← Chapters

အခန်း (၁၁၁-၁၁၅)

Vol. 8 Ch. 111-115

အခန်း (၁၁၁-၁၁၅)

Vol. 8 Ch. 111-115

အပိုင်း(၁၁၁): မူလအစ ဇာတ်မြစ် ၊ အချိန် လျို့ဝှက်နေရာ

၎င်းအသွင်ပုံရိပ်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ တာအို တေးသံစဉ်တို့သည် ၎င်းကို ဗဟိုပြု၍ နေရာအနှံ့သို့ ပြန့်သွားခဲ့သည် ။

ခမ်းနားထည်ဝါသော စွမ်းအားဖြင့် လွှမ်းမိုးခံခဲ့ရသော ပါရမီရှင်များမှာ မေ့မြောသွားပြီး အိပ်ပျော်သွားကြသည်။

သို့သော် သူတို့ ပြန်နိုးလာမည့် အချိန်တွင်မူ၊ ၎င်းတို့၏ မှတ်ညဏ်များမှာ ပြောင်းလဲသွားမည် ဖြစ်ပြီး မြင်လိုက်သမျှအရာအားလုံးကို မေ့သွားပေလိမ့်မည်။

စူးချန်ကဲ၏ ကိုယ်ရည်ကိုယ်‌သွေးမှာ အလွန်ပင်ကြောက်ဖို့ကောင်းတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။သူ့တွင် ဤမျှအစွမ်းထက်သော စွမ်းအားကို အထူးခံနိုင်ရည်ရှိပုံရကာ သူ့အပေါ်သို့ မည်သည့် သက်ရောက်မှုမှ ရှိမည်မဟုတ်ချေ။

သို့သော် ကြီးကျယ်ခမ်းနားသော ထိုအသွင်ပုံရိပ်သည် စူးချန်ကဲထံ မြှုပ်နှံထားသော တားမြစ်ချက်များနှင့် လျှို့ဝှက်ချက်များကို သိထားပေသည် ။

နောင်တွင်လည်း သူတို့သည် ပြန်လည် တွေ့ဆုံကြပေလိမ့်မည်။

“ ချန်ကဲ မင်းရဲ့ ကြီးမြတ်တဲ့လမ်းစဉ်ကို လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့နဲ့သာ ဆက်လျှောက်”

၎င်းအသွင်ပုံရိပ်သည် မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးအား ဥပေက္ခာအပြည့်ဖြင့် တချက် ကြည့်လိုက်သည်။

ချင်းချုံ မြေခွေးမျိုးနွယ်စုဝင် ဘိုးဘေး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။၎င်းသည် အသွင်ပုံရိပ် တစ်ခုမျှသာ ဖြစ်သော်လည်း သို့သော် ၎င်း၏ အငွေ့အသက်သည် သူ နားလည်ထား‌သော အသိညဏ်ထက် ကျော်လွန်ပေသည်။

ဤစွမ်းအားသည် သူတို့ စိတ်ကူးမရနိုင်သော စွမ်းအားတစ်ခု ဖြစ်ပြီး၊ သူသည် တောက်ပသော နေမင်းကြီးကို ရင်ဆိုင်နေရသော အမှုန်အမွှားတစ်ခုသာသာပင်။

“လူကြီးမင်း ကျွန်တော်ကို အပြစ်မတင်ပါနဲ့!”

“ဒါတွေ အားလုံးက နားလည်မှု လွဲနေတာပါ!”

ချင်းချုံ မြေခွေးမျိုးနွယ်စုဝင် ဘိုးဘေးသည် ဤမျှ အစွမ်းထက်သော အသွင်ပုံရိပ်၏ရှေ့တွင် သူ၏ မာန်မာနတို့မှာ လုံးဝ ဆုံးရှုံးသွားခဲ့ရသည် ။

အချိန် လှိုင်းဂယက်သည် ကမ္ဘာကြီး၏ တားမြစ်ချက်တစ်ခု ဖြစ်ပေသည်။ ကျင့်ကြံအဆင့် အားကောင်းလေလေ ၊ အချိန် လှိုင်းဂယက်ထဲသို့ ဝင်ရောက်ခြင်းသည် အချိန်နှင့် နေရာကို ပို၍ ကမောက်ကမ ဖြစ်စေမည်ပင်။

သို့သော် ထိုအရာများနှင့် ပြောင်းပြန် ဖြစ်နေခဲ့သည်။

အဆုံးစွန်သော စွမ်းအား ၊ အထွတ်အထိပ်ကို ကျော်လွန်သော ပုဂ္ဂိုလ်သာလျှင် ဤအရာအားလုံးထက် သာလွန်နိုင်သည်။

ထို့သို့သော ပုဂ္ဂိုလ်မျိုးသည် အချိန်စီးကြောင်း ဂယက်ထဲသို့ စိတ်ရှိသလို အချိန်မရွေး သွားလာနိုင်ပြီး နှစ်များကို ပြောင်းပြန်လှန်နိုင်သလို အတိတ်နှင့် အနာဂတ်ကိုတောင် ပြောင်းလဲနိုင်သည်။

ထို့အပြင် သူ့မျက်စိရှေ့က အသွင်ပုံရိပ်၏ အထောက်အထားမှာ အလွန် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေနိုင်သည်။

သို့သော် မျက်စိမပါသော ဓားသွားကဲ့သို့ ထိုအသွင်ပုံရိပ်၏ နားထဲ တဖက်လူ၏ စကားသည် မဝင်ရောက်ခဲ့ပုံရသည် ။

စူးချန်ကဲနှင့် မျိုးဆက်သစ် လူငယ်များ အားလုံး စည်းလုံးညီညွတ်ကြရင်တောင် ဓားကောင်းတစ်လက်ရဖို့ ချွန်ထက်သော ကျောက်ကောင်းတစ်ခုတော့ လိုအပ်ပေသည်။

သူအနေဖြင့် မျက်စိပိတ် နှာစေးနေရန်သာလိုသည်။

လွန်ကဲသော ဖြစ်တည်မှုကိုပင် နှိပ်ကွပ်၍ ၊ မဖြစ်နိုင်သောအရာကို ဖြစ်နိုင်အောင် လုပ်သင့်သည်။

သို့သော် မျိုးဆက်ဟောင်းများက ဝင်‌ရောက်စွက်ဖက်ရန် ကြိုးစားခဲ့သည်။

ယင်းသည် ပျက်သုန်းခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ ကို ဧကန်မုချ ဖြစ်စေပေလိမ့်မည်။

“မင်း ရွေးချယ်မှုတွေအတွက် မင်းမှာပဲ တာဝန်ရှိတယ်”

၎င်းအသွင်ပုံရိပ်သည် သူ၏ ညာဖက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်နှင့် ဤအခိုက်အတန့်မှာပင် ၊ အချိန်နှင့်နေရာတစ်ခုလုံး ရပ်တန့်သွားပုံရကာ အာကာသကြီးပင်လျှင် အေးခဲသွားလေသည်။

သူ၏ လက်ဖဝါးကို အောက်သို့ မျက်နှာမူလိုက်သည်နှင့် ဤကမ္ဘာကြီးဆီသို့ ဖြည်းညှင်းစွာ ကျဆင်းသွားလေသည်။

  ဘုန်း !

  ကွဲအက်သံ!

ပြင်းထန်သော စွမ်းအားတစ်ခုသည် အချိန်နှင့် နေရာကို ပျက်ပြားသွားစေသကဲ့သို့ ဤအခိုက်အတန့်တွင် ကမ္ဘာကြီး၏ အချိန်စီးကြောင်းတို့မှာ လုံးဝကွဲအက်သွားခဲ့သည်။

“မဟုတ်ဘူး!!”

ချင်းချုံ မြေခွေးမျိုးနွယ်စု၏ အနက်ရှိုင်းဆုံး ဘိုးဘွားပိုင်နယ်မြေအတွင်း၌ တန်ခိုးကြီးမားသော ပုံရိပ်အသွင်များစွာ ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းတို့၏ ခွန်အား အလုံးစုံကို ပေါက်ကွဲလျက် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါဖြင့် ဓမ္မကာယကို စုစည်းစေသည်။

ဤကမ္ဘာကြီး၏ အဖျက်စွမ်းအားကို မိမိ၏ ခွန်အားဖြင့် ယှဉ်ပြိုင်တိုက်ခိုက်တော့မည့်အလား။

“သူတို့လောက်‌ကတော့ ပုရွက်ဆိတ်သာသာပဲ ရှိတယ်”

စကားအဆုံးတွင် ၊ ကြီးကျယ်ခမ်းနားသော ရုပ်သွင်ပုံရိပ်၏ လက်ဝါးသည် နှိပ်ကွပ်ရန် အောက်သို့ သက်ဆင်းလာခဲ့သည်။

ကောင်းကင်ဘုံ၏ မြင့်မြတ်သော တောင်ထွတ်ကြီးသည် လူ့လောကတွင် တည်ရှိနေသည့်အလား။

“ဘာမှ လာတောင်းဆိုမနေနဲ့”

သူသည် ချင်းချုံ မြေခွေးမျိုးနွယ်စုဝင် ဘိုးဘေးများ၏ တောင်းဆိုမှုကို လျစ်လျူရှုခဲ့သည်။

အကြင်နာကင်းမဲ့သော လမ်းစဉ်၏ စွမ်းအားသည် အရာအားလုံးကို ဗလာနိတ္ထိ အဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး တဖန် ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားစေသည်။

ထိုကဲ့သို့သော တန်ခိုးကြီးမားသော စွမ်းအားသည် ဤနေရာတစ်ခုလုံးကို အမှောင်ထုကြီးကလွဲ၍ မည့်သည့်အငွေ့အသက်မျိုးမှ မရှိသည့် အဆုံးမရှိသော အချိန်ချောက်နက်ထဲသို့ တွန်းပို့ခဲ့လေသည်။

“ဒါက ဘယ်အဆင့်ထိ‌တောင် ရှိနေပြီဖြစ်တဲ့ စွမ်းအားမျိုးလဲ?”

စူးချန်ကဲပင်လျှင် ထိုမြင်ကွင်းကို ကြောင်တက်တက်ဖြင့် ကြည့်နေမိသည်။

၎င်းသည် အချိန်၏ နိယာမတရားများကိုပင်လျစ်လျူရှုကာ အသက်ရှင်ကျန်ရစ်သူများကို သတ်ပစ်ခဲ့သည်။

ဒီကမ္ဘာကြီးက ဘယ်လောက်‌တောင် ကြီးမားသလဲ?

အာရုံနတ် အသိစိတ်ဖြင့် ဖွဲ့စည်းထားသော အသွင်ပုံရိပ်တောင် ထိုကဲ့သို့သော တုန်လှုပ်ဖွယ်ရာ စွမ်းအားမျိုး ရှိပေသည်။အထွတ်အထိပ်ကို ကျော်လွန်သော ဤပုဂ္ဂိုလ်၏ စစ်မှန်သော ခွန်အားဆိုရင်ဖြင့် ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းမည်နည်း။

စူးချန်ကဲ၏ အကြည့်ကို အာရုံခံစားမိလိုက်ပုံ ကသော ၎င်း ကြီးကျယ်ခမ်းနားသော အသွင်ပုံရိပ်သည် သူ့အား သက်သာရာရစွာ ပြုံးပြခဲ့သည်။

“ ကလေး၊ မင်းသွားရမယ့်လမ်းက ဝေးသေးတယ် ၊ အခု မင်းဟာ ကမ္ဘာရဲ့ ထောင့်တစ်နေရာမျှစာပဲ ရှိနေသေးတယ်”

“အနာဂတ်မှာ ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ တန်ခိုးကြီးပုဂ္ဂိုလ်တွေ ၊ တားမြစ် ပုဂ္ဂိုလ်တွေ ၊ မင်းစိတ်ကူးထားတာထက်ကို ကျော်လွန်တဲ့ တည်ရှိမှုတွေကို တွေ့ရလာလိမ့်မယ် “

“မင်း အမြန်ဆုံး သန်မာလာရမယ်၊ ဒါတွေအားလုံးက အစပဲ ရှိသေးတယ် “

စွမ်းအားများ ကုန်ခံသွားပုံရသော ကြီးကျယ်ခမ်းနားသော ၎င်းအသွင်ပုံရိပ်သည် တဖြည်းဖြည်း ကွယ်ပျောက်ကာ မှုန်ဝါးလာခဲ့ပြီ ဖြစ်သည်။

“မူလအစ ဇာတ်မြစ်မှာ မင်းကို ငါစောင့်နေမယ်”

“ လူကြီးမင်း ကျွန်တော် မေးစရာရှိသေး..”

သို့သော် စူးချန်ကဲ မည်သည့်မေးခွန်းကိုမျှ မမေးရ‌သေးခင်၊ ကြီးမြတ်သော လမ်းစဉ်၏ တရားဓမ္မသံစဉ်အလား အောက်မေ့ရသော စကားသံတို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ပြန့်ကျဲနေခဲ့သော ရောင်စဉ်တန်းများသည် စေတီမျှော်စင်ငယ်ဆီသို့ တဖန် ပြန်လည်ဝင်ရောက်သွားခဲ့သည်။

စေတီ မျှော်စင်ငယ်သည် တဝီဝီ တုန်ခါလျက် တဖန် ပြန်လည် ငြိမ်သက်သွားခဲ့ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး စူးချန်ကဲ၏ မျက်ခုံးကြားထဲသို့ ပျောက်ကွယ်သွားခဲ့‌လေသည်။

“မူလအစ ဇာတ်မြစ်?”

