← Chapters

အခန်း (၁၁၆-၁၁၉)

Vol. 8 Ch. 116-119

အခန်း (၁၁၆-၁၁၉)

Vol. 8 Ch. 116-119

အပိုင်း(၁၁၆):တချက်တည်းဖြင့် လုံပါ့ထျန်းကို ဖြိုခွဲသည်၊ နဂါးတစ်ထောင် ကောင်းကင်အသေကွက် မှော်စက်ဝိုင်း !

  ဘုန်း!

သို့သော် ဤအခိုက်အတန့်တွင် ပြင်းထန်သော ပေါက်ကွဲသံသည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။

အခိုးအငွေ့များက နေရာတိုင်း လွှင့်ပျံသွားပြီး ကောင်းကင်နှင့်မြေကြီးတို့သည် တုန်ခါ မြည်ဟည်းနေသည်။

နဂါးစွမ်းအင်ကြောင့် ဖျက်ဆီးခံရသော နေရာ၌ ရုတ်တရက် ဆိုသလို ‌နတ်အလင်းတန်းများ ပေါက်ကွဲသွားခဲ့ပြီး ဝတ်ရုံဖြူ ပုံရိပ်လွှာတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

အခိုးအငွေ့များ တဖြည်းဖြည်း ပြန့်ကျဲသွားသည်နှင့် လူတိုင်း ထိုပုံရိပ်လွှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာရသည်။

မထီမဲ့မြင်ပြုသော မျက်ဝန်းထဲက အပြုံးတစ်ပွင့်တွင် အထင်မြင်သေးသော အငွေ့အသက်များ ရှိနေသည်။

သူသည် ဤမျှပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရ‌တာတောင် ၊ သူ၏ဝတ်ရုံမှာ မည်သည့်ဖုန်မှုန့်မှ မစွန်းပေဘဲ၊ ဖြူ‌ဖွေးနေသည်မှာ နှင်းပွင့်များကတောင် ဆရာခေါ်ရပေဦးမည်။

“ မင်းပြီးရင် ငါ့အလှည့်”

စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်ကိုပစ်လျက် တည်ငြိမ်စွာ ရပ်‌နေပြီး ဘာသိဘာသာ ပြောလိုက်သည်။

လုံပါ့ထျန်းခမျာ ထိတ်လန့်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော အရှက်ကွဲမှုကို ခံစားခဲ့ရသည်။

“ဒါ ဘယ်လိုဖြစ်တာလဲ?”

“ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးဖို့ မင်း လျှို့ဝှက်ရတနာ တစ်ခုခုကို အသုံးပြုခဲ့တာလား “

လုံပါ့ထျန်းအနေဖြင့် တွေးနိုင်သော တစ်ခုတည်းသော ဖြစ်နိုင်ခြေသည် ဤအရာသာ ရှိသည်။ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ သူ၏ တိုက်ခိုက်မှုကို တစ်ဖက်လူက ယခုကဲ့သို့ အေးအေးလူလူ မည်သို့ ဖြေရှင်းနိုင်ခဲ့သနည်း။

“အိုး ဒါဆို မင်းထပ်ကြိုးစားလို့ ရသေးတယ်”

စူးချန်ကဲ၏ စကားအပြီးတွင် ၊သူ၏မျက်ဝန်းထဲ၌ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူသည် လက်ဖဝါးကို လက်သီး အဖြစ် ပြောင်းလဲလိုက်သည်။သူ့ခန္ဓာကိုယ်တွင်းရှိ သွေးချီစွမ်းအင်များမှာ ထကြွလာခဲ့ပြီး လုံရှန့်ဖိနှိပ်စွမ်းအားသိုင်း၏ အမှုန်အမွှားတို့သည် သူ၏ လက်သီးထိပ်၌ စုဝေးလာခဲ့သည်။

စူးချန်ကဲ ထုတ်လွှတ်လိုက်သော သွေးချီ စွမ်းအားများသည် အာကာသပြင် တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

ဘုန်း!

ဤကမ္ဘာကြီးတစ်ခုလုံးကို နှိပ်ကွပ်နိုင်သောတန်ခိုးစွမ်းအားများ ရှိသကဲ့သို့ တဟုန်းဟုန်းတောက်လောင်နေသော လက်သီးအလင်းသည် ဤကမ္ဘာကြီးကို လွှမ်းခြုံသွားခဲ့သည်။

“မကောင်းတော့ဘူး ၊ ဒီစွမ်းအားက..”

“နဂါးဘုရင်၏ ခန္ဓာကိုယ်ကို ကာကွယ်ခြင်း!”

လုံပါ့ထျန်းသည် ၎င်း စွမ်းအား၏ ပြင်းအားကို ခံစားလိုက်ရသည်နှင့် ချက်ချင်လက်ငင်း နတ်နဂါး ကျွန်းစု၏ လျှို့ဝှက်အကာအကွယ် မှော်စွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ရွှေဝါရောင်နဂါးကြီးသည် ဝေဟင်မှ ချက်ချင်းဆင်းသက်လာပြီး ဧရာမ နဂါးဒိုင်း တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

နဂါးဒိုင်းပေါ်တွင် လွန်စွာ ခိုင်ခံ့သော အကြေးခွံများ ရှိနေသကဲ့သို့ ရွှေဝါရောင် နဂါးအကြေးခွံများမှ တဆင့် တောက်ပသော နတ်အလင်းများကို ထုတ်လွှတ်နေခဲ့သည်။

  ဘုန်း!

အဆုံးမရှိ တောက်လောင်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။၎င်းသည် အတတ်အကျ တည်ငြိမ်မှု မရှိ‌သော စွမ်းအား တစ်ခု၏ ပြယုဒ်တစ်ခုပင် ဖြစ်သည်။

ထိုအခိုက်အတန့်မှာပင် ၊ ကြေကွဲဖွယ်ရာ ကောင်းသော အရိုးများ ကျိုးကြေသွားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဖြစ်အပျက်၏ အဆုံးတွင် ၊ ကြိမ်ဖန်များစွာ မြေပြင်ပေါ်တွင်ပင် ပစ်လှိမ့်သွားခဲ့သော ရှက်ရွှံနေဟန်ရသည့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

တစ်ချက် ထိုးနှက်ရုံဖြင့်၊ သန်မာသော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ရှိသူ လုံပါ့ထျန်းပင်လျှင် သူ၏ ခန္ဓာကိုယ်တစ်ဝက်လုံး များစွာသော ဒဏ်ရာဒဏ်ချက်များ ရှိနေခဲ့သည်။

ထိုအချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားခဲ့သည်။

သူ့ခမျာ ခန္ဓာကိုယ်ထဲက နာကျင်မှုများကိုတောင် ဂရုမစိုက်နိုင်တော့ပေ။

ဘယ်လိုဖြစ်ပြီး?

စူးချန်ကဲရဲ့ ခန္ဓာကိုယ်က မှော်သံလို ဘာလို့ ဒီလောက်တောင် သန်မာနေရတာတုန်း?

၎င်း၏ သွေးချီ စွမ်းအားသည် အဘယ်ကြောင့် သူ့ထက်သာလွန်နေသနည်း။

နဂါးမျိုးနွယ်စုဝင်များသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအား‌တွင် အသန်မာဆုံး ဖြစ်သော်လည်း အဘယ့်ကြောင့် လူသားမျိုးနွယ်ကို မနှိုင်းယှဉ်နိုင်သနည်း။

စူးချန်ကဲသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံပါ့ထျန်း ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။

သူသည် မဲ့ပြုံးပြုံးလျက်

“ဒါ မင်းဂုဏ်ယူပါတယ်ဆိုတဲ့ ခန္ဓာကိုယ်လား”

“ စူးချန်ကဲ!”

လုံပါ့ထျန်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏ မျက်လုံးထဲတွင် စူးချန်ကဲကို အစိတ်စိတ် အမွှာမွှာ ဖြတ်ပစ်လိုသော အရိပ်အယောင်များကို တွေ့မြင်နေရသည်။

“ သခင် ပါ့ထျန်း ပြောတာ မှန်လောက်တယ်၊ သခင် ပါ့ထျနိးရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့ လျှို့ဝှက် ရတနာတစ်ခုခုကို သုံးခဲ့တာ ဖြစ်ရမယ်”

“မှန်တယ်! မဟုတ်ရင် သခင် ပါ့ထျန်းရဲ့ ခွန်အားကို ဘယ်လိုလုပ်ပြီး အလွယ်တကူ အနိုင်ယူနိုင်မှာလဲ ၊ ဒီလူသား တစ်ခုခု သုံးပြီး ကြံစည်ခဲ့တာပဲ ဖြစ်ရမယ် “

သူတို့၏ သခင် ဖြစ်သူ အရှက်တကွဲ ဖြစ်‌နေတာကို မြင်တော့ လုံပါ့ထျန်း၏ နောက်လိုက် ပါရမီရှင် တချို့သည် ဤအခိုက်အတန့်တွင် လုံပါ့ထျန်း၏ ဂုဏ်သိက္ခာကို ကယ်တင်လိုသောစိတ်ဖြင့် ကာစီးပြောဆိုလိုက်ကြသည်။

“ အတင့်ရဲလိုက်တာ ၊ ငါတို့ ကွေးယွမ်ရဲ့ ဆက်ခံသူကိုများ မင်းတို့က ရာရာစစ ဝေဖန်စရာလား!?”

ယဲ့လင်ထျန်းသည် ရှေ့သို့ ထွက်လာခဲ့ပြီး ၊ သူ့မျက်လုံးထဲတွင် ကြောက်လန့်ရစေသော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်။

အမြင့်မြတ်ဆုံး သူတော်စင် တစ်ပါး၏ ဖိနှိပ်စွမ်းအားသည် ဤကမ္ဘာကြီးတစ်ခုကို ဖုံးအုပ်ထားသည်။

သူသည် ကွေးယွမ်၏ ပထမမြောက် သူတော်စင် ဖြစ်သော်လည်း ၊ စူးချန်ကဲထံ၌ ရှုံးနိမ့်ခဲ့ပြီးနောက်တွင် စူးချန်ကဲ၏ ခွန်အားနှင့် ဖြစ်တည်မှုကို သူ့စိတ်ထဲတွင် အမှန်တကယ်အသိအမှတ်ပြုခဲ့သည်။

စူးချန်ကဲအား တစ်စုံတစ်ယောက်က ရေညစ်နဲ့ ပတ်ဖို့ကြိုးစားနေသည့်အပေါ် သူ့အနေဖြင့် သေချာပေါက် သဘောတူလိမ့်မည် မဟုတ်။

ယွင်ရှင်းယန် နှင့် ကူလင်အာ တို့သည်လည်း ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့ကြပြီး အေးစက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

“ ဆက်ခံသူ သခင်ကို နင်တို့လို ပုရွက်ဆိတ်တစ်သိုက်က ပြစ်တင်ဝေဖန်ရဲတယ်ပေါ့!?”

