← Chapters

အခန်း (၁၀၆-၁၁၀)

Vol. 8 Ch. 106-110

အခန်း (၁၀၆-၁၁၀)

Vol. 8 Ch. 106-110

အပိုင်း(၁၀၆): မှားယွင်းသောရွေးချယ်မှု ၊စိတ်ပျက်အားငယ်မှု ချောက်နက်ကြီး

စူးချန်ကဲ စကားအဆုံးတွင် ၊ သူ၏ မျက်လုံးများမှာ ဝင်းလက် တောက်ပသွားသည်။

သူ၏ လက်သီးထိပ်တွင် နိယာမစွမ်းအားများက ဝန်းရံထားပြီး မှော်သင်္ကေတတို့သည်လည်း ထကြွလာခဲ့သည်။

လက်သီးဖြင့် ထိုးဖောက်လိုက်ခြင်း!

ဘုန်း!

ခမ်းနားထည်ဝါသော လက်သီး နှင့် ဓားစွမ်းအင်တို့ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ၊တောက်လောင်နေသော လက်သီးစွမ်းအင်များ သည် မီးနဂါးတစ်ကောင်အလား ဖြတ်ကျော်သွားပြီး ဟင်းလင်းပြင်တစ်ခုလုံးကို ဆုတ်ဖြဲကာ ဤနေရာတစ်ခုလုံးကို နှိပ်ကွပ်လိုက်သည်။

ဘုန်း!

ကြီးမားသော ရေခဲတောင်သည် မီးတောင်ကျောက်ကြီးဖြင့် တွေ့လိုက်ရသကဲ့သို့ အလွန်တရာမျှ အေးခဲသော ရေခဲပုံဆောင်ခဲများသည် ရေခိုးရေငွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။လက်သီး တချက်သည် ရေခဲတောင်ကိုတောင် ရေခဲမှုန့်များအဖြစ်သို့ လွင့်စင်သွားစေခဲ့သည်။

ရေခဲမှုန့်များသည် ကောင်းကင်ယံတွင် ပြန့်ကျဲနေသည်မှာ ဤကမ္ဘာပေါ်တွင် ပြန့်ကျဲနေ သော နှင်းပွင့်လေးများကဲ့သို့ပင်။

အဖြူရောင် အဝတ်အစားသည် နှင်းပွင့်များကြား ဝင့်ကြွားလျက် ၊ သခင်လေးသည် ကျောက်စိမ်းအလား မြင့်မြတ်တင့်တယ်ပေသည်။

စူးချန်ကဲပြောခဲ့သလိုပင် ၊ သူ့အတွက်တော့ နှင်းကျနေသလောက်ပင်။

ထိုမြင်ကွင်းကို ကြည့်ရင်း အမြီးကိုးချောင်း မြေခွေးမိန်းကလေးမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ လူသားမျိုးနွယ်သည် အလွန်ထူးဆန်းသော မျိုးနွယ်စု ဖြစ်ကြောင်း သူမ၏ မျိုးနွယ်ထံမှ အမြဲလိုလို ကြားဖူးသည်။

လူသားအများစု၏ ရုပ်ခန္ဓာသည် အလွန်အားနည်းသည်။ သူမတို့လိုမျိုး မြင့်မြတ်သော တန်ခိုးစွမ်းအားဖြင့် မွေးဖွားလာသူများနှင့် ယှဉ်မည်ဆိုပါက အလွန်ကို အားနည်းပေသည်။

သို့သော် လူသားမျိုးနွယ်တွင် ချွင်းချက် တချို့တော့ ရှိပေသည်။၎င်းတို့ထဲမှ ထူးခြားသော ကိုယ်ထည်နှင့် မွေးဖွားလာသူသည် အင်အားတစ်ခုတည်းဖြင့် ကောင်းကင်ကို ဖွင့်ကာ ဖြတ်ကျော်နိုင်သည်ဟု ဆိုကြသည်။

သူမ၏ အမြင်တွင် ၊ စူးချန်ကဲသည် ထိုကဲ့သို့သော ထူးခြားသော ကိုယ်ထည်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ရိပ်မိပေသည်။

သို့သော်၊ သူမအနေဖြင့် အရှုံးကို ဝန်ခံရန် အသင့် မဖြစ်သေးပေ။သူမသည် ခံစားချက်မဲ့သူ ဟု ဆိုနိုင်သော်လည်း မာနတရားတော့ ရှိနေသေးသည်။

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် လက်သင်္ကေတ တစ်ခုကို ပုံဖော်လိုက်ပြီး မန္တန်ကို ရွတ်ဆိုလိုက်သည်။

  ရွှမ်း!

ရုတ်တရက်၊ ထိန်လင်းတောက်ပ‌သော ရောင်စဉ်တန်းများ ဖြစ်ပေါ်လာကာ အဆက်မပြတ် ရောယှက်သွားပြီးနောက် နေရာ၌ လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းစာ တစ်ခု ပေါ်ထွက်လာခဲ့သည်။

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် လက်ဖြင့် ဖိနှိပ်လိုက်သည်နှင့် အေးစက်သော အပြာရောင် မှော်စက်ဝိုင်းအဖြစ် ဖြစ်တည်သွားခဲ့သည်။၎င်းမှော်စက်ဝိုင်းထဲတွင် အေးစက်သော ဆီးနှင်းခဲအငွေ့အသက်များက အဆက်မပြတ် လျှံထွက်လာခဲ့သည်။

သူမက လက်ကို မှော်စက်ဝိုင်း၏ အတွင်းထဲသို့ ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး ခပ်တိုးတိုး ဆိုလိုက်သည်။

“ အောက်ဟန့် အစီအရင် ၊ ဆီးနှင်းခဲ ထပ်တိုးအကာအကွယ်!”

ဆီးနှင်းခဲများက သူမ၏ လက်‌ပေါ်သို့ စိမ့်ဝင်သွားပြီး ၊သူမ လက်ကို မှော်စက်ဝိုင်းထဲမှ ပြန်ဆွဲထုတ်လိုက်သည့်အခိုက်အတန့်တွင် ဆီးနှင်းခဲများက သူမလက်ကို ရစ်ပတ်ထားပြီး ၊ သူမ၏ လက်ချောင်းထိပ်များမှာ ဆိုရင်ဖြင့် ဓားသွားများကဲ့သို့ ချွန်ထက်နေပြီး စိတ်ဝိညာဉ်ကိုတောင် အေးစက်သွားစေသည်။

“ဒါက ငါတို့ မျိုးနွယ်စုရဲ့ ရှေးဟောင်း လျှို့ဝှက်ကျင့်စဉ်ပဲ ၊ နတ်ဘုရားမက ဒါကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့မယ်လို့ ငါ မမျှော်လင့်ထားဘူး”

ချင်းချုံ မြေခွေးမျိုးနွယ်စုဝင်များမှာ စိတ်လှုပ်ရှားနေပုံရသည်။အောက်ဟန့်အစီအရင်သည် အချိန်နှင့် အာကာသစီးကြောင်း ဂယက်ထဲသို့ မကျရောက်မီ ၊ ၎င်းတို့ မျိုးနွယ်စု၏ ရှေးရိုး အမွေအနှစ် တစ်ခုဖြစ်ပြီး စစ်မှန်သော အမတမှော်အစီအရင်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။

အအေးဓာတ်ကို ထိန်းချုပ်ပြီး ၊ မိုင်ထောင်ပေါင်းများစွာ ကောင်းကင်ကြီးကို အေးခဲသွားအောင် ပြုလုပ်နိုင်သည်။

ဤအဆုံးမဲ့နှစ်များအတွင်း အချိန်ကြာလင့်ခဲ့သော်လည်း ၊ ၎င်းကျင့်စဉ်မှာ မပြည့်စုံသေးပေ။သို့ဆိုတောင် ၎င်းကျင့်စဉ်သည် အလွန်ကြောက်စရာကောင်းသော ကျင့်စဉ် တစ်ခု ဖြစ်ပြီး ၎င်းကို ရှေးဟောင်း လျှို့ဝှက်ကျင့်စဉ် ဟုခေါ်ကြသည်။

မရေမတွက်နိုင်သော နှစ်များအတွင်း ၎င်းတို့၏ နတ်ဘုရားမသည် ကျင့်ကြံရာတွင် အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သော ပထမဆုံးသော လူငယ် မျိုးဆက်သစ် တစ်ဦး ဖြစ်လာခဲ့သည်။

“ဒီကျင့်စဉ်က စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ဤကျင့်စဉ်မှာ ဒီလောက်ထိ မရိုးရှင်းမှန်း စူးချန်ကဲ ခံစားမိသည်။ ဤကမ္ဘာပေါ်ရှိ ဆီးနှင်းခဲများကို အမည်အသိ စွမ်းအားတစ်ခုက ထိန်းချုပ်ထားပုံရသည်။

အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ ခြေအောက်တွင် ဆီးနှင်းခဲစွမ်းအားများက လှည့်ပတ်စီးဆင်းနေသည်။

ဘုန်း!

သူမ၏ ရုပ်သွင်သည် ချက်ချင်းဆိုသလို ကွယ်ပျောက်သွားပြီး ၊ မူလနေရာတွင် ပွင့်လန်းနေသော ရေခဲပန်း တစ်ပွင့်သာ ကျန်ရစ်ခဲ့သည်။

လေထဲတွင် အပြာရောင်အလင်းတန်းက တဖျက်ဖျက် တောက်ပနေပြီး ၊ ရေခဲလက်သည်းများသည် ရောက်သွားလေရာ နေရာတိုင်း ဟင်းလင်းပြင်ကြီးကို အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်သလိုပင် ။

“ငါ့ကို အနီးကပ်တိုက်ခိုက်တာ ကောင်းတဲ့ရွေးချယ်မှု မဟုတ်ဘူးနော်”

စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

စူးချန်ကဲသည် သူ၏ လက်သီးကို တဖန် ထုတ်သုံးလိုက်သည်။

တောက်လောင်နေသော လက်သီးစွမ်းအားများက ၎င်းကို ဖိနှိပ်ရန် ရှေ့ကို တည့်တည့် ပစ်ခွင်းဝင်ရောက်သွားသည်။

သို့သော် ဤတစ်ခေါက်တွင်မူ အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် ရှောင်တိမ်းခြင်း မရှိဘဲ လေထဲတွင် ရွေ့လျားကာ သူမ၏ ရေခဲလက်သည်းများကို အသုံးပြုလိုက်သည်။

ချက်ချင်းဆိုသလို ၊ သူမ၏ လက်များဖြင့် ရင်ဘက်ကို ကာလိုက်ပြီး သူမ၏ရေခဲလက်သည်းများထံမှ အပြာရောင်အလင်းတန်းများ တဖျက်ဖျက် တောက်ပသွားခဲ့သည် ။

ဘုန်း!

ကြီးမားသော ရေခဲအတားအဆီးသည် မြေပြင်မှ ထကြွလာပြီး ၊ရေခဲအလွှာမှာ ပေဒါဇင်များစွာ ထူထပ်ပေသည်။

သူမ၏ အတားအစီးသည် စူးချန်ကဲ၏ လက်သီးစွမ်းအားကို ချေမှုန်းနိုင်မည်ဟု မဟုတ်မှန်း သူမ သိသည် ။ သူမ၏ ဆန္ဒမှာစွမ်းအား၏ တစ်စိတ်တစ်ပိုင်း အားနည်းသွားစေချင်မျှယုံသာ ။

ကွဲအက်သံ!

ပြင်းထန်သော လက်သီး၏ စွမ်းအားကြောင့် ရေခဲနံရံ တစ်ခုလုံး ချက်ချင်း ကွဲကြေသွားပြီး ရေခဲ အပိုင်းအစများ လွင့်ပျံသွားသည် ။

တစ်ချိန်တည်းမှာပင်၊ ချင်းချုံမြေခွေး မျိူးနွယ်စု နယ်မြေအတွင်း၌ အကြီးအကဲများက မှန်ချပ်ထဲကနေ စောင့်ကြည့်နေကြသည်။

မြင်ကွင်းထဲတွင် စူးချန်ကဲနှင့် မြေခွေးမိန်းကလေးတို့ တိုက်ခိုက်နေကြသည် ။

“လူသားမျိုးနွယ်စုထဲက ဒီလူငယ်လေးက တကယ်ကို မရိုးရှင်းဘူး ၊ ငါတို့မျိုးနွယ်စုရဲ့ နတ်ဘုရားမကိုတောင် အနိုင်ရခဲ့တာ ၊ တိုက်မြေ သုံးထောင်မှာ ဒီလိုအင်အားကြီးတဲ့မျိုးဆက် ဘယ်ကနေတောင် ဆင်းသက်လာပါလိမ့်?”

“ ‌ခုလို ပြောတော့မှ ထူးဆန်းတာတော့ ရှိတယ်၊ ရှေးနတ်ဆိုး မျိုးနွယ်စုက ဒီလူသားကို ဘယ်လိုဖြစ်ပြီး ကျွန်ပြုနေပါလိမ့် ၊ သူတို့မျိုးနွယ်စုက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မျိုးနွယ်စုလေ “

တစ်စုံတစ်ယောက်က သူ၏ သံသယများကို ထုတ်ဖော်ပြောကြားလိုက်သည်။

ကျန်ရှိသော အကြီးအကဲများကလည်း တစ်ခုခုကို တွေးနေပုံရကာ ခေါင်းငုံ့ပြီး ဘာမှ ပြန်မပြောကြပေ။

“ရှေးနတ်ဆိုးဂိုဏ်းက ကျန့်ထျန်း အဘိုးကြီးဆို အရမ်း ဒေါသကြီးတာ ၊ အဲ့လိုလူကတောင် သူ့ရဲ့ ချစ်လှစွာသော မြေးမလေးကို လူသားမျိုးနွယ်စု နောက်ကို လိုက်ဖို့ ခိုင်းစေခဲ့တယ်တဲ့လား?”

“ ကျုပ် ချီစွမ်းအင် နိယာမတချို့ကို ကျွမ်းကျင်တယ် ၊ ဒီလူငယ်လေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ နတ်ဆိုး ရောင်ဝါတွေနဲ့ ပြည့်နှက်နေတယ် ၊ သွေးနံ့ကလည်း အလွန် လတ်ဆတ်တယ် ကြည့်ရတာ ဒီကောင်လေးက ရှေးနတ်ဆိုး ပါရမီရှင်တွေ အများကြီးကို သတ်ခဲ့ပုံပဲ”

“ဒါပေမယ့် ရှေးနတ်ဆိုးမျိုးနွယ်စုက ဘာလို့ သူ့ကို ဒီတိုင်း လွှတ်ထားရတာလဲ ၊ အဲဒီအစား သူ့ကို အချိန်တိုကင်ပြားတောင် ပေးအပ်လိုက်သေးတယ်”

ရုတ်တရက် သူမသည် အလွန်ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေကို တွေးလိုက်မိသည်။

လူသားမျိုးနွယ်စုမှ ဤလူငယ်လေးသည် အံ့သြဖွယ်ကောင်းသော နောက်ခံ သေချာပေါက် ရှိပေလိမ့်မည် ။

ရှေးနတ်ဆိုးမျိုးနွယ်ဝင်များစွာကို သတ်ပစ်ခဲ့တာတောင် သူသည် ဘေးမသီရန်မခ ရှိနေနိုင်သေးသည့်အပြင် ကျန့်ထျန်း ရှေးနတ်ဆိုးသည် သူ့မြေးမလေးကိုတောင် နောက်လိုက်အစေခံ အဖြစ် သူ့နောက်ကို လိုက်စေသည်။

“ရှေးနတ်ဆိုးမျိုးနွယ်စုက ဒီကောင်လေးရဲ့ သင်္ဘောပေါ်တက်ဖို့ ချောင်းနေတာ မဟုတ်ဘူးလား!”