စူးချန်ကဲသည် သူ့မျက်ခုံးကြားကို အသာလေး ထိကြည့်လိုက်သည်။စောနက ဖြစ်ပျက်ခဲ့သော မြင်ကွင်းမှာ အလွန်ကို အိပ်မက်ဆန်ပေသည် ။

ကွေးယွမ် သူတော်စင် နယ်မြေတွင် အချိန်၏ နိယာမကိုပင် လျစ်လျူရှုနိုင်သည့် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်များ ရှိနေသည်ကို သူ သိလိုက်ရသည်။

အမှန်တော့ သူသည် ကွေးယွမ် ထဲသို့ ဝင်ရောက်ခဲ့ပြီးကတည်းက ကွေးယွမ် သူတော်စင် နယ်မြေတွင် တစ်စုံတစ်ခုကို စီစဉ်ထားသလိုမျိုး သူအမြဲတမ်း ခံစားခဲ့ရသည်။

သို့ဆိုပေမဲ့လည်း သူ၏ အနက်ရှိုင်းဆုံး စိတ်နှလုံးသားထဲက ကွေးယွမ်သည် သူ့အပေါ်ကို အရမ်း ဂရုစိုက်မှန်း ခံစားမိသောကြောင့် သိပ်တော့ ဂရုမစိုက်ပေ။

“ မြင့်မြတ်‌သော လမ်းစဉ်သည် ရှည်လျားသလို ရှေ့ဆက်ရမည့် လမ်းမှာ အဆုံးမရှိပေ”

စူးချန်ကဲသည် ရှိုက်ကြီးတငင် ပြုံးရင်း ခေါင်းယမ်းလိုက်သည်။

စောနက ပုဂ္ဂိုလ်၏ စကားသည် သူ၏ လောကအမြင်ကို အနည်းငယ် လန်းဆန်းသွား စေခဲ့သည်။မူလက သူသည် စစ်မှန်သော ဉာဏ်အလင်း လမ်းကြောင်းမှန်ကို ရောက်ရှိနေခဲ့ပြီဟု မှတ်ယူခဲ့သည်။

သို့သော် ယခုချိန်မှာတော့ သူသည် ရွာပေါက်ကနေတောင် မထွက်ရသေးမှန်း သိလာခဲ့ရသည်။

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်သည် -

“ကြည့်ရတာ နောက်ဆို ကျင့်ကြံရေးလောက ငြီးငွေ့စရာ ကောင်းမှာ မဟုတ်ဘူးပဲ”

သူသည် အိပ်မောကျနေသော ‌မြေခွေးပါရမီရှင်များကို တချက် ကြည့်လိုက်သည်။

“ဒီနေရာမှာပဲ ထာဝရ အကျဉ်းချခံထားရမှာထက် စာရင် အဲ့အစား အကျိုးရှိရှိ သေလိုက်တာက မကောင်းဘူးလား”

ထိုသို့ပြောပြီးနောက် စူးချန်ကဲ၏ လက်ဝါးထဲမှ ကြီးကျယ်ခမ်းနားသော ဝါးမျိုခြင်း စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

စူးချန်ကဲသည် မြေခွေးမျိုးနွယ်စုဝင် ပါရမီရှင်များကို တစ်ယောက်ပြီး တစ်ယောက် ဝါးမျိုလိုက်ပြီး ၊ ယင်းအရာသည် ဝိညာဉ်စွမ်းအင်အဖြစ် ပြန်လည်သန့်စင်ကာ စူးချန်ကဲ၏ အာဟာရ တစ်ခု ဖြစ်လာခဲ့သည်။

“ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ကို ဝါးမျိုလိုက်တာ မဆိုးဘူးပဲ “

ယင်းအရာသည် သက်ရှိအားလုံးကို ဝါးမျိုနိုင်ပြီး ဤကမ္ဘာကြီး၏ တက်ကြွမှုကိုလည်း စုပ်ယူနိုင်သည်။ဒါတင်မက အခြားသူများ၏ ခန္ဓာကိုယ်နှင့် တာအို လမ်းစဉ် အသီးအပွင့်များကို မိမိကိုယ်ပိုင် ဝိညာဉ်စွမ်းအင် အဖြစ် စုပ်ယူနိုင်သည်။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်သည် ပြီးပြည့်စုံ အဆင့်သို့ ရောက်သည်နှင့် နေ၊ လနှင့် ကြယ်များကိုပင် ဝါးမျိုချနိုင်သည်။

“ဒီလူတွေကိုရော စုပ်ယူလိုက်ရမလား?”

စူးချန်ကဲ တုံ့ဆိုင်းသွားသည်။အကယ်၍ သူသည် ဤလူသားမျိုးနွယ်စုဝင် ပါရမီရှင်များကို စုပ်ယူစားသုံးလိုက်မည်ဆိုပါက ၊ သူ၏ စွမ်းအားမှာ အဆမတန် မြင့်တတ်လာပေလိမ့်မည် ဖြစ်သည် ။

သို့သော် သူသာ ဝါးမျိုလိုက်ပါက၊ သူ၏ ဂုဏ်သိက္ခာကို ထူထောင်မည့် အစီအစဉ်တွင် သစ္စာရှိရှိ ထောက်ခံပါဝင်သူများ လျော့နည်းသွားပေလိမ့်မည်။

ဘုန်း!

ထိုအခိုက်အတန့်တွင် ဤကမ္ဘာကြီးမှ ကြီးမားသော မြည်ဟိန်းသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤနေရာတစ်ခုလုံး ပျက်စီးတော့မည့် အရိပ်အယောင်များ ရှိနေသည်။

အဘယ့်ကြောင့်ဆိုသော် ခမ်းနားထည်ဝါသော ထိုအသွင်ပုံရိပ်၏ စွမ်းအားသည် ဤကမ္ဘာ၏ အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။

ဤလျှို့ဝှက်ကမ္ဘာကြီးသည် တဖြည်းဖြည်း ပြိုကျလာခဲ့ပြီ ဖြစ်သည်။

“အိုး..ဒါမှ တကယ် ဒုက္ခပဲ”

“ငါ လူတွေအများကြီးကို ဒီနေရာကနေ ခေါ်ထုတ်ရတော့မှာပဲ “

“စကားမစပ်၊ ဟိုကလေးမလေးကိုလည်း ခေါ်ထုတ်ရဦးမယ် ၊ ယွင်ရှင်းယန်ကို ဦိးကိုက်စေမယ့် ရှေးနတ်ဆိုးမျိုးနွယ်စုရဲ့ ပရောဟိတ်ငယ်လေးပဲ”

စူးချန်ကဲသည် သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။

ဤကား တိုက်မြေ သုံးထောင်၏ နိယာမ တရားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နေရာပြောင်းရွေ့ခြင်း အစီအရင်ပင် ဖြစ်သည်။

ဤအချိန် စီးကြောင်း ဝဲဂယက်အတွင်း၌ ရှင်သန်လာခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အရင်းအမြစ်ကို သိမ်းပိုက်ရန် အဘယ်ကြောင့် အသည်းအသန် ကြိုးစားနေကြသနည်း။ ဒါတင်မက မိမိ၏ ခန္ဓာကိုယ် နှင့် တိုက်‌မြေ သုံးထောင်၏ ကောင်းကင်လမ်းစဉ်ကို အဘယ့်ကြောင့် ချိတ်ဆက်ရန် ကြိုးစားနေကြသနည်း။

ဤနည်းအားဖြင့်သာ သူတို့သည် အချိန် နိယာမ၏ ကန့်သတ်ချက်များ(အချိန် လှောင်အိမ်ကြီးထဲ) မှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

ထို့အပြင် အသက်ရှင် ကျန်ရစ်သူများကြားတွင် ကြီးမားသော လျှို့ဝှက်ချက်များလည်း ရှိသည်။

သူတို့သည် အဘယ်ကြောင့် ချုပ်နှောင်ခံထားရသနည်း။

ဤနေရာကြီးသည် အဘယ်ကြောင့် သက်ရှိသတ္တဝါအားလုံးကို ချုပ်နှောင်ထားသော လှောင်အိမ်ကြီးနှင့် တူ‌နေသနည်း။

အဆုံးမရှိသော အချိန်စီးကြောင်း ဝဲဂယက် အတွင်း၌၊ အဆုံးမဲ့သော အချိန် အပိုင်းအစများ ရှိရာ နေရာတွင် အချိန်၏ စွမ်းအားတို့သည် မှော်ဆန်သော ရှုခင်းအဖြစ်သို့ ယှက်နွယ်နေခဲ့သည်။

ပိုပြီး အံ့သြစရာကောင်းသည်မှာ အဆုံးမဲ့သော ဤဟင်းလင်ပြင်ကြီးထဲတွင် ရိုးရှင်းသော သစ်အိမ်အိုကြီး တစ်အိမ်ရှိနေခဲ့သည်။

ရှေးဟောင်းကမ္ဗည်းပြား‌ပေါ်တွင် ‘အချိန် လျို့ဝှက်နေရာ’ ဟု စာလုံးကြီးလေးလုံး ရေးထိုးထားသည်။

T/N - 时间秘地 - အချိန် လျို့ဝှက်နေရာ

အိမ်ထဲ၌ အပြန်အလှန် စကားပြောသံများ ထွက်ပေါ်လာခဲ့သည်။

“အစ်ကို၊ အဲဒီလူက ဘုရားသခင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တာ၊ ကျွန်တော်တို့ မစုံစမ်းတော့ဘူးလား?”

“စုံစမ်းမယ်?”

လူတစ်ယောက်က အေးစက်စွာ နှာမှုတ်လိုက်သည်။

“မင်းပဲ ကွေးယွမ် အမတဂိုဏ်းကို စုံစမ်းဖို့ အမြဲတမ်း ခေါင်းမာနေခဲ့တာ မဟုတ်ဘူးလား?”

“တကယ်လို့ မင်း သေမှာမကြောက်ရင် ဆက်လုပ်ပေါ့!”

ထိုစကားကိုကြားပြီးနောက် တစ်ဖက်လူမှာ စကားမဲ့သွားသည်။

မှန်၏ ။ ၎င်းသည် ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွင်းပစ်ခဲ့သော

“တရားခံ‌‌တွေ”ထဲက တစ်ဦးပင်။

မိမိအိမ်တော်က သခင်ဖြစ်သူကိုလည်း အနှောင့်ယှက်မပေးချင်ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်အနေဖြင့် ထိုကိစ္စတွေထဲ ဝင်မပါဘဲ ဖြတ်သွားဖြတ်လာသူ အဖြစ် ဆက်နေတာက ပိုကောင်းပေလိမ့်မည်။

သစ်အိမ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

အချိန်စီးကြောင်း လှိုင်းလုံးကြီး ရွေ့လျားသွားသည်နှင့်အမျှ အရာအားလုံးသည် ဘာမှ မဖြစ်ခဲ့သလို ပြီးဆုံးခဲ့လေသည်။

  အပိုင်း(၁၁၂): ထျန်းကျီကျွန်းသို့ ရောက်ရှိခြင်း၊ ခေတ်ရေစီးကြောင်းလိုက်နိုင်သူများ

ရှေးသစ်ပင်များသည် လှပဆွဲဆောင်မှု ရှိနေသလို စပျစ်နွယ်ပင်များက တိမ်များသဖွယ်၊ မီးခိုးရောင် မြူမှုန်များက ဤကမ္ဘာကြီးကို ဖုံးအုပ်ထားသည်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေသည် တဖိတ်ဖိတ်တောက်ပနေပြီး ၊ လျှို့ဝှက်ဆန်းကြယ်သော ကျွန်းတစ်ကျွန်းသည် ၎င်းပေါ်တွင် တည်ရှိနေခဲ့သည်။

ထျန်းကျီ ကျွန်း ၊

ဤသည်မှာ လောကသားများ ပြောနေကြသော ကောင်းကင်ဘုံ၏ နက်နဲသောအရာများကို ဟောကိန်းထုတ်ရန် ကောင်းကင်၏ အလိုဆန္ဒကို အသုံးပြုနိုင်သော နေရာတစ်ခုပင် ဖြစ်သည်။

တသီးတခြား တည်ရှိသော ဝန်းကျင် တစ်ခုဖြစ်သော်လည်း ၊ ဤနေရာတွင် ကြီးကျယ်ခမ်းနားသော အဆောက်အဦးများ၊ ရှေးဟောင်းနန်းတော်များအပြင် ရေပန်းဥယျာဉ်များလည်း ရှိသည်။

ထျန်းကျီ ကျွန်း၏အလယ်ဗဟိုတွင်၊ အထူးသဖြင့် ထျန်းကျီ ကျွန်းပေါ်ရှိ ဤကမ္ဘာကြီး၏ ဆုံမှတ်ပေါ်တွင် တည်ရှိနေပုံရသော မျက်စိကျစရာ အထပ်မြင့် အဆောက်အအုံတစ်ခု ရှိသည်။

ကြီးမြတ်သော လမ်းစဉ်တို့၏ ကာရံစည်းမျဉ်းများက ပဲ့တင်ထပ်လျက်၊ ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝကာ ၊ ထို့အပြင် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ထပ်လောင်းပေးနေသည့် မှိန်ဖျော့ဖျော့ အလင်းရောင်များက ပတ်ပတ်လည်တွင် ရှိနေသည်။

အနီးကပ်ကြည့်လျှင် ၎င်းသည် သုံးဆယ့်သုံးထပ် ပါရှိသော မျှော်စင်တစ်ခု ဖြစ်ပြီး အမည်မသိ အထွတ်အမြတ် သစ်ပင်မှ ပြုလုပ်ထားသော ရွှေကမ္ပည်းပြားပေါ်တွင် လက်ရာမြောက်စွာဖြင့် “ထျန်းကျီကျွန်း”ဟူ၍ စာလုံးကြီး သုံးလုံး ရေးထိုးထားသည်။

ထျန်းကျီ မျှော်စင်တွင် အထပ်သုံးဆယ့်သုံးထပ် ရှိရသည့် အကြောင်းရင်းမှာ ဒဏ္ဍာရီစာအုပ်များထဲက ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်ကို အ‌ခြေခံထားသည်ဟု ဆိုကြသည်။

အခြားသော ဒဏ္ဍာရီဆန်ဆန် ပြောဆိုမှုများလည်း ရှိကောင်းရှိနိုင်သော်လည်း မည်သူမျှ သေချာမသိပေ။

ထျန်းကျီ‌မျှော်စင်၏အမြင်ဆုံးနေရာ ၊ သုံးဆယ်သုံးထပ်မြောက် နေရာတွင် ထူထပ်သော မြူခိုးမြူငွေများ ရှိနေသည်။

လေ့ကျင့်ရေး ဖျာပေါ်တွင် ထိုင်နေသော ဆံပင်ဖြူဖြူ ၊ မျက်ခုံးမွှေးဖြူဖြူ နှင့် အသက် ခပ်ပြင်းပြင်းရှုနေသော အဖိုးအိုသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။

ထိုပုဂ္ဂိုလ်က ညည်းညူလိုက်သည်။

“ စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့ ပထမဆုံးသော ပါရမီရှင်လား”

အဖိုးအိုသည် သူ့လက်ချောင်းများဖြင့် တစ်စုံတစ်ခုကို တွက်ချက်လိုက်သည်။

“ဟေး၊ သူတို့ကြားထဲမှာ ‘အသက်ရှင်ကျန်ရစ်သူ’ ရှိနေတာပါ့လား?”

“ဒီကလေးရဲ့ ကံကြမ္မာကို ငါတောင် မမြင်နိုင်ဘူး!”

အဘိုးအို၏ အေးချမ်းသော မျက်နှာအသွင်အပြင်ပေါ်တွင် အံ့သြစရာအရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။ထိုကောင်လေးသည် ကံကြမ္မာလက်ထဲတွင် ရှိနေသော ဖြစ်တည်မှု တစ်ခုမဟုတ်ဘဲ လွတ်လပ်သော ကံကြမ္မာမြစ်၏ နောက်ထပ်ဖြစ်တည်မှု တစ်ခုလိုပင်။

ထိုအရာက သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သည်။ သို့သော် ၎င်းသည် သူတို့ ထျန်းကျီ ကျွန်းမှ တချိန်လုံး ရှာဖွေနေခဲ့တဲ့သူ ဖြစ်နိုင်တယ် ဆိုတာ က‌တော့ သေချာ‌ပေသည်။

“ ခွင်းအန်း၊ ကျေးဇူးပြုပြီး အထူးဧည့်သည်တော်ကြီးကို သွားကြိုလိုက်ဦး”

“ ယဉ်ကျေးစွာ ဆက်ဆံဖို့ မမေ့နဲ့ဦး “

“ဟုတ်”

အညိုရောင် ၀တ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လေးလေးစားစား ဖြေကြားလိုက်သည်။

သူ့စိတ်ထဲ အနည်းငယ် အံ့သြသွားမိသည်။ထိုလူသည် နှစ်ထောင်ပေါင်းများစွာအတွင်း သူတို့ ထျန်းကျီကျွန်း၏ စတင်ကြိုဆိုခြင်းကို ခံခဲ့ရသော ငယ်ရွယ်သော ပါရမီရှင်တစ်ယောက်ပင် ဖြစ်သည်။

သူတို့၏ ထျန်းကျီမျှော်စင်ကို တက်ခွင့်ရရန် ကြိုးစားနေကြသော ပါရမီရှင်များစွာ ရှိသည့်အနက် ဒီတစ်ကြိမ်မှာတော့ သူတို့၏ ထျန်းကျီမျှော်စင်မှ အရင်စတင်လှုပ်ရှားလာခဲ့သည်။

သို့သော် သူသည် နောက်ထပ် မေးခွန်းများ ဆက်မမေးတော့ပေ ။ မည်သို့ပင်ဆိုစေကာမူ သူ့ဆရာ၏ အပြုအမူသည် အမြဲလိုလို မှန်းဆရခက်ပေသည်။

တစ်ချိန်တည်းမှာပင်၊ ထျန်းကျီ ကျွန်းရှိရှေးဟောင်း အပြာရောင်ကျောက် ရင်ပြင်၌။

ကွဲအက်သံ ! ကွဲအက်သံ ! ကွဲအက်သံ !

