← Chapters

အခန်း (၁၀၁-၁၀၅)

Vol. 7 Ch. 101-105

အခန်း (၁၀၁-၁၀၅)

Vol. 7 Ch. 101-105

အပိုင်း(၁၀၁): လျို့ဝှက်ချက် ၊ထုတ်ပြောရဲရင် မျိုးနွယ်ကိုးစုလုံး သေကြေပျက်စီးရလိမ့်မယ်

အမတဘုံနယ်မြေမှာ ရှေးဟောင်း စူး မိသားစုကို မသိတဲ့သူ ဘယ်သူရှိမှာတုန်း?

နောက်ဆုံးတွင် ကျန်ထျန်း အမတရှင် ဧကရာဇ်မင်းသည် အမှောင်ထု၏ အရင်းအမြစ်ကို တစ်ယောက်တည်း တွန်းလှန်ပစ်ခဲ့ပြီး ကပ်ဆိုးကြီးကို အဆုံးသတ်သွားစေခဲ့သည်။

(T/N - ကျန်ထျန်း အမတရှင် ဧကရာဇ်နဲ့ ကျန့်ထျန်း ရှေးနတ်ဆိုးမှာ ကျန်/ကျန့် စကားလုံးမတူတာကိုတော့ သတိထားမိစေချင်ပါတယ်၊ တရုတ် sub မှာလည်း အသံထွက် ဆင်တူယိုမှား ဖြစ်ပြီး စာလုံးမတူပါဘူး )

သို့သော် ဤသည်မှာ တားမြစ် စူး မိသားစု ရရှိခဲ့သော တစ်ခုတည်းသော အောင်မြင်မှု မဟုတ်သေးချေ။

လွန်ခဲ့သော မရေမတွက်နိုင်သော နှစ်ကာလတုန်းက ၊ ထျန်းမင်(ကောင်းကင်၏ အလိုဆန္ဒ) အမတရှင် ဧကရာဇ်မင်း တစ်ပါး ရှိခဲ့ဖူးသည်။

ကောင်းကင်၏ အလိုဆန္ဒအတိုင်း(ကောင်းကင်လမ်းစဉ်အတိုင်း) သတ္တဝါအားလုံး၏ ကံကြမ္မာကို အုပ်ချုပ်ပြီး ၊ ကောင်းကင်ဘုံတို့၏ အရှင်သခင် ဖြစ်သည်။

ကောင်းကင်၏ အလိုဆန္ဒကိုတောင် သူ့နာမည်(တာအိုအမည်နာမ)အဖြစ် အသုံးပြုဝံ့သော အမတရှင် ဧကရာဇ်မင်းသည် မည်မျှ တောင် ကြောက်စရာကောင်းမည်နည်း။

ထျန်းမင်(ကောင်းကင်၏ အလိုဆန္ဒ) အမတရှင် ဧကရာဇ်မင်းသည် အချိန်နှင့် အာကာသ၏ ချုပ်နှောင်မှုကိုပင် ချိုးဖျက်ပြီး အမှောင်ထု၏ အရင်းအမြစ်ကို သုတ်သင်ကာ အမှောင်ဘိုးဘေး ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်းပိုင်းကွဲသွားအောင်ပင် ဖြိုခွဲပစ်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သည်။

ထို့နောက် အမှောင်ကမ္ဘာငါးခု အဖြစ်သို့ ပြောင်းလဲ၍ တစ်ခုချင်းစီကို သူ၏ ကိုယ်ပိုင်လျှို့ဝှက်မှော်စွမ်းအားများဖြင့် နှိမ်နင်းခဲ့သည်။

အဆုံးတွင် သူသည် နယ်နိမိတ်များကို ဖြတ်ကျော်ကာ အမတ ကမ္ဘာထက် ပိုမြင့်မားသောကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့သည်။

သို့သော် ထိုသတင်းက အဲ့လောက်ထိ ကြောက်စရာမကောင်းသေးပေ။ထိုအရာထက် ပိုပြီး ကြောက်စရာကောင်းသော ကောလဟာလ သတင်းတစ်ခု ထွက်ပေါ်ခဲ့သည်။

အမတကမ္ဘာထက် ပိုမြင့်မားသော ဖြစ်တည်မှုကို ရှေးဟောင်း စူး မိသားစုသာလျှင် သွားရောက်နိုင်ခဲ့သည်ဟု ဆိုကြသည် ။

အမတ ကမ္ဘာ၏ သမိုင်းတွင် အံ့သြဖွယ်ရာ ကောင်းသော ပုဂ္ဂိုလ်များစွာ ရှိခဲ့သလို ခေတ်ကာလ မည်သို့ ကြာရှည်ခဲ့ပါစေ ကြီးကျယ်ခမ်းနားသော ဒဏ္ဍာရီကို ချန်ထားနိုင်ခဲ့သော အားအင်ကြီးမားသူများမှာ တားမြစ် စူးမိသားမှ ဆင်းသက်လာကြသူများပင် ဖြစ်သည်။

သို့သော် ထိုပုဂ္ဂိုလ်များမှာ ပြန်လာခြင်း မရှိခဲ့သလို တားမြစ် စူး မိသားစုသည် သူတို့မျိုးဆက်များအပေါ် ဘာကိုခိုင်းစေခဲ့သလဲဆိုတာ မည်သူမျှ မသိနိုင်ပေ။

လူအများစုအတွက်တော့ အမတကမ္ဘာထက် ပိုမြင့်မားသော ဖြစ်တည်မှု ရှိလား မရှိဘူးလား ဆိုတာ ထည့်သွင်းစဉ်းစားရန် လိုအပ်နေသေးသည်။

သူတို့သည် ဤကိစ္စ၏ အမှန်တရားကို သိဖို့ အရေးမပါသူများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်၊ သို့မဟုတ် ဤကိစ္စသည် လိမ်လည်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ၊ တားမြစ် စူး မိသားစုသည် ဤကမ္ဘာကြီး၏ တားမြစ်ချက်တစ်ခုအဖြစ် မှတ်ယူရပေမည်။

ဖော်ပြရန် စကားလုံး မရှိ ၊ အမည်မရှိသော၊ နားလည်ရခက်သော ဖြစ်တည်မှုပင်။

ဒါပေမဲ့ ဒီအောက်ကမ္ဘာမှာ တားမြစ် စူး မိသားစုရဲ့ သွေးသား ရှိနေတာလား?

ဤအရာက ကျန့်ထျန်း ရှေးနတ်ဆိုးကို ခေါင်းကိုက်စေခဲ့သည်။ ဒီတားမြစ် မိသားစုက ဘာကြံနေလဲဆိုတာ ဘယ်သူက သိမှာလဲ?

သူ မမေးဝံ့သလို မပြောဝံ့ပေ ။

ထို့အပြင်၊ စူးချန်ကဲ အသွေးအသား၏ စွမ်းအား သာမက တခြားသော မထင်မရှားသော စွမ်းအားတစ်မျိုးကိုလည်း သူ ခံစားမိသည်။

ထိုစွမ်းအားက သူ၏ စိတ်ဝိညာဉ်ကိုတောင် ကြောက်ရွံ့စေခဲ့သလို ၊အကယ်၍ သူသာ စောနက စွမ်းအားအကြီးအကျယ် ထုတ်သုံးခဲ့မည်ဆိုပါက ၊စူးချန်ကဲ ခန္ဓာကိုယ်ထဲက စွမ်းအားများမှာ နိုးကြားလာလိမ့်မည်ပင် ။

သို့ဆိုပါက ၊ သူသည် ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားနိုင်သည်။

သူ့ခမျာ ထိုအကြောင်းကို တွေးမိတိုင်း တုန်လှုပ်ခြောက်ခြားနေမိသည် ။ တာအိုလမ်းစဥ်ကို နှစ်အတော်ကြာအောင် ကျင့်ကြံပြီးနောက်တွင် သူ့အနေဖြင့် ဒီလိုမျိုး အလကားသေရမှာကို မလိုလားပေ။

“မဟုတ်ဘူး! နောက်မကျခင် ကယ်တင်ပေးဖို့ ငါ့မှာအခွင့်အရေးရှိသေးတယ်!”

ကျန့်ထျန်း ရှေးနတ်ဆိုးသည် နတ်ဆိုးစွမ်းအားဖြင့် သူတို့သုံးဦးကို သီးခြားကမ္ဘာတစ်ခုအဖြစ် ကြီးမားသော အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။

“ ဆက်ခံသူမှာ အန္တရာယ်များ ရှိနေနိုင်လား”

ပါရမီရှင်တချို့မှာ အမှောင်ထုအတားအစီးကြီးကို ပတ်ပတ်လည် ဝိုင်းထားကြပြီး စိတ်ပူနေသော အမူအယာများဖြင့် ။စူးချန်ကဲကြောင့်သာ သူတို့ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

စူးချန်ကဲ ယခုလို ပိတ်မိသွားသည့်အပေါ် သူတို့အားလုံး စိုးရိမ်နေပုံရသည်။

သို့သော် စူးချန်ကဲသာ တစ်ခုခုဖြစ်ခဲ့မည်ဆိုပါက ၊ နောက်ဆက်တွဲဖြစ်သည့် ကွေးယွမ် သူတော်စင် နယ်မြေ၏ အမျက်ဒေါသက သူတို့ ဂိုဏ်းနဲ့ မျိုးနွယ်စုအပေါ် ကျရောက်လာခဲ့ရင် ဘယ်လိုလုပ်မတုန်း?

ထိုအချက်ကို တွေးမိသည်နှင့် ၎င်းတို့၏ မျက်နှာများမှာ ပို၍ ဖြူဖျော့သွားခဲ့သည်။

“မြန်မြန် ၊ ဝှက်ဖဲကို ထုတ်ပြီးပဲ ဖြစ်ဖြစ် ၊ ကိုယ့်အစွမ်းရှိသမျှ ဒီအတားအဆီးကို ဖြိုချမယ်ဟေ့!”

အပြင်က လူအုပ်ကြီးမှာ စူးချန်ကဲကို “ကယ်တင်ရန်”အပတ်တကုပ် ကြိုးစားနေလေသည်။

တစ်ချိန်တည်းမှာပင် ၊ အမှောင်ထုကြီး၏ အထဲတွင် စိတ်ကူးနှင့် တခြားစီ ဖြစ်နေခဲ့သည်။

ကျန့်ထျန်း ရှေးနတ်ဆိုး၏ နှလုံးသားမှာ ခိုက်ခိုက်တုန်လျက်။

နောင်တများ တဖွားဖွား ထွက်ပေါ်နေသည်။

သူ နိုးထပြီးပြီးချင်း ဤမျှ ကြောက်စရာကောင်းသော နောက်ခံရှိသည့် ဂျူနီယာလေးတစ်ယောက်ကို တွေ့လိုက်ရသည်မှာ သူ့အနေနဲ့ ဘယ်လိုတောင် ပျော်ရမတုန်း?

မူလက သူတွေးထားခဲ့သည်မှာ မျိုးနွယ်စု အငယ်လေးတွေ၏ ရှေ့တွင် ခပ်မိုက်မိုက် ဖြစ်အောင် ဟန်ဆောင်မည်ပင်။

အခုတော့ ကောင်းရော! ဟန်ဆောင်ဖို့ နေနေသာသာ ချီးပဲ ရမယ်!

သို့သော် ယခုလို ကြောက်စရာကောင်းသော မိသားစု တစ်စုဖြင့် တွေ့ဆုံရသည်မှာ သူတို့ ရှေးနတ်ဆိုးမျိုးနွယ်စုအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားနိုင်သည်။

အကယ်၍ သူတို့သာ ရှေးဟောင်း စူး မိသားစုထံမှ အကူအညီ အနည်းငယ်ရနိုင်ခဲ့မည်ဆိုပါက၊ သူတို့၏ ရှေးနတ်ဆိုးမျိုးနွယ်တစ်ခုလုံးသည် ယခင်ကအတိုင်း အားလုံး၏ ထိပ်ဆုံးသို့ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

ထိုအချက် တွေးမိရင်း သူ့ စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။

ကျန့်ထျန်း ရှေးနတ်ဆိုးက အသက်ပြင်းပြင်းရှူလိုက်ပြီး ၊ သူ့မျက်နှာအမူအရာကို ချိန်ညှိလိုက်ကာ ရုတ်ချည်းဆိုသလို ကြင်နာတတ်‌သော အဖိုးအိုတစ်ယောက်ဟန်ဖြင့် ထဆိုလေသည်။

“သခင်လေး၊ ဒါတွေအားလုံး နားလည်မှုလွဲတာပါ!”

“ ကျုပ် အဘိုးကြီးက မျက်စိကန်းပြီး ထိုက်တောင်ကို မမြင်မိလို့ အနှောင့်အယှက်ပေးမိပါတယ် ၊ ကျုပ် အဘိုးကြီးကို အပြစ်မတင်ပါနဲ့!”

ထိုသို့ပြောပြီးနောက် ကျန့်ထျန်း ရှေးနတ်ဆိုးသည် စူးချန်ကဲ၏ ရှေ့မှောက်တွင် ဒူးထောက်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ဤအခိုက်အတန့်တွင် စူးချန်ကဲထက် ပိုအံ့သြမိသူမှာ ကူလင်အာ ပင်။

သူမ ဘိုးဘေး၏ ဒေါသကို သူမ ကောင်းကောင်း သိပေသည်။ ဘိုးဘေးသည် အတော်လေး ရက်စက်တဲ့လူလို့တောင် ‌ ပြောလို့ရပေသည်။

ဒါပေမယ့် လူသားတစ်ယောက်ရဲ့ ရှေ့မှာ ဒင်းက တကယ်ကြီး ဒူးထောက်နေတာလား!?

ကူလင်အာ၏ အကြည့်ကို သတိထားမိသော ကျန့်ထျန်း ရှေးနတ်ဆိုးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“မင်းဘာကြည့်နေတာလဲ! သခင်လေးကို ဒူးထောက်ပြီး ဦီးညွှတ်လိုက်လေ!”

