← Chapters

အခန်း (၁၂၅-၁၂၉)

Vol. 9 Ch. 125-129

အခန်း (၁၂၅-၁၂၉)

Vol. 9 Ch. 125-129

အပိုင်း (၁၂၅) : ကျန့်ထျန်းရှေးဟောင်းသွေး ၊ကောင်းကင်ကို ဖျက်ဆီးလျက် ၊ မြေကြီးများကိုတောင် ပြိုကျစေနိုင်သည့်၊ ရန်သူကို သတ်ပစ်မည့် အဆုံးမရှိသော စွမ်းအားများ ပိုင်ဆိုင်ထားသူ

ဤစကားများသည် ပါရမီရှင် အကုန်လုံးကို အံသြသွားစေသည်။

နောက်ဆုံးစမ်းသပ်မှုက စူးချန်ကဲကို အနိုင်ယူရမယ်တဲ့လား?

“ထျန်းကျီ ကျွန်းက ဒါဘာသဘောလဲ၊ တကယ်ပဲ မဟုတ်တာကြံစည်နေတာလား?”

လုံပါ့ထျန်းက ဒေါသတကြီးဖြင့် မေးလိုက်သည်။

လာပြန်ပြီလား ဒီစူးချန်ကဲ!

ဘယ်နေရာသွားသွား စူးချန်ကဲ လက်ကနေကိုမလွတ်နိုင်ဘူး!

“မဟုတ်တာကြံစည်တယ်?”

“ ငါးညစ်အုပ်စု တစ်သိုက်ကို ကိုင်တွယ်ဖြေရှင်းဖို့ မဟုတ်တာကြံစည်ဖို့ လိုသေးလို့လား?”

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း -

“ငါကိုယ်တော်က ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်၊ အစကတော့ မင်းတို့အားလုံးကိုသုတ်သင်ပြီး နောက်ဆုံး ခြောက်ထောင့်ကြယ်ကို ယူမလို့ပဲ ၊ ဒါပေမယ့် ငါကိုယ်တော်က မင်းတို့ရဲ့ အခက်အခဲတွေကို နားလည်လို့ အခွင့်အရေးပေးဖို့ တွေးထားတယ် “

စူးချန်ကဲ၏ စကားများသည် လူတိုင်းကို ဆွံ့အသွားစေသည်။

မှန်၏ !

စူးချန်ကဲ၏ အစွမ်းအဆကို သူတို့အားလုံး သိထားကြသည်။

သူတို့သည် လုံပါ့ထျန်းကို အလိုအလျောက် ဖြတ်ကျော်နိုင်သည်။ အမှန်တကယ်ပင် သူတို့သည် ငါးညစ်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၊ သို့သော်လည်း ဤကဲ့သို့ စော်ကားခံရခြင်းအတွက် အနည်းငယ်တော့ စိတ်ဆိုးမိပေသည်။

“မင်း ဒီလောက်ထိ နားထင်သွေးရောက်နေတာ မင်းရဲ့အရည်အချင်းကို ငါကြည့်ချင်သေးတယ်!”

ထိုအချိန်တွင် လူအုပ်အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်းအသံသည် ဟင်းလင်းပြင်ကိုတောင် ဂယက်ထသွားစေခဲ့သည်။

ကျင့်ကြံမှု အားနည်းသော ကျင့်ကြံသူတို့မှာဖြင့် ယင်းအသံကြောင့်ပင် နားစည်များ တုန်ခါကာ မူးဝေသွားခဲ့ရသည်။

၎င်းသည် အလွန်အရပ်ရှည်ပြီး ထွားကြိုင်းသော လူငယ်တစ်ယောက်ပင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများသည် ကြမ်းတမ်းသော အလှတရားများဖြင့် ပြည့်နှက်နေပုံရပြီး ၊ သူ၏ လွန်ကဲသော ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ကိုတောင် လွှမ်းမိုးနိုင်သည့် စွမ်းအားများ ရှိနေသည့်အတိုင်း။

ပိုပြီး ကြောက်စရာကောင်းသည်မှာ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးမှာ တုန်ခါသွားရသည်။

“ဒါ ရှေးမျိုးနွယ်စုကလား!?”

ယင်းက ပါရမီရှင်များစွာကို ထိတ်လန့်သွားစေသည်။

ရှေးမျိုးနွယ်စုများသည် သန်မာသော ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူများ ဖြစ်ပြီး ၊ ၎င်းတို့၏ ခွန်အားမှာဆိုရင်ဖြင့် နှိုင်းယှဉ်စရာပင် မရှိ။

အလွန် အစွမ်းထက်သော ရှေးမျိုးနွယ်စု တချို့ဆို လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ကို ပြိုကျစေနိုင်သလို သူတို့၏ တချက် ကန်ချက်က ပင်လယ်ကိုတောင် ချိုးပစ်နိုင်သည်။

သို့သော်၊ ဤအရာသည် သူတို့၏ အစွမ်းထက်ဆုံး အရာတော့ မဟုတ်သေးပေ။ထိပ်တန်းရှေးမျိုးနွယ်စု တချို့ဆိုရင်ဖြင့် ဇာတိခန္ဓာရှိ ဧကရာဇ်များပင် ဖြစ်လာနိုင်ပြီး ၊ ထာဝရတည်ရှိမှု ဖြစ်သည့် အာကာဟဟင်းလင်းပြင်ကြီးကိုတောင် ဖြိုခွဲပစ်နိုင်သည်။

ထိုအနှီလူသည် တစ်ချိန်က တိုက်မြေ သုံးထောင်တွင် အင်အားကြီးမားသော ချန်ဖုန်း မျိုးနွယ်စုဝင် တစ်ယောက်လည်း ဖြစ်သည်။

လူအုပ်ကြီးသည် ထိုအနှီယောကျာ်းအား လမ်းဖယ်ပေးခဲ့ပြီး ကွင်းပြင်ပေါ်ကို တက်စေခဲ့သည်။

ကြီးမားထွားကြိုင်းသော ၎င်း၏ ခန္ဓာကိုယ်သည် စူးချန်ကဲ၏ ရှေ့မှောက်တွင် အားနည်းနေပုံရသည်။

၎င်းသည် စူးချန်ကဲအား အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ရင်း မဲ့ပြုံးပြုံးလိုက်သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်သည် သူ့မျက်စိထဲမှာတော့ ပျိုးပင်သာသာပင်။

နှစ်များတစ်လျှောက်တွင်၊ သူသည် လက်နက်မဲ့ဖြင့် အမဲလိုက်တတ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာတို့၏ ခေါင်းဆောင် လုံရှီးသံချပ်ကာ ဟု လူသိများကြသည်။

T/N - လုံ - နဂါး : ရှီး : ကြံ့ (နဂါးနှင့် ကြံ့အလား မာကြောသည့် သံချပ်ကာ )

သူသည် သူတို့၏ ရှေးမျိုးနွယ်စုထဲတွင် ထူးချွန်ထက်မြတ်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ၊ သူသည် ရွှေခေတ်တွင် ဒဏ္ဍာရီတစ်ခု ဖန်တီးရန် ကြံစည်ထားသည်။

သို့သော် ပထမတိုက်ပွဲမှာတင် ၊ သူသည် ယခုလို ပိန်သေးသေး လူသားမျိုးနွယ်စုဖြင့် ကြုံတွေ့ခဲ့ရသည်။

ယင်းက သူ့ကို စော်ကားသလိုတောင် ခံစားနေမိသည်။

“ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းက မင်းကို စွမ်းအားကြီးတယ်လို့ ပြောနေကြပေမယ့် ၊ ငါ့အမြင်အရတော့ သူတို့ကိုက အားပျော့လို့ အကြောင်းပြချက် ပေးနေတာပါကွာ “

“ဒီနေ့၊ ငါ ဖန်းပု က မင်းကိုသိစေရမယ်၊ရှေးခေတ် မျိုးနွယ်စုရဲ့ ရိုက်နှက်ဆုံးမခြင်း ဆိုတာ ဘာကိုလဲလို့! “

ထိုအနှီလူ၏ စကားကို ကြားလိုက်ရသော လူတိုင်း မေးရိုးး ကျွတ်ကျမတတ် ဆွံ့အသွားကြသည်။

“ဒီ ၊ ဒီလူ အကြာကြီး ဂူအောင်းနေခဲ့ရလို့ ဦိးနှောက် ပျက်သွားလား မသိဘူး “

T/N -ရှေးခေတ်မျိုးနွယ်စု ချန်ဖုန်း ပါရမီရှင် တွေဆိုတာက - ချန်ဖုန်း (အကြာကြီး ဂူအောင်းလေ့ကျင့်သည်) လို့ ဆိုလိုပါတယ်

“ငါ ကြည့်နေလိုက်ဦးမယ်၊ စူးချန်ကဲ ဒေါသကို သွားစမိရင်းက အသက်ကိုးချောင်း ရှိတောင် ကယ်နိုင်မှာမဟုတ်ဘူး !”

လှောင်ပြောင်သော အကြည့်များဖြင့် ရယ်နေကြသူများလည်း ရှိသည်။

“ ကိုယ့်သေလမ်းကိုရှာနေတာပဲ ၊ သူကပဲ ရဲရင့်နေတာလား မိုက်ရူးရဲဆန်တာလားတော့

မသိဘူး “

“ဒါပေမယ့်လည်း ရတာပဲ၊ ဒီငမိုက်သားကို စူးချန်ကဲရဲ့ လက်ချက်ကို မြည်းစားခိုင်းလိုက်စမ်းပါ “

တစ်ဖက်တွင်မူ ၊ စူးချန်ကဲ သည် သူ၏ အပြုံးကို မျိုသိပ်ထားပြီး က‌န်ရေပြင်ကြည်ကဲ့သို့ ငြိမ်သက်နေသည်။

လှိုင်းတချက်မှ ထ မသွားသလိုမျိူး ၊မည်သည့်ခံစားချက်မှ ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေ။

ဤကဲ့သို့အပြုအမူသည် စူးချန်ကဲ၏ အကြောင်းကိုသိနေသော ယွင်ရှင်းယန်တင် မက အခြား ကွေးယွမ်က တပည့်အားလုံး ချွေးအေးများ အဆက်မပြတ် ထွက်လာစေသည်။

သူတို့၏ ဆက်ခံသူမှာ စိတ်ဆိုးနေပြီပင်!

တဖန် ဖန်ပုအား အထင်အမြင်သေးသော အကြည့်ဖြင့် လှည့်ကြည့်လိုက်ရင်း ၊ ဤလူကို သူတို့နှလုံးသားထဲတွင် သနားစပြုလာမိပြန်သည်။

“ သူရဲကောင်း ဟူသည် နောက်ပြန်လည်ရိုး ထုံးစံမရှိ “

စူးချန်ကဲ သည် ဖန်ပု ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး အေးစက်စွာ ဆိုလိုက်သည်။

“ရှေးခေတ် မျိုးနွယ်စုရဲ့ ရိုက်နှက်ဆုံးမခြင်း?အဲ့လိုဆိုတော့ မင်းက အတော်သတ္တိရှိနေတယ်ပေါ့?”

ဖန်ပုသည် သူ့ကိုယ်သူ ဂုဏ်ယူသော အကြည့်ဖြင့် မေးစေ့ကို မြှောက်လိုက်ရင်း

“ ဟာသ‌ပဲ ၊ ငါ့ကိုများ သတ္တိရှိသလားလေး ဘာလေးနဲ့ လာမေးရဲတယ်ပေါ့?”

ဘုန်း ! !

ရုတ်ချည်းဆိုသလို ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ၊ ဤနေရာရှိ လေထုသည် စွမ်းအားတစ်ခုကြောင့် ဖယ်ရှားခြင်းကို ခံလိုက်ရပြီး အငွေ့ပျံသွားပုံရသည်။

စူးချန်ကဲဘက်မှ ဒီလို မြန်မြန်ဆန်ဆန် လက်ပါလိမ့်မယ်လို့ မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

တခဏချင်းမှာပင် ၊ ကြွေကျလာသော ဉက္ကာခဲအလား ထင်မှတ်ရသည့် လက်သီးသည် ဖန်ပု၏ ဝမ်းဗိုက်ကို ထိသွားခဲ့ပြီ ဖြစ်သည်။

သူ၏ ဂုဏ်ယူရသော ကြွက်သား ချပ်ဝတ်တန်ဆာကြီးသည် စူးချန်ကဲ၏ ထိုးဖောက်မှုကို နည်းနည်း‌လေးမှ မခုခံနိုင်ခဲ့ပေ။

သူ့ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်း အများစုမှာ ဤလက်သီးချက်ဖြင့် ကွဲကြေသွားခဲ့လေပြီ !

“ သွေးအန်သံ ! မင်း!”

ဖန်ပု တစ်ယောက် သူ၏ ဝမ်းဗိုက်ကို လက်ဖြင့် ဖိထားရင်း မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့ပြီး ၊၎င်းသွေးစများထဲတွင် အင်္ဂါအစိတ်အပိုင်း

အပိုင်းအစများ ရောနှောပါဝင်‌ နေသည်။

“ လက်သီးတချက်တည်းနဲ့ ရှေး‌ခေတ် မျိုးနွယ်စုဝင် ပါရမီရှင်ရဲ့ အတွင်းအင်္ဂါတွေကိုတောင် ကြေမွသွား‌အောင် လုပ်နိုင်တယ်တဲ့လား?”

ပါရမီရှင် တစ်ယောက်က ကိုယ့်တံ‌တွေးကို မျိုချရင်း တုန်တုန်ယင်ယင်ဖြင့် ဆိုလိုက်သည်။

“ဒါ ..ဒါ သာမန်လက်သီးထိုးတာလောက်ပဲ ရှိတယ် ၊ သူရဲ့ သူတော်စင် ခန္ဓာကိုယ်ရဲ့ အသွေးအသားကိုတောင် မသုံးခဲ့ဘူး!”

ယခင်က စိတ်အားထက်သန်နေခဲ့သော ရှေးခေတ် ပါရမီရှင်သည် ယခုအခါတွင် စူးချန်ကဲ၏ ရှေ့မှောက်၌ ခွေးတစ်ကောင်ကဲ့သို့ သွေးအန်လျက် လဲလျောင်းနေလေသည်။

ဤအဖြစ်အပျက်သည် ပါရမီရှင်များစွာ၏ စိတ်ကို ကယောက်ဂယက်ဖြစ်သွားစေခဲ့သည်။သာမာန်လက်သီး တချက်တည်းနဲ့ တောင့်တင်းပါ‌ပေတဲ့ သူ့ခန္ဓာကိုယ်သူ ဂုဏ်ဆာတတ်သော လူသန်ကြီးကိုတောင် ဖြိုခွင်းနိုင်သတဲ့လား?

