← Chapters

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

အပိုင်း(၈၆) : ခြေလှမ်းလိုက်တိုင်း ၊ သူတော်စင် ခန္ဓာကိုယ်ထက် ကျော်လွန်သော အရာတစ်ခုကို ရှေ့ဆောင်လမ်းပြ‌ပေးခဲ့သည်။

နောက်အခိုက်အတန့်တွင်မူ တစ်စုံတစ်ခုက မူမမှန်ကြောင်း စူးချန်ကဲ ခံစားလိုက်ရသည်။

သူ့ပတ်ဝန်းကျင်က လေဟာပြင်ကြီးသည် ရွှံဗွက်အဖြစ် ပြောင်းလဲသွားပြီး ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို ချည်နှောင်ထားခဲ့သည်။

“ နယ်ပယ် ကမ္ဘာ?”

စူးချန်ကဲ အနည်းငယ် ရင်ဒိတ်သွားသည်။တဖက်လူသည် နယ်ပယ်၏ စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်လိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။

သာ့နိမ်(အနန္တစွမ်းအားရှင်)တစ်ဦးသည် တာအိုလမ်းစဉ် နှင့် အခြေခံမူများကို နားလည်ပြီး ၊ တာအိုစည်းမျဥ်း နယ်ပယ်ကို တည်ဆောက်ရန်အတွက် ၎င်း၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုနိုင်သည်။

ဝေဟင်အပေါ်ဘက်တွင် ထောင်ပေါင်းများစွာသော ယဲ့လင်ထျန်း၏ ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။

ပုံရိပ်တစ်ခုချင်းစီတိုင်းရှိ ရောင်ဝါသည် စစ်မှန်ပြီး၊ ဘာမှ မထူးခြားသော အမူအယာဖြင့် ရွှေနတ်ဘုရားလှံတံကို ကိုင်ဆောင်ထားသည်။ ၎င်းလှံတံ၏ အလင်းသည် ကောင်းကင်ကို ဖောက်ထွင်းဝင်ရောက်သွားသည်။

“ ချိုးဖြတ်လှံ၏ ဒုတိယ အကွက် ၊ လှံပေါင်းတစ်သောင်း ပြီးမြောက်ခြင်း “

ယဲ့လင်ထျန်း၏ ရွတ်ဆိုမှုအပြီးတွင်။

ဘုန်း!

တောက်လောင်နေသော လှံအလင်းသည် ဤကမ္ဘာကြီးကိုဖျက်စီးပစ်တော့မည်အတိုင်း ဖျက်ဆီးခြင်း စွမ်းအားများဖြင့် ပေါက်ကွဲလာခဲ့သည်။ကောင်းကင်ယံထက်တွင် လျို့ဝှက်ဆန်းကြယ်သော အမှတ်အသားတချို့၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ၊ များစွာသော မှော်လှံတံများက ကောင်းကင်မှ စူးချန်ကဲကို ဒဏ်ပေးလိုက်သလိုမျိုး ဝုန်းခနဲ ရွာချလာခဲ့သည်။

ဖျက်စီးခြင်းလှံတံအရိပ်!

ဤမျှ အစွမ်းထက်သော တာအိုလှံသိုင်းပညာရပ်ကို သူ၏ ရှေးဟောင်းမျက်စံနှစ်မြွာ စွမ်းအားဖြင့် ပေါင်းစပ်ထားသောကြောင့် စွမ်းအားသည် ပုံမှန်ထက် အဆများစွာ ပိုထုတ်လွှတ်နိုင်သည်။

ရှိသမျှ အရာအားလုံးကို ဖြိုခွဲလိုက်သည်မှာ ကြောက်ခမန်းလိလိပင်။

သို့သော် စူးချန်ကဲ၏ မျက်လုံးများမှာ ကြောက်ရွံ့မှုများ မရှိနေသည့်အပြင် ၊ သူ့တွင် အနှိုင်းမဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေသည်

“ ဖွဲ့စည်းခြင်း “

ထိုအခိုက်အတန့်တွင် ဗဟိုချက်တွင်ရှိနေသော စူးချန်ကဲထံမှ အဆ‌ပေါင်းများစွာ မြင့်သော ဓားစွမ်းအင်များသည် မြင့်တတ်လာခဲ့သည်။

‌အသေးစိတ်ကြည့်လိုက်မည်ဆိုပါက ၊ဓားပင်လယ်ကြီးအလား အဆုံးမရှိ ကျယ်ပြန့်ပေသည်။ ဤကမ္ဘာကြီးပင်လျှင် ဓားကမ္ဘာထက်

မကျယ်ဝန်းသလိုပင် ။

အချိန်အကြာကြီး စိုက်ကြည့်မိပါက၊ ဓားဆန္ဒသည် သင်၏ စိတ်ဝိညာဉ်ကိုတောင် ချုပ်ငြိမ်းအောင် ပြုလုပ်သွားနိုင်သည်။

သူ့နောက်တွင် အပြာ၊အနီ ဓားစွမ်းအင် နှစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ကြီးကျယ်ခမ်းနားလှသော ဓားဆန္ဒသည် လူ၏ စိတ်ကို ဖိနှိပ်သွား‌စေသည်။

ထိုအခိုက်အတန့်တွင် ၊ စူးချန်ကဲသည် ဝေဟင်မှ အနည်းငယ် ဆင်းသက်လာခဲ့သည်။

ကွဲအက်သံ !

ထို့နောက်တွင် ဓားစွမ်းအင်များသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ဓားအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဓားစွမ်းအင်များသည် ကောင်းကင်၌ လောင်မြိုက်နေသော နေမင်းအလား အလင်းတန်းများကို ထောင်နှင့်ချီ ဖြန့်ကျတ်ထားသည်။တဖန် အေးစက်သောလရောင်သည် ဆီးနှင်းခဲအဖြစ် တစ်စိတ်တစ်ပိုင်း ပေါင်းစပ်သွားသည်။

စူးချန်ကဲသည် ညာလက်ဖြင့် ဓားကို ရှေ့သို့ တတ်ရန် ညွှန်ကြားလိုက်သညိ။

ရွှမ်း! ရွှမ်း ! ရွှမ်း!

ဓား၏ အပိုင်းအစများသည် သက်ရှိအလားပြုမူနေပြီး၊ဓားမိုးမုန်တိုင်းနှင့် လေလှိုင်းများကဲ့သို့ ကောင်းကင်တွင် စုဝေးသွားပြီး လှည့်ပတ်နေသော သန်းပေါင်းများစွာသော ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဓားသည် သူ့လက်လှမ်းမီသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိိုက်သည်။

ဝုန်း!

ကောင်းကင်တွင် တောက်ပနေသော လှံအလင်းနှင့် သန်းပေါင်းများစွာသော ဓားစွမ်းအင်တို့ တစ်ခုနှင့်တစ်ခု ဆုံစည်းတိုက်သွားခဲ့သည်။

ဓားနှင့် လှံတို့ စီးနင်းထိုးနေသည်မှာ သတ်ဖြတ်မှု ပွဲတော်ညလိုပင်။

အဆုံးမရှိသော နတ်အလင်းများသည် တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်လာခဲ့ရာ ကွေးယွမ် လေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံး လှုပ်ယမ်းသွားစေသည်။

သို့သော် နောက်ဆုံးတွင်မူ စူးချန်ကဲသာလျှင် အနိုင်ရသွားသည်။အဆုံးမရှိသော လှံအလင်းသည် ဓားစွမ်းအင်ကြောင့် ကွဲကြေသွားကာ တောက်ပသော မိုးရေများ အဖြစ်သို့ ပြောင်းလဲသွားရသည်။

ကြည့်ရှုသူ ကွေးယွမ် တပည့်သားများအားလုံး ဆွံ့အနေကြသည်။ ဤတိုက်ပွဲ၏ ခမ်းနားမှုသည် သူတို့ စိတ်ကူးထားတာထက် ပိုသည်။

မျိုးဆက် ဟောင်းများပင်လျှင် ဤမျှ ပြင်းထန်‌သော တိုက်ပွဲမျိုးကို မဆင်နွှဲဖူးကြပေ။

ဘုန်း!

တစ်ဖန် ကျယ်လောင်သော ဆူညံသံသည် လူတိုင်း၏ အာရုံကို ကွင်းထဲသို့ ပြန်ရောက်စေပြန်သည်။

ယဲ့လင်ထျန်းသည် စူးချန်ကဲ၏ စွမ်းအားကြောင့် တုန်လှုပ်သွားပြီး ၊သူ၏ ခြေလှမ်းများသည် နောက်သို့ ဆုတ်ခွာသွားရသည်။သူ့မျက်နှာမှာ ကြည့်ရဆိုးနေခဲ့သည်။

“ ဆရာတူအစ်ကို ချန်ကဲ က တကယ်ကို ထူးခြားတာပဲ၊ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းရုံတင်မကဘူး၊ ဓားသိုင်းကိုတောင် ဒီလောက် အဆင့်အတန်းမီအောင်အထိ ကျင့်ကြံနိုင်ခဲ့တာပဲ!”

ယဲ့လင်ထျန်းသည် သူ၏ တောက်ပသော မျက်ဝန်းများဖြင့် စူးချန်ကဲကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

သူက စူးချန်ကဲထက် နယ်ပယ်အဆင့် သာလွန်ပြီး ၊ အမှန်အတိုင်း ဆိုရလျှင်ဖြင့် သူကတောင် ပိုပြီး အားသာသေးသည်။ယခုပြိုင်ပွဲသည် တရားမျှတတဲ့ ယှဉ်ပြိုင်မှု တစ်ခုတော့ မဟုတ်ခဲ့ပေ။

တရားမမျှတတဲ့ ယှဉ်ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့တာတောင် ၊ အားသာချက်ရှိခဲ့သော သူသည် ရှုံးနိမ့်ခဲ့ရသည်။

“ မဟုတ်တာ”

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူသည် ယခင်က ကံကြမ္မာဖတ် မျက်လုံးကို တိတ်တဆိတ်အသုံးပြုခဲ့ပြီး ဖြစ်ရာ ၊ယဲ့လင်ထျန်းတွင် ကံကြမ္မာတန်ဖိုး ၆၀၅ မှတ်ရှိကြောင်း မထင်မှတ်ဘဲ တွေ့ရှိခဲ့ရသည်။

ထိုကံကြမ္မာအမှတ်သည် ယနေ့အချိန်အထိ အမြင်ဆုံး အမှတ်ပင် ဖြစ်သည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ၊ ၎င်းသည် အမြင့်ဆုံး ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး ,နတ်ဘုရား၏ မျက်နှာသာပေးခြင်းခံရသော သားတော်လေး ဟုဆိုရပေမည်။

အကယ်၍ ယဲ့လင်ထျန်းသာ ကွေးယွမ်ကလူ မဟုတ်ပါက ၊ သူ့ကို နုတ်နုတ်လှီးစားပြီးပြီပင်။

“ ထားပါတော့ ၊ အဲ့လိုဆိုတော့လည်း “

“ မျက်စံနှစ်မြွာ ဖွင့်စေ!”

ယဲ့လင်ထျန်းသည် သူ၏ မျက်ဝန်းအစုံကို မှိတ်လိုက်ပြီး ရုတ်ချည်း ဖွင့်လိုက်သည်။

သူ့မျက်လုံးများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတ အမှတ်အသားများ ဖုံးလွှမ်းနေပြီး ၊ မှိတ်ချေဖွင့်ချေ မျက်ဝန်းအစုံတွင် အလင်းတန်းများက ဖရိုဖရဲ ထွက်ပေါ်လာသည်မှာ နတ်ဆိုးတစ်ကောင် ဆင်းသက်လာသလိုပင်။

ယဲ့လင်ထျန်း၏ ခန္ဓာကိုယ်အနှံ့တွင် မဟာတာအိုလမ်းစဉ်၏ နိယာမစည်းမျဉ်းများ ရောယှက်နေကာ ၊တန်ခိုးကြီးမာပြီး ရှေးဟောင်း စွမ်းအားများသည် သူ့ခန္ဓာကိုယ်မှ ပွင့်ထွက်လာခဲ့သည်။ထိုစွမ်းအားများကို မဟာ သူတော်စင်များပင်လျှင် ကြောက်မိသည် ။

“ဟေ့ ဒါက ရှေးဟောင်း မျက်စံနှစ်မြွှာရဲ့ စွမ်းအားဆိုတာလား!?”

“မျက်စံနှစ်မြွာ ဖွင့်လိုက်တာနဲ့ နတ်ဆိုးတောင်

သွေးနဲ့ရေချိုးရလိမ့်မယ်”

“ ချန်ကဲ ဆက်ခံသူ ခံနိုင်ရည်ရှိပါဦိးမလား?”

တပည့်သားများအားလုံး ထိတ်လန့်နေကြသည်။ လေ့ကျင့်‌ရေးကွင်းပြင်ရှိ ကန့်သတ်ချက်ကိုတောင် ချေဖျတ်နိုင်သည့် ဤကမ္ဘာကြီးကိုတောင် ဖျက်ဆီးနိုင်ပစ်သော စွမ်းအားသည် သူတို့အားလုံး အသက်ရှုမှားလောက်စေသည့်အထိ ထိတ်လန့်သွားစေသည်။

အဖျက်စွမ်းအား မုန်တိုင်း၏ ဗဟိုတွင် ရှိသော စူးချန်ကဲအနေဖြင့် မည်သို့သော ထိတ်လန့်မှုမျိုး ကြုံတွေ့ရမည်နည်း။

သူတို့၏ မျက်လုံးထဲတွင် ၊စူးချန်ကဲ နှင့် ယဲ့လင်ထျန်းတို့သည် အနာဂတ် ဧကရာဇ်မင်းလမ်းစဉ်တွင် အတောက်ပဆုံးသော ကြယ်များ ဖြစ်လာကြမည်ဟု ထင်မြင်ယူဆထားသည်။

ထိပ်ဆုံးမှာ ရပ်တည်လျက် ၊ ကမ္ဘာကတောင် ဂုဏ်ယူဝင့်ကြွားရပေမည် !