ထိုစကားက ကူလင်အာအား စိတ် လုံးဝ လွတ်ထွက်သွားစေခဲ့သည်။

ကူလင်အာ မှာ လုံးဝ မယုံကြည်နိုင်စွာဖြင့် ကြောင်တောင်တောင် အကြာကြီး ရပ်ကြည့်နေခဲ့သည် ။

ကူလင်အာ ဘာမှ မတုံ့ပြန်တာကို မြင်တော့ ကျန့်ထျန်း ရှေးနတ်ဆိုးခမျာ ပိုလို့တောင် စိုးရွံ့သွားခဲ့သည်။ ရှေးဟောင်း စူး မိသားစု ဘယ်လောက်‌တောင် ကြောက်စရာကောင်းလဲ ဆိုတာ သူ ကောင်းကောင်းကြီး သိသည်။

သူတို့ရဲ့ မျိုးနွယ်ကိုးစုလုံးကို ဖျက်ဆီးပစ်ဖို့ မပြောနဲ့၊ တစ်ကမ္ဘာလုံး ပြိုလဲပစ်အောင် လုပ်နိုင်သည့်အထိ စွမ်းအားကြီးမားပေသည်။

“လင်အာ! ဘိုးဘေးပြောတာကို နားမထောင်ဘူးလား”

ကျန့်ထျန်း ရှေးနတ်ဆိုးသည် ထပ်မံ ဟိန်းဟောက်လိုက်သည်။ စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခုက ကူလင်အာကို လွှမ်းခြုံသွားခဲ့သည် ။

သူမ ဘိုးဘေး၏ ဒေါသကို ခံစားလိုက်ရ‌သော ကူလင်အာမှာ သွားများကို တင်းတင်း အံ့ကြိတ်ထားလေသည်။သူမ ပြောချင်သော်လည်း ဘိုးဘေး၏ ဒေါသကို သူမ ကောင်းကောင်းကြီး ခံစားမိသည် ။

ကူလင်အာသည် အကြောင်းတစ်ခုခု ရှိရမည်ဟု မှန်းဆကာ နောက်ဆုံးတွင် ဒူးထောက်လျက် လေးလေးနက်နက် ဦီးညွှတ်လိုက်ရသည်။

ထို့နောက် ရင်တွေ တဆတ်ဆတ် တုန်ခါလျက် ပြောလိုက်ရသည်။

“သခင်လေးကို လင်အာ စော်ကားမိခဲ့ပါတယ် ၊ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ !”

ဤအခိုက်အတန့်တွင် သူမ၏ ဂုဏ်သိက္ခာမှာ လုံးဝ ရှုံးနိမ့်သွားခဲ့‌လေပြီ။ တစ်ချိန်က မာနကြီးသော အမျိုးသမီး တစ်ယောက်၏ ဟန်ပန်အမူအယာမှာ ယခုအချိန်တွင် ပူဖောင်းလေးများသဖွယ် ပျောက်ကွယ်သွားခဲ့ရသည်။

ကျန့်ထျန်း ရှေးနတ်ဆိုးသည် တဖန် လေးလေးနက်နက် ဦးညွှတ်လိုက်ပြန်ရင်း -

“သခင်လေး ကျေးဇူးပြုပြီး ကျွန်တော်တို့ မျိုးနွယ်စုကို ခွင့်လွှတ်ပေးပါ!!”

“ ကျွန်တော်တို့ ရှေးနတ်ဆိုးမျိုးနွယ်စုက မင်းကို သခင်အဖြစ် မှတ်ယူပြီး အနာဂတ်မှာ အလုပ်အကျွေးပြုစုဖို့ ဆန္ဒရှိပါတယ်!”

“သခင်လေးက ဒါဆို ၊ ကျွန်တော်တို့လည်း ဒါပါပဲ !”

စူးချန်ကဲ ခမျာ အနည်းငယ် ခေါင်းရှုပ်သွားပြီး ခဏတာ ကြောင်အမ်းသွားခဲ့သည်။ အခြေအနေတွေက ဘယ်လိုလုပ် ရုတ်ချည်း ပြောင်းပြန်ဖြစ်သွားတာတုန်း?

သူသည် သူ၏ဝှက်ဖဲကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း ၊ ရလဒ်မှာ တဖက်လူသည် သူ့ထံ ရုတ်တရက် လက်နက်ချခဲ့ခြင်းပင် ဖြစ်သည်။

မည်သည့် တုံ့ပြန်မှုမှ မရှိသော စူးချန်ကဲကို မြင်တော့ ကျန့်ထျန်း ရှေးနတ်ဆိုးခမျာ အံကိုကြိတ်လျက်

“ကျွန်တော် ကျိန်ဆိုပါတယ် ၊ တစ်စုံတစ်ခု ဖောက်ဖျက်မိပါက ကောင်းကင်နဲ့ မြေကြီးရဲ့ အပြစ်ပေးခြင်းကို ကောင်းကောင်းကြီး လက်ခံပါ့မယ်!”

ကောင်းကင်လမ်းစဉ်၏ တရားစီရင်မှုသည် ရုတ်တရက် ဤလောကကို လွှမ်းခြုံသွားပြီး သူ၏ သစ္စာဆိုခြင်းမှာ အတည်ဖြစ်သွားခဲ့ပြီပင်။

ကျန့်ထျန်း ရှေးနတ်ဆိုး၏ ဆုံးဖြတ်ချက်သည် နည်းနည်းလေးမှ အစွန်းအထင်းမရှိပေ။သူသည် စူးချန်ကဲ နောင်တရမှာကို ကြောက်နေပုံရသည်။

သို့သော် ထိုကိစ္စထက် သူ့အနေဖြင့် ပို၍ အလေးထားသည်မှာ စူး မိသားစုပင် ဖြစ်သည်။

စူးချန်ကဲက မျက်မှောင်ကြုတ်လိုက်ပြီး

“ ရှေးဟောင်း စူး မိသားစု?အသေးစိတ်ပြောပြလို့ရမလား”

ကျန့်ထျန်း ရှေးနတ်ဆိုးသည် စူးချန်ကဲ၏ အမေးကို ကြားတော့ အံ့အားသင့်သွားပြီး

“သခင်လေး ဒါကို မသိဘူးလား?”

သူ ဆွံ့အသွားသည်။ သူ လူကို အမှတ်မှားမိလေသလား။

သို့သော် စူးချန်ကဲ ခန္ဓာကိုယ်ထဲရှိ အသွေးအသားများကို သူ ခံစားမိသလောက် သူ အမှတ်မှားတယ်လို့တော့ မထင်ချေ။

ကံကောင်းစွာဖြင့် ဤမှေးမှိန်သော အသွေးအသားများကို သက်သေပြနိုင်လောက်အောင်အထိ သူသည် ထိုတိုက်ပွဲကို မှီခဲ့သည်ဖြစ်ရာ ထို့ကြောင့် ဤအသွေးအသားများကို သူ အလွန်ရင်းနှီးသည်။

အရာအားလုံးထက် သာလွန်‌သော ၊ အရာအားလုံးကို ချေမှုန်းနိုင်သည့် ထိုရောင်ဝါကို သူ အမှတ် မမှားနိုင်ပေ။

သူသည် စူးချန်ကဲကို အသေးစိတ်ပြောရန် ဟန်ပြင်လိုက်ချိန်။

သို့သော် အချိန်ကာလတစ်ခုကို ဖြတ်သန်းလာခဲ့ပုံရသော အမည်မသိ အသံတစ်ခုက သူ၏ နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။၎င်းအသံတွင် ကောင်းကင်လမ်းစဉ်၏ အလိုဆန္ဒများဖြင့် ပြည့်နှက်နေသည်။

“မင်း ထုတ်ပြောရဲရင် မျိုးနွယ်ကိုးစုလုံး သေကြေပျက်စီးရလိမ့်မယ် “

ထိုစကားကို ကြားကြားချင်းမှာပဲ ကျန့်ထျန်း ရှေးနတ်ဆိုးခမျာ အရိုးထဲထိ အေးစက်သွားခဲ့ရပြီး အချိန်မရွေး ပြိုလဲတော့မည့်အတိုင်း ၊သူ၏ တာအိုစိတ်နှလုံးသားပင်လျှင် တဒိတ်ဒိတ် ဖြစ်ခဲ့ရသည်။

ဒါ အဟန့်အတားတစ်ခုပဲ ၊ စူး မိသားစုကနေ တားမြစ်ထားတာပဲ!

အပိုင်း(၁၀၂): ကွေးယွမ် အမတ ဂိုဏ်း ၊ ကောင်းကင် ထောက်လှမ်းတိုင်ကြီးကို မြန်မြန် ပွေ့ဖက်ထား

ကျန့်ထျန်း ရှေးနတ်ဆိုးသည် တားမြစ် စူး မိသားစုမှာ ဤ ဖြစ်ပျက်သမျှအရာအားလုံးကို သိရမည် ဟု ခန့်မှန်းခဲ့သည်။

နှစ်ကြိမ်ဆက်တိုက် ထိတ်လန့်မှုများဖြင့် ကြုံဆုံခဲ့ရပြီးနောက်တွင် ၊ သူ၏ တာအို စိတ်နှလုံးသားလေးမှာ အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ရသည်။

“ဘာဖြစ်လို့လဲ?”

စူးချန်ကဲသည် ကျန့်ထျန်း ရှေးနတ်ဆိုး၏ မှိုင်းပျပျ အမူအယာကို မြင်တော့ မေးလိုက်သည်။

ဤရှေးနတ်ဆိုးမျိုးရိုး၏ ဘိုးဘေးမှာ အမြဲလိုလို ကြောင်တောင်တောင် ဖြစ်နေတတ်သည် ဖြစ်ရာ အယ်လ်ဇိုင်းမားရောဂါများ ရှိနေသလားတောင် အောက်မေ့မိသည်။

စူးချန်ကဲ၏ အမေးကိုကြားတော့ ကျန့်ထျန်း ရှေးနတ်ဆိုးမှာ တောင့်‌တောင့်ကြီး ဖြစ်နေရာမှ အတင်းပြုံးပြလေသည်။

“အိုး၊ ဒီရဲ့သခင်လေးက စောစောက..

ကျန့်ထျန်း ရှေးနတ်ဆိုးခမျာ အချိန်အတော်တန် ကြာသည့်အထိ မည်သည့်စကားမှ မ ဟ နိုင်ဘဲ အတော်လေး စိတ်ဖိစီးနေသည်။

သူက ဘယ်လိုလူမျိုးလဲ?

ဒါပေမယ့် အခုတော့ ဂျုနီယာလေးရှေ့မှာ ဘယ်လိုတောင် အရှက်ကွဲနေရပါလိမ့်!

“သခင်လေးရယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့တော့”

“မင်း အမတကမ္ဘာကို ရောက်သွားတဲ့အခါကြရင် ဇာတ်လမ်းတစ်ခုလုံးကို သဘာဝကျကျ သိလာရမှာပါ “

နောက်ဆုံးတွင်၊ ကျန့်ထျန်း ရှေးနတ်ဆိုးမှာ ဆင်ခြေတစ်ခုရှာပြီး ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

စူးချန်ကဲသည် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။သူ့မိသားစု၏ အချက်အလက်များကို စူးစမ်းမရအောင် တားစီးထားသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသကဲ့သို့ သူ့စိတ်ထဲတွင် ဗြောင်းဆန်နေခဲ့သည်။

သို့သော် သူ့စိတ်ထဲတွင် အဖြေတချို့ရှိပေသည်။သူ့မိသားစု အကြောင်းကို ပြန်တွေးတိုင်း ခေါင်းကိုက်တတ်သည်။ဆိုလိုသည်မှာ တစ်စုံတစ်ယောက်၏ လက်ချက် ဖြစ်နိုင်သည်ပင်။

စူးချန်ကဲအနေဖြင့် နောက်ထပ်စိုးရိမ်စရာတစ်ခုရှိသေး၏။မူလပိုင်ရှင်၏ မိသားစုနောက်ခံသည် အလွန်အားကောင်းပါက ၊ သူသည် အချိန်ခရီးသွားသူတစ်ဦး ဖြစ်ရာ ၎င်းမျိုးနွယ်ဝင်များရှေ့သို့ ရောက်ရှိသွားပါက သူသည် ထိုမိသားစု၏ ဝိညာဉ်ခွဲထုတ်ခြင်းကို ခံရမည်လော။

“ထားပါတော့၊ သူ့ဟာသူ ဖြစ်သွားပါလိမ့်မယ်”

စူးချန်ကဲသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။မူလမိသားစုက သူ့ကို အမှန်တကယ် အန္တရာယ်ပြုဝံ့ပါက မတတ်နိုင်တဲ့အဆုံး ကွေးယွမ်ဘိုးဘေးများကို ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်မည်သာ။

ထာဝရ တိုက်ပွဲအပြီးတွင်၊ ကွေးယွမ် သူတော်စင် နယ်မြေမှာ ထင်သလောက် မရိုးရှင်းကြောင်း ပို၍ သေချာလာသည့်အတွက်၊ သူ့အ‌နေဖြင့် ဘာကိုမှ ကြောက်စရာမရှိပေ။

“ဒီလူသားက ဘယ်သူမို့တုန်း?”