သူမ ရုတ်တရက် ထအော်လိုက်သည်။

ပတ်ဝန်းကျင်က အကြည့်အားလုံး သူမဆီသို့ ကျရောက်သွားသည်။

“ ပိုင်ယွီ ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ?”

ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါတို့ ဒီကောင်လေးကို သွားပြစ်မှားလို့ မဖြစ်ဘူး!”

ပိုင်ယွီ အမည်ရှိ အဘွားအိုက ကျယ်လောင်စွာ ပြောလိုက်သည်။

သူမစိတ်ထဲက ထင်မြင်ယူဆချက်အားလုံးကို ထုတ်ပြောလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

“ဒီကောင်လေးမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ နောက်ခံရှိတယ်ဆိုတာ သေချာရဲ့လား”

ချင်းချုံမြေခွေးမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးက လေးနက်စွာ ဆိုလိုက်သည်-

“ဒါက ငါတို့မျိုးနွယ်စုရဲ့ ကိစ္စကြီးနဲ့ သက်ဆိုင်တယ် ၊တကယ်လို့ မင်း အာမ မခံနိုင်ရင် ဒီကိစ္စအတွက် ဘယ်လိုတာဝန်ယူမှာလဲ?”

“ဟွန်း! ကြည့်ရတာ အကြီးအကဲ ပိုင် က နည်းနည်း ရောထွေးနေပုံပဲ ၊ငါတို့ ချင်းချုံမြေခွေးမျိုးနွယ်စုက ရှေးနတ်ဆိုး မျိုးနွယ်စုတွေထက် ပို အားကောင်းတယ် ၊ရှေးနတ်ဆိုးမျိုးနွယ်စုတွေအတွက် တစ်ခုတည်းသော အားကိုးရာက ကျန့်ထျန်းရှေးနတ်ဆိုးပဲ ရှိတာ “

“ပြီးတော့ ငါတို့ရဲ့ချင်းချုံမြေခွေးမျိုးနွယ်စု မှာ အကြီးအကဲ ငါးယောက်ရှိသေးတယ် ! ဒီကောင်လေးကို ကြောက်နေစရာလား?”

နောက်ထပ် ချင်းချုံမြေခွေးမျိုးနွယ်စုဝင် တစ်ယောက်က သူ့မုတ်ဆိတ်ကို သပ်ချလိုက်ရင်း ‌ဆိုလိုက်သည်။

“မှန်တယ် ၊ ရာနဲ့ချီတဲ့ ဝိညာဉ်ရင်းမြစ်တွေက ရာနဲ့ချီတဲ့ တော်ဝင်မိသားစုရဲ့ ပါရမီရှင်တွေကို အချိန်လှောင်အိမ်ကြီးကနေ လွတ်မြောက်အောင် ကူညီပေးနိုင်တယ်!”

“သူ့ရဲ့ နောက်ခံက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူတို့က အထဲထိ ဝင်လာပြီး ငါတို့မျိုးနွယ်စုတွေကို သတ်ပစ်နိုင်မတဲ့လား?”

ပိုင်ယွီ သည် မှုန်သုန်သုန်ဖြင့် တိတ်ဆိတ်နေသည်။ထိုလူငယ်လေး၏ နောက်ခံသမိုင်းကြောင်းမှာ အလွန် ထိတ်လန့်ဖို့ ကောင်းမည်ဟု သူမ စိတ်ထဲ ခံစားနေရသည်။

“စိတ်မပူပါနဲ့ အကြီးအကဲ ပိုင် ၊ ငါတို့မျိုးနွယ်ရဲ့ နတ်ဘုရားမက ဒီကောင်လေးကို မနိုင်ရင်တောင် ၊ ချန်ရှန်း ထျန်းဇီ ရှိသေးတယ် မဟုတ်လား”

[ T/N - ချန်ရှန်း ထျန်းဇီ မှာ

ထျန်းဇီ - ကောင်းကင်ဘုံ၏ သားတော် /ဧကရာဇ် (ဘွဲ့အမည်နာမ ) ]

“ချန်ရှန်း ထျန်းဇီ ၊ သူက အိပ်‌ပျော်နေတာမဟုတ်ဘူးလား”

“ဟားဟား~ တိုက်‌မြေ သုံးထောင်က ထိပ်တန်း ပါရမီရှင်တွေ ပေါ်လာဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး ၊ သူ့ကို နှိုးလိုက်ရုံပေါ့ သူက သူတော်စင် နယ်ပယ်ကို မဖြတ်ကျော်ခင် သူ့ရဲ့ ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ချင်နေခဲ့တာ”

“ဒီကောင်လေးက သူ့အတွက်တော့ ကောင်းမွန်တဲ့ မှော်ကျောက်တုံးတစ်ခုပဲ “

ချင်းချုံမြေခွေးမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

“ ချန်ရှန်း ၊ ငါတို့ဘိုးဘေးတွေက ဘိုးဘွားပိုင်မြေကနေ ခွာလို့မရဘူး ၊ အဲ့တော့ နတ်ဘုရားမကို ကူညီဖို့ မင်းပေါ်မှာပဲ မူတည်တယ်”

“ချန်ရှန်း ဘိုးဘေးတို့ကို စိတ်မပျက်စေရပါဘူး”

ခန်းမအပြင်ဘက်တွင် ဝတ်ရုံနက်ဖြင့် မြေခွေးမျိုးနွယ်ဝင် အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။ မှင်ကဲ့သို့ မည်းနက်နေသော ဆံနွယ်များ ၊ ဖြူဖွေးသော အသားအရေ ၊ ဒါတင်မက သူ၏ ရွှေဝါရောင် မျက်စံများက လွန်စွာ ဆန်းကြယ်ပေသည် ။

သူ့နောက်တွင် နက်မှောင်သော အမြီးတစ်‌ချောင်းတည်းသာ ရှိသည်။

‌မြေခွေးမျိုးနွယ်စုတွင် လွန်စွာ အရည်အချင်းရှိသော ပုဂ္ဂိုလ်များသည် အမြီးတစ်ချောင်းတည်းသာ ရှိသည် ။ပိုင်ချန်ရှန်းသည် ဤကဲ့သို့ ထူးကဲလှသော အရည်အချင်းဖြင့် သူသည် မြေခွေးမျိုးနွယ်စု၏ ထျန်းဇီ (ကောင်းကင်ဘုံ၏သားတော် / ဘွဲ့အမည်နာမ ) ဖြစ်လာခဲ့သည်။

ကောင်းကင်ဘုံကိုတောင် အံတုနိုင်သော အရည်အချင်းများ ရှိယုံသာမက ဒဏ္ဍာရီထဲက စုပ်ယူသူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ တာအိုလမ်းစဉ်ကိုယ်ထည် သုံးထောင်ရှိသည့်အနက် သူသည် အဆင့် ၁၁ နေရာတွင် ရှိသည် ။

ပြီးပြည့်စုံသော အဆင့်ကို ရောက်သည်နှင့် သက်ရှိအပေါင်းတို့အား စုပ်ယူနိုင်သောကြောင့် သူသည် အဆင့် ၁၁ နေရာတွင် ရှိပေသည်။ပြီးပြည့်စုံသော အဆင့်ကို မရောက်ရှိမီ ကန့်သတ်ချက်များမှာလည်း လွန်စွာ များပြားပေသည်။

သို့သော် အောင်မြင်သွားသည်နှင့်​ ၊ ကြယ်​​ နှင့်လကိုတောင် မျိုချနိုင်​သည်ဟု ​ပြောရပေမည်။

“ အကြီးအကဲ ပိုင် ၊ စိတ်မပူပါနဲ့၊ အခုက အချိန်ပရမ်းပတာ စီးဆင်းနေဆဲ ကာလမို့လို့ ဘယ်သူမှ ပါဝင်လို့ မရနိုင်ဘူး”

ပိုင်ယွီသည် မျက်မှောင်ကြုတ်ထားဆဲပင် ဖြစ်ပြီး ဘာမှ ဝင်မပြောချေ။ သူမသည် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး

“ ဒါဟာ လွဲမှားမှုတစ်ခု ဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ်”

သို့သော် သူတို့သည် ဤဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည့် အခိုက်အတန့်မှာပင်။

ချင်းချုံ မြေခွေးမျိုးနွယ်စုသည် စိတ်ပျက်အားငယ်မှု ချောက်နက်ကြီးဖြင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

  အပိုင်း(၁၀၇) : အချိန်ကျပြီ ၊ သေလမ်းကို သွားဖို့

  ဘုန်း!

လှပသော အသွင်ပုံရိပ်သည် အဝေးတစ်နေရာသို့ ပျံ့လွှင့်သွားခဲ့ပြီး မြေပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့သည်။ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်မှာ မြင်ရသူအဖို့ သိပ်ကို သနားစရာကောင်းပေသည်။

“ နတ်ဘုရားမ!”

ချင်းချုံမျိုးနွယ်စု၏ ပါရမီရှင်များသည် ထိတ်လန့်နေကြပြီး သူတို့၏ နတ်ဘုရားမကို ကူညီရန် ဟန်ပြင်လိုက်ကြသည်။

“ဒီကို မလာခဲ့နဲ့!”

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူမ၏ မျိုးနွယ်ဝင်များကို တားစီးလိုက်ပြီး မြေပြင်ပေါ်မှ ရုန်းကန်ပြီး ထရန် ကြိုးစားလိုက်သည်။

ယခင်က ရှိခဲ့သော လျစ်လျူရှုများ ပျောက်ကွယ်ကာ ယင်းအစား ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

သူမလို နတ်ဘုရားမ တစ်ယောက်က ဒီလို အရှက်ခွဲတာကို ငြိမ်ခံနေမတဲ့လား?

ထို့အပြင် ရန်သူသည် လူသားမျိုးနွယ်စုက ဖြစ်နေသည်။

သူမအနေဖြင့် အထင်သေးဆုံးသော အရာတစ်ခုကို ဖော်ပြရလျှင် လူသားမျိုးနွယ်ပင် ဖြစ်သည်။ ပျော့ညံ့သော ခန္ဓာကိုယ် ၊ အလယ်အလတ် အရည်အချင်းများဖြင့် ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်သော သူများကို အဘယ်နည်းဖြင့် မွေးထုတ်ပေးနိုင်မည်နည်း။

“ အောက်ဟန့်အစီအရင်၊ ရေခဲ နတ်ဘုရားတိုင် !”

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် လက်သင်္ကေတဖြင့် မှော်အစီအရင်ကို ထပ်မံ အသက်သွင်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ကြီးမားသော မှော်စက်ဝိုင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

စက်ဝိုင်း တခါလှည့်လိုက်တိုင်း ၊ ကောင်းကင်ယံမှ ရေခဲတိုင်ကြီး ကျဆင်းလာသည်။

ဘုန်း! ဘုန်း! ဘုန်း!

ဧရာမ ရေခဲတိုင်ကြီးသည် ကောင်းကင်နှင့် ချိတ်ဆက်ထားသကဲ့သို့ ၊ အေးစက်သော အငွေ့အသက်များက ပတ်ဝန်းကျင်၏ လေထုအပူချိန်ကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။

  ချွင် ချွင်!

မှော်သင်္ကေတများက ရေခဲတိုင်ပေါ်တွင် တဖျပ်ဖျပ် ခတ်နေပြီး ၊ ရေခဲသံကွင်းကြိုးများ ထွက်ပေါ်လာကာ တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသည်။

ဝီ!

ထို့နောက် ချက်ချင်းဆိုသလို၊ ကောင်းကင်နှင့်

ချိတ်ဆက်ထားဟန် ရှိသော ရေခဲတိုင်ကြီးသည် အေးစက်သော လမင်းကြီးကဲ့သို့ အပြာရောင်အလင်းတန်းများနှင့်အတူ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ၊ ဆီးနှင်းခဲ အတားအစီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ စူးချန်ကဲကို ဖုံးအုပ်လိုက်သည်။

ရေခဲ‌ အငွေ့အသက်များက ဤကမ္ဘာကြီးထဲတွင် အဆက်မပြတ် စုဝေးသွားပြီး စူးသဏ္ဍာန်ရှိ ဆီးနှင်းခဲများ အဖြစ်သို့ ပြောင်းလဲသွားကာ

ကောင်းကင်ယံတွင် လွင့်မျောလို့နေသည်။

“ကျစေ!”

အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ အမြီးကိုးချောင်းမှာ မြင့်မြင့် ထောင်တတ်သွားပြီး ၊တစ်ချိန်တည်းမှာပင် တောက်ပသောအလင်းရောင်များကို ထုတ်လွှတ်လိုက်သည်။

ဝှစ် !

ကောင်းကင်ယံရှိ ဆီးနှင်းခဲစူးများသည် ဥက္ကာခဲများ ဝေဟင်ကို ဖြတ်၍ ဖြာကျနေသကဲ့သို့ ၊ မိုးကောင်ကင်မှ ဆီးနှင်းခဲများဖြင့် စီရင်ချက်ချလိုက်သလိုမျိူး စူးချန်ကဲဆီသို့ ကျဆင်းလာခဲ့သည်။

“အလွန် အစွမ်းထက်တဲ့ စွမ်းအားရဲ့ ရှေ့မှာ အရေအတွက်က ဘာမှအရေးမပါဘူး “

စူးချန်ကဲသည် သူ့ ညာလက်ဖြင့် ဓားကို ထိန်းချုပ်ထားသည်။

ကောင်းကင်နှင့် မြေကြီးကိုတောင် ဖြတ်တောက်ပစ်နိုင်သည့် စွမ်းအားများပါဝင်သော အကြင်နာကင်းမဲ့သည့် အဆုံးမဲ့ ဓားဆန္ဒများက သူ့မျက်လုံးများထဲတွင် ပြည့်နှက်နေသည်။

“ဖြတ်စေ!”

