
စူးချန်ကဲ၏ အေးစက်သော မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာခဲ့ပြီး သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်သည်။သူသည်လည်း လူကောင်းတစ်ယောက်တော့ မဟုတ်ပေ။သို့သော် သူ၏ အရည်အချင်းသည် အခြားသူများထက် ညံ့ဖျင်းနေမည်ဆိုပါက ၊ ကိုယ့်ရဲ့ ရှုံးနိမ့်မှုကိုတော့ သေချာပေါက် လက်ခံမည် ဖြစ်သည်။
ဓားရှည် တစ်လက် ပေါ်ထွက်လာခဲ့ပြီး ၎င်းဓားစွမ်းအား၏ အအေးဓာတ်က လီဟန်ကို ခေါင်းမှ ခြေအဆုံး အေးစက်သွားစေသည်။
“ မင်း လုပ်ရဲလား?”
လီဟန်၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ စူးချန်ကဲသည် သူ့ကို တကယ်ပဲ သတ်ဝံ့မည်ဟု သူ မမျှော်လင့်ထားပေ။
ကွေးယီး ဂိုဏ်းသည် အင်အားကြီးမားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး သူသည် ဂိုဏ်း၏ သခင်ငယ်လေး တစ်ယောက်ဆိုလည်း ဟုတ်ပေသည်။ဒါတင်မကဘူး သူ့ အစ်ကို အကြီးဆုံးနှစ်ယောက်သည် ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တွေဆိုတာကို မသိတဲ့သူ မရှိပေ။
စူးချန်ကဲသည် သူ့ကို သတ်လိုက်မည် ဆိုပါက၊ သူသည် ကွေးယီးဂိုဏ်း၏ လက်စားချေမှုကို ရရှိပေလိမ့်မည်။ဒါတောင် သူ မကြောက်ဘူးလား?။
ဝီ!
ထိုအချိန်တွင် အလင်းတန်းတစ်ခုသည် ဖျက်ခနဲ့ လင်းလက်သွားခဲ့သည်။
အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် အလား ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်တစ်ခု ထကြွလာခဲ့သည်။
ထိုအရာသည် ကွေးယီဂိုဏ်း၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ပေးခဲ့သော စည်းတံဆိပ်တစ်ခု ဖြစ်ပြီး လီဟန် အသက်ဘေးနှင့် ကြုံတွေ့သည့်အခါ ကာကွယ်ပေးမည့် အရာ တစ်ခုပင် ဖြစ်သည်။
“ရယ်စရာကောင်းလိုက်တာ”
စူးချန်ကဲသည် အေးစက်စွာ သရော်လိုက်သည်။သူသည် ၎င်းအရာကို ဘိုးဘေးပေးထားခဲ့သော စေတီမျှော်စင်ငယ်ဖြင့် တိုက်ရိုက် ဖြေရှင်းလိုက်သည်။
သူမှာကလည်း အပေါဆုံးက ဝှက်ဖဲတွေပဲ။
ဘုန်း!
ပို၍ လွန်ကဲစွာ ကြောက်စရာကောင်းသော စွမ်းအားကြီးတစ်ခုက ပြန့်ကျဲသွားခဲ့ပြီး
လေထုကို အေးခဲသွားစေသည်။
ထို့နောက် လီဟန်၏ စည်းတံဆိပ်စွမ်းအားကို ချက်ခြင်းလက်ငင်း ဖြိုခွင်းပစ်လိုက်သည် ။
ရွှမ်း !
အကြင်နာမဲ့သော ဓားရှည်၏ အောက်တွင် လီဟန်၏ ဦးခေါင်းသည် လေထဲသို့ လွင့်ပျံသွားခဲ့သည် ။
လီဟန်က ဒီတိုင်းပဲ သေသွားပြီပေါ့!
“အရမ်းကို ရက်စက်တာပဲ!”
ပါရမီရှင် တပည့်အချို့မှာ ကိုယ့် တံတွေးကိုယ်ခဲရာခဲစစ် မျိုချလိုက်ကြသည်။၎င်းတို့၏ မျက်လုံးထဲတွင် မိမိုက်မှုနှင့် ကြောက်ရွံ့မှုတို့က ဝင်းလက်တောက်ပလို့ နေသည်။
လီဟန်ကို သတ်လိုက်သည့် စူးချန်ကဲ၏ ပုံရိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် နတ်မိမယ် ယွင်ကွေ့၏ အေးစက်သော မျက်ဝန်းများမှာ ခပ်ဖျော့ဖျော့ ဝင်းလက် တောက်ပလာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်ကတည်းက ၊ဧကရာဇ်လမ်းစဉ်ကို ကျင့်ကြံနေစဉ် အတောအတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူတို့ သေကြေခဲ့ရသည်။ကျင့်ကြံသူများအတွက် သနား ကရုဏာထားခြင်း နှင့် တုံ့ဆိုင်းခြင်းတို့သည် အကြီးမားဆုံးသော တားမြစ်ချက်ပင် ဖြစ်ပေသည်။ကြီးကျယ်တဲ့လမ်းကို ပြီးမြောက်အောင်မြင်ချင်ရင် သင်သည် အသက်ပေါင်းများစွာကို စတေးနိုင်ရပေမည်။
စူးချန်ကဲသည် လီဟန်၏ တာအို သူတော်စင် အဖျက်စွမ်းအားမီးတောက်ကို သန့်စင်ပြီးနောက် သူ၏ လျို့ဝှက်ရတနာတစ်ခုသည် လီဟန်၏ ခန္ဓာကိုယ်ပေါ်ရှိ ရတနာအားလုံးကို စုဆောင်းသိမ်းယူလိုက်သည်။
“ အခု ဒီနတ်ဆိုးမီးတောက်ကို ဘယ်သူလိုချင်သေးလဲ?”
စူးချန်ကဲသည် လက်နှစ်ဘက်ကို နောက်သို့ပစ်ကာ အေးအေးဆေးဆေး ရပ်နေခဲ့သည်။သူ့စကားများသည် အလွန် တည်ငြိမ်နေပုံရသော်လည်း ထိုစကားထဲတွင် ပြင်းထန်သောချိန်းခြောက်မှုများ ပါဝင်နေခဲ့သည်။
သူ့မျက်လုံးတွေက လူတိုင်းကို စိုက်ကြည့်နေခဲ့သည်။သူ ဘယ်နေရာကိုပဲကြည့်ကြည့် အားလုံးက သူ့ကို ပြန်မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
“ ကျွတ် ၊ ကျွတ် ၊ ကျွတ် ၊ အသည်းနှလုံးမရှိတဲ့လူ!”
ခေါင်းကိုးလုံး ရွှေခြင်္သေ့ပင်လျှင် ခေါင်းကို ငုံ့ထားပြီး သူ၏ မျက်လုံးများမှာ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ကွေးယီးဂိုဏ်းရဲ့ သခင်ငယ်လေးကို သတ်ဆို တကယ်ကြီး သတ်လိုက်တာပဲ!
ကံကောင်းထောက်မစွာနဲ့ ၊အဲ့လီဟန်ထက် သူက ပိုညဏ်ကောင်းလို့သာပေါ့ ! မဟုတ်ရင် အသည်းနှလုံးသားမရှိတဲ့ ဒင်းရဲ့ လက်ချက်နဲ့သူ့အသက်ပျောက်နေလောက်ပြီ!
“ သိပ်ကောင်းတယ်၊ နောက် ကျုပ် စူး မျိုးနွယ်ကို တွေ့တဲ့အခါ ဒီနေ့အဖြစ်အပျက်ကို ပြန်သတိရဖို့ မျှော်လင့်ပါတယ်”
စူးချန်ကဲသည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး ခေါင်းကိုးလုံး ရွှေခြင်္သေ့ ကို စီးကာ မြေအောက်နန်းတော်ရဲ့ အပြင်ဘက်ဆီသို့ ဦးတည်ကာ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပဲ သူသည် စိတ်ဝိညာဥ်ရောင်စဥ်တန်းတစ်ခုကို သတိပြုမိလိုက်ပြီး၊ကောင်းကင် လောင်ကျွမ်းခြင်း နတ်ဆိုး မီးတောက်ကို သတိကြီးကြီးထားကာ စူးစမ်းစစ်ဆေးလိုက်သည်။
တာအို သူတော်စင် အဖျက်စွမ်းအား မီးတောက်နှင့် ၊ကောင်းကင် လောင်ကျွမ်းခြင်း နတ်ဆိုး မီးတောက်သည် တူညီသော အရှိန်အဝါများ ရှိနေသည့်အပေါ် ထူးဆန်းသည်ဟု သူ ယူဆမိသည်။
နှစ်ခုလုံးသည် တူညီသော အရင်းအမြစ်မှ ဆင်းသက်လာပုံရသည်။
တာအို လမ်းစဥ်ပေါင်း သုံးထောင်ရှိသည့်အနက် တစ်ခုချင်းစီတိုင်းက ကွဲပြားခြားနားကြသည်။
လောကတွင် မတူကွဲပြားသော လမ်းစဥ် (နက်နဲသော တည်ရှိမှု) ပေါင်း သုံးထောင်ခန့် ရှိသည်။ အဆိုပါ တည်ရှိမှုများ၏ အရှိန်အဝါက အလွန်ဆင်တူပါက ဆိုလိုသည်မှာ သူတို့ဟာ တူညီသောနေရာ၊တူညီသော ပုဂ္ဂိုလ်၏ လက်တွင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ ၊ လက်စသတ်တော့ လီဟန်က ကောင်းကင် လောင်ကျွမ်းခြင်း နတ်ဆိုး မီးတောက်အတွက် ဒီကိုရောက်လာခဲ့တာပဲ ၊ဒီထဲမှာ လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိကောင်း ရှိနိုင်တယ်”
“နှမျောစရာပဲ ၊ သူ့ကိုမသတ်ခင်က မေးလိုက်ရမှာ”
သို့သော် စူးချန်ကဲ စိတ်ထဲမထားပေ။မတတ်နိုင်တဲ့အဆုံး သူ့ဘိုးဘေးတွေကို မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။သူတို့သည် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သူများ ဖြစ်ရာ ကိစ္စတော်တော်များများကို သေချာပေါက် သိပေလိမ့်မည်။
သူ့ဟာသူ တစ်ယောက်တည်း ပြောနေသော စူးချန်ကဲ၏ စကားကို ကြားလိုက်ရသော ခေါင်းကိုးလုံး ရွှေခြင်္သေ့ကြီးခမျာ စိတ်မတည်မငြိမ် ဖြစ်လို့နေသည်။
အသည်းနှလုံး မရှိတဲ့ လူကြီးပါ့လား!