ပြင်းထန်သော နာကျင်မှုသည် ဖန်ပု၏ အာရုံကြောများကို အဆက်မပြတ် လှုံ့ဆော်ပေးနေသည်။သို့သော် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် စာရင် ဂုဏ်သိက္ခာဆုံးရှုံးခဲ့ရသော စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက ပို၍ ပြင်းထန်ပေသည်။

ဖန်ပုသည် ခေါင်းကို မော့ကာ ဟစ်အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက နီမြန်းသော အလင်းရောင်များ ထွက်ပေါ်လာပြီး ၊ သွေးချီစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲမှ လျှံထွက်ကျလာသည်။

ဖန်ပု၏ အရှိန်အဝါသည် သိသိသာသာ မြင့်တက်လာခဲ့သည် ။

၎င်းသည် သာ့နိမ်(အနန္တရှင် စွမ်းအား)၏ ရောင်ဝါကိုပင် ကျော်လွန်၍ သူတော်စင် နယ်ပယ်နှင့် နီးကပ်နေပြီ ဖြစ်သော ရောင်ဝါနှင့် တူပေသည်။

T/N - မဟာသူတော်စင် နဲ့ သူတော်စင် အရှင် ကို ဆိုလိုချငိတာပါ

“ဒါက ရှေးခေတ် မျိုးနွယ်စုရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံလာတဲ့ အသွေးအသား ဖြစ်တဲ့ ၊ ကျန့်ထျန်းရှေးဟောင်းသွေးပဲ !”

ရှေးခေတ် ပါရမီရှင်တစ်ဦးက ရှင်းပြလေသည်-

“ရှေးခေတ် မျိုးနွယ်စုကို ထိပ်တန်းအနွယ်လို့ ခေါ်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့ ခန္ဓာကိုယ်ကြောင့် မဟုတ်ဘူး ၊ ဒီတိုက်မြေ သုံးထောင်မှာလည်း သူတို့လို စွမ်းအားကြီးမားတဲ့ ခန္ဓာကိုယ်ရှိတဲ့ မျိုးနွယ်ဝင်များစွာ ရှိတယ်လေ”

“ တကယ့် အကြောင်းအရင်းက သူတို့မှာ ရှိနေတဲ့ ကျန့်ထျန်းရှေးဟောင်းသွေး ဖြစ်တဲ့ အမွေဆက်ခံတဲ့ သွေးတွေကြောင့်ပဲ ၊ သူတို့ ဒဏ်ရာကြီးကြီးမားမား ရလာတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေက သူ့အလိုလို တုံ့ပြန်လာလိမ့်မယ်!”

“ သူတို့က ပိုင်ရှင်ရဲ့ အစွမ်းအစကို အပြည့်အ၀ လှုံ့ဆော်လိုက်ပြီး ၊ သွေးဆာနေတဲ့ တောရိုင်းကောင် အဖြစ် ပြောင်းလဲ‌ ပေးလိမ့်မယ် ၊ဒါ့ကြောင့်လည်း လူတော်တော်များများက ရှေးခေတ် မျိုးနွယ်စုဝင်တွေနဲ့ အပြင်းအထန် မတိုက်ခိုက်ကြတာပဲ “

“ဒါဆို စူးချန်ကဲ ရဲ့ အခြေအနေက အန္တရာယ်ရှိနေပြီ မဟုတ်ဘူးလား?”

“ဒါကလည်း ငါတို့လိုချင်တာ မဟုတ်လား?စူးချန်ကဲ မသေသ၍ ငါတို့ ဘယ်တော့မှ ရှေ့ကို ရောက်မှာ မဟုတ်ဘူး!”

စူးချန်ကဲသည် အရမ်းကို ပြောင်ပြောင်လက်လက် ဖြစ်ပေသည်။ဤကမ္ဘာကြီး၏ ဇာတ်ခုံတွင်မူ ၊ စူးချန်ကဲသို့သော ပြိုးပြိုးပြက်ပြက် တောက်ပ‌နေသော ဇာတ်ဆောင်အား သူတို့ အလိုမရှိပေ။

သူတို့သည် ထာဝရ တည်ရှိမှု ဖြစ်သော ကောင်းကင်တွင် ထွန်းလင်း တောက်ပသော နေမင်း မဖြစ်နိုင်သော်လည်း၊သို့ဆိုတောင် တစ်စုံတစ်ယောက်အနေဖြင့် ဤမျှ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုမျိုးကို ရရှိသွားမှာကိုလည်း သူတို့ အလိုမရှိပေ။

“ဖန်ပု ၊ မင်း သေချာပေါက် သူ့ကိုသတ်ရမယ်!”

လုံပါ့ထျန်း တစ်ယောက် သူ့စိတ်ထဲတွင် အားပါးတရ ဟစ်အော်လိုက်သည်။စူးချန်ကဲသည် သူ့ကို ဘာကြောင့် မသတ်ခဲ့မှန်းကိုတော့ သူ မသိပေ။

သို့သော် အရင်က အဖြစ်အပျက်ကို ကြည့်ရင်ဖြင့် ၊ သူ့လောက် စူးချန်ကဲကို သေစေချင်သူ ရှိမည် မဟုတ်။

“ ရူးသွပ်​​‌သွားပြီ ဖြစ်တဲ့​ ရှေးဟောင်း မျိုးနွယ်စု?”

“သူ့ရဲ့ အရိုးမာတွေက လူကိုတောင် သေစေနိုင်တယ် ၊ ဒီတစ်ခါတော့ မင်း ဘယ်လိုဖြေရှင်းမလဲ”

စူးချန်ကဲသာ သေဆုံးသွားခဲ့မည်ဆိုပါက ၊ ဟွမ်လော့ရှင်း အနေဖြင့် စူးချန်ကဲကို ‌အသေသတ်မည့် စီမံကိန်းလည်း ဆွဲစရာ မလိုတော့ပေ။

သူမ၏ ကိစ္စကြီးမှာ တစ်ဝက်လောက်က သက်သာသွားပေလိမ့်မည်။

“ကွေးယွမ်ရဲ့ ဆက်ခံသူ သေသွားရင် ပိုကောင်းမယ် ၊ ဒီကောင်က ငါတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ အစီအစဥ်တွေ အပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ ငါ ခံစားနေမိတယ် “

လူအုပ်၏ အဆုံးတွင်၊ ကွေချီး၏ မျက်လုံးများမှာ အေးစက်နေသည်။ သူသည် သူ့ကိုယ်ပိုင်ခွန်အား အပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။

ပါရမီရှင်များထဲတွင် သူအကြောက်ဆုံးမှာ ၊ သူ ခန့်မှန်း မမြင်နိုင်သည့် စူးချန်ကဲသာပင်။

“ အာမီထော်ဖော် ၊ ကြည့်ရတာ ဒကာလေး စူးချန်ကဲက သူတင်ထားသော ကုသိုလ်အတွက် အဖိုးအခကို ပေးဆောင်ရမယ့်ပုံပဲ “

“ဒါပေမယ့်လည်း အဆင်ပြေပါတယ် ၊ ငါကိုယ်တော် ၊ စူးချန်ကဲရဲ့ နောက်လိုက် မိန်းကလေး နှစ်ယောက်ကို စောင့်ရှောက်ပေးနိုင်ပါတယ်”

ထိုသို့ပြောပြီးနောက် ဘုန်းတော်ကြီးသည် ကူလင်အာ နှင့် ယွင်ရှင်းယန် တို့ကို တချက် ကြည့်လိုက်သည်။

“ ငါ ဒီလူတွေရဲ့ ပါးစပ်ကို စုတ်ဖြဲပစ်ချင်နေပြီ ၊ အရေးထဲ ငပြောင်မြည်း(ဘုန်းကြီး) က ကိုယ့်သေလမ်းကို ရှာနေသေးတယ် “

ကူလင်အာ ၏ မျက်ဝန်းများသည် နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သူမ၏ အမူအရာမှာ လွန်စွာ အေးစက်နေလေသည်။

“လင်အာ၊ စိတ်မပူနဲ့၊ ဆက်ခံသူကို ယုံကြည်လိုက်”

“ဟုတ်တယ်၊ ချန်ကဲ ဆက်ခံသူရဲ့ စွမ်းအားက သူတို့လို လူတွေ နားလည်နိုင်တဲ့ အရာမဟုတ်ဘူး”

ယဲ့လင်ထျန်းသည် စူးချန်ကဲ ကိုကြည့်ကာ အားကြိုးမာန်တတ် ဆိုလိုက်သည်။

ဘုန်း! ဘုန်း! ဘုန်း!

ကွင်း၏ အလယ်ဗဟိုတွင် အနီရောင် အလင်းများဖြင့် ဖုံးလွှမ်းနေထားသော ဖန်ပုသည် စူးချန်ကဲ ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာသည်။သူ လှမ်းလိုက်တိုင်း အောက်ခံကျောက်တွင် ခြေရာခွက်များ အရာထင်ခဲ့သည်။

ဖန်ပု၏ နီမြန်းနေသော မျက်လုံးထဲ၌ သွေးဆာမှုများဖြင့် ပြည့်နှက်နေပြီး ၊ ဤဝတ်ရုံဖြူ ပုံရိပ်ကိုသာ စုတ်ဖြဲပစ်ချင်သည့် အတွေးများသာ သူ့မှာ ရှိနေသည်။

“သတ် ပစ်မယ်!!”

ဖန်ပုက အော်ဟစ်လိုက်သည်။

မူလက နှေးကွေးစွာဖြင့် လာနေသော အရှိန်သည် ရုတ်တရက် ဆိုသလို လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

ရွေ့လျားနေသော တောင်ကြီးကဲ့သို့၊ ဟာရီကိန်း မုန်တိုင်းကြီးသည် ကွင်းတစ်ခုလုံးကို ဖြတ်သန်းသွားသကဲ့သို့ နေရာတစ်ခုလုံး ဗြောင်းဆန်သွားသည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများသည် ကွင်းလယ်ထဲက လူနှစ်ယောက်ထံသို့ ကျရောက်နေသည်။

ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်နေသည့် ကြီးမားသော လူထွားကြီး၏ ရှေ့တွင်၊ ဝတ်ရုံဖြူ လူငယ်လေး၏ ခန္ဓာကိုယ်မှာ အလွန်ကို ပိန်လှီနေသည်။

သို့သော် အံ့သြစရာကောင်းသည်မှာ!

ဤကဲ့သို့ ပိန်လှီ နေသည့် ခန္ဓာကိုယ်ပိုင်ရှင်သည် ကောင်းကင်ကို ဖျက်ဆီးနိုင်ပြီး ၊ မြေကြီးများကိုတောင် ပြိုကျစေကာ ၊ ရန်သူအားလုံးကို သတ်ပစ်နိုင်သည့် အဆုံးမရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားပုံရပေသည်။

အပိုင်း(၁၂၆): အစီအစဉ် စပြီ

“သေစမ်း!!”

ဖန်ပု သည် လက်သီးကို မြှောက်လိုက်ပြီး ၊ရုတ်တရက် စူးချန်ကဲ အား တိုက်ခိုက်လေသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော လက်သီး၏ ပြင်းအားသည် ဥက္ကာခဲ ပြိုကျလာသကဲ့သို့၊လေဟာပြင်ကို ဖောက်ထွင်းလိုက်သည်။

လက်သီးပြင်းအား၏ နောက်ဆက်တွဲရလဒ်ကြောင့် ပါရမီရှင် အများစု၏ နှလုံးခုန်နှုန်းများ မြန်ဆန်ခဲ့ရပြီး အဝေးသို့ လွှင့်ပျံသွားမတတ်ပင် ။

စူးချန်ကဲအနေဖြင့် ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို မည်သို့သော စွမ်းအားမျိုးနှင့် ရင်ဆိုင်မည်နည်း။

သို့သော် စူးချန်ကဲ၏ မျက်ဝန်းများမှာ ကောင်းကင်ကြီး ပြိုကျပြီး မြေပြိုသွားသည့်တိုင် သူ့အပေါ်သို့ သက်ရောက်မှု မရှိမည့် ဒီဇိုင်းဖြင့် ရှိနေသည်။

“မဆင်မခြင်လူဟာ ကိုယ့်သေလမ်းကိုယ် ရှာတာနဲ့ တူတူပဲ “

စူးချန်ကဲသည် သူ၏ ဘယ်လက်ကို နောက်သို့ ပစ်ထားဆဲပင် ဖြစ်ပြီး ၊ သူ၏ ညာလက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ထို့‌နောက် လက်ဖြန့်လိုက်သည်နှင့် သူ၏လက်ဖဝါးပေါ်တွင် ဆန်းကြယ်သော မှော်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဝါးမျိုခြင်း စွမ်းအားသည် ပြန့်ကျဲထွက်ပေါ်လာခဲ့သည်။

စကြဝဠာ၏ အလယ်ဗဟို၊ ဤကမ္ဘာကြီး၏ ဝဲဂယက်အလား။

ဘန်း! !

မြည်ဟိန်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်သွားခဲ့သည်။

ဖန်ပု သည် သူ၏ ပြင်းထန်သော စွမ်းအားကို စုစည်းပြီး စူးချန်ကဲ၏ ညာဖက်လက်ဖဝါးကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည် ။

သို့သော် လူတိုင်း၏ စိတ်ကူးထဲတွင် ရှိနေခဲ့သော အဝေးကို လွှင့်ပျံသွာသော စူးချန်ကဲ၏ ပုံရိပ်သည် အမှန်တကယ်တန်းတွင် ဖြစ်မလာခဲ့ပေ။

လက်ရှိတွင် စူးချန်ကဲ၏ ညာလက်သည် ဖန်ပု၏ လက်သီးကို တင်းကျပ်စွာ ပိတ်ဆို့ထားလေသည်။

“မင်း....”

ရူးသွပ်နေသော ဖန်ပုသည် ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဤလက်သီးတွင် အင်အား မည်မျှ ပါဝင်သည်ကို သူ သိသည်။သို့သော် ဒီလောက် ပိန်လှီတဲ့ လူသားတစ်ယောက်က သူ့လက်သီးကို အဘယ့်ကြောင့် ဖမ်းယူလိုက်နိုင်သနည်း။

ဒါ ယုတ္တိမရှိဘူးလေ!

“မင်းရဲ့စွမ်းအားကို ငါ သိပြီ “

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူ့လက်ဖဝါးထဲက အနက်ရောင် ဝဲဂယက်သည် ဒီရေလှိုင်းသဖွယ် စုစည်းလာခဲ့ပြီး ဝါးမျိုခြင်း စွမ်းအားများကို ထုတ်လွှတ်ပေး‌ နေခဲ့သည်။ ဖန်ပု ခန္ဓာကိုယ်တစ်ဝိုက်တွင် တည်ရှိနေသော သွေးချီစွမ်းအင်များမှာ အနက်ရောင် ဝဲဂယက်၏ ဝါးမျိုခြင်းကို ခံနေရပြီပင်။

ဖန်ပု တစ်ယောက် စိတ်ရှုပ်သွားရုံသာမကဘဲ ဤအဖြစ်အပျက်ကို စောင့်ကြည့်နေကြသော ပါရမီရှင် တပည့်များအားလုံးလည်း ထိတ်လန့်သွားကြသည်။

ဖန်ပု၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ စူးချန်ကဲ၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီးသည်နှင့် ၊ ဖန်ပု၏ စွမ်းအားများ မှာ လျင်မြန်စွာ ဆုံးရှုံးနေမှန်း ကြည့်ရှုသူတိုင်း ခံစားမိသည်။

“ဒါ...ဒါက ဘယ်လို သိုင်းပညာရပ်တုန်း”

“ဟမ်... ဒါ ဝါးမျိုးခြင်း စွမ်းအား၊ မဟုတ်မှလွဲရော ဒဏ္ဍာရီထဲက စုပ်ယူသူတော်စင် ခန္ဓာကိုယ် များလား?”

“မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး! စူးချန်ကဲ မှာ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ရှိပြီးသားလေ ၊ ဘယ်လိုဖြစ်ပြီး တခြား သူတော်စင် ခန္ဓာကိုယ် ရှိနေနိုင်မှာတုန်း!”

လုံပါ့ထျန်းသည် ဤရလဒ်ကို လုံးဝ လက်မခံနိုင်ဘဲ ဟောက်လိုက်သည်။

သူတော်စင် ခန္ဓာကိုယ် နှစ်ခု?

ထာဝရ နှစ်ကာလအတွင်း ၊လုံးဝ ကွဲပြားခြားနားသော သူတော်စင် ခန္ဓာကိုယ် နှစ်ခုကို ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ် ဟူ၍ လူတစ်ဦးတစ်ယောက်မျှ မရှိပေ ။ ယင်းသည် ကောင်းကင်လမ်းစဉ်ကို ချိုးဖောက်ရာ ကျပေသည်။

ကွင်းအလယ်တွင် ရှိနေသည့် ဖန်ပု ခမျာ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို စူးချန်ကဲက စုပ်ယူထားသောကြောင့် သူ၏ ရူးသွပ်နေသောအခြေအနေကနေ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် သူ့နဖူးပေါ်မှ ချွေးသီးလုံးများက တပေါက်ပေါက် ကျဆင်းနေခဲ့ပြီးပင်။သူ၏ အသွေးအသား ပင်ကိုယ်စွမ်းရည်ကို အသက်သွင်းခြင်းဖြင့် စူးချန်ကဲ ကို နှိပ်ကွပ်နိုင်ခဲ့မည်ဟု သူ ထင်ခဲ့သည်။

သို့သော် သူ ဘာမှတောင် မလုပ်ရသေးခင် ၊ ခြေကုန်လက်ပန်းကျနေပြီတဲ့လား?

စူးချန်ကဲကို သူ ပြန်ကြည့်လိုက်တော့လည်း ၊အရာအားလုံးသည် ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားသကဲ့သို့ ၊ သူ့မျက်နှာတွင် မည်သည့် ခက်ခဲခြင်း အရိပ်အယောင်မျှ မတွေ့ရချေ။

ဒါက သူ့ကို ပိုလို့တောင် အံ့အားသင့်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် ကြောက်မိသည်။

“မင်းအနိုင်ရမယ်လို့ ထင်နေလား!?”

နည်းလမ်းများစွာ စမ်းသုံးကြည့်သော်လည်း အဖက်မတင်ခဲ့ချေ။

ဖန်ပုသည် ဟိန်းဟောက်လိုက်ပြီး သူ့ဘယ်လက်ကို စွမ်းအား ပြန်ထည့်လျက် စူးချန်ကဲကို တိုက်ခိုက်ရန် ကြိုးစားပြန်သည်။

“ငရဲကို သွားပေတော့!!”

သို့သော် စူးချန်ကဲသည် တဖက်လူ၏ တိုက်ခိုက်လာမှုအပေါ် အစောကြီးကတည်းက ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။

သူက ဖန်ပု ၏ လက်သီးကို ညာလက်ဖြင့်ဆွဲကိုင်လိုက်ပြီး ရှေ့သို့ ဆွဲထုတ်လိုက်သည်။ဖန်ပု ခမျာ ဘာမှတောင် အသင့်မပြင်ရသေးခင် စူးချန်ကဲ ပေါ်သို့ လဲကျသွားခဲ့သည်။

သို့သော် စူးချန်ကဲ ကတော့ သူ့ရဲ့ “ချစ်ခြင်းမေတ္တာ” ကို လက်ခံလိမ့်မည် မဟုတ်ချေ။

သူ့ဘယ်လက်ကို လက်သီးဆုပ်လိုက်သည်နှင့် နတ်အလင်းများက ဝန်းရံလျက် တာအိုနိယာမများက ဖုံးလွှမ်းသွားသည်။

“ကောင်းကင်ကို ဖြိုခွင်းခြင်း လက်သီးသိုင်း!”

ကောင်းကင်ယံတွင် လွင့်မျောနေသော ဝင်းလက်တောက်ပနေသည့် နဂါးတစ်ကောင်လိုမျိူး ၊သူ၏ လက်သီးအလင်းသည် ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပ နေသည်။

ဘုန်း! !

အလင်းရောင်များ ပေါက်ကွဲသွားပြီး တာအိုနိယာမများပင်လျှင် တုန်ခါသွားခဲ့ရသည်။

စူးချန်ကဲ၏ နောက် လက်သီးတစ်ချက်က ဖန်ပု၏ ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့လေပြီ ။

ဘုန်း!

ဤဖြစ်ရပ်တစ်ခုလုံးကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ အနက်ရောင် ပုံရိပ်တစ်ခုသည် လေဟာပြင်ကို ဖောက်ထွက်သွားခဲ့လေပြီ ။

ဝုန်း !

အဝေးတစ်နေရာက ပေါက်ကွဲသံ တစ်ခုသည် လူတိုင်း၏ အာရုံကို တဖန် ပြန်ကပ်လာစေသည်။

ထိုအနှီသူမှာ လေထဲတွင် ဇောတ်ထိုးပျံသွားသည်မှာ ထင်ရှားပါ‌သော်လည်း ၊သို့သော် ဤမျှ ပြင်းထန်သော လေအရှိန်ကြောင့် မြေပြင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

ဖန်ပု၏ ခန္ဓာကိုယ်မှာ ကွင်းပြင်၏ ကျောက်သား ဘေးနံရံအတွင်းထဲသို့ နက်ရှိုင်းစွာနစ်မြုပ်သွားခဲ့လေသည်။

ဤသို့ဖြင့် ဖန်ပု၏ ဘေးပတ်ပတ်လည်တွင် ကျောက်သား နံရံကြီးမှာ ပင့်ကူ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဖန်ပုသည် အချိန်အတော်ကြာ သတိလစ်သွားခဲ့ပြီး မည်သည့် လှုပ်ရှားမှုမှမရှိဘဲ ထိုနံရံအတွင်းသို့ နစ်မြုပ်လျက်သား ရှိနေခဲ့လေသည်။

“အိုး? အသက်ရှင်နေသေးတာလား?”

“ ထားပါတော့၊ ကံကောင်းသွားတယ် “

စူးချန်ကဲ မျက်ခုံးပင့်လိုက်သည်။

တကယ်တော့ ဖန်ပုကို သူ တိုက်ခိုက်စဉ် အခိုက်အတန့် တုန်းက ၊ဖန်ပု၏ ခန္ဓာကိုယ်ပေါ် တစ်စုံတစ်ခုက အသက်ဝင် လှုပ်ရှားသွားမှန်း ခံစားလိုက်ရသည်။

၎င်းသည် အကာအကွယ် မှော်လက်နက်နှင့် ဆင်တူသည်။

တို့အပြင် ဤလူမြင်ကွင်းရှေ့တွင် သူ ဖန်ပုကို လက်လွတ်စလွယ် သတ်ရန် အဆင်မပြေပေ။

နာမည်ဆိုးတွင်သွားရင်ဖြင့် ၊ ကြက်သွန်မြိတ်က သူ့အိမ်ရှေ့ လာရောက်တော့မည်မဟုတ်။

ကွင်းပြင်၏ အလယ်ဗဟိုတွင် ၊ စူးချန်ကဲ၏ အဖြူရောင် အဝတ်အစားများသည် လေနှင့်အတူ လွင့်ပျံနေပြီး ၊ သူ့နှုတ်ခမ်းသားပေါ်တွင် အပြုံးပန်း တစ်ခု ရှိနေခဲ့သည်။

ကြော့ကြော့ကြော့မော့မော့ မသေမျိုးနွယ် သခင်လေးတစ်ပါးကဲ့သို့ သူ၏ အသွင်အပြင်သည် ကျင့်ကြံသူ အမျိုးသမီးများအားလုံးကို တန်းတန်းစွဲ ဖြစ်စေခဲ့သည်။ စူးချန်ကဲသည် ဤမျှအစွမ်းထက်သော စွမ်းအားများဖြင့် ပေါက်ကွဲနေသည့် ပုံရိပ်ကို မမြင်ဖူးခဲ့ပါက ၊

သူမတို့ အားလုံးသည် ကွင်းထဲသို့ အပြေးအလွှားသွားကာ စူးချန်ကဲ ကို ကာကွယ်ပြီးနေပြီးပင်။

“ ဒီပထမတိုက်ပွဲမှာ ကျုပ် စူး မျိုးနွယ် နိုင်တယ် ၊ နောက်ထပ် စိန်ခေါ်သူ ရှိသေးလား”

စူးချန်ကဲ၏ အသံသည် နေရာအနှံ့ ပျံ့နှံ့သွားသော်လည်း မည့်သည့် တုံ့ပြန်လာသူမှ မရှိသေးပေ။

မင်းတို့တွေ ငါ့ကို လာနောက်နေကြတာလား?

ရူးသွပ်နေသော ရှေးခေတ် မျိုးနွယ်စုကိုတောင် စူးချန်ကဲသည် အသာလေး ဖြေရှင်းပြခဲ့သည်။မည်သူမျှ အသက်တောင် မရှုဝံ့ပေ။

“ ဘယ်သူမှ မရှိဘူးလား ၊ ငါကိုယ်တော်သက်ညှာပေးမယ်လေ “

စူးချန်ကဲက ထပ်ပြောသည်။

သို့သော် ကွင်းအောက်မှာကတော့ တိတ်ဆိတ်ငြိမ်သက် နေ၏။

သန်မာသူများသည် အခြေအနေကို စောင့်ဆိုင်းကြည့်ရှုလျက် ၊ အားနည်းသူများကတော့ တုန်လှုပ်နေကြသည်။

“ သွားပါပြီ ၊ ငါ သတိမထားမိဘဲ ငါ့ရဲ့ စွမ်းအားကို အသုံးချလိုက်မိတယ် ၊ဒီရဲ့ ငါးညစ် တစ်သိုက်က ငါ့ကို သတိထားနေကြပြီ “

“မဖြစ်ဖူး ၊ဒီအတိုင်းသာဆိုရင် ငါးကြီးတစ်ကောင်ကို ဘယ်လိုလုပ် ဖမ်းမိနိုင်တော့မှာလဲ?”

စူးချန်ကဲသည် သူ့စိတ်ထဲတွင် တိတ်တဆိတ် ကျိုးကြောင်းဆင်ခြင်လိုက်သည်။

ထိုစဉ် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

လူတို့သည် မျှော်လင့်ချက်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရသည်ကို နှစ်သက်ကြသည်။ဒါဆိုလည်း သူသည် တဖက်သား သဘောကျမည့်အရာကိုပေး၍ ၊ မစိန်ခေါ်ချင်လည်း စိန်ခေါ်ချင်လာအောင် ပြုလုပ်ပေတော့မည်။

ကြီးမားသော ဆုလာဘ်အောက်တွင် ရဲရင့်သူ ဆိုတာ ရှိ‌ပေသည်။

“အဲဒါဆိုလည်း ဒီလိုလုပ်ကြစို့ “

“ ငါ ကွေးယွမ်က လူတွေကို ဝင်မပါခိုင်းဘူး “

“မင်းတို့အားလုံး အတူတူ တတ်လာလိုက် ၊ငါရှုံးခဲ့ရင် ဘယ်သူမဆို ထျန်းကျီကျွန်းရဲ့ ခြောက်ထောင်ကြယ်ကို ရနိုင်တယ် ၊ ဘယ်လိုလဲ?”

စူးချန်ကဲ၏ စကားများသည် အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည် ။

“လူတစ်​​ယောက်​ကို ခြောက်ထောင့်ကြယ် တစ်​ခုစီလား? ဒီမှာ လူတွေက ​ထောင်​​ပေါင်းများစွာ ရှိနေတာ ၊ ပေးနိုင်လို့လား ?”

လူတချို့က ဤသည်မှာ စူးချန်ကဲဘက်မှ လူကို တိုက်ခိုက်လာစေရန် နှိုးဆွသည့် နည်းလမ်းမျှသာဟု ထင်မြင်ကြသည်။

သို့သော် စူးချန်ကဲသည် ဂရုမစိုက်ဟန်ဖြင့် အပေါ် ကို မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ ထျန်းကျီ ကျွန်းရဲ့ အရှင်သခင်၊ ဒီလောင်းကြေးမှာ ကျုပ် စူးမျိုးနွယ် နဲ့ အတူလောင်းဖို့ ဆန္ဒရှိလား”

“ဟားဟား!”

“ချန်ကဲဆက်ခံသူ ကတောင် ဒီလိုစိန်ခေါ်ရဲတာ ထျန်းကျီ ကျွန်းက ဘာကြောက်ရမှာလဲ”

“ဒီကိစ္စကို ကျုပ် လက်ခံတယ်!”

ထျန်းကျီကျွန်းပိုင်ရှင်၏ အသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး၊ မူလက ဆူညံနေခဲ့သော လူအုပ်ကြီးကို ပို၍ စိတ်လှုပ်ရှားစေခဲ့သည်။

တစ်​​ယောက်​ကို ခြောက်ထောင့်ကြယ် တစ်​ခုစီ?

ဤသည်မှာ ထူးခြားသော အခွင့်အရေးတစ်ခုဖြစ်ပြီး ဗေဒင်ဟောနိုင်မည့် အရာပင် ဖြစ်သည်။

ဤရွှေခေတ်တွင် မည်သူမဆို ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်မည့် အခွင့်အရေးမျိုးကို အလိုရှိကြသည် ။

ကမ္ဘာကြီးတွင် ထွန်းလင်းတောက်ပသော ကြယ်တစ်ပွင့်ဖြစ်လာပြီး ၊ ကျင့်ကြံနည်းနှင့် အောင်မြင်မှုများကို ခံစားရပေတော့မည်။

ယခုမူကား၊ သူတို့ လိုချင်တောင့်တခဲ့သော ကျင့်ကြံနည်းနှင့် အောင်မြင်မှုများသည် သူတို့ရှေ့တွင် ရှိနေခဲ့ပြီ ဖြစ်ရာ ၊ စူးချန်ကဲလို နတ်ဆိုးမိစ္ဆာကောင်နှင့် ရင်ဆိုင်ရမည်ဆိုတောင် တိုက်ခိုက်မည် ဖြစ်သည်။

လူအုပ်ကြားထဲမှာ ပါရမီရှင် တစ်ဦးက မတ်တတ် ထရပ်လိုက်ပြီး အပေါ်ကို မော့ကြည့်လျက် ရိုသေစွာ ဦးညွှတ်လိုက်သည်။

“လူကြီးမင်း ၊ ခင်ဗျားရဲ့ စကားအပေါ် အလေးအနက် ထားပါသလား”

၎င်းသည် မယုံကြည်နိုင်သေးဘဲ ထပ်ပြီး အတည်ပြုလိုက်သည်။

“ငါ့ရဲ့ တာအို စိတ်နှလုံးသားနဲ့ ကျိန်ဆိုတယ်၊ စကားမတည်ခဲ့ပါက အမှောင်သံသရာထဲ ကျသွားပါစေ!”