အလွန်တောက်ပသော ဓားအလင်းတန်းတစ်ခုသည် အကြင်နာကင်းမဲ့သော ရောင်ဝါများနှင့်အတူ ‌ဤနေရာတစ်ခုလုံးကို ကြယ်ပွင့်များ အဖြစ် ချန်ထားရစ်ခဲ့သည်။

ဆီးနှင်ခဲများသည် မည်မျှပင်အေးစက် ပြင်းထန်ပါစေ ၊ခမ်းနားထည်ဝါသော ဓားစွမ်းအင်၏ ရှေ့မှောက်တွင် ၎င်းတို့အားလုံး ဝမ်းနည်းစွာဖြင့် ပျောက်ကွယ်သွားရသည် ။

ဓားစွမ်းအင် သွားလေရာနေရာတိုင်း ဆီးနှင်းခဲများ ငြိမ်သက်သွားခဲ့ရသည်။

  ကွဲအက်သံ!!

ဓားစွမ်းအင်သည် ရေခဲအတားအဆီးကို ချက်ချင်းဆိုသလို ဖြိုခွဲလိုက်ကာ တိမ်တိုက်၏ အနက်ရှိုင်းသို့ ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီး ၊ထို့နောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”

အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ မျက်နှာသည် ဤမြင်ကွင်းကြောင့် ပို၍ တုန်လှုပ်သွားပြီး ဖြူဖျော့သွားခဲ့သည်။

ခန္ဓာအရာမှာလည်း ပြိုင်ဘက်ကင်းသလို၊ ဓားရေးအရာမှာလည်း အနှိုင်းမဲ့သည်သာ။

ဒီလိုလူသားမျိုး ဘယ်လိုလုပ် တည်ရှိနိုင်မှာလဲ?

စူးချန်ကဲ၏ မျက်လုံးများသည် အေးဆေးနေပြီး ၊ သူ၏ အဖြူရောင် အဝတ်စလေးက ပေါ့ပေါ့ပါးပါးဖြင့် ကခုန်နေသည်။သူသည် တည်ငြိမ်သော အမူအယာဖြင့် ဆိုခဲ့သည်။

“ အကွက်တွေ ကုန်ပြီဆိုလည်း သေလမ်းသွားဖို့ အချိန်ရောက်ပြီ “

“ အရူးကောင်! မင်းကများ ငါတို့ နတ်ဘုရားမကို ဒီလိုပြောရဲတယ် ၊ အရမ်းကို သတ္တိရှိနေတယ်ပေါ့!”

ချင်းချုံမြေခွေးမျိုးနွယ်စု၏ ပါရမီများမှာ လွန်စွာ ဒေါသဖြစ်နေကြသည်။စူးချန်ကဲ၏ အပြုအမူသည် ချင်းချုံမြေခွေးမျိုးနွယ်စုကို အလေးအနက်မထားရာ ရောက်ပေသည်။

“မင်းအနိုင်ရသွားပြီလို့ မထင်လိုက်နဲ့၊ ငါ့ကို ဒီအကွက်ကို ထုတ်သုံးအောင် လုပ်နိုင်ခဲ့တဲ့ မင်းကိုယ်မင်း ဂုဏ်ယူလိုက်သင့်တယ်!”

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် အေးစက်စွာ နှာမှုတ်လိုက်သည်။အရင်က ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် နေခဲ့သော သူမသည် ယခုအခါတွင် လူသားတစ်ယောက်က သူမအား အမျက်ဒေါသ ဖြစ်စေသည့်အထိ ပြုလုပ်နိုင်ခဲ့သည် ။

“ကောင်းပြီလေ ၊ မင်းမှာ ကျန်နေသေးတဲ့ အကွက်တွေ ရှိသေးရင် ထုတ်သုံးလိုက်”

စူးချန်ကဲ က ဖိတ်ခေါ်သော အမူအရာကို ပြုမှုလိုက်ရင်း ဆိုလိုက်သည်။

“မသေခင် လူ့လောကမှာ နောက်ဆုံး အနေနဲ့ ဖျော်ဖြေပွဲတစ်ခု ချန်ထားခဲ့တာလည်း ဒီကမ္ဘာကြီးအတွက် အမှတ်တရတစ်ခု ဖြစ်တာပေါ့”

အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ နှလုံးသားထဲတွင် သတ်ဖြတ်ချင်သော စိတ်ဆန္ဒများ တဟုန်ထိုး မြင့်တတ်လာခဲ့သည် ။

သူမသည် မူလက တိုက်မြေသုံးထောင်က ကျင့်ကြံသူများကို သတ်ဖြတ်၍ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အရင်းအမြစ်များကို သိမ်းပိုက်ရန် စီစဉ်ခဲ့သည်။

သို့သော် သူမ ဒီလူသားကိုတော့ သတ်ရန် ဆန္ဒမရှိပေ။ ထိုအစား ထိုလူသားအား အနာကျင်ဆုံး နည်းလမ်းဖြင့် နှိပ်စက်လိမ့်မည်ပင်။

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခက်အနေအထားဖြင့် သူမ၏ လက်များကို လှုပ်ရှားလိုက်သည်။

ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး အနည်းငယ် မှောင်မိုက်သွားပြီး ၊ အေးစက်သော အပြာရောင် ရေခဲစများက ဤကမ္ဘာကြီးတစ်ခုလုံးကိုဝန်းရံထားသည်။အအေးဓာတ် လွန်ကဲမူက ဤလောကကြီးထဲ အချိန်အတော်ကြာသည့်အထိ သဲလွန်စများကို ချန်ရစ်ထားခဲ့မည့်ပုံပင် ။

ဆီးနှင်းခဲပြာ စွမ်းအင်သည် အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ လက်ဖဝါးဆီသို့ အဆက်မပြတ် စီးဝင်လျက် အသွင်တစ်ခု ဖွဲ့စည်းသွားသည်။

ခရက် ! ခရက် ! ခရက် !

ဤကမ္ဘာကြီးထဲတွင် လွန်စွာ ထူးဆန်းစွာ အအေးဓာတ်များ ရှိနေသကဲ့သို့ ၎င်းအအေးဓာတ်သည် ပါရမီရှင်တချို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများကိုတောင် အေးခဲသွား စေသည်။

“ဒါက ငါတို့မျိုးနွယ်စု အောက်ဟန့် အစီအရင်ရဲ့ နောက်ဆုံးအကွက်များလား!?”

“မင်းမမှားဘူး။ ဒီလိုအေးစက်တဲ့ ရောင်ဝါမျိုးက ဒဏ္ဍာရီထဲက အကွက်ကလွဲရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ ၊ ငါတို့ နတ်ဘုရားမ တကယ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့မယ်လို့ မမျှော်လင့်ထားဘူး”

“မာနကြီးလွန်းတဲ့ ဒီလူသား သေကို သေရမှာပဲ!”

ချင်းချုံမြေခွေးမျိုးနွယ်စု၏ ပါရမီရှင်များစွာသည် ဤအေးစက်လွန်းသော ရောင်ဝါကို ခံစားမိသော်လည်း ၊ သူတို့၏ မျက်နှာများမှာ အလွန် စိတ်လှုပ်ရှားနေသည်။

ချင်းချုံမြေခွေးမျိုးနွယ်စု၏ နတ်ဘုရားမသည် ဒဏ္ဍာရီတစ်ခုကို ထပ်မံ ဖန်တီးပြနိုင်ခဲ့သည်။

အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ အနီရောင် မျက်လုံးများထဲတွင် ရေခဲအမှုန်အမွှားများဖြင့် လင်းလက်နေပြီး၊ သူမ၏ အမြီးကိုးချောင်းမှာလည်း ဆီးနှင်းခဲများနှင့် ဖုံးအုပ်ထားသည်။

လွန်စွာ ချမ်းအေးသော အအေးဓာတ်သည် ဗဟိုဖြစ်သော သူမထံမှ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

“အောက်ဟန့် အစီအရင် ၊ လုံးတဥဿုံ အေးစက်မှု!”

ရေရွတ်အပြီးတွင် ၊ အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူမ၏ လက်ထဲက ရေခဲပြာရောင် အလင်းလုံးကို ဖောက်ကွဲပစ်လိုက်သည်။

ဘုန်း!

ထိုရေခဲပြာရောင် အလင်းတန်းထဲတွင် ကမ္ဘာပေါ်ရှိ အအေးဆုံးသော အငွေ့အသက်တို့ ပါဝင်နေပြီး ဖြတ်သန်းသွားလေရာ နေရာတိုင်း မြေကြီးပင်လျှင် အလွန်ထူထပ်သော နှင်းခဲများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်

“ မြန်မြန် ရှောင် “

တချို့သော ပါရမီရှင်များဆိုရင်ဖြင့် အချိန်မီ မရှောင်နိုင်လိုက်ဘဲ ၊ ၎င်းစွမ်းအား၏ နောက်ဆက်တွဲ အနေဖြင့် ရေခဲပန်းပုရုပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ဤမြင်ကွင်းသည် ပါရမီရှင်များစွာ၏ အမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည် ။

ရေခဲပြာရောင် အလင်းလုံးသည် မည်မျှတောင် ကြောက်စရာကောင်းလိုက်သနည်း။

သို့သော် စူးချန်ကဲသည် ဤမြင်ကွင်းကို မလှုပ်မယှက်ဘဲ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

“ငါ့ရဲ့ ဓားနယ်ပယ်ဆိုရင်ရော အဲဒါကို ခံနိုင်ရည် ရှိပါ့မလား?”

သူ ရုတ်တရက် စိတ်ဝင်စားလာပြီး ၊ သူ့ဓားနယ်ပယ်ရဲ့ ခံစစ်စွမ်းအားကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် အမြီးကိုးချောင်း မြေခွေးမိန်းကလေးက လှောင်ပြောင်သော အကြည့်များဖြင့်။

“လူသားက လူသားပဲ ၊ ဘယ်လောက်ပဲ မာနကြီးပြပြ နောက်ဆုံးတော့ သေရမှာပဲ”

“ အမ်? ဒါနဲ့ ဒီကောင်က ဘာလို့ မလှုပ်ရှားသေးတာလဲ ?”

ကူလင်အာ သည် ယခင်တိုက်ပွဲအပြီးတွင် လုံးဝ ခြားနားသော အမြင်မျိုး ရှိခဲ့သည်။သူမနှင့် အမြီးကိုးချောင်း မြေခွေးမိန်းကလေးကြားက စွမ်းအားသည် လွန်စွာ ကွာခြားချက်မရှိပေ။

ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ၊ စူးချန်ကဲသည် ပြိုင်ဘက်ကို အသာလေး ချေမှုန်းနိုင်သည်။

သို့သော် စူးချန်ကဲတစ်ယောက် အချိန်အတော်ကြာ တိုက်ပွဲဝင်နေတာကို မြင်တော့ ၊စူးချန်ကဲသည် တဖက်လူ၏ တိုက်ခိုက်မှုအပေါ် အလေးအနက် မရှိမှန်း မြင်လာရသည် ။

ရုတ်တရက်ဆိုသလို စူးချန်ကဲ အရင်က ပြောခဲ့ဖူးသော စကားများကို အမှတ်ရမိခဲ့သည်။

“မသေခင် လူ့လောကမှာ နောက်ဆုံး အနေနဲ့ ဖျော်ဖြေပွဲတစ်ခု ချန်ထားခဲ့တာလည်း ဒီကမ္ဘာကြီးအတွက် အမှတ်တရတစ်ခု ဖြစ်တာပေါ့!”

ကူလင်အာ တုန်လှုပ်သွားပြီး မျက်မှောင်ကြုတ်သွားလေသည်။

ဒီကောင် ဒီရဲ့ တိုက်ပွဲကို ဂိမ်းတစ်ခုလို သဘောထားနေတာလား?!

လူတော်တော်များများအတွက် အသက်နဲ့ ရင်းပြီး တိုက်ရတဲ့ တိုက်ပွဲတစ်ခုက ၊သူ့အတွက်ကတော့ ဂိမ်းတစ်ခုတဲ့လား?

“ တကယ်ကို ထူးဆန်းတဲ့အကောင်!”

ကူလင်အာ တုန်လှုပ်ခြောက်ခြားသွားသည်။သို့သော် တွေးကြည့်ပြီးနောက်တွင် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော အရည်အချင်းမျိုး မရှိခဲ့ပါက သူတို့ ရှေးနတ်ဆိုးမျိုးနွယ်စုက ယခုလို လိုလိုလားလား လက်နက်ချခဲ့ပါမလား ဆိုတာကို သဘောပေါက်လာခဲ့ရသည်။

   ဝုန်း !

ရေခဲပြာရောင် အလင်းလုံးသည် စူးချန်ကဲ နှင့် ပေပေါင်းများစွာ အကွာတွင် ရှိနေပြီး ၊စူးချန်ကဲ၏ ဓားနယ်ပယ်ဖြင့် ပိတ်ဆို့ခံထားရကာ ရုတ်ချည်း ပေါက်ကွဲသွားခဲ့သည်။

နှင်းကြယ်ပွင့်များ ပေါက်ကွဲသွားသကဲ့သို့ ၊နှင်းခဲမုန်တိုင်းတစ်ခုသည် မိုင်ပေါင်းရာနှင့်ချီသော ရေခဲကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည် ။

အားနည်းသော ပါရမီရှင် တချို့မှာ ၎င်းနှင်းခဲမုန်တိုင်းထဲသို့ ပါဝင်သွားခဲ့ရပြီး အေးစိမ့်လွန်းသော အငွေ့အသက်များကြောင့် အေးခဲသွားခဲ့ရသည်။ တဖန် နောက်ဆက်တွဲအနေဖြင့် ရေခဲမှုန်များ အဖြစ်သို့ ပျံ့ကြဲသွားခဲ့သည်။

ပေါက်ကွဲမှုကြီး၏ အလယ်ဗဟိုတွင် ခံ့ညားထည်ဝါစွာ တည်ရှိနေသော ဧရာမရေခဲတောင်ကြီးလည်း ရှိ‌နေသည်။ ဆီးနှင်းခဲများသည် လွန်စွာ ထူထပ်ပေရာ ရေခဲတောင်ကြီးပင်လျှင် အနည်းငယ် အမှောင်ဖုံးနေသလိုပင် ။

ဘေးပတ်ပတ်လည်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ၊ ဝတ်ရုံဖြူဖြင့် ဂုဏ်ယူဝံ့ကြွား နေတတ်သော ရုပ်သွင်ကို မည်သည့်နေရာမှ မတွေ့ရတော့ဘဲ ၊ ထို့အစား အလယ်ဗဟိုတွင် အလွန်အေးစက်သော ရေခဲတောင်တစ်ခုသာ ကျန်ရှိခဲ့လေသည်။

“သနားစရာပဲ၊ ငါ လုပ်တာ ပြင်းအားများသွားတယ် “

မူလက စူးချန်ကဲကို အရှင်လတ်လတ် ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်ရန် ကြံရွယ်ခဲ့သော အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် နှမြောတသစွာဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

သူမ၏ ရိုက်ချက်သည် အားပြင်းလွန်းသောကြောင့် ပြိုင်ဘက်ကို မတော်တဆ အေးခဲသွားစေခဲ့သည်။

“နတ်ဘုရားမ သည်သာ အနှိုင်းမဲ့!”