ဘေးက ကူလင်အာ သည်လည်း စူးချန်ကဲကို လေးနက်စွာ ကြည့်နေသည်။စောနက စကားစမြည်ကို နားထောင်ရသလောက် သူမလည်း အကြမ်းဖျင်းသဘောပေါက်ခဲ့သည်။

ဤလူသား၏ နောက်ခံသည် အလွန်ကြောက်စရာ ကောင်းသောကြောင့် သူတို့ မျိုးနွယ်စု၏ ဘိုးဘေးပင်လျှင် သူ့ကို အလွန်ကြောက်နေခြင်း ဖြစ်သည်။

သူမ မျက်စိရှေ့က လူ၏ ဇာတ်မြစ်လာရာကို ကူလင်အာ တစ်ယောက် ပိုပြီး သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။

“သခင်လေး ရှေးနတ်ဆိုးမျိုးနွယ်စုကနေ သခင်လေးကို အလုပ်အကြွေးပြုပါရစေ”

ကျန့်ထျန်း ရှေးနတ်ဆိုးသည် သူ၏ စိတ်ကို အခိုင်အမာ ပြသရန်အတွက် ထိုစကားကို တဖန် ထပ်‌ဆိုလိုက်သည်။

စောစောက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သောသတိပေးချက်က စူးချန်ကဲ၏ အထောက်အထားကို ပို၍ သေချာသွားစေခဲ့သည်။

ထိုကဲ့သို့ ကောင်းကင်ထောက်တိုင်ကြီးကိုသာ သေချာ ချည်နှောင်ထားမည်ဆိုပါက သူတို့ ရှေးနတ်ဆိုးမျိူးနွယ်စုမှာ ခြေဆန့်လက်ဆန့် အိပ်နိုင်တော့မည်ပင်။

အတိတ်တုန်းက ရှိခဲ့သော ဂုဏ်အသရေကိုတောင် ကျော်လွန်သွားနိုင်သည်။

စူးချန်ကဲသည် စိတ်ထဲတွင် တွက်ချက်လိုက်သည်။

“အမှိုက် ငါး‌ တွေ သေသွားတောင် အ‌မြောက်စာထက်တော့ ဘာမှ မပိုဘူး၊ နောက်ဆုံးအနေနဲ့ မြေပေါ်ကိုတော့ ကျသွားပေးသေးတာပဲ”

“ငါ သူတို့ကို သုံးနိုင်သမျှ သုံးလို့ရတာပဲ “

ထိုအချက်ကို စဉ်းစားရင်း စူးချန်ကဲသည် လှောင်ပြောင်အပြုံးလေးတစ်ခုကို မနေနိုင်ဘဲ ပြုံးလိုက်လေသည်။

အမြတ်အစွန်းကို မြှင့်တင်ခြင်းသည် သူလိုချင်သော အရာပင် ဖြစ်သည်။

အသက်ရှင် ကျန်ရစ်ခဲ့သူများ တနည်းအားဖြင့် အမတဘုံ၏ ဇာတိဖွားများကို လက်ခံပေးရန် သဘောတူလိုက်သည်။

ဒီလိုပိတ်မိနေသော်လည်း ၊ ၎င်းတို့၏ အမွေအနှစ်ကိုတော့ လျှော့တွက်၍ မရနိုင်‌ချေ။ .

“ကောင်းပြီ၊ ဒါပေမယ့် ငါက ကွေးယွမ်ရဲ့ ဆက်ခံသူ ဆိုတော့ မင်းတို့အနေနဲ့ ကွေးယွမ် ရဲ့ အမိန့်ကိုလည်း လိုက်နာရမယ် ၊ မင်း လုပ်နိုင်ပါ့မလား”

စူးချန်ကဲ၏ အဖြေကို ကြားတော့ ကျန့်ထျန်း ရှေးနတ်ဆိုးမှာ ဝမ်းသာအားရဖြင့် ကြည်နူးနေ‌လေသည်။

“ ခုလို လက်ခံပေးတာ ကျေးဇူးတင်ပါတယ် သခင်လေး၊ ကျွန်တော်တို့ မျိုးနွယ်စုက သခင်လေး နဲ့ ကွေးယွမ်ကို သစ္စာရှိပါ့မယ်”

သို့သော် ခဏတာ စကားပြောပြီးနောက် ၊ နောက်ထပ် တုန်လှုပ်ချောက်ချားစရာကောင်းသော လှိုင်းလုံးကြီးက သူ့စိတ်ကို တဖန် လှုပ်ခတ်စေခဲ့သည်။

ကွေးယွမ်?

ဒီနာမည်က ငါ ဘာကြောင့် ဒီလောက်ထိ ရင်းနှီးနေပါလိမ့်!?

အမတ ကမ္ဘာတွင် ကွေးယွမ် ဟူသော ထိပ်တန်းဂိုဏ်းတစ်ခု ရှိခဲ့ဖူးသည်။

ကွေးယွမ် အမတ ဂိုဏ်း!

ဤသည်မှာ ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွင်းပစ်ခဲ့သော

“တရားခံ‌‌တွေ”ထဲက တစ်ဦးလည်း ဖြစ်သည်။

ကောင်းကင်၏ အဆုံးတွင်၊ တာအိုလမ်းစဉ်သည် မူလအစကိုသာ ပြန်သွားရပေမည်။

T/N - ကွေးယွမ် မှာ ကွေးသည် ပြန်သွားခြင်း ၊ယွမ် ဆိုတာ မူလအခြေအနေ /အစ ကို ပြောတာပါ

အမတလောကတွင် ဤစာကြောင်းကို မသိသူ မည်သူ ရှိမည်နည်း။

ကွေးယွမ် အမတ ဂိုဏ်းက လက်လေးတချက် လှုပ်ယုံဖြင့် အမတဘုံတွင် လေပြင်းထန်သွားရပေမည်။

တားမြစ် စူး မိသားစု နှင့် ကွေးယွမ် သူတော်စင် အမတဂိုဏ်းသည် အမတဘုံတွင် မတူညီသော နယ်ပယ်နှစ်ခုအဖြစ် တည်ရှိနေသော်လည်း ၎င်းတို့၏ စွမ်းအားသည် ထိပ်တန်း အုပ်စိုးနိုင်သူများဟု ဆိုနိုင်သည်။

ထိုကဲ့သို့ ကြောက်စရာကောင်းသော အင်အားစု

နှစ်စုက ဒီဂျူနီယာလူငယ်လေး နဲ့ သက်ဆိုင်နေတယ်တဲ့လား။

ဒါ ဘယ်နားက ကောင်းကင်ထောက်တိုင်ကြီးနဲ့ တူလို့လဲ?

ဒါ ကောင်းကင်ထောက်လှမ်းတိုင်ကြီးပဲ မဟုတ်လား?

[ T/N- ကြီးလေးသော တာဝန်များကို ထမ်းဆောင်နိုင်မယ့်သူများကို ခေါ်ဆိုခြင်း ]

ထိုသို့သော လူနောက်ကို လိုက်ခြင်းဖြင့်၊ အနာဂတ်တွင် ရှေးနတ်ဆိုးမျိုးနွယ်စု၏ အောင်မြင်မှုများမှာ အကန့်အသတ်မရှိ ဖြစ်လာလိမ့်မည်ပင်။

“ဘာဖြစ်ပြန်ပြီလဲ?”

စူးချန်ကဲခမျာ ဒီတစ်ခါလည်း ခေါင်းရှုပ်သွားရပြန်သည်။

သူ စိတ်ကူးယဉ်ကမ္ဘာကို ဖြတ်သန်းခဲ့တာ မဟုတ်ဘူးလား?

ဒီက ရှေးဇာတ်ကောင်တွေ အကုန်လုံးက မျက်နှာပြောင်းရတာ အတော်လေးကို ကြိုက်ကြသလား။

ယခုပင် ကျန့်ထျန်း ရှေးနတ်ဆိုး၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေပြီး ကြောက်ရွံ့လိုက် ထိတ်လန့်လိုက်ဖြင့် စိတ်ကြွဆေးပြား စွဲနေသလားတောင် အောက်မေ့ရသည်။

“အဟွတ် “

ကျန့်ထျန်း ရှေးနတ်ဆိုးလည်း သူ့ကိုယ်သူ အနည်းငယ် ရှက်သွားပုံရကာ ချောင်းဟန့်လိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့်

“ သခင်လေးကို ဟာသ ဖြစ်မိပြီ၊ ကျွန်တော်ရဲ့ ဒီဓမ္မခန္ဓာက အပြင်မှာ အကြာကြီး မနေနိုင်ဘူး”

“ကျေးဇူးပြုပြီး ဒီကျောက်စိမ်းပြားကို လက်ခံပေးပါ”

ကျန့်ထျန်း ရှေးနတ်ဆိုးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ၊ တရားဓမ္မ စွမ်းအားများကိုပြည့်ဝစွာ ထုတ်လွှတ်နေသော ကြည်လင်သော အဖြူရောင်ကျောက်စိမ်းပြားသည် စူးချန်ကဲ၏ လက်ပေါ်သို့ ကျရောက်လာသည်။

“သခင်၊ ဒီ တိုကင်က အဆုံးမရှိသော နှစ်များအတွင်း ကျွန်တော်တို့ မျိုးနွယ်က ဖန်တီးထားတဲ့ အချိန်တိုကင်ပါ အချိန်နဲ့ အာကာသ ရှုပ်ထွေးမှုကြားထဲ ဖြတ်သန်းနိုင်ပေမယ့် ၊ ဒါပေမယ့် ကျွန်တော်တို့ မျိုးနွယ်စုက အချိန်နဲ့အမျှ အကျဉ်းချခံရတဲ့အတွက် ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“တကယ်လို့ သခင်လေး သုံးမယ်ဆိုရင် အချိန် နဲ့အာကာသ ဒီဝဲဂယက်ထဲမှာ ရှိတဲ့ လျှို့ဝှက်နယ်မြေတွေကို ကြုံရာကျပန်း သွားလာနိုင်ဖို့ အသုံးပြုနိုင်ပါတယ်”

“ဒီတိုကင်က ကျွန်တော်တို့ မျိုးနွယ်စုရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ် ၊ ကျွန်တော်တို့ ရှေးနတ်ဆိုး မျိုးနွယ်စုရဲ့ လူတွေကိုလည်း ကြိုက်သလို စေခိုင်းလို့လည်း ရပါတယ် ၊ကျွန်တော်တို့ ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ပါဘူး “

စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။

“ သိပြီ ၊ ငါ အရင်းအမြစ်အချို့ကို စုဆောင်းရဦးမယ် ပြီးတော့ မင်းတို့ ရှေးနတ်ဆိုးမျိုးနွယ်စုထဲက ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တချို့ကို ရွေးချယ်ပြီး ငါ သူတို့ကို ဦိးဆောင်ပြီး ခေါ်သွားပေးမယ် “

“မင်းတို့အတွက်ကတော့ ၊ ငါ သူတော်စင် နယ်မြေရောက်တဲ့အခါ ဘိုးဘေးတွေနဲ့ ဆက်သွယ်ပြီး သူတို့ ဘာလုပ်ပေးလို့ရမလဲ ဆိုတာ မေးပေးမယ်”

စူးချန်ကဲ၏ စကားကို ကြားတော့ ကျန့်ထျန်း ရှေးနတ်ဆိုး၏ မျက်လုံးများမှာ ရွှန်းရွှန်းတောက်လျက် ၊ ဤမရေမတွက်နိုင်သောနှစ်များတွင် လွတ်လပ်ခြင်းထက် မည်သည့်အရာကမျှ တန်ဖိုးမရှိပေ။

“ကျေးဇူးတင်ပါတယ် သခင်လေး!”

ထိုစကားကြောင့် ကျန့်ထျန်း ရှေးနတ်ဆိုးသည် စူးချန်ကဲ ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ဒါဟာ သူတို့မိသားစုရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရပေမည်။သူ အတော်ကို ကံကောင်းခဲ့ပြီး သုံးဘဝဆက်တိုက် ကံကောင်းခြင်းလို့တောင် သတ်မှတ်ရပေမည်။

“လင်အာ မင်း သခင်‌လေး လိုအပ်တာကို ကူညီပေးလိုက် ၊ ဒီကိစ္စကို ငါ့ဘာသာ မျိုးနွယ်စုကိုရှင်းပြလိုက်မယ်”

“မင်း သခင်လေး ပြောသမျှကို လိုက်လုပ်ရမယ် ၊ သခင်လေးရဲ့ အမိန့်ကို မလိုက်နာတာဟာ ငါ့အမိန့်ကို မလိုက်နာတာနဲ့ တူတူပဲ “

ပြောပြီးပြီးချင်း ကျန့်ထျန်း ရှေးနတ်ဆိုးမှာ တန်းပျောက်ကွယ်သွားတော့သည်။

ကူလင်အာ ခမျာ ကြောင်တောင်တောင်လေး ကျန်ရစ်ခဲ့သည်။

ဒါ ဘာဖြစ်သွားတာလဲ?

ဘိုးဘေးက သူ့ကို တခြားသူစီ ရောင်းစားခဲ့တာလား?

သူမက လူသားတစ်ယောက်ရဲ့ နောက်လိုက် အစေခံ လုပ်ရမယ်တဲ့လား?!

ကံကြမ္မာက သတ်မှတ်ထားသော နေ့ရက်တွင် ၊ ရှေးနတ်ဆိုး အနွယ်ဝင် တစ်ယောက်ဖြစ်သည့် သူမသည် ထိုလူသားကို အရှုံး‌ပေးလက်နက်ချခဲ့ရပြီး ၊ထိုလူသား၏ အစေခံဖြစ်လာရမည်တဲ့လား?

မှုန်မှိုင်းနေသော ကူလင်အာကို ကြည့်ရင်း စူးချန်ကဲက ရွှတ်နောက်နောက်ပြုံးလိုက်ပြီး

“မင်းပြောကြည့် ၊ ငါ မင်းကို ဘာလုပ်ခိုင်းရမလဲ?”