ဘုန်း!

မရေမတွက်နိုင်သော မိုးခြိမ်းသံများသည် ထွက်ပေါ်လာပြီး ကောင်းကင်လမ်းစဉ်၏ဆန္ဒသည် အာကာသ တစ်ခုလုံး ပြည့်နှက်သွား‌ လေသည်။

ဆိုလိုသည်မှာ သူ၏ ကျိန်ဆိုမှုသည် အတည်ဖြစ်ပြီပင်။

ထိုအဖြစ်အပျက်သည် အောက်ကလူအုပ်ကြီးကို ပို၍ ရူးသွပ်သွားစေသည်။

“လူတိုင်း၊ စူးချန်ကဲက အစွမ်းထက်ပေမယ့် ဒါပေမဲ့ အရေအတွက်များတဲ့ ငါတို့က ပိုပြီး အားသာချက် ရှိတယ် “

“ဟုတ်တယ်၊ စူးချန်ကဲ က တစ်ချိန်က ရာနဲ့ချီတဲ့ ပါရမီရှင်တွေကို အနိုင်ယူခဲ့ပေမယ့် ၊ အခု ငါတို့က ထောင်ပေါင်းများစွာ ရှိနေတာလေ ၊ ဘာကြောက်စရာရှိတုန်း?”

“စူးချန်ကဲကို အနိုင်ယူနိုင်ရင် ကောင်းကင်ဘုံကို တောင် စိန်ခေါ်နိုင်မယ့် အခွင့်အရေးကို ငါတို့ ရယူနိုင်ပြီ ၊ ဒါကို လက်လွှတ်စရာလား ၊ အားလုံး ငါနဲ့အတူ ဆက်ခံသူကို အနိုင်ယူကြမယ် ၊ လိုက်ခဲ့!”

“ ဆက်ခံသူကို အနိုင်ယူပြီး အခွင့်အရေးကို ဆုပ်ကိုင်ကြမယ်!”

“ ဆက်ခံသူကို အနိုင်ယူပြီး အခွင့်အရေးကို ဆုပ်ကိုင်ကြမယ်!”

တိုက်ပွဲဝင် စိတ်ဓာတ် အပြည့်ရှိသော အောက်က လူအုပ်ကြီးကို ကြည့်ရင်း စူးချန်ကဲ၏ နှုတ်ခမ်း၌ အပြုံးတစ်ခု လှစ်ဟသွားသည်။

သူနှင့် ထျန်းကျီ ကျွန်းပိုင်ရှင်နှင့် လိုက်ဖက်ညီစွာ တေးဆိုမှုသည် အချည်းနှီး မဖြစ်ခဲ့ပေ။

အစီအစဉ်မှာ စခဲ့ပြီ ဖြစ်သည် !

အပိုင်း(၁၂၇): ခွေးရောက်လာတောင် ပါးရိုက်လွှတ်မှာ သေချာတယ်

“ ချန်ကဲ ဆက်ခံသူ အပြစ်ပြုမိပါပြီ!”

ကျင့်ကြံသူတစ်ဦးသည် သူ၏ ဓားရှည်ကို မြောက်တင်လိုက်ပြီး စူးချန်ကဲ၏ ဦးခေါင်းကို ဖြတ်ခုတ်ရန် ဦးတည်လာခဲ့သည် ။

လှုပ်ရှားမှုတိုင်းက ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်

စေခဲ့ပြီး ၊ ကျင့်ကြံသူ များစွာသည် ၎င်းတို့၏ မှော်လက်နက်များကို ထုတ်ကာ စူးချန်ကဲအား ၎င်းတို့၏ မှော်အစွမ်းဖြင့် တိုက်ခိုက်ခဲ့လေသည်။

တခဏချင်းမှာပင် ၊ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး တက်လာခဲ့ပြီး စကြာဝဠာတစ်ခုလုံးတုန်လှုပ်သွားသည်။

တိုက်ခိုက်သံမျိုးစုံဖြင့် ၊ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များမှာ သက်တံသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက် နေသကဲ့သို့ ဖြစ်ပေါ်နေပြီး ၊ကောင်းကင်ကြီးမှာ အလင်းရောင်မျိုးစုံဖြင့် တောက်ပနေပြီး ဤ ကမ္ဘာမြေကြီးပင်လျှင် ထိတ်လန့်နေရသည်။

ဤကဲ့သို့သော ကြီးမားသော လှုပ်ရှားမှုကြီးကို လူတစ်စုက ရွေးချယ်ခဲ့ကြသလို ၊လူထက်ဝက်ကျော်ကတော့ မရွေးချယ်ဘဲ စောင့်ဆိုင်းကြည့်ရှုရန်သာ ရွေးချယ်ခဲ့သည်။

“ ငမိုက်သားလေး ၊ နင် ဘာလို့ မသွားတာတုန်း ၊အဲ့လူသားကို ကြောက်နေပြီလား?”

ဟွမ်လော့ရှင်း သည် လုံပါ့ထျန်း ကို လှောင်ပြောင်သည်။

သို့သော် လုံပါ့ထျန်း က အေးစက်စွာ နှာမှုတ်လိုက်ပြီး ၊ တစ်ချက်မျှ တုံ့ပြန်ခြင်းမရှိပေ။

ထို့အပြင် သူသည် စူးချန်ကဲကို အလွန်မုန်းတီးသော်လည်း ၊ သို့သော် စူးချန်ကဲသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။

လူအရေအတွက် များတောင် ၊ သူ၏ ရှေ့မှောက်တွင်မူ ဘာမှအသုံးမဝင်ချေ။

စူးချန်ကဲသည် စိတ်ပျက်လက်ပျက် ဖြစ်နေသော အကြည့်ဖြင့် -

“ ဒီလောက်ပဲလား ?”

“ဒါဆို မီးထပ်ထည့်ရမယ့်ပုံပဲ “

“ ချိုးဖြတ်စေ “

စူးချန်ကဲသည် ငြိမ်သက်စွာဖြင့် ၊ လက်သီးအသွင်ပုံရိပ်ကို ထုတ်ကာ ထိုးနှက်လိုက်သည် ။

မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်နှင့် စုပ်ယူသူတော်စင်ခန္ဓာကိုယ်သည် သူ၏ ခန္ဓာစွမ်းအားများကို ပို၍ အားကောင်းစေခဲ့သည်။

လုံရှန့်ဖိနှိပ်စွမ်းအားနှင့် အတူ လွှတ်တင်လိုက်သည့် စွမ်းအားမှာဖြင့် လုံးဝ တုနှိုင်းမရပင်။

ဝေါင်း!

ကြီးမားသော လက်သီးအလင်းသည် အသက်ရှိသော ရွှေနဂါးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ စူးချန်ကဲ၏ လက်သီးကို ရစ်ပတ်ထားသည်။

ဧရာမနဂါး၏ ကြီးမားသော ဖိနှိပ်စွမ်းအားသည် ရှေးဟောင်း ဖိနှိပ်စွမ်းအား သဖွယ် အားပြင်းပေရာ လုံပါ့ထျန်းကိုပင် ရင်တုန်စေသည်။

ရွှေနဂါးသည် မြေကြီးပေါ်သို့ ဆင်းသက်လာသော နတ်တစ်ပါးကဲ့သို့ ၊ သူ သွားလေရာ နေရာတိုင်း ပါရမီရှင် လူအုပ်ကြီးကို အဝေးသို့ လွှင့်ပျံသွားစေသည်။

သွေးအန်သံ !

၎င်းတို့မှာ ပြန့်ကျဲစွာ ပစ်ကျသွားသော ပဲစေ့များကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းသွားခဲ့ရပြီး ၊ မြင်ရသူတိုင်းကို သက်ညှာသနားစေမိသည်။

မူလက ကျင့်ကြံသူများမှ ထုတ်လွှတ်လိုက်သော “စွမ်းအားလှိုင်း” သည် ဤမျှ တန်ခိုးကြီးသော စွမ်းအားကြောင့် ကွဲပြဲသွားခဲ့လေပြီ။

“အားလုံး သတိထား ၊ ငါတို့ စူးချန်ကဲနဲ့ နီးစပ်နိုင်သရွေ့ ငါတို့မှာ အခွင့်အရေး ရှိတယ်!”

“မြန်မြန် ၊ မှော်ပညာကို ကောင်းကောင်းအသုံးချတတ်တဲ့ သူတွေက ခံစစ် မှော်စက်ဝိုင်းကို မြန်မြန် တည်ဆောက်ကြ !”

ပါရမီရှင်တချို့သည် ထိုစကားကို ကြားသည်နှင့် မှော်လက်နက်ကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆုပ်လိုက်ကြသည်။

ပြီးနောက် မှော်မန္တာန်များကို ရွတ်ဆိုကြလေသည်။

တောက်ပသော မှော်သင်္ကေတများသည် လေထဲတွင် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး ၊ ၎င်းတို့၏ “တိုက်နိုင်မှု” စွမ်းရည်ကို တိုးမြင့်စေခဲ့သည်။

ထို့အပြင် စူးချန်ကဲ ၏ တိုက်ခိုက်မှုကို တွန်းလှန်ရန် အကာအကွယ် မှော်စက်ဝိုင်းကို အသက်သွင်းလိုက်ကြသည်။

ဆက်လက် တိုက်ခိုက်မှုများသည် စူးချန်ကဲ၏ အမြင်ကိုလည်း ပြန်လည်ဆန်းသစ်စေခဲ့သည်။

“ အစီအစဥ်ကောင်းဆိုပေမယ့် ၊ ဒါပေမဲ့ နှမြောစရာပဲ...”

“အရည်အချင်း မပြည့်သေးဘူး”

စူးချန်ကဲသည် အတိုချုံး အကဲဖြတ်လိုက်ပြီး ၊ သူ၏ လက်သီးမှ လက်ဖဝါးအဖြစ်သို့ ပြန်ပြောင်းကာ တစ်ဖန် ထိုးနှက်လိုက်သည်။

ရွှေရောင်ဝိညာဉ် စွမ်းအားများသည် ကြီးမားသော လှိုင်းလုံးများသဖွယ် စုဝေးလာခဲ့ပြီး လက်ငါးချောင်း အသွင် တောင်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းအထဲတွင် ပြင်းထန်သော ဓားစွမ်းအင်များစီးဆင်းနေသည်မှာ လက်ဖဝါးကြီးပေါ်တွင် မျဉ်းကြောင်းသဖွယ် မြင်နေရသည်။

ဘုန်း!

ကောင်းကင်ကို ဖုံးလွှမ်းနေသော လက်ဝါးရိပ်ကြီးသည် ၎င်းပါရမီရှင်များ၏ စိတ်အားထက်သန်မှုကို ရောင်စုံစက္ကူများသဖွယ် ပျောက်ကွယ်သွားအောင် ပြုစားခဲ့လေသည်။

ရွှေဝါရောင် ဝိညာဉ်စွမ်းအားများ လှိုင်းထန်သွားပြီးနောက် ၊ အတွင်းမှ ဓားစွမ်းအင်များလည်း ပေါက်ကွဲသွားခဲ့သည် ။

ဦိးတည်ရာမျိုးစုံ လှည့်လည်သွားလာနေသော နဂါးကြီးကဲ့သို့ လေပြင်းအားသည် ဤကမ္ဘာမြေကြီးကို ဖြတ်တိုက်သွားခဲ့‌ လေသည် ။

ဤအခိုက်အတန့်တွင် ၊ ပါရမီရှင် အများအပြားမှာ နှိပ်ကွပ်ခံခဲ့ရသောကြောင့် မူးမေ့လဲကုန်ကြသည်။

ဒါတောင် စူးချန်ကဲသည် သူ၏ အားအင်တစ်ဝက်ကို တမင်တကာ ထိန်းချုပ်ထားခဲ့ရသည်။

သို့မဟုတ်ပါက ၊ ဤလက်ဖဝါးအောက်တွင် အသွေးအသားများ ပြန့်ကျဲနေသော မြင်ကွင်းများကို မြင်ရပေလိမ့်မည်။

ဤတချက်နဲ့တင် လူတော်တော်များများမှာ ပြန်တိုက်ဖို့ကိုပင် ကြောက်ရွံ့နေကြသည်။

လက်နက်ကို မြောက်တင်လျက်သား ၊ပါးစပ်အဟောင်းသားဖြင့် မည်သို့ဆက်လုပ်ရမည်ကို မသိဘဲ ဖြစ်နေရှာသည်။

“ဒုတိယ...ဆရာတူ...အကိုကြီး၊ ငါတို့ တကယ် တိုက်မှာလား...”

လူအုပ်ကြီးထဲက ကျင့်ကြံသူ တစ်ယောက်က သူ၏ ဆရာတူအစ်ကိုကြီးကို တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

သူ ကြည့်ရတာ ငိုတော့မည့်ပုံပင်။

သူ စောနက ဘာတွေ့လိုက်လဲဆိုတာ သိလား!?

သူ၏ အကြီးဆုံး ဆရာတူအစ်ကိုမှာ အတွင်းဂိုဏ်း တပည့်ကြီး တစ်ဦိးဖြစ်ပြီး သာ့နိမ်(အနန္တစွမ်းအားရှင်) ဖြစ်သည်။ ဂိုဏ်းထဲတွင် သူသည် ပြိုင်ဘက်ကင်းသူလည်း ဖြစ်သည်။

သို့သော် ထိုကဲ့သို့ အစွမ်းထက်သော စီနီယာ အစ်ကိုကြီးပင်လျှင် စူးချန်ကဲ၏ လက်ဖဝါးလေကြောင့် လွင့်ထွက်သွားခဲ့ရသည်။

“လူသားမိုးး”များ ဘယ်ကမှန်းမသိ ရွာချလိုက်သလိုပင်။

လက်သီးချက်၏ တိုက်ခိုက်မှုကို မြင်လိုက်ရပြီးနောက် ၊ လူတော်တော်များများ ဆုတ်ခွာခဲ့ကြသည်။

“ ဘာ လူတစ်​​ယောက်ကို ‌ခြောက်ထောင့်ကြယ်တုန်း?”

“ ထွီ ၊ ဒါ လူတွေကို ရိုက်နှက်နေတာ မဟုတ်ဘူးလား “

“ ခွေးရောက်လာတောင် ပါးရိုက်လွှတ်မှာ သေချာတယ်”

တချို့က ကျိန်ဆဲကြလေသည်။

ဤဆက်ခံသူမှာ အလွန်ကို ဆိုးရွားပေသည်။

အရင်ဆုံး သူတို့ကို ကိတ်မုန့်အချိူ ကျွေးကာ နောက်ဆုံးတော့ ကိတ်မုန့်တောင် ပါးစပ်ထဲ မရောက်ခင် ရိုက်နှက်ခံလိုက်ရသည်။

ဒါကို ဘယ်သူရှင်းပြမတုန်း?

