အခန်း (၈၁-၈၅)
Vol. 6 Ch. 81-85
အပိုင်း(၈၁):ကမ္ဘာကြီးကိုဖျက်ဆီးပစ်တော့မည့် မီးလျှံများ ၊ဧကရာဇ်မင်း ကွယ်လွန်ခြင်း
ဝေဟင်တွင် ပုံမပျက် ရပ်နေဆဲသာ ဖြစ်သော ဝတ်ရုံဖြူ ပုဂ္ဂိုလ်တစ်ယောက်၏ ဘေးပတ်ပတ်လည်တွင် မြူခိုးမြူငွေ့များက ၎င်းအား ဝန်းရံထားသည်။
မြေပြင်ပေါ်တွင် ဓားစွမ်းအင်၏ လက်ချက်ကြောင့် ကျန်ရစ်နေခဲ့သော အကြွင်းအကျန်များဖြင့် ပြည့်နှက်နေပြီး၊ လေထဲတွင် သွေးညှီနံ့များက တထောင်းထောင်း ထလျက်ရှိသည်။သို့သော် အဆုံးမရှိသော ဓားစွမ်းအင်တို့ ကွယ်ပျောက်သွားသည်မှာ ကြာခဲ့ပြီပင်။
သူ့(ဓားစွမ်းအင်)အရသာကို တွေ့လိုက်ရပေမယ့် ၊သူ့ (ဓားစွမ်းအင်)သဲလွန်စတော့ ကျန်မနေခဲ့ပေ ။
ဤဓားသည် ဓားပညာရပ်ကို ရှေ့ဆောင်လမ်းပြ တီထွင်ပြသပေးခဲ့လေရာ အားလုံးရင်သပ်ရှုမောဖြစ်ခဲ့ရသည် ။
ဓားတချက်ဖြင့် လူစုကြီးမှာ သေဆုံးရသည်!
ဒါ အတော်လေး ရက်စက်တဲ့လူပဲ!
မဟုတ်ဘူး! အမဲဖျက်သမားဆို ပိုမှန်တယ်!
ဤပါရမီရှင်များသည် မျိုးနွယ်စု တစ်စုစီတိုင်း၏ ထိပ်တန်းပါရမီရှင်များဖြစ်ကြသော်လည်း၊၎င်းတို့သည် ဟင်းသီးဟင်းရွက်များကဲ့သို့ ခုတ်ထစ်ခံခဲ့ရသည်။
“ဒီလောက်ထိစွမ်းအားကြီးတာ ၊ ဒီနေ့ခေတ်မျိုးဆက်သစ် လူငယ်တွေထဲမှာ သူ့ကိုယှဉ်ပြိုင်နိုင်မယ့်သူ ဘယ်သူမှမရှိလောက်ဘူး၊ရှေးခေတ်အင်အားစု ထဲကဆိုရင်တော့ ဘယ်လိုလဲမသိပေမယ့် ..”
“ ပြောရခက်တယ်၊စည်းတံဆိပ်ခတ်ခံထားရတဲ့ရှေးဟောင်းမကောင်းဆိုးဝါးတွေ အားလုံးက ခေတ်တစ်ခေတ်ရဲ့ သန်မာတဲ့လူတွေကိုတောင် နှိမ်နင်း နိုင်ခဲ့တဲ့သူတွေလေ ၊ထျန်းကျီကျွန်းရဲ့ ဟောကိန်းအရ ရွှေရောင်ခေတ်သစ်က ဒီခေတ်ကနေ စတင်မှာတဲ့လေ”
“ မျိုးဆက်သစ် လူငယ်တွေကြားထဲ စူးချန်ကဲလို ဘီလူးတစ်ကောင် ထွက်ပေါ်လာတာ ၊ ပထမမျိုးဆက် ပါရမီရှင်တွေ နဲ့ နောက်မျိုးဆက်သစ်ပါရမီရှင်တို့ တိုက်ခိုက်ကြတော့မှာလား?”
“”
ငယ်စဉ်တုန်းက ရှိခဲ့တဲ့ မင်းရဲ့ ရည်မှန်းချက်၊ ကတိတွေကို မမေ့ဘဲ ၊ပထမဖြစ်အောင် ကြိုးစားလိုက်စမ်းပါ ဆိုသည့် စကားအတိုင်း ၊
သူတို့၏ အမြင်အရ၊ ယနေ့ခေတ် မျိုးဆက်တွေလူငယ်များကြားထဲတွင် စူးချန်ကဲသည်သာ နံပါတ်တစ်ဆိုတာ သေချာပေသည်။
ကွေးယွမ် သူတော်စင် နယ်မြေရှိ တာအိုစစ်သည်များ အားလုံးသည် စူးချန်ကဲအပေါ်၌ သူတို့၏ ရိုသေ လေးစားသော ပုံရိပ်များကိုပြသလျက်ရှိသည် ။ တစ်ယောက်နဲ့ အများ စစ်ခင်းလျက် ၊ ဓားတစ်ချောင်းတည်းဖြင့် ရန်သူကို အနိုင်ယူလိုက်သည့် ဟန်ပန်အနေအထားမှာ တုနှိုင်းမဲ့သည်သာ ။
ဒီလိုပုဂ္ဂိုလ်မျိုးက သူတို့ သူတော်စင် နယ်မြေရဲ့ ဆက်ခံသူတဲ့လား?
ဤတကြိမ်သည် သူတို့၏ ဆက်ခံသူကို ပထမဆုံးအကြိမ် တွေ့မြင်ခြင်း ဖြစ်သော်လည်း ၊ သူတို့၏ ရင်ထဲ၌ စူးချန်ကဲ၏ ပုံရိပ်သည် စွဲထင်ကျန်ရစ်ခဲ့လေပြီ။
“ နောက်တစ်ယောက်ရှိသေးလား?”
“လာ !”
စူးချန်ကဲသည် ဓားကို ကိုင်လျက်သား နေရာတွင် ရပ်နေဆဲပင်ဖြစ်ပြီး ၊ သူ၏ လျစ်လျူရှုသော အသံသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
သေမင်းနတ်ဘုရား၏ တီးတိုးသံကဲ့သို့ ၊ အရိုးထဲ စိမ့်အေးသွားရလောက်တဲ့အထိ လူများစွာကို တုန်ရီသွားစေသည်။
စဉ်းစားညဏ်မရှိဘဲ ထွက်လာရအောင် အင်အားစုကြီး ငါးစုသည် အဲ့လောက်ထိ တုံးအ
နေသူများ မဟုတ်ပေ။စူးချန်ကဲသည် သူ၏ ဝှက်ဖဲကို အသုံးမပြုရုံတင်မကဘဲ ၊တစ်စုံတစ်ခု၏ ကြိုတင်ကာကွယ်မှုများ ရှိနေသည်ဟု သူတို့ ခံစားမိသည်။
“ခွေးကောင်! ဒီကောင် မသေရင် ငါတို့မျိုးနွယ်စုရဲ့ မျိုးဆက်သစ် ကလေးတွေ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး၊လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေက သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး ကာကွယ်ပေးနိုင်ဦးမလား ဆိုတာ ငါတော့ မယုံဘူး!”
ရုတ်တရက်၊ ကွေးယီးဂိုဏ်း၏ မဟာသူတော်စင်ပုဂ္ဂိုလ်တစ်ဦးက ရှေ့ထွက်လာခဲ့သည်။ သူ၏ အမည်မှာ ထျန်းရူဖူ ဖြစ်ပြီး ၊ သူသည် ကွေးယီးဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူ၏ မျက်လုံးများမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များရှိနေခဲ့သည်။
စူးချန်ကဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော လီဟန်၊ လီယောက် သည် ကွေးယီးဂိုဏ်း၏ ထက်မြတ်သော ပါရမီရှင်ဖြစ်ရုံသာမက ၊ မျိုးဆက်သစ် လူငယ်ပါရမီရှင်များလည်းဖြစ်သည်။
၎င်းသည် မဆိုင်းမတွဘဲ သူ၏ မဟာသူတော်စင် စွမ်းအားကို အသုံးပြုခဲ့ကာ စူးချန်ကဲကို နှိပ်ကွက်ရန် ကြိုးစားလိုက်သည်။
စူးချန်ကဲသည် ဘာမှမပြောင်းလဲသောမျက်နှာထားဖြင့် ရှိနေသည်။ ကွေးယီးဂိုဏ်း ငဖျင်းများတွင် အကွက်ပေါင်းစုံ ရှိကြသည်။ဒီလိုလူမျိုးထွက်လာတယ်ဆိုတောင် သူအတွက် အံ့သြစရာမရှိပေ။
သူသည် နတ်ချပ်ဝတ်တန်ဆာကို အသက်သွင်းလိုက်သည်။၎င်းသည် သူတော်စင်အရှင်၏ ထိုးနှက်မှုကိုတောင် အပြည့်အဝ ခံနိုင်ရည်ရှိသည်။မဟာ သူတော်စင်လောက်တော့ ကြောက်မတဲ့လား?
[T/N - အပိုင်း ( ၄) တုန်းက ဖော်ပြပြီးပြီ ။
နတ်ချပ်ဝတ်တန်ဆာ :ကမ္ဘာမြေကြီး၏ ချီစွမ်းအင်များကို စုတ်ယူပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည် ။ သူတော်စင် အရှင် ၏ ထိုးနှက်ချက်ကို အပြည့်အဝ ခံနိုင်ရည်ရှိသည် ]
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်မှ အလွန် ပူပြင်း တောက်လောင်နေသော မီးလျှံတစ်စသည် ရုတ်ချည်း ကျရောက်လာခဲ့သည်။
ဘုန်း!
တောက်လောင်နေသော ၎င်း၏ အပူချိန်ကြောင့် ကြည့်ရှုသူတချို့၏ ဆံပင်များပင်လျှင် လောင်ကျွမ်းသွားခဲ့ရသည်။
စူးချန်ကဲကို ဒုက္ခပေးရန် ကြံရွယ်ခဲ့သော
ထျန်းရူဖူ မှာ ပြာဘဝသို့ ကူးပြောင်းခဲ့ရသလို၊ ဤကမ္ဘာမြေကြီးကိုပင် ဖောက်ထွင်းဝင်ရောက်ကာ အရည်ကျိုခံခဲ့ရသည်။
တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံသင်္ကေတများက တစ်ဖက်လူ၏ ပြာများကိုပင် လောင်ကျွမ်းစေခဲ့ပြီး တစိုးတစိမျှ မကျန်ခဲ့ပေ။
“ဟာသပဲ”
“ငါကိုယ်တော်ကို မျက်ကန်းလို့ မင်းထင်နေလား”
ဟိုးကောင်းကင်ထက်ဆီက အလွန်တရာမျှ အေးစက်လွန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။၎င်းအသံ၏ ပိုင်ရှင်မှာ ဧကရီ ဘုရင်မ ရွှမ်ယွီပင်။
စူးချန်ကဲသည် သူ့ခေါင်းကို မော့ပြီး ကြည့်လိုက်ရာ ၊ သူ အရင်က သိပ်အာရုံမရခဲ့သောလည်း ယခုအခါတွင် စကြာဝဠာတစ်ခုလုံး ချော်ရည်ပူအိုင်လို ဖြစ်နေမှန်း သိလိုက်ရသည် ။
မရေမတွက်နိုင်သော နတ်ဖီးနစ်ဌက်များသည် ၎င်းတို့ကြားတွင် ပျံသန်းနေပြီး ၊ ၎င်းတို့၏ လှပသောအရောင်များက ပို၍ မှော်ဆန်စေသည်။
“မင်း သေချင်နေတာလား၊ ငါနဲ့ တိုက်နေတာတောင် ခုလို အာရုံလွှဲဖို့ သတ္တိရှိနေတယ်ပေါ့!”
ကွေးယီး ဧကရာဇ်မင်းသည် ကျယ်လောင်စွာ ကြွေးကြော်လိုက်ရင်း၊ တုနှိုင်းမရသော သူ၏ ဓားဖြင့် ရန်သူကို တစ်ဖန် တိုက်ခိုက်လိုက်သည်။
သူမသည် သူနဲ့ တိုက်ခိုက်နေတုန်းမှာပဲ ၊ သူတို့ ကွေးယီးဂိုဏ်း၏ မဟာသူတော်စင်ကြီးကို ခေါင်းဖြတ်ခဲ့သည်။
ဧကရီ ဘုရင်မ ရွှမ်ယွီ၏ ဤအပြုအမူသည် သူ့အပေါ်သို့ အလေးအနက်မရှိမှန်း ဖော်ပြနေခဲ့သည်။
သူမဆီ ရောက်ရှိလာပြီ ဖြစ်သော ဓားအလင်းကို ကြည့်လိုက်ရင်း ဧကရီ ဘုရင်မ ရွှမ်ယွီသည် သိသိကြီးဖြင့် ပြုံးလိုက်သည်။
သူမသည် မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ ။
ဘုန်း!
တဟုန်းဟုန်း တောက်လောင်နေသော ၊ ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင်များသည် မရေမတွက်နိုင်သော ကြယ်စုများကိုပင် ကွဲကြေစေခဲ့သည်။
“အွန်?”
“ ငါ့ရဲ့တိုက်ခိုက်မှုကို မင်း ခံနိုင်ရည် မရှိတော့ဘူးမလား?”
ဓားစွမ်းအင်ဖြင့် ချုပ်လှောင်ခံထားရသော ဧကရီ ဘုရင်မ ရွှမ်ယွီကို ကြည့်လိုက်ရင်း ကွေးယီးဧကရာဇ်မင်းမှာ အတွေးများနေခဲ့သည်။တစ်စုံတစ်ခု ဆိုးရွားသော ခံစားချက်ကို သူ ခံစားမိနေသည်။
သူ့အင်အားသည် ဧကရီ ရွှမ်ယွီထက် နိမ့်မှန်း သူသိသည်။ တစ်ဖက်လူက ဆန္ဒမပါဘဲ အခုလို ချုပ်နှောင်ထားဖိုဆိုတာ မဖြစ်နိုင်ပေ။
“ အံ့ဖွယ်ဖီးနစ်ကြေးမုံ”
“ဖီးနစ်”
ရုတ်တရက် ကြောက်စရာ ကောင်းသော အရာတစ်ခုကို တွေးမိလိုက်ပုံရကာ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။
“နိဗ္ဗာန်မီးတောက်!”
အံ့ဖွယ်ဖီးနစ်ကြေးမုံမှန်ကို ပြိုင်ဘက်ကင်းသော ဧကရာဇ်လက်နက်အဖြစ် လူသိများရခြင်း အကြောင်းရင်းမှာ ၎င်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည် ရှိသောကြောင့် ဖြစ်သည်။
၎င်းကို လက်ဝယ် ကိုင်ဆောင်ထားသော ပုဂ္ဂိုလ်သည် သေလုမျောပါး အကျပ်အတည်းတွင် ရှိနေခဲ့ပါက ၊ နိဗ္ဗာန်မီးတောက်သည် အသက်ဝင်လာမည်ဖြစ်သည်။အကယ်၍ ကိုင်ဆောင်သူသည် ဖီးနစ်အသွေးအသားများကို ပိုင်ဆိုင်ထားသူ ဖြစ်ပါက၊ နိဗ္ဗာန်မီးတောက်သည် ၎င်း၏ စွမ်းအားကို များစွာ တိုးတက်စေနိုင်သည်။
ဧကရာဇ်အဆင့်ထိ ရောက်ရှိနေသူ ပုဂ္ဂိုလ်ဖြစ်ပါက ၊ အမတ စွမ်းအင်လိုမျိုး အသုံးပြုနိုင်သည်။
ဒါကြောင့်လည်း ဧကရီ ရွှမ်ယွီ၏ အစ်ကိုတော်သည် ဤမျှများပြားသော အမှောင်သတ္တဝါများကို တစ်ယောက်တည်း တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
“မပြောမဖြစ်ပြောရဦးမယ် ၊ရှင်က သိပ်ကို အားနည်းလွန်းတယ်၊လူကို ပိုပြီး ခေါင်းကိုက်စေတဲ့ တစ်ခုတည်းသော အရာက ရှင့်ရဲ့ ဧကရာဇ် ခန္ဓာကိုယ်ပဲ”
“ ဒီလောက်ရိုက်နှက်တာတောင် မနာဘူး ၊ ရှင့်လိပ်ခွံက အတော် မာသကိုး”
ဧကရီ ရွှမ်ယွီ က တခစ်ခစ်ရယ်ရင်း ဆက်ဆိုပြန်သည်။
“ အချိန်တောင် ဒီလောက် ဖင့်သွားပြီ ၊ဒါပေမယ့် ရှင်က ကျွန်မရဲ့ အံ့ဖွယ်ဖီးနပ်ကြေးမုံကို အသက်သွင်းဖို့ ကူညီပေးခဲ့တယ်လို့ ပြောလို့ရတယ်”
ဝုန်း!