ထိုမြင်ကွင်း‌ကို မြင်လိုက်ရသော လုံပါ့ထျန်း၏ နောက်လိုက် ပါရမီရှင်များမှာဆိုရင်ဖြင့် အတော်လေး ကြည့်ရဆိုးနေသည်။

ကူလင်အာ နှင့် ယွင်ရှင်းယန် တို့ကို မဆိုနှင့် ၊

ယဲ့လင်ထျန်း တစ်ယောက်တည်းနဲ့တင် သူတို့အကုန်လုံးကို တိုက်ခိုက်နိုင်သည်။ တကယ်တန်း တိုက်ခိုက်မည်ဆိုပါက ၊သူတို့အတွက် ဘာမှကောင်းကျိုး မရှိပေ။

ထိုအချိန် စူးချန်ကဲက ဆိုလိုက်သည်။

“ မင်းတို့က လုံပါ့ထျန်းရဲ့ နောက်လိုက်လုပ်ဖို့အရည်အချင်း ပြည့်မီတယ်ဆိုတာ သံသယဝင်စရာတောင် မလိုဘူး “

“ဒါဆိုလည်း ငါကိုယ်တော်က မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်”

စူးချန်ကဲသည် သူ့လက်ချောင်းကို ဆန့်ထုတ်ကာ စိန်ခေါ်လိုက်သည်။

“လာ၊ မင်းတို့ရဲ့သခင် လုံပါ့ထျန်းနဲ့အတူ တတ်လာကြ “

ထိုစကားများသည် လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

စူးချန်ကဲ အများနဲ့ တစ်ယောက် ထပ်ပြီး စိန်ခေါ်ပြန်ပြီလား?

စူးချန်ကဲသည် သူတစ်ယောက်တည်းဖြင့် တိုက်ခိုက်၍ လူများစွာကို ချေမှုန်းလေ့ရှိကြောင်း သူတို့အားလုံး ကြားဖူးသည်။

သို့သော် လုံပါ့ထျန်း၏ နောက်လိုက် ပါရမီရှင်များထဲတွင် ရှေးခေတ် ပါရမီရှင်များလည်း ပါဝင်ပြီး သူတို့၏ အစွမ်းသတ္တိကို လျှော့တွက်လို့ မဖြစ်ပေ။

ငယ်ငယ်ရွယ်ရွယ်ဖြင့် သာ့နိမ်(အနန္တစွမ်းအားရှင်) နယ်ပယ် အဆင့်ကို ကျင့်ကြံနိုင်သော ပါရမီများ ဖြစ်ပေရာ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်မှာလည်း လွန်စွာထူးကဲပေသည်။

ဤကဲ့သို့ စိန်ခေါ်ခြင်းသည် အနည်းငယ် မဆင်မခြင် လုပ်ရပ် ဖြစ်သည်ဟု လူအများက ယူဆကြသည်။

လုံပါ့ထျန်း၏ အမူအရာမှာ ပို၍ မှုန်ကုပ်သွားသည်။စူးချန်ကဲ၏ အပြုအမှုတိုင်းက သူ့အား စော်ကားနေသလိုပင်။

သို့သော် သူ့ကို ပိုပြီး ဒေါသထွက်စေသည့်အရာမှာ သူ တကယ်ပဲ ကူကယ်ရာမဲ့ ဖြစ်နေသည်ကိုပင်။

သို့သော် ယခင် အရှက်တရားအားလုံးကို စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် သူ၏ မာနကို ထိန်းချုပ်ထားလိုက်သည်။

အများနဲ့ တစ်ယောက် တိုက်ခိုက်ရသည်မှာ ရှက်စရာကောင်းသော လုပ်ရပ်ဖြစ်သော်လည်း သို့သော် ယခုအချိန်တွင် သူသည် စူးချန်ကဲကို တတ်နိုင်သမျှ အပိုင်းပိုင်း ဖြတ်ခုတ်ပစ်ချင်နေပြီပင်။

လတ်တလောတော့ ၊ သူ့အနေဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ!

“ ချန်ကဲ ဆက်ခံသူက ဒီလိုပြောလာတော့လည်း ငါ့ကို အပြစ်မတင်နဲ့!”

လုံပါ့ထျန်းသည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး

“နဂါးသားတော်နဲ့ နဂါးမယ် ‌ခြောက်ယောက် ဘယ်မှာလဲ?”

သူအော်ခေါ်လိုက်သည်နှင့် လူခြောက်ယောက် ရုတ်တရက် ခုန်ထွက်လာခဲ့သည်။

ယောက်ျား မိန်းမ အကုန်ပါသလို ၊ သူတို့အားလုံးသည် ငယ်ရွယ်‌သော အသွင်အပြင် ရှိကြသည်။

သို့သော် လူကို ပိုပြီး အံ့အားသင့်‌စေသော အရာမှာ သူတို့အားလုံးသည် ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်ကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

သူတို့အားလုံး၏ အသက်ရှုသံများသည် တစ်ခုနဲ့ တစ်ခု ဆက်စပ်ထားသလိုမျိုး ၊ သူတို့ ခြောက်ယောက်ပေါင်းခြင်းသည် ခန္ဓာတစ်ခု၏ ဖြစ်တည်မှုလိုပင်။

“ကျေးဇူးပြုပြီး သခင် မိန့်ကြားပါ!”

လုံပါ့ထျန်းသည် ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ် အသွေးအသားများကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ဒဏ်ရာကို ပြန်လည်ကုသနိုင်စွမ်းရှိသည်။

ယခင်က ဒဏ်ရာရနေခဲ့သော ခန္ဓာကိုယ်မှ ထက်ဝက် ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း သူ၏ အသက်ရှုသံမှာ အနည်းငယ် အားနည်းနေသေးသည်။

“ ချန်ကဲ ဆက်ခံသူက ဒီလိုပြောမှတော့ “

“ တတ် ! ငါတို့ နဂါးမျိုးနွယ်စုရဲ့ နဂါးတစ်ထောင် ကောင်းကင်အသေကွက် ဖွဲ့စည်းပုံကို ခံစားခွင့်ပေးလိုက်!”

“ဟုတ်!”

ထိုလူခြောက်ယောက်လုံး အလွန်အေးစက်သော အကြည့်များဖြင့် ၊ ဒါတင်မက ၎င်းတို့၏ တိုက်ခိုက်ရေး စိတ်ဓာတ်မှာလည်း လွန်စွာ ခက်ထန် နေခဲ့သည်။

ဘုန်း!

ချက်ချင်းဆိုသလို ၊သူတို့၏ အလွန်အစွမ်းထက်သော ကျင့်ကြံစွမ်းအားများကို ပေါက်ကွဲထုတ်ပစ်လိုက်သည်။၎င်းတို့၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားကာ ခန္ဓာတစ်ခု ဖြစ်တည်စေခဲ့သည်။

လေဟာပြင်တွင် ရွှေရောင် ရှေးဟောင်း အက္ခရာများ ပေါ်ထွက်လာပြီး ၊ ၎င်းအက္ခရာ စာလုံးများ တိုးပွားလာသည်နှင့်အမျှ တောက်ပသော ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက် ရရှိလာခဲ့သည်။

မရေမတွက်နိုင်သော အဆုံးမဲ့ နဂါးစွမ်းအင်များသည် ဟစ်ကြွေးနေသော နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤသည်မှာ နတ်နဂါးကျွန်းစု၏ လျှို့ဝှက်‌အစီအရင်၊ နဂါးတစ်ထောင် ကောင်းကင်အသေကွက် မှော်စက်ဝိုင်း ပင် ။

  အပိုင်း(၁၁၇): တချက်စေလိုက်ရုံဖြင့် မှော်စက်ဝိုင်းကို ချိုးဖောက်နိုင်သည် ၊ဆက်ခံသူ သခင်၏ အချိန်ကို အလဟဿဖြစ်စေခြင်း_

  ရွှမ်း!

ပြိုးပြိုးပြက်ပြက် လင်းလက်နေသော မှော်စက်ဝိုင်းသည် အာကာသဟင်းလင်ပြင်ကို အလွှာလိုက် အကျဉ်းချထားသလိုမျိုး ဖွဲ့စည်းထားသည် ။

ကောင်းကင်တစ်ခွင်လုံးတွင် မှော်သင်္ကေတ စက်ဝိုင်းကြီးသည် အသက်ဝင်လာခဲ့ပြီး ၊ ၎င်း၏ အထဲတွင် အဆက်မပြတ် လှည့်ပတ် နေသော အမှောင်ထု ဝဲဂယက်ကြီး တစ်ခု ရှိသည်။

  ဝေါင်း!

  ဝေါင်း!

  ဝေါင်း!

မှော်စက်ဝိုင်းထဲမှ နှလုံးခုန်သံကိုတောင် ရပ်တန့်အောင် ပြုစားနိုင်သော နဂါးဟိန်းသံများ ထွက်ပေါ်လာပြီး ၊ ဆက်လက်ပြီးကြောက်မက်ဖွယ်ရာ ကောင်းသော နဂါးခေါင်းများ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုသူတို့၏ မျက်ဝန်းထဲတွင် အကြမ်းဖက်မှုများဖြင့် ပြည့်နှက်နေပြီး လေဟာခွင်းလျက် စူးချန်ကဲကို တစ်စစီ စုတ်ဖြဲပစ်တော့မည့် အတိုင်း။

“တကယ်လို့ မင်းတို့ရဲ့ ပေါင်းစပ်တိုက်ခိုက်နည်းက ဒီလောက်ပဲ ဆိုရင်တော့”

စူးချန်ကဲ အပြုံးမပျက် ဆိုလိုက်သည်။

“ သိပ်ကို မိုက်မဲလွန်းတာပဲ “

“ချိုးဖြတ်စေ!”

စူးချန်ကဲသည် သူ့ညာလက်ဖြင့် ဓားကို စေခိုင်းလိုက်သည်။

ရွှမ်း!

တောက်ပသော ဓားအလင်းရောင်သည် ကြယ်စင်အလား ဖျက်ခနဲ့ ဝင်းလက်သွားသည်။ကောင်းကင်ယံတွင် နေရာယူထားသော မှော်စက်ဝိုင်းများစွာသည် ဓားစွမ်းအင်ကြောင့် တုန်ခါသွားခဲ့သည်။

ဆက်လက်ပြီး ၊ကောင်းကင်ယံက နဂါးအသွင်ပုံရိပ်တို့မှာ ဆီးနှင်းခဲများသည် ပူပြင်းသော နေမင်းနှင့် ထိတွေ့သွားသကဲ့သို့ ၊ သို့မဟုတ် လေထဲတွင် လွင့်မျောနေသော မြူခိုးဖြူငွေ့အလား ပြောင်းလဲသွားခဲ့ချေပြီ။

ဓားစွမ်းအင်သည် ဤကမ္ဘာကြီးကို ထိုးဖောက်သွားသော နတ်အလင်းရောင်ကဲ့သို့ အားကောင်းလွန်းသော နဂါးစွမ်းအင်ကို ဖောက်ထွင်း၍ ကောင်းကင်ယံဆီသို့ ချီတတ်သွားလေသည်။

“ သွေးအန်သံ”

နဂါးမယ်တစ်ဦးသည် ထိုစွမ်းအား၏ တန်ပြန်တိုက်ခိုက်မှုကြောင့် သူမပါးစပ်ထဲက သွေးများ စီးယိုလာခဲ့သည်။

သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ရှူသံတို့မှာ ရှုပ်‌ထွေးနေသည်။

အခြားသော နဂါးသားတော်နှင့် နဂါးမယ်တို့သည်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားသကဲ့သို့ မတည်ငြိမ်သော အခြေအနေတွင် ရှိနေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ပါရမီရှင်များမှာ အသက် ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ကြသည်။

စူးချန်ကဲက ပိုလို့တောင် စွမ်းအား ကြီးမားနေခဲ့သည်။

စူးချန်ကဲကို တွေ့လိုက်ရသည့် အကြိမ်တိုင်း၊ သူ၏ စွမ်းအားများမှာ ပို၍ တိုးပွားလာနေသည်။

“ ပါရမီရှင်ချင်း တူတူတောင် ၊ ကွာဟချက်က ဘာလို့ ဒီလောက်တောင် ကြီးနေရတာတုန်း?’