ကူလင်အာ သည် အမွေးထောင်နေသော ကြောင်မလေးကဲ့သို့ တုန်လှုပ်သွားသော်လည်း၊ သို့သော် သူမသည် သူမ၏ ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

“သခင် ကလည်း နောက်နေပြန်ပြီ ၊ ရှင် ဘာပဲလုပ်ခိုင်း လုပ်ခိုင်း ကျွန်တော်မျိုးမက လုပ်ဖို့ အသင့်ပါပဲ “

“ဒါပေမယ့် ကျွန်တော်မျိုးမရဲ့ အတော်ဆုံး အရာက တခြားသူတွေနဲ့ ရန်ဖြစ်တာပါပဲ ၊ တကယ်လို့ တခြားဟာ လုပ်ခိုင်းမယ်ဆိုလည်း သဘောအတိုင်းပါပဲ “

အေးဆေးတည်ငြိမ် ဟန်ဆောင်နိုင်သော ကူလင်အာကို ကြည့်ရင်း စူးချန်ကဲမှာ ရယ်နေမိသည်။

“မင်းက ရန်ဖြစ်ရတာ တော်တယ်ပေါ့?”

“မင်း ဘယ်လို ရန်ဖြစ်ရမယ်ဆိုတာကို သိရောသိရဲ့လား ? မင်းမှာ ခွန်အားနဲ့ နောက်ခံရှိဖို့ လိုအပ်တယ်”

“ မင်း နာမည်ဘယ်လိုခေါ်တုန်း?”

ကူလင်အာက မျက်ဖြူလှန်ပြလျက် မကျေနပ်သော လေသံဖြင့်

“ငါ့ နာမည်က ကူလင်အာ “

“အဲ့လို ခေါ်ရတာ မကြိုက်လည်း လင်အာ လို့ ခေါ်လို့ရပါတယ် ၊ ကျွန်တော်မျိုးမ ဘာမှမဖြစ်ပါဘူး”

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ကူလင်အာကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်လိုက်သည်။ပြီး‌နောက် အမှောင်ထု အကာအကွယ်၏ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။

“ တကယ်တော့ လူဆိုးလူညစ်ပဲ!”

“ လူယုတ်မာ‌ ကောင်!”

ကူလင်အာသည် သူမ၏ သွားများကို အံ့ကြိတ်ရင်း ထိုလူသားအပေါ် အသေသတ်ချင်စိတ်များ တဖွားဖွား ပေါ်ထွက်လျက် ရှိသည်။

သို့သော် ဘိုးဘေးစကားများကို ပြန်ကြားယောင်ရင်း ကူလင်အာသည် ထွက်သွားပြီ ဖြစ်သော စူးချန်ကဲ၏ နောက်သို့ အမှီပြေးလိုက်သွားသည်။

“ဟွန်် ၊ ဘာတွေများ ထူးခြားနေလဲဆိုတာ ကြည့်ကြသေးတာပေါ့!”

  အပိုင်း(၁၀၃): အာကာသ ခေါက်ချိုးခြင်း ၊အချိန်တိုကင် ၊ချင်းချုံ မြေခွေးမျိုးနွယ်စု

ကွဲအက်သံ!

ကွဲအက်သံတစ်ခုနှင့်အတူ အမှောင်ထု အကာအကွယ်ကြီး တစ်ခုလုံး ရုတ်တရက် ကွဲအက်သွားကာ အနက်ရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြား ပျံ့လွင့်သွားခဲ့သည်။

" အမှောင်ထု အကာအကွယ်ကြီး ကွဲသွားပြီ ! ငါတို့ အောင်မြင်ခဲ့ပြီ!"

" ဒါက သူ့အလိုလို ကွဲသွားတဲ့ပုံပဲ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ"

"ကြည့်လိုက် ၊ ချန်ကဲ ဆက်ခံသူ ထွက်လာပြီ ကောင်းလိုက်တာ ဆက်ခံသူ ဘာမှမဖြစ်ဘူးတော့ !"

"ဟင်? ချန်ကဲ ဆက်ခံသူ နောက်မှာ တစ်ယောက်ယောက် ရှိနေတာလား?"

ကြည့်ရှုသူ ပါရမီရှင်တို့မှာ အံ့အားသင့်စွာဖြင့် စူးချန်ကဲ၏ ဦးတည်ရာဘက်ကို လှမ်းကြည့်နေကြသည်။

စူးချန်ကဲသည် သူတို့အနားသို့ နီးကပ်လာသည်နှင့်အမျှ ၊ စူးချန်ကဲ နောက်က ပုံရိပ်မှာ နတ်ဆိုးမိန်းမပျို ဖြစ်နေမှန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

ယခုမူ သူမသည် စူချန်းကဲ၏ နောက်ကို ရိုကျိုးစွာဖြင့် လိုက်နေပြီး သူမ၏ အမူအရာမှာ အလွန်တည်ငြိမ်နေသည်။

ဤနတ်ဆိုးမိန်းမပျိုမှာ မည်မျှ အစွမ်းထက်သည်ကို သူတို့ ကောင်းကောင်း သိသည်။ဒါတင်မဟုတ် ရှေးဟောင်းမျိုးနွယ်စုများမှာ အလွန် အားကောင်းသည်ကို မသိသူ မည်သူများ ရှိမည်နည်း။

ဒါပေမယ့် ဒီလို အစွမ်းထက်တဲ့ နတ်ဆိုးမိန်းမပျိုက စူးချန်ကဲရဲ့ နောက်လိုက်အစေခံ မိန်းကလေးတဲ့လား!?

အထဲမှာ ဘာဖြစ်သွားတာလဲ?

" ချန်ကဲ ဆက်ခံသူ"

တစ်စုံတစ်ယောက်က ပထမဆုံးတုံ့ပြန်ခဲ့ပြီး စူးချန်ကဲဆီသို့ အလျင်အမြန်ပြေးကာ အရည်အသွေးမြင့် နတ်မြက်တစ်ပင်ကို ထုတ်ယူလိုက်ပြီး

" ချန်ကဲ ဆက်ခံသူ ဒဏ်ရာများ ရသွားလား၊ ဒီနတ်မြက်က ဆက်ခံသူကို ပင်ပန်းနွမ်းနယ်မှုက‌နေ သက်သာစေမှာပါ ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ !"

စူးချန်ကဲက ခဏလောက် အံ့အားသင့်သွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

" ကောင်းပါပြီ "

သူသည် ဤနတ်မြက်ပင်ကို လက်ခံရန် ရွေးချယ်ခဲ့သည်။ ၎င်းသည် သူ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာကို တည်ဆောက်ရန် ကောင်းသော လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပေသည်။

" ချန်ကဲ ဆက်ခံသူအပေါ် ခုလို ပေးခွင့်ရတာ ကျွန်တော်မျိုးရဲ့ ..."

သို့သော် ထိုလူ၏ 'ရင်တွင်းဖြစ်စကား‌‌ 'များတောင် ပြောမပြီးသေးခင် တယောက်ပြီး တယောက် တက်လာကြသည်။

" ချန်ကဲ ဆက်ခံသူ ၊ ဒါက ကျွန်တော်ရဲ့ အဖိုးတန် ဖေးယွမ်ကိုးကြိမ် ဆေးလုံးပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ "

" မင်း ပြီးရင် လစ်တော့ ၊ ဒီရဲ့ ဖော့တန်ဆေးပြားကလည်း အရမ်းကောင်းပါတယ် ဆက်ခံသူသခင် ၊ ဒါကလေ အနှစ်တစ်ထောင် သက်တမ်းရှိ လျှို့ဝှက်ဆန်းကြယ် လင်ဇီးပင်ကို ရဖို့ ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစားထားတာပါ"

" ဆက်ခံသူ သခင် ၊ ကျွန်တော်ရဲ့ ခုနှစ်ရောင်စဉ် မြက်ပင်ကလည်း ဆက်ခံသူသခင်ကို များစွာ အထောက်အကူပြုမှာပါ!"

" ဆက်ခံသူ သခင် ကျွန်တော်မှာလည်း ရှိသေးတယ် "

ပါရမီရှင်များမှာ စူးချန်ကဲဆီသို့ သူတို့၏ ရတနာပစ္စည်းများအား အရူးအမှုး ပြေးလှူကြလေသည်။

ဒါဟာ စူးချန်ကဲ၏ နှစ်သက်မှုကို ပိုပြီး ရရှိနိုင်ရန် အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်သည်။

စူးချန်ကဲရဲ့ နှစ်သက်မှုကို ခံရပါက ၊ နောက်တွင် သူတို့သည် ထိပ်တန်းပါရမီရှင် တစ်ယောက်၏ နောက်ကို လိုက်နိုင်မည့်အခွင့်အရေး ရလာနိုင်သည်။ထိုအတိုင်း ဖြစ်ခဲ့ပါက သူတို့၏ အောင်မြင်မှုများမှာ အကန့်အသတ်မရှိ ဖြစ်လာမည်ပင်။

အရိုးသားဆုံး ဆိုရလျှင်ဖြင့် ၊သူတို့မှာ မည်သည့်အားထုတ်မှုမှ မလိုအပ်တော့ပေ။

လူတိုင်း စူးချန်ကဲ၏ ခြေထောက်ကို ဖမ်းဆွဲချင်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကူလင်အာ က မဲ့ပြုံး ပြုံးလျက်-

" ကျွတ် ! ကျွတ် ! ကျွတ် ! ၊ ဒီလူသားမျိုးနွယ်တွေကိုတော့ တကယ်ကို လက်လန်တယ်!"

တောင့်တင်းတဲ့ နောက်ခံရှိရင် ဘာမဆို လုပ်ချင်တိုင်း လုပ်လို့ရသတဲ့လား?

ဗြောင်းဆန်နေခဲ့သော အခြေအနေသည် အချိန်အတော်တန် ကြာပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

စူးချန်ကဲသည် ဝိညာဉ်ဆေးလုံးများ နှင့် အဖိုးတန်ပစ္စည်းများ အများအပြားကို လက်ခံရရှိခဲ့ပြီး ရှားပါးနတ်ဆေး တချို့ကိုတောင် ရရှိခဲ့သည်။

သူ၏ သိုလှောင်ပစ္စည်းလေးမှာ တောင်လေးသဖွယ် ပစ္စည်းများဖြင့် မို့မောက်နေသည်ကို မြင်တော့ အနည်းငယ် စိတ်လှုပ်ရှားမိသည်။

တချို့များဆိုရင်ဖြင့် သူတို့ ဘဝတစ်သက်လုံး ကျင့်ကြံမှု အရင်းအမြစ် များစွာကို ဘယ်သောအခါမှ မရရှိခဲ့ပေ။သို့သော် သူကတော့ အားစိုက်ထုတ်စရာတောင် မလိုဘဲ အေးအေးဆေးဆေး ရရှိခဲ့သည်။

" ကျုပ် စူးမျိုးနွယ် ၊ ဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

ယဉ်ကျေးသယောင်ယောင်တော့ ဆောင်ရပေမည်။ဒါမှသာလျှင် သူသည် အားလုံး၏ အမြင်တွင် ကောင်းမွန်သော ပုံရိပ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။

အနာဂတ်တွင် ကြက်သွန်မြိတ်ကြီးများကို လှီးဖြတ်စားသုံးမည် ဆိုပါက ၊ သူ့အတွက် ကာကွယ် ပြောဆိုပေးမည့် သူများ လိုအပ်သေးသည်ပင်။

" ဆက်ခံသူ သခင်က သိပ်အားနာတတ်တာပဲ၊ ဆက်ခံသူ သခင်သာ မရှိရင် ကျွန်တော်တို့ သင်္ချိုင်းမြေတောင် မရှိလိုက်ပဲ အရင်ကတည်းက သေပြီးနေပြီ"

စူးချန်ကဲသည် သူတို့၏ ရင်ထဲ၌ ကြီးမားသော သက်ရောက်မှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့သည်။

အသက်ရှင် ကျန်ရစ်သူများသည် မည်မျှ ကြောက်ဖို့ကောင်းလဲ ဆိုတာ သူတို့ အားလုံး သိကြပေသည်။သို့သော် စူးချန်ကဲမှာမူ ဘာမှမဖြစ်ခဲ့ရုံတင် မက နောက်လိုက်အစေခံ မိန်းကလေးအဖြစ်နဲ့တောင် သိမ်းယူလိုက်သေးသည်။

ယင်းက ၎င်းတို့အား အလွန်ကြောက်ရွံ့သွားစေခဲ့သည်။

 ဝုန်း!!

ဤအခိုက်အတန့်တွင် ကြီးမားသော ကျယ်လောင်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အင်အားစု တစ်ခုနှင့် တစ်ခု ပေါင်းစပ်သွားသကဲ့သို့ အာကာသပြင်မှာ ဖြေးဖြေးချင်း ရွှဲ့စောင်းသွားခဲ့သည်။

"လာပြီလား?"

ဤရင်းနှီးကျွမ်းဝင်သော စွမ်းအားကို ခံစားရင်း ကူလင်အာက ညည်းညူလိုက်သည်။

"ဘာအဓိပ္ပာယ်လဲ?"

"ဒါက အချိန်စီးကြောင်း နှစ်ခု ဆုံတိုက်တဲ့အခါ ဖြစ်လာတဲ့ တုန်လှုပ်မှုတစ်ခုပဲ ၊လွယ်ကူအောင် ပြောရရင် အာကာသ ခေါက်ချိုးခြင်းပဲ၊အာကာသထဲမှာ ရှိတဲ့ လျှို့ဝှက်နယ်မြေတွေက တူညီတဲ့ ဧရိယာတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး လျှို့ဝှက်နယ်မြေ အသစ်တစ်ခု ဖြစ်ပေါ်လာခြင်းပဲ "

ကူလင်အာက ရှင်းပြလိုက်သည်။

"အာကာသ ခေါက်ချိုးခြင်း? မြေပုံအသစ်တစ်ခု ပွင့်သွားတယ်လို့ ဆိုလိုတာလား "

"ရှင်တို့ပဲ ကံကောင်း‌လေသလား၊ ကံမကောင်းလေသလားတော့ မသိဘူး ၊ အခွင့်အလမ်း‌ကောင်းတွေ အများကြီး သိမ်းယူနိုင်ပေမဲ့ အဲ့ထဲမှာ ကျွန်မတို့လို့ အသက်ရှင်ကျန်ရစ်သူတွေ အများကြီး ရှိနေသေးတယ် "

"ကံမကောင်းရင် ကျွန်မတို့လို စကား ကောင်းကောင်း မပြောတတ်တဲ့ သူတွေနဲ့ တွေ့ပြီး အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်~"

ကူလင်အာက ရယ်မောလိုက်သည်။

လူတိုင်း မျက်မှောင်ကြုတ်နေလေသည်။

ဒါကြီးလား စကားကောင်းပြောတာ?