အားကောင်းသော အချိန်၏ စွမ်းအားသည် ဤနေရာဆီသို့ စိမ့်ဝင်လာခဲ့ပြီး ၊ တောက်ပသော အပြာရောင် အလင်းတန်းများကို ထုတ်လွှတ်ပေးသည့် မှော်စက်ဝိုင်းတစ်ခု ရှိနေခဲ့သည်။

မှော်စက်ဝိုင်း တစ်ကြိမ် လှည့်လိုက်တိုင်း၊ အာကာသသည် အနည်းငယ် တုန်ခါသွားပြီး၊ ၎င်းပေါ်ရှိ ကမ္ပည်းစာများက မထင်မရှား ပေါ်ထွက်လာခဲ့သည်။

အာကာသထဲတွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာပြီး ၊ ၎င်းတို့ထံမှ အသွင်ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အခြေအနေများ တည်ငြိမ်သွားသည်နှင့် ထိုအသွင်ပုံရိပ်များကို ရှင်းရှင်းလင်းလင် မြင်တွေ့လာရပြီ ဖြစ်ရာ ၊ ၎င်းတို့သည် စူးချန်ကဲ ဦးဆောင်လာသော လူသားမျိုးနွယ်စု ပါရမီရှင်များပင် ဖြစ်သည် ။

ကူလင်အာ၏ လှပသော မျက်ဝန်းများသည် အနည်းငယ် တုန်ရီနေပြီး သူမ၏ ဝိုးတိုးဝါးတား ဖြစ်နေသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

“ဒါက…”

သူမကိုယ်တိုင်ထရန် ကြိုးစားလိုက်သော်လည်း ၊ သို့သော် သူမ စိတ်ထဲက ဗြောင်းဆန်မှုများက သူမ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ပင်ပန်းနွမ်းနယ်အောင် ပြုစားနေလေ၏။

ရုတ်တရက် သူမ၏ မျက်လုံးများက မှော်စက်ဝိုင်း၏ အလယ်ဗဟိုတွင် ရပ်နေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။

ထိုပုဂ္ဂိုလ်၏ ဝန်းကျင်တွင် ရွှေဝါရောင် အလင်းတန်းများ တဖျက်ဖျက် ရိုက်ခတ်နေပြီး ၊ ဤကမ္ဘာကြီးထဲက ဝိညာဉ်စွမ်းအားများက သူ့ထံသို့ တက်ကြွစွာ ချဉ်းကပ်လာနေကြသည်။

ကောင်းကင်ဘုံ ကိုးထပ်မှ ရောက်လာသော ကောင်းကင်တမန်အလား နတ်ရောင်ဝါများဖြင့် တောက်ပနေသည်။

သူမ မျက်လုံးတွေကို ပွတ်သပ်ရင်း

“ဒါ အမတသခင်လား? ငါ သေလွန်ပြီး ကမ္ဘာကို ရောက်လာခဲ့တာလား!?”

ကူလင်အာ အနည်းငယ် စိတ်ပျက်သွားသည်။သူမ ထိုလူသားကို မယုံကြည်လိုက်သင့်ပေ။မမျှော်လင့်စွာဖြင့် သူမသည် ဒီလိုမရှင်းမလင်း သေလိုက်ရသည်။

လွတ်လပ်မှုကို သူမ လိုလားသည်။

ပြင်ပကမ္ဘာကြီးကို သူမလိုလားသည်။

ဒါပေမဲ့ ဒါတွေအားလုံးက စိတ်ကူးယဉ်တစ်ခု သက်သက်ပဲတဲ့လား ?

“မင်း မြေကြီးပေါ်မှာ ဘယ်လောက်ကြာကြာ လှဲနေဦးမှာလဲ?”

ရုတ်​တရက် ၊ ဝတ်ရုံဖြူ ပုဂ္ဂိုလ်က စကား​ပြောလာသည်​။

ကူလင်အာ တစ်ယောက် လန့်သွားပြီး

“ဒီအသံက ဘာလို့?”

သူမ၏ အသိစိတ် တဖြည်းဖြည်း ကြည်လင်လာသည်နှင့်အမျှ ၊ သူမ မျက်စိရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

ငှက်ကလေးများက တေးသံကျူးရင့်လျက် ၊ ပန်းရနံ့များ မွှေးကြိုင်လှကာ ၊ ထူထပ်‌သော သစ်ပင်များစွာဖြင့် နေရာတစ်ခုလုံး တက်ကြွမှုများ ပြည့်နှက်နေသည်။

ဒီရဲ့ အငွေ့အသက်က သူမကို လန်းဆန်းစေသည်။ဤသည်မှာ သူမ တောင့်တခဲ့သော လွတ်လပ်မှုတစ်ခုပင်။

မထင်မှတ်ပဲ အိပ်မောကျပြီးနောက် ၊ သူမ အနေဖြင့် အရမ်းကို လိုလားတောင့်တခဲ့သော ‌တိုက်မြေ သုံးထောင်ကို အမှန်တကယ်ပင် ရောက်ရှိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

ကူလင်အာ၏ ရွှင်မြူးနေသောပုံစံကို ကြည့်ရင်း စူးချန်ကဲ မျက်မှောင်ကြုတ်လိုက်သည်။

အချိန်ဝဲဂယက်မှာတုန်းက အဆင်ပြေပါသေးတယ် ၊ ခု ထွက်လည်း ထွက်လာပြီးရော IQ က ဘာလို့အဲ့လောက်တောင် နိမ့်ကျသွားတာတုန်း?

နောက်ကြ ဒီလို IQ မျိုးနဲ့ သူ့ကို ကူညီနိုင်ပါဦးမလား?

စူးချန်ကဲ ထိုနေရာတွင် ရပ်စောင့်နေခဲ့သည်။

သိပ်မကြာမီ ၊ ယဲ့လင်ထျန်း ၊ ယွင်ရှင်းယန် စသည့် ကွေးယွမ်၏ တခြား သူတော်စင် အမျိုးသား အမျိုးသမီးများသည်လည်း နေရာရွေ့ပြောင်းခြင်း မှော်စက်ဝိုင်းမှ တဆင့် ဤနေရာသို့ ရောက်လာခဲ့ကြသည်။

“အားလုံးပဲ မတွေ့တာကြာပြီ”

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ကွေးယွမ်က လူတိုင်းကို နှုတ်ဆက်လိုက်သည်။

သူ မှတ်မိသလောက် ကွေးယွမ်က လူတိုင်း အချိန်စီးကြောင်း ဝဲဂယက်ထဲတွင် ပျောက်ဆုံးသွားခဲ့သော သူများ မရှိခဲ့ပေ။ လမ်းစဉ်သည် ရှည်လျားသလို အခွင့်အလမ်းများနှင့် အကျပ်အတည်းတို့သည် ဒွန်တွဲနေ၏။ လုံခြုံခြင်းသည် ကောင်းချီးမင်္ဂလာပေတည်း။

“ ဆက်ခံသူ သခင်!”

စူးချန်ကဲကို မြင်ပြီးနောက် ယွင်ရှင်းယန်၏ လှပသောမျက်ဝန်းတို့မှာ ရုတ်တရက် တောက်ပလာခဲ့သည်။

စူးချန်ကဲ ဘေးတွင် ရှိနေခြင်းသည် သူမအား လုံခြုံစေသော ခံစားချက်ကို ရစေသည် ။

“မတွေ့တာကြာပြီ ဆရာတူအစ်ကိုကြီး စူး ၊ ဆရာတူ အစ်ကိုကြီးက ပိုပြီး သန်မာလာပုံရတယ် “

ယဲ့လင်ထျန်း လည်း ရောက်လာပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။

မျက်စံနှစ်မြွှာ ပိုင်ရှင်အနေဖြင့်၊ သူသည် သူတော်စင် ခန္ဓာကိုယ်၏ ရောင်ဝါကို အထူးသတိထားနိုင်သူ ဖြစ်သည်။

စူးချန်ကဲသည် ယခင်က ချောက်နက်ကြီးနှင့် တူပြီး ၊ သူ၏ အကြည့်တချက်သည် လူကို မွှေးညင်းများ ထသွားစေသည်။

ယခုမူ စူးချန်ကဲသည် ဤစကြဝဠာရှိ အောက်ခြေကိုတောင် မမြင်နိုင်သည့် တွင်းနက်ကြီးကဲ့သို့ သူ့ကိုကြည့်ဖို့တင် မပြောနဲ့ ၊ သူ့နား နီးကပ်သွားရုံဖြင့် နီးကပ်လာသူ၏ စိတ်ဝိညာဉ်ကိုပင်လျှင် ပြင်းထန်စွာ တုန်လှုပ်စေသည်။

တစ်နည်းအားဖြင့် ဆိုရသော် အလွန်ကို အန္တရာယ်များ‌သော အငွေ့အသက်ပေတည်း။

“ ဆရာတူ ညီလေးယဲ့ လည်း တစ်ခုခု ရခဲ့တဲ့ပုံပဲ ၊ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် လေ့လာသင်ယူကြရအောင်လား”

စူးချန်ကဲက အပြုံးမပျက် မေးလိုက်သည်။

ထိုစကားက ယဲ့လင်ထျန်း တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေခဲ့သည်။

လေ့လာသင်ယူမယ်?

သူသည် အချိန်စီးကြောင်း ဝဲဂယက်ထဲတွင် အခွင့်အရေး တချို့ရခဲ့သော်လည်း၊ စူးချန်ကဲလို နတ်ဆိုးမိစ္ဆာကောင်နှင့် ရင်ဆိုင်ရန် သူ့စိတ်ထဲတွင် အနည်းငယ် ကြောက်နေမိသည်။

သူသည် အတွေ့အကြုံရယူရန် နေရာမျိုးစုံ ခရီးထွက်ခဲ့ဖူးသော်လည်း ၊ လက်ရှိ သူကြုံတွေ့ဖူးသမျှထဲတွင် စူးချန်ကဲလို ပုံမှန်မဟုတ်သော လူမျိုး တခါမှ မတွေ့ဖူးပေ။

သူ၏ ရောင်ဝါတစ်ခုတည်းဖြင့် ရန်သူကို လုံးလုံးလျားလျား နှိပ်ကွပ်ထားနိုင်ပြီး ၊ ယခုအခါတွင်လည်း စူးချန်ကဲသည် မည်သို့သော ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်သည့် အခွင့်အရေးမျိုးကို ရရှိခဲ့သလဲ ဆိုတာ မသိရသေးသည့်အပြင် သူ၏ ရောင်ဝါသည် ယခင်ကထက် ပိုမို၍ ကြောက်စရာကောင်းလာသည်။

သူနဲ့သာ ယှဉ်ပြိုင်မည်ဆိုပါက ၊ ဖအေဖြစ်သူက သားဖြစ်သူကို ရိုက်နေတာနဲ့ မတူနိုင်ဘူးလား?

“အဟမ်း ဆရာတူ အစ်ကိုကြီးစူးကလည်း ၊ ကျွန်တော်ကို အဲ့လောက်ထိ မချီးမွှမ်းပါနဲ့ “

ထိုစဉ် စူးချန်ကဲ၏ နောက်တွင်ရှိနေသည့် ကူလင်အာကို ကြည့်ရင်း ဆိုလိုက်သည်။

“ ဆရာတူ အစ်ကိုကြီး သူက?”

ယဲ့လင်ထျန်းသည် စူးချန်ကဲ ၏နောက်တွင် ရှိနေခဲ့သော ကူလင်အာကို သတိပြုမိခဲ့သည်။

သူမသည် နက်မှောင်လွန်းသော ဆံနွယ်များ ၊ ထို့အပြင် နတ်ဆိုးစွမ်းအင်များစွာဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် မိမိ၏ စိတ်ဝိညာဉ်ကို အနည်းငယ် အေးစက်သွားစေသည်။

ယဲ့လင်ထျန်း၏ ကူကယ်ရာမဲ့နေသော ခံစားချက်ကို ခံစားမိသော စူးချန်ကဲက ခေါင်းခါရင်း ၊ တဖက်လူ၏ အဆင့်အတန်းကိုလည်း မနိမ့်ချချင်သောကြောင့် သူသည် အပြုံးမပျက် ဆိုလိုက်သည်။

“လူတိုင်းကို မိတ်ဆက်ဖို့ မေ့သွားတယ်”

“သူမက ရှေးနတ်ဆိုးမျိုးနွယ်စုရဲ့ ပရောဟိတ်ငယ် နာမည်က ကူလင်အာ တဲ့ ၊ သူမက နောက်ဆို ငါတို့နဲ့ အတူတူ လေ့ကျင့်လိမ့်မယ်”

“ရှေးနတ်ဆိုးမျိုးနွယ်စုရဲ့ ပရောဟိတ်ငယ် လင်အာ အားလုံးကို နှုတ်ဆက်ပါတယ် “

ကူလင်အာသည် စိတ်ဝင်စားမှုကင်းမဲ့ဟန်ဖြင့် မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။

သူမအတွက်တော့ ယခုအချိန်တွင် သူမကို ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသော သူမှာ ယဲ့လင်ထျန်း တစ်ယောက်တည်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။စူးချန်ကဲမှာမူ ၊

သိပ်ကို သန်မာလွန်းပေရာ ၊အဲ့အတွက် အဖြေမရှိ။

ကူလင်အာ၏ အတွေးများကို ခံစားမိပုံရသော စူးချန်ကဲသည် သူမကို ပေါ့ပေါးပါးပါး လှမ်းကြည့်လိုက်သည်။

သို့သော် ထိုအကြည့်က သူမကို ကြောက်ရွံ့တုန်လှုပ်စေသည်။

ထိုအေးစက်သော မျက်ဝန်းများက သူမအတွက် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်တည်မှုအလား ။ သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု လှိုင်းလုံးကြီးများ ပေါ်ထွက်လာခဲ့သည်။

“အားလုံး ကျွန်မကို လင်အာ လို့ ခေါ်ပါ !”

ပြောရင်းတန်းလန်း ၊ သူမသည် ကွေးယွမ်က လူတိုင်းကို လေးလေးနက်နက် ဦးညွှတ်ကာ

“ကျွန်မက အသစ်မို့လို့ အားလုံး သည်းခံပြီး ဆက်ဆံပေးကြပါဦး”

မူလက ဘုရင်မ တစ်ပါးလို အပေါ်စီးကနေခဲ့သော သူမသည် ယခုအခါတွင် ကြောင်လေးတစ်ကောင်လို လူတိုင်းကို ရိုရိုသေသေ နှုတ်ဆက်နေခဲ့သည်။

ဘယ်တတ်နိုင်မတုန်း ၊ တံစက်မြိတ်အောက် နေမှ‌တော့ ခေါင်းငုံ့ထားရုံပေါ့!