“မာနကြီးတဲ့ လူသားမျိုးနွယ်ကို နှိမ်နှင်းနိုင်တဲ့

နတ်ဘုရားမ ၊ ကျန်ရှိသူတွေကိုပါ ကျွန်တော်တို့နဲ့အတူ တိုက်ထုတ်ကြစို့ “

‌မြေခွေးမျိုးနွယ်ဝင် ပါရမီရှင်များမှာ တိုက်ပွဲဝင် စိတ်ဓာတ် တဖန် ပြန်လည်တတ်ကြွလာခဲ့ပြီး လူသားမျိုးနွယ်၏ ကျန်ရှိသော ပါရမီရှင်များကို လိုက်လံဖမ်းဆီးရန် ကြံစည်ခဲ့ကြသည်။

သို့သော် ထိုအခိုက်အတန့်တွင်၊ အသံတစ်ခုက အားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

“ဒါက မင်းရဲ့နောက်ဆုံးဖျော်ဖြေမှုပဲလား”

“ငါက‌တော့ အထင်ကြီးစွာနဲ့ စောင့်နေတာ ၊ ဒီတိုင်း အချိန်ဖြုန်းလိုက်တာပဲ”

တိုက်ပွဲကို အဆုံးသတ်ရန် ဟန်ပြင်နေ‌ခဲ့သော အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် မယုံကြည်နိုင်စွာ ရပ်တန့်သွားသည်။

  “ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!!”

  ကွဲအက်သံ !

ဧရာမ ရေခဲတောင်ကြီးမှ အက်ကွဲကြောင်းများ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။

အထဲမှ ရောင်စဉ်အလင်းတန်းများ လျှံကျလာခဲ့သည် ။

အက်ကွဲကြောင်းများမှ တဆင့် အဆက်မပြတ် အရည်ပျော်ကျနေပြီး ပင့်ကူမျှင်ကဲ့သို့ အရိပ်အမြွက်များ ဖြစ်ပေါ်နေသည်။

နတ်အလင်းများကလည်း ပို၍လျှံကျလာသည်မှာ လွန်စွာ စူးရှတောက်ပလွန်းသည်။

ဘုန်း!

ရေခဲတောင်ကြီး၏ ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဉ်စွမ်းအားမုန်တိုင်းကြီးသည် ကောင်းကင်ပြင်အနှံ့ ရေခဲပုံဆောင်ခဲများကို သယ်ဆောင်လာခဲ့ပြီး လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

ရင်းနှီးကျွမ်းဝင်မှုရှိသော ဝတ်ရုံဖြူ ပုံရိပ်လွှာသည် ဆီးနှင်း အခိုးအငွေ့များ ကြားထဲတွင် ဂုဏ်ယူစွာဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ပတ်ဝန်းကျင်က အအေးထုကြီးနဲ့ စာရင် လူတိုင်းကို တုန်လှုပ်ချောက်ချားစေခဲ့သော အရာမှာ သူ့၏ အေးစက်လှသော အကြည့်များပင် ဖြစ်သည် ။

အလွန့် အလွန်ကို အေးစက်လွန်းပေသည်!

နတ်ဘုရား၏ စီရင်သံကဲ့သို့ အေးစက်သော ၎င်း၏ အသံသည် အရပ်ရပ်၌ ပဲ့တင်ထပ်ကုန်လေ၏။

“အချိန်ကျပြီ”

“ နတ်ဘုရားမ ၊ မင်း သေလမ်းကို သွားဖို့အချိန်ရောက်ပြီ”

အပိုင်း(၁၀၈) :ကမ္ဘာပေါ်မှာ ပါရမီရှင် သန်းပေါင်းများစွာ ရှိတောင် ခြေနင်းကျောက်သာသာပဲ

စကားအဆုံးတွင် စူးချန်ကဲ၏ ပုံရိပ်လွှာသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ၊မည်သည့်အရိပ်အယောင်မှ ရှာမတွေ့ခဲ့ပေ။။

အမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူမ၏ ရန်သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အခိုက်အတန့်တွင် စူးချန်ကဲသည် လက်ဦးသွားခဲ့ပြီ ဖြစ်သည်။

ဘုန်း! !

တခဏချင်းမှာပင် ၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

“သွေးအန်သံ “

အလွန်တရာမျှ တန်ခိုးကြီးသော စွမ်းအားသည် အမြီးကိုးချောင်း မြေခွေးမိန်းကလေးကို ချက်ချင်းဆိုသလို ချေမှုန်းလိုက်ရာ ၊ သွေးများ လေဟာပြင်ထဲသို့ ပြန့်ကျဲ ကျရောက်လာခဲ့သည်။

  ဝုန်း !

“ နင် ..”

မြေခွေးမိန်းက‌လေးသည် မြေပြင်မှ ထရန် ရုန်းကန်ရင်း ၊ ကြမ်းတမ်းခက်ထန်သော စကားများကို မဆိုရသေးခင် အေးစက်သော လက်တစ်စုံက သူမ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။

ထို့နောက် စူးချန်ကဲသည် သူမ၏ ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်တင်လိုက်သည်။

စူးချန်ကဲ၏ လက်ပေါ်က ကြီးကျယ်ခမ်းနားသော စွမ်းအားသည် သူမကို အသက်ရှူကျပ်စေခဲ့သည် ။

အအေးဓာတ်ကို ထိန်းချုပ်နိုင်သူမှာ သူမ ဖြစ်လင့်စကား ၊သို့သော် စူးချန်ကဲ၏ အကြည့်များက သူမတစ်ကိုယ်လုံးကို ခိုက်ခိုက်တုန်သွားစေသည်။

ဤအရာသည် အထင်အမြင်သေးခြင်း၏ ရလဒ်ပေတည်း။

“ နတ်ဘုရားမ!”

“မင်းသေချင်နေတာလား !ငါတို့ နတ်ဘုရားမကို လွတ်လိုက်!”

ချင်းချုံ မြေခွေးမျိုးနွယ်စုဝင် ပါရမီရှင်များသည် ဒေါသတကြီးဖြင့် ၎င်းတို့၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ စူးချန်ကဲဆီသို့ ချီတတ်လာကြသည်။

“မင်းတို့ကများ အတင့်ရဲလိုက်တာ!”

စူးချန်ကဲသည် ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဘုန်း !

တရားဓမ္မနှင့် မှော်သင်္ကေတများ ရောယှက်ထားသော ကောင်းကင်ယံကြီးကိုတောင် ဖုံးအုပ်ထားနိုင်သည် ဧရာမ လက်ဝါးပြင်ကြီးသည် ချင်းချုံ မြေခွေးမျိုးနွယ်စုဝင်များကို နှိပ်ကွပ်ရန် ဦးတည်လာခဲ့သည်။

ကမ္ဘာကြီးကိုတောင် ဖြိုခွင်းနိုင်သော အဖျက်စွမ်းအားများ ရှိနေသကဲ့သို့ ကျရောက်သွားလေရာ နေရာတိုင်း ‌ခြေတွေလက်တွေ ကျိုးပဲ့ပျက်စီးခဲ့ရသလို သွေးများ ပြန့်ကျဲ့‌နေလေသည်။

လက်ဝါး တစ်ချက်တည်းဖြင့် နေရာတစ်ခုလုံး အနန္တဖြစ်ခဲ့ရသည်။

ဘာမှ မတုံ့ပြန်လိုက်ရသော ‌မြေခွေးမျိုးနွယ်စုဝင် လူတစ်ချို့မှာ နောက်ဆက်တွဲအနေဖြင့် သတိလစ်သွားကြပြီး ပရမ်းပတာ ဖြစ်ခဲ့ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော အမြီးကိုးချောင်း မြေခွေးမိန်းကလေးမှာဖြင့် လုံးဝ ဖြူဖျော့သွားခဲ့သည်။

“ဒါကမှ သူ့ရဲ့ ခွန်အားအစစ်အမှန်လား ?”

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး!”

ပျော့ညံ့‌သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လူသားတစ်ယောက် အနေဖြင့် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည့်အပေါ် သူမ လက်မခံနိုင်‌ပေ။

“မင်း ကံကောင်းတယ်၊ မင်းမသေခင် မင်းနဲ့အတူ အဖော်ပြုပေးမယ့် မျိုးနွယ်စုဝင်တွေအများကြီးပါ့လား “

“အခု မင်းအလှည့်ပဲ !”

စူးချန်ကဲ၏ ပြုံးရယ်နေသော မျက်လုံးများသည် အေးစက်မှုအဖြစ်သို့ ပြောင်းလဲသွားသည် ။

ထိုအမြီးကိုးချောင်း မြေခွေးမိန်းကလေးသည် သူ့အား သတ်ရန် အပြီးတိုင် ဆုံးဖြတ်ထားကြောင်း သူ သိသည် ။အကယ်၍ ထိုမိန်းကလေးကို ချန်ထားလိုက်ပါက နောင်တစ်ချိန်တွေ ခေါင်းရှုပ်စရာများ ဖြစ်လာပေလိမ့်မည်။

“လူသား၊ မင်းရဲ့ လက်ညစ်ပတ်တွေကို လွှတ်ဖို့ ငါ အကြံပေးမယ်!”

ထိုအချိန်တွင် အဝေးမှ လူငယ်တစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကိုကြားလိုက်ရချိန် ချင်းချုံမြေခွေးမျိုးနွယ်စုဝင်များ အနေဖြင့် စိတ်ပျက်အားငယ်မှုမှ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့လိုက်ရသလိုမျိုး စိတ်ဓာတ်များ တဖန် တတ်ကြွလာခဲ့သည် ။

“အဲဒါ ထျန်းဇီ လူကြီးမင်းပဲ!”

“ချန်ရှန်း ထျန်းဇီ နိုးလာပြီ ၊ ငါတို့ မရှုံးသေးဘူး!”

မြေခွေးမျိုးနွယ်စုဝင် ပါရမီရှင်အားလုံး ရိုသေလေးစားသော အမူအရာများဖြင့် မိုးကုပ်စက်ဝိုင်းဆီသို့ မော်ကြည့်နေကြသည်။

ထိုနေရာ၌ ဝတ်ရုံနက် အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ကိုပစ်လျက် ၊သူ၏ ရွှေဝါရောင် မျက်ဝန်းများ ဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ပေးနေ၏။

ပိုပြီး ထိတ်လန့်စရာကောင်းသည်မှာ သူရပ်နေသည့် နေရာတဝိုက်တွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် မှန်သမျှ သူ့ဆီသို့ ဖြည်းဖြည်းချင်း စုဝေးလာခြင်းပင် ဖြစ်သည်။

အမည်မသိ စွမ်းအားတစ်ခုက ၎င်းတို့ကို စုပ်ယူမျိုချနေသလိုပင်။

သူသည် ချင်းချုံ မြေခွေးမျိုးနွယ်စုဝင် ကောင်းကင်ဘုံ၏ သားတော်(ထျန်းဇီ) ပိုင်ချန်ရှန်း ပင်။

သူသည် စူးချန်ကဲရှိရာ ဉီးတည်ဘက်သို့ ဖြည်းညှင်းစွာ လွင့်မျောလာခဲ့ပြီး စူးချန်ကဲအား ငုံ့ကြည့်လိုက်သည်။

“မင်းကို ဆယ်စက္ကန့် အချိန်ပေးမယ် မဟုတ်လို့ကတော့”

စကားအဆုံးတွင် ထိတ်လန့်ဖွယ်ရာ ကောင်းသော လူသတ်ချင်သည့် စိတ်ဆန္ဒများက သူ၏ မျက်ဝန်းအစုံမှ ထွက်ပေါ်လာခဲ့ပြီး ဝေဟင်မှ ကြီးကျယ်ခမ်းနားသော ဖိနှိပ်စွမ်းအားများ ကျ‌ရောက်လာခဲ့သည်။

လူသားမျိုးနွယ်၏ ပါရမီရှင်များပင်လျှင် ၎င်းတို့၏ ခြေထောက်များ တုန်တုန်ယင်ယင် ဖြစ်ခဲ့ရသည့်အထိ ခန္ဓာကိုယ်၏ ရှိသမျှ ခွန်အားအလုံးစုံကာ အသုံးပြုကာ တောင့်ခံထားကြသည်။

သို့သော် တစ်ဖက်တွင်မူ စူးချန်ကဲသည် မျက်နှာ တချက်မှ ပျက်မသွားဘဲ အရင်တိုင်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။

ပိုင်ချန်ရှန်းကလည်း အံ့ဩမသွားပေ။နတ်ဘုရားမကိုတောင် အနိုင်ယူနိုင်ခဲ့ရာ စူးချန်ကဲ၏ အရည်အချင်းမှာ မညံ့မှန်း သူ ခန့်မှန်းနိုင်သည်။

သို့သော် သူနဲ့ နှိုင်းယှဉ်မည်ဆိုပါက ၊

စူးချန်ကဲအား အသာလေး နှိပ်ကွပ်နိုင်မည်ဟု သူကိုယ်သူ ယုံကြည်ထားသည်။

“ သုံးစက္ကန့် ကျန်သေးတယ်!”

တစ်ဖက်သားရဲ့ “ခြိမ်းခြောက်မှု” ကို နားထောင်ရင်း စူးချန်ကဲ က ရယ်လေသည်။

ခြိမ်းခြောက်တယ်ဆိုတာ သူ့လက်သုံးစကားလေ ၊ သူ့လက်သုံးစကားနဲ့ သူ ပြန်ချိန်းခြောက်ခံနေရသတဲ့လား ?

“ငါ စိတ်ပြောင်းသွားပြီ “

စူးချန်ကဲသည် နတ်ဘုရားမကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ပိုင်ချန်ရှန်းက ရယ်၏ ။ သူထင်ထားသည့်အတိုင်း လူသားမျိုးနွယ်သည် ရမ္မက်ကြီးကာသေမှာကို ကြောက်ကြသလို အားနည်းသူ အပေါ် အထက်စီးဆန် အနိုင်ကျင့်တတ်သော သူများပင် ဖြစ်ကြသည် ။

သူသည် အမြီးကိုးချောင်း မြေခွေးမလေးကို ကြင်နာမှုအပြည့်ဖြင့် ကြည့်လိုက်ရင်း ။

“ပိုင်လီမေ့ “

သို့သော် သူစကားမဆုံးခင် ၊

ရုတ်တရက်ဆိုသလို ၊ စူးချန်ကဲ၏ လက်ဖဝါးထက်တွင် ကြောက်စရာကောင်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထူးဆန်းသော အနက်ရောင် ဝဲဂယက်တစ်ခုသည် သူ့လက်ဖဝါးထဲတွင် ဆက်တိုက်ဆိုသလို လည်ပတ်နေသည် ။

ဤသည်မှာ စိတ်ငြိမ်သက်ခြင်း ကျင့်စဥ်၏ ဝါးမျိုးခြင်းစွမ်းအားပင် ဖြစ်သည်။

စူးချန်ကဲ၏ သူတော်စင် တာအို သန္ဓေသားလောင်းသည် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သောကြောင့် စိတ်ငြိမ်သက်ခြင်း ကျင့်စဥ်၏ ဝါးမျိုးခြင်းစွမ်းအားသည် ပို၍ပင် ကြောက်ခမန်းလိလိ ဖြစ်လာခဲ့သည်။

ချက်ခြင်းဆိုသလိုပင် ၊ အမြီးကိုးချောင်း မြေခွေးမိန်းကလေး၏ ဝိညာဉ်သည် ပျက်သုန်းသွားကာ ဝါးမျိုခံလိုက်ရသည်။

နေရာတွင် ရှိနေသော လူတိုင်း အံသြသွားရုံသာမက အနက်ရှိုင်းဆုံးတစ်နေရာက မြေခွေး မျိုးနွယ်စု၏ ဘိုးဘေးများပင်လျှင် ဆွံ့အသွားခဲ့ရသည်။

သူတို့ မျိုးနွယ်စု၏ မျှော်လင့်ချက်ရောင်ခြည် ၊ မျိုးဆက်သစ်လူငယ်များ၏ တစ်ခုတည်းသော အမြီးကိုးချောင်း အသွေးအသားများကို ပိုင်ဆိုင်ထားသော နတ်ဘုရားမ ၊ ခုတော့ သေပြီတဲ့လား?