အမှန်အတိုင်းဆိုရလျှင်ဖြင့် စူးချန်ကဲ‌ကြောင့်သာ မဟုတ်ရင် သူတို့တွေအကုန်လုံး ဒီနတ်ဆိုးမျိုးနွယ်စု၏ ဖမ်းစီးခြင်းကို ခံရပြီး ယဇ်ပူဇော်ခံရနေပြီပင်။

"စိတ်ဝင်စားဖို့ကောင်းတယ် ငါကိုယ်တော် တွေ့ကြည့်ချင်သေးတယ်"

စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးပြီး

" လမ်းပြပေး"

ကူလင်အာက မထီမဲ့မြင် မျက်ဖြူလှန်ပြလိုက်ရင်း

" ကျွန်မရဲ့ ဘိုးဘေးက ရှင့်ကို အချိန်တိုကင်တစ်ခု ပေးခဲ့တယ်လေ၊ အဲဒါနဲ့ ဖွင့်လိုက်ရုံပဲ ၊အခုမှ အာကာသတွေ ပေါင်းစပ်‌နေတုန်းဆို‌တော့ တည်ငြိမ်သွားဖို့ အချိန်အတော်ကြာလိမ့်မယ်"

"ဒီစောင့်ဆိုင်းကာလကို အချိန်တိုကင်နဲ့ ကျော်ဖြတ်ရင် ရပြီ "

စူးချန်ကဲသည် ခေါင်းညိတ်ပြလိုက်ပြီး ကူလင်အာ၏ ညွှန်ကြားချက်ဖြင့် အာကာသ အချိန်စီး‌ကြောင်းကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်။

ဤအရာသည် တူညီ‌သော တရားဓမ္မမှ ဆင်းသက်လာသကဲ့သို့ နေရာရွေ့ပြောင်းခြင်း အစီအရင်နဲ့ အလွန်ဆင်တူသည်။

လမ်းကြောင်း တည်ငြိမ်မှုကို ထပ်မံအတည်ပြုပြီးနောက် စူးချန်ကဲသည် လူတိုင်းကို ထိုလမ်းကြောင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ဤခံစားချက်မှာ ဆွဲငင်အားမရှိသော ဝဲဂယက်ထဲတွင် ရှိနေသလိုမျိုး အရမ်းဆန်းကြယ်ပေသည်။

ပြိုးပြိုးပြက်ပြက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် သူတို့အားလုံးသည် တောင်တန်းတွေကြားထဲ ရုတ်တရက်‌ ရောက်လာခဲ့သည်။

ဤနေရာတွင် စိမ်းလန်းသော တောင်တန်းများအပြင် ကြည်လင်နေသောရေများ၊ တိမ်စိုင်တိမ်ခဲများ ဖုံးလွှမ်းနေပြီး တောပန်းလေးတွေက နေရာတိုင်းမှာ မွှေးကြိုင်နေရာ ပြင်ပကမ္ဘာရှိ ရှုခင်းများထက်ပင် ပို၍ လှပနေသည်။

ပိုးကောင်များ၊ ငါးများနှင့် ငှက်များ စုံလင်စွာ ရှိလှပြီး ဤနေရာတွင် အတူတူ နေထိုင်ကြသည်မှာ စိတ်ကူးယဉ်ကမ္ဘာလိုပင်။

"ဒါက လှည့်စားမှုတစ်ခု မဟုတ်ဘူးလား?"

တစ်စုံတစ်ယောက်က ထမေးလိုက်သည်။

သူ တင်မက တခြား လူများစွာသည်လည်း သံသယရှိပေသည် ။ ပရမ်းပတာ ဖြစ်နေသော အချိန်နှင့် အာကာသစီး‌ကြောင်းအတွင်း ထိုကဲ့သို့သော ကမ္ဘာကြီးကို မည်သူများ ဖန်တီးနိုင်လေသနည်း။

"ဒါက ထင်ယောင်ထင်မှား မဟုတ်ဘူး၊ မင်းတို့က ငါတို့ မျိုးနွယ်စုရဲ့ လျှို့ဝှက် နေရာကို ရောက်နေတာပါ "

ရုတ်​တရက်​ လူငယ်တစ်ယောက်၏ အသံ​ထွက်ပေါ်လာခဲ့သည်​။

လူတိုင်းက အသံလားရာကို ကြည့်လိုက်ရာ အနှီသူတွင် မြေခွေးနားရွက်ဖြင့် အမြီးခြောက်ချောင်း ပါသော ခပ်ချောချောလူ တစ်‌ယောက်ကို တွေ့လိုက်ရသည်။

"ဘာဝတ်ထားလဲ ညီလေး ၊ မင်းခေါင်းမှာ ဘာလို့ သားရဲတိရစ္ဆာန်ရဲ့ နားရွက်ရှိနေတာတုန်း?"

"မင်းက ဘာနားလည်တုန်း ၊ ဒီထဲက တစ်ချို့လူတွေက အရမ်း ပျော်တတ်ကြတာ မင်း သူတို့ရဲ့ ဝါသနာကို နားမလည်ပါဘူးကွာ!"

ထူးဆန်းသော ထိုကောင်လေးကို ကြည့်ရင်း အားလုံးက တစ်ယောက်တစ်မျိုး ထင်မြင်ပြောဆိုနေကြသည်။သူတို့အားလုံးသည် နှစ်အတော်ကြာ ဂိုဏ်းထဲမှာပဲ နေထိုင်ကာ ကျင့်ကြံခဲ့ကြသူများ ဖြစ်သောကြောင့် ဤကမ္ဘာပေါ်တွင် တည်ရှိနေသော ‌အရာတော်တော်များများကို နားမလည်ကြပေ။

သို့သော် မြေခွေးကောင်လေး၏ မျက်နှာမှာ ပိုပို၍ စူပုတ်လာခဲ့သည်။

" ဒီလူသားတွေ အတင့်ရဲလှချည်လား!"

သူသည် တိုက်ခိုက်ရန် ဟန်ပြင်လိုက်ချိန် လူအုပ်ကြီးထဲက ကူလင်အာကို ရုတ်တရက် သတိပြုမိလိုက်သည်။

"ရှေးနတ်ဆိုး မျိုးနွယ်စု?"

"မင်းဘာလို့ ငါ့မျိုးနွယ်စုရဲ့ နယ်မြေကို လာတာလဲ"

မြေခွေးမိစ္ဆာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

၎င်းတို့ နှစ်ဦးစလုံးသည် ယခုအချိန်တွင် အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသော်လည်း ချင်ချုံး‌ မြေခွေးမျိုးနွယ်စု နှင့် ရှေးနတ်ဆိုး မျိူးနွယ်စုတို့မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆက်ဆံမရှိဘူး ဟု ဆိုရပေမည်။သို့ဖြစ်၍ ၎င်းတို့မှာ တစ်ယောက်ကို တစ်ယောက် အထင်ကြီးလေးစားမှုမရှိကြောင်း အတပ် ပြောနိုင်သည်။

" ငါ လာချင် လာမှာပဲ နင့်ကို ဘာလို့ ရှင်းပြနေရမှာလဲ?"

ကူလင်အာသည် မူလအစကတည်းက ယန်ချန်၏ နောက်လိုက် အစေခံ လုပ်နေရသည့်အပေါ် ဒေါသတကြီး ဖြစ်နေခဲ့ရာ ၊ ဒီလိုအချိန် လူတစ်ယောက်က သူမနဲ့ ထိပ်တိုက် ‌ဆုံတွေ့လိုက်ချိန်မှာတော့ ကူလင်အာတစ်ယောက် ပါးစပ်သေနတ် ပစ်လေတော့သည်။

သူမသည် ရိုင်းစိုင်းစွာဖြင့် အနက်ရောင် ပင့်ကူခတ္တာပန်းကို မြေခွေးမိစ္ဆာအား နှိပ်ကွက်ရန် ချက်ချင်းပစ်လွှတ်လိုက်သည်။

အပိုင်း(၁၀၄): ဆီးနှင်းပန်းနှင့် အနက်ရောင် ပင့်ကူခတ္တာပန်း

သို့သော် ထိုအခိုက်အတန့်တွင် ထင်မှတ်မထားသော အရာတစ်ခု ဖြစ်သွားခဲ့သည်။

ကြီးမားသော အဖြူရောင် အလင်းတန်းတစ်ခုက လှုပ်ရှားသွားခဲ့ပြီး ၊ အထဲ၌ အေးစက်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသော စွမ်းအားတစ်ခုက အနက်ရောင် ပင့်ကူခတ္တာပန်းဖြင့် ပြင်းထန်စွာ ဝင်တိုက်သွားသည် ။

ဘုန်း!

အားကောင်းသော စွမ်းအားနှစ်ခု ဆုံစည်းသွားသည့် အခိုက်အတန့်တွင် အနက်ရောင် ပင့်ကူခတ္တာပန်းတို့မှာ ဆုတ်ပြဲသွားလေရာ ရေခဲမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခုလုံး ပြန့်ကျဲသွားလေသည်။

ထိုစဉ် အေးစက်သော မြူခိုးထဲရှိ ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူမ တစ်ကိုယ်လုံးအား ဖြူစင်သွားသော နှင်းမှုန်လေးများက ဖုံးလွှမ်းထားသကဲ့သို့ ဖြူဖွေးတင့်တယ်နေသည်။

အကယ်၍ ထိုပုံရိပ်သာ ဖြည်းဖြည်းချင်း ရွေ့လျားမ‌နေခဲ့ပါက၊လူကို ထင်ယောင်ထင်မှား ဖြစ်အောင် ပြုစားနေသည်ဟု ထင်မှတ်သွားနိုင်သည်။

" ထျန်းနွီ လူကြီးမင်း!"

T/N - ထျန်းနွီ - နတ်ဘုရားမ

မြေခွေးကောင်လေးသည် အလွန်စိတ်လှုပ်ရှားနေပုံရသည်။ချင်ချုံး မြေခွေးမျိုးနွယ်စုသည်

အချိန်နဲ့ အာကာသ စီးကြောင်း ဝဲဂယက်ထဲတွင် ပိတ်မိခဲ့ပြီးနောက်တွင် ပထမဦးစွာ နိုးထလာခဲ့သော အမြီးကိုးချောင်း လူငယ် မြေခွေးမျိုးဆက်ပင် ဖြစ်သည်။

ဆီးနှင်းခဲ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ နတ်ဘုရားမသာလျှင် အတိုင်းအထက်လွန် လုပ်ဆောင်နိုင်သည်ဟု ဆိုရပေမည်။

ပုံရိပ်သည် နီးကပ်လာသည်နှင့်အမျှ။

စူးချန်ကဲလည်း ၎င်းပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ ဖြစ်သည်။

သူမသည် မိန်းမပျို‌လေးကဲ့သို့ အလွန်တစ်ရာမျှ လှပပေသည်။ လကဲ့သို့ ငွေဖြူရောင် ဆံပင်များနှင့် ဖြူစင်သော အသားအရေတို့ အပ်စပ်နေကြသည်မှာ နှင်းတောထဲက နတ်သမီးတစ်ပါး အလား ထင်မှတ်ရသည်။ထို့အပြင် သူမ၏ အနီရောင် မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်မှုနှင့် ဆွဲဆောင်မှုတို့ကို ပြသနေခဲ့သည်။

သို့သော် သူမ၏ ဟန်ပန်သည် စိတ်ခံစားချက် မရှိသကဲ့သို့ လူကို အေးစက်သော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

ကျောက်စိမ်း ခြေထောက်လေးသည် သွယ်လျရှည်လျားပြီး ရင်ဘက်သည် အလွန်မို့မောက်ပေသည်။ အထူးသဖြင့် သူမ ဦးခေါင်းပေါ်ရှိ အဖြူရောင် သားရဲတိရစ္ဆာန်နားရွက်တစ်စုံက အလွန်ကို ထူးခြားဆန်းကြယ်ပေသည်။

" စိတ်ဝင်စားစရာကောင်းတယ် ၊ ဒီလို ဖြူစင်တဲ့ ဆီးနှင်းခဲ ဝိညာဉ်စွမ်းအင်ကို အရင်က ကြားပဲ ကြားဖူးတာ"

စူးချန်ကဲသည် ထိုပုံရိပ်ကို ငေးကြည့်ရင်း သူ့စိတ်ထဲ အနည်းငယ် သက်ပြင်းချလိုက်သည်။

ထိုကဲ့သို့ ဖြူစင်သော ရောင်ဝါရှိခြင်းသည် သူတို့၏ မွေးရာပါ ဝိညာဉ်စွမ်းအင် ဟု ဆိုရပေမည်။

မွေးရာပါ ဝိညာဉ်စွမ်းအင်သည် တာအိုလမ်းစဉ် နှင့် သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်မှု ရှိပြီး ဝိညာဉ်စွမ်းအင်အပေါ် ပို၍ ထိလွယ်ရှလွယ်ကြပြီး ၎င်းတို့၏ ကျင့်ကြံမှု အရှိန်သည် သာမန်သူများထက် အဆပေါင်းများစွာ လျင်မြန်သည်။

"ဒါ အကုန်ပဲလား?"