လူတောင် သေပြီ ဒါတောင် ဒင်းက တဖက်လူဆီက တန်ဖိုးရှိတဲ့အရာကို မမေးလိုက်ရလို့ နောင်တရနေသတဲ့ ၊သူတို့ မကောင်းဆိုးဝါးမျိုးနွယ်စုသည် ရက်စက်တတ်ကြသည် ဟု ဆိုကြသည်။သို့သော် စူးချန်ကဲက သူတို့ထက် ပိုဆိုးသည်ဟု ခံစားမိသည်။
တစ်ချိန်တည်းမှာပင် ကွေးရွှီလျှို့ဝှက် နယ်မြေအပြင်ဘက် ၊
ဟင်းလင်ပြင် အလယ်က ဝင်ပေါက်၏ ရှေ့တွင် လူရိပ်တချို့က စောင့်ဆိုင်းနေသည်။
၎င်းတို့မှာ နာမည်ကြီးအင်အားစုများ ဖြစ်ပြီး မကောင်းဆိုးဝါး မျိုးနွယ်စုများ၏ အကြီးအကဲများလည်း ပါဝင်သည်။တစ်ယောက်ချင်းစီတိုင်းက အလွန် ကြောက်စရာကောင်းပြီးကောင်းကင်ကို အလွယ်တကူ လောင်ကျွမ်းစေပြီး ပင်လယ်ကိုတောင် ဆူပွက်အောင်လုပ်ကာ အာကာသာ ဟင်းလင်ပြင်ကိုတောင် ဖြိုခွဲနိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။
ယခုအချိန်တွင် သူတို့အားလုံးသည် ကွေးရွှီ လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ရပ်နေကြပြီး မိမိတို့၏ တပည့်သားချင်းများ စစ်ဆေးပွဲမှ ပြန်အလာကို စောင့်ဆိုင်းနေကြသည်။
သို့သော် ထိုအချိန်တွင်၊ ကွေးယီး ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ၏ မျက်နှာမှာ အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။
“သခင်ငယ်လေးရဲ့ ကံကြမ္မာကြိုး ပျက်တောက်သွားပြီလား!?”
“ဘယ်သူလဲ၊ ကွေးယီး ဂိုဏ်းရဲ့ သခင်ငယ်လေးကို သတ်ရဲတဲ့အထိ သတ္တိရှိတာ ဘယ်သူလဲကွ!”
သူသည် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏ ပတ်ပတ်လည်တွင် တောက်လောက်နေသော စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့ရာ ဟင်းလင်ပြင်ကို ပုံပျက်သွားစေရုံသာ မက တောင်တန်းများနှင့် သစ်ပင်များပင်လျှင် ပြင်းထန်စွာ လှုပ်ခါသွားလေသည်။
“ အမ်?ကွေးယီးဂိုဏ်းက သခင်ငယ်လေးက သေသွားပြီတဲ့လား”
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ထဆိုလိုက်သည်။
လီဟန်၏ ဝိသေသလက္ခဏာသည် အလွန်ထူးခြားသည်။သူသည် ကွေးယီးဂိုဏ်း၏ တချို့သော ပါရမီရှင်များထက် အနည်းငယ် အားနည်းသော်လည်း သို့သော် ဤစစ်ဆေးပွဲတွင် သူသည် ပြိုင်ပွဲဝင် များစွာထဲမှ ထိပ်တန်းပါရမီရှင် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
ဤကဲ့သို့ အရည်အချင်းများစွာကို ပိုင်ဆိုင်ထားတဲ့ သူက ဒီလို သေသွားပြီတဲ့လား?
ဒီလောက်တောင် စွမ်းအားကြီးမားတဲ့သူ ဘယ်သူ ဖြစ်မတုန်း?
“ သတ်တဲ့လူက ဘယ်သူတုန်း ၊ ငါသာ သိရင် ဒင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်!!”
ကွေးယီး ဂိုဏ်း အကြီးအကဲ၏ အကြည့်များမှာ လွန်စွာ အေးစက်ပြီး သူ၏ ဒေါသတကြီး ကျိန်ဆဲသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။
မူလက သူသည် ထိပ်တန်း ပါရမီရှင် တစ်ဦး၏ အကြီးအကဲ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရာ ၊ ထိုအရာက သူ့ကို မျက်နှာပန်းလှစေခဲ့သည်။
ယခုအချိန်တွင် သူတို့၏ သခင်ငယ်လေး၊ ဂိုဏ်းချုပ်ကြီး၏ သားထွေးလေးက သေဆုံးခဲ့ပြီ ဖြစ်ကြောင်းကို သူ မည်သို့ ရှင်းပြရမည်နည်း။
ထိုအကြောင်းကို တွေးမိရင်း သူ နှလုံးသားတစ်ခုလုံး အေးစက်သွားကာ ၊အမျက်ဒေါသ၏ အငွေ့အသက်များက ပေါက်ကွဲထွက်လာခဲ့သည်။
“ ကွေးရွှီ လျှို့ဝှက်နယ်မြေမှာ ငါတို့ မသိနိုင်တဲ့ အန္တရာယ်တချို့ ကြုံခဲ့လို့များလား၊အရင်ကလည်း ကွေးရွှီ လျှို့ဝှက်နယ်မြေထဲမှာတင် သေဆုံးသွားခဲ့ရတဲ့သူတွေ ရှိတာပဲလေ!’
“ဟွန်း၊ သေတော့ ဘာဖြစ်လဲ၊ မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးမှာ သားတွေ ရှိသေးတယ် မဟုတ်လား?”
“ တခြားသူတွေကြ သေလို့ ရပြီး သူ့ဂိုဏ်းသခင်လေးကြ သေလို့ မရဘူးတဲ့လား?”
“ ကွေးရွှီ လျို့ဝှက်နယ်မြေထဲကို စမ်းသပ်ခံဖို့ ဝင်ပြီဆိုတာနဲ့ သေခြင်း ရှင်ခြင်းကို သူတို့ ကံကြမ္မာက အဆုံးအဖြတ်ပေးမှာပဲ၊ တကယ်လို့ အထဲမှာပဲ သေတယ်ဆိုရင်တော့ ဒါဆို သူတို့ရဲ့ အရည်အချင်းက တခြားသူတွေထက် နိမ့်ကျနေလို့ပဲ ၊သေတာကလည်း ကိုယ့် မကောင်းတဲ့ ကံကိုပဲ အပြစ်တင်ရမှာပဲလေ!”
“လူသားမျိုးနွယ်က လူအိုကြီးတွေက သိပ်ရယ်စရာ ကောင်းတာပဲ၊ တကျီကျီ တစာစာနဲ့ သူတို့ကပဲ စိတ်ဆိုးပြနေသေးတယ်!”
မကောင်းဆိုးဝါး မျိုးနွယ်စု၏ အကြီးအကဲများက လှောင်ပြောင်သော အကြည့်များဖြင့် ကဲ့ရဲ့ကြလေသည်။
မကောင်းဆိုးဝါး မျိုးနွယ် နှင့် လူသားမျိုးနွယ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်များ ဖြစ်ကြသည်။ခုလို လူသား မျိုးနွယ်စု အချင်းချင်း သတ်ဖြတ်ကြသည့်အပေါ် သူတို့ အတော်လေး ဝမ်းသာနေကြသညိ။
လူသားမျိုးနွယ်စု၏ တချို့သော အင်အားစုများက သူတို့နဲ့ မဆိုင်သလို ကြည့်နေကြသည်။
သို့သော် နောက်ဆက်တွဲ အနေဖြင့် ဤနေရာတွင် ရှိနေကြသော သူတွေအားလုံး မျှော်လင့်မထားသော အရာများဖြင့် ကြိုဆိုခံရတော့မည် ဖြစ်သည်။
အပိုင်း(၆၈) : မကောင်းဆိုးဝါး မျိုးနွယ်စု အရှက်ကွဲရပြီ
“ ဆက်ခံသူ သခင်!”
အောင်မြင်စွာ ထွက်လာနိုင်ခဲ့သော စူးချန်ကဲကို မြင်တော့ ယွင်ရှင်းယန်၏ မျက်ဝန်းများမှာ ဝင်းလက် တောက်ပသွားခဲ့သည်။
အပျက်အစီးတွေကြားထဲက ထိတ်လန့်တုန်လှုပ်စရာကောင်းသော တိုက်ပွဲအငွေ့အသက်တွေ ထွက်ပေါ်လာချိန်တွင် သူမသည် စူးချန်ကဲကို ရှာဖွေရန် စဉ်းစားခဲ့မိသည်။
သို့သော် အပြင်မှာ စောင့်ခိုင်းထားသော စူးချန်ကဲ၏ အမိန့်ကြောင့် ၊၎င်း၏ အပြစ်ပေးခံရမှာကို ကြောက်ရွံ့ကာ သွားမရှာရဲခဲ့ပေ။
စူးချန်ကဲမှ အန္တရာယ်ကင်းကင်းဖြင့် ထွက်လာတာကို မြင်ပြီးနောက်မှသာလျှင် သူမ၏ လေးလံနေသော နှလုံးသားကို လွှတ်ချနိုင်တော့သည်။
“ဘာမှမဖြစ်ဘူး ဒီတိုင်း ငါးပုပ် ပုစွန်ပုပ် တွေက ပွဲရှာနေလို့ ၊ အရေးမပါတဲ့အရာလေးတွေပါ “
စူးချန်ကဲ၏ ဒီစကားကို တခြားသော ကျင့်ကြံသူများသာ ကြားရင်ဖြင့် သွေးအန်ပြီး သေနိုင်သည်။
၎င်းတို့အားလုံးသည် ယနေ့ခေတ်ကာလ၏ ထိပ်တန်း ပါရမီရှင်များလို့ သတ်မှတ်လို့ ရပေသည်။သို့သော် ၎င်းတို့ကို ငါးပုပ်နှင့် ပုစွန်ပုပ်များဖြင့် နှိုင်းယှဥ်ခဲ့သည်။
အဲ့တော့ သူတို့က ဘာဖြစ်သွားပြီတုန်း!?
ဒါ သူတို့ကို လူဆိုးလူညစ် စာရင်းထဲတောင် ထည့်မထားဘူး ဆိုတဲ့ သဘော မဟုတ်လား?
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း
“ ကဲ ဒီတခေါက် လျှို့ဝှက်နယ်မြေရဲ့ ခရီးစဉ်ကတော့ ပြီးသွားခဲ့ပြီ ၊ မင်းတို့လည်း ငါနဲ့ ပြန်လိုက်ခဲ့တော့ “
“ဟုတ်!”