တချို့သော ပါရမီရှင်တို့မှာ စိတ်ဓာတ်ကျနေလေ၏။အစကတည်းက ကျင့်ကြံခြင်းဆိုသည့် အရာမှာ လွယ်ကူသည် မဟုတ်။ခုလည်း သူတို့၏ စိတ်ကို အဘယ့်ကြောင့် ဒဏ်ရာပေးနေပြန်သနည်း။

ထိုအခိုက်အတန့်တွင် ကျယ်လောင်သောအော်သံတစ်ခုက လူတိုင်း၏အာရုံကို စွဲဆောင်သွားခဲ့သည်။

“ အရှင် မထားနဲ့!”

ခေါင်းဆောင်သူ နဂါးသားတော် တစ်ဦးက သူ့တစ်ကိုယ်လုံးရှိ စွမ်းအား အလုံးစုံကို ထုတ်သုံးလိုက်ရာ ကြောက်မက်ဖွယ်ရာ ကောင်းသော နဂါးစွမ်းအားများသည် ကောင်းကင်နှင့် နေကို တောင် ဖုံးလွှမ်းသွားလေသည်။

ကျန်ရှိ နဂါးသားတော်များနှင့် နဂါးမယ်တို့ကလည်း တညီတညွတ်တည်း လုပ်ဆောင်ခဲ့သည်။ အလင်းတန်းခြောက်ခုသည် မြေပြင်မှ ကောင်းကင်သို့ ဆန်တက်သွားကာ ပိုကြီးမားသော မှော်စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

“နဂါးတစ်ထောင် ကောင်းကင်အသေကွက် မှော်စက်ဝိုင်း ! နဂါးနတ်ဘုရားခြေသည်းများ!”

ကွဲအက်သံ !

ဟင်းလင်းပြင်ကြီးမှာ မှန်ကဲ့သို့ ရုတ်တရက် ကွဲအက်သွားခဲ့သည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြသည်။

နတ်ရွှေကဲ့သို့ ခိုင်ခံ့ပြီး ၊ တောက်ပသော ရွှေအကြေးခွံများ ပါရှိသည့် နဂါးလက်သည်းကြီးသည် မှော်စက်ဝိုင်းထဲမှ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် စူးချန်ကဲဆီသို့ ချက်ချင်းလက်ငင်း ပြေးဝင်လာခဲ့သည်။

တိုက်ခိုက်ရန် ပြေးဝင်လာသော အတောအတွင်း ဟင်းလင်းပြင်၌ ပျက်သုန်းခြင်း စွမ်းအားများ ပါရှိသည့် မုန်တိုင်းများ တိုက်ခတ်လေသည်။

အဝေးကနေ ကြည့်နေကြသော ပရိတ်သတ် အုပ်စုကြီး၏ ရင်ထဲ၌ မနှိုင်းယှဥ်သော အေးစက်မှုတို့ ဖြစ်ပေါ်လာရသည်။

“ ချန်ကဲ ဆက်ခံသူကို တိုက်ခိုက်ဖို့ လုံပါ့ထျန်း သူတို့ခြောက်ယောက်ကို ခေါ်ခဲ့တာ မထူးဆန်းတော့ဘူး ၊ လက်စသတ်တော့ သူတို့မှာ ဝှက်​ဖဲ​တစ်​ခု​ ရှိ​နေ​သေး​တာပဲ “

ရှေးခေတ် ပါရမီရှင်များ ဆိုသည့်အတိုင်း အမှန်ပင် မရိုးရှင်းပေ ။၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆုံးမရှိသလို ပြင်းထန်သော တိုက်ခိုက်မှုလည်း ဖြစ်ပေသည်။

သတိတချက် လွတ်ယုံနဲ့တင် သေသွားနိုင်သည်။

“ စူးချန်ကဲ၊ မင်း ဒီတခေါက် ဒုက္ခရောက်ပြီ!”

လုံပါ့ထျန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ရှိ‌နေပြီး ၊ ဤအံ့အားသင့်ဖွယ်တိုက်ခိုက်မှုမှာ အမှန်တကယ်တော့ သူ၏ အကြံအစည်သာ ဖြစ်သည်။

နဂါးသားတော်များနှင့် နဂါးမယ်တို့၏ တိုက်ခိုက်မှုကို ဦိးစွာ ပြသခွင့်ပေးလိုက်မည်ပင်။

နောက်ဆုံးတွင်၊ သူသည် အပြင်းထန်ဆုံးစွမ်းအားကို အသုံးပြု၍ စူးချန်ကဲကို အမှောင်ထဲက‌နေ သတ်ဖြတ်ပစ်မည် ဖြစ်သည်။

သူ မအောင်မြင်ရင်တောင် ကိစ္စမရှိပါပေ။ ဓားခုတ်ကောင်သည် ပုစဉ်းရင်ကွဲကိုသာ ချောင်းတတ်သည်။နောက်က ရွှေဝါငှက်ကိုတော့ သတိမပြုမိပေ။ထို့အတူ သူ့အတွက် နောက်ထပ် အခွင့်အရေး များစွာ ကျန်ရှိဦးမည်ပင်။

“စူးချန်ကဲ၊ မင်းဒီနေ့သေရမယ်!”

လူသားမျိုးနွယ်စုသည် သူ့ကို အကြိမ်ကြိမ် အခါခါ အရှက်ခွဲခဲ့သည်။ အကယ်၍ စူးချန်ကဲကို သူ မသတ်နိုင်ခဲ့ပါက ၊ သူ့ကိုယ်သူ ခွင့်လွှတ်နိုင်ဖို့ရာ ခဲယဉ်းပေလိမ့်မည်။

ကောင်းကင်မှ ကြွေကျလာသော ကြယ်တစ်ပွင့်ကဲ့သို့ ကြီးမားသော နဂါးလက်ဝါးကြီးကို ရင်ဆိုင်ဖို့ရန်မှာ တခြားပါရမီရှင်များအနေဖြင့်

ဤကဲ့သို့သော စွမ်းအားမျိုးဖြင့် နှိပ်ကွပ်ခံရမည်ဆိုပါက ၊သူတို့ ဘာမှလုပ်နိုင်မည် မဟုတ်ချေ။

သို့သော် စူးချန်ကဲသည် ၎င်းကို မျက်ကွယ်ပြုကာ ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ကောင်းကင်ဓားကို မသုံးဘဲ ဓားဆန္ဒမှော်သင်္ကေတများဖြင့် ပေါင်းစပ်ထားသော ဓားတစ်ချောင်းကို ဖန်တီးလိုက်သည်။

နတ်အလင်းများက တဖျပ်ဖျပ် ရိုက်ခတ်နေပြီး

အေးစက်သော ဓားဆန္ဒသည် ပြင်းထန်သော အအေးဓာတ်နှင့်အတူ ဝင်းလက်တောက်ပလာသည်။

ရွှမ်း !

မည်သည့်စကားမှ မဆိုဘဲ ရုတ်တရက် ဓားဖြင့် ခုတ်လိုက်ရာ အဆုံးမဲ့ဓားစွမ်းအင်များ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဓားအလင်းသည် အဆုံးမရှိသော အမှောင်ည၌ ထွန်းလင်းတောက်ပသော တစ်ခုတည်းသောကြယ်စင်အလား ထင်မှတ်ရပြီး ၊ပုံရိပ်ယောင်ကို ထိုးဖောက်၍ အမှောင်ထုကို ဖျက်ဆီးပစ်လိုက်သည်။

ဘုန်း !

ကမ္ဘာကြီး တစ်ခုလုံး ဓားဖြင့် ပိုင်းခုတ်ခံလိုက်ရသကဲ့သို့ အမြင်အာရုံတို့သည် ရုတ်တရက် ရှင်းလင်းသွားခဲ့ပြီး ကမ္ဘာကြီးလည်း ကြည်လင်လာခဲ့သည်။

စူးချန်ကဲဘက်ကို တဖန် ကြည့်လိုက်ကြသည်။

သူ့လက်ထဲက ဓားဆန္ဒများဖြင့် ပေါင်းစည်းထားသော ဓားအလင်းသည် ကြယ်ရောင် ကောင်းကင်ကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး ဤကမ္ဘာမြေတွင် လွှင့်ပျံသွားခဲ့ပြီပင်။

တစ်ဖက်တွင်မူ ၊ ကောင်းကင်အထက်ရှိ ဧရာမ နဂါးလက်သည်းကြီးသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် နှစ်ပိုင်း ဖြတ်ပိုင်းခံလိုက်ရသကဲ့သို့ပင် ဤအခိုက်အတန့်တွင် ရုတ်တရက် ကွဲထွက်သွားခဲ့သည်။

ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်များ ထွက်ပေါ်လာခဲ့သော်လည်း ၊ သို့သော် ပြင်းထန်သော ဓားစွမ်းအင်၏ လက်အောက်တွင် ၎င်းသည် ရွှေဝါရောင်‌ အမှုန်လေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ရွှေမှုန် နှင့် ကြယ်စင် တို့သည် လှပသော ကြယ်မိုးများ အဖြစ်သို့ ရောယှက်သွားသည်မှာ

ကောင်းကင်က ကြွေကျလာသော ပန်းပွင့်များ သဖွယ် အောက်မေ့ရသည်။

တောက်ပသော ကြယ်စင်များဖြင့် ရေချိုးထားသလား အောက်မေ့ရသော စူးချန်ကဲမှာ ဘာမှ မထူးခြားသော ဟန်ပန်ဖြင့် အရင်လို ရှိနေဆဲပင် ဖြစ်ပြီး ၊ သူ၏ ဝတ်ရုံဖြူသည် နှင်းများထက်ပိုမိုဖြူစင်နေပြီး အမတအရှင်မြတ် အလား ။

နဂါးသားတော်နှင့် နဂါးမယ် ခြောက်ယောက်လုံး စူးချန်ကဲထံမှ ဧရာမ နဂါးခြေသည်းများကို ဖြတ်တောက်ခံလိုက်ရသည်နှင့် ကြီးမားသော တန်ပြန်သက်ရောက်မှုများကို ခံစားခဲ့ရသည်။

ယခုအချိန်တွင် လူတချို့မှာ သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး တချို့မှာ မြေပြင်ပေါ်၌ လဲလျောင်းလျက်သား နာကျင်စွာ ငိုကြွေးနေကြသည်။

အကယ်၍ အာရုံခံစိတ် ထူးကဲသာလွန်သော လူတစ်ယောက် ရှိခဲ့ပါက ၊ ဤလူခြောက်ယောက်လုံး၏ အတွင်းကလီစာများ ပြတ်တောက်သွားသည်ကို သိနိုင်ပေလိမ့်မည်။

ဝတ်ရုံဖြူ လူငယ်လေးသည် ဝင့်ကြွားလျက် ၊လူခြောက်ယောက်ကတော့ မူးမေ့လဲလေပြီ။

ဤမျှ ကြီးမားသော ခြားနားမှုကို တွေ့လိုက်ရသော ကြည့်ရှုသူတိုင်း ထိတ်လန့်သွားခဲ့ရသလို ၎င်းတို့၏ နှလုံးသားများမှာ တုန်လှုပ်ချောက်ချားရတဲ့အထိ ဖြစ်ခဲ့ရသည်။

“ နဂါး လက်သီး ၊ သွေးနဂါး ကောင်းကင်ကို လှန်ခြင်း !”