သူမသည် စူးချန်ကဲကို လုံးဝ အနိုင်ယူနိုင်စွမ်း မရှိချေ။

ထိုမြင်ကွင်းကို မြင်တွေ့‌နေရသော ကွေးယွမ် တပည့်များစွာ၏ မျက်နှာများမှာ ကြည်နူးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ ဆက်ခံသူသည်သာ အနှိုင်းမဲ့ !အချိန်စီးကြောင်း ဝဲဂယက်ထဲမှာ အသက်ရှင်ကျန်ရစ်သူများပင်လျှင် ဆက်ခံသူသခင်ရဲ့ လက်အောက်မှာ ခစားရတယ် ၊ ချန်ဖုန်း ရှေးခေတ် ပါရမီရှင်တွေတောင် ငါတို့ ဆက်ခံသူကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်တယ်၊ ဆက်ခံသူ သခင်က ဒီကမ္ဘာကြီးကို အုပ်စိုးနိုင်တဲ့ ဖြစ်တည်မှုပဲ!”

အသက်ရှင်ကျန်ရစ်သူများ၏ ဘိုးဘေးများသည် တစ်ချိန်က အမတဘုံ၏ သက်ရှိအပေါင်းအပါများဆိုတာ လူတချို့က မသိကြပေ။

သို့သော် ဤကဲ့သို့ အချိန်စီးကြောင်း ဝဲဂယက်တွင် မျိုးဆက်ကို မပြတ်စေဘဲ အသက်ရှင်ကျန်ရစ်နိုင်တယ်ဆိုကတည်းက သေချာပေါက် ၎င်းတို့၏ ဇာတ်မြစ်မှာ မရိုးရှင်းသူများပင် ဖြစ်ရမည်။

သို့သော် ထိုကဲ့သို့သော တန်ခိုးကြီးသော မျိုးနွယ်စုများထဲမှ ပါရမီရှင်များသည်ပင်လျှင် သူတို့၏ ဆက်ခံသူ သခင်ထံ ခစားကြရသည်။

စူးချန်ကဲ ခေါ်ဆောင်လာခဲ့သော လူသားမျိုးနွယ်စု၏ ပါရမီရှင်များသည်လည်း ကွေးယွမ်က လူတိုင်းကို အားကျနေသော အမူအရာများဖြင့် ကြည့်နေကြသည်။

သူတို့အားလုံးသည် စောနက ကြီးကျယ်ခမ်းနားသော အသွင်ပုံရိပ်ကို မေ့ပျောက်သွားခဲ့ပြီ ဖြစ်သော်လည်း၊

သို့သော် ချင်းချုံ မြေခွေးမျိုးနွယ်စု၏ ပါရမီရှင်များကို နှိမ်နင်းခဲ့သော စူးချန်ကဲ၏ သူရဲကောင်းဆန်သော အပြုအမူကို သူတို့အားလုံး မှတ်မိသေးသည်။

နတ်ဘုရားမကို ချေမှုန်းလျက် ၊ ထျန်းဇီကိုတောင် သတ်ဖြတ်ခဲ့သည်!

သူ့လက်ကို မြှောက်လိုက်သည်နှင့် အုပ်စုကြီးမှာ သေကြေပျက်စီးရသည် !

ဤအရာက သူတို့အား ဘဝသစ်ကို မတောင့်တဘဲ ဘယ်နေလိမ့်မည်နည်း?

“ဟိုလေ ကျွန်တော် ဂိုဏ်းကနေထွက်ပြီး ကွေးယွမ် သူတော်စင် နယ်မြေကို ဝင်လို့ရသေးလားဟင် ?”

“ဘာ? မင်းက ဂိုဏ်းကို သစ္စာဖောက်တာလား?”

“အာ မဟုတ်သေးပါဘူး ဆရာတူ အစ်ကိုကြီးကလည်း.. “

သို့သော် ထိုလူ၏ ရှင်းပြချက် မပြီးဆုံးခင် ၊

သူ၏ ဆရာတူ အစ်ကိုဖြစ်သူကလည်း ခေါင်းစဉ်ပြောင်းလိုက်သည်။

“ ကျွန်တော်လည်းပဲ ဝင်ချင်တယ်!”

လူတိုင်း ဆွံ့အသွားသည်။သူ၏ ဆရာတူအစ်ကိုကြီးသည် တကယ်ကိုပင် …

ခေတ်ရေစီးကြောင်း လိုက်နိုင်ပေသည် !

ကွေးယွမ် သူတော်စင် နယ်မြေတွင် တန်ခိုးကြီးမားသော ဆက်ခံသူ သခင်ရှိ‌နေသမျှ၊ အနာဂတ်သည် အကန့်အသတ်မရှိဟု ဆိုနိုင်သည်။

“ဟား ၊ အသက်ရှင် ကျန်ရစ်သူ မျိုးနွယ်စုကို နှိမ်နင်းနိုင်တာနဲ့ ငါတို့ကို ယှဉ်နိုင်တယ်တဲ့လား?”

“ အမြှောက်ခံလွန်းရင်က နာနာကျမှာ မကြောက်ဘူးလား?”

ထိုစဉ် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နေရာရွေ့ပြောင်းခြင်း မှော်သင်္ကေတများသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အတ်ိုင်း ဤကမ္ဘာကြီးပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်။

ဟင်းလင်းပြင်သည် ရုတ်တရက် ပွင့်လာပြီး၊အထဲမှ လူငယ်လေးတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည် ။

သူ၏ ရောင်ဝါသည် အလွန် အားကောင်းပြီး သူ့ဘေးနားက နဂါးစွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းသော နဂါးအစစ် တစ်ကောင်ကဲ့သို့ မြည်ဟည်းနေသည်။

၎င်းထံမှ ဖြာထွက်နေသော ခမ်းနားထည်ဝါသော ရောင်ဝါသည် လူတိုင်းကို ရင်တုန်သွားစေသည်။

ပါရမီရှင်တစ်ဦးက ထိတ်လန့်စွာ တုံ့ပြန်လိုက်သည်-

“ဒါဟာ နတ်နဂါးကျွန်းစုရဲ့ ချန်ဖုန်း ပါရမီရှင် လုံပါ့ထျန်း ပဲ!”

အပိုင်း(၁၁၃):ယုံကြည်မှုအပြည့်နဲ့ လုံပါ့ထျန်း ၊

မိုးတိမ်နဲ့ ရွှံ့ကြားက ခြားနားချက်

  ရွှမ်း!

ဆန်းကြယ်သော လှိုင်းဂယက်ဖြစ်ပေါ်သွားခဲ့ရာ ဟင်းလင်ပြင်တွင် လှိုင်းထသွားခဲ့သည်။

ထိုစဉ် ကောင်းကင်ယံမှ လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ရွှေနီရောင်ဝတ်လုံနှင့် ခရမ်းရောင် ခေါင်းစည်းကို ဆင်ယင်ထားသည်။၎င်း၏ ရောင်ဝါမှာ ထွန်းလင်းတောက်ပပြီး ဧကရာဇ်မင်းငယ် ကဲ့သို့ ထူးကဲလှပေသည်။သူ၏ မျက်ခုံးကြားထဲတွင် တဖက်သားအပေါ် လွှမ်းမိုးချုပ်ကိုင်သော ဟန်ပန်ကို တွေ့ရှိရသည်။

လူကို ပိုပြီးသတိပြုမိစေသောအရာမှာ သူ့ဦးခေါင်းထက်တွင် နဂါးဦးချိုတစ်စုံ ပါရှိခြင်းပင် ဖြစ်သည်။

နဂါးဦးချိုများသည် ရွှေဝါရောင်ကဲ့သို့ တဖိတ်ဖိတ် ဝင်းလက်တောက်ပနေပြီး ဆန်းကြယ်သော သက္ကတသံစဉ်များက ၎င်းအား လှည့်ပတ်ထားသည် ။

အထူးသဖြင့် ရွှေဝါရောင် မျက်လုံးများသည် သေမျိုးလောကကို အထင်သေးစွာဖြင့် ငုံ့ကြည့်နေသော တကယ့်နဂါးကြီးလိုပင်။

သူ့နောက်တွင် လူသားမျိုးနွယ်စုဝင် နောက်လိုက် အများအပြားရှိပြီး ၊ သာ့နိမ်(အနန္တစွမ်းအားရှင်)ပုဂ္ဂိုလ်များပင်လျှင် ပါဝင်သည်။

စူးချန်ကဲ၏ အမူအရာမှာ ပြောင်းလဲမသွားဘဲ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုတည်းသာ ရှိနေသည်။

တစ်နည်းအားဖြင့် ဆိုရသော သူ့ မျက်စိထဲ မထည့်ထားသလိုပင်။

“ငါက မင်း မျှော်မကြည့်နိုင်တဲ့ အမြင့်ကို ရောက်နေတာ ဆိုတော့ မင်း ငါ့ကို ဖြုတ်ချနိုင်မလားဆိုတာ “

“ မင်း အရည်အချင်း ရှိမရှိအပေါ် မူတည်တယ်”

“အိုး?”

နတ်နဂါး ကျွန်းမှ လုံပါ့ထျန်း သည် ထိုစကားကိုကြားတော့ စိတ်ဝင်စားသွားပြီး မျက်ခုံးပင့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

“ငါ အရည်အချင်း ဟုတ်လား?”

“ဒီနှစ်တွေအတွင်းမှာ ငါ့ကို ဒီလိုစကားပြောဝံ့တာ မင်းက ပထမဆုံးပဲ”

စူးချန်ကဲ၏ အစွမ်းထက်သော‌ အရှိန်အဝါကို သူ ခံစားနိုင်သော်လည်း ၊ သို့ဆိုတောင် သူ၏ ကျင့်ကြံအဆင့်သည် သူတော်စင် နယ်ပယ်တွေကိုတောင် ချိူးဖြတ်နိုင်တော့မည်ပင်။

ထို့အပြင်၊ သူသည် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားများကို ပိုင်ဆိုင်ထားပြီး

နဂါးမျိုးနွယ်စု၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် အလွန်အင်အားကြီးမားပေသည်။ ကောင်းကင်ဘုံ အာဏာရှင် နဂါးမှာဆိုရင်ဖြင့် နဂါးမျိုးနွယ်စုတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ကိုယ်ထည်ချင်း နှိုင်းယှဉ်ရမည်ဆိုတောင် ၊ ပြိုင်ဘက်၏ သူတော်စင် ခန္ဓာကိုယ်ကို သူ မကြောက်ပေ။

ဟားး!

ကူလင်အာသည် ထိုစကားကို ကြားတော့ မနေနိုင်ဘဲ ထရယ်လေသည်။ထို့စဉ် စူးချန်ကဲ အကြည့်ကို ခံစားမိပြီး ၊စူးချန်ကဲ သူမအပေါ် အပြစ်မြင်မှာကို စိုးရိမ်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

“တောင်းပန်ပါတယ် သခင်၊ ကျွန်မ တမင်သက်သက် လုပ်တာ မဟုတ်ပါဘူး ဒါပေမယ့် ကျွန်မ တကယ်ကို မထိန်းနိုင်လို့ပါ ဒါက အရမ်းရယ်စရာကောင်းတာပဲ”

ဒါ စူးချန်ကဲလို ထူးကဲတဲ့ ပုဂ္ဂိုလ်ရှေ့မှာ အာကျယ်အာကျယ် လုပ်နေတာ မဟုတ်လား?

ထပ်ပြောရရင် သခင်အားကိုးနဲ့ ဟောင်နေတာပဲ! မိုက်ရူးရဲဆန်လိုက်တာ!

“ သွားမယ် ၊ အထဲ ဝင်ရအောင်”

စူးချန်ကဲသည် ခေါင်းယမ်းလိုက်ပြီး နတ်နဂါး ကျွန်းစုက လုံပါ့ထျန်းကို တစက်ကလေးမှ လှည့်မကြည့်ခဲ့ပေ။

နတ်နဂါး ကျွန်းစုသည် စစ်မှန်သော နဂါးတို့၏ နယ်မြေဆိုတာ လူတိုင်းက ပြောကြသော်လည်း ၊ သူ့မျက်လုံးထဲမှာတော့ ခွေးအသိုက်ထက် ဘာမှ မပို‌ချေ။

သို့သော်လည်း လုံပါ့ထျန်း၏ နောက်တွင် ရှိနေခဲ့သော အမျိုးသမီးတစ်ဦးက ကဲ့ရဲ့ရှုံ့ချလိုက်သည်-

“ ကိုယ့်အိမ်အကူကို ရှေ့ထွက်ဟောင်ခိုင်းတာ

ဒီလို လူသားတစ်ယောက်က မျိုးဆက်သစ်လူငယ်တွေရဲ့ ပထမဆုံး ဂုဏ်ယူထိုက်သူ ဖြစ်သင့်သလား”

ဤစကားများသည် နေရာမှ ထွက်ခွာရန်စီစဉ်နေသော ကွေးယွမ်က လူတိုင်းကို ရပ်တန့်သွား‌စေခဲ့ပြီး ၊ စကားလာရာလမ်းကြောင်းကို လှမ်းကြည့်လိုက်ကြသည်။

ဆွဲဆောင်မှုရှိသော အသွင်အပြင် ၊ မလုံ့တလုံ အဝတ်အစားမျိုးကို ဝတ်ဆင်ထားသော လှပသော အမျိုးသမီးလေး တစ်ယောက်ကို မြင်လိုက်ရသည်။

သူမ၏ နဖူးတွင် အနက်ရောင် မြွေ အမှတ်အသားတစ်ခု ရှိနေပြီး ၊ သူမ၏ မျက်လုံးများတွင် ဆိုးသွမ်းသော သဘောသဘာဝ တစ်ခု ရှိနေသည်။

စူးချန်ကဲ လည်း လှည့်ကြည့်လာခဲ့သည်။တချက်ကြည့်ယုံဖြင့် ထိုမိန်းကလေးသည် ‘အသက်ရှင် ကျန်ရစ်သူ’ ဖြစ်ကြောင်း တန်းသိနိုင်သည်။

သူမသည် လုံပါ့ထျန်း နှင့် အတူ ထွက်လာခြင်း ဖြစ်နိုင်သည်။

“အဲ့ မကောင်းဆိုးဝါးမလေးက မန့်ထောမြွေမျိုးနွယ်စုကပဲ ၊ အဆိပ်ကို ကောင်းကောင်း အသုံးချတတ်တယ် ၊ တစ်ချိန်က သူမတို့ကို အမှောင်ထု မျိုးနွယ်စု လို့ သတ်မှတ်ကြတယ် “

ကူလင်အာက မခိုးမခန့် ထပ်ဆိုလိုက်သည်။

“ဒီမျိုးနွယ်စုက အရင်က နာမည်ဆိုးနဲ့ ကျော်ကြားပေမဲ့ အခုချိန်မှာတော့ လူတချို့က သူတို့ကို နောက်လိုက်တွေအဖြစ် လက်ခံပေးထားတယ်လေ ၊ ဂျိုကုတ်ရှိရာ ဂျိုးကုတ်လာပေါ့”

ဤစကားများသည် နတ်နဂါး ကျွန်းစုမှ လုံပါ့ထျန်းကို ပို၍ မျက်နှာပျက်သွားစေသည်။

သူ့နောက်လိုက်များသည်လည်း ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်လျက် အသင့်‌နေထားကြသည်။

သို့သော် စူးချန်ကဲ၏ နောက်လိုက် အစေခံ တစ်ယောက်က သူ့ကို တကယ်ပဲ ကြိမ်းမောင်းပြောဆိုသတဲ့လား?