ကွေးယွမ် သူတော်စင် နယ်မြေတွင်၊ အတုမရှိ ပြိုင်ဘက်ကင်း သူတော်စင် ခန္ဓာပိုင်ရှင် ပါရမီရှင်နှစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီပင်။

ဘုရားသခင်သည် ကွေးယွမ် သူတော်စင် နယ်မြေအပေါ် ဘယ်လိုတောင် ကြင်နာမှုများ ပေးအပ်နေသနည်း။

ရလဒ်သည် မည်သို့ပင် ဆိုစေကာမှု၊ သူတို့အတွက် အရေးမကြီးတော့ပေ။ဤပွဲကြီးသည် သူတို့အတွက်တော့ မျက်စိစားပွဲပင်။

သို့သော် စူးချန်ကဲအနေဖြင့်၊ ဤအရာအားလုံးသည် အစသာ ဖြစ်ပေသည်။

“ ရှေးဟောင်း မျက်စံနှစ်မြွာတဲ့လား?”

“ ငါ့ရဲ့ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းက ပြည့်စုံနေပြီ၊ ဒါပေမယ့် တဖက်လူရဲ့

ရှေးဟောင်း မျက်စံနှစ်မြွာက ငါ့ထက်စာရင် နိမ့်သေးတယ်”

စူးချန်ကဲတစ်ယောက် စိတ်ထဲကနေ အကဲဖြတ်လိုက်သည်။

ဒီနှစ်များတစ်လျှောက်တွင် သူသည် များစွာသော တိုက်ပွဲ အတွေ့အကြုံများကို ရယူခဲ့ပြီးပါရမီရှင် များစွာနှင့် ရှုံးပွဲမရှိ ရင်ဆိုင်ခဲ့သည်။

ယခုအခါတွင် သူသည် စစ်မှန်သော သူတော်စင်တာအို သန္ဓေသားလောင်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ့ကို မည်သူကများ ဖိနှိပ်ချုပ်ချယ်နိုင်မည်နည်း။

ဘုန်း!

အဆုံးမရှိသော နတ်အလင်းများသည် စူးချန်ကဲအား ရစ်ပတ်ထားပြီး၊ ထောင်ပေါင်းများစွာသော လမ်းစဥ်တို့သည် တညီတညွတ်တည်း သီဆိုနေကြသည်။ကောင်းကင်မှ ဆင်းသက်လာသော သက္ကတသံစဉ်များအပြင် ကြီးကျယ်ခမ်းနား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

“ ဒါကို ပြောတာလား?”

ကွေးယွမ် ဘိုးဘွားနယ်မြေအတွင်း အနက်ရှိုင်းဆုံး နေရာတစ်ခုတွင် ရှိနေခဲ့သော အဝေးဘိုးဘေးသည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ခေတ်ကာလ၏ အဆုံးမရှိသော မြစ်ကို ဖြတ်၍ ကံကြမ္မာ သယောင်ယောင် မြင်လိုက်ရသည်။တဖန် မြူခိုးတွေကို ဖြတ်ကျော်အပြီးတွင် အမှန်တရား၏ အရိပ်အယောင်ကို ဖမ်းယူနိုင်ခဲ့သည်။

“ ဇာတိရင်းမြစ်”

“ ချန်ဖုန်းရဲ့ ဒဏ္ဍာရီတွေမှာ ချိတ်ပိတ်ထားတဲ့ တားမြစ်ချက်တွေက တကယ်ပဲ အမှန်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး”

ဝုန်း!

စူးချန်ကဲ၏ နောက်ကွယ်တွင် ဇီဖူကြယ်ဆယ်လုံး ရုတ်တရက် ထွက်ပေါ်လာပြီး ၊ ရောင်စဉ်များ ရောယှက်လျက် သက္ကတသံစဥ်များက ပဲ့တင်ထပ်လို့နေသည်။

ဇီဖူကြယ်ဆယ်လုံးသည် တောက်ပနေသော နေရောင်ကဲ့သို့ ၎င်း၏ အလင်းတန်းများက တောက်လောင်စွာဖြင့် ဝင်းလက်နေသည်။

“ဇီဖူကြယ်ရဲ့ စွမ်းအားက ပြင်းထန်လွန်းတာပဲ!”

လူတိုင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

စူးချန်ကဲ သည် ထာဝရမှတ်တမ်းတင်ရမည့် အရာများကို လုပ်ပြနိုင်ခဲ့သလို သူ၏ အနှိုင်းမဲ့ ဖြစ်တည်မှုကို သူတို့ မြင်တွေ့ခဲ့ရသည်။ယခုလည်း ဤကဲ့သို့ အံ့မခန်းမြင်ကွင်းကို တွေ့လိုက်ရချိန်မှာတော့ သူတို့ နှလုံးသားများ တဆတ်ဆတ် တုန်ခါသွားခဲ့ရသည် ။

ဇီဖူကြယ်ဆယ်လုံး၏ စွမ်းအားသည် ကောင်းကင်တစ်ခွင်တွင် ပျံ့နှံ့နေပြီး မည့်သည်လမ်းစဉ်မဆို လက်နက်ချရသည်။

ဘုန်း!

စူးချန်ကဲသည် ကောင်းကင်နဲ့ မြေကြီး၏ ဆုံမှတ်ပေါ် သို့ တက်လှမ်းလိုက်သကဲ့သို့ ခြေတစ်လှမ်း စထုတ်လိုက်သည် ။ကမ္ဘာမြေကြီးမှာ မြည်ဟည်းလျက် ဟင်းလင်ပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည် ။

ပထမမြောက် ရှေးဟောင်းဇီဖူ ကမ္ဘာတွင် အဆုံးမရှိသော ရောင်ခြည်များဖြင့် ဝန်းရံထားသော မြင့်မြတ်သော တောင်ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဘုန်း!

စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။

ဒုတိယ မြောက် ရှေးဟောင်းဇီဖူကမ္ဘာတွင်၊ ဤကမ္ဘာကြီးကို လှည့်ပတ်နေသော အမတဘုရင်၏ အရိပ်တစ်ခု ရှိနေပြီး သဘာတဝရားကြီးကို ဖိနှိပ်ထားသလိုပင်။

ဘုန်း!

သူသည် တတိယမြောက် ခြေလှမ်း လှမ်းလိုက်သည်။

  ဟိန်းသံ!

တတိယမြောက် ရှေးဟောင်း ဇီဖူ ကမ္ဘာကြီးထဲတွင်၊ ရွှေဝါရောင်နဂါးကြီးတစ်ကောင်သည် ကောင်းကင်မှ ပျံတက်လာပြီး သူ၏ ဟိနိးမြည်သံသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဘုန်း! ဘုန်း! ဘုန်း!

စူးချန်ကဲသည် ယဲ့လင်ထျန်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားပြီး သူ၏ အကြည့်များမှာ ဂရုမစိုက်ဟန်ဖြင့်။သို့သော် သူ၏ အကြည့်များက လူကို တိုက်ရိုက်ကြည့်ရန် ခက်ခဲသော ဘုန်းတန်ခိုးကို ပေးစွမ်းနေပုံရပြီး ဤကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပြီး သန်းနှင့်ချီသော သက်ရှိသတ္တဝါများကို ဖိနှိပ်ချုပ်ချယ်တော့မည့်အတိုင်း။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း၊ ရှေးဟောင်း ဇီဖူကမ္ဘာကြီးသည် ကောင်းကင်ကို စီးနင်းထားသော ပုံရိပ်မှာ ပို၍ ထင်ရှားလာသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ၊လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားကြပြီး တိုက်ပွဲ စိတ်ဓာတ်များ ထကြွလာကာ သွေးများ ပွက်ပွက်ဆူလာရသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ၊ သူ့ဘေးနားက ရောင်ဝါတို့သည် ကောင်းကင်ဘုံရှိ နတ်ဘုရားများကို အနိုင်ယူနိုင်သော အရည်အချင်းရှိသကဲ့သို့၊ ပို၍ အားကောင်းလာသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း၊ သူ၏ သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားတို့သည် ပို၍ အားကောင်းလာသည့်အပြင် သူတော်စင် ခန္ဓာကိုယ်ထက် ကျော်လွန်သော အရာတစ်ခုကို ရှေ့ဆောင်လမ်းပြပေးနေသလိုပင်။

အပိုင်း(၈၇) : တာအိုဂန္တဝင်

ဤအရာသည် မည့်သို့တောင် ထူးကဲသာလွန်သော မြင်ကွင်းမျိုး ဖြစ်သနည်း။

ဇီဖူကမ္ဘာကြီး၏ သိသာထင်ရှားမှုဆိုသည်မှာ အထွပ်အထိတ် ဇီဖူကမ္ဘာမှသာလျှင် အောင်မြင်နိုင်သော အရာဖြစ်သည်။

တခြားသော ပါရမီရှင်များအတွင် ဤအဆင့်ကို အောင်မြင်ရန်မှာ ထူးကဲသော အရည်အချင်းများ နှင့် နှစ်ပေါင်းများစွာ ကျင့်ကြံဖို့ လိုအပ်သည်။

သို့သော် စူးချန်ကဲသည် ဇီဖူကြယ်ဆယ်စုလုံး ကို ထင်ရှားအောင် ပြသနိုင်ခဲ့သည်။

စဉ်းစားကြည်ရုံဖြင့် ကြောက်စရာကောင်းပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ၊ စူးချန်ကဲသည် ဒသမမြောက် ခြေလှမ်းကို လှမ်းခဲ့ပြီး ဖြစ်သည်။

  ဝုန်း!

ဇီဖူကြယ် ဆယ်လုံး၏ ဆန်းကြယ်သော မြင်ကွင်း ဆယ်မျိုးတို့သည် သူ၏ နောက်၌ ထင်ရှားစွာ ဖြစ်ပေါ်နေပြီး ထာဝရ ရောင်ဝါများ လွှမ်းခြုံလျက်၊ သက္ကတသံများ ပဲ့တင်ထပ်လို့ နေသည်။

ဤကမ္ဘာသည် သာမာန်ကမ္ဘာကဲ့သို့ မဟုတ်ဘဲ၊ကြီးကျယ်ခမ်းနားသော အခြေခံမူများနှင့် နိယာမအမျိုးမျိုးကို ရောယှက်ထားသော အမတ ကမ္ဘာတစ်ခုလိုပင်။

စူးချန်ကဲသည် မှိတ်ထားသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။သူ့မျက်လုံးများက အရာအားလုံးကို ဂရုမစိုက်သည့်ဟန်ဖြင့်။

ဤအရာအားလုံးအပေါ် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိတယ်ဆိုတာ လူတိုင်း သိကြသည်။ရှေ့မှာ အခက်အခဲ အတားအဆီးတွေ အများကြီးရှိရင်တောင်မှ သူသည် ထိုအရာအားလုံးကို တညီတညွတ်တည်း နှိမ်နှင်းနိုင်သည်ပင်။

အထူးသဖြင့် စွမ်းအားကြီးမားသော ရောင်ဝါတစ်ခုသည် ယဲ့လင်ထျန်းအား နှိပ်ကွပ်ရန် ၎င်းဆီသို့ ဦးတည် ရွေ့လျားလာခဲ့သည်။

စူးရှသော နတ်ဘုရားအလင်းရောင်ထဲက စူးချန်ကဲသည် လွန်စွာ မြင့်မြတ်သော နတ်ဘုရားအလား ထင်မှတ်ရသည်။

ယဲ့လင်ထျန်းလည်း သူဒီလို ဆက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာကို နားလည်လိုက်သည်။

မဟုတ်ပါက သူ့ဘက်က ဘာမှမလုပ်နိုင်ခင် ၊ ထိုစွမ်းအားကြောင့် သူသည် လုံးလုံးလျားလျား နှိပ်စက်ခြင်းကို ခံရလိမ့်မည်။

“သတ်!”

ယဲ့လင်ထျန်းသည် ကျယ်လောင်စွာ အော်လိုက်သည်။ သူ့မျက်လုံးကို ဖွင့်ပိတ်လိုက်ချိန်မှာ ၊ ဤကမ္ဘာကြီးကို ဖန်ဆင်းပေးသော အမြင့်ဆုံးသော စွမ်းအားတစ်ခုပါရှိသည့် ရောင်စဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ၏ ဘယ်မျက်လုံးသည် အမှောင်တွင်းနက်ကြီးကဲ့သို့ မဲနက်နေပြီး၊ညာမျက်လုံးသည် သူတော်စင် ရောင်ဝါကဲ့သို့ လင်းလက်တောက်ပနေခဲ့သည်။အဖြူအမဲ ရောယှက်နေသော စွမ်းအင်များသည် နတ်ရောင်စဉ်တန်းများကဲ့သို့ စူးချန်ကဲဆီသို့ ကျရောက်သွားသည်။

တစ်ချိန်တည်းမှာပဲ!

ဟိန်းသံ!