အမြီးကိုးချောင်းရှိ မြေခွေးမိန်းကလေး၏ အေးစက်သော အသံသည် သူမ၏ အသွင်အပြင်ကဲ့သို့ပင် လူကို အလွန်အေးစက်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

"ဟုတ်ပါတယ်၊ စောစောက အမဲလိုက်ခံထားရတဲ့ တိုက်မြေ သုံးထောင်က လူ‌တွေနဲ့ အခု လူတွေ ပေါင်းလိုက်ရင် လူရှစ်ရာကျော်လောက် စုမိပြီ "

မြေခွေး‌ ကောင်လေးက ထပ်ဆိုလိုက်သည်။

“အဲဒီအချိန်ကြရင် ငါတို့မျိုးနွယ်စုဝင် လူငယ်ရှစ်ရာက ဒီလူတွေရဲ့ ဝိညာဉ်အရင်းမြစ်တွေကနေ လွတ်မြောက်နိုင်တော့မယ်”

ဝိညာဉ် အရင်းမြစ်သည် ကျင့်ကြံသူတစ်ယောက်အတွက် အုတ်မြစ်ဖြစ်ပြီး စွမ်းအား အရင်းအမြစ်ဖြစ်သည်။တိုက်မြေ သုံးထောင်က ကျင့်ကြံသူများ၏ ဝိညာဉ်အရင်းအမြစ်သည် သူတို့ကို အပြင်ကမ္ဘာနှင့် ဆုံစည်းပေးနိုင်တော့မည် ဖြစ်သည်။

၎င်းတို့၏ ဝိညာဉ် အရင်းအမြစ်ကို စုပ်ယူခြင်းဖြင့် အချိန်အတားအဆီးကို ချိုးဖျက်နိုင်ပေမည်။သူတို့သည် ပြင်ပ ကမ္ဘာသို့ ရောက်ရှိလာနိုင်သော်လည်း ကျင့်ကြံအဆင့်မှာမူ

မူလအတိုင်း ပြန်လည်ရရှိမည်မဟုတ်ပေ။သို့ဆိုတောင် သူတို့အတွက်တော့ လွတ်လပ်မှုသည်သာ အဖိုးတန်ဆုံးဖြစ်သည်။

သို့သော် ၎င်းဝိညာဉ်အရင်းအမြစ်ကို ငယ်ရွယ်သော မျိုးဆက်တပည့်သားချင်းများသာ စုပ်ယူနိုင်သည် ။ မျိုးဆက်ဟောင်းများမှာမူ ၎င်းတို့၏ ဝိညာဉ် အရင်းအမြစ်သည် တည်ငြိမ်နေပြီး ဖြစ်ရာ ပြင်ပဝိညာဉ် အရင်းအမြစ်များကို စုပ်ယူလို့မရနိုင်ပေ။

"ကဲ လှုပ်ရှားကြစို့!"

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် ခေါင်းညိတ်ပြလိုက်ပြီး ကူလင်အာ အား စိုက်ကြည့်လိုက်ရင်း တဖန် စူးချန်ကဲ ကို တချက် ကြည့်လိုက်သည်။

သူမသည် စူးချန်ကဲ၏ ကျင့်ကြံ အဆင့်ကို နားလည်နိုင်စွမ်း မရှိပေ။ ပြင်ပကမ္ဘာမှ ကျင့်ကြံစွမ်းအား လျို့ဝှက်နည်းကို သူမ အတိအကျ နားလည်နိုင်စွမ်း မရှိသောကြောင့်ပင် ။

သူမ မိသားစု၏ "အတွေ့အကြုံ" ကို အခြေခံပြီး ၊ စူးချန်ကဲသည် အသုံးမဝင်သော ကောင်ချောလေးတစ်ယောက်ဟု ယူဆခဲ့သည်။

ဒီလောက် ရုပ်ရည်ချောမောတဲ့အပြင် လှပပြီး အစွမ်းထက်တဲ့ နောက်လိုက် အစေခံမလေး တစ်ယောက်ရှိနေတာ ၊ လူဘောကြော့ သခင်လေးမှ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ?

အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ အကြည့်ကို မြင်တော့ စူးချန်ကဲသည် သူမ၏ အတွေးများကို မှန်းဆမိခဲ့သည်။

"ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံစွမ်းအားကို ဖုံးကွယ်ထားလို့ လျှော့တွက် နေပုံရတယ်"

သို့သော်လည်း ကိစ္စမရှိပေ။သူ၏ အာဏာကို ပြသရန် စိန်ခေါ်မှု ဖြစ်သလို ထိုကဲ့သို့ လူများကို ချေမှုန်းရသည်မှာ သူ့အတွက်တော့ ကျေနပ်စရာပင်။

"ကျွိမ့်မင် ၊ အဲ့အနက်ရောင်ဝတ်နဲ့ အမျိုးသမီးကို ငါ့ဆီထားခဲ့၊ ကျန်တာကို မင်းဟာမင်း ရှင်းလိုက် "

"ဟုတ် "

မြေခွေးကောင်လေးက လေးလေးစားစား ခေါင်းညိတ်ပြပြီးသည်နှင့် စိမ်းစိမ်းဖန်ဖန် တောက်ပနေသော ကျောက်စိမ်းတစ်တုံးကို ထုတ်ကာ လေထဲကို ပစ်လိုက်သည်။ထိုကျောက်စိမ်းတုံးသည် ချက်ချင်းဆိုသလို အစိတ်စိတ် အမြွှာမြွှာကွဲသွားကာ ပျံ့ကြဲသွားလေသည်။

ထို့နောက် မတူညီသော ဉီးတည်ရာ ငါးနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်သွားသည်။၎င်းကျောက်တုံးမှ တောက်ပသော အလင်းရောင်များက ပေါက်ကွဲထွက်ပေါ်လာကာ ရောယှက်နေသော ရောင်စဉ် ငါးဖြာ ဖြာ ထွက်လာခဲ့သည်။

၎င်းအရာသည် ထူးဆန်းသော မှော်စက်ဝိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့ပြီး ၊မှော်စက်ဝိုင်းထဲမှ ကြွယ်ဝသော နေရာရွေ့ပြောင်းခြင်း နိယာမစွမ်းအားများလည်း ရှိနေသည်။

"ဒါက ဘယ်လို မှော်စက်ဝိုင်းလဲ"

စူးချန်ကဲ အနည်းငယ် စိတ်ရှုပ်သွားပြီး အံ့ဩခြင်းများစွာဖြင့်။

ဤဖွဲ့စည်းပုံသည် သူ၏ ကမ္ဘာနှင့် မတူဘဲ ၊ အခြားရှုထောင့်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

"ဒါက မြေခွေးမျိုးနွယ်စုရဲ့ နေရာရွေ့ပြောင်းခြင်း ဖွဲ့စည်းပုံပဲ ၊ပုံရိပ်ယောင် ကမ္ဘာကို ဖန်တီးနိုင်ယုံသာမက သူတို့ရဲ့ မှော်စက်ဝိုင်း ဖွဲ့စည်းပုံက ထိပ်တန်းအဆင့်ပဲ"

"ကျွန်မတို့ ရောက်ရှိနေတဲ့ နယ်မြေဆိုတာလည်း သူတို့ မျိုးနွယ်စုရဲ့ အမြင့်ဆုံး စွမ်းအားနဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်လောကပဲ ဒါပေမဲ့ အလွန်ကို အစွမ်းထက်တဲ့ စွမ်းအားကြောင့် ပုံရိပ်ယောင်ကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်တယ်"

တစ်ဖက်မှ ကူလင်အာ က ရှင်းပြသည်။

သူမ၏ ရှေးနတ်ဆိုး မျိုးနွယ်စု နှင့် ချင်းချုံ မြေခွေးမျိုးနွယ်စုတို့သည် အမတ ကမ္ဘာ၏ ဇာတိဖွားများ ဖြစ်သောကြောင့် တချို့သော ကိစ္စများကို နားလည်ကြပေသည်။

"အဲ့လိုလား"

စူးချန်ကဲက ခေါင်းညိတ်ပြလိုက်သည်။အမတ ကမ္ဘာတွင် ထူးဆန်းသော မျိုးနွယ်များ မည်မျှတောင် ရှိသည်ကို သူ သိချင်မိသည်။

အမတ ကမ္ဘာကြီး ပြိုကွဲသွားပြီးနောက် ၊

ရှေးရိုးရာယဉ်ကျေးမှု လမ်းစဉ်သည် အဘယ်မှာ ရှိမည်နည်း။

သို့မဟုတ် အဆုံးမဲ့စကြာဝဠာအတွင်း မရေမတွက်နိုင်သော ကမ္ဘာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သော တိုက်မြေ သုံးထောင်ပဲ ဖြစ်နေမလော။

  ဝီ!

စူးရှသောအလင်းရောင်နှင့်အတူ စူးချန်ကဲ၏ အတွေးများသည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုကြီးမားသော မှော်စက်ဝိုင်း အလယ်တွင် ချင်းချုံ မြေခွေးမျိုးနွယ်စုမှ အင်အားကြီးမားသော ပုဂ္ဂိုလ်များ ထွက်ပေါ်လာခဲ့သည်။

မဟာ သူတော်စင်တစ်ဦး၏ ထွက်ပေါ်မှုသည် အချိန်နှင့် အာကာသစီး‌ကြောင်းကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် သူတို့ထဲက အမြင့်ဆုံးအဆင့်သည် သာ့နိမ်(အနန္တစွမ်းအားရှင်) ပြီးပြည့်စုံ အဆင့် ပုဂ္ဂိုလ်များသာ ရှိနိုင်သည်။

သို့သော် ထိုသူတို့၏ အငွေ့အသက်များက လွန်စွာ တုန်လှုပ်စရာကောင်းပေသည်။

အထူးသဖြင့် သူတို့နောက်က အမြီးတွေကို လှုပ်ခါလိုက်တိုင်း၊ ရွှန်းလဲ့တောက်ပသော မှော်သင်္ကေတများက ထကြွလာခဲ့သည်။

၎င်းတို့ထဲတွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ထွားကျိုင်းသော မြေခွေးမိစ္ဆာတစ်ကောင်က သူ၏လှံကို မြှောက်ကာ ဟစ်ကြွေးလိုက်သည်။

" ချင်းချုံ မျိုးနွယ်စုအတွက် ဒီလူသားတွေအကုန်လုံးကို သတ်ပစ် ! သူတို့ရဲ့ ဝိညာဉ် အရင်းအမြစ်ကို သိမ်းပိုက်ကြဟေ့!"

" လူသားတွေကို သတ် ! ဝိညာဉ် အရင်းအမြစ်ကို သိမ်းပိုက်ကြဟေ့!"

"သတ်!"

ရောင်စဉ်များစွာက သူသူကိုယ်ကိုယ် လှုပ်ရှားလျက် ၊ ချင်းချုံ မြေခွေးမျိုးနွယ်စုဝင်များသည် ၎င်းတို့၏မှော်အစွမ်းများဖြင့် လေပေါ်တွင် ပျံဝဲကာ စူးချန်ကဲတို့အား တိုက်ခိုက်ရန် ချီတတ်လာကြသည်။

သူတို့၏ မျက်လုံးများမှာ အလို လောဘ ၊ဆန္ဒများဖြင့် ပြည့်နှက်နေသည်။သူတို့သာ ဝိညာဉ် အရင်းအမြစ်ကို သိမ်းပိုက်နိုင်မည်ဆိုပါက ၊ ဤအချိန်နှင့် အာကာသ အကျဉ်းထောင်မှ လွတ်မြောက်ကာ ၊ လွတ်လပ်သော ကမ္ဘာကြီးဆီသို့ ရောက်ရှိသွားနိုင်တော့မည် ဖြစ်သည်။

"အိုင်ယား! ခုနကမှ ကျားပါးစပ်ကနေ လွတ်မြောက်လာတယ် ၊ အခု ဝံပုလွေတွင်းထဲ ရောက်လာပြန်ပြီ!"

"မကြောက်နဲ့။ ငါတို့မှာ ချန်ကဲ ဆက်ခံသူ ရှိနေတာပဲ ၊ ဘာလို့ သူတို့ကို ကြောက်ရမှာလဲ"

"ဟုတ်တယ်၊ ချန်ကဲ ဆက်ခံသူက ငါတို့ကို အန္တရာယ်တွင်းကနေ ကယ်တင်‌ပေးလိမ့်မယ်"

""

စူးချန်ကဲ၏ ယခင်စွမ်းဆောင်ရည်သည် လူတိုင်း၏ အသိအမှတ်ပြုမှုကိုရရှိခဲ့ပြီး ယခုအခါတွင် သူသည် လူတိုင်း၏ ပင်မကျောရိုးကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

လူသားမျိုးနွယ်၏ ပါရမီရှင်များမှာ ယုံကြည်ချက်တို့ တဖန် တတ်ကြွလာခဲ့ပြီး ၊ ၎င်းတို့သည် ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ပါရမီရှင်များနှင့် ထိပ်တိုက်တွေ့ရန် မှော်အစွမ်းများကို စတင်အသုံးပြုလိုက်ကြသည်။

တောက်လောင်နေသော နတ်အလင်းတန်းများက စစ်မြေပြင်တွင် အဆက်မပြတ် ပေါက်ကွဲ ထွက်ပေါ်လို့ နေသည်။

လူသားမျိုးနွယ်စု၏ ပါရမီရှင်များသည် မိမိ၏ အနှစ်သာရနှင့် သွေးများကို အသုံးပြု၍ မှော်စက်ဝိုင်း ချကာ ရက်စက်သော သားရဲများကို မျှားခေါ်ကြသည်။

မိုးခြိမ်းသံများ ‌ဝေဆာလျက် ၊ ချင်းချုံ မြေခွေးမျိုးနွယ်စုမှ ကျရှုံးသူများလည်းရှိသည်။

ဝေဟင်ပေါ်တွင် ဓားသံတချွင်ချွင်ဖြင့် သူသူကိုယ်ကိုယ် တိုက်ပွဲဆင်နွှဲသူများလည်း ရှိသည်။

ဘုန်း! !