“ မဆိုးဘူး ၊ သူ့ရဲ့ ဆီးနှင်းခဲဝိညာဉ်စွမ်းအင်က ငါ့ရဲ့ ထိန်းချုပ်မှုကို အားကောင်းစေတာပဲ”

စူးချန်ကဲ၏ စကားများသည် ချင်းချုံ မြေခွေးမျိုးနွယ်စုဝင် အားလုံးကို ထိတ်လန့်စေခဲ့သည်။

သူတို့ မျိုးနွယ်စုအတွက် ဂုဏ်ယူဝံ့ကြွားရသော နတ်ဘုရားမက အရိပ်အယောင် တစိုးတစိမျှတောင် မကျန်ရစ်ဘဲ ဤကဲ့သို့ အဆုံးသတ်သွားခဲ့ရသည်။

  “ကောင်းတယ်”

  “ သိပ်ကောင်းတယ်”

ပိုင်ချန်ရှန်းမှ ပြန်လည် တုံ့ပြန်လာခဲ့သည်။သူ၏ ရက်စက်ကြမ်းကြုတ်သော လူသတ်ချင်သော စိတ်ဆန္ဒများက နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။

စူးချန်ကဲ၏ အပြုအမှုသည် ချင်းချုံမြေခွေး မျိုးနွယ်စုဝင်များကို မထီမဲ့မြင်ပြုယုံသာမက မျိုးနွယ်စု၏ မျက်နှာကိုပါ ပြင်းပြင်းထန်ထန် ပါးရိုက်ခဲ့သည်ပင် ။

“ ချန်ရှန်း သူ့ကို အသက်ရှင်လျက် ဘိုးဘွားပိုင် နယ်မြေကို ဖမ်းခေါ်လာခဲ့!”

ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းမှ အဖိုးအိုတစ်ဦး၏ အသံသည် ခေါင်းလောင်းသံအလား ပဲ့တင်ထပ်သွားခဲ့သည်။

၎င်းတွင် တုနှိုင်းမဲ့ လူသတ်ချင်သော စိတ်ဆန္ဒများ တခဲနက် ပါဝင်နေသည်။၎င်းသည် ‌မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးပင် ဖြစ်သည်။သူတို့သည် ရှေးနတ်ဆိုးများကဲ့သို့ ခန္ဓာကိုယ်ကို ပြသရန် မှော်အစွမ်း မရှိပေ။

အကယ်၍ မိုက်ရူးရဲဆန်စွာ ပြုမူခဲ့ပါက ၊အချိန် နှင့် အာကာသ နိယာမများသည် သူတို့အား အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်သွားပေလိမ့်မည်။

ပိုင်ချန်ရှန်း သည် စူးချန်ကဲအား အေးစက်စွာ ကြည့်နေခဲ့သည်။သူ၏ မျက်လုံးထဲတွင် စူးချန်ကဲသည် ဒီနေ့တွင် သေချာပေါက် သေရမည်ပင်။

ထို့အပြင်၊ ဘိုးဘေးက အသက်ရှင်ရက် ဟုသာ ပြောခဲ့သည်။ လက်ခြေ အပြည့်အစုံ ရှိသင့်သည်ဟု မဆိုခဲ့ပေ။

“လူသား၊ မင်းရဲ့ မသိနားမလည်မှုအတွက် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်!”

စကား အဆုံးတွင် ၊ ပိုင်ချန်ရှန်း၏ ဝင်သက်ထွက်သက်တို့သည် အဆက်မပြတ် မြန်ဆန်လာခဲ့ပြီး ၊ သူ၏ ဘေးပတ်ပတ်လည်တွင် ခရမ်း ရောင်ဝါတို့က ဝန်းရံထားသည်။

ဘုန်း !

ခရမ်းရောင်စွမ်းအင်များ ပွက်ပွက်ဆူလာသည်နှင့် အမျှ ဧရာမ မြေခွေး ခေါင်းကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၊ သူ၏ သွေးစွန်းနေသော ပါးစပ်ကို ဖွင့်ကာ စူးချန်ကဲအား တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

“ဘာမှမသိသူသာလျှင် အကြောက်တရား မရှိ “

စူးချန်ကဲက အေးစက်စွာ ပြုံးရယ်လိုက်သည်။တဖက်လူသည် ယခင်က နတ်ဘုရားမနှင့်အတူ ကံကြမ္မာဆိုးဖြင့် ကြုံတွေ့ခဲ့ရသော ဟင်္သာစုံတွဲလို နှစ်ကိုယ်တူ ရှိချင်ပုံရသည်။

သူ့လို သေမင်းတမန်တစ်ယောက်အနေဖြင့် သူသည် တဖက်လူ၏ စိတ်ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးရမည်ပင်။

သူသည် လက်နှစ်ဖက် နောက်သို့ ပစ်ထား‌ဆဲပင် ဖြစ်ပြီး ရုတ်တရက် မြေပြင်ပေါ်သို့ လှမ်းတတ်လိုက်ပြီး တဖက်လူ၏ ကြောက်စရာကောင်း‌သော တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

ဘုန်း!

မြေကြီးသည် ချက်ခြင်း ကွဲအက်သွားခဲ့ပြီး တောက်လောင်နေသော မီးလျှံများက ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။၎င်းမီးလျှံများ၏ အငွေ့အသက်များက ဤကမ္ဘာကြီးကို လောင်ကျွမ်းပစ်တော့မည့် အတိုင်း။

တဟုန်းဟုန်း တောက်လောက်နေသော မီးတောက်၏ မြည်ဟိန်းသံနှင့် အတူ၊ မီးလျှံများ ရစ်ဝဲထားသော ဧရာမ နဂါးကြီးလည်း ရှိနေသည်။

ဟိန်းသံ!

မီးနဂါးကြီးသည် ကောင်းကင်ကို မျှော်ကြည့်ပြီး မြည်ဟိန်းလိုက်သည်မှာ မြေခွေးတစ်ကောင် ၏ ရန်စခြင်းကို ခံရ၍ အမျက်ဒေါသထွက်နေသကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံးကို သူ၏ နဂါး စွမ်းအားဖြင့် နှိပ်ကွပ်ထားသည်။

ပိုင်ချန်ရှန်း၏ တိုက်ခိုက်မှုကို ချက်ချင်း ဖြိုခွဲလိုက်ပြီး ဒေါသမီးလျှံများက ၎င်းထံသို့ ပြေးဝင်သွားခဲ့သည်။

ဘုန်း !

တခဏချင်းမှာပဲ နတ်မီးလျှံများ တဟုန်းဟုန်း တောက်လောင်ကာ ပေါက်ကွဲကခုန်‌လေသည်။

“စိတ်ဝိညာဉ်အားလုံး တစ်စုတစ်စည်းတည်း ဖြစ်စေလော”

ပိုင်ချန်ရှန်း၏ ရင်ဘက်တွင် ထူးခြားဆန်းကြယ်သော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး စူးချန်ကဲ၏ အသွင်ပြောင်း မီးနဂါးမှာ ၎င်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

“ပိတ်ဆို့!”

သို့သော် သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများ မစတင်ခင် နတ်မီးလျှံများက တစ်ဖန် တဟုန်းဟုန်းတောင်လောင်လာခဲ့သည်။

ကျယ်လောင်သော ဖီးနစ်၏ ဟစ်ကြွေးသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

မီးလျှံတောင်ပံများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၊ကောင်းကင်ကိုတောင် အရည်ပျော်စေနိုင်သည့်အထိ မီးလျှံစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ဧကရီရွှမ်ယွီသည် စူးချန်ကဲအား ပေးအပ်ထားခဲ့သော နတ်ဖီးနစ် အနှစ်သာရနှင့် သွေးတစ်စက်ပင် ဖြစ်သည်။

ဘုန်း !

ကောင်းကင်ယံထိ လျှံတတ်လာသော မီးလျှံများက လေဆင်နှာမောင်း မီးလျှံလှိုင်းများသဖွယ် ပြောင်းလဲသွားခဲ့သည်။ဒါတင်မက ဖီးနစ်ဌက် နှင့် ဧရာမ နဂါး တို့လည်း ပေါ်ထွက်လာခဲ့သည်။

“မဖြစ်ဘူး ! သူတော်စင် ခန္ဓာကိုယ်ကို အသက်သွင်းမှ ဖြစ်တော့မယ်”

သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာဘဲ။

စူးချန်ကဲသည် သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ အေးစက်သော မျက်ဝန်းအစုံတွင် ပိုင်ချန်ရှန်း၏ ထိတ်လန့်နေသော မျက်နှာအသွင်အပြင်တို့က ထင်ဟပ်နေခဲ့သည်။

“လူသား၊ မင်း...”

ဘုန်း!

နတ်မီးလျှံတို့ ပေါက်ကွဲသွားခဲ့ပြီး ပူပြင်း တောက်လောင်သော လှိုင်းလုံးကြီးသည် လေမုန်တိုင်းကဲ့သို့ အရပ်ရပ်သို့ လွင့်ပျံသွားသည်။

မီးလျှံများ က ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။

ဝတ်ရုံနက် လူငယ်လေးသည် ကောင်းကင်ယံမှ လွင့်ပျံကျလာသော မီးပွားများနှင့်အတူ ကျဆင်းလာခဲ့ပြီး ကမ္ဘာမြေကြီး၏ အလွှာများပင်လျှင် ပြိုကျခဲ့ရသည်။

ထိုမြင်ကွင်းကို လူတိုင်း ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။

မီးခိုးငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက်တွင် စူးချန်ကဲ၏ ‌ခြေဖဝါးအောက်တွင် သွေးများဖြင့် စွန်းထင်းနေသော ပိုင်ချန်ရှန်းတစ်ယောက် ရှိနေခဲ့သည်။

သူသည် ပိုင်ချန်ရှန်းအား နှိမ့်ချသော အကြည့်ဖြင့် စိုက်ကြည့်နေသည်မှာ အေးစက်‌သော လနတ်ဘုရားအလား ထင်မှတ်ရသည်။

“ကမ္ဘာပေါ်မှာ ပါရမီရှင် သန်းပေါင်းများစွာ ရှိတောင်”

“ ‌ငါ့အတွက်‌တော့ ခြေနင်းကျောက်သာသာပဲ !”

  အပိုင်း(၁၀၉): တကယ်တော့ ကြိတ်သွန်မြိတ် အကြီးစားပဲ ၊စစ်မှန်သော သူတော်စင် ခန္ဓာကိုယ် ဆိုသည်မှာ

သို့သော် စူးချန်ကဲသည် သူခြေအောက်က ‌မြေခွေးမျိုးနွယ်စု ၏ ထျန်းဇီကို အလွန်စိတ်ဝင်စားမိသည်။

အမြီးတစ်ချောင်းတည်း ရှိသည်ကို ကြည့်ချင်းအားဖြင့် ချင်းချုံ ‌မြေခွေးမျိုးနွယ်စုဝင်များထဲတွင် ထက်မြက်ဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ဟုဆိုရပေမည်။ ဤသို့ဖြင့် ၎င်းသည် ချင်းချုံ‌ မြေခွေးမျိုးနွယ်စု၏ ထျန်းဇီ တစ်ပါးဖြစ်လာခဲ့သည်။

စူးချန်ကဲ၏ မျက်လုံးထဲတွင် ရွှေဝါရောင် မှော်သင်္ကေတများက လှည့်ပတ်စီးဆင်း နေသည်။

ထိုစဉ် ပိုင်ချန်ရှန်း၏ ခေါင်းပေါ်၌ စာကြောင်းတစ်ကြောင်း ပေါ်ထွက်လာသည်။

[ပိုင်ချန်ရှန်း - ကံကောင်းခြင်း တန်ဖိုး : ၃၀၆ 】

“အို...လက်စသတ်တော့ ကြက်သွန်မြိတ် အကြီးစားပဲ”

စူးချန်ကဲ၏ မျက်ဝန်းများမှာ ပို၍ပင် ဝင်းလတ်တောက်ပသွားခဲ့သည်။

[ပိုင်ချန်ရှန်း: တချိန်က ချင်းချုံ မြေခွေးမျိုးနွယ်စုရဲ့ အရှုံးသမားလေး တစ်ယောက် ၊ အချိန်ကာလ လျှို့ဝှက် တစ်နေရာသို့ မတော်တဆ ပြုတ်ကျခဲ့ပြီးနောက် ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်သော အမွေအနှစ်ကို ရရှိခဲ့ရာ ၊ ဒဏ္ဍာရီလာ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို နိုးထစေခဲ့သည်။သို့သော် ဝတ်ရုံဖြု လူငယ်တစ်ယောက်ကြောင့် ကြီးမား‌သော ကံကြမ္မာ အချိုးအကွေ့နှင့် တွေ့ဆုံရလိမ့်မည်]

“ ဝတ်ရုံဖြူ လူငယ်?”

“ မဟုတ်မလွဲရော ငါဖြစ်နိုင်မလား?”

စူးချန်ကဲ၏ စိတ်ထဲတွင် သံသယတချို့ ရှိနေခဲ့သည်။

“ ခွေးကောင်၊ မင်းခြေထောက်ကို ဖယ်လိုက်စမ်း!”

