← Chapters

အခန်း (၁၂၀-၁၂၄)

Vol. 9 Ch. 120-124

အခန်း (၁၂၀-၁၂၄)

Vol. 9 Ch. 120-124

အပိုင်း(၁၂၀): ထျန်းချီ ယန္တရားဂိုဏ်း ၊

ရုတ်တရက် မိုးခြိမ်းသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊ ကောင်းကင်ယံထက်တွင် လေနှင့် တိမ်စိုင်တိမ်ခဲတို့ ပြေးလွှားကုန်ကြသည် ။

ဤကမ္ဘာကြီး တစ်ခုလုံး အရောင်ပြောင်းလဲသွားလေသည်။

ထိုမြင်ကွင်းသည် လူတိုင်းကို အံ့သြထိတ်လန့်စေခဲ့သလို တချိန်တည်းမှာပင် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ဒီနေ့ခေတ် မျိုးဆက်သစ် လူငယ်တွေထဲမှာ မည်သူကများ စိန်ခေါ်ဝံ့သနည်း။

သို့သော် စူးချန်ကဲကတော့ သူ့ကို အနိုင်ယူနိုင်ပြမယ်လို့ ကြွေးကြော်သူတိုင်းကို သူကပဲ အနိုင်ယူသွားပေလိမ့်မည် ။

" ကွေးယွမ်ရဲ့ ဆက်ခံသူ? တကယ်ကို ကွေးယွမ်ရဲ့ အာဏာကို အမွေဆက်ခံထားတာပဲ"

လူအုပ်ကြီးထဲတွင် ရှိနေသော နတ်ဘုရားအချုပ်ထောင် နန်းတော်က ရှေးခေတ် ပါရမီရှင်တစ်ဦိးက တိုးတိုးလေး ညည်းလိုက်ကြသည်။

ထိုအနှီသူ၏ အမည်မှာ ကွေချီး ဖြစ်ပြီး ၊ ၎င်းသည် ရှေးခေတ် ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း လူကြီးမင်းတစ်ယောက်၏ ချီးမြောက်ခြင်းကို ခံထားရသူ ဖြစ်ပေသည်။သူသည် ချန်ဖုန်း မျိုးဆက်တို့ ပေါ်ထွက်လာမည့် ခေတ်အခါတွင် အခွင့်အရေးများကို ရယူရန် စောင့်ဆိုင်းနေသူလည်း ဖြစ်သည်။

ထို့အပြင် သူသည် ၎င်းလူကြီးမင်းအား ကူညီ၍ အချက်အလက်များကို စုဆောင်းပေးသူလည်း ဖြစ်သည်။

မကြာသေးမီက အမျိုးမျိုးသော ကောလဟာလများမှ တစ်ဆင့် သူသည် ကိစ္စတော်တော်များကို သိရှိခဲ့သည်။

ဥပမာအားဖြင့်၊ ထာဝရ စစ်ပွဲတွင် ဧကရီတစ်ပါး ပြန်လည်ရောက်ရှိလာခဲ့ပြီး အင်အားစုကြီး ငါးစုကို ဖျက်ဆီးပစ်ခဲ့သည်။

ပိုပြီး စဉ်းစားရသည့် အချက်မှာ ကွေးယီးဧကရာဇ်မင်း ပေါ်ထွက်လာခဲ့ခြင်းပင်။

တခြားသော အင်အားစု လေးစု၏ ဧကရာဇ်မင်းမြတ်များမှာ အစကနေ အဆုံးထိ ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ပေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်မှာ ၊

သူတို့ အားလုံး သေကုန်ကြပြီပင်။

ဒါက သူ့ကို ထိတ်လန့်သွားစေသလို တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲတွင် ဖျက်ခနဲ့ ဝင်းလက်သွားခဲ့သည်။

"ခေတ်ပြိုင် ပါရမီရှင်တွေက လူကြီးမင်းအပေါ် ဖိအားများစေတယ် ၊ စူးချန်ကဲလည်း သူတို့တွေထဲက တစ်ယောက်ပဲ!"

"ငါ သူ့ကိုသတ်ဖို့ နည်းလမ်းရှာရမယ်"

သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီး ၊ လူအုပ်ကြီးနောက်ကွယ်က အမှောင်ထဲသို့ ပြေးဝင်သွားသည်။

လူကို ပိုပြီး အံ့အားသင့်စေသော အရာမှာ ၎င်းအ‌မှောင်ရိပ်ထဲတွင် ထူးဆန်းသော အမဲရောင် ဝဲဂယက်တစ်ခု ရှိနေပြီး ‌သေမင်း အငွေ့အသက်‌များဖြင့် ပြည့်နှက်နေသည်။

" ပထမဆုံး ရိတ်မယ့် ကြက်သွန်မြိတ်ကြီးကို အိမ်ပေါက်တည့်တည့် လာချပေးပြီပေါ့?"

စူးချန်ကဲ သည် ကွေချီး ပျောက်ကွယ်သွားသည့် နေရာကို တစ်ချက်ကြည့်လိုက်ရင်း လှောင်ပြောင်အပြုံးဖြင့်။

"မဆိုးဘူး ၊ စွမ်းဆောင်နိုင်စွမ်း မြင့်သားပဲ"

ဘေးက ယွင်ရှင်းယန်နှင့် ကူလင်အာတို့မှာ ခိုက်ခိုက် တုန်နေကြသည်။

ဒီနတ်ဆိုးမိစ္ဆာကောင်ကြီးတော့ ဘယ်သူ့ကို မျက်စိကျသွားပြန်ပြီတုန်း?

ထိုအချိန်တွင် ခွင်းအန်းက

" အားလုံးလည်း ပင်ပန်းနေရောပေါ့၊ ကျွန်တော်တို့ ထျန်းကျီ ကျွန်းမှာ ညစာ ပြင်ဆင်ထားပြီးပြီ ၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ"

ထိုသို့ပြောပြီးနောက် ခွင်းအန်းသည် သူ့လက်၀တ်လုံကို ဝှေ့ယမ်းလိုက်သည်။

ရိုးရှင်းသော ပုံသဏ္ဍာန်များရှိသည့် လက်ရာမြောက်စွာ ထွင်းထုထားသော သံလိုက်အိမ်မြှောင်များသည် လေဟာပြင်ကို ခွင်းလျက် ပျံသန်းသွားကြသည်။

များစွာသော သံလိုက်အိမ်မြှောင်သည် ဝေဟင်တွင် ဆိုင်းငံ့အနေအထားဖြင့် စောင့်ဆိုင်းနေကြသည် ။

ကျွီ!!!!!

၎င်းတို့၏ အတွင်းထဲ၌ ဂီယာအလှည့်အပြောင်း ပြုလုပ်နေသော စက်သံတစ်ခု ထွက်ပေါ်လာပြီး သံလိုက်အိမ်မြှောင်သည် ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပသွားသည်။

စူးရှလွန်းသော ထိုအလင်းတန်းအုပ်စုတွင်၊ လက်ဖဝါးအရွယ်ရှိ နင်းပြားတစ်ခုသည် လျင်မြန်စွာ အသွင်ပြောင်းသွားခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်ယံတွင် ဆိုင်းငံ့ထားသော အာကာသ စီးတော်ယာဉ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ထျန်းချီ ယန္တရားပညာ?"

ထိုအချိန်တွင် ရှေးခေတ်ပါရမီရှင်တစ်ဦးက ထဆိုလိုက်သည်။

"ထျန်းချီ ယန္တရားပညာကို ကျွန်တော်ရဲ့ ခေါင်းဆောင်က အလွန်စိတ်ဝင်စားတာ ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ထျန်းချီ ယန္တရား အဆောင်ကနေ ဖန်တီးထားခဲ့တဲ့ အံ့ဖွယ်အတတ်ပညာ တစ်ခု ရှိခဲ့ကြောင်း ကျွန်တော်ကို တစ်ခါက ပြောခဲ့ဖူးတယ်"

"ဒီကမ္ဘာပေါ်က အရာအားလုံးကို နိယာမဝိညာဉ်စွမ်းအားကို အ‌ခြေခံပြီး ၊ အလွန် အံ့ဩဖို့ကောင်းတဲ့ စက်ပိုင်းဆိုင်ရာ နတ်လက်နက်‌ တွေကို သွန်းလုပ်ကြတဲ့ ရှေးဟောင်းမျိုးနွယ်စုပဲ"

ထိုစဉ် ရှေးခေတ် ပါရမီရှင်တစ်ဦးကလည်း လေးနက်တည်ကြည်စွာဖြင့် ထဆိုလိုက်သည်။

"ဒီလို ပြောတော့မှ ထူးဆန်းတာ ရှိတယ် ၊ထျန်းချီ ယန္တရား အဆောင်က လူမြင်ကွင်းထဲ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားဖူးတယ် ၊ အဲ့ဒီဂိုဏ်းက တခြားကမ္ဘာက လာတာဖြစ်ရမယ်လို့ ဂိုဏ်းချုပ် ပြောဖူးတယ်"

ထိုစကားကို ကြားတော့ လူတိုင်းက လေးလေးနက်နက် တွေးနေကြသည်။အကယ်၍ ထိုရှေးခေတ် ပါရမီရှင် တစ်ဦးကသာ ထုတ်ဖော်မပြောကြားခဲ့ပါက ၊၎င်းယန္တရား၏ မူလဇစ်မြစ်ကို မည်သူမျှ သိလိမ့်မည် မဟုတ်ပေ။

စူးချန်ကဲတစ်ယောက် မျက်မှောင်ကြုတ်လျက် လေးလေးနက်နက် ‌စဉ်းစားနေ၏။

"ပေါ်လာပြီး ပျောက်သွားတယ် ၊ထျန်းချီ ယန္တရားပညာ တဲ့လား?"

တိုက်မြေ သုံးထောင်သည် ဤကမ္ဘာကြီး၏ ထောင့်တစ်ခုမျှသာ ရှိသေးကြောင်း အလေးပေး ပြောခဲ့ဖူးသော ဘိုးဘေး၏ စကားကို စူးချန်ကဲတစ်ယောက် သူ့စိတ်ထဲ တိတ်တဆိတ် တွေးတောနေမိသည်။

ဆိုလိုသည်မှာ ဤကျယ်ပြောလှသော ကမ္ဘာကြီးတွင်၊ ဤမျှ လျှို့ဝှက်ဆန်းကြယ်သော

ထျန်းချီ ယန္တရားကဲ့သို့သော ပညာရပ်များကို တတ်မြောက်ကြသော လူမျိုးစုများလည်း ရှိပေသည်။

" နေစမ်းပါဦး"

စူးချန်ကဲ ရုတ်ချည်းဆိုသလို မျက်လုံးပြူးသွားသည် ။သူ ထျန်းကျီကျွန်းကို မရောက်ခင်က ၊ဘိုးဘေးသည် သူ့အား ထျန်းကျီကျွန်းနှင့် ပတ်သတ်သော လျှို့ဝှက်ချက်များကို ပေးခဲ့မှန်း သတိရမိလိုက်သည်။

တခြားကမ္ဘာက လာတယ် ဆိုတော့ ၊ ကျင့်ကြံစနစ် လုံးဝ ကွဲပြားတယ်ဆိုတဲ့သဘောလား?

ဘိုးဘေးက သူ့ကိုယ်သူ တာအိုလမ်းစဉ်ကွပ်ကဲသူ လို့ သုံးနှုန်းခဲ့တယ်မလား?

ထျန်းချီယန္တရား ဂိုဏ်းက ပျောက်ကွယ်သွားတယ်တဲ့လား?

သို့သော် ထျန်းကျီ ကျွန်းသည် ပျောက်ကွယ်သွားပြီ ဖြစ်သော ထျန်းချီယန္တရား ဂိုဏ်း၏ လျှို့ဝှက်ပညာကို အမွေဆက်ခံခဲ့သည်။

စူးချန်ကဲ သည် ကြောက်ဖို့ကောင်းသော ဖြစ်နိုင်ခြေကို တွေးလိုက်မိသည်။

" ဒါမှမဟုတ် ထျန်းကျီ ကျွန်းနဲ့ ထျန်းချီယန္တရားဂိုဏ်းက အတူတူပဲ ဖြစ်နိုင်ပြီး တခြား ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံကမ္ဘာကနေ ဆင်းသက်လာတာဖြစ်နိုင်မလား "

"ပြီးတော့ သူတို့က တစ်စုံတစ်ခုကို ချိုးဖောက်ခဲ့တဲ့အတွက် အမည်မသိ အင်အားစုရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရလို့လား"

အမှန်တကယ်ပင် ၊ ထျန်းကျီ ကျွန်းသည် ထျန်းချီ ယန္တရား ဂိုဏ်းနှင့် အတူတူပင်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံနည်းစနစ်များသည် သူတို့လို ရိုးရှင်းသော ကျင့်ကြံနည်းစနစ်များနှင့် လုံးဝ ကွဲပြားပေသည်။

"ကြည့်ရတာ ထျန်းကျီကျွန်းကို သွားမယ့် ခရီးစဉ်မှာ တစ်စုံတစ်ခုကို အတည်ပြုဖို့ လိုအပ်နေပြီပဲ"

ကြေးဝါ ဗိမ္မာန် ဘုရားကျောင်းနှင့် အမတရှင်တို့၏ ရှေးဟောင်းကမ္ဘာ၊ ဤအရာများသည် သူ‌ သေချာပေါက် ရှာဖွေရမည့် အရာပင် ဖြစ်သည်။

သို့ဖြစ်၍ သူသည် ထျန်းကျီကျွန်းကို လှည့်စားရန် နည်းလမ်းရှာရဦိးမည်ပင်။

ထိုအချိန်တွင် ခွင်းအန်း သည် စူးချန်ကဲ ဆီသို့ တစ်ဖန် လျှောက်သွားကာ ဦးညွှတ်လျက်

"ဧည့်သည်တော်တို့ ၊ ထျန်းကျီ ကျွန်းကနေ အထူးပြင်ဆင်ထားတဲ့ စီးတော်ယာဉ်ဆီကို ကြွပါ "

"""

ယခုတစ်ကြိမ်တွင် သူသည် သံလိုက်အိမ်မြှောင်အစား ကြေးညိုရောင် အံစာတုံး သော့တစ်ခုကို ထုတ်ပစ်လိုက်သည်။

ဝှစ်!