စစ်မြေပြင်၏ တခြားတဖက်တွင် အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်‌လာခဲ့သည်။

ဆီးနှင်းခဲ အငွေ့အသက်တို့သည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားပြီး ၊ အေးစိမ့်သောလေလှိုင်းလုံးကြီး သဖွယ် နေရာအနှံ့ ကျယ်ပြန့်နေသည်။

ဝီ!

ရုတ်တရက်၊ အဖြူရောင် ဆီးနှင်းခဲ အခိုးအငွေ့များကြားထဲ အနက်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ နတ်ဆိုးစွမ်းအင်များဖြင့် ဝန်းရံထားသော ပင့်ကူခတ္တာပန်းသည် ဤအဖြူရောင် ကမ္ဘာကြီးထဲတွင် ပွင့်လန်းလာခဲ့သည်။

အနက်ရောင် ပင့်ကူခတ္တာပန်းများ အပြည့်အဝ ပွင့်လန်းလာသည်နှင့် ပြင်းထန်သော နတ်ဆိုးစွမ်းအင်များသည် လေမုန်တိုင်းကြီး သဖွယ် အုံကြွလာခဲ့သည် ။

ဝုန်း ဝုန်း !

ခမ်းနားထည်ဝါသော နတ်ဆိုးစွမ်းအင်များက ဤကမ္ဘာကြီးကို လွှမ်းခြုံထားလေသည်။

ဆီးနှင်းခဲ အဖြူရောင်ကမ္ဘာကြီးကို အမှောင်မိုက်ဆုံး ငရဲ ဖြစ်အောင် မှင်နက်ဖြင့် ဆိုးချလိုက်သလိုပင်။

အအေးဓာတ်က အရိုးထဲထိ စိမ့်အေးလို့ နေကာ နတ်ဆိုး စွမ်းအင်ကလည်း အတော်လေး ကြောက်စရာ ကောင်း‌ပေသည်။

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ၊ လေဟာပြင်ထဲမှ

အမိုက်စား ဓားရှည်တစ်လက်ကို ဆွဲထုတ်ယူလိုက်သည်။

သူမ၏ လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် ဓားရှည်သည် ဝိညာဉ်မြွေတစ်ကောင်အလား လေထဲတွင် လှည့်ပတ်လှုပ်ရှားလာခဲ့သည်။

ရွှမ်း!

ဓားသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။၎င်းဓားရှည်သည် သက်တံ့ရေခဲဓားအလား ထွက်‌ပေါ်လာသည်နှင့် ‌ဟင်းလင်ပြင်ထဲတွင် ရေခဲအမှုန်အမွှားဖြင့် ပြည့်နှက်သွားလေသည်။

နတ်ဘုရားမသည် ပန်းများ ကြဲလွှင့်နေသကဲ့သို့

ကောင်းကင်တစ်ခုလုံး တောက်ပသော ဆီးနှင်းပန်းလေးများဖြင့် ပြည့်နှက်နေသည်။

သို့သော် ဆီးနှင်းပန်းများသည် နတ်ဆိုးစွမ်းအင်နှင့် ထိတွေ့မိသည့် အခိုက်တွင် နှင်းခဲဗုံးတစ်လုံး ကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။

အမှောင်ကမ္ဘာကို နှင်းကြာဖြူပန်းများက တစ်ဖန် ဖုံးလွှမ်းလိုက်သလိုပင်။

မြေပြင်ပေါ်တွင် ရေခဲတုံးများ အဆက်မပြတ် ကျရောက်လာသည်မှာ အလွန်အေးစက်သော ကမ္ဘာကြီး တစ်ခုလိုပင်။

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေသည့် အလျောက် တစ်ယောက်ပြီး တစ်ယောက် ကျရှုံးများ ဖြစ်ပေါ်လို့ နေ၏။

စူးချန်ကဲသည် ထိုအရာအားလုံးကို ဂရုမစိုက်ဟန်ဖြင့် ရပ်ကြည့်နေသည်။

မပြီးနိုင်မယ့် တိုက်ပွဲ ဆိုသည့်အတိုင်း အတော်လေး ဝမ်းနည်းစရာ ကောင်းပေသည်။

"အို့ နောက်ဆုံးတော့ တစ်ယောက်ယောက်က ငါ့ကို မြင်ပြီပေါ့ "

စူးချန်ကဲက မဲ့ပြုံး ပြုံးလိုက်ရင်း

"ဒါလည်း ကောင်းတာပဲ ၊ ငါ ခဏလောက် ကစားပေးမယ် "

အပိုင်း(၁၀၅): ငါ့အတွက်တော့ နှင်းကျနေသလောက်ပဲ

  ဝှစ်!

လှံသည် နဂါးတစ်ကောင် အလား လေဟာပြင်ကို ထိုးဖောက်ကာ စူးချန်ကဲ၏ ဦးခေါင်း တည့်တည့် ပစ်ခွင်းဝင်‌ရောက်ခဲ့သည်။

စူးချန်ကဲမှ လုံးဝ မတုံ့ပြန်တာကို မြင်တော့ ထိုလူက မဲ့ပြုံးပြုံးလိုက်ရင်း

" သိပ်အားနည်းလွန်းတယ် ပျင်းစရာကောင်းတယ် ၊ နောက်တစ်ယောက်"

ထိုလူသားမှာ သူ၏ လှံတံအောက်မှ ရုန်းမထွက်နိုင်တော့ဘူးလို့ တွေးထင်ခဲ့သည်။

ထိုလူသား၏ ဦးခေါင်းကို သူ့လှံက ထိုးဖောက်သွားသည့် မြင်ကွင်းကို ကြိုမြင်ယောင်နေခဲ့ပြီပင်။

သို့သော် စိတ်ကူးနှင့် ဆန့်ကျင်ဘက် ၊ သူ ထင်ထားသလို မဟုတ်ခဲ့ပေ။

အဖြူရောင် ပုံရိပ်တစ်ခုက ဖျက်ခနဲ့ လှုပ်ရှားသွားခဲ့သည်။

ဤသည်မှာ စူးချန်ကဲသည် သူ့လှံကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခြင်းပင် ဖြစ်သည်။

အစကနေ အဆုံးထိ စူးချန်ကဲသည် သူ့အား သေချာတောင် မကြည့်ခဲ့ပေ။စူးချန်ကဲ၏ မျက်လုံးထဲတွင် သူသည် အာရုံစိုက်ဖို့ မတန်သော အရာတစ်ခုကဲ့သို့ ဆက်ဆံခဲ့သည်။

"လူသား!"

သို့သော် သူမည်မျှပင် ပြင်းပြင်းထန်ထန် ကြိုးစားပါစေ ၊ စူးချန်ကဲလက်ထဲမှ လှံကို နည်းနည်းလေးမှ ဆွဲထုတ်မရနိုင်ခဲ့ချေ။

စူးချန်ကဲက သူ့ကို တစက်ကလေးမှ လှည့်မကြည့်ဘဲ ဆိုလိုက်သည် ။

"သိပ်ကို အားနည်းလွန်းတယ် ၊ လှံချင်း တူတောင် ယဲ့လင်ထျန်း ကမှ မင်းထက် အများကြီး ပိုသန်မာဦးမယ် "

စကားအဆုံးတွင် စူးချန်ကဲသည် လှံဖြင့် ‌မြေခွေးမိစ္ဆာကို မ ၍ အမြင့်သို့ မြှောက်တင်လိုက်ရာ ၎င်းမှာ အပေါ်သို့ ဝဲပျံသွားပြီးနောက်တွင် မြေပြင်ပေါ်သို့ ပစ်ကျသွားခဲ့ရသည်။

  ဘုန်း!

ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်မှာတော့ ‌မြေကြီးမှာ တွင်းနက်ကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။

ကျောက်ဆောင်‌မြေတို့မှာ တလိပ်လိပ် ထကြွလျက် ၊ သို့သော်လည်း မိုးများသဖွယ် ရွှာသွန်းနေသော ကျောက်ဆောင်‌မြေတို့၏ အလယ်ဗဟိုရှိ ဝတ်ရုံဖြူ အမျိုးသားလေးမှာမူ တစိုးတစိမျှ ထိခိုက်ခြင်း မရှိခဲ့ပေ။၎င်းကျောက်ဆောင်မြေသည် သူ၏ ပတ်ဝန်းကျင်တစ်လျှောက် ကျရောက်သွားခဲ့ပြီး ၊၎င်းနှင့် ထိတွေ့လိုက်သော အရာမှန်သမျှ ချက်ချင်းဆိုသလို အရည်ပျော်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝတ်ရုံဖြူ အမျိုးသားတစ်ယောက်ကတော့ စစ်မြေပြင်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေဆဲပင် ။

ဤမြင်ကွင်းသည် လူတိုင်း၏ အာရုံကို စွဲဆောင်သွားခဲ့ပြီး အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည်လည်း စူးချန်ကဲကို ထိတ်လန့်တကြား ကြည့်နေလေသည်။

သူမမျိုးနွယ်စု၏ အင်အားကို သူမ ကောင်းကောင်းကြီး သိသည်။သူတို့အားလုံးသည် သာ့နိမ်(အနန္တစွမ်းအားရှင်)ပြီးပြည့်စုံအဆင့် ရှိသူများ ဖြစ်ကြပြီး ခွန်အားအရာမှာလည်း အနှိုင်းမဲ့ပင် ဖြစ်သည်။

သို့သော် ဒီလို ပိန်ပိန်ချိ့ချိ့ အားနည်းပုံရတဲ့ လူသားတစ်ယောက်ဆီကနေ ခုလို မြေကြီးပေါ်ကို ဘုန်းခနဲ့ ပစ်လဲကျရလောက်တဲ့အထိ အရိုက်ခံခဲ့ရတယ်တဲ့လား!?

"သူ့ကို သွားမထိတာ‌ ကောင်းမယ်၊ တကယ်လို့ အဲ့နတ်ဆိုးမိစ္ဆာ‌ကောင်ကြီးကို သွားရန်စမိရင် ၊ကိုယ့်သေလမ်းကို ရှာတာပဲ ~"

ထိုမြင်ကွင်းကို ကြည့်ရင်း၊ ကူလင်အာက မနေနိုင်ဘဲ လှောင်ပြောင်း ရယ်မောလိုက်သည်။

အကယ်၍ သူမ နတ်ဆိုးမျိုးနွယ်စု၏ ဘိုးဘေးသာ ဝင်မပါခဲ့ပါက ၊ သူမသည်လည်း စူးချန်ကဲ၏ ဓားချက်ဖြင့် အသတ်ခံရသည်မှာ ကြာလှပြီပင် ။ ယခုအချိန်ထိတောင် သူမသည် စူးချန်ကဲကိူ အလွန်ကြောက်ရွံ့နေသေးသည်။

" လူသားတစ်ယောက်ကများ သေချင်နေတယ်ပေါ့!"

စူးချန်ကဲ၏ လက်ချက်ဖြင့် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသော မြေခွေးမိစ္ဆာမှာ ဆူပုတ်ပုတ်ဖြင့် ၊ သူ့ အမြီးခုနစ်ချောင်းပင်လျှင် အမွှေးများ ထောင်ကာ အလွန်ဒေါသထွက်နေပုံပေါ်သည်။

သူသည် ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ပါရမီရှင်တစ်ယောက် ဖြစ်ယုံတင်မက အမတသားရဲ အသွေးအသားများကို ပိုင်ဆိုင်ထားသောသူ ဖြစ်လင့်ကစား ယခုအချိန်မှာတော့ သူသည် လူသားတစ်ယောက်၏ စော်ကားမှုကို ခံခဲ့ရသည်။

ဒါကို သူ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ?

ထိုမြေခွေးမိစ္ဆာသည် တုံ့ဆိုင်းမနေဘဲ လှံကို ပြန်ကောက်ကိုင်လိုက်သည်။ မိုးခြိမ်းသံများ ဆူညံလျက် အနှီလူ၏ ပုံရိပ်သည် တဖန် ပျောက်ကွယ်သွားသည်။

ဤတစ်ကြိမ်တွင် သူသည် သူ၏ ရှိသမျှ ခွန်အား အလုံးစုံကို အသုံးပြုလိုက်ပြီး ၊ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို ပေါက်ကွဲ ပစ်ထုတ်လိုက်သည်။ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဉ်စွမ်းအင်များက သူ၏ လှံအား ရစ်ဝဲထားလေသည်။

လှံပေါ်ရှိ ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးသည် တစ်ခါ လှည့်ပတ်လိုက်တိုင်း၊ ဟင်းလင်းပြင်ကြီးသည် အနည်းငယ် ရွဲ့စောင်းသွားရသည်။သူသည် ယခင်က အရှက်ကို ပြန်လည် ဆေးကြောဖို့ အသင့်ဖြစ်နေပြီပင်။

သို့သော် သူ့ဘဝအမြင်ကို ပြန်လည်ဆန်းသစ်သွားစေသည့် အရာတစ်ခု ဖြစ်ခဲ့ရပြန်သည်။

စူးချန်ကဲသည် ပေအနည်းငယ် အကွာအဝေးမှ သူ၏ စွမ်းအားဖြင့် လှံကို တင်းကျပ်စွာ ချုပ်နှောင်ထားခဲ့သည်။

ဒီတခါလည်း ထိုနည်းတူစွာ။ သူ မည်သို့ပင် ကြိုးစားပါစေ စူးချန်ကဲကို လုံးဝမှ မထိနိုင်ခဲ့ပေ။

ဤတစ်ကြိမ်တွင် ပြိုင်ဘက်သည် ထွေထွေထူးထူး ဘာမှတောင် မလှုပ်ဘဲနဲ့ ၊ သူ့ကို ဇောချွေးပြန်စေတဲ့အထိ ပြုလုပ်နိုင်ခဲ့သည်။

ချွင် !