ဧရာမ နဂါးတစ်‌ကောင်၏ မြည်ဟိန်းသံသည် ကောင်းကင်တခွင် ပျံ့နှံ့သွားသည်။

သူ့လက်ထဲက ရွှေနတ်ဘုရားလှံသည် ပြန်လည်ရှင်သန်လာသော တကယ့် နဂါး တစ်ကောင် ပျံဝဲနေသကဲ့သို့ ၎င်း၏ အရှိန်အဟုန်သည် ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

မြားသည် လေကို ခွင်းကာ ထွက်ပေါ်ခဲ့လေပြီ ။

ရွှေဝါရောင်တိမ်တိုက်ကြီးက တဟုန်းဟုန်း တောက်လောင်လျက် ၊ကောင်းကင်နှင့် မြေကြီးကြား ကြောက်မက်ဖွယ်ရာ ကောင်းသော နတ်ဘုရားလှံတံ၏ အလင်းများက ဖုံးလွှမ်းနေသည်။ဒါတင်မက ကောင်းကင်ယံတွင် လျှို့ဝှက်ဆန်းကြယ်သော အရိပ်မျိုးစုံတို့က လွှမ်းခြုံထားသည်။

မျက်စံနှစ်မြွာ၏ စွမ်းအားနှင့် ပေါင်းစပ်ထားသော ရွှေနတ်ဘုရားလှံ စွမ်းအားသည် နတ်ဆိုးများကိုတောင် အနိုင်ယူနိုင်စွမ်းရှိသည်။

တဖက်လူ၏ အဆုံးစွန်သော တိုက်ခိုက်မှုကို ကြည့်ရင်း ၊စူးချန်ကဲ၏ မျက်ဝန်းများသည် ရေပြင်ညီကဲ့သို့ ငြိမ်သက်နေပြီး တစိုးတစိမျှ လှိုင်းခတ်မသွားပေ။

သူ့ခန္ဓာကိုယ်ရှိ သူတော်စင် တာအို သန္ဓေသားလောင်း၏ အသွေးအသားများသည် နှိုးဆွခံလိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချားစရာ ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဝုန်း !

သူတော်စင် တာအို သန္ဓေသားလောင်း၏ သွေးချီစွမ်းအင်များသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်။

နေရာပေါင်းစုံမှ မိုင်သန်းပေါင်းများစွာ ပတ်၀န်းကျင်ရှိ ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအားများသည် စူးချန်ကဲဆီသို့ အရူးအမူး ပြေးလာကြသည်။

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြီးမားသော အရာတစ်ခုကို ဆွဲငင်နေပုံရသည်။

ကွဲအက်သံ !

ဟင်းလင်ပြင်ကြီးသည် ရုတ်​တရက်​ ကွဲအက်သွားခဲ့သည်။

အဆုံးမရှိသော ပျက်ပြယ် စွမ်းအားအား မြင့်တက်လာပြီး ၊ ရုတိတရက် ကြီးကျယ်ခမ်းနားသော ရှေးဟောင်း လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဘုံနန်းတော်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ရွှေဝါရောင်အလင်းတန်းများက ပြိုးပြိုးပြက်ပြက် တောက်ပနေပြီး နိယာမတရားများက ဝန်းရံလျက် စကြဝဠာတစ်ခုလုံးကို ရောင်ပြန်ဟပ်နေခဲ့သည်။

၎င်းသည် ထာဝရ ရှေးဟောင်းရောင်ဝါများ လွှမ်းခြုံထားသော ဒဏ္ဍာရီလာ ကောင်းကင်ဘုံ နန်းတော်နှင့် ပိုတူသည်။

တစ်ချို့များ ဆိုရင်ဖြင့် မကြည့်ဝံ့ကြပေ။၎င်း၏ ထာဝရ ရောင်ဝါသည် လူကို အံ့သြထိတ်လန့်စေသည်။

“ကောင်းကင်ဘုံ နန်းတော်!?”

“ဒါဟာ သာ့နိမ်(အနန္တစွမ်းအားရှင်) နယ်ပယ်အဆင့်မှာသာ ဖွဲ့စည်းလို့ရတဲ့ အရာ မဟုတ်ဘူးလား”

“မဟုတ်မှလွဲရော ဆက်ခံသူက သာ့နိမ်(အနန္တစွမ်းအားရှင်)အဆင့်ကို ရောက်သွားခဲ့ပြီလား?”

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ သူ၏အသံမှာ တုန်လှုပ်နေသည်။

သာ့နိမ်(အနန္တစွမ်းအားရှင်)အဆင့် နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ဆိုရင် မိုးကြိုး‌ ကပ်ဘေး ခံရမှာ မဟုတ်လား။

မိုးကြိုးကပ်ဘေးကရော?

သူတို့ဘာလို့ မသိခဲ့ရတာလဲ?

စူးချန်ကဲက ဘာလို့ ဒီလောက်မြန်မြန် ဖြတ်ကျော်နိုင်ခဲ့ရတာလဲ?

မဟုတ်မှလွဲရော စူးချန်ကဲက ကောင်းကင်လမ်းစဉ်ရဲ့ သားတော်လေး မဟုတ်လား?

(T/N- သူများထက်ပိုတဲ့ နတ်ဘုရားတွေရဲ့ ထောက်ပံ့မှုကို ခံရသောကြောင့်။ )

ဤဖြစ်ရပ်သည် အားလုံး၏ စိတ်ကို ထိုးနှက်ချက်ပေးလိုက်သလိုပင်။

စူးချန်ကဲသည် ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သာ့နိမ်(အနန္တစွမ်းအားရှင်)အဆင့်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့သည်။ဤအရှိန်နှုန်းဖြင့်၊ သူသည် အသက်အငယ်ဆုံး ဧကရာဇ်မင်း တစ်ပါး ဖြစ်လာနိုင်သည်။

စူးချန်ကဲ၏ လက်သီးပြင်းအား ထွက်ပေါ်လာခဲ့သည်။

ဘုန်း!

ဖရိုဖရဲ တောက်ပနေသော ရောင်စဉ်များသည် ကောင်းကင်ကို လွှမ်းခြုံသွားသော လက်သီးချက်အဖြစ်သို့ ပြောင်းလဲသွားသည်၊

ပြင်းထန်သော လှံမုန်တိုင်းကြီးသည် ထိုလက်သီးစွမ်းအားကြောင့် အရာအားလုံး ကွဲအက်သွားခဲ့ပြီး အလင်း အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စူးချန်ကဲသည် သူ၏ တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ဖြေရှင်းလိုက်နိုင်တာကို မြင်တော့

ယဲ့လင်ထျန်း တစ်ကိုယ်လုံး ချမ်းတုန်သွားကာ ယောက်ယက်ခက်သွားသည်။

ယဲ့လင်ထျန်းသည် သူ တိုက်ခိုက်ခဲ့သော တိုက်ပွဲများစွာအတွင်း ၊ သူ၏ မျက်စံနှစ်မြွှာ စွမ်းအားကို အသုံးပြုကာ အလွယ်တကူ ချေမှုန်းပစ်ခဲ့သူ ဖြစ်သည်။

သို့သော် ဤတိုက်ပွဲသည် သူမျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည် ။စူးချန်ကဲသည် အားအကုန်တောင် မသုံးလိုက်ဘဲ သူ၏ တိုက်ခိုက်မှုကို လက်သီးတချက်တည်းဖြင့် ချေမှုန်းပစ်နိုင်ခဲ့သည်။

သို့သော်၊ သူသည် လက်မလျှော့ချင်သေးပေ။

သူတော်စင် ခန္ဓာကိုယ်ချင်း အတူတူ ၊ သူက ဘာလို့ အလွယ်တကူ အရှုံးပေးရမှာလဲ?

ထိုအတွေးများဖြင့် ၊ သူ့မျက်လုံးထဲတွင် အခိုင်အမာ ချမှတ်ထားသော ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငါ့ဆီကနေ နောက်ထပ် ခံယူလိုက်ဦး”

ဘုန်း!

ရွှေဝါရောင် မှော်သင်္ကေတများက ယဲ့လင်ထျန်း၏ ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲနေပြီး၊ သူ၏ မျက်စံနှစ်မြွှာ စွမ်းအားသည် ယင်နှင့်ယန်ကဲ့သို့ တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားကာ တောက်လောင်နေသော အလင်းတန်းများအဖြစ် ထွက်ပေါ်လာခဲ့သည်။

“ မျက်စံနှစ်မြွှာ ကမ္ဘာမြေကြီးကို ဖွင့်ခြင်း!”

ယဲ့လင်ထျန်း၏ မျက်လုံးအစုံသည် လောင်မြိုက်နေသော နေလုံးကြီး နှစ်လုံးကဲ့သို့ အလွန်အမင်း တောက်ပနေသည်။၎င်းတို့ထဲတွင် ပြင်းထန်သော စွမ်းအားများ ပါဝင်နေသည်။

ပိုပြီး အရေးအကြီးဆုံး အရာမှာ ။

မျက်စံနှစ်မြွှာ၏ စွမ်းအားများက သက်သက်စီ ခွဲခြားထားခြင်းပင်။

စွမ်းအားနှစ်ခုသည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ဘုန်း !

“မျက်စံနှစ်မြွှာ ကမ္ဘာမြေကြီးကို ဖွင့်လျက် ၊ ရှုံးနိမ့်မှုကို ကမ္ဘာမှာ မမြင်ပါစေနဲ့ “

“သနားစရာပဲ”

“ ငါ့ရဲ့ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်က ကမ္ဘာက သတ်မှတ်ထားတဲ့ တခြား သူတော်စင် ခန္ဓာကိုယ်ထက် သာလွန်နေခဲ့ပြီ “

“မျက်စံနှစ်မြွှာရဲ့ ဒဏ္ဍာရီကို ငါကပဲ ချိုးဖျက်ပေးရတော့မှာပေါ့ “

ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းမရှိသော စူးချန်ကဲ၏ တည်ငြိမ်သော အသံသည် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ထပ်ကာ လူတိုင်း၏ နားထဲသို့ ကျရောက်သွားသည်။

လျှို့ဝှက်ထားသော စူးချန်ကဲ၏ ဟိုးအနက်ရှိုင်းဆုံး စွမ်းအားများသည် ဖြည်းဖြည်းချင်း ကွဲအက်သွားသည်။

ဤကမ္ဘာကြီးကိုတောင် ကျော်လွန်သော လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခုက သူ၏ အသွေးအသားထဲတွင် ကြီးထွားလာခဲ့ပြီး၊ သူ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော စကားလုံးများသည် သူ၏ စိတ်ဝိညာဉ်၌ ဝါကျတစ်ခုအဖြစ် အလိုအလျောက် ပေါင်းစပ်သွားသည်။

“မငြိမ်မသက်မှုတွေက ကမ္ဘာကြီးကို ပွင့်စေပြီး ၊ နတ်ဘုရားများနှင့် နတ်ဆိုးတွေသည် လူ့လောကတွင် ပေါ်ထွက်လာသည်”

“ သူတော်စင် ခန္ဓာကိုယ်သည် ကောင်းကင်ကိုးပါးကို စစ်ခင်း၍ ကမ္ဘာအရပ်ရပ်ကို ဖျက်ဆီးသည် “

“ တာအိုဂန္တဝင် ပထမ အကွက်၊ နတ်ဘုရား အဖျက်စွမ်းအား “

ဤအရာမှာ ၊ သူသည် သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်ကို အောင်မြင်ခဲ့ပြီးနောက် သိမြင်လာခဲ့သော အရာပင် ဖြစ်သည်။

သူ့အနေဖြင့် ထိုစကားကို ပထမဆုံးအကြိမ်‌ ရေရွတ်ခြင်း ဖြစ်သော်လည်း အရမ်းရင်းနှီးနေသလို ခံစားမိသည်။

စူးချန်ကဲမှ ရေရွတ်ပြီးသည်နှင့် ။

  ရွှမ်း!

ကမ္ဘာကြီး၏ အရောင်တို့သည် ပြောင်းလဲသွားပြီး၊ အချိန်စီး‌ကြောင်းများ ရပ်တန့်သွားသကဲ့သို့ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ‌တိတ်ဆိတ်သွားသည် ။

အင်းဆက်ပိုးမွှားများနှင့် ငါးများပင်လျှင် ရပ်တန့်နေပြီး ၊ ငှက်များမှာ ဝေဟင်တွေ မလှုပ်မယှက်ဖြင့် အရာအားလုံးက အေးခဲသွားပုံရသည်။

မျက်စိရှေ့က အာကာသ ဟင်းလင်းပြင်ထဲတွင် ရောင်စဉ်တန်းများ ပွင့်လင်းလျက် ရှိသည်။

ကမ္ဘာပေါ်ရှိ အလင်းအားလုံးသည် လကြတ်သွားသကဲ့သို့ ၊အဖျက်စွမ်းအားတို့သည် ဤကမ္ဘာကြီးတစ်ခုလုံး ဖျက်စီးတော့မည့်အတိုင်း။

အလင်း ရောက်သွားသည့်နေရာတိုင်း ၊ အရာအားလုံးသည် တိတ်ဆိတ်သွားရပြီး ဘာမှမရှိနေသကဲ့သို့ ။

‌ကွေးယွမ် လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်သည်

အချိန်နှင့် ဤနေရာတစ်ခုလုံး အေးခဲသွားပုံ ရသည်။

ဤကမ္ဘာ‌ပေါ်ရှိ အသံအားလုံး ပျောက်ကွယ်သွားသလို‌မျိုး ၊ အားလုံး၏ အလယ်ဗဟိုတွင် ဝတ်ရုံဖြူ လူငယ်လေး တစ်ယောက် ရှိနေခဲ့သည်။

သူသည် ဝတ်ရုံဖြူ ဝတ်ဆင်ထား‌သော နတ်ဘုရားအလား ရပ်နေဆဲပင်ဖြစ်ပြီး ၊ သူ၏ လျစ်လျူရှုထားသော မျက်လုံးများက တည်ငြိမ်လွန်းလှသည်။

သူသည် ‌တစက်ကလေးမှ ခြေရာမ‌ရွေ့ပေ။အကယ်၍ လေပြေလေညင်းလေးများကသာ သူ၏ အဝတ်စကို ဖြည်းညင်းစွာ မတိုက်ခတ်ခဲ့ပါက ၊ရုပ်ပုံပန်းချီကား တစ်ချပ်လို့တောင် အောက်မေ့သွားနိုင်သည်။

သူသည် မျက်နှာချင်းဆိုင် တချက် လှည့်ကြည့်လိုက်သည်။

ယဲ့လင်ထျန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား ၊ သူ၏ လက်များမှာ မြေပြင်ပေါ်တွင် အားနည်းစွာ တွဲလောင်းကျနေသည်။ တင်းတင်းမှိတ်ထားကာ သူ၏ မျက်လုံးထောင့်များမှ ကြီးမားသော တုံ့ပြန်မှုကို ခံလိုက်ရသကဲ့သို့ သွေးမျက်ရည်နှစ်ကြောင်း စီးကျလာခဲ့သည်။

  “ဆရာတူညီလေး လင်ထျန်းကို ဆေးကုသဖို့ ခေါ်သွား‌ပေးပါဦး “

စူးချန်ကဲ၏ အေးစက်သော အသံကိုကြားလိုက်ရတော့မှ ၊ အားလုံး အသိစိတ် ပြန်ကပ်လာခဲ့သည်။

“အောင်နိုင်သူကို ဆုံးဖြတ်ပြီးသွားပြီလား?”