ရောင်စဉ်အလင်းများ ပေါက်ကွဲ၍ ၊ စက်ပစ္စည်း ဂီယာအလှည့်အပြောင်းများ ဖြစ်ပေါ်သွားလေသည်။

ချွစ် ! ချွစ် ! ချွစ် !

အတွင်းရှိ ဂီယာယန္တရားများ အလှည့်အပြောင်း ဖြစ်သွားသည့် အခါတိုင်း၊ မှော်သင်္ကေတ စည်းမျဉ်းများ စုဝေးသွားပြီး အာကာသထဲတွင် လှိုင်းများ ရိုက်ခတ်သွားခဲ့သည်။

ကြေးညိုရောင် အံစာတုံးသော့သည် အဆက်မပြတ် လှည်သွားသည်နှင့် အမျှ ၊ အမျိုးမျိုးသော အဆောက်အဉီးများ ၊ ရွှေနန်းတော်များပါရှိသော မိုးပေါ်တွင် တည်ရှိသော ကျွန်းတစ်စု အဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းကျွန်းပေါ်တွင် ရှိနေသော တသွင်သွင် စီး‌ဆင်းနေသော ကြည်လင်သော စမ်းရေ ၊လှပသော ရေကန်နှင့် ပိုးစာဝါးပင်များ ၊ အလွန်လှပသော ရှူခင်းများမှာ အိမ်မက်အလား ထင်မှတ်ရသည်။

"အားလုံး အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီ ၊ ကွေးယွမ် သူတော်စင် နယ်မြေက လူတိုင်း ကြွပါ"

ခွင်းအန်း၏ စကားအဆုံးတွင် ၊ နားမလည်နိုင်သော စွမ်းအားတစ်ခုက ညွန်ကြားနေသလိုမျိုး

မိုးပေါ်တွင် တည်ရှိသည့် ကျွန်းမှ ကျောက်တုံးကြီးများစွာ လွင့်ထွက်လာခဲ့သည်။

ထို့နောက်တွင် ၎င်း‌တို့သည် ကျွန်းကို ဆက်သွယ်ပေးထားသော ကျောက်တံတားငယ်လေး တစ်ခုအဖြစ် အလိုအလျောက် တည်ဆောက်ဖွဲ့စည်းသွားသည်။

ခွင်းအန်းသည် ဘေးကင်းကြောင်းကို ပြသလိုသဖြင့် ကျောက်တံတားပေါ်သို့ ဦးစွာလမ်းလျှောက်ပြခဲ့သည်။

"အားလုံး ကြွပါ"

"ကျေးဇူးတင်ပါတယ်"

စူးချန်ကဲသည် အသာယာခေါင်းညိမ့်လိုက်သည်။ထျန်းကျီကျွန်းဘက်မှ ၎င်းတို့၏ စေတနာကို ပြသပေးသည့်အတွက် ၊ သူ့အနေဖြင့် ထျန်းကျီကျွန်းနှင့် ပတ်သတ်သော လျို့ဝှက်ချက်ကို ရှာတွေ့နိုင်မည့် အခွင့်အလမ်း ပိုရှိလာပေလိမ့်မည် ဖြစ်သည်။

" စူးချန်ကဲ"

လုံပါ့ထျန်းနှင့် ၎င်း၏နောက်လိုက်တစ်သိုက်မှာ စူးချန်ကဲကျောပြင်ကို ပုတ်သိုးသိုးဖြင့် ကြည့်နေလေ၏။

သွားများ ပြတ်ထွက်တော့မည့်အတိုင်း တင်းတင်းကိုက်ထားပြီး ၊ သူ၏ မျက်ဝန်းအစုံတွင် ဒေါသမီးလျှံများဖြင့် ပြည့်နှက်နေသည်။

သူ့ဘဝတွင် မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခဲ့ရပြီး ၊ ဤကဲ့သို့ ရှုံးနိမ့်မှုမျိုးကို ဒါပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ခဲ့ရသည်။

" ငါ သေချာပေါက်ကို.."

လုံပါ့ထျန်း၏ ပြင်းထန်သော လူသတ်ချင်စိတ်ကို ခံစားမိသော စူးချန်ကဲက နောက်သို့ အနည်းငယ် လှည့်ကြည့်လိုက်သည်။

လုံပါ့ထျန်း၏ မျက်ဝန်းများမှာ ချက်ချင်း‌ဆိုသလို အေးခဲသွားပြီး ၊ သူ့ပါးစပ်ထဲမှ ထွက်လာဖို့ ဟန်ပြင်နေသည့် စကားလုံးများမှာလည်း သူမည်မျှပင် ကြိုးစားနေပါစေ အပြင်သို့ ထွက်မလာနိုင်ဘဲ မျိုသိပ်ထားလိုက်သည်။

"ဂလု"

လုံပါ့ထျန်းတစ်ယောက် ဘာမှ မပြောနိုင်ဘဲ မျိုချယုံသာ တတ်နိုင်ခဲ့သည်။

နဂါးမျိုးနွယ်စု၏ ကလဲ့စား ဆယ်နှစ်ကြာ‌တောင် နောက်ကျမည် မဟုတ်!

ခုတော့ သည်းခံထားတယ် !

"ဒီစူးချန်ကဲက တကယ်ကို မရိုးရှင်းဘူးပဲ ၊ မလိုမုန်းထားတွေကို ဖယ်ထားပြီး ငါ လုံပါ့ထျန်းနဲ့ လက်တွဲသင့်လား"

ဟွမ်လော့ရှင်းသည် လုံပါ့ထျန်း၏ အင်အားကို သိထားသည်။

လုံပါ့ထျန်း ၏ နဂါးလက်သီးသည် သူမ အတွက် အမြဲတမ်း ခေါင်းကိုက်စရာ ဖြစ်ခဲ့သော်လည်း စူးချန်ကဲကတော့ အေးအေးလူလူ ဖြေရှင်းပြခဲ့သည်။

ဒါတင်မက စူးချန်ကဲသည် သူ၏ခွန်အားကို အစွမ်းကုန် အသုံးမပြုခဲ့ကြောင်း သူမ ရိပ်မိသည်။

" လူကြီးမင်းတွေ မနိုးထသေးဘူးဆိုတော့ ဒီကိစ္စကို အရမ်းလောလို့ မဖြစ်ဘူး "

တစ်ချိန်တည်းမှာပင် ၊ မှောင်မည်းနေသော တောနက်ကြီးထဲ၌ သက်န်းဝတ်ဆင်ထားသော ဘုန်းကြီးတစ်ပါးသည် နတ်ဆိုးမိစ္ဆာမျိုးနွယ်စုက လူငယ်နှစ်ဦးနဲ့ စကားပြောဆိုနေသည်။

ထိုဘုန်းကြီးသည် ရှီရှန်း ဗုဒ္ဓဘာသာ၏ တပည့်တစ်‌ယောက်ပင် ဖြစ်သည်။

"ငါမင်းကို ပြောပြမယ် ၊ လူရော မကောင်းဆိုးဝါးရော မိခင်ကနေ မွေးဖွားလာတဲ့ သူတွေပဲ မဟုတ်လား?"

"ကွာခြားချက် ဆိုလို့ လူသားမှာလည်း လူသား မိခင်ရှိသလို၊ မကောင်းဆိုးဝါး မှာလည်း မကောင်းဆိုးဝါး မိခင်ရှိတယ် "

"အာ.ငါ သည်းမခံနိုင်တော့ဘူး!!"

မူလက သူသည် ထျန်းကျီ ကျွန်းတွင် အခွင့်အလမ်းများ ရယူနိုင်ရန် ချောင်းနေခဲ့သော်လည်း ဤ ငပြောင်မြည်းနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

T/N - ငပြောင်မြည်း - ဘုန်းကြီးများကို ဆဲဆိုခြင်း

ဒီသကောင့်ရဲ့ စကားကို ဆက်နားထောင်ဖို့ရာ သူ အင်အားမရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် ဒီသကောင့်သားကို သူမှ အနိုင်မတိုက်နိုင်တာ!!

နတ်ဆိုးမိစ္ဆာလေးခမျာ သည်းမခံနိုင်တော့တဲ့အကြောင်း ညည်းညူပြီးသည်နှင့် မခံနိုင်သည့်အဆုံး သူ့ဗိုက်သူ ဓားထိုးကာ အဆုံးစီရင်သွားလေသည်။

"အိုင်ယား~"

ဘုန်းတော်ကြီးသည် တခြားနတ်ဆိုးမိစ္ဆာလူငယ်ကို လှည့်ကြည့်လိုက်သည်။

ထူးဆန်းသည်မှာ သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ကျန်ရှိနေခြင်းပင် ဖြစ်သည်။

ဆန့်ကျင်ဘက် အ‌နေဖြင့် ထိုနတ်ဆိုးမိစ္ဆာလူငယ်လေး၏ မျက်ဝန်းများမှာ ထိတ်လန့်နေသည်။

တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေကြရင်း ၊ တခဏအကြာတွင်

ဘုန်းတော်ကြီး၏ နှုတ်ခမ်းတွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာကာ မေးလာသည်။

-"မင်းအမေရဲ့မျိုးရိုးနာမည်ကဘာလဲ"

"အားးး!!"

ထိုလူငယ်လေးမှာ သစ်ပင်ကြီးတစ်ပင်ဆီသို့ တည့်တည့် ပြေးသွားလေသည် ။

ဘုန်း!

ချက်ချင်းဆိုသလို အသွေးအသားတို့မှာ ပျံ့ကြဲသွားခဲ့သည် ။

"အင်း~ ဒီရဲ့ ဒကာလေးနှစ်ယောက်က ငါ့ဗုဒ္ဓနဲ့ ရေစက်မပါဘူးပဲ"

"အဲ့ဒကာလေး စူးချန်ကဲကသာလျှင် ၊ ငါ ဗုဒ္ဓ နဲ့ ရေစက်ရှိပုံရတယ်"

ဘုန်းတော်ကြီး၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက် ရောင်ခြည်တို့ တစ်ဖန် ပြန်သန်းလာခဲ့သည်။

" ငါ ဘုန်းတော်ကြီး ဆုံတွေ့နိုင်ဖို့ ဆက်လျှောက်ရဦိးမှာပဲ "

အပိုင်း(၁၂၁): မှော်တံခါး

မြူခိုးမြူငွေ့များဖြင့် အုံ့ဆိုင်းလျက် ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။

ပြင်ပကမ္ဘာနှင့် ယှဉ်လျှင် ဤနေရာရှိ ရှုခင်းနှင့် ဝိညာဉ်စွမ်းအင်များသည် ပို၍ ကောင်းမွန်ပေသည်။

ဟာရီကိန်းမုန်တိုင်းကြီး၏ အော်ဟစ်သံနှင့်အတူ မိုးပေါ်က ကျွန်းဆွယ်ပေါ်တွင် မရေမတွက်နိုင်သော စီးတော်ယာဉ်များစွာ ပျံသန်းသွားလာနေကြသည်။

ဤသို့ဖြင့် တိုက်မြေ သုံးထောင် မှ ပါရမီရှင်များစွာသည်လည်း ထျန်းကျီကျွန်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ကြသည်။

"လူတိုင်း၊ ဒါက ကျွန်တော်တို့ ထျန်းကျီကျွန်းရဲ့ အလယ်ပိုင်း နေရာဖြစ်တဲ့ ထျန်းကျီမြို့ပဲ "

ခွင်းအန်းက ကျယ်လောင်စွာ မိတ်ဆက်လိုက်သည်။

ခွင်းအန်း မိတ်ဆက်ပေးနေသော ပတ်ဝန်းကျင်ကို တချက် ကြည့်လိုက်ရာ အားလုံး တုန်လှုပ်သွားသည်။

ကျယ်ပြောလှသော လွင်ပြင်တွင် မြင့်မားစွာ တည်ဆောက်ထားသော အပြာရောင် ရှေးဟောင်း အုတ်နံရံများကို တွေ့လိုက်ရသည်။

အထဲတွင် ခမ်းနားထည်ဝါသော မြို့တစ်မြို့ ရှိနေသည်။

လူတွေကို အံ့ဖွယ်တစ်ခုလို ခံစားရစေသော အရာမှာ အဝေးကကြည့်လျှင် ဤမြို့ငယ်လေးသည် အကွက်ရှစ်ကွက် ဖွဲ့စည်းထားသော ပုံစံဖြင့် ဆင်တူပြီး ၊ ၎င်း ရှစ်ကွက် သဏ္ဍာန်ရှိသည့် နယ်မြေ ရှစ်မြို့မှာ မတူညီသော ပုံစံများဖြင့် တည်ဆောက်ထားကြသည်။

နယ်မြေ ရှစ်မြို့တွင် ကိုးထပ်မျှော်စင် ဘုရားတစ်ဆောင် ရှိတတ်ကြပြီး ၊ မျှော်စင်၏ ထိပ်တွင် မြှပ်နှံထားသော ရတနာမှ အလင်းရောင်များ ဖြာထွက်ကျနေသည်။

ပြိုးပြိုးပြက်ပြက်ဖြင့် တောက်ပလွန်းပေရာ ၊ စူးရှလွန်း‌ပေသည်။

သို့သော်၊ နယ်‌မြေရှစ်ကွက် အလယ်ဗဟိုတွင် တည်ရှိနေသော ကောင်းကင်ကိုတောင် ဖောက်ထွင်း ဝင်ရောက်နေသည့် သုံးဆယ့်သုံးထပ် ထျန်းကျီမျှော်စင်သည် လူတိုင်း၏ အာရုံကို ဖမ်းဆွဲထားလေသည်။

ရှေးခေတ် အ‌ငွေ့အသက်များ ၊ လက်ရာမြောက်သော ရုပ်ကြွများအပြင် တာအိုနိယာမများဖြင့် ဝန်းရံထားသည်မှာ ဤကမ္ဘာ၏ ဗဟိုချက်အလား ထင်မှတ်ရပြီး တမူ ထူးခြား‌ပေသည်။

"အားလုံးပဲ ၊ ရောက်လာပြီဆိုမှတော့ စားသောက်ပွဲမှာ မြန်မြန်လေး ဆင်နွဲလိုက်ပါဦး "

ထိုအချိန်တွင် ထျန်းကျီမျှော်စင်၌ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

  “ဆရာ”

ခွင်းအန်းသည် ဆရာဖြစ်သူ၏ အသံကို ကြားတော့ လက်ကို လျှက်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

ထျန်းကျီကျွန်းပိုင်ရှင်၏ ကျင့်ကြံအဆင့်သည် ပြင်ပကမ္ဘာက ပြောသလို အဲ့လောက်ထိ မမြင့်မှန်း ပါရမီရှင် တော်တော်များများ သဘောပေါက်ကြသည်။

သို့သော် ၎င်းတို့၏ အသိပညာ အဆင့်အတန်းသည် သူတို့ မျိုးနွယ်စုရှိ အသက်ကြီးသူ အကြီးအကဲများထက် များစွာ မြင့်မားသည်။

ထျန်းကျီကျွန်းပိုင်ရှင်၏ သက်တမ်းမှာ နှစ်တစ်သောင်း ကျော်သွားပြီဟု တချို့က ပြောကြသည်။လူ တော်တော်များများသည်လည်း ဤထျန်းကျီ ကျွန်းပိုင်ရှင်ထံမှ မေးခွန်းတချို့မေးရန် လာရောက်တတ်ကြသည်။

"အားလုံး ကြွပါ!"