ကွေးယွမ်က တပည့်သားများသည် ဦးညွှတ်လျက် ၎င်း၏ အမိန့်ကို နာခံခဲ့ကြသည်။
ဒီတခေါက် လျှို့ဝှက်နယ်မြေ ခရီးစဉ်တွင် စူးချန်ကဲသည် သူတို့၏ နှလုံးသားထဲ၌ ကြီးမားသော ပုံရိပ်တစ်ခုကို ချန်ရစ်နိုင်ခဲ့သည်မှာ သံသယဖြစ်စရာတောင် မလိုပေ။
ထို့နောက် စူးချန်ကဲသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့ကို စီးကာ အားလုံးနှင့်အတူ ကွေးရွှီလျှို့ဝှက်နယ်မြေ အပြင်ဘက်ဆီသို့ ဦးတည်ခဲ့ကြသည်။
“ဒီကောင်က ငါ့ကို သူ့စီးတော်ယာဉ်လို့ တကယ်ကို သတ်မှတ်ထားတာပဲ၊ ငါသာ ဒီပုံစံအတိုင်း ထွက်သွားရင်၊ ငါတော့ မျက်နှာပျက်ရတော့မှာပဲ “
“မျိုးနွယ်စုထဲက လူအိုကြီးတွေသာ သိသွားခဲ့ရင် ငါကို နှင်ထုတ်ကြမှာ မဟုတ်လား ?”
“လမ်းခုလတ်ကြရင် ငါသူ့ကို လှည့်စားလိုက်ရမလား၊ သူ့ကို ကန်ထုတ်ပြီးတာနဲ့ ငါတစ်ယောက်တည်း ထွက်ပြေးလိုက်ရမလား?”
ရှီရှောက်ချန်တစ်ယောက် သူ့စိတ်ထဲ အဆုံးမရှိသော အကြံအစည်ပေါင်းများစွာဖြင့်။
သူသည် ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ပြီး၊ အနာဂတ်တွင် မကောင်းဆိုးဝါး မျိူးနွယ်စုရဲ့ ဧကရာဇ်မင်းလမ်းစဉ်ကို အောင်မြင်နိုင်ဖို့ အလားအလာ ရှိသူ ဖြစ်သည်။သို့သော် လျှို့ဝှက်နယ်မြေတွင် သူသည် စူးချန်ကဲ၏ စီးတော်ယာဉ် ဖြစ်နေခဲ့ရသည်။
ဒီအတိုင်း သူ့ကို စီးလျက်သား အပြင်ထွက်မည်ဆိုပါက ၊သူ့ကို ရယ်မောစရာအဖြစ် သဘောထားကြသည်မှာ သေချာပေသည်။
နောက်ကြရင် ကြီးကျယ်ခမ်းနားတဲ့ နတ်ဆိုးတစ်ကောင်အဖြစ် ဘယ်မျက်နှာနဲ့ သွားလုပ်လို့ ရတော့မှာတုန်း?
သို့သော် သူခမျာ ဘာမှတောင် မလှုပ်ရှားရသေးခင်၊
စူးချန်ကဲသည် သူ၏ အကြံအစည်ကို သိနေပုံရသည်။သူ့လက်ညိုးဖြင့် ခေါင်းကိုးလုံး ရွှေခြင်္သေ့၏ နဖူးကို ပုတ်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဓားအလင်းသည် သူ၏ နတ်အသိစိတ် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
နတ်သတ်ဓား၏ ဆန္ဒတွင် စကြဝဠာကြီး၏ အခြေခံမူများ ပါ၀င်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများမှာ မှန်းဆ၍ မရနိုင်ပေ။
သူမှလွဲ၍ ဤဓားစွမ်းအင်ကို မည်သူမျှ နားမလည်နိုင်ပေ။
“ ကျက်သတုံး စူးချန်ကဲ၊ ၊မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ!?”
ရှီးရှောက်ချန်၏ မျက်နှာမှာ ဖြူဖပ်နေပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။
သူသည် ထိုစွမ်းအင်၏ အငွေ့အသက်ကို အာရုံမခံစားနိုင်သော်လည်း ၊ သို့သော် စူးချန်ကဲနှင့် အတူရှိနေသည့် ဤရက်ပိုင်းအတွင်း သူ စူးချန်ကဲအကြောင်းကို ကောင်းကောင်းကြီး သိပေသည်။
ဤလူသည် အတော်လေး ဆိုးညစ်သော လူတစ်ယောက်ပင် ဖြစ်သည်။
သူ့ကို စော်ကားတဲ့ သူမှန်သမျှ၊ သေရင်သေ မသေရင် အရေခွံစုတ်ခံရသည်။
“ဘာမှမဟုတ်ပါဘူး၊ မင်းကို ငါ့စကား နားထောင်စေချင်လို့ ၊ မင်း ကောက်ကျစ်တဲ့အကြံအစည်တွေ လုပ်ဖို့ မစဉ်းစားနဲ့”
စူးချန်ကဲသည် ရှီးရှောက်ချန်၏ အတွင်းစိတ်ကို သိနေသကဲ့သို့ ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်သည်။သူ၏ အကြည့်များမှာ လေးနက်ပြီး နောက်ပြောင်ချင်သော အငွေ့အသက်များလည်း ပါရှိနေသည်။
တကယ်တော့ သူသည် ကြီးကြီးကျယ်ကျယ် နည်းလမ်းများကို အသုံးပြုခဲ့ခြင်း မဟုတ်ပေ။
မကောင်းဆိုးဝါးမျိုးနွယ်စု၏ အတွေးများသည် ခန့်မှန်းရ လွယ်ကူလွန်းသောကြောင့်သာ ဖြစ်သည်။ အထူးသဖြင့် ရှီးရှောက်ချန် ၊ ၎င်း၏ စိတ်ခံစားမှုများကို တချက်ကြည့်ရုံနဲ့ တန်းသိနိုင်သည်။
တစ်ဖက်လူ၏ အမူအရာကို အသေးစိတ် ကြည့်ရုံဖြင့် သူ အတပ်ပြောနိုင်သည်။
၎င်း၏ မျက်လုံးအရောင်မှာ စိတ်မချမ်းမြေ့ဟန်ဖြင့် မျက်အိမ်မှာ ကျဉ်းမြောင်းသွားတတ်သည်။ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ့စိတ်ထဲတွင် တစ်ခုခုကြံစည်နေမှန်း တန်းသိနိုင်သည်။
“ ဟွန်း!”
“ မင်း သတိသာ ထားနေတော့ ၊ ငါ မင်းကို ပိုးစိုးပက်စက် လက်စားချေပြမယ်!”
ရှီးရှောက်ချန်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို တန်းပြီး စစ်ဆေးခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမှ ရှာမတွေ့ခဲ့ပေ။
မည်သည့် စိမ်းသက်သော အငွေ့အသက်မျိုးမှ ရှိမနေခဲ့ချေ။
စူးချန်ကဲကလည်း သူ့ကို ညင်သာစွာ ပွတ်သက်ပေးလို့ နေသည်။
သို့ဆိုတောင် တစ်စုံတစ်ခုက မူမမှန်သလို သူ ခံစားနေမိသည်။သူ၏ ပင်ကိုယ် ဗီဇသည် စူးချန်ကဲက သူ့အပေါ်ကို တစ်စုံတစ်ခု လုပ်ခဲ့မှန်း အသိပေးနေခဲ့သည်။
“ သေချင်းဇိုးကောင် ၊ ငါ လျှို့ဝှက်နယ်မြေကနေ ထွက်လာပြီ ဆိုတာနဲ့ ဒင်း တွေ့ကြသေးတာပေါ့!”
ရှီးရှောက်ချန်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။
သို့သော် ချက်ချင်းဆိုသလို သူ့နှလုံးသားထဲတွင် အပြစ်ရှိမိသလို ခံစားလိုက်ရသည် ။
“ဒါပေမယ့် စူးချန်ကဲသာ ငါ့ကို အဲ့အပျက်အစီးတွေကြားထဲ ခေါ်မသွားခဲ့ရင် ဒဏ္ဍာရီလာ သားရဲတွေဆီကနေ သူတို့ရဲ့ အနှစ်သာရနဲ့ သွေးကို ဒီလောက်အများကြီး ရနိုင်မှာ မဟုတ်ဘူးလေ”
“တချို့ မကောင်းဆိုးဝါး မျိုးနွယ်စုတွေဆို ညစ်ပတ်တဲ့ လှည့်ကွက်တွေသုံးပြီး လှည့်ဖျားကြတယ် “
“အဲ့လိုစဉ်းစားကြည့်ပြန်တော့ ၊ စူးချန်ကဲက မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ဖြစ်တဲ့ တချို့ဟာတွေထက် စာရင် သူက အရမ်း ကောင်းတယ်!”
“ဒါ့အပြင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အရည်အချင်း ရှိတာ ၊ နောက်ဆို အမတလမ်းစဉ်ကို ဖွင့်ပြီး အမတရှင် တပါး ဖြစ်လာနိုင်တယ် မဟုတ်လား?”
“ အမတအရှင်ရဲ့ စီးတော်ယာဉ် လုပ်ရတာလည်း ရှက်စရာကောင်းတဲ့ပုံ မပေါ်ပါဘူး!”
ရှီးရှောက်ချန်၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးအချို့က ထင်မှတ်မထားဘဲ ထွက်ပေါ်လာခဲ့သည်။
ဒါ ဘယ်လိုဖြစ်တာလဲ?
စူးချန်ကဲ သူ့အပေါ်ကို ဒီလိုဆက်ဆံတာ၊ ဒါ မုန်းသင့်တာ မဟုတ်ဘူးလား?
ဘယ်လိုဖြစ်ပြီး လေးစားကြည်ညိုစိတ်တွေ ပေါ်လာတာတုန်း?
မဟုတ်မှလွဲရော သူ့ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ ဂုဏ်သတ္တိ တချို့ နိုးထလာတာများလား?
ရှီးရှောက်ချန်သည် သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး ထိုထူးဆန်းသော ခံစားချက်ကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် လမ်းကြောင်း အဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။အထဲသို့ ဝင်လိုက်သည်နှင့် ကွေးရွှီ လျှို့ဝှက်နယ်မြေမှ ထွက်ခွာနိုင်ပြီ ဖြစ်သည်။
ဘုန်း!
တောက်လောင်သော နတ်အလင်းရောင်များ ဖြာထွက်နေပြီး အဆုံးမရှိသော အချိန်နှင့်အာကာသ ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားရသလိုမျိုး ၊ ဟင်းလင်ပြင်ကြီးမှာ ရွဲ့စောင်းသွားခဲ့သည်။
နောက်ဆုံးတွင် စူးချန်ကဲသည် အားလုံးကို ဦးဆောင်ကာ ကွေးရွှီ လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
“အနာဂတ်မှာ ငါတို့ ပြန်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်”
လျှို့ဝှက်နယ်မြေထဲတွင် လှပသော ရုပ်သွင် တစ်ခု ရှိနေခဲ့သည်။
သူမသည် ကျောပေးကာ ထွက်ခွာသွားသော စူးချန်ကဲကို ငေးကြည့်နေခဲ့သည်။သူမ၏ လှပသော မျက်ဝန်းထဲတွင် နူးညံ့သော အရိပ်အယောင်များ ရှိနေခဲ့သည်။
သူမ၏ ဘေးပတ်ပတ်လည်တွင် ဧကရီရောင်ဝါနှင့်တူသော လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများက ဝန်းရံထားသည်။
ဤကမ္ဘာကြီးကို အုပ်စိုးမည့် ဘုရင်မနှင့်တူပေသည်။
သူမသည် ဧကရီဘုရင်မ စိတ်ဝိညာဉ် နိုးထလာခဲ့ပြီ ဖြစ်သော မော့ရန်ရှီး ၊
တနည်းအားဖြင့် ဆိုရသော် မက်မွန် ဧကရီ ဘုရင်မ ဟွားချောင်ယွဲ့ ပင်။
တပည့်သားများအားလုံး လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ ထွက်လာခဲ့ကြပြီ ဖြစ်သည်။
“ကောင်းတယ်၊ ဘာမှမဖြစ်ပဲ ထွက်လာရင်ကို အဆင်ပြေပြီ !”