“ဘယ်သူမှ မကျန်တော့ဘူးလား၊ ဒီလိုအခွင့်အရေးကောင်းကို မင်းတို့ တကယ်လက်လွတ်ချင်နေတာလား”

“ဒါ့အပြင် မင်းတို့ထဲက တဝက်လောက်က ကျန်နေသေးတယ်လေ ၊ ရှေးခေတ် ပါရမီရှင် ညီအကိုတွေအချင်းချင်း ဘာလို့ လက်မတွဲကြတာတုန်း?”

စူးချန်ကဲက အပြုံးမပျက် ဆိုလိုက်သည်။

သူ၏ စကားက လူတိုင်းကို ပိုဒေါသထွက်စေ၏။

ကြည့်စမ်း ! ဒီကောင် လှည့်စားနေပြန်ပြီ !

သူတို့ကို သဲအိတ် အလကားလုပ်ခိုင်းနေတာ မဟုတ်လား ။

“အာမိထော်ဖော်၊ ဒကာလေး ချန်ကဲက ကိုယ်တော်နဲ့ ရေစက်ရှိမှတော့ ၊ ချန်ကဲ ဆက်ခံသူနဲ့ ယှဉ်ပြိုင်ဖို့ ကိုယ်တော် ဆန္ဒရှိပါတယ် “

ထိုအချိန် ဘုန်းတော်ကြီး တစ်ပါးသည် လူအုပ်ကြီးထဲမှ ထွက်လာခဲ့သည်။

“ ဆက်ခံသူ မကြာသေးမီက မကောင်းမှုတွေ အများကြီး လုပ်ခဲ့တာ ဆိုတော့၊ ကိုယ်တော်ရဲ့ နောက်ကို လိုက်ပြီး ဗုဒ္ဓဘာသာမှာ ခိုလှုံခြင်းကလည်း ကြီးမြတ်သော လမ်းစဉ်ပါပဲ ‘

“ ဒီငပြောင်မြည်းကတော့ ! ရွံဖို့ကောင်းလိုက်တာ ၊ ဆက်ခံသူကိုများ ဒင်းက ဘုန်းကြီးဝတ်ခိုင်းနေသေးတယ်”

တချို့သော ကျင့်ကြံသူ အမျိုးသမီးများမှာ ၎င်းကိုယ်တော်အား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။

စူးချန်ကဲ၏ စိတ်နေစိတ်ထားနှင့် အသွင်အပြင်လိုမျိုး ရှိခဲ့ကြသူမှာ ဤခေတ်ကာလတစ်လျှောက်လုံးတွင် လက်တစ်ဆုပ်စာမျှသာ ရှိပြီး ဤကမ္ဘာမြေကြီးကို ဆင်းသက်လာသော အမတအရှင် လို့ ခေါ်ရင်တောင် ဒါဟာ ချဲ့ကား ပြောဆိုခြင်း မဟုတ်ချေ။

သူသည် ကျင့်ကြံသူ အမျိုးသမီးများ၏ နှလုံးသားထဲတွင် ယန်ရူယွီ နှင့် ပိုင်ယွဲ့ကွမ်းလိုမျိူး ဖြစ်တည်မှုမျိုးပင်။

ဒါကို ငပြောင်မြည်းက သူမတို့ နှလုံးသားထဲက စိတ်ကူးယဉ် တောင့်တမှုလေးကို ခွဲပစ်ပြီး ဘုန်းကြီးဝတ်ခိုင်းနေသတဲ့လား?

သို့သော် တဖက်တွင်မူ ၊စူးချန်ကဲက မျက်ခုံးပင့်လိုက်သည်။၎င်းသည် သူလိုချင်သော ငါးအမျိုးအစား မဟုတ်ပေမယ့် ၊နောင်တချိန်တွင် ကြက်သွန်မြိတ် ဖြစ်လာနိုင်သည်။

“အို? ရှောင်ရှီထျန်းဗုဒ္ဓနွယ်ဝင်က ကိုယ်တော်လား?ခင်‌ဗျားတို့ ရွှမ်ခုန်း နတ်ဘုရားကျောင်းက လူ့လောကထဲ မပေါ်ထွက်လာဖူးဘူး ၊ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ခုလိုလောကီရေးရာထဲ တတ်ကြွစွာ ပါဝင်နေတာတုန်း?”

ဤဗုဒ္ဓလမ်းစဉ်သည်လည်း ဒီလောက်ထိ မရိုးရှင်းပေ။

ဗုဒ္ဓလမ်းစဉ်တွင် အာဏာအရှိဆုံးမှာ ရှိထျန်းတိုက်နယ်မြေရှိ ရွှမ်ခုန်း နတ်ဘုရားကျောင်း နှင့် ကျုံထျန်း တုအဲ့ စာသင်ကျောင်းပင် ဖြစ်သည်။

လွန်ခဲ့သောကာလများစွာက၊ တိုက်မြေ သုံးထောင်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

ဗုဒ္ဓဘာသာ အင်အားစုအများအပြားသည် သက်ရှိသတ္တဝါအားလုံးကို ကယ်တင်ပြီး ၊ ဆင်းရဲဒုက္ခများကို ဖြေရှင်းပေးမည် ဟူသော ဆောင်ပုဒ်ကို ကိုင်ဆောင်ကာ ကမ္ဘာအနှံ့ လှည့်လည်သွားလာကြသည်။

ကမ္ဘာပေါ်ရှိ လူများစွာ၏ ဒုက္ခကို တကယ်ပဲ ကယ်တင်ပေးနိုင်ခဲ့သော်လည်း ၊

သို့သော် တိုက်မြေ သုံးထောင်ရှိ ထိပ်တန်း တန်ခိုးရှင် အများအပြားသည် ‘ တု ( ဖြတ်ကျော်ခြင်း) ‘ ဆိုသည့် စကားလုံးမှ ‘ ဗုဒ္ဓလမ်းစဉ်ကို ကာကွယ်သူ’ ဟူ၍ ပြောင်းလဲခဲ့ကြသည်။

အမှောင်သတ္တဝါများကို တွန်းလှန်ရန် တိုက်မြေ သုံးထောင်မှ အင်အားစုများ ပေါင်းစည်းကာ တိုက်ခိုက်ခဲ့ကြသည်။သို့သော် ဗုဒ္ဓဝါဒ အင်အားစုများသည် ဤအချက်ကို အခွင့်ကောင်းယူ၍ အင်အားချဲ့ထွင်ခဲ့ကြသည်။ယင်းလုပ်ရပ်က တကယ်တော့ ရှက်စရာကောင်းပေသည်။

ထိုတိုက်ပွဲအပြီးတွင် ၊ ဗုဒ္ဓဝါဒ သည် အင်အားစု ဘယ်လောက်တောင် စုဆောင်းနိုင်ခဲ့လဲ ဆိုတာ မည်သူမျှ မသိနိုင်ပေ။

“အဲ့လိုဆိုတော့ ခင်ဗျားကလည်း ကျုပ်ကိုတိုက်ချင်တာလား?”

စူးချန်ကဲက အပြုံးမပျက် ။

“ဒါပေမယ့်လည်း ခင်ဗျားအကြောင်း ခင်ဗျား သိရင် ပြီးတာပါပဲ၊ အရည်အချင်း မလုံလောက်လို့ ကိုယ့်ရှူးကိုယ်ပတ်နေဦးမယ် “

“ ချန်ကဲ ဆက်ခံသူ၊ စမ်းကြည့်ပြီးရင် သိလိမ့်မယ် “

ထိုကိုယ်တော်က နူးညံ့စွာ ပြုံးလိုက်သည်။

ဘယ်လက်က ပုတီးစိပ်နေ‌ဆဲပင် ဖြစ်ပြီး၊ သူ၏ ညာလက်ကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။

ရွှေဝါရောင် အလင်းတန်းများက သူ့လက်ဖဝါးဆီသို့ စုဝေးရောက်ရှိလာကာ နောက်ဆုံးတွင်

သံဖြူတောင်ဝှေးကိုးကွင်း အဖြစ် ဖွဲ့စည်းသွားခဲ့သည်။

မှော်သင်္ကေတများ ထကြွလာသည်နှင့်အမျှ ၊ရောင်စဉ်အလင်းတန်းများက တစ်ဖိတ်ဖိတ် တောက်ပလာခဲ့သည်။ဖြာထွက်သော ရောင်ဝါများက ဤနေရာတစ်ခုလုံးကို ဆေးခြယ်လိုက်သလိုပင်။

၎င်းကိုယ်တော်၏ လက်ထဲတွင် သံဖြူတောင်ဝှေးကိုးကွင်းကို ကိုင်ဆောင်ထားပြီး မြေပြင်ကို အသာအယာ ပုတ်လေးသည်။

ဘုန်း!

ဤ‌ နေရာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ထိုစဉ် ရွှံ့စေးဖြင့် ပြုလုပ်ထားတဲ့ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် မြေကြီးထဲမှ ကြွရောက်လာခဲ့သည်။

“ကိုယ်တော်က ဆက်ခံသူရဲ့ အစွမ်းအစကို သိလို့ ခုလိုပြင်ဆင်ပေးထားတယ် “

စကားအဆုံးတွင် ၊ ကိုယ်တော်သည် ၎င်း၏ သံဖြူတောင်ဝှေးကိုးကွင်းဖြင့် မြေပြင်ပေါ်သို့ တဖန် ရိုက်ချလိုက်ရာ

၎င်း၏ သံဖြူချောင်းကိုးချောင်းဖြင့် မြေပြင်ကို ထိလိုက်တိုင်း ရွှေဝါရောင် လှိုင်းတံပိုးများ ပျံ့ကြဲသွား လေသည်။

မူလက ရှိနေခဲ့သော ရွှံ့ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ရွှံ့မျက်နှာပြင်တို့မှာ အလွှာလိုက် အက်ကွဲသွားပြီး ၊ပျက်စီးနေသော အစိတ်အပိုင်းများမှ ရွှေရောင်အလင်းတန်းများ ထွကိပေါ်လာခဲ့သည်။

ရွှံ့မြေဆီလွှာများ အကုန် ပြိုကျသွားသည်နှင့် ရွှေရောင်များဖြင့် တဖိတ်ဖိတ် ဝင်းလက်တောက်ပလို့ နေတော့သည်။

ဝီ !

“အား...ငါ့မျက်လုံး!”

ပါရမီရှင်များစွာမှာ ၎င်းတို့၏ ရှေ့၌ နေတစ်စင်း ထွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ၊ ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပနေသော ဤရွှေရောင်ဗုဒ္ဓ၏ ရောင်ဝါသည် ၎င်းတို့၏ ကမ္ဘာကြီးကို ရွှေအဖြစ် အရောင်ခြယ်လိုက်သလိုပင်။

အပိုင်း(၁၂၈): ပူးပေါင်းကြံစည်မှု ပေါ်ပေါက်လာပြီ

ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဗုဒ္ဓရုပ်ပွားတော်အောက်တွင် ၊ ကိုယ်တော်သည် သူ၏ ဘယ်လက်ကို ထောင်လျက် ရှေ့မျက်နှာစာတွင် မတ်တပ်ရပ်နေသည်။

ရွှစ် ! ရွှစ် !

၎င်းသည် သူ၏ သံဖြူတောင်ဝှေးကို ညင်သာစွာ ထပ်မံ ဝေယမ်းလိုက်ရာ ၊ အသံတစ်ခါ ထွက်ပေါ်လိုက်တိုင်း ရွှေရောင်လှိုင်းများ ဖြစ်ပေါ်သွားသည်။

“ငါဘုရားသည်သာ ဤလောက၌ ဆင်းရဲဒုက္ခအားလုံးကို လွန်မြောက်နိုင်၏”

“ မြတ်စွာဘုရား၏ အလင်းရောင်သည် အလုံးစုံသော အရပ်ဖြစ်၍ ၊ ပင်လယ်သည် အလုံးစုံသော ဝိညာဉ်တို့ကို လွှမ်းခြုံထားသည်”

…

ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၊ လုံပါ့ထျန်း နှင့် ဟွမ်လော့ရှင်းတို့ နှစ်ယောက်လုံး၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ သေစမ်း ! ဒီငပြောင်မြည်းက စစချင်း သူတို့ ရှောင်ရှီထျန်းရဲ့ ဝိညာဉ်ဖြတ်သန်းခြင်း မန္တာန်ကို တကယ်ကြီး ထုတ်သုံးနေပြီပဲ !”

“မြန်မြန် သွားကြ ! ဒါက လူရဲ့ စိတ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး တာအိုစိတ်နှလုံးသားကိုတောင် တုန်လှုပ်စေနိုင်တယ်”

လုံပါ့ထျန်း နှင့် ရှေးခေတ် ပါရမီရှင် အားလုံး နေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။

ရှောင်ရှီထျန်း၏ ဝိညာဉ်ဖြတ်သန်းခြင်း မန္တာန်သည် ကောလဟာလ သတင်းများအရ ထိပ်တန်း ဗုဒ္ဓဆရာတော်များသည် ဤနည်းလမ်းကို အသုံးပြုခဲ့၍ ပါရမီရှင် ထောင်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့သည်ဟု ဆိုကြသည်။

သို့သော် စူးချန်ကဲမှာမူ ၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် မလှုပ်မယှက်ဖြင့် ထိုမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေသည်။

ပြီးပြည့်စုံသော မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်ကို ပေါင်းစည်းလိုက်ပြီးကတည်းက ၊ သူ၏ တာအိုစိတ်နှလုံးသားသည် မပျက်စီးနိုင်တော့သည်မှာ ကြာခဲ့ပြီပင်။

ဝိညာဉ်ဖြတ်သန်းခြင်း မန္တာန်သည် ဘယ်လိုတောင် ထူးခြားလဲဆိုတာာ သူတကယ်ပဲ မြင်ချင်မိသည်။

“စိတ်ဝိညာဉ်သည် ဗုဒ္ဓဆီသို့ ပြန်လည်ရောက်ရှိပြီး ၊ နှလုံးသားများအားလုံးကို ပြန်လည်ဆုံစည်းစေမည်!”