သူ၏ စကားအဆုံးတွင် ၊ ထျန်းကျီမျှော်စင်၏ အောက်အဆင့်သည် သူ့ဘာသာသူ ရွေ့လျားနေပြီး ၎င်းထဲမှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ရှိနေသလိုပင်။

ကောင်းကင်တွင် ရွှေဝါရောင် အလင်းတန်းများ ဆက်တိုက်ဆိုသလို စုဝေးလာပြီး နောက်ဆုံးတွင် ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသော ခမ်းနားထည်ဝါသော နန်းတော်တံခါးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"အားလုံး ၊ ဒီတံခါးက လူတိုင်းအတွက် ကျွန်တော် ဆရာပြင်ဆင်ပေးထားတဲ့ သေးငယ်တဲ့ အခွင့်အရေး တစ်ခု ဖြစ်ပါတယ်"

"ဒါက ကျွန်တော်ဆရာရဲ့ နတ်မှော်အစွမ်းနဲ့ ပြုလုပ်ထားတဲ့ ၊မှော်တံခါးပဲ "

ခွင်းအန်း က ဆက်ရှင်းပြသည်။

"ဒီတံခါးကို ဖြတ်ကျော်နိုင်သူတိုင်း အနာဂတ်မှာ ပိုကောင်းတဲ့ အလားအလာတွေ ရှိလာပါလိမ့်မယ်၊ အဲ့ကြ နန်းတော်တံခါးမှ မှုတ်သွင်းထားတဲ့ အလင်းတန်းတွေက ပိုပြီး တောက်ပလာလိမ့်မယ်"

"အတောက်ပဆုံး အလင်းရောင်ကို ဖန်တီးနိုင်တဲ့သူက မေးလာတဲ့ မေးခွန်းကို ကျွန်တော်ဆရာက အစွမ်းကုန် ဖြေကြားပေးပါလိမ့်မယ်"

ထိုစကား၏ အဆုံးတွင် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

"ဒါဆို ငါ ထျန်းကျီ ကျွန်းရဲ့ ပိုင်ရှင်ကို မေးခွန်းတွေ အများကြီး မေးလို့ရတယ်ပေါ့?"

"ဟုတ်တာပဲ၊ ထျန်းကျီ ကျွန်းပိုင်ရှင်က နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်လာခဲ့တဲ့ သူ ဖြစ်ပြီး ရှစ်ကွက် ကောင်းကင် အတတ်ပညာကို ပိုကောင်းအောင် လုပ်နိုင်တဲ့သူပဲ ၊ ပြီးတော့ ငါတို့မသိသေးတဲ့ လျှို့ဝှက်ချက်တချို့ကို သူ့အနေနဲ့ သိကောင်း သိနိုင်တယ်"

" အဲ့တာကို အခွင့်အရေး ရှာဖို့အတွက် အသုံးချလို့ ရသေးတာပဲ "

""

"ငါအရင်သွားမယ်!"

ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

ပါရမီရှင်များစွာသည် အသံလားရာကို လှည့်ကြည့်လိုက်ရာ စူးချန်ကဲ ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော ရှက်ရွံ့‌‌နေခဲ့သော လုံပါ့ထျန်း ဖြစ် နေသည်ကို တွေ့လိုက်ရသည်။

သူ့ကို ကြည့်ရသည်မှာ အရင်က ရှိခဲ့သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ တဖန် ပြန်လည် ရရှိလာပုံရပြီး ၊ယခုချိန်မှာတော့ သူရဲကောင်းဆန်သော အ‌ငွေ့အသက်ကို တွေ့နေရသည်။

တချို့သော ပါရမီရှင်များ အနေဖြင့် လှပသော စိတ်ကူးလေးသည် လျင်မြန်စွာ ပြိုလဲသွားခဲ့ရသည်။

ယခုခေတ်၏ ပါရမီရှင် တစ်ယောက်အနေဖြင့် ရှေးခေတ်၏ ထူးကဲသာလွန်သော ပုဂ္ဂိုလ်များနှင့် ယှဉ်လျှင် သူတို့အလှည့် မည်သည့်အခါမှ ရောက်ရှိနိုင်တော့မည်နည်း။

သို့သော် လုံပါ့ထျန်း မဝင်သွားခင် ၊

ရွဲ့စောင်းစွာ ပြောနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

" ခွေးလိုအရိုက်ခံထားရတဲ့ နဂါးတစ်ကောင်က တန်လို့လား!?"

ထိုစကားကို ကြားတော့ လုံပါ့ထျန်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး အေးစက်သောမျက်လုံးများဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သည်။

နီတောက်တောက် ဆံပင်ရှည်များဖြင့် ဆွဲဆောင်မှု အပြည့်ရှိပြီး ၊ သွယ်လျသော ခြေထောက်ပိုင်ရှင် ၊ ဒါတင်မက ဝိုင်းစက်ပြည့်ဖြိုးနေသော တောင်ထွတ်နှစ်ခုကိုပါ ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့သည်။

အနီရောင် ဝတ်လုံသည် သူမ၏ အဆုံးစွန်သော ဆက်စီကျမှုကို ထင်ရှားစေသည်။

နီရဲနေသော မျက်ဝန်းအစုံတွင် မီးလျှံများ တောက်လောင်နေပြီး ၊ ဆူးရှိသော နှင်းဆီပန်းအလား ထင်မှတ်ရသည်။

" ဟွမ်လော့ရှင်း ၊ မင်း သေချင်နေတာလား"

လုံပါ့ထျန်း၏ မျက်နှာသည် ညိုမှိုင်းနေပြီး ၊ နဂါးစွမ်းအင်များ ထကြွလာခဲ့သည်။သူတို့ နဂါးမျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စုသည် ဘယ်တုန်းကမှ မသင့်မြတ်ခဲ့သော မျိုးနွယ်စုများပင် ဖြစ်သည်။

ဟွမ်လော့ရှင်း၏ အပြုအမှုသည် သူ့ဒဏ်ရာပေါ် ဆားလောင်းထည့်ပေးနေခြင်း ဖြစ်သည်။

သို့သော်၊ ဟွမ်လော့ရှင်းအနေဖြင့် လုံပါ့ထျန်း ၏ ဒဏ်ရာ ဘယ်လောက်ထိ စပ်သွားမယ်ဆိုတာကိုတော့ လုံးဝ ဂရုမစိုက်ပေ။

သူမသည် ပါးစပ်ကို အုပ်ကာ ခပ်တိုးတိုးလေး ရယ်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ပိုလို့တောင် ချစ်စရာကောင်းနေသည် ။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ~ ငါက နင့်ကို ကောင်းစေချင်လို့ပါ ~ "

ထိုစကားလုံးများသည် လုံပါ့ထျန်း၏ လက်သီးများကို ကျစ်ကျစ် မြည်အောင် တင်းကျပ်စွာ ဆုပ်ခိုင်းလိုက်သလိုပင်။

သူသည် စူးချန်ကဲထံမှ ဆိုးဆိုးရွားရွား အရိုက်ခံရဖူးတာကိုတော့ ဝန်ခံရပေလိမ့်မည်။ သို့သော် သူ့ကို ပိုပြီးတင်းစေသည့် အရာမှာ ယခု တစ်စုံတစ်ယောက်က သူ့ကို နင်းချင်ရန် ကြံစည်နေခြင်းပင် ။

"စူးချန်ကဲ!"

ယင်းက ပြီးပြည့်စုံသော ကောင်းကင်ဘုံ အာဏာရှင် နဂါး၏ အသွေးအသားများ ပေါင်းစည်းမည့် သူ၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

သို့ဖြစ်ခဲ့ပါက ၊ သူသည် စူးချန်ကဲကို သူ့ခြေထောက်ဖြင့် သေချာပေါက် နင်းချင်နိုင်တော့မည် ဖြစ်သည် ။

"အာမိထော်ဖော် ၊ ဒီနဂါးကို ငါ ဘုန်းတော်ကြီးရဲ့ စီးတော်ယာဉ် အဖြစ် သုံးဖို့ အတော် ဆွဲဆောင်မှုရှိတယ်"

"အွန်း ၊ ဒီဖီးနစ်ကလည်း အတော်လေး လှတာပဲ ၊ တကယ်လို့ သူမသာ ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိရင်...."

"အို မဟုတ်တာ -ဒုစရိုက်အလုပ် ကျူးလွန်မိပါတယ် ၊ ကျုးလွန်မိပါတယ် ၊ ရုပ်သည် အနတ္တ၊ အနတ္တသည် ရုပ်ဖြစ်၏ "

လူအုပ်ထဲက ဘုန်းတော်တစ်ပါးသည် ပုတီးစိတ်လျက် ဗုဒ္ဓကျမ်းဂန်များကို စတင်ရွတ်ဆိုနေလေသည်။

သို့သော် သူ မသိခဲ့သည်မှာ ၊ ပတ်ဝန်းကျင်က ပါရမီရှင်များစွာသည် သူ့အား ထူးဆန်းသော ပုဂ္ဂိုလ်အဖြစ် စိုက်ကြည့်နေကြခြင်းပင် ဖြစ်သည်။

ဒါကို ဘုန်းတော်ကြီးလို့ ခေါ်တာလား?

တကယ့် ဘုန်းတော်ကြီးမဟုတ်မှာကို စိုးရတယ်!

လုံပါ့ထျန်း ၊ ဟွမ်လော့ရှင်းနှင့် ရှေးခေတ် ပါရမီရှင်များစွာ ငြင်းခုံနေချိန်တွင် ၊

ကောင်းကင်ယံမှ နတ်ဘုရား၏ အမိန့်တော် ဆင်းသက်လာသကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကျွန်တော်အမြင်အရတော့ ဒီက လူတွေအားလုံး ဘယ်သူမှ အဆင်မပြေနိုင်ဘူး "

ထိုစကားသံကြောင့် ဆူညံပွက်လောရိုက်နေသော စကားသံများ ရုတ်တရက် ရပ်တန့်သွားကြပြီး ၊ ကောင်းကင်ယံပေါ်က ဆင်းသက်လာသော ဝတ်ရုံဖြူ ပုံရိပ်လွှာကို စိုက်ကြည့်လိုက်ကြသည်။

လေညင်းသည် စူးချန်ကဲ၏ အဝတ်စကို ညင်သာစွာ တိုက်ခတ်နေပြီး ၊ ဆံနွယ်တို့သည် လေထဲတွင် လွင့်ပျံနေသည်။သူ၏ ပါးစပ်ထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေသည်။

လောကကို မထီမဲ့မြင် ပြုတတ်သော အမတရှင် အလား ။

စူးချန်ကဲသည် လက်ကို နောက်သို့ အေးဆေး ပစ်ထားပြီး ၊ ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ သူ့နောက်တွင် ကွေးယွမ် သူတော်စင် နယ်မြေ၏ သူတော်စင် များစွာ ရှိနေသည်။

မြင့်မြတ်သော သူတော်စင်အားလုံးကို စူးချန်ကဲ က ဦးဆောင်ထားသည်။

စူးချန်ကဲသည် ကြယ်များကို ဆွဲဆောင်နေသော နေရောင် အလား ။အများသူငှာ အာရုံစူးစိုက်မှု ဗဟိုချက်တွင် ရောက်ရှိနေသော စူးချန်ကဲသည် လူများစွာ‌ကို အမည်မသိနိုင်သော နှိပ်ကွပ်မှုမျိုးကို ပေးစွမ်းနေခဲ့သည်။

စူးချန်ကဲ က အပြုံးမပျက် ။

"လူတိုင်း၊ မင်းတို့ရဲ့အချိန်တွေကို ဖြုန်းနေစရာ မလိုဘူး"

"ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ ၊ နောက်ဆုံးမှာ အနိုင်ရတဲ့သူဟာ ငါပဲ ဖြစ်လိမ့်မယ် "

ဤစကားသည် ရှေးခေတ် ပါရမီရှင်များစွာ၏ အမျက်ဒေါသကို လှုံ့ဆော်ပေးခဲ့သည်။

သူတို့သည်လည်း ကမ္ဘာကြီးကို နှိပ်ကွပ်ကာ၊ ပါရမီရှင် များစွာကို သုတ်သင်နိုင်ခဲ့သည့် ခေတ်တစ်ခေတ်၏ ဇာတ်ဆောင်များ ဖြစ်ခဲ့ဖူးသည်။

သို့သော် ယခု သူတို့အားလုံးသည် ခေတ်ပြိုင် ပါရမီရှင် လူငယ်တစ်ဦး၏ မထီမဲ့မြင်ပြုခြင်းကို ခံနေရပြီလော။

" ဘဝင်မြင့်နေတဲ့ကောင် ! ဒီလောက် လေကြီးနေတာ မင်းလျှာပြတ်သွားမှာကို မကြောက်ဖူးလား?"