နတ်မီးလျှံများသည် ကောင်းကင်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး ၊ မူလက ပြင်းထန်သော ဓားစွမ်းအင်သည် ဖယောင်းတိုင်မီးကို ထိတွေ့နေသော ဖိုးဖလံကောင်များကဲ့သို့တစ်ခုပြီး တစ်ခု ပျောက်ကွယ်သွားခဲ့သည်။
အဆုံးမရှိသော နတ်မီးလျှံများက ကောင်းကင်ကိုတောင် လောင်ကျွမ်းဖို့ ကြံရွယ်နေပုံရသည်။
လွန်ကဲလှသော အပူချိန်သည် နေထက်တောင်ပိုမို ဆိုးရွားနေပြီး၊ ဤကမ္ဘာပေါ်ရှိ ပထမဆုံးသော နတ်ဘုရားမီးတောက်ကဲ့သို့ပင် ။
မီးလှိုင်းလုံးကြီးမှာ ပွက်ပွက်ဆူလျက် မြည်ဟည်းနေသည်။
သို့သော် ရုတ်တရက် ၊ တဟုန်းဟုန်း တောက်လောင်နေခဲ့သော မီးတောက်မီးလျှံများသည် အဆုံးသတ်စ ပြုလို့လာချေပြီ။
တဟုန်းဟုန်း တောက်လောင်နေသော မီးပင်လယ်ကြီးသည် ရုတ်တရက် နူးညံ့သိမ်မွေ့လာပြီး ကြည်လင်သော စမ်းရေအလား မှတ်ယူရသည်။
မီးပင်လယ်ကြီးသည် ဖြည်းညှင်းစွာ ခွဲထွက်သွားပြီး ၊ အထဲမှ လှပသော ရုပ်သွင်သဏ္ဍာန် တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
သူမသည် တစ်ကိုယ်လုံး ရွှေရောင်ပိတ်စ ၀တ်စုံကို ဆင်မြန်ထားပြီး၊ သူမ၏ ရင်ဘတ်ရှေ့တွင် ရွှေချည်မျှင်များဖြင့် ရက်ကန်းချုပ်လုပ်ထားသောဖီးနစ်ဌက် နှစ်ကောင်သည် ဂုဏ်ယူဝင့်ကြွားနေဟန်ပေါ်သည်။
သူမ၏ မျက်နှာကို ဖုံးအုပ်ထားသည့် နတ်မြူခိုးများ ပျောက်ကွယ်သွားသည်နှင့် ၊မည်သည့်အလှမျိုးမှ တုနှိုင်းမရသော သူမ၏ အသွင်အပြင် ထွက်ပေါ်လာခဲ့သည်။
သူမသည် ဧကရီတစ်ပါး၏ ကျက်သရေ ရောင်ဝါနှင့် ပြည့်စုံပြီး၊သူမ၏ ဆွဲဆောင်မှုရှိသောခန္ဓာကိုယ် အလှတရားနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက တဖက်လူသည် ဧကရီ တစ်ပါး ဖြစ်နေခဲ့ရင်တောင် ၊ သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားကိုသာ မြင်တွေ့သူတိုင်း သူမကိုတစ်ယောက်တည်းကိုသာ တမ်းတမ်းစွဲ ဖြစ်ပေလိမ့်မည်။
“ဒီတိုက်ပွဲကို အဆုံးသတ်ကြစို့”
ဧကရီ ရွှမ်ယွီ သည် သူမ၏ ကျောက်စိမ်းအလား ထင်မှတ်ရသော လက်များကို မြင့်တင်လိုက်သည်။
ဝုန်း ဝုန်း!
တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသော မီးတောက်များနှင့်အတူ သူမ၏ လက်ကို မြောက်တင်လိုက်သည်မှာ ဤကမ္ဘာကြီးကိုအုပ်စိုးထားသော မီးနတ်သမီးအလား ထင်မှတ်ရသည်။၎င်း စွမ်းအားသည် နယ်မြေပေါင်း သုံးထောင်ကျော်ကိုတောင် လောင်ကျွမ်းစေနိုင်သည်။
“မြင့်မြတ်သောဖီးနစ်တို့ ကောင်းကင်ကိုလောင်ကျွမ်းစေ!”
ဝီ!
အဆုံးမရှိသော ဧကရာဇ် ဖိနှိပ်စွမ်းအားများသည် ကောင်းကင်ကို ဖျက်ဆီးပစ်တော့မည့်မီးနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည်။
“ဖျက်စေ!”
ကွေးယီး ဧကရာဇ်မင်းကလည်း အော်ဟစ်လိုက်ပြီး သူ၏ စွမ်းအားအကုန်လုံးကို ထုတ်လွှတ်လိုက်သည်။
သွေးစွန်းနေသော ဓားအလင်းနှင့် ရွှေဝါရောင် မီးတောက်တို့ အပြင်းအထန် တိုက်မိသွားသည်။
ရှေးခေတ်ကမ္ဘာကြီးနှစ်ခု တိုက်မိလိုက်သလိုမျိုး၊ ကြောက်စရာကောင်းသော စွမ်းအားသည် ပေမင်တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
အဖြစ်မှန်ကို မသိကြသေးသော သက်ရှိသတ္တဝါအပေါင်းတို့သည် ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကို ဖြေလျှော့ရန် ဘုရားသခင်ထံ ဒူးထောက်၍ ဆုတောင်းကြလေသည်။
ဝုန်း!
ကမ္ဘာကြီးတစ်ခုလုံး ရွှေနီရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး အပူလှိုင်းလုံးကြီးသည်
စကြဝဠာကြီးမှ ဆက်တိုက် ကျဆင်းလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက်၊ ကမ္ဘာကြီးကို ဖျက်ဆီးနေသော နတ်မီးလျှံများသည် တဖြည်းဖြည်း ငြိမ်းသွားခဲ့လေသည်။
ကွေးယီးဧကရာဇ်မင်း၏ အမြင်အာရုံမှာလည်း ပျက်စီးသွားခဲ့လေပြီ ဖြစ်သည်။သူ၏ အသက်ရှူသံမှာ ရှုပ်ထွေးနေပြီး ဆံနွယ်တို့မှာ ဖရိုဖရဲဖြစ်လျက် သူ့တစ်ကိုယ်လုံးရှိ အမွှေးအမျှင်တချို့မှာ နတ်မီးလျှံများနှင့် အတူ လောင်ကျွမ်းသွားခဲ့ရသည်။
အရင်ကရှိခဲ့သော ဧကရာဇ်မင်းတစ်ပါး၏ ဟန်ပန်တို့မှာ ပျောက်ဆုံးသွားခဲ့ရပြီး စိတ်ဖောက်ပြန်နေသော အဘိုးအိုတစ်ဦးနှင့် တူသည်။
“ အဟွတ် အဟွတ် အဟွတ်”
ဧကရီ ရွှမ်ယွီ၏ လျစ်လျူရှုသော မျက်နှာကို ကြည့်လိုက်ရင်း ကွေးယီးဧကရာဇ်မင်းက
စိတ်မကောင်းစွာ ပြုံးလိုက်သည်။
“နောက်က လှိုင်းလုံးတွေက ရှေ့က လှိုင်းတွေကို တွန်းပို့ကြတယ် ဆိုတဲ့စကားအတိုင်း ၊ ငါ တကယ်ကို အသက်ကြီးနေပြီပဲ “
“ကြီးမားတဲ့ မျိုးဆက်တွေ လာတော့မယ်၊ဖုံးကွယ်ထားတဲ့ မကောင်းဆိုးဝါးတွေ ထွက်ပေါ်လာပြီး ရှေးဧကရာဇ်မင်းလည်း ပြန်ကြွလာတော့မယ်”
“မင်းရဲ့ ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဂုဏ်သတင်းဟာ မကြာရှည်တော့ဘူး”
ဧကရီ ရွှမ်ယွီသည် ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။
“ နိုင်ရင် ရှင်ဘုရင်၊ ရှုံးရင် ဓားပြ၊ ကိုယ့်ကိုယ်ကိုသတ်သေလိုက်ပါ “
ဤသည်မှာ ရန်သူအပေါ်ထားရှိသည့် သူမ၏ နောက်ဆုံး ကရုဏာပင် ။
“ဟားဟားဟား!”
ကွေးယီးဧကရာဇ်မင်းသည် ခဏတာ အံ့အားသင့်သွားပြီး ၊ ကောင်းကင်ကို မော့ကြည့်ကာ အားရပါးရ ရယ်မောလိုက်သည်။
သူသည် သူ၏ နောက်ဆုံးစွမ်းအားကို အသုံးပြု၍ သူ့အသက်သူနှုတ်ယူလိုက်သည်။
ဧကရာဇ်မင်း တစ်ယောက်အနေနဲ့၊သူသည် ဧကရာဇ်မင်းတစ်ပါး၏ ဂုဏ်သိက္ခာနှင့်အညီ သေမည်။ဘယ်သူမှ သူကို မသတ်နိုင်ပေ။အကယ်၍ ရှိခဲ့မည်ဆိုတာ သူ့ကိုယ်သူသာလျှင် ဖြစ်နိုင်သည်။
“မင်းရဲ့ သူတော်စင် နယ်မြေ ပျက်စီးမယ့်နေ့ကို ငါ မြေအောက်ကမ္ဘာကနေ စောင့်ကြည့်နေမယ်!”
ကြီးမားကျယ်ပြန့်သော ဝိညာဉ်စွမ်းအားများသည် ဤကမ္ဘာကြီးဆီသို့ အာဟာရအဖြစ် ပြန်လည်ရောက်ရှိလာပြီး၊ဧကရာဇ်မင်းတစ်ပါး၏ အာဏာစက်ကွင်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်မှ အလင်းတန်းတစ်ခုသည် မြေပြင်ပေါ်သို့ ကြွေကျလာခဲ့သည် ။ဤသည်မှာ ဧကရာဇ်မင်းတစ်ပါး၏ ကံကြမ္မာပင် ဖြစ်သည်။
အပိုင်း(၈၂) တိ့ကျန့် ဧကရာဇ်မင်း၊ ဧကရာဇ်မင်း လေးပါးကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်မည်
ကွေးယီးဧကရာဇ်မင်း ပျောက်ကွယ်သွားသည့် နှင့်အမျှ အင်အားစုကြီးငါးစု၏ မဟာမိတ် တပ်ဖွဲ့သားများ၏ စိတ်ထဲတွင် စကားလုံးနှစ်လုံးသာ ကျန်ရှိနေခဲ့သည် ။
“သွားပြီ!”
အားလုံး စိတ်ပျက်လတ်ပျက် ဖြစ်နေကြသည်။ သူတို့၏ ဧကရာဇ်မင်းမှာ ရှုံးနိမ့်သွားခဲ့လေပြီ။
“ ကွေးယီးဧကရာဇ်မင်း သေပြီ၊ သူတို့ကို ရှင်းပစ်ကြ ၊ ခြေရာတစက်လေးတောင် ချန်မထားနဲ့!”
စူးချန်ကဲသည် အမိန့်ပေးလိုက်သည်။မရေမတွက်နိုင်သော သန်မာသူများ ဦးဆောင်သော သောင်းနှင့်ချီသော တပ်ဖွဲ့သားများသည် အင်အားစုကြီးငါးစု၏ မဟာမိတ် တပ်ဖွဲ့အား အပျက် ချေမှုန်းရန် ချက်ချင်း ဦးတည်ခဲ့ကြသည်။
စူးချန်ကဲသည် သူတို့၏ နှလုံးသားထဲတွင် လေးစားရသော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် နေရာယူခဲ့ပြီး ဖြစ်သည်။
မျိုးဆက်သစ် လူငယ်များကြား ခေတ်စားလာခဲ့ပြီး ၊
သက်ကြီးရွယ်အိုတွေကြားမှာ မျှော်လင့်ချက် တစ်ခုအဖြစ် ရပ်တည်နေခဲ့သည်။
“သတ်!”
“သူတော်စင်နယ်မြေ အနိုင်ရရမည်!”
“ နည်းနည်းမှ ချန်မထားနဲ့!”
“”
စစ်သည်များ ဖြတ်လျောက်သွားသော နေရာတိုင်း သွေးလှိုင်းလုံးကြီးတို့က တလိပ်လိပ် ကြွတတ်လာသည်။
တခဏချင်းမှာပင်၊ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ဘုန်း!
ကြယ်ရောင်စုံသော ကောင်းကင်ထက်က ဧကရီ ရွှမ်ယွီ၏ ပူးပေါင်းပါဝင်မှုကြောင့် စစ်မြေပြင်တွင် သူတို့သည် အသာစီးရခဲ့သည်။
နတ်မီးလျှံများ ထွက်ပေါ်လာသည့်အခါတိုင်း ဧကရာဇ်မင်း တပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦး ကြွေလွှင့်ခဲ့ရသည်။
သတ်ဖြတ်နေကြသောတိုက်ပွဲသံများသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေခဲ့သည်။လူတိုင်း ၎င်းတို့၏ အပြင်းထန်ဆုံး စွမ်းအားများကို ထုတ်လွှတ်၍ အစွမ်းကုန်တိုက်ခိုက်နေကြသည်။
အင်အားစုကြီးငါးစု၏ မဟာမိတ် တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင် စိတ်ဓာတ်မှာ အရင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့တာတောင် ဘယ်လိုလုပ် ဒီလိုလွယ်လွယ်လေး သေဆုံးနေရသနည်း။
ကောင်းကင်မှဆင်းသက်လာသော ကွေးယွမ်၏ တာအိုစစ်တပ်ကို ခုခံရန် သူတို့ကိုယ်သူတို့ ယုံကြည်မှုများ ပျောက်ဆုံးနေပြီမှာ ကြာခဲ့ပြီပင်။
“ဟားဟား၊ ချန်ကဲ က ငါတို့ကို ထပ်ပြီးအံ့အားသင့်စေပြန်ပီ “
“ ချန်ဖုန်း မျိုးဆက်တွေ လာတောင် ဘာဖြစ်လဲ၊ ချန်ကဲက အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်နေတုန်းပဲ!”
“ငါ့ရဲ့ သူတော်စင် နယ်မြေမှာ ချန်ကဲရှိနေသရွေ့ ၊ အမတလမ်းစဉ်ဆိုတာ စာရွက်ပေါ်မှာပဲရှိတဲ့ ဒဏ္ဍာရီတစ်ခု မဟုတ်နိုင်တော့ဘူး”
စကြာဝဠာအထပ်တွင် တိုက်ပွဲဝင်နေကြသော ကွေးယွမ်ဘိုးဘေးများသည် အောက်တွင် ဖြစ်ပျက်နေသော ကိစ္စများကို သတိပြုမိပြီး ပို၍ ကျေနပ်နေကြသည်။
တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင် စိတ်ဓာတ် ဒီလောက်ထိ မြှင့်တတ်နေသည့် အကြောင်းရင်းမှာ စူးချန်ကဲနှင့် သေချာပေါက် သက်ဆိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းကမ္ဘာကြီး၌၊
ဧကရာဇ်မင်းမြတ် လေးပါးတို့သည် စကြဝဠာကို ဖြတ်ကျော်ကာ ပေမင်တိုက်ကြီးဆီသို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် သွားရောက်နေသည်။
၎င်းတို့သည် မိုးကြိုးကျားမျိုးနွယ်စု၊ လေဟုန်ခွင်းငှက်မျိုးနွယ်စု၊ ဝူကျီတာအို ဂိုဏ်းနှင့် ကောင်းကင်ဝံပုလွေမျိုးနွယ်စုတို့၏ ဧကရာဇ်မင်းမြတ် များဖြစ်သည်။
“ ကွေးယွမ် သူတော်စင်နယ်မြေကလူတွေအရမ်းကိုအနိုင်ကျင့်လွန်းတယ်!”