အပိုင်း(၈၈) : ယောင်ချီသူတော်စင် နယ်မြေ၊

ယဲ့လင်ထျန် ရှုံးသွားခဲ့ပြီပင်။

ရှေးဟောင်း မျက်စံနှစ်မြွှာ ဆိုသည်မှာ ၊

အပြင်းအထန် လေ့ကျင့်မည်ဆိုပါက ၊ကောင်းကင်ကို ဖွင့်ပြီး မြေကြီးကိုတောင် ဖျက်ဆီးနိုင်သည့်အပြင် နတ်ဆိုးအားလုံးကိုတောင် သတ်ဖြတ်နိုင်သည်။

ဒီလောက် အစွမ်းထက်တဲ့ လူတစ်‌ယောက်ကို စူးချန်ကဲက လွယ်လွယ်နဲ့ အနိုင်ယူခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ?

သို့သော် ဤအရာအားလုံးသည် လူတိုင်းအတွက် ထိတ်လန့်စရာ ပုံမပေါ်သော်လည်း မျှော်လင့်ထားပုံတော့ ရသည်။

သို့သော် ၊ သူတို့ ထိတ်လန့်သွားခဲ့သည့် အရာမှာ စူးချန်ကဲသည် ယဲ့လင်ထျန်းအား အနိုင်ယူခဲ့ခြင်း မဟုတ်ဘဲ ၊ တိုက်ပွဲအဆုံးတွင် တောက်ပသော အဖြူရောင်အလင်းတန်းကြီးသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားခြင်းပင် ဖြစ်သည်။

သူတော်စင် ခန္ဓာကိုယ်သည် ဤမျှလောက် ကြီးကျယ်ခမ်းနားသော စွမ်းအားကို ထုတ်လွှတ်နိုင်မည်ဟု သူတို့ မယုံနိုင်ခဲ့ပေ။

ဤနှစ်များစွာအတွင်း၊ ၎င်းတို့သည် ထိုကဲ့သို့ သူတော်စင် ခန္ဓာကိုယ်မျိုးကို မတွေ့မြင်ခဲ့ဖူးပေ။

သို့သော် စူးချန်ကဲထံမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားသည် ဤလောကလမ်းစဉ်၏ နယ်ပယ်ထက် ကျော်လွန်သော ပိုမိုမြင့်မားသော တည်ရှိမှုအဆင့်အဖြစ် သတ်မှတ်ရပေမည်။

“တစ်လအတွင်း ထျန်းကျီကျွန်း ပေါ်ထွက်လာတော့မယ် ၊ဆက်ခံသူ ချန်ကဲဟာလည်း သူ့ရဲ့ အစွမ်းသတ္တိကို သက်သေပြခဲ့ပြီးပြီ “

“ အဲ့တော့ ထျန်းကျီကျွန်းခရီးစဉ်ကို စူးချန်ကဲကပဲ ဦးဆောင်လိမ့်မယ် ၊ အားလုံး သူ့စကားကို နာခံကြရမယ် ၊ကန့်ကွက်စရာ ရှိကြသေးလား?”

ထိုအချိန်တွင် ဖော့ကျွင်းဘိုးဘေး၏ အသံသည် ကောင်းကင်ယံ၌ ပျံ့လွင့်လာသည်။

တကယ်တော့ ဒီတခေါက် ပြိုင်ပွဲတွင် သူ့၏ အကြံအစည် လှည့်ကွက်အချို့ ရှိခဲ့သည်ပင်။ပထမသူတော်စင် ယဲ့လင်ထျန်းသည် ပါရမီရှင် ဝါရင့်တပည့်တစ်ယောက်ဆိုလည်း ဟုတ်ပေသည်။

သူ့ကို ထောက်ခံသူများလည်း အများအပြား ရှိကြသည်ဖြစ်ရာ၊ အကယ်၍ သူသာ ကျပန်းရွေးချယ်ခဲ့မည်ဆိုပါက ၊ အချို့လူများမှာ မကျေမနပ် ဖြစ်ကြပေမည်။

ထို့ကြောင့်၊ ပြသနာကိုရင်ဆိုင်ဖို့ ဤနည်းလမ်းက အကောင်းဆုံးပင် ဖြစ်သည်။သူ၏ ပန်းတိုင်ကို ရောက်ရန် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံး နည်းလမ်းဆိုလည်း ဟုတ်ပေသည်။

ပတ်ဝန်းကျင်ရှိ တပည့်သားများအားလုံး တိတ်ဆိတ်သွားခဲ့သည်။

အရင်ကတည်းက တပည့်အနည်းစုသည် ယဲ့လင်ထျန်းကို အထင်ကြီးကြပြီး ၊ ဒါတင်မက သူ၏ ကျင့်ကြံအဆင့်သည် စူးချန်ကဲထက် မြင့်မားသည့်အပြင် သူတော်စင် ခန္ဓာကိုယ်အသွေးအသားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

သို့သော် ယခုအခါ စူးချန်ကဲ၏ စွမ်းဆောင်ရည်သည် သူတို့ကို ပိုလို့တောင် တုန်လှုပ်စေခဲ့သည်။

မရေမတွက်နိုင်သော ကွေးယွမ် တပည့်သားများအ‌နေဖြင့် ၊ ကွေးယွမ်၏ အနာဂတ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသလိုပင်။

ဝတ်ရုံဖြူ ပုံရိပ်သည် ကောင်းကင်ဘုံကိုးထပ်ကိုတောင် တုန်လှုပ်စေနိုင်သည့်အပြင် ဤကမ္ဘာကြီးကို နှိပ်ကွက်ပြီး ထာဝရချယ်လှယ်နိုင်သည်။

“ဒါဟာ ကံကွမ်မာ နတ်ထိ..”

ကွေးယွမ် ဘိုးဘွားပိုင် နယ်မြေရှိ ရှေးဘိုးဘေး စကားမဆုံးသေးခင် ၊

ကောင်းကင်နှင့်မြေကြီးကြားတွင် ပျက်စီးခြင်းနှင့် အနတ္တကဲ့သို့သော အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော တာအိုသံစဉ်များ ထွက်ပေါ်လာခဲ့ပြီး ၊ ကောင်းကင်ယံတွင် အရာအားလုံးကို ဖြိုခွဲပစ်တော့မည်အတိုင်း မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်နေသည်။

သူသည် အမည်အစစ်ကို ထုတ်ဖော်ပြောကြားလိုက်သောကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်ကာ ကောင်းကင်လမ်းစဥ်၏ အမျက်ဒေါသကို ခံခဲ့ရသည်။

ကံကြမ္မာနတ္ထိ ခန္ဓာကိုယ် ဆိုသည့်အတိုင်း

ဒဏ္ဍာရီထဲက တားမြစ်ထားသော ခန္ဓာကိုယ်ဖြစ်ထိုက်ပေသည်။

တစ်ချိန်တည်းမှာပင် ၊ နတ်ရောင်စဉ်များ ဝန်းရံထားသည့် လှပသော တောင်တန်းများ တစ်နေရာတွင် ရာနှင့်ချီသော ငှက်များ အတူတကွ ပျံဝဲနေကြပြီး ၊ ကန်ရေတို့သည် ကြည်လင် အေးမြကာ မြူခိုးမြူငွေ့များဖြင့်အုံ့ဆိုင်းနေသည်။

ဤနေရာသည်မှာ ‌ယောင်ချီ တိုက်နယ်မြေ ဖြစ်ပြီး၊ ယောင်ချီ သူ‌တော်စင် နယ်မြေ တည်ရှိရာ ကမ္ဘာတစ်ခုလည်း ဖြစ်သည်။

ကောလဟာလသတင်းများအရ ၊ယောင်ချီသူတော်စင် နယ်မြေသည် ဤတိုက်နယ်မြေတွင် အစောဆုံး ထွက်ပေါ်‌ခဲ့သောကြောင့် ၊ ၎င်းဧရိယာကို ယောင်ချီတိုက်နယ်မြေဟု ခေါ်ဆိုခဲ့ကြသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ယောင်ချီသူတော်စင် နယ်မြေသည် မည်မျှ ကြောက်စရာကောင်းသည်ကို သိရှိနိုင်သည်။

ယောင်ချီ သူတော်စင် နယ်မြေ တွင် ဟွချင်းယွီရှင်း နွေဦးလို့ အမည်ရသည့် ရှေးဟောင်း ကန်တစ်ခု ရှိသည်။

၎င်းသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို သန့်စင်စေပြီး ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်သည်။ ပိုကြောက်စရာကောင်းသည်မှာ ဤရှေးဟောင်းရေကန်သည် အမတကမ္ဘာဆီသို့ သွားရောက်နိုင်သော တံခါးပေါက်လေးတစ်ခု ဆိုကြသည်။

သို့သော် လောကသားများ မသိကြသည့် အချက်မှာ ထိုရှေးဟောင်းရေကန်သည် သဘာဝအတိုင်း ဖွဲ့စည်းထားခြင်းမဟုတ်သော်လည်း ယောင်ချင် သူတော်စင် နယ်မြေ ထွက်ပေါ်လာကတည်းက တည်ရှိနေခဲ့သော အရာပင် ဖြစ်သည်။

သို့သော် အလွန်ရှေးကျသော အင်အားစု အနည်းငယ်မှလွဲ၍ ထိုကိစ္စ၏ အမှန်တရားကို မည်သူမျှ မသိပေ။

နတ်နွေဦိးရေကန်ထဲတွင် မြူခိုးမြူငွေ့များဖြင့် ပြည့်နှက်‌ နေသည်။

ထို‌ရေကန်ထဲတွင် ငွေရောင်ဆံနွယ်‌လေးများဖြင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ရှိနေသည်။

အုံ့ဆိုင်းနေသော မြူခိုးများကြားရှိ ကျောက်စိမ်း ကိုယ်ထည်လေး၏ အလှတရားကိုတော့ ဘယ်အရာကမှ ဖုံးကွယ်ထားလို့ မရနိုင်ချေ။

“ ရန်ယွီ ဆရာတူညီမ၊ ဘိုးဘေးက မင်းကို ဘိုးဘွားပိုင်နယ်မြေကို သွားခိုင်းလိုက်တယ်”

ရေကန်အပြင်ဘက်က ငယ်ရွယ်လှပသော အမျိုးသမီး‌လေး တစ်ယောက်က ဆိုလိုက်သည်။

“ဒါနဲ့ ပြောရဦးမယ် ရန်ယွီဆရာတူညီမလေး မင်းက အရမ်းလှတာပဲ~”

“ တစ်မိုးအောက်က ထူးကဲလှပါလွန်းတယ်ဆိုတဲ့ မိန်းကလေးတောင် မင်းရှေ့မှာဆို သာမန်လူတစ်ယောက်ထက် မပိုဘူး ညီမလေးရဲ့~”

“ ဆရာတူ အစ်မ ချီးကျူးလွန်းတာပါ”

ရန်ယွီ အမည်ရှိ အမျိုးသမီးလေးက တိုးတိုးလေး ရယ်မောလိုက်သည်။

“အိုင်း~ ညီမလေးကို မမ အရမ်းအားကျတာပဲ၊

ရှားပါး ရှေးဟောင်း ဟွိုင့်တွိုင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အပြင် တာအိုအရိုးလည်း ပိုင်ဆိုင်ထားတယ် ၊ ဒီခေတ်ရဲ့ ပါရမီရှင်ပဲ ၊ ရှေးဟောင်းမျိုးနွယ်စုတောင် မင်းလောက် မသန်မာနိုင်ဘူး မဟုတ်လား?