သူ ဆိုတဲ့လူက နတ်နဂါးကျွန်းစုရဲ့ ထိပ်တန်းပါရမီရှင် တစ်ယောက်လေ ၊ ဒါတင် ဘယ်ကမလဲ အနာဂတ်မှာ နတ်နဂါးကျွန်းစုရဲ့ ဆက်ခံသူဖြစ်လာမည့်သူ !

အဆင့်အတန်းချင်း ယှဉ်ရင် ၊ သူနဲ့ စူးချန်ကဲက

ဘိမ်မသာလိမ်မသာပဲ !

တစ်ဖက်လူရဲ့ နောက်လိုက် အစေခံမ တစ်ယောက်က သူ့ကို ရန်စဝံ့သတဲ့လား ။

“ အဟောင်‌ကောင်းတဲ့ ခွေး ဆိုတော့လည်း..”

သို့သော် မန့်ထော မြွေမျိုးနွယ်စုမှ မိန်းကလေးခမျာ သူမ၏ စကားတောင် မဆုံးသေးခင် ၊ကူလင်အာသည် အနက်ရောင် လျှပ်စီးကြောင်းလင်းလက်သွားသကဲ့သို့ မူလ နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ၊ အနက်ရောင် ပင့်ကူခတ္တာ ပန်းတစ်ပွင့်သာ လွင့်မျောနေခဲ့သည်။

လျှို့ဝှက် ဆန်းကြယ်ပြီး အရာအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိသကဲ့သို့ ဟင်းလင်ပြင်ကြီးမှာ တုန်ဟည်းနေခဲ့သည်။

ချက်ချင်းဆိုသလို ရင်ခုန်သံများ တဒိတ်ဒိတ်ဖြင့် ။

အားလုံး အကြည့်တောင် မလွဲနိုင်ပေ။

“ဒါ..”

လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ‌ သော အခိုက်အတန့်တွင် ၊ မန့်ထော မြွေမျိုးနွယ်စုဝင် မိန်းကလေးမှာ သွေးများ စွန်းထင်းနေပြီး သူမ၏ လက်တစ်ဖက်မှာ ပျောက်ဆုံးသွားခဲ့လေပြီ။

ယခုအချိန်တွင် သူမသည် သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး နာကျင်စွာ ငိုကြွေးနေလေသည်။

ထိုအမျိုးသမီး၏ ကျောဘက်တွင် ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော အနက်ရောင် ပင့်ကူခတ္တာပန်း တစ်ပွင့် ရှိနေခဲ့ပြီး သူမ၏ အသွေးအသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။

မြွေမိန်းကလေးသည် ထရန် ရုန်းကန်လိုက်သော်လည်း သူမ နောက်ကွယ်ရှိ ပင့်ကူခတ္တာပန်း၏ နတ်ဆိုးစွမ်းအင်များသည် တဟုန်ထိုး ထကြွလာခဲ့ပြီး သူမအား နတ်ဆိုးတောင်ထွပ် သဖွယ် နှိပ်ကွပ်ထားလေရာ သူမ အနေဖြင့် ဘာမှမတတ်နိုင်ခဲ့ချေ။

“နောက်ဆို မင်းရဲ့ ဘဝသက်တမ်း တစ်လျှောက် ဘယ်သူ့ကို စော်ကားလို့ ရတယ် ၊ ဘယ်သူ့ကို မင်း မစော်ကားရဘူးလဲဆိုတာ မှတ်မိနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

စကားအဆုံးတွင် ၊ နတ်ဆိုး စွမ်းအင်များသည် အနက်ရောင် မီးတောက်သဖွယ် ပြင်းထန်စွာပေါက်ကွဲသွားပြီး ထိုမိန်းကလေးမှာ အဝေးသို့ လွှင့်ပျံကျသွားခဲ့သည် ။

အစကနေ အဆုံးထိ မြင်လိုက်ရသော ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြပြီး ၎င်းတို့၏ စိတ်နှလုံးများပင်လျှင် တုန်လှုပ်သွားကြသည်။

သူမတို့ နှစ်‌ယောက်သည် အချိန်စီး‌ကြောင်းမှ ‘အသက်ရှင်ကျန်ရစ်သူများ’ ဖြစ်ကြသော်လည်း စူးချန်ကဲ၏ နောက်လိုက် မိန်းကလေးက ပို၍ အစွမ်းထက်နေခဲ့သည် ။

သို့သော် စူးချန်ကဲနှင့် မျက်နှာချင်းဆိုင် ရှိနေခဲ့သော လုံပါ့ထျန်းမှာ ပို၍မှုန်သုန်လာခဲ့သည်။

နောက်လိုက်အချင်းချင်း တူတောင် ၊ သူ၏ နောက်လိုက်မှာ လွန်စွာ ညံ့ဖျင်းလွန်းပေသည်။တစ်နည်းအားဖြင့် ဆိုရသော် သူသည် စူးချန်ကဲထက် ညံ့တယ်‌ဆိုတဲ့သဘော မသက်ရောက်ပေဘူးလား?

ဤအရာက အမြဲတမ်း ဂုဏ်ယူမှု အပြည့်ရှိသော သူ့ မျက်နှာအား မီးသွေးခဲဖြင့် သုတ်လိုက်သလိုပင် ။

“ လုံပါ့ထျန်း ၊ နင် ဒီလောက်အကြာကြီး လေ့ကျင့်လာတာ ၊ နောက်လိုက်မိန်းကလေးရဲ့ ရန်စမှုကိုတောင် ပြန်ပြီး မတုံ့ပြန်ရဲဘူးလား?”

“နောက်ဆုံးတော့ နင်လည်း ငါးအပုတ်တစ်ကောင်လို ဖြစ်သွားခဲ့ရပြီလား”’

ရုတ်​တရက်​ ​အာကာသ ဟင်းလင်းပြင်တွင် ထပ်မံ လှိုင်းထသွားခဲ့ပြန်သည်။

အာကာသ‌မှော်သင်္ကေတများက တဖျပ်ဖျပ် ရိုက်ခတ်လျက် လမ်းကြောင်းတစ်ခု ပွင့်လာခဲ့သည်။

ဖီးနစ်ဝတ်လုံတော်ကို ဝတ်ဆင်ထားကာ အေးစက်သော အသွင်အပြင်ရှိပြီး ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် လှပသော မိန်းကလေးတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

တဟုန်းဟုန်း လောင်မြိုက်နေသော မီးလျှံများက သူမကို ရစ်ပတ်ထားပြီး ၊ သူမ၏ နဖူးပေါ်က ဖီးနစ်အမှတ်အသားသည် သဘာဝက ဖန်ဆင်းထားသကဲ့သို့ အသက်ဝင်လှသည်။

အထူးသဖြင့် အဆုံးမရှိသော နတ်မီးလျှံများပါ၀င်ပုံရသော သူမ၏ ဖီးနစ်မျက်ဝန်းအစုံပင်။

သူမ၏ နောက်တွင် တန်ခိုးကြီးမားသော ရောင်ဝါများဖြင့် ပြည့်နှက်နေသော များစွာသော ‌နောက်လိုက်များ ရှိနေပြီး ၊သူမ၏ ဘေးတွင် ကြယ်စင်များ ဝန်းရံထားသကဲ့သို့ စောင့်ရှောက်နေသည်။

“အဲဒါက ဖီးနစ်ဂူထဲက သခင်မ ဟွမ်လော့ရှင်းပဲ!”

မကောင်းဆိုးဝါး မျိုးနွယ်စုဝင် ပါရမီရှင်တစ်ဦးက ဝမ်းသာအားရဖြင့် ထ အော်လိုက်သည်။

သူမသည် သူတို့ မကောင်းဆိုးဝါး မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ၊ယခုအချိန်တွင် သူတို့မကောင်းဆိုးဝါး မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ဆောင်ကျဉ်းပေးနိုင်မည့်သူ နှစ်ဦးတော့ ရှိလေပြီ ။

“ဖီးနစ်ဂူ ? ဒါ မကောင်းဆိုးဝါး မျိုးနွယ်စုဝင်ထဲမှာ ဧကရာဇ်မျိုးနွယ်တွေပဲ မဟုတ်ဘူးလား”

“ ချန်ကဲ ဆက်ခံသူတော့ အန္တရာယ်ရှိပြီနဲ့ တူတယ် ၊ ဖီးနစ်ဂူက တစ်ချိန်က ကွေးယွမ် သူတော်စင် နယ်‌မြေနဲ့ စစ်ခင်းဖူးတယ် “

သူတို့ သိချင်နေကြသည်။အကယ်၍ မကောင်းဆိုးဝါး မျိုးနွယ်စု၏ ဧကရာဇ် မျိုးနွယ်စု နှစ်စု သည် စူးချန်ကဲကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့မည်ဆိုပါက ၊ စူးချန်ကဲ မည်သို့ တုံ့ပြန်မည်နည်း။

လုံပါ့ထျန်း သည် စူးချန်ကဲ ကို အေးစက်သောမျက်လုံးများဖြင့် ကြည့်နေသည်။

စူးချန်ကဲ၏ နောက်လိုက်မိန်းကလေးသည် သူ၏ နောက်လိုက်ကို အနိုင်ယူခဲ့သော်လည်း၊ သို့‌သော် ထိုလုပ်ရပ်သည် လူအများ၏ ရှေ့တွင် သူ့ကို အရှက်ခွဲသလိုဖြစ်ရာ ပို၍ ဒေါသထွက်လာခဲ့သည်။

အတိုင်းအတာတစ်ခုအထိ သူ့ဘက်က ပြန်မလုပ်ပါက ၊ ဒါဆို သူက တခြားသူတွေရဲ့ ဟာသဖြစ်မသွားနိုင်ဘူးလား?

သူသည် စူးချန်ကဲကို ပြောရန် ဟန်ပြင်လိုက်သော်လည်း ၊ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး အနည်းငယ် ပြုံးလိုက်သည်။

သူ၏ နှလုံးသားထဲက အကြင်နာကင်းမဲ့မှုကို ဖုံးကွယ်လိုက်ပြီး ကူလင်အာကို နူးညံ့သောအကြည့်များဖြင့် ကြည့်လိုက်သည်။

“ မိန်းကလေး ၊ ကျင့်ကြံရေးလောကမှာ အရှားပါးဆုံးအရာက ကျင့်ကြံ အရင်းအမြစ်တွေပဲ “

“တကယ်လို့ မိန်းကလေးသာ ငါ့နောက်လိုက် လုပ်မယ်ဆိုရင် ၊ ငါ နတ်နဂါးကျွန်းစုက စူးချန်ကဲ မင်းကို ပေးမယ့် အရင်းအမြစ်ထက် နှစ်ဆ ပိုပေးဖို့ ဆန္ဒရှိပါတယ်”

“ ပြီးတော့ “

ထိုစဉ် သူ့မျက်လုံးများမှ နတ်အလင်းရောင် တစ်ခု ဖြာထွက်လာခဲ့ပြီး ၊ နဂါးစွမ်းအင်များ ကြွတတ်လာခဲ့သည်။

သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ဖြင့် !

“ငါ မင်းကို ဒီကမ္ဘာရဲ့ ထိပ်​ဆုံး​အထိ ရောက်အောင် တွန်းပို့ပေးနိုင်တယ်​!”

ထိုစကားကို ကြားလိုက်ရချိန် အားလုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အေးစက်သွားသည်။

တဖက်လူသည် စူးချန်ကဲ၏ ရှေ့‌မှောက်တွင် သူ၏ နောက်လိုက်အား ပေါ်တင် ခိုးယူနေခြင်းပင် ဖြစ်သည် ။

ဒါ ဘာလဲ?

စူးချန်ကဲရဲ့ နောက်လိုက်မိန်းကလေးကို ကမ္ဘာ့ထိပ်တန်းရောက်အောင် ပို့မယ်လို့တောင် အာမခံလိုက်သေးတယ် !

ဤစကားသည် သွယ်ဝိုက်သော နည်းဖြင့် ဆိုလိုက်ခြင်းပင်။စူးချန်ကဲသည် အားနည်းသည်။သူ့နောက်လိုက် လုပ်မည်ဆိုပါက တိုးတတ်စရာ လမ်းမရှိပေ။ လုံပါ့ချန်၏ နောက်လိုက် လုပ်ရန် ရွေးချယ်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်သည်။

သို့သော် ကူလင်အာ ကတော့ မျက်တောင် တချက်မှ မခတ်ဘဲ အော်ပြောလိုက်သည်။

“သွားစမ်း နင့်ကိုယ်နင် ဘယ်သူလို့ထင်နေလဲ”

မူလက လုံပါ့ထျန်းသည် သူ၏ ကမ်းလှမ်းချက်မှာ တဖက်လူအတွက် ကြီးမားသော အခွင့်အလမ်း တစ်ခုဖြစ်သောကြောင့် ငြင်းဆန်မည် မဟုတ်ဟု ယုံကြည်ထားသည်။

ကူလင်အာ ကတော့ နှာခေါင်းရှုံ့လိုက်သည်။ လုံပါ့ထျန်းသည်လည်း စွမ်းအားကြီးမားပေသည်။သို့သော် စူးချန်ကဲနှင့် ယှဉ်လိုက်မည် ဆိုပါက ၊

ကောင်းကင်ဘုံ ကိုးထပ်က နတ်ကျောက်တုံးနှင့် ရွှံ့နွံထဲတွင် ပုန်းအောင်းနေသော မြေစိုင်ခဲ တို့မှာ နှိုင်းယှဉ်စရာပင် မရှိ။

  အပိုင်း(၁၁၄): ကြက်သွန်မြိတ်တို့ ရိတ်သိမ်းရာခေတ်

  “ဟား”

ဟွမ်လော့ရှင်းက ရယ်လေသည်။

“ အိုင်ယား နောက်လိုက် အဆင့်ကတောင် နင့်ကို အထင်မြင်သေးနေတာပဲ”

ဟွမ်လော့ရှင်း ဤသို့ပြောလိုက်ရခြင်းမှာ တကယ်တော့ သူမတွင် ဗျူဟာတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ သူမသည် အနာဂတ်တွင် စူးချန်ကဲ နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

လုံပါ့ထျန်း နှင့် စူးချန်ကဲတို့ကြား ပဋိပက္ခ ဖြစ်ခဲ့မည်ဆိုပါက ၊ သူမအနေဖြင့် စူးချန်ကဲ၏ ခွန်အားတစ်စိတ်တစ်ပိုင်းကို လေ့လာနိုင်မည် ဖြစ်သည်။

စူးချန်ကဲကို ဖျက်ဆီးနိုင်မည့် သူမ၏ အစီအစဉ်အတွက်လည်း အထောက်အကူ ဖြစ်ပေလိမ့်မည်။

အဲ့တော့ ဘာကြောင့် ဂုန်းမချောနိုင်ရမှာတုန်း?