“ဟွန့်! ငါတို့ ရှေးဟောင်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတုန်း ၊ ကွေးယွမ် က ဧကရာဇ်မင်း လက်ကို ဌားပြီး ငါတို့ဂိုဏ်းကို ဖျက်ဆီးဖို့ လုပ်နေတယ် ၊ အဆိုးဆုံးကောင်တွေပဲ!”
ဧကရာဇ်မင်း လေးပါးတို့၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ရှိနေပြီး ၊ ၎င်းတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင်
ဧကရာဇ်မင်း၏ စွမ်းအားကြောင့် ကြယ်အားလုံး လှုပ်ယမ်းသွားသည်။
“အားလုံး ၊ ခွင့်ပြုချက်မရှိဘဲ စစ်မြေပြင်ကနေ ဘယ်သွားမလို့လဲ?”
ထိုအချိန် ၊ ပြုံးရယ်နေသော လူတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
၎င်းတို့ ရှေ့ရှိ ဟင်းလင်းပြင်မှာ ရွဲ့စောင်းသွားပြီး သွေးနီရောင် ဝဲဂယက်တစ်ခု ဖြည်းညှင်းစွာ ဖြစ်ပေါ်လာခဲ့သည်။
နီနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် သရဖူဆောင်းထားသည့် အမျိုးသားသည် ထိုဝဲဂယက်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ဓားသွားကဲ့သို့ ထက်မြက်သော မျက်ခုံးမွှေးနှင့် ကြယ်ပွင့်များကဲ့သို့ စူးရှတောက်ပသောမျက်ဝန်းတို့ကို ပိုင်ဆိုင်ထားကာ အတော်ကို ထူးကဲလှပေသည်။
သူ့မျက်နှာပေါ်တွင်အပြုံးမပျက် ရှိနေသော ထိုအပြုံးသည် သူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံသူများကို ဖော်ရွေမှုဖြစ်စေသည်။
သို့သော် ဧကရာဇ်လေးပါး၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကာ နှုတ်ခမ်းတွေတောင် တုန်၏။
နက်နီရောင် ဝတ်ဆင်ထားသော ဤလူငယ်သည် ကွေးယွမ် သူတော်စင်နယ်မြေ၏ ဧကရာဇ်မင်းမြတ် ၊ တိ့ကျန့်ဧကရာဇ်မင်းမှ လွဲ၍ တခြားမရှိပေ။
သူသည် အမြဲတမ်း ပြုံးနေတတ်သူဖြစ်သော်ငြားလည်း၊ တိုက်ပွဲတွင် အရက်စက်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်သည်။
တိ့ကျန့်(စစ်ပွဲဘုရင်)ဧကရာဇ်မင်းဟု ခေါ်ရခြင်း အကြောင်းရင်းမှာ သူသည် အင်ပါယာစစ်ပွဲများ ဆင်နွှဲရခြင်းကို အလွန်နှစ်သက်သောကြောင့် ဖြစ်သည်။ပြိုင်ဘက်မသေမချင်း အရှုံးမပေးမည့် ရက်စက်ကြမ်းကြုတ်သောသူ ဖြစ်သည်။
“တိ့..တိ့ကျန့် မင်း ဘာကိုဆိုလိုတာလဲ!”
မိုးကြိုးကျားမျိုးနွယ်စု၏ ဧကရာဇ်မင်းက မေးလိုက်သည်။
“တကယ်တော့ ငါလည်းဒီလိုမလုပ်ချင်ပါဘူး၊ဒါပေမဲ့မင်းတို့ ဒီလိုပြန်သွားရင် အဲ့ဒီလူအိုကြီးတွေက ငါကိုတာဝန်ယူခိုင်းလိမ့်မယ်”
“သူတို့ ငါ့ကို တာဝန်ခံခိုင်းရင် ငါလည်း စိတ်မသက်မသာဖြစ်ရတယ် ၊အဲ့လိုစိတ်မသက်မသာဖြစ်ရတဲ့အခါကျရင် စိတ်အခြေအနေလည်း ကောင်းတော့မှာမဟုတ်ဘူး”
“အဲ့လိုကြ မကောင်းဘူး မဟုတ်လား?”
သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဝုန်း!
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ဧကရာဇ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
အလွန်အားကောင်းသော ဧကရာဇ်မင်းမြတ်၏ ဖိနှိပ်စွမ်းအားသည် ထိုဧကရာဇ်မင်း လေးပါးထက် များစွာ ပြင်းထန်ပြီး၊ ၎င်းထံမှ ပေါက်ကွဲထွက်ပေါ်လာသော အရှိန်အဝါသည် မိုင်ပေါင်း သန်းချီကွာဝေးသော ကြယ်များမှာ အချိန်မရွေးပြိုလဲတော့မည့်အတိုင်း မှိန့်တုတ် မှိန့်တုတ် ဖြစ်ခဲ့ရသည်။
“ကဲ၊ ငါ မင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်”
“တစ် ၊ ပြန်သွား”
“နှစ် “
“သေ!”
ထိုစကားဆိုလိုက်သည်နှင့် ၊ အဆုံးမဲ့ သတ်ဖြတ်တော့မည့် စိတ်ဆန္ဒများက လက်တွေ့အဖြစ်သို့ ပြောင်းလဲထွက်ပေါ်လာခဲ့သည်။
သူ့ဘေးပတ်ပတ်လည်က ဟင်းလင်ပြင်ကြီးသည် လူသတ်ကမ္ဘာနှင့် ပိုတူပြီး၊ ထိုကမ္ဘာထဲကိုဝင်ဝံ့သူ ရှိမည်သူပါက ၊သူတို့ကို စောင့်မျှော်နေသည်မှာ သေခြင်းတရားပင် ဖြစ်သည်။။
ဧကရာဇ်မင်း လေးပါးသည် သူတို့၏ လက်သီးများကို တင်းတင်းဆုပ်ထားပြီး မှုန်သုန်နေသည်။
အကယ်၍ သူတို့သာ ပြန်မသွားဘူးဆိုပါက၊သူတို့ ၏ စွမ်းအားများမှာ အကုန် ပျောက်ကွယ်သွားပေတော့မည်။
သို့သော် ရှေးဟောင်း စစ်မြေပြင်မှ ပြန်သွားခဲ့ပြန်ရင်လည်း သူတို့သည် တိ့ကျန့် ဧကရာဇ်မင်းကို ရင်ဆိုင်ရပေလိမ့်မည်။
အမျိုးမျိုးတွေးပြီးနောက် သူတို့လေးယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အချင်းချင်း ခေါင်းညိတ်ပြလိုက်သည်။
ဘုန်း!
ဧကရာဇ်မင်း လေးပါး၏ ကြောက်စရာကောင်းသော စွမ်းအားများသည် ချက်ချင်း ဆိုသလို ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး၊ သူတို့သည် တိ့ကျန့် ဧကရာဇ်မင်းအား ဝန်းရံသတ်ဖြတ်ရန်
ပေါင်းစည်းလိုက်ကြသည်။
ဝံပုလွေသည် ကောင်းကင်တစ်ခုလုံးကို အပိုင်ချုပ်ကာ ၊ ဟာရီကိန်း လေမုန်တိုင်ကြီးက တဝီဝီ တိုက်ခက်လျက် ၊ ကြီးမားကျယ်ပြောသော ဖွဲ့စည်းပုံကို ဆောက်တည်ရင်း လျှပ်စီးကြောင်းများနှင့် မိုးခြိမ်းသံများ တဂျိန်းဂျိန်း ပဲ့တင်ထပ်လျက် ရှိသည်။
ဧကရာဇ်မင်းတို့၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအား လေးခုကို ကြည့်ရင်း ၊တိ့ကျန့် ဧကရာဇ်မင်းက လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း အပြုံးမပျက် ရယ်မောလိုက်သည်။
“အရူးတွေ”
“ငါတို့ကြားက ကွာဟချက်ကို အရေအတွက်နဲ့ ဖြည့်မယ်လို့ ကြံလည်း အလကားပဲ “
တိ့ကျန့်ဧကရာဇ်မင်း၏ ဘယ်လက်မှာ နောက်ပစ်ထားဆဲပင် ဖြစ်ပြီး ၊ သူ၏ညာလက်ဖဝါးသည် စွမ်းအားများနှင့်အတူထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဖရိုဖရဲ အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး ၊ လက်ဝါးကြီး ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
မိုင်ပေါင်းထောင်ချီ ကွာဝေးသော ကြယ်စုများပင်လျှင် ကြွေကျခဲ့ရပြီး အဆုံးမဲ့သော ဂလက်ဆီကြီးမှာ ပြိုကျလာခဲ့သည်။
ဝုန်း!
စကြာဝဠာကြီး ကွဲအက်ပြီး ၊ ကြယ်ရောင်များဖြင့် ထွန်းလင်းတောက်ပနေသော ကောင်းကင်ကြီးမှာ ပျောက်ကွယ်သွားသည်။ ရှေးခေတ်ကမ္ဘာနှစ်ခု တိုက်မိသွားသကဲ့သို့ နတ်ဘုရားတို့၏ အလင်းရောင်ကို လှုပ်နိုးဆွလိုက်သလိုပင်။
“သွေးအန်သံ!”
ပါးစပ်ထဲမှသွေးများ အဆက်မပြတ် ယိုစီးလာခဲ့သည်။
ဧကရာဇ်ကြီးလေးပါးတို့မှာ ဖြူဖပ်ဖြူရောဖြစ်နေကြပြီး သူတို့၏ ကြောက်ရွံ့မှုကိုတောင် မဖုံးဖိနိုင်ခဲ့ပေ။
တစ်ကယ်တော့ သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှုကို တိ့ကျန့်ဧကရာဇ်မင်းက သူ၏ လက်ဖဝါးတစ်ခုတည်းဖြင့် ရိုက်ချိုးပစ်ခဲ့သည်။
တစ်ဖက်တွင်မူ တိ့ကျန့် ဧကရာဇ်မင်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် သူတို့ကို ကြည့်နေသည်။သူ၏ အသက်ရှုသံသည် အလွန် တည်ငြိမ်ပြီး မည်သည့်ကိစ္စမှ မရှိခဲ့သလိုပင်။
“ ဒီလောက်အင်အားနဲ့ ငါနဲ့ တိုက်ခိုက်ရဲတယ်ပေါ့?”
“အတော်သတ္တိရှိတာပဲ “
“နောက်ဘဝကြ မှတ်ထားဖို့မမေ့နဲ့ “
စကားဆုံးသည်နှင့် တိ့ကျန့် ဧကရာဇ်မင်းသည် သူ့လက်ကို ဆန့်ထုတ်ကာ ဖြန့်ကားလိုက်သည်။
လေသည် ဖယ်ရှားခံလိုက်ပုံရကာ ၊ ဟင်းလင်းပြင်တစ်ခုလုံးကို နားမလည်နိုင်သော စွမ်းအားက ဖျစ်ညှစ်ထားသည်။
ထိုနေရာသာမကဘဲ ၊ အာကာသ အချိန်စီးကြောင်းကိုပါ ကန့်သတ်ထားပုံရပြီး ဧကရာဇ်လေးပါးစလုံး ခုခံဖို့ရာအတွက် နေရာမရှိပေ။
သူတို့၏ အရေပြားသည် ဖြည်းဖြည်းချင်း အက်ကွဲလာပြီး ၊နတ်သံကဲ့သို့ သန်မာသော ၎င်းတို့၏ ခန္ဓာကိုယ်ထံမှ အက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“ဒါ ဧကရာဇ်နယ်ပယ်! ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!”
ဧကရာဇ်နယ်ပယ်သည် ဧကရာဇ်မင်း၏ အစွမ်းသတ္တိကို သက်သေပြနိုင်ပြီး ဧကရာဇ်မင်းမြတ်၏ အလိုတော်အတိုင်း အရာအားလုံးသည် သူ၏ထိန်းချုပ်အတွင်း ရှိသည်။
“ ကျွန်တော်တို့ ပြင်ပရန်သူကို တွန်းလှန်ဖို့ နယ်မြေပိုင်နက် စစ်မြေပြင်ကိုပဲ ပြန်သွားပါ့မယ် ၊ စာနာပေးပါ “
ဧကရာဇ်မင်း လေးပါးတို့မှာ မျှော်လင့်ချက်များ ကင်းမဲ့လို့နေသည်။ ဧကရာဇ်မင်း ဖြစ်လာဖို့ဆိုတာ လွယ်ကူသောအရာ မဟုတ်။ သူတို့ သေဆုံးဖို့ ဆန္ဒမရှိသေးပေ။သို့ဖြစ်၍ သူတို့ကိုစာနာသနားရန် တောင်းဆိုကြလေသည်။
“ဟွန်? ငါတို့ သူတော်စင် နယ်မြေရဲ့ အကြံအစည်က အဲ့လောက်ထိ ဇမသေးဘူး “
“ဟာသပဲ!”
ထိုသတင်းကို ကြားလိုက်ရသော ဧကရာဇ်လေးပါးစလုံး ဖြူဖျော့သွားလေသည်။
“ မင်းတို့ မူလ အရင်းအမြစ်ထိ တိုက်ခိုက်ဖို့ ကြံစည်နေတာလား?”
တိ့ကျန့် ဧကရာဇ်မင်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။သူတို့ ကွေးယွမ်၏ အကြံအစည်တိုင်းက အဲ့လောက်ထိ မရိုးရှင်းလှပေ ။
“မင်းတို့ရဲ့ နောက်ဆုံးစကားက ဒါပဲလား ၊ ကဲ အာ့ဆိုလည်း သေလမ်းသွားဖို့အချိန်ရောက်ပြီ”
တိကျန့် ဧကရာဇ်မင်းသည် သူ့ လက်ဖဝါးများ ဖြည်းညှင်းစွာ ပိတ်လိုက်သည်နှင့် အာကာသတစ်ခုလုံး ဖိညှစ်ခံခဲ့ရသည်။
သွေးအန်သံ!
အရိုးအသားများ တစ်စစီ ဖြစ်ကာ စိတ်ဝိညာဉ်တို့မှာ သုတ်သင်ခံခဲ့ရသည်။သွေးစွန်းနေသော ပုတီးစေ့ လေးလုံးသည် တိ့ကျန့် ဧကရာဇ်မင်း၏ လက်ဖဝါးပေါ်တွင် ဖြည်းညှင်းစွာ ပေါ်နေလေသည်။
၎င်းအထဲတွင် ကြီးမားကျယ်ပြန့်သော ဧကရာဇ်မင်း၏ အလိုဆန္ဒများပါဝင်နေသည်။
ဧကရာဇ်ကြီးလေးပါးမှာ အမှန်တကယ် သန့်စင်ခံလိုက်ရပြီ ဖြစ်သည်။
“ တိကျန့် ဒီလောက် မြန်မြန်ဆန်ဆန် ပြီးသွားပြီပေါ့?”
ထိုအချိန်တွင် ဝဲဂယက်ငါးခု ပွင့်လာပြီး ၊ ထိုအထဲမှ ယောက်ျား ၊ မိန်းမ အပါအဝင် လူငါးယောက် ဖြည်းညှင်းစွာ ထွက်လာသည်။
ဧကရာဇ်ရောင်ဝါများ ဖိန်းဖိန်းတောက်လျက် နတ်အလင်းရောင်များက ပြိုးပြိုးပြက်ပြက်တောက်ပနေသည်။
သူတို့အားလုံးမှာ ဧကရာဇ်မင်းမြတ် ငါးပါးပင်။
၎င်းတို့သည် ကွေးယွမ်၏ အငယ်ပိုင်း ဧကရာဇ်မင်းမြတ်များ ဖြစ်ပြီး အများစုမှာ နယ်မြေ ပိုင်နက် စစ်မြေပြင်တွင် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။
“မင်းတို့ ဒီကို ဘာလာလုပ်ကြတာတုန်း?၊ သူတို့က အမှိုက်ငါးသာသာပါပဲ ၊ ဒါကိုများ ငါတို့ ကွေးယွမ် သူတော်စင် နယ်မြေကို စိန်ခေါ်ချင်နေကြသေးတယ်”
ဧကရာဇ်မင်း တစ်ပါးက ထိုစကားကိုကြားသောအခါ ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
သူပြောတာလည်းဟုတ်ပေသည်။ ဒီကောင်လေးသည် ကောင်းကင်ဧကရာဇ်မင်းရဲ့ ညီလေးဆိုတဲ့အတိုင်း သူ၏ အရည်အချင်းနှင့် ခွန်အားမှာ အရမ်း သန်မာသည့်အပေါ် သံသယ
ဝင်ဖို့တောင် မလိုပေ။
“ သူတော်စင် နယ်မြေမှာ ထက်မြက်လွန်းတဲ့ ပါရမီရှင် ဆက်ခံသူ ဆိုပြီး ပေါ်ထွက်လာတယ်လို့ ကြားတယ် ၊ မင်းထက် သာလားတော့ငါမသိဘူး”
တိ့ကျန့် ဧကရာဇ်မင်းက ပြုံးလျက်။
“ငါ့ထက် သာတယ်?’