" စူးချန်ကဲ! မင်းမှာ သူတော်စင် ခန္ဓာကိုယ်ပဲ ရှိတာပါ၊ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံစွမ်းအားက ငါ့ထက် ပိုကောင်းမှာ မဟုတ်ဘူး!"

စူးချန်ကဲသည် လုံပါ့ထျန်း ၊ ဟွမ်လော့ရှင်း အပါအဝင် ရှေးခေတ်ပါရမီရှင်တချို့၏ အကြည့်များကို လျစ်လျူရှုလိုက်သည်။

ထို့နောက် စူးချန်ကဲ သည် ရွှေနန်းတော်တံခါးဆီသို့ တည့်တည့်လျှောက်သွားလေသည်။

ရွှေနန်းတော်တံခါးနားသို့ သူ နီးကပ်လာသည်နှင့် အမျှ ၊ ယင်းအရာသည် တုန်လှုပ်လာပြီး ၎င်းပေါ်ရှိ ရွှေရောင် မှော်သင်္ကေတများလည်း ပိုမိုတောက်ပလာခဲ့သည်။

"ဒါက!?"

လူတိုင်း ဆွံ့အနေကြသည်။သူတို့အားလုံး ဤမျှ ကြီးကျယ်ခမ်းနားပြီး ထူးကဲသော ရောင်ဝါကို ခံစားမိကြသည်။

ကြီးမြတ်သော လမ်းစဉ်ကို လျှောက်လှမ်းနေသော ‌နတ်ဘုရား တစ်ပါးကဲ့သို့ ၊ ဤကမ္ဘာကြီးမှာ ပဲ့တင်ထပ် မြည်ဟိန်းနေပြီး ကြယ်စင်များက ပြိုးပြိုးပျက်ပျက်ဖြင့် ဝငိးလက်တောက်ပနေသည်။

စူးချန်ကဲ၏ မျက်လုံးထဲတွင် ဤကမ္ဘာပေါ်က အရာအားလုံးသည် သူ့အတွက်တော့ မတူမတန်သော အရာများကဲ့သို့ နှိမ့်ချစွာ ကြည့်လိုက်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ဆိုလေသည်။

"ကြယ်နဲ့ တောက်ပတဲ့ လရဲ့ ကွာခြားချက်ဆိုတာ ဒီလိုပဲ "

အပိုင်း(၁၂၂): ချန်ရှန်းအရိုး ကြောက်ဖို့ကောင်းသော ကြံစည်မှု

ဤစကားကို ဆိုပြီးနောက် စူးချန်ကဲ သည် မှော်တံခါးထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည် ။

ဝီ!

ရွှေနန်းတော်တံခါးကြီးသည် ရုတ်တရက် တောက်ပသော ရောင်စဉ်များနှင့် အတူ ပွင့်လာခဲ့သလို ၊ ကောင်းကင်မှ ဆင်းသက်လာသော အလင်းတန်းများသည် ထိုဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

အာကာသ ဟင်းလင်းပြင်ကြီးသည် ပြင်းထန်စွာ ပုံပျက်သွားခဲ့ပြီး ၊ အာကာသထဲမှ အဆုံးမရှိသော အလင်းတန်းများ ပြန့်ကျဲသွား၏။

အာကာသထဲမှ ထွက်ပေါ်လာသော နတ်ဘုရား၏ ရောင်စဉ်အလင်းတန်းများအလား ။

ရွှေရောင်အလင်းတန်းများ ပိုမို ပွင့်လန်းလာသည်နှင့်အမျှ ဤတစ်ကမ္ဘာလုံးအား ရွှေရောင်အဆင်းများဖြင့် ဆေးချယ်လိုက်သလိုပင်။

ဘယ်နေရာကိုပဲ ကြည့်ကြည့်၊ အလင်းတန်းများက တဟုန်းဟုန်း တောက်လောင်နေကြပြီး လူကို လွန်စွာ မျက်စိစူးရှပေသည်။

သို့သော် ထိုအခိုက်အတန့်တွင် ၊ ရွှေနန်းတော်တံခါးကြီးသည် အမည်မသိသော စွမ်းအားတစ်ခုကို ခံစားမိလိုက်ပုံရကာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။

" မကောင်းတော့ဘူး၊ မှော်တံခါးကြီး ကျိုးတော့မယ် "

ထျန်းကျီမျှော်စင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကွဲအက်သံ!

ကွဲအက်သံသည် ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

သို့သော် ဤအခိုက်အတန့်မှာပဲ ၊ လူတိုင်း မျက်လုံး မဖွင့်နိုင်လောက်အောင်အထိ ရောင်စဉ်တန်းများ စူးရှတောက်ပစွာ ဖြာထွက်သွားသည်။

သူတို့ကို ပို၍ ထူးဆန်းစေခဲ့သည့်အရာမှာ သူတို့၏ ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်ခဲ့သော်လည်း၊ ပြိုးပြိုးပြက်ပြက် တောင်ပနေသော ဤရောင်စဉ်အလင်းကိုတော့ ရှောင်လွှဲ၍ မရခဲ့ပေ။

နောက်ဆုံးတွင် ကွဲအက်သံများ ပို၍ ကျယ်လောင်လာသည်နှင့်အမျှ အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး ပဲ့တင်ထပ်သွားခဲ့သည် ။

အချိန်အတော်ကြာပြီးနောက် လူတိုင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြသည်။

မြင်ကွင်းထဲတွင် ၊ ရွှေရောင်အလင်းတန်းများက ကောင်းကင်ယံတွင် တုန်ခါစွာဖြင့် ကခုန်နေလေ၏။

၎င်းတို့၏ မျက်စိရှေ့တွင် ကောင်းကင်နှင့်မြေကြီး၏ အလယ်ဗဟို အဖြစ် မှတ်ယူရသော

ဝတ်ရုံဖြူပုံရိပ်လွှာ တစ်ခု ရှိနေခဲ့သည်။

လူတချို့၏ အမြင်ထဲမှာမူ ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုပင်။

ပါရမီရှင် လူအုပ်ကြီးသည် ကြယ်နှင့်တူပြီး သူသည် နေမင်ကြီးနှင့် တူ၏။သူတစ်ယောက်တည်း၏ ရောင်စဉ် အလင်းတန်းသည် ထာဝရ ကောင်းကင်ယံကြီးကို ထွန်းလင်းတောက်ပစေကာ အဆုံးမဲ့ကြယ်စင်များကို ဖုံးအုပ်ထားလေသည်။

စူးချန်ကဲသည် ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။

ငါ ပစ္စည်းတွေကို ရိုက်ချိုးပစ်နေတာ ဒါ ဘယ်နှစ်ကြိမ်မြောက် ရှိနေပြီတုန်း !?

ဒီလူတွေကြောင့်ပေါ့! သူ့ရဲ့ ခွန်အားကို ဘာလို့ အတင်းပြခိုင်းနေမှန်း နားကိုမလည်နိုင်ဘူး !

သူ့တွင် သူတော်စင် ခန္ဓာကိုယ် နှစ်ခုရှိပြီး မည်သူမျှ မသိနိုင်သော စနစ်တစ်ခုလည်း ရှိပေသည်။

ဒီလို လှုပ်ရှားမှုမျိုးကို အသုံးပြုခဲ့တာ လိမ်လည်ရာတော့ မကျပေဘူးမလား?

သို့သော် စူးချန်ကဲ မသိခဲ့သည်မှာ ထျန်းကျီ မျှော်စင်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေခဲ့သော ပုဂ္ဂိုလ်တစ်ဦးမှာ ကြည်နူးနေပုံရပေသည်။

"နောက်ဆုံး"

"နောက်ဆုံးတော့ စောင့်ရကျိုးနပ်ခဲ့ပြီ!"

ထျန်းကျီ ကျွန်းပိုင်ရှင်သည် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

တကယ်တော့ ဤအစီအစဉ်သည် သူ၏ ကြံစည်မှု တစ်ခုဆိုလည်း ဟုတ်ပေသည်။ဤတံခါးထဲတွင် သူ ဖန်တီးထားသော လျှို့ဝှက် နည်းစနစ် တစ်ခုကို ထည့်သွင်းထားခဲ့သည်။

သူ၏ ရည်ရွယ်ချက်မှာ ထျန်းကျီကျွန်းက စောင့်စား‌ နေခဲ့သော ပုဂ္ဂိုလ်ကို ရှာဖွေရန်ပင် ဖြစ်သည်။

ဤရွှေခေတ်သည် ထျန်းကျီကျွန်းအနေဖြင့် ဆိုရလျှင် အခွင့်အရေး တစ်ခု ဖြစ်သလို ၊ ကြီးမားသော အကျပ်အတည်းဆိုလည်း ဟုတ်ပေသည်။

အင်အားစုများစွာသည် ၎င်းတို့၏ ထျန်းကျီကျွန်းကို ဖျက်ဆီးလိုကြပြီး ၊ ခေတ်၏ လျှို့ဝှက်ချက်များကို ဆုပ်ကိုင်ချင်ကြသည်။

ထို့ကြောင့် သူသည် သူ၏ ဂိုဏ်းကို ဖုံးကွယ်ရန် အချိန်စီးကြောင်း ဝဲဂယက် ကာလကို အားကိုးကာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည်။

ယခုအချိန်မှာတော့ နောက်ဆုံး မျှော်လင့်ချက်ကို မြင်လိုက်ရပြီပင်။

ထျန်းကျီကျွန်းမှ နှစ်ထောင်ပေါင်းများစွာ စောင့်မျှော်ခဲ့သည့် ပုဂ္ဂိုလ်မှာ မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

"မြန်မြန် ! လူကြီးမင်းကို ငါ လေ့ကျင့်ရေးနေရာဆီ ခေါ်လာခဲ့ "

အသံတစ်ခုသည် ထိတ်လန့်တုန်လှုပ်နေသော ခွင်းအန်းအား လက်တွေ့သို့ အသိပြန်ကပ်လာစေခဲ့သည်။

သို့သော် ယင်းကြောင့် မူလကတည်းက ထိတ်လန့်တုန်လှုပ်နေခဲ့သော အမူအယာမှာ ပိုလို့တောင် တုန်လှုပ်သွား‌ခဲ့ရသည်။

ဆရာဖြစ်သူက ဒီလူငယ်ကို “လူကြီးမင်း” တဲ့လား?

သို့သော်လည်း သူသည် နောက်ထပ်မေးခွန်းများကို မမေးဝံ့တော့ဘဲ စူးချန်ကဲ ဆီသို့ အလျင်အမြန် လက်နှစ်ဖက်လျှက်ကာ ဆိုလိုက်သည်။

" လူကြီးမင်း ဆရာဖြစ်သူက တွေ့ချင်လို့ပါတဲ့၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

စူးချန်ကဲသည် ခေါင်းညိတ်လိုက်သည်။ယခုတွင် သူသည် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်နှင့် တာအို သန္ဓေသား‌လောင်း သူတော်စင် ခန္ဓာကိုယ် အသွေးအသားများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။သူ၏ ထူးကဲသော သူတော်စင် ခန္ဓာကိုယ်သည် သူ့ဝိညာဉ်စွမ်းအင်၏ အာရုံခံစိတ်ကို ပိုပြီး ထိရှလွယ်စေသည်။

ထုံးစံအတိုင်း၊ ဤရွှေတံခါးနောက်တွင် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု ရှိနေမည်ဆိုတာ သူ သိထားနှင့်ပြီး ဖြစ်သည်။

သို့သော် စူးချန်ကဲကို ထူးဆန်း‌‌စေသော အရာတစ်ခုမှာ ထျန်းကျီ မျှော်စင်၏ အုတ်မြစ်ပင် ဖြစ်သည်။

အရာခပ်သိမ်းတွင် ဝိညာဉ်ရှိပြီး ၊ တာအိုလမ်းစဉ်၏ အထောက်အပံ့သည် 'ပစ္စုပ္ပန်' ပင်တည်း။

သို့သော် စူးချန်ကဲ၏ ခံစားမှုအောက်တွင် ထိုနေရာသည် နတ္ထိသာ ဖြစ်ပြီး ၊ ဗလာနယ်မြေတစ်ခုလို ဖြစ်နေသည်။

"ဒီ ထျန်းကျီ မျှော်စင်အောက်မှာ တခြားလိုဏ်ဂူများ ရှိနေတာလား"

စူးချန်ကဲ စိတ်ထဲ တွေးလိုက်မိသည်။

ရုတ်​တရက် စနစ်သံသည် ​ သူ့စိတ်​ထဲတွင်​ ​ပေါ်ထွက်လာခဲ့သည်​။

【ဒင်း! ရွေးချယ်စရာ မစ်ရှင်အသစ် :

ရွေးချယ်စရာ (၁) - ထျန်းကျီ ကျွန်းပေါ်ရှိ အကျပ်အတည်းကို ဖြေရှင်းပါ၊ ထျန်းကျီမျှော်စင် ၏ လျှို့ဝှက်တံခါးထဲသို့ ဝင်ကာ တာဝန်ကို ပြီးမြောက်အောင် အဆုံးသတ်ပါ

ဆုလာဘ်- ချန်ရှန်းအရိုး။

ရွေးချယ်စရာ (၂) - သင့်လျော်စွာ ပြုမူပြီး စူးစမ်းချင်စိတ်မရှိသော လိမ္မာတဲ့ ကလေးတစ်ဦးလို လုပ်မည်

ဆုလာဘ်- တည်ငြိမ်သော ဇာတ်ကောင် 】

"တည်ငြိမ်တဲ့ ဇာတ်ကောင် ?"