မျှော်လင့်ထားသည့်အတိုင်း ဟွမ်လော့ရှင်း၏ စကားများသည် လုံပါ့ထျန်း၏ ဒေါသကို လုံးလုံးလျားလျား နှိုးဆွနိုင်ခဲ့သည်။

နတ်နဂါးကျွန်းစုရဲ့ ပါရမီရှင်တွေက ဘယ်တုန်းကတည်းက ဒီလောက်ထိ လိပ်သား စားသွားတာတုန်း?

သူတို့နဂါးမျိုးနွယ်စုလောက် ဒေါသကြီးတာ သူတို့ပဲ ရှိတယ် !

“ကောင်းတယ် ၊ ငါ့လက်အောက်ငယ်သားတွေကို ဒဏ်ရာရအောင် လုပ်တဲ့အတွက် တန်ကြေးပြန်ဆပ်ရမယ်!”

သို့သော် သူ ဘာမှမလှုပ်ရှားရသေးခင် ၊

အေးစက်စက် အသံတစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်လျက် ပျံ့လွှင့်လာသည်။

“ ကျုပ် စူး မျိုးနွယ်က အလှပြထားယုံသက်သက်လို့ ထင်နေလား?”

ဘုန်း!

ကောင်းကင်ယံရှိ လေနှင့် တိမ်စိုင်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး မူလက ကြည်လင်နေခဲ့‌သော ကောင်းကင်ကြီးသည် ယခုအချိန်တွင် ပို၍ပင် မှောင်မိုက်လာခဲ့သည်။

လူတိုင်းသည် ဝတ်ရုံဖြူ ပုံရိပ်ကို ကြောက်လန့်တကြားဖြင့် စိုက်ကြည့်နေကြသည်။သူ့ဆီမှ ပျံ့နှံ့လာသော အေးစက်လွန်းသည့် လူသတ်တော့မည့် စိတ်ဆန္ဒများသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဖြစ်စဉ်များကို တောင် ထိခိုက်သွားစေသည်။

တခဏချင်းမှာပင် ၊ ပတ်ဝန်းကျင်တစ်ခုလုံး ဆောင်းရာသီ၏ ဒွါဒသမစန္ဒြလသို့ ဝင်ရောက်သကဲ့သို့ ဖြစ်ပေါ်လာသော အအေးဒဏ်တို့သည် သူတို့၏ သွေးကိုတောင် ခဲသွားစေနိုင်သည်။

ချက်ခြင်းဆိုသလို ၊ အဝိစိငရဲတွင်းမှ ထွက်လာသလား အောက်မေ့ရသည့် အလွန်အေးစက်သော အသံတစ်ခုသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“မင်းသေချင်ရင် မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့”

စူးချန်ကဲ၏ စကားသံ ထွက်ပေါ်လာသည်နှင့် ၊

ထျန်းကျီ ကျွန်းရှိ အပူချိန်သည် သိသိသာသာ ကျဆင်းသွားပြီး ၊ မှောင်မိုက်သော တိမ်တိုက်များက ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသော နေမင်းကြီးအား လုံးဝအပြီးတိုင်း ဖုံးအုပ်သွားလေသည်။

အေးစက်သော ကမ္ဘာကြီး၏ အပြုံးတချက်သည် မည်သူမျှ မယှဉ်နိုင်သော သတ်ဖြတ်သော ဆန္ဒများဖြင့် ပြည့်နှက်နေသော လူသတ်သမား၏ အပြုံးအလား အောက်မေ့ရသည်။

ယခုအချိန်အခိုက်အတန့် ၊ ထျန်းကျီ ကျွန်းရှိ လျှို့ဝှက်ခန်းငယ်လေး တစ်ခု၌ ၊

လေ့ကျင့်ရေး ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် အနားယူနေသော လက်ရှိ ကျွန်းပိုင်ရှင်လည်း ဖြစ်သည့် အဘိုးအိုသည် အအေးဓာတ်ကြောင့် နိုးထလာခဲ့သည်။

သူ၏ မျက်လုံးများက ပြူးလျက်သား မြည်တမ်းလိုက်သည် ။

“ဒီလောက် ကြောက်ဖို့ကောင်းတဲ့ လူသတ်မယ့် စိတ်ဆန္ဒတွေ ၊ သူ့လက်ထဲ ပါရမီရှင်တွေ ဘယ်လောက်တောင် သေဆုံးခဲ့ပြီလဲ”

“ ထျန်းရှ၊ အာကာသကို ထိုးဖောက်စေ!”

သူသည် ယခင်က ထျန်းကျီ ကျွန်းအတွက် ဟောကိန်းထုတ်ခဲ့ဖူးသည်။သူတို့ ထျန်းကျီ ကျွန်း၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့်သူသည် လူကောင်းတစ်ယောက်လည်း မဟုတ်နိုင်သလို လူဆိုးတစ်ယောက် မဟုတ်တာလည်း သေချာပေသည်။

ချက်ချင်းဆိုသလို ၊ အလင်းနှင့် အမှောင်တို့ သည် ရောယှက်လျက် ပုံရိပ်ယောင်များကို ဖြိုခွဲပစ်လိုက်သည်။

သူ့အမြင်မှာတော့ စူးချန်ကဲက ဒီလိုလူပင်။

၎င်းသည် အမတ အရှင် တစ်ပါးကဲ့သို့ အသွင်အပြင်မျိုးဖြင့် ၊ ဝတ်ရုံဖြုကို ဆင်မြန်းလိုက်ချိန်မှာတော့ သေမျိုးလောကထဲသို့ လမ်းလျှောက်လာသော အမတ အရှင် တစ်ပါးအလား အောက်မေ့ရသည်။

သို့သော် ပါရမီရှင်များစွာသည် သူ့လက်ထဲတွင် ကြေကွဲဖွယ်ရာ သေဆုံးသွားခဲ့ရပြီး ၊ ၎င်း၏ အမှောင်ဘက်ခြမ်းတွင် စီးဆင်းနေသော သွေးမြစ်ချောင်း ရှိနေခဲ့သည်။

ဤမျှ ပြင်းထန်သော သတ်ဖြတ်တော့မည့် စိတ်ဆန္ဒသည် လူတိုင်း၏ ဦးခေါင်းထက်တွင် ဆိုင်းငံ့ထားသော ဓားတစ်လက်အလား။

တချို့သော ပါရမီရှင် လူငယ်များဆိုရင်ဖြင့် အသက်ပင် မရှုဝံ့ကြပေ။ အလွန်အမင်း အသက်ရှုလိုက်ပါက ၎င်းတို့၏ ဦးခေါင်းထက်တွင် ဆိုင်းငံ့ထားသော ထက်မြက်သော ဓားတစ်လက်သည် သူတို့၏ ခေါင်းကို ချက်ချင်းဆိုသလို ခုတ်ဖြတ်သွားမည်ကို စိုးရိမ်နေသောကြောင့်ပင် ဖြစ်သည်။

ဟွမ်လော့ရှင်း နှင့် လုံပါ့ထျန်း တို့သည်လည်း သူတို့၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းတံပိုးများကို ခံစားခဲ့ရပြီး ၊ လူသတ်တော့မည့် စိတ်ဆန္ဒများက လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

သို့သော်လည်း လုံပါ့ထျန်းသည် ယခုအချိန်တွင် အရှုံးကို ဝန်ခံရန် ငြင်းဆန်ဆဲပင် ဖြစ်သည်။အကယ်၍ သူသာ နောက်ဆုတ်လိုက်မည်ဆိုပါက ၊

နောက်တွင် သူသည် လူများကြားတွင် ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။

ဒါကိုတွေးရင်း သူ၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ဖျက်ခနဲ့ လင်းလက်သွားခဲ့သည်။

“ ဒဏ္ဍာရီလာ ကွေးယွမ်ရဲ့ ဆက်ခံသူဆိုတာ ကမ္ဘာကပြောသလို တကယ်ပဲ တန်ခိုးကြီးသလားဆိုတာ ငါ ကြည့်ချင်သေးတယ်!”

လုံပါ့ထျန်းမှာ အမျက်ဒေါသ တထောင်းထောင်းဖြင့်။

လွန်စွာအားပြင်းသော နဂါးစွမ်းအင်များ ချက်ခြင်းဆိုသလို ထကြွလာခဲ့ပြီး ၊သာ့နိမ်(အနန္ဒစွမ်းအားရှင်)ပြီးပြည့်စုံအဆင့် စွမ်းအားများသည် လူတိုင်းကို အပြာရောင် ကောင်းကင်ကြီးအလား အုပ်မိုးထားပေရာ ၊ ကျင့်ကြံသူ တချို့မှာ ဖြူဖပ်သွားပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးယိုကျလာသည်။

သူသည် ကောင်းကင်ကို မော့ကြည့်ကာ ဟစ်ကြွေးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်တွင်းရှိ ကြီးကျယ်ခမ်းနားသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ၊ ကြီးမားသော နဂါးအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ထက်ဝက်ကို တခဏချင်း သိမ်းပိုက်လိုက်သည်။

နဂါး၏ ဟောက်ဟိန်းသံသည် ကောင်းကင်ကို တုန်လှုပ်သွားစေပြီး ၊နဂါး၏ ပါးစပ်ထဲမှ ပျက်သုန်းခြင်း မိုးကြိုးများ ရှိနေသလို ၊ သူ့အဖော်အဖြစ်အနေနဲ့ လက်သီးအလင်းတချက် ထွက်ပေါ်လာခဲ့သည်။

နတ်နဂါးကျွန်းရဲ့ မှော်ပညာ!

နဂါး လက်သီး!

ဟိန်းသံ! !

နတ်နဂါး၏ မြည်ဟိန်းသံကြောင့် ကောင်းကင်တခွင်လုံး တုန်လှုပ်သွားခဲ့ရသည်။

ကြည့်ရှုသူလူတိုင်း၏ အမြင်တွင်၊လုံပါ့ထျန်း၏ လက်သီးသည် အလွန် အစွမ်းထက်သော နဂါးတစ်ကောင်အလား သူတို့ကို သတ်ဖြတ်ရန် ဆင်းသက်လာသလိုပင် ။

ဤသည်မှာ ရှေးခေတ် အများနှင့်မတူ တစ်မူထူးပေသော အစွမ်းသတ္တိပင် မဟုတ်လော။

ယနေ့ခေတ် မျိုးဆက်သစ် လူငယ်လေးများ ဤနေရာတွင် ရှိနေခဲ့မည်‌ဆိုပါက ၊ ၎င်းလက်ချက်အောက်တွင် အသက်ပျောက်သွားမှာကို စိုးရပေသည်။

ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို စူးချန်ကဲအနေဖြင့် မည်သို့သော ထိုးစစ်မျိုးနှင့် ရင်ဆိုင်မည် ‌ဆိုတာကို သူတို့ လုံးဝ စိတ်ကူးမယဉ်နိုင်ပေ။

လုံပါ့ထျန်း၏ လူသတ်မည့် စိတ်ဆန္ဒများမှာလည်း ပြင်းထန်ပေသည်။

ငယ်ငယ်ရွယ်ရွယ် အများလေးစားရသည့် လူသားတစ်ယောက် ဆို‌တောင် ဘာဖြစ်လဲ?

သူ လူသတ်ဖူးတာ ဒီနေ့တစ်ရက်တည်းလား?

ယနေ့တွင် ၊

ဒီစူးချန်ကဲသည် သူ၏ ကျော်ကြားမှုအတွက် အသုံးချခံရမည့် ခြေနင်းပြားသာသာပင်။

“ နတ်နဂါးကျွန်းရဲ့ ရှေးမှော်ပညာတဲ့လား? ကြည့်ရတာ လူကြီးမင်း ပါ့ထျန်းက အရမ်း ဒေါသထွက်နေပုံပဲ!”

“ဒီလောက်ဝေးတာတောင် လူကြီးမင်း ပါ့ထျန်းရဲ့ လက်သီးချက်ကနေ ထွက်လာတဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကို ငါ ခံစားရတယ်”

“လူကြီးမင်း ပါ့ထျန်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မရေမတွက်နိုင်တဲ့ လူသားမျိုးနွယ်စု ပါရမီရှင်များကို သတ်ဖြတ်ခဲ့တုန်းကလည်း ဒီရဲ့ နဂါးလက်သီးကို အသုံးပြုခဲ့တာ ၊ ဒီတခါတိုက်ပွဲက နဂါးလက်သီးရဲ့ ဂုဏ်သတင်းကို တဖန် ရေပန်းစားစေတော့မှာပဲ”

လူသား ကျင့်ကြံသူများသည် လုံပါ့ထျန်း နောက်လိုက်များ၏ ဆွေးနွေးမှုများကို စူးစူးစိုက်စိုက် နားထောင်နေကြသည်။

လုံပါ့ထျန်း သည် ရှေးမှော်ပညာကို အသုံးပြုခဲ့မှန်း ကြားသိပြီးနောက်။

တချို့လူများက ‌ဆိုလိုက်ကြသည်။

“ကြည့်ကြစမ်း၊ ဒါက နတ်နဂါး ကျွန်းစုရဲ့ နာမည်ကြီး နဂါးလက်သီး မလား”

အခြားသော လူသားမျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင် တစ်ဦးက ထဆိုလိုက်သည်။

“ ဟုတ်တယ် ၊ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ နဂါးစွမ်းအင်နဲ့ ဧရာမ နဂါး ဒါ ရှေးဟောင်း စာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ နဂါးလက်သီးနဲ့ အလွန် ဆင်တူတယ်”

ထိုပါရမီရှင်၏ ရှင်းပြချက်ကို နားထောင်မှု အပြီးတွင် လူတချို့မှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

နဂါးလက်သီးသည် ၊ဒဏ္ဍာရီအရ နတ်နဂါး ကျွန်းစု မွေးဖွားလာကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့သည့် ရှေးဟောင်းလျှို့ဝှက်စာအုပ်များထဲက မှော်ပညာရပ် တစ်ခုဖြစ်သည်ဟု ဆိုကြသည်။

၎င်းကို အဆင့်လေးဆင့် ခွဲခြားထားသည်။

နဂါးထိန်းချုပ်စွမ်းအင် ပထမအဆင့်။

နတ်နဂါးအဖြစ် ပြောင်းလဲခြင်း ဒုတိယအဆင့်။

တစ်ကမ္ဘာလုံးကို နှိပ်ကွပ်ခြင်း တတိယ အဆင့်။

ထာဝရကို ဖြိုခွဲခြင်း စတုတ္ထအဆင့် ဟူ၍ ဖြစ်သည်။

လွန်ခဲ့သော ရာစုခေတ်ကတည်းက၊ လုံပါ့ထျန်းသည် မရေမတွက်နိုင်သော လူသားမျိုးနွယ် ပါရမီရှင် များစွာအား ၎င်းပညာရပ်ကို အသုံးပြု၍ သတ်ပစ်ခဲ့ရာမှ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒီတစ်ကြိမ်မှာတော့ စူးချန်ကဲ၏ တုံ့ပြန်မှုကို ကြည့်ရပေတော့မည်။

သူ့မျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိပေ။ သူ့အတွက်တော့ လုံပါ့ထျန်းသည် ကြက်သွန်မြိတ်ထက် ဘာမှ မပိုပေ။

လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် ၊

စူးချန်ကဲ သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။သူ့လက်ထဲတွင် စူးရှတောက်ပသော နတ်အလင်းတန်းများ စိမ့်ဝင်လာနေပြီး သူ့လက်ဖဝါးကို တွန်းလိုက်သည်နှင့် တခဏချင်း ပေါက်ကွဲထွက်လာသည် ။

ဖန်ထျန်းလက်ဝါးသိုင်း!