“စောင့်ကြည့်ရတာပေါ့ကွာ”
အရာအားလုံးကိုမြင်တွေ့နိုင်သကဲ့သို့ သူသည် ပေမင်တိုက်၏ ဦးတည်ရာဘက်ကို လှမ်းကြည့်လိုက်သည်
သူသည် သူ့ဘဝတွင် မရေမတွက်နိုင်သော တိုက်ပွဲများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်လာသူ ဖြစ်သည်။
ဒါမှမဟုတ် သူ့ကို ရှုံးနိမ့်မယ့်သူ ပေါ်ထွက်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အပိုင်း(၈၃) :ပြီးမြောက်သော အလုပ်၊ ကြီးမားသော မျိုးဆက်များ
အင်အားစုကြီးငါးစု၏ နောက်ဆုံးမျှော်လင့်ချက်တို့မှာ ပျက်သုန်းသွားခဲ့ရလေပြီ။
သူတို့၏အားကိုးရာဖြစ်သော ဧကရာဇ်မင်းမြတ်တို့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူတို့ဘယ်သောအခါမှ သိနိုင်မည် မဟုတ်ပေ။
ပေမင်တိုက်တစ်ခုလုံးကို တုန်လှုပ်သွားစေသော ဤထာဝရစစ်ပွဲ၏ နောက်ဆက်တွဲသည် နယ်မြေတိုက် တော်တော်များများဆီသို့ ပျံ့နှံ့သွားစေခဲ့သည်။
ဧကရီ ရွှမ်ယွီ သည် အင်အားစုငါးစု၏ ဘိုးဘေးများကို တယောက်ပြီး တယောက် သတ်ဖြတ်ပြီးနောက် ၊ ကျန်ရှိနေခဲ့ကြသော တာအိုတပ်ဖွဲ့များမှာ ထွက်ပြေးသွားခဲ့ကြသည်။
ကွေးယွမ်၏ တာအိုစစ်တပ်ကြီးသည် ရန်သူကို ခုနစ်ရက်နဲ့ ခုနစ်ညကြာ လိုက်လံသတ်ဖြတ်ခဲ့သည်။
ကောင်းကင်ကြီးမှာ ညည်းတွားအော်မြည်နေပြီး၊ အလောင်းများက လမ်းတစ်လျှောက်လုံး တောင်သဖွယ် စုပုံလို့ နေကာ ၊ သွေးချောင်းကြီးသည် ကြီးမားသော မြစ်ကြီးထဲသို့ စီးဝင်သွားခဲ့သည်
မရေမတွက်နိုင်သော တောင်များနှင့် သဲကန္တာရများသည် အောက်ခြေအဆုံးထိ မမြင်နိုင်သော အက်ကြား ချိုင့်ဝှမ်းများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤထာဝရတိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုမှ တဆင့် ကွေးယွမ်၏ နားမလည်နိုင်သော နက်ရှိုင်းသော အမွေအနှစ်ကို ထပ်မံပြသခဲ့သည်။
အင်အားစုကြီးငါးစုသာ ပြိုကျပျက်စီးခဲ့သော်လည်း ၊ ကွေးယွမ် သူတော်စင်နယ်မြေကတော့ ဆုံးရှုံးမှုမရှိခဲ့ပေ။
ဤတိုက်ပွဲကြီးသည် တစ်ကမ္ဘာလုံးကိုလည်းရိုက်ခတ်ခဲ့သည်။
သို့ရာတွင်၊ ၎င်းသည် ကြီးမြတ်သော ခေတ်ကိုကန့်လန့်ကာ ဖွင့်ခဲ့သလိုမျိုး ၊ရွှေခေတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အင်အားစုကြီးငါးစု၏ တည်ရှိရာ နယ်မြေတိုင်း ကွေးယွမ်၏ တာအိုစစ်တပ်ကြီးက ဖြိုခွင်းခဲ့ပြီး၊ စစ်တပ်ကြီး ဖြတ်သွားသည့် နေရာတိုင်း အားလုံး ဦးညွှတ်ပြီး လက်နက်ချခဲ့ကြသည်။
လေဟုန်ခွင်းဌက် မျိုးနွယ်စု၏ နတ်သစ်ပင်ကြီးမှာ ဧကရီ ရွှမ်ယွီ၏ မီးလောင်တိုက်သွင်းခြင်းကို ခံခဲ့ရသည်။
ကောင်းကင်ကြီးမှာ ကမ္ဘာ၏ အဆုံးကဲ့သို့ အနက်ရောင် အခိုးအငွေ့ များဖြင့် ပြည့်နှက်သွားခဲ့ရသည်။
ကောင်းကင် ဝံပုလွေ နှင့် မိုးကြိုးနဂါး မျိုးနွယ်စု၏ ကျန်အင်အားစုများက ခုခံခဲ့သော်လည်း၊ကွေးယွမ် ဘိုးဘေးများစွာက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေများကို သုဿန်အဖြစ် ပြောင်းလဲပေးခဲ့သည်။
ရန်သူများမှာ ပြာအဖြစ်သို့ ပြောင်းလဲပြီး၊ ဤကမ္ဘာ၏ ရှည်လျားသော မြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့ရသည်။
ကွေးယီးဂိုဏ်း ကံကြမ္မာမှာလည်း အတော်လေး သနားစရာကောင်းပေသည်။
ကွေးယီးဂိုဏ်းခေါင်းဆောင်မှာ စွမ်းအားကြီးမားသော ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် နှစ်ဦး၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်အပြင် ဘိုးဘွားပိုင်မြေမှာလည်း ပျက်စီးသွားခဲ့သည်။
လက်နက်ချခဲ့သော ကွေးယီးဂိုဏ်း၏ တချို့သော သူတော်စင် မိန်းကလေးများနှင့် ယောကျာ်းလေးများအား ကွေးယွမ်၏ အစေအပါးများအဖြစ် ရာထူးပေးခဲ့သည်။အကယ်၍ ဆန့်ကျင်မည် ဆိုပါက ၊ မည်သူမဆို မလွဲမသွေ အသတ်ခံရမည် ဖြစ်သည်။
ဝူကျီတာအိုဂိုဏ်း၏ ဘိုးဘေးများသည် ချန်ခွင်း အကွက် ရှစ်ကွက် သံလိုက်အိမ်မြောင်ကို မှီခိုအားထားကာ စကြဝဠာ နေရာရွေ့ပြောင်းခြင်း အစီအရင်ဖြင့် ကျန်ရှိနေသော သူများကို တခြားနေရာသို့ ရွေ့ပြောင်းရန် ကြိုးစားခဲ့သည်။
သို့သော် လုပ်ငန်းစဉ်အတွင်း၊ ကွေးယွမ်၏ တန်ခိုးကြီးမားသော အခြားသော စွမ်းအားရှင်ပုဂ္ဂိုလ်တစ်ဦးက အရေးယူ ဆောင်ရွက်ခဲ့ပြီး၊ကောင်းကင်ကို ဖုံးလွှမ်းထားသော လက်ဝါးပြင်ကြီးအရိပ်အောက်တွင် ၎င်းတို့အားလုံး အသက်ခံခဲ့ရသည်။
ထိုပုဂ္ဂိုလ်၏ စွမ်းအားသည် အားလုံးကို ထိတ်လန့်တုန်လှုပ်စေတဲ့အထိ စွမ်းအားကြီးမားပေသည်။
ရန်သူတပ်ဖွဲ့များကို ဖျက်ဆီးနေစဉ် အတောအတွင်း ၊၎င်းတို့၏ ရတနာပစ္စည်းများကို ကွေးယွမ် သူတော်စင် နယ်မြေက သိမ်းယူခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေသည် ဧကရာဇ်လက်နက်ငါးပါးကို သိမ်းယူခဲ့ပြီး၊ အဖိုးတန် ရတနာ ပစ္စည်းများနှင့် ဝိညာဉ်ဆေးလုံးများကို
စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ပေးခဲ့ကြသောဆက်စပ်တပ်ဖွဲ့များထံ ပေးအပ်ခဲ့သည်။
၎င်းတပ်ဖွဲ့များ၏ ခေါင်းဆောင်များမှာ ပို၍ သဘောကျလို့ နေသည်။
သူတို့အနေဖြင့် များများစားစား အားထုတ်စရာ မလိုအပ်ခဲ့တောင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
ကွေးယွမ် သူတော်စင် နယ်မြေအပေါ် ထားရှိသည့် ၎င်းတို့၏ လေးစားကြည်ညိုချင်စိတ်မှာ ပို၍ ကြီးမားလာခဲ့သည်။
“အင်း၊ ဒီလိုစစ်ပွဲကို ကြုံပြီးတဲ့နောက်မှာ ခေတ်ပြိုင်အင်အားစု ဆိုလို့ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ တခြားတပ်ဖွဲ့တွေ နှစ်မျိုးပဲ ရှိတော့တယ်”
“ အဲ့ဒီ ရှေးဟောင်း အင်အားစုတွေကသာ ကွေးယွမ် သူတော်စင် နယ်မြေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ် “
ထာဝရ တည်ရှိနေဆဲဖြစ်သော အင်အားစုများ၏ ခေါင်းဆောင်အချို့က ဝေဖန်လိုက်သည်။
“ ထျန်းကျီကျွန်း ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာတော့မယ် ၊ဟောတမ်းထဲက အတိုင်း ကြီးကျယ်ခမ်းနားတဲ့ မျိုးဆက်တွေ ရောက်လာတော့မယ်”
“အိုင်း! ခေတ်ပြိုင်လူငယ်မျိုးဆက်မှာ စူးချန်ကဲလို တမူထူးကဲတဲ့ လူမျိုး ထွက်ပေါ်လာတာ ထားဦး ၊ နောက်ပိုင်းမှာ ဒီလို တမူထူးကဲတဲ့ သူတွေ ပိုပြီး များလာလိမ့်မယ်”
ကြည့်ရှုသူများကြားတွင် ဆူပုတ်နေသော လူငယ်လေး တစ်ဦး ရှိနေခဲ့သည်။
“နောင်ကြ စူးချန်ကဲလို မကောင်းဆိုးဝါးတွေ ထပ်ပြီး ထွက်ပေါ်လာဦးမယ်ဆိုရင် ငါလေးက ဘယ်လို ရှင်သန်ရတော့မှာလဲ?”
“လော့ဟယ်ဓားဂိုဏ်းက ဓားအရှင် ငါးပါးလည်း နိုးထလာတော့မယ်”
ဝူကျီအောက်ထျန်းတစ်ယောက် ထိုအကြောင်းကို တွေးရင်း ကသိကအောက် ဖြစ်နေရှာသည်။
သူဟာသူ အေးအေးလူလူ လေ့ကျင့်ချင်တာလေ!
ဒါကို အားတိုင်းယားတိုင်း ဘာလို့ သတ်နေကြတာတုန်း?
အင်အားစုကြီး ငါးစုကိုပဲ ကြည့်လေ၊ ဘိုးဘေးနယ်မြေတွေ အားလုံး ကွေးယွမ်ရဲ့ လက်ချက်စာ မိသွားတယ် မဟုတ်လား!
“ ကောင်စုတ်လေး၊ ကြည့်နေတုန်းလား သူများတွေဆို ဓားတစ်ချောင်းတည်းနဲ့ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို သတ်ပစ်ပြီးပြီ၊ မင်းကိုယ်မင်း ကြည့်စမ်း ၊ အားတိုင်း အပျင်းကြီးဖို့ပဲ သိတယ်!”
“သွား လော့ဟယ် ဓားတောင်မှာ ဓားရေး အကြိမ်ငါးသိန်းပြေးတဲ့အထိလေ့ကျင့်နေ!”
ထျန်းကျီအောက်ထျန်း၏ ဆရာသခင် ၊ ခိုင်းထျန်းဓားအရှင်သည် ဒေါသ တထောင်ထောင်းဖြင့် ဆိုလိုက်သည်။
ဆရာသခင်ဖြစ်သူ၏စကားသည် ဝူကျီအောက်ထျန်း၏ တစ်နေ့တာ ကောင်းမွန်တဲ့ စိတ်လေးကို လုံးဝပျက်စီးသွားစေခဲ့သည်။
စူးချန်ကဲမှ ပြိုင်ဘက်ကင်းသော အောင်မြင်မှုများ ရရှိလာသည့် အခါတိုင်း၊ သူသည် ဒဏ်ရာရတဲ့သူ ဖြစ်လာပေတော့မည်။
တစ်ချိန်တည်းမှာပင်။
နောက်ဆက်တွဲ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးနောက်၊
ဧကရီ ရွှမ်ယွီသည် ကွေးယွမ် သူတော်စင်နယ်မြေသို့ ပြန်လာခဲ့သည်။
“ လာလာ ! ဆက်ခံသူမောင်လေးကို ဒီမမကြီးကြည့်ပါရစေဦး ၊သူတော်စင်နယ်မြေမှာ ဆက်ခံသူတစ်ယောက် ပေါ်ထွန်းလာတယ်ဆိုပြီး ငါကြားခဲ့တာ ကြာပြီ”
စူးချန်ကဲ တစ်ယောက် ရှိုက်ကြီးတငင် ပြုံးပြလိုက်သည်။သူမသည် ယခင်က ရက်စက်တတ်သော လူသတ်ဧကရီ တစ်ပါးဖြစ်သော်လည်း ၊ယခုအခါတွင် သူမသည် ဘေးအိမ်က ချစ်စရာကောင်းသော အစ်မကြီးတစ်ယောက်လိုပင်။
သို့သော်လည်း စူးချန်ကဲက သူ့လက်ကို လျက်ကာ ဂါရဝတရားဖြင့် ဆိုလိုက်သည်။
“ကျွန်တော် စူးချန်ကဲ၊ ဧကရီ ရွှမ်ယွီကို နှုတ်ခွန်းဆက်သပါတယ်”
ဧကရီ ရွှမ်ယွီက စူးချန်ကဲကို ဂရုတစိုက်ကြည့်လိုက်ရင်း အပြုံးမပျက် ဆိုလိုက်သည်။
“ ဧကရီလို့ မခေါ်နဲ့ မမ လို့ ခေါ်လေနော်~ “
“ငါ ဒီတစ်ခေါက် ပြန်လာရင် မင်းနဲ့တွေ့ဖို့မျှော်လင့်နေတာ~”
စူးချန်ကဲကို သူမ စိုက်ကြည့်လိုက်တိုင်း လိုချင်တပ်မက်မှုများက ပို၍ကြီးစိုးလာသည်။
“ အိုင်ယား ၊ ဒီလို ရုပ်ရည်ရူပကာမျိုးနဲ့ မမ နည်းနည်းနောက်ကျပြီးမွေးလာရမှာ ~”
သူ့ကို ကြည့်နေသော ဧကရီ ရွှမ်ယွီ၏ မီးတောက်နေသော အကြည့်များက စူးချန်ကဲကို အားကိုးရာမဲ့ ဖြစ်စေသည်။
အကယ်၍ သူအား သူတော်စင် နယ်မြေ၏ ဧကရီ တစ်ပါးနှင့် အုပ်စုဖွဲ့ပေးလိုက်မည်ဆိုပါက၊ နောက်ဖြစ်လာမည့် အကျိုးဆက်က မတွေးရဲစရာပင် ။
“ဟုတ်ပါပြီ၊မမရဲ့အမြင်မှာ မင်းက ကလေးလေးပဲ ရှိသေးတယ် ၊ဒါပထမဆုံး အကြိမ်တွေ့ဆုံခြင်းအတွက် မမက ပေးတဲ့လက်ဆောင်”
ဧကရီ ရွှမ်ယွီသည် သူမ၏ ကျောက်စိမ်းပမာ လက်ကို ဆန့်ထုတ်လိုက်ပြီး ၊ လေဟာနယ်ထဲမှ
သွေးတစ်စက်ကို ခေါ်ယူလိုက်သည်။
သွေးချီစွမ်းအင်သည် တဟုန်းဟုန်း တောက်ပနေပြီး၊ ကျယ်ပြောလှသော ရောင်ဝါများသည် စူးချန်ကဲအား လျှို့ဝှက်ဆန်းကြယ်သောနယ်မြေတစ်ခုထဲသို့ ဆွဲသွင်းလိုက်ပုံရသည်။
“ဒါက နတ်ဖီးနပ်ရဲ့ အနှစ်သာရနဲ့ သွေးပဲ၊ ကိုယ်တိုင်ပြန်လည် ကုစားနိုင်တဲ့စွမ်းရည်ကို အများကြီး မြှင့်တင်ပေးနိုင်တယ်၊ မင်းရဲ့အသက်ကို ထိခိုက်စေနိုင်တဲ့ ဒဏ်ရာတစ်ခု မရှိနေသရွေ့တော့ သူ့ဟာသူ ပြန်လည်ကုစားပေးလိမ့်မယ် “
ဧကရီ ရွှမ်ယွီက ရှင်းပြသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ခုလိုရတနာမျိူး ပေးတဲ့အတွင် မမ ရွှမ်ယွီကို အရမ်းကျေးဇူးတင်ပါတယ်!”