(T/N - ဟွိုင့်တွိုင့်ခန္ဓာကိုယ် - အရာခပ်သိမ်းကို ဖျက်စီးနိုင်စွမ်းရှိပြီး၊ ကောင်းကင်နှင့် မြေကြီးထံမှ ကောင်းချီးပေးခံရသော ခန္ဓာကိုယ် )

သူမပြောသည့်အတိုင်း ၊ ထိုအမျိုးသမီးငယ်လေးသည် ယောင်ချီ သူတော်စင် နယ်မြေကို တည်ထောင်ချိန်မှစ၍ အငယ်ဆုံးသော သူတော်စင်မိန်းက‌လေးဟု ဆိုရမည်။

မကြာမီ၊ ယောင်ချီသူတော်စင် နယ်မြေ သည်

အခြားသူတော်စင်များထက် အဆပေါင်းများစွာ မြင့်မားသော နတ်ဘုရားမတစ်ပါးကို ဖန်တီးတော့မည် ဖြစ်သည်။

သို့သော် အားကျနေသူ မိန်းကလေးအနေဖြင့် ဘာမှငြိုငြင်စရာ မရှိပေ။သူမ တာအိုဘာသာကို ကျင့်သုံးလာသည့် နှစ်ပေါင်းများစွာအတွင်း ထိုကဲ့သို့ ခန္ဓာကိုယ်မျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက်၊ ပတ်ဝန်းကျင်တစ်ခုလုံး ပြနိလည် တိတ်ဆိတ်သွားခဲ့သည်။

ကျန်ရှိနေခဲ့သူ အမျိူးသမီးလေး၏ အနီးတစ်ဝိုက်တွင် တာအိုသံစဉ်များက ရစ်ဝဲထားပြီး

ဖရိုဖရဲ ဖြာထွက်နေသော ရောင်စဉ်များက သူမအား နတ်ရောင်ဝါများဖြင့် ရေချိုးနေသော နတ်ဘုရားမ အသွင် ဖြစ်ပေါ်စေသည်။

သူမ၏ ၀တ်စုံကို ၀တ်ဆင်ပြီးနောက် ၊ ခမ်းနားထည်ဝါ လှပသော ၀တ်စုံသည် သူမကို ပို၍ပင် ပြောင်မြောက်သွားစေသည်။

သူမသည် ပေါ့ပေါ့ပါးပါး လှမ်းလျောက်လာပြီး၊သူမ၏ အစစ်အမှန် အသွင်အပြင်မှာထင်ရှားပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

ခြေဗလာပေါ်၌ သင်းပျံ့သော ပန်းရနံ့တို့နှင့်အတူ၊ လေထဲတွင် လွင့်ပျံနေသော သူမ၏ ဝတ်စုံက ညလေညင်းအရသာကို ပေးစွမ်းနေခဲ့သည်။

သူမ၏ မဲမှောင်သော ဆံနွယ်လေးများကြား ကြာပွင့်ဆံထိုးကလစ်လေးကို ဘေးတွယ်ထားပြီး၊ အေးချမ်းသော လရောင်သည် သူမ၏ မျက်နှာပေါ်တွင် တောက်ပစွာ လင်းလက်နေသည်။

ပြိုင်ဘက်ကင်းလှသော သူမ၏ အသွင်အပြင်သည် ကောင်းကင်ဘုံကိုးထက်က နတ်မိမယ်အလား ထင်မှတ်ရသည်။ ထိုကဲ့သို့သော မျက်နှာ အသွင်အပြင်တင်မက သူမ၏ ခန္ဓာကိုယ်‌မှာလည်း ဆွဲဆောင်မှု အပြည့်ရှိပေသည်။

နှင်းစက်အလား ‌သွယ်လျသော ‌ခြေထောက် ၊သေးသွယ်သော ခါးလေးနှင့် လုံးဝန်းသော တင်များသည် လူကို ပိုပြီး ရင်သပ်ရှူမောဖြစ်စေသည်။

ရင်သားများသည် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အတိုင်း ၊ သူမ၏ အဝတ်အစားများပင်လျှင် ထိုရင်သားများကို ဖုံးကွယ်ဖို့ မစွမ်းဆောင်နိုင်တော့ပေ။

သူမ မျက်မှောင်ကြုတ်လိုက်တိုင်းမှာ လူကို မျက်စိမလွှဲနိုင်လောက်အောင်အထိ စိတ်နှလုံးထဲက ဆန္ဒများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်စေသည် ။

“နှစ်တစ်ရာတောင် ရှိခဲ့ပြီလား။”

“အတိတ်ဘဝကို ထားခဲ့ရင် ၊ လူ့ဘဝက ဒီလိုပဲ ဖြတ်သန်းသွားလိမ့်မယ်”

လော့ရန်ယွီက သူမကိုယ်သူ ညည်းညူလိုက်သည်။

ယောင်ချီ ဘိုးဘွားပိုင်နယ်မြေတွင်၊ ပလ္လင်ထက်၌ လဲလျောင်းနေသော ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့သည်။

သူမ၏ မျက်နှာကို အုံ့ဆိုင်းနေသော နတ်အလင်းရောင်များကြား ဖုံးကွယ်ထားသကဲ့သို့ ရှင်းရှင်းလင်းလင်း မမြင်တွေ့ရသော်လည်း သူမ၏ အသားအရည်တို့မှာ ချောမွေ့နေပြီး အသက်ကြီးသော ပုဂ္ဂိုလ်တစ်ဦးလို့ မထင်ရပေ။

ဤသည်ကား လူအသွင်ယူထားသော ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး ၊ သူမ၏ မူလခန္ဓာကိုယ်သည် ဤလောကတွင် မတည်ရှိပေ။

“ ရန်ယွီ၊ ရွှေခေတ်ရောက်လာပြီ၊ မင်းလည်း အတွေ့အကြုံယူဖို့ အချိန်သင့်ပြီ “

“မင်းက ဟွိုင့်တွိုင်ခန္ဓာကိုယ်နဲ့ တာအိုအရိုးကို ပိုင်ဆိုင်ထားတဲ့သူ ၊ ဒီလို ရွှေရောင်ခေတ်သစ်မှာ မင်းအတွက် စင်မြင့်တစ်ခုရှိမှာ သေချာတယ်”

“ ငါ ဒီကမ္ဘာနဲ့မသက်ဆိုင်တဲ့ စွမ်းအားတစ်ခုကို ခံစားမိတယ် ၊ သူ့ရဲ့ စွမ်းအားက ငါ နားလည်မှုအတိုင်းအတာထက် ကျော်လွန်တယ်၊ သူ့ရဲ့ အရင်းအမြစ်က ကွေးယွမ် သူတော်စင် နယ်မြေမှာ ရှိနေတယ် “

“ကွေးယွမ်က လူအိုကြီးတွေက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်အချို့ကို ပိတ်ပင်ဖို့ လှည့်ကွက်လုပ်ထားပုံရတယ်”

“ တကယ်လို့ လမ်းမှာ ကွေးယွမ် ပါရမီရှင်တွေနဲ့ ဆုံခဲ့ရင် ၊အငြိုးအတေး မထားမိအောင် ကြိုးစား ၊အထူးသဖြင့် ကွေးယွမ် ပါရမီရှင်နဲ့ တွေ့ခဲ့ရင် မိတ်ဖွဲ့ရမယ်”

“ မင်း မိတ်ဖွဲ့လိုက်တဲ့သူက ဒဏ္ဍာရီထဲက ထာဝရ တားမြစ်ထားတဲ့သူလည်း ဖြစ်ကောင်းဖြစ်မှာပေါ့”

ဝမ်ရန်ယွီက ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို လက်ခံလိုက်သည်။

သူမ၏ ဘိုးဘေးသည် အလွန်ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ။သူမ ငယ်ရွယ်သေးတာကို မဆိုနှင့် ၊ သူမသည် နှစ်ပေါင်း သောင်းနှင့်ချီ၍ ရှင်သန်လာသူ ဖြစ်သည်။

ဘိုးဘွားပိုင် နယ်မြေမှ ထွက်ခွာခဲ့ပြီးနောက်

ဝမ်ရန်ယွီက

“ထာဝရ တားမြစ်ပိတ်ပင်ထားတယ်?မဟုတ်မှလွဲရော ကံတရားရဲ့ ကလေးလေးများလား?”

  “ငါ့အတွက်သာ သုံးနိုင်ရင်...”

“နောက်ဆို ငါ အေးအေးလူလူနဲ့ ဆန့်အိပ်ယုံပဲ မဟုတ်လား?”

ဝမ်ရန်ယွီသည် တာအိုအထွပ်အထိပ် လမ်းစဉ်ကို လိုက်စားသူဖြစ်သော်လည်း ၊မောင်ဆိုးလေး ရထားတာကလည်း သူမအတွက် သိပ်မဆိုးလှပေ။

“အမ်?”

အပိုင်း(၈၉): ထျန်းကျီကျွန်း ပေါ်ထွက်လာပြီ၊ အကြီးမြတ်ဆုံး ပညာနယ်ပယ်အဆင့်က သားရဲကို စီးတော်ယာဉ်လုပ်မယ်

ရှုခင်းများက ဖျက်ခနဲ့ မျောလွှင့်လို့နေသည်။

မြင်းဖြူဖြင့် သွားရသော တစ်လတာခရီးစဉ်သည် ကျင့်ကြံသူများအတွက် ခဏသာ ဖြစ်သည်။

အဲ့ဒီနေ့မှာပင် ၊

လှိုင်းလုံးများက တရွေ့ရွေ့ဖြင့် ၊ပင်လယ်ပြင်တွင် မုန်တိုင်းထန်လျက်ရှိသည် ။

အဆုံးမရှိသော ပင်လယ်ပြင်ထဲမှ ရုတ်တရက် ကျွန်းတစ်ကျွန်း ထွက်ပေါ်လာခဲ့သည်။

ကျွန်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် ၊မူလက နေသာလျက်ရှိသော ကောင်းကင်ကြီးသည် အုံ့မှိုင်းသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများ ထွက်ပေါ်လာသည်။

မိုင်ပေါင်းသန်းပေါင်းများစွာ ပတ်လည်ရှိ အဖြူရောင် မြူခိုးများက ကျွန်းကို ဗဟိုပြုလျက် ဖုံးလွှမ်းထားသည် ။ထို့အပြင် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကိုပင် ဖြတ်တောက်လိုက်သလိုမျိုး ကောင်းကင်လမ်းစဉ်ပင်လျှင် သူ့ကို စစ်ဆေးရှာတွေ့ဖို့ရာ မဖြစ်နိုင်ပေ။

ထိုနေရာသည် ကမ္ဘာကြီး၏ ဖြစ်တည်မှုနှင့် ခွဲထွတ်ပြီး ၊ ၎င်း၏ ကိုယ်ပိုင် တိုက်နယ်မြေအဖြစ် ဖြစ်တည်လာကာ အမည်မသိသော ကမ္ဘာ‌နယ်မြေ အသစ် အဖြစ်သို့ ပြောင်းလဲသွားသလိုပင်။

ထျန်းကျီကျွန်း ၊ထွက်ပေါ်လာခဲ့ပြီပင် !

ကွေးယွမ် ဘိုးဘွားပိုင် နယ်မြေတွင်၊ ရှေးဘိုးဘေးသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

“နောက်ဆုံးတော့ ထျန်းကျီကျွန်းက ငါးညစ်တသိုက် ထွက်ပေါ်လာခဲ့ပြီလား”

“ခေတ်တွေ မရေမတွက်နိုင်လောက်အောင် ပုန်းအောင်းခဲ့ပြီးပြီ ၊ ဒီလို ရွှေခေတ်မှာ ရှင်သန်ဖို့ အခွင့်အလမ်းရှာကြတော့မှာပဲ”

ထျန်းကျီကျွန်းသည် အရာခပ်သိမ်း၏ အကြောင်းတရားနှင့် အကျိုးဆက်အားဖြင့် မြင့်မြတ်သော လမ်းစဉ်၏ လျှို့ဝှက်ချက်များကို သိရှိနိုင်သည်။

သို့ရာတွင် ၎င်းတို့သည် အမည်မသိ အင်အားစု အချို့၏ အကျိုးစီးပွားကို ထိပါးလာခဲ့သည်။

မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း အားလုံး၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

အဆုံးတွင်၊ သူတို့သည် ကမ္ဘာကြီးကို ပြောင်းလဲရန် အချိန်နှင့် အာကာသ အတွင်း ပုန်းအောင်းသည့် နည်းပညာရပ်ကို အသုံးချခဲ့သည်။သို့သော် ကြီးမားသော အင်အားစု အချို့နှင့် မိတ်ဆွေဖွဲ့နိုင်ရန် ဗေဒင်ဟောပေးနေဆဲပင် ဖြစ်သည်။

အမည်မသိ အင်အားစုများသည် သူတို့ကိုယ်သူတို့ မြင့်မြတ်သော တာအိုလမ်းစဉ် မှာကြားသူ ဟု ခေါ်ဆိုကြသော်လည်း ကွေးယွမ်၏ အမြင်တွင် ၎င်းတို့သည် အာဏာအတွက် တိုက်ပွဲဝင်နေသော ခွေးတစ်ကောင်မျှသာဖြစ်သည်။

“ ခုလို ကြီးမားတဲ့ မျိုးဆက်ဖြစ်တဲ့ ရွှေခေတ်မှာ သူတို့ အမြင်တွေ ကျယ်ပါစေလို့ မျှော်လင့်ရမှာပဲ၊ မဟုတ်ရင် သူတို့ ဆက်တည်ရှိနေဖို့ မလိုအပ်တော့ဘူး”

သူ့မျက်လုံးများတွင် စူးရှသော အကြည့်များ တောက်ပလာခဲ့ပြီး ၊ အဖျက်စွမ်းအားနှင့် ထာဝရ အငွေ့အသက်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ဆူနာမီကဲ့သို့၊ တစ်ချက်တည်းဖြင့် ဟင်းလင်ပြင်ကြီး တစ်ခုလုံးကို အသာလေး ပြိုကျပျက်စီးသွားနိုင်ပေသည်။