သို့သော် ရုတ်တရက်၊ သွေးရောင်နဂါးသဏ္ဍာန်သည် သွေးရောင်မိုးခြိမ်းသံအလား လှုပ်ရှားလာခဲ့ပြီး ၎င်း၏အငွေ့အသက်မှာဖြင့် သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်း အရိပ်အယောင်များ ပြည့်နှက်နေသည်။

၎င်းသည် လျှပ်တပြတ် အရှိန်နှုန်းဖြင့် စူးချန်ကဲကို နှိမ်နင်းရန် ‌ရွေ့လျားလာခဲ့သည် ။

လုံပါ့ထျန်းတစ်ယောက် လှုပ်ရှားလာခဲ့ပြီပင်!

သူသည် ယခင်ကတည်းက တလျှောက်လုံး သူ၏ အသက်ရှုသံကို ထိန်းညှိထားခဲ့ပြီး ကောင်းကင်ဘုံ အာဏာရှင် နဂါး အသွေးအသား၏ ကုသနိုင်သော စွမ်းအားက သူ့အား စွမ်းအင်တစ်ဝက်ကျော်ကို ပြန်လည်ရရှိစေခဲ့သည်။

စူးချန်ကဲ အငိုက်မိမည့် အချိန်ကို သူ တချိန်လုံး စောင့်နေခဲ့သည် ။

စူးချန်ကဲကို တိုက်ခိုက်ရန် အနီးကပ် ချဉ်းကပ်ခွင့် ရလာခဲ့ချိန်မှာတော့ သူသည် မဲ့ပြုံး ပြုံးလိုက်ရင်း ၊

“ ပုစဉ်းရင်ကွဲကို ချောင်း‌နေတဲ့ ဓားခုတ်ကောင်

ရွှေဝါငှက် ကိုတော့ သတိမပြုမိပေ !”

အချိန်အတော်ကြာမှ ရလာခဲ့သော ဤတိုက်ခိုက်မှုကို ပိုပြီး အသက်ဝင်အောင် ၊ သူသည် သူ၏ ကိုယ်ပိုင် ကောင်းကင်ဘုံ အာဏာရှင် နဂါး အသွေးအသားများ၏ စွမ်းအားများကိုပါ ပေါင်းထည့်လိုက်သည်။

၎င်းသည် သူ၏ မူလ နဂါးစွမ်းအင်ကို ဆယ်ဆ ပို၍ လှုံ့ဆော်ပေးနိုင်သည်။

သွေးနဂါး ဖြတ်သွားရာ နေရာတိုင်း၊ ဟင်းလင်းပြင်ကြီးမှာ အလွှာလိုက် ကွဲအက်ရပေသည်။

“ လုံပါ့ထျန်း ဒီကောင်လေး ၊ အကြာကြီး ဂူထဲအောင်းပြီးနောက် ဉာဏ်ပိုကောင်းလာတာပဲ”

လုံပါ့ထျန်း၏ ရုတ်တရက် တိုက်ခိုက်မှုသည် ဟွမ်လော့ရှင်း ကို အံ့အားသင့်စေခဲ့သည် ။အဆိုပါ လှုပ်ရှားမှုသည် ယုတ်မာသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

သို့သော် ဤလှုပ်ရှားမှုသည် အစွမ်းထက်ရုံသာမက အလွန်လည်း ရက်စက်ပေသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့် သင်သည် တွေ့ထိခံလိုက်ရမည်ဆိုပါက ၊ သွေးနဂါးသည် သင်၏ အနှစ်သာရနှင့် သွေးများကို ဝါးမျိုသွားမည် ဖြစ်ပြီး ၊ ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ နစ်မြုပ်နေမည် ဖြစ်သည်။ ရက်အနည်းငယ်ကြာတိုင်း ၎င်းသည် မူလပိုင်ရှင်၏ ကျင့်ကြံ သွေးလွှတ်ကြောများကို တက်ကြွစွာ အနှောင့်အယှက်ပေးလိမ့်မည် ဖြစ်သည်။

ယင်းအရာက လူကို မသေမရှင်နှင့် လွန်စွာ နာကျည်း ခံစားရပေလိမ့်မည်။

သို့သော် စူးချန်ကဲက လုံးဝ ဂရုမစိုက်ဘဲ ၊ သူ့ညာလက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

ဟိန်းသံ !

သွေးနဂါးသည် မြည်ဟိန်းသွားပြီး၊ စူးချန်ကဲ၏ လက်ဖဝါးထဲသို့ သွေးစက်အနေဖြင့် တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

“ဟားဟား၊ စူးချန်ကဲ၊ မင်းတော့ သေချာပေါက် သေပြီ !”

“ငါ့ရဲ့ ရိုက်ချက်ကို ခံလိုက်ရပြီ‌ ဆိုတော့ ၊ မင်း ဆက်ပြီး အသက်ရှင်ချင်ရင် ငါ ကျေနပ်တဲ့အထိ လုပ်ပေးတော့ !”

ထိုမြင်ကွင်းကို ကြည့်ရင်း လုံပါ့ထျန်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များ၏ ခေါင်းဆောင်ဖြစ်သော ကွေးယွမ် သူတော်စင် နယ်မြေ၏ ဆက်ခံသူ တစ်ယောက်တော့ ဘယ်လိုဇာတ်သိမ်းမျိုးဖြင့် အဆုံးသတ်တော့မည်နည်း။

အကယ်၍ သူသည် အနာဂတ်တွင် ရှင်သန်လိုသေးပါက ၊ လုံပါ့ထျန်း၏ စကားတခွန်းပေါ်တွင်သာ မူတည်ပေလိမ့်မည် မဟုတ်လော?

“ ဆက်ခံသူ သခင်!”

ကွေးယွမ်က တပည့်များမှာ စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ဤသွေးနဂါးသည် တကယ်ကို ထူးဆန်းပြီး ရှုပ်ထွေးပေသည်။

“ လုံပါ့ထျန်း ၊ ငါတို့ ဆက်ခံသူကို မင်း ဒုတိယမြောက် ခိုးတိုက်ခိုက်တာပဲ! “

ယဲ့လင်ထျန်း ရှေ့ထွက်လာခဲ့သည်။ သူ၏ မျက်လုံးထဲတွင် နတ်ဆိုးသွေးများ ရှိနေသကဲ့သို့ ဖိနှိပ်စွမ်းအားများ ထောင်းခနဲ့ ပို၍ တိုးလာခဲ့သည်။

ရှေးမျက်စံနှစ်မြွှာ !

ကမ္ဘာကြီးကို ဖွင့်​နိုင်ခြင်း! ​

ယဲ့လင်ထျန်း၏ ပြင်းထန်သော စွမ်းအားကို လုံပါ့ထျန်း ခံစားမိသည်။အမှန်အတိုင်း ဆိုရလျှင်ဖြင့် ယဲ့လင်ထျန်းကိုလည်း သူ အနည်းငယ်ကြောက်မိသည်။

ယခုပဲ သူ့ရဲ့ ခွန်အား အလုံးစုံကို အသုံးချခဲ့ပြီး ဖြစ်ရာ ယဲ့လင်ထျန်းကို မည်သည့်ခွန်အားမျိုးဖြင့် သူ တိုက်နိုင်တော့မည်နည်း။

သို့သော်၊ သူသည် အေးစက်စွာ နှာမှုတ်လိုက်ရင်း

“ မင်းတို့ ဆက်ခံသူရဲ့ အသက်က ငါ့လက်ထဲမှာ ၊ မင်းတို့က ဘာလုပ်ချင်တာလဲ?”

သို့သော် သူ မသိလိုက်သည်မှာ စူးချန်ကဲ၏ ရှေ့တွင်၊ ဤထိုးနှက်ချက်သည် ပင်လယ်ထဲတွင် နစ်မြုပ်နေသော နွားတစ်ကောင်ကဲ့သို့ ၊ သူ့သေလမ်းသူ ရှာလိုက်ခြင်းပင် ဖြစ်သည်။

လုံပါ့ထျန်း၏ ထောင်လွှားနေသော အမူအရာကို ကြည့်ရင်း စူးချန်ကဲ ရယ်ချင်လာသည်။

ကောင်းကင်ဘုံ အာဏာရှင် နဂါး အသွေးအသား၏ အရသာသည် အတော်လေး ကောင်းသည်ဟု ဆိုရပေမည်။

သူသည် ဤအရာကို ပိုပြီး အသေးစိတ် ခံစားမိချင်လာသည်။ ဤအ‌သွေးအသား၏ စွမ်းအားသည် အလွန်ပါးလွှာကြောင်း ရုတ်တရက် သူ သဘောပေါက်လိုက်သည်။

၎င်းသည် တစ်ဝက်မျှသာ အချောသတ်ထားသော ထုတ်ကုန်တစ်ခုမျှသာ ဖြစ်ပြီး အကုန်လုံး မသန့်ရသေးသော ထုတ်ကုန် ဖြစ်နေခဲ့သည်။

လုံပါ့ထျန်းသည် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသန့်စင်ဆုံးသော အသွေးအသား ဖြစ်ကြောင်း ပြင်ပကမ္ဘာကို အခိုင်အမာဆိုထားသော်လည်း ၊ အမှန်တကယ်တွင် ၎င်းသည် တစ်ဝက်သာ ပြီးမြောက်သေးသော ထုတ်ကုန်တစ်ခုသာ ဖြစ်သည်။

ဒီလိုကောင်မျိုးကို ကစားဖို့ သူ့စွမ်းအားတွေ ဒီလောက်တောင် အလသဿ သုံးလိုက်မိတယ်ပေါ့?