ကိုယ်တော်၏ စကားအဆုံးတွင်။

သံဖြူတောင်ဝှေးကိုးကွင်းမှာ တောက်ပစွာ လင်းထိန်သွားသည်နှင့် ၊ ဤအခိုက်အတန့်မှာပင် သူ့နောက်ဘက်ရှိ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ မျက်လုံးအစုံသည် ရုတ်တရက် ပွင့်လာခဲ့သည်။

ရွှေဝါရောင် ရောင်စဉ်တန်းသည် ဤကမ္ဘာကြီး၏ ဖန်ဆင်းခြင်းအဓိပ္ပာယ်အလား ။ဖြာထွက်လာသော ရောင်ဝါများက ပါရမီရှင်များစွာအား ကိုယ့်ဖြစ်တည်မှုကိုတောင် မေ့ယူရသည့် အထိပင်။

ပါရမီရှင်တချို့၏ တာအို စိတ်နှလုံးသားများမှာ ဤအခိုက်အတန့်တွင် နားမလည်နိုင်သော စွမ်းအားတစ်ခုကြောင့် သန့်စင်သွားပုံရကာ ၊၎င်းတို့၏ မျက်လုံးများမှာ ငိုင်ငိုင်ကြီး ဖြစ်လို့ နေသည်။

အဘယ်ကြောင့်ဆိုသော ၎င်းတို့၏ စိတ်ဝိညာဉ်များ ထိခိုက်သွားခဲ့သောကြောင့်ပင် ဖြစ်သည်။

ရောင်စဉ် အလင်းတန်းအုပ်စုသည် စူးချန်ကဲအား အလုံးစုံ လွှမ်းခြုံတော့မည့်အတိုင်း ၊ ၎င်းရှိရာဘက်သို့ အရူးအမူး ပျံ့နှံ့သွားလေသည်။

၎င်းအလင်းတန်းအုပ်စုသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်တိုင် ၊ လူတိုင်း ကူကယ်ရာမဲ့စွာ ကြည့်ရှုနေကြသော်လည်း ၊ စူးချန်ကဲမှာမူ မည့်သည့် တုံ့ပြန်ခြင်းမှ မရှိခဲ့ပေ။

“ ဆက်ခံသူ ... “

ကွေးယွမ် တပည့်များစွာသည် အခြေအနေ မကောင်းတာကို မြင်ပြီး စူးချန်ကဲ ကို ကူညီချင်ရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ယဲ့လင်ထျန်း၏ တားဆီးခြင်းကိုခံလိုက်ရသည်။

ယဲ့လင်ထျန်း က သူ့ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း

“စိတ်မပူနဲ့ ၊ စီနီယာ အကိုစူး ‌အဆင်ပြေပါတယ်”

သူသည် မျက်စံနှစ်မြွှာ သူတော်စင် ကိုယ်ထည် ပိုင်ရှင် ဖြစ်ပေရာ ၊ သူတော်စင် ခန္ဓာကိုယ်နှင့် ပတ်သတ်ပြီး အလွန်အကဲဆတ်သူလည်း ဖြစ်ပေသည်။

သူ့ကို အနည်းငယ် ထူးဆန်းစေခဲ့ပြီး အနည်းငယ် ကြောက်စရာ ဖြစ်စေခဲ့သော အရာမှာ တစ်ဖက်ကိုယ်တော်မှ ထုတ်လွှတ်လိုက်သော အလင်းတန်းအုပ်စုမှာ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် လုံးဝဥဿုံ ပျောက်ကွယ်သွားသလိုပင်။

မည့်သည် အရိပ်အမြွက်မှ တစိုးတစိ မကျန်ရှိ‌ခဲ့ပေ။

လူတိုင်း မလှုပ်မယှက် ငြိမ်‌သက်နေ‌ဆဲ ဖြစ်သော စူးချန်ကဲ ကို ကြည့်နေကြသည်။

သူတို့ခေါင်းထဲ အတွေးမျိုးစုံ ဝင်ရောက်လျက်၊ အဲ့တော့ ရလဒ်က ဘာလဲ?

“အာမိထော်ဖော် ရဟန်းသာလျှင် မြတ်..။”

သို့‌သော် သူစကားမဆုံးခင် ၊ ပြုံးရယ်လိုက်‌သော အသံကြောင့် သူ့ စကား အဆက်ပြတ်သွားခဲ့ရသည်။

“ ခင်ဗျားရဲ့ တာအိုစိတ်နှလုံးစမ်းသပ်မှုက ဘယ်ဆိုးလို့တုန်း ?”

“အဲဒါက လူ့ရဲ့စိတ်ကို လူဝင်စားသက္ကာယထဲကို

တွန်းပို့နိုင်သလို၊ လောကီ ဝေဒနာအမျိုးမျိုးကိုလည်း တွေ့ကြုံခံစား‌ရစေတယ်၊ နောက်ဆုံး အထူးနည်းလမ်းအနေနဲ့ ဒီထင်ယောင်ထင်မှားထဲကို ဝင်ရောက်လာသူတွေဟာ လောကနိယာမတွေကို နားလည်သဘောပေါက်သွား စေခဲ့တယ် “

စူးချန်ကဲ မေးစေ့ကို ကိုင်ကာ အပြုံးမပျက် ထပ်ဆိုလိုက်သည်။

“နောက်ဆုံးမှာတော့ လူဝင်စားခြင်း ဆိုတဲ့ ပူပန်မှုတွေကို စွန့်လွှတ်ပြီး တာအိုဝါဒကို ငြိမ်းစေကာ ဗုဒ္ဓဘာသာ အဆုံးအမတွေကို အသုံးချပြီး ဗုဒ္ဓဝါဒထဲ ဝင်အောင် လုပ်တာမလား?”

စူးချန်ကဲ၏ စကားကိုကြားသော ပါရမီရှင်အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။

ဘာကိုပြောနေတာလဲ?

ငါဘာလို့ တစ်လုံးမှ နားမလည်တာတုန်း?

သို့သော် စူးချန်ကဲ၏ စကားကို ကြားလိုက်ရသော ကိုယ်တော်မှာ မျက်လုံးများ ပြူးကျယ်လျက် ၊မျက်နှာတစ်ခုလုံး ဖျော့တော့သွားကာ နဖူးမှ ချွေးအေးများ စီးကျလာလေသည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! မင်း လူဝင်စားသက္ကာယထဲ ဝင်ရောက်သွားတာ မဟုတ်ဘူးလား?”

“ ဘာလို့ ဘာမှမဖြစ်တာလဲ !”

ကိုယ်တော်မှာ အနည်းငယ် စိတ်မသက်မသာဖြစ်လာခဲ့ပြီပင် ။

သူသည် ဝိညာဉ်ဖြတ်သန်းခြင်း မန္တာန်ကို ပြီးမြောက် အောင်မြင်တော့မည် ဖြစ်ရာ သူ၏

ပညာရပ်အပေါ် သူ ကောင်းစွာ နားလည်ပေသည်။

သို့သော် စူးချန်ကဲသည် သူ့ပညာရပ်၏ အဓိကအချက်များကို အေးအေးလူလူ ပြောပြနိုင်ခဲ့သည်။တစ်နည်းအားဖြင့် ဆိုရသော် စူးချန်ကဲသည် သူ၏ လူဝင်စားသက္ကာယထဲသို့ ဝင်ရောက်ပြီးခဲ့ပြီ ဟု ဆိုရပေမည်။

စူးချန်ကဲသည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။အမှန်မှာ၊ သူသည် လူဝင်စားသက္ကာယထဲသို့ ဝင်ရောက်ခဲ့ချိန်၌ ထောင်ပေါင်းများစွာသော ဘဝများကို တွေ့ကြုံခံစားခဲ့ရသည်။ဒါပေမဲ့ ဘာလို့ ဘာမှမဖြစ်ခဲ့တာလဲ!?

“မဖြစ်နိုင်ဘူး... မဟုတ်မှလွဲရော် မင်းရဲ့ တာအိုစိတ်နှလုံးသားက ...”

စူးချန်ကဲသည် ခေါင်းယမ်းပြီး ပြုံးလိုက်သည်။

သူသည် ပြီးပြည့်စုံသော မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း ခန္ဓာကိုယ်ကို ပေါင်းစည်းခဲ့စဉ်က ၊သူသည် သူတော်စင် ခန္ဓာကိုယ်၏ အမွေအနှစ်ကို နားလည်‌ခဲ့သည်။

မြင့်မြတ်‌သော လမ်းစဉ် ထောင်ပေါင်းများစွာ ရှိသည့်အနက် ၊ငါသာလျှင် တစ်ယောက်တည်း!

ထာဝရ မပျက်စီးနိုင်သော တာအိုစိတ်နှလုံးသားအား မည်သည့်နိယာမမှ ဖျက်စီးမရနိုင်ချေ !

မရေမတွက်နိုင်သော အချိန်နှင့် နေရာ ၊ အဆုံးမရှိသော နှစ်များ ထပ်နေတောင် နောက်ဆုံးတွင် လူတစ်ဦး၏ ပုံသဏ္ဍာန်အဖြစ်သို့သာ စုဝေးသွားပေလိမ့်မည်။

ဆိုလိုသည်မှာ၊ ထိုအနှီသူမှာ ဆက်ခံသူ စူးချန်ကဲ သည်သာ။

“ကဲ မင်းအလှည့်ပြီးသွားပြီ ဆိုတော့ ၊ ငါအလှည့်ရောက်ပြီပေါ့ “

“ ခင်ဗျားအရင်က ကျုပ်ရဲ့ နောက်လိုက် အစေခံ မိန်းကလေးတွေကို စိတ်ဝင်စားနေတဲ့ပုံပဲ ၊ ခင်ဗျား အတော် သတ္တိရှိတာပဲ “

စူးချန်ကဲ၏ အေးစက်သော မျက်နှာထားကို ကြည့်ရင်း ထိုအနှီကိုယ်တော်ခမျာ တစ်ကိုယ်လုံး တုန်လှုပ်နေ၏။

စူးချန်ကဲသည် သူ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

သူ၏ လက်ဖဝါးထဲတွင် ကြီးမားကျယ်ပြန့်သော စုဝေးမှုတစ်ခု ရှိနေသည်။

စုဝေးလာသော ၎င်းရောင်ဝါတို့သည် ဤကမ္ဘာကြီးကိုတောငိ မုန်တိုင်းထန်သွားစေသည်။

ဘုန်း!

သွေးချီ စွမ်းအင်များက တဟုန်ထိုး ထကြွလျက် ၊ မြင့်မြတ်သော နိယာမတရားများ ပျံ့လွင့်သွားကာ မြင့်မြတ်သော နယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။

ဤမြင့်မြတ်သော နယ်ပယ်အတွင်း၌၊ ထောင်ပေါင်းများစွာသော လမ်းစဉ်တို့ လက်နက်ချရပြီး ၊ ပညတ်တရားအားလုံး ငြိမ်သက်သွားလေသည်။

“ ဒကာလေး ချန်ကဲ ၊ ငါ ရှင်းပြတာကို နားထောင်ပေးပါဦး...”

ထိုအနှီကိုယ်တော်သည် စူးချန်ကဲ တိုက်ခိုက်လာမည်ကို ကြောက်နေပုံရကာ သူ၏ မသိစိတ်က သံဖြူတောင်ဝှေးကိုးကွင်းကို အသင့်ဆုပ်ကိုင်ထားသည်။

သို့သော် စူးချန်ကဲသည် ဘာမှပြန်မပြောဘဲ ချက်ချင်းဆိုသလို သူ၏ လက်သီးဖြင့် တိုက်ခိုက်လိုက်သည်။

ဘုန်း! ! !

မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်ပွင့်များကဲ့သို့ ဝိညာဉ်စွမ်းအင်များ လျှံထွက်လာခဲ့ပြီး ၊ နေရာတိုင်းတွင် အခိုးအငွေ့များနှင့် ဖုန်မှုန့်များက တလိပ်လိပ် တတ်လျက် ၊ဟင်းလင်ပြင်ကြီးမှာ ပြိုကျသွားလေသည်။

ပြင်းထန်သော လေလှိုင်းများက ဤကမ္ဘာမြေကြီးကို ဖြတ်သန်း တိုက်ခတ်နေခဲ့သည်။

လူတိုင်း ဖြေးဖြေးချင်း နောက်သို့ ဆုတ်ခွာသွားခဲ့ရပြီး ၊ ၎င်းတို့၏ အကာအကွယ် မှော်စွမ်းအင်များ ထုတ်သုံးခဲ့ရသည်။ထို့နောက် ၎င်းတို့၏ မျက်လုံးများကို ပွတ်သပ်ကာ စူးချန်ကဲတို့ကို တဖန် ပြန်ကြည့်လိုက်ကြသည်။

ဟိုကိုယ်တော် ဘယ်ရောက်သွားပါလိမ့်?

‌ ၎င်းတို့ဘက်ခြမ်းတွင် နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုကိုသာ ရုတ်ချည်းဆိုသလို သူတို့ တွေ့လိုက်ရသည်။

ထိုအထဲမှာ စုတ်ပြဲသပ်နေသော သင်္ကန်းတစ်စုံကို မြင်လိုက်ရသည်။

၎င်းသည် ယခင်က ဘုန်းအသရေ နှင့် နှိုင်းယှဉ်ပါက တရားဓမ္မများ ပျောက်ဆုံးသွားသကဲ့သို့ ဗုဒ္ဓ၏ ရောင်ခြည်တော်မှာလည်း ခန်းခြောက်သွားခဲ့ပုံ ရသည် ။

“ ဆက်ခံသူ သခင် က ကောင်းကောင်း ကာကွယ်တတ်တာပဲ ~ ကျွန်တော်မျိုးမကို ဆက်ခံသူရဲ့ နောက်လိုက် မိန်းကလေး ဖြစ်ခွင့်ပေးပါ့လား ဟင်~ “

“ကျွန်မ အထင်... အခု နေ့ခင်းဘက်ဆို‌ပေမဲ့လည်း.. အိပ်မက်မက်လို့ ရတယ်လေနော်~”

“ နင်နဲ့ တန်လို့လား? ဆက်ခံသူ သခင်သာ ငါ့ကို လက်ခံဖို့ ဆန္ဒရှိနေသရွေ့ ငါလည်း ဘာလို့ ပြည့်တန်ဆာ မဖြစ်နိုင်ရမှာတုန်း?”

“ သေစမ်း ! မင်းလို ယောကျာ်းကြီး တစ်ယောက်က ငါ့ကို ထပ်ပြီး ရွံ့အောင် မလုပ်စမ်းနဲ့ ၊ ငါ ဒီနေ့ မင်းကို သက်ညာပေးလို့ မဖြစ်တော့ဘူး “

လူအုပ်ကြီးမှာ ကြိတ်ကြိတ်တိုးလျက် ၊ အထူးသဖြင့် ကျင့်ကြံသူ အမျိုးသမီးများက ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။

သူမတို့၏ မျက်လုံးများမှာ ပါးပြင်များ နီရဲနေပြီဖြစ်သော ယွင်ရှင်းယန် နှင့် ကူလင်အာ တို့ပေါ်သို့ ရောက်ရှိနေကြပြီး မနာလိုသော အကြည့်များဖြင့် ကြည့်နေလေ၏။

ဒီတခေါက် ခရီးစဉ် ပြန်ရောက်သည်နှင့် ဂိုဏ်းကထွက်ပြီး ကွေးယွမ် သူတော်စင် နယ်မြေ ထဲသို့ ဝင်ရန် နည်းလမ်းရှာ‌ကြလိမ့်မည်ပင် !

…

လူအုပ်ကြီး၏ ရုန်းရင်းဆန်ခတ်မှုကို လျစ်လျူရှုကာ စူးချန်ကဲသည် တွင်းနက်ကြီးဆီသို့ လျှောက်သွားခဲ့သည်။

သူသည် သင်္ကန်းကို ဖြည်းညှင်းစွာ ကောက်ယူလိုက်သော်လည်း ၊ ၎င်းသည် သဲအဖြစ်သို့ ပြောင်းလဲသွားကာ သူ့လက်ထဲမှာတင် တဖြည်းဖြည်း လွင့်ကြဲသွားခဲ့သည်။

စူးချန်ကဲက မခိုးမခန့် ပြုံးလိုက်သည်။

“ ထွက်ပြေးသွားပြီပေါ့?”