ထိုအချိန်တွင် ပိုင်ချန်ရှန်း၏ ဒေါသတကြီး အသံကြောင့် စူးချန်ကဲသည် အတွေးကမ္ဘာမှ လက်တွေ့အဖြစ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

၎င်းသည် ဖြူဖျော့‌နေပြီး စူးချန်ကဲ၏ ခြေထောက်တွေကို သူ့လက်ဖြင့် ဖယ်ထုတ်ရန် မည်မျှပင် ကြိုးစားနေပါစေ လုံးဝမှ မစွမ်းဆောင်နိုင်ခဲ့ချေ။

အထွပ်အထိပ် တောင်ကြီးသည် သူ့အား နှိပ်ကွပ်ထားသလိုမျိုး ၊ ၎င်းဖိနိပ်စွမ်းအားသည် သူ့ကို အသက်ရှူကျပ်စေသည် ။

“ သေသင့်တဲ့ လူသား ၊ မင်းက ဒီလိုမှတော့ ငါလည်း ဒီလိုပဲ လုပ်ယုံပေါ့!”

ပိုင်ချန်ရှန်းသည် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်သည်နှင့် သူ၏ မျက်ဝန်းများမှ အေးစက်မှုများ လင်းလတ်သွားခဲ့သည်။သူ၏ စုပ်ယူသူတော်စင် ခန္ဓာကိုယ်မှာ အောင်မြင်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်ပေတော့သည်။ယခုအခါတွင် ရရှိခဲ့သော အရှက်တရားသည် သူ၏ သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများကို နိုးကြွလာစေခဲ့သည်။

“ စုပ်ယူ သူတော်စင် ခန္ဓာကိုယ် ၊ ဖွင့်စေ!”

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ပိုင်ချန်ရှန်း၏ ခန္ဓာကိုယ်မှ ချက်ခြင်း ထွက်ပေါ်လာသည်။

၎င်းကြီးမားသော ဝါးမျိုစွမ်းအားသည် ဝဲဂယက်နှင့် တူပြီး ၊ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များက သူ့ဆီသို့ အပြေးအလွှားဖြင့် စုဝေးကုန်လေသည်။

ဘုန်း !

ဤမျှ ကြီးမားသော စွမ်းအားကြောင့် ကမ္ဘာ‌ ‌မြေကြီးမှာ ပြိုကျပျက်စီးရပြီး ၊ နက်ရှိုင်းသော ချောက်နက်ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ဒါ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ပဲ၊ ထျန်းဇီက နောက်ဆုံးတော့ သူ့ရဲ့ ခွန်အားကို စတင် သုံးစွဲလာပြီပဲ”

“စုပ်ယူ သူတော်စင် ခန္ဓာကိုယ်က သူတော်စင် ခန္ဓာကိုယ်ကြားမှာ ထိပ်တန်းကိုယ်ထည်ပဲ ၊ ချင်းချုံ မြေခွေးမျိုးနွယ်စုမှာ ဒီလို သူတော်စင် ခန္ဓာကိုယ် ရှိသတဲ့လား?”

“ဒီရဲ့ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအား စုပ်ယူမှုကို အရှိန်မြှင့်ပေးနိုင်တယ်လို့ ကြားဖူးတယ် ၊ ချန်ကဲ ဆက်ခံသူ ပြသနာများ တွေ့နေမလား?”

ကြည့်ရှုသူများ၏ အမူအရာမှာ ကွဲပြားနေသည်။ လူသားမျိုးနွယ်၏ ပါရမီရှင်များမှာ စိုးရိမ်နေပုံရပြီး ၊ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ပါရမီရှင်များမှာ စိတ်လှုပ်ရှားနေပုံရသည်။

“ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်တဲ့လား? ဘယ်ဆိုးလို့တုန်း!”

“ အကယ်၍ ငါ့ရဲ့ စိတ်ငြိမ်သက်ခြင်းကျင့်စဉ် နဲ့သာ ပေါင်းစပ်လိုက်ရင် ..”

စူးချန်ကဲသည် လူတိုင်း၏ တုံ့ပြန်ပုံနှင့် လုံးဝမတူဘဲ ၊ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ဝမ်းသာနေခဲ့သည် ။

ယခုအခါတွင် သူသည် ကံကြမ္မာဖတ် မျက်လုံး၏ ရှင်းလင်းချက်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ကြီးမားသော အချိုးအကွေ့ ဆိုသည်မှာ သူကိုယ်တိုင် ဆောင်ယူ‌ပေးရမည့် ပုံရပေသည်။

ဤသည်မှာ မထင်မှတ်ထားသော အမြတ်ငွေတည်း။

“ငါစိတ်ပြောင်းသွားပြီ ၊ ဘိုးဘေးရဲ့အမိန့်ကိုဆန့်ကျင်နေတယ်ဆိုတောင် ငါ မင်းကို ဒီမှာ တခါတည်း သတ်ပစ်မယ်!”

ခရမ်းရောင် ရောင်စဉ်များဖြင့် ရေချိုးထားသလား အောက်မေ့ရသည် ပိုင်ချန်ရှန်းသည် သူ့ကိုယ်သူ ယုံကြည်ချက်‌တို့ တစ်ဖန်ပြန်လည်ရရှိကာ ဆိုလိုက်သည်။

သူ့နောက်တွင် ခရမ်းရောင် ရောင်ခြည်စက်ကွင်းကြီး တစ်ခု ရှိနေပြီး ၊၎င်းစက်ကွင်းထဲတွင် နက်ရှိုင်းသော အနက်ရောင် အပေါက်ကြီးတစ်ခုရှိနေသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံးက အလင်းများကို ဝါးမျိုပစ်တော့မည့်အတိုင်းပင်။

ပိုင်ချန်ရှန်း က သူ့ညာလက်ကို မြှောက်တင်လိုက်သည်။

“ကမ္ဘာကို ဝါးမျိုခြင်း!”

ဘုန်း!

ဧရာမ စက်ကွင်းကြီးသည် စူးချန်ကဲကို ချက်ချင်းဖုံးလွှမ်းသွားပြီး၊ အနက်ရောင် အပေါက်ကြီးထဲမှ ဆန်းကြယ်သော ခရမ်းရောင် အလင်းတန်းများ ပွင့်ထွက်လာခဲ့သည်။

ဤကမ္ဘာကြီး၏ တက်ကြွမှုတို့သည် ၎င်း၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး တချို့သော ကြီးမားသော ကျောက်တုံးကြီးများမှာ ဆိုရင်ဖြင့် စုပ်ယူခံလိုက်ရသော အရှိန်ကြောင့် အမှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

“ ပြီးပြည့်စုံတဲ့ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ဆိုတောင် ငါ စူးမျိုးနွယ်က ဂရုမစိုက်ဘူး”

“ပြီးတော့ ခုမှ တခြမ်းပဲ ရှိသေးတဲ့ သူတော်စင် ခန္ဓာကိုယ်က ဒီကမ္ဘာကြီးကို စိတ်တိုင်းကျ လုပ်နိုင်မတဲ့လား?”

စူးချန်ကဲသည် ရှေ့တစ်လှမ်းတိုးလိုက်သည်။

သူ့ခန္ဓာကိုယ် မျက်နှာပြင် တစ်ခုလုံးကို ရွှေဝါရောင် အလင်းများက ဖုံးအုပ်ထားပြီး၊ မှော်သင်္ကေတများက လှည့်ပတ် စီးဆင်းကာ တရားဓမ္မများ ရောယှက်နေသည်မှာ တလက်လက် ဝင်းလက်တောက်ပနေသည်။

သူ ခြေလှမ်း လှမ်းလိုက်တိုင်း၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် ပိုမို အားကောင်းလာပြီး၊ ၎င်း၏ ရွှန်းလဲ့သော အလင်းရောင်သည် ဖြူစင်သန့်ရှင်းမှုများဖြင့် ပြည့်နှက်နေသည်။

အမတ နတ်ဘုရားတစ်ပါး ကြွမြန်းလာသလိုပင်။

“ သူတော်စင် ခန္ဓာကိုယ်ရဲ့ ရူပါရုံ နိမိတ်ဆိုတာ ဘာဆိုတာ ငါ ပြပေးမယ်”

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သူ၏ စကားအဆုံးတွင် ၊ သက္ကတသံစဉ်များ ဝေဆာလျက် သူ့ပတ်ဝန်းကျင် နေရာတစ်ခုလုံး တုန်ခါသွားခဲ့သည်။

ထို့နောက် ခမ်းနားထည်ဝါသော ရုပ်သွင်များ အသီးသီး ပေါ်ထွက်လာခဲ့သည် ။

တောက်ပသော ရောင်စဉ်များနှင့်အတူ ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်နေသော နတ်ဆိုးစွမ်းအင်လည်း ရှိနေခဲ့သည်။

နတ်ဆိုးများက သူ့အား ဦိးညွတ်ထားကြသည်!

စူးချန်ကဲသည် ရှေ့သို့တစ်လှမ်း ထပ်လှမ်းလိုက်သည်။

နဂါးပြာကြီးသည် ကောင်းကင်ကို ဆုတ်ဖြဲလျက် ၊

ကျားဖြူသည် မိုးခြိမ်းသံ တဟိန်းဟိန်းဖြင့် ၊

မီးဌက်သည် ကောင်းကင်တွင် တဟုန်းထိုး တောက်လောက်နေကာ ၊

မြွေလိပ်သည် ဟိတ်ဟန်အပြည့်ဖြင့် ရှိနေသည်။

သားရဲကြီးလေးကောင်သည် ကောင်းကင်ဘုံကို အနိုင်ယူကာ စစ်နတ်ဘုရားနဲ့ စစ်ခင်းတော့မည့်အလား ။

နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။

ထိုစဉ် တောက်ပသော နေလုံးကြီး ဆယ်လုံး ပေါ်ထွက်လာခဲ့သည်။

ပြိုးပြိုးပြက်ပြက်ဖြင့် လွန်စွာ တောက်ပလွန်းပေရာ လူကိုတောင် ထိတ်လန့်တုန်လှုပ်စေသည် ။

ထိုတောက်ပသော နေ ဆယ်လုံးကြီး၏ အထဲတွင် ထင်ရှားပေါ်လွင်သော ရူပါရုံတစ်ခု ရှိနေပြန်သည် ။ ယင်းတို့သည် လောကရှိ အရာခပ်သိမ်းကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း နှင့် စကြာဝဠာရှိ ကြယ်စင်များကို နှိပ်ကွပ်ထားပုံနှင့် တူသည်။

အထူးသဖြင့် ဒဿမမြောက် နေမင်းကြီး၏ ရောင်စဉ်တန်းများသည် အတိတ်နှင့် ပစ္စုပ္ပန်အဖြစ် တောက်ပနေပြီး ကောင်းကင်ဘုံကိုးထပ်က နေမင်းပင်လျှင် ၎င်း၏ တောက်ပမှုကို မယှဉ်နိုင်ပေ။

လူတိုင်းကို ပိုထိတ်လန့်စေခဲ့သည့်အရာမှာ စူးချန်ကဲသည် တာအိုလမ်းစဉ်နှင့် ဓမ္မ၏ ရှိခြင်းတရား သက်သေကို ပြသနေသကဲ့သို့ သူ့ ကိုယ်ပေါ်မှ မြင့်မြတ်သော ရောင်ဝါများ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

ကောင်းကင်သို့ တည့်တည့် ပစ်ခွင်းလွှတ်လိုက်သော နတ်အလင်းရောင်သည် သူ၏ ရုပ်သွင်ကို မကိုးကွယ်ရရင် မနေနိုင်သည့်အထိ ဖြစ်စေသည်။

၎င်းထံမှ ဖြာထွက်နေသော ရောင်ဝါသည် လူတိုင်းကို နတ်ဘုရားနှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားရစေပြီး ၊ လူတိုင်း၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်လျှံသွားစေသည့်အထိ ဖြစ်စေသည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားသည် စူးချန်ကဲ၏ ပထမဆုံး ရူပါရုံ ပေါ်လာသည့် အခိုက်အတန့်မှာကတည်းက ပြိုလဲသွားခဲ့လေပြီ။

စူးချန်ကဲ၏ ဒုတိယ ရူပါရုံ ထွက်ပေါ်လာသော အခိုက်အတန့်တွင် အရာအားလုံး ဖြိုခွဲခံလိုက်ရပြီး ဤနေရာတစ်ခုလုံးသည် စူးချန်ကဲ၏ ပိုင်နက် ဖြစ်သွားခဲ့ပြီပင် ။

“မင်းလည်း သူတော်စင်ခန္ဓာကိုယ်!?”

“မဖြစ်နိုင်ဘူး! သူတော်စင်ခန္ဓာကိုယ်က ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် တန်ခိုးကြီးနိုင်မှာလဲ!”

အံ့သြဖွယ်ရာ ကောင်းသော ရူပါရုံမြင်ကွင်းများကို ကြည့်ရင်း ပိုင်ချန်ရှန်းသည် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

သူသည် တခြားသော သူတော်စင် ခန္ဓာကိုယ်ထည်များ အကြောင်းကို သိရှိထားသည်။သို့သော် စူးချန်ကဲ၏ သူတော်စင် ခန္ဓာကိုယ်နှင့် ရင်ဆိုင်ခဲ့ရချိန်တွင် သူ၏ အသွေးအသားထဲက ကြောက်ရွံ့မှုများ ထွက်ပေါ်လာခဲ့ပြီး လက်‌မြောက်မတတ်ပင်။

သူတော်စင် ခန္ဓာကိုယ်ချင်း တူတူ ကွာဟချက် ရှိသော်လည်း ၊ သို့သော် တကယ်တန်း ဆုံတွေ့မည်ဆိုပါက အလွန် ကြောက်စရာကောင်းသော တိုက်ပွဲကြီး ဖြစ်သွားနိုင်သည်။သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်သည် ပြီးပြည့်စုံခြင်း အဆင့် မရောက်သေးတောင် ဒီလောက်ထိ အားမနည်းပေ ။

သို့သော် စူးချန်ကဲ၏ သူတော်စင် ခန္ဓာကိုယ်နဲ့ ရင်ဆိုင်ရချိန်တွင် သူသည် အဘယ့်ကြောင့် စိတ်ပျက်အားငယ်နေရသနည်း။

“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”

“ ဟုတ်တယ် ! ဟုတ်တယ် မင်း တစ်ခုခု ဖုံးကွယ်ထားတာ ဖြစ်ရမယ် “

ပိုင်ချန်ရှန်းသည် ထိုကဲ့သို့သော အတွေးများဖြင့် သူ့ရင်ထဲက အကြောက်တရားများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည် ။

“ ချန်ရှန်း ! ငါတို့ မှားသွားပါပြီ ၊ မင်း သူ့ကို မယှဉ်ဘူး၊ ဘိုးဘွားပိုင် နယ်မြေကို မြန်မြန် ပြန်လာခဲ့!”