ထျန်းကျီကျွန်းသည် ပထမဆုံးအကြိမ် ထွကိပေါ်လာသည်နှင့် မရေမတွက်နိုင်သော အာရုံစိုက်မှုများကို ခံခဲ့ရသည်။

ဤသည်မှာ ထျန်းကျီကျွန်းရှိ နောက်ဆုံး ခြောက်ထောင့်ကြယ် ဖြစ်သလို အတိအကျဆုံးခြောက်ထောင့်ကြယ်ဆိုလည်း ဟုတ်သည်။ ကျင့်ကြံသူများထဲမှ တစ်စုံတစ်ယောက်သည် ၎င်းကို ရယူနိုင်ခဲ့ပါက အကျိုးကျေးဇူးများမှာ ခန့်မှန်းလို့ မရနိုင်ပေ။

ဝင်ခွင့်ရနိုင်ရန် ၊ ပါရမီရှင် တပည့်များသည် အရည်အချင်းပြည့်မီရမည် ဖြစ်ပြီး ထို့နောက် မြူခိုးဖြူ ကမ္ဘာကို ဖြတ်သန်းရမည်ဖြစ်သည်။

ဤမြူခိုးဖြူကမ္ဘာသည် အဲ့လောက်ထိ မရိုးရှင်းသည့်အပြင် ကြီးမားသော အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။

မြူခိုးဖြူကမ္ဘာသည် အချိန်နှင့် အာကာသ စီးကြောင်းကို ချိတ်ဆက်ထားပြီး ၊ ဖြေဆိုမည့်သူများအား အမည်မသိ လျှို့ဝှက်နယ်မြေတစ်ခုသို့ ကျပန်းပို့ဆောင်မည်ဖြစ်သည်။၎င်းတို့အနေဖြင့် ထိုစမ်းသပ်မှုကို အောင်မြင်နိုင်မှသာ လျှင် အခွင့်အရေးရနိုင်မည်ဖြစ်သည်။

သို့သော် ထိုအရာသည် ကောင်းချီးတစ်ခုလည်း ဖြစ်သွားနိုင်သည်။တစ်ချိန်တုန်းက ပါရမီရှင်တစ်ဦးသည် ၎င်းကို ဖြတ်သွားခဲ့စဉ်က မြူခိုးဖြူကမ္ဘာတွင် မတော်တဆပါဝင်ခဲ့ပြီး ထိပ်တန်း လျှို့ဝှက်နယ်မြေတစ်ခုဆီသို့ ပို့ဆောင်ခံခဲ့ရသည်။

အဆုံးတွင်၊ သူသည် ကောင်းကင်ဘုံကို အံတုနိုင်သော အခွင့်အရေးကို ရရှိရန် အောင်မြင်ခဲ့ပြီး မြတ်မြင့်သော တာအိုလမ်းစဉ်ကို အောင်မြင်နိုင်ခဲ့သည်။

သို့သော်လည်း မြူခိုးဖြူကမ္ဘာထဲ ဝင်ရောက်သွားပြီးနောက် ထာဝရ ပျောက်ကွယ်သွားသူများလည်း ရှိသည်။

စည်းစိမ်ဥစ္စာ ဂုဏ်အသရေကို ကောင်းကင်က ‌ဆုံးဖြတ်သလို သေခြင်း ရှင်ခြင်းကို ကံကြမ္မာက ဆုံးဖြတ်သည်။

လမ်းကို ရှာဖို့ ဆူးပုံမတိုးပဲ ညဏ်သည်သာ အားထာရာ။

ထို့ကြောင့် မည်မျှပင် အန္တရာယ်ရှိနေပါစေ၊ မရေမတွက်နိုင်သော ဂိုဏ်းများနှင့် ထူးချွန်ထက်မြက်သော ပါရမီရှင်များသည် ထိုနေရာသို့ သွားနေကြဆဲပင် ဖြစ်သည်။

အချိန်ကာလတစ်ခုအထိ၊ မရေမတွက်နိုင်သော သားရဲတိရစ္ဆာန် စီးတော်ယာဉ်ရထားများ ၊နတ်ဌက် စီးတော်ယာဉ်များ နှင့် ဇိမ်ခံစီးတော်ယာဉ်များက ထျန်းကျီ ကျွန်း ဦးတည်ရာဆီသို့ လာ‌‌ရောက်နေကြသည်။

၎င်းတို့သည် မည်သို့ပင် ထိပ်တန်း ပါရမီရှင်များ သို့မဟုတ် လျှို့ဝှက်ထားသော ပါရမီရှင်များဖြစ်နေပါစေ၊ သူတို့အားလုံး စိတ်အားထက်သန် နေကြပြီး သူတို့ကိုယ်ပိုင် အစွမ်းအစများကို ပြသရန် စောင့်မျှော်နေကြသည်။

နတ်နဂါးကျွန်းစု။

အလွန်မြင့်မားသော တောင်ထိပ်ပေါ်တွင် လူငယ်လေးတစ်ယောက် တင်ပျဉ်ခွေထိုင်လျက် ရှိသည်။သွေးရောင် ဆံနွယ်ရှည်များက လေထဲတွင် ကခုန်နေပြီး သူ့ဦးခေါင်းထိပ်တွင် နဂါးချိုတစ်စုံ ရှိသည်။ မှော်သင်္ကေတများက ရွှင်မြူးစွာ ကြွတတ်လျက် ရှိပြီး အဆုံးမဲ့ နဂါးစွမ်းအင်များက သူ့တစ်ကိုယ်လုံးကို ဝန်းရံထားသည်။

သူ့ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားများ ရှိသောကြောင့် ၊ သူ၏ အငွေ့အသက်သည် ယခင် ချင်ထိုက်ယိ ထက် အဆပေါင်းများစွာ သာလွန်သည်။

စစ်မှန်သော နဂါးများကြားတွင် အထွတ်အထိပ် ဖြစ်တည်မှု ဖြစ်သည့် ကောင်းကင်ဘုံ အာဏာရှင် နဂါးသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကြီးမားပြီး ၎င်းအား တွန်းလှန်ရန် အင်အားကြီးမားသော ဧကရာဇ်မင်း နှစ်ပါးတောင် လိုအပ်သည်။

“လုံပါ့ထျန်း၊ ထျန်းကျီကျွန်း ထွက်ပေါ်လာခဲ့ပြီ ၊ ဒီအတွေ့အကြုံက‌နေ မင်းကိုယ်တိုင် မင်းနာမည်ကို ရေးထိုးနိုင်ရမယ်”

အဘိုးကြီးတစ်ယောက်ပေါ်လာပြီး ၊ အမိန့်ပေးလိုက်သည်။

“ရှေးဘိုးဘေး စိတ်မပူနဲ့၊ ငါ့ကို တိုက်နိုင်တဲ့လူဆိုလို့ လက်တစ်ဆုပ်စာပဲ ရှိတယ်”

သူ့နောက်က အဘိုးအို၏ စကားကို ပြန်ဖြေလိုက်ရင်း ၊ မူလက မှိတ်ထားသော မျက်ဝန်းအစုံတို့သည် ‌ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

အညိုရောင်မျက်စံထဲက နက်မှောင်သော ဒေါင်လိုက် မျက်စံလေးတစ်ခု ရှိနေသည်။

တစ်ယောက်ယောက်က သူ့ကို ကြည့်ဝံ့ပါက ၊ နဂါးတစ်ကောင်၏ ဟိန်းသံနှင့်အတူ တစ်ဖက်လူ၏ ဝိညာဉ်ကို တခဏချင်း ကွဲကြေသွားနိုင်သည်။

ဤအဆုံးမရှိသော နှစ်များတွင်၊ ရှေးဟောင်းလျှို့ဝှက်ကျင့်စဥ် အနည်းငယ်မှလွဲ၍၊ သူသည် ၎င်းတို့ နတ်နဂါးကျွန်းရှိ ကျင့်စဉ်အားလုံးကို ကျွမ်းကျင် တတ်မြောက်ခဲ့ပြီး ဖြစ်သည်။

“ ချင်ထိုက်ယိ အဲ့ကလေး ဒီလောက်မြန်မြန် ဆုံးသွားရရှာတယ် နှမြောစရာပဲ ၊ အဲ့လောက် သောက်သုံးမကျရလား ၊ငါ သူ့ကို ဒီလောက် အကြာကြီး လေ့ကျင့်ပေးခဲ့တာတောင် !”

“ဒါပေမယ့် ကွေးယွမ် သူတော်စင် နယ်‌မြေရဲ့ ဆက်ခံသူ ၊စူးချန်ကဲတဲ့လား?”

“အဲ့ဒီ ကွေးယွမ်မှာ ဒဏ္ဍာရီထဲက နတ်ဘုရား တကယ် ရှိမရှိ ကြည့်ကြသေးတာပေါ့!”

နတ်နဂါးကျွန်းသည် ကွေးယွမ် ကို ရန်စခြင်းမှ ရှောင်ကြဉ်ရန် သူ့ကို အမိန့်ပေးခဲ့သော်လည်း၊ နောက်ဆုံးတွင် သူ့စိတ်ထဲက မလိုလားအပ်‌သော ဆန္ဒများကြောင့် သူသည် အရာအားလုံးကို မေ့သွားခဲ့သည်။

သူသည် နှစ်ပေါင်းများစွာ ဆိတ်ဆိတ်နေပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူ့လိုပုဂ္ဂိုလ်မျိုးက အခြားသူရဲ့ သတ္တုပါး လုပ်စရာလား?

လုံပါ့ထျန်း၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခုက ဖျက်ခနဲ့ လင်းလက်သွားသည်။သာ့နိမ်(အနန္တစွမ်းအားရှင် ) နယ်ပယ် အဆင့်၏ ရောင်ဝါသည် အဆုံးမရှိသော နဂါးစွမ်းအင်တို့နှင့်အတူ ကောင်းကင်ကို လွှမ်းခြုံသွားလေသည်။

စဉ်ဆက်မပြတ် မြင့်မြတ်သော တောင်တန်းများ တည်ရှိရာ နယ်ပယ်တစ်ခုတွင် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော မြင့်မြတ်သော တောင်ကြီးတစ်ခု ရှိသည်။

ကောင်းကင်ယံတွင် မီးလျှံများဖြင့် ပြည့်နေပြီး အပူလှိုင်းများက တထောင်းထောင်း ထလျက်။

အဆုံးမရှိသော ချော်ရည်များသည် မရေမတွက်နိုင်သော မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

သို့သော် ထိုကဲ့သို့ တောက်လောင် ပူပြင်းသောနေရာမျိုးတွင်၊ ကျန်တစ်ဝက်မှာ လွန်စွာ အေးစက်နေပြီး ဆီးနှင်းခဲများ၏ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်ပေးနေကြသည်။

ရေခဲနှင့်မီး ကောင်းကင်နှစ်ခုကို အအေးနှင့် အပူ ၊ ယင်နှင့်ယန်ဟူ၍ ပိုင်းခြားထားသည်။

ဤသည်မှာ ဒဏ္ဍာရီထဲက ဖီးနစ် လှိုဏ်ဂူပင် ဖြစ်သည်။

“ လော့ရှင်း၊ မင်း ထျန်းကျီကျွန်းခရီးစဉ်ကို ကောင်းကောင်း အသုံးချရမယ် ၊မြူခိုးဖြူကမ္ဘာပဲ ဖြစ်ဖြစ် ထျန်းကျီကျွန်းရဲ့ခြောက်ထောင့်ကြယ်ပဲ ဖြစ်ဖြစ် ဒါဟာ အခွင့်အရေးကောင်းပဲ”

“ငါတို့ ဖီးနစ် လှိုဏ်ဂူရဲ့ အခွဲဖြစ်တဲ့ လေဟုန်ခွင်းဌက် မျိုးနွယ်စုက မကြာသေးမီက ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဖျက်စီးခြင်းကို ခံလိုက်ရတယ် နောက်ပြီး ငါတို့ မျိုးနွယ်စုရဲ့ ဧကရာဇ်လက်နက်ဖြစ်တဲ့ အံဖွယ်ဖီးနပ်ကြေးမုံဟာလည်း ရှေးတုန်းကတည်းက ရန်သူရဲ့သိမ်းယူသွားခြင်းကို ခဲခဲ့ရတယ် “

“ ထျန်းကျီကျွန်းမှာ မင်း ဘယ်လိုလုပ်သင့်တယ်ဆိုတာ သိမှာပါ “

စကားသံအဆုံးတွင် ၊ အနီရောင် ဝတ်လုံဖြင့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။

အေးစက်သောမျက်နှာ ၊အရပ်ရှည်ရှည် ပိုပြီး ဆွဲဆောင်မှု အရှိဆုံးအရာကတော့ သူမ၏ နဖူးပေါ်က မီးလျှံများနှင့် ရေချိုးနေပုံရသည့် ဖီးနစ်အမှတ်အသားပင်။

“ဆရာသခင်၊ စိတ်မပူပါနဲ့၊ ကျွန်မ သာ့နိမ်(အနန္တစွမ်းအားရှင်)နယ်ပယ်အဆင့်ကို ဖြတ်ကျော်ပြီးခဲ့ပြီ ၊ စူးချန်ကဲ ဘယ်လောက်ပဲ ထက်မြက်နေပါစေ သူ့ကို လွယ်လွယ်နဲ့ နှိမ်နင်းနိုင်မှာပါ!”