ဒီစနစ် ငါ့ကို ကျီစယ်နေပြန်ပြီလား? ဘာကို လိမ္မာတဲ့ ကလေးလေးတုန်း!

ဘာတဲ့!? တည်ငြိမ်တဲ့ ဇာတ်ကောင်ကို ပေးမယ်တဲ့လား?

ငါ့ကိုများ ဝူကျီအောက်ထျန်းရဲ့ နံပါတ် ၂ လို့ ထင်နေလား?

" ချန်ရှန်းအရိုး"

စူး‌ချန်ကဲ အနည်းငယ် ရင်ခုန်သွားသည်။ဤကဲ့သို့ အမြင့်မြတ်ဆုံး အရိုး ဖြစ်တည်မှု ရှိခဲ့မည်ဆိုပါက ၊ဒါဆို သူ့မှာ ဒဏ္ဍာရီထဲက တတိယမြောက် ကိုယ်ထည် ရှိလာ‌တော့မှာ မဟုတ်ဘူးလား?

ဤကဲ့သို့သော သဘောတူညီချက်မျိုးကို သူ့အ‌နေဖြင့် လုံးဝ လက်လွတ်ခံမည် မဟုတ်ချေ။

သူတော်စင်ခန္ဓာကိုယ်များလေလေ ပိုကောင်းလေလေ !

" ထျန်းကျီ ကျွန်းပိုင်ရှင်နဲ့တွေ့ရင် အမတ ရှေးဟောင်းကမ္ဘာနဲ့ သူ့ရဲ့လျှို့ဝှက်ချက်တွေကို စုံစမ်းလို့ ရချင်ရနေမှာ "

"ဒါပေမယ့်၊ ငါ ထျန်းကျီ ကျွန်းရဲ့ နောက်ဆုံး ခြောက်ထောင့်ကြယ်ကိုလည်း လိုချင်သေးတယ်"

"ကြေးဝါဗိမ္မာန်ကနေ ငါ ရလာနိုင်မယ့် အခွင့်အလမ်းတွေကလည်း ထူးကဲတာတွေလည်း ဖြစ်လာနိုင်တယ် "

စူးချန်ကဲ ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။

သူ့ကို ရွေးခြယ်ခိုင်းမည်ဆိုပါက ၊

သူ အကုန်လုံး ယူမှာပဲ !

တစ်ချိန်တည်းမှာပင် ၊ ထျန်းကျီ ကျွန်းရှိ မှောင်မည်းနေသော ဂူထဲတွင်

အနက်ရောင် ငွေ့ရည်များသည် တဟုန်ထိုး ထကြွလာပြီး အနံ့အသက်ဆိုးများ လှိုင်လှိုင်ထလို့ နေသည်။ယင်းအနက်‌ရောင် ငွေ့ရည်များသည် ဒဏ်ရာရနေသော ခြေလက်များကို ရစ်ပတ်ထားလျက် ရှိသည်။

အနက်ရောင် အငွေ့ရည်ထဲတွင် ရှိနေသော ကျင့်ကြံသူ တစ်ဦးသည် အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို ကြုံတွေ့ခဲ့ရသကဲ့သို့ သေအောင် ကြောက်နေရသော မျက်နှာထားမျိုး ဖြစ်နေခဲ့သည်။

  ဟူးဟူး !

ထိုစဉ် ၊ အနက်ရောင် ငွေ့ရည်ထဲတွင် လှိုင်းများ ထပ်မံ ဖြစ်ပေါ်သွားခဲ့ပြီး ၊ အစိမ်းရောင် တ‌စ္စေမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။

သူသည် လူအုပ်ကြီးထဲမှ ထွက်ခွာလာခဲ့သော ကွေချီးပင် ။

"ဟမ်! ဘယ်လိုသေရမလဲကို မသိတော့ဘူး "

ကွေချီးသည် အနက်ရောင် ငွေ့ရည်၏ ဝါးမျိုချင်းကို ခံနေရသော ထိုအနှီ ကျင့်ကြံသူကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

ဤနေရာတွင် ထျန်းကျီကျွန်းကို စောင့်ကြပ်နေသော တပည့်များ ရှိ‌နေပြီး ၊ ၎င်းတို့အားလုံးမှာ အေးခဲနေသော အလောင်းကောင်များ အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီပင်။

"ထျန်းကျီကျွန်းက ဒီလိုအကွက်ချရတာကို အတော်လေး သဘောကျသကိုး ၊အန္တရာယ် အရှိဆုံးနေရာက အလုံခြုံဆုံးနေရာ မဟုတ်ဘူးလား?"

" ဟူး "

ဤဂူသည် ထျန်းကျီကျွန်း၏ ဖွဲ့စည်းမှုတွင် အအားအ‌ပျော့ဆုံး နေရာပင် ဖြစ်သည်။

နတ်ဘုရားအချုပ်ထောင် နန်းတော်၏ သာ့နိမ်(အနန္တစွမ်းအားရှင်) ဖြစ်သော ကွေချီး၏ အမျှော်အမြင်ကြောင့် ဤနေရာကို တွေ့ရှိခဲ့ကြသည်။

အကယ်၍ ထိုလူကြီးမင်း၏ ကြိုမြင်နိုင်စွမ်းကြောင့်သာ မဟုတ်ရင် ၊သူ အရူးလုပ်ခံရ‌နေပြီပင်။

" ဆက်ပြီး အစီအစဉ်အရ ဒီဖွဲ့စည်းပုံကို ချိုးဖျက်ပစ်ဖို့ပဲ လိုတော့တယ်"

ကွေချီး သည် သူ့ရင်ဘက်ထဲမှ နက်-နီ ရောင် အရာဝတ္ထု တစ်ခုကို ထုတ်ယူလိုက်သည်။

နီမြန်းသော ရောင်စဉ်တန်းတွင် ပြင်းထန်သော သေမင်းအ‌ငွေ့အသက်များ ရောယှက်နေသည်မှာ လူကို ထုံကျင်သွားစေသည်။ဤကဲ့သို့‌သော နက်-နီ ရောင် အရာဝတ္ထုမှာ အသက်ရှင်နေသလို ပြုမှုနေသည်။

နက်-နီရောင် ငွေ့ရည်များသည် စက်ကွင်း သဖွယ် အဆက်မပြတ် စုဝေးလာပြီး တုန်ယင်နေသည်။

ကောလဟာလအရ မရဏကမ္ဘာသည် တစ်ချိန်က မြေအောက်ကမ္ဘာဖြစ်ခဲ့သော်လည်း၊ သန်းပေါင်းများစွာသော သရဲတစ္ဆေများသည် ညအချိန်တွင် ကျင်လည်ကျက်စားရာက ကမ္ဘာကြီးကို သရဲတစ္ဆေတွင်းအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

နောက်ပိုင်းတွင် ကမ္ဘာကြီးသည် ပြောင်းလဲသွားခဲ့သည်။နက်နဲသော ကျင့်ကြံအားထုတ်မှု ရှိသည့် တစ္ဆေဘုရင်တစ်ပါးသည် လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုတစ်ခုကို ရရှိခဲ့ရာမှ သဘောဝကို ဖိဆန်ဖို့ ကြိုးစားခဲ့သည်။

သောင်းပေါင်းချီသော သရဲတစ္ဆေအားလုံးကို နှိပ်ကွပ်လျက် ၊ သရဲတစ္ဆေနယ်မြေကို သန့်စင်ပြီး နတ်တစ္စေ ဖြစ်လာခဲ့သည်။

ဤသွေးတစ်စက်(နက်-နီ ငွေ့ရည်)သည် နတ်တ‌စ္စေတို့၏ ဒဏ္ဍာရီလာ သွေး ပင် ဖြစ်သည်။

"တောက် !"

"အထက်လူကြီးတွေ ဘာတွေတွေးနေလဲ ငါတကယ်ကို နားမလည်နိုင်ဘူး ၊ ဒီလိုအဖိုးတန်တဲ့ အရာတွေကို မှော်ဖွဲ့စည်းမှုကို ချိုးဖျက်ဖို့ သုံးမှာတဲ့လား"

ကွေချီးအနေဖြင့် သူ့ရင်ထဲ ညည်းတွားနေရုံမျှသာ တတ်နိုင်သည်။

သို့သော်၊ ထျန်းကျီမျှော်စင်အောက်တွင် ကောင်းကင်ဘုံကို အံတုနိုင်သော အရာတစ်ခုရှိတာကိုတော့ သူ သိထားသည်။မဟုတ်ရင် သူတို့

နတ်ဘုရားအချုပ်ထောင် နန်းတော်က ဒီလောက် တန်ဖိုးကြီးတဲ့အရာနဲ့ ပေးဆပ်လိမ့်မည် မဟုတ်ချေ။

ကွေချီးသည် လက်သင်္ကေတ တစ်ခုကို ပုံဖော်လိုက်ရာ ၊ နတ်တစ္စေသွေးသည် ရုတ်တရက် အသက်ဝင်လာကာ ရေနဂါးတစ်ကောင်သည် ဖန်ဆင်းထွက်ပေါ် လာခဲ့သည်။

လူကို ထူးဆန်း‌စေသည်မှာ ၎င်းအရာတို့ လုံးလုံးလျားလျား ပေါင်းစည်းသွားသည့် အချိန်ထိ၊ လေ တချက်မှပင် မတိုက်ခတ်လိုက်ဘဲ ဘာမှမဖြစ်သလို ပြီးဆုံးသွားခဲ့သည်။

" ဒီကျောက်စိမ်းပြားကိုသာ ချေမှုန်းနိုင်လိုက်တာနဲ့ နတ်တစ္စေ သွေးတွေက ထျန်းကျီ ကျွန်းမှာ အသက်ဝင်လာလိမ့်မယ်"

ကွေချီး၏ မျက်လုံးများတွင် ဆိုးရွားသော အရိပ်အယောင်များ ပေါ်ထွက် နေလေ၏။

နတ်ဘုရားအချုပ်ထောင် နန်းတော်၏ အထက်လူကြီးများတွင် မည်သို့သော အစီအစဥ်ရှိသည်ကို သူ မသိသော်လည်း၊

သို့သော် ခေတ်ကာလတစ်ခုထိ ရှိနေခဲ့သော လျှို့ဝှက်ဆန်းကြယ်သော ထျန်းကျီ ကျွန်းကို ဖျက်ဆီးနိုင်ရန်မှာ သူ့အဖို့ အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။

" ဟုတ်သားပဲ၊ ငါ ထျန်းကျီ ကျွန်းရဲ့ စမ်းသပ်မှုကို အရင်ဖြတ်ကျော်ရဦးမယ် "

"နောက်ဆုံး ခြောက်ထောင့်ကြယ် ကို ငါ အနိုင်ရနိုင်တယ်!"

ပျက်သုန်းခြင်း၏အစကို ကွေချီးတစ်ယောက် မသိခဲ့ပေ။

သူကတော့ စတင်ဖွင့်လှစ်ခဲ့လေပြီ !

  အပိုင်း(၁၂၃): နောက်ဆို ကျုပ်က ကောင်းကင်ဘုံ ကိုးထပ်နဲ့ ကမ္ဘာဆယ်ပါးကို အုပ်စိုးမယ့် ကောင်းကင်ဧကရာဇ်မင်းပဲ !