ထိုအချိန်တွင်၊ ချင်းချုံမြေခွေးမျိုးနွယ်စု၏ ဘိုးဘေးများသည် စိတ်အာရုံ ဆက်သွယ်မှုဖြင့် အကြောင်းကြားလိုက်သည်။၎င်းတို့သည်လည်း စူးချန်ကဲ၏ ထူးကဲသော စွမ်းအားကိုလည်း ခံစားခဲ့ကြရသည်။

စူးချန်ကဲတွင် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ရှိနေသည်။၎င်းသည် သူတို့ မြင်ဖူး ကြားဖူးသော အရာများထက် သာလွန်ပြီး သူတို့အနေဖြင့် လုံးဝ မသိနိုင်သော ကမ္ဘာတစ်ခုမှ ဆင်းသက်လာသလိုပင်။

“ကောင်းတယ်၊ ငါ့မျိုးနွယ်စုရဲ့ နတ်ဘုရားမလည်း ကွယ်လွန်သွားပြီ၊ အခု ထျန်းဇီတောင် အန္တရာယ်ထဲ ရောက်ရှိနေပြီ ၊ နင်တို့ တကယ်ကို အမြင်ရှိပါပေတယ်!”

စူးချန်ကဲနှင့် ရန်သူ မဖြစ်ရန် ကန့်ကွက်ခဲ့သော အကြီးအကဲ ပိုင်ယွီမှာ ယခုအချိန်တွင် အလွန်ဒေါသထွက်နေခဲ့သည်။

ချင်းချုံ မြေခွေးမျိုးနွယ်စုဝင်များသည် ဤတစ်ကြိမ်တွင် အလွန် စိတ်ပျက်စရာ‌ကောင်းသော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်မှာ သံသယဖြစ်စရာ မရှိပေ ။

နတ်ဆိုးမိစ္ဆာတစ်ကောင်ကို သူတို့ ရန်စွလိုက်သည်ပင် ။

သူတို့၏ အသိဥာဏ်ထက် ကျော်လွန်နေသော ကိုယ်ရည်ကိုယ်သွေး ၊ထို့အပြင် သူ့နောက်ကွယ်မှ စွမ်းအားများသည်လည်း ၎င်းတို့၏ အသိဉာဏ်ထက် ကျော်လွန်နေခဲ့သည်။

“အခုမှတော့ ဘာလုပ်နိုင်မှာလဲ?”

“ ထျန်းဇီ အရင်ပြန်လာခဲ့ ! အဲ့လူသား ဘယ်လောက်ပဲ ခွန်အားကြီးပါစေ၊ ငါတို့ ချင်းချုံ မြေခွေးမျိုးနွယ်စုရဲ့ ဘိုးဘွားပိုင် နယ်မြေထိ လာတိုက်မတဲ့လား?”

သို့သော် ပိုင်ချန်ရှန်းသည် ဘိုးဘေးများ၏ အမိန့်ကို မလိုက်နာခဲ့ပေ။

ယခုအခါတွင် သူ၏ ကျင့်ကြံအဖော်များမှာ တဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။သူသည် ယခုအချိန်ထိ ဘာမှ မတုံ့ပြန်ရသေးပင်။ တစ်ဖက်လူသည် သူ့အား ယခုလို စော်ကားမော်ကား ပြုမှုနေသည်ကို သူ မည်သို့ လက်ခံရမည်နည်း။

“ငါက ဘာလို့ မင်းလို မဖြစ်ရမှာလဲ!”

ပိုင်ချန်ရှန်းသည် ဒေါသတကြီး ဆိုလိုက်ရင်း သူ့စိတ်ထဲက ကြောက်စိတ်ကို ထိန်းချုပ်လိုက်သည်။

သူသည် သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားအားလုံးကို ပေါက်ကွဲပစ်ထုတ်လိုက်ရာ ကောင်းကင်ကို ဖုံးလွှမ်းသွားသော ခရမ်းရောင် စွမ်းအား ဆူနာမီ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး စူးချန်ကဲဆီသို့ ချီတတ်သွားခဲ့သည်။

ခရမ်းရောင် စွမ်းအား ဆူနာမီ ဖြတ်သန်းသွားသည့် နေရာတိုင်း၊ ဤကမ္ဘာကြီးထဲက ဝိညာဉ်စွမ်းအား နှင့် အရာအားလုံးတို့၏ တက်ကြွမှုများကို ဝါးမျိုသွားခဲ့ပြီး သူ၏ ကိုယ်ပိုင်စွမ်းအားကို တိုးပွားစေခဲ့သည်။

စူးချန်ကဲနှင့် ပေ နှင့်ချီ ကွာဝေးသော တစ်နေရာတွင် အရာအားလုံး နစ်မြှုပ်သွားသကဲ့သို့ ကြီးမားသော ဆူနာမီလှိုင်းလုံးကြီးများဖြင့် ပြည့်နှက်သွားခဲ့သည်။

သို့သော် စူးချန်ကဲသည် တုန်လှုပ်ခြင်း မရှိ ၊သူ၏ မျက်ဝန်းအစုံတို့မှာ ရေကန်အလား ငြိမ်သက်နေဆဲပင် ဖြစ်သည်။

“အရည်အချင်းမရှိတဲ့ အမျက်ဒေါသဟာ အားနည်းသူများ၏ နောက်ဆုံးရုန်းကန်မှုသာတည်း “

သူသည် ကောင်းကင်ကို ဖုံးလွှမ်းထားသော ခရမ်းရောင် စွမ်းအား ဆူနာမီ လှိုင်းလုံးကြီးဆီသို့ ဖြည်းညှင်းစွာ ချည်းကပ်သွားသည် -

“နောက်ဆုံးအနေနဲ့ ငါကိုယ်တော် မင်းကို ပေးသိခွင့်ပြုမယ်”

“စစ်မှန်တဲ့ သူတော်စင် ခန္ဓာကိုယ်ဆိုတာ ဘယ်လိုအရာလဲဆိုတာကိုပေါ့ !”

အပိုင်း(၁၁၀): အကြီးက အကြီးလို မနေရင် ပျက်စီးကိန်းစိုက်ရမည်

နောက်အခိုက်အတန့်တွင် စူးချန်ကဲ၏ ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် ကောင်းကင်ယံထိ မြှင့်တတ်သွားခဲ့သည်။

သူသည် လက်ကို မြှောက်လျက် ၊ လက်ဖဝါးချက်ဖြင့် ရိုက်ချပစ်လိုက်ရာ ၊

ဧရာမ လက်ဝါးကြီး ထွက်ပေါ်လာခဲ့ပြီး ၊ပိုင်ချန်ရှန်းကို ဖမ်းဆုပ်လိုက်သည် ။မြင့်မြတ်သော ရွှေနီတောင်ကြီးကဲ့သို့ ၎င်းသည် ဤကမ္ဘာပေါ်ရှိ ရန်သူအားလုံးကို နှိပ်ကွပ်လိုက်သလိုပင်။

အပြီးအပိုင် ချေမှုန်းခံလိုက်သော ဤစကြဝဠာကြီး၏ ရောင်ဝါတို့မှာ ဖြေးဖြေးချင်း ပြန့်ကျဲသွားလေရာ လူတိုင်း တုန်လှုပ်သွားခဲ့ရသလို ချွေးများ စီးကျရသည့်အထိပင်။

ဤ ရောင်ဝါ ကို တွန်းလှန်ရန် သူတို့၏ ဝိညာဉ်စွမ်းအင်ကိုသာ အသုံးမပြုပါက၊ သူတို့၏ ခန္ဓာကိုယ်များပင်လျှင် ယင်းအရာ၏ ဖိနှိပ်စွမ်းအားကြောင့် အစိတ်စိတ် အမြွာမြွာ ကွဲထွက်သွားနိုင်သည်။

ဘုန်း!

၎င်းထိုးနှက်ချက်သည် လူ့လောကထဲသို့ နေမင်းကြီး ကျရောက်လာခဲ့သလိုမျိုး ခရမ်းရောင် စွမ်းအင် ဆူနာမီ လှိုင်းလုံးကြီးကို တခဏအတွင်းမှာပင် အငွေ့ပျံသွားစေခဲ့သည်။

ပိုင်ချန်ရှန်း၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်သည် ထိုရောင်ဝါ၏ တိုက်ရိုက် နှိပ်ကွပ်ခြင်းကို ခံလိုက်ရ‌သည်။

  “ အဟွတ်!”

ပိုင်ချန်ရှန်းသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ ဇောက်ထိုး လွှင့်ပျံကျသွားခဲ့ပြီး သူ၏ ပါးစပ်ထဲမှ သွေး အများအပြား ထွက်ကျလာခဲ့သည်။

တဖက်လူသည် အသာလေး တုံ့ပြန်လိုက်သော်လည်း ၊ သူ၏ စွမ်းအားတို့မှာ အလုံးစုံ ပျက်သုန်းသွားခဲ့ရသည် ။

သူစိတ်ထဲ လုံးဝမှ လက်မခံနိုင်ပေ။

ဒီလောက်တောင် ကွာဟချက်ကြီးရသလား!?

“ အရမ်းကို အင်အားကြီးမားလွန်းတယ် ! ချန်ကဲ ဆက်ခံသူရဲ့ စစ်မှန်သော သူတော်စင် ခန္ဓာကိုယ်ဆိုတာ ဒါများလား!?”

အားလုံးက အံ့အားသင့်စွာ ဆိုကြလေသည်။

ပိုင်ချန်ရှန်းသည် သူ၏ စွမ်းအား အလုံးစုံကို ထုတ်သုံးခဲ့သော်လည်း စူးချန်ကဲ၏ လက်အောက်တွင် လွယ်လွယ်နှင့် အရှုံးပေးခဲ့ရသည် ။

ဤအချက်ကို ကြည့်ချင်းအားဖြင့် သူတို့ နှစ်ယောက်သည် အဆင့်ချင်း မတူမှန်း သိနိုင်သည်။

ပိုင်ချန်ရှန်းသည် ​​ခက်ခက်ခဲခဲ ကုန်းထလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေသည်။

သူ၏ နတ်အသိစိတ်ပင်လယ်ထဲသို့ တခြား တစ်ယောက်၏ အာရုံအသိစိတ်တစ်ခုက ဝင်ရောက်လာခဲ့သည်။

“ချန်ရှန်း တော်လိုက်တော့ ၊ ဘိုးဘွားပိုင် နယ်မြေကို မြန်မြန်ပြန်လာခဲ့!”

စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသော အသံပိုင်ရှင်မှာ ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးပင် ဖြစ်သည်။

နတ်ဘုရားမ သေပြီ ဖြစ်ရာ သူတို့အနေဖြင့် ထျန်းဇီကိုပါ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ပေ ။

မြေခွေးမျိုးနွယ်စု၏ ကိစ္စကြီးကို အောင်မြင်နိုင်ရန် သူတို့သည် ထိပ်တန်း မျိုးဆက်သစ် လူငယ်များကို လိုအပ်ပေသည်။

သို့သော် သူတို့သည် စူးချန်ကဲ၏ ရန်သူဖြစ်ရန် ရွေးချယ်လိုက်မိသည် ။

သူတို့၏ ကိစ္စကြီးမှာ အချည်းနှီး ဖြစ်သွားခဲ့ရသည်။ သူတို့ကို စောင့်မျှော်နေသော အရာမှာ စိတ်ပျက်အားငယ်စရာ ကောင်းသော ချောက်နက်ကြီးက လွဲ၍ ဘာမှမရှိပေ။

စူးချန်ကဲသည် ပိုင်ချန်ရှန်းနားသို့ ချဉ်းကပ်သွားလေသည်။

ချင်းချုံ မြေခွေးမျိုးနွယ်စု မှ ပါရမီရှင် တစ်ဦးသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ရင်း သူ၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဉ်စွမ်းအင်များကို နှိုးဆော်လိုက်သည်။

သူ၏ ခန္ဓာကိုယ်အား ကျောက်တုံး အကြေအမွှများက ဝန်းရံထားပြီး ကျောက်ချပ်ဝတ်တန်‌ဆာ အသွင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ၎င်းသည် စူးချန်ကဲ ဆီသို့ ပြေးသွားခဲ့သည် ။

“ ဆက်ခံသူ သခင် ၊ သတိထားဦး !”

လူသားမျိုးနွယ်၏ ပါရမီရှင်တစ်ဦးက အော်ဟစ်ကာ သတိပေးလိုက်သည် ။

သို့သော် စူးချန်ကဲသည် သူ့အား တိုက်ခိုက်လာသူကို တချက်ကလေးမှ လှည့်မကြည့်ခဲ့ပေ။

ဘုန်း !

နတ်မီးလျှံများက ကောင်းကင်ကို တဟုန်းထိုး မြှင့်တတ်သွားခဲ့ပြီး ဤစကြဝဠာကြီး တစ်ခုလုံးကို ထွန်းလင်းသွားစေခဲ့သည်။

နေ၊ လ နှင့် ကြယ်များ အားလုံး မှေးမှိန်သွားသကဲ့သို့ ဤကမ္ဘာကြီးတစ်ခုလုံး လင်းလက်တောက်ပ‌ နေခဲ့သည်။

ထို့နောက် အဆုံးမဲ့ မီးလျှံများသည် ကောင်းကင်နှင့် ဆက်သွယ်ထားသကဲ့သို့ အဆက်မပြတ် လှည့်ပတ်ဆူပွက်နေခဲ့ရာမှ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ထိုအခိုက်အတန့်တွင် စောနက မြေခွေးမျိုးနွယ်စုဝင် ပါရမီရှင်၏ ရုပ်သွင်မှာ အစအနမရှိ ပျောက်ကွယ်သွားခဲ့လေပြီ။

နေရာတွင် မီးလျှံများကြောင့် အရည်ပျော်ကျ နေခဲ့သော မီးကျောက်များသာ ကျန်ရစ်ခဲ့‌လေသည်။

“ဂလု”

တိုက်ပွဲတွင် ပါဝင်ဆင်နွဲရန် အဆင်သင့် ဖြစ်နေခဲ့ကြသော မြေခွေး မျိုးနွယ်စုဝင် ပါရမီရှင်များမှာဖြင့် ၎င်းမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြပြီး မသိစိတ်မှ ပြန်လည် ဆုတ်ခွာသွားကြသည်။

၎င်းပါရမီရှင်များသည် ချင်းချုံ မြေခွေးမျိုးနွယ်စု၏ နာမည်ကြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ကမ္ဘာမြေကြီး၏ စွမ်းအားကို ထိန်းချုပ်ကာ ခိုင်မာသော ကျောက်ချပ်ဝတ်တန်ဆာ အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း ရှိကြသည်။

သို့သော် ဤကဲ့သို့ ထိုးနှက်မှုလေးဖြင့် တခဏချင်းမှာပင် အရည်ပျော်သွားခဲ့တယ်တဲ့လား!?

ဘုန်း!

ဘုန်း !

ဘုန်း!