ဖန်ထျန်းလက်ဝါးသိုင်း ဖိနှိပ်စွမ်းအား၏ အရှိန်အဟုန်သည် အလျင်အမြန် တိုးလာပြီး နောက်ဆုံးတွင် ကောင်းကင်ကို ဖုံးလွှမ်ထားသော လက်ငါးချောင်းအသွင် တောင်ထွပ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နတ်နဂါး နှင့် မြင့်မြတ်သော တောင်ထွပ်ကြီးတို့ ဆုံတိုက်မိလေရာ ၊

ဝုန်း !

ဥက္ကာခဲများ ဝင်တိုက်မိသလိုမျိုး၊ဤကမ္ဘာမြေကြီး၏ မရေတွက်နိုင်သော ယန္တရားများအပြင် ကြောက်စရာကောင်းသော ဝိညာဉ်စွမ်းအင်များသည် ဆူနာမီလှိုင်းလုံးကြီးသဖွယ် အတတ်အကျများစွာဖြင့် အရပ်ရပ်ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

တခဏချင်းမှာပင် ၊ ကောင်းကင်နဲ့ မြေကြီးတို့မှာ တုန်ခါလာခဲ့ပြီး မုန်တိုင်းထန်လျက် ရှိသည်။

ကျင့်ကြံမှု အားနည်းသော ကျင့်ကြံသူ တချို့မှာဆိုရင်ဖြင့် ခုခံချိန်တောင် မရလိုက်ဘဲ ၊ နောက်ဆက်တွဲအားဖြင့် သတိလစ်သွားခဲ့ရသည်။

စူးချန်ကဲနှင့် လုံပါ့ထျန်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှုသည် သူတို့ စိတ်ကူးထားတာထက် ကျော်လွန်သွားခဲ့ပြီပင်။

ကောင်းကင်ယံတွင် လွှမ်းခြုံထားသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးများထဲတွင် ရှိနေသော သေခြင်း၏ ထွက်သက်များက သူတို့၏ နှလုံးသားများပေါ်တွင် တွယ်ကပ်လို့ နေ၏။

သာ့နိမ် (အနန္တ စွမ်းအားရှင်)များပင်လျှင် ဤမျှ ကြောက်ဖို့ကောင်းသော မုန်တိုင်းကို မြင်လိုက်ရချိန် တောင့်ခံနိုင်စွမ်းတောင် မရှိတော့ဘဲ ဖြူဖပ်ဖြူရော် ဖြစ်ခဲ့ရသည်။သူတို့အားလုံးသည် ဤစွမ်းအားကို ရှောင်ရှားရန် မိမိ၏ အာကာသ မှော်စက်ဝိုင်းထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဘုန်း!

ပေါက်ကွဲသံများဖြင့် ဆူညံလျက် ၊တိုက်ခိုက်သံများဖြင့် ပဲ့တင်ထပ်လို့နေသည်။

ထို့နောက် ၊ အသွင်အပြင်တစ်ခုထံမှ ဝိညာဉ်စွမ်းအင် ရောင်စဉ်တစ်ခုသည် လွင့်ထွက်သွားခဲ့သည် ။

ကျွီ ကျွီ ကျွီ!

လုံပါ့ထျန်းမှာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ရပြီး ၊ သူသည် မယုံကြည်နိုင်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

မရေမတွက်နိုင်သော နှစ်များစွာအတွင်း၊ ဤသည်မှာ သူ၏ ပြိုင်ဘက်နှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။

“ဒီလောက် ခွန်အားမျိုးနဲ့ ငါ့ကို အရမ်းစိတ်ပျက်စေတယ်”

ကြည်လင်သော ကောင်းကင်ကြီး အောက်တွင် ရပ်နေသော ကြည့်ကောင်းလှသည့် အသွင်ပုံရိပ်သည် လုံပါ့ထျန်း၏ အံ့အားသင့်မှုနှင့် နှိုင်းယှဉ်ရမည် ဆိုပါက ၊ စူးချန်ကဲသည် ဘာမှမထူးခြားသော ဒီဇိုင်းဖြင့် ရပ်နေလေ၏။

စူးချန်ကဲ၏ စကားကို လုံပါ့ထျန်းတစ်ယောက် ကြားလိုက်ရချိန် ၊ သူသည် ဒေါသတကြီးဖြင့် အော်ရယ်လိုက်သည်။

“ကောင်းတယ်! ကောင်းတယ် !”

“ဒါဆိုလည်း နဂါးမျိုးနွယ်စုဆိုတာ ဘာမှန်း မင်းသိအောင် ငါ ပြပေးမယ်!”

စကားအဆုံးတွင် ၊

ပို၍ ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံး နေရာမှ ပေါက်ကွဲထွက်လာခဲ့ပြီး ၊ သွေးချီစွမ်းအင်များက တဟုန်းဟုန်း တောက်လောင်လျက် ၊ လေဟာပြင်တွင် ပျံသန်းနေသော အစစ်အမှန် နဂါးကြီး တစ်ကောင်ကို ဖန်ဆင်းလိုက်သည်။

ဒါနဲ့တင် မပြီးသေးပေ။ သွေးချီစွမ်းအင်များက တဖန် တဟုန်ထိုး တက်လာသည်နှင့် တပြိုင်နက် သူ၏ ခန္ဓာကိုယ်မှ စစ်မှန်သော နဂါးအသွင် ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။

လုံပါ့ထျန်းအား ကြောက်မက်ဖွယ်ရာ ကောင်းသော နဂါးအသွင်ပုံရိပ် နှစ်ခုက ဝန်းရံထားသည်။

ယင်းအရာသည် သူ့အား နဂါးမျိုးနွယ်စု၏ ဘုရင် တစ်ပါးကဲ့သို့ ဖြစ်စေပြီး သူ့ထံမှ ထွက်လာသော အသွေးအသားတို့၏ စွမ်းအားများသည် ကောင်းကင်ဘုံထိ အောင်နိုင်သူအလား။

“ ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသား?”

စူးချန်ကဲတစ်ယောက် ထိုနာမည်အ‌ပေါ် စိတ်ဝင်စားသွားသည်။ဤအမည်နာမသည် ကောင်းကင်ဘုံ ခန္ဓာကိုယ် ၏ အသွေးအသား နာမည်နှင့် အဘယ့်ကြောင့် ဆင်တူနေရသနည်း။

ဒီနှစ်ခုက ဆက်စပ်မှု ရှိနေသလော?

သူသည် ယခင်က စနစ်၏ ရွေးချယ်ခြင်း မစ်ရှင်ကို ရုတ်တရက် သတိရသွားခဲ့သည်။ထျန်းရှန်းဂိုဏ်း၏ နံပါတ်တစ် တပည့် ချူချန်ချင်းကို သတ်၍ စနစ်၏ ဆုလာဘ်များကို ကြေညာခဲ့ချိန်တွင် ထိုအမည်ကို သူ မြင်လိုက်ရသည်။

ယခု သူ့တွင် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်ရှိပြီး ဖြစ်ရာ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ကိုယ်ထည်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ပြိုင်ဘက်၏ ကောင်းကင်ဘုံ အာဏာရှင် နဂါးကိုယ်ထည် ကို လုယူကောင်း လုယူနိုင်ပေလိမ့်မည်။

ထို့အပြင်၊ အကယ်၍ သူသည် ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ်ထည် နှင့် ကောင်းကင်ဘုံ ခန္ဓာကိုယ်ထည်တို့၏ အသွေးအသားကို ဝါးမျိုလိုက်မည်ဆိုပါက ၊ အသစ်စက်စက် ခန္ဓာကိုယ် တစ်ခု မွေးဖွားလာမည်လော။

“တကယ်လို့ ဒီလောကရဲ့ သူတော်စင် ခန္ဓာကိုယ် ဆယ်ခုလုံးကိုသာ ဝါးမျိူပြီး စုစည်းနိုင်ခဲ့ရင် ၊ ဒါဆို…”

ထိုအချက်ကို တွေးလိုက်ရင်း စူးချန်ကဲ၏ နှုတ်ခမ်းထောင့်စွန်းတို့၌ အပြုံးတချက် ဝင်းလက်သွားခဲ့ပြီး လုံပါ့ထျန်အပေါ် သူကြည့်သည့်

အကြည့်တို့မှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကြက်သွန်မြိတ်ကြီးတွေ ထွန်းကားရာ၊ ဒါ ဘယ်က ရွှေခေတ် ဖြစ်မှာတုန်း?

ကြက်သွန်မြိတ်တို့ ရိတ်သိမ်းရာ ခေတ်လို့ ခေါ်တယ်!

အပိုင်း(၁၁၅): မြင့်မြတ်‌သော လမ်းစဉ်တို့ ထောင်ပေါင်းများစွာ ရှိသည့်အနက် ၊ အဆုံးစွန်အထိ မလွှမ်းမိုးနိုင်စမြဲပင်

ဤအခိုက်အတန့်တွင် လုံပါ့ထျန်း က ရုတ်တရက် ဆိုလိုက်သည်။

“ စူးချန်ကဲ မင်းနဲ့ငါ ဒီလောက်ထိ တိုက်ခိုက်နေစရာ မလိုပါဘူး “

“ဒီလိုလုပ်ရအောင်၊ မင်း နောက်လိုက်မိန်းကလေးရဲ့ လက်တစ်ဖက်ကို အဆုံးခံလိုက်”

“သူမကို ဒူးထောက်ပြီး ငါ့ကို တောင်းပန်ခိုင်း ၊ ဒါဆို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငါ မေ့ပေးမယ် “

လုံပါ့ထျန်း၏ မျက်လုံးများသည် အေးစက်နေပြီး ၊ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

သူ့နောက်က အစစ်အမှန် နဂါးနှစ်ကောင်မှာ စူးချန်ကဲအား မြည်ဟိန်းပြနေပြီး ၊ ဖိနှိပ် နဂါးစွမ်းအားသည် ရေလှိုင်းများကဲ့သို့ လှိုင်းထလျက် လူတိုင်း၏ မျက်နှာကို ရိုက်ခတ်သွားသည်။

ဤအရှိန်အဝါသည် လွန်စွာ အစွမ်းထက်ပေသည်။ အထူးသဖြင့် လုံပါ့ထျန်း ၏ ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ် အသွေးအသားနှင့် ပေါင်းစပ်လိုက်ချိန်တွင် ၊ တောင်ထွပ်ကြီးသဖွယ် လူတိုင်း၏ နှလုံးသားကို ဖိနှိပ်ထားပေသည်။

မန့်ထော မြွေမျိုးနွယ်စု မှ အမျိုးသမီးမှာ ယခုအချိန်မှာမှ အားကိုးရသွားသကဲ့သို့ မျက်ရည်မိုးများ ကျဆင်းလာသည်။

ကြေကွဲနာကျည်းသံဖြင့် ငိုပြလေသည်-

“ ဝူးးး~”

“ကျေးဇူးပြုပြီး သခင် ပါ့ထျန်း ကျွန်မအတွက် တရားမျှတမှု ယူဆောင်ပေးပါ!”

“ကျွန်မက ရည်ရွယ်ချက်ကောင်းနဲ့ နှုတ်ဆက်ခဲ့ပေမယ့် ၊ ဒါပေမဲ့ နတ်ဆိုးမရဲ့ ဒီလို ဆက်ဆံမှုကို ခံလိုက်ရတယ် “

“ကျေးဇူးပြုပြီး သခင် ဆုံးဖြတ်ပေးပါဦး!”

ကြီးစွာသော မတရားမှုကို ခံလိုက်ရသကဲ့သို့ အလွန် ဝမ်းနည်းဖွယ် ကောင်းစွာ ငိုကြွေး ပြလေသည်။

လုံပါ့ထျန်းသည် စူးချန်ကဲ သူ့လက်နဲ့သူ နောက်လိုက်မိန်းကလေးကို ရွှံရှာသွားအောင် လုပ်နေမှန်း ကြည့်ရှုသူတိုင်း သိကြသည်။

လူတိုင်းသာ ဤဖြစ်ရပ်ကြီးကို အစအဆုံး မမြင်မိပါက ၊ အားလုံး လွယ်လွယ်နဲ့ အလိမ်ခံရနိုင်သည်။

ထိုစကားကို ကြားတော့ ကူလင်အာ၏ မျက်နှာမှာ ပို၍ အေးစက်သွားသည်။

ရှေးနတ်ဆိုးမျိုးနွယ်စု၏ ပရောဟိတ်ငယ်အဖြစ်၊ သူမသည်လည်း ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးလည်း ဖြစ်ပေသည်။ သို့သော် သူမ တဖက်လူ၏ လက်မောင်းကို ဖြတ်ပစ်ခဲ့သည်မှာ မည်သူက စခဲ့သော ဇာတ်လမ်းဖြစ်မည်နည်း။

ဤအရာသည် သူမအား အလွန်အရှက်ရစေခဲ့သည် ။သူမ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များမှာ တဟုန်ထိုးတက်လာပြီး တစ်ပွဲတစ်လမ်း ဆင်နွဲလိုက်ချင်သည်။

“ကူလင်အာ”

သို့သော် ရုတ်တရက် စူးချန်ကဲ၏ အသံသည် ကူလင်အာကို ရပ်တန့်သွားစေခဲ့သည်။

ကူလင်အာသည် သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း စူးချန်ကဲအား ဦးညွှတ်ထားဆဲပင် ဖြစ်သည်-

“ဟုတ်ကဲ့ သခင်”

“စိတ်မပူနဲ့ ငါ ကိုယ်တော် ဘယ်သူမှ မင်းကို အပြစ်မတင်စေရဘူး”

ထိုအချိန်တွင် ယွင်ရှင်းယန်သည် ကူလင်အာ ထံသို့ လျှောက်သွားပြီး သူမကို နှစ်သိမ့်ပေးခဲ့သည်။

ကူလင်အာ၏ အရင် တိုက်ခိုက်မှုသည် စူးချန်ကဲအား တကယ်ပင် ဂုဏ်တတ်စေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ၊‌ကူလင်အာ သည်

နောက်ပြန်ဆုတ်သွားခဲ့ပြီး ၊ စူးချန်ကဲက ဆိုလိုက်သည်။

“ငါ့ရဲ့ နောက်လိုက် မိန်းကလေး မင်းကို လက်ပါခဲ့တဲ့အပေါ် ငါ တောင်းပန်ပါတယ်”

“ဒီလိုဆိုမှ‌တော့ ၊ ‘ လူကောင်းသည် ကောင်းမှုလုပ်သလို ဆုံးခန်းတိုင်အောင်ထိလည်း ကောင်းမှုပြုပေးသည်’ “

ဘုန်း!

မည်သည့်သတိပေးချက်မှမရှိဘဲ ရွှေဝါရောင်

မှော်သင်္ကေတများ တဖြေးဖြေး စုဝေးသွားလေရာ ဧရာမ လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဘုန်း!