ဒါကိုတွေးမိရင်း စူးချန်ကဲ၏ နှလုံးသားထဲတွင် အမည်မသိ မီးတောက်တစ်ခု လောင်ကျွမ်းလာခဲ့သည် ။

၎င်းအငွေ့အသက်သည် ပီတိဖြစ်နေသော လုံပါ့ထျန်း၏ အပြုံးကိုတောင် အေးခဲသွားစေခဲ့သည်။

သူ မသိလိုက်သည်မှာ ၊ ယခုအချိန်တွင် သူ၏ ဦးခေါင်းထက်၌ သွေးစွန်းတော့မည့် စကားလုံးကြီး တစ်လုံးရှိနေသည်ကိုပင် !

အန္တရာယ်!

အပိုင်း(၁၁၈): သခင်ငယ်လေးသည် ဤကမ္ဘာပေါ်ရှိ အမတ ဓားအရှင် အလား ။

  “ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

“ ငါဘာလို့ ဒီလောက်အေးနေရတာလဲ”

ရှေးဟောင်း ရက်စက်ကြမ်းကြုတ်သော သားရဲ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ လုံပါ့ထျန်း၏ နှလုံးသားထဲတွင် နားမလည်နိုင်သော အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

“ မကောင်းတော့ဘူး !”

သူ့စိတ်ထဲတွင် အန္တရာယ်ရှိသော အငွေ့အသက်တို့ကို ခံစားလိုက်ရသည်။

မသိစိတ်မှ လုံပါ့ထျန်း၏ ခန္ဓာကိုယ်သည်အလိုအလျောက် တုံ့ပြန်ခဲ့သော်လည်း ၊ သို့သော် သူသည် ဤစွမ်းအား၏ အရှိန်အဝါကို လျှော့တွက်ခဲ့သည်။

နေရောင်အလား ပြိုးပြိုးပျက်ပျက် တောက်ပနေသော အလင်းတန်းတစ်ခုသည် ချက်ချင်း‌ဆိုသလို လုံပါ့ထျန်းအား အဝေးသို့ လွင့်စင်သွား‌ စေခဲ့သည်။

ဘုန်း!

ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး ၊ ဟင်းလင်းပြင်ကြီးမှာ ပြင်းထန်စွာ လှုပ်ယမ်းသွား‌‌လေသည်။

လုံပါ့ထျန်းသည် လွန်စွာ အားကြီးမားသော ၎င်းစွမ်းအားကြောင့် အဝေးသို့ လွှင့်ပျံကျသွားသည့် တချိန်တည်းမှာပင် ရှေးဟောင်းသစ်ပင်ကြီးများလည်း ဤစွမ်းအားကြောင့် အမြစ်မှ ဆွဲနှုတ်ခံလိုက်ရပြီး ဖရိုဖရဲ ဖြစ်သွား‌ခဲ့သည်။

ဤနေရာမှ ပေရာဂဏန်း ကွာဝေးသော နေရာတွင် ဖြစ်တည်နေကြသော တောင်တန်းများပင်လျှင် ကြယ်တံခွန်များ ဤကမ္ဘာမြေကြီးပေါ် ပြိုကျလာသကဲ့သို့ အလွှာလိုက် ပြိုကျခဲ့ရပြီး ဖုန်လုံးကြီးများ တထောင်းထောင်း ပြန့်ကျဲသွားသည်။

စူးချန်ကဲ၏ တကယ့် တိုက်ခိုက်မှု‌ဆိုတာ ဘာမှန်း ယခုအချိန်တွင် လူတိုင်း သိသွားခဲ့လေသည်။

“ လုံပါ့ထျန်းပြောတော့ စူးချန်ကဲ ခန္ဓာကိုယ်ထဲ သူ့ရဲ့ လျို့ဝှက် မှော်စွမ်းအား ရောက်သွားခဲ့တယ်ဆို?”

“ဟုတ်တယ်၊ ဒါ‌ပေမဲ့ သူက ဘာလို့ ဒီလောက်ထိ စွမ်းအားကြီးနေသေးရတာလဲ?”

ပါရမီရှင် များစွာသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး တီးတိုး ပြောနေကြသည်။

အနာဂတ်တစ်‌လျှောက်လုံး သင်၏ သေခြင်း ရှင်ခြင်းကို ခြယ်လှယ်မည့် အရာကို လျှို့ဝှက်မှော်စွမ်းအား တဲ့လား?

“ ဆက်ခံသူ သခင် ၊ အဆင်ပြေရဲ့လား…”

သို့သော် ကွေးယွမ်က လူတိုင်း ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို လွှတ်မချရသေးခင် ၊ ဆက်ခံသူ သခင်၏ မျက်ဝန်းထဲက အေးစက်မှုကို တွေ့လိုက်ရသည်။

ယင်းအရာမှာ စူးချန်ကဲ တကယ်ကို ဒေါသထွက်နေကြောင်း သက်သေပေတည်း။

မှန်၏။ စူးချန်ကဲ တကယ်ကို ဒေါသထွက်နေခဲ့သည်။သူသည် တန်ဖိုးမရှိသော အရာအတွက်နဲ့ ဆော့ကစားနေခဲ့သည်မှာ ကြာခဲ့ပြီပင်။

တန်ဖိုးမရှိပါက ၊ ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

အဝေးတစ်နေရာက နဂါးစွမ်းအင်တို့သည် ကောင်းကင်သို့ တဟုန်ထိုး မြင့်တက်သွားပြီး၊လူတစ်ယောက်သည် ရှက်ရွံ့သော အသွင်အပြင်ဖြင့် တွားသွားတတ်လာခဲ့သည်။

လုံပါ့ထျန်း အရှက်ကွဲခဲ့ရသည်မှာ သံသယ ဝင်စရာတောင် မလိုပေ ။စူးချန်ကဲ၏ ထိုးနှက်ချက်ကို သူ မည်သို့မှ ရှောင်လွှဲလို့မရနိုင်ခဲ့ပေ။

အကယ်၍ သူ့ခန္တာကိုယ်သာ အသန်မာဆုံး မဟုတ်ခဲ့ပါက ၊ သူသည် ဤတိုက်ခိုက်မှုအောက်တွင် မရှင်းမလင်း သေသွားနိုင်သည်။

ယင်းကြောင့် သူ ‌ဒေါသဖြစ်ရသလို တစ်ချိန်တည်းမှာပင် အနည်းငယ် ထိတ်လန့်မိပြန်သည်။

သို့သော် သူသည် စူးချန်ကဲ လက်အောက်တွင် ခံခဲ့ရဖူးသည်ကို သတိမရဘဲ ရှေ့ဆက်တိုးဖို့ကိုသာ ရွေးချယ်ခဲ့သည်။

“ နဂါး လက်သီး!”

ဘုန်း!

လုံပါ့ထျန်းသည် လက်သီးတချက် ပင့်တင်လိုက်ရာ ရက်စက်ကြမ်းကြုတ်သော သွေးချီစွမ်းအားတို့သည် ပင်လယ် သမုဒ္ဒရာအလား လှိုင်းထသွားခဲ့သည်။

နဂါးတစ်ကောင်၏ အမြင်ဆုံး ကြွေးကြော်သံကို လူတိုင်း ကြားလိုက်ရပြီး နဂါးတစ်ကောင်၏ အသွင်ပုံရိပ်သည် လုံပါ့ထျန်း၏ လက်သီးကို ဝန်းရံထားလေသည်။

လေဟာပြင်ကြီးကို ဖြိုခွဲလိုက်လျက် ပေါက်ကွဲသံနှင့်အတူ စူးချန်ကဲအား သတ်ရန် ပြေးဝင်လာသည်။

ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားလှိုင်းလုံးကြီးသည် ကောင်းကင်တွင် စစ်ခင်းနေသော နဂါးကြီးအလား။

သို့သော် စူးချန်ကဲသည် ပြောင်းလဲသွားခြင်း မရှိသော အမူအယာဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ဘုန်း! ဘုန်း! ဘုန်း!

ကောင်းကင်နှင့် ချိတ်ဆက်ထားသကဲ့သို့ နတ်အလင်းတန်းကြီးသည် မြေကြီးထဲကနေ ရုတ်တရက် ထွက်လာခဲ့သည်။

“ဒါက နတ်ဘုရား ဖီးနစ်ရဲ့ စစ်မှန်‌သော သွေးပဲ!”

ဘေးကနေ ရပ်ကြည့်နေသော ဟွမ်လော့ရှင်း ရင်ထဲ တုန်လှုပ်သွားသည်။

ဤနတ်ဘုရား ဖီးနစ်၏ စစ်မှန်သော သွေးသည် ၎င်းတို့၏ စစ်မှန်သောဖီးနစ်မျိုးနွယ်စု အတွက် သွေးရင်းမြစ် တစ်ခုလို့ ပြောလို့ရပေသည်။

မီးလျှံ၏ စွမ်းအားကို ကိုင်စွဲအသုံးပြုသော တူညီသော မကောင်းဆိုးဝါး မျိုးနွယ်စုများ ဖြစ်သောကြောင့် မှော်စွမ်းအားနိယာမများသည် တူညီကြပေသည်။

“ငါသာ ဒီနတ်ဘုရား ဖီးနစ် သွေးတစ်စက်ကို စူးချန်ကဲ ဆီက ရနိုင်ရင်..”

ဟွမ်လော့ရှင်း၏ မျက်လုံးများသည် ဝင်းလက်သွားသည်။သို့သော်လည်း သူမသည် ယခုအချိန်တွင် မဆင်မခြင် ဝင်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

သူမသည် လုံပါ့ထျန်းလို ရိုးအနေသူ မဟုတ်။

စူးချန်ကဲ၏ ခွန်အားသည် သူမ မျှော်လင့်ထားတာထက် ကျော်လွန်ပေသည်။သို့ဖြစ်၍ သူ့ကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော သေချာသောနည်းလမ်းမှာ သူ့ကိုသတ်ရန် တခြားရှေးခေတ် ပါရမီရှင်များနှင့် ပေါင်းစည်းရန်သာ ဖြစ်သည်။

ကောင်းကင်ယံမှ မီးလျှံများသည် မီးနဂါးကြီးအဖြစ် စုဝေးသွားသည်ကို သူမ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်လို့နေသည်။

မီးနဂါးကြီးသည် မြည်ဟိန်းလိုက်ပြီး ၊ လုံပါ့ထျန်း၏ နဂါးအသွင်ပုံရိပ်ကို တိုက်ခိုက်ခဲ့သည်။

တခဏချင်းမှာပင် ၊ မီးလျှံများ တဟုန်းဟုန်း ထလျက် နဂါးစွမ်းအင်များ ရိုက်ခတ်လှုပ်ရှား ထကြွလာခဲ့သည်။

သို့သော်၊ မီးနဂါးကြီးသည် ပို၍ အားကောင်းနေခဲ့ပြီး လုံပါ့ထျန်း၏ တိုက်ခိုက်မှုကို ဖြိုခွင်းလိုက်ကာ လုံပါ့ထျန်းဆီသို့ ဆက်လက် ချီတတ်သွားခဲ့သည်။

  “သေစမ်း!”