စူးချန်ကဲ၏ ပုံမှန် လှမ်းလျှောက်လိုက်သော ‌ခြေလှမ်း တစ်လှမ်းချင်းစီသည် ဤကမ္ဘာကြီး၏ စည်းချက်အတိုင်း လျှောက်လှမ်းနေသကဲ့သို့ ၊ယင်းအရာက ပတ်ဝန်းကျင်က လူတိုင်း၏ နှလုံးခုန်သံကို ထိန်းချုပ်ထားသကဲ့သို့ ခံစားခဲ့ရသည်။

ကြီးမားသော ဗုံတီးသံသည် သူတို့၏ နှလုံးသားကို ရိုက်ခတ်လိုက်သလိုပင်။

သူသည် အမတ နတ်ဘုရားအလား ပြေပြစ်ချောမောသော သခင်လေး တစ်ပါးနှင့် တူသော်လည်း ၊ သို့သော် ကြောက်လန့်မှုများဖြင့် သူ့အား မည်သူမျှ မကြည့်ဝံ့ကြပေ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အားလုံး၏ အကြည့်များက ပိုင်ချန်ရှန်းပေါ်သို့ ကျရောက်နေလေသည်။

စောနက တွေ့မြင်ခဲ့ရသော မြင်ကွင်းမှန်သမျှ သူတို့ကို အရမ်းတုန်လှုပ်စေခဲ့သည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအား အလုံးစုံကို အသုံးချခဲ့သော ပိုင်ချန်ရှန်းသည် စူးချန်ကဲ၏ နှိပ်ကွပ်ခြင်းကို ခံလိုက်ရပြီး ၊ ကြီးကျယ်ခမ်းနားသော ၎င်း၏ စွမ်းအားသည်

လူတိုင်းကို ခေါင်းခဲသွားစေခဲ့သည်။

“ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို မင်းကို ပေးထားတာ တကယ်ကို အချည်းနှီးပဲ”

ပိုင်ချန်ရှန်းမှာ သူ့ရင်ဘက်ကို လက်ဖြင့် ဖိထားရပြီး၊ ပါးစပ်ထဲမှ သွေးများမှာလည်း စီးကျနေဆဲပင် ဖြစ်သည်။သူသည် စူးချန်ကဲကို စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။

“မင်း ဘာကိုဆိုလိုချင်တာလဲ”

သူသည် ယခုအချိန်ထိ စူးချန်ကဲကို မကျေနပ်သေးပေ။ အကယ်၍ သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်သာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့ပါက သူ့ကို ဒီလောက် လွယ်လွယ်နဲ့ အနိုင်ယူနိုင်မတဲ့လား!?

အချိန်ကာလ လျှို့ဝှက်နယ်မြေ တစ်နေရာတွင် အခြား အခွင့်အရေးများ ရရှိနိုင်ခဲ့မည်ဆိုပါက ၊သူ့မျက်စိရှေ့က လူသားမျိုးနွယ်ကို နှိမ်နှင်းဖို့ဆိုတာ စက္ကန့်ပိုင်းမျှသာ ကြာပေလိမ့်မည်။

ပိုင်ချန်ရှန်း၏ အတွေးများကို ဖတ်ပြီးပုံရသော စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုလိုက်သည်။

“မင်း အခုထိ မကျေနပ်သေးဘူးမလား?အကယ်၍ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်သာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားရင် မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်မလား?”

“ဒါပေမယ့် မင်းမှာ ဒီလို အခွင့်အရေး မရှိတော့တာ သနားစရာပဲ”

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ အပြုံးတချက် လှစ်ဟသွားခဲ့သည်။သူ၏ မျက်ဝန်းထဲက ပိုင်ချန်ရှန်းသည် လျစ်လျုရှုခြင်းထက် သက်ရှိသတ္တဝါ မဟုတ်သည့် အရာဝတ္ထုတစ်ခုလိုပင်။

သူ၏ ဧရာမ လက်ဝါးကြီးဖြင့် ပိုင်ချန်ရှန်း၏ ခေါင်းကို လွှမ်းခြုံလိုက်ပြီးနောက် ၊ သူ၏ လက်ဖဝါးထက်တွင် စိတ်ငြိမ်သက်ခြင်း ကျင့်စဉ်၏ ဝါးမျိုခြင်း စွမ်းအားကို အသက်သွင်းလိုက်သည်။

စူးချန်ကဲ၏ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ အသွေးအသားများသည် ကြီးမားသော စွမ်းအားဖြင့် တစ်ဖန် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပိုင်ချန်ရှန်း၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို ချက်ခြင်းဆိုသလို ဝါးမျိုပစ်လိုက်သည်။

ပိုင်ချန်ရှန်းမှာ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ပေ။

“ အားးးးး !!”

ပိုင်ချန်ရှန်း၏ ကြေကွဲ အော်ဟစ်သံတို့မှာ နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်မှာ စူးချန်ကဲထံမှ ဖြေးညှင်းစွာ စုပ်ယူလိုက်ခံရမှန်း ခံစားမိခဲ့သည်။သူ၏ စိတ်ဝိညာဉ်ပင်လျှင် ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။

“ အတင့်ရဲလိုက်တဲ့ လူသား၊ မင်း မရပ်သေးဘူးလား!”

အမျက် ဒေါသများဖြင့် ပြည့်နှက်နေသော အသံ တစ်ခုသည် မိုးကုပ်စက်ဝိုင်း တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။

“မင်းသူ့ကို ထိဝံ့ရင် ငါ့ရဲ့ စိတ်ဝိညာဉ်ကို ဆုံးရှုံးရရင်တောင် ငါ မင်းကို သတ်ပစ်မယ်!”

စူးချန်ကဲ၏ လုပ်ရပ်ကို မြင်လိုက်ရသော ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးက ထပ်ပြီး ခြိမ်းခြောက်လိုက်သည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ် ဆုံးရှုံးသွားသူ တစ်ယောက်အား ထျန်းဇီ(ကောင်းကင်သားတော်)ဟု မည်သို့ ခေါ်ဆိုနိုင်တော့မည်နည်း။

အမှိုက်နဲ့ မခြားနားသော ဘဝလို့တောင် ဆိုရပေတော့မည်။

သို့သော် စူးချန်ကဲသည် အနည်းငယ် ပြုံးရယ်လိုက်ပြီး ရပ်တန့်သွားမည့် အရိပ်အယောင်တော့ မရှိချေ။

“ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့?”

“ငါ့ကိုခြိမ်းခြောက်တဲ့ ဘယ်သူမဆို ပြာတောင် မကျန်ခဲ့ဘူး “

ကွေးယီး ဂိုဏ်း၊ မိုးကြိုးကျားမျိုးနွယ်စု၊ ဝူကျီ တာအို ဂိုဏ်း၊ ကောင်းကင် ဝံပုလွေ မျိုးနွယ်စု နှင့် လေဟုန်ခွင်းဌက် မျိုးနွယ်စု တို့ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။

စူးချန်ကဲ လက်ဖဝါးပေါ်က ဝါးမျိုခြင်း စွမ်းအားသည် တစ်ဖန် တိုးပွားလာခဲ့ပြီး သူ၏ သူတော်စင် ခန္ဓာကိုယ်၏ အငွေ့အသက်တို့မှာ ပို၍ ပြင်းထန်လာခဲ့သည်။

သူ၏ လက်ဖဝါးကို ပိုင်ချန်ရှန်း၏ ခေါင်းကနေ ပြန်ခွာလိုက်သည့် အခိုက်အတန့်တွင် စူးချန်ကဲ၏ ရောင်ဝါသည် ပိုလို့တောင် အားကောင်းလာခဲ့သည်။

ဤလောကရှိ ဝိညာဉ်စွမ်းအားများနှင့် အရာခပ်သိမ်း၏ တက်ကြွမှုတို့သည် သူ့ဆီသို့ ဖြည်းညှင်းစွာ စုဝေးလာကြသည်။

ဤကမ္ဘာကြီးတွင် လျှို့ဝှက်ဆန်းကြယ်သော ဝါးမျိုခြင်း စွမ်းအင်များ ရှိနေခဲ့သည်။

“ ငါ့ရဲ့ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်!”

“ သေသင့်တဲ့ ကောင်!!”

ပိုင်ချန်ရှန်းသည် မိမိနှင့် စုပ်ယူသူတော်စင် ခန္ဓာကိုယ်ကြားရှိ ဆက်နွယ်မှုမှာ လုံးဝ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်သည်။တစ်နည်းအားဖြင့် ဆိုရသော် စူးချန်ကဲသည် သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်အား လုံးဝ အပြီးတိုင် ဝါးမျိုလိုက်သည်ပင် ။

ထိုအရာသည် သူ၏ အကြီးမားဆုံးသော ဝှက်ဖဲဖြစ်ခဲ့သော်လည်း၊ သို့သော် လူသား တစ်ယောက်၏ သိမ်းယူခြင်းကို ခံလိုက်ရလေသည်။

ပိုင်ချန်ရှန်း၏ မျက်လုံးများမှာ နီရဲနေပြီး ဒေါသတကြီးဖြင့် ကျိန်းဝါးလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ဘိုးဘေး အပေါင်းတို့သည် တကိုယ်လုံး ခိုက်ခိုက်တုန်သည့်အထိ အမျက်‌ဒေါသ ထွက်နေခဲ့လေသည်။

နတ်ဘုရားမ ကွယ်လွန်ပြီး ၊ ထျန်းဇီလည်း ကွယ်ပျောက်ခဲ့ရ‌လေပြီ။

သို့သော် စူးချန်ကဲက ထဆိုလိုက်သည်။

“စိတ်မပူနဲ့၊ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်က ငါ့လက်ထဲမှာ ရှိနေသမျှ အကြီးမားဆုံး အောင်မြင်မှုကြီးကို ရနိုင်တယ်”

“ ပြီးတော့ ငါ မင်းကိုပြောပြလိုက်မယ် “

စူးချန်ကဲ၏ နှုတ်ထွက်စကားများမှ သူ၏ အေးစက်လွန်းသော လူသတ်မည့် စိတ်ဆန္ဒများကို ပိုင်ချန်ရှန်း ခံစားလိုက်ရသည်။

“မင်း ငါ့ကို သတ်ချင်နေတာလား!?”

သူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။ဤနယ်မြေသည် သူတို့ မြေခွေးမျိုးနွယ်စု၏ နယ်‌မြေဖြစ်သော်ငြားလည်း ၊ ဤလူသားသည် အဘယ့်ကြောင့် အတင့်ရဲဝံ့သနည်း။

ဘုန်း!

သို့သော် စူးချန်ကဲသည် သူ၏ ကိုယ်ပိုင် ချဉ်းကပ်မှု နည်းလမ်းများကို ပြသပေးခဲ့လေသည်။

ပိုင်ချန်ရှန်း၏ နောက်ဆုံး အသိစိတ်တွင် ဧရာမ လက်ဝါးအလင်းစွမ်းအားသည် သူ၏ အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။

ပြင်းထန်သော စွမ်းအားသည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အား ချက်ချင်းဆိုသလို နှိပ်ကွပ်လိုက်လေသည်။

အဖြူရောင် အခိုးအငွေ့ များ အဖြစ်သို့ ပြောင်းလဲသွားပြီး ‌ဤကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားခဲ့တော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ဆွံ့အသွားခဲ့သည်။သူသည် ချင်းချုံ ‌မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးများ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရတာတောင် ၊ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်အား ဝါးမျိုလိုက်သည့်အပြင် လူကိုလည်း သတ်ဖြတ်ခဲ့သည်။

“ ချန်ရှန်းး!!”

လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ဟစ်ကြွေးသံ တစ်ခုက ဤကမ္ဘာကြီးကို လွှမ်းခြုံသွားခဲ့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော အငွေ့အသက်ရှိသော အသွင်အပြင် တစ်ခုသည် ဤကမ္ဘာပေါ်သို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

သူသည် ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ဘိုးဘေး တစ်ဦးဖြစ်ပြီး သူ၏ ထိတ်လန့်ဖွယ်ရာကောင်းသော လူသတ်လိုသော စိတ်ဆန္ဒများကြောင့် အချိန် နေရာတို့မှာ အနည်းငယ် ရွှဲ့စောင်းသွားခဲ့ရသည်။

သူ အလွန်ကို မုန်းတီးနေခဲ့သည်။ဤလူသားအား အစောကြီးကတည်းက မရှင်းပစ်ခဲ့တဲ့ သူ့ကိုယ့်သူလည်း မုန်းတီးနေမိသည်။

ထျန်းဇီ နှင့် နတ်ဘုရားမ ကိုတောင် သေစေသည့်အထိ အဘယ်ကြောင့် မိမိကိုယ်ကို ကာကွယ်လိုခဲ့သနည်း။ ?

ထိုအချက်ကို စဉ်းစားလိုက်သည်နှင့် ၊သူ၏ လူသတ်လိုသော စိတ်ဆန္ဒများနှင့် အမျက်ဒေါသများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ဆူနာမီ လှိုင်းကြီးသဖွယ် ဖြစ်ပေါ်လာပြီး တစ်ကမ္ဘာလုံး ဟစ်ကြွေးအော်မြည်နေလေသည်။

“မှန်တယ်”

“မင်းလို ယုတ်ညံ့တဲ့ လူသားမျိုးနွယ်တွေ အကုန်လုံး သေသင့်တယ် ၊ ငါ မင်းကို ငါတို့မြေခွေးမျိုးနွယ်စုရဲ့ ဝိညာဉ်မီးခွက် ဖြစ်စေရမယ်!!”

သူ၏ စကားအဆုံးတွင် ၊ ချင်းချုံ မြေခွေးမျိုးနွယ်စုဝင် ဘိုးဘေး၏ လက်များသည် လက်သည်းကြီးများ အဖြစ် ပြောင်းလဲသွားပြီး

စူးချန်ကဲ ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်သည်။

သို့သော် ရုတ်တရက် စူးချန်ကဲ၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုံကိုးထပ် မျှော်စင် နတ်ဘုရားတစ်ဆူသည် ဤကမ္ဘာမြေကြီးပေါ်သို့ တွဲလောင်းကျလာပြီး ရောင်စဉ် ငါးသွယ်က ဤကမ္ဘာတစ်ခုလုံးကို ‌ဆေးခြယ်ထားလေသည်။

အာကာသပြင်ကြီးသည် အဆက်မပြတ် ရွှဲ့စောင်းနေပြီး လမ်းစဉ်နှင့် အကြောင်းတရားတို့က ရောယှက်နေသည်။

အလွန်ကြီးကျယ်ခမ်းနားသော အသွင်အပြင် တစ်ခုသည် ဤကမ္ဘာပေါ်သို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

၎င်းအသွင်ပုံရိပ်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။၎င်း၏ မျက်လုံးများသည် ရှည်လျားသော အချိန် မြစ်ကို ဖြတ်ကျော်ကာ ထာဝရဖြတ်သန်းနေသလိုပင်။

ကြီးမြတ်သော လမ်းစဉ်၏ တရားဓမ္မသံစဉ်အလား အောက်မေ့ရသော စကားတစ်ခွန်းက ဤ ကမ္ဘာတစ်ဝှမ်းလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

“အကြီးက အကြီးလို မနေဘဲ ငါ သူတော်စင် နယ်မြေရဲ့ ဆက်ခံသူကို အနိုင်ကျင့်ချင်တယ်ပေါ့လေ!”

“ ချင်းချုံ မြေခွေး မျိုးနွယ်စု အကုန်လုံး ပျက်စီးစေရမယ်!”

All Chapters