ရုတ်​တရက်ဆိုသလို သူရှေ့တွင် စူးရှသော ဓားသံတစ်​ခု ထွက်​​ပေါ်လာခဲ့သည်​။

ရွှမ်း!

တောက်ပသော ဓားအလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ခွင်းလျက် ၊သူ၏ အရှိန်အဟုန်မှာလည်း အလွန် အံ့သြဖွယ်ရာ ကောင်းပေသည်။သူ၏ ထွက်ပေါ်လာမှုကို မည်သူမျှ သတိမထားမိသည့်အထိ မြန်ဆန်လွန်းလှသည်။

ဝှစ်!

မြေခွေးမိစ္ဆာသည် တုံ့ပြန်မှုကလည်း အလွန် လျင်မြန်ပေသည်။ ဓားစွမ်းအင်က သူ့ကို ထိတော့မည့် အခိုက်အတန့်တွင် လှံကို ပြန်ဆုတ်လိုက်ပြီး တဖက်လူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

သူ့ရင်တစ်ခုလုံး ဗြောင်းဆန်သွားသည်။ဤ ​စွမ်းအားသည် လွန်စွာ အားပြင်းလှသည်။

ပါးစပ်အဟောင်းသားဖြင့်၊ ဆုပ်ကိုင်ထားသော လှံကိုတောင် လွှတ်ကျမတတ် ဖြစ်ယူရသည့်အထိပင်။

ထို့နောက် သူ၏ အနက်ရောင်သံ ဥက္ကာခဲဖြင့် ထုထွင်းထားသော လှံတံကို ကြည့်လိုက်ရာ ၊ နက်ရှိုင်းသော ဓားအမှတ်အသားတစ်ခုကို မြင်လိုက်ရသည် ။

ဤအရာက သူ့ကို ပို၍ အသက်ရှုကြပ်သွားစေသည်။အနက်ရောင်သံ ဥက္ကာခဲသည် အခိုင်မာဆုံး သတ္တုရိုင်းများထဲမှ တစ်ခုဖြစ်သည်။

ဒီတိုင်း အေးအေးလူလူ ထုတ်သုံးလိုက်တဲ့ ဓားစွမ်းအင်က သူ့လက်ထဲက အနက်ရောင်သံ ဥက္ကာခဲနဲ့ ထွင်းထု‌ထားတဲ့ လှံတံကိုတောင် ပြတ်ကျလုနီးပါး ဖြစ်ခဲ့ရတယ်တဲ့လား?

"အချိန်ကုန်တယ် မင်းတို့ အတူတူ တတ်လာခဲ့"

စူးချန်ကဲသည် မဲ့ပြုံးပြုံးလိုက်သည်။ သူ၏ မျက်ဝန်းများမှာ အပူအပင်ကင်းမဲ့လွန်းသည်။

ထိုစကားများက ပင်လယ်ထဲကို ဧရာမ ကျောက်တုံးကြီးကို ချလိုက်သလိုမျိုး မုန်တိုင်းထန်သွားစေသည်။

ချင်ချုံးမြေခွေး မျိုးနွယ်စု၏ ငယ်ရွယ်သော ပါရမီရှင်အများအပြားသည် စူးချန်ကဲအား ဒေါသတကြီးဖြင့် ကြည့်နေကြပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေကြသည်။

၎င်းတို့၏ လက်ထဲတွင် ဝိညာဉ်စွမ်းအားများ လှည့်ပတ်စီးဆင်းနေပြီး ၊ မောက်မာသော လူသားမျိုးနွယ်အား အချိန်မရွေး နှိမ်နှင်းရန် အသင့်ပြင်ထားသလိုပင်။

တဖက်တွင်မူ၊ စူးချန်ကဲနှင့်အတူ လိုက်ပါလာသော ပါရမီရှင်များမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပုံပေါက်သည်။

စူးချန်ကဲသည် လူအုပ်စုကြီးနှင့် တစ်ယောက်တည်း ရင်ဆိုင်နေသော မြင်ကွင်းကို တဖန် ပြန်လည်မြင်ရသည့်အပေါ် ပျော်ရွှင်မိသည့် ခံစားချက်များလို့ ဆိုရပေမည်။

သို့သော် မဲ့ရွဲ့နေသူများလည်း ရှိသည်။

" ဒီမြေခွေးကောင်တွေ ကိုယ့်သေလမ်းကို ရှာနေကြတာ ၊ ချန်ကဲဆက်ခံသူက သူရဲ့ ပင်ကိုယ်စွမ်းအားနဲ့ ခွန်အားတွေကို တချက်ကလေး လှုပ်ရှားလိုက်ယုံနဲ့ သူတို့ကို အေးဆေးနှိပ်ကွပ်နိုင်တယ် !"

"ဟာဟားဟား၊ သူတို့က ရေတွင်းထဲက ဖားတွေပါကွာ ၊ ဆက်ခံသူ သခင် ဘယ်လောက် စွမ်းအားကြီးမားတယ်ဆိုတာ သူတို့ ဘယ်လို သိနိုင်မှာလဲ!"

"ချန်ကဲ ဆက်ခံသူကို အရေအတွက်များယုံနဲ့ နိုင်မယ်လို့ ထင်နေတာလား မသိဘူး ၊ ဟဟ ပဲ ရမယ် !"

  “”

ဒုတိယစစ်ပွဲသည် အချိန်မရွေး ပေါက်ကွဲတော့မည်သကဲ့သို့ နှစ်ဖက်စလုံး အချင်းချင်း အသင့်ပြင်ထားကြသည်။

သို့သော်လည်း လူသားမျိုးနွယ်စုက ပါရမီရှင်များ၏ အမြင်ထဲတွင်၊ ဤတိုက်ပွဲ၏ ရလဒ်မှာ အလွန် သေချာနေခဲ့ပြီပင်။

စူးချန်ကဲ ရှိနေသမျှ သူတို့ အစွမ်းကုန် တိုက်ခိုက်လာရင်တောင် ၊ လူသားမျိုးနွယ်စုသာလျှင် အနိုင်ရပေလိမ့်မည် ဖြစ်သည်။

"လူသားမျိုးနွယ်စုက ဒီအ‌ခြေအနေထိ ရောက်လာတာတောင် မောက်မာနိုင်သေးတယ်၊ သတ်ပစ်ကြဟေ့!"

" နေဦိး ၊ မင်းတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး ငါ ကိုင်တွယ်မယ် "

ထိုအချိန်တွင် အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် စစ်မြေပြင်အလယ်သို့ ရုတ်တရက် ဆင်းသက်လာပြီး အေးစက်စွာ ဆိုလိုက်သည်။

" မြေခွေးမလေး ၊ မင်းရဲ့ပြိုင်ဘက်က ငါနော်၊ ငါ နင့်ကို သွားခွင့်ပေးလိုက်လို့လား?"

ကူလင်အာသည် အဝေးတစ်နေရာမှ ရောက်ချလာခဲ့ပြီး ၊ သူမ၏ နတ်ဆိုးစွမ်းအင်ကို အသုံးပြုကာ အမြီးကိုးချောင်း မြေခွေးမိန်းကလေးကို ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်

သို့သော် စူးချန်ကဲက သူမကို တားစီးခဲ့သည်။

"မလိုဘူး သူမက တောင်းဆိုနေမှတော့ ထားလိုက်ပါ "

စူးချန်ကဲ က အပြုံးမပျက်။

"ငါ ကိုယ်တော်က လူကောင်း‌လေ သူမကို စိတ်ကျေနပ်အောင် လုပ်ပေးရမှာပေါ့"

ကူလင်အာ ခမျာ ဆွံ့အလျက်။

နင်လား? လူကောင်း?

၎င်းသည် သူမတို့ ရှေးနတ်ဆိုးမျိူးနွယ်စု၏ ထိပ်တန်း ပါရမီရှင် အများအပြားကို သတ်ဖြတ်ခဲ့သည်။

သူမလို မိန်းမပျို‌လေး တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့စဉ်မှာလည်း ၊ သူမကို သတ်လုနီးပါး ချိန်ရွယ်ခဲ့သည်။

ဒါတင်မက နောက်ဆုံးတွင်၊ သူမ၏ ဘိုးဘေးကိုတောင် သူ့ထံလက်မြှောက်ရန် ပြုလုပ်နိုင်ခဲ့သည်။

ဒါကြီးလား လူကောင်း?

ဟုတ်တာပေါ့! ဟုတ်တာပေါ့!

သို့သော်၊ ကူလင်အာသည် အမြီးကိုး‌ချောင်းမြေခွေးမိန်းကလေးကို စာနာသော အကြည့်ဖြင့် ကြည့်လိုက်ရင်း

" သခင်ရဲ့ အမိန့်ကို ကျွန်တော်မျိုးမ လိုက်နာပါ့မယ်"

ထို့နောက် သူမသည် စူးချန်ကဲ နောက်သို့ ဆုတ်သွားသည်။

"ရှေးနတ်ဆိုးမျိုးနွယ်စုရဲ့ ပရောဟိတ်ငယ်က ဒီလူသားကို သခင်တဲ့လား?"

ချင်းချုံမြေခွေး မျိူးနွယ်စု၏ ပါရမီရှင်တချို့မှာဖြင့် စိတ်တည်ငြိမ်မှုတို့ ပျောက်ဆုံးကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည် ။

ဒီလူသားက ဘယ်ကလာတာလဲ?

ရှေးနတ်ဆိုးမျိုးနွယ်စုသည် နာမည်ဆိုးဖြင့် ကျော်ကြားသော မျိုးနွယ်စုများပင် ဖြစ်သည်။ဒီလူတွေက လူသားတစ်ယောက်ထံ လက်နက်ချပြီး ကျွန်ပြုနေသတဲ့လား?

ထိုအချက်က သူတို့အကုန်လုံးအား ပိုလို့ တုန်လှုပ်သွားစေခဲ့သည်။

" ချန်ကဲဆက်ခံသူက မင်းတို့စဉ်းစားထားတာထက် သာတယ်ကွ!"

လူသားမျိုးနွယ်စု၏ ပါရမီရှင် တချို့က မခိုးမခန့် ပြောဆိုလိုက်ကြသည်။

စူးချန်ကဲ၏ လက်ရှိအခြေအနေအရ ရယ်စရာတောင် ကောင်းနေပေဦးမည်။

ကွေးယွမ်သူတော်စင် နယ်မြေသည် စူးချန်ကဲ အတွက် ထာဝရ စစ်ပွဲကိုပင် စတင်ခဲ့ပြီး နောက်ဆုံးတွင် ထာဝရ အင်အားစုကြီး ငါးစုကို သုတ်သင် ရှင်းလင်းပစ်ခဲ့သည်။

သူတို့လို ဂိုဏ်းများအနေဖြင့် ဤထာဝရ စစ်ပွဲမှတစ်ဆင့် အချက်အလက်တချို့ကိုလည်း သင်ယူခဲ့ရသည်။

ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေတွင် ဧကရာဇ်မင်းမြတ် တစ်ပါးတင် မက ပိုရှိသည်။

၎င်း၏ နောက်ခံသည် စိတ်ကူးယဉ်ထားသည်ထက် ပို၍ ကြောက်စရာကောင်းပေသည် ။

ကွေးယွမ် သူတော်စင် နယ်မြေ၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းသည်ကို မည်သူမျှ မသိနိုင်ပေ။

"အဆင်သင့်ဖြစ်ပြီလား?"

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူ့ပတ်ဝန်းကျင်က မှတ်ချက်များကို လျစ်လျူရှုလိုက်သည်။၎င်းသည် မည်သူမည်ဝါပင် ဖြစ်ပါစေ၊သူမအနေဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့သာ လိုအပ်ပေသည်။

" ကြွပါ"

စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"မင်း အရမ်း သန်မာတယ် ဆိုတာ ငါသိတယ် ၊အဲ့တော့.."

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူမ၏ ညာလက်ကို မြင့်တင်လိုက်သည်။

ဝူး!

ရုတ်တရက် ၊ နားမလည်နိုင်သော အအေးဓာတ်တစ်ခုက သူမကို ဝန်းရံထားပြီး ကခုန်နေကာ ရေခဲပုံဆောင်ခဲ မုန်တိုင်းအသွင် ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။

ဆီးနှင်းခဲမုန်တိုင်းကြီးသည် သူမ၏ လက်ပေါ်တွင် ဆက်လက် ဖွဲ့စည်းနေပြီး သိပ်မကြာမီ ကြီးမားသော ရေခဲတောင်ကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။

" ကျွန်မ အားမနာနေတော့ဘူး !"

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူမ၏ ကျောက်စိမ်း သဖွယ် လက်ကို ဝှေ့ယမ်းလိုက်သည်။

ဘုန်း!

ရေခဲတောင်ကြီးသည် မြည်ဟည်းသံများ ဝေဆာလျက် ၊ ရေခဲကမ္ဘာကြီးတစ်ခု ပြိုကျလာသလိုပင်။

"နည်းနည်း‌လေးတောင် အလွတ်မပေးတော့ဘူးပေါ့?"

စူးချန်ကဲ၏ ရတနာခန္ဓာကိုယ်အား တောက်ပသော ရွှေဝါရောင် မှော်သင်္ကေတများက ဝန်းရံထားပြီး ၊လင်းလက်တောက်ပသော ရောင်ဝါများကို ထုတ်လွှတ်ပေးနေသည်။

တစ်ကိုယ်လုံးရှိ သွေးချီ စွမ်းအင်များက တဟုန်းဟုန်း တောက်လောင်နေပြီး ၊မျက်ဝန်းများက ကြယ်လို ဝင်းလက်တောက်ပနေသည်။ကြောက်စရာကောင်းသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လို့ လာခဲ့သည်။

"ငါ့အတွက်တော့ နှင်းကျနေသလောက်ပဲ"

All Chapters