“ ဒီလူသားမှာလည်း ငါတို့ နဂါးမျိုးနွယ်စုလို နဂါးစွမ်းအား ရှိနေခဲ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး “

လုံပါ့ထျန်း၏ မျက်နှာမှာ မှုန်ကုတ်နေ၏။စူးချန်ကဲ၏ တိုက်ခိုက်မှုတွင် နဂါးစွမ်းအင်များ ပါဝင်နေသည်ကို သူ ခံစားနိုင်သည်။

လုံပါ့ထျန်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ၊ စူးချန်ကဲသည် သူ၏တိုက်ခိုက်မှုကို ဖြိုခွဲနိုင်မည် ဖြစ်ကြောင်း အစောကတည်းက ခန့်မှန်းမိပေရာ ထို့ကြောင့် သူသည် တခြားအရာတစ်ခုကို ပြင်ဆင်ထားခဲ့သည်။

“ နဂါး လက်သီး၊ နဂါးကြယ် ကောင်းကင်ယံမှ ကြွေကြခြင်း!”

ချက်ခြင်းဆိုသလိုပင် လုံပါ့ထျန်းက ထပ်မံ ထိုးစစ်ဆင်ခဲ့သည်။

ခမ်းနားထည်ဝါသော နဂါးကြီး တစ်ကောင် ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဆက်လက်ပြီး စွမ်းအင်ကို အရှိန်မြှင့်လိုက်ရာ

ဒါဇင် ချီသော နဂါးကြီး၏ အရိပ်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့သည်။

လူတိုင်းကို ပိုပြီး ထူးဆန်းစေခဲ့သော အရာမှာ

ဒါဇင် ချီရှိသော နဂါး အရိပ်သဏ္ဍာန် တဝက်လောက်က စူးချန်ကဲ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ပင်။

နဂါး အရိပ်သဏ္ဍာန် တဝက်လောက်က လေဟာပြင်ထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။

ဟိန်းသံ !

ကျန်ရှိ နဂါး အရိပ်သဏ္ဍာန် တို့မှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် အရည်ပျော်သွားသော နဂါး‌ရောင်ဝါ ကြယ်မှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သို့သော် ၎င်း နဂါး‌ရောင်ဝါ ကြယ်မှုန်များသည် အနီးနားရှိ နဂါးစွမ်းအင်များကို စုပ်ယူနေပုံရကာ နောက်ဆုံးတွင် ရွှေအလင်းလုံး တစ်ခုအဖြစ် စုဝေးသွားခဲ့သည်။

ရွှေအလင်းလုံးလေးထဲတွင် မြွေသေးသေးလေး တစ်ကောင်ကဲ့သို့ နဂါးလေးတစ်ကောင် ရှိနေခဲ့သည်။

ဘုန်း!

စူးချန်ကဲ၏ နတ်မီးလျှံ နှင့် လုံပါ့ထျန်း၏ နဂါးတို့သည် ကြီးမားစွာ ပေါက်ကွဲသွားခဲ့ပြီး အခိုးအငွေ့များ အဖြစ်သို့ ပြန့်ကျဲသွားလေသည်။

သို့သော် ထိုပေါက်ကွဲသံများကြားတွင် ၊ လေဟာပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။

  ဝှစ်!ဝှစ်!ဝှစ်!

အလင်းလုံး တချို့သည် တောက်ပသော နတ်အလင်းရောင်များဖြင့် ပေါက်ကွဲထွက်သွားပြီး ပြင်းထန်သော မုန်တိုင်းကဲ့သို့ စူးချန်ကဲပေါ်သို့ ထိုးကျလာခဲ့သည်။

စူးချန်ကဲသည် ဘာမှမထူးခြား သော အမူအယာဖြင့် လက်ဖြင့် ဓားကို စေခိုင်းကာ ကာကွယ်လိုက်သည်။

ကောင်းကင်ကိုတောင် နှိပ်ကွပ်နိုင်သော ဓားစွမ်းအင်သည် သူ၏ လက်ချောင်းထိပ်များပေါ်တွင် တရွေ့ရွေ့နှင့် လွင့်မျောနေသည်။

ဆိုင်းငံ့အနေအထားမှာတင် ၎င်းစွမ်းအား၏ အရှိန်အဝါသည် ပတ်ဝန်းကျင်ရှိ နိယာမစည်းမျဉ်းများကိုတောင် ဖြတ်ချိုးပစ်လိုက်သည်။

“ဓားတစ်သောင်း”

ဝီ!

စူးချန်ကဲ ရေရွတ်အပြီးတွင်၊ဟင်းလင်ပြင်ထဲမှ မှိတ်တုတ်မှိတ်တုတ်ဖြင့် အေးစက်နေသော ကြယ်ပွင့်များ သဖွယ် အလင်း အစက်အပြောက်များ ပွင့်လန်းလာခဲ့သည်။

အမှောင်ထုကို ထိုးဖောက်နေသော ကြယ်စင်များကဲ့သို့ စူးရှလွန်းပေသည်။

“ဒါက!?”

လူတစ်​​ယောက်က ထိတ်​လန့်​တုန်​လှုပ်​စွာဖြင့်​ ၎င်းကြယ်စင်များကို လက်​ညှိုးထိုးရင်း အော်လိုက်သည်။

သူ၏ စေ့ဆော်သံကြောင့် လူတိုင်း ကြည့်လိုက်ကြပြီး မျက်လုံးများပင်လျှင် အသားကုန် ပြူးသွားခဲ့ရသည်။

ထိုလင်းလက်‌နေသော ကြယ်စင်များသည် အမှန်စင်စစ်တွင် ဤကမ္ဘာကြီးထဲက အေးစက်သော နတ်ဓားများပင် ဖြစ်သည်။

မရေတွက်နိုင်သော နတ်ဓားရှည်များသည် လေဟာပြင်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

စူးချန်ကဲ တည်ဆောက်ထားသော ဤဓားနယ်ပယ်ထဲတွင်၊ ဓားဆန္ဒများက အဆက်မပြတ် စုဝေးလာနေပြီး နတ်ဓား တစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အဆုံးမရှိ‌သော အေးစက်သော မရေမတွက်နိုင်သော ဓားများအလယ်တွင် စူးချန်ကဲသည် ဓားအရှင် အလား မှတ်ယူရသည် ။

“မင်း အနိုင်ယူမှာကို ငါစောင့်နေမယ် ထင်လား!”

လုံပါ့ထျန်းသည် သူ၏ ညာလက်ကို ဆန့်တန်းလိုက်သည်။

ကြယ်မိုးများ ရွာချလာသကဲ့သို့ ရွှေအလင်းလုံးများသည် တဖန် ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်ယံတွင် ရွှေဝါရောင် ကြယ်စင်များကို ချန်ရစ်ထားလိုက်သလိုပင်။

ကောင်းကင်ယံတွင် ကြယ်ပွင့်များ ပွင့်လန်းနေသလိုမျိုး ဤမြင်ကွင်းသည် အလွန် မိုက်သော်လည်း ၊ သို့သော် ၎င်း၏ အရှိန်အဝါသည် လူကို သေစေနိုင်သည်။

“ ချန်ကဲ ဆက်ခံသူ ဘာလို့မလှုပ်ရှားသေးတာပါလိမ့်?”

ဤကြောက်စရာကောင်းသော စွမ်းအားကို မြင်လိုက်ရသော ကြည့်ရှုသူတိုင်း ထိတ်လန့်သွားကြပြီး ဖြူဖပ်ဖြူရော်ဖြင့် တိတ်ဆိတ်နေကြသည်။

ဒီတ‌ခေါက် တိုက်ခိုက်မှုသည် ပြင်းထန်လွန်းသည်ဟု အားလုံး ယူဆထားကြသည်။

ထို့အပြင်၊ ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသော ဤကြယ်စုများကို ရှောင်ရန်မှာ အဲ့လောက်ထိ မလွယ်ကူပေ။

လူတိုင်း သူတို့ရှေ့က စစ်မြေပြင်ကြီးကို အသေစိုက်ကြည့်နေကြသည်။

စူးရှလွန်းသော ဓားအလင်းနှင့် တောက်ပသော ကြယ်စင်တို့၏ ယှဉ်ပြိုင်မှု။

ရေနှင့်မီး တိုက်ပွဲကဲ့သို့ ယင် ယန် အဖြစ် ပိုင်းခြားထားသလိုပင်။

သို့သော် စူးချန်ကဲ သူတစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ မူလ အစသို့ ပြန်သွားခြင်း”

ဓားစွမ်းအင်သည် ကောင်းကင်တွင် တောက်လောင်နေသော နေမင်းကြီး ကဲ့သို့ အလင်းတန်း ထောင်ပေါင်းများစွာကို ဖြိုခွင်းလိုက်သည်။

ဓားစွမ်းအင်တို့သည် သက်ရှိအလား ပြုမှုလာပြီး ၊ဓားစွမ်းအင် မုန်တိုင်းကြီးသဖွယ် တိုက်ခတ်လျက် ကောင်းကင်ယံ၌ ရာနှင့်ချီသော ဓားပျံများအဖြစ်သို့ စုဝေးသွားလေသည်။

မရေမတွက်နိုင်သော သက်ရှိဓားတို့သည် စူးရှ တောက်ပလွန်းပေသည်။

ဓားစွမ်းအင်သည် တဖျက်ဖျက် လူးခတ်နေပြီး၊

နဂါးငွေ့တန်းဓားများကဲ့သို့ စုရုံးသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင်၊ ၎င်းသည် ‌ဤကမ္ဘာကြီးကို သက်ဆင်းလာသော နတ်ဓားတစ်လက်အဖြစ် ဖန်ဆင်းခဲ့လေပြီ။

ဓားဖြတ်သန်းသွားလေရာ နေရာတိုင်း အမှုန့်ဖြစ်သွားရသလို အရာအားလုံးသည် နတ္ထိအဖြစ်သို့ ကူးပြောင်းခဲ့ရသည်။

ဤသို့ဖြင့် ကောင်းကင်တခွင်လုံးက ကြယ်စင်များသည် ကွယ်ပျောက်ကုန်ပြီး အဖြူရောင် ဗလာကြီးသာ ကျန်ရစ်ခဲ့လေသည်။

အားလုံး၏ အကြည့်များက ဝတ်ရုံဖြူ ပုံရိပ်လွှာဆီသို့ ကျရောက်နေခဲ့သည်။

ဆံပင်ကို ဝတ်ဖြူစ ဖြင့် ထုံးဖွဲ့စီရင်ထားကာ မည့်သည့် အမှုန်အမွှားမှ အတင်မခံသည့် ၊

သခင်ငယ်လေးသည် ဤကမ္ဘာပေါ်ရှိ အမတ ဓားအရှင် အလား ထင်မှတ်ရပေသည်။

အပိုင်း(၁၁၉): ကိုယ်သာလျှင် အတော်ဆုံးလို့ သတ်မှတ်ရင် ၊ ကျုပ်နဲ့ တစ်ပွဲလောက် ဆင်နွှဲကျတာပေါ့

  ဝုန်း !