ကွေးယွမ်၏ အကြီးအကဲ ဖြစ်သူသည် သူ့တပည့်သားများ အားလုံး ဘေးကင်းကင်း ပြန်လာနိုင်သည့်အပေါ် အရမ်း ဝမ်းသာနေခဲ့သည်။
အရင်နှစ်တွေက သေဆုံးခဲ့ကြသော တပည့်သားများ ရှိခဲ့သောကြောင့် ဒီနှစ်တွေလည်း ကျိန်းသေပေါက် ဆုံးရှုံးရဦးမည်ဟု သူ့ စိတ်ကို အသင့်ပြင်ထားခဲ့သည်။
သို့သော် ဒီနှစ်တွင်မူ အားလုံးက လုံလုံခြုံခြုံဖြင့် ဘေးအန္တရာယ်ကင်းစွာ ပြန်လာနိုင်ခဲ့သည်။ ဒါတွေဟာ စူးချန်ကဲရဲ့ ကျေးဇူးကြောင့်ဆိုတာ သူသိသည်။
သူသည် ၎င်းတို့ထဲတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဆိုလည်း ဟုတ်ပေသည်။
သို့သော် စူးချန်ကဲ စီးနင်းနေသည့် ခေါင်းကိုးလုံး ရွှေခြင်္သေ့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များ အားလုံး ချက်ချင်း ပေါက်ကွဲသွားကြသည်။
“ အတင့်ရဲလိုက်တာ ၊ စူးချန်ကဲ မင်းကများ ငါတို့မျိုးနွယ်စုရဲ့ သားစဉ်မြေးဆက်ကို စီးတော်ယာဉ်အနေနဲ့ အသုံးချရဲတယ်ပေါ့၊ဒါ ငါတို့မျိုးနွယ်စုကို စော်ကားနေတာလား!?”
ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စု၏ အကြီးအကဲ ဖြစ်သူ၊ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း ပုဂ္ဂိုလ်တစ်ယောက်က ထဆိုလိုက်သည်။ သူ၏ ရွှေဝါရောင် ဆံနွယ်မျှင်များမှာ လေထဲတွင် ထောင်လျက် ယိမ်းထိုးနေပြီး သူ့တစ်ကိုယ်လုံးက ထုတ်လွှတ်လိုက်သော
သွေးချီစွမ်းအင်များသည် နေရာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ဤအခိုက်အတန့်တွင် သူ၏ မျက်နှာမှာအလွန်အမင်း နီရဲနေပြီး စူးချန်ကဲကို လက်ညိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲလိုက်သည်။
သူ့နောက်ကွယ်မှ မကောင်းဆိုးဝါး မျိုးနွယ်စုဝင် အကြီးအကဲများ၏ မျက်လုံးများမှာလည်း အလွန် ထူးဆန်းသော အကြည့်များဖြင့် ပြည့်နှက်နေသည်။
“ဒါကဘယ်လိုဖြစ်တာလဲ? ရှီးရှောက်ချန် လျှို့ဝှက်နယ်မြေထဲ မဝင်ခင်တုန်းက သူပဲ စူးချန်ကဲကို သတ်မယ်ဆိုပြီး ကြိမ်းဝါးခဲ့တာမဟုတ်လား?”
“ဟုတ်တယ်! တကယ်တမ်း ထွက်လာတော့ အရင်က ကြိမ်းဝါးခဲ့တဲ့ မကောင်းဆိုးဝါး တစ်ကောင်လို မတူတော့တာလဲ?”
ရှီးရှောက်ချန်သည် ဒီတစ်ခေါက် မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ထူးချွန်ထက်မြက်သူများထဲမှ ထိပ်တန်းအဆင့်တွင် ရှိသော မျိုးဆက်သစ် ထိပ်တန်းပုဂ္ဂိုလ် တစ်ယောက်ဟု ခေါ်ဆိုနိုင်သည်။
ဒါပေမဲ့ အခုတော့ ဒင်းက လူသားမျိုးနွယ်ရဲ့ စီးတော်ယာဉ် တဲ့လား? ဒါတင်မကဘူး တဖက်လူက သူ့ကို ပြောင်ပြောင်တင်းတင်း စီးပြီးတောင် ထွက်လာလိုက်သေးတယ်!
“ အဲ့လောက်ထိလည်း မဟုတ်ပါဘူး ၊ ရှီးရှောက်ချန် ကိုယ်တိုင် ကျုပ်စီးတော်ယာဉ် လုပ်ဖို့ သဘောတူခဲ့တာလေ၊ ကျုပ်က သူ့ကို ဖိအားပေးခဲ့လို့လား?”
“ပြီးတော့ ကျုပ်လို ဆက်ခံသူရဲ့ စီးတော်ယာဉ် လုပ်ရတာ သူ့အတွက် ဂုဏ်ယူစရာတောင် ကောင်းသေးတယ် “
စူးချန်ကဲသည် ရှီးရှောက်ချန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
သနားစရာကောင်းတဲ့ ရှီးရှောက်ချန်ခမျာ ဘာစကားမှ မပြောရဲပေ။
ဒင်း ငါ့ကို လာနောက်နေတာလား?
အရင်က သူ့ကို ဆိုးဆိုးရွားရွား ရိုက်ခဲ့ပြီးမှ ၊ ဒီကို ပြန်ထွက်လာတုန်းကရော သူ့ရဲ့ နတ်အသိစိတ်ကို တစ်ခုခု လုပ်ခဲ့သေးတယ် မဟုတ်ဘူးလား?
ဒါနဲ့ ငါ ထုတ်ပြောလို့ မတော်တဆ သေသွားရင် ဘယ်လိုလုပ်ရပါ့ ?
“ မဟုတ်တမ်းစကားတွေ!”
ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စု၏ အကြီးအကဲမှာ ဒေါသကြောင့် တကိုယ်လုံး တဆက်ဆက် တုန်ခါနေသည်။၎င်း၏ ကြောက်မက်ဖွယ်ရာ ကောင်းသော သွေးချီစွမ်းအင်များသည် စူးချန်ကဲဆီသို့ ဦးတည်လာခဲ့သည်။
“ ရှောက်ချန် ၊ မင်း ငါ့ကိုပြောစမ်း၊ သူ မင်းကို စက်ဆုပ်ဖွယ်ရာ ကောင်းတဲ့ နည်းလမ်း တစ်ခုခု လုပ်ခဲ့တယ်မလား”
“ ကွေးယွမ် သူတော်စင် နယ်မြေက လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုဆိုပေမယ့် ငါ ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုကတော့ သူတို့ကို မကြောက်တာ သေချာတယ်!”
ရှီးရှောက်ချန်ခမျာ သူ့ကိုယ်သူ ထိန်းချုပ်ထားရသည်။ လူတိုင်း၏အကြည့်များက သူ့ကို ကြွက်တွင်းထဲတောင် ပြေးဝင်ချင်စိတ် ပေါက်စေသည်။
ဒါ အရမ်း ရှက်ဖို့ကောင်းတာပဲ!
စူးချန်ကဲက သူ့ကို အတင်းအကြပ် ခိုင်းခဲ့တာပါလို့ သူ သေလောက်အောင်ကို ထုတ်ပြောချင်ခဲ့သည်။
သို့သော် သူ့ပါးစပ်ထဲက စကားတစ်လုံးမှ ထွက်ကျမလာပေ။တစ်ဖက်က ကြည့်ပြန်ရင်လည်း သူသည် စူးချန်ကဲကြောင့် ဒီတခေါက် လျှို့ဝှက်နယ်မြေ ခရီးစဉ်ကနေ အမွေအနှစ်များစွာ ရရှိခဲ့သည်။
အတွေးများ ယောင်ယက်ခတ်လျက် ရှက်ရွံ့သော မျက်နှာဖြင့် ခေါင်းကို တဘက်သို့ လှည့်နေလိုက်သည်။
သို့သော် ၎င်း၏အပြုအမူသည် လူတိုင်း၏ အမြင်မှာတော့ လက်ခံသည် ဟု သဘောသက်ရောက်ပေးသည်။
“ဘာ!?”
မကောင်းဆိုးဝါး မျိုးနွယ်စုဝင်များ အားလုံး လုံးဝ ပေါက်ကွဲသွားသည် ။
ကြီးကျယ်ခမ်းနားတဲ့ ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်ရဲ့ သားစဉ်မြေးမြစ်က စူးချန်ကဲရဲ့ စီးတော်ယာဉ် ဖြစ်လာခဲ့တဲ့အပြင် သူကိုယ်တိုင်လိုလိုလားလား သဘောတူခဲ့တာတဲ့လား!
မကောင်းဆိုးဝါးမျိုးနွယ်စုသည် မာနကြီးသူများ ဖြစ်ကြပြီး ၊ လူသားမျိုးနွယ်အပေါ် ရှုံ့ချတတ်သည့် သူများလည်း ဖြစ်သည်။ဒါ့အပြင် ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုမှာ မကောင်းဆိုးဝါး မျိုးနွယ်စုတွေထဲက တော်ဝင်မိသားစု မျိုးနွယ်စု ဆိုလည်း ဟုတ်ပေသည်။
ထိုအပြုအမူသည် မကောင်းဆိုးဝါး မျိုးနွယ်စုများအတွက် တကယ်ကို ရှက်စရာကောင်းပေသည် ။
ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးနွယ်စုက အကြီးအကဲသည် ရှီးရှောက်ချန်၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ၊ တစ်ကိုယ်လုံး ဖြူဖျော့သွားရလောက်သည့်အထိ ဒေါသအကြီးအကျယ် ပေါက်ကွဲသွားခဲ့သည်။
စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ သံသယဝင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း အစရှိသော ခံစားချက်များက သူ၏ စိတ်ထဲသို့ အလျိုလျို တန်းစီ ဝင်ရောက်လာပြီး ဒေါသလုံးကြီး အဖြစ် ပြောင်းလဲသွားပေတော့သည်။
“ ဟိန်းသံ “
ထို့နောက် ရုတ်တရက် ၊သူ၏ ပါးစပ်ထဲမှ သွေးများ စီးကျလာခဲ့သည်။
ဒါကို ဘယ်လိုခေါ်တုန်း သိလား?