ထိုမိန်းက‌လေး၏ စကားမှာ အလွန်ကို မော်ကြွားပေသည်။

သူမ၏ အမည်မှာ ဟွမ်လော့ရှင်း။

သူမသည် ချန်ဖုန်း ရှေးခေတ်ပါရမီရှင် တစ်ဦးဖြစ်ပြီး လက်ရှိမျိုးဆက်အပေါ် သေချာပေါက် လွှမ်းမိုးနိုင်သူလည်း ဖြစ်သည်။

သူမသည် ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များအပေါ် နှာခေါင်းရှုံ့တတ်သူ ဖြစ်သည်။ထိုလူများသည် သူမအတွက်တော့ အားနည်းသော ပုရွတ်ဆိတ်သာသာပင်။

ထာဝရ တိုက်ပွဲတွင် စူးချန်ကဲ၏ ဓားချက်ဖြင့် မရေတွက်နိုင်သောပါရမီရှင်များ အသတ်ခံခဲ့ရသည်။

၎င်းသည် သူတော်စင် ခန္ဓာကိုယ်ဖြစ်နေတောင် ၊ သူမ၏ ဖီးနစ်ခန္ဓာကိုယ်ကလည်း မညံ့ဖူးဟု သူမကိုယ်သူမ ယုံကြည်ထားသည်။

“စူးချန်ကဲ နင်နဲ့တွေ့ဖို့ ငါ စောင့်နေတယ်”

မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ဖြစ်သည့် ဧကရာဇ်မျိုးနွယ်စု တစ်စု အနေဖြင့် သူမသည် လူသားများ အပေါ် အမြဲမုန်းတီးနေခဲ့သူ ဖြစ်သည်။အထူးသဖြင့် ကွေးယွမ် သူတော်စင် နယ်မြေသည် ထိုတိုက်ပွဲတုန်းက သူမ၏ မျိုးနွယ်ဝင်များစွာကို သတ်ဖြတ်ခဲ့သည်။

ဒါတင်မက အံ့ဖွယ်ဖီးနစ်ကြေးမုံကိုပါ သိမ်းယူခံလိုက်ရသောကြောင့် ကွေးယွမ်သူတော်စင် နယ်မြေအပေါ် သူမ၏ အမုန်းတရားသည် ပြင်းထန်ပေသည်။

တစ်ဖက်တွင်မူ ၊

ကွေးယွမ် သူတော်စင် နယ်မြေကလည်း အသင့်ဖြစ်နေခဲ့ပြီပင်။

မရေမတွက်နိုင်သော စီးတော်ယာဉ်များမှာ အလွန်ကို ကြီးကျယ်ခမ်းနားပေသည်။

၎င်းတို့ထဲတွင် တစ်ကိုယ်လုံး မဲမှောင်ပြီး ၎င်း၏ ဦးခေါင်းပေါ်တွင် အဖြူရောင် လခြမ်း အမှတ်အသား ရှိသည့် ဧရာမဝံပုလွေတစ်ကောင်သည် အထူး ဆွဲဆောင်မှု ရှိပေသည်။

ကောင်းကင်ကို ဝါးမျိုမယ့် လဝံပုလွေ ပင်။

ထျန်းဟယ် ဧကရာဇ်မင်း၏ ဂူဗိမ္မာန်ခရီးစဥ်ပြီးဆုံးကတည်းက၊ လဝံပုလွေသည် ကွေးယွမ် သူတော်စင် နယ်‌မြေ၏ လေ့ကျင့်သင်ကြားမှုကို ခံယူခဲ့ရသည်။သူ၏ ဝိညာဉ်သည် သူတော်စင်‌ နယ်မြေ၏ အမြင့်ဆုံးသော တန်ခိုးဖြင့် ကာလကြာရှည်စွာ ချုပ်နှောင်ခံထားရသောကြောင့် ၎င်းသည် ကွေးယွမ် သူတော်စင် နယ်မြေအပေါ် အမြဲသစ္စာစောင့်သိနေမည် ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမို အားကောင်းလာပြီး၊ အမွှေးအမျှင်များမှာ ငွေလရောင်ကဲသို့ ရောင်ပြန်ဟပ်လျက် ဒဏ္ဍာရီလာ သားရဲတစ်ကောင်နှင့် ပိုတူသည်။

၎င်း၏ အငွေ့အသက်သည် အကြီးမြတ်‌ဆုံးပညာ နယ်ပယ်အဆင့်ပင်။

ထိုကဲ့သို့ အကြီးမြတ်‌ဆုံးပညာ နယ်ပယ်အဆင့်ရှိ ရက်စက်ကြမ်းကြုတ်သော ရှေး‌ဟောင်း သားရဲတစ်ကောင်သည် စူးချန်ကဲ၏ စီးတော်ယာဉ်အဖြစ် ဆောင်ရွက် နေခဲ့ရသည်။

ကွေးယွမ်၏ လက်ရာသည် မည်မျှကြီးမားသည်ကို တွေ့မြင်နိုင်သည်။

“ဆက်ခံသူကို နှုတ်ခွန်းဆက်သပါတယ် “

ကွေးယွမ်၏ တပည့်တိုင်း၊ ကွေးယွမ်၏ သူတော်စင်များပါ မကျန် လက်ဖဝါးကို လျက်ပြီး ခေါင်းငုံ့ထားကြသည်။သူတို့၏ မျက်ဝန်းများထဲတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

စူးချန်ကဲသည် ကွေးယွမ် သူတော်စင်နယ်မြေ ၏ မျိုးဆက်သစ်လူငယ်များအပေါ် အလံထူထောင်နိုင်ခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

“ အဲ့လောက်ထိ မလိုပါဘူး လာ သွားကြရအောင်”

စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လဝံပုလွေပေါ်သို့ ခုန်တက်လာသည်။

အားလုံး မှင်တက်သွားကြသည်။

စူးချန်ကဲသည် ကောင်းကင်ကို ဝါးမျိုမယ့် လဝံပုလွေကို စီးဖို့ ထိုက်တန်သည်ဟု ဆိုရပေမည်။

ဝတ်ရုံဖြူ ချောမောသော လူငယ်တစ်ယောက်သည် ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကို စီးထားသည်မှာ အလွန် လိုက်ဖက်ပေသည်။ သူ၏ အေးစက်သော အကြည့်များနှင့် ချောမောသော အသွင်အပြင်သည် သူ၏ စွမ်းအားကို ပြသနေသည်။

ယောက်ရွှီတိုက်နယ်မြေက ခြင်္သေ့လေး တစ်ကောင်က တော့ နှာချေ‌နေသည်။

“အယ်? ငါဘာလို့ တစ်ခုခု ဆုံးရှုံးသွားသလိုမျိုး ခံစားနေရပါလိမ့်?”

မှန်၏။ မူလက သူသည် စူးချန်ကဲ၏ ပထမဆုံး စီးတော်ယာဉ် ဖြစ်ခဲ့သော်လည်း ယခုတွင် လဝံပုလွေနှင့် အစားထိုးခံလိုက်ရပြီ ဖြစ်သည်။

သူသည် စီးတော်ယာဉ်အနေဖြင့် ဒုတိယ အဆင့်သာ ရှိပေသည်။

အပိုင်း(၉၀) : ဒီကမ္ဘာမှာ စည်းကမ်းတစ်ခုပဲ ရှိတယ် ၊အဲ့တာက ငါ ချမှတ်တဲ့ စည်းကမ်းပဲ

ကျယ်ပြောလှသော သမုဒ္ဒရာကြီးသည် ဖြူဖွေးသော မြူခိုးများ၏ ဖုံးလွှမ်းခြင်းကို ခံထားရသည်။

အုံ့ဆိုင်းနေသော မြူခိုးများထဲတွင် နားလည်ရန်ခက်သော တာအို သဘောတရားများဖြင့် ပြည့်လျှံနေသည်မှာ ဤကမ္ဘာပေါ်တွင် မတည်ရှိနေသလိုပင်။

ယခုအချိန်တွင် ပင်လယ်ပြင်ပေါ်၌ မရေမတွက်နိုင်သော သင်္ဘောများသည် မြူခိုးများရှေ့တွင် ရပ်တန့်ထားကြသည်။

ကောင်းကင်ယံတွင်လည်း မရေမတွက်နိုင်သော စီးတော်ယာဉ်များ၊ စစ်သင်္ဘောများနှင့် သင်္ဘောပျံများကို ရပ်ဆိုင်းထားကြသည်။

“ဒါက ထျန်းကျီကျွန်းတဝိုက်က မြူခိုးဖြူကမ္ဘာလား?”

ခရမ်းရွှေရောင် စီး‌တော်ယာဉ်ပေါ်ကနေ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ဒါ ထျန်းရှန်း ဂိုဏ်းပဲ!”

၎င်းတို့ကို မှတ်မိသူ လူတစ်ယောက်က ထအော်လိုက်သည်။

“ဒါက ချန်ဖုန်း ရှေးခေတ် အင်အားစု တစ်ခုပဲ၊ ဧကရာဇ်မင်း အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဂိုဏ်းပဲ ၊ ဇီဝေး ဧကရာဇ်မင်းက တောင်ကိုဖွင့်ပြီး ကြီးမားတဲ့ ဂိုဏ်းတစ်ခု တည်ထောင်ခဲ့တယ် ဆိုတာ ဘယ်သူ မသိပဲ နေမှာလဲ?”

ထိုအချိန်တွင်၊ အခြားတစ်နေရာမှ အသံတစ်ခုထွက်ပေါ်လာပြန်သည်-

“ ချူချန်ချင်း မလာသေးဘူးလား?”

“ဒါ နတ်နဂါးကျွန်းစုက လုံပါ့ထျန်းပဲ”

“ဟေး လာပြန်ပြီ ၊ နောက်ထပ် ချန်ဖုန်း ရှေးခေတ် အင်အားစု!”

“ဒီ လုံပါ့ထျန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သာ့နိမ်(အနန္တစွမ်းအားရှင်)နယ်ပယ်အဆင့်ကို ဖြတ်ကျော်နိုင်ပြီးပုံ ရတယ် “

လုံပါ့ထျန်း၏ အသွင်အပြင်သည် လူအများ၏ အာရုံကို ချက်ခြင်း ဆွဲဆောင်နိုင်ခဲ့ပြီး ၊မျိုးဆက်ဟောင်းတချို့များဆို မျက်မှောင်ကြုတ် ယူရလောက်သည်။

ယခုလို ကြီးမားတဲ့ မျိုးဆက်ဖြစ်တဲ့ ရွှေခေတ်ကြီးမှာ ချန်ဖုန်း ရှေးခေတ် ပါရမီရှင်များသည် မှို‌လို ပေါများလာခဲ့ပြီ ဖြစ်သည်။

“ဟွန်! လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကတည်းက မင်းက ငါ့ဆရာတူအစ်ကိုကို မယှဉ်နိုင်ခဲ့ဘူး၊အခုလည်း ငါ့ဆရာတူအစ်ကိုကို ယှဉ်နိုင်မယ်လို့ထင်နေတာလား?”

“ဒါ့အပြင် မင်းကို နှိပ်ကွပ်ဖို့ ငါ့ဆရာတူအစ်ကို ဝင်ပါဖို့တောင် မလိုဘူး ၊ ငါနဲ့တင် ဖြစ်တယ်”

ချူချန်ချင်းသည် ထျန်းရှန်း ဂိုဏ်း၏ နံပါတ်တစ် တပည့်ဖြစ်ပြီး သူသည် ဒုတိယ မြောက် ဖြစ်သည်။

ချူချန်ချင်းကို သူ အနိုင်မယူနိုင်သော်လည်း၊သို့သော် သူရှုံးမည် မဟုတ်ကြောင်းကိုလည်း သူ့ကိုယ်သူ ယုံကြည်ထားသည်။

“ ခုကတည်းက ပါးစပ်သေနတ် ပစ်နေကြပြီ၊ တိုက်ကြတော့မှာလား?”

တစ်ချို့က တွေးရင်း စိတ်ထဲမှာ မျှော်လင့်နေကြသည် ။

ဒီလူနှစ်ယောက်စလုံး ကျရှုံးသွားမည်ဆိုပါက ၊သူတို့အတွက် ဖိအား အများကြီး လျော့ကျသွားပေလိမ့်မည် ဖြစ်သည် ။

သို့သော်လည်း လုံပါ့ထျန်းသည် ဂရုမစိုက်သော အကြည့်ဖြင့် ၊ အမျက်ဒေါသထွက်ပုံမရပေ။

တစ်နည်းအားဖြင့် ဆိုရသော် ၊ ဒီခေတ်လူငယ်တွေကြားထဲ သူ့မျက်လုံးထဲ ထည့်ရတာဆိုလို့ ဘယ်လောက်မျှ မရှိပေ။

“ လုံပါ့ထျန်း !”

လုံပါ့ထျန်း၏ လျစ်လျူရှုထားသော အကြည့်များကြောင့် ကဲကျင်းယွင်တစ်ယောက် မှုန်ကုပ်ကုပ်ဖြင့် ဆိုလိုက်သည်။

“မင်းစောင့်ကြည့်နေ လုံပါ့ထျန်း!”