ဓားစွမ်းအင်များသည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး ဤကမ္ဘာပေါ်တွင် ပေါက်ကွဲခြင်း အလှတရားများကို ပွင့်လန်းစေခဲ့သည်။

လုံပါ့ထျန်းသည် ၎င်းစွမ်းအား‌၏ ထိုးနှက်ချက်ကို ခံလိုက်ရပြီး ၊ ကြိုးပြတ်သွားသော စွန်ကဲ့သို့ အဝေးသို့ ပျံထွက်သွားခဲ့သည် ။

ဒီတစ်ကြိမ်မှာတော့ သူ့ခန္ဓာကိုယ်သည် လွန်စွာ အ‌ခြေအနေဆိုးနေခဲ့ပြီး ဒဏ်ရာဗလပွများဖြင့် ပြည့်နှက်နေခဲ့သည်။

အားလုံးက ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။

ရှေးခေတ် ပါရမီရှင်၊ ဒါက ထူးကဲပါပေတယ် ဆိုတဲ့ ရှေးခေတ် ပါရမီရှင်လေ !

သူသည် တစ်ချိန်က ဤကမ္ဘာကြီးကို နှိပ်ကွပ်ကာ ပြိုင်ဘက်ကင်းခဲ့သော ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။

နဂါး လက်သီး ဆိုရင်ဖြင့် စကြဝဠာတစ်ခုလုံးကို လှုပ်ခတ်သွား‌စေခဲ့သည် ။

ယခုမူ ‌ ခေတ်သစ် နံပါတ်တစ် ပါရမီရှင် စူးချန်ကဲ၏ ရှေ့ မှောက်တွင် သူသည် သွေးသံရဲရဲဖြင့် အရိုက်ခံခဲ့ရသည် ။

သို့သော် စူးချန်ကဲသည် သူ၏ စွမ်းအားများကို အကုန်လုံး ထုတ်မသုံးရသေးတာကိုတော့ သူတို့ မသိခဲ့ကြပေ။

အကယ်၍ သူတော်စင် တာအို သန္ဓေသားလောင်း၏ စွမ်းအားကို အပြည့်အဝ နှိုးဆွပြီး ၊

ကောင်းကင်ဓားကို ထုတ်သုံးခဲ့ပါက ၊ တချက်တည်းဖြင့် လုံပါ့ထျန်းတစ်ယောက် အမုန်းတရားများ ပိုက်၍ သေဆုံးသွားရပေမည်။

သို့သော် စူးချန်ကဲသည် သူ့အား အဘယ့်ကြောင့် တချက်တည်းနှင့် မသတ်သနည်း။

ကြီးမြတ်သော မျိုးဆက်များ ထွက်‌ပေါ်လာသည့် ရွှေခေတ်ကြီးမှာ သူ့အတွက်‌တော့ ကြက်သွန်မြိတ်များ ရိတ်သိမ်းသည့်နေ့ပင်။

ရှေးခေတ် ပါရမီရှင်တစ်ယောက်ကို ဓားတချက်တည်းနဲ့ ထိုးသတ်ရင် ၊စိတ်ဝင်စားစရာ ကောင်းပါဦးမလား?

ယင်းက ဂိမ်းကစားသော အတွေ့အကြုံကို တစ်ဖက်လူကို သေချာပေါက် ခံစားရစေသည်။သို့မဟုတ်ပါက သူ့အတွက် ရတနာရှာပေးမယ့် ကြွက်တစ်ကောင် မည်သို့ ဖြစ်လာနိုင်မည်နည်း။

“ စူးချန်ကဲ “

“ငါ့ရဲ့ ​သွေး​ကြော​တွေသာ ​ပြီးပြည့်စုံခဲ့မယ်ဆိုရင် ၊ ​ ငါ မင်းကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”

လုံပါ့ထျန်၏ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ သူ၏ မျက်ဝန်းများမှာ အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် လွန်ခဲ့‌သော နှစ်ပေါင်းများစွာက ကျင့်ကြံရင်းက စွမ်းအား မတည်ငြိမ်သလို ဖြစ်ကာ ရူးမလို ဖြစ်ခဲ့ဖူးသည်။

အကယ်၍ သူ၏ အသွေးအသားများသာ အားမပျော့ခဲ့ဘူး ဆိုပါက ၊ သူသည် အရင်ကတည်းက သေသွားခဲ့ပြီပင်။

“မပြီးပြည့်စုံသေးဘူးပေါ့?”

လုံပါ့ထျန်း၏ စကားကို ကြားပြီးနောက် စူးချန်ကဲ၏ မျက်လုံးများမှာ အနည်းငယ် ဝင်းလက် တောက်ပသွားခဲ့သည်။

“ဒီလို‌ပြောကြေးဆို ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ်ရဲ့ အသွေးအသား အပြည့်အစုံကို ငါရနိုင်ဖို့ အခွင့်အရေးရှိသေးတယ်ပေါ့?”

ကောင်းကင်ဘုံ ခန္ဓာကိုယ် နှင့် ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ် နှစ်ခုလုံးသည် အမည်မသိ မူလဇစ်မြစ်ရှိကြောင်းကို သူသိထားသည်။

အဘယ်ကြောင့်ဆိုသော် ဟောင်းနွမ်းနေသော ရှေးဟောင်းစာအုပ်တစ်အုပ်တွင် ဤစကားတစ်ခွန်းကို သူမြင်ဖူးသည် ။

“ အုပ်စိုးရှင်တည်ရာ၊ သခင် နဂါး ပြန်ကြွလာ၊ ဘိုးဘွားကြယ်ပွင့် ထွန်းလင်းရာ ဒဏ္ဍာရီလာလေပြီ”

ထို့ကြောင့် သူသည် လုံပါ့ထျန်း၏ ကောင်းကင်ဘုံ အာဏာရှင် နဂါး ခန္ဓာကိုယ်၏ အသွေးအသားကို ရရှိရန် အလွန်ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

ပြောမရဘူး ၊ သူသည် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သွားနိုင်သည်။

တဖက်လူသည် ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားကို ယခုထက်ထိ ပြီးပြည့်စုံစွာ မရသေးသည်ကို ကြားသိလိုက်ရာ ၊သူ့အနေဖြင့် ဤကဲ့သို့ အခွင့်အရေးမျိုးကို မည်သို့ လက်လွတ်နိုင်မည်နည်း။

“အောင်နိုင်သူသာလျှင် ဘုရင် ဆိုပေမဲ့ ဒါပေမဲ့ ငါရှုံးတယ်ဆိုတာကို ဘယ်တော့မှ ၀န်ခံမှာ မဟုတ်ဘူး!”

“ငါဘယ်တော့မှ ..”

ဘုန်း!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ နတ်အလင်းများ ပေါက်ကွဲသွားသည်။

“ငါ မင်းကို စကားပြောခွင့် ပေးခဲ့လို့လား”

စူးချန်ကဲ၏ အေးစက်သော အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်မှု အပြည့်ဖြင့်။

ဘုရားရေ! အရမ်းရက်စက်တာပဲ!

စူးချန်ကဲသည် လုံပါ့ထျန်း၏ ဦးခေါင်းကို နင်းကာ မြေကြီးထဲသို့ နစ်မြုပ်စေခဲ့သည်။

“ သခင် ပါ့ထျန်း !”

“ခွေးကောင်!သခင် ပါ့ထျန်း ရဲ့ ခေါင်းပေါ်က မင်းခြေထောက်ကို ဖယ်လိုက်စမ်း!”

ရုတ်​တရက် လူအုပ်ကြီးကနေ ဒေါသတကြီး ​အော်​ဟစ်​လာခဲ့သည်​။၎င်းတို့သည် လုံပါ့ထျန်း၏ နောက်လိုက်များပင် ဖြစ်သည်။

“ အားလုံး၊ သခင် ပါ့ထျန်း က ငါတို့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ်၊ အခု ငါတို့ဘက်ကနေ အခု ပြသဖို့အချိန်ရောက်ပြီ”

နောက်လိုက်တစ်ယောက်က စူးချန်ကဲကို နှိမ်နှင်းရန် အခြား နောက်လိုက်များနှင့် ပေါင်းစည်းလိုသောကြောင့် စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။

သို့သော် လူအုပ်ကြီး၏ လှုပ်ရှားမှု မစခင် ၊

စူးချန်ကဲသည် ထိုလူအုပ်ကြီးကို ပေါ့ပေါ့ပါးပါး တချက်ကြည့်လိုက်သည်။

အရိုးထဲထိ စိမ့်အေးစေသော အအေးဓာတ်က ဤကမ္ဘာကြီးကို ဖုံးလွှမ်းသွားသလိုပင်။

“အိုး. ..မင်းက ဘာလုပ်ချင်လို့လဲ”

စူးချန်ကဲ၏ ဖိနှိပ်စွမ်းအားသည် လူတိုင်း၏ နှလုံးကို တုန်လှုပ်စေခဲ့သည်။

   အန္တရာယ်တော့ များပြီ!

   သေရ‌တော့မှာပဲ!

လုံပါ့ထျန်း၏ နောက်လိုက်များသည် ထိုလူ၏ အရေပြားကို ခွာပစ်ချင်နေကြသည်။

ကိုယ့်ဟာကို သေချင်တယ်ဆိုလည်း သေလေ!ဘာလို့ ငါတို့ကိုပါ ဆွဲခေါ်နေရတာတုန်း!?

အနှီသူသည် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ပုံရပြီး နဖူးကနေ ချွေးသီးကြီးများ တဖြုတ်ဖြုတ် ကြွေကျလာခဲ့သည်။

“ငါ..”

ထိုလူက ပြုံးရယ်လျက်။

“ ကျွန်တော်အထင် ဆက်ခံသူ သခင်ကို ကြည့်ရတာ အရမ်းပင်ပန်းနေပြီ ထင်တယ်၊ ကျွန်တော် ခြေထောက်လေး နှိပ်ပေးရဦးမလား”

ထိုမြင်ကွင်းအပေါ် မည်သည့် တုံ့ပြန်ချက်မှ ထွက်မလာခဲ့ပေ။

အသက်ဆုံးရှုံးတာထက်စာရင် မျက်နှာပျက်တာက ပိုကောင်းတယ်လေ မဟုတ်ဘူးလား?

“ စူးချန်ကဲ !!”