ရှီးရှောက်ချန် တစ်ယောက် မကောင်းဆိုးဝါး မျိုးနွယ်စုကို အရှက်ရအောင် လုပ်နိုင်ခဲ့လေခြင်း။
ထိုအခိုက်အတန့်တွင် အနက်ရောင် ဝတ်ရုံဖြင့်အဘိုးအိုတစ်ယောက်သည် အေးစက်သော ရောင်ဝါများဖြင့် စူးချန်ကဲထံသို့ ချည်းကပ်လာပြီး မေးလိုက်သည်။
“စူးချန်ကဲ၊ ငါတို့ ချင်မင်းဆက်ရဲ့ မင်းသားလေးက ဘာလို့ ထွက်မလာသေးတာလဲ”
အပိုင်း(၆၉) : ဘိုးဘေးဆင်းလာပြီး
လက်တချောင်း လှုပ်ရုံနဲ့ အကုန် သတ်ပစ်ခဲ့တယ်
ထိုအနက်ရောင်ဝတ်ရုံနှင့် အဖိုးအို၏ အသံသည် အလွန်အေးစက်နေ၏။
သူသည် ချင် မင်းဆက် တပည့်သားချင်းများကို ဦးဆောင်လာသော ဦးစီးဦးဆောင်သူ ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး ၊သူသည် သာ့နိမ်(အနန္တစွမ်းအားရှင်) နှောင်းပိုင်းအဆင့် တတ်မြောက်ထားသူ ဖြစ်ပြီး အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
မဟာ သူတော်စင် နယ်ပယ်အဆင့်နဲ့ သိပ်မကွာပေ။
မဟာ သူတော်စင် နယ်ပယ်အဆင့်ရှိသော ပုဂ္ဂိုလ်များ၏ အောက်တွင် အားလုံးသည် ပုရွက်ဆိတ် အဆင့်ပဲ ရှိသည်။ကျင့်ကြံခြင်း လောကတွင် ကျင့်ကြံခြင်း အဆင့်များစွာ ရှိသော်လည်း တကယ်တန်းတွင် အမျိုးအစား နှစ်မျိုးပဲ ရှိသည်။
မဟာ သူတော်စင် အဆင့်ရှိအောက်က လူနှင့် မဟာ သူတော်စင် အဆင့်ထက် ရှိ ပုဂ္ဂိုလ်ဟူ၍ ဖြစ်သည်။
မဟာ သူတော်စင်များသည် လွန်စွာ အစွမ်းထက်ပြီး တာအိုလမ်းစဉ် တရားဓမ္မတို့ကို ချုပ်ငြိမ်းစေ၍ ဤကမ္ဘာကြီးကို အလွယ်တကူ ဖြိုခွဲဖျက်ဆီးနိုင်သည့်အထိ စွမ်းအားကြီးပေသည်။
ချင် မင်းဆက် မင်းသား နှင့် စူးချန်ကဲတို့ကြားတွင် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားဖူးကြောင်း ကောလဟာလ တချို့ကို သူ ကြားသိခဲ့ရသည်။
သို့သော် နောက်ဆုံးအချိန်ထိ စူးချန်ကဲသည် ဘေးကင်းစွာ ပြန်ရောက်လာခဲ့သော်လည်း သူတို့၏ မင်းသားလေးမှာ ပျောက်ဆုံးနေခဲ့သည်။ဤအရာကို ကြည့်ခြင်းအားဖြင့် ဆိုးရွားသော ရလဒ်ကို သူ မှန်းဆမိသည် ။
“ စူးချန်ကဲ ၊ ငါတို့ ကွေးယီးဂိုဏ်းရဲ့ သခင်လေးက မင်းနဲ့ နောက်ဆုံးအကြိမ်တွေ့ပြီး ပျောက်သွားတယ်လို့ ငါကြားတယ်!”
“ မင်း မသိဘူးလို့ မပြောနဲ့!”
ထိုအချိန်တွင်၊ ကွေးယီး ဂိုဏ်း၏ ဦးစီးဦးဆောင် အကြီးအကဲ တစ်ယောက်က ရုတ်တရက် ဆိုလိုက်သည်။
သူလည်း စူးချန်ကဲကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဒါတင်မကသေးဘဲ ပျောက်ဆုံးသွားသော တပည့်များ၏ ခေါင်းဆောင် အကြီးအကဲများထံမှ အေးစက်သော အကြည့်များမှာ စူးချန်ကဲအပေါ်သို့ ကျရောက်နေလေသည်။
“ငါတို့ ကောင်းကင်ဝံပုလွေ မျိုးနွယ်စုရဲ့ တပည့်တစ်ယောက်ကလည်း မင်းနဲ့ တွေ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တယ်တဲ့!”
“ပြီးတော့ ငါတို့ လေဟုန်းခွင်းဌက် မျိုးနွယ်စုရောပဲ !”
“ ငါတို့ မိုးကြိုးကျားမျိုးနွယ်စုရဲ့ မျိုးဆက်ရောပဲ!”
“ စူးချန်ကဲ၊ ငါ့ရဲ့ ဝူကျီ ဂိုဏ်းက တပည့်တွေ ပျောက်ဆုံးသွားတာ မင်းနဲ့ သက်ဆိုင်နေရမယ်!”
လျှို့ဝှက်နယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှကို ကိစ္စအားလုံးကို သူတို့ ကြားခဲ့ပြီးပြီ ဖြစ်ရာ ၊ အားလုံးက စူးချန်ကဲကို ဖိအားပေး မေးမြန်းကြတော့သည်။
“အဲ့အကြောင်းကို ပြောရရင်၊ ကျုပ် တကယ်ပဲ သူတို့အားလုံးနဲ့ တွေ့ခဲ့ပါတယ် “
“ ဒါပေမဲ့ နှမြောစရာပဲ “
“သူတို့ အားလုံးသေပြီ၊ ကျုပ် သူတို့အားလုံးကိုသတ်ခဲ့တယ်”
စူးချန်ကဲသည် တည်ငြိမ်စွာဖြင့် ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
“ဘာ !?”
ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သော စူးချန်ကဲ၏ စကားကြောင့်၊ လူတိုင်း အံ့အားသင့်သွားကြသည်။
သူတို့အားလုံးသည် သမာရိုးကျ အင်အားစုများ မဟုတ်ဘဲ ထိပ်တန်း အင်အားစုများ ဖြစ်သည်။ ခွန်အားအရာမှာလည်း အလွန် ကြောက်စရာကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။သို့သော် စူးချန်ကဲသည် အင်အားစုများစွာ၏ တပည့်သားချင်း အများအပြားကို သတ်ပစ်ခဲ့သည်။
ဒါတင်မက ရက်ရက်ရောရော ဝန်ခံလိုက်သေးသည်။
ဒါ မောက်မာလွန်းတာပဲ!
များပြားလှသော အင်အားစုများ၏ အကြီးအကဲများပင်လျှင် တခဏမျှ ထိတ်လန့်သွားခဲ့ရပြီး ၊ ၎င်းတို့၏ အမျက်ဒေါသတို့သည် ပေါက်ကွဲထွက်လာခဲ့သည်။လွန်စွာ ကြောက်စရာကောင်းသော အငွေ့အသက်များသည် ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားပြီး ၎င်းတို့၏မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ
တဖွားဖွား ဖြစ်ပေါ်လို့နေသည် ။
“စူးချန်ကဲ! မင်း အရမ်းကို မောက်မာလွန်းတယ်
ငါတို့ ချင် မင်းဆက်ရဲ့ မင်းသားကို သတ်ပစ်ခဲ့တယ် ၊ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတာနဲ့ ငါမင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား?”
“မောက်မာလွန်းတယ်၊ အရင်က ငါ့တို့ ကွေးယီးဂိုဏ်းကို အရှက်ရစေရုံတင်မကဘူး ၊အခုလည်း ငါတို့ရဲ့သခင်ငယ်လေးကို သတ်ပစ်ခဲ့တယ် ဒီနေ့ မင်း သေကို သေရမယ်!”
“ သေသင့်တဲ့ လူသား ၊ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်စုဝင် တပည့်ဖြစ်သူရဲ့ အသက်အတွက် မင်း ပြန်ပေးဆပ်ရမယ်!”
“သူ့ကိုသတ် ! ဒီကောင်က အရမ်းရက်စက်ပြီး သွေးဆာလွန်းတယ် သူ့ကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး!”
စွမ်းအားကြီးမားသော အကြီးအကဲများက သူသူကိုယ်ကိုယ် တိုက်ခိုက်လာခဲ့သည် ။ပတ်ဝန်းကျင် တစ်ခုလုံး မကောင်းသော အငွေ့အသက်များက လွှမ်းခြုံလျက် ရှိသည်။
အေးစက်ပြီး ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများက စူးချန်ကဲ ဆီသို့ တိုးဝင်လာကြသည်။
“မင်းတို့ သေချင်နေတာလား?ချန်ကဲက ငါ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဆက်ခံသူပဲ၊မင်းတို့က ငါ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ရန်သူတွေ လုံးလုံးလျားလျား ဖြစ်သွားချင်တာလား?”
ကွေးယွမ်၏ အကြီးအကဲဖြစ်သူသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် စူးချန်ကဲ၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ဒီလိုအခြေအနေတွေအထိ ဖြစ်လာလိမ့်မယ်လို့ သူလည်း မျှော်လင့်မထားခဲ့ပေ။သို့သော် ၎င်းတို့အားလုံးသည် အခက်တွေ့အောင် လုပ်မည်ဆိုပါက ၊ သူသည် အသက်ကိုတောင် စတေး၍ စူးချန်ကဲကို ကာကွယ်ပေးမည် ဖြစ်သည်။
စူးချန်ကဲသည် ကွေးယွမ် ဘိုးဘေးများ၏ တန်ဖိုးထားခြင်းကို ခံရသော လူတစ်ယောက် ဖြစ်သည်။ဒီဘက်ခေတ် ဘိုးဘေးများတင်မက ဟိုးရှေးက ဘိုးဘေးများပါမကျန် သူ့ကို တန်ဖိုးထားကြသည်။
စူးချန်ကဲသည် သူတို့ ကွေးယွမ် သူတော်စင်နယ်မြေ၏ အနာဂတ် ဟု ဆိုနိုင်သည်။သူ့အသက်ကို စတေးရရင်တောင် သူသည် စူးချန်ကဲကို အစွမ်းကုန် ကာကွယ်ပေးသွားမည် ဖြစ်သည်။
“ငါ့ကို သတ်မယ်? ဟာသပဲ”
စူးချန်ကဲက ထရယ်သည်။
“ ကွေးရွှီ လျို့ဝှက်နယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ ၊ ကံမကောင်းစွာနဲ့ပဲ သူတို့ သေသွားခဲ့တယ် ဒါကလည်း ညံ့ဖျင်းလွန်းတဲ့ သူတို့ကိုယ်သူတို့ အပြစ်တင်ရမှာပဲ”
“မင်းတို့ကြ တခြားလူကို သတ်ခွင့်ရှိပြီး တခြားလူက မင်းတို့ကိုကြ သတ်ခွင့်မရှိဘူးပေါ့?”