ပါရမီရှင်များစွာကို စားသောက်ပွဲတွင် နေရာတည်ခင်း ဆောင်ရွက်ပြီးသည်နှင့် ခွင်းအန်းသည် စူးချန်ကဲအား ထျန်းကျီမျှော်စင်၏ သုံးဆယ်သုံးထပ် ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝန်းရံထားသော တိမ်တိုက်ထဲတွင် ဧရာမ ရုပ်ကြွ သစ်သားတံခါးကြီး တစ်ခု ရှိနေသည်။

သူ့အပေါ်တွင် ရှစ်ကွက်ပုံစံကို လက်ရာမြောက်စွာဖြင့် ပြူပြင်မွမ်းမံထားသည်။ ယင်း၏ ကြာရှည်သော ခေတ်ကာလကို ခန့်မှန်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်ပေသည်။

"ဆရာ၊ ကျွန်တော်တို့ရောက်နေပြီ"

ခွင်းအန်းသည် သစ်သားတံခါးရှိရာဆီသို့ သူ့လက်ကို လျှက်ကာ ဦးညွှတ်လိုက်သည်။

" အင်း ၊ မင်းအရင်သွားနှင့်တော့ "

တံခါးအတွင်းမှ အက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။

"ဟုတ်"

ခွင်းအန်းသည် လှည့်မပြန်ခင် စူးချန်ကဲ ကို ပြန်ကြည့်လိုက်သည်။

ဤလူငယ်လေးသည် ထူးကဲသာလွန်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှန်း သူသိပေမယ့် ၊ ဒီလိုလူငယ်လေးကို ဆရာဖြစ်သူက လူကြီးမင်းလို့ အဘယ်ကြောင့် ခေါ်ဆိုနေရသနည်း။

ဒါဟာ လူကို အတော်လေး တွေးစရာဖြစ်စေသည်။

ကျွီ - ကျွီ - ကျွီ

အမည်မသိ စွမ်းအားတစ်ခုကြောင့် တံခါးသည် အလိုအလျောက် ပွင့်သွားခဲ့သည်။

အခန်းထဲမှ လွင့်ပျံလာသော အငွေ့အသက်သည် စူးချန်ကဲ၏ ပါးပြင်ကို ပွတ်တိုက်သွားပြီး၊ယင်းအရာက လူကို အနည်းငယ် ပေါ့ပါးပြီး ပျော်ရွှင်သွားစေသည်။

"ဒါက သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်ပဲ ၊မဟုတ်မှလွဲရော သန့်စင်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဖွဲ့စည်းမှုလား? "

"လူကြီးမင်းရဲ့ ဉာဏ်ပညာနဲ့ အမြော်အမြင်ကြီးမှုကို ကျွန်တော် လေးစားမိပါတယ်"

အံ့အားသင့်‌သော အရိတ်အမြွက်များ ပါဝင်သည့် ပြုံးရွှင်နေသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။စူးချန်ကဲသည် ဤလျှို့ဝှက်ဆန်းကြယ်မှုကို တစ်ချက်ချင်း မြင်နိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုစဉ် စူးချန်ကဲ၏ ရှေ့၌ အမည်မသိ နိယာမ စွမ်းအားတစ်ခု ရောက်လာခဲ့ပုံရသည်။

ဤနေရာသည် ရေကန်ထဲတွင် ကိန်းဝပ်နေသော ကမ္ဘာကြီး တစ်ခုလိုပင်။

ရေကန်၏ အလယ်ဗဟိုတွင်၊ ရေကန်၌ ရောင်ပြန်ဟပ်နေသော တင်ပျဉ်ခွေထိုင်နေသည့် ခပ်ဝါးဝါး အရိပ်တစ်ခုရှိနေသည်။

" လူကြီးမင်း ငါ့နာမည်က ခွင်းဝူပါ ၊ ငါက ထျန်းကျီ ကျွန်းရဲ့ ၉၉၉ ယောက်မြောက် ဆက်ခံသူ ဖြစ်ပြီး လက်ရှိ ထျန်းကျီ ကျွန်းပိုင်ရှင်ပါ။"

ထိုပုံရိပ်က ထပ်ပြီး ရှင်းပြပြန်သည်။

"ခွင့်လွတ်ပါ လူကြီးမင်း ၊ အထူးအကြောင်းပြချက်အချို့ကြောင့် ဒီနည်းနဲ့သာ တွေ့ဆုံနိုင်လို့ပါ"

စူးချန်ကဲသည် ခေါင်းညိတ်ပြခဲ့သည်။တကယ်တော့ ဒီအတွက် သူ စိတ်ထဲမထားချေ။တဖက်လူက သူ့ကို တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်းကြောင့် ၊ ဤအစပြုမှုသည် ကိုယ်နှင့်သာ သက်ဆိုင်ပေသည်။

"ကိစ္စမရှိပါဘူး၊ စကားအများကြီး ပြောဖို့ မလိုပါဘူး ၊ အဓိက ဆိုလိုရင်းကိုပဲ ပြောကြစို့ "

စူးချန်ကဲ သည် ဤမျှ တိုက်ရိုက်ကြီး မေးလာမယ်မှန်း မမျှော်လင့်ထားပေရာ ထိုအနှီပုံရိပ်မှာ အနည်းငယ် အံ့ဩသွားခဲ့သည်။

စူးချန်ကဲ၏ ဤ စကားတွေကြောင့် သူ အရင်က ပြင်ဆင်ထားခဲ့သော "စိတ်ခံစားမှု မိန့်ခွန်းတချို့ကို " မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်ရင်း ၊ တစ်ချိန်တည်းမှာပင် ကူကယ်ရာ မဲ့နေပြန်သည်။

"အင်း၊ လူကြီးမင်းရဲ့ လက်ရှိအခြေအနေအရ၊ ငါတို့ ထျန်းကျီ ကျွန်းရဲ့ အခက်အခဲတွေကို မင်းလည်း သိထားသင့်တယ် ၊ ငါတို့ ထျန်းကျီကျွန်းဟာ နှစ်ပေါင်းများစွာ မရေတွက်နိုင်အောင် ပြေးလွှားပုန်းအောင်းနေခဲ့ရတယ်"

"တကယ်တော့၊ ငါ ထျန်းကျီ ကျွန်းက ဟောကိန်းနဲ့ လျိုဝှက်ချက်တို့ ပိုင်ဆိုင်ထားတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတယ် ဆိုကတည်းက ဒီလို ဒီအခြေအနေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ငါအမြဲတမ်း သိခဲ့တယ် "

"ငါ နှစ်ထောင်ချီပြီး စောင့်နေခဲ့တယ် ၊ငါတို့ ထျန်းကျီ ကျွန်းရဲ့ မျှော်လင့်ချက် အလင်းရောင်ဟာ ရွှေခေတ်မှာ တွေ့မယ်ဆိုတာ တွက်ချက်မှုအရ သိခဲ့တယ် ပြီးတော့ အဲ့ပုဂ္ဂိုလ်ကိုလည်း ငါတို့ ရှာဖွေခဲ့တာ နှစ်ထောင်ချီကြာခဲ့ပြီ ၊ပြီးတော့..."

သူသည် ပြောစကားကို ခဏရပ်လိုက်သည်။

စူးချန်ကဲသည်လည်း သူ့ကို စိုက်ကြည့်နေသော ထိုအနှီသူ၏ အကြည့်ကို ခံစားမိလိုက်သည်။

ထို့နောက် စူးချန်ကဲက အေးအေးဆေးဆေး ပြန်မေးလိုက်သည်။

" အဲ့ပုဂ္ဂိုလ်က ကျုပ်လား ?"

"ဒါပေမယ့် ကျုပ်က ခင်ဗျားကို ဘာလို့ ကူညီရမှာလဲ"

စူးချန်ကဲ ကို လူဆိုးလို့ သတ်မှတ်လားဆိုတာကိုတော့ သင့်ကိုပဲ မေးကြည့်ရပေတော့မည်။

ထျန်းကျီကျွန်း၏ သေခြင်းရှင်ခြင်း ကံကြမ္မာသည် တကယ်တော့ သူနှင့် မဆက်ဆိုင်ပေ ။

ထို့အပြင် ထျန်းကျီကျွန်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ပြီး ၊ လျို့ဝှက်ချက်များစွာ ရှိနေသော ကျွန်းတစ်ကျွန်း ဖြစ်ပေသည်။ဒါတင်မက ၎င်းသည် အမည်မသိအင်အားစုများ၏ လိုက်လံသတ်ဖြတ်ခြင်းကိုလည်း ခံနေရသည်။

သူ့ အနေဖြင့် ဒီရဲ့ပြဿနာတွေကို မကြောက်သော်လည်း ၊ အနည်းဆုံးတော့ ထျန်းကျီ ကျွန်းသည် သူ့အား ကျေနပ်စေမည့် အခြေအနေများကို ပေးစွမ်းနိုင်‌ရမည်ပင်။

၎င်းအသွင်ပုံရိပ်သည် ခဏမျှ တိတ်ဆိတ်သွားပြီး စကားပြောလာသည်။

"ငါ့ ထျန်းကျီ ကျွန်းရဲ့ နောက်ဆုံး ခြောက်ထောင့်ကြယ် ကို လူကြီးမင်းကို ပေးပါ့မယ် "

"မလုံလောက်သေးဘူး"

စူးချန်ကဲက တန်းပြီး ငြင်းဆိုခဲ့သည်။

ဟာသပဲ!

ငါ လိုချင်တာ ဒါလား?

သူသည် သူ့ကိုယ်ပိုင်အရည်အချင်းအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိ‌ပေရာ ၊တဖက်လူက ခက်ခဲတဲ့ စမ်းသပ်မှုကို ချမှတ်ထားရင်တောင်

သူသည် ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

သူကိုယ်တိုင် ရယူနိုင်သမျှအရာအားလုံးကို ကျေးဇူးဆပ်သည့် အရာအဖြစ် လက်ခံဖို့ရန်မှာ မဖြစ်နိုင်ပေ။

" ထျန်းကျီဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်အားလုံးကို လူကြီးမင်းကို လွှဲပေးနိုင်ပါတယ် "

စူးချန်ကဲထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိလာပေ။

၎င်းအသွင်ပုံရိပ်သည် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပုံ‌ ပေါ်သည်။

" တကယ်လို့ မလုံလောက်‌သေးရင်၊ ငါ မင်းအတွက် နောက်ထပ်တစ်ကြိမ် ဗေဒင်ဟောပေးနိုင်တယ် "

ဒါဆို ဗေဒင် နှစ်ကြိမ်ဟောပေးမှာပေါ့?

ဤသည်မှာ ထူးခြားသော အခွင့်အလမ်းနှစ်ခုကို ရှာ‌ဖွေခြင်းနှင့် ညီမျှပေသည်။

ထို့အပြင် ဒဏ္ဍာရီလာ ထျန်းချီယန္တရားဂိုဏ်း၏ လျှို့ဝှက်ယန္တရား နည်းစနစ်များကိုပါ ထပ်ပေါင်းလိုက်မည့် ဆိုပါက ဤလောင်းကစားသည် ထိုက်တန်သော အမြတ်အစွန်းရနိုင်သည့် ပွဲဟု ဆိုရပေမည်။

သို့သော် စူးချန်ကဲသည် ဤလှည့်ကွက်ကို လက်မခံခဲ့ပေ။

"ဒီကိစ္စမှာ အန္တရာယ်တွေ ဝိုင်းနေတယ်ဆိုတာ ငါကိုယ်တော် သိတယ် "

သူသည် လက်ညှိုး တစ်ချောင်း ထောင်ပြလိုက်ကာ ဆိုလိုက်သည်။

"ကျုပ်မှာ အခြေအနေ တစ်ခုပဲ ရှိတယ်”

စူးချန်ကဲ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေ၏။

" ကျုပ် ထျန်းကျီ ကျွန်းကို လိုချင်တယ် ၊ ထျန်းကျီကျွန်းကို ကျုပ် ပိုင်ဆိုင်မှု ဖြစ်လာစေချင်တယ်"

သူသည် ထျန်းကျီကျွန်းပိုင်ရှင်နှင့် အလှယ်အလဲ ပြုလုပ်နေရန် ဆန္ဒမရှိပေ။ထျန်းကျီကျွန်းကို သူ့ပိုင်ဆိုင်နေသရွေ့ တစ်ဖက်သားသည် သူ တောင်းဆိုသည့် အခြေအနေအားလုံးကို သဘာဝအတိုင်း လိုက်လျောပေးရမည်ပင်။

ထိုစကားတခွန်း၏ အဆုံးတွင် ၊ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။

သို့သော် ရုတ်တရက်၊ ဝိညာဉ်စွမ်းအင်များသည် ပြင်းထန်စွာ ထကြွလာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ရှားပျံ့နှံ့သွားခဲ့သည်။

လွင့်စင်လာသော ဝိညာဉ်စွမ်းအင်မုန်တိုင်းသည် စူးချန်ကဲ၏ အဝတ်စများကိုပင်

တိုက်ခတ်သွားသည်။

ထိုအနှီပုံရိပ်က ဒေါသတကြီးဖြင့်

"လူကြီးမင်း၊ နောက်နေတာလား!"

"ငါ ထျန်းကျီ ကျွန်းက မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီးပြီ ဆရာဖြစ်သူ မသေခင်က ထျန်းကျီ ကျွန်းကို ငါ့ကို အပ်နှင်းခဲ့တယ်၊လူကြီးမင်းရဲ့ စကားက ငါ့ ထျန်းကျီကျွန်းရဲ့ အနာဂတ်ကို ဖျက်စီးပစ်နိုင်တယ် ဆိုတာ မသိဘူးလား?"

သူတို့သည် ထျန်းကျီ ကျွန်းတွင် မရေမတွက်နိုင်သော ကာလကြာရှည်စွာ ပုန်းအောင်းနေခဲ့ကြသော်လည်း၊

သို့သော် ဤကျွန်းသည် သူတို့၏ ခန္ဓာကိုယ် ၊ စိတ်နှလုံး ၊ လမ်းစဉ် ၊ဒါတင်မက သူတို့၏ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ အမွေဆက်ခံလာခဲ့သော ဤကျွန်း၏ ဂုဏ်သိက္ခာမှာ အခြားသူလက်ထဲ အဘယ့်ကြောင့် ကျဆင်းအောင် ပြုလုပ်နိုင်မည်နည်း။

သို့သော် စူးချန်ကဲ ကတော့ ဒါကို သိပ်ဂရုမစိုက်။

"ဒါဆိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးစရာ မရှိဘူး၊ အနားယူလိုက်ပါဦး"

ထိုသို့ပြောပြီးနောက် စူးချန်ကဲသည် နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားလေသည်။

ထိုအနှီအသွင်ပုံရိပ်မှာ ပိုလို့တောင် ရှုပ်ထွေးသွား‌လေသည်။

ဒါပဲလား?

ကိုယ့်ကိုယ်ကို ဈေးလျှော့ပေးရတယ်ဆိုတာ မသိဘူးလား?

စူးချန်ကဲ၏ အသွင်ပုံသဏ္ဍာန်သည် ပိုပို၍ ဝေးလာသည်ကို မြင်လိုက်ရတော့ အနည်းငယ်စိုးရိမ်သွားပြီး လှမ်းဆိုလိုက်သည်။

"လူကြီးမင်း နေပါဦး!"

"ငါးစာ ဟက်ပြီ !"