လုံပါ့ထျန်း သည် စူးချန်ကဲ၏ ခြေထောက်အောက်ကနေ ဒေါသတကြီး အော်ဟစ်နေ၏။

ယနေ့တွင် သူသည် သူ၏ နောက်လိုက်များကြားတွင် မျက်နှာပျက်ခဲ့ရရုံသာမက ဘုန်းအာနုဘော်ကိုလည်း ဆုံးရှုံးခဲ့ရသည်။

လုံပါ့ထျန်း သည် စူးချန်ကဲ၏ ခြေထောက်အောက်ကနေ ရုန်းထွက်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ၊ သူမည်မျှပင် ကြိုးစားပါစေ မတတ်နိုင်ခဲ့ပေ။

လူသားတစ်ယောက်သည် အဘယ်ကြောင့် ဤမျှ အစွမ်းထက်‌နေသည်ကို သူ လုံးဝမှ နားမလည်‌ပေ။

စူးချန်ကဲ၏ ခြေထောက်သည် ထောင်ထွပ်ကြီး သဖွယ် သူ့ကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားသည်။

ထို့အပြင် စူးချန်ကဲ သူ့ကို မသတ်ခဲ့ရင်တောင် ဤအဖြစ်အပျက်ကြောင့် သူ၏ တာအိုစိတ်နှလုံးသားမှာ ပြိုလဲသွားခဲ့ပြီပင် ။

“ဒီကောင်လေး ရည်မှန်းချက်မရှိဘူးပဲ!”

“တကယ်လို့ တာအိုစိတ်နှလုံးသား ပြိုလဲသွားခဲ့ရင် ၊ ငါ့ရဲ့ ကောင်းကင်ဘုံ အာဏာရှင် နဂါးရဲ့ အသွေးအသားတွေ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား?”

စူးချန်ကဲအနေဖြင့် ဒါမျိုး ခွင့်ပြုလိမ့်မည် မဟုတ်။ သူသည် ကြက်သွန်မြိတ်များကို ပိုသန်မာပြီး ကြီးထွားစေချင်သောကြောင့် သူ့ကို “မြေသြဇာ” ပေးကျွေးဦိးမည်ပင်။

“ဧည့်သည်တော်၊ စိတ်အေးအေးထားပါ”

ထိုအချိန်တွင် လူငယ်တစ်ယောက်၏ အသံထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ မျက်ခုံးပင့်လိုက်သည်။ထိုအနှီသူအား သူ သတိပြုမိခဲ့သည်မှာ ကြာခဲ့ပြီပင်။ယခုလို မထွက်ပေါ်လာခင်ကတည်းက ၎င်းသည် အမှောင်ထဲတွင် နေကာ တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် သူ ဝင်ပါခဲ့ပြီ ဖြစ်သည်။ ထိုအနှီသူသည် အညိုရောင် သင်္ကန်းကို ၀တ်ဆင်ထားသော ကိုယ်တော်တစ်ပါး ဖြစ်ပြီး ၊ သူ့တစ်ကိုယ်လုံး ခြုံငုံကြည့်မည်ဆိုပါက လောကီအရာများမှ ကင်းအောင် နေတတ်သော ရောင်ဝါများကို အတိုင်းသား မြင်တွေ့ရသည်။

ထိုလူသည် စူးချန်ကဲ ရှေ့သို့ ရောက်လာပြီး ဦိးညွှတ်ကာ ဆိုလိုက်သည်။

“ ထျန်းကျီမျှော်စင် ပိုင်ရှင်ရဲ့ တပည့်ဖြစ်သူ ကျွန်တော် ခွင်းအန်းက နှုတ်ခွန်းဆက်သပါတယ် “

“ထျန်းကျီမျှော်စင် ပိုင်ရှင်ရဲ့တပည့်?”

ထိုစကားသည် အားလုံးကို မျက်လုံးပြူးကျယ်သွားစေခဲ့သည်။

ပိုင်ရှင်သည် သူ၏ တပည့်ကို လွှတ်၍ ပြင်ပလူတစ်ဦးကို အဘယ်ကြောင့် ကြိုဆိုခိုင်းခဲ့ရသနည်း။

“ဘာလဲ၊ သူ့ကို လွှတ်​ဖို့ ​တောင်းဆိုချင်​လို့လား”

စူးချန်ကဲ က ပြုံးပြီး မေးလိုက်သည်။

တစ်ဖက်လူက ဒီလိုပြောလိမ့်မယ်လို့ သူတကယ်ပဲ မျှော်လင့်ထားခဲ့သည်။

သူသည် ကြက်သွန်မြိတ်ကြီး ဖြစ်သည့် လုံပါ့ထျန်းကို မတတ်သာသည့်အဆုံး ဟန်ဆောင်ပန်ဆောင်ဖြင့် ဒီတိုင်း ပြန်လွှတ်ပေးမည် ဖြစ်သည်။သူ့ အနေဖြင့် လုံပါ့ထျန်း တစ်ယောက် သူ၏ ကောင်းကင်ဘုံ အာဏာရှင် နဂါးအသွေးအသားများ ပြီးပြည့်စုံလာမည့် နေ့ကို စောင့်လိုက်ဦးမည် ဖြစ်သည်။

“အိုး မဟုတ်ဘူး”

ခွင်းအန်းက အပြုံးမပျက် ဆိုလိုက်သည်။

“ ဧည့်သည်တော်ကသာ ကျွန်တော်တို့ ထျန်းကျီမျှော်စင်ရဲ့ ထူးခြားတဲ့ ဧည့်သည်ပါ ၊ကျွန်တော်တို့ ထျန်းကျီမျှော်စင်က သူငယ်ချင်းဖွဲ့ခဲတယ် ၊ ဧည်သည်တော် အဆင်ပြေသလို လုပ်လို့ရပါတယ်”

အရင်က ဆရာဖြစ်သူသည် သူ့ကို မှာကြားခဲ့ဖူးသည်။

မူလက ဆရာဖြစ်သူသည် ဤတိုက်ပွဲကို ရပ်ရန် သူ့ကို ကြားဝင် စွက်ဖက်ခွင့်ပေးခဲ့သည်ဟု ထင်ခဲ့ဖူးသည်။

သို့သော် ဆရာဖြစ်သူသည် သူ မမျှော်လင့်ထားသော စကားတစ်ခွန်းကို ဆိုခဲ့လေသည်။

“ အဲ့ဒီပုဂ္ဂိုလ်ကို လုံးဝ မစော်ကားရဘူး”

‘လုံးဝ’ ဆိုသည့် ဤစကားလုံး နှစ်လုံးသည် အလွန်အရေးကြီးပြီး ၊ ဆရာဖြစ်သူအတွက် ထိုပုဂ္ဂိုလ်သည် အလွန် အရေးပါမှန်း သူ သိခဲ့သည်။

ထိုပုဂ္ဂိုလ်မှာ ရိုးရှင်းသော သာမန်ညောင်ည လူ မဟုတ်တာတော့ သေချာပေသည် ။

သို့သော် စူးချန်ကဲမှာမူ အခက်တွေ့နေလေ၏။

စိတ်ကူးယဉ် ဝတ္ထုထဲက ဇာတ်ညွှန်းနဲ့ တခြားစီတွေပါ့လား!

ဒီလိုပြောသင့်တာလေ - “လူတိုင်းက ငါ့ ထျန်းကျီ ကျွန်းရဲ့ ထူးခြားတဲ့ ဧည့်သည်တွေ ဖြစ်လို့ စည်းလုံးညီညွတ်မှုက အရေးကြီးဆုံးပါပဲ”

ဒါမှမဟုတ်လည်း

“ကျေးဇူးပြုပြီး ထျန်းကျီကျွန်းရဲ့ မျက်နှာကို ထောက်ထားပြီး စာနာပေးပါ “ ဆိုပြီး ဖြစ်ရမှာလေ!

ဒါပေမယ့် တဖက်လူက ဘာကိုဆိုလိုတာလဲ။

တကယ်ပဲ ငါ့ဆန္ဒအတိုင်း လုပ်သတဲ့လား!?

လုံပါ့ထျန်းကို သတ်မှာတောင် ဘာမှ ကြီးကြီးမားမား ကိစ္စမဟုတ်ဘူးတဲ့လား?

“ဟမ်! ထျန်းကျီကျွန်းလည်း နိမ့်ကျသွားတာလား ၊ ဒီကိုရောက်လာဖို့ ငါတို့ အရမ်းကြိုးစားခဲ့တာ ၊ ဘာလို့ ကွေးယွမ် သူတော်စင် နယ်မြေတစ်ခုပဲတုန်း?”

ထိုအချိန်တွင် လူအုပ်ထဲမှ မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အသံလားရာကို ကြည့်လိုက်တော့ ၊ အစိမ်းရောင် တစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ထားသော လူတစ်ယောက်ပင်။

သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုအနှီသူတွင် ဆန်းကြယ်သော သေမင်းအငွေ့အသက်တို့ ရှိနေခဲ့သည်။

“ စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ဒီလို ပြင်းထန်တဲ့ သေမင်းအငွေ့အသက်‌တွေ ၊ကြည့်ရတာ မရဏကမ္ဘာက အင်အားစု တချို့ ရောက်လာခဲ့ပုံပဲ “

စူးချန်ကဲသည် သူ့စိတ်ထဲတွင် ညည်းတွားလိုက်သည်။

မှန်၏။ ထိုအနှီလူသည် မရဏ ကမ္ဘာက ပါရမီရှင်တစ်ဉိီး ဖြစ်ပြီး နတ်ဘုရားအချုပ်ထောင် နန်းတော်က လူတစ်ဦိးလည်း ဖြစ်သည်။

“ကောင်းကင်ဘုံကိုးပါးထပ်မှာ ပျံသန်းနေတဲ့ နဂါးအစစ်က ဘာလဲဆိုတာ မင်းကို ငါ ပေးသိမယ် “

စူးချန်ကဲသည် သူ့ပတ်ဝန်းကျင်က လူတိုင်းကို စိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်သော မျက်ဝန်းများသည် ကမ္ဘာကြီးကို စစ်ဆေးသော နတ်ဘုရာတစ်ပါးကဲ့သို့ပင်။

ကျင့်ကြံအဆင့်နိမ်သူများက သူ့ကို မော်မကြည့်ဝံ့ဘဲ ခေါင်းကို အောက်စိုက်ထားကြသည်။

ဤနေရာတွင် ရှေးခေတ် ပါရမီရှင် လူနည်းစုသာ ရှိသည်ကို သူ သိသော်လည်း ၊ သို့သော် ထိုကဲ့သို့သော တန်ခိုးကြီးသည့် ရှေးခေတ် ပါရမီရှင်များတွင် နောက်လိုက်များစွာရှိ‌ကြသည်။

သူ့အတွက် ယခုအချိန်သည် ငါးကြီးကြီးကို ဖမ်းဖို့ ပိုက်ကွန်ချဖို့ အချိန်ရောက်လေပြီ !

စူးချန်ကဲက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ကြီးကျယ်တဲ့ မျိုးဆက်ခေတ်ကို ရောက်လာပြီ ၊ ဂုဏ်ယူစရာကောင်းတဲ့ လူတွေလည်း အများကြီး ပေါ်ထွက်လာပြီ”

“တကယ်လို့ ကိုယ်သာလျှင် အတော်ဆုံးလို့ သတ်မှတ်ရင် “

“ ကျုပ်နဲ့ တစ်ပွဲလောက် ဆင်နွှဲကျတာပေါ့!”

All Chapters