“ပြီးတော့ ထပ်ပြောလိုက်မယ် ၊ ကျုပ် ဒီမှာရပ်နေတယ် ခင်ဗျားတို့ ကျုပ်ကို သတ်နိုင်ရင် လာသတ်လှည့် !”
စူးချန်ကဲသည် အင်အားကြီးမားသော ပုဂ္ဂိုလ်များနှင့် ထိပ်တိုက် ရင်ဆိုင်နေခဲ့ရတာတောင် သူ၏ အကြည့်များထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ ရှိမနေခဲ့ပေ။
တကယ်လည်း သူ စိုးရိမ်စိတ်များ ရှိမနေချေ။သူနှင့် ရွယ်တူများကြားက ရန်ပွဲတစ်ခုကဲ့သို့ သူတို့အားလုံးကို သူကိုယ်တိုင် နှိမ်နှင်းနိုင်သည် ။
တကယ်လို့ ကြီးသူက ငယ်သူကို အနိုင်ကျင့်ဖို့ ကြံရွယ်နေပါက ၊ ဒါဆို သူသည် ဒီကိစ္စကို ကွေးယွမ် သူတော်စင် နယ်မြေလက်ထဲသို့ လွှဲအပ်ပေးလိုက်မည် ဖြစ်သည်။
“ဒီကောင် အတင့်ရဲလွန်းတယ်!”
“ဒီကောင်သာ မသေရင် နောင်အနာဂတ်မှာ ငါတို့အတွက် စိုးရိမ်စရာကြီး တစ်ခု ဖြစ်လာမှာ သေချာတယ်!”
“မှန်တယ်၊ ဒီနေ့ပဲ ဆုံးဖြတ်ချက် ချလိုက်ကြတာပေါ့!”
ဘုန်း!
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနှင့်အတူ စကြာဝဠာ တစ်ခုလုံးကို တစ်စစီ စုတ်ဖြဲပစ်နိုင်သည့် ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။၎င်းစွမ်းအားများသည် စူးချန်ကဲကို တစ်စစီ သတ်ဖြတ်ရန် ကြံရွယ်ထားပုံရသည်။
“နှစ်ပေါင်းထောင်ချီ ခဲ့ပြီ ၊ ငါ ကွေးယွမ်ရဲ့ ဂုဏ်သတင်းကို ကမ္ဘာသူကမ္ဘာသားတွေ မေ့နေကြပြီ ထင်တယ်!”
ထိုအချိန်တွင် ကောင်းကင်ယံမှ အေးစက်သော မထီမဲ့မြင် အသံတစ်ခု ထွက်ပေါ်လာသည်။
တာအိုသံစဉ်အလား ၊ ဧကရာဇ်မင်းမြတ်သည် ကောင်းကင်၏ အခြေခံဥပဒေကို အာငုံဆောင်ထားသကဲ့သို့ ၎င်း၏ ဘုန်းတန်ခိုး အထိအတွေ့သည် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်ကို ပေးစွမ်းနေခဲ့သည်။
ဝုန်း!
ဟင်းလင်းပြင်ကြီးမှာ ရွဲ့စောင်းသွားခဲ့ပြီး၊
ပျက်စီးခြင်း အလင်းရောင်များ ဖြာထွက်လာရာ ကမ္ဘာမြေပြင်ကြီးတောင် တုန်ခါယိမ်းထိုးသွားခဲ့သည်။
ဝိညာဉ်စွမ်းအား၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားသည် လူတိုင်း၏ စိတ်နှလုံးသားကို ချောက်ချားစေသည်။
ထိုပုဂ္ဂိုလ်၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း၊ ကြီးကျယ်ခမ်းနားလွန်းသော ၎င်း၏ ရုပ်သွင် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူအားလုံးကို ဒူးထောက်ခစားချင်စေသည့်အထိ တုန်လှုပ်သွားခဲ့သည်။
“ဒါ ဘိုးဘေး ပါ့ချန် !”
ကွေးယွမ်က အကြီးအကဲများပင်လျှင် စိတ်လှုပ်ရှားနေပုံရသည်။
ထိုပုဂ္ဂိုလ်သည် ၎င်းတို့ ကွေးယွမ် သူတော်စင် နယ်မြေ၏ တခြားသော ဘိုးဘေးတစ်ဦး ဖြစ်ပြီး ဖော့ကျွင်းဘိုးဘေးထက် နိမ့်မကျပေ။
သူ၏ စွမ်းအားသည် ဖော့ကျွင်း ဘိုးဘေးထက် အနည်းငယ် သာသည်။သူ၏ စရိုက်သည် ဖော့ကျွင်းဘိုးဘေးထက်တောင် ပိုကြမ်းတမ်းပေသည်။
သို့သော် သူသည် ပါ့ချန်ဘိုးဘေးအား ဤနှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။
သူသည် စူးချန်ကဲအတွက်နဲ့ ဒီကို ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“ ဆက်ခံသူ ဆိုတဲ့အတိုင်းပါ့လား!”
ကွေးယွမ်က တပည့်များစွာလည်း အရမ်းကို စိတ်လှုပ်ရှားနေကြသည်။
သို့သော်၊ ဤကဲ့သို့ အခွင့်အရေးမျိုးကို ခံစားခွင့် ရှိသူကလည်း တစ်ဦးတည်းသာ ရှိပါသည်။
၎င်းသည် ဆက်ခံသူ စူးချန်ကဲပင်!
“ ကွေးယွမ်ရဲ့ ဆက်ခံသူကို မင်းတို့ကများ ခြိမ်းခြောက်ဝံ့တယ်ပေါ့!?”
“မင်းတို့ အရမ်း လွန်သွားပြီ !”
ပါ့ချန်ဘိုးဘေး၏ အေးစက်စက်အသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားပြီး သူ၏ အကြည့်များက ခက်ထန်လွန်းပေသည်။
ပါ့ချန်ဘိုးဘေးကို မြင်တွေ့လိုက်ရသော အင်အားစုများ၏ အကြီးအကဲများမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။ဒါတင်မက ပါ့ချန်ဘိုးဘေး၏ ရောင်ဝါကြောင့် ပို၍ တုန်လှုပ်သွားခဲ့ရသည်။
တပည့်တစ်ယောက်အတွက်နဲ့ ယခုလို ဒဏ္ဍာရီလာ ဘိုးဘေးတစ်ဦး ပေါ်ထွက်လာခဲ့သည့်အပေါ် သူတို့ တကယ်ကို မယုံကြည်နိုင်ပေ။
သူတို့အားလုံး ဂိုဏ်းတပည့်သားများ အဖြစ် ရှိစဉ်ကတည်းက ဤပါ့ချန်ဘိုးဘေးမှာ ကွေးယွမ်သူတော်စင် နယ်မြေ၏ ဘိုးဘေးတစ်ယောက်တောင် ဖြစ်နေခဲ့ပြီပင်။
သူသည် ဤကမ္ဘာမြေပေါ်တွင် နှစ်အတော်ကြာ ပေါ်ထွက်မလာခဲ့သောကြောင့် အားလုံးကို သူ့ကို ကွယ်လွန်ခဲ့ပြီဟု ထင်ကြေးပေးခဲ့ကြသည်။
သို့သော် ယနေ့တွင် ဤကဲ့သို့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်မျိုးကို ဒီလိုအခြေအနေမျိုးတွင် တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
“လူကြီးမင်း စိတ်အေးအေးထားပါ!”
“ လူကြီးမင်း ကျွန်တော် မှားသွားပါတယ်!”
“ လူကြီးမင်း၊ ကျွန်တော်ကို မငြိုငြင်ပါနဲ့၊ ကျွန်တော်တို့က ဆက်ခံသူ သခင် နဲ့ ဒီတိုင်း နောက်ပြောင်နေတာပါ”
များစွာသော အင်အားစု အကြီးအကဲများ၏ မျက်နှာများမှာ ဖြူဖျော့နေကြပြီး၊ယခင်က ရှိခဲ့သော ခွန်အားများ အကုန်ပျောက်ဆုံးကာ ကြက်ပေါက်စကလေး အလား အားနည်းသွားကြသည်။
မျိုးဆက်သစ်လူငယ်များ၏ တိုက်ပွဲကို မျိုးဆက်ဟောင်း က လူတွေအနေဖြင့် ကန့်သတ်ချက်ထက် ကျော်လွန်၍ ဝင်ပါခြင်း မပြုသင့်သည်ကို သူတို့ အားလုံး သိကြပြီး ဖြစ်ပေသည်။
“ငါ့ရဲ့ ကွေးယွမ်ကို လိုချင်တဲ့အချိန်တိုင်း လာယူလို့ရတဲ့ ကြမ်းခင်းကြွေပြားလို့ မင်းတို့ ထင်နေလား”
ဘိုးဘေးပါ့ချန်၏အသံသည် ထပ်မံထွက်ပေါ်လာပြီး ၊ သူ၏ အင်္ကျီလက်စကို တချက် ဝေ့ယမ်းလိုက်သည်။
နိဗ္ဗာန်လမ်း၏ အလင်းတော်ကဲ့သို့၊ နတ်အလင်းရောင် ဖြတ်သန်းသွားသည့် နေရာတိုင်း အက်ကွဲသွားစေသည်။
နတ်အလင်း ထွန်းလင်း တောက်ပသွားသည့်နေရာတိုင်း မူလက လွှမ်းမိုးချုပ်ကိုင်ထားသော အင်အားစု အကြီးအကဲများ၏ ဘဝများသည် ပုရွက်ဆိတ်များကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသည် ။
“မဟုတ်ဘူး!!”
“အားးးး ကွေးယွမ်က လူတွေ မင်းတို့ အသေဆိုးနဲ့ သေရမယ်!”
“မင်တို့ ကွေးယွမ်က လူတွေ ဒီလိုအနိုင်ကျင့်နေတာ ထာဝရ စစ်ပွဲကြီး ဖြစ်သွားမှာကို မကြောက်ဘူးလား!”
ကိစ္စက ယခုအခြေအနေထိ ရောက်လာခဲ့ပြီဖြစ်ရာ ပြေးရာလမ်း မရှိတော့သဖြင့် ၊တချို့သော အကြီးအကဲများထံမှ ပြင်းထန်သော ခြိမ်းခြောက်စကားများ ထွက်လာကြသည်။
“ ထာဝရ စစ်ပွဲ ဆိုရော ဘာဖြစ်လဲ၊ ငါ ကွေးယွမ် သူတော်စင် နယ်မြေက နှစ်မရေမတွက်နိုင်အောင် ရပ်တည်လာခဲ့တာ ၊ ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး”
“ကမ္ဘာပျက်မယ့် တိုက်ပွဲကြီး ဆိုတောင် ငါတို့ မကြောက်ဘူး! “
ပါ့ချန် ဘိုးဘေးများ၏ စကားများသည် ကမ္ဘာကြီးကို စီရင်သည့် ဘုရင်တစ်ပါးကဲ့သို့ လွှမ်းမိုးချုပ်ကိုင်ထားသည်။
သွေးအန်သံ !!