ထိုစကားကိုကြားလိုက်ရချိန် သူ၏ နှုတ်ခမ်းတွင် လှောင်ပြောင်မှုတစ်ခု လှစ်ဟသွားသည်။

ဈေးနှုန်းကို သူသာလျှင် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။

ဒီလိုအခွင့်အရေးမှာ ၊ဒီလောက်ကောင်းတဲ့ အကျိုးကျေးဇူး ရသင့်သည်မှာ သဘောဝကျပေသည်။

စူးချန်ကဲသည် သူ့မျက်နှာအမူအရာကို ထိန်းကာ အေးစက်စွာ လှည့်ကြည့်လာသည်။

" လူကြီးမင်းက ဗေဒင်တွက်တာ တော်တာပဲ၊ အလေးချိန် ဘယ်လောက်ရှိတယ် ဆိုတာ သိထားသင့်တယ်"

" တကယ်လို့ ကျုပ်သာ ခင်ဗျားကို မကူညီရင် ၊ ခင်ဗျားရဲ့ ထျန်းကျီ ကျွန်းက ဒီအကျပ်အတည်းကနေ လွတ်မြောက်နိုင်ပါ့မလား"

"နောင် ခင်ဗျား ကြုံတွေ့ရမယ့်အရာက ပျက်စီးခြင်းလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ် ၊ ဒါက ခင်ဗျားရဲ့ ဆရာဖြစ်သူရဲ့ ဆန္ဒနဲ့ ဆန့်ကျင် မနေဘူးလား?"

တစ်ဖက်လူ နှုတ်ဆိတ်နေတာကို မြင်တော့ သူ့စကားများသည် အဓိပ္ပါယ်ရှိနေမှန်း သိလိုက်သည်။

ဆက်လက်ပြီး သူသည် တဖက်လူကို လှပသော အိမ်မက်များ ပေးဖို့ရန်သာ ကျန်ရှိတော့သည်။

"ဒါ့အပြင်၊ ကျုပ်ကို လက်နက်ချတယ်ဆိုတာက ခင်ဗျား အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာပဲ မဟုတ်လား?"

" ခင်ဗျား ထျန်းကျီ ကျွန်းရဲ့ ရှေးရိုးထုံးတမ်းစဉ်လာကို ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် ၊ နောင်အနာဂတ်မှာ ကျုပ်ရဲ့ အမိန့်ကို နာခံမှ ဖြစ်မယ် ၊ ကျုပ် လက်ထဲမှာ ရှိနေသမျှ ခင်ဗျားရဲ့အရင်က ဘုန်းအသရေကို ပြန်ယူနိုင်ရုံတင်မကဘူး၊ ခင်ဗျားရဲ့ ထျန်းကျီ ကျွန်းကို ပိုမြင့်မားတဲ့အဆင့်အတန်းအထိ ရောက်အောင်လည်း လုပ်ပေးနိုင်တယ် "

ထိုအချိန်တွင် စူးချန်ကဲသည် တစ်ကိုယ်လုံး လှည့်လာခဲ့သည်။ ဖြောင့်စင်းသော ဟန်ပန်အမူအယာနှင့်အတူ အဝတ်စတို့သည် လေပြေနှင့်အတူ ကခုန်နေသည်။ သူ့မျက်နှာမှာ ယုံကြည်မှုအပြည့်ဖြင့် ဤကမ္ဘာကြီးကို ဖိနှိပ်ချုပ်ချယ်ကာ ထာဝစဉ် စိုးမိုးထားနိုင်သော စွမ်းအားများ ရှိနေသလိုပင်။

သူ၏ ပြတ်သားပြီး ရဲရင့်သော စကားလုံးများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်-

"ခင်ဗျားတို့ အရှုံးပေးလိုက်"

" နောက်ဆို ကျုပ်က ကောင်းကင်ဘုံ ကိုးထပ်နဲ့ ကမ္ဘာဆယ်ပါးကို အုပ်စိုးမယ့် ကောင်းကင်ဧကရာဇ်မင်းပဲ !"

အပိုင်း(၁၂၄): ငါက မင်းတို့ရဲ့ နောက်ဆုံးစမ်းသပ်မှုပဲ

စူးချန်ကဲ ပြောပြီးသည်နှင့် ၊

ဤကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအားများမှာ အမည်မသိ အင်အားတစ်ခုကြောင့် လှုပ်ခတ်သွားခဲ့ရသည်။

သန့်စင်ချီ တို့မှာ မြင့်တတ်လာပြီး နောက်ကျိချီတို့သည် ကျဆင်းသွားသည်။

ဦးတည်ရာဘက်လေးခု ပေါင်းစည်းသွားလေရာ ဤကမ္ဘာမြေကြီးမှာ ပဲ့တင်ထပ်‌သွားသည်။

နေ ၊ လ နှင့် ကြယ်စင်များ ပေါင်းစည်းထားသကဲ့သို့ ဟင်းလင်းပြင်တွင် ဖရိုဖရဲ ရောင်စဉ်အလင်းများ ပွင့်လန်းသွားခဲ့ပြီး၊ ထိုနတ်အလင်း၏ အလယ်ဗဟိုတွင် ရှိနေသော စူးချန်ကဲမှာမူ စကြာဝဠာ၏ အလယ်ဗဟိုချက်နှင့် တူပေသည်။

ထာဝရ နတ်ဘုရားတစ်ပါးကဲ့သို့ !

စကားတခွန်းနဲ့တင် ဤကဲ့သို့ အမြင်အာရုံကို ဖြစ်ပေါ်စေသည်။ ဆိုလိုသည်မှာ စူးချန်ကဲသည် အနာဂတ်တွင် သူ ပြောတဲ့စကားအတိုင်း ဖြစ်လာနိုင်သည်ပင် ။

သို့ဖြစ်၍ ကောင်းကင်နဲ့ မြေကြီးတောင် တုန်ဟည်းရပေသည်။

၎င်းအသွင်ပုံရိပ်၏ မျက်ဝန်းများမှာ အလွန် လေးနက်နေခဲ့သည်။

သူတို့ ထျန်းကျီကျွန်းသည် ကြီးကျယ်သောလျှို့ဝှက်ချက်များကို တွက်ချက်ရာတွင်

အလွန် တော်ကြသော်လည်း ၊ သို့‌သော် စူးချန်ကဲ၏ ကံကြမ္မာကိုတော့ မတွက်ချက်နိုင်ပေ။

သူသည် စူးချန်ကဲ၏ ကံကြမ္မာကို မှန်းဆရန် မည်မျှပင် ကြိုးစားခဲ့ပါသော်လည်း ၊စူးချန်ကဲ၏ ကံကြမ္မာသည် အောက်ခြေကို မမြင်နိုင်သော တွင်းနက်ကြီးကဲ့သို့ပင်။

သူ၏ ဖြစ်တည်မှုသည် ကမ္ဘာကို‌တောင် ကျော်လွန်၍ ၊ ကံတရားမြစ်၏ တစ်ဖက်ကမ်းတွင် ရှိနေသော လွတ်လပ်သော တည်ရှိမှုကဲ့သို့။

ဤသည်ကို ကြည့်ခြင်းအားဖြင့် စူးချန်ကဲ၏ ဖြစ်တည်မှုသည် သူ့စိတ်ကူးယဉ်ထားတာထက် များစွာ ကျော်လွန်ကြောင်း သက်သေပေတည်း။

" လူကြီးမင်း၊ ငါတို့ ထျန်းကျီကျွန်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ ဆိုတာ သိလား? အဲဒီအင်အား ဆိုတာကလည်း ဒီတ်ိုင်း တစ်စိတ်တစ်ပိုင်း ပြသနာတစ်ခုပဲ ရှိသေးတယ် "

ထျန်းကျီ ကျွန်းပိုင်ရှင်က ထပ်မေးလိုက်သည်။

"ငါတို့ ထျန်းကျီ ကျွန်းက လူကြီးမင်း နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ၊ လူကြီးမင်း အနေနဲ့ ကျွန်းရဲ့ အကျပ်အတည်းကို ရင်ဆိုင်ဖို့ ယုံကြည်မှုရှိရဲ့လား"

ထျန်းကျီကျွန်းပိုင်ရှင်သည် စူးချန်ကဲ အား ငြိမ်သက်စွာ ကြည့်ရင်း ၊ သူ့အဖြေကို စောင့်နေခဲ့သည်။

"အဲဒီအင်အားဆိုတာက ကောင်းလမ်းစဉ်ကို ကွပ်ကဲသူရဲ့ စွမ်းအင်ကို ပြောတာလား?"

"သူတို့ပြောတဲ့ ကွပ်ကဲသူဆိုတာ မဟာမိတ် ဖြစ် နေနိုင်တယ်"

စူးချန်ကဲ သည် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကောက်ချက်ချလိုက်သည်။

" အခြားကမ္ဘာက လာတဲ့ မတူညီတဲ့ ကျင့်ကြံစနစ်ရှိတဲ့ ဒီထျန်းကျီကျွန်းကို ငါ သေချာပေါက် ယူနိုင်ရမယ် "

"ဒီထျန်းကျီကျွန်းက ငါ လက်တွေ့ကမ္ဘာကို နားလည်ဖို့အတွက် အသုံးချရမယ့် ကင်းစခန်းတစ်ခု ဖြစ်လာစေရမယ် "

စူးချန်ကဲတစ်ယောက် စိတ်ထဲတွင် အကွက်ချလိုက်သည်။

သူ၏ နှုတ်ခမ်းသားပေါ်တွင် ယုံကြည်မှု ရှိသောအပြုံးတစ်ခုက လှစ်ဟသွားခဲ့သည်။

" ဆက်ခံသူ ဖြစ်တဲ့ ငါကိုယ်တော်က ဒီကမ္ဘာပေါ်မှာ ရှိတဲ့ အရာအားလုံးကို နှိပ်ကွပ်ပစ်နိုင်တယ်!"

မူလက ငြိမ်သက်နေသော ဝိညာဉ်စွမ်းအင်များသည် တစ်ဖန်ပြန်လည် ကြီးထွားလာသည်။

ကြီးမား‌သော ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးသည် ထျန်းကျီကျွန်းပိုင်ရှင်၏ စိတ်ကိုပင်လျှင် ရိုက်ခတ်စေခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ၊ ရုတ်ချည်းဆိုသလို ထျန်းကျီ ကျွန်းတစ်ခုလုံး၏ ကောင်းကင်ယံထက်ရှိ တိမ်စိုင်တိမ်ခဲများနှင့် လေတို့မှာ ဗြောင်းဆန်နေပြီး တရားဓမ္မနှင့် တာအိုလမ်းစဉ်များက နေရာအနှံ့ ပျံ့နှံ့သွားကာ အလွန်လှပသော ရုပါရုံ နိမိတ်များအဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။

မူလက ကြည်လင်သော ကောင်းကင်ကြီးသည် ခရမ်းရောင်သန်းနေပြီး ရွှေရောင်တိမ်တိုက်များက အုံ့ဆှိုင်းနေသည်။

ဤမြင်ကွင်းသည် ထျန်းကျီ ကျွန်းပေါ်ရှိ ပါရမီရှင်များစွာကို ရင်သက်ရှုမော ဖြစ်စေခဲ့သည်။

"ဒါ နက္ခတ္တဗေဒ ဖြစ်စဉ်လား !?"

"မဟုတ်သေးပါဘူး၊ ဒီထဲမှာ ကံကြမ္မာ အခွင့်အလမ်း ဖြစ်စဉ်တွေ ရှိမနေဘူး ၊ လျို့ဝှက်မှော်ရတနာတို့ ဘာတို့ ပေါ်ထွက်လာသင့်တာ မဟုတ်ဘူးလား၊ ဒါပေမယ့် ကမ္ဘာမြေကြီးကတော့ မြည်ဟည်းနေသလိုပဲ!"

"ကမ္ဘာမြေကြီးက မြည်ဟည်းနေတယ်?မဟုတ်မှလွဲရော တစ်စုံတစ်ယောက်က အမြင့်မြတ်ဆုံး လမ်းစဉ်ရဲ့ ဉာဏ်အလင်းကို ရရှိခဲ့လို့များလား?"

ပါရမီရှင်များစွာသည် အဆက်မပြတ် မှန်းဆနေကြသည်။သို့သော် ဤရူပါရုံနိမိတ်သည် စူးချန်ကဲ၏ စကားတခွန်းကြောင့် ဖြစ်တည်လာခဲ့သည်ကိုတော့ သူတို့ မသိခဲ့ကြပေ ။

ထျန်းကျီကျွန်းပိုင်ရှင်မှာ မျက်လုံးပြူးလျက်သား။ တကယ်တော့ ထျန်းကျီကျွန်းတွင် ကောင်းကင်လမ်းစဉ်၏ ကောင်းချီးကို ပိတ်ဆို့နိုင်သည့် ရှေးဟောင်းလျှို့ဝှက်နည်းပညာတစ်ခု ရှိပေသည်။

သို့သော် ထျန်းကျီကျွန်းတစ်ခုလုံးသည် ထိုကဲ့သို့သော ကောင်းချီးများဖြင့် ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ရသည် ။

ဤအရာသည် သူ့ကို ထိတ်လန့်စေခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် သူ့ကို ကြီးမားသော မျှော်လင့်ချက် ရောင်ခြည်များဖြင့် ပြည့်နှက်သွားစေခဲ့သည်။ 

ဖြစ်နိုင်တာက ၊ မျက်စိရှေ့က ဤလူငယ်လေးသည် ထျန်းကျီကျွန်း၏ ထာဝရအမှောင်ထုကို ချိုးဖျက်နိုင်မည့်သူ ဖြစ်ရမည်ပင်!