“နောက်ကြမှ မင်းကောင်းကောင်းကြီး သိစေရမယ် “

လူအုပ်ထဲတွင် မထီမဲ့မြင်ပြုဟန်ဖြင့် အမျိုးတစ်ယောက် ရှိနေခဲ့သည်။သူမသည် စစ်မှန်သော ဖီးနစ်လိုဏ်ဂူမှ ဟွမ်လော့ရှင်း ပင်။

“ဒီကျက်သတုံးကောင်က သာ့နိမ်(အနန္တစွမ်းအားရှင် )နယ်ပယ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့မယ်လို့ မမျှော်လင့်ထားဘူး၊ ခေါင်းကိုက်စရာပဲ”

စစ်မှန်သော ဖီးနစ်လိုဏ်ဂူ နှင့် နတ်နဂါးကျွန်းစုသည် မကောင်းဆိုးဝါး မျိုးနွယ်စုများကြားထဲက ဧကရာဇ် မျိုးနွယ်စုများ ဖြစ်ကြသော်လည်း ၎င်းတို့သည် အချင်းချင်း အမြဲသဟဇာတ မဖြစ်ကြပေ။

“မြူခိုးဖြူ ကမ္ဘာကြီးက တည်ငြိမ်နေပုံရတယ်၊ ဝင်ဖို့ အချိန်သင့်ပြီ “

ကဲကျင်းယွင်က ဦးဆောင်လိုက်သည်။သူသည် မြူခိုးဖြူကမ္ဘာထဲ ပထမဆုံး ဝင်ရောက်ချင်သူ ဖြစ်သည် ။

သို့သော် ထိုအချိန်တွင် ကောင်းကင်မှ ကြီးမားသော ဖိနှိပ်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

အားလုံးက ရပ်တန့်သွားပြီး ထိတ်လန့်တကြားဖြင့် ၎င်းလာရာလမ်းကြောင်းကို ကြည့်လိုက်ကြသည်။

မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသော အနက်ရောင် အမွေးအမျှင်များပါသည့် ဝံပုလွေ တစ်ကောင်နှင့် တူသော ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကို မြင်လိုက်ရသည်။

သို့သော် အားလုံးကို ထိတ်လန့်စေခဲ့သော အရာမှာ ထိုဧရာမဝံပုလွေမဟုတ်ဘဲ ၎င်းပေါ်တွင် ထိုင်နေ သော ဝတ်ရုံဖြူ လူငယ်တစ်ယောက်ပင် ဖြစ်သည်။

သက္ကတသံများ ပဲ့တင်ထပ်လျက် ၊ အဆုံးမဲ့ မှော်သင်္ကေတများ၏ ရောင်စဉ်တို့သည် သူ့နားတွင် တဝဲလည်လည် ရစ်ပတ်နေသည်။

အရာအားလုံးကိုလျစ်လျူရှုထားသော အကြည့်ဖြင့် နတ်ဘုရားအလား ထင်မှတ်ရသည်။

“ အကြီးမြတ်ဆုံး ပညာနယ်ပယ်အဆင့်က သားရဲတိရစ္ဆာန် !?”

စူးချန်ကဲကို မမြင်ခင် ၊ဖိနှိပ်စွမ်းအားများသည် ကောင်းကင်မြစ်မှ သွန်ချလိုက်သကဲ့သို့၊ကျင့်ကြံသူ တချို့ကို အသက်ရှုကျပ်သွားစေသည်။

တချို့သော လူကြီးမင်းများပင်လျှင် မျက်လုံးမျက်စံ ပြူးလျက် တံတွေးကိုတောင် ခက်ခက်ခဲခဲ မျိုရသည့်အထိ သူတို့၏ အမူအရာမှာ အလွန်လေးနက်နေခဲ့သည်။

အကြီးမြတ်ဆုံး ပညာနယ်ပယ်အဆင့်!

၎င်းစီးတော်သားရဲ၏ ကျင့်ကြံအဆင့်သည် သူတို့ထဲက လူတစ်ချို့၏ ကျင့်ကြံအဆင့်ထက် များစွာ ကျော်လွန်ပေသည် ။

သူတို့အနားသို့ နီးကပ်လာသည်နှင့်အမျှ ထိုသားရဲတိရစ္ဆာန်သည် အလွန် ထူးခြားမှန်း ခံစားလာမိသည်။

သာမာန် သားရဲ တိရစ္ဆာန်များနဲ့ မတူဘဲ၊၎င်း၏ ကြွယ်ဝသော သွေးချီစွမ်းအားသည် ကောင်းကင်ကို ဝါးမျိုမယ့် လဝံပုလွေ၏ စွမ်းအားအတိုင်းပင် ။

ထိုအချိန်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူတို့အားလုံးသည် စူးချန်ကဲ လာရာလမ်းကြောင်းကို မျှော်ကြည့်နေကြသည်။

ထိုထာဝရ တိုက်ပွဲသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဂုဏ်သိက္ခာကို ပြန်လည် ‌ဖော်ထုတ်ပေးခဲ့သည်။

ကွေးယွမ် သူတော်စင် နယ်မြေ၏ ကြောက်စရာကောင်းသော အခြေခံအုတ်မြစ်သည် ထာဝရ ဂိုဏ်းများစွာကိုပင် ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

အထူးသဖြင့် ဧရာမဝံပုလွေကြီး ဘေးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပ‌နေသော ကြယ်များအလား ထင်မှတ်ရသည့် စီးတော်ယာဉ်များစွာ ရှိနေပြီး ၊လကို ဝန်းရံထားသော ကြယ်ပေါင်းများစွာကဲ့သို့ စူးချန်ကဲကို ဝန်းရံထားသည်။

စူးချန်ကဲသည် နေနှင့်တူပြီး၊ ၎င်းစီးတော်ယာဉ် လူတစ်စုသည် ကြယ်များနှင့် တူသည် ။

ကဲကျင်းယွင်သည် ကောင်းကင်ပေါ်မှ အရိပ်အာဝါသကို အံ့အားသင့်စွာ ကြည့်ရှုနေသည်။သူ၏ ဆရာတူ အစ်ကိုထံမှ ယခုလို အရှိန်အဝါမျိုးကို တခါမှ မတွေ့ဖူးပေ။

“ ကွေးယွမ် သူတော်စင် နယ်မြေ စူးချန်ကဲ?”

“တယ် စွမ်းသကိုး”

လုံပါ့ထျန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့်အတူ တောက်ပလာသည်။

သူသည် မူလကတည်းက ကွေးယွမ်က စူးချန်ကဲသည် ယခုလို စွမ်းဆောင်နိုင်မည်ဟု မှတ်ယူထားခဲ့သော်လည်း သို့သော် မျက်မြင်ကြုံ‌တွေ့လိုက်ရချိန်မှာတော့ စူးချန်ကဲ ခန္ဓာကိုယ်ပေါ်ရှိ နားမလည်နိုင်သော အငွေ့အသက်များကြောင့် ထင်ထားတာထကိ အံ့အားသင့်ခဲ့ရသည်။

“အင်း၊ ကွေးယွမ်ရဲ့ ဆက်ခံသူက တကယ့်ကို ထူးခြားပါပေတယ် ၊ ငါတို့လို ချန်ဖုန်း ရှေးခေတ် ပါရမီရှင်တွေတောင် သူ့ကို ယှဉ်ပြိုင်ဖို့ ခက်ခဲနိုင်တယ်”

ချန်ဖုန်း အင်အားစုများ၏ ခေါင်းဆောင်တော်တော်များများက သူတို့၏ ကြောက်ရွံ့မှုကို ထုတ်ပြခဲ့ကြသည်။ သူတို့၏ ကျင့်ကြံအဆင့်က မညံ့ဖျင်းသော်လည်း သို့သော် စူးချန်ကဲ၏ ရောင်ဝါကို သူတို့ ကောင်းကောင်းကြီးခံစားနိုင်သည်။

အတော်လေးကို အားကောင်းလွန်းတယ်!

ယနေ့ခေတ်၏ လူငယ်ပါရမီရှင်‌ ဖြစ်သော်လည်း၊ စူးချန်ကဲသည် စည်းတံဆိပ်ခတ်ထားသော ရှေးခေတ် ပါရမီရှင်တွေထက်တောင် အားကောင်းနေသည်။

အကယ်၍သူတို့သာ စူးချန်ကဲ အကြောင်းကို မကြားဖူးပါက ၊ ယနေ့ခေတ်တွင် ဤကဲ့သို့သော ထူးကဲသော သူတစ်ယောက် ထွက်ပေါ်လာပြီ ‌ဆိုတဲ့အကြောင်း ယုံကြည်ဖို့ရာ ခက်ခဲပေသည်။

ပတ်ဝန်းကျင်က မှတ်ချက်များကို လျစ်လျူရှုကာ စူးချန်ကဲသည် ကွေးယွမ် လူများကို ခေါ်ကာ မြူခိုးဖြူကမ္ဘာဆီသို့ ဝင်ရန် ဦိးတည်လိုက်သည်။

“စီစဉ်ထားတဲ့အတိုင်း မြူခိုးဖြူကမ္ဘာမှာ မသိနိုင်တဲ့ အန္တရာယ်တွေ ကြုံခဲ့တဲ့အခါ ၊မင်းတို့ လက်ထဲက ကျောက်စိမ်းအမှတ်အသားကို အချိန်မီ နှိပ်လိုက်!”

“ဒီခရီးစဉ်မှာ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ဖို့လိုတယ်”

“ဟုတ်၊ ဆက်ခံသူရဲ့ အမိန့်ကို နာခံပါ့မယ်”

ကွေးယွမ်၏ လူငယ် ထိပ်တန်းပါရမီရှင်များက တညီတညွတ်တည်း ဖြေလိုက်ကြသည်။

ယခုအခါတွင် စူးချန်ကဲ၏ စကားများသည် သူတို့ နားထဲတွင် ဗျာဒိတ်တော်ပင်။

“ နစေမျးပါဦိး နစေမျးပါဦိး “

ရုတ်တရက် ကဲကျင်းယွင်က ‌ဆိုလိုက်သည်။

သူ့ဘေးနားက အကြီးအကဲများမှာ ထိတ်လန့်သွားကြပြီး မျက်လုံးမျက်စံများ ပြူးလျက် ။ကဲကျင်းယွင်အား နားမလည်နိုင်သော အကြည်များဖြင့် ကြည့်နေလေသည်။

ကွေးယွမ် သူတော်စင် နယ်‌မြေ၏ ဂုဏ်သိက္ခာကို မည်သူ မသိသနည်း။ သူသည် ထျန်းရှန်း ဂိုဏ်း၏ ဒုတိယမြောက် တပည့်ဖြစ်သော်လည်း ထိုစကားသည် နှုတ်ဆက်မယ့် စကား မဟုတ်တာတော့ သေချာပေသည်။

“မင်းက စည်းမျဥ်းတွေကို နားမလည်ဘူးလား?”

ကဲကျင်းယွင် ပါးစပ် ဟ လိုက်သည်နှင့် ထျန်းရှန်း ဂိုဏ်း ခေါင်းဆောင်ဖြစ်သူ အကြီးအကဲမှာ ရင်လေးသွားရပြန်သည်။

စူးချန်ကဲက ခေတ္တရပ်လိုက်ပြီး ကဲကျင်းယွင်ကို ဘာသိဘာသာ လှည့်ကြည့်လိုက်သည်။

“စည်းမျဉ်း?”

စူးချန်ကဲက မျက်ခုံးပင့်လိုက်သည်။လက်စသတ်တော့ သူသည် ပထမဆုံး ဝင်ရန် ဟန်ပြင်လိုက်သောကြောင့် အနှီသူ၏ ဦိးဆောင်မှုကို ခိုးယူလိုက်ပုံရပေသည်။

ဒီကို ရောက်မလာခင်ကတည်းက သူ သိခဲ့သည်။ဤရှေးခေတ် ပါရမီရှင်များသည် ဟန်ဆောင် ကောင်းပြီး မထီမဲ့မြင်ပြုတတ်ကြသည်ပင်။

သို့သော် သူအနှစ်သက်ဆုံးအရာမှာလည်း ထိုကဲ့သို့ လူမိုက်မျိုးကို နှိမ်နှင်းရခြင်း ဖြစ်သည်။

“ ဒီကမ္ဘာမှာ စည်းကမ်းတစ်ခုပဲ ရှိတယ်”

“အဲဒါဘာလဲ သိလား?”

ကဲကျင်းယွင်က မျက်မှောင်ကြုတ်လျက်

“မင်းဘာကိုဆိုလိုတာလဲ?”

“အဲဒါက “

“ငါ ချမှတ်တဲ့ စည်းကမ်းပဲ!”

ဘုန်း!

စူးချန်ကဲသည် ပြောပြီးသည်နှင့်။

ဖိနှိပ်စွမ်းအားများက တဟုန်းထိုးတက်လာပြီး သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားများနှင့် ထာဝရ အငွေ့အသက်များသည် ကောင်းကင်ယံကို ဆုတ်ဖြဲပစ်လိုက်သည်။

အကန့်အသတ်မဲ့ ဓားဆန္ဒများက ကောင်းကင်ကြီးကို ဗိုလ်ကျလျက် ၊ကြယ်များကိုတောင် ဖြတ်ခုတ်ပစ်မည့် နတ်ဓားအလား။

ဘာမှ‌တုံ့ပြန်ချိန်တောင် မရလိုက်သော ပါရမီရှင် တချို့များဆို နောက်ပျံလွင့်သွားသည်။

မူလက ငြိမ်သက်နေခဲ့သော ပင်လယ်ကြီးသည် အမျက်ဒေါသထွက်သွားသကဲ့သို့ လှိုင်းလုံးကြီးများ ရိုက်ခတ်လာခဲ့သည်။

ကွေးယွမ် ဘုရားကျောင်းတွင် လေ့ကျင့်နေသော စူးချန်ကဲ တစ်ယောက် သူ့စိတ်ထဲ ထူးဆန်းသော ခံစားချက်တို့ စီးဝင်လာရာ ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။

ငါ့ကိုတစ်ခုခုက စိုက်ကြည့်နေသလားလို့?

All Chapters