သွေးများ ပြန့်ကျဲလျက် ရှ်ိနေပြီး
သွေးပန်းများ နေရာတိုင်း ပွင့်လန်းနေသည်။
စကြာဝဠာကြီး တစ်ခုလုံး တုန်လှုပ်သွားကာ တာအိုလမ်းစဉ်များက ကြွေးကြော်နေကြသည်။
စွမ်းအားကြီးမားသော သာ့နိမ်(အနန္တတန်ခိုးရှင်)တို့မှာ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံလိုက်ရသကဲ့သို့ ကရုဏာကင်းစွာ ကွပ်မျက်ခံလိုက်ရပြီး တစ်ယောက်ပြီး တစ်ယောက် လဲကျ သေဆုံးကုန်သည်။
ပတ်ဝန်းကျင်က လူတွေအားလုံးက ထိုမြင်ကွင်းကို မျက်လုံးအပြူးသား စိုက်ကြည့်နေကြသည်။
ပါ့ချန် ဘိုးဘေးသည် လက်တစ်ချောင်း လှုပ်ရုံဖြင့် အင်အားစု အများအပြားက အကြီးအကဲများကို သတ်ပစ်ခဲ့ပေသည်။
အပိုင်း(၇၀) :ဒြပ်ငါးပါး၏ စွမ်းအားကို ထိန်းချုပ်၍ ကမ္ဘာသစ်ပင် ဖြစ်လာသည်
“ဂလု!”
တံတွေးမျိုချသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
စကြဝဠာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။သို့ သော် အားလုံး၏ အကြောက်တရားတို့မှာ ထိန်းမနိုင်သိမ်းမနိုင်တဲ့အထိ တုန်လှုပ်နေကြသည်။
ကွေးရွှီ လျှို့ဝှက်နယ်မြေတွင် မရေမတွက်နိုင်သော စွမ်းအားများစွာ ရှိသည်ကို အားလုံး သိထားကြသည်။
အစပိုင်းတွင် အင်အားစုများ၏ အကြီးအကဲတချို့က စူချန်းကဲကို တညီတညွှတ်တည်း တိုက်ခိုက်ရန် ပေါင်းစည်းခဲ့ကြသည်။သို့သော် ပါ့ချန် ဘိုးဘေးရောက်ရှိလာခဲ့ပြီး သူတို့အားလုံး အသတ်ခံခဲ့ရသည်။
အလွန် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ၊ ဒီလိုနဲ့ပဲ သတိလက်လွတ် သေဆုံးခဲ့ရသည်။
နောက်ဆုံးအနေဖြင့် ထာဝရ စစ်ပွဲကြီး ဆင်နွှဲမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့တာတောင် ၎င်းတို့၏ သေခြင်းတရားကို ရှောင်ဖယ်၍ မရခဲ့ပေ။
“ ကွေးယွမ်ရဲ့ ပါ့ချန် ဘိုးဘေးက မရှိတော့တာ ကြာပြီဆို? “
“ ကွေးယွမ်ရဲ့ လျို့ဝှက်ချက်တွေက အရမ်း နက်နဲလွန်းတာပဲ ၊ သူတို့ ဘိုးဘွားပိုင် နယ်မြေမှာ ဘိုးဘေးဘယ်နှစ်ယောက်တောင် ရှိနေလဲ မသိဘူး “
ကွေးယွမ် သူတော်စင် နယ်မြေ၏ အကြောင်းကို အနည်းငယ် သိထားကြသော ရှေးလူကြီး တချို့က လေးလေးနက်နက် ပြောနေကြသည်။
ကွေးယွမ် သူတော်စင် နယ်မြေသည် သူတော်စင်များစွာ ရှိနေသည့် ရိုးရိုးတန်းတန်း နယ်မြေတစ်ခု မဟုတ်ပေ။
ဤမရေမတွက်နိုင်သော နှစ်များအတွင်း အံ့သြဖွယ်ရာ ကောင်းသော ထူးချွန်သူများ မည်မျှထွက်ပေါ်လာသည်ကို သူတို့ မသိသော်လည်း၊ သို့သော် တစ်နေ့တွင် ၎င်းတို့သည် ဘာကြောင့်မှန်းမသိ ရုတ်တရက် ပျောက်ကွယ်သွားကြသည်။
ဘယ်ကမ္ဘာနယ်မြေကို သွားကြလဲ ဆိုတာတော့ သူတို့ မသိပေ။
သို့သော်လည်း၊ ကွေးယွမ် သူတော်စင် နယ်မြေ ၏ အခြေခံအုတ်မြစ်ကို သာမန်လူများအဖို့ စိတ်ကူးတောင် မယဉ်နိုင်ပေ။
“ ကွေးယွမ် ဘိုးဘေး နယ်မြေမှာ ရှေးဘိုးဘေးနှစ်ဦး ရှိနေသေးတယ် ဆိုတဲ့ အချက်နဲ့တင် “
“အဲ့ပေမင်တိုက်ကြီး တစ်ခုလုံးကို ဖြုတ်ချဖို့ ဆိုတာ အတော်လေး ခက်ခဲပေလိမ့်မယ်!”
“ဒါပေမယ့် သူတို့ရဲ့ ရှေးဘိုးဘေးတွေက ကမ္ဘာကပ်ဘေး စစ်ပွဲကြီးအတွင်းတုန်းက ပျောက်ကွယ်သွားခဲ့ကြတာ မဟုတ်ဘူးလား”
“ပါးစပ်ပိတ်ထားစမ်း !သေချင်ရင် မင်းဟာမင်း သေ ငါ့ကို လာဆွဲမချနဲ့”
လူတစ်ဦး၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး ကမန်းကတန်း ဖြတ်ဆိုလိုက်သည်။
ကွေးယွမ်၏ ဘိုးဘေးသည် ယခုထက်ထိ ဤနေရာတွင် ရှိနေဆဲသာ ဖြစ်သည်။ သေမှာကို မကြောက်တဲ့သူက သူတို့အကြောင်းကို အတင်းပြောရဲပါဦးမလား?
ကိုယ့်အသက်ကို အရမ်းရှည်လွန်းလို့ သတ်ကြည့်ဖို့ တောင်းဆိုနေတာလား?
“ချန်ကဲ မင်း အရမ်းတော်တယ်!”
ပါ့ချန် ဘိုးဘေးက စူးချန်ကဲကို လက်မထောင်ပြလိုက်သည်။
စူးချန်ကဲအပေါ် ထားရှိသည့် သူ၏အမြင်မှာ ပို၍ပင် သဘောကျလာခဲ့သည်။ တခြားအင်အားကြီး ပုဂ္ဂိုလ်များရဲ့ ခြိမ်းခြောက်မှုကို ခံရပါစေ ၊ သူကတော့ သာသာယာယာပင်ဖြစ်သည်။
ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူတစ်ယောက်တွင် ရှိသင့်သော ပုံစံဖြစ်သည်။
ထို့နောက် ပါ့ချန် ဘိုးဘေးသည် အင်အားကြီးပုဂ္ဂိုလ်အချို့ကို အေးစက်သော မျက်လုံးများနှင့် အတူ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိနှိပ်စွမ်းအားများဖြင့် တစ်ဖန် ကြည့်ရှုခဲ့သည်။
“အကယ်လို့ ကြီးတဲ့လူက ငယ်တဲ့လူကို အနိုင်ကျင့်နေတယ်ဆိုတဲ့အကြောင်း ငါသိခဲ့ရင်”
“မင်းတို့ဂိုဏ်းကို ငါလာဖို့ ဝန်လေးနေမှာမဟုတ်ဘူး”
နေရာတွင် ရှိနေဆဲဖြစ်သော များပြားလှသော အင်အားစုများ အားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။
ပါ့ချန်ဘိုးဘေး လေဟာပြင်ထဲသို့ တစ်ဖန် ပြန်ပျောက်ကွယ်သွားပြီးနောက်မှသာလျှင် လူတိုင်းက သက်ပြင်းရှည်ကြီးချနိုင်တော့သည်။၎င်းတို့သည် စူးချန်ကဲကို လေးနက်သောကြောက်ရွံ့မှုများဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
“ ကြည့်ရတာ ကွေးယွမ်ရဲ့ ဆက်ခံသူက ဒီလောက်ထိ မရိုးရှင်းပုံရတယ်!”
“ဒဏ္ဍာရီလာ ဘိုးဘေး ပါ့ချန်တောင် သူ့အတွက် ဒီကို ရောက်လာမယ်လို့ ငါ တခါမှ မတွေ့ကြည့်ဖူးဘူး ၊ ဒါက ငါနဲ့ တခြားသူတွေ မနာလို ဖြစ်နိုင်မယ့် အရာတောင် မဟုတ်ဘူး!”
“ ဒါကလည်း သဘာဝကျပါတယ်၊စူးချန်ကဲရဲ့ ပင်ကိုယ်စွမ်းရည်က မျိုးဆက်သစ် လူငယ် တွေအတွက် ဘယ်ပြိုင်ဘက်ကိုမဆို ခက်ခဲစေနိုင်တယ် မဟုတ်လား”
“အင်း၊ စူးချန်ကဲလို လူမျိူး ရှိနေမှတော့ မျိုးဆက်သစ်တွေလည်း သိပ်မကြာခင် အောင်မြင်နိုင်တော့မှာပါ!”
အားလုံးက ကောင်းကင်ကြီးကို မောကြည့်လျက် သက်ပြင်းများ ချလို့နေသည်။
အရည်အချင်းနဲ့တောင် ယှဉ်လို့မရတာ နောက်ခံဆို ပြောတောင်ပြောမနေနဲ့!
ကြီးသူတွေက ငယ်သူကို အနိုင်ကျင့်ခဲ့မည် ဆိုပါက ၊ တနည်းအားဖြင့် ကွေးယွမ်၏ ဆက်ခံသူကို အနိုင်ကျင့်မည်ဆိုပါက
ကွေးယွမ်က ဘိုးဘေးပေါင်းများစွာ တခဲနက် ချီတတ်လာပေလိမ့်မည်။
ထိုအကြောင်းအရာကို တွေးကြည့်ရုံဖြင့် လူတော်တော်များများ ထိတ်လန့်သွားကြသည်။
“သွားကြမယ် ၊ ကိစ္စတွေက ပြီးပြီဆိုတော့လည်း ငါတို့ ကွေးယွမ်ကို ပြန်ကြစို့ “
စူးချန်ကဲက အမိန့်ပေးလိုက်သည်။ယခုအခါတွင် ကိစ္စများက သူနှင့် မသက်ဆိုင်တော့ပေ။
ရောင်ဝါများ ဝင်းလက်တောက်ပနေသော စီးတော်ယာဉ် ရထားတွဲများ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် ကောင်းကင်နှင့်မြေကြီးကြားတွင် ကြီးမားသော အာကာသ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။
ဘုန်း!