“အဆင်ပြေပါတယ် ၊ နောင် မင်းဧကရာဇ်မင်းဖြစ်လာတဲ့အခါကြရင် နယ်မြေပိုင်နက် စစ်မြေပြင်ကို မင်း သွားနိုင်တယ် ၊ တိ့ကျန့် အဲဒီကလေးရဲ့ ရတနာတွေက ငါ့ထက် ပိုများတယ် “
“ နယ်မြေ ပိုင်နက် စစ်မြေပြင်?”
စူးချန်ကဲက သိချင်စိတ်ဖြင့်မေးလိုက်သည်။
“နယ်မြေ ပိုင်နက် စစ်မြေပြင် ဆိုတာ ပရမ်းပတာဖြစ်နေတဲ့ နယ်မြေတစ်ခုပဲ ၊ပျက်ပြည်နယ်မြေလို့လည်းခေါ်တယ် ၊အလွန်ကျယ်ဝန်းပြီး ငါတို့ရဲ့ ပေမင်တိုက်မြေ နဲ့ ဆင်တူတဲ့ ကြယ်နယ်မြေလည်း ရှိပါသည် ၊အဲ့ထဲမှာ ဝှက်ထားသော ရှေးဟောင်း စွမ်းအားအချို့လည်း ရှိသည်”
“အနာဂတ်မှာ မင်းက ဧကရာဇ်မင်းမြတ်ရဲ့ တာအိုသစ်သီးကို ရခဲ့မယ်ဆိုရင်၊ဒါဆို အဲ့ကမ္ဘာကြီးကနေ အမှန်တကယ် ထွက်ခွာဖို့ မင်းရဲ့ ပထမဆုံး ခြေလှမ်းဖြစ်လိမ့်မယ်”
ဖော့ကျွင်းဘိုးဘေးက အဝေးကနေ ပြုံးပြုံးကြီး လျှောက်လာသည်။
“ဘိုးဘေး”
ဧကရီ ရွှမ်ယွီ၏ ကျင့်ကြံမှုအဆင့်သည် ဖော့ကျွင်း ဘိုးဘေးထက် မြင့်မားသော်လည်း၊ ဝါအရ ဆိုရလျှင်ဖြင့် ဖော့ကျွင်းဘိုးဘေးက သူမထက် ဝါပိုရင့်သည်။
“ရွမ်ယွီ၊ မင်း ကွေးယွမ် ဘိုးဘေးနယ်မြေကို သသွားလိုက်ဦး ၊ ရှေးဘိုးဘေးက မင်းကို လုပ်ခိုင်းစရာ ရှိတယ်”
“ဟုတ်”
မထွက်ခွာမီတွင် ဧကရီ ရွှမ်ယွီက စူးချန်ကဲအား ချိုသာစွာ ပြုံးပြလိုက်သည်။သို့သော် သူမ၏ အပြုံးထက် သူမ၏ ရင်ဘတ်ပေါ်က ဖြည်းညှင်းစွာ လှုပ်ခါနေသော စီးကွင့်ထိုးထားသော ဖီးနစ်ဌက်ကြီး နှစ်ကောင် ပို၍ ဆွဲဆောင်မှု ရှိနေသည်။
ဒါလည်း စူးချန်ကဲကို အပြစ်တင်လို့ မရဘူး၊ဒီလောက် နည်းနည်းနောနောကြီးကို ဒါ ပထမဆုံးအကြိမ် သူ မြင်ဖူးတာလေ။
“အဟမ်း၊ ရွှမ်းယွီက မင်းရဲ့အကြီးတန်း ဆိုပေမဲ့ ဒါပေမယ့် မင်း လိုချင်ရင် ၊ ငါမင်းကိုထောက်ခံပေးမယ်”
“ အဟွတ် “
စူးချန်ကဲခမျာ သွေးအန်လုနီးပါး။
သူက ဘယ်လိုလူလဲ?သူ့လို ဆက်ခံသူက မိနိးမထဘီနား ခိုစားစရာလား။
“ဘိုးဘေး၊ အရေးကြီးတာ တစ်ခုခု ရှိလို့လား” စူးချန်ကဲသည် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
ဖော့ကျွင်းဘိုးဘေးက ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
စူးချန်ကဲ၏ ပါရမီမှာ အလွန်အားကောင်းလွန်းသည်။အကယ်၍ စူးချန်ကဲလိုလူမျိုး အနည်းငယ်ရှိခဲ့မည်ဆိုပါက ၊သူတို့ရဲ့ သူတော်စင် နယ်မြေ အမဘုံကို မဖြတ်ကျော်နိုင်စရာ ရှိပါဦးမလား?
သို့သော် ဒီလိုကိစ္စများသည် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမည် ဆိုတာကို သူ နားလည်သည်။
“ရှေးစာအုပ်မှတ်တမ်းအရ ရွှေခေတ်ကြီး စတင်တော့မယ်”
“ မရေမတွက်နိုင်တဲ့ ချန်ဖုန်း ရှေးခေတ်အင်အားစုတွေ ထွက်ပေါ်လာလိမ့်မယ်၊ဒါပေမဲ့ ရှေးဟောင်း အမတဘုံ ကမ္ဘာတွေလည်း ထွက်ပေါ်လာလိမ့်မယ် အဲ့ထဲမှာ ရှိတဲ့ လျို့ဝှက်ထားတဲ့အခွင့်အလမ်းတွေက အလွန်ကြီးမားတဲ့ရတနာကြီးတစ်ခု ဖြစ်လာလိမ့်မယ”
“ ထျန်းကျီ ကျွန်းမှာရှိတဲ့ ထျန်းကျီ မျှော်စင်က
ဟောကိန်းထုတ်နိုင်စွမ်းရှိတယ် ၊ဒါပေမယ့် နှစ်တွေ ကြာလာတာနဲ့အမျှ၊ မျိုးဆက်သစ် ပါရမီရှင်တွေကသာလျှင် အဲ့ကျွန်းကို ဝင်ရောက်နိုင်တယ် ၊မျိုးဆက်ဟောင်းတွေ အဲ့ကိုဝင်ရောက်ခဲ့မယ် ဆိုရင် ၊ ထျန်းကျီ ကျွန်းက အချိန်နဲ့ အာကာသ အရှုပ်အထွေးထဲ သူ့အလိုအလျောက် ဝင်ရောက်သွားပြီး ခြေရာခံဖို့ ခက်ခဲသွားလိမ့်မယ်”
စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။ဘိုးဘေးများစွာကသူ့အား ထျန်းကျီကျွန်းထဲသို့ ဝင်ရောက်စေချင်ပုံရသည်။အကယ်၍ ရှေးဟောင်း အမတဘုံ ကမ္ဘာ ပွင့်မည့်နေရာကို အောင်မြင်စွာ ခန့်မှန်းနိုင်ခဲ့မည်ဆိုပါက ၊ ပထမဆုံး ဂဏန်းကို စားရမည့်သူမှာ သူ ဖြစ်လာနိုင်သည်။
“ထျန်းကျီ မျှော်စင်?ငါလည်း ကြေးဝါဗိမ္မာန်ရဲ့ တည်နေရာကို ရှာမတွေ့သေးတာနဲ့ အတော်ပဲ”
စူးချန်ကဲ အတော်လေးမျှော်လင့်နေသည်။ ရွှေခေတ်တွင် ပါရမီရှင် လူငယ် အများအပြား ပေါ်ထွက်လာပြီး ရှေးဟောင်း ဘီလူးကြီးများ ထပ်မံ မွေးဖွားလာတော့မည် ဖြစ်သည်။
ဆိုလိုသည်မှာ ကြက်သွန်မြိတ်(သူ့အတွက် မြေစာခံ လုပ်ပေးမယ့် လူငယ်လေးများ)တွေ ပိုများလာတော့မည်ပင်။
အပိုင်း(၈၄): ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်၊ စစ်မှန်သော သူတော်စင် တာအို သန္ဓေသားလောင်း ၊ဧကရာဇ်မင်းတို့ ထွက်ပေါ်လာခြင်း
စူးချန်ကဲသည် သူလေ့ကျင့်နေကြ ကွေးယွမ် ဘုရားကျောင်းသို့ တစ်ဖန် ပြန်လာခဲ့သည်။
ဤတိုက်ပွဲတွင် ရရှိခဲ့သည့် စနစ်၏ ဆုလာဘ်ကို သူ အတော်လေး စိတ်ဝင်စားနေခဲ့သည်။
ကံစမ်းခွင့် လက်မှတ်!
“ အချီကြီး လာစမ်းဟေ့”
နတ်အလင်းရောင်များ ဝန်းရံထားသော ရတနာသေတ္တာ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဂလောင်ဂလင်!
ရတနာသေတ္တာသည် ဖြည်းညှင်းစွာ ပွင့်သွားပြီး၊ အတွင်းဘက်မှ အရောင်အသွေး စုံလင်သော နတ်အလင်းရောင်များ ထွက်ပေါ်လာသည်မှာ တိုက်ရိုက် မကြည့်နိုင်လောက်အောင်အထိ စူးရှ တောက်ပလွန်းသည်။
“ ကံကောင်းလိုက်တာ! ငါ့ကံက မဆိုးဘူးထင်တယ်!”
【ဒင်း! ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်ကို အောင်မြင်စွာ ရရှိသည့် အတွက် သင့်အား ဂုဏ်ယူလိုက်ပါတယ်】
တောက်ပသော အလင်းတစ်ခုက စူးချန်ကဲ ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလို ၊ သူ၏ ဦးနှောက်ထဲ၌ အချက်အလက်တချို့ ပေါ်ထွက်လာခဲ့သည်။
[ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်-
အမတဘုံ သာယာဝပြောသော ခေတ်အခါက ၊စွမ်းအားကြီးမားသော လူသားမျိုးနွယ်မှ မြင့်မြတ်သော ပါရမီရှင်တစ်ဦး မွေးဖွားလာခဲ့သည်။ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ အသက်သွေးကြောဖြင့် မွေးဖွားခဲ့သူလည်း ဖြစ်သည်။ကောင်းကင်လမ်းစဉ်၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ချိုးဖျက်နိုင်သလို၊ ထာဝရလမ်းစဉ်ကို နားလည်နိုင်မည် ]
စူးချန်ကဲသည် စနစ်မှ ဖော်ပြထားသော အချက်အလက်ကို ဖတ်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည်-
“ ဒါဟာ တကယ်တော့ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်အတွက် ကိုက်ညီတဲ့ ကျင့်စဉ် တစ်ခုပဲ”
“အမတဘုံ သာယာဝပြောသော ခေတ်၊ အဲဒါက ဘာပြောပြန်တာတုန်း”
စူးချန်ကဲ ခေါင်းရှုပ်သွားသည်။ အမတဘုံသင်္ချိုင်းခေတ်တွင် အမှောင် သတ္တဝါများ ကျူးကျော်ဝင်ရောက်လာသောကြောင့်ကောင်းကင်ကြီးမှာ ကွဲအက်သွားရပြီး အရာအားလုံး ဆိတ်သုဉ်းသွားသည့် အကြောင်းကိုတော့ သူသိထားသည်။
အမတဘုံ သာယာဝပြောသော ခေတ်ဆိုတာ မဟုတ်မှလွဲရော အမတရွှေခေတ်ကို ပြောတာများလား?
စူးချန်ကဲ ခေါင်းရှုပ်ရပြန်သည်။သူသည် သန်မာလာသည်နှင့်အမျှ ဝဲဂယက်ထဲ ဆွဲခေါ်ခံရပြီး ၊ချန်ဖုန်းကမ္ဘာနယ်မြေ၏ နောက်ကွယ်က အမှန်တရားသည်လည်း ဖြည်းဖြည်းချင်း ပုံပေါ်လာနေဆဲပင် ဖြစ်သည်။
“ကြည့်ရတာ ခရီးက ဝေးသေးပုံရတယ်”
စူးချန်ကဲ စိတ်ထဲ တိတ်တိတ်လေး ကောက်ချက်ချလိုက်သည်။
ထို့နောက် သူသည် ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်ကို လက်ခံယူလိုက်သည်။
ချက်ခြင်းဆိုသလို ၊ စူးချန်ကဲ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသော အလင်းရောင်များ ဖြာထွက်လာခဲ့ပြီး သူ၏ ရောင်ဝါများက ပို၍
မြင့်မြတ်သော အနေအထားသို့ ရောက်လာခဲ့ပြီး သူ၏အသွေးအသားမှာလည်း ပြောင်းလဲသွားခဲ့သည်။
ချီစွမ်းအင်အရာတွင် ကျွမ်းကျင်သော သူတစ်ယောက်ယောက်သာ မြင်တွေ့ခဲ့မည်ဆိုပါက ၊ စူးချန်ကဲ၏ ပတ်ပတ်လည်တွင် ကြီးမားသော ရွှေရောင်နဂါးကြီးက သူ့အား လှည့်ပတ်နေသည်ကို တွေ့ရပေမည်။
တောက်ပရွှန်းလဲ့နေသော ရွှေရောင်တိမ်တိုက်များက ပြန့်နှံ့ရောက်ရှိလာသည်။ သူ့တစ်ကိုယ်လုံး တာအိုလမ်းစဥ်နှင့် လိုက်လျောညီထွေရှိသော လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ ထွက်ပေါ်လာခဲ့သည်။
ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်သည် သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားတို့ကို သဟဇာတဖြစ်စေပြီး ၊အရာခပ်သိမ်း နားလည်သဘောပေါက်စေသည်။
ပိုမိုပြင်းထန်သော နတ်ဘုရားအလင်း၏ နှစ်ခြင်းကို ခံလိုက်ရသည်နှင့် စူးချန်ကဲ၏ မူလက အငွေ့အသက်များနှင့် လက်ကျန်အမှတ်အသားတို့မှာ ဖျက်စီးခံလိုက်ရသကဲ့သို့ သူ၏ခန္ဓာကိုယ်သည် ပို၍ သန့်ရှင်းစင်ကြယ်လာပြီး၊စစ်မှန်သော သူကိုယ်တိုင် ဖြစ်လာခဲ့သည်။
“ဒါမှ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်အစစ်ပဲ!”
စူးချန်ကဲ၏ မျက်ဝန်းများထဲတွင် နားလည်သွားသော အရိပ်အမြွက်များ ထင်ဟပ်နေသည်။
သူ၏ ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်းစဉ်တွင်၊ သူ၏ ရုပ်ခန္ဓာအား ခန္ဓာကိုယ်ဖွဲ့စည်းမှု နိယာမကဲ့သို့ မရေမတွက်နိုင်သော နိယာမများ၏ စွမ်းအားဖြင့် ပုံဖော်ထားသည်။
“ တာအိုလမ်းစဉ်များစွာထဲက ငါသည်သာလျှင် ယုံကြည်အားကိုးရာ!”