" ငါ ထျန်းကျီကျွန်းက အမှောင်ထု ဖုံးနေတာ ကြာခဲ့ပြီ ၊တကယ်လို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် ပျက်သုန်းခြင်းနှင့် ကြုံတွေ့ရမှာကို စိုးရတယ် "

ထျန်းကျီ ကျွန်းပိုင်ရှင်သည် စူးချန်ကဲကို တချက် ပြန်ကြည့်လိုကိသည်။

မျိုးဆက်သစ်လူငယ် တစ်ယောက် ဖြစ်သော်ငြားလည်း ၊ ယခုကဲ့သို့ ရဲရဲတင်းတင်း ပြောဆိုဝံ့သည်မှာ ယုံကြည်မှု တစ်မျိုးပင် ဖြစ်သည်။

သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ နောက်ဆုံးတွင် ရွေးချယ်မှုကို ချမှတ်နိုင်ခဲ့သည်။

သူ့လက်ရုံကို ဝေ့ရမ်းလိုက်ရာ ၊ ပတ်ဝန်းကျင်က မြူခိုးများ တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး ထျန်းကျီကျွန်းပိုင်ရှင်သည် သူ၏ ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသခဲ့သည်။

ထိုအနှီပုဂ္ဂိုလ်သည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ အိုမင်းရင့်ရော်သော လူအိုကြီး တစ်ယောက်ပင် ဖြစ်သည်။၎င်း၏ မျက်ဝန်းအစုံမှာ လွန်စွာ ဝင်းလက်တောက်ပနေသည်။

သူ၏ မျက်ဝန်းများမှာ မျှော်လင့်ချက် ရောင်ခြည်များဖြင့် ပြည့်နှက်လို့နေသည်။

တချက်ကြည့်ရုံဖြင့် ထိုပုဂ္ဂိုလ်၏ ထူးကဲသော စရိုက်သွင်ပြင်နှင့် ပြတ်သားသော မျက်နှာထားကို တန်းသိနိုင်သည်။ဤအခိုက်အတန့်တွင် သူသည် စူးချန်ကဲ ဆီသို့ ဖြည်းညှင်းစွာ ဦးညွှတ်လိုက်ရင်း ။

" ထျန်းကျီ ကျွန်းက လူကြီးမင်းအတွက်ဆို မီးပင်လယ်ကိုတောင် ဖြတ်သန်းဖို့ ဆန္ဒရှိတယ်!"

စူးချန်ကဲ က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

" ထျန်းကျီ ကျွန်းက ဒီလိုရွေးချယ်မှုအတွက် ဝမ်းသာပါတယ်"

တဖက်လူသည် ဒီလောက်ထိ ချောချောမွေ့မွေ့ လက်နက်ချလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

မဟုတ်မှလွဲရော ငါ့နောက်ခံကြောင့်လား?

ကွေးယွမ် သူတော်စင် နယ်မြေလား ဒါမှမဟုတ် မူလပိုင်ရှင်ရဲ့ မိသားစု‌ကြောင့်ပဲလား?။

" လူကြီးမင်း ၊ ဒါနဲ့ နောက်ဆုံး ခြောက်ထောင့်ကြယ်က .... "

ထျန်းကျီ ကျွန်းပိုင်ရှင်က ထပ်မေးလိုက်သည်။

ပွဲစီစဉ်သူ ကိုယ်တိုင် သူ့ထံ လက်နက်ချပြီးပြီမို့ နောက်ထပ် ဘာများလိုအပ်ဦးမည်နည်း။

စူးချန်ကဲ က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး

"ဒီကိစ္စကို အလျင်လိုဖို့ မလိုဘူး ၊စမ်းသပ်မှုတွေကို ပုံမှန်အတိုင်း ဆက်သွားဖို့ လိုသေးတယ်"

“ဒါ့အပြင် ဒီတစ်ခေါက် ခရီးစဉ်မှာ ငါးကြီးကြီး တစ်ကောင် ရှိကောင်းရှိနိုင်တယ်"

"ငါးကြီး?"

ထျန်းကျီ ကျွန်းပိုင်ရှင်က

"လူကြီးမင်း ဘာကိုဆိုလိုချင်တာလဲ ?"

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "စမ်းသပ်မှုအတွက် အစီအစဉ်တွေကို ကျုပ်ဆုံးဖြတ်မယ်၊ ဒါပေမယ့် ခင်ဗျားရဲ့ ထျန်းကျီ ကျွန်းက ကျုပ်နဲ့ ပူးပေါင်းပေးဖို့ လိုအပ်တယ်"

ထျန်းကျီ ကျွန်းပိုင်ရှင်က

"လူကြီးမင်း အမိန့်အတိုင်းပါပဲ"

"ခက်ခဲတဲ့ စမ်းသပ်မှုတွေကို ကျော်လိုက် ၊အဲ့အစား ရိုရိုးရှင်းရှင်း အနိုင်ရသူက ဘုရင်ပဲ "

စူးချန်ကဲက ထပ်ဆိုပြန်၏။

"နောက်တစ်ခု ရှိသေးတယ် ၊ ထျန်းကျီမျှော်စင်ရဲ့ အောက်က လျှို့ဝှက်နေရာအကြောင်း အသေးစိတ်ပြောပြရမယ်"

" လူကြီးမင်း ဘယ်လိုသိလဲ ?"

ထျန်းကျီ ကျွန်းပိုင်ရှင်မှာ မျက်လုံးပြူးသွားသည်။သူသည် ထိုနေရာကို ဖုံးကွယ်ရန် အပြင်းထန်ဆုံး ဖွဲ့စည်းမှုကို အသုံးပြုခဲ့သည်။

ဒါကို ဘယ်လိုလုပ်ပြီး သိသွားပါလိမ့်?

စူးချန်ကဲသည် နီမြန်းသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။

" ကျုပ် ခင်ဗျားကို မေးတာ ၊ ခင်ဗျားကို ပြန်မေးခိုင်းနေတာ မဟုတ်ဘူး"

၎င်း၏ အေးစက်သော စကားသံကြောင့် ထျန်းကျီကျွန်း ပိုင်ရှင်ပင်လျှင် ချွေးအေးများ ပြန်လာရသည်။

မူလက သူသည် ဒီကိစ္စကို ဖုံးကွယ်ချင်ခဲ့သော်လည်း ၊ သို့သော် တစ်ဖက်လူသည် အစောကြီးကတည်းက ဒီကိစ္စကို သိနှင့်ပြီးသား ဖြစ်ခဲ့လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။

သူသည် မရေမတွက်နိုင်သော အချိန်ကာလများစွာ အသက်ရှင်နေထိုင်လာခဲ့သူ ဖြစ်သော်လည်း ၊ ထိုကဲ့သို့သော လူငယ်တစ်ယောက်၏ ကြိုးကိုင်ခြင်းကို ခံခဲ့ရပေသည်။

အထူးသဖြင့် ဖုံးလွှမ်းထားသော မြူလွှာများ၏ အောက်တွင် ထိုအနှီကောင်လေး၏ ချောမောပြီး ကျက်သရေရှိသော မျက်နှာသွင်ပြင်ကို ရေးရေးလေး မြင်တွေ့နေရသည်။

သို့သော် လေးလေးနက်နက် ကြည့်မည်ဆိုပါက၊ အရာရာတိုင်းကို ဂရုမစိုက်သော ၎င်း၏ မျက်နှာပေါက်ကို တွေ့ရပေလိမ့်မည်။

အရာအားလုံးကို အပေါ်စီးက ကြည့်တတ်ဟန်ဖြင့်။

လူကို ကိုင်တွယ်ရခက်ပေသည်!

" လူကြီးမင်း မျှော်လင့်ထားခဲ့သလိုပဲလား ?"

"အိုင်း.. ထားပါတော့ လူကြီးမင်း စကားအတိုင်း နားထောင်ပါ့မယ်"

[စာရေးသူက နောက်မှ ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်တဲ့]

ထျန်းကျီမျှော်စင်၏ ပထမထပ်တွင် ဆူညံသံများဖြင့် ပွက်လောရိုက်နေသည်။

ရှေးခေတ် ပါရမီရှင်များနှင့် ထိပ်တန်းပုဂ္ဂိုလ်များသည် အပေါ်ဘက် ထိုင်ခုံများပေါ်တွင် နေရာယူထားကြပြီး ၊ အောက်ခြေတွင် နောက်ခံအားနည်းသော သာမန်ပါရမီရှင်တချို့ရှိသည်။

"ထျန်းကျီ ကျွန်းရဲ့ နောက်ဆုံးစမ်းသပ်မှုကို ဘယ်လိုစီစဉ်မလဲ မသိဘူး?"

ရှေးခေတ် ပါရမီရှင်တစ်ဦးက

"စူးချန်ကဲ တစ်ယောက်တည်း ဘာလို့ ခေါ်သွားတာလဲ၊ မဟုတ်မှလွဲရော မဟုတ်တာကြံစည်နေတာများလား? "

" ဆက်ခံသူ ဘယ်သွားသလဲဆိုတာ နင့်ကို တင်ပြနေစရာလား? နင်က ဘာမို့လို့လဲ"

ကူလင်အာက ရွဲ့စောင်းသော အမူအရာဖြင့် ဆိုလိုက်သည်။

စူးချန်ကဲ သည် အလုပ်လုပ်ရာတွင် အမြဲတမ်း ထက်မြက်ပြီး ပြတ်သားသည်။ဒီလို ကောင်တွေကို ရှင်းပြစရာ လိုလို့လား?

  “မင်း!”

ရှေးခေတ် ပါရမီရှင်ခမျာ ဒေါသထွက်သွားသော်လည်း အရေးမယူဝံ့ပေ။

သူ့ရှေ့က ဤမိန်းကလေးသည် သူ့ထက်သာသလို စူးချန်ကဲကိုလည်း သူ အလွန်ကြောက်သည်။

သူ့ထက် သန်မာသော လုံပါ့ထျန်းကိုတောင် စူးချန်ကဲသည် အသာလေး ချေမှုန်းပြနိုင်ခဲ့သည်။

ကွေးယွမ်သူတော်စင် နယ်မြေနှင့် ပဋိပက္ခဖြစ်ဖို့ သူ့မှာ ယုံကြည်ချက် မရှိပေ။

ထိုအချိန်တွင် ထျန်းကျီမျှော်စင် အထက်မှ အသံတစ်ခု ထွက်လာခဲ့သည်။

" ဒီက သူရဲကောင်းတွေအားလုံးအတွက် ကိစ္စတစ်ခု‌ကို အောင်မြင်အောင် လုပ်ရပါမယ်"

"လူတိုင်းရဲ့အချိန်တွေကို မလင့်စေဖို့ ငါ ထျန်းကျီကျွန်းက ခက်ခဲတဲ့ စမ်းသပ်မှုတွေကို မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် "

ဝုန်း !

ထိုအချိန်တွင်၊ ထျန်းကျီမျှော်စင် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ခရက်!ခရက်!

ဂီယာအလှည့်အပြောင်း ပြုလုပ်နေသော စက်သံများ ထွက်ပေါ်လာခဲ့သည်။

ထျန်းကျီ မျှော်စင်၏ နံရံ‌ပေါ်တွင် တာအိုနိယာမများက အသက်ဝင်လာပြီး မှော်သင်္ကေတများ ထင်ရှားလာကာ နောက်ဆုံးတွင် တာအိုဝါဒီ မှော်စက်ဝိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည် ။

ထျန်းကျီမျှော်စင် တစ်ခုလုံး အဆက်မပြတ် ပုံစံပျက်နေပြီး လှည်နေသလိုပင်။

ကြမ်းအောက်ခြေသည် ကွဲထွက်သွားပြီး၊ မူလက ရှိနေခဲ့သော သစ်သားပျဉ်များအစား bluestone ကျောက်များ အစားထိုး ဝင်ရောက်လာခဲ့သည်။

အဆောက်အဦး၏ လေးဖက်လေးနံရံမှာ နောက်သို့ ဆုတ်ခွာသွားသည်။

‌နောက်ဆုံးတွင် ၊ ဧရာမ တိုက်ခိုက်ရေး ကွင်းပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။

" ထျန်းကျီ ကျွန်းက ဘာသဘောလဲ?"

လူတိုင်း သံသယများစွာဖြင့်။

ဘာလို့ ဒီလိုကွင်းပြင်ကြီးအဖြစ် ပြောင်းလဲလိုက်တာတုန်း?

ထိုစဉ် လူငယ် အမျိုးသားတစ်ယောက်၏ အသံထွက်ပေါ်လာခဲ့သည်။

"အားလုံးပဲ ၊ ကျုပ် ခင်ဗျားတို့ကို စောင့်နေတာ ကြာပြီ"

အသံလားရာဘက်ကို ကြည့်လိုက်ရာ ၊

စင်မြင့်ပေါ်၌ ဝတ်ရုံဖြူ အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ ရပ်နေသည်။

အဖြူရောင် အဝတ်အစများက တဖျပ်ဖျပ် ရိုက်ခတ်နေပြီး ၊ သူ၏ မျက်ဝန်းများက ဂရုမစိုက်ဟန်ဖြင့်။

သူ၏ ဝန်းကျင်တစ်လျှောက် ပြိုးပြိုးပြက်ပြက်တောက်ပနေသော တာအိုနိယာမများက ဝန်းရံထားသည်။

ကောင်းကင်ဘုံကိုးပါး အထက်က နတ်ဘုရား တစ်ပါး ကဲ့သို့ ။

စူးချန်ကဲသည် ထိတ်လန့်တုန်လှုပ်နေသော လူအုပ်ကြီးကို ရယ်စရာကောင်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဒါက နောက်ဆုံး စမ်းသပ်မှုပဲ "

ဘုန်း! !

ရှေးဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် အငွေ့အသက်များသည် စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဝင်းလက်တောက်ပသော မှော်သင်္ကေတ များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ အလင်းတန်းကြီးသဖွယ် တန်းတန်းမတ်မတ် မြင့်တတ်သွားလေသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဝိညာဉ်စွမ်းအားများက စကြဝဠာတစ်ခုလုံးကို ဖိနှိပ်ထား‌လေသည်။

ပြင်းထန်သော မုန်တိုင်းကြီးသည် မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ တုန်လှုပ်ခြောက်ခြားနေကြသော လူအုပ်ကြီး၏ မျက်နှာကို ရိုက်ခတ်သွားသည်။

စူးချန်ကဲ၏ စကားသည် မြင့်မြတ်သော လမ်းစဉ်က မိန့်သော အသံအလား။

"ငါ နဲ့ တိုက်ရမယ် "

All Chapters