လေပြင်းများ ဖြတ်ကျော်ဝင်ရောက်ကာ အလင်းတန်းများ ထွက်ပေါ်လာပြီး စီးတော်ယာဉ်များသည် သက်တံ့အလား မိုးကုတ်စက်ဝိုင်း တစ်နေရာစီသို့ ပြေးဝင်သွားခဲ့လေသည်။
“ဒီမှာတောင် ဒီလောက် ကြီးမားတဲ့ မငြိမ်မသက်မှုတွေ ဖြစ်သွားခဲ့ရတယ် ၊ နောက်ဆိုရင် ပေမင်တိုက်ကြီးမှာ ငြိမ်ချမ်းမှာ မဟုတ်လောက်တော့ဘူး”
“ ပေမင်တိုက်ကြီး တစ်ခုတည်း တင် မကဘူး ပေမင်က ပတ်ဝန်းကျင် အများအပြားလည်း ထိခိုက်နိုင်တယ် ၊အဲ့က အကြီးအကဲတွေနဲ့ တပည့်သားတွေက ထိပ်တန်းအင်အားစုထဲမှာ ပါဝင်တဲ့သူတွေချည်းပဲ”
“ဒါပေမယ့် စူးချန်ကဲက တကယ်ကို နာမည်နဲ့ ထိုက်တန်ပါပေတယ်၊စည်းတံဆိပ်ခတ်ထားတဲ့ တားမြစ် ပါရမီရှင်တွေနဲ့ ရှေး မိစ္ဆာကောင်တွေကို ချေမှုန်းနိုင်ပါ့မလားလို့တော့ တွေးမိတယ်”
“ အိုင်း! ဒီကမ္ဘာကြီးထဲ စူးချန်ကဲကသာလျှင် အတောက်ပဆုံးကြယ်ဖြစ်မှာ သေချာတယ်”
များစွာသော တပည့် ဖြစ်သူ များနှင့် အကြီးအကဲများက စိတ်လှုပ်ရှားစွာ ထင်ကြေးပေးလို့ နေသည်။စူးချန်ကဲသည် အားလုံး၏ နှလုံးသားထဲတွင် အလွန်နက်နဲသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်မှာ သံသယဖြစ်စရာမရှိပေ။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သော မုန်တိုင်းကြီးသည် နေရာအရပ်ရပ်သို့ စကားပျံ့နှံ့သွားခဲ့ပြီဖြစ်သည်
“ ဆက်ခံသူ သခင် ၊ ကျွန်မ စောစောကပဲ သတင်းရတယ် ပထမ သူတော်စင် ယဲ့လင်ထျန်းနဲ့ ဒုတိယ သူတော်စင် ပိုင်ရှန့်ဟွိုင်တို့ ပြန်ရောက်လာခဲ့ပြီတဲ့”
“ဆက်ခံသူ သခင် သူတို့နဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး မလား ၊ ကျွန်မကြောက်တာက ..”
ယွင်ရှင်းယန်က စိုးရိမ်တကြီး ဆိုလိုက်သည် ။
“ပထမ သူတော်စင်? ၊ မျက်စံနှစ်လွှာ ပိုင်ရှင် ငါ တကယ်ကို တွေ့ဖူးချင်တယ် “
ဒုတိယ သူတော်စင် ပိုင်ရှန့်ဟွိုင်သည်လည်း အလားတူ ထူးကဲသော သံသာရ ခန္ဓာကိုယ်ထည် ရှိသော်လည်း၊ သို့သော် ၎င်းသည် မျက်စံနှစ်လွှာ ထက် အနည်းငယ် နိမ့်ကျသည်။
စူးချန်ကဲသည် ကွေးယွမ်ကို ပြန်ရောက်လာလာခြင်း ပထမဆုံးလုပ်ခဲ့သည်မှာ တံခါးပိတ်ကျင့်ကြံခဲ့ခြင်းသာဖြစ်သည်။။
“ ဆက်ခံသူ သခင် က အရမ်းကြိုးစားတာပဲ၊ဒီလို ထူးချွန်တဲ့ အရည်အချင်းတွေနဲ့အတူ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတယ် ၊ သူက ငါတို့အတွက် တကယ်စံပြတစ်ယောက်ပဲ!”
“ဟုတ်တယ်၊ ငါတို့ ဆက်ခံသူရဲ့ စိတ်နှလုံးသားကို သေချာပေါက် သင်ယူလေ့လာရမယ်”
စူးချန်ကဲ ပြန်ရောက်လာသည်နှင့်အမျှ၊ ကွေးယွမ်၏ ကျင့်ကြံလေ့ကျင့်မှုများ တဖန် အရူးအမူး ခေတ်စားလာခဲ့ပြန်သည်။
ဒီကိစ္စအတွက် နည်းလမ်းမရှိ။ စူးချန်ကဲသည် တပည့်တိုင်း၏ အမြင်တွင် အလွန်အမင်း မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပြီပင်။
တစ်ချိန်တည်းမှာပင် ကွေးယွမ် ဘုရားကျောင်း။
စူးချန်ကဲသည် ကောင်းကင် ကြေးမုံမှ ရရှိခဲ့သော အမတစွမ်းအင် တစ်စိတ်တပိုင်းကို နတ်ဘုရား ကျောက်တုံးအပိုင်းအစဖြင့် ပေါင်းစပ်လိုက်သည်။
“ နှစ်ခုစလုံးက အမတဘုံက ဆိုမှတော့ ဒီရဲ့
နတ်ဘုရား ကျောက်တုံးအပိုင်းအစထဲမှာ ဒြပ်ငါးပါးရဲ့ ကြွယ်ဝတဲ့ စွမ်းအားတွေ ရှိနေတယ် “
“ ငါသာ ဝိညာဉ်စွမ်းအားနဲ့ အဆက်မပြတ် ကျွေးမွေးနေမယ်ဆိုရင် ဒီအပိုင်းအစလေးရဲ့ အလားအလာက အဆမတန် ကြီးလာလိမ့်မယ် “
“ဒါဆို ငါရဲ့ ကမ္ဘာ့သစ်မျိုးစေ့တွေက တစ်ဖန်ပြောင်းလဲသွားလိမ့်မယ်”
စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်ပြီး၊ဝိညာဉ်စွမ်းအား စုဆောင်းခြင်း ကောင်းကင်အင်းကွက်နှင့် အတူ
ပေါင်းစည်းလိုက်သည်။မိုင်တစ်ရာပတ်လည်အတွင်း ဝိညာဉ်စွမ်းအားများသည် ကွေးယွမ် ဘုရားကျောင်းဆီသို့ အရူးအမူး ပြေးလာခဲ့ကြသည်။
ဝီ!
စူးချန်ကဲသည် ဖြန့်ကျက်ထားသော ရောင်စုံအလင်းတန်းများကြားထဲတွင် ရှိနေ၏။
ဒြပ်ငါးပါး၏ ကြွယ်ဝသော စွမ်းအားသည် သေးငယ်သော ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲစုစည်းသွားပြီး အလွန်ပြင်းထန်ပြီး တောက်လောင်သော မီး ရောင်ဝါများကို ထုတ်လွှတ်ပေးနေ၏။
စူးချန်ကဲသည် အလင်းလုံးကို စွမ်းအားဖြင့် ဆက်ပြီး ဖိသိပ်ထည့်လိုက်ရာ ၎င်းသည် ဘောလုံးတစ်လုံး အသွင်အဖြစ် ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားခဲ့သည် ။
ဒြပ်ငါးပါး၏ စွမ်းအားသည် ကျယ်ပြောသော
အရှိန်အဝါဖြင့် ပေါက်ကွဲသွားခဲ့ပြီး ဟင်းလင်းပြင်ကိုတောင် လှုပ်ယမ်းစေခဲ့သည်။
အထူးသဖြင့် ကြွယ်ဝလွန်းသော မီးတောက်၏ စွမ်းအားတွင် တခြားသော ဂုဏ်တော်လေးပါးကို ဖော်ပြနိုင်ပြီး ၊ ကောင်းကင်သို့ ပျံတက်နေသော ၎င်းမီးတောက်များက ကောင်းကင်နှင့် နေကိုတောင် ဖုံးအုပ်ထားနိုင်သော ဖီးနစ်ဌက်တစ်မျိုး ဖြစ်လာခဲ့သည်။
ကျယ်လောင်လှသော ဖီးနစ်အော်ဟစ်သံသည် ကြီးကျယ်ခမ်းနားပြီး လျှို့ဝှက်ဆန်းကြယ်ပေသည်။၎င်း၏ ခန္ဓာကိုယ်တွင် နတ်မီးလျှံများဖြင့် ပြည့်နက်နေပြီး ကောင်းကင်ကိုတောင် အသာလေး ဖြိုခွဲနိုင်ပုံရသည်။
အဘယ်ကြောင့်ဆိုသော် စူးချန်ကဲသည် ကောင်းကင် လောင်ကျွမ်းခြင်း နတ်ဆိုးမီးတောက်နှင့် သူတော်စင် အဖျက်စွမ်းအားမီးထောက်တို့ကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစပ်လိုက်သောကြောင့် ဖြစ်သည်။
ဤကြီးမားသော မီးတောက်များ၏ စွမ်းအားသည် ကမ္ဘာကြီးကို ဖျက်စီးပစ်နိုင်သော ဖီးနစ်၏ အသွင်ပုံစံအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့သည်။
၎င်း၏ မီးတောက်မီးလျှံများသည် ကောင်းကင်နှင့်မြေကြီး၏ မူလမီးရင်းမြစ် နှင့်တူသည်။သူ၏ မီးတစ်စသည် ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးကိုတောင် လောင်ကျွမ်းသွားစေနိုင်သည်။
သူ့ခန္ဓာကိုယ်ရှိ ကမ္ဘာ့သစ်မျိုးစေ့သည် ရောင်စုံအလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်ကာ တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများနှင့်အတူ ဖီးနစ်ဌက်သည် သူ၏ အနားသို့ ကခုန်ကာ ဝဲပျံနေခဲ့သည်။
အကယ်၍ စူးချန်ကဲသာ သူတော်စင်၏ တခြားသော ဂုဏ်တော်လေးပါးကို စုဆောင်းနိုင်ခဲ့မည်ဆိုပါက ၊
သူသည် အခြားသော နတ်သားရဲများ ဖြစ်သည့် နဂါးပြာ ၊ မြွေလိပ် ၊ ကျားဖြူ၊ယူနီကွန်း တို့ကို သန့်စင်နိုင်ပေမည်။
သို့ဖြစ်ပါက သူသည် ဒြပ်ငါးပါး၏ စွမ်းအားဖြင့် ကမ္ဘာ့သစ်ပင်ဖြစ်အောင် ကျင့်ကြံပြောင်းလဲနိုင်လိမ့်မည် ဖြစ်သည်။