ဘုန်း!
အဆုံးမဲ့ နတ်အလင်းများ ထွက်ပေါ်လာပြီး၊ ကောင်းကင်နှင့် မြေကြီးကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ပဲ့တင်ထပ်သံများ ထွက်ပေါ်လာခဲ့သည်။
၎င်းသည် အရာအားလုံးတို့၏ သံပြိုင်၊ဤကမ္ဘာကြီး၏ သန္ဓေတည်ခြင်း နှင့် အဆုံးစွန်သော သူတော်ကောင်းတရားတို့ပင် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်သည် မသိလိုက် မသိဘာသာဖြင့် သာ့နိမ်(အနန္တတန်ခိုးရှင်)အဆင့်ထိ ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။
ယုတ္တိနည်းကျကျ ဆိုရလျှင်ဖြင့် ၊သာ့နိမ်(အနန္တတန်ခိုးရှင်)အဆင့်ကို ဖြတ်ကျော်ရာတွင် မိုးကြိုး ကပ်ဘေးကို တွေ့ကြုံရတတ်သည်။သို့သော် ကောင်းကင်ဘုံသည် သဘာဝအတိုင်း မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
ဤသည်မှာ စစ်မှန်သော သူတော်စင် တာအိုသန္ဓေသားလောင်း ခန္ဓာကိုယ်ကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
တာအိုလမ်းစဉ်အတွက် တာအိုလမ်းစဥ်နှင့် ကိုက်ညီစွာ မွေးဖွားလာသူ ဖြစ်သည့်အပြင် တရားဓမ္မကို အာရုံပြု၍ ကျင့်ကြံအားထုတ်နိုင်သူလည်း ဖြစ်သည်။ တာအိုသည် သူ ၊သူသည် တာအိုပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကွေးယွမ် ဘိုးဘွားပိုင်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင် ၊
ဧကရီ ရွှမ်ယွီ၏ လှပသော မျက်လုံးများက ကွေးယွမ် ဘုရားကျောင်းဆီသို့ လှမ်းကြည့်ရင်း
“ဘိုးဘေး အရင်က ကျွန်မကို ဒီဆက်ခံသူက ဒဏ္ဍာရီထဲက တားမြစ် ခန္ဓာကိုယ်နဲ့ ကံကြမ္မာက ပေးအပ်ထားတဲ့ တာဝန်နဲ့ မွေးဖွားလာသူလို့ ပြောခဲ့တုန်းက ကျွန်မ မယုံကြည်ခဲ့ဘူး ၊အခုကြည့်ရတာ ဟုတ်သလိုပဲ”
“ဟာဟား၊ ဒီကလေး ချန်ကဲက သိပ်ကို လျှို့ဝှက်ဆန်းကြယ်တယ်၊ငါတောင် မမြင်နိုင်ဘူး၊သူ့ကံကြမ္မာနဲ့ အကျိုးဆက်ကို အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါတစ်ခုက ဖုံးလွှမ်းထားပုံပဲ ၊အဲ့ဒီထဲက တာအိုလမ်းစဉ်က ငါ နားလည်ထားတာထက်ကို ပိုပြီး သာလွန်နေတယ်”
ထိုအကြောင်းကိုပြောရင်း ရှေးဘိုးဘေးက ခေတ္တရပ်လိုက်သည်။ သူသည် တစ်ခုခုကို တွေးနေပုံရပြီး ခေါင်းယမ်းလိုက်သည်။
စူးချန်ကဲ၏ ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ ဝှက်ထားသော ရောင်ဝါသည် အလွန့်အလွန်ကို ကြောက်စရာကောင်းပေသည်။
ဤကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ တာအိုလမ်းစဥ်သည် ကောင်းကင်ဘုံ၌ ရှိသော တာအိုလမ်းစဉ်နှင့် တရားဓမ္မတို့၏ အရင်းအမြစ်နှင့် ဆင်တူပြီး ၊ ဤအရာအားလုံးက သူ့ကြောင့် ဖြစ်တည်လာသကဲ့သို့ပင်။
သူ့အနေဖြင့် ရှေးခေတ်လျှို့ဝှက်ချက်များအကြောင်း များများစားစား နားမလည်သော်လည်း ၊အကယ်၍ ထုတ်ပြောမိပါက ထိုရဲ့အကျိုးဆက်ကို ခံရပေလိမ့်မည်။စူးချန်ကဲအတွက် မလိုလားအပ်သော ဒုက္ခမဖြစ်စေရန် သူသည် များများစားစား ထုတ်မပြောခဲ့ပေ။
ဧကရီ ရွှမ်ယွီသည် ခေါင်းညိတ်လိုက်သည်။ ရှေးဘိုးဘေး၏ အတွေးအမြင်ကို သူမ နားလည်သည်။
“ဘိုးဘေး၊ ရှင်က အင်အားကြီးမားတဲ့ ဧကရာဇ်မင်းတွေကို ကံကြမ္မာပင်လယ်ဆီ လွှတ်လိုက် တော့ နယ်မြေပိုင်နက် စစ်မြေပြင်ကြရော?”
“ကိစ္စမရှိဘူး၊ မရဏနိုင်ငံ သွားရာလမ်းနဲ့ မရဏနိုင်ငံ တံခါးကို စောင့်ရှောက်တဲ့ ဧကရာဇ်မင်းကို သွားခွင့်ပေးလိုက်ပါ ၊ ချိန်းဆိုထားတဲ့နေ့ကို ရောက်လာခဲ့ပြီပဲ”
“ ကြီးမားတဲ့ မျိုးဆက်တွေလာတော့မယ် ငါ ကွေးယွမ် သူတော်စင် နယ်မြေ ပြင်ဆင်ထားခဲ့တဲ့ အနှစ်တစ်သောင်း အစီအစဉ်ဟာ စတင်ခဲ့ပြီပဲ”
ဧကရီ ရွှမ်ယွီသည် ခဏမျှ အံ့အားသင့်သွားပြီး ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
သူမပင်လျှင် စူးချန်ကဲကို အားကျရပေသည်။
သူ့အတွက်နဲ့၊ ကွေးယွမ် သူတော်စင်နယ်မြေသည် လျှို့ဝှက်စွမ်းအားကို စတင်အသုံးပြုနေပြီဟု ဆိုနိုင်သည်။
အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သော်လည်း၊ သို့သော် ၎င်းသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတစ်ခုလည်း ဖြစ်သည်။
သူမသည် ကွေးယွမ် ဘုရားကျောင်း၏ ဦးတည်ရာဘက်ကို တစ်ဖန် ပြန်ကြည့်လိုက်ရာ၊ ထိုနေရာရှိ သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါသည် ပိုမို ကြွယ်ဝလာပြီး ထင်ရှားလာသည်။
ပရမ်းပတာတို့၏ အစကဲ့သို့၊ ရူပါရုံနိမိတ်များလည်း ထင်ရှားပေါ်လွင်လာခဲ့သည်။
ဦီးညွှတ်နေသော နတ်ဆိုးများ၊ ကောင်းချီး ပေးနေသော နတ်မင်းများ ၊ကောင်းကင်ယံတွင် ကင်းလှည့်နေသော နတ်အပေါင်းတို့၏ ဘုရင်၊ ဒဏ္ဍာရီလာ သားရဲများ စသော ကောင်းချီးမင်္ဂလာများဖြင့် ပြည့်နှက်နေသည်။
ဤမြင်ကွင်းသည် နှစ်ပေါင်းများစွာ ဧကရီ တစ်ပါး ဖြစ်ခဲ့သော သူမကိုတောင် အံ့အားသင့်သွားစေခဲ့သည်။
“အရင်က ငါ မှားပြောခဲ့မိတယ်၊ တိ့ကျန့် အဲ့ကောင်လေးတောင် ဒီနတ်ဆိုးကောင်လေး ရှေ့မှာ ခေါင်းငုံ့ရမယ့်ပုံပဲ “
တစ်ချိန်တည်းမှာပင်၊ တိုက်မြေ နယ်ပယ် အသီးသီးတွင် အရာအားလုံးက ငြိမ်းချမ်းနေပုံသော်လည်း၊အမှန်တွင်မူ ၎င်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။တိုက်မြေနယ်ပယ်အသီးသီး၏ အတွင်း၌ ကမ္ဘာမြေတုန်ခါမှု အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့သည်။
ယောက်ရွှီ တိုက်မြေ ၊
မကောင်းဆိုးဝါး မျိုးနွယ်စုမှ သန်မာသော ကျင့်ကြံသူများသည် အဆုံးမရှိသော သမုဒ္ဒရာကြီး၏ ဝေဟင်ပေါ်တွင် ရှိနေကြပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ လေးစားမှုကို ပြသနေသည်။
ဟိန်းသံ!
ဧရာမ နဂါးကြီး၏ မြည်ဟိန်းသံသည် ကောင်းကင်ကို တုန်လှုပ်သွားစေပြီး ၊နတ်နဂါးတစ်ကောင်သည် ပင်လယ်မှ ထွက်ပေါ်လာသည့်အတိုင်း ရွှေဝါရောင်နဂါးသည် ပင်လယ်မှ ထွက်ပေါ်လာကာ ကောင်းကင်သို့ ပျံတတ်သွားသည်။ ၎င်း၏ ထွက်ပေါ်လာမှုကြောင့် ပင်လယ်ရေပြင်မှာ လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။
နဂါးငွေ့တန်း ဂလက်စီသည် တဝုန်းဝုန်း သည်းထန်စွာ ရွာသွန်းလာသည်။
ဘုန်း!
ထို့နောက် ချက်ချင်းဆိုသလို၊ အဆုံးမဲ့ ပင်လယ်မျက်နှာပြင်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် ကွဲထွက်သွားခဲ့သည်။
လှိုင်းလေထန်နေသော ပင်လယ်ပြင်ကြီးမှ
ကျယ်ပြောလှသော ရှေးနတ်ဘုရားကျွန်းတစ်ကျွန်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဝေါင်း! ဝေါင်း! ဝေါင်း!
စစ်မှန်သော ရွှေဝါရောင် နဂါးများစွာ ထွက်ပေါ်လာပြီး ၊ တန်ခိုးကြီးသော နဂါးစွမ်းအား ကြောင့် စကြဝဠာထက်က ကြယ်များပင်လျှင် တုန်လှုပ်စွာဖြင့် တဖျပ်ဖျပ် ရိုက်ခတ်နေသည်။
တန်ခိုးကြီးမားသော နဂါးစွမ်းအင်သည် အလွန် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်စင်းလိုပင် ။
“နတ်နဂါးကျွန်းစု ပေါ်ထွက်လာတာကို ကျွန်တော်တို့ စောင့်မျှော်နေတာပါ!”
“နတ်နဂါးကျွန်းစု ပေါ်ထွက်လာတာကို ကျွန်တော်တို့ စောင့်မျှော်နေတာပါ!”
“နတ်နဂါးကျွန်းစု ပေါ်ထွက်လာတာကို ကျွန်တော်တို့ စောင့်မျှော်နေတာပါ!”
မကောင်းဆိုးဝါးမျိုးနွယ်စုမှ မရေမတွက်နိုင်သော အင်အားကြီးမားသောကျင့်ကြံသူများသည် အလွန်တရားစိတ်လှုပ်ရှားနေကြပြီး ၊
၎င်းတို့၏ မကောင်းဆိုးဝါးမျိုးနွယ်စု၏ ဧကရာဇ်မင်း မျိုးနွယ်စုမှာ နိုးထလာခဲ့ပြီဖြစ်သည်။
သို့သော် ထိုမကောင်းဆိုးဝါး မျိုးနွယ်စုကြားထဲတွင် လူသားတစ်ယောက် ရှိနေခဲ့သည်။
၎င်းမှာ ရှေးခေတ် ချင် မင်းဆက်တို့၏ ဘုရင် မင်းမြတ်ပင်။
အမှန်အတိုင်းဆိုရလျှင်ဖြင့်၊ ရှေးခေတ် ချင် မင်းဆက်၏ နဂါးဝိညာဉ် နှင့် နတ်နဂါးကျွန်းစု၏ ဆက်နွယ်မှုကို ခွဲထုတ်ဖို့ရန် မဖြစ်နိုင်ချေ။
ရုတ်တရက်!
နတ်မြူခိုးများဖြင့် ပြည့်နှက်နေသော ရှေးတောင်တန်းကြီး တစ်နေရာတွင်၊ ကောင်းကင်ယံဆီသို့ အလင်းတန်းနှစ်ခု ရောက်ရှိလာခဲ့သည်။
တစ်ခုမှာ အနီရောင်၊ တစ်ခုမှာ အပြာရောင် ဖြစ်ပြီး ၊ ၎င်းတို့သည် ဖီးနစ်သဏ္ဍာန်နှစ်ခု ရှိသည်။
ရေခဲဖီးနစ် တစ်ကောင်နှင့် မီးလျှံဖီးနစ် တစ်ကောင် !
ဖီးနစ်နှစ်ကောင်သည် ရေခဲ နှင့် အပူကို တစ်ချိန်တည်း အသုံးပြုကာ ကောင်းကင်ကို တိုက်ထုတ်နေသကဲ့သို့ လူကို ထင်ယောင်ထင်မှား ဖြစ်စေသည်။
နေသာသောကမ္ဘာကြီးသည် တစ်ချိန်တည်းမှာပင် အေးခဲလာသလို တဖန် ပူပြင်းလာပြန်သည်။
“စစ်မှန်သော ဖီးနစ်လှိုဏ်ဂူ မွေးဖွားလာခြင်းကို ကြိုဆိုလိုက်ပါတယ်!”
“စစ်မှန်သော ဖီးနစ်လှိုဏ်ဂူ မွေးဖွားလာခြင်းကို ကြိုဆိုလိုက်ပါတယ်!”
“”
လူသားမျိုးနွယ်စုမှ နောက်ထပ် ဧကရာဇ်မင်းမျိုးနွယ်စုလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤမြင်ကွင်းသည် ယောက်ရွှီတိုက်နယ်မြေတွင် မဟုတ်ဘဲ၊
လော့ဟယ်ဓားဂိုဏ်း၏ မရေမတွက်နိုင်သော ရှေးဟောင်းဓားများ ထည့်သွင်းထားသည့် ဓားဂူဗိမာန်တွင် တည်ရှိသည်။
တောက်ပသော ဓားအလင်းတစ်ခုသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်။
မိုင်ထောင်ပေါင်းများစွာက ဓားများပင်လျှင် တညီတညွတ်တည်း တုန်လှုပ်သွားကြသည်။
အမှတ်မထင် ထွက်ပေါ်လာသော ဓားဆန္ဒက မြင့်မြတ်သော တောင်ကြီးကို ချက်ချင်း ဆိုသလို ဖြိုခွဲပစ်လိုက်သည်။
၎င်းတို့အထဲတွင် ဝတ်ရုံဖြူ အမျိုးသားတစ်ယောက် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်လုံးများကို ခပ်တင်းတင်းမှိတ်ထားသော်လည်း ၊ သူသည် ပုံမှန်အတိုင်း လျှောက်လှမ်းလာသည်။
သူသည် ဒဏ္ဍာရီလာ ကောင်းကင်ယံဖွင့်ဓားမျက်လုံး ကို ကျင့်ကြံအားထုတ်ထားသူ ဖြစ်သည်။သူ၏ မျက်လုံးကို အပြည့်အဝ ဖွင့်ထားမည် ဆိုပါက ၊ သူတော်စင် ခန္ဓာကိုယ်ကိုတောင် ယှဉ်ပြိုင်နိုင်သည်။
ခိုင်းထျန်းဓားအရှင် နှင့် ဝူကျီအောက်ထျန်းတိုက ရိုသေလေးစားစွာဖြင့် ဆိုလိုက်သည်။
“လူငယ်ဓားသခင် နိုးထလာတာကို ကြိုဆိုပါတယ်”
၎င်းသည် လော့ဟယ် ဓားဂိုဏ်း၏ လူငယ်ဓားသခင်ငါးဦးတွင် ပဉ္စမအဆင့် တည်ရှိမှုဖြစ်သည်။
“ဒီနေ့ ဘာနှစ်လဲ”
ထိုဝတ်ရုံဖြူ ပညာရှင်က မေးလိုက်သည်။
“ဓားသခင်ကို ပြန်လျှောက်ပါတယ် ၊ ဒီနှစ်က မြောက်ပိုင်း ပေမင်ပြက္ခဒိန် ၂၆၈၅၅ခုနှစ် ဖြစ်ပါတယ်”
“နှစ်ပေါင်း လေးထောင်တောင် ကုန်သွားပြီလား”
“ရွှေခေတ် ရောက်လာပြီပဲ”
သူသည် မနေနိုင်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။လော့ဟယ် ဓားဂိုဏ်းမှလွဲ၍ ၊ သူ့ကို အနိုင်ယူနိုင်မယ့်သူ မည်သူရှိဦိးမည်နည်း။
“””
အဆုံးမဲ့ သေခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေပြီး အနက်ရောင် ဒီရေများ စီးဆင်းနေသော နယ်ပယ်တစ်ခုတွင် ၊
ဤကမ္ဘာကို တစ္စေကမ္ဘာဟု ခေါ်ဆိုသည်။
“ ကွေးယွမ် သူတော်စင် နယ်မြေက လူယုတ်မာကောင် သွားပြီပေါ့၊မြေအောက်ကမ္ဘာမှာရှိတဲ့ ငါတို့ ထာဝရ ဧကရာဇ်မျိုးနွယ်စုသာ အိပ်ပျော်နေခဲ့တာ မဟုတ်ဘူးဆိုရင် ၊ဒီလို သူရဲဘောကြောင်တာကို ငါတို့ ဘယ်လိုလုပ် လက်ခံနိုင်မလဲ?”