“ဒီလို အင်အားကြီးတဲ့ ပါရမီရှင်တွေဆို တကယ်ကို စိတ်အနှောက်အယှက် ဖြစ်ဖို့ကောင်းတယ် ၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ မှော်လက်နက် အမြဲဆောင်ထားကြတယ် ၊ မနိုင်ဘူး ဆိုတာနဲ့ ပြေးတော့တာပဲ”

“တကယ်ကို ပျင်းစရာ ကောင်းတယ် “

စူးချန်ကဲသည် သူ့လက်ကို ဖုန်ခါလိုက်ပြီးနောက် လှည့်ပတ်ကြည့်လိုက်သည်။

“စိန်ခေါ်ချင်တဲ့သူ ရှိသေးလား”

“ ထျန်းကျီကျွန်းရဲ့ နောက်ဆုံး ခြောက်ထောင့်ကြယ်ကို ရမှာနော် ၊ ဒါ ရှားရှားပါးပါး အခွင့်အရေးပဲ ဒီတိုင်လက်လျှော့တော့မှာလား”

ဒီတစ်ကြိမ်မှာတော့ အရင်ကထက် ပိုတိတ်ဆိတ်သွားပြီး ၊ တချို့ဆိုရင် အသက်တောင် မရှူဝံ့ကြပေ။

ရှောင်ရှီထျန်း၏ တု ကိုယ်တော်အကြောင်း သူတို့ သိကြသည်။ ၎င်းအား ဘွဲ့နှင့် ထိုက်တန်သည့် ပါရမီရှင်ဟု အများက သတ်မှတ်ခဲ့ဖူးသည်။

ဒါပေမယ့် အဲ့လိုလူက ပြေးပြီတဲ့လား?

သေလား ရှင်လားတောင် မသိဘူး!

“ မထွက်သေးဘူးလား ဒါဆိုလည်း ငါ ရေစုပ်ပြီး ငါးဖမ်းယုံပေါ့”

စူးချန်ကဲသည် အမှောင်တစ်နေရာကို လှည့်ကြည့်ပြီးနောက် အော်ပြောလိုက်သည်။

“နတ်ဘုရားအချုပ်ထောင် နန်းတော်က လူတိုင်း ၊ ဒီထိရောက်လာဖို့ လူတွေအများကြီး အသေခံပြီးမှ ဒီတိုင်း လက်လျှော့တော့မှာလား?”

သစ်ပင်ကြီးတစ်ပင်ကို မှီကာ တရားထိုင်နေသော ကွေချီးသည် သူ၏ မျက်လုံးများကိုတင်းတင်း မှိတ်ထားဆဲပင် ဖြစ်ပြီး ၊သူသည် စူးချန်ကဲကို တစက်ကလေးမှ မကြည့်ပေ ။

“ ဆက်ခံသူ ၊ ခင်ဗျားစကားက ဘာသဘောလဲ?”

“ နတ်ဘုရားအချုပ်ထောင် နန်းတော်ကဆိုလို။ အစကနေ အဆုံးထိ ကျုပ် တစ်ယောက်တည်းပဲ ရှိခဲ့တာ ၊ ဆက်ခံသူ ခင်ဗျား ဘာကြောင့် ဒီလိုဟာသလုပ်ရတာလဲ”

သို့သော် သူ၏ မျက်နှာပြင်မှာ ငြိမ်သက်နေသော်လည်း သူ့စိတ်ထဲမှာတော့ လှိုင်းထန်နေခဲ့ပြီပင် ။

မှန်၏ ၊ သူတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်မှ ပါရမီရှင် တပည့်ထောင်ပေါင်း များစွာကို ထျန်းကျီကျွန်း ခရီးစဉ်တွင် ပါဝင်လိုက်ပါရန် စေလွှတ်ခဲ့သည်။

ရည်ရွယ်ချက်မှာ နတ်တစ္ဆေသွေးများ အသက်ဝင်လာသည်နှင့် တပြိုင်နက်၊ပရမ်းပတ ဖြစ်လာမည့် အခြေအနေကို စောင့်ဆိုင်းကာ ထျန်းကျီ မျှော်စင်၏ လျှို့ဝှက်နေရာသို့ ခိုးဝင်နိုင်ရန် ဖြစ်သည်။

ဒါပေမယ့် တစ်ဝက်လောက်က စူးချန်ကဲ သတ်တာကို ခံလိုက်ရမယ်လို့ ဘယ်သူက သိမှာတုန်း!

မူလက သူသည် ဤနောက်ဆုံး ခြောက်ထောင့်ကြယ်ကို အနိုင်ယူပြီး ၊ ထျန်းကျီကျွန်းရှိ ကျန်ရှိ တန်ဖိုးများကို ညှစ်ထုတ်ယူရန် ကြံစည်ခဲ့သည် ။ သို့‌သော် သူ မမျှော်လင့်ထားသော ကံကြမ္မာကိုသာ ရိတ်သိမ်းခဲ့ရသည်။

မထင်မှတ်စွာဖြင့် စူးချန်ကဲသည် လွန်စွာ အစွမ်းထက်နေခဲ့ပြီး ၊ သူတို့၏ ပါရမီရှင် တပည့်တစ်ဝက်ကို သုတ်သင်ပစ်ခဲ့သည်။

ကွေချီးတစ်ယောက် နောင်တရနေချိန် ၊ စူးချန်ကဲတွင်မူ ၊ ကြောက်စရာကောင်းသော လူသတ်လိုသော ဆန္ဒများ ရှိနေခဲ့သည်။

သို့သော် ကွေချီး၏ “ ထိုသို့သော ရှင်းပြချက်” ကို ကြားခဲ့ရသည်။

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး မိန်းမောနေသော ပါရမီရှင် တစ်ဦိး၏ ရှေ့မှောက်သို့ လျှောက်သွားခဲ့သည်။

ချက်ခြင်းဆိုသလို ဝိညာဉ်စွမ်းအင်၏ လှုပ်ရှားမှုက ထိုအနှီသူ၏ အဝတ်အစားများကို ကွဲထွက်သွားစေခဲ့သည်။

“အားးးး...ချန်ကဲ ဆက်ခံသူက လူကို အနိုင်ကျင့်နေပါတယ်ဗျို့ !”

ကျင့်ကြံသူ အမျိုးသမီးများမှာ သူမတို့၏ မျက်လုံးများကို လက်ဖြင့် ဖုံးကွယ်လိုက်သော်လည်း လက်ချောင်းလေးများကိုတော့ မသိမသာ ဖွင့်ထားကြသည်။

အနည်းဆုံးတော့ သူမတို့သည်လည်း ထို “လျှို့ဝှက်ဆန်းကြယ်သောနေရာ” ကို အနည်းငယ် သိချင်နေခဲ့သည်။

ထိုစဉ် စူးချန်ကဲသည် ထိုအနှီလူ၏ နောက်ကျောကို မြေကြီးပေါ်သို့ တွန်းချပစ်လိုက်သည်။

ထိုအနှီလူ၏ ကျောတွင် တက်တူး ထိုးထားသော အရာတစ်ခု ရှိနေခဲ့သည်။

ယင်းသည် အရိုးစု အတွင်း၌ အနက်ရောင်နန်းတော်တစ်ခု တည်ရှိနေပြီး၊ ၎င်းဘေးတွင် အနက်ရောင် အငွေ့အသက်များက ဝန်းရံထားသည့် ပုံပင် ဖြစ်သည်။

“ ဒါနတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ သင်္ကေတပဲ!”

အပိုင်း(၁၂၉):ဓားသည် အနက်ရောင် ရေများကို ဖြတ်ပိုင်းလိုက်သည်နှင့် ကောင်းကင်ယံမှ အနက်ရောင်မိုးများ ရွာချလာသည်။

ထိုတတ်တူးကို မြင်လိုက်ရသော ပါရမီရှင် အားလုံး၏ ရင်ထဲ၌ မိုးခြိမ်းသံများဖြင့် ဗြောင်းဆန်သွားလေသည်။

“ ခုနက အဲဒီလူ ပြောတော့ နတ်ဘုရားအချုပ်ထောင် နန်းတော်က သူ တစ်​​ယောက်​တည်းပဲ ရှိတာပါဆို? ဒါဆို ဒါက...”

“ ငါ ကြားဖူးတာက နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ အတွင်းဂိုဏ်းဝင်တပည့်များကသာ ဒီလို သင်္ကေတမျိုးကို တက်တူးထိုးဖို့ အရည်အချင်းပြည့်မီတာတဲ့ ၊ မဟုတ်မှလွဲရော့သူက နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ အတွင်းတပည့် ဖြစ်နေမလား?”

“…”

ကွေချီးတစ်ယောက် ခြေမကိုင်လက်မကိုင်ဖြစ်လာခဲ့ပြီပင်။

“မဖြစ်ဘူး...နတ်တစ္ဆေသွေးကို အသက်သွင်းဖို့က အချိန်တစ်ခု ယူရလိမ့်မယ်... ဒီကောင်စုတ်လေးကို အရင်ထိန်းထားမှ ဖြစ်မယ်!”

ကွေချီးသည် သူ့နှလုံးသားထဲက လူသတ်လိုသည့် စိတ်ဆန္ဒကို မျိုသိပ်လိုက်ပြီး ၊ သူ့မျက်နှာကို အပြုံးဖြင့် ဆင်ယင်လိုက်သည်။

“အစ်ကိုတို့ နားလည်မှုလွဲနေပြီ ထင်တယ်၊ ကျုပ်တို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး အမြဲတမ်း အလေးထားတဲ့သူတွေလေ ၊ အားလုံးကို ဘာလို့ လှည့်စားရမှာတုန်း?”

ထို့နောက် သူသည် မြေပြင်ပေါ်တွင် ကိုယ်လုံးတီးဖြင့် လဲလျောင်းနေသော ထိုအနှီလူကို လှည့်ကြည့်လိုက်သည်။ အစိမ်းရောင် တစ္ဆေမျက်နှာဖုံး၏ မျက်လုံးထဲမှ တောက်ပသော အလင်းတန်းများ ထွက်လာခဲ့သည်။

“မင်းက ငါတို့ နတ်ဘုရားအချုပ်ထောင် နန်းတော်က လူလို ဟန်ဆောင်ရဲဖို့ အဲ့လောက်တောင် သတ္တိရှိနေမှတော့ သေဖို့ ထိုက်တန်တယ်!”

ရွှမ်း!

ကွေချီးသည် သူ့ဓားဖြင့် ရုက်ချည်းဆိုသလို ခုတ်ချပစ်လိုက်ရာ လူတိုင်း အံ့အားသင်သွားကြသည် ။

သွေးကဲ့သို့ နီမြန်းသော ဓားစွမ်းအင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထိုအနှီယောကျာ်းအား တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ဝတ်ရုံဖြူ ပုံရိပ်လွှာတစ်ခုက ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် ဓားစွမ်းအင်ကို သူ့ လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။

ယင်းတို့သည် သွေးရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားကာ ပျံ့လွင့်သွားခဲ့‌ လေသည်။

“ ချန်ကဲ ဆက်ခံသူ ဒါဘာသဘောလဲ?”

ကွေချီး အေးစက်စွာ ဆို၏-

“ဒီလူက ငါတို့နတ်ဘုရားအချုပ်ထောင် နန်းတော်က တပည့်တစ်ယောက်လို ဟန်ဆောင်နေတာ ၊ ဒါက ခွင့်လွှတ်လို့ မဖြစ်ဘူး”

“ ဆက်ခံသူက အခြားသူရဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်ရန် ကြိုးစားနေတာလား?”

သူတို့အားလုံး ‌ကွေချီး၏ ခြိမ်းခြောက်သံကို ကြားလိုက်ရသည်နှင့် ၊ လူတိုင်း အမောဆို့ သွားကြသည်။

စူးချန်ကဲသည် လက်ရှိတွင် အလွန် နာမည်အကြီးဆုံး ပုဂ္ဂိုလ် တစ်ယောက်ပင် ဖြစ်သည်။တစ်ဖက်သား၏ လှုပ်ရှားမှုမှာ တကယ့်ကို မဆင်မခြင် ဖြစ်ပေသည်။

စူးချန်ကဲကတော့ စိတ်ထဲမထားချေ ။ စစ်ပွဲ မစတင်မီ ၊ ဂိမ်း အချို့ကို ကစားပေးမှသာလျှင် သူတို့၏ စိတ်ဓာတ်များ ပို၍တက်ကြွ လာပေလိမ့်မည်။

“အိုး? ဒါဆို ဒီလူတွေအကုန်လုံးလား”

စကားအဆုံးတွင် ၊ စူးချန်ကဲသည် လက်ညိုးထိုးပြလိုက်သည်။

ရွှမ်း !

မရေမတွက်နိုင်သော ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဓားစွမ်းအင်များသည် သူ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာခဲ့သည် ။

ကြည်လင်နေသော မိုးများ သည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ။

၎င်းတို့သည် ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ လှည့်ပတ်ကူးခတ်နေပြီး ၊ ချက်ချင်းဆိုသလို ဓားစွမ်းအင်၏ ငွေရောင်ချည်မျှင်‌လေး အဖြစ်သို့ ပြောင်းလဲသွားပြီး ၊ စောနက တိုက်ခိုက်မှုတွင် မေ့လဲနေခဲ့ကြသော ပါရမီရှင်များ၏ အဝတ်အားလုံးကို ဆုတ်ဖြဲပစ်လိုက်သည်။

အမျိုးသမီးများမှာမူ ...

အတွင်းခံကိုတော့ ချန်ထားပေးခဲ့သည်။

သူတို့ရှေ့က မြင်ကွင်းကို ကြည့်ရင်း လူတိုင်း ဤ”လှပသော” ရှုခင်းကြောင့် ရူးသွပ်မသွားမတတ်ပင်။

ရာနှင့်ချီသော ပါရမီရှင် အမျိုးသား၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားအချုပ်ထောင် နန်းတော်၏ သင်္ကေတများ ရှိနေခဲ့သည်။

“ဒါတွေ... ဒါတွေက နတ်ဘုရားအချုပ်ထောင် နန်းတော်ရဲ့ ပါရမီရှင် တပည့်တွေလား? နတ်ဘုရားအချုပ်ထောင် နန်းတော်က ထျန်းကျီကျွန်း ခရီးစဉ်မှာ ဘာလို့ ပါရမီရှင်တပည့်တွေ အများကြီး စေလွှတ်ခဲ့ရတာလဲ”

“နတ်ဘုရားအချုပ်ထောင် နန်းတော်မှာ တခြားအကြံများရှိနေလို့လား?”

“အရမ်းစိတ်မပူနဲ့ ၊ ငါ ဒီကောင်ကို အခုပဲ ဖမ်းလိုက်မယ်၊ဒီ နတ်ဘုရားအချုပ်ထောင် နန်းတော်က ဘယ်လို လှည့်ကွက်တွေ ကစားနေတာလဲဆိုတာ ကြည့်ကြည့်ကြတာပေါ့!”

အနီရောင် ရွှေရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် ထွားကျိုင်းသော အမျိုးသားတစ်ဦးသည် သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ပြီး စွမ်းအားများကို လှည့်ပတ်စီးဆင်းစေသည် ။ထို့နောက် ကွေချီး၏ ကော်လံကို ဆုပ်ကိုင်ရန် ဟန်ပြင်လိုက်သည်။

“ လက်ပါစရာ မလိုဘဲ ဖမ်းယူခြင်း!”