မွှေးညင်းများ ထောင်သွားစေသည့်အထိ ပြင်းထန်သော ပေါက်ကွဲသံနဲ့အတူ ရွှေလက်ဖဝါးအောက်တွင် အနီရောင် သွေးစက်များ တတောက်တောက် စီးကျလာခဲ့သည်။

သွေးများသည် လုံပါ့ထျန်း၏ ခန္ဓာကိုယ်ပေါ်ထိ

လွှင့်စင်သွားခဲ့ပြီး ရွှေနီရောင်ဝတ်လုံတော်ပေါ်တွင် သွေးကွက်များ စွန်းထင်လို့ သွားသည်။

ဆွံ့အလျက် !

တုန်လှုပ်ခြောက်ခြားခြင်း များစွာဖြင့်!

မမျှော်လင့်ထားသော မြင်ကွင်းကို မြင်လိုက်ရသော လူတိုင်း ဆွံ့အသွားကြပြီး ၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေရာ အပ်ပြုတ်ကျသံကိုပင် ကြားရသည်။

စူးချန်ကဲသည် ဒီလောက်ထိ အထက်စီးဆန်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။သူသည် လုံပါ့ထျန်း၏ ရှေ့တွင်ပဲ သူ၏ နောက်လိုက်ကို မဆိုင်းမတွ သတ်ပစ်ခဲ့သည်။

စူးချန်ကဲ၏ စွမ်းအားသည် အရင်ကထက် ပိုကြောက်စရာကောင်းနေပြီး ဒါတင်မက သူ့တွင် အလွန်အားကောင်းသော ဝါးမျိုခြင်း စွမ်းအားကို ပိုင်ဆိုင်ထားမှန်း လူတိုင်း သတိပြုမိကြသည်။

ယင်းက သူတို့ကို ပိုလို့တောင် ကြောက်သွားစေခဲ့သည်။ အချိန်နှင့် အာကာသ စီးကြောင်း ဝဲဂယက်ထဲတွင် စူးချန်ကဲသည် မည်သို့သော စွန့်စားခန်းမျိုးနဲ့ ကြုံခဲ့ရသည်ကို သူတို့ မသိနိုင်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ၊စူးချန်ကဲသည် ပိုကြောက်စရာကောင်းလာသည်ကို‌တော့ သူတို့ သေချာသိပေသည်။

ရွှေဝါရောင် လက်ဖဝါးကြီးသည် တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားခဲ့လေပြီ။

နဂိုက လှပခဲ့သော အလှလေးသည် ယခုအခါတွင် ရွံရှာဖွယ်ကောင်းသော အသားလုံးကြီး အဖြစ် ပြောင်းလဲသွားချေပြီ။

မထင်ထားသော ဤလုပ်ရပ်သည် အရမ်းကို ရက်စက်ပေသည်။

လူတိုင်း၏ နှလုံးသားများမှာ ကျယ်လောင်စွာ ခုန်မြည်လျက်။

“ တကယ်ကို ယုတ္တိမဲ့လွန်းတယ်!”

စူးချန်ကဲ၏ လုပ်ရပ်သည် ရိုးရှင်းသလောက် အသင့်လျော်ဆုံးနည်းလမ်း ဆိုလည်း ဟုတ်သည်။

သူ့အတွက် ထောင်ချောက်ဆင်ချင်သလား?

လွယ်ပါတယ် ၊ တခါတည်း ကြိတ်ပစ်လိုက်!

ဝတ်ရုံဖြူ ပုံရိပ်လွှာကို စိုက်ကြည့်ရင်း အားလုံး၏ နှလုံးသားထဲတွင် အံ့ဩခြင်းပေါင်း များစွာဖြင့်။

“ ချန်ကဲ ဆက်ခံသူက တကယ်ကို ထူးကဲလှပါပေတယ် ၊ ဒီလောက်လှတဲ့ မိန်းကလေးကိုတောင် မျက်တောင် တချက်မခတ် သတ်ပစ်နိုင်တယ် !”

“ ဆက်ခံသူ တစ်ယောက်ရဲ့ အပြုအမူနဲ့ ကိုက်ညီတယ်လို့ ငါ ထင်တယ် ၊ သူသာ မိန်းကလေးတွေကို သနားနေရင် ဆန့်ကျင်ဘက်ဖြစ်လိမ့်မယ် “

လူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှုလိုက်ရင်း စူးချန်ကဲသည် လုံပါ့ထျန်းကို အေးစက်စွာ ဆိုလိုက်သည်။

“ဘယ်လိုလဲ?”

“ တကယ်လို့ မင်းမကျေနပ်သေးရင် ငါကိုယ်တော် မင်းကို ထပ်ပြပေးလို့ရသေးတယ် “

စူးချန်ကဲ၏ စကားများသည် လုံပါ့ထျန်းအား လက်တွေ့ဘဝထဲသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

“စူး!ချန်! ကဲ!”

“ သေသင့်တဲ့ ကောင်!!”

လုံပါ့ထျန်း၏ မျက်လုံးများသည် အမျက်ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း သူသည် အနည်းငယ် ထိတ်လန့်‌နေခဲ့သည်။

သူသည် စောနက စူးချန်ကဲ၏ လက်ဖဝါးထဲက ဝါးမျိုခြင်း စွမ်းအားကို ခံစားမိလိုက်သည်။ယင်းအရာသည် ရက်စက်ကြမ်းကြုတ်ပြီး ဆန်းကြယ်လေရာ သူ့ကို အမှန်တကယ်ပင် စိတ်ရှုပ်ထွေးစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ၊ မြှားသည် လေးပေါ် တင်ထားပြီ ဖြစ်ရာ မဖြစ်မနေ ပစ်ရတော့မည်ပင်။

အကယ်၍ သူ့ နောက်လိုက်ကို သတ်ချင်သလို သတ်နေတာကို ဒီတိုင်း လွှတ်ထားလိုက်ရင် အနာဂတ်တွင် သူ့နောက်ကို မည်သူကများ ကျေကျေနပ်နပ်ကြီး လိုက်ပါတော့မည်နည်း ။

သို့သော် သူသည် ယခုအချိန်တွင် စူးချန်ကဲနှင့် ရန်သူ လုပ်လိုက်မည်ဆိုပါက ၊ ၎င်းသည် ပညာရှိ‌သော ရွေးချယ်မှုတော့ မဟုတ်ပေ။

ဤအခြေအနေသည် သူ့ကို တကယ် အကျပ်ရိုက်စေသည်။

“ဒါပဲလား ၊ ဒါများ နဂါးမျိုးနွယ် ‌ဆိုပြီး ဟစ်ကြွေးနေသေးတယ် “

“ ဒီတိုင်း ငါးပုပ်တစ်ကောင် အဆင့်ပါပဲ “

လုံပါ့ထျန်းမှ အချိန်အတော်တန် ကြာအောင် ဘာမှ မတုံ့ပြန်သည်ကို မြင်တော့ စူးချန်ကဲက ထေ့ငေါ့ ပြောလိုက်ပြီး‌နောက် ကွေးယွမ်က လူတိုင်းနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ထိုစကားများက လုံပါ့ထျန်း၏ မျက်နှာကို ပို၍ နီရဲလာစေကာ လက်သီးများကို ကျစ်ကျစ် မြည်သည့်အထိ တင်းကျပ်စွာ ဆုပ်ထားလေသည်။

စူးချန်ကဲ၏ ဤအပြုအမှုသည် သူ၏ တည်ရှိမှုအပေါ် အလေးအနက်မထားဘူး လို့ ပြောပြနေသလိုပင်။

“သေစမ်း!”

သူသည် အော်ဟစ်လိုက်ပြီး ၊ သူ၏ ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ် အသွေးအသားများ၏ စွမ်းအင်များကို အပြည့်အဝ နှိုးဆော်လိုက်သည် ။ စစ်မှန်သော နဂါး အသွင်ပုံရိပ် နှစ်ခုသည်လည်း သူ့နားတွင် အဆက်မပြတ် လှည့်ပတ်ပျံသန်းနေသည်။

  ဟိန်းသံ!

၎င်းနဂါးနှစ်ကောင်သည် အရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ၊ တန်ခိုး ကြီးမားလှသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာသော အသက်ရှင်နေသော နဂါး အလား ထင်မှတ်ရသည်။

“ နဂါး လက်သီး၊ နဂါးကိုးကောင်၏ အမျက် ဒေါသ!”

လုံပါ့ထျန်းသည် တိုက်ခိုက်နေစဉ်မှာပဲ သူ၏ စွမ်းအားများကို ထပ်မံ ပေါက်ကွဲခဲ့ပစ်ခဲ့ရာ ၊နဂါး နှစ်ကောင်တို့မှာ နတ်အလင်းရောင်များဖြင့် တဖိတ်ဖိတ် တောက်ပလို့နေသည်။

ဟင်းလင်ပြင်ထဲက နဂါးစွမ်းအင်တို့သည် တစ်ဖန် နဂါး အသွင်ပုံရိပ် ကိုးခုအဖြစ်သို့ ပေါင်းစပ်သွားပြန်သည်။

သူတို့အားလုံးသည် ပါးစပ်ကို ကျယ်ကျယ် ဟ’ ကာ ပျက်သုန်းခြင်း မိုးခြိမ်းသံနှင့်အတူ စူးချန်ကဲဆီသို့ ချီတတ်ကြလေသည်။

သို့သော် စူးချန်ကဲသည် အံ့သြခြင်း အရိပ်အယောင် မရှိဘဲ လှောင်ရယ်သံတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။

“ငါးစာ ဟပ်ပြီပဲ”

လူတိုင်း မြင်ပြီမလား?ဒိီတစ်ကြိမ်မှာတော့ လုံပါ့ထျန်းဘက်က အရင် လက်ပါခဲ့ခြင်းပင် !

သူ့အနေနဲ့ ပြိုင်ဘက်ကို မတော်တဆ ထိခိုက်မိပြီး ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ်ရဲ့ အသွေးအသားမျာကို စုပ်ယူမိလိုက်တယ် ၊ ဒါဆို ကျိုးကြောင်းဆီလျော်မှု မရှိပေဘူးလား?

“ ဆက်ခံသူ သခင် ၊ သတိထား!”

ထိုမြင်ကွင်းကို မြင်လိုက်ရချိန် ကွေးယွမ်က လူတိုင်း ထိတ်လန့်သွားကြသည်။လုံပါ့ထျန်းသည် ယခုလို မထင်မှတ်ထားသော တိုက်ခိုက်မှုမျိုးကို လုပ်ခဲ့လိမ့်မယ်လို့ သူတို့ ထင်မထားခဲ့ပေ။

အကယ်၍ စူးချန်ကဲသာ တိုက်ပွဲကျသွားမည်‌ဆိုပါက ၊ အနှစ်နှစ်ကာလ စုဆောင်းထား‌သော ကွေးယွမ်၏ ဂုဏ်သတင်းမှာ တခဏချင်း ပျောက်ကွယ်သွားပေတော့မည်။

တစ်ဖန် နတ်နဂါး ကျွန်းစု၏ ဂုဏ်သိက္ခာမှာ ချက်ချင်း မြင့်တက်သွားပေလိမ့်မည် ။

တစ်ဖက်တွင်၊ စူးချန်ကဲသည် ထိုအခိုက်အတန့်တွင် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။

သို့သော် သူသည် တစက်ကလေးမှ လှုပ်ရှားခြင်း မရှိခဲ့ပေ။သူ၏ မျက်ဝန်းထဲက လျစ်လျူရှုခြင်း တရားကို အတိုင်းသား မြင်တွေ့နေရသည်။

ဒါတင်မက စူးချန်ကဲ၏ တုံ့ပြန်မှုမှာ မူမမှန်းလွန်းပေ။ယုတ္တိနည်းကျကျ ဆိုရလျှင်ဖြင့် ၊ ယခုလို ရုတ်တရက်ဆန်သော ပြင်းထန်‌သော ထိုးစစ်ကို ရင်ဆိုင်ရသူတိုင်း အနည်းငယ် ထိတ်လန့်သွားတတ်ကြသည် ။

သို့သော် စူးချန်ကဲသည် အလွန် တည်ငြိမ်လွန်းလှသည်။

“ဖွင့်”

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

ဝီ!

ကောင်းကင်ယံတွင် အမြစ်တွယ်နေသော နတ်ကြာပန်း သဖွယ် တောက်လောင်နေသော နတ်အလင်းရောင်တို့သည် ဤကမ္ဘာမြေပေါ်သို့ ဘုန်းအာနုဘော် ပြည့်ဝသော ရောင်ဝါတစ်ခုအလား ဆင်းသက်လာခဲ့သည်။

လူတိုင်းကို ထူးခြားဆန်းကြယ်စေသည်။

ဤမျှ ခမ်းနားထည်ဝါသော နတ်အလင်းရောင်ထဲတွင် အနက်ရောင် စွမ်းအင်အနည်းငယ် ရှိနေခဲ့ပြီး ၊ ၎င်းအနက်ရောင်စွမ်းအင်ထဲတွင် ဝါးမျိုခြင်း စွမ်းအားများ ရှိနေခဲ့သည်။

နတ်အလင်းရောင်များဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပနေသော စူးချန်ကဲ၏ အသွင်ပုံရိပ်သည် အလင်းအမှောင်တို့၏ တမန်တော်ကဲ့သို့ အဖြူအမည်းကို ဖန်တီးသူ ဟုလည်း မှတ်ယူနိုင်ပေသည်။

  ဘုန်း!

နဂါးကိုးကောင်သည် သက်တံကို ဖြတ်၍ တောက်ပနေသော နေရောင်ကဲ့သို့ စူးချန်ကဲ ရှိရာဒေသကို ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။

တခဏချင်းမှာပင် ၊ မုန်တိုင်းထန်လျက် နဂါးစွမ်းအင်များသည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားသည်။

ဝတ်ရုံဖြူ ပုံရိပ်လွှာသည် ဝိညာဉ်စွမ်းအင်ဖြင့် ထုပ်ပိုးခံလိုက်ရ‌သော အလင်းလုံးသဖွယ် ပျောက်ကွယ်သွားခဲ့သည်။

“ဒီလောက် အစွမ်းထက်တာ ၊ စူးချန်ကဲ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ရတယ်!”

စူးချန်ကဲ၏ ခွန်အားကို နားမလည်သော ပါရမီရှင်တချို့က သက်ပြင်းချလိုက်သည်။

ဤစွမ်းအားသည် အလွန်ကို ပြင်းထန်လွန်းပေသည်။သူတို့လို ခေတ်သစ်ပါရမီရှင်ငယ်များ အနေဖြင့် ဤကဲ့သို့သော စွမ်းအားမျိုးနဲ့ တွေ့ဆုံခဲ့ရမည် ဆိုပါက ၊ သူတို့အနေဖြင့် လုပ်နိုင်သော အရာ မရှိ။

သို့သော်၊ ကွေးယွမ်၏ သူတော်စင် တပည့်များသည် မျှော်လင့်ချက်ရောင်ခြည်များဖြင့် စူးချန်ကဲ နည်းတူ ငြိမ်သက်နေကြသည် ။

မြင့်မြတ်‌သော လမ်းစဉ်တို့ ထောင်ပေါင်းများစွာ ရှိသည့်အနက် ၊ အဆုံးစွန်အထိ မလွှမ်းမိုးနိုင်စမြဲပင်။

သို့သော် သူတို့အမြင်အရ ၊ အဆုံးစွန်သောလမ်းအထိ လျှောက်လှမ်းနိုင်မည့်သူမှာ တစ်ယောက်တည်းပင် ရှိသည်။

ထိုသူသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ စူးချန်ကဲသည်သာ !

All Chapters