← Chapters

အခန်း (၉၆-၁၀၀)

Vol. 7 Ch. 96-100

အခန်း (၉၆-၁၀၀)

Vol. 7 Ch. 96-100

အပိုင်း(၉၆): သူ တစ်ယောက်တည်းနဲ့ လုံလောက်တယ် ၊ပထမဆုံး တွေ့‌ တွေ့ချင်း ဒီနေ့ ပဲ သေခွင့်ပေးလိုက်မယ်

စူးချန်ကဲ နှင့် အခြားသူများ တွင်းနက်ထဲသို့ ဝင်လာခဲ့ပြီးနောက်တွင် သူတို့ရှေ့၌ ရှည်လျားသော ကျောက်ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့လိုက်ရသည်။

အနက်ရောင် ကျောက်တုံးများပေါ်တွင် သွေးမည်းများ အနည်းငယ် စွန်းထင်းနေပြီး၊ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသည်မှာ နှစ်ပေါင်းမည်မျှ ကြာသွားခဲ့မှန်း မည်သူမျှ မသိနိုင်ချေ။

ဥမင်လိုဏ်ခေါင်း၏အဆုံးတွင် ကြီးမားသော ကြေးဝါတံခါးကြီး တစ်ခုရှိပြီး အလွန် ထူးဆန်းပေသည်။

နှစ်ပေါင်းများစွာ ကျော်ဖြတ်ပြီးခဲ့တာတောင် ၊ ကြေးဝါတံခါးကြီးသည် ယိုယွင်းမှုအနည်းငယ်မျှ မရှိဘဲ တောက်ပနေဆဲပင် ဖြစ်သည်။

“ဆက်ခံသူ ၊ ထူးဆန်းတဲ့ ကြေးတံခါးကြီးဆိုတာ အဲ့တာပဲ၊ ကျွန်တော်တို့ အကုန် မှော်အစွမ်းတွေနဲ့ စမ်းသပ်ခဲ့ပေမဲ့ ဖွင့်မရဘူး”

ပါရမီရှင် လူငယ်တစ်ယောက်က ဆိုလိုက်သည်။

“ ဖွင့်မရတာ သဘာဝကျပါတယ် ၊ မင်းတို့ စွမ်းအားနဲ့ မလုံလောက်ဘူး “

စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူသည် အလွန် တည်ငြိမ်လျက်ရှိပြီး ၊သူ့လက်သီးများကို တင်းတင်းဆုပ်လိုက်ရာ သွေးချီစွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်း ပွက်ပွက်ဆူလာသည်။မူလက ငြိမ်သက်နေသော ဟင်းလင်းပြင်ကြီးသည် စူးချန်ကဲ ၏ စွမ်းအား‌ကြောင့် တဖန် ထကြွလာခဲ့သည်။

သူ့လက်သီးပေါ်တွင် တဟုန်းဟုန်း တောက်လောင်နေသော နဂါးစွမ်းအင်များက ရစ်ဝဲထားသည်။ဤသည်မှာ သူအရင် စုပ်ယူခဲ့သော နဂါးအနှစ်သာရဖြစ်ပြီး ၊ နတ်မီးလျှံနှင့် ပေါင်းစပ်လိုက်ချိန်တွင် မီးနဂါးကြီး ဟောက်ဟိန်းနေသလိုပင်။

“ချိုးဖြတ်စေ!”

စူးချန်ကဲသည် သူ၏ လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။တုနှိုင်းမရသော စွမ်းအားသည် ကောင်းကင်ဘုံကိုးထပ်က‌နေ ဆင်းသက်လာသည့်အတိုင်း ၊ ကြောက်စရာကောင်းသော ထိုစွမ်းအားက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

 ကွဲအက်သံ!

  ဘုန်း!

နတ်သံခံတပ်ကဲ့သို့ ခိုင်ခံ့သော ဧရာမတံခါးကြီးသည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားသည်။

“သွားကြမယ်”

စူးချန်ကဲသည် ထိုနေရာကို ဖြတ်ကျော်ကာ စင်္ကြံ၏ အနက်ရှိုင်း နေရာဆီသို့ လျှောက်သွားခဲ့သည်။

အနောက်က လူအုပ်ကြီးမှာ ကြောင်အမ်းစွာဖြင့် စိုက်ကြည့်နေကြသည်။

“ဒါ လူရော ဟုတ်ရဲ့လား?”

ပါရမီရှင်တစ်ဦးသည် ၎င်းဧရာမတံခါးကြီး၏ အပိုင်းအစများကို ကောက်ယူကြည့်လိုက်ရာ ၊ ဝိညာဉ်စွမ်းအားများက ကျိုးပဲ့နေသော အပိုင်းအစများဆီသို့ စီးလျှောက်နေသည်။

ဒါကိုမြင်တော့ ၊သူသည် ဘာမှ မတုံ့ပြန်ဘဲ ၎င်းအပိုင်းအစများကို တိတ်တိတ်လေး ဖယ်လိုက်သည်။

ထို့နောက် သူ့ညာလက်က ဘယ်လက်ကို ဆုပ်ကိုင်ထားရင်း ၊ မျက်ရည်များ စီးကျလာသည်။

လူတစ်ယောက်က သူ့ဆီသို့ ရောက်လာပြီး ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးရှာသည်။

“ ညီအစ်ကို၊ အဆင်ပြေပါတယ် ၊ဒါကလည်း မင်းက ပြဿနာ ရှိနေလို့မဟုတ်ဘဲ ချန်ကဲ ဆက်ခံသူက သန်မာလွန်းနေတာပါ “

“ဒီလို ဒဏ္ဍာရီဆန်ဆန် လူတွေနဲ့ နှိုင်းစရာ မလိုပါဘူး၊ ကိုယ့်ဟာကိုယ် ကောင်းအောင် လုပ်နိုင်ရင်ကို အဆင်ပြေပါတယ် “

“ငါ..”

ထိုလူသည် ရှိုက်ကြီးတငင်ဖြင့် သူ့အမူအရာမှာ အတော်လေး နာကျင်နေပုံရကာ အော်ပြောလေသည်။

“ငါ့လက်တွေ နာတယ်!!!”

ထိုလူသည် အင်အားအလွန်အကျွံသုံးကာ ကျောက်တုံးကို ချိုးရန် ကြိုးစားခဲ့သော်လည်း ထို့အစား သူ့လက်အရိုးများသာ ကျိုးသွားကြောင်း လူတိုင်း သိရှိသွားကြသည်။

၎င်းသည်လည်း အတော်လေး အံ့ဩစရာကောင်းပေသည်။ အရိုးတွေ ဒီလောက် ကျိုးသွားတာတောင် တချက်လေးမှ မအော်ဘူး!

သို့သော် လူတချို့မှာ စူးချန်ကဲသည် ဧရာမ တံခါးကြီးကို သူ၏ လက်သီးတချက်တည်းဖြင့် ရိုက်ချိုးလိုက်သည့် အကြောင်းကို တွေးမိလိုက်ရာ ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။

အားလုံးက စူးချန်ကဲ၏ နောက်ကို အနီးကပ်လိုက်ပါလာခဲ့ကြသည် ။

စူးချန်ကဲသည် သူတို့ကို ဝင်ခွင့်ပြုခဲ့သည်။သို့ဆိုတောင် သူတို့အနေဖြင့် အခွင့်အရေးကို အရယူဖို့ စူးချန်ကဲကို ကျော်၍ မပြေးဝံ့ပေ။

ဧရာမတံခါးကြီးနောက်ရှိ ပတ်ဝန်းကျင်မှာ ပို၍ ထူးဆန်းပေသည်။

ဖယောင်းတိုင် မီးမှိန်မှိန်မျှသာ လောင်ကျွမ်းနေသည်။

အရှေ့ဘက်တွင် ဧရာမ ကျောက်တုံးကြီး တစ်ခုရှိနေပြီး ၎င်းပေါ်တွင် ထွင်းထုထားသော ကျောက်ပန်းချီများ ရှိနေသည်။

ဘေးပတ်ပတ်လည်တွင် မကောင်းဆိုးဝါး ဦးခေါင်းခွံအချို့နှင့် လူဦးခေါင်းခွံအချို့ ရှိနေသည်။

ယစ်ပူဇော်ရာ အရပ်နှင့် တူ၏။

သို့သော် သူတို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ။

ဘုန်း! !

ရုတ်တရက် ရှေ့တွင် အနက်ရောင် မြူခိုးမြူ‌ငွေ့များ အုံကြွလာခဲ့ပြီး ၊ထို့နောက် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ထွားကျိုင်းသော နတ်ဆိုးရုပ်သွင် တစ်ခု ပေါ်ထွက်လာခဲ့သည်။

သူ့တစ်ကိုယ်လုံးအား အနက်ရောင် ချပ်ဝတ်တန်ဆာဖြင့် ဆင်ယင်ထားပြီး ၊ မျက်နှာတွင် အထူးခြယ်သထားသော တက်တူးများမှာ ပုံစံအမျိုးမျိုးဖြင့် ပုံဖော်ထားတာကြောင့် အရမ်းထူးဆန်းပုံရသည် ။

သူ၏ မျက်လုံးများထဲက နတ်ဆိုး စွမ်းအားများ ဖြာထွက်လာသည်မှာ သူ့အား အမှောင်ထုထဲက မရဏသခင်အလား ထင်မှတ်စေပြီး

လူကို အရိုးထဲထိ စိမ့်အေးသွားစေသည်။

သူ့လက်ထဲတွင် သွေးအနည်းငယ် စွန်းထင်းနေသော တင်းပုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။

“ တိုက်မြေသုံးထောင်က ပါရမီရှင် တွေလား?”

“ငါ မင်းတို့ကို စောင့်နေတာ ကြာပြီ”

စူးချန်ကဲ ထိုနတ်ဆိုးရုပ်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ အချိန်နဲ့ အာကသစီးကြောင်းမှာ အသက်ရှင်ကျန်ရစ်သူတွေလား?”

သူ ခရီးမထွက်ခင်က အာကာသ ပရမ်းပတာ ဝဲကြီးထဲတွင် ပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သူများ ရှိသေးကြောင်းကို ဘိုးဘေးက သူ့ကို သတိပေးခဲ့သည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော ရောင်ဝါကို အာရုံခံလိုက်ခြင်းဖြင့် ၊ ထိုအနှီသူသည် အသက်ရှင်ကျန်ရစ်သူ ဖြစ်ကြောင်း သေချာသည်။

“အရမ်းကောင်းတယ်၊ နောက်ထပ်ရော ကျန်သေးလား ၊ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေ အလကား မဖြစ်ဘူးပဲ!”

“အားလုံး ထွက်လာကြ၊ အမဲလိုက်ဖို့ အချိန်ရောက်ပြီ”

နတ်ဆိုး၏ စကားသံအဆုံးတွင်။

ဝှီး! ဝှီး! ဝှီး!

ရာနှင့်ချီသော ပုံရိပ်များသည် ၎င်းတို့ပတ်ဝန်းကျင်မှ ရုတ်တရက် ခုန်ထွက်လာခဲ့သည်။ ထိုလူများ၏ ကျင့်ကြံအဆင့်သည် အလွန်ကြောက်စရာကောင်းလှပြီး ၊ ၎င်းတို့သည် သာ့နိမ်(အနန္တစွမ်းအားရှင်) နယ်ပယ်အဆင့်ကိုတောင် ချိုးဖြတ်ပြီးသား သူများ ဖြစ်ကြသည်။

သူတို့အားလုံးသည် စူးချန်ကဲတို့ အဖွဲ့အား

ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ကြည့်နေကြသည်။

“ သွားပြီ ၊ သာ့နိမ်(အနန္တစွမ်းအားရှင်)‌ တွေချည်းပဲ ၊ ငါ့ဘဝတော့ ဆုံးပြီ!”

“ဒါကြီးက အခွင့်အရေးတစ်ခု ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့၊ ဒါပေမယ့် ဒီလို အဆုံးသတ်ရမယ်လို့ ငါမမျှော်လင့်ထားဘူး “

“”

ပါရမီရှင်များမှာ စိတ်ပျက်အားငယ်နေပုံရသည်။ ၎င်းတို့ဘက်တွင်လူဦးရေ ဒါဇင်နဲ့ ချီ ရှိပြီး အရေအတွက်အားဖြင့် အတော်လေး ကွာခြားနေသည်။

အသက်ရှင်ကျန်ရစ်သူများအကြောင်း ဂိုဏ်းမှာတုန်းက သူတို့လည်း ကြားဖူးနားဝ ရှိခဲ့ဖူးသည်။

၎င်းတို့သည် တိုက်မြေသုံးထောင်က ပါရမီရှင်တပည့်များကို လိုက်လံရှာဖွေ သတ်ဖြတ်ပြီး ၊အချိန်လှောင်အိမ်ကို ဖောက်ထွင်းနိုင်ရန်အတွက် သူတို့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အရင်းအမြစ်ကို အသုံးပြုလိုကြသည်။

“ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပဲ၊ အားလုံး တတ်ကြ!”

ဦးစွာ တွေ့ခဲ့ရသော ထိုနတ်ဆိုးက အမိန့်ပေးလိုက်သည်နှင့် ၊ ပတ်ဝန်းကျင်ရှိ နတ်ဆိုးများသည် တညီတညွတ်တည်း လှုပ်ရှားကြ လေသည်။

ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများသည်ကြွေကျနေသော ကြယ်များအလား သူတို့ဆီသို့ တဟုန်ထိုး ပြေးတတ်လာကြသည် ။

စိတ်ပျက်အားငယ်နေသူများလည်း ရှိသလို တိုက်ဖို့ အသင့်ပြင်ထားသော သူများလည်း ရှိပေသည်။၎င်းတို့သည် မိမိ၏ ကျင့်ကြံစွမ်းအားများကို အသုံးပြုကာ သေဖို့အထိ ပြင်ဆင်ထားပြီး ပြန်ခုခံကြသည်။

လူအုပ်ကြီး၏ ရှေ့တွင် ရပ်နေသော စူးချန်ကဲကတော့ ဘာမှမထူးခြားဟန်ဖြင့်။

လုံးဝကို ဂရုမစိုက်ပုံရသည်။

“ ရွှံပုတ်ထဲက ငါးအုပ်စုက အတင့်ရဲလှချည်လား!”