သို့သော် ထိုအနှီလူသည် ကွေချီးနှင့် ပေအကွာအဝေး ရှိနေစဉ်အခိုက်အတန့်မှာပင် လေဟာပြင်ထဲ၌ ထူးဆန်းသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်သွားခဲ့သည်။

အနက်ရောင် ရေစီးချောင်းများ ထွက်လာခဲ့ပြီး၊ ၎င်းအနက်ရောင် ရေများသည် သက်ရှိအလား ပြုမူနေပြီ ထိုအနှီလူနှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် လူးလွန့်လာသည်။

“ဒီလို အသေးအဖွဲ လှည့်ကွက်ကို ငါ ဘယ်လို ချိုးဖြတ်မလဲ ဆိုတာ ကြည့်လိုက် “

ထိုအမျိုးသားသည် အစွမ်းကုန် ပေါက်ကွဲလိုက်သော်လည်း သို့‌သော် အလုပ်မဖြစ်ခဲ့ပေ။သူ့အစွမ်းရှိသမျှ အကုန်လုံး မျိုချခံလိုက်ရပုံပေါ်သည်။

နောက်ဆုံးတွင်၊ သူ့ အသက်အန္တရာယ်ကျရောက်နေပြီမှန်း ခံစားမိလိုက်ပြီး ထိတ်လန့်ကြောက်ရွံ့သွားသည်။

“ကူညီပါဦး!”

ထိုအနှီလူနှင့် ဂိုဏ်းတူ တပည့်များသည်လည်း ၎င်းတို့၏ မှော်အစွမ်းကို အသုံးချရန် ဟန်ပြင်လိုက်သော်လည်း အသံတစ်ခုကြောင့် ရပ်တန့်သွားခဲ့သည်။

“မသွားနဲ့လို့ အကြံပေးချင်တယ်”

စူးချန်ကဲက ထပ်ဆို၏။

“မင်းတို့လို ကျင့်ကြံအဆင့်နဲ့ ဘာမှမထူးဘူး “

“ ချန်ကဲ ဆက်ခံသူ၊ ကျေးဇူးပြုပြီး အစ်ကိုကြီးကို ကယ်ပေးပါဦး !”

မျက်ရည်များဝဲနေသော မိန်းမချောလေးတစ်ယောက်က စူးချန်ကဲကို အသနားခံတောင်းဆိုနေခဲ့သည်။

စူးချန်ကဲ ဝင်ပါဖို့ကို စိတ်အားထက်သန်နေသလိုပင်။

သို့သော် စူးချန်ကဲသည် ဂရုမစိုက်ဟန်ဖြင့် သူမကို တစ်ချက်ကြည့်လိုက်ပြီး ၊ဘာမျှမပြုမှုချေ။

ဤအခိုက်အတန့်တွင် သူစိမ်းတစ်ယောက်အတွက် သူ၏ ခွန်အားကို ထုတ်ဖော်ပြသခြင်းသည် သူ့စတိုင်မဟုတ်ပေ။

ထို့အပြင် သူတို့ကို အသံကျယ်ကျယ်ဖြင့် သတိပေးခဲ့ခြင်းက စေတနာအရှိဆုံးအရာ ဖြစ်နေပြီပင်။

“ဟာဟားဟား ၊ချန်ကဲ ဆက်ခံသူက အစွမ်းထက်တဲ့ တန်ခိုးရှင်သာ ဆိုတယ် ၊ခုကြ လက်မပါရဲတော့ဘူးလား?”

ကွေချီး က ဆိုလိုက်သည်။

“ကြည့်ရတာ နာမည်အတုလို့ ထင်တာပဲ!”

သို့သော် စူးချန်ကဲကတော့ မည်သည့် လှုပ်ရှားမှုမျိုးမှ မရှိပေ။

သူသည် တစ်ခုခုကို စောင့်နေသလိုမျိုး ကွေချီး ကို အေးစက်စွာ ကြည့်နေသည်။

နတ်ဘုရားအချုပ်ထောင် နန်းတော်သည် ဤကမ္ဘာမြေပေါ်သို့ ထွက်ပေါ်လာပြီးပြီးချင်း ဤမျှကြီးမားသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်မှာ ၊ ၎င်းသည် ထျန်းကျီ ကျွန်းကို ဦးတည်ထားနေသည် ဟု သူ့စိတ်ထဲတွင် ခံစားခဲ့ရသည်။

အကယ်၍ သူသာ သူတို့၏ အစီအစဉ်ကို ကြိုပြီး ဖျက်ဆီးလိုက်မည်ဆိုပါက ၊ ထျန်းကျီကျွန်းပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ သစ္စာစောင့်သိမှုကို ပြသနိုင်မယ့် အခွင့်အရေး လက်လွတ်မသွားပေဘူးလား။

ထို့အပြင် ဤမျှ ကြီးမားသော လှုပ်ရှားမှုကြီးသည် ကြီးမားသောအခွင့်အရေး တစ်ခုကို ရယူရန်ပင် ဖြစ်နိုင်သည်။ထိုအတိုင်းသာဆို ၊ သူလည်း လိုချင်သေးတယ်လေ!

“ဒီကောင်က နှေးလွန်းတယ် ၊ ထျန်းကျီ ကျွန်းက ဒီကိစ္စထဲ ဝင်ပါလာခဲ့ရင် ၊ ဒီအခွင့်အရေးကို လက်လွတ်သွားရလိမ့်မယ် “

“ မဖြစ်ဘူး ၊ ငါ မီးစာ နည်နည်းနည်းထည့်ပေးမှ ဖြစ်မယ်”

စူးချန်ကဲသည် သူ့စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

တစ်ဖက်က ကွေချီး သည်လည်း စူးချန်ကဲ ခဏနေမှ လက်ပါရန် မျှော်လင့်ခဲ့သည်။

ယခုတွင်မူ ၊ သူ အဆင်သင့်မဖြစ်သေးပေ။

ဝတ်ရုံဖြူ ပုံရိပ်လွှာသည် နတ်အလင်းရောင်များဖြင့် ဝင်းလက် တောက်ပနေသလိုပင် !

အနက်ရောင်ရေထဲတွင် ပိတ်မိနေသော ထိုအနှီလူအား ဖယ်ထုတ်‌ပေးခဲ့ပြီး နောက်မှာတော့ သူသည် ထပ်မံ ထိုးနှက်လိုက်သည်။

ကောင်းကင်ယံမှ လက်သီး အသွင်ပုံရိပ်သည် သူ့မျက်နှာဆီသို့ တည့်တည့် ရောက်ရှိလာမှန်း ကွေချီး တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သို့သော်၊ ကွေချီး၏ တုံ့ပြန်မှုသည်လည်း အလွန် မြန်ဆန်ပေသည်။ချက်ခြင်းဆိုသလို၊ သူသည် လေဟာပြင်ထဲတွင် လွင့်မျောနေသော အနက်ရောင် ရေများကို စုစည်းရန် သူ၏ မှော်အစွမ်းကို အသုံးပြုလိုက်ပြီး ၊ ၎င်းကို အနက်ရောင် မှန်တချပ်အဖြစ် ပြောင်းလဲကာ သူ့ရှေ့တွင် ကာစီးလိုက်သည်။

ဘုန်း!

သို့သော် လက်သီးစွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပြီး ၊ အနက်ရောင် ရေမှန်ချပ်ကြီးကိုတောင် အငွေ့ပျံသွားစေခဲ့သည်။

ဘုန်း!

လက်သီး အလင်းများ ပေါက်ကွဲပြီး ၊ ဤကမ္ဘာကြီးပင်လျှင် တုန်လှုပ်သွားသည် ။

ကွေချီးမှာ ‌အဝေးသို့ ပျံကျသွားခဲ့လေသည်။

ဤ ဖြစ်စဉ်အတွင်း ရှေးဟောင်းသစ်ပင်ကြီးများ‌တောင် ကျိုးကျခဲ့ရပြီး တချို့သော ကျောက်တုံးများပင်လျှင် ထိုအင်အားကြောင့် ကွဲအက်သွားခဲ့ရသည်။

“ အဟွတ် အဟွတ်...”

ကွေချီးတစ်ယောက် မီးခိုးငွေ့ထဲ ရှက်ရွံ့သောအမူအရာဖြင့် ဖြည်းညင်းစွာ မတ်တပ် ထရပ်လိုက်သည်။ သူ၏မျက်နှာဖုံးမှာဖြင့် ထက်ဝက် ကျိုးပဲ့သွားခဲ့ရသည်။

သူ၏ မူလအသွင်အပြင်ဖြစ်သော ဖြူစင်သော အသားအရေ၊ လှပသော နှာခေါင်းနှင့် ဗာဒံပုံသဏ္ဍာန်မျက်လုံးများမှာ ထင်ရှားလာခဲ့သည်။

သို့သော် သူ၏ ပါးစပ်ထောင့်တွင် သွေးများ ယိုစီးနေပြီး မချိ့တင်ကဲ ဖြစ်နေပုံရသည်။

ကွေချီးသည် သူ့မျက်နှာဖုံး ကွဲသွားသည်ကို မြင်လိုက်ရသည်နှင့် ၊သူ၏ ပျော့ညံ့သော အမူအယာ ကနေ ရုတ်တရက် ဒေါသ အကြီးအကျယ် ဖြစ်သွားခဲ့သည်။

“ လူကြီးမင်း ငါ့ကို ပေးခဲ့တဲ့ လက်ဆောင်ကို မင်းက ဖျက်စီးပစ်လိုက်တယ်ပေါ့!”

ဘုန်း!

သူမလက်ကို မြှောက်တင်လိုက်သည်နှင့် ၊ အနက်ရောင် ရေများသည် သမုဒ္ဒရာကြီးအလား စုဝေးလာခဲ့ပြီး အနက်ရောင် ဆူနာမီလှိိုင်းသဖွယ် ဖြစ်သွားသည် ။

“မင်း သေရမယ်!”

သူမသည် ရုတ်တရက် လက်ခုပ်တီးလိုက်သည်နှင့် သူ့နောက်က ဆူနာမီလှိုင်းလုံးကြီးသည် စူးချန်ကဲဆီသို့ ဦိးတည်ကာ ပြေးဝင်လာခဲ့သည်။

[T/N- ကွေချီးကို ဖော်ပြတုန်းက စာရေးဆရာက သူ ‘ လို့ သုံးထားပါတယ် ၊ မျက်နှာဖုံးလည်း ကွာကျပြီးရော သူမ ‘ လို့ ပြောင်းသုံးထားပါတယ် ]

အရာခပ်သိမ်းကို ဖြတ်ကျော်ပြီး ဤကမ္ဘာမြေကြီးကို ဖျက်စီးတော့မည့်အတိုင်း။

“ မြန်မြန် ပြေး! ဒီအနက်ရောင်ရေက အရမ်းထူးဆန်းတယ်၊ အဲ့ရေရဲ့ စုပ်ယူတာကို လုံးဝ မခံရစေနဲ့ !”

အနက်ရောင် ဆူနာမီ‌ ရေလှိုင်းကြီးကို မြင်သည်နှင့် ဘေးပတ်ဝန်းကျင်မှ လူတိုင်း ထိတ်လန့်တကြားဖြင့် အရူးအမူး ထွက်ပြေးကြလေသည်။

သို့သော် ၎င်းအနက်ရောင် ဆူနာမီ၏ အလယ်တွင် ရှိနေသည့် စူးချန်ကဲမှာမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

သူ့သည် လက်ညိုးနှင့်လက်ခလယ်ကို ပေါင်းစပ်ထောင်ထားပြီး ဓားကို လေဟာပြင်ကို တည့်တည့် ဖြတ်ရန် ညွှန်ကြားလိုက်သည်။

“ဖြတ်စေ!”

ကောင်းကင်နှင့်မြေကြီး၌ တောက်ပစွာ ထွန်းလင်းတောက်ပနေသော ဓားအလင်းတစ်ခု ပွင့်လန်းလာခဲ့သည်။

ပူပြင်းပြီး ခံ့ညားထည်ဝါသော ဓားစွမ်းအင်တို့သည် နေလှိုင်းလုံးကြီး သဖွယ် အနက်ရောင် ဆူနာမီကို ဖြတ်တောက်ပစ်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင်၊ စူးချန်ကဲ၏ လက်ဖဝါးမှ အလင်းတန်းများစွာပေါ်ထွက်လာပြီး ထီးပုံသဏ္ဍာန် အကာအရံ တစ်ခု အဖြစ် စုဝေးသွားကာ သူ့ကို ထီးဆောင်းပေးထားသည်။

ဘုန်း!

ထို့နောက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားခဲ့သည်။

ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ၊ ပြင်းထန်သောဓားစွမ်းအင်ကြောင့် အနက်ရောင်ဆူနာမီ လှိုင်းလုံးကြီးမှာ ပြိုပျက်သွားခဲ့ရသည်။

တောက် တောက်!

ကောင်းကင်မှ အနက်ရောင် မိုးများ ရွာချလာခဲ့သည်။

အနက်ရောင် မိုးရေထဲတွင် ရပ်နေသည့် ၊

ဝတ်ရုံဖြူ ပုဂ္ဂိုလ်၏အဝတ်အစားများသည် နှင်းစက်များကဲ့သို့ ဖြူဖွေးနေဆဲပင် ဖြစ်သည်။

ကွေချီးမှာမူ ၊ ဓားစွမ်းအင်ကြောင့် မြေပြင်ပေါ်သို့ အကြိမ်ကြိမ် လူးလဲသွားပြီးနောက် ၊နောက်ကျမှသာလျှင် ရပ်တန့်သွားခဲ့သည်။

ကွေချီးသည် ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်ကနေ ပြန်ထလာခဲ့ပြီး ၊ ဒီတစ်ကြိမ်မှာတော့ သူမ၏ မျက်နှာမှာ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့ပြီပင်။

ဒီကောင်သည် လူကြီးမင်း သူ့ကို ပေးထားတဲ့လက်ဆောင်ကို ပျက်စီးအောင်လုပ်ရုံတင်သာမက၊ သူ့ကို လူရှေ့သူရှေ့ နှစ်ကြိမ်ဆက်တိုက် အရှက်ခွဲခဲ့သည်။

“စူးချန်ကဲ! နင် သေချင်နေတယ်ပေါ့...”

စကားပြောနေစဉ်တန်းလန်း ၊ သူမလက်မောင်းမှ သွေးရောင်ကျောက်စိမ်းတစ်ပိုင်းကို ထုတ်ယူလိုက်သည်။ ထိုပစ္စည်းပေါ်တွင် သွေးနှင့် အနက်ရောင် စွမ်းအင်များက တဟုန်ထိုး ထကြွနေပုံပေါ်သည်။

“ဒါဆိုလည်း ဖြည့်ဆည်းပေးရမှာပေါ့!”

ကွဲအက်သံ!

ဗြောင်းဆန်သွားသော နှလုံးခုန်သံတို့မှာ ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့လေသည်။

ဤအခိုက်အတန့်တွင် ဤကမ္ဘာကြီးတစ်ခုလည်း အေးခဲသွားပုံရကာ ၊ မုန်တိုင်း တစ်ခု စတင်လာခဲ့လေပြီ ။

All Chapters