“ ကွေးယွမ် သူတော်စင် နယ်မြေကလည်း အစီအစဉ်ကောင်းတစ်ခု လုပ်ထားတယ်၊ကြီးမားတဲ့ မျိုးဆက်တွေ ထွက်ပေါ်လာတော့မယ် ၊ တစ္စေကမ္ဘာမှာရှိတဲ့ ငါတို့ ထာဝရ ဧကရာဇ်မျိုးနွယ်တွေ နိုးလာတာနဲ့ ချက်ချင်းထွက်ခွာမယ်”
ဝုန်း ဝုန်း!
တစ္စေကမ္ဘာ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်၊
အဆုံးမဲ့အနက်ရောင် လှိုင်းလုံးကြီးသည် နတ်ဆိုး နိုးထလာသည့်အတိုင်း တလိပ်လိပ် တတ်လာသည်။
လမ်းစဉ်ကို အလွယ်တကူ ဖောက်ပြားစေကာ အရာအားလုံးကို နိတ္ထိအဖြစ်သို့ ပြောင်းလဲသွားစေမည့်အလား။
ရှီရှန်းဗုဒ္ဓဝါဒ ၊
ရွှေဝါရောင်အလင်းတန်းများက ကောင်းကင်တခွင် ပြည့်နှက်နေပြီး ၊ ကြွေးကြော်သံများက ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်။
ကောင်းကင်ယံရှိ တိမ်တိုက်များပေါ်တွင် ထိုင်ကိုယ်တော် ဗုဒ္ဓရုပ်ပွားတော်များစွာ ရှိနေပြီး
ရောင်စုံအလင်းတန်းများ ဖြာထွက်လျက် ရှိသည်။
“ အာမိထော်ဖော် ၊ ဒီလို ရွှေရောင် ကြီးမြတ်တဲ့ မျိုးဆက်ခေတ်မှာ ငါ ရှောင်ရှီးထျန်း မျိုးနွယ်သစ်ကို လက်ခံပြီး ဗုဒ္ဓရဲ့ ကရုဏာကို ဆက်လက်ထိန်းသိမ်းချင်တယ် “
“ သိပ်ကောင်းတယ်”
တောက်ပသော ဗုဒ္ဓ၏ အလင်းရောင်သည် ကောင်းကင်၌ ရောင်ပြန်ဟပ်ကာ သက္ကတသံများမှာ အဆုံးမရှိပေ။
မရဏကမ္ဘာတွင် ၊
“ နတ်ဘုရားအချုပ်ထောင် နန်းတော် ၊ နိုးထလာတော့မှာလား”
မိုးမခသစ်ပင်အောက်တွင် ထိုင်နေသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် ချိုင်းထောက်ကို အားပြု၍ အသုတရာ နက်သောချောက်ဆီသို့ မျက်နှာမူထားသည်။
သူ့နောက်က လူများသည် ဘာမှပြန်မပြောဘဲ ချောက်ထဲကိုသာ တိတ်တဆိတ် စိုက်ကြည့်နေသည်။
ရုတ်တရက်၊ ခြောက်သွေ့ရှုံ့တွနေပြီ ဖြစ်သော သူ၏ မျက်လုံးထောင့်မှာ အနည်းငယ် လှုပ်ယမ်းသွားခဲ့သည်။သူသည် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုအချို့ နှင့် အတူ ဆိုလိုက်သည်။
-“သူ လာပြိီ!”
ဘုန်း!
သွေးချီစွမ်းအင်စီးကြောင်းများက ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး ဤအမှောင်ကမ္ဘာကြီး တစ်ခုလုံးကို သွေးနီရောင်များဖြင့် ဆေးဆိုးထားသည်။
မရေမတွက်နိုင်သော ပြင်းထန်သော သရဲတစ္ဆေများ၏ ကြွေးကြော်သံများဖြင့် ပဲ့တင်ထပ်လို့ နေသည်။
ထို့နောက် သံကြိုးများက ၎င်းတို့အား ဟင်းလင်ပြင်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
မရေတွက်နိုင်သော အမှောင်စစ်သားများနှင့် အမှောင်စစ်ဗိုလ်တို့သည် အမှောင်ထုတွင်းမှ ဖြည်းညှင်းစွာ ထွက်ခွာလာကြသည်။
၎င်းတို့နောက်ရှိ၊ မှောင်မိုက်သော နန်းတော်ကြီး တစ်ခုတွင် သွေးများဖြင့် ‘နတ်ဘုရား အချုပ်ထောင် နန်းတော်”ဟူသော စာလုံးကြီးသုံးလုံးကို ရေးထိုးထားသည်။
ပိုလို့တောင် အံ့သြစရာကောင်းသည်မှာ၊
အရှိန်အဝါ တစ်ခုက အမှောင်ကမ္ဘာထဲတွင် ဘုရင်တစ်ပါး တည်ရှိနေသကဲ့သို့ပင်။
မာန်နတ်ကမ္ဘာ။
ဝတ်ရုံနက် လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။သူ၏ ချောမောသော မျက်နှာ၊ အရပ်မြင့်မြင့် အထူးသဖြင့် သူ၏ အေးစက်သော မျက်ဝန်းများက သူ့ကို အဆုံးမရှိ ပြည့်နှက်နေသော ဧကရာဇ်တစ်ပါး၏ စွမ်းအားများကို ပြသနေသည်။
သူ၏ ကျောနောက်တွင် နက်မှောင်သော ရှေးဟောင်းဓားတစ်စင်းကို ထမ်းပိုးထားပြီး တုနှိုင်းမရသော ဓားစွမ်းအင်များက ဝန်းရံထားသည်။
“ ဟွမ်းထျန်း၊ ရှေးဘိုးဘေးက ငါတို့ကို ကံကြမ္မာပင်လယ်ကို သွားခိုင်းတယ်”
တန်ခိုးကြီးမားသော ဧကရာဇ်မင်းတစ်ပါးက ပြောလိုက်သည်။
ဟွမ်းထျန်း ဧကရာဇ်မင်းသည် ကွေးယွမ်၏ ထိပ်တန်းဧကရာဇ်များထဲမှ တစ်ဦးဖြစ်ပြီး၊ သူ၏ ဓားစွမ်းရည်သည် ခေတ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“အင်း သွားရအောင်”
ဧကရာဇ်မင်း ဟွမ်းထျန်းသည် နတ်ဆိုးစွမ်းအင်များ တဟုန်ထိုးတက်နေသော ကမ္ဘာကို နောက်ဆုံး တစ်ချက် ကြည့်လိုက်သည်။
ထိုလောကသည် အမှောင်နယ်ပယ်သုံးခုဖြစ်ပြီး၊ တစ္စေကမ္ဘာ၊ မရဏကမ္ဘာနှင့် မာန်နတ်ကမ္ဘာတို့ပင် ဖြစ်သည်။
၎င်းတို့သည် အမှောင်ထု၏ တစိတ်တစ်ပိုင်းမျှသာ ဖြစ်ကြောင်း ဤနှစ်များအတွင်း သူ သိလာခဲ့သည်။
ဧကရာဇ်မင်း ဟွမ်းထျန်းသည် ကွေးယွမ်၏ အခြားဧကရာဇ်များနှင့်အတူ ထွက်ခွာသွားပြီးနောက်၊
ချောက်နက်ထဲရှိ နတ်ဆိုးစွမ်းအင်များသည် ရုတ်တရက် တဟုန်ထိုး ထကြွလာပြီး မရေမတွက်နိုင်သော အမှောင်ထု နတ်ဆိုးပန်းပွင့်များအဖြစ် ပြောင်းလဲသွားသည်။
နယ်ပယ်အသီးသီးတွင် ဖြစ်ပျက်ခဲ့ကြသော အပြောင်းအလဲများမှာ အဆက်မပြတ်ပင်။
ခရမ်းရောင်စွမ်းအင်များ မိုင်ထောင်ပေါင်းများစွာ ဖြန့်ကျက်ထားသော နတ်အလင်းရောင်များဖြင့် လွှမ်းခြုံထားသော မြင့်မြတ်သော တောင်တန်း ၊လိုဏ်ဂူများလည်း ရှိသည်။
ခမ်းနားထည်ဝါသော သွေးချီစွမ်းအင်များက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး မြင့်မြတ်သောတောင်တန်းတို့တောင် ပြိုကျပျက်စီးရသည်။
တိမ်၊ မြူခိုးများက ကျွန်းအသွင် ဖြစ်ပေါ်ကာ အတောင်ပံပါသော နတ်တို့သည် ၎င်းတို့ကြားထဲ ပျံဝဲနေပုံရသည်။
ချန်ဖုန်း ရှေးဟောင်း အင်အားစုများလည်း တဖြည်းဖြည်း နိုးထလာခဲ့သည်။
မုန်တိုင်းအသစ်၊ ကမ္ဘာသစ်တစ်ခု၏ ရှေ့ပြေးလမ်းစကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အပိုင်း(၈၅) : ပထမ သူတော်စင် ယဲ့လင်ထျန်း၊ နတ်မီးလျှံလက်ဝါး
တခြားနယ်မြေနှင့် စာရင် ၊ ကွေးယွမ် ဘုရားကျောင်းက ပိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်လို့နေသည်။
အထွပ်အထိပ် သူတော်စင်စွမ်းအား၏ လှိုင်းတံပိုးများသည် နတ်ပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊လမ်းစဉ်နှင့် အကြောင်းတရားတို့က ယှက်နွယ်လျက် စူးချန်ကဲ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပုံဖော်နေခဲ့သည်။
ပုံသွင်းရာတွင် အချိန်မည်မျှ ကြာသွားမှန်းတောင် မသိပေ။
လေဟာနယ်ထဲတွင် လှုပ်ရှားဆောင်ရွက်နေခဲ့သော တာအိုသံစဥ်များက တဖြေးဖြေး ရပ်တန့်သွားခဲ့သည်။
စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲက သွေးချီစွမ်းအင်သည် လှည့်ပတ်သွားလာနေပြီး ၎င်း၏ တုန်မြည်သံသည် မိုးခြိမ်းသံကဲ့သို့ပင်။
သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရွှေရောင်ဖျော့ဖျော့ အလင်းရောင်များ ပေါ်ထွက်လာပြီး ၊ အသားအရေမှာ ကြည်လင် တောက်ပလျက် ၊ကျောက်စိမ်းနှင့်တူသော ရတနာခန္ဓာကိုယ်ဟု ဆိုရပေမည်။
သူသည် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ဆံပင်ကို ချည်နှောင်ထားကာ ၊အဘိညာဉ်၏ အသွင်အပြင် ရှိသည်။
ဆက်ခံသူသည် ဤကမ္ဘာပေါ်သို့ ဆင်းသက်လာသော အမရှင်တစ်ပါးကဲ့သို့ပင်။
စူးချန်ကဲ ကာယကံရှင်၏ ဦိးခေါင်းထက် ရောင်လျှံစက်ဝန်းသည် တစ်ဖန်ပြန်လည်အားကောင်းလာသည်မှာ သံသယဖြစ်စရာ မလိုပေ။
သူ့ကို ရစ်ဝဲထားသော ခမ်းနားထည်ဝါသော မှော်သင်္ကေတများသည် သူ့အား ပိုထိရောက်စေသည်။
“ဒါကမှ စစ်မှန်တဲ့ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းလား?”
“ တာအိုလမ်းစဉ်များစွာထဲက ငါသည်သာလျှင် ယုံကြည်အားကိုးရာ!”
စူးချန်ကဲက ရွတ်ဆိုလိုက်သည်။
ဒေါက် ဒေါက် ဒေါက် !
ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အရှင်၊ ဖော့ကျွင်းဘိုးဘေးက မင်း လေ့ကျင့်ပြီးတာနဲ့ မင်းကို ကွေးယွမ် လေ့ကျင့်ရေးကွင်းပြင်ကို သွားခိုင်းလိုက်ပါတယ်”
“ ငါ သိပြီ” စူးချန်ကဲ က ဖြေကြားလိုက်သည်။
စူးချန်ကဲသည် သူ့ခန္ဓာကိုယ်ထဲက အငွေ့အသက်ကို ခံစားမိသည်။သူသည် စစ်မှန်သော မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း အဖြစ် အသွင်ပြောင်းလဲခဲ့ပြီး နောက်တွင် ၊ သူသည် သာ့နိမ်(အနန္တစွမ်းအားရှင်) နယ်ပယ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်ကို လေ့ကျင့်ထားသောကြောင့် ၊ သူ၏ အငွေ့အသက်သည် တာအိုလမ်းစဉ်နှင့် လိုက်လျောညီထွေရှိကာ လေ့ကျင့်ရာတွင် ပို၍ သက်တောင့်သက်သာ ရှိလာသည်။
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ်လေ့ကျင့်ရေးကွင်းပြင်
ဤနေရာတွင် ကွေးယွမ် တပည့်များစွာက ဝိုင်းရံထားပြီး ၊ အလယ်ဗဟိုတွင် ရပ်နေသော လူငယ်တစ်ဦးကို ကြည့်နေကြသည်။
“ပထမ သူတော်စင် ယဲ့လင်ထျန်းရဲ့အငွေ့အသက်က ပိုပြီး အားကောင်းလာတယ်လို့ ငါ ဘာလို့ ခံစားနေမိပါလိမ့်?”
“မင်းမသိသေးဘူးလား? ယဲ့ သူတော်စင်နဲ့ ပိုင် သူတော်စင် တို့က ဝိညာဉ်တစ်ထောင်နယ်ပယ်မှာ အခွင့်အလမ်းကောင်းတွေ ရခဲ့ကြတာလေ၊ ယဲ့သူတော်စင်က ရှေးသားရဲနတ်ဘုရားရဲ့ အမွေကို ရထားတာ၊ သူ့ရဲ့ လက်ရှိ ကျင့်ကြံ အဆင့်က သာ့နိမ်(အနန္တစွမ်းအားရှင်) နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ !”
“အဲ့စကားက တကယ်လား? သူ့ရဲ့ သာ့နိမ်(အနန္တစွမ်းအားရှင်) နှောင်းပိုင်းအဆင့်က မျိုးဆက်ဟောင်းတွေထက် ပိုပြီး သန်မာတာပဲ”
“”
စူးချန်ကဲသည် တပည့်များစွာတို့၏ စိတ်ထဲတွင် အလွန် မြင့်မားသောအဆင့်အတန်း တစ်ခုအဖြစ် ပိုင်ဆိုင်ထားသော်လည်း ၊အကယ်၍ ကျင့်ကြံ အဆင့်အနေနဲ့ ဆိုရလျှင်ဖြင့် ..
စူးချန်ကဲတောင် သူ့ကို ယှဉ်ပြိုင်နိုင်ပါ့မလား?
နေသည် ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေပြီး လေပြေများက အသာယာ တိုက်ခတ်နေသည်။
ထွန်းလင်းတောက်ပသော နေရောင်နှင့်အတူ ဝတ်ရုံဖြူ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
လဖြူရောင် ဝတ်လုံကို ဝတ်ဆင်ထားပြီး ၊ခေါင်းတွင် ကျောက်စိမ်းဆံထုံး အဆင်အယင်ကို ဆင်မြန်းထားကာ အညစ်အကြေးကင်းစင်းသော လူငယ်လေး တစ်ယောက်ပင် ဖြစ်သည်။
သူ့မျက်လုံးများက ကြည်လင်တောက်ပနေပြီး ၊သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှုပ်ရှားထကြွနေသော မှော်သင်္ကေတများ ရှိနေသည်မှာ သူ့ကို အလွန် သိမ်မွေ့နူးညံ့သောပုံ ပေါက်စေသည်။
စူးချန်ကဲ ရောက်ရှိလာတာကို ကြည့်ရင်း ဖော့ကျွင်းဘိုးဘေး၏ မျက်လုံးများမှာ တောက်ပနေသည်။
“ဒီကလေး ချန်ကဲ ရဲ့ ရောင်ဝါတွေက ပိုအားကောင်းလာပြန်ပြီပဲ”
သူ့အနေဖြင့် အတော်လေး ကျေနပ်နေမိသည်။ ရွှေခေတ်ရောက်လာသည်နှင့်အမျှ၊ချန်ဖုန်း ရှေးဟောင်း အင်အားစုများလည်း ပေါ်ထွက်လာပြီ ဖြစ်ကြောင်း ၊သတင်းတချို့ကို သူကြားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမှု၊ သူမျက်လုံးထဲတွင် ၎င်းတို့သည် ဧကရာဇ် အငယ်ပိုင်းများ သို့မဟုတ်
စစ်မှန်သော နတ်သွေးသားကို အမွေဆက်ခံထားသူဖြစ်ပါစေဦး၊ စူးချန်ကဲ၏ ရှေ့မှာတော့ ၎င်းတို့အားလုံး မှေးမှိန်သွားစေရမည်ပင်။
“ ဆက်ခံသူ စူးချန်ကဲ?”
ယဲ့လင်ထျန်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။
ယခုလို သူ စူးချန်ကဲကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ၊ ပင်လယ်အောက်တွင် ဝှက်ထားသော ရေခဲတောင်ထဲ ရောက်သွားသကဲ့သို့ ဤထူးဆန်းသော ခံစားချက်သည် သူ့ကို နားလည်ရခက်စေသည်။
“ ချန်ကဲ ဖော့ကျွင်းဘိုးဘေးကို ဂါရဝပြုပါတယ်”
စူးချန်ကဲ သည် သူ့လက်များကို လျက်ကာ မေးလိုက်သည်။
“ဘိုးဘွား ကျွန်တော်ကို ညွှန်ကြားစရာ တစ်ခုခုရှိလား”
“ အသေးအမွှား ကိစ္စလေးပါ၊ ငါက မင်းကို တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့”
ဖော့ကျွင်းဘိုးဘေးက မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါ ကွေးယွမ်ရဲ့ နံပါတ်တစ် သူတော်စင်၊ သူ့နာမည်က ယဲ့လင်ထျန်းတဲ့ ၊သူက ငါ ကွေးယွမ်ရဲ့ တပည့်ငယ်လေးတွေကို ရှုံးပွဲမရှိ အနိုင်ယူနိုင်ခဲ့တယ်”
“ဒီတခေါက် လေ့ကျင့်ရေးကနေ ပြန်လာတုန်း သူ့ကို အနိုင်ယူနိုင်မယ့် ပြိုင်ဘက်ကို ရှာချင်နေတာ ၊ အဲ့တော့ သူနဲ့ အတူ တိုက်ခိုက်ဖို့ ကွေးယွမ် သူတော်စင် နယ်မြေမှာ တစ်ယောက်ပဲ ရှိတယ်လို့ ငါ ထင်တယ်”
ဖော့ကျွင်းဘိုးဘေးသည် စကားအသွားအလာကို ခေတ္တရပ်လိုက်ပြီး စူးချန်ကဲကို ပြုံးပြုံးကြီး ကြည့်နေသည်။
စူးချန်ကဲသည် ပြုံးလျက် ခေါင်းညိမ့်လိုက်သည်။ ဒီကိစ္စအတွက် သူ စိတ်ထဲမထားချေ။သူသည်လည်း စွမ်းအားများ တိုးပွားလာပြီ ဖြစ်သောကြောင့် ၊ ပါရမီရှင်တစ်ဦးနှင့် ပြိုင်ဆိုင်ခြင်းသည် သူ့ကိုလည်း ခွန်အား ဖြစ်စေသည် ။
“ကျေးဇူးပြုပြီး ဆရာတူအစ်ကိုကပဲ သင်ပြပေးပါဦး”
ယဲ့လင်ထျန်းသည် သူ့လက်ကို လျက်ကာ လေးစားသမှု ဆိုလိုက်သည်။
စူးချန်ကဲသည် သူ့ထက် အချိန်တိုအတွင်း သူတော်စင်နယ်မြေသို့ ဝင်ရောက်လာခဲ့သော်လည်း၊ သို့သော် စူးချန်ကဲ၏ အဆင့်အတန်းသည် သူ့ထက်သာလွန်သောကြောင့် သူ့ကို ဆရာတူ အစ်ကိုဟု ခေါ်ခြင်းသည် စည်းမျဉ်းနှင့် ကိုက်ညီပေသည်။
“ယဲ့လင် ဆရာတူညီလေး အားမနာပါနဲ့”
သူတို့နှစ်ယောက်၏ လိုက်ဖက်ညီသော အသွင်အပြင်ကို ကြည့်ရင်း ဖော့ကျွင်းဘိုးဘေးတစ်ယောက် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
အကယ်၍ ယဲ့လင်ထျန်းသာ စူးချန်ကဲအပေါ် မကျေနပ်စိတ် ရှိခဲ့ပါက ၊ဒါဆို ဒုက္ခရောက်နိုင်မည့် သူမှာ ယဲ့လင်ထျန်းပင် ဖြစ်သည်။
ခဏအကြာတွင် သူတို့နှစ်ဦးသည် ကွေးယွမ် လေ့ကျင့်ရေး စင်မြင်ပေါ်သို့ တက်ခဲ့ကြသည်။
ထိုအချိန်တွင် ၎င်းတို့နှစ်ဦး ယှဉ်ပြိုင်မည့် သတင်းသည် ကွေးယွမ် သူတော်စင် နယ်မြေ တစ်ခွင်လုံး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကွေးယွမ် သူတော်စင်၏ တပည့် အများအပြား ကွေးယွမ် လေ့ကျင့်ရေး ကွင်းပြင်သို့ လာရောက်ခဲ့ကြပြီး ၊လူအမြောက်အမြား လာရောက် ဝန်းရံထားသောကြောင့် လေထု၏ အငွေ့အသက်မှာ လွန်စွာ ပူပြင်းလှသည်။
“တကယ်ပဲ တိုက်ကြတော့မှာလား?”
“ ပျော်စရာကြီး ၊ ယဲ့ ဆရာတူအစ်ကို တိုက်ခိုက်တာကို မမြင်ရတာ နှစ်အတော်ကြာခဲ့ပြီ”
“ ဆက်ခံသူက မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ၊ ယဲ့ သူတော်စင်ကလည်း ရှေးဟောင်း မျက်စံအမွှာပိုင်ရှင် ဘယ်သူက ပိုတော်မလဲ မသိဘူး “
အားလုံးက ရင်ခုန်နေပုံရပြီး ၊သူတို့၏ မျက်နှာမှာ မျှော်လင့်ချက်အပြည့်ဖြင့်။
ထာဝရ စစ်ပွဲကို တွေ့ကြုံပြီးနောက်၊ ကွေးယွမ် ရှိ တပည့်များစွာသည် စူးချန်ကဲ၏ ကျင့်ကြံအဆင့်သည် ယဲ့လင်ထျန်း ထက် နိမ့်သည်ဟု ယုံကြည်ခဲ့ကြသည်။
သို့သော်၊ စူးချန်ကဲသည် သူတို့ကို အံ့ဖွယ်တစ်ခုကို ထပ်မံ ဖန်တီးပြနိုင်မည်ဟုလည်း ယုံကြည်ထားကြသည်။
သူသည် အံ့ဖွယ်အမှုများကို ဖန်တီးသူသာ။
“ငါတို့ ကွင်းပေါ်ရောက်ပြီဆိုတာနဲ့ ဒီတိုက်ပွဲအတွက် မင်း စိတ်ပူနေစရာမလိုဘူး ၊ မင်းစိတ်ကြိုက် တိုက်ပါ”
စူးချန်ကဲက ရယ်ရယ်မောမော ဆိုလိုက်သည်။
ထိုစကားကိုကြားတော့ ယဲ့လင်ထျန်းစိတ်ထဲ အေးစက်သွားသည်။
သူသည် အသက်ပြင်းပြင်းရှူလိုက်ရင်း မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက်၊တိုက်ခိုက်ရေး စိတ်ဓာတ်များ မြင့်တတ်လာခဲ့သည်။
“ လာ !”
သူသည် စူးချန်ကဲ၏ စွမ်းအားကို ခံစားနိုင်သည်။
သူသည်လည်း သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။
သို့သော်၊ စူးချန်ကဲ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းသည် ရှေးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် အတိုင်း မဟုတ်ဘဲ ၎င်း၏ အငွေ့အသက်သည် နားလည်ရခက်စေသည်။
“ အင်အားကြီးမားတဲ့ ပြိုင်ဘက်ပဲ!”
စူးချန်ကဲသည်လည်း ယဲ့လင်ထျန်း၏ မျက်လုံးထဲမှ တဆင့် ၎င်း၏ ပြင်းထန်သော မိမိကိုယ့်ကိုယ်ကို ယုံကြည်ချက်များကို အတိုင်းသား တွေ့နေရသည်။
“ ပြိုင်ဘက်ကင်း ရန်သူများကို နှိမ်နှင်းခြင်းသာလျှင် ငါသွားရမည့်လမ်း ဖြစ်သည်”
ဘုန်း ဘုန်း !
စူးချန်ကဲနှင့် ယဲ့လင်ထျန်းတို့သည် ဝေဟင်ပေါ်သို့ ပျံတတ်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး နတ်အလင်းရောင်များက တဟုန်းဟုန်းတောက်လောင်လျက်၊ကြီးမားလှသော အရှိန်အဟုန်သည် ဝေဟင်မှ ထွက်ပေါ်လာပြီး ၎င်းတို့နှစ်ယောက်လုံး ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ လာ !”
စူးချန်ကဲနှင့် ယဲ့လင်ထျန်းတို့သည် တပြိုင်နက်တည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ တယောက်ကိုတယောက် ချက်ချင်းလက်ငင်း တိုက်ခိုက်ခဲ့ကြသည်။
ပြိုးပြိုးပြက်ပြက်ပြက် လင်းလက်နေသော နေနှစ်စင်းက အချင်းချင်း တိုက်ခိုက်နေကြသလိုပင်။
ဝုန်း !
ကောင်းကင်ကြီးမှာ တုန်ခါနေပြီး၊ ကြယ်များကြွေကျတော့မည့်မလား။
သူတို့နှစ်ဦိး တိုက်ခိုက်လိုက်တိုင်း ၊ ကြယ်တံခွန်တို့သည် ဤကမ္ဘာပေါ်သို့ ကျရောက်လာသည်။
ယဲ့လင်ထျန်းသည် သူ၏ စွမ်းအားကို တဖန်
မြင့်တင်လိုက်သည်။သူတော်စင်၏ အသွေးအသားသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ခွင်းကာ ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို လွှမ်းခြုံထားသည်။
သူ၏ လက်ဖဝါးထဲတွင် ရွှေနတ်ဘုရားလှံရှည် တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လှံတံသည် နတ်နဂါးတစ်ကောင်အလား ကောင်းကင်ကို ထိုးဖောက်သွားသည်။
ဝှစ်!
လှံ၏ အလင်းသည် စူးရှလွန်းပြီး သူ ဖြတ်သွားသည့် နေရာတိုင်း ဟင်းလင်ပြင်ကို ထိုးဖောက်ဝင်ရောက်သွားပြီး လှံတံပတ်ပတ်လည်တွင် မှော်သင်္ကေတများက ဝန်းရံထားသည်။
ပြိုးပြိုးပြက်ပြက် တောက်ပနေသော လှံတံကိုကြည့်ရင်း စူးချန်ကဲက အေးစက်စွာ ပြုံးရယ်လိုက်သည်။
သူ၏ လက်ဖဝါးပေါ်တွင် နတ်မီးလျှံများ တဟုန်းဟုန်း တောက်ပနေပြီး ၊ စွမ်းအားများဖြင့်အတူ သူ့လက်ကို ပင့်တင်လိုက်သည်။
ဘုန်း!
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဧရာမ လက်ဝါးကြီးသည် ယဲ့လင်ထျန်းကို ဖိနှိပ်ထားပြီး ၊ထိုဧရာမ လက်ဖဝါးကြီးထက်တွင် အဆုံးမဲ့ မီးလျှံများ ရှိနေသည်။၎င်း၏ အပူချိန်သည် ယဲ့လင်ထျန်း၏ ထိုးစစ်ကို အရည်ဖျော်ပစ်လိုက်ပုံရသည်။
အဘယ်ကြောင့်ဆိုသော် စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာ့သစ်မျိုးစေ့၏ နတ်မီးလျှံစွမ်းအားကို အသုံးပြုထားသောကြောင့်ဖြစ်သည်။
“ ချိုးဖြတ်လှံ၏ ပထမအကွက်၊ နယ်နိမိတ်ကိုချိုးဖျက်ခြင်း !”
ဝီ!
ရွှေနတ်ဘုရားလှံတံပေါ်က အဆုံးမရှိသော နတ်အလင်းရောင်များ ဖြာထွက်လာခဲ့ပြီး ၊ ၎င်းသည် ဟင်းလင်ပြင်ကို ဖြတ်ကျော်သွားသည်။
ဝှစ် !
လှံသည် လေကိုခွင်းလျက် ၊ ထုတ်ချင်းပေါက် ထိုးဖောက်သွားသည်။
လှံတစ်ဝိုက်တွင် ရှိနေသော ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်းများသည် နွယ်လိမ်နွယ်ရစ်ကဲ့သို့ တလိပ်လိပ်ဖြင့် စူးချန်ကဲ၏ နတ်မီးလျှံလက်ဝါးအား အဆက်မပြတ် တိုက်ခိုက်နေသည်။
နတ်မီးလျှံများက တဟုန်းဟုန်း လောင်ကျွမ်းလျက် ၊ ရွှေဝါရောင် အလင်းတန်းက ကောင်းကင်ကို ဖောက်ထွင်းသွားသည်။
စူးချန်ကဲသည် နောက်တစ်ကြိမ် လက်သီးနှင့် ထိုးလိုက်သည်။
၎င်းအရာသည် သူ့ ခန္ဓာကိုယ်ထဲက အတွင်းအားနှင့် လုံရှန့်ဖိနှိပ်စွမ်းအားကို ပေါင်းစပ်ထားသောကြောင့် မည်သည့်မှော်စွမ်းအားမဆို ခွဲထုတ်ပစ်နိုင်သည်။
မူလက ရှိနေခဲ့သော နတ်မီးလျှံနှင့် ရွှေဝါရောင် စွမ်းအားတို့ စစ်ခင်းနေသည့် ကမ္ဘာကြီးသည်
မျက်စိတမှိတ်အတွင်းမှာပင် လက်သီးစွမ်းအားများက ဖုံးလွှမ်းသွားခဲ့သည်။
ခဏလောက်အကြာတွင် ကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်ခြောက်ခြားလာခဲ့ပြီး ၊ ယဲ့လင်ထျန်း၏ ပုံရိပ်သည် ထိုလက်သီးစာအောက်တွင် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။