စူးချန်ကဲသည် သူ၏ ဘယ်လက်ကို နောက်ကို ပစ်ထားပြီး ညာလက်ကို မြောက်လိုက်သည်။

အဆုံးမဲ့ စွမ်းအားများသည် သူ့လက်ဖဝါးဆီသို့ အဆက်မပြတ် စုဝေးသွားခဲ့ပြီး ၊မီးလျှံဝိညာဉ်စွမ်းအားများက မီးနဂါးကြီး အဖြစ် ပြောင်းလဲသွားကာ သူ၏ ခေါင်းထက်တွင် ပျံဝဲနေသည်။

နဂါး စွမ်းအားသည် အရာအားလုံးကို ဖြတ်ကျော်၍ မီးလျှံများက တဟုန်းဟုန်း တောက်လောင်နေသည်။

စူးချန်ကဲ သည် သူ့ကိုယ်ပိုင်ညဏ်စွမ်းဖြင့် နဂါးစွမ်းအင်ကို ကမ္ဘာ့သစ်ပင်၏ နတ်မီးလျှံ စွမ်းအားများနှင့် ပေါင်းစပ်လိုက်ပြီး နောက်ဆုံးတွင် ဖန်ထျန်းလက်ဝါးသိုင်းဖြင့် အသုံးပြုလိုက်သည်။

စူးချန်ကဲ၏ ညဏ်စွမ်းကို တစ်စုံတစ်ယောက်ကသာ သိခဲ့မည်ဆိုပါက ၊အံ့ဩလွန်းလို့ သူတို့၏ မေးရိုးများပင် ကျွတ်ကျသွားနိုင်သည်။

ဉာဏ်အလင်းနှင့် ကံကြမ္မာ လမ်းစဉ် ထိုအရာများကို မဟာ သူတော်စင်များ ၊ အထူးသဖြင့် ထက်မြက်သော ပုဂ္ဂိုလ်များမှသာ ၎င်းအရာတို့ကို ကျွမ်းကျင်နိုင်သည် ။

သို့သော် စူးချန်ကဲသည် မဟာ သူတော်စင် မဖြစ်ခင်ကတည်းက ထိုအရာများကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။

“ဖိနှိပ်စေ”

ဟိန်းသံ !

ကောင်းကင် မီးလျှံသည် လူ့လောကသို့ ကျရောက်လာသည့်အတိုင်း ၊ မီးနဂါးသည် ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။

ဝုန်း !

မီးလျှံများသည် မြေလွှာကို ဖောက်ထွက်လျက် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး အပူလှိုင်းများက နေရာအနှံ့ ပျံ့နှံ့နေသည်။

မူလက မှောင်မိုက်နေခဲ့သော နေရာကြီးမှာ လောင်ကျွမ်းခံခဲ့ရလေသည် ။

တချို့ကျောက်နံရံများဆိုရင်ဖြင့် လောင်ကျွမ်းထားသော အရာများ စွန်းထင်းနေ၏။

တစ်ချက်ရိုက်လိုက်ရုံဖြင့် ၊ ချီတတ်လာခဲ့ကြသော နတ်ဆိုးများမှာ ချက်ချင်းဆိုသလို သေဆုံးခဲ့ရသည်။

နတ်ဆိုး ခေါင်းဆောင်မှာ ခဏတာ အံ့အားသင့်သွားပြီး ၊ ဤရလဒ်ကို လက်ခံနိုင်ပုံမပေါ်ချေ။

သူ့လူများ၏ ခွန်အားကို သူကိုယ်တိုင် သေချာသိသည်။လက်နက်ပြီးသော သူများလို့တောင် ဆိုရနိုင်သည်။သို့သော် သူ့ရှေ့က လူသားသည် ရိုးရှင်းလှတဲ့ ထိုးနှက်ချက် တစ်ချက်တည်းဖြင့် သူ့လူများကို မြေအောက်ကမ္ဘာထဲသို့ မြှုပ်နှံပေးခဲ့သည်။

  “သေချင်နေတဲ့ကောင်!”

  “သူ့ကို သတ်!”

နောက်ဆုံးတော့ ၎င်းသည် ဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။

“သတ်!”

မူလက တခြား ပါရမီရှင်များကို ဝိုင်းထားပြီး တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သော နတ်ဆိုးများသည် စူးချန်ကဲထံ လှည့်လာပြီး တယောက်ပြီးတယောက် တိုက်ခိုက်ကြတော့သည်။

ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအင်များသည် အနက်ရောင် ချပ်ဝတ်တန်ဆာအဖြစ် ပေါင်းစပ်သွားပြီး ၎င်းတို့၏ ပြိုင်ဘက်ကင်းလှသော ရုပ်ခန္ဓာများကို ထပ်မံ ပြသခဲ့ကြသည်။

“မြန်မြန် ၊ ဆက်ခံသူကို ကူတိုက်ကြ!”

ပါရမီရှင်များစွာလည်း တုံ့ပြန်ခဲ့ကြပြီး ၊စူးချန်ကဲ၏ ဖိအားများကို မျှဝေကူညီပေးခဲ့ကြသည်။

သူတို့ထဲတွင် စူးချန်ကဲသည် အသန်မာဆုံးဖြစ်သည်။စူးချန်ကဲသာ သေဆုံးသွားမည်‌ဆိုပါက ၊ သူတို့မသေခဲ့ရင်တောင် ကွေးယွမ် သူတော်စင်နယ်မြေ၏ ပြင်းထန်သော အမျက်ဒေါသကို ခံရပေလိမ့်မည် ဖြစ်သည်။

သူတို့၏ ဂိုဏ်းတင်မက သူတို့၏မျိုးနွယ်စုများလည်း ထိုအကျိုးဆက်ကို ခံရနိုင်သည်။

“ မလိုဘူး ၊ မင်းတို့ကိုယ် မင်းတို့ ဂရုစိုက်ကြ”

သို့သော် စူးချန်ကဲသည် တိုက်ရိုက်ငြင်းဆိုခဲ့သည်။

ထိုစကားကို ကြားတော့ ၊ ပါရမီရှင် တော်တော်များများ အံ့ဩသွားကြပြီး စူးချန်ကဲ ဆီသို့ အရူးအမူး ပြေးလာကြသည်။

“ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာတောင် ချန်ကဲ ဆက်ခံသူ က ငါတို့ကို အရမ်း ဂရုစိုက်နေတုန်းပဲ ၊ ဒီလောက် ဖြောင့်မတ်တာ ငါ ဒီနေ့ ချန်ကဲ ဆက်ခံသူကို သေချာပေါက် ကူညီရမယ်”

“ဟုတ်တယ် ချန်ကဲဆက်ခံသူ က ငါတို့ကို ကယ်တင်ဖို့ သူ့အသက်ကိုတောင် စတေးခဲ့တာ၊ ငါတို့ ဘယ်လိုလုပ် အချည်းနှီး အသက်ရှင်နိုင်မှာလဲ?”

“သတ်ကြ ၊ ချန်ကဲဆက်ခံသူ အတွက်!”

  “”

ထိုမြင်ကွင်းကို ကြည့်ရင်း စူးချန်ကဲတစ်ယောက် ခေါင်းကိုက်နေလေ၏။

ဒီလိုအသုံးမဝင်လေး‌တွေ က သူ့ကို ကူညီမယ်တဲ့လား?

သူသည် သူ့လက်ဝတ်ရုံကို တချက်ဝှေ့ယမ်းလိုက်ရာ သူ့ နောက်က ပါရမီရှင် လူအုပ်ကြီးမှာ နောက်သို့ လွှင့်ပျံသွားသည်။

ထို့နောက် စူးချန်ကဲ က အမိန့်ပေးသောလေသံဖြင့်

“ငါပြောနေတယ်လေ မလိုဘူးလို့ !”

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲသည် အမိန့်နတ်ဘုရားကဲ့သို့ ၊ သူ၏ ကြီးမားသော အရှိန်အဝါကို ထုတ်သုံးလိုက်မှသာလျှင် ပါရမီရှင်များစွာ ရပ်တန့်နိုင်ခဲ့သည်။

“ဟားဟားဟား၊ မိုက်မဲတာလား ရူးတာလား!?”

“မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို ရင်ဆိုင်မယ်ပေါ့လေ စိတ်ကူးယဉ်နေတာပဲ”

နတ်ဆိုးတစ်‌ကောင်က လှောင်ပြောင်သရော်လိုက်သည်။

ဒီလို မာနကြီးတဲ့လူမျိုးကို သူ ကျင့်ကြံအားထုတ်လာတဲ့ နှစ်ပေါင်းများစွာ အတွင်း တစ်ခါမှ မတွေ့ဖူးဘူး။ တခြားသူရဲ့ အကူအညီကို ငြင်းဆန်ပြီး သူတို့ကို တစ်ယောက်တည်း တိုက်ခိုက်ချင်သတဲ့လား?။

တကယ့် အရူးကောင်ပဲ!

စူးချန်ကဲ သည် သူ့ရှေ့က နတ်ဆိုးများစွာကို

ဘာမှမထူးခြားသော ဒီဇိုင်းဖြင့် ကြည့်နေသည်။

ထိုအချိန် အေးစက်သော အသံတစ်ခုက ‌ လူတိုင်း၏ နှလုံးသားကို ထိတ်လန့်သွားစေခဲ့သည်။

“ပထမဆုံး တွေ့‌ တွေ့ချင်း “

“မင်းတို့ကို ဒီနေ့ ပဲ သေခွင့်ပေးလိုက်မယ်”

အပိုင်း(၉၇): အဖြူ‌ရောင် အလင်းနှင့် အမှောင်ထုတို့ ဆုံစည်းတိုက်ခိုက်ချိန်

စူးချန်ကဲ၏ စကားလုံးများသည် အလွန့်အလွန် အံ့ဩတုန်လှုပ်စရာ ကောင်းပြီး ၊ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။အားလုံးက တုန်လှုပ်ခြောက်ခြားသော အမူအရာများဖြင့် အလယ်ဗဟိုက ဝတ်ရုံဖြူ အမျိုးသားကို စိုက်ကြည့်နေကြသည်။

ပါရမီရှင်များမှာဖြင့် စူးချန်ကဲ၏စကားကို ကြားလိုက်ရချိန် ပို၍ပင် တုန်လှုပ်သွားကြသည်။ ဒီလောက်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းထန်ရသလား ?

ထို့အပြင် ရှေးနတ်ဆိုးများ၏ သတ်ဖြတ်ချင်စိတ်မှာ အလွန်ပြင်းထန်ပေသည်။သူတို့သည် တစ်ချိန်က အမတဘုံတွင် မူလကတည်းက ရှိခဲ့ကြ‌သော သက်ရှိများ ဖြစ်ကြပြီး ၊ အခု အဲ့လိုမဟုတ်ရင်တောင် ၊ လူသားတစ်ယောက်ရဲ့ လှောင်ပြောင်တာကို ခံမတဲ့လား?

“အရူး!”

“ဒီလူသား တကယ်ကို သေချင်နေတာပဲ!”

“ဘာအပိုစကားတွေ ပြောနေဦးမှာလဲ ၊ ငါ ပထမဆုံး သူ့ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်မယ်”

  “”

 ဘုန်း !  

ရှေးနတ်ဆိုးမျိုးနွယ်စု၏ ပါရမီရှင်များသည် တစ်စုပြီး တစ်စု စူးချန်ကဲဆီသို့ ဦးတည်လာခဲ့သည်။

စူးချန်ကဲသည် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများကို ဘာမှမထူးခြားသော အကြည့်ဖြင့် ကြည့်ရင်း ဆိုလိုက်သည်။

“ သူတို့က တစ်ချိန်က အမတဘုံက ရိုင်းစိုင်းတဲ့ မျိုးနွယ်စု အဆင့်သာသာပဲ”

“ငါ့အတွက်တော့ အမတဘုံက ဒီတ်ိုင်းဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ ၊ မင်းတို့ကလည်း ပျောက်ဆုံးနေတဲ့ ခွေးတစ်ကောင်သာသာပဲ ၊ဒီလောက်ထိ အတင့်ရဲရအောင် ဘာအရည်အချင်းများ ရှိလို့တုန်း”

ဘုန်း!

စူးချန်ကဲ၏ ရောင်ဝါသည် တဟုန်းထိုးတောက်လာခဲ့ပြီး သူ့နောက်တွင် ကြီးမားသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော ရုပ်သွင်သဏ္ဍာန်ကဲ့သို့၊

နတ်အလင်းရောင်များက သူ့ တစ်ကိုယ်လုံးကို

ဖုံးလွှမ်းထားပြီး နတ်တို့၏ ထွက်သက်ဝင်သက်နှင့်တူသော သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအင်နှင့် အသွေးအသားများသည် ကောင်းကင်ကို ဖြိုဖျက်နိုင်သည့်အထိ စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ချန်ချင်းပြောင်းလဲခြင်း နတ်ဘုရားကျင့်စဉ်!

စစ်မှန်သော သူတော်စင် တာအို သန္ဓေသားလောင်း၏ အသွေးအသားများကို နိုးထစေပြီး သာမန်လူကို မသေနိုင်သူ အဖြစ် ပြောင်းလဲ စေသည်။

ကျင့်ကြံမှု အထွပ်အထိပ်တွင် ၊ ခန္ဓာသုံးပါးကို ပေါင်းစည်းနိုင်သည်။

T/N- ခန္ဓာသုံးပါး - ဓမ္မကာယ ၊ သမ္ဗောဂဂာာယ၊နိမ္မာနကာယ၊

သူ၏ နောက်ကွယ်၌ ပထမမြောက် ဓမ္မကာယ၏ အသွင် ဖြစ်တည်လာခဲ့ပြီး ၊ ၎င်း၏ စွမ်းအားမှာ အလွန့်အလွန် ကြီးမားပေသည်။

အကယ်၍ စူးချန်ကဲသာ ခန္ဓာသုံးပါးကို ပေါင်းစည်းနိုင်မည်ဆိုပါက ၊ သူ့တွင် ခန္ဓာလေးပါး ရှိသွားမည်ပင်။

T/N - သူတော်စင် ခန္ဓာကိုယ်နဲ့ ခန္ဓာသုံးပါး

ဘုန်း!

စူးချန်ကဲ တစ်ကိုယ်လုံး လေထဲသို့ လွင့်မျောသွားပြီး ၊ သူ့နောက်က တောက်ပနေသော ဓမ္မကာယသည် ထိန်လင်း တောက်ပနေသော နေမင်းကြီးကဲ့သို့ပင်။သူကတော့ ၎င်းနေမင်းကြီးထဲက နေမင်း နတ်ဘုရားတစ်ပါးအလား ။

“ဒါက မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းလား!?”

“မဖြစ်နိုင်ဘူး! ဒါက အရင်ခေတ်တွေတုန်းကပဲ ပေါ်ထွက်လာဖူးတာ ၊ ဒါပေမယ့် သူက ပုံမှန်သူတော်စင် တာအို သန္ဓေသားလောင်းနဲ့ ဘာလို့ လုံးဝ မတူရတာလဲ!”

စူးချန်ကဲ ၏ ခံ့ညားထည်ဝါ မြင့်မြတ်သော ရောင်ဝါသည် တဟုန်ထိုး တိုးလာသည်နှင့်အမျှ၊ ရှေးနတ်ဆိုးမျိုးနွယ်၏ ဦိးဆောင်သူမှာ နှလုံးခုန်နှုန်း ရပ်တန့်သွားသကဲ့သို့ သူ့တစ်ခေါင်းလုံး ပူထူသွားသည်။

အမတဘုံ နယ်မြေမှ ရှေးဒဏ္ဍာရီတစ်ခုကို သူ သတိရမိသည်။

ဤကဲ့သို့ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ဖူးသော မြင့်မြတ်သော ဘုရင်တစ်ပါး ရှိခဲ့ဖူးသည်။ထိုအချိန်ကတည်းက ဤကဲ့သို့ သူတော်စင် ခန္ဓာကိုယ်မျိုးကို ပေါ်ထွန်းမလာသည်မှာ နှစ်သန်းပေါင်းများစွာကြာခဲ့ပြီပင်။

၎င်းသူတော်စင် ခန္ဓာကိုယ် ဘုရင်သည် သူတော်စင် ခန္ဓာကိုယ်၏ မူလအစ လို့ ဆိုကြသလို ၊ ပြီးပြည့်စုံသော သူတော်စင် ခန္ဓာကိုယ်ဟုလည်း ဆိုနိုင်သည်။

သို့သော် ယခု သူ့မျက်နှာပေါ်ရှိ အမူအယာမှာ ကြောက်လန့်ခြင်း မဟုတ်ဘဲ ရွှင်မြူးခြင်းပင်။

စစ်မှန်တဲ့ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ် ? အကယ်၍ သူသာ စူးချန်ကဲ၏ သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားကို လုယူနိုင်ခဲ့မည် ဆိုပါက ၊

သူသည်လည်း ထာဝရအောင်မြင်မှုကို ရရှိနိုင်‌တော့မည်ပင်။

“သူ့ကိုမသတ်နဲ့၊ သူ့ကို အရှင်လတ်လတ် ရအောင်ဖမ်း”

“ သူ့ကို ဖမ်းနိုင်တဲ့ ဘယ်သူမဆို ငါ မှော်ကျောက်တုံးတစ်ထောင်နဲ့ ဆုချမယ်!”

မှော်ကျောက်တုံးတစ်ထောင် ဆိုသည့် အသံကိုကြားလိုက်ရသည်နှင့် ၊ လက်အောက်ခံ ရှေးနတ်ဆိုးတို့မှာ ရူးသွပ်မှုအပြည့်ဖြင့် စွမ်းအား အကုန် ထုတ်သုံးကာ သားကောင်ကို ဆာလောင်နေသော ဝံပုလွေများကဲ့သို့ စူးချန်ကဲအား တိုက်ခိုက်ကြ‌တော့သည်။

မှော်ကျောက်တုံးသည် ၎င်းတို့ မျိုးနွယ်စု၏ ကျင့်ကြံရေးတွင် အရေးပါဆုံး အရင်းအမြစ် တစ်ခု ဖြစ်သည် ။၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များကို စုစည်းပြီး ၎င်းတို့၏ အသွေးအသားများကို ဆင့်ကဲပြောင်းလဲနိုင်သည်။

သို့သော် နတ်ဆိုးမျိုးနွယ်စုသည် အချိန်နှင့်အာကာသ စီးကြောင်း ချောက်နက်ထဲသို့ ကျရောက်သွားခဲ့ချိန်မှစ ၎င်းမှော်ကျောက်တုံးများမှာ ပိုရှားပါးလာခဲ့သည်။

ဆုငွေသည် မှော်ကျောက်တုံးတစ်ထောင်လို့ ပြောလိုက်သည်နှင့် အားလုံး လုံးဝဥဿုံ ရူးသွပ်သွားကြသည်။

“ဝိသမလောဘ၏ အခကြေးကား သေခြင်းပေတည်း”

စူးချန်ကဲသည် ရှေးနတ်ဆိုးများကို အထင်အမြင်သေးစွာ ကြည့်နေပြီး ၊ နည်းနည်းမှ မလှုပ်ပေ။

ပတ်ဝန်းကျင်ရှိ ပါရမီရှင်များမှာ အတော်လေး စိုးရိမ်နေကြသည်။ စူးချန်ကဲ တည်ရှိရာ ကမ္ဘာကြီးသည် အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားကာ ခမ်းနားထည်ဝါသော ရောင်စုံတိမ်တိုက်များက အရာအားလုံးကို ဖယ်ရှားလိုက်သလိုပင်။

သို့သော် ရှေ့က အမှောင်ထုကြီးသည် တဟုန်းဟုန်း မြင့်တတ်လာပြီး၊ အမှောင်လှိုင်းများက စူးချန်ကဲဆီသို့ အလုံးအရင်းဖြင့် တိုးဝင်လာခဲ့သည်။

လှိုင်းထန်လာသော အမှောင်ထုကြီးနှင့် ငြိမ်သက်နေသော အလင်းရောင်တို့သည် လူကို ကြီးမားသော အမြင်အာရုံသက်ရောက်မှုကို ဖြစ်စေသည်။

အနက်ရောင် ဒီရေသည် နီးကပ်လာသည်နှင့်အမျှ ၊ နောက်ဆုံးတွင် စူးချန်ကဲ လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

သူ့ညာလက်ကို မြှောက်တင်လိုက်သည့် အခိုက်အတန့်တွင် အချိန်အားလုံးသည် နှေးကွေးသွားပုံရသည်။

“တာအိုဂန္တဝင်၊ နတ်ဘုရား အဖျက်စွမ်းအား !”

စူးချန်ကဲသည် သူ့လက်ကို မြှောက်တင်ပြီးနောက် ပြန်အောက်ချလိုက်သည်။

သူ့လက်ကို ပြန်အောက်ချလိုက်သည်နှင့် အမျှ၊

နတ်ဆိုးများမှာ အစုလိုက် အပုံလိုက် ဖိနှိပ်ခံလိုက်ရပြီး နောက်ဆုံးတွင် သူ၏ လက်ဖဝါးသည် မြေပြင်နှင့်အပြိုင် အောက်သို့ ကျဆင်းသွားခဲ့သည်။

  ဝီ!

ပရမ်းပတာဖြစ်စဥ်မှ ထွက်ပေါ်လာသော ပထမရောင်စဉ်ကဲ့သို့ ထာဝရ ထွန်းလင်းတောက်ပစေကာ အဆုံးမဲ့ အမှောင်ထုကို ဖြိုခွဲလျက် ရောင်ပြန်ဟပ်စေခဲ့သည်။

ထိုစွမ်းအားသည် အဖျက်စွမ်းအား အငွေ့အသက်တို့ မပါဝင်ဘဲ အလွန်နူးညံ့သိမ်မွေ့သည်။

မည်သည့် စွမ်းအား၊ မည်သည့် အရာမဆို၊ နူးညံ့သိမ်မွေ့မှုကို ပေးဆောင်စေမည်။

မည့်သည့် ရုန်းကန်မှုမျိုးမှ မရှိသည့်အပြင် ၊ သေခြင်းတရား မလာခင် ဖြစ်ပေါ်မည့် ငိုကြွေးသံများပင်လျှင် မရှိစေဘဲ အဖြူရောင်အလင်းနှင့်အတူ ပျက်သုန်းကာ ပျောက်ကွယ်သွားသကဲ့သို့ နောက်ဆုံးတွင် နတ္ထိ ဖြစ်သွားစေသည်။

အချိန်အတော်ကြာပြီးနောက်မှာတော့ ထိုစွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အားလုံး ၎င်းတို့၏ စူးရှနေသော မျက်လုံးများကို အသာလေး ဖွင့်လိုက်ကြပြီး ၊ခဏအကြာတွင် အမြင်တချို့ ကြည်လင်လာခဲ့သည်။

သို့သော် မျက်စိရှေ့က ဖြစ်ပျက်သွားခဲ့သော အရာအားလုံးသည် သူတို့ကို နောက်တစ်ကြိမ် ထပ်ပြီး ဆွံ့အသွားစေခဲ့သည်။

အားလုံး မရှိတော့ဘူး!

ယခင်က လှိုင်းထန်နေခဲ့သော အမှောင်လှိုင်းကြီးသည် ပြင်းထန်သော စွမ်းအားဖြင့် ဤကမ္ဘာကြီးမှ သုတ်သင်ရှင်းလင်း ခံလိုက်ရသလိုမျိုး ‌ခြေရာလက်ရာတောင် မကျန်ဘဲ ပျောက်ဆုံးသွားခဲ့သည်။

သူတို့ရှေ့က ‌‌ မြေအောက် တွင်းကြီးသာ ရှိမနေခဲ့ရင် ၊ဒီအရာအားလုံးသည် လှည့်စားမှုတစ်ခုသာ ဟု သူတို့ တကယ်ပဲ ယုံကြည်ကြလိမ့်မည်ပင်။

“ဟားဟား! ကောင်းတယ် သိပ်ကောင်းတယ် !”

“ဒါကမှ သူတော်စင် တာအို သန္ဓေသားလောင်းရဲ့ စွမ်းအားပဲ!”

“ ဟာသပဲ ၊ မင်း ခွန်အားတွေ ကျန်သေးတယ်မလား? ဒီတခေါက်တော့ ဗိုလ်ချုပ်လာဖို့ အလှည့်ကျပြီ”

“မှတ်ထား ၊ဒီတစ်ခေါက် မင်းရင်ဆိုင်ရမယ့်သူက ကူယီးပဲ “

ကူယီးသည် စကားဆုံးသည်နှင့် ၊ ဟင်းလင်းပြင်အလွှာကြီးပင်လျှင် တစ်ခုပြီး တစ်ခု ကွာကျသွားရသည့်အထိ ပြင်းထန်သော နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

သူ့တွင် မိမိမျိုးနွယ်စု သေဆုံးခဲ့ရခြင်းအပေါ် လုံးဝ စာနာစိတ် မရှိပေ။

သူသာ ပြိုင်ဘက်ကင်း သူတော်စင် တာအိုသန္ဓေသားလောင်း၏ အသွေးအသားများကို အောင်မြင်စွာ လုယူနိုင်ခဲ့မည်ဆိုပါက ၊ သူသည် ရှေးနတ်ဆိုးမျိုးနွယ်၏ အထွတ်အမြတ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားမည်ပင်။

ဒါဆို သေသွားတဲ့ သူတွေ အတွက်ကရော?

သူတို့က‌တော့ ရှေးနတ်ဆိုးမျိုးနွယ်စု၏ ရှေ့ဆောင်လမ်းပြ ဖြစ်ကြပေမည်။

“စောင့်ကြည့်လိုက်စမ်း ကူလင်အာ ၊ ငါ သူတော်စင် အသွေးအသားကို ရတဲ့အခါ မင်းက ထာဝရ ငါ့ဟာပဲ!”

ကူလင်အာ သည် ၎င်းတို့ ရှေးနတ်ဆိုးမျိုးနွယ်စု၏ ယဇ်ပုရောဟိတ်ငယ် ဖြစ်သည်။ သူမသည် ဘိုးဘေး‌အသွေးအသားများကို ပိုင်ဆိုင်ထားသည့်အပြင် လှပသော ရုပ်ဆင်းအင်္ဂါရှိပြီး

ရှေးနတ်ဆိုးမျိုးနွယ်စု၏ အထွပ်အမြတ် ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်သည်။

သို့သော် ရုတ်တရက် ၊ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးအုပ်ထားသော ဧရာမ လက်ဖဝါးကြီးသည် ကူယီး ရှိရာသို့ ရုတ်တရက် ကျရောက်လာခဲ့သည်။

ချက်ခြင်းလက်ငင်း ၊ နတ်အလင်းရောင်များ ပေါက်ကွဲသွားပြီး စွမ်းအားလှိုင်းများက တဟုန်းဟုန်း ထတောက်လာခဲ့သည်။ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီးကို ပြိုကျစေခဲ့သည်။

စူးချန်ကဲက သူ့လက်ဖဝါးကို ပြန်ရုတ်သိမ်းလိုက်ပြီး စိတ်မရှည်ဟန်ဖြင့်ဆိုလိုက်သည်။

“နားညီးလိုက်တာ ၊ တိုက်မှာလား မတိုက်ဘူးလား”

ဘုန်း!

အနက်ရောင် နတ်ဆိုးစွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး အခိုးအငွေ့များ ပျံ့လွှင့်သွားခဲ့သည်။ကူယီးသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့သော်လည်း သို့သော် အရှက်တကျိုး ဖြစ်သွားခဲ့ပုံရသည်။

“ ခွေးကောင်! မင်း သိုင်းကျင့်ဝတ်ကို မလေးစားဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တာလား!”

“မင်း အသေပဲ!”

ကူယီးက သူ့ခေါင်းကို မြှောက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။ ပိုမို ကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအင်များသည် တုန်လှုပ်ဖွယ်ရာကောင်းသော လှိုင်းလုံးကြီး သဖွယ် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့သည်။

ထိုစဉ် သူ၏ နောက်မှ မှုန်ဝါးဝါး အနက်ရောင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။

သူ၏ အသံမှာ အက်ကွဲနေပြီး တခြားတစ်ယောက်လိုပင် ။

ဘုန်း!

ကူယီးသည် သူ့ခြေထောက်ဖြင့် ဆောင့်ချလိုက်ရာ မြေပြင်မှာ တစ်စ တစ်စစီ အက်ကွဲသွားပြီး အက်ကွဲကြောင်းသည် အရှိန်ပြင်းစွာဖြင့် စူးချန်ကဲထံသို့ ဦးတည်သွားသည်။

သူသည် အ‌မှောင်စွမ်းအင် မှော်သင်္ကေတများဖြင့် ဝန်းရံထားသော တင်းပုတ်ကို မြောက်ကိုင်လိုက်ပြီး စူးချန်ကဲပေါ်သို့ ပုတ်ချလိုက်သည် ။

ဘုန်း! ! !

သို့သော် အဖြစ်အပျက်တစ်ခုက အားလုံးကို တဖန် ထိတ်လန့်သွားစေခဲ့သည်။

စူးချန်ကဲသည် ညာလက်ဗလာဖြင့် တင်းပုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် နတ်အလင်းရောင်များက ဖုံးလွှမ်းထားပြီး ပြိုင်ဘက်၏ လက်နက်မှာ သူ့ကို တစက်ကလေးမှ မထိခိုက်နိုင်ပေ။

ပြင်းအားသာ သူ၏ အဝတ်စကို ဖြတ်တိုက်မသွားခဲ့ပါက ၊ ပန်းချီကားတချပ်လို့တောင် သတ်မှတ်ရပေမည်။

T/N -အိန္ဒိယရိုက်ချက်ကိုမှ အနှေးပြကွက် ထည့်ထားသလား အောက်မေ့ရတယ်

“ဒီလောက်ပဲလား”

စူးချန်ကဲက အပြုံးမပျက်ဘဲ မေးလိုက်သည်။

အပိုင်း(၉၈): ကူယီးကြောက်ရွှံ့ခြင်း

  “မင်း”

ကူယီးသည် သူ၏ တင်းပုတ်ကို စူးချန်ကဲလက်ထဲမှ အတတ်နိုင်ဆုံး ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့‌သော် မည်မျှပင် ကြိုးစားပါစေ တုပ်တုပ်မှ မလှုပ်‌ချေ။

“လွှတ်စမ်း!”

ကူယီးတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ပြီပင်။သူသည် ရှေးနတ်ဆိုးမျိုးနွယ်စုတွင် အလွန်အစွမ်းထက်သူ ဟု ယူဆထားခဲ့သော်လည်း ၊ ဤကဲ့သို့သော အားနည်းသော လူသားတစ်ယောက်က သူ့ကို မည်သို့ ဖိနှိပ်ချုပ်ချယ်နိုင်မည်နည်း။

“လွတ်ရမယ်?”

“ဒါမှမဟုတ် အသစ်လဲလိုက်ပါ့လား?”

စကားအဆုံးတွင် ၊ စူးချန်ကဲ၏ လက်ပေါ်တွင် နတ်ဘုရားအလင်းရောင်သည် တောက်ပလာပြီး ၊ သူ့ စွမ်းအားဖြင့် ဖိချလိုက်သည်။

ကွဲအက်သံ !

တောင့်တင်းခိုင်ခံ့သော နတ်သံဖြင့် ပြုလုပ်ထားသော တင်းပုတ်ကို စူးချန်ကဲသည် တိုက်ရိုက် ဖိချေလိုက်သည် ။

အပိုင်းအစများက လေထဲသို့ ပျံလွှင့်သွားခဲ့လေသည်။

“မင်း ..”

‌ကူယီးစကားမဆုံးသေးခင် ၊

စူးချန်ကဲ၏ လက်သီးတချက်မှာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ဘုန်း !

မှော်သင်္ကေတများ ကြွတတ်လာပြီး ဟင်းလင်းပြင်ကြီးမှာ တုန်ခါလျက် ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်သွားသည်။

ကူယီး သည် အလွန် ခိုင်ခံ့သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အလွန်သန်မာသော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။သို့သော်လည်း ဤကမ္ဘာကြီးကိုတောင် ဖြိုခွဲနိုင်သည့် စွမ်းအားဖြင့် ရင်ဆိုင်လိုက်ရချိန်တွင် သူ့အတွင်းအင်္ဂါများ ‌ဗြောင်းဆန်သွားသည်ကို ခံစားမိလိုက်သည်။

“သွေးအန်သံ!”

ကူယီးမှာ လက်သီးချက်ဖြင့် အထိုးခံလိုက်ရပြီးနောက်တွင် သွေးများ လေထဲသို့ ပန်းထွက်လာခဲ့သည်။

တစ်ဖက်က စူးချန်ကဲမှာမူ ယင်ကောင် တစ်ကောင်ကို ရိုက်ချလိုက်သလိုမျိုး သူ၏ အကြည့်များမှာ ဘာမှမထူးခြားသလိုပင်။

သူ၏ အဖြူရောင် အဝတ်ထည်လေးသည် အညစ်အကြေးကင်းစင်ဆဲပင် ဖြစ်ပြီး သူ၏ ကိုယ်ပေါ်၌ ပြိုင်ဘက်ကင်း စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

“ကောင်စုတ်လေး အစကတော့ မင်းကို အရှင်လတ်လတ် ဖမ်းမလို့ပဲ ခုတော့ ..”

“ မင်း သေလိုက်တော့ !”

ကူယီးသည် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်ရင်း သူ့ထံမှ ပိုအားကောင်းသော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

စောနက အဖြစ်အပျက်သည် သူ့ကို တကယ် အရှက်ရစေသည် ။သူသည် ဘာမှတောင် မတုံ့ပြန်နိုင်ဘဲ အဝေးသို့ လွှင့်သွားခဲ့ရသည်။

စူးချန်ကဲသည် ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။သူ တကယ်ကို သတိလက်လွတ်ဖြစ်ခဲ့သည်ပင်။

“ခေါင်းမာလိုက်တာ”

“ကြယ်ရဲ့ တောက်ပမှုက လမင်းကို ဘယ်မှီနိုင်ပါ့မလဲ “

စူးချန်ကဲသည် ကူယီးကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

ငြီးငွေ့စရာကောင်းသော ဤလျှို့ဝှက်နယ်ပယ်တွင် သူ့ကို အပျင်းပြေစေနိုင်တဲ့ သူတစ်ယောက်ရှိနေတာကလည်း မဆိုးလှပေ ။

စူးချန်ကဲသည် အတွေးများလိုက်ရင်း ၊ သူ့ခန္ဓာကိုယ်ရှိ သူတော်စင် တာအို သန္ဓေသားလောင်းမှာ တဖန် တုံ့ပြန်လာခဲ့သည်။

နတ်ဘုရားတစ်ပါး၏ ရောင်ဝါများက စူးချန်ကဲ၏ ပတ်ပတ်လည်တွင် ရစ်ဝဲထားလျက် ရှိသည်။

ကမ္ဘာသစ်တစ်ခုကို ဖန်တီးလိုက်သလိုမျိုး အဆုံးမဲ့ ရောင်စဉ်အလင်းတန်းများက အပြည့်အလျှံ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် ပြိုးပြိုးပြက်ပြက် တောက်ပသော ထာဝရကမ္ဘာတွင် လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ရှိနေခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို ၊ ကောင်းကင်ယံထိ ပျံတက်သွားသော အသွင်အပြင်မှာ ဤကမ္ဘာမြေကြီးကို တရားစီရင်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားသည့်အလား။

ဒါနဲ့တင် မပြီးသေးပေ။

ဝေဟင်ပေါ်တွင် နတ်ဘုရားများက တီးတိုးဆိုလျက် နတ်ဆိုးများ၏ ဟောက်ဟိန်းသံများနှင့် အတူ ရုပ်သွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှေးခေတ်နတ်ဘုရားများနှင့် နတ်ဆိုးများက စူးချန်ကဲအား ဦိးညွှတ်ကြလေသည်။

ထို့အပြင် စူးချန်ကဲ၏ နောက်ဘက်တွင်၊ မြေပြင်မှ အထွပ်အထိပ် ရှေးတောင်တန်းတစ်ခု ထိုးထွက်လာခဲ့ပြီး ရောင်စဉ်များမှာ ကြယ်စင်အစုအဝေးကြီး သွန်းလောင်းချလိုက်သလိုပင်။

ယခုအချိန်တွင်၊ စူးချန်ကဲသည် ကမ္ဘာ့ ထိပ်ဆုံးတွင် ရပ်တည်နေသော နတ်မိစ္ဆာတို့၏ အရှင်သခင် ၊ နတ်ဘုရားတို့၏ ဘုရင်အလား ထင်မှတ်ရသည်။

ဤကဲ့သို့ အရှိန်အဝါသည် လူကို မဖြစ်မနေ ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်စေသည်။

“ဒါက!?”

ကူယီးမှာ သူ့ခန္ဓာကိုယ်ထဲက မငြိမ်မသက်မှုကို ခံစားလိုက်ရပြီး ၊ မသက်မသာ ဖြစ်သော ခံစားချက်တစ်ခုက သူ့ရင်ထဲသို့ ရုတ်ချည်း ဝင်ရောက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်တွင်းရှိ ဗြောင်းဆန်မှုများကို အစွမ်းကုန် ထိန်းထားပါသော်လည်း အချည်းနှီးသာပင်။

တစ်စုံတစ်ခုကို ကြောက်ရွံ့နေသလိုမျိုး ၊ သူ့၏ စိတ်ဝိညာဉ်မှာ တုန်လှုပ်နေသည်။

“ မတိုက်ဆိုင်လိုက်တာများ ကြည့်စမ်း ၊ နတ်ဘုရားနဲ့ နတ်ဆိုးကတောင် ဦိးညွတ်နေရတဲ့ သူတော်စင် ခန္ဒာကိုယ်ရဲ့ ရူပါရုံ နိမိတ် ရှိတယ် “

စူးချန်ကဲက အပြုံးမပျက် မေးလိုက်သည်။

“မင်းကလည်း နတ်ဆိုးမျိုးနွယ်စုဝင်ထဲက ဆိုတော့ တလက်စတည်း ဦီးညွှတ်လိုက်ပါ့လား”

“ မင်း ဘယ်သူလဲ!?”

ကူယီးတစ်ယောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်မျိုးတွင် ထိုသို့သော ရူပါရုံနိမိတ်မျိုး ရှိတယ်လို့ သူ တစ်ခါမှ မကြားဖူးပေ။

သူ့ကို ကြောက်လန့်အောင် ပြုစားနိုင်သည့် ထိုကဲ့သို့သော အရှိန်အဝါမျိုးကို သူ မည်သို့ တွန်းလှန်နိုင်မည်နည်း ။

ထိုရူပါရုံ နိမိတ်သည် ရိုးရှင်းသော ရူပါရုံနိမိတ်မျှသာ မဟုတ်ပေ။

ထိုရူပါရုံ နိမိတ်ထဲတွင် သူနှင့် အလွန်ဆင်တူသော စွမ်းအားတစ်ခုရှိကြောင်း ခံစားမိသည်။သူနှင့် ယှဉ်လျှင် ၎င်းအရာသည် ပိုစင်ကြယ်ပြီး တကယ့် နတ်ဆိုးမိစ္ဆာ၏ စွမ်းအားများပင် ဖြစ်သည်။

သူ နားမလည်နိုင်သော အရာတချို့ ရှိပေသည်။ထိုကဲ့သို့ ရူပါရုံ နိမိတ်တွင် အဘယ့်ကြောင့် ဒီလိုအ‌ငွေ့အသက်မျိုး ရှိနေရသနည်း။

ရုပ်ရှင် ကြည့်နေရသလိုမျိုး ၊ သို့‌ဆိုသော်ငြားလည်း ရုပ်ရှင်ထဲက စိတ်ကူးယဉ်ဆန်သော ဇာတ်ကွက်များကို အမှန်တကယ် ပြုလုပ်နိုင်သော လူတစ်ယောက် တကယ်ပဲ ရှိနေသည်။

ထိုအရာက သူ့ကို ခေါင်းကြီးသွားစေသည်။

“ဘယ်လိုလဲ၊ မင်းပဲ သတ်မယ်ဆို?”

“တကယ်လို့ မင်းကိုယ်မင်း ယုံကြည်ချက် မရှိတော့ရင်လည်း ငါကိုယ်တော် မင်းအပေါ် ရေအနည်းငယ် လောင်းပေးမယ်လေ “

စူးချန်ကဲသည် အပြုံးမပျက်ဘဲ ကူယီး ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

​‌မြေပြင်ပေါ်တွင် လျှောက်လှမ်းနေသော သူ၏ ‌ခြေရာသံက ကူယီးနားထဲတွင် အသက်ကို ဓားထောက်ထားသလိုပင်။

“သ...သခင်! ကျွန်တော်ကိုက ထိုက် တောင်ကို ကြည့်တတ်တဲ့ အမြင်မရှိလို့ပါ “

“ကျွန်တော် သေသင့်ပါတယ် ၊ သေသင့်ပါတယ်!”

ကူယီးသည် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ပါးပြန်ရိုက်ကာ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

ရုတ်တရက် လျှပ်စီးအလား သူ၏ ခန္ဓာကိုယ်ကို လှည့်ကာ အဝေးဆီသို့ အမြန်ထွက်ပြေးလိုက်သည်။

စူးချန်ကဲက ရယ်၏။

“ ကြောင်နဲ့ကြွက်တိုင်း ကစားချင်လို့လား”

တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် မူလနေရာမှ ပျောက်ကွယ်ကာ ကူယီးရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

“မင်း”

ကူယီးတစ်ယောက် တုန်လှုပ်သွားပြီး ၊ သူ၏ မျက်စံများမှာ ကျဉ်းမြောင်းသွားကာ နှလုံးခုန်သံပင်လျှင် ရပ်တန့်သွားသလား အောက်မေ့ရသည်။

သူ၏ အရှိန်သည် သူ့ရုပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရလောက်တဲ့အထိ မြန်ဆန်လွန်းပြီး လူကို အံ့အားသင့်စေသည်။

အမှန်တော့၊ ကူယီး သာမက ပတ်ဝန်းကျင်က ပါရမီရှင်များလည်း စူးချန်ကဲ၏ အလွန်မြန်ဆန်သော အရှိန်နှုန်းကြောင့် ထိတ်လန့်အံ့သြသွားခဲ့ရသည်။

စူးချန်ကဲသည် မျက်တောင် တချက်ခတ်လိုက်သည့် အခိုက်အတန့်မှာပင် ကူယီး၏ ရှေ့သို့ ရောက်ရှိနေခဲ့ပြီပင်။

“သခင်! ကျေးဇူးပြုပြီး ကျွန်တော် အသက်ကို ခွင့်လွှတ်ပေးပါ!”

ကူယီးသည် စူးချန်ကဲ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားမိရာ သူ့ကို ပြန်ခုခံမည့် ကိုယ်ပိုင် ယုံကြည်ချက်များပင်လျှင် လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

“တကယ်ကို ပျင်းဖို့ ကောင်းတယ် ၊ ပုရွက်ဆိတ်လောက်တောင် ခံနိုင်ရည်မရှိဘူးလား?”

“ဒီလိုဆိုမှတော့ ငါ မင်းကို ယဇ်ပူဇော်တဲ့ နေရာမှာ ယဇ်ပူဇော်ပေးမယ် “

ဤရှေးနတ်ဆိုးမျိုးနွယ်စုသည် ၎င်းတို့၏ ဘိုးဘေးများကို လူသား အ‌မြောက်အမြားဖြင့် ယစ်ပူဇော်ခဲ့ကြသူများ ဖြစ်သည် ။ သူ၏ လုပ်ရပ်သည် အခြားသူများအပေါ် ပြုမှုခဲ့သော ၎င်းတို့ ၏နည်းဖြင့် ပြန်လည် ပြုမူလိုက်ခြင်းသာ ဖြစ်သည်။

စူးချန်ကဲ၏ စကားကို ကြားတော့ ကူယီးတစ်ယောက် လုံးဝ အမူအရာ ပျက်သွားသည်။

သို့သော် ရုတ်တရက် ၊ အမှောင်ထု၏ အနက်ရှိုင်းဆုံး တစ်နေရာမှ နက်မှောင်သောအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အရောင်အသွေးစုံလင်သော အနက်ရောင်အလင်းတန်းသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ထို့နောက် ချက်ခြင်းဆိုသလို၊ အလွန်ပြင်းထန်သော နတ်ဆိုးစွမ်းအင်တစ်ခုက ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး တုန်လှုပ်သွားစေသည်။

“ဒါက ဘာလဲ!?”

“နောက်ထပ် လျှို့ဝှက် နတ်ဆိုးတစ်ကောင် ထပ်ထွက်လာမှာလား”

ပါရမီရှင်အကုန်လုံး ကြီးမားသော ဖိနှိပ်စွမ်းအားကို ခံစားမိပေရာ ၊ သူတို့၏ ခန္ဓာကိုယ်များမှာ မသိစိတ်က ဒူးထောက်စေခိုင်းနေလေ၏။

အချို့လူများမှာ ထိုဖိနှိပ်စွမ်းအားကို တွန်းလှန်ရန် ၎င်းတို့၏ ခွန်အားကို အပြည့်အဝ အသုံးချခဲ့ကြသည်။

သို့သော် ကူယီးသည် ၎င်းစွမ်းအားအပေါ် ရင်းနှီးကျွမ်းဝင်မှုရှိပေရာ စိတ်လှုပ်ရှားနေပုံရသည်။

“အိုး? ငါးကြီးကြီး တစ်ကောင်ကို ဆွဲဆောင်နိုင်ခဲ့တာလား”

“မမျှော်လင့်ထားတဲ့ အမြတ်ပဲ “

စူးချန်ကဲ၏ အမူအရာမှာ အနည်းငယ် အံ့သြရုံမျှသာဖြစ်ပြီး သူ့အတွက် ၎င်းဖိနှိပ်စွမ်းအားသည် မဆိုးဘူးဟု ဆိုရပေမည်။

သူ ပိုပြီး သိချင်သောအရာမှာ ၊ တဖက်လူမှာ မည်သူနည်း ။ ရှေးနတ်ဆိုးမျိုးနွယ်စုရဲ့ ဘိုးဘေးအသွေးအသားကို ပိုင်ဆိုင်ထားသူများ ဖြစ်နိုင်မလား?

စိန်ခေါ်မှုတစ်ခုခုကို သူ မျှော်လင့်နေမိသည်။

လက်ရှိတွင် သူ၏ မျက်လုံးထဲသို့ ဝင်ရောက်နိုင်သူမှာ ယဲ့လင်ထျန်း တစ်ဦးတည်းသာ ဖြစ်သည် ။

စူးချန်ကဲ၏ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်မှာ အပြည့်အဝ မနိုးထသေးကြောင်း သင်သိရလိမ့်မည်။

အကယ်၍ စူးချန်ကဲ၏ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်မှာ အပြည့်အဝနိုးထလာမည်ဆိုပါက၊

ပြီးပြည့်စုံသော ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသော သူတော်စင် ခန္ဓာကိုယ်တို့ ပေါင်းစပ်သွားမည်ဆိုပါက သူ၏ အသွေးအသားများသည် မည်မျှထိတ်လန့်စရာကောင်းမည်ကို စိတ်ကူးကြည့်နိုင်သည်။

“”

အမှောင်ထု၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်၊ နက်မှောင်သော နန်းတော်ကြီး တစ်ခုရှိနေသည်။

အနက်ရောင် အလင်းများကြားတွင် ဟင်းလင်းပြင် အလွှာမှာ တစ်ခုပြီးတစ်ခု ကွဲအက်သွားခဲ့ပြီး ၊ ၎င်းအက်ကွဲကြောင်းထဲမှ လှပသော ရုပ်သွင် တစ်ခု ထွက်ပေါ်လာခဲ့သည်။

မြင်ကွင်းမှာ နီးကပ်လာသည်နှင့်အမျှ။

ထိုရုပ်သွင်မှာ အမျိုးသမီး တစ်ယောက် ဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိလာနိုင်သည် ။

သူမ၏ အနက်ရောင် ဆံနွယ်များသည် ဝင်းလက်တောက်ပနေပြီး ၊ အနက်ရောင်ပိတ်စကတ်ပေါ်တွင် ပင့်ကူခတ္တာပန်းဖြင့် ဆင်ယင်ထားသည်။

သူမ၏ ချောမွေ့ဖြူဖွေးသော အသားအရေသည် ပိတ်စကတ်အောက်တွင် လှစ်ဟနေပြီး၊ သူမ၏ နုပျိုသော အသားအရေကို ပိုမိုထင်ရှားပေါ်လွင်စေသည်။

သူမ၏ အသွင်အပြင်သည် အရုပ်မလေးကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ၊ သွယ်လျသော နှာတံ ၊ ဗာဒံပုံသဏ္ဍာန် မျက်လုံးများနှင့် နူးညံ့စိုစွတ်သော အနီရောင်နှုတ်ခမ်းသားများကို ပိုင်ဆိုင်ထားသည်။

နေနှင့်လတို့ ပျောက်ကွယ်ပြီး၊ ကမ္ဘာကြီးတစ်ခုလုံး ယိုင်လဲသွားသလိုမျိုး အနက်ရောင် မှော် သင်္ကေတများက သူမ နားတွင် တဝဲလည်လည် ပျံ့လွှင့်လို့နေသည် ။

မီးတောင်ကျောက်ဖြင့် ထုဆစ်ထားသော ဖန်ခွက်နှင့်တူသော မျက်ဝန်းတစ်စုံသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ထိုအချိန်တွင် နန်းတော်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ၊ ကြောက်မက်ဖွယ်ရာကောင်းသော မှောင်မိုက်သော ရောင်ဝါသည် သူမဆီသို့ တိုးဝင်လာသည်။

  ရှေးနတ်ဆိုး ယဇ်ပလ္လင်၏ နတ်ဆိုး ရောင်ဝါပင်လျှင် သူမဆီသို့ စုဝေးလာခဲ့သည် ။

“ချိန်းဆိုထားတဲ့နေ့ ရောက်ပြီလား”

  အပိုင်း(၉၉) :နတ်ဆိုးမျိုးနွယ်စု၏ ပရောဟိတ်ငယ် ၊ ပင့်ကူခတ္တာပန်းများ၏ ဘုရင်မ

အမျိုးသမီး၏ စကားသံသည် ကြည်လင်အေးမြသော နွေဦးရေအလား နူးညံ့သိမ်မွေ့ပေသည်။

သူမခေါင်းထဲတွင် မှတ်ဥာဏ် အပိုင်းအစများက အဆက်မပြတ် ပေါင်းစပ်နေပြီး ၊ သူမ၏ အသိစိတ်မှာ တဖြည်းဖြည်း ကြည်လင်လာခဲ့ပြီ ဖြစ်သည်။

သူမ၏ အမည်မှာ ကူလင်အာ ဖြစ်ပြီး ၊သူမသည် ရှေးခေတ်နတ်ဆိုးမျိုးနွယ်စု၏ အမျိုးသမီး ပါရမီရှင်တစ်ဦး ဖြစ်သည်။သူမတို့ မျိုးနွယ်စုသည် အချိန် ဝဲဂယက်ထဲတွင် ပါဝင်ခဲ့ပြီးကတည်းက ယခုဆို နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီပင် ။

ရွှေခေတ် ထွန်းကားလာခြင်းကြောင့် ဖြစ်နိုင်သလို ၊ ထိုအရာက အချိန်နှင့် နေရာများကို ဖရိုဖရဲဖြစ်‌စေခဲ့ပြီး သူမကို ဤ‌ခေတ်ကမ္ဘာတွင် နိုးထလာစေခဲ့သည်။

“ဟောကိန်းထုတ်ထားတဲ့ ရွှေခေတ်ကမ္ဘာလား? အမတဘုံမဟုတ်တာတော့ နှ‌မြောစရာပဲ”

သူမသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။သူမနှင့် အရမ်းရင်းနှီးသည့် စွမ်းအားတစ်ခု ရှိနေပြီး ၊ သို့ပေမဲ့ ထိုအရာက သူမ ပြောမပြနိုင်တဲ့ နက်ရှိုင်းသော အကြောက်တရားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

“ယဇ်ပူဇော်ရာအရပ်မှာ ရှိနေတဲ့ပုံပဲ”

ကူလင်အာ သည် သူမ၏ စွမ်းအားကို အသုံးပြုကာ နန်းတော်က‌နေ ပျောက်ကွယ်သွားခဲ့သည်။

ရင်းနှီးသော အရိပ်အယောင်ကို ခံစားလိုက်ရသော ကူယီးမှာ စိတ်လှုပ်ရှားနေပုံရပြီး လေးလံနေခဲ့သော သူ၏ နှလုံးသားမှာ ပေါ့ပါးသွားခဲ့လေသည် ။

“လူသား၊ ငါ့ကို လွှတ်ဖို့ အကြံပေးလိုက်မယ် ၊ မဟုတ်ရင် ငါတို့ ယဇ်ပုရောဟိတ်ငယ်ရောက်လာတဲ့ အခါကြရင် မင်း အသေဆိုးနဲ့ သေလိမ့်မယ်!”

ကူယီးက ရယ်၏။

စူးချန်ကဲက ရှိုက်ကြီးတငင် ပြုံးကာ ခေါင်းခါလိုက်သည်။

“ ဘယ်အရာဆို ဒီလိုပဲ ဖြစ်နေဦိးမှာပဲ ၊မျှော်လင့်ချက် ရောင်ခြည်သန်းနေတော့ မင်းက စိတ်ပျက်အားငယ်မှု ဆိုတဲ့အရာကို လုံးလုံးလျားလျား မေ့ပစ်လိုက်တာပဲ”

“ဒါဆိုလည်း ငါကိုယ်တော် စောင့်ကြည့်ပေးတာပေါ့ ၊မင်း မျှော်လင့်ထားတဲ့ အရာဟာ ဘယ်လောက်တောင် ဈေးတန်သလဲ‌ဆိုတာကိုပေါ့ “

စူးချန်ကဲ အလျင်မလို‌ပေ။ငါးစာမရှိလို့ ငါးကြီး မလာတော့ရင် ဘယ်လိုလုပ်မလဲ မဟုတ်ဘူးလား?

“ ယဇ်ပုရောဟိတ်ငယ်ရဲ့ အစွမ်းအစကို မင်းလို လူသားတစ်ယောက်က ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”

“စောင့်ကြည့်လိုက် ၊ သင်္ချိုင်းတောင် မရှိဘဲ မင်းသေရလိမ့်မယ်!”

ကူယီးသည် သူ့မျိုးနွယ်စု၏ ယဇ်ပုရောဟိတ်ငယ်ကို အလွန်ယုံကြည်ပုံရပြီး ၊ သူသည် မိုက်မိုက်မဲမဲ ပြောဆိုနေခဲ့သည်။

ဒေါက် ! ဒေါက် ! ဒေါက် !

ခြေသံများက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ပိုပြီး ကြောက်စရာကောင်းသည်မှာ နတ်ဆိုးစွမ်းအင်များဖြစ်ပြီး လူကို အတော်လေး ကြောက်ရွှံ့စေသည်။၎င်းအမှောင်ထုထဲတွင် နတ်ဆိုးကြီး တစ်ကောင် ရှိနေသလိုပင်။

“လူကြီးမင်း ကယ်ပါဦး!!”

သူနှင့် အကျွမ်းတဝင်ရှိသော ပုံရိပ်လွှာမှာ သူအလေးစားရဆုံး ပုဂ္ဂိုလ်ဖြစ်သည် ။သို့သော် ထိုကဲ့သို့ ခံစားချက်မျိုးမှာ အရင်ကတည်းက မရှိခဲ့တာ ကြာခဲ့ပြီပင်။ ယခုအခါတွင် သူမသည် သူ့အတွက်တော့ အသက်ကယ်ကောက်ရိုးတစ်ခုမျှသာ ဖြစ်သည် ။

ကွေးလင်အာက ထိုမြင်ကွင်းကို မြင်တော့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ကူယီးသည် မျိုးနွယ်စုကို ဒီလိုမျိုး အရှက်ရစေလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။

ကူယီးသည် သူမ အမြင်မှာတော့ အမှိုက်သာသာ တည်ရှိမှုတစ်ခုပင် ဖြစ်ပြီး သေဆုံးသွားတောင် ဘာမှမဖြစ်ချေ။

“မင်းရဲ့ခန္ဓာကိုယ်ထဲက အသွေးအသားတွေကို ငါ အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုပဲ”

စူးချန်ကဲသည် တစ်ဖက်လူ၏ မေးခွန်းအား ပြန်လည်မတုံ့ပြန်ခဲ့ပေ ။သူ့ကိုယ်သူ မသိသေးသည့် အရာများ ရှိနေသေးသလို ၊ထိုအရာသည် အနာဂတ်တွင် သူရှာဖွေရမည့်အရာပင် ဖြစ်သည်။

“ဒါပေမဲ့ မင်း ဘယ်သူပဲ ဖြစ်‌နေပါစေ ၊ငါတို့ ရှေးနတ်ဆိုးမျိုးနွယ်က မင်း နှောက်ယှက်နိုင်တဲ့ အရာမဟုတ်ဘူး၊ သူ့ကို လွှတ်ပေးရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်”

ကူလင်အာသည် အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး ဘုရင်မ တစ်ပါး အလား ညွှန်ကြားလိုက်သည်။

သူမသည် ရှေးနတ်ဆိုး မျိုးနွယ်စု၏ ပရောဟိတ်ငယ် တစ်ပါး ဖြစ်သောကြောင့် ၊ သူ့ရှေ့တွင် ပါရမီရှင် တစ်ယောက် သေရမည့်အရေးကို ဒီတ်ိုင်း လွှတ်ထားမိပါက မျိုးနွယ်စုအကြီးအကဲများ၏ အပြစ်တင်ခြင်းကို ခံရမည်ဖြစ်သည်။

“ နိုင်သူသာ ဘုရင် ရှုံးသူသည် ဓားပြ ၊ ဘုရင်၏ စည်းမျဉ်းသာလျှင် အတည် “

စူးချန်ကဲက ရယ်လိုက်သည်။

ထို့နောက် ကူယီး၏ ခေါင်းကို သူ့လက်ဖြင့် ရိုက်ချလိုက်သည်။

ဘုန်း!

ရှေးနတ်တောင်ကို ဖြိုခွင်းလိုက်သလိုမျိုး တဟုန်းဟုန် တောက်လောင်နေသော နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင်၊ ကူယီး၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ဝိညာဉ်ပင်လျှင် ပျက်သုဉ်းသွားခဲ့ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူအပေါင်း ရင်သပ်ရှုမော ဖြစ်ခဲ့ရသည်။စူးချန်ကဲသည် တုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်ပစ်လိုက်သည်။

မျက်စိတ်တမှိတ်အတွင်းမှာပင် ၊ တဖက်လူမှာဇီဝိန်ခြွေခံခဲ့ရလေသည်။

  “မင်း!”

  “အတင့်ရဲလိုက်တာ!”

ကူလင်အာသည် ထိုလုပ်ရပ်ကို မြင်တော့ အမျက်ဒေါသ ထွက်ခဲ့ရသည်။သူမသည် ရှေးနတ်ဆိုးမျိုးနွယ်စု၏ ယဇ်ပုရောဟိတ်ငယ် တစ်ဦး ဖြစ်သလို တစ်မိုးအောက် တစ်ယောက် ပါရမီရှင် တစ်ဦးလည်း ဖြစ်ပေသည်။

သူမတို့၏ ဘိုးဘေးများသည် နတ်ဘုံမှ ဆင်းသက်လာသူများ ဖြစ်သည်ဟု ဆိုကြသည်။တစ်နည်းအားဖြင့် ဆိုရသော် သူမမှာလည်း နတ်အသွေးအသားများ ရှိသည်ဟု ပြောရပေမည်။

သူမတို့သည် နှစ်ပေါင်းများစွာ ပိတ်မိနေသော်လည်း၊ သူမတို့ကို မည်သူကမှ ရန်မစရဲပေ။

သူမ၏ လက်ထဲတွင် အနက်ရောင် ပင့်ကူခတ္တာပန်း ပေါ်ထွက်လာခဲ့ပြီး ဝုန်းခနဲ့ ရိုက်ချလိုက်သည်။

ပင့်ကူခတ္တာပန်း၏ အသွင်ပုံရိပ်သည် ဟင်းလင်းပြင်ကြီး ဖြိုခွင်းလိုက်ပြီး ကမ္ဘာကြီးကို ဝါးမြိုနေသော နတ်ဆိုးစွမ်းအင်များက စူးချန်ကဲကို နှိပ်ကွပ်ရန် ဦးတည်လာခဲ့သည်။

“ လုပ်တာ ကောင်းတယ်!”

စူးချန်ကဲ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပသွားပြီး အနှိုင်းမဲ့ တိုက်ပွဲဝင် စိတ်ဓာတ်များက သူ၏ ခန္ဓာကိုယ်ထဲမှ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။

ဤတခေါက် စွမ်းအားသည် ယခင်က အရှုပ်ငါးတစ်ကောင် ကူယီး၏ စွမ်းအားထက် သာလွန်လွန်သည်ကို သူ ခံစားမိသည်။

သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်များမှာလည်ပတ်စီးဆင်းနေပြီး ရုတ်တရက် လက်သီးတချက် ထွက်ပေါ်လာခဲ့သည်။

ဘုန်း! !

လက်သီး နှင့် ပင့်ကူခတ္တာပန်းတို့ ဆုံစည်းတိုက်ခိုက်သွားချိန် ၊ ကောင်းကင်နှင့် မြေကြီးကြားတွင် ပြောင်းလဲမှုများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ရသည်။

အဖြူ​ရောင် အလင်းသည် တဟုန်းဟုန်း တောက်လောင်လျက် ၊ အနက်​​ရောင်သည် လွန်စွာ အေးစိမ့်ပေသည် ​။

သို့သော် လက်သီးအလင်းနှင့်အတူ ပိုမိုပြင်းထန်သော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး တောက်ပသောနေရောင်ခြည်ကဲ့သို့ ၎င်းဖိနှိပ်စွမ်းအားသည် အမှောင်ထုကြီးကို ချက်ချင်းဆိုသလို ချေမှုန်းပစ်လိုက်သည်။

တစ်ဖက်က အနက်ရောင် ပင့်ကူခတ္တာပန်းမှာ ချက်ချင်းဆိုသလို အရည်ပျော်ကျသွားခဲ့သည်။

“ ဒါ ဘယ်လိုလုပ်!?”

ကူလင်အာ အနည်းငယ် အံ့သြသွားသည် ။

သူမ၏ စွမ်းအားကို မည်သို့ အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သနည်း။

သို့သော် ထိုလက်သီးအလင်း၏ စွမ်းအားသည် လျော့မသွားသေးဘဲ သူမထံသို့ ကြယ်တစ်ပွင့်အလား ကျဆင်းသွားခဲ့သည် ။

“ ထျန်းကန်းမှော်အစွမ်း!”

ကူလင်အာမှာ သတိလက်မလွှတ်ရဲပေ။သူမ၏ လက်နှစ်ဖက်စလုံးမှ အနက်ရောင် စွမ်းအားတချို့ ထွက်ပေါ်လာပြီး သူမကို ကာကွယ်ပေးထားသော အနက်ရောင်အတားအဆီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဘုန်း!

ဧရာမ လက်သီးစွမ်းအားကို ဖျက်စီးနိုင်လိုက်သော်လည်း သို့သော် ၎င်း စွမ်းအား၏ အရှိန်မှာ ပြင်းထန်လွန်းပေရာ ကူလင်အာကိုတောင် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားစေခဲ့သည်။

သူမ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ထိုအခိုက်အတန့်တွင် သူမ၏ အကာအကွယ်သည် အားနည်းနေခဲ့မည်ဆိုပါက အခုအချိန်တွင် အရှက်တကွဲ ဖြစ်သွားနိုင်သည်။

“မဆိုးဘူး ၊ တစ်မိုးအောက် တစ်ယောက်ပဲ ရှိတဲ့ ပါရမီရှင်ပါ ဆိုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ လူ‌သားတွေနဲ့ ငါတွေ့ဖူးတယ်”

“ အမှန်အတိုင်းပြောရရင် အားလုံးက လေကြီးမိုးကြီးတွေချည်းပဲ ဒါပေမဲ့ မင်းကတော့ သူတို့ထက် အများကြီးသာတယ်”

“မင်းသာ ငါ့နောက်လိုက် လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ့လူတွေကို သတ်လိုက်တဲ့အပေါ် ခွင့်လွှတ်ပေးမယ် နောက်ကြရင် ငါ မင်းကို အမတဘုံကို ခေါ်သွားပေးမယ်”

သူမသည် အရည်အချင်းရှိသူကို မြတ်နိုးတတ်သောကြောင့် စိတ်လှုပ်ရှားနေပြီး အနည်းငယ် ဂုဏ်ယူနေဟန်ပေါ်သည် ။

သူမ၏ အမြင်တွင်၊ တဖက်လူအား နောက်အနာဂတ်တွင် အမတဘုံကို ပို့ပေးမယ် ဆိုသည့်သူမ၏ ကမ်းလှမ်းချက်သည် မည်သူမျှ ငြင်းမဆိုနိုင်သော အရာဖြစ်သည်ဟု လက်ခံယုံကြည်ထားသည်။

“ အမတဘုံ နယ်မြေ၊ အဲဒါ ဒဏ္ဍာရီထဲမှာပဲ တည်ရှိနေတာ မဟုတ်ဘူးလား၊ တကယ်ကြီး ရှိနေတာလား?”

“ အမတဘုံကို သွားနိုင်တဲ့ လမ်းကို မင်း မသိဘူးလား ၊ အဲ့လမ်းက အမတဘုံကမ္ဘာကို သွားနိုင်တဲ့ တစ်ခုတည်းသော လမ်းပဲ!”

“ တဖက်လူက ဒီလိုတောင် ကမ်းလှမ်းလာတာဆိုတော့ တကယ်လို့ ချန်ကဲဆက်ခံသူသာ တကယ်ပဲ သဘောတူလိုက်ရင် ငါတို့ ဘယ်လိုလုပ်မတုန်း “

ဤစကားများသည် ဗြောင်းဆန်နေသော လူအုပ်ကြီးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့ပြီး လူတိုင်း ဘာစကားမှ မဆိုနိုင်တော့ပေ။

မှန်၏! အကယ်၍ စူးချန်ကဲသာ ရှေးနတ်ဆိုးမျိုးနွယ်စု၏ ယဇ်ပုရောဟိတ်ငယ်နောက်ကို လိုက်ပါသွားခဲ့မည်ဆိုပါက၊ သူတို့အားလုံး ဤနေရာတွင် သေရမည် မဟုတ်လော။

သို့သော် စူးချန်ကဲအတွက်တော့ အရှက်ရသော စကားများပင် ဖြစ်သည်။

သူသည် တခြားသူများကိုသာ သူ့နောက်လိုက် ဖြစ်စေသည်။သူက တခြားသူရဲ့နောက်လိုက် လုပ်စရာလား?

“မင်းကိုယ်မင်း နားထင်သွေးရောက်နေတာပဲ”

“မင်းနဲ့ ငါကြားက ကွာဟချက်ကို မင်း ကောင်းကောင်းကြီး မမြင်ရသေးလို့ ဖြစ်မယ်”

စူးချန်ကဲသည် ကူလင်အာ ကို မထီမဲ့မြင် ကြည့်ကာ ပြောဆိုသည်။

အနှိုင်းမဲ့ ကိုယ်ထည် ၊ ပြိုင်ဘက်ကင်း စနစ် ၊ ဘယ်သူမှ မယှဉ်နိုင်သော နောက်ခံ ရှိတဲ့သူက အခြားသူရဲ့ နောက်လိုက် လုပ်မယ်ဆိုရင် တခြားအချိန်ခရီးသွားတွေက သူ့ကို ဟားသွားကြမယ် မဟုတ်လား?

“အရမ်းကောင်းတယ် ငါမင်းကို ကြိုက်တယ် “

“ဒီလို မောက်မာတဲ့စရိုက်နဲ့ ပေးရတာ တန်တယ်”

ကူလင်အာသည် ရယ်မောလိုက်သည်။ထိုစဥ် သူမ၏ ခန္ဓာကိုယ်မှ ပိုမို ပြင်းထန်‌သော နတ်ဆိုးစွမ်းအင်များ ထွက်လာခဲ့သည် ။

အမှောင်စွမ်းအားများ ကြွယ်ဝသော ပင့်ကူခတ္တာပန်းသည် ဤကမ္ဘာကြီးထဲ အမြစ်တွယ်နေသလိုမျိုး၊ မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော အ‌မှောင်လေထုသည် ဤနေရာဆီသို့ အရူးအမူး တိုးဝှေ့လာလေသည်။

အမှောင်စွမ်းအားများဖြင့် ပင့်ကူခတ္တာပန်းတို့မှာ သက်ရှိသဖွယ် ပြုမှုနေပြီး ၊သူ တကြိမ် လှုပ်ခါလိုက်တိုင်း ကြီးကျယ်ခမ်းနားသော အမှောင်လှိုင်းလုံးကြီးကို ရိုက်ခတ်စေသည် ။

လှိုင်းလုံးများဖုံးလွှမ်းသွားလေရာ နေရာတိုင်း အမှောင်ထု၏ ပင့်ကူခတ္တာပန်းများမှာ ပို၍ ပေါက်ရောက်လာခဲ့သည် ။

သေစေနိုင်သော စွမ်းအင်များဖြင့် ပြည့်နှက်နေသော ပင်လယ်ကြီးကဲ့သို့ နတ်ဆိုးပန်းများမှာ အလွန် ထူးဆန်းပြီး သေခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်နေသည်။

ကူလင်အာ၏ ဖြူစင်သော အသားအရည်သည် အမှောင်ထုထဲတွင် ပို၍ပင် တောက်ပနေပုံရကာ၊ မရေမတွက်နိုင်သော နတ်ဆိုးပန်းများသည် တဖြည်းဖြည်း ကြီးထွားလာပြီး သူမ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသည်။

ပင့်ကူခတ္တာပန်းတို့၏ ဘုရင်မအလား ။

သူမ၏ မာနကြီးလှသော မျက်နှာကို မော်ကြွားလျက် အထင်သေးသောလေသံဖြင့် ဆိုလိုက်သည်။

“ ငါ့ဆီက ပညာကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား”

အပိုင်း(၁၀၀) : တားမြစ်ထားသော စူး မိသားစု

ကူလင်အာ၏ စကားကို နားထောင်ရင်း စူးချန်ကဲတစ်ယောက် မျက်မှောင်ကြုတ်မိသည်။

“ဒီပရောဟိတ်ငယ်မှာ ထူးဆန်းတဲ့ ဝါသနာတွေများ ရှိနေတာလား?”

တွေးလေလေ သူ့ခေါင်းခြောက်လေလေပင်။ယောက်ျားကောင်းတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ ပညာပေး ဆိုဆုံးမမှုကို ခံရမတဲ့လား?

“မင်းငါ့ကို တိုက်ခိုက်ချင်ရင် မင်းအနေနဲ့ ကောင်းကောင်း လေ့ကျင့်ထားမှ ဖြစ်မယ် “

ကူလင်အာ နောက်ကွယ်ရှိ အမှောင်ထုကြီးထဲတွင် ပင့်ကူခတ္တာပန်းများ၏ အငွေ့အသက်များသည် ရုတ်တရက် နက်မှောင်သောနွယ်ပင်များအဖြစ်သို့ ကျစ်လစ်သိပ်သည်းစွာ ထွက်ပေါ်လာခဲ့ပြီး စူးချန်ကဲဆီသို့ ရုတ်တရက် ချီတတ်လာကြသည် ။

  ရွှမ်း!

  ဝုန်း!

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ရှောင်ထွက်လိုက်သည်။သူ၏ မူလ နေရာမှာ ဆိုရင်ဖြင့် ထိုစွမ်းအားကြီး၏ ဖြိုခွင်းမှုကြောင့် တွင်းနက်ကြီးတစ်ခု ဖြစ်ခဲ့ရသည်။

စူးချန်ကဲ ရှောင်ထွက်လို့အပြီး နက်မှောင်သော နွယ်ပင်များက သူ့ဆီသို့ တဖန် ထပ်ရောက်လာခဲ့ပြန်သည်။

စူးချန်ကဲသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ဓားကို လက်ဖြင့် စေညွန်ကာ ရှေ့ကို ထောင့်ဖြတ် ခုတ်ချပစ်လိုက်သည်။

ကြီးမားသော ဓားအလင်းသည် အာကာသကို ထောင်လိုက် အလျားလိုက်ဖြင့် ဖြိုခွဲပစ်လိုက်သည်မှာ မိုးခြိမ်းသံများ ပွင့်ထွက်လာသလိုပင်။

အရပ်ရပ်သို့ ပျံ့လွင့်နေသော နက်မှောင်သော နွယ်ပင်များသည် အမှုန့်အဖြစ်သို့ ပျောက်ကွယ်သွားခဲ့ရသည်။

“ဘယ်ဆိုးတုန်း ၊ ဓားရေးအရာမှာလည်း ဒီလောက်တောင် အားကောင်းမယ်လို့ မမျှော်လင့်ထားဘူး ၊ မင်းကို ငါ့ကျွန်ဖြစ်လာစေချင်ပြီ~”

ကူလင်အာက ရယ်မောလိုက်သည်။

  ဘုန်း!

မရေမတွက်နိုင်သော အနက်ရောင် ပင့်ကူခတ္တာပန်းများသည် ကောင်းကင်နှင့် နေကိုတောင် ပိတ်ဆို့နိုင်သော စွမ်းအားများဖြင့် ပေါက်ဖွာလာခဲ့ပြန်သည် ။

ဤမြင်ကွင်းကို မြင်လိုက်ရသော ပါရမီရှင်များမှာ တစ်ခေါင်းလုံး ထူပူသွားခဲ့သည်။

“သွားမယ် ! ဒီကနေ ထွက်သွားစို့ ! ငါတို့ ချန်ကဲ ဆက်ခံသူကို အကူအညီမပေးနိုင်ဘူး ၊ ဆက်ခံသူကို အနှောက်အယှက် မပေးမိစေနဲ့ !”

ဤမျှ ပြင်းထန်‌သော စစ်ပွဲတွင် သူတို့အားလုံး မပါဝင်ရဲကြပေ။ဧရာမ သားရဲများကြား တိုက်ပွဲတွင် သူတို့လို ပုရွက်ဆိတ်လေးတွေ ဝင်ပါခဲ့မည်ဆိုပါက သူတို့ကိုယ်တိုင်ပဲ အညှာအတာမဲ့ သတ်ဖြတ်ခံရပေလိမ့်မည် ။

ထူထပ်နက်‌မှောင်သော နွယ်ပင်များသည် ကောင်းကင်ယံတွင် လွင့်ပျံနေကာ၊ ဤနေရာရှိ တာအိုနိယာမ ဝိညာဉ်စွမ်းအားများပင်လျှင် ပရမ်းပတာဖြစ်ခဲ့ရသည်။

“သတိထားနော် ကောင်လေး~”

ကူလင်အာသည် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

   ဝှစ် ဝှစ် ဝှစ်!

သူမ၏ နောက်ကွယ်မှ မရေမတွက်နိုင်သော နက်မှောင်သော နွယ်ပင်များသည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ ကောင်းကင်ကိုတောင် ချိုးဖြတ်နိုင်သည့် စွမ်းအားများဖြင့် စူးချန်ကဲထံသို့ မြွေနက်ကြီးသဖွယ် တိုးဝင်လာကြသည်။

ဖြတ်သွားလေရာ နေရာတိုင်း အာကာသ ဟင်းလင်းပြင်ကြီးမှာ မြည်ဟိန်းသွားပြီး အနက်ရောင် လေမုန်တိုင်းကြီးသည် အရပ်ရပ်သို့ ပျံ့နှံ့သွားလေသည်။

“မင်း ဘာလို့ ငါ့ကို အတင်းဖိအားပေးနေတာတုန်း?”

စူးချန်ကဲသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး လေဟာပြင်ထဲမှ သူ၏ ကောင်းကင်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ဓားသွားသံသည် တဝီဝီ မြည်လျက် တောက်ပသော ဓားအလင်းမှာ အေးစက်လွန်းပေသည်။

စူးချန်ကဲ၏ မျက်လုံးထဲတွင် အရိုးထဲထိ အေးစက်သော ဓားဆန္ဒတစ်ခု ပေါက်ဖွားလာခဲ့သည်။ထိုဓားဆန္ဒမှာ အတိတ်နှင့် ပစ္စုပ္ပန်မှာတောင် တုနှိုင်းမယှဉ်နိုင်ဘဲ အနာဂတ်ဆီသို့ ဦးတည်နေပုံရသည်။

စူးချန်ကဲသည် မဆိုင်းမတွဘဲ ဓားဖြင့် ခုတ်ချလိုက်သည်။

အလွန်လျင်မြန်သော ဓားအရှိန်သည် လူကို ထိတ်လန့်သွားစေသည်။

မိုးခြိမ်းသံများက တဝုန်းဝုန်း ကြဲလျက် ၊ အာကာသပြင်ကို ဖြိုခွဲကာ တောက်ပသော ဓားအလင်းတန်းများက ဤကမ္ဘာကြီးကို လွှမ်းခြုံထားသည်။

ထိုအခိုက်အတန့်တွင် မူလက လှည့်ထွက်ပြေးသွားသော ပါရမီရှင်များမှာ တဖန် ပြန်လှည့်ကြည့်လာခဲ့သည်။

သူတို့တစ်သက် ဤမျှ ကြီးကျယ်ခမ်းနားသော အံ့မခန်းဓားတစ်လက်ကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

ဝုန်း!

ဓားသည် နေကို ထိုးဖောက်ဝင်ရောက်သွားသော အဖြူရောင်သက်တံတစ်စင်း အလား ၊

နဂါးငွေ့တန်း ဂလက်စီကို နောက်ပြန်လှည့်စေပြီး ကောင်းကင်ကို နေကြတ်စေသကဲ့သို့ စေခိုင်းကာ ဤသေမျိုးလောကရဲ့ဓားတစ်စင်း မဟုတ်သလိုပင်။

ဝှစ်! !

ကောင်းကင်နှင့် နေရောင်တို့ကို ဖုံးလွှမ်းထားခဲ့သော နက်မှောင်သော နွယ်ပင်တို့မှာ ၎င်းဓားချက်၏ အောက်တွင် လုံးလုံးလျားလျား နှိပ်ကွပ်ခံလိုက်ရသည်။

၎င်းတို့သည် နှင်းပွင့်များသဖွယ် ပြိုကွဲသွားကာ မူလက အကန့်အသတ်မရှိသော အနက်ရောင် လှိုင်းလုံးကြီးသည် သောင်းပေါင်းများစွာမှ ထောင်ပေါင်းများစွာ ထိုမှတဆင့် ပေရာပေါင်းများစွာမှ အဆက်မပြတ် ကျုံ့သွားသည်မှာ နောက်ဆုံးတွင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

အဆုံးမရှိသော ညနက်သည် ဓားတချက်ဖြင့် ဖြိုခွင်းခံလိုက်ရပြီး အာကာသတစ်ခုလုံးကို လင်းထိန်သွားစေကာ အချိန်နှင့်နေရာတို့မှာ ဖောက်ထွင်းခံလိုက်ရသည်။

“ချွင်!”

ဤအခိုက်အတန့်တွင် ကြီးမားသော ဓားအလင်းသည် အမှောင်ထုကြီးကို ဆုတ်ဖြဲကာ ကူလင်အာ ဆီသို့ တည့်တည့် ပစ်ခွင်းသွားသည်။

လူတိုင်း ထိုမြင်ကွင်းကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်နေကြသည်။ ဓားစွမ်းအင် မုန်တိုင်းကြီးသည် သူတို့၏ မွဲခြောက်ခြောက် မျက်နှာများကိုတောင် အဆက်မပြတ် ဖြတ်ရိုက်သွားခဲ့လေသည်။

ဤဓားကို မည်သို့ ဖော်ပြရမည်ကို မသိနိုင်သည့်အထိပင်။အကယ်၍ ဖော်ပြရမည်ဆိုပါက ၊ ဓားသည် အလွန့် အလွန် ကို အားကောင်းသည် ဟု ဆိုရပေမည်။

“ငါ့မှာ ရှေးနတ်ဆိုးမျိုးနွယ်စုရဲ့ ဘိုးဘေး‌ အသွေးအသားရှိနေတာပဲ၊ မင်းကို ငါ ကြောက်နေစရာလား”

ကူလင်အာသည် ဓား၏ ကြောက်လန့်စရာ ကောင်းသော အားပြင်းမှုကို ခံစားမိသော်လည်း သူမ၏ မာနက အရှုံးကို မဝန်ခံချင်သေးပေ။

သူမသည် ရှေးနတ်ဆိုးမျိုးနွယ်စု၏ အသက်အငယ်ဆုံး ယဇ်ပုရောဟိတ်ငယ်တစ်ဦး ဖြစ်သည့်အပြင် ကောင်းကင်ဘုံထံမှ နှစ်ပေါင်းများစွာ ချီးမြှောက်ခံထားရသော ပါရမီရှင် တစ်ဦး ဖြစ်ပြီး သူမသည် လနှင့်ကြယ်တွေလိုမျိုး ဖြစ်တည်မှုပင် ဖြစ်သည်။

သူမ၏ အနာဂတ်သည် တိုင်းတာ၍ မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားပြီး ၊ လူသားတစ်ယောက်ထံတွင် သူမ ရှုံးနိမ့်ခဲ့ကြောင်းကို ဘယ်သောအခါမှ ဝန်ခံမည် မဟုတ်ပေ ။

ဝီ!

ရုတ်တရက် ကူလင်အာ၏ မျက်ခုံးကြားမှ အနက်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး အမှောင်ထု ဝဲဂယက်အဖြစ် စုဝေးသွားခဲ့သည်။

၎င်းဝဲဂယက်ထဲမှ ကျိုးပဲ့နေသော စည်းတံဆိပ်တုံး တစ်ခု ဖြေးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ထိုအရာသည် ရှေးနတ်ဆိုးချိတ်တံဆိပ်တုံး ဖြစ်ပြီး သူတို့ မျိုးနွယ်စု၏ ရှေးဟောင်းအမွေအနှစ် တစ်ခုလည်း ဖြစ်သည်။

ထိုအရာသည် သူတို့ မျိုးနွယ်စု၏ စွမ်းအားအကြီးမားဆုံး လျှို့ဝှက်ရတနာ တစ်ခု ဖြစ်သည်။၎င်းသည် ကွဲအက်သွားခဲ့ပြီး မူလစွမ်းအားအများစုကို ဆုံးရှုံးသွားခဲ့သော်လည်း ၎င်းတွင်ပါရှိသော နတ်ဆိုးစွမ်းအင်သည် အလွန်ကြောက်စရာကောင်းပြီး သန့်ရှင်းစင်ကြယ်သည်။

T/N -သန့်ရှင်းစင်ကြယ် : သွေးနှောမပါ

မှေးမှိန်သော အငွေ့အသက် ဖြစ်ရုံမျှသာ ဆိုပေမဲ့ ဤကမ္ဘာကြီးတစ်ခုလုံးကို မြည်ဟည်းသွားစေခဲ့သည်။

ထိုအ‌ငွေ့အသက်သည် ဤကမ္ဘာထက်သာလွန်သော နတ်ဆိုးစွမ်းအင်တစ်ခုဖြစ်ပြီး၊ အမတဘုံနယ်ပယ်မှ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်တစ်ခုပင် ဖြစ်သည်။

သူ၏ အတိတ်ဘုန်းအသရေကို ဆုံးရှုံးခဲ့ရသော်ငြားလည်း သူ၏ လက်ကျန်ခွန်အားနဲ့တင် ဤကမ္ဘာ၏ ဘုရင်တစ်ပါး ဖြစ်လာနိုင်သေးသည်။

ဤအခိုက်အတန့်တွင်၊ ကူလင်အာ၏ ဦးခေါင်းထက်၌ ရှေးနတ်ဆိုးစည်းချိတ်တံဆိပ်တုံးသည် ကြီးကျယ်ခမ်းနားသော နတ်ဆိုးစွမ်းအင်များနှင့်အတူ ပေါက်ကွဲထွက်လာပြီး ဓားအလင်းအား

နှိပ်ကွပ်ရန် တည့်တည့် ဦီးတည်သွားခဲ့သည်။

ဘုန်း ဘုန်း!

ရှေးနတ်ဆိုး စည်းချိတ်တံဆိပ်တုံး၏ စွမ်းအားနှင့် ဓားစွမ်းအားတို့ ရောယှက်နေသည့်အခိုက်တန့်တွင်၊ မြေကြီးများ တုန်ခါနေသည့်အသံကို ကမ္ဘာတစ်ဝှမ်းလုံး ကျယ်လောင်စွာ ကြားနေရသည် ။

များစွာသော ပါရမီရှင်များပင်လျှင် ၎င်းတို့၏ နားကို အုပ်ထားရလောက်သည့် အထိပင်။၎င်းအသံသည် ရင်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေသည်။

  ဘုန်း!

နောက်ထပ် အားကောင်းသော စွမ်းအားလှိုင်းတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြီး အနီးနားရှိ တောင်တန်းများမှာ ချက်ချင်းဆိုသလို ပြိုကျပျက်စီးသွားခဲ့ရသည်။

လူတိုင်း ၏ စိတ်နှလုံးသားများ လေးလံနေပြီး ဤမျှ ခမ်းနားသော မြင်ကွင်းကိုတောင် စိုက်မကြည့်ဝံ့ပေ။

ဘုန်း!

နောက်ထပ် ပေါက်ကွဲသံတစ်ခုက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ကောင်းကင်ဘုံကိုးထပ်မှ ကျဆင်းလာသော တောက်ပသောဓားအလင်းသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားခဲ့သည်။

ရှေးနတ်ဆိုးစည်းချိတ်တံဆိပ်တုံးသည် လွန်စွာ ပျက်စီးသွားခဲ့လေသလား သို့မဟုတ် ကူလင်အာ ပင်လျှင် ၎င်းလျှို့ဝှက်ရတနာကို ကောင်းစွာ အသုံးချနိုင်ရန် စွမ်းအား မလုံလောက်တာပဲလား မသိ။ထိုရှေးနတ်ဆိုး စည်းချိတ်တံဆိပ်တုံးမှာ အဝေးသို့ လွှင့်ထွက်သွားခဲ့သည်။

“ သွေးအန်သံ!”

တစ်ချိန်တည်းမှာပင် ၊ ကူလင်အာမှာ သွေးများပင် အန်ထွက်လျက် မျက်နှာတစ်ခုလုံး အလွန်ဖြူဖျော့သွားပြီး မြေပြင်ပေါ်သို့ ပစ်လဲသွားခဲ့သည်။

ချွင် !

ကြီးမားသော ဓားစွမ်းအင်သည် နေကို ထိုးဖောက်သော အဖြူရောင် သက်တံကဲ့သို့ အရှိန်လုံးဝမလျှော့ဘဲ ကူလင်အာကို မြက်ပင်သဖွယ် ခုတ်ထစ်ပစ်လိုက်သည်။

သူ့ကို ခုတ်ရန် ကြံစည်နေ‌သော ဓားသွားကို ကြည့်ရင်း -

“လက်စသတ်တော့ ဒီနေ့က ငါ့သေနေ့ပဲ ၊ အချိန်ကျခဲ့ပြီလား”

“ကောင်းပါတယ်၊ ဒီလို အဆုံးမရှိနိုင်တဲ့ နှစ်တွေမှာ ကျင်လည်နေရတာ ငါလည်း စိတ်ကုန်နေပြီ”

စူးချန်ကဲသည် သူမကို သတ်ရန်ဟန်ပြင်ထားသော်လည်း သူမစိတ်ထဲ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ စိတ်သက်တောင့်သက်သာ ရှိနေပုံရသည်။

သို့သော် ရုတ်တရက်၊ ကူလင်အာ ဝတ်ထားသော လည်ဆွဲမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အမှောင်တိ အလင်းတန်းမှာ ကောင်းကင်သို့ ထိုးတတ်သွားပြီး လေဟာပြင်တွင် အဆက်မပြတ် ပြောင်းလဲမှုတို့ ဖြစ်ပေါ်ကာ နောက်ဆုံးတွင် အသွင်သဏ္ဍာန်အဖြစ်သို့ စုဝေးဖြစ်တည်သွားခဲ့သည် ။

ထိုအသွင်ပုံရိပ်သည် စူးချန်ကဲ၏ ဓားအလင်းကိုကြည့်ရင်း အေးစက်စွာ နှာမှုတ်လိုက်သည်။ထို့နောက် သူ၏ အကျီလက်စကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကိုတောင် ဖုံးလွှမ်းသွား‌စေသည့် စွမ်းအားတစ်ခုက ဓားအလင်းကို အပိုင်းပိုင်းပြတ်တောက်သွားစေခဲ့သည်။

“အမ်? ဒီမြေအောက်နယ်ပယ်မှာ ဒီလောက်အစွမ်းထက်တဲ့ ပါရမီရှင်တစ်ယောက် ရှိသတဲ့လား”

ထိုအသွင်ပုံရိပ်သည် အနည်းငယ် ထူးဆန်းပေသည် ။ စူးချန်ကဲ၏ စွမ်းအားသည် သာ့နိမ်(အနန္တစွမ်းအားရှင်)ညဏ်အလင်းထက် အဆပေါင်းများစွာ သာလွန်ပေရာ တချို့သော မဟာသူတော်စင်များပင်လျှင် သူ၏ ဓားချက်ကို ခုခံဖို့ရာ ခက်ခဲပေသည်။

“ဘိုးဘေး!”

ကူလင်အာသည် အနည်းငယ် စိတ်လှုပ်ရှား နေသည်။ဤသည်မှာ သူတို့ မျိုးနွယ်စု၏ ဘိုးဘေး ကျန့်ထျန်းရှေးနတ်ဆိုးပင် ဖြစ်သည်။

ထိုပုဂ္ဂိုလ်၏ ကျင့်ကြံအဆင့်သည် ဤလောကကို ကျော်လွန်နေပြီ ဖြစ်သောကြောင့် သူ၏ ကျင့်ကြံစွမ်းအား အားကောင်းလေလေ၊ အချိန် နိယာမတရား၏ ချုပ်နှောင်မှုကို ပိုပြီး ခံရလေလေပင် ဖြစ်သည်။

ယေဘူယျအားဖြင့် ဆိုရလျှင်ဖြင့် ၊ သူသာ ဤကိစ္စထဲ ဝင်မပါခဲ့ဘူးဆိုပါက သူ့အပေါ် ကြီးမားသော တုံ့ပြန်မှုများ ရှိလာလိမ့်မည် ဖြစ်ရာ သူ့အနေဖြင့် ဝင်မပါလို့ မရတော့ချေ။

“လင်အာ”

ကျန့်ထျန်း ရှေးနတ်ဆိုးသည် ကူလင်အာကို တမြတ်တနိုး ကြည့်နေခဲ့သည်။

ထို့နောက် သူသည် စူးချန်ကဲကို အာရုံစိုက်လိုက်သည်နှင့် သူ့မျက်လုံးထဲက အမျက်ဒေါသတို့မှာ ပိုပြီး ထကြွလာခဲ့သည်။

“ ကောင်စုတ်လေး ၊ ငါတို့ ရှေးနတ်ဆိုး မျိုးနွယ်စုကို စော်ကားဝံ့သူမှန်သမျှ အပြစ်ပေးခံရလိမ့်မယ်!”

ကျန့်ထျန်း ရှေးနတ်ဆိုးထံမှ ပေါက်ကွဲထွက်ပေါ်လာသော အငွေ့အသက်များသည် ဤကမ္ဘာနှင့် မသက်ဆိုင်သော စွမ်းအားများကဲ့သို့ ကမ္ဘာကြီးပင်လျှင် ပြိုကွဲလုနီးပါး ဖြစ်သွားစေခဲ့သည် ။

သူ၏ ဖိနှိပ်စွမ်းအားကြောင့် ဤစကြာဝဠာကြီးတစ်ခုလုံးမှာ တခဏအတွင်း နှိပ်ကွပ်ခံလိုက်ရသကဲ့သို့ ၊ ဤမျှ ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် ကမ္ဘာတစ်ခုလုံးကို ဖြိုခွဲပစ်တော့မည့်အတိုင်းပင်။

ဤတန်ခိုးသည် ဧကရာဇ်မင်းမြတ်၏ စွမ်းအားထက် ကျော်လွန်သွားပြီး စူးချန်ကဲ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပင်လျှင် တုန်လှုပ်ခဲ့ရသည်။

သို့သော်လည်း စူးချန်ကဲသည် အလျှော့ပေးရန် ဆန္ဒမရှိပေ။စူးချန်ကဲသည် သူ၏ ကိုယ်ထည်နှင့် ခန္ဓာကိုယ်တွင်းရှိ အသွေးအသားများကို လွန်ကဲစွာ မြှင့်တင့်လိုက်သည်။

သူ၏ အသွေးအသားနှင့် ကိုယ်ထည် ရောင်ဝါတို့ တစ်ခုနှင့်တစ်ခု ရောယှက်နေသည်မှာ ဤကမ္ဘာမြေကြီးကို ထိုးဖောက်သွားမတတ်။

ဤစွမ်းအားသည် ကျန့်ထျန်း ရှေးနတ်ဆိုး၏ စွမ်းအားကိုတောင် ယှဉ်ပြိုင်နိုင်သည့် အလားအလာ ရှိပေသည်။

ထပ်ပြောရလျှင် ၊ သူကတောင် ယောင်ဝါးဝါးအသာစီးရနေသည်။

ကျန့်ထျန်း ရှေးနတ်ဆိုးမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။သူသည် စောနက စူးချန်ကဲကို အပြီးနှ်ိပ်ကွပ်ရန် သူ၏ဖိနှိပ်စွမ်းအားများကို မြှင့်တင်လိုက်ချိန် ရုတ်တရက် တစ်စုံတစ်ခုကို တွေ့ရှိလိုက်ရသည်။

“ဒါ ရှေးဟောင်း စူး မိသားစုရဲ့ သွေးသားများလား? !?”

သူ၏ အသံမှာ တုန်ရီနေသည်။

အမတဘုံ နယ်မြေရဲ့ တားမြစ်ချက် ရှေးဟောင်း စူး မိသားစု !

ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွင်းပစ်ခဲ့သော “ပြစ်မှုကျူးလွန်သူ